ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Co...

Por StarRia19

1.1M 136K 5.6K

Zawgyi "ကိုယ့်ပြည်သူတွေ ကိုယ်ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ယှဥ်လာရင်တော့ ကိုယ်မင်းတစ်ယောက်ကိုပဲ မြင်တယ်" ကံကြ... Más

အပိုင်း(၁)ဝိညာဉ်ကူးပြောင်းခံလိုက်ရခြင်း
အပိုင်း(၂) အလကားရလိုက်သော Brocon အကိုကြီး
အပိုင်း(၃.၁) ဇာတ်ကြောင်းပြောင်းလဲနေခြင်း
အပိုင်း(၃.၂) ဇာတ်ကြောင်း ပြောင်းလဲနေခြင်း
အပိုင်း(၄.၁) စတင်တွေ့ဆုံခြင်း
အပိုင်း(၄.၂) စတင်တွေ့ဆုံခြင်း
အပိုင္​း(၅.၁) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင္​း(၅.၂) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင်း(၆.၁)ဇာတ်ကောင် အများကြီး ပေါ်လာပြီ
အပိုင်း(၆.၂) ဇာတ်ကောင်အများကြီး ပေါ်လာပြီ
အပိုင်း(၇) ထူးဆန်းလွန်းသော အဓိက ဇာတ်ဆောင်နှစ်ယောက်
Promotion
အပိုင်း(၈)ညီဝမ်းကွဲလေးအိမ်တော်ရောက်လာခြင်း
အပိုင်း(၉)လုပ်ကြံခံရခြင်း
အပိုင်း(၁၀) ထူးဆန်းလွန်းသော ရှင်း
အပိုင်း(၁၁) အဆိပ်ခတ်ရန်ကြံစည်ခြင်း
ဇာတ္ေကာင္နာမည္မ်ား
အပိုင်း(၁၂) ဆီမီးလွှတ်ပွဲ၌ တစ်ညတာ
အပိုင်း(၁၃) သေရည်မူးကာ သောင်းကျန်းခြင်း
အပိုင်း(၁၄) အရာရှိစာမေးပွဲ အောင်မြင်ခြင်း
အပိုင်း(၁၅) ပထမဆုံး ညီလာခံတက်ခြင်း
အပိုင်း(၁၆) ရှင်းရန်၏ အိပ်မက်
အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း
အပိုင်း(၁၈) ရွှေကြာပန်းအား ရယူရန် ကြိုးစားခြင်း
အပိုင်း(၁၉) အရှင်မင်းကြီး၏ စီရင်ချက်
အပိုင်း(၂၀) ရှင်းယွဲ့နတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏ သရုပ်မှန်ပေါ်ခြင်း
အပိုင်း(၂၁) မျှော်လင့်မထားသော လက်ထပ်ခွင့်
အပိုင်း(၂၂)တော်ဝင်လက်ထပ်ပွဲ
အပိုင်း(၂၃) ဖွင့်ဟဝန်ခံခြင်း
အပိုင်း(၂၄) အမှောင်နတ်ဘုရား၏ ခံစားချက်
အပိုင်း(၂၅)မေချင်းနတ်ဘုရားမမှန်း သိရှိခြင်း
အပိုင်း(၂၆) လေးစားရသော အမတ်ချုပ်ကြီး
အပိုင်း(၂၇) ကလေးဆန်သော အမတ်ချုပ်ကြီး
အပိုင်း(၂၈) ရှင်းယွဲ့နတ်ဘုရားအား မြူ ဆွယ်ခြင်း
အပိုင်း(၂၉) မင်းကြီးနှင့်အတူတူ အိပ်စက်ခြင်း
အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်
အပိုင်း(၃၁)ဧကရီတင်မြှောက်ရန် ကြေညာခြင်း
အပိုင်း(၃၂) လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း
အပိုင်း(၃၃) ဝမ်ရယ်အိမ်တော်သို့ အလည်သွားခြင်း
အပိုင်း(၃၄) လက်ထပ်ခွင့်
အပိုင်း(၃၅)လက်ထပ်ပွဲ ဖျက်ရန် အစီအစဉ်
အပိုင်း(၃၆) သွေးစွန်းသွားသော ဧကရီတင်မြှောက်ပွဲ
အပိုင်း(၃၇) ရှောင်လွှဲ၍ မရနိုင်သော စစ်ပွဲ
အပိုင်း(၃၉) ထာဝရ အိပ်စက်သွားသူ
အပိုင်း(၄၀) နောက်ဆုံး နှုတ်ဆက်ရခြင်း
အပိုင်း(၄၁) အထီးမကျန်စေချင်၍ အဖော်လိုက်သွားသူ
အပိုင်း(၄၁) ပြန်လည်နိုးထလာခြင်း
အပိုင်း(၄၃) အမှတ်တရများ ပြန်လည်တွေ့ရှိခြင်း
အပိုင်း(၄၄) final လှပသော ထာဝရ ချစ်ခြင်းတစ်ခု 🙆🙆
ေက်းဇူးတင္လႊာႏွင့္ ႏႈတ္ဆက္လႊာ
Extra-1
Extra-2
Hello💙
Thadingyut Gift✨✨
Announcement ✨✨
Hello...
Next fiction Promotion
Book announcement
Today order date✨✨
Attention please...
Extra-3
Extra-4
Book Preorder

အပိုင်း(၃၈) အကျယ်ချုပ်ချခံရခြင်း

12.7K 1.7K 74
Por StarRia19


အပိုင်း(၃၈)

အကျယ်ချုပ်ချခံရခြင်း

ရှောင်အန်း အရှင်၏ ကျောဘက်မှနေ၍ အတွင်းအားများ လွှဲပေးကာ ဒဏ်ရာအား ကုစားပေးနေသည်။ အစွမ်း မလုံလောက်သောကြောင့် ထင်သလောက် အရာမရောက်ပေ။ သူ၏ နဖူးမှ ချွေးစများ ဝေ့သီလာသည်။

ရုတ်တရက် သွေးများ အန်ချလိုက်သော သူ၏အရှင်။ အတွင်းအားဖြင့် ဒဏ်ရာကုစားခြင်းအား မရပ်ပစ်ဘဲ စိုးရိမ်စွာ မေးမြန်းလိုက်သည်။

"အရှင် အဆင်ပြေရဲ့လား...ခဏပဲ သည်းခံပါ အရှင်...ကျွန်တော်မျိုး တတ်နိုင်သမျှ ကြိုးစားပါ့မယ်"

"ငါ အဆင်ပြေတယ်....ရှောင်ဟွားဆီသွား...ရှောင်ဟွား တစ်ယောက်တည်း မဖြစ်ဘူး"

"အခု အရှင် ကိုယ့်ကိုကိုယ် ပိုစိုးရိမ်သင့်တယ်...အရှင် အမြန်သက်သာမှ သခင်လေးဆီ သွားကူနိုင်မှာ"

သူ၏အပြောကြောင့် အရှင် ဘာမှဆက်ပြောမလာတော့ချေ။ ရှောင်အန်း သက်ပြင်းချလိုက်ပြီး အတွင်းဒဏ်ရာကုခြင်းအပေါ်သို့သာ စိတ်နှစ်ထားလိုက်တော့သည်။

*******************

နန်းဆောင်တံခါး ဖွင့်သံ ကြားလိုက်ရသော်လည်း ရီဟွား နောက်လှည့်မကြည့်ဖြစ်။ သူ မျှော်လင့်နေသူ မဟုတ်မှန်း သေချာသည်လေ။ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

"ဟွားအယ် ဘာလို့ စားစရာတွေ မစားတာလဲ...အကုန် တစ်ခုမှ အရာမယွင်းဘူး"

ရီဟွား နောက်လှည့်မကြည့်ဘဲ ဒေါသဖြင့် အော်၍ ပြောလိုက်သည်။

"ကျောက်ဟွမ် ကျွန်တော့်ကို လွှတ်ပေး...ဒီနန်းဆောင်ထဲမှာ အကျယ်ချုပ်ဖမ်းထားတာက လွှတ်မပေးမချင်း ကျွန်တော် ဘာမှစားမှာ မဟုတ်ဘူး"

သူ၏ စိတ်တိုစွာ အော်ဟစ်လိုက်မှုအပြီး တော်တော်ကြာသည်ထိ ပြန်ပြောလာမှုအား မကြားရသောကြောင့် စိတ်မရှည်စွာ နောက်လှည့်ကြည့်လိုက်မိသည်။

ရွှေရောင်နဂါးဝတ်ရုံအား ဆင်မြန်းထားပြီး သူ့အား စူးရဲစွာ စိုက်ကြည့်နေသော မျက်ဝန်းများသည် ကြောက်မက်ဖွယ်ကောင်းနေသည်။

ထို့နောက် စားပွဲပေါ်ရှိ ဟင်းပန်းကန်တစ်ခုအား ကိုင်ကာ တခြားတစ်နေရာဆီသို့ ဦးတည်သွားလိုက်သော ကျောက်ဟွမ်။ ဦးတည်ရာ နေရာအား ကြည့်လိုက်တော့ နန်းဆောင်ဘေးတွင် ကုပ်၍ ငြိမ်သက်နေသော ရှောင်ကုန်းဇီ ရှိရာဆီသို့။ ရီဟွား ရှောင်ကုန်းဇီအတွက် စိုးရိမ်သွားရသည်။

ရှောင်ကုန်းဇီ၏ ဦးခေါင်းထက်မှ လောင်းချလိုက်သော ဟင်းများ။ ရှောင်ကုန်းဇီ၏ တစ်ကိုယ်လုံး ဟင်းဖတ်များ၊ ဟင်းရည်များဖြင့် ပေကျံသွားရသည်။

"ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ"

"ဟွားအယ် မစားဘူးဆို....အဲဒါကြောင့် သွန်ပစ်တာလေ"

"ခင်ဗျား မိုက်ရိုင်းလိုက်တာ"

ရီဟွား လွန်စွာဒေါသထွက်နေသော်လည်း တစ်ဖက်သူကတော့ ဂရုမစိုက်ပုံနှင့် အပြုံးမပျက်ပေ။

"တခြားဟင်းတွေလည်း မစားဘူးမလား...ကိုယ် သွန်ပစ်ရတာပေါ့"

စားပွဲဆီသို့ပြန်လျှောက်လာသူကြောင့် ရီဟွား ထိတ်လန့်ကာ အမြန်တားလိုက်ရသည်။

"မလုပ်နဲ့ ဆက်မလုပ်နဲ့တော့...ကျွန်တော် စားမယ်"

နှုတ်ခမ်းစွန်းများ ကွေးညွှတ်ကာ ပြုံးလိုက်သူ၏ပုံစံသည် အမြင်ကပ်စရာကောင်းလှသည်။

စားပွဲဆီ လက်လှမ်းနေသောလက်များ ရပ်တန့်သွားခြင်း မရှိဘဲ ရေကရားအိုးအား ကိုင်ကာ ရှောင်ကုန်းဇီဆီ သွားရန် ပြင်လိုက်သောကြောင့် ရီဟွားရှေ့တွင် ပိတ်ရပ်၍ တားဆီးလိုက်သည်။

သို့သော် ထိုသူ၏ လွတ်နေသော လက်တစ်ဖက်က သူ၏လက်အား အတင်းဆွဲကိုင်မှုကို ခံလိုက်ရပြီး အားချင်းမယှဉ်နိုင်စွာ ဆွဲခေါ်သွားမှုကို ခံလိုက်ရသည်။

ရှောင်ကုန်းဇီအနားရောက်သောအခါ သူ့လက်အား လွှတ်ပေးလိုက်ပြီး ရှောင်ကုန်းဇီ၏ မေးရိုးအား ညှစ်ကာ ရေများလောင်းချလိုက်လေသည်။

ရီဟွား ရေကရားအိုးအား ဆွဲလုရန်ကြိုးစားသော်လည်း ထူးဆန်းစွာပင် သူ၏တစ်ကိုယ်လုံး လှုပ်၍ မရချေ။

"ကျောက်ဟွမ် ခင်ဗျား ကျွန်တော့်ကို ဘာလုပ်ထားတာလဲ...ခုချက်ချင်း ရှောင်ကုန်းဇီကို အနိုင်ကျင့်နေတာက ရပ်လိုက်....မဟုတ်ရင် ကျွန်တော့်အဆိုးမဆိုနဲ့"

ရီဟွား ပါးစပ်မှ ခြိမ်းခြောက်ပြောဆိုရုံသာ တတ်နိုင်သည်။ သူ ဘာဆိုဘာမှ လုပ်၍ မရပေ။

ရေကုန်သွားသောအခါ ကျောက်ဟွမ်သည် ရှောင်ကုန်းဇီ မေးအား ဖမ်းညှစ်ထားမှုမှ လွှတ်ပေးလိုက်ပြီး ရေကရားအိုးအား အဝေးသို့လွှင့်ပစ်လိုက်သည်။ ထိုအခါမှသာ ရှောင်ကုန်းဇီ သက်သာရာရသွားတော့သည်။

ရီဟွား ခန္ဓာကိုယ်သည်လည်း ပြန်လှုပ်၍ ရလာလေသည်။ လှုပ်ရရချင်း ရီဟွား ပထမဆုံးလုပ်လိုက်သည်က-

"ဖြန်း"

ကျောက်ဟွမ်၏ ပါးပြင်ကို ရိုက်လိုက်သော အရှိန်ပြင်းပြင်း လက်ဝါးချက်။

မထင်မှတ်ထားသောကြောင့် အံ့သြသွားပုံရသော ကျောက်ဟွမ်၏ မျက်နှာ။

ထိတ်လန့်ကာ ရီဟွားအတွက် စိုးရိမ်သွားသော ရှောင်ကုန်းဇီ၏ ပုံစံ။

စက္ကန့်ပိုင်းမျှ တိတ်ဆိတ်ပြီးနောက် ရီဟွား တစ်ကိုယ်လုံး နံရံသို့ ဖိကပ်ခံလိုက်ရပြီး နှုတ်ခမ်းများအား ကြမ်းတမ်းစွာ နမ်းရှိုက်ခြင်း ခံလိုက်ရသည်။

ရီဟွား မသတီစွာ ထိကပ်လာသော ရွံရှာဖွယ် နှုတ်ခမ်းတို့အား သွားဖြင့် ဖိကိုက်ပစ်လိုက်သည်။ ပါးစပ်ထဲတွင် ငန်ကျိကျိအရသာတို့ ခံစားလိုက်ရပြီး ဖယ်ခွာသွားသော နှုတ်ခမ်းသားတို့ကြောင့် စိတ်သက်သာရာရသွားလေသည်။

မီးဝင်းဝင်းတောက် မျက်ဝန်းများဖြင့် သူ့အား ကြည့်လာသောသူ။ သို့သော် ရီဟွား တစ်စက်မှ မကြောက်ရွံ့မိ။ ထိုသူ၏ ထိတွေ့ခြင်းကို ခံမည့်အစား ရီဟွား အသေခံလိုက်မည်။ သူ၏ အရာအားလုံးသည် ရှင်းတစ်ယောက်တည်းအတွက်သာ။

"ခင်ဗျား ကျွန်တော့်ကို ဆက်ထိလာမယ်ဆို ကျွန်တော့်ကို ကျွန်တော် သတ်သေဖို့ ဝန်မလေးဘူး....ကျွန်တော် တကယ်လုပ်နိုင်တယ်ဆိုတာ ခင်ဗျားသိပါတယ်"

တစ်ဖက်သူက သူ၏နှုတ်ခမ်းမှ စီးကျနေသော သွေးများအား လက်မဖြင့် ဖိသုတ်လိုက်​ပြီး သူ့အား ကြောက်မက်ဖွယ်ကောင်းစွာ စူးစိုက်ကြည့်လာသည်။

"ဟွားအယ် မင်းရဲ့အကိုကြီး...မင်းရဲ့စစ်တပ်...မင်းရဲ့လူယုံတွေ အကုန် ကိုယ်တော့်လက်ထဲမှာဆိုတာ မမေ့နဲ့....မင်း သူတို့ကို သေစေချင်ရင် မင်းစိတ်ကြိုက်လုပ်လို့ရတယ်....အရင်ဆုံး သူကစပြီး ကိုယ်တော်သတ်ပြမယ်"

ရှောင်ကုန်းဇီအား လက်ညိုးထိုး၍ ပြောလိုက်သော မုန်းတီးရလွန်းသူကြောင့် ရီဟွား နှုတ်ခမ်းတို့ကိုသာ နာကျင်အောင် ဖိကိုက်ထားလိုက်မိသည်။

နှုတ်ခမ်းဘေးစွန်းနှစ်ခုအား ဆွဲညှစ်လိုက်မှုကြောင့် သွားဖြင့် ဖိကိုက်ထားသော နှုတ်ခမ်းသားတို့ လွတ်ထွက်သွားရသည်။

"ကိုယ့်ကိုကိုယ် နာကျင်အောင် မလုပ်နဲ့....ကိုယ် လုပ်နေတာအားလုံး မင်းတစ်ယောက်တည်းအတွက်ပဲ"

မျက်နှာ ဘေးသို့ စောင်းဖယ်သွားသည့် ဟွားအယ်အား ကြည့်ကာ ကျောက်ဟွမ်သည်လည်း နာကျင်ရသည်။ ငယ်စဉ်ကတည်းက သူ့ဘေးတွင် အမြဲရှိနေပေးခဲ့သော ကောင်လေးသည် ယခုချိန်တွင် သူ့အား မုန်းတီးစွာ ကြည့်နေလေပြီ။

ငယ်စဉ်က သူ့အား အမြဲကာကွယ်ပေးခဲ့သော ကောင်လေး၊ သူ့ဘက်တွင်သာ အမြဲရပ်တည်ခဲ့သော ကောင်လေး၊ သူဘေးတွင် ဘယ်သူမှ မရှိတော့ဘဲ စွန့်ခွာသွားကြ ချိန်တွင်တောင် သူ့အား နားလည်စွာ ရပ်တည်ပြောဆိုပေးခဲ့သော ကောင်လေးသည် ယခုအချိန်တွင် သူ့အား ခါးခါးသီးသီး ဖြစ်နေသည်။

သူ ရှင်းယွဲ့အား လွန်စွာ မုန်းတီးမိသည်။ သူ့ဘေးတွင် အသက်စွန့်ပြီး ကာကွယ်ပေးမည့် လူများစွာရှိသည်။ အရာရာပြည့်စုံပြီး လိုချင်တာ မှန်သမျှ လွယ်ကူစွာ ရရှိနိုင်သည်။

ငယ်စဉ်ကတည်းက အတူတူကြီးပြင်းခဲ့သော သူ့အား ကျော်လွန်၍ ချစ်ရသူသည်လည်း သူတို့ထက်နောက်မှ ရင်းနှီးသည့် ရှင်းယွဲ့ကို ရွေးချယ်သွားသည်။ သူနှင့်ယှဉ်လျှင် ရှင်းယွဲ့ကိုသာ အမြဲရွေးချယ်တတ်သည့် ချစ်ရသူအား ကြည့်ကာ သူ ရှင်းယွဲ့အား နာကျည်းမုန်းတီးမိသည်။

အာဏာမက်လွန်းသော မိခင်၏ အချစ်တို့ကို အပြည့်အဝ မရခဲ့သည့်အပြင် ဖခင်နှင့် အာဏာရှိသူကိုသာ အကိုတော်ချင်သည့် ညီမဖြစ်သူ၏ မေတ္တာတို့ကိုပါ မရရှိခဲ့ရသော သူသည် အရမ်းလိုချင်မက်မောမိသည့်ဟွားအယ်၏ မေတ္တာတို့ကိုပါ ဆုံးရှုံးလိုက်ရလေပြီ။

ရှင်းယွဲ့အား မုန်းတီးသည့် စိတ်ထက် ရီဟွားအား ပိုင်ဆိုင်လိုချင်သည့်စိတ်သည် သူ့အတွက် ပိုကြီးမားသည်။

"ဟွားအယ် မင်းသာ ကိုယ်နဲ့အတူနေမယ်ဆို ကိုယ်အားလုံးကို စွန့်လွှတ်မယ်...အမုန်းတရားတွေလည်း သင်ပုန်းချေလိုက်မယ်...ထီးနန်းလည်း မလိုတော့ဘူး...ရှင်းယွဲ့ဘေးမှာ မင်းတစ်ယောက်မရှိလို့ ဘာမှမဖြစ်ပါဘူး...ကိုယ့်မှာက မင်းပဲရှိတာ...ကျေးဇူးပြု ပြီး ကျေးဇူးပြု ပြီး ကိုယ့်ကို ရွေးချယ်ပေးပါ"

သူ၏ပုခုံးနှစ်ဖက်အား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အရူးတစ်ယောက်လို ဖြစ်နေသော ကျောက်ဟွမ်အား ကြည့်ကာ ရီဟွား စိတ်ပျက်သွားရသည်။

ရှင်းရန်ပင် မျက်စိကန်းသွားခြင်းမဟုတ် ကျောက်ဟွမ်သည်လည်း လုံးဝကန်းသွားခြင်းဖြစ်သည်။ ဘေးတွင်အမြဲရှိနေပေးသည့် ရှင်းရန်အား မမြင်ဘဲ မရနိုင်သည့်သူ့ကိုသာ ပိုင်ဆိုင်ချင်နေသူအတွက် ရီဟွားသနားမိသော်လည်း တချိန်တည်းမှာပင် စိတ်လည်းပျက်မိသည်။ လောဘ၊အတ္တနှင့် မနာလိုမှု တို့သည် ကျောက်ဟွမ်၏ စိတ်အား အမှောင်ဖုံးသွားစေခြင်းဖြစ်သည်။

"အိပ်မက်ဆိုတာ အိပ်ပျော်နေတုန်းပဲ မက်လို့ကောင်းတာ ကျောက်ဟွမ်....နိုးထလာရင် မဖြစ်နိုင်မှန်းသိပြီး ပိုနာကျင်စေလိမ့်မယ်"

သူ၏ ပုခုံးအား ဆုပ်ကိုင်ထားသော လက်တို့သည် ပုခုံးထက်မှ ဖယ်ခွာသွားကြလေသည်။ ထို့နောက် သူ့အား ကျောခိုင်းလိုက်သောသူ။

"ဟွားအယ် ကိုယ့်အတွက် အမိန့်စာ ရေးပေးရမယ်...စာထဲမှာ ဧကရာဇ်ကျောက်ရန် ကျန်းမာရေးမကောင်းလို့ အနားယူမယ့်အကြောင်းနဲ့ ထီးနန်းကိုယ့်ကို လွှဲအပ်ကြောင်းရေးပြီးရင် မင်းရဲ့တံဆပ်တုံးခတ်နှိပ်ပြီး ပြည်သူတွေကို ကြေညာပေးရမယ်"

"ဟက် ခင်ဗျားက ပြည်သူတွေရဲ့ထောက်ခံမှု ရဖို့ ကျွန်တော့်နာမည်သုံးမယ်ပေါ့လေ...ခင်ဗျား အိပ်မက်မက်နေလိုက်"

တဖက်လူသည် ကျောပေးလျက်ပင် သူ့အား ဘာမှပြန်မပြောဘဲ နန်းဆောင်အပြင်တွင် စောင့်ကြပ်နေသော စစ်သားများထံ အမိန့်ပေးလိုက်သည်။

"နန်းစောင့်ကိုယ်ရံတော်တွေ...ဖမ်းဆီးထားတဲ့ ဒုစစ်သူကြီး ကုချန်းနဲ့ အရိပ်ကိုယ်ရံတော်ခေါင်းဆောင်ကို သတ်ဖို့ စေခိုင်းလိုက်"

ကျောက်ဟွမ်၏ အပြောကြောင့် ရီဟွား ထိတ်လန့်သွားရသည်။

"ခင်ဗျား ယုတ်မာတာ"

"သူတို့အလှည့်ပြီးရင် ရှောင်ကုန်းဇီရဲ့ အလှည့်ပဲ...ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးရမှာ စိတ်မကောင်းပေမဲ့ ဟွားအယ်ကမင်းတို့ကို မငဲ့တော့ ငါလည်း မတတ်နိုင်ဘူး"

သနားသည့် ပုံစံဟန်ဆောင်ပြောနေသော အမြင်ကပ်စရာကောင်းသည့်လူအား ရီဟွား လက်ထဲတွင်ဓားတစ်ချောင်းရှိခဲ့လျှင် နောက်မှနေ၍ အကြိမ်ကြိမ်ထိုးသတ်လိုက်ပြီးလေပြီ။

"ခင်ဗျား အမိန့်ကို ပြန်ပြင်လိုက်...ကျွန်တော် အမိန့်စာရေးပေးမယ်"

သူ၏ စကားဆုံးသည်နှင့် ကျောက်ဟွမ်သည် သူ့ဘက်သို့ ချက်ချင်းလှည့်လာလေသည်။

"အမိန့်စာကို သေချာရေးပါ...ဉာဏ်များဖို့ ထပ်မကြံနဲ့တော့ ဟွားအယ်"

"ခင်ဗျားသာ ခုချက်ချင်း အမိန့်ကို ပြင်ပေး"

တစ်ဖက်၏ လေသံအတိုင်း ရီဟွားသည်လည်း မာထန်စွာ ပြန်ပြောလိုက်သည်။ တခြားသူ၏ လက်ထဲကျရောက်တိုင်း ကြောက်ရွံ့နေမည့် လူစားထဲတွင် သူ မပါပေ။

သူ၏ လုပ်ရပ်များအား မကြိုက်သောကြောင့် သတ်ခဲ့လျှင်တောင် ရဲရဲဝံ့ဝံ့ အသေခံလိုက်မည်။ ဝူရီဟွား ဘဝတွင် အချစ်များစွာ ခံခဲ့ရသည့် သူ့အတွက် နောင်တရစရာ မရှိတော့။ သူချစ်ရသူများ မသေစေရန်နှင့် ရှင်း၏ အခြေအနေအား သိလိုသောကြောင့်သာ သူ သည်းခံ၍ ဆက်နေ,နေခြင်းဖြစ်သည်။

"ကုချန်းနဲ့ အရိပ်ကိုယ်ရံတော်ခေါင်းဆောင်ကို မသတ်တော့ဖို့ သွားပြန်ပြောလိုက်"

ကျောက်ဟွမ် အပြင်ဘက်ရှိ စောင့်ကြပ်သူများကြားအောင် အော်၍ အမိန့်​ပေးလိုက်သည်။

ရီဟွား ထိုအခါမှသာ စိတ်သက်သာရာရသွားတော့သည်။ လုံးဝစိတ်အေးသွားခြင်းတော့မဟုတ်။ သူ၏ရှေ့ရှိ စိတ်ပျက်စရာလူ ဆက်၍ ရှိနေသောကြောင့်ပင်။

"ကိုယ် မင်းအပေါ် မကြမ်းတမ်းချင်ဘူး ဟွားအယ်...တဆိတ် ကိုယ့်ရဲ့စိတ်ရှည်နိုင်မှုကိုတော့ ခဏခဏ လာမစမ်းသပ်နဲ့"

ရီဟွား လွန်စွာဒေါသထွက်သွားရသော်လည်း စိတ်ကိုချုပ်ထိန်းကာ သည်းခံလိုက်သည်။ သူ ငဲ့ညှာရမည့်သူ များစွာရှိနေသည်လေ။

"ဟွားအယ် ကောင်းကောင်းမွန်မွန်နေပါ...မဟုတ်ရင် ကိုယ့်အဆိုးမဆိုနဲ့"

ခြိမ်းခြောက်ထွက်သွားသူ၏ ကျောပြင်အား ကြည့်ကာ ရီဟွား အနောက်ဘက်မှနေ၍ လေထဲသို့ ခြေထောက်များဖြင့် ကန်ကျောက်နေလိုက်သည်။

နန်းဆောင်တံခါးသည် ပြန်၍ ပိတ်သွားလေပြီ။ ရီဟွား နံရံထောင့်တွင် ကပ်၍ ထိုင်နေသော ရှောင်ကုန်းဇီအနီးသို့ သွားလိုက်ပြီး ထူမ၍ တွဲပေးလိုက်သည်။

"ရှောင်ကုန်းဇီ အင်္ကျီ သွားလဲလိုက်...မင်းကိုတော့ သူတို့ အပြင်ထွက်ခွင့် ပေးတယ်မလား"

"မှန်ပါ...ကျွန်တော်မျိုး အပြင်က အခြေအနေတွေပါ စုံစမ်းကြည့်ခဲ့ပါမယ်"

ရှောင်ကုန်းဇီသည် ခပ်တိုးတိုးပြန်ဖြေလာသည်။

"ဂရုစိုက်ဦး...ခုချိန်မှာ အကုန်လုံးက ငါတို့ကို စောင့်ကြည့်နေတာ"

"မှန်ပါ"

ထို့နောက် ရှောင်ကုန်းဇီသည် နန်းဆောင်တံခါးနားသို့ ကပ်သွားလိုက်ပြီး တံခါးဖွင့်ပေးရန် တောင်းဆိုလိုက်သည်။

ရှောင်ကုန်းဇီ နန်းဆောင်အပြင်ထွက်သွားသည်နှင့် နန်းဆောင်ထဲတွင် ရီဟွား တစ်ယောက်တည်းသာ ကျန်ခဲ့လေသည်။ ရီဟွား တိုးညှင်းစွာ ရေရွတ်လိုက်၏။

"ရှင်း ကျွန်တော် စောင့်နေတာမို့ ကျွန်တော်ဆီ အမြန်ပြန်လာပါ....သေချာပေါက် ဘာမှမဖြစ်ဘဲ ပြန်လာခဲ့ပေးပါ"

သူ၏ တောင်းဆိုမှုအား ကြင်နာစွာ ပြန်လည်ဖြေကြားပေးမည့် ရှင်းသည်တော့ နန်းဆောင်ထဲတွင် ရှိမနေခဲ့ချေ။

********************

အခန်းအပြင်ဘက်မှ ခြေသံကြားရသောကြောင့် မုချန်း အခန်းထဲဝင်လာမည့်သူအား စောင့်ဆိုင်းနေလိုက်သည်။

မကြာမီ အခန်းထဲသို့ ထမင်းပန်းကန်ထည့်ထားသည့် ဗန်းအား ကိုင်ကာ ဝင်လာသော အစေခံ
ကောင်လေးတစ်ယောက်အား တွေ့လိုက်ရသည်။

"စစ်သူကြီး မင်းသမီးက ထမင်းပို့ခိုင်းလိုက်လို့ပါ"

မုချန်း လျင်မြန်စွာ ဖိနပ်ထဲတွင် ဆောင်ထားတတ်သည့်ဓားတိုအား ဆွဲယူ၍ အစေခံလေး၏ လည်ပင်းအား ထောက်ထားလိုက်သည်။

"မသေချင်ရင် ငါမေးတာဖြေပြီး ငါခိုင်းသလိုလုပ်"

အစေခံငယ်လေးသည် ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ဖြေလေသည်။

"ဟုတ်...ဟုတ်ကဲ့"

"နန်းတော်ထဲမှာ အခြေအနေဘယ်လိုရှိလဲ...လက်ထပ်ပွဲ ဘယ်လိုဖြစ်သွားလဲ"

"ကျွန်တော်...ကျွန်တော် မင်းသမီးပြောတာ ကြားရသလောက်တော့ မင်းကြီးက ဒဏ်ရာရသွားတယ်...ခုထိ ဖမ်းမရသေးဘူးလို့ကြားတယ်...ဧကရီကိုတော့ လက်ရှိမင်းကြီးက နန်းဆောင်မှာ အကျယ်ချုပ်ဖမ်းထားတယ်တဲ့"

"အခု ငါ ခိုင်းသလိုလုပ်...တံခါးနားရောက်ရင် အပြင်ကလူတွေကို တံခါးဖွင့်ပေးဖို့ပြောလိုက်...အော်ရင် ငါမင်းကို သတ်ပစ်မယ်"

"မသတ်ပါနဲ့..ကျွန်တော် မအော်ပါဘူး"

မုချန်း အစေခံလေးအား ဓားထောက်လျက် တံခါးနားသို့ ကပ်သွားလိုက်သည်။ တံခါးအနီးရောက်သောအခါ အစေခံလေးသည် တံခါးဖွင့်ပေးရန် အော်ပြောလိုက်သည်။

"ထမင်းပို့ပြီးပြီ...တံခါးဖွင့်ပေးတော့"

အစေခံငယ်လေး ပြောပြီးသည်နှင့် ချက်ချင်း မုချန်း အစေခံလေးအား သတိမေ့အောင် ရိုက်လိုက်ပြီး တံခါးဖွင့်အလာအား စောင့်နေလိုက်သည်။

တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ တံခါးတွင် စောင့်ကျပ်နေသော အစောင့်နှစ်ယောက်အား သတိမေ့အောင် တိုက်ခိုက်လိုက်သည်။

ထို့နောက် အစေခံလေး၏ အဝတ်အစားများအား လဲဝတ်လိုက်ပြီး အပြင်သို့ ထွက်လာလိုက်သည်။

ခေါင်းအား ငုံ့၍ အစောင့်များအား ကျော်လွှားကာ နန်းတော်ရှိ ညီလေးအား ကယ်ရန်အတွက် အိမ်တော်ထဲမှ ထွက်ရန်ပြင်လိုက်သည်။

တံခါးမသို့ ရောက်သောအခါ တံခါးအပြင်မှ မျက်နှာချင်းဆိုင် ဝင်လာသော ရီရီအား တွေ့လိုက်ရသည်။ သူ့အား မမြင်စေရန် ဘေးတွင် ကပ်၍ ရပ်လိုက်ပြီး ခေါင်းအား အတတ်နိုင်ဆုံး ငုံ့ထားမိသည်။

ရီရီ သူ့အား ကျော်သွားသောအခါမှသာ အိမ်အပြင်သို့ အမြန်ထွက်ရန် ခြေလှမ်းတို့အား သွက်သွက်လျှောက်လိုက်သည်။

"နေဦး"

နောက်ဘက်ဆီမှ ထွက်ပေါ်လာသော တားဆီးသံအား ကြားလိုက်ရသောကြောင့် မုချန်း ခြေလှမ်းတို့ ရပ်တန့်သွားရ၏။

"ရှင် ခုလို အစေခံအဝတ်အစားတွေဝတ်ပြီး ရုပ်ဖျက်လိုက်တာနဲ့ ကျွန်မက ရှင့်ကို မမှတ်မိတော့ဘူး ထင်နေတာလား စစ်သူကြီး"

နာမည်တပ်ကာ ခေါ်လာသော ရီရီကြောင့် မုချန်း ပုန်းကွယ် မနေတော့ဘဲ နောက်လှည့်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။

*******************

အပိုင္း(၃၈)

အက်ယ္ခ်ဳပ္ခ်ခံရျခင္း

ေရွာင္အန္း အရွင္၏ ေက်ာဘက္မွေန၍ အတြင္းအားမ်ား လႊဲေပးကာ ဒဏ္ရာအား ကုစားေပးေနသည္။ အစြမ္း မလုံေလာက္ေသာေၾကာင့္ ထင္သေလာက္ အရာမေရာက္ေပ။ သူ၏ နဖူးမွ ေခြၽးစမ်ား ေဝ့သီလာသည္။

႐ုတ္တရက္ ေသြးမ်ား အန္ခ်လိဳက္ေသာ သူ၏အရွင္။ အတြင္းအားျဖင့္ ဒဏ္ရာကုစားျခင္းအား မရပ္ပစ္ဘဲ စိုးရိမ္စြာ ေမးျမန္းလိုက္သည္။

"အရွင္ အဆင္ေျပရဲ႕လား...ခဏပဲ သည္းခံပါ အရွင္...ကြၽန္ေတာ္မ်ိဳး တတ္နိုင္သမွ် ႀကိဳးစားပါ့မယ္"

"ငါ အဆင္ေျပတယ္....ေရွာင္ဟြားဆီသြား...ေရွာင္ဟြား တစ္ေယာက္တည္း မျဖစ္ဘူး"

"အခု အရွင္ ကိုယ့္ကိုကိုယ္ ပိုစိုးရိမ္သင့္တယ္...အရွင္ အျမန္သက္သာမွ သခင္ေလးဆီ သြားကူနိုင္မွာ"

သူ၏အေျပာေၾကာင့္ အရွင္ ဘာမွဆက္ေျပာမလာေတာ့ေခ်။ ေရွာင္အန္း သက္ျပင္းခ်လိဳက္ၿပီး အတြင္းဒဏ္ရာကုျခင္းအေပၚသို႔သာ စိတ္ႏွစ္ထားလိုက္ေတာ့သည္။

*******************

နန္းေဆာင္တံခါး ဖြင့္သံ ၾကားလိုက္ရေသာ္လည္း ရီဟြား ေနာက္လွည့္မၾကည့္ျဖစ္။ သူ ေမွ်ာ္လင့္ေနသူ မဟုတ္မွန္း ေသခ်ာသည္ေလ။ လက္သီးကိုသာ က်စ္က်စ္ပါေအာင္ ဆုပ္ထားလိုက္မိသည္။

"ဟြားအယ္ ဘာလို႔ စားစရာေတြ မစားတာလဲ...အကုန္ တစ္ခုမွ အရာမယြင္းဘူး"

ရီဟြား ေနာက္လွည့္မၾကည့္ဘဲ ေဒါသျဖင့္ ေအာ္၍ ေျပာလိုက္သည္။

"ေက်ာက္ဟြမ္ ကြၽန္ေတာ့္ကို လႊတ္ေပး...ဒီနန္းေဆာင္ထဲမွာ အက်ယ္ခ်ဳပ္ဖမ္းထားတာက လႊတ္မေပးမခ်င္း ကြၽန္ေတာ္ ဘာမွစားမွာ မဟုတ္ဘူး"

သူ၏ စိတ္တိုစြာ ေအာ္ဟစ္လိုက္မႈအၿပီး ေတာ္ေတာ္ၾကာသည္ထိ ျပန္ေျပာလာမႈအား မၾကားရေသာေၾကာင့္ စိတ္မရွည္စြာ ေနာက္လွည့္ၾကည့္လိုက္မိသည္။

ေ႐ႊေရာင္နဂါးဝတ္႐ုံအား ဆင္ျမန္းထားၿပီး သူ႕အား စူးရဲစြာ စိုက္ၾကည့္ေနေသာ မ်က္ဝန္းမ်ားသည္ ေၾကာက္မက္ဖြယ္ေကာင္းေနသည္။

ထို႔ေနာက္ စားပြဲေပၚရွိ ဟင္းပန္းကန္တစ္ခုအား ကိုင္ကာ တျခားတစ္ေနရာဆီသို႔ ဦးတည္သြားလိုက္ေသာ ေက်ာက္ဟြမ္။ ဦးတည္ရာ ေနရာအား ၾကည့္လိုက္ေတာ့ နန္းေဆာင္ေဘးတြင္ ကုပ္၍ ၿငိမ္သက္ေနေသာ ေရွာင္ကုန္းဇီ ရွိရာဆီသို႔။ ရီဟြား ေရွာင္ကုန္းဇီအတြက္ စိုးရိမ္သြားရသည္။

ေရွာင္ကုန္းဇီ၏ ဦးေခါင္းထက္မွ ေလာင္းခ်လိဳက္ေသာ ဟင္းမ်ား။ ေရွာင္ကုန္းဇီ၏ တစ္ကိုယ္လုံး ဟင္းဖတ္မ်ား၊ ဟင္းရည္မ်ားျဖင့္ ေပက်ံသြားရသည္။

"ခင္ဗ်ား ဘယ္လိုလုပ္လိုက္တာလဲ"

"ဟြားအယ္ မစားဘူးဆို....အဲဒါေၾကာင့္ သြန္ပစ္တာေလ"

"ခင္ဗ်ား မိုက္ရိုင္းလိုက္တာ"

ရီဟြား လြန္စြာေဒါသထြက္ေနေသာ္လည္း တစ္ဖက္သူကေတာ့ ဂ႐ုမစိုက္ပုံႏွင့္ အၿပဳံးမပ်က္ေပ။

"တျခားဟင္းေတြလည္း မစားဘူးမလား...ကိုယ္ သြန္ပစ္ရတာေပါ့"

စားပြဲဆီသို႔ျပန္ေလွ်ာက္လာသူေၾကာင့္ ရီဟြား ထိတ္လန႔္ကာ အျမန္တားလိုက္ရသည္။

"မလုပ္နဲ႕ ဆက္မလုပ္နဲ႕ေတာ့...ကြၽန္ေတာ္ စားမယ္"

ႏႈတ္ခမ္းစြန္းမ်ား ေကြးၫႊတ္ကာ ၿပဳံးလိုက္သူ၏ပုံစံသည္ အျမင္ကပ္စရာေကာင္းလွသည္။

စားပြဲဆီ လက္လွမ္းေနေသာလက္မ်ား ရပ္တန႔္သြားျခင္း မရွိဘဲ ေရကရားအိုးအား ကိုင္ကာ ေရွာင္ကုန္းဇီဆီ သြားရန္ ျပင္လိုက္ေသာေၾကာင့္ ရီဟြားေရွ႕တြင္ ပိတ္ရပ္၍ တားဆီးလိုက္သည္။

သို႔ေသာ္ ထိုသူ၏ လြတ္ေနေသာ လက္တစ္ဖက္က သူ၏လက္အား အတင္းဆြဲကိုင္မႈကို ခံလိုက္ရၿပီး အားခ်င္းမယွဥ္နိုင္စြာ ဆြဲေခၚသြားမႈကို ခံလိုက္ရသည္။

ေရွာင္ကုန္းဇီအနားေရာက္ေသာအခါ သူ႕လက္အား လႊတ္ေပးလိုက္ၿပီး ေရွာင္ကုန္းဇီ၏ ေမးရိုးအား ညွစ္ကာ ေရမ်ားေလာင္းခ်လိဳက္ေလသည္။

ရီဟြား ေရကရားအိုးအား ဆြဲလုရန္ႀကိဳးစားေသာ္လည္း ထူးဆန္းစြာပင္ သူ၏တစ္ကိုယ္လုံး လႈပ္၍ မရေခ်။

"ေက်ာက္ဟြမ္ ခင္ဗ်ား ကြၽန္ေတာ့္ကို ဘာလုပ္ထားတာလဲ...ခုခ်က္ခ်င္း ေရွာင္ကုန္းဇီကို အနိုင္က်င့္ေနတာက ရပ္လိုက္....မဟုတ္ရင္ ကြၽန္ေတာ့္အဆိုးမဆိုနဲ႕"

ရီဟြား ပါးစပ္မွ ၿခိမ္းေျခာက္ေျပာဆို႐ုံသာ တတ္နိုင္သည္။ သူ ဘာဆိုဘာမွ လုပ္၍ မရေပ။

ေရကုန္သြားေသာအခါ ေက်ာက္ဟြမ္သည္ ေရွာင္ကုန္းဇီ ေမးအား ဖမ္းညွစ္ထားမႈမွ လႊတ္ေပးလိုက္ၿပီး ေရကရားအိုးအား အေဝးသို႔လႊင့္ပစ္လိုက္သည္။ ထိုအခါမွသာ ေရွာင္ကုန္းဇီ သက္သာရာရသြားေတာ့သည္။

ရီဟြား ခႏၶာကိုယ္သည္လည္း ျပန္လႈပ္၍ ရလာေလသည္။ လႈပ္ရရခ်င္း ရီဟြား ပထမဆုံးလုပ္လိုက္သည္က-

"ျဖန္း"

ေက်ာက္ဟြမ္၏ ပါးျပင္ကို ရိုက္လိုက္ေသာ အရွိန္ျပင္းျပင္း လက္ဝါးခ်က္။

မထင္မွတ္ထားေသာေၾကာင့္ အံ့ၾသသြားပုံရေသာ ေက်ာက္ဟြမ္၏ မ်က္ႏွာ။

ထိတ္လန႔္ကာ ရီဟြားအတြက္ စိုးရိမ္သြားေသာ ေရွာင္ကုန္းဇီ၏ ပုံစံ။

စကၠန႔္ပိုင္းမွ် တိတ္ဆိတ္ၿပီးေနာက္ ရီဟြား တစ္ကိုယ္လုံး နံရံသို႔ ဖိကပ္ခံလိုက္ရၿပီး ႏႈတ္ခမ္းမ်ားအား ၾကမ္းတမ္းစြာ နမ္းရွိုက္ျခင္း ခံလိုက္ရသည္။

ရီဟြား မသတီစြာ ထိကပ္လာေသာ ႐ြံရွာဖြယ္ ႏႈတ္ခမ္းတို႔အား သြားျဖင့္ ဖိကိုက္ပစ္လိုက္သည္။ ပါးစပ္ထဲတြင္ ငန္က်ိက်ိအရသာတို႔ ခံစားလိုက္ရၿပီး ဖယ္ခြာသြားေသာ ႏႈတ္ခမ္းသားတို႔ေၾကာင့္ စိတ္သက္သာရာရသြားေလသည္။

မီးဝင္းဝင္းေတာက္ မ်က္ဝန္းမ်ားျဖင့္ သူ႕အား ၾကည့္လာေသာသူ။ သို႔ေသာ္ ရီဟြား တစ္စက္မွ မေၾကာက္႐ြံ႕မိ။ ထိုသူ၏ ထိေတြ႕ျခင္းကို ခံမည့္အစား ရီဟြား အေသခံလိုက္မည္။ သူ၏ အရာအားလုံးသည္ ရွင္းတစ္ေယာက္တည္းအတြက္သာ။

"ခင္ဗ်ား ကြၽန္ေတာ့္ကို ဆက္ထိလာမယ္ဆို ကြၽန္ေတာ့္ကို ကြၽန္ေတာ္ သတ္ေသဖို႔ ဝန္မေလးဘူး....ကြၽန္ေတာ္ တကယ္လုပ္နိုင္တယ္ဆိုတာ ခင္ဗ်ားသိပါတယ္"

တစ္ဖက္သူက သူ၏ႏႈတ္ခမ္းမွ စီးက်ေနေသာ ေသြးမ်ားအား လက္မျဖင့္ ဖိသုတ္လိုက္​ၿပီး သူ႕အား ေၾကာက္မက္ဖြယ္ေကာင္းစြာ စူးစိုက္ၾကည့္လာသည္။

"ဟြားအယ္ မင္းရဲ႕အကိုႀကီး...မင္းရဲ႕စစ္တပ္...မင္းရဲ႕လူယုံေတြ အကုန္ ကိုယ္ေတာ့္လက္ထဲမွာဆိုတာ မေမ့နဲ႕....မင္း သူတို႔ကို ေသေစခ်င္ရင္ မင္းစိတ္ႀကိဳက္လုပ္လို႔ရတယ္....အရင္ဆုံး သူကစၿပီး ကိုယ္ေတာ္သတ္ျပမယ္"

ေရွာင္ကုန္းဇီအား လက္ညိုးထိုး၍ ေျပာလိုက္ေသာ မုန္းတီးရလြန္းသူေၾကာင့္ ရီဟြား ႏႈတ္ခမ္းတို႔ကိုသာ နာက်င္ေအာင္ ဖိကိုက္ထားလိုက္မိသည္။

ႏႈတ္ခမ္းေဘးစြန္းႏွစ္ခုအား ဆြဲညွစ္လိုက္မႈေၾကာင့္ သြားျဖင့္ ဖိကိုက္ထားေသာ ႏႈတ္ခမ္းသားတို႔ လြတ္ထြက္သြားရသည္။

"ကိုယ့္ကိုကိုယ္ နာက်င္ေအာင္ မလုပ္နဲ႕....ကိုယ္ လုပ္ေနတာအားလုံး မင္းတစ္ေယာက္တည္းအတြက္ပဲ"

မ်က္ႏွာ ေဘးသို႔ ေစာင္းဖယ္သြားသည့္ ဟြားအယ္အား ၾကည့္ကာ ေက်ာက္ဟြမ္သည္လည္း နာက်င္ရသည္။ ငယ္စဥ္ကတည္းက သူ႕ေဘးတြင္ အၿမဲရွိေနေပးခဲ့ေသာ ေကာင္ေလးသည္ ယခုခ်ိန္တြင္ သူ႕အား မုန္းတီးစြာ ၾကည့္ေနေလၿပီ။

ငယ္စဥ္က သူ႕အား အၿမဲကာကြယ္ေပးခဲ့ေသာ ေကာင္ေလး၊ သူ႕ဘက္တြင္သာ အၿမဲရပ္တည္ခဲ့ေသာ ေကာင္ေလး၊ သူေဘးတြင္ ဘယ္သူမွ မရွိေတာ့ဘဲ စြန႔္ခြာသြားၾက ခ်ိန္တြင္ေတာင္ သူ႕အား နားလည္စြာ ရပ္တည္ေျပာဆိုေပးခဲ့ေသာ ေကာင္ေလးသည္ ယခုအခ်ိန္တြင္ သူ႕အား ခါးခါးသီးသီး ျဖစ္ေနသည္။

သူ ရွင္းယြဲ႕အား လြန္စြာ မုန္းတီးမိသည္။ သူ႕ေဘးတြင္ အသက္စြန႔္ၿပီး ကာကြယ္ေပးမည့္ လူမ်ားစြာရွိသည္။ အရာရာျပည့္စုံၿပီး လိုခ်င္တာ မွန္သမွ် လြယ္ကူစြာ ရရွိနိုင္သည္။

ငယ္စဥ္ကတည္းက အတူတူႀကီးျပင္းခဲ့ေသာ သူ႕အား ေက်ာ္လြန္၍ ခ်စ္ရသူသည္လည္း သူတို႔ထက္ေနာက္မွ ရင္းႏွီးသည့္ ရွင္းယြဲ႕ကို ေ႐ြးခ်ယ္သြားသည္။ သူႏွင့္ယွဥ္လွ်င္ ရွင္းယြဲ႕ကိုသာ အၿမဲေ႐ြးခ်ယ္တတ္သည့္ ခ်စ္ရသူအား ၾကည့္ကာ သူ ရွင္းယြဲ႕အား နာက်ည္းမုန္းတီးမိသည္။

အာဏာမက္လြန္းေသာ မိခင္၏ အခ်စ္တို႔ကို အျပည့္အဝ မရခဲ့သည့္အျပင္ ဖခင္ႏွင့္ အာဏာရွိသူကိုသာ အကိုေတာ္ခ်င္သည့္ ညီမျဖစ္သူ၏ ေမတၱာတို႔ကိုပါ မရရွိခဲ့ရေသာ သူသည္ အရမ္းလိုခ်င္မက္ေမာမိသည့္ဟြားအယ္၏ ေမတၱာတို႔ကိုပါ ဆုံးရႈံးလိုက္ရေလၿပီ။

ရွင္းယြဲ႕အား မုန္းတီးသည့္ စိတ္ထက္ ရီဟြားအား ပိုင္ဆိုင္လိုခ်င္သည့္စိတ္သည္ သူ႕အတြက္ ပိုႀကီးမားသည္။

"ဟြားအယ္ မင္းသာ ကိုယ္နဲ႕အတူေနမယ္ဆို ကိုယ္အားလုံးကို စြန႔္လႊတ္မယ္...အမုန္းတရားေတြလည္း သင္ပုန္းေခ်လိဳက္မယ္...ထီးနန္းလည္း မလိုေတာ့ဘူး...ရွင္းယြဲ႕ေဘးမွာ မင္းတစ္ေယာက္မရွိလို႔ ဘာမွမျဖစ္ပါဘူး...ကိုယ့္မွာက မင္းပဲရွိတာ...ေက်းဇူးျပဳ ၿပီး ေက်းဇူးျပဳ ၿပီး ကိုယ့္ကို ေ႐ြးခ်ယ္ေပးပါ"

သူ၏ပုခုံးႏွစ္ဖက္အား တင္းက်ပ္စြာ ဆုပ္ကိုင္လိုက္ၿပီး အ႐ူးတစ္ေယာက္လို ျဖစ္ေနေသာ ေက်ာက္ဟြမ္အား ၾကည့္ကာ ရီဟြား စိတ္ပ်က္သြားရသည္။

ရွင္းရန္ပင္ မ်က္စိကန္းသြားျခင္းမဟုတ္ ေက်ာက္ဟြမ္သည္လည္း လုံးဝကန္းသြားျခင္းျဖစ္သည္။ ေဘးတြင္အၿမဲရွိေနေပးသည့္ ရွင္းရန္အား မျမင္ဘဲ မရနိုင္သည့္သူ႕ကိုသာ ပိုင္ဆိုင္ခ်င္ေနသူအတြက္ ရီဟြားသနားမိေသာ္လည္း တခ်ိန္တည္းမွာပင္ စိတ္လည္းပ်က္မိသည္။ ေလာဘ၊အတၱႏွင့္ မနာလိုမႈ တို႔သည္ ေက်ာက္ဟြမ္၏ စိတ္အား အေမွာင္ဖုံးသြားေစျခင္းျဖစ္သည္။

"အိပ္မက္ဆိုတာ အိပ္ေပ်ာ္ေနတုန္းပဲ မက္လို႔ေကာင္းတာ ေက်ာက္ဟြမ္....နိုးထလာရင္ မျဖစ္နိုင္မွန္းသိၿပီး ပိုနာက်င္ေစလိမ့္မယ္"

သူ၏ ပုခုံးအား ဆုပ္ကိုင္ထားေသာ လက္တို႔သည္ ပုခုံးထက္မွ ဖယ္ခြာသြားၾကေလသည္။ ထို႔ေနာက္ သူ႕အား ေက်ာခိုင္းလိုက္ေသာသူ။

"ဟြားအယ္ ကိုယ့္အတြက္ အမိန႔္စာ ေရးေပးရမယ္...စာထဲမွာ ဧကရာဇ္ေက်ာက္ရန္ က်န္းမာေရးမေကာင္းလို႔ အနားယူမယ့္အေၾကာင္းနဲ႕ ထီးနန္းကိုယ့္ကို လႊဲအပ္ေၾကာင္းေရးၿပီးရင္ မင္းရဲ႕တံဆပ္တုံးခတ္ႏွိပ္ၿပီး ျပည္သူေတြကို ေၾကညာေပးရမယ္"

"ဟက္ ခင္ဗ်ားက ျပည္သူေတြရဲ႕ေထာက္ခံမႈ ရဖို႔ ကြၽန္ေတာ့္နာမည္သုံးမယ္ေပါ့ေလ...ခင္ဗ်ား အိပ္မက္မက္ေနလိုက္"

တဖက္လူသည္ ေက်ာေပးလ်က္ပင္ သူ႕အား ဘာမွျပန္မေျပာဘဲ နန္းေဆာင္အျပင္တြင္ ေစာင့္ၾကပ္ေနေသာ စစ္သားမ်ားထံ အမိန႔္ေပးလိုက္သည္။

"နန္းေစာင့္ကိုယ္ရံေတာ္ေတြ...ဖမ္းဆီးထားတဲ့ ဒုစစ္သူႀကီး ကုခ်န္းနဲ႕ အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္ကို သတ္ဖို႔ ေစခိုင္းလိုက္"

ေက်ာက္ဟြမ္၏ အေျပာေၾကာင့္ ရီဟြား ထိတ္လန႔္သြားရသည္။

"ခင္ဗ်ား ယုတ္မာတာ"

"သူတို႔အလွည့္ၿပီးရင္ ေရွာင္ကုန္းဇီရဲ႕ အလွည့္ပဲ...ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ေသဆုံးရမွာ စိတ္မေကာင္းေပမဲ့ ဟြားအယ္ကမင္းတို႔ကို မငဲ့ေတာ့ ငါလည္း မတတ္နိုင္ဘူး"

သနားသည့္ ပုံစံဟန္ေဆာင္ေျပာေနေသာ အျမင္ကပ္စရာေကာင္းသည့္လူအား ရီဟြား လက္ထဲတြင္ဓားတစ္ေခ်ာင္းရွိခဲ့လွ်င္ ေနာက္မွေန၍ အႀကိမ္ႀကိမ္ထိုးသတ္လိုက္ၿပီးေလၿပီ။

"ခင္ဗ်ား အမိန႔္ကို ျပန္ျပင္လိုက္...ကြၽန္ေတာ္ အမိန႔္စာေရးေပးမယ္"

သူ၏ စကားဆုံးသည္ႏွင့္ ေက်ာက္ဟြမ္သည္ သူ႕ဘက္သို႔ ခ်က္ခ်င္းလွည့္လာေလသည္။

"အမိန႔္စာကို ေသခ်ာေရးပါ...ဉာဏ္မ်ားဖို႔ ထပ္မႀကံနဲ႕ေတာ့ ဟြားအယ္"

"ခင္ဗ်ားသာ ခုခ်က္ခ်င္း အမိန႔္ကို ျပင္ေပး"

တစ္ဖက္၏ ေလသံအတိုင္း ရီဟြားသည္လည္း မာထန္စြာ ျပန္ေျပာလိုက္သည္။ တျခားသူ၏ လက္ထဲက်ေရာက္တိုင္း ေၾကာက္႐ြံ႕ေနမည့္ လူစားထဲတြင္ သူ မပါေပ။

သူ၏ လုပ္ရပ္မ်ားအား မႀကိဳက္ေသာေၾကာင့္ သတ္ခဲ့လွ်င္ေတာင္ ရဲရဲဝံ့ဝံ့ အေသခံလိုက္မည္။ ဝူရီဟြား ဘဝတြင္ အခ်စ္မ်ားစြာ ခံခဲ့ရသည့္ သူ႕အတြက္ ေနာင္တရစရာ မရွိေတာ့။ သူခ်စ္ရသူမ်ား မေသေစရန္ႏွင့္ ရွင္း၏ အေျခအေနအား သိလိုေသာေၾကာင့္သာ သူ သည္းခံ၍ ဆက္ေန,ေနျခင္းျဖစ္သည္။

"ကုခ်န္းနဲ႕ အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္ကို မသတ္ေတာ့ဖို႔ သြားျပန္ေျပာလိုက္"

ေက်ာက္ဟြမ္ အျပင္ဘက္ရွိ ေစာင့္ၾကပ္သူမ်ားၾကားေအာင္ ေအာ္၍ အမိန့္​ေပးလိုက္သည္။

ရီဟြား ထိုအခါမွသာ စိတ္သက္သာရာရသြားေတာ့သည္။ လုံးဝစိတ္ေအးသြားျခင္းေတာ့မဟုတ္။ သူ၏ေရွ႕ရွိ စိတ္ပ်က္စရာလူ ဆက္၍ ရွိေနေသာေၾကာင့္ပင္။

"ကိုယ္ မင္းအေပၚ မၾကမ္းတမ္းခ်င္ဘူး ဟြားအယ္...တဆိတ္ ကိုယ့္ရဲ႕စိတ္ရွည္နိုင္မႈကိုေတာ့ ခဏခဏ လာမစမ္းသပ္နဲ႕"

ရီဟြား လြန္စြာေဒါသထြက္သြားရေသာ္လည္း စိတ္ကိုခ်ဳပ္ထိန္းကာ သည္းခံလိုက္သည္။ သူ ငဲ့ညွာရမည့္သူ မ်ားစြာရွိေနသည္ေလ။

"ဟြားအယ္ ေကာင္းေကာင္းမြန္မြန္ေနပါ...မဟုတ္ရင္ ကိုယ့္အဆိုးမဆိုနဲ႕"

ၿခိမ္းေျခာက္ထြက္သြားသူ၏ ေက်ာျပင္အား ၾကည့္ကာ ရီဟြား အေနာက္ဘက္မွေန၍ ေလထဲသို႔ ေျခေထာက္မ်ားျဖင့္ ကန္ေက်ာက္ေနလိုက္သည္။

နန္းေဆာင္တံခါးသည္ ျပန္၍ ပိတ္သြားေလၿပီ။ ရီဟြား နံရံေထာင့္တြင္ ကပ္၍ ထိုင္ေနေသာ ေရွာင္ကုန္းဇီအနီးသို႔ သြားလိုက္ၿပီး ထူမ၍ တြဲေပးလိုက္သည္။

"ေရွာင္ကုန္းဇီ အကၤ်ီ သြားလဲလိုက္...မင္းကိုေတာ့ သူတို႔ အျပင္ထြက္ခြင့္ ေပးတယ္မလား"

"မွန္ပါ...ကြၽန္ေတာ္မ်ိဳး အျပင္က အေျခအေနေတြပါ စုံစမ္းၾကည့္ခဲ့ပါမယ္"

ေရွာင္ကုန္းဇီသည္ ခပ္တိုးတိုးျပန္ေျဖလာသည္။

"ဂ႐ုစိုက္ဦး...ခုခ်ိန္မွာ အကုန္လုံးက ငါတို႔ကို ေစာင့္ၾကည့္ေနတာ"

"မွန္ပါ"

ထို႔ေနာက္ ေရွာင္ကုန္းဇီသည္ နန္းေဆာင္တံခါးနားသို႔ ကပ္သြားလိုက္ၿပီး တံခါးဖြင့္ေပးရန္ ေတာင္းဆိုလိုက္သည္။

ေရွာင္ကုန္းဇီ နန္းေဆာင္အျပင္ထြက္သြားသည္ႏွင့္ နန္းေဆာင္ထဲတြင္ ရီဟြား တစ္ေယာက္တည္းသာ က်န္ခဲ့ေလသည္။ ရီဟြား တိုးညွင္းစြာ ေရ႐ြတ္လိုက္၏။

"ရွင္း ကြၽန္ေတာ္ ေစာင့္ေနတာမို႔ ကြၽန္ေတာ္ဆီ အျမန္ျပန္လာပါ....ေသခ်ာေပါက္ ဘာမွမျဖစ္ဘဲ ျပန္လာခဲ့ေပးပါ"

သူ၏ ေတာင္းဆိုမႈအား ၾကင္နာစြာ ျပန္လည္ေျဖၾကားေပးမည့္ ရွင္းသည္ေတာ့ နန္းေဆာင္ထဲတြင္ ရွိမေနခဲ့ေခ်။

********************

အခန္းအျပင္ဘက္မွ ေျခသံၾကားရေသာေၾကာင့္ မုခ်န္း အခန္းထဲဝင္လာမည့္သူအား ေစာင့္ဆိုင္းေနလိုက္သည္။

မၾကာမီ အခန္းထဲသို႔ ထမင္းပန္းကန္ထည့္ထားသည့္ ဗန္းအား ကိုင္ကာ ဝင္လာေသာ အေစခံ
ေကာင္ေလးတစ္ေယာက္အား ေတြ႕လိုက္ရသည္။

"စစ္သူႀကီး မင္းသမီးက ထမင္းပို႔ခိုင္းလိုက္လို႔ပါ"

မုခ်န္း လ်င္ျမန္စြာ ဖိနပ္ထဲတြင္ ေဆာင္ထားတတ္သည့္ဓားတိုအား ဆြဲယူ၍ အေစခံေလး၏ လည္ပင္းအား ေထာက္ထားလိုက္သည္။

"မေသခ်င္ရင္ ငါေမးတာေျဖၿပီး ငါခိုင္းသလိုလုပ္"

အေစခံငယ္ေလးသည္ ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ ျပန္ေျဖေလသည္။

"ဟုတ္...ဟုတ္ကဲ့"

"နန္းေတာ္ထဲမွာ အေျခအေနဘယ္လိုရွိလဲ...လက္ထပ္ပြဲ ဘယ္လိုျဖစ္သြားလဲ"

"ကြၽန္ေတာ္...ကြၽန္ေတာ္ မင္းသမီးေျပာတာ ၾကားရသေလာက္ေတာ့ မင္းႀကီးက ဒဏ္ရာရသြားတယ္...ခုထိ ဖမ္းမရေသးဘူးလို႔ၾကားတယ္...ဧကရီကိုေတာ့ လက္ရွိမင္းႀကီးက နန္းေဆာင္မွာ အက်ယ္ခ်ဳပ္ဖမ္းထားတယ္တဲ့"

"အခု ငါ ခိုင္းသလိုလုပ္...တံခါးနားေရာက္ရင္ အျပင္ကလူေတြကို တံခါးဖြင့္ေပးဖို႔ေျပာလိုက္...ေအာ္ရင္ ငါမင္းကို သတ္ပစ္မယ္"

"မသတ္ပါနဲ႕..ကြၽန္ေတာ္ မေအာ္ပါဘူး"

မုခ်န္း အေစခံေလးအား ဓားေထာက္လ်က္ တံခါးနားသို႔ ကပ္သြားလိုက္သည္။ တံခါးအနီးေရာက္ေသာအခါ အေစခံေလးသည္ တံခါးဖြင့္ေပးရန္ ေအာ္ေျပာလိုက္သည္။

"ထမင္းပို႔ၿပီးၿပီ...တံခါးဖြင့္ေပးေတာ့"

အေစခံငယ္ေလး ေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္း မုခ်န္း အေစခံေလးအား သတိေမ့ေအာင္ ရိုက္လိုက္ၿပီး တံခါးဖြင့္အလာအား ေစာင့္ေနလိုက္သည္။

တံခါးပြင့္သြားသည္ႏွင့္ တစ္ၿပိဳင္နက္ လ်င္ျမန္စြာ တံခါးတြင္ ေစာင့္က်ပ္ေနေသာ အေစာင့္ႏွစ္ေယာက္အား သတိေမ့ေအာင္ တိုက္ခိုက္လိုက္သည္။

ထို႔ေနာက္ အေစခံေလး၏ အဝတ္အစားမ်ားအား လဲဝတ္လိုက္ၿပီး အျပင္သို႔ ထြက္လာလိုက္သည္။

ေခါင္းအား ငုံ႕၍ အေစာင့္မ်ားအား ေက်ာ္လႊားကာ နန္းေတာ္ရွိ ညီေလးအား ကယ္ရန္အတြက္ အိမ္ေတာ္ထဲမွ ထြက္ရန္ျပင္လိုက္သည္။

တံခါးမသို႔ ေရာက္ေသာအခါ တံခါးအျပင္မွ မ်က္ႏွာခ်င္းဆိုင္ ဝင္လာေသာ ရီရီအား ေတြ႕လိုက္ရသည္။ သူ႕အား မျမင္ေစရန္ ေဘးတြင္ ကပ္၍ ရပ္လိုက္ၿပီး ေခါင္းအား အတတ္နိုင္ဆုံး ငုံ႕ထားမိသည္။

ရီရီ သူ႕အား ေက်ာ္သြားေသာအခါမွသာ အိမ္အျပင္သို႔ အျမန္ထြက္ရန္ ေျခလွမ္းတို႔အား သြက္သြက္ေလွ်ာက္လိုက္သည္။

"ေနဦး"

ေနာက္ဘက္ဆီမွ ထြက္ေပၚလာေသာ တားဆီးသံအား ၾကားလိုက္ရေသာေၾကာင့္ မုခ်န္း ေျခလွမ္းတို႔ ရပ္တန႔္သြားရ၏။

"ရွင္ ခုလို အေစခံအဝတ္အစားေတြဝတ္ၿပီး ႐ုပ္ဖ်က္လိုက္တာနဲ႕ ကြၽန္မက ရွင့္ကို မမွတ္မိေတာ့ဘူး ထင္ေနတာလား စစ္သူႀကီး"

နာမည္တပ္ကာ ေခၚလာေသာ ရီရီေၾကာင့္ မုခ်န္း ပုန္းကြယ္ မေနေတာ့ဘဲ ေနာက္လွည့္ကာ ထိပ္တိုက္ရင္ဆိုင္လိုက္ေတာ့သည္။

*******************

Seguir leyendo

También te gustarán

1M 87.6K 57
14 century prince love with 21 century human ❤❤❤
131K 2.2K 12
စံတိုင်းတာချက်တွေပြောင်းလဲတက်ပေမယ့် ပြောင်းလဲလို့မရနိုင်သည်က ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ချစ်ခြင်းမေတ္တာ။ #shiloonngal စံတိုင္းတာခ်က္ေတြေျပာင္းလဲတက္ေ...
122K 14.7K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
10.2K 883 12
Zawgyi __ပံုျပင္ေလးကေတာ့ ဒီလိုစတယ္ကြဲ႕ တစ္ခါတုန္းက စိတ္ဓာတ္ေတြက်ၿပီး ေလာကႀကီးကို အရွံုးေပးေတာ့မယ့္ ေကာင္ေလးတစ္ေယာက္ရွိသတဲ့ကြယ္ အဲ့ေကာင္ေလးရဲ႕ေနာက္ဆံ...