အပိုင်း(၃၇)
ရှောင်လွှဲ၍ မရနိုင်သော စစ်ပွဲ
ရီဟွား ရှင်းအား ပွေ့ထားရင်းမှ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်ဆွံ့အနေသည့် ရှင်းရန်အား ကြည့်လိုက်သည်။
"နင် ကျေနပ်ပြီလား ဟမ်...သူ နင့်ကြောင့်ခုလိုဖြစ်နေတာတောင် မကျေနပ်နိုင်သေးဘူးလား"
ရီဟွား၏ အသံတွင်ဒေါသသံများ ပါဝင်နေသည်။ စိတ်တိုနေမှုများ ထိန်းချုပ်ထားရပုံအား အထင်းသားတွေ့မြင်နေရသည်။
ရီဟွား ရှင်း ရင်ဘတ်တွင်ထိုးစိုက်နေသော ဓားအား အသာအယာဆွဲနှုတ်လိုက်၏။
ရှင်းပါးစပ်ထဲမှ ထွေးအန်လိုက်သော သွေးများသည် သူ၏ရင်အား အရမ်းနာကျင်သွားစေသည်။ ရှင်း၏ နာကျင်မှုများအား သူလည်းထပ်တူခံစားနေရသလိုပင်။
"ယွီလေး"
ယွီလေးသည် သူ့ဘေးသို့ ချက်ချင်းရောက်လာသည်။
"ရှင်း ဒဏ်ရာကို ပျောက်အောင်လုပ်လို့ရတယ်မလား...ရှင်း ဘာမှမဖြစ်ဘူးမလား"
ယွီလေး သူ၏လက်အား မြှောက်ကာ ဒဏ်ရာပေါ်သို့ အလင်းတန်းများထုတ်လွှင့်လိုက်သည်။ တခဏကြာသောအခါ သူ၏မျက်နှာ ပျက်ယွင်းသွားသည်။
"ဒါက...ဓားက"
"ဓားက ဘာဖြစ်လို့လဲ ယွီလေး...ရှင်း ဘာမှ မဖြစ်ဘူးမလား...ဒီဓားဒဏ်ရာလောက်နဲ့ မသေဘူးမလား"
"မဟုတ်ဘူး ဒီဓားက သေစေနိုင်တယ်"
"ဘာ"
ရီဟွား လွန်စွာ ထိတ်လန့်သွားရသည်။
"ဒါဆို ရှင်းကို ကယ်လို့ မရနိုင်တော့ဘူးလား...ယွီလေး မင်းကသူ့အစောင့်အရှောက်လေ တစ်ခုခုလုပ်ပါ"
"နှလုံးကို ထိုးစိုက်မိတာ မဟုတ်လို့ ရှင်းယွဲ့ဂူမှာ ပြန်ပြီး ဒဏ်ရာကုစားရမယ် သခင်လေး....စွမ်းအားတွေမဖောက်ပြန်အောင် သေချာထိန်းညှိပြီး ကျွန်တော့်အတွင်းအားနဲ့ ဒဏ်ရာကို ပြန်ကုစားကြည့်ပါ့မယ်...ရှင်းယွဲ့ဂူက အရှင့်ရဲ့ မူလအစဖြစ်တည်ရာမို့ ဒဏ်ရာတွေကုစားဖို့ အကောင်းဆုံးနေရာပါ.. ဒါပေမဲ့ ဒီလိုအခြေအနေမှာ ကျွန်တော်နဲ့ အရှင် ရှင်းယွဲ့ဂူကို သွားလိုက်ရင်..."
"ဒီဘက်ကို စိတ်မပူနဲ့....ငါ ရှိနေမယ်...မင်းရဲ့တာဝန်က ရှင်း ဘာမှမဖြစ်အောင် ကာကွယ်ဖို့ပဲ ယွီလေး...ရှင်းသာ တစ်ခုခုဖြစ်ရင် မင်းအရင် ငါ့လက်နဲ့ သေစေရမယ်"
သခင်လေး၏ မျက်ဝန်းထဲ သူတစ်ခါမှ မမြင်ဖူးသော ရက်စက်သည့် အငွေ့အသက်များအား မြင်လိုက်ရသောကြောင့် ယွီလေး တုန်လှုပ်မိသွားသည်။
"စိတ်ချပါ ကျွန်တော်အရှင့်ကို ဘာမှမဖြစ်စေဘဲ ပြန်ခေါ်လာပါ့မယ်....သခင်လေးလည်း ဂရုစိုက်ပါ"
"အင်း သွားတော့"
သူ့လက်ထဲပွေ့ပိုက်ထားသော ရှင်းအား ယွီလေးလက်ထဲပေးလိုက်ပြီးနောက်တွင် ယွီလေးနှင့် ရှင်းတို့သည် ချက်ချင်း သူ၏ရှေ့မှ ပျောက်ကွယ်သွားကြသည်။
ရီဟွား ရှင်းရန်ရှေ့သို့ လျှောက်သွားလိုက်၏။
"ရှင်းရန် ဟိုမှာကြည့်....လုပ်ကြံသူတွေ အကုန်လုံးကို အရိပ်ကိုယ်ရံတော်တွေ ရှင်းလိုက်နိုင်ပြီ...ဒီလုပ်ကြံသူတွေကို စေခိုင်းသူတွေက ဝမ်ရယ်ပဲ...ဒီကိစ္စက နင်နဲ့သက်ဆိုင်နေတယ်ဆိုတာလည်း ငါသိတယ်...ငါ ခုမှသိလိုက်ရတာ တစ်ခုက နင်အရမ်းယုံကြည်ပြီး ရပ်တည်ပေးနေတဲ့ဝမ်ရယ်က နင့်ကို အသုံးချခံအဖြစ်ပဲ သဘောထားတယ်ဆိုတာ"
"ဟွားအယ် လျှောက်မပြောနဲ့...သူ ငါတို့နဲ့တူတူကြီးပြင်းလာတာ သူငါတို့အပေါ် ဘယ်လိုသဘောထားလဲဆိုတာ ငါသိတယ်...ငါယုံကြည်တယ်"
ရီဟွား ရှင်းရန်အား စိတ်ပျက်စွာ ကြည့်လိုက်မိသည်။
"ကြည့်ရတာ နင့်မျက်လုံးတွေ လုံးဝကန်းသွားပြီ...ဘယ်သူ နင့်အပေါ် ကောင်းတယ် မကောင်းဘူးဆိုတာ နင်မမြင်နိုင်တော့ဘူး...နင် ဘယ်ချိန်ကတည်းက သူ့ကို ချစ်သွားတာလဲ"
"ဟွားအယ် မဟုတ်ဘူး...ငါသူ့ကိုမချစ်ဘူး"
"ထားပါ နင်ကမချစ်ဘူးဆိုတော့လည်း မချစ်ဘူးပေါ့ ဟက်"
ရီဟွား ရှင်းရန်အား ကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်၏။
"နင် ရှင်းအပေါ် လုပ်တာတွေအတွက် တနေ့ နင်သေချာပေါက် နောင်တပြန်ရလိမ့်မယ်...နင်သွားတော့...နင်က တဖက်ကလူ...ငါနဲ့နင် ရပ်တည်ချက်မတူတော့ဘူး...ဒီနေ့ကစပြီး ငါတို့ကရန်သူတွေပဲ...နင့်ကို ဓားစာခံဖမ်းထားလည်း နင်ဘာဖြစ်ဖြစ် ဝမ်ရယ်က ဂရုစိုက်မှာ မဟုတ်ဘူး...ငါလည်း နင့်ကို ဖမ်းမထားချင်ဘူးဆိုတော့...နင့် ဝမ်ရယ်ဆီသာ နင်ပြန်တော့"
ရှင်းရန် ဟွားအယ်၏ မျက်ဝန်းများအား ကြည့်လိုက်မိသည်။ သူ(မ)အား အမြဲကြင်နာစွာကြည့်တတ်သော မျက်ဝန်းများထဲတွင် မုန်းတီးခြင်း၊ ဒေါသထွက်ခြင်း၊ လှောင်ပြောင်ခြင်း အရိပ်အငွေ့များအား ဖောက်ထွင်းမြင်နေရသည်။ သူ(မ)ကိုယ် သူ(မ) လွန်စွာ ရှက်ရွံ့သွားရ၏။
ထိုမျက်ဝန်းများအား ရင်မဆိုင်ရဲသောကြောင့် သူ(မ) ချက်ချင်း ကျောခိုင်းကာ နန်းရင်ပြင်ထဲမှ ပြေးထွက်သွားလိုက်သည်။
ရီဟွား ကျောခိုင်းထွက်သွားသော ကျောပြင်အား ကြည့်ကာရင်ထဲနာကျင်လာရသည်။ သူ(မ)သည် သူ၏အချစ်ရဆုံး အမတစ်ယောက်ဖြစ်သကဲ့သို့ ရှင်း၏သွေးသားရင်းအမလည်း ဖြစ်သည်။ သူ(မ) ထိုသို့လမ်းလွဲမှားသွားခြင်းအား မတားဆီးနိုင်ခဲ့သော ကိုယ့်ကိုကိုယ်သာ ရီဟွား အပြစ်တင်မိသည်။
"ဧကရီ လုပ်ကြံသူတွေ အကုန်ရှင်းလင်းပြီးပါပြီ"
ချန်း၏ စကားသံကြောင့် သူ အသိပြန်ဝင်လာရသည်။
"ထိခိုက်ဒဏ်ရာရသူတွေ သမားတော်ဆောင်ကိုပို့ ချန်း...လုပ်ကြံသူတွေ အလောင်းနဲ့ ကျဆုံးသူတွေ အလောင်းခွဲထား....တဖက်က ဘယ်ချိန်ဝင်တိုက်မယ် မသိလို့ ဂုဏ်ပြုထိုက်သူတွေ ပုန်ကန်မှုပြီးမှ ဂုဏ်ပြုပေးမယ်...အပြင်က အထက်တန်းလွှာအမျိုးသမီးတွေနဲ့ အစေခံမိန်းကလေးတွေ ကုန်းကုန်းတွေကို လုံခြုံတဲ့ တနေရာရာမှာ ပုန်းခိုင်းထား....စစ်တပ်ကို အသင့်ပြင်ထားလိုက် ချန်း...အမြဲအသင့်ရှိပါစေ...သတိလက်လွတ် မဖြစ်စေနဲ့"
"မှန်ပါ"
ထိုစဉ် နန်းဆောင်ထဲ တပ်သားလေးတစ်ယောက် အလောတကြီး ဝင်လာပြီး သူ၏ ရှေ့တွင်ဒူးထောက်လိုက်သည်။
"ဧကရီ နန်းတော်အပြင်မှာ ဝမ်ရယ်စစ်တပ်တွေ ရောက်ရှိနေပါပြီ...နန်းမြို့ရိုး အပြင်ဘက်ကနေ စစ်တပ်တွေနဲ့ ဝန်းရံထားပါတယ်...သူတို့ဘက်က နန်းမြို့ရိုးပေါ်ကို မြှားစာပစ်ပေးလာပါတယ်...ကျွန်တော်မျိုး ယူဆောင်လာခဲ့ကြောင်းပါ ဧကရီ"
ရီဟွား ကမ်းပေးလာသော စာအား ချက်ချင်းဖြန့်ကြည့်လိုက်သည်။
'ဟွားအယ် အညံ့ခံရင် မင်းလူတွေ ဘယ်သူမှ မထိခိုက်စေရဘူးလို့ ကိုယ်အာမခံတယ်....ကိုယ့်ကို ပြန်လက်ထပ်ပြီး ငြိမ်းချမ်းရေးယူပါ...ကိုယ် မင်းကို ဧကရီနေရာ ပေးမယ်...ကိုယ့်လူတွေ စစ်သူကြီးအိမ်တော်ကို ဝန်းရံထားလို့် မင်းသေချာစဉ်းစား...မင်းရဲ့အဖြေက မင်းရဲ့အကိုကြီးအပေါ်မူတည်နေတယ်'
"တောက်"
ရီဟွား ဒေါသထွက်စွာ "တောက်"ခေါက်လိုက်ပြီး စာအား ဆုတ်ဖြဲပစ်လိုက်သည်။
"ချန်း အခုအကိုကြီးက သူတို့လက်ထဲမှာ...ဒါပေမဲ့ ငါယုံတယ်...အကိုကြီးက လွယ်လွယ်အဖမ်းခံမယ့်သူ မဟုတ်ဘူး...အကိုကြီး သေချာပေါက် လွတ်အောင် စီစဉ်နိုင်လိမ့်မယ်...အကိုကြီး တစ်ခုခုဖြစ်ရင် ငါ့ကို မခြိမ်းခြောက်နိုင်တော့လို့ အကိုကြီးကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး...
ကုချန်းစစ်တပ်နဲ့ အကိုကြီးစစ်တပ်ကို ခိုစာပို့ပြီး နန်းတော်ကို အမြန်လာခိုင်းလိုက်....နန်းစောင့်တပ်နဲ့ မင်းတို့က စစ်တပ်တွေ မလာခင် ရန်သူတွေ နန်းတော်ထဲ မဝင်နိုင်အောင် ကာကွယ်ရမယ်...လိုအပ်တဲ့ အစီအစဉ်တွေ ငါညွှန်ကြားမှာမို့ မလွဲချော်အောင် သေချာလိုက်လုပ်ဖို့ပြင်ကြ"
နန်းဆောင်ထဲ ရှိသမျှ လူများအကုန် ဒူးထောက်လိုက်ကြသည်။
"ကျွန်တော်မျိုးတို့ ဧကရီ အမိန့်ကို တသွေမတိမ်းနာခံပါ့မယ်"
"စီစဉ်စရာရှိတာတွေ စစီစဉ်ကြတော့"
နန်းဆောင်ထဲရှိ တပ်သားများအားလုံး အလုပ်ရှုပ်သွားကြရသည်။
ရီဟွား ဦးဆောင်ပြီး တိုက်ပွဲစတင်ရန်အတွက် စတင် ကြီးကြပ်ပြင်ဆင်လေတော့သည်။
********************
နန်းတော်တံခါးမကြီးသည် သူ(မ)အတွက် အနည်းငယ်မျှဖွင့်ဟပေးပြီး နန်းတော်အပြင်ရောက်သည်နှင့် တံခါးပြန်ပိတ်သွားတော့သည်။
နန်းတော်အပြင်ဘက်တွင်ရှိနေသော စစ်တပ်၏ ထိပ်ဆုံးရှိ ကျောက်ဟွမ်အား သူ(မ) ကြည့်လိုက်မိသည်။
သူ(မ)၏ ရူးမိုက်သော နှလုံးသားသည် တစက်မျှ ထိုသူ့အား အပြစ်မြင် မရဘဲ ယုံကြည်နေမိသည်။
ထိုသူရှိရာဆီသို့ သူ(မ) တစ်လှမ်းချင်းလျှောက်လှမ်းလိုက်သည်။ ထိုသို့ ရူးမိုက်သော ချစ်ခြင်းမျိုးဖြင့် သူ(မ)တစ်စုံတစ်ယောက်ကို ချစ်ခဲ့ဖူးသလို ခံစားနေရသည်။
ယခုကဲ့သို့ လူတစ်ယောက်အား မျက်စိမှိတ်ယုံကြည်မှုမျိုး ယခင်ကလည်း ရှိခဲ့ဖူးသည်ဟု သူ(မ) ထင်နေမိသည်။ သို့သော် သူမ စဉ်းစား၍ မရ။
"ရှင်းရန် အဆင်ပြေရဲ့လား...ငါ မင်းကို အရမ်းစိတ်ပူနေတာ"
သူ(မ) နားမလည်နိုင်သော မျက်ဝန်းများဖြင့် သူ(မ(ရှေ့ရှိ မြင်းဖြူပေါ်တွင် ချပ်ဝတ်တန်ဆာတို့ဖြင့် ခံ့ညားစွာ ရှိနေသူအား ကြည့်လိုက်မိသည်။
"ကျောက်ဟွမ် လုပ်ကြံသူက ဘာလို့ငါ့ကို တိုက်ခိုက်ရတာလဲ"
"ဘာ ဘယ်သူလဲ...မင်းကို တိုက်ခိုက်တာ...ဘယ်ကောင်က အတင့်ရဲပြီး မင်းကို တိုက်ခိုက်ရဲရတာလဲ"
သူ(မ) ကျောက်ဟွမ် မျက်လုံးများအား မျက်တောင်မခတ်စိုက်ကြည့်လိုက်သည်။
"နင် တကယ် မသိဘူးလား"
"ငါ တကယ် မသိဘူး ရှင်းရန်...ငါတို့ငယ်ငယ်ကတည်းက တူတူကြီးပြင်းလာတာ...ငါတို့နယ်စပ်ဒေသမှာတောင် အတူတူလက်တွဲပြီး အန္တရာယ်တွေ ကျော်ဖြတ်လာတာပဲ...ငါကနင့်ကို ထိခိုက်အောင် လုပ်မဲ့သူမျိုး မဟုတ်တာ နင်အသိဆုံးပါ"
သူ(မ) ကျောက်ဟွမ်အပြောအား ယုံကြည်ချင်မိသည်။ ထိုသူသည် သူ(မ) ချစ်ရသူပင်။ ထိုသူ့ဘေးနားတွင် သူ(မ) တစ်ယောက်သာ ရှိသည်။
သူ(မ)ကပါ မယုံကြည်လျှင်....။သူ(မ) ဆက်မတွေးချင်တော့ပါ။ သူ(မ)အတွက်၊ သူ(မ) စိတ်ချမ်းသာရန်အတွက် ယုံကြည်လိုက်မှ ဖြစ်မည်။
ကျောက်ဟွမ် သူ၏ရှေ့ရှိ တုံးအသော မေချင်းနတ်ဘုရားမအား ကြည့်ကာ နှုတ်ခမ်းစွန်းတို့ကွေးညွှတ်သွားရသည်။ အတွေးလွန်နေသော သူ(မ)က သူ၏ လျှို့ဝှက်သော အပြုံးအား မြင်ပုံမရပေ။
"ငါ့ကို လုပ်ကြံသူ ထိုးတဲ့ဓားကို ကျောက်ရန်က ဝင်ခံလိုက်တယ်...ဘာလို့လဲ ဘာလို့သူက ငါ့အစားဝင်ခံရတာလဲ"
လုပ်ကြံသူကို သူ(မ)အား ဓားဖြင့်ထိုးရန် ကျောက်ဟွမ်စေခိုင်းခဲ့ခြင်းဖြစ်သည်။ သူ မျှော်လင့်ထာားသည့်အတိုင်း ဓားအား ရှင်းယွဲ့ ဝင်ခံလေသည်။ အကုန်လုံးသည် သူချထားသော အစီအစဉ်အတိုင်းဖြစ်သွားခြင်းပင်။
ရှင်းရန်၏သွေးစွန်းထားသောဓားမှ ဒဏ်ရာကြောင့် ရှင်းယွဲ့ မသေလျှင်တောင် အတွင်းဒဏ်အား ကုစားရန်မလွယ်ပေ။ ရှင်းယွဲ့၏ အနီးကပ်အစောင့်အရှောက် ရှောင်အန်း၏ စွမ်းအားလောက်နှင့် ကုစားရန် မလွယ်ကူနိုင်။ ထိုအတွင်း ဟွားအယ်အား လက်ထပ်၍ အားနည်းနေသော ရှင်းယွဲ့အား လုပ်ကြံရန်အချိန်များစွာ ရလေသည်။
ရှင်းရန်ကို သေချာပေါက် ကာကွယ်မည်မှန်း သူသေချာသောကြောင့် ခိုင်းစေခဲ့ခြင်းဖြစ်သည်။ ခုချိန်တွင်ရှင်းရန်အား ဆုံးရှုံးရန် မဖြစ်သေး။ ရှင်းရန်သည် သူ့အတွက် အရမ်းအသုံးဝင်သေးသည်။ ရှင်းရန်သည်လည်း ရှင်းယွဲ့၏ အားနည်းချက်တစ်ခုပင်။
"ဟွားအယ်ရှေ့ မျက်နှာလိုချင်လို့ နေမှာ...ပြီးတော့ မင်းကို ဟွားအယ် မုန်းသွားအောင်လို့...ဒါမှ ငါတို့ထိပ်တိုက်ရင်ဆိုင်တဲ့အခါ ဟွားအယ်ကပြတ်သားနိုင်မှာလေ...ခုတောင် ဟွားအယ်စိတ်က ပြတ်သားနေလောက်ပြီ"
ရှင်းရန် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
"သူ ငါနဲ့ ဟွားအယ်ကြား ရန်တိုက်ပေးချင်လို့ ခုလို လုပ်တာပေါ့"
"မှန်တယ် ငါတို့ရဲ့သံယောဇဉ်ကို သူကြောက်လို့ သူ့ကိုယ်သူ အနစ်နာခံပြီး ခုလိုဖြစ်အောင် ဖန်တီးတာ"
ရှင်းရန် နှုတ်ခမ်းအောက်ဖက်အား နာကျင်အောင် ဖိကိုက်လိုက်မိသည်။
"ကျောက်ရန်...ငါနဲ့ ငါ့အချစ်ဆုံးသူငယ်ချင်းကြား သွေးခွဲတဲ့ နင့်ကို ငါလုံးဝခွင့်မလွှတ်ဘူး...ဟွားအယ် ငါ့ကို မုန်းအောင်လုပ်တဲ့နင့်ကို နာကျင်ရအောင် ငါပြန်လုပ်မယ်"
"ရှင်းရန် ခုလိုဆုံးဖြတ်တာ မှန်တယ်...ခုတော့ နင်အနားယူလိုက်ဦး"
ထို့နောက် သူ၏နောက်ဘက်ရှိ စစ်သားများထဲမှ လူနှစ်ယောက်မျက်နှာအား ကြည့်၍ လှည့်ပြောလိုက်သည်။
"ကြင်ယာတော်ကို ဘေးမသိရန်မခ အိမ်တော်ကို ပြန်ခေါ်သွားကြ...ကြင်ယာတော်စီးဖို့ မြင်းတစ်ကောင်စီစဉ်လိုက်"
"မှန်ပါ အရှင်မင်းကြီး"
စစ်သားနှစ်ယောက် ပြန်ဖြေပုံကြောင့် ကျောက်ဟွမ် စိတ်ကျေနပ်သွားရသည်။
"အခုကစပြီး ငါပိုင်ဆိုင်ရမှာတွေ တစ်ခုချင်း ငါ့လက်ထဲ ပြန်ရောက်လာတော့မယ်"
သူ၏ မျက်ဝန်းများသည် အပေါ်ဘက်ရှိ နန်းမြို့ရိုးအား ငေးမောနေပြီး သူ၏နှုတ်ခမ်းထက်တွင် လျှို့ဝှက်အပြုံးတို့အား ဆင်မြန်းထားလေသည်။
***********************
နန်းမြို့ရိုးပေါ်မှ မြှားတပ်များသည် မြှားများအဆင်သင့်ချိန်ရွယ်ထားကြသည်။ သူ၏ အမိန့်ရသည်နှင့် တစ်ဖက်စစ်တပ်အား ချက်ချင်းပစ်ကာ တိုက်ခိုက်ကြပေလိမ့်မည်။
ရီဟွား နန်းမြို့ရိုးပေါ်မှနေ၍ ကျောက်ဟွမ်အား လှမ်းအော်လိုက်၏။
"ကျောက်ဟွမ် ပုန်ကန်မှုကို ရပ်ပြီး အညံ့ခံပါ...မကြာခင် ငါရဲ့စစ်တပ်နဲ့ အကိုကြီးစစ်တပ်တို့ ပူးပေါင်းရောက်ရှိလာလိမ့်မယ်...မင်းရဲ့စစ်တပ်အနည်းငယ်က သေချာပေါက်အညံ့ခံရမှာ...မင်း အခုချိန်မှာ အညံ့ခံရင် မင်းရဲ့အပြစ်ကို လျှော့ပေါ့ပေးမယ်"
နန်းမြို့ရိုးအောက်ဘက်ဆီမှ ကြည်လင်ပြတ်သားသော တုံ့ပြန်သံထွက်ပေါ်လာသည်။
"ဟွားအယ် ကိုယ်ပိုင်ဆိုင်တဲ့ စစ်တပ်ကို ဒီလောက်ပဲ ထင်နေတာလား...မင်း ကိုယ့်ကို အရမ်းအထင်သေးသွားပြီ...ကိုယ့်ရဲ့ ဒီစစ်တပ်လေးကိုတောင်မင်းရဲ့အင်အားကြီးလှပါတယ်ဆိုတဲ့ စစ်တပ်က မနိုင်မှန်းသေချာနေလို့ လူအင်အား အကုန် ခေါ်မလာခဲ့တာ"
ရီဟွား လှောင်ပြောင်ရယ်မောလိုက်မိသည်။
'ဟက် အဓိက ဇာတ်လိုက်က စိတ်မမှန်ရုံတင် မကဘူး....ကိုယ့်ကိုကိုယ် အထင်ကြီးလွန်တဲ့ ရောဂါပါ ဝင်နေပြီ'
မကြာမီ သူပိုင်ဆိုင်သော စစ်တပ်ရောက်လာပြီး ကျောက်ဟွမ်စစ်တပ်နှင့် တိုက်ခိုက်ရန် မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားသည်။ စစ်တပ်အင်အားနှစ်ခု ဖြစ်သောကြောင့် စစ်အင်အားသည် ကျောက်ဟွမ် စစ်တပ်၏ နှစ်ဆဖြစ်နေသည်။
ရီဟွား ဘဝင်မြင့်လွန်းသော ကျောက်ဟွမ်အား အထက်စီးမှ ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်မိသည်။
စစ်တပ်နှစ်ခုအား ဦးဆောင်ထားသည့် ကုချန်းနှင့် အကိုကြီး၏ လက်ထောက်စစ်သူကြီးအား အော်၍ အမိန့်ပေးလိုက်သည်။
"တိုက်ပွဲ စတော့"
သူ၏ နန်းမြို့ရိုးပေါ်မှ ကျယ်လောင်စွာ အမိန့်ပေးသံအဆုံး တိုက်ခိုက်ရန်ပြင်ဆင်လိုက်ကြသည့် ကုချန်းဦးဆောင်သော စစ်တပ်၏ လက်နက်များသည် လေပေါ်သို့ မြောက်တက်သွားကြသည်။
ရီဟွားအပါအဝင် စစ်ဖြစ်ပွားမည့်နေရာရှိ စစ်သားများအားလုံး အံ့အားသင့်သွားကြရသည်။ မအံ့မသြ တည်ရှိနေသူမှာ တစ်ယောက်တည်းသာ။ ထိုသူသည် အပြုံးကိုပန်ဆင်လျက်။
ရီဟွား တစ်ခုခုမှားယွင်းနေမှန်း သိရှိလိုက်သည်။ ရှင်းနှင့် ၂နှစ်ကြာ တူတူနေခဲ့သောသူ့အတွက် အစွမ်းများသည် သူနှင့် စိမ်းသက်မနေ။
ကျောက်ဟွမ်အား ကြည့်ကာ အကဲခတ်လိုက်သည်။ သူမှ လွဲ၍ တခြားသူများ မျက်နှာတွင် အံ့သြမှုများ အထင်းသားတွေ့နေရသည်။ ကျောက်ဟွမ်၏ အထင်ကြီးမှုများသည် ထိုအစွမ်းများမှ လာခြင်းဖြစ်တန်ရာသည်။
အံ့အားသင့်နေသူများအတွက် ကျောက်ဟွမ်ဆီမှ စကားသံထွက်ပေါ်လာသည်။
"မိုးနတ်မင်းက ငါတို့ဘက်မှာပဲ....ကျောက်ရန်ကို ဧကရာဇ်အဖြစ် အလိုမရှိလို့ ငါတို့ဘက် နေပေးတာ"
သူ့အား ခေါင်းဆောင်တင်ထားကြသော ဦးနှောက်မရှိသူများသည်လည်း သူ့စကားအား အစွမ်းကုန်ယုံကာ အားကြိုးမာန်တက် အော်ဟစ်ကြလေတော့သည်။
"ငါတို့ရဲ့ မင်းကြီးကသာ မိုးနတ်မင်းက ရွေးချယ်တဲ့ဧကရာဇ်...ငါတို့ စစ်တပ်နိုင်ရမယ်...ငါတို့် စစ်တပ်နိုင်ရမယ်"
ရီဟွား ထိုဦးနှောက်မရှိသော စစ်တပ်ကြီးအား ကြည့်ကာ စိတ်လေသွားရသည်။
သို့သော် တခဏတာ။ စိတ်ပျက်မှုများသည် ချက်ချင်း မယုံကြည်နိုင်မှုနှင့် အံ့သြမှုဆီသို့ ပြောင်းလဲသွားရသည်။
အကိုကြီး၏ လက်ထောက်စစ်သူကြီး ခေါင်းဆောင်သော စစ်တပ်က လက်နက်မရှိသော ကုချန်း၏စစ်တပ်ကို အခွင့်ကောင်းယူကာ အငိုက်ဖမ်း တိုက်ခိုက်လိုက်သောကြောင့်ပင်။ ရီဟွား အခြေအနေအား နားလည်သွားရသည်။ လက်ထောက်စစ်သူကြီးသည် သူတို့အား သစ္စာဖောက်သွားခြင်းဖြစ်သည်။
"တောက်"
ခံပြင်းမှု၊ ဒေါသထွက်မှုတို့ဖြင့် သူ၏ စိတ်တို့အား ထိန်းချုပ်၍ မရတော့ချေ။ သူ့စစ်တပ်ရှိ လက်နက်မရှိသော စစ်သားတော်တော်များများ ဆုံးရှုံးနေပြီဖြစ်ပြီး သိုင်းအရမ်းတော်လွန်းသော ကုချန်းသည်တော့ လက်နက်မရှိသော်လည်း သစ္စာဖောက်လက်ထောက်စစ်သူကြီးနှင့် ယှဉ်တိုက်နိုင်တုန်းပင်။
ကျောက်ဟွမ်၏ စစ်တပ်သည်တော့ ယခုချိန်ထိ ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ဘေးတွင်ရပ်ကာ ပွဲကြည့်နေကြသူများပမာ စစ်ပွဲတွင်းသို့ လုံးဝ ဝင်ရောက်လာခြင်း မရှိပေ။
ရီဟွား မြားတပ်များအား လက်ထောင်ပြကာ အမိန့်ပေးလိုက်သည်။
"ကျောက်ဟွမ် စစ်တပ်ကို ပစ်"
သူ၏အမိန့်သံအဆုံး ပစ်ရန် တင်လိုက်သော လေးကြိုးများသည် ချက်ချင်းပြတ်ထွက်ကုန်ကြသည်။ မြားတပ်သည်လည်း ယခုအချိန်တွင် အသုံးမဝင်တော့ချေ။
ရီဟွား အံကြိတ်လျက် သူ၏ လှုပ်ရှာမှုများအား မလွတ်တမ်းကြည့်ရှုနေသော ကျောက်ဟွမ်အား မုန်းတီးစွာ ကြည့်လိုက်သည်။
"ဟွားအယ် ဒီလောက်နဲ့ မပြီးသေးဘူးလေ...ဘာလို့အရမ်းအံ့သြနေတာလဲ...ကိုယ့်ရဲ့နောက်ထပ်ပြကွက်လေးကို ကြည့်လိုက်ဦး"
ရုတ်တရက်ပွင့်လာသော နန်းမြို့ရိုးတံခါး။ ရီဟွား နာကျည်းခံပြင်းမှုတို့ဖြင့် တကိုယ်လုံး တုန်ယင်လာသည်။ သူ ကိုယ်တိုင် စနစ်တကျ ရွေးချယ်ထားခဲ့သော နန်းစောင့်တပ်တွင် သစ္စာဖောက်များပါဝင်နေသည်။ အသားထဲက လောက်ထွက်ခြင်းပင်။
"အရမ်းအံ့သြ သွားတာလား...တကယ်တော့ ခုလို သူလျှို့ထည့်နိုင်ဖို့ အရမ်းခက်ခဲခဲ့တာ...ဟွားအယ် ကိုယ်တိုင်စနစ်တကျ ဖွဲ့စည်းထားတဲ့ နန်းစောင့်တပ်လေ...ခုတလော လက်ထပ်ပွဲကြောင့် ဟွားအယ် သတိလက်လွတ် ဖြစ်သွားပုံပဲ...ဟာကွက် တချက်လေးကြောင့် ကိုယ် ခုလို အောင်မြင်စွာနဲ့ သူလျှိုထည့်နိုင်ခဲ့တာ"
ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကျောက်ဟွမ်ပြောလိုက်ပြီး ပွင့်လာသော တံခါးကိုဖြတ်၍ သူ၏စပ်တပ်သည် နန်းတော်ထဲသို့ ဝင်စီးလိုက်လေသည်။
ရီဟွား ကျရှုံးသွားသော စစ်သားများအား ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။ နူးညံ့သော အောက်နှုတ်ခမ်းပါးမှ သွေးများစီးကျသည်ထိ သွားဖြင့်ဖိကိုက်ထားမိသည်။ စစ်ပွဲရလဒ်တွင် သူလုံးဝ ရှုံးနိမ့်သွားပြီဖြစ်သည်။
ဆူညံနေသော ပတ်ဝန်းကျင်အား လျစ်လျူရှုလိုက်ပြီး မျက်ဝန်းများအား မှိတ်ချလိုက်သည်။
"ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့် ရှင်းရဲ့ နန်းတော်ကို မကာကွယ်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်"
သူ၏ လည်ပင်းတွင် ဆွဲထားသော သလင်းကျောက်လည်ဆွဲလေးသည် တခဏမျှ လင်းလာပြီးနောက် ချက်ချင်း အရောင်ဖျော့ကာ အလင်းပျောက်ကွယ်သွားတော့သည်။
************************
အပိုင္း(၃၇)
ေရွာင္လႊဲ၍ မရနိုင္ေသာ စစ္ပြဲ
ရီဟြား ရွင္းအား ေပြ႕ထားရင္းမွ ေက်ာက္႐ုပ္ကဲ့သို႔ ၿငိမ္သက္ဆြံ႕အေနသည့္ ရွင္းရန္အား ၾကည့္လိုက္သည္။
"နင္ ေက်နပ္ၿပီလား ဟမ္...သူ နင့္ေၾကာင့္ခုလိုျဖစ္ေနတာေတာင္ မေက်နပ္နိုင္ေသးဘူးလား"
ရီဟြား၏ အသံတြင္ေဒါသသံမ်ား ပါဝင္ေနသည္။ စိတ္တိုေနမႈမ်ား ထိန္းခ်ဳပ္ထားရပုံအား အထင္းသားေတြ႕ျမင္ေနရသည္။
ရီဟြား ရွင္း ရင္ဘတ္တြင္ထိုးစိုက္ေနေသာ ဓားအား အသာအယာဆြဲႏႈတ္လိုက္၏။
ရွင္းပါးစပ္ထဲမွ ေထြးအန္လိုက္ေသာ ေသြးမ်ားသည္ သူ၏ရင္အား အရမ္းနာက်င္သြားေစသည္။ ရွင္း၏ နာက်င္မႈမ်ားအား သူလည္းထပ္တူခံစားေနရသလိုပင္။
"ယြီေလး"
ယြီေလးသည္ သူ႕ေဘးသို႔ ခ်က္ခ်င္းေရာက္လာသည္။
"ရွင္း ဒဏ္ရာကို ေပ်ာက္ေအာင္လုပ္လို႔ရတယ္မလား...ရွင္း ဘာမွမျဖစ္ဘူးမလား"
ယြီေလး သူ၏လက္အား ျမႇောက္ကာ ဒဏ္ရာေပၚသို႔ အလင္းတန္းမ်ားထုတ္လႊင့္လိုက္သည္။ တခဏၾကာေသာအခါ သူ၏မ်က္ႏွာ ပ်က္ယြင္းသြားသည္။
"ဒါက...ဓားက"
"ဓားက ဘာျဖစ္လို႔လဲ ယြီေလး...ရွင္း ဘာမွ မျဖစ္ဘူးမလား...ဒီဓားဒဏ္ရာေလာက္နဲ႕ မေသဘူးမလား"
"မဟုတ္ဘူး ဒီဓားက ေသေစနိုင္တယ္"
"ဘာ"
ရီဟြား လြန္စြာ ထိတ္လန႔္သြားရသည္။
"ဒါဆို ရွင္းကို ကယ္လို႔ မရနိုင္ေတာ့ဘူးလား...ယြီေလး မင္းကသူ႕အေစာင့္အေရွာက္ေလ တစ္ခုခုလုပ္ပါ"
"ႏွလုံးကို ထိုးစိုက္မိတာ မဟုတ္လို႔ ရွင္းယြဲ႕ဂူမွာ ျပန္ၿပီး ဒဏ္ရာကုစားရမယ္ သခင္ေလး....စြမ္းအားေတြမေဖာက္ျပန္ေအာင္ ေသခ်ာထိန္းညွိၿပီး ကြၽန္ေတာ့္အတြင္းအားနဲ႕ ဒဏ္ရာကို ျပန္ကုစားၾကည့္ပါ့မယ္...ရွင္းယြဲ႕ဂူက အရွင့္ရဲ႕ မူလအစျဖစ္တည္ရာမို႔ ဒဏ္ရာေတြကုစားဖို႔ အေကာင္းဆုံးေနရာပါ.. ဒါေပမဲ့ ဒီလိုအေျခအေနမွာ ကြၽန္ေတာ္နဲ႕ အရွင္ ရွင္းယြဲ႕ဂူကို သြားလိုက္ရင္..."
"ဒီဘက္ကို စိတ္မပူနဲ႕....ငါ ရွိေနမယ္...မင္းရဲ႕တာဝန္က ရွင္း ဘာမွမျဖစ္ေအာင္ ကာကြယ္ဖို႔ပဲ ယြီေလး...ရွင္းသာ တစ္ခုခုျဖစ္ရင္ မင္းအရင္ ငါ့လက္နဲ႕ ေသေစရမယ္"
သခင္ေလး၏ မ်က္ဝန္းထဲ သူတစ္ခါမွ မျမင္ဖူးေသာ ရက္စက္သည့္ အေငြ႕အသက္မ်ားအား ျမင္လိုက္ရေသာေၾကာင့္ ယြီေလး တုန္လႈပ္မိသြားသည္။
"စိတ္ခ်ပါ ကြၽန္ေတာ္အရွင့္ကို ဘာမွမျဖစ္ေစဘဲ ျပန္ေခၚလာပါ့မယ္....သခင္ေလးလည္း ဂ႐ုစိုက္ပါ"
"အင္း သြားေတာ့"
သူ႕လက္ထဲေပြ႕ပိုက္ထားေသာ ရွင္းအား ယြီေလးလက္ထဲေပးလိုက္ၿပီးေနာက္တြင္ ယြီေလးႏွင့္ ရွင္းတို႔သည္ ခ်က္ခ်င္း သူ၏ေရွ႕မွ ေပ်ာက္ကြယ္သြားၾကသည္။
ရီဟြား ရွင္းရန္ေရွ႕သို႔ ေလွ်ာက္သြားလိုက္၏။
"ရွင္းရန္ ဟိုမွာၾကည့္....လုပ္ႀကံသူေတြ အကုန္လုံးကို အရိပ္ကိုယ္ရံေတာ္ေတြ ရွင္းလိုက္နိုင္ၿပီ...ဒီလုပ္ႀကံသူေတြကို ေစခိုင္းသူေတြက ဝမ္ရယ္ပဲ...ဒီကိစၥက နင္နဲ႕သက္ဆိုင္ေနတယ္ဆိုတာလည္း ငါသိတယ္...ငါ ခုမွသိလိုက္ရတာ တစ္ခုက နင္အရမ္းယုံၾကည္ၿပီး ရပ္တည္ေပးေနတဲ့ဝမ္ရယ္က နင့္ကို အသုံးခ်ခံအျဖစ္ပဲ သေဘာထားတယ္ဆိုတာ"
"ဟြားအယ္ ေလွ်ာက္မေျပာနဲ႕...သူ ငါတို႔နဲ႕တူတူႀကီးျပင္းလာတာ သူငါတို႔အေပၚ ဘယ္လိုသေဘာထားလဲဆိုတာ ငါသိတယ္...ငါယုံၾကည္တယ္"
ရီဟြား ရွင္းရန္အား စိတ္ပ်က္စြာ ၾကည့္လိုက္မိသည္။
"ၾကည့္ရတာ နင့္မ်က္လုံးေတြ လုံးဝကန္းသြားၿပီ...ဘယ္သူ နင့္အေပၚ ေကာင္းတယ္ မေကာင္းဘူးဆိုတာ နင္မျမင္နိုင္ေတာ့ဘူး...နင္ ဘယ္ခ်ိန္ကတည္းက သူ႕ကို ခ်စ္သြားတာလဲ"
"ဟြားအယ္ မဟုတ္ဘူး...ငါသူ႕ကိုမခ်စ္ဘူး"
"ထားပါ နင္ကမခ်စ္ဘူးဆိုေတာ့လည္း မခ်စ္ဘူးေပါ့ ဟက္"
ရီဟြား ရွင္းရန္အား ၾကည့္ကာ ေလွာင္ေျပာင္ရယ္ေမာလိုက္၏။
"နင္ ရွင္းအေပၚ လုပ္တာေတြအတြက္ တေန႕ နင္ေသခ်ာေပါက္ ေနာင္တျပန္ရလိမ့္မယ္...နင္သြားေတာ့...နင္က တဖက္ကလူ...ငါနဲ႕နင္ ရပ္တည္ခ်က္မတူေတာ့ဘူး...ဒီေန႕ကစၿပီး ငါတို႔ကရန္သူေတြပဲ...နင့္ကို ဓားစာခံဖမ္းထားလည္း နင္ဘာျဖစ္ျဖစ္ ဝမ္ရယ္က ဂ႐ုစိုက္မွာ မဟုတ္ဘူး...ငါလည္း နင့္ကို ဖမ္းမထားခ်င္ဘူးဆိုေတာ့...နင့္ ဝမ္ရယ္ဆီသာ နင္ျပန္ေတာ့"
ရွင္းရန္ ဟြားအယ္၏ မ်က္ဝန္းမ်ားအား ၾကည့္လိုက္မိသည္။ သူ(မ)အား အၿမဲၾကင္နာစြာၾကည့္တတ္ေသာ မ်က္ဝန္းမ်ားထဲတြင္ မုန္းတီးျခင္း၊ ေဒါသထြက္ျခင္း၊ ေလွာင္ေျပာင္ျခင္း အရိပ္အေငြ႕မ်ားအား ေဖာက္ထြင္းျမင္ေနရသည္။ သူ(မ)ကိုယ္ သူ(မ) လြန္စြာ ရွက္႐ြံ႕သြားရ၏။
ထိုမ်က္ဝန္းမ်ားအား ရင္မဆိုင္ရဲေသာေၾကာင့္ သူ(မ) ခ်က္ခ်င္း ေက်ာခိုင္းကာ နန္းရင္ျပင္ထဲမွ ေျပးထြက္သြားလိုက္သည္။
ရီဟြား ေက်ာခိုင္းထြက္သြားေသာ ေက်ာျပင္အား ၾကည့္ကာရင္ထဲနာက်င္လာရသည္။ သူ(မ)သည္ သူ၏အခ်စ္ရဆုံး အမတစ္ေယာက္ျဖစ္သကဲ့သို႔ ရွင္း၏ေသြးသားရင္းအမလည္း ျဖစ္သည္။ သူ(မ) ထိုသို႔လမ္းလြဲမွားသြားျခင္းအား မတားဆီးနိုင္ခဲ့ေသာ ကိုယ့္ကိုကိုယ္သာ ရီဟြား အျပစ္တင္မိသည္။
"ဧကရီ လုပ္ႀကံသူေတြ အကုန္ရွင္းလင္းၿပီးပါၿပီ"
ခ်န္း၏ စကားသံေၾကာင့္ သူ အသိျပန္ဝင္လာရသည္။
"ထိခိုက္ဒဏ္ရာရသူေတြ သမားေတာ္ေဆာင္ကိုပို႔ ခ်န္း...လုပ္ႀကံသူေတြ အေလာင္းနဲ႕ က်ဆဳံးသူေတြ အေလာင္းခြဲထား....တဖက္က ဘယ္ခ်ိန္ဝင္တိုက္မယ္ မသိလို႔ ဂုဏ္ျပဳထိုက္သူေတြ ပုန္ကန္မႈၿပီးမွ ဂုဏ္ျပဳေပးမယ္...အျပင္က အထက္တန္းလႊာအမ်ိဳးသမီးေတြနဲ႕ အေစခံမိန္းကေလးေတြ ကုန္းကုန္းေတြကို လုံၿခဳံတဲ့ တေနရာရာမွာ ပုန္းခိုင္းထား....စစ္တပ္ကို အသင့္ျပင္ထားလိုက္ ခ်န္း...အၿမဲအသင့္ရွိပါေစ...သတိလက္လြတ္ မျဖစ္ေစနဲ႕"
"မွန္ပါ"
ထိုစဥ္ နန္းေဆာင္ထဲ တပ္သားေလးတစ္ေယာက္ အေလာတႀကီး ဝင္လာၿပီး သူ၏ ေရွ႕တြင္ဒူးေထာက္လိုက္သည္။
"ဧကရီ နန္းေတာ္အျပင္မွာ ဝမ္ရယ္စစ္တပ္ေတြ ေရာက္ရွိေနပါၿပီ...နန္းၿမိဳ႕ရိုး အျပင္ဘက္ကေန စစ္တပ္ေတြနဲ႕ ဝန္းရံထားပါတယ္...သူတို႔ဘက္က နန္းၿမိဳ႕ရိုးေပၚကို ျမႇားစာပစ္ေပးလာပါတယ္...ကြၽန္ေတာ္မ်ိဳး ယူေဆာင္လာခဲ့ေၾကာင္းပါ ဧကရီ"
ရီဟြား ကမ္းေပးလာေသာ စာအား ခ်က္ခ်င္းျဖန႔္ၾကည့္လိုက္သည္။
'ဟြားအယ္ အညံ့ခံရင္ မင္းလူေတြ ဘယ္သူမွ မထိခိုက္ေစရဘူးလို႔ ကိုယ္အာမခံတယ္....ကိုယ့္ကို ျပန္လက္ထပ္ၿပီး ၿငိမ္းခ်မ္းေရးယူပါ...ကိုယ္ မင္းကို ဧကရီေနရာ ေပးမယ္...ကိုယ့္လူေတြ စစ္သူႀကီးအိမ္ေတာ္ကို ဝန္းရံထားလို႔္ မင္းေသခ်ာစဥ္းစား...မင္းရဲ႕အေျဖက မင္းရဲ႕အကိုႀကီးအေပၚမူတည္ေနတယ္'
"ေတာက္"
ရီဟြား ေဒါသထြက္စြာ "ေတာက္"ေခါက္လိုက္ၿပီး စာအား ဆုတ္ၿဖဲပစ္လိုက္သည္။
"ခ်န္း အခုအကိုႀကီးက သူတို႔လက္ထဲမွာ...ဒါေပမဲ့ ငါယုံတယ္...အကိုႀကီးက လြယ္လြယ္အဖမ္းခံမယ့္သူ မဟုတ္ဘူး...အကိုႀကီး ေသခ်ာေပါက္ လြတ္ေအာင္ စီစဥ္နိုင္လိမ့္မယ္...အကိုႀကီး တစ္ခုခုျဖစ္ရင္ ငါ့ကို မၿခိမ္းေျခာက္နိုင္ေတာ့လို႔ အကိုႀကီးကို ထိခိုက္ေအာင္ လုပ္မွာ မဟုတ္ဘူး...
ကုခ်န္းစစ္တပ္နဲ႕ အကိုႀကီးစစ္တပ္ကို ခိုစာပို႔ၿပီး နန္းေတာ္ကို အျမန္လာခိုင္းလိုက္....နန္းေစာင့္တပ္နဲ႕ မင္းတို႔က စစ္တပ္ေတြ မလာခင္ ရန္သူေတြ နန္းေတာ္ထဲ မဝင္နိုင္ေအာင္ ကာကြယ္ရမယ္...လိုအပ္တဲ့ အစီအစဥ္ေတြ ငါၫႊန္ၾကားမွာမို႔ မလြဲေခ်ာ္ေအာင္ ေသခ်ာလိုက္လုပ္ဖို႔ျပင္ၾက"
နန္းေဆာင္ထဲ ရွိသမွ် လူမ်ားအကုန္ ဒူးေထာက္လိုက္ၾကသည္။
"ကြၽန္ေတာ္မ်ိဳးတို႔ ဧကရီ အမိန႔္ကို တေသြမတိမ္းနာခံပါ့မယ္"
"စီစဥ္စရာရွိတာေတြ စစီစဥ္ၾကေတာ့"
နန္းေဆာင္ထဲရွိ တပ္သားမ်ားအားလုံး အလုပ္ရႈပ္သြားၾကရသည္။
ရီဟြား ဦးေဆာင္ၿပီး တိုက္ပြဲစတင္ရန္အတြက္ စတင္ ႀကီးၾကပ္ျပင္ဆင္ေလေတာ့သည္။
********************
နန္းေတာ္တံခါးမႀကီးသည္ သူ(မ)အတြက္ အနည္းငယ္မွ်ဖြင့္ဟေပးၿပီး နန္းေတာ္အျပင္ေရာက္သည္ႏွင့္ တံခါးျပန္ပိတ္သြားေတာ့သည္။
နန္းေတာ္အျပင္ဘက္တြင္ရွိေနေသာ စစ္တပ္၏ ထိပ္ဆုံးရွိ ေက်ာက္ဟြမ္အား သူ(မ) ၾကည့္လိုက္မိသည္။
သူ(မ)၏ ႐ူးမိုက္ေသာ ႏွလုံးသားသည္ တစက္မွ် ထိုသူ႕အား အျပစ္ျမင္ မရဘဲ ယုံၾကည္ေနမိသည္။
ထိုသူရွိရာဆီသို႔ သူ(မ) တစ္လွမ္းခ်င္းေလွ်ာက္လွမ္းလိုက္သည္။ ထိုသို႔ ႐ူးမိုက္ေသာ ခ်စ္ျခင္းမ်ိဳးျဖင့္ သူ(မ)တစ္စုံတစ္ေယာက္ကို ခ်စ္ခဲ့ဖူးသလို ခံစားေနရသည္။
ယခုကဲ့သို႔ လူတစ္ေယာက္အား မ်က္စိမွိတ္ယုံၾကည္မႈမ်ိဳး ယခင္ကလည္း ရွိခဲ့ဖူးသည္ဟု သူ(မ) ထင္ေနမိသည္။ သို႔ေသာ္ သူမ စဥ္းစား၍ မရ။
"ရွင္းရန္ အဆင္ေျပရဲ႕လား...ငါ မင္းကို အရမ္းစိတ္ပူေနတာ"
သူ(မ) နားမလည္နိုင္ေသာ မ်က္ဝန္းမ်ားျဖင့္ သူ(မ(ေရွ႕ရွိ ျမင္းျဖဴေပၚတြင္ ခ်ပ္ဝတ္တန္ဆာတို႔ျဖင့္ ခံ့ညားစြာ ရွိေနသူအား ၾကည့္လိုက္မိသည္။
"ေက်ာက္ဟြမ္ လုပ္ႀကံသူက ဘာလို႔ငါ့ကို တိုက္ခိုက္ရတာလဲ"
"ဘာ ဘယ္သူလဲ...မင္းကို တိုက္ခိုက္တာ...ဘယ္ေကာင္က အတင့္ရဲၿပီး မင္းကို တိုက္ခိုက္ရဲရတာလဲ"
သူ(မ) ေက်ာက္ဟြမ္ မ်က္လုံးမ်ားအား မ်က္ေတာင္မခတ္စိုက္ၾကည့္လိုက္သည္။
"နင္ တကယ္ မသိဘူးလား"
"ငါ တကယ္ မသိဘူး ရွင္းရန္...ငါတို႔ငယ္ငယ္ကတည္းက တူတူႀကီးျပင္းလာတာ...ငါတို႔နယ္စပ္ေဒသမွာေတာင္ အတူတူလက္တြဲၿပီး အႏၲရာယ္ေတြ ေက်ာ္ျဖတ္လာတာပဲ...ငါကနင့္ကို ထိခိုက္ေအာင္ လုပ္မဲ့သူမ်ိဳး မဟုတ္တာ နင္အသိဆုံးပါ"
သူ(မ) ေက်ာက္ဟြမ္အေျပာအား ယုံၾကည္ခ်င္မိသည္။ ထိုသူသည္ သူ(မ) ခ်စ္ရသူပင္။ ထိုသူ႕ေဘးနားတြင္ သူ(မ) တစ္ေယာက္သာ ရွိသည္။
သူ(မ)ကပါ မယုံၾကည္လွ်င္....။သူ(မ) ဆက္မေတြးခ်င္ေတာ့ပါ။ သူ(မ)အတြက္၊ သူ(မ) စိတ္ခ်မ္းသာရန္အတြက္ ယုံၾကည္လိုက္မွ ျဖစ္မည္။
ေက်ာက္ဟြမ္ သူ၏ေရွ႕ရွိ တုံးအေသာ ေမခ်င္းနတ္ဘုရားမအား ၾကည့္ကာ ႏႈတ္ခမ္းစြန္းတို႔ေကြးၫႊတ္သြားရသည္။ အေတြးလြန္ေနေသာ သူ(မ)က သူ၏ လွ်ို႔ဝွက္ေသာ အၿပဳံးအား ျမင္ပုံမရေပ။
"ငါ့ကို လုပ္ႀကံသူ ထိုးတဲ့ဓားကို ေက်ာက္ရန္က ဝင္ခံလိုက္တယ္...ဘာလို႔လဲ ဘာလို႔သူက ငါ့အစားဝင္ခံရတာလဲ"
လုပ္ႀကံသူကို သူ(မ)အား ဓားျဖင့္ထိုးရန္ ေက်ာက္ဟြမ္ေစခိုင္းခဲ့ျခင္းျဖစ္သည္။ သူ ေမွ်ာ္လင့္ထာားသည့္အတိုင္း ဓားအား ရွင္းယြဲ႕ ဝင္ခံေလသည္။ အကုန္လုံးသည္ သူခ်ထားေသာ အစီအစဥ္အတိုင္းျဖစ္သြားျခင္းပင္။
ရွင္းရန္၏ေသြးစြန္းထားေသာဓားမွ ဒဏ္ရာေၾကာင့္ ရွင္းယြဲ႕ မေသလွ်င္ေတာင္ အတြင္းဒဏ္အား ကုစားရန္မလြယ္ေပ။ ရွင္းယြဲ႕၏ အနီးကပ္အေစာင့္အေရွာက္ ေရွာင္အန္း၏ စြမ္းအားေလာက္ႏွင့္ ကုစားရန္ မလြယ္ကူနိုင္။ ထိုအတြင္း ဟြားအယ္အား လက္ထပ္၍ အားနည္းေနေသာ ရွင္းယြဲ႕အား လုပ္ႀကံရန္အခ်ိန္မ်ားစြာ ရေလသည္။
ရွင္းရန္ကို ေသခ်ာေပါက္ ကာကြယ္မည္မွန္း သူေသခ်ာေသာေၾကာင့္ ခိုင္းေစခဲ့ျခင္းျဖစ္သည္။ ခုခ်ိန္တြင္ရွင္းရန္အား ဆုံးရႈံးရန္ မျဖစ္ေသး။ ရွင္းရန္သည္ သူ႕အတြက္ အရမ္းအသုံးဝင္ေသးသည္။ ရွင္းရန္သည္လည္း ရွင္းယြဲ႕၏ အားနည္းခ်က္တစ္ခုပင္။
"ဟြားအယ္ေရွ႕ မ်က္ႏွာလိုခ်င္လို႔ ေနမွာ...ၿပီးေတာ့ မင္းကို ဟြားအယ္ မုန္းသြားေအာင္လို႔...ဒါမွ ငါတို႔ထိပ္တိုက္ရင္ဆိုင္တဲ့အခါ ဟြားအယ္ကျပတ္သားနိုင္မွာေလ...ခုေတာင္ ဟြားအယ္စိတ္က ျပတ္သားေနေလာက္ၿပီ"
ရွင္းရန္ လက္သီးအား က်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိသည္။
"သူ ငါနဲ႕ ဟြားအယ္ၾကား ရန္တိုက္ေပးခ်င္လို႔ ခုလို လုပ္တာေပါ့"
"မွန္တယ္ ငါတို႔ရဲ႕သံေယာဇဥ္ကို သူေၾကာက္လို႔ သူ႕ကိုယ္သူ အနစ္နာခံၿပီး ခုလိုျဖစ္ေအာင္ ဖန္တီးတာ"
ရွင္းရန္ ႏႈတ္ခမ္းေအာက္ဖက္အား နာက်င္ေအာင္ ဖိကိုက္လိုက္မိသည္။
"ေက်ာက္ရန္...ငါနဲ႕ ငါ့အခ်စ္ဆုံးသူငယ္ခ်င္းၾကား ေသြးခြဲတဲ့ နင့္ကို ငါလုံးဝခြင့္မလႊတ္ဘူး...ဟြားအယ္ ငါ့ကို မုန္းေအာင္လုပ္တဲ့နင့္ကို နာက်င္ရေအာင္ ငါျပန္လုပ္မယ္"
"ရွင္းရန္ ခုလိုဆုံးျဖတ္တာ မွန္တယ္...ခုေတာ့ နင္အနားယူလိုက္ဦး"
ထို႔ေနာက္ သူ၏ေနာက္ဘက္ရွိ စစ္သားမ်ားထဲမွ လူႏွစ္ေယာက္မ်က္ႏွာအား ၾကည့္၍ လွည့္ေျပာလိုက္သည္။
"ၾကင္ယာေတာ္ကို ေဘးမသိရန္မခ အိမ္ေတာ္ကို ျပန္ေခၚသြားၾက...ၾကင္ယာေတာ္စီးဖို႔ ျမင္းတစ္ေကာင္စီစဥ္လိုက္"
"မွန္ပါ အရွင္မင္းႀကီး"
စစ္သားႏွစ္ေယာက္ ျပန္ေျဖပုံေၾကာင့္ ေက်ာက္ဟြမ္ စိတ္ေက်နပ္သြားရသည္။
"အခုကစၿပီး ငါပိုင္ဆိုင္ရမွာေတြ တစ္ခုခ်င္း ငါ့လက္ထဲ ျပန္ေရာက္လာေတာ့မယ္"
သူ၏ မ်က္ဝန္းမ်ားသည္ အေပၚဘက္ရွိ နန္းၿမိဳ႕ရိုးအား ေငးေမာေနၿပီး သူ၏ႏႈတ္ခမ္းထက္တြင္ လွ်ို႔ဝွက္အၿပဳံးတို႔အား ဆင္ျမန္းထားေလသည္။
***********************
နန္းၿမိဳ႕ရိုးေပၚမွ ျမႇားတပ္မ်ားသည္ ျမႇားမ်ားအဆင္သင့္ခ်ိန္႐ြယ္ထားၾကသည္။ သူ၏ အမိန႔္ရသည္ႏွင့္ တစ္ဖက္စစ္တပ္အား ခ်က္ခ်င္းပစ္ကာ တိုက္ခိုက္ၾကေပလိမ့္မည္။
ရီဟြား နန္းၿမိဳ႕ရိုးေပၚမွေန၍ ေက်ာက္ဟြမ္အား လွမ္းေအာ္လိုက္၏။
"ေက်ာက္ဟြမ္ ပုန္ကန္မႈကို ရပ္ၿပီး အညံ့ခံပါ...မၾကာခင္ ငါရဲ႕စစ္တပ္နဲ႕ အကိုႀကီးစစ္တပ္တို႔ ပူးေပါင္းေရာက္ရွိလာလိမ့္မယ္...မင္းရဲ႕စစ္တပ္အနည္းငယ္က ေသခ်ာေပါက္အညံ့ခံရမွာ...မင္း အခုခ်ိန္မွာ အညံ့ခံရင္ မင္းရဲ႕အျပစ္ကို ေလွ်ာ့ေပါ့ေပးမယ္"
နန္းၿမိဳ႕ရိုးေအာက္ဘက္ဆီမွ ၾကည္လင္ျပတ္သားေသာ တုံ႕ျပန္သံထြက္ေပၚလာသည္။
"ဟြားအယ္ ကိုယ္ပိုင္ဆိုင္တဲ့ စစ္တပ္ကို ဒီေလာက္ပဲ ထင္ေနတာလား...မင္း ကိုယ့္ကို အရမ္းအထင္ေသးသြားၿပီ...ကိုယ့္ရဲ႕ ဒီစစ္တပ္ေလးကိုေတာင္မင္းရဲ႕အင္အားႀကီးလွပါတယ္ဆိုတဲ့ စစ္တပ္က မနိုင္မွန္းေသခ်ာေနလို႔ လူအင္အား အကုန္ ေခၚမလာခဲ့တာ"
ရီဟြား ေလွာင္ေျပာင္ရယ္ေမာလိုက္မိသည္။
'ဟက္ အဓိက ဇာတ္လိုက္က စိတ္မမွန္႐ုံတင္ မကဘူး....ကိုယ့္ကိုကိုယ္ အထင္ႀကီးလြန္တဲ့ ေရာဂါပါ ဝင္ေနၿပီ'
မၾကာမီ သူပိုင္ဆိုင္ေသာ စစ္တပ္ေရာက္လာၿပီး ေက်ာက္ဟြမ္စစ္တပ္ႏွင့္ တိုက္ခိုက္ရန္ မ်က္ႏွာခ်င္းဆိုင္ အေနအထားျဖစ္သြားသည္။ စစ္တပ္အင္အားႏွစ္ခု ျဖစ္ေသာေၾကာင့္ စစ္အင္အားသည္ ေက်ာက္ဟြမ္ စစ္တပ္၏ ႏွစ္ဆျဖစ္ေနသည္။
ရီဟြား ဘဝင္ျမင့္လြန္းေသာ ေက်ာက္ဟြမ္အား အထက္စီးမွ ၾကည့္ကာ မဲ့ၿပဳံး ၿပဳံးလိုက္မိသည္။
စစ္တပ္ႏွစ္ခုအား ဦးေဆာင္ထားသည့္ ကုခ်န္းႏွင့္ အကိုႀကီး၏ လက္ေထာက္စစ္သူႀကီးအား ေအာ္၍ အမိန႔္ေပးလိုက္သည္။
"တိုက္ပြဲ စေတာ့"
သူ၏ နန္းၿမိဳ႕ရိုးေပၚမွ က်ယ္ေလာင္စြာ အမိန႔္ေပးသံအဆုံး တိုက္ခိုက္ရန္ျပင္ဆင္လိုက္ၾကသည့္ ကုခ်န္းဦးေဆာင္ေသာ စစ္တပ္၏ လက္နက္မ်ားသည္ ေလေပၚသို႔ ေျမာက္တက္သြားၾကသည္။
ရီဟြားအပါအဝင္ စစ္ျဖစ္ပြားမည့္ေနရာရွိ စစ္သားမ်ားအားလုံး အံ့အားသင့္သြားၾကရသည္။ မအံ့မၾသ တည္ရွိေနသူမွာ တစ္ေယာက္တည္းသာ။ ထိုသူသည္ အၿပဳံးကိုပန္ဆင္လ်က္။
ရီဟြား တစ္ခုခုမွားယြင္းေနမွန္း သိရွိလိုက္သည္။ ရွင္းႏွင့္ ၂ႏွစ္ၾကာ တူတူေနခဲ့ေသာသူ႕အတြက္ အစြမ္းမ်ားသည္ သူႏွင့္ စိမ္းသက္မေန။
ေက်ာက္ဟြမ္အား ၾကည့္ကာ အကဲခတ္လိုက္သည္။ သူမွ လြဲ၍ တျခားသူမ်ား မ်က္ႏွာတြင္ အံ့ၾသမႈမ်ား အထင္းသားေတြ႕ေနရသည္။ ေက်ာက္ဟြမ္၏ အထင္ႀကီးမႈမ်ားသည္ ထိုအစြမ္းမ်ားမွ လာျခင္းျဖစ္တန္ရာသည္။
အံ့အားသင့္ေနသူမ်ားအတြက္ ေက်ာက္ဟြမ္ဆီမွ စကားသံထြက္ေပၚလာသည္။
"မိုးနတ္မင္းက ငါတို႔ဘက္မွာပဲ....ေက်ာက္ရန္ကို ဧကရာဇ္အျဖစ္ အလိုမရွိလို႔ ငါတို႔ဘက္ ေနေပးတာ"
သူ႕အား ေခါင္းေဆာင္တင္ထားၾကေသာ ဦးေႏွာက္မရွိသူမ်ားသည္လည္း သူ႕စကားအား အစြမ္းကုန္ယုံကာ အားႀကိဳးမာန္တက္ ေအာ္ဟစ္ၾကေလေတာ့သည္။
"ငါတို႔ရဲ႕ မင္းႀကီးကသာ မိုးနတ္မင္းက ေ႐ြးခ်ယ္တဲ့ဧကရာဇ္...ငါတို႔ စစ္တပ္နိုင္ရမယ္...ငါတို႔္ စစ္တပ္နိုင္ရမယ္"
ရီဟြား ထိုဦးေႏွာက္မရွိေသာ စစ္တပ္ႀကီးအား ၾကည့္ကာ စိတ္ေလသြားရသည္။
သို႔ေသာ္ တခဏတာ။ စိတ္ပ်က္မႈမ်ားသည္ ခ်က္ခ်င္း မယုံၾကည္နိုင္မႈႏွင့္ အံ့ၾသမႈဆီသို႔ ေျပာင္းလဲသြားရသည္။
အကိုႀကီး၏ လက္ေထာက္စစ္သူႀကီး ေခါင္းေဆာင္ေသာ စစ္တပ္က လက္နက္မရွိေသာ ကုခ်န္း၏စစ္တပ္ကို အခြင့္ေကာင္းယူကာ အငိုက္ဖမ္း တိုက္ခိုက္လိုက္ေသာေၾကာင့္ပင္။ ရီဟြား အေျခအေနအား နားလည္သြားရသည္။ လက္ေထာက္စစ္သူႀကီးသည္ သူတို႔အား သစၥာေဖာက္သြားျခင္းျဖစ္သည္။
"ေတာက္"
ခံျပင္းမႈ၊ ေဒါသထြက္မႈတို႔ျဖင့္ သူ၏ စိတ္တို႔အား ထိန္းခ်ဳပ္၍ မရေတာ့ေခ်။ သူ႕စစ္တပ္ရွိ လက္နက္မရွိေသာ စစ္သားေတာ္ေတာ္မ်ားမ်ား ဆုံးရႈံးေနၿပီျဖစ္ၿပီး သိုင္းအရမ္းေတာ္လြန္းေသာ ကုခ်န္းသည္ေတာ့ လက္နက္မရွိေသာ္လည္း သစၥာေဖာက္လက္ေထာက္စစ္သူႀကီးႏွင့္ ယွဥ္တိုက္နိုင္တုန္းပင္။
ေက်ာက္ဟြမ္၏ စစ္တပ္သည္ေတာ့ ယခုခ်ိန္ထိ ထိခိုက္ဒဏ္ရာရသူ မရွိဘဲ ေဘးတြင္ရပ္ကာ ပြဲၾကည့္ေနၾကသူမ်ားပမာ စစ္ပြဲတြင္းသို႔ လုံးဝ ဝင္ေရာက္လာျခင္း မရွိေပ။
ရီဟြား ျမားတပ္မ်ားအား လက္ေထာင္ျပကာ အမိန႔္ေပးလိုက္သည္။
"ေက်ာက္ဟြမ္ စစ္တပ္ကို ပစ္"
သူ၏အမိန႔္သံအဆုံး ပစ္ရန္ တင္လိုက္ေသာ ေလးႀကိဳးမ်ားသည္ ခ်က္ခ်င္းျပတ္ထြက္ကုန္ၾကသည္။ ျမားတပ္သည္လည္း ယခုအခ်ိန္တြင္ အသုံးမဝင္ေတာ့ေခ်။
ရီဟြား အံႀကိတ္လ်က္ သူ၏ လႈပ္ရွာမႈမ်ားအား မလြတ္တမ္းၾကည့္ရႈေနေသာ ေက်ာက္ဟြမ္အား မုန္းတီးစြာ ၾကည့္လိုက္သည္။
"ဟြားအယ္ ဒီေလာက္နဲ႕ မၿပီးေသးဘူးေလ...ဘာလို႔အရမ္းအံ့ၾသေနတာလဲ...ကိုယ့္ရဲ႕ေနာက္ထပ္ျပကြက္ေလးကို ၾကည့္လိုက္ဦး"
႐ုတ္တရက္ပြင့္လာေသာ နန္းၿမိဳ႕ရိုးတံခါး။ ရီဟြား နာက်ည္းခံျပင္းမႈတို႔ျဖင့္ တကိုယ္လုံး တုန္ယင္လာသည္။ သူ ကိုယ္တိုင္ စနစ္တက် ေ႐ြးခ်ယ္ထားခဲ့ေသာ နန္းေစာင့္တပ္တြင္ သစၥာေဖာက္မ်ားပါဝင္ေနသည္။ အသားထဲက ေလာက္ထြက္ျခင္းပင္။
"အရမ္းအံ့ၾသ သြားတာလား...တကယ္ေတာ့ ခုလို သူလွ်ို႔ထည့္နိုင္ဖို႔ အရမ္းခက္ခဲခဲ့တာ...ဟြားအယ္ ကိုယ္တိုင္စနစ္တက် ဖြဲ႕စည္းထားတဲ့ နန္းေစာင့္တပ္ေလ...ခုတေလာ လက္ထပ္ပြဲေၾကာင့္ ဟြားအယ္ သတိလက္လြတ္ ျဖစ္သြားပုံပဲ...ဟာကြက္ တခ်က္ေလးေၾကာင့္ ကိုယ္ ခုလို ေအာင္ျမင္စြာနဲ႕ သူလွ်ိုထည့္နိုင္ခဲ့တာ"
ဂုဏ္ယူဝံ့ႂကြားစြာျဖင့္ ေက်ာက္ဟြမ္ေျပာလိုက္ၿပီး ပြင့္လာေသာ တံခါးကိုျဖတ္၍ သူ၏စပ္တပ္သည္ နန္းေတာ္ထဲသို႔ ဝင္စီးလိုက္ေလသည္။
ရီဟြား က်ရႈံးသြားေသာ စစ္သားမ်ားအား ၾကည့္ကာ လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္လိုက္မိသည္။ ႏူးညံ့ေသာ ေအာက္ႏႈတ္ခမ္းပါးမွ ေသြးမ်ားစီးက်သည္ထိ သြားျဖင့္ဖိကိုက္ထားမိသည္။ စစ္ပြဲရလဒ္တြင္ သူလုံးဝ ရႈံးနိမ့္သြားၿပီျဖစ္သည္။
ဆူညံေနေသာ ပတ္ဝန္းက်င္အား လ်စ္လ်ဴရႈလိုက္ၿပီး မ်က္ဝန္းမ်ားအား မွိတ္ခ်လိဳက္သည္။
"ကြၽန္ေတာ့္ရဲ႕ ညံ့ဖ်င္းမႈေၾကာင့္ ရွင္းရဲ႕ နန္းေတာ္ကို မကာကြယ္နိုင္ခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္"
သူ၏ လည္ပင္းတြင္ ဆြဲထားေသာ သလင္းေက်ာက္လည္ဆြဲေလးသည္ တခဏမွ် လင္းလာၿပီးေနာက္ ခ်က္ခ်င္း အေရာင္ေဖ်ာ့ကာ အလင္းေပ်ာက္ကြယ္သြားေတာ့သည္။
************************