အပိုင်း(၃၃)
ဝမ်ရယ်အိမ်တော်သို့ အလည်သွားခြင်း
အမြဲလိုလို အဆော့မက်သော သူငယ်ချင်းမှာ ၂နှစ် မတွေ့ရချိန်တွင် လွန်စွာပြောင်းလဲသွားသည်။ အေးဆေးတည်ငြိမ်သော မျက်နှာထားနှင့် ရင်ကျက်သောပုံပန်းသွင်ပြင်သည် တစ်ကိုယ်လုံးအား လွှမ်းခြုံထားသည်။
"ရှင်းရန်"
သူ၏ ခေါ်သံကြောင့် သူ(မ)သည် သူ ရှိရာဘက်သို့ လှည့်ကြည့်လာသည်။
သူ့အား မြင်လိုက်ရသော သူ(မ)၏ မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်မှုတို့အား တွေ့လိုက်ရပြီးနောက် ထိုင်နေရာမှ ထကာ သူ့ဆီပြေးဖက်လာသည်။
"ဟွားအယ် ငါနင့်ကို အရမ်းလွမ်းနေတာ"
သူလည်း အချိန်တော်တော်ကြာ ကွဲကွာနေသည့် သူ့အပေါ်ကောင်းသော သူငယ်ချင်းမအား ပြန်ဖက်ခြင်းဖြင့် တုံ့ပြန်လိုက်သည်။
"ငါရော အရမ်းလွမ်းနေတာ"
"ငါတို့ကို စစ်ပွဲနိုင်အောင် ကူညီပေးတဲ့အတွက် ကျေးဇူးပါ ဟွားအယ်...နင့်ကြောင့် ငါအရမ်းသတိရနေတဲ့ မြို့တော်ရဲ့အငွေ့အသက်တွေ ပြန်ခံစားနိုင်တာ"
"ငါ နင့်အတွက် ကူညီလိုက်တာ...မိန်းကလေးတန်မဲ့ စစ်ထဲဝင်နေတဲ့ နင့်ကို ငါမကြည့်ရက်နိုင်ဘူးလေ...ဝမ်ရယ်ကိုတော့ ငါတကယ် စိတ်တိုတယ်...နင်စစ်ထဲဝင်တာကို လုံးဝမတားဘူး...သူနင့်ကို မစိုးရိမ်ဘူးလား"
"ငါကိုက စစ်ထဲဝင်ချင်လို့ပါ...ဒီတိုင်း ဘာအကူအညီမှ မပေးနိုင်ဘဲ အပိုလူလို အိမ်တော်မှာ မနေချင်ဘူးလေ...မိန်းမတစ်ယောက်ကလည်း စစ်တိုက်တာကို စွမ်းဆောင်နိုင်တယ်၊ ယောကျာ်းတွေနဲ့ တန်းတူဆောင်ရွယ်နိုင်တယ်ဆိုတာ ပြချင်လို့...ခုဆို ငါ့ကြောင့် နယ်စပ်ဒေသမှာဆိုရင် အထက်တန်းလွှာ သခင်ကြီးတွေ သခင်မတွေကို မနှိမ်ရဲကြတော့ဘူး...ကောင်းကောင်းမဆက်ဆံဘဲ ယောကျာ်းကိစ္စတွေသာ လုပ်ခိုင်းပြီး အစေခံလို ဆက်ဆံရင် ငါက ငြိမ်ခံမနေတတ်လို့လေ...ဘယ်လိုလဲ နင့်သူငယ်ချင်း အရမ်းတော်တယ်မလား"
ပြုံးစစဖြင့် ဂုဏ်ယူဝံ့ကြွားသော ပုံစံ ဖမ်းနေသည့် သူငယ်ချင်းကြောင့် ရီဟွား ပြုံးလိုက်မိသည်။
"ဟုတ်တယ် ငါ့သူငယ်ချင်းက အရမ်းတော်တယ်"
"ဒါပေါ့ နင်သူငယ်ချင်းပဲဟာ"
မတွေ့တာကြာသော သူတို့သူငယ်ချင်းနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်လိုက်ကြသည်။
"ရှင်းရန် နင်အရမ်းပြောင်းလဲသွားတယ်"
သိသိသာသာပြောင်းလဲသွားသော သူငယ်ချင်းမအား ကြည့်ပြီးရီဟွား ပြောလိုက်မိ၏။
"ငါတင် မဟုတ်ဘူး နင်ရောပဲလေ...ငယ်ငယ်က ငါအမြဲကာကွယ်ပေးခဲ့ရတဲ့ ပျော့ညံ့ညံ့ ငါ့မောင်လေးက ခုတော့ ထက်မြက်တဲ့ တိုင်းပြည်အာဏာအရှိဆုံး အမတ်ချုပ်ကြီးဖြစ်နေပြီ...မကြာခင် မင်းကြီးရဲ့အချစ်ရဆုံး ဧကရီတောင် ဖြစ်တော့မယ်"
မင်းကြီးရဲ့အချစ်ရဆုံး ဧကရီဆိုသော နေရာတွင် အသံသည် တမျိုးပြောင်းသွားသောကြောင့် ရီဟွား မျက်ခုံးများအား အနည်းငယ်တွန့်ချိုးလိုက်မိသည်။
"ရှင်းရန် အခုလုပ်နေတာတွေ ရပ်တန့်လိုက်ပါ....ရှေ့ဆက်မတိုးပါနဲ့တော့....နင်တို့ မနိုင်,နိုင်ဘူး...ငါ ဘာကို ဆိုလိုလဲဆိုတာ နားလည်တယ်မလား"
သူ့အပြောအား ကြားလိုက်ရသော ရှင်းရန်၏ မျက်နှာထက်တွင် လှောင်ပြောင်သောအပြုံးတို့ ပေါ်လာလေသည်။
"နင်က သူ့ဘက်ပဲ အမြဲရပ်တည်မယ်လို့ ဆိုလိုတာပေါ့...ငါတို့သူငယ်ချင်းတွေနဲ့ သူ့မှာ နင်တကယ် သူ့ကို ရွေးချယ်လိုက်တာပဲ"
"သူက ငါ့ချစ်သူလေ...ငါ သူ့ကို ရွေးချယ်တာ တရားမျှတပါတယ်...ဒါပေမဲ့ ငါနင်နဲ့ ထိပ်တိုက် ရင်မဆိုင်ချင်ဘူး...နင်ကလည်း ငါချစ်ရတဲ့ အမလို သူငယ်ချင်းပဲလေ...ငါနင့်ကို မထိခိုက်ချင်စေဘူး....နင်တို့သာ နောက်ဆုတ်လိုက်ရင် ရှင်းကလည်း ဒီကိစ္စတွေကို ပြန်အစဖော်မှာ မဟုတ်ဘူး"
ရှင်းရန် ရယ်မောလိုက်မိသည်။
အရာအားလုံးအား အစီအစဉ်ချပြီးနေလေပြီ။ ပြန်လည်နောက်ဆုတ်၍ မရနိုင်တော့။ ကျောက်ဟွမ်လည်း ဘယ်သောအခါမှ နောက်ဆုတ်မည့်လူတစ်ယောက် မဟုတ်ပေ။ အမည်ခံ ခင်ပွန်းသာ ဖြစ်သော်လည်း ဇနီးတစ်ယောက်အနေဖြင့် သူ(မ) ကျောက်ဟွမ်အား စွန့်ခွာမသွားနိုင်။
ဟွားအယ် ကျောက်ရန်အား ရွေးချယ်သကဲ့သို့ သူ(မ)သည်လည်း ကျောက်ဟွမ်အား ရွေးချယ်လိုက်ခြင်းဖြစ်သည်။ သူ(မ)နှင့် ကျောက်ဟွမ်သည် ဘဝတူများပင်။
သူ(မ) တစ်ယောက်ကတော့ ကျောက်ဟွမ်ဘေးနား ရှိနေပေးမှ ဖြစ်မည်။ သူ(မ)တို့၏ နာကျင်မှုများအား မည်သူမျှ မမြင်နိုင်ခဲ့သော်လည်း သူ(မ)တို့အချင်းချင်းမူ တွေ့မြင်နိုင်ကြသည်။
သူ(မ)အဖေအား ကွပ်မျက်စဉ် သူ(မ )မေ့မျောနေသောကြောင့် မတွေ့မြင်လိုက်ရသော်လည်း ကျောက်ဟွမ်သည်တော့ မယ်တော်ကြီး၏ အဆိပ်သောက်သေဆုံးမှုအား မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသည်။ မိခင်တစ်ယောက်လုံး သေဆုံးခြင်းအား ကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီး ကာကွယ်မပေးနိုင်ခြင်းအတွက် မည်မျှနာကျင်လိုက်မည်နည်း။
အဆိပ်မသောက်ခင် သားတော်အား ခေါ်ခိုင်းကာ သူ၏သေဆုံးမှုအား တွေ့စေပြီးနောက် မယ်တော်ကြီးသည် မည်သည့်စကားတို့အား မှာကြားခဲ့လေသနည်း။ ထိုစကားတို့အား အားတင်းကာ နားထောင်ခဲ့ရသော ကျောက်ဟွမ်၏ပုံအား မြင်ယောင်ကြည့်ရုံနှင့်ပင် သူ(မ) နှလုံးသားသည်လည်း ထပ်တူနာကျင်လာရသည်။
မယ်တော်ကြီး၏ မိသားစုဝင်များအား ကွပ်မျက်စဉ်တွင်လည်း ကျောက်ဟွမ်သွားကြည့်ခဲ့ကြောင်း သူ၏အနီးကပ်ကိုယ်ရံတော်ပြောပြသောကြောင့် သူ(မ) သိရှိခဲ့ပြီးဖြစ်သည်။ ဦးလေး၊ အဒေါ်နှင့် မောင်နှမဝမ်းကွဲများ မျက်စိရှေ့တွင် တစ်ယောက်ချင်း သေဆုံးသွားခဲ့ခြင်းအား မည်သည့်နှလုံးသားဖြင့် ကြည့်ရက်နိုင်ခဲ့သနည်း။
ဟွားအယ်၏ ရွေးချယ်ခြင်းအား ကျောက်ဟွမ် သိသွားသောအခါ ဟွားအယ်အပေါ် မဖြစ်သင့်သည်များ မဖြစ်ရန်လည်း သူ(မ) ကျောက်ဟွမ်ဘေးတွင် ရှိနေမှ ဖြစ်မည်။
"ငါတို့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ နင့်ကို မထိခိုက်စေရဘူး...ငါကတိပေးတယ်...နင်က ထာဝရ ငါ့မောင်လေးပဲ"
ရီဟွား ရှင်းရန်အား ပြန်ပြောရန် ပါးစပ်ဟလိုက်သော်လည်း အနားသို့ရောက်လာသော လူတစ်ယောက်ကြောင့် ဆက်၍ မပြောဖြစ်တော့။
"ဟွားအယ် ကိုယ်တို့ဆီ လာလည်တာလား"
"ကျွန်တော် ရှင်းရန်ဆီ လာလည်တာ"
ရီဟွား၏ မာဆတ်ဆတ်စကားသံကြောင့် ကျောက်ဟွမ် မျက်ခုံးတို့ မြင့်တက်သွားရသည်။
"ကိုယ် အမှားတစ်ခုခုလုပ်မိလို့လား...ကိုယ့်ကို စိတ်ဆိုးနေတာလား"
"ကျွန်တော်က ကြီးမြတ်လှတဲ့ ဝမ်ရယ်ကို ဘယ်လိုသတ္တိနဲ့ စိတ်ဆိုးရဲမှာလဲ...ကျွန်တော်ကမင်းကြီးရဲ့ သာမန်အမှုထမ်းတစ်ယောက်ပါ...မင်းကြီးနဲ့ ယှဉ်ပြိုင်ရဲတဲ့ တော်ဝင်မျိုးနွယ် ဝမ်ရယ်လောက် အာဏာမရှိပါဘူး"
ယခုအချိန်ထိ ကလေးဆန်သော ပြောပုံဆိုပုံ၊ အမူအရာတို့ မပြောင်းလဲသေးသော ရှေ့ရှိကောင်လေးအား ကြည့်ကာ ကျောက်ဟွမ် ပြုံးလိုက်မိသည်။
"နံရံမှာ နားတွေ ရှိတယ်တဲ့...မကြောက်ဘူးလား"
"ခုက ဥယျာဉ်ထဲမှာလေ ဘယ်နံရံမှ မရှိဘူး"
ယခုချိန်ထိ ဘုကလန့်တိုက်စွာ ပြောနေဆဲပင်။
ကျောက်ဟွမ် ရှင်းရန်ဘက်လှည့်ကာ ပြောလိုက်သည်။
"ရှင်းရန် အိမ်တော်တွေက သခင်မကြီးတွေရောက်နေတယ်...မင်းကို ဂါဝရပြုချင်လို့တဲ့"
သူ ဟွားအယ်နှင့် အေးဆေးစကားပြောလိုသောကြောင့် ရှင်းရန်အား ဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။
"အဲဒါဆို သွားတွေ့ဆုံလိုက်ဦးမယ်...ဟွားအယ် ကျောက်ဟွမ်နဲ့ခဏနေခဲ့ဦးနော်"
"ငါပြန်တော့မှာ"
ရီဟွား ဝမ်ရယ်နှင့် တူတူမနေချင်သောကြောင့် ပြောလိုက်ခြင်းဖြစ်သည်။ ဝမ်ရယ်၏ ဦးတည်ချက်အား သိရှိထားသူဖြစ်၍ သူ၏ချစ်သူအား ဒုက္ခပေးရန်ကြံစည်နေသူနှင့်တော့ အတူတူ ရှိမနေချင်ပေ။
"ခဏနေပါဦး...ကိုယ်တို့ မတွေ့တာလည်း ကြာပြီ အေးဆေးစကားပြောရအောင်"
"ဟုတ်သား ခဏနေ ငါပြန်လာမှာ....မပြန်ပါနဲ့ဦး...နင်နဲ့တွေ့ရတာ မဝသေးဘူး"
ရှင်းရန် ဝင်ပြောလာသဖြင့် ရီဟွား တခဏနေရန်တွေးလိုက်သည်။ အိမ်သို့ ပြန်လျှင်လည်း ဘာမှလုပ်စရာ မရှိပေ။
ရှင်းရန်သည် သူတို့ရှိနေသောနေရာမှ ထွက်သွားလေတော့သည်။
"ဟွားအယ်တောင် အကိုတော်နဲ့ လက်ထပ်တော့မှာပဲ"
"ဟုတ်တယ်လေ...ညီလာခံမှာ သိပြီးပြီမလား"
ရီဟွား ဝမ်ရယ်အပေါ်လုံးဝစိတ်ကြည်မနေချေ။ ထို့ကြောင့် စကားတို့သည် မာဆတ်ဆတ်နိုင်နေသည်။
"ဟွားအယ်ကို အကိုတော်က အကျပ်ကိုင်ထားတာလား"
"အမ် ဘာ အကျပ်ကိုင် ဘာကိုလဲ"
ရီဟွား ဝမ်ရယ်ပြောလိုက်သော စကားအား နားမလည်သောကြောင့် သေချာပြန်မေးလိုက်ရသည်။
"ဟွားအယ် အကိုတော်ကို မချစ်ဖူးမလား...အကိုတော် အကျပ်ကိုင်လို့ လက်ထပ်ရတာ...ဟုတ်တယ်မလား...စိတ်မပူနဲ့...ကိုယ် မင်းကို ကယ်မယ်"
"ဝမ်ရယ် ဘာတွေပြောနေတာလဲ...ဘာလို့ရှင်းက ကျွန်တော့်ကို အကျပ်ကိုင်ရမှာလဲ...ကျွန်တော်လည်း ရှင်းနဲ့ လက်ထပ်ချင်လို့ လက်ထပ်ပွဲကို သဘောတူထားတာ...ဘာမှ အကျပ်ကိုင်တာ မဟုတ်ဘူး"
"ဟွားအယ် မင်းသူ့ကို မချစ်ဘူးလေ...မင်းချစ်တာက မင်းချစ်တာက"
"ဘာတွေပြောနေပြန်တာလဲဗျာ...ကျွန်တော်က ရှင်းကိုချစ်လို့ လက်ထပ်တာပေါ့...မချစ်ရင် ကျွန်တော့်လိုလူက လက်ထက်ပါ့မလား...ကျွန်တော် ချစ်တာက ရှင်း...အဲဒါဘယ်တော့မှ မပြောင်းလဲတဲ့ အမှန်တရားပဲ"
ဝမ်ရယ် သူကြားလိုက်ရသော စကားများအား သူ့အနေဖြင့် လုံးဝမယုံကြည်နိုင်ပေ။
"ဟွားအယ် တကယ်ပြောနေတာလား"
"တကယ်ပြောနေတာပေါ့...ကျွန်တော်က နောက်စရာလား...ကျွန်တော် ရှင်းကို တကယ်ချစ်တယ်...သူနဲ့ပဲတစ်သက်လုံးနေသွားမယ်...အဲဒါကြောင့်လက်ထပ်တာ"
ကျောက်ဟွမ် ကြားနေရသော စကားများအား လက်မခံနိုင်သေး။
"မင်း ကိုယ့်ကိုရော ဘယ်လိုသဘောထားတာလဲ"
"ဘာကို ဘယ်လိုသဘောထားရမှာလဲ...ဝမ်ရယ် ခင်ဗျားနေမကောင်းဘူးလား"
"မင်း ကိုယ့်အပေါ်ခံစားချက် မရှိဘူးလား"
"ဘာအကြောင်းကြောင့် ကျွန်တော်က ဝမ်ရယ်အပေါ် ခံစားချက်ရှိရမှာလဲ...ခင်ဗျားကြောင့် ရူးတောင်ရူးချင်နေပြီ...ဘာတွေလာမေးနေမှန်း မသိဘူး...ကျွန်တော် ပြန်တော့မယ်...ရှင်းရန်ကို ပြန်ပြီပြောလိုက်"
ကျောက်ဟွမ် ရင်ဘတ်ဆီမှ စူးအောင့်ကာ တဆစ်ဆစ် နာကျင်မှုအား ခံစားလိုက်ရသည်။ ဟွားအယ်၏ မျက်ဝန်းများအား စိုက်ကြည့်လိုက်တော့ အမှန်တွေပြောနေခြင်း ဖြစ်ကြောင်း သိရှိလိုက်ရသည်။
အရင်က ကြင်နာခြင်းအပြည့်ဖြင့် သူ့အား ကြည့်ခဲ့သော မျက်ဝန်းများအား မတွေ့မြင်ရတော့။ ထိုအစား စိတ်ရှုပ်သည့် အရိပ်အယောင်များသာ တွေ့မြင်နေရသည်။
သူ တစ်လျှောက်လုံး မျှော်လင့်ခဲ့သော မျှော်လင့်ချက်တို့ ကြေမွသွားရသည်။ သူ တချိန်လုံး အထင်လွဲနေခဲ့ခြင်းသာ။ ထိုကောင်လေးသည်တော့ သူ့ဘေးနားတွင် ရှိနေပေးလိမ့်မည်ဟု သူထင်မှတ်မှားမိခြင်းဖြစ်သည်။
အမြဲတမ်း သူသာလျှင် အစွန့်ပစ်ခံဖြစ်လေသည်။ ငယ်ကတည်းက ဘယ်သူမှ သူ့အား မလိုချင်ခဲ့ကြ။ မျိုးရိုးနိမ့်အစေခံသွေးသားမို့ ဖခင်ကပင် ဂရုမစိုက်ဘဲ အကြိမ်ကြိမ်စွန့်ပစ်ခြင်းအား ခံခဲ့ရသည်။ ယခုတွင်လည်း ချစ်ရသူထံမှ ထပ်၍ စွန့်ပစ်ခံလိုက်ရလေပြီ။
သူ့တွင် ပိုင်ဆိုင်တာဟူ၍ မရှိ။ ခန္ဓာကိုယ်သည်လည်း သူပိုင်ဆိုင်သော ခန္ဓာကိုယ် မဟုတ်သကဲ့သို့ အစွမ်းများသည်လည်း သူ့အစွမ်းများ မဟုတ်ပေ။ သူသည် ကိုယ်ပွားဝိညာဉ်တစ်ခုသာ ဖြစ်လေသည်။
လက်လွှတ်ခဲ့သည်များ များပြားသောကြောင့် သူ ထပ်၍ လက်လွှတ်မခံနိုင်တော့။ ခံစားချက်များအား မရရှိနိုင်လျှင် တဖြေးဖြေး ရရှိအောင် လုပ်ယူ၍ ရသည်။ အဓိကသည် သူ့နားရှိနေဖို့ပင်။ ဒီတစ်ကြိမ်တွင်တော့ သူ့အတွက် အရေးကြီးဆုံးဖြစ်သည့်လူအား လက်လွှတ်မခံနိုင်တော့။
သူ ထိုသို့ ပြုလုပ်ခြင်းအတွက် ဟွားအယ် အပြစ်တင်ခဲ့မည်ဆိုလျှင်တောင် အစကတည်းက သူပိုင်ဆိုင်ချင်သည့်လူသားဖြစ်အောင် ပြုလုပ်ခဲ့သည့် ဟွားအယ်၏ အမှားပင်။ သူ့အမှား မဟုတ်သောကြောင့် သူ လိုချင်သည့်ထီးနန်းနှင့် ပိုင်ဆိုင်ချင်သည့် မျက်ရှိရှေ့ရှိ လူသားအား ရအောင်ယူမည်။
ရုတ်တရက် လေထုသည် အေးစက်သွားပြီး ကျောချမ်းစေသည့်ခံစားချက်များ ရလာသောကြောင့် ရီဟွား ဝမ်ရယ်အား ကြည့်လိုက်မိသည်။ ဝမ်ရယ်၏ ဖတ်ရခက်သော မျက်ဝန်းများသည် ကြောက်မက်ဖွယ်ကောင်းနေကြသည်။ သူ ဒီနေရာတွင် ကြာကြာမနေချင်တော့။
"ဝမ်ရယ် နှုတ်ဆက်ပါတယ်"
သူ မြန်မြန်နှုတ်ဆက်ကာ ဥယျာဉ်ထဲမှ အမြန်ထွက်ပြေးလာတော့သည်။
ကျောက်ဟွမ် ထွက်ပြေးသွားသူအား မတားဆီးဘဲ နောက်ဘက်မှ သေချာစိုက်ကြည့်နေလိုက်သည်။
တနေ့တွင် ထိုကောင်လေးသည် သူ၏လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပေလိမ့်မည်။ သူ့အပိုင်ဟု သတ်မှတ်ထားသော အရာတစ်ခုသည်အချိန်တန်လျှင် သူ့ဆီသို့သာ ရောက်လာရစေမည်။
အစေခံလေး လိုက်ပို့စဉ်က လမ်းအား သေချာမှတ်ထားသောကြောင့် အိမ်တော်တံခါးရှိရာသို့ ရီဟွား ရှောရှောရှုရှု ရောက်သွားတော့သည်။ တံခါးအား စောင့်ကြပ်နေသော အစေခံများအား တံခါးဖွင့်စေလိုက်ပြီး အပြင်တွင် သူ့အား အဆင်သင့် စောင့်နေသော သူစီးလာသည့် လှည်းယာဉ်ပေါ် တက်လိုက်သည်။
"အမတ်ချုပ်ကြီး...အိမ်တော်ပဲ မောင်းတော့မယ်နော်"
သူ့လှည်းယာဉ်အား မောင်းနှင်ရသည့် အိမ်တော်ရှိအစေခံငယ်လေးတစ်ယောက်သည် သူ့အား မေးလာသည်။
"အိမ်တော် မပြန်နဲ့....နန်းတော်ကို မောင်း"
"အမတ်ချုပ်ကြီး နန်းတော်ကသွားမရဘူးလေ...စစ်သူကြီးက နန်းတော်မသွားရဘူးလို့ မှာထား..."
"နောက်တစ်ယောက် လျှာရှည်ပြန်ပြီ....ငါ မောင်းဆိုမောင်းပေါ့...အိမ်မှာနေရင် ငါပျင်းသေသွားလိမ့်မယ်...ငါ သေသွားရင် မင်းတာဝန်ယူမှာလား ပြော"
"ဗျာ"
လှည်းမောင်းရသော အစေခံလေး ဘာလုပ်ရမည်မှန်း မသိသောကြောင့် ခေါင်းသာကုတ်လိုက်ရ၏။
"အမတ်ချုပ်ကြီး စစ်သူကြီးတားတာ မှန်တယ်ဗျ...မင်္ဂလာဆောင်ခါနီး သတို့သားနဲ့ သတို့သမီးက မတွေ့ဆုံရဘူးတဲ့...တွေ့ရင် နမိတ်မကောင်းတတ်ဘူးဆိုတဲ့ အယူအဆရှိတယ်"
"ငါ မေးမယ် မင်းသေချာဖြေ"
"ဗျာ ဟုတ်ကဲ့"
"ယောကျာ်းလေး မင်္ဂလာဆောင်ရင် အဲဒီယောကျာ်းလေးကို ဘယ်လိုခေါ်လဲ"
"ဗျာ မင်္ဂလာသတို့သားကို ပြောတာလား"
"အေး ဟုတ်တယ်....မိန်းကလေးကို ဆိုရင်ရော"
"မင်္ဂလာသတို့သမီး"
"အေး ငါကယောကျာ်းလေး မဟုတ်ဘူးလား"
"ဟုတ်ကဲ့"
" အဲဒါဆို ငါ မင်္ဂလာဆောင်ရင်ကျ ဘယ်လိုခေါ်လဲ"
"မင်္ဂလာသတို့သား"
"ရှင်း အဲ မင်းကြီးကိုရော ဘယ်လိုခေါ်လဲ"
"မင်္ဂလာသတို့သား"
"အေး အဲဒါပဲလေ ငါတို့က မင်္ဂလာသတို့သားနဲ့ သတို့သားလေ...လက်မထက်ခင် တွေ့ရင် နမိတ်မကောင်းဘူးလို့ပြောတာက မင်္ဂလာသတို့သားနဲ့ သတို့သမီးလေ...အဲဒီတော့ ငါတို့နဲ့မဆိုင်ဘူး...မင်္ဂလာသတို့သားဖြစ်တဲ့ငါက ငါ့ရဲ့မင်္ဂလာသတို့သားနဲ့ တွေ့ဖို့ နန်းတော်ကိုသာ မောင်းပို့ပေးတော့"
"ဗျာ"
ရီဟွား စိတ်ပေါက်ပေါက်နှင့် ထအော်တော့သည်။
"မအူမလည် လုပ်မနေနဲ့...အချိန်ကုန်တယ်... နန်းတော်သာမြန်မြန်မောင်း"
"ဟုတ် ဟုတ်ကဲ့"
နောက်ဆုံး လှည်းမောင်းသော အစေခံလေးလည်း ရီဟွားအား ပြိုင်မပြောနိုင်သောကြောင့် နန်းတော်သို့သာ လိုက်ပို့လိုက်ရလေတော့သည်။
******************
ရှင်း၏ နန်းဆောင်အစောင့်များသည် သူရောက်လာသည်နှင့် ထုံးစံအတိုင်းကြေညာခြင်းမပြုဘဲ ချုက်ချင်းပင် တံခါးဖွင့်ပေးကြလေသည်။
ရီဟွား နန်းဆောင်ထဲ ဝင်လိုက်သောအခါ နန်းဆောင်ထဲတွင် ရွှေရောင်ထိုင်ခုံလက်ရန်းပေါ်လက်တစ်ဖက်တင်ကာ ပါးပြင်အား လက်ထောက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ခေါက်ယပ်တောင်အား ကိုင်ကာ ယပ်ခတ်နေသောရှင်းအား မြင်လိုက်ရသည်။
ရှင်းသည် သူ့အား မြင်လိုက်ရသောအခါတွင် အံ့သြသွားပုံရသည်။
"ရှောင်ဟွား ကိုယ့်ဆီ ရောက်လာတာလား"
"ဟုတ်တယ် ကျွန်တော်စိတ်ဆိုးတော့ မပြေသေးဘူးနော်"
ရှင်း ထိုင်နေရာမှ ထကာ သူရှိရာဆီသို့ တလှမ်းချင်း လှမ်းလာလေသည်။
"ကိုယ်က ရှောင်ဟွား စိတ်ဆိုးပြေအောင် ချော့ရမှာပေါ့"
ထို့နောက် သူ၏ လက်အားဆွဲကာ ထိုနေရာမှ ပျောက်ကွယ်လိုက်လေသည်။
********************
အပိုင္း(၃၃)
ဝမ္ရယ္အိမ္ေတာ္သို႔ အလည္သြားျခင္း
အၿမဲလိုလို အေဆာ့မက္ေသာ သူငယ္ခ်င္းမွာ ၂ႏွစ္ မေတြ႕ရခ်ိန္တြင္ လြန္စြာေျပာင္းလဲသြားသည္။ ေအးေဆးတည္ၿငိမ္ေသာ မ်က္ႏွာထားႏွင့္ ရင္က်က္ေသာပုံပန္းသြင္ျပင္သည္ တစ္ကိုယ္လုံးအား လႊမ္းၿခဳံထားသည္။
"ရွင္းရန္"
သူ၏ ေခၚသံေၾကာင့္ သူ(မ)သည္ သူ ရွိရာဘက္သို႔ လွည့္ၾကည့္လာသည္။
သူ႕အား ျမင္လိုက္ရေသာ သူ(မ)၏ မ်က္ႏွာထက္တြင္ ဝမ္းသာေပ်ာ္႐ႊင္မႈတို႔အား ေတြ႕လိုက္ရၿပီးေနာက္ ထိုင္ေနရာမွ ထကာ သူ႕ဆီေျပးဖက္လာသည္။
"ဟြားအယ္ ငါနင့္ကို အရမ္းလြမ္းေနတာ"
သူလည္း အခ်ိန္ေတာ္ေတာ္ၾကာ ကြဲကြာေနသည့္ သူ႕အေပၚေကာင္းေသာ သူငယ္ခ်င္းမအား ျပန္ဖက္ျခင္းျဖင့္ တုံ႕ျပန္လိုက္သည္။
"ငါေရာ အရမ္းလြမ္းေနတာ"
"ငါတို႔ကို စစ္ပြဲနိုင္ေအာင္ ကူညီေပးတဲ့အတြက္ ေက်းဇူးပါ ဟြားအယ္...နင့္ေၾကာင့္ ငါအရမ္းသတိရေနတဲ့ ၿမိဳ႕ေတာ္ရဲ႕အေငြ႕အသက္ေတြ ျပန္ခံစားနိုင္တာ"
"ငါ နင့္အတြက္ ကူညီလိုက္တာ...မိန္းကေလးတန္မဲ့ စစ္ထဲဝင္ေနတဲ့ နင့္ကို ငါမၾကည့္ရက္နိုင္ဘူးေလ...ဝမ္ရယ္ကိုေတာ့ ငါတကယ္ စိတ္တိုတယ္...နင္စစ္ထဲဝင္တာကို လုံးဝမတားဘူး...သူနင့္ကို မစိုးရိမ္ဘူးလား"
"ငါကိုက စစ္ထဲဝင္ခ်င္လို႔ပါ...ဒီတိုင္း ဘာအကူအညီမွ မေပးနိုင္ဘဲ အပိုလူလို အိမ္ေတာ္မွာ မေနခ်င္ဘူးေလ...မိန္းမတစ္ေယာက္ကလည္း စစ္တိုက္တာကို စြမ္းေဆာင္နိုင္တယ္၊ ေယာက်ာ္းေတြနဲ႕ တန္းတူေဆာင္႐ြယ္နိုင္တယ္ဆိုတာ ျပခ်င္လို႔...ခုဆို ငါ့ေၾကာင့္ နယ္စပ္ေဒသမွာဆိုရင္ အထက္တန္းလႊာ သခင္ႀကီးေတြ သခင္မေတြကို မႏွိမ္ရဲၾကေတာ့ဘူး...ေကာင္းေကာင္းမဆက္ဆံဘဲ ေယာက်ာ္းကိစၥေတြသာ လုပ္ခိုင္းၿပီး အေစခံလို ဆက္ဆံရင္ ငါက ၿငိမ္ခံမေနတတ္လို႔ေလ...ဘယ္လိုလဲ နင့္သူငယ္ခ်င္း အရမ္းေတာ္တယ္မလား"
ၿပဳံးစစျဖင့္ ဂုဏ္ယူဝံ့ႂကြားေသာ ပုံစံ ဖမ္းေနသည့္ သူငယ္ခ်င္းေၾကာင့္ ရီဟြား ၿပဳံးလိုက္မိသည္။
"ဟုတ္တယ္ ငါ့သူငယ္ခ်င္းက အရမ္းေတာ္တယ္"
"ဒါေပါ့ နင္သူငယ္ခ်င္းပဲဟာ"
မေတြ႕တာၾကာေသာ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ရယ္လိုက္ၾကသည္။
"ရွင္းရန္ နင္အရမ္းေျပာင္းလဲသြားတယ္"
သိသိသာသာေျပာင္းလဲသြားေသာ သူငယ္ခ်င္းမအား ၾကည့္ၿပီးရီဟြား ေျပာလိုက္မိ၏။
"ငါတင္ မဟုတ္ဘူး နင္ေရာပဲေလ...ငယ္ငယ္က ငါအၿမဲကာကြယ္ေပးခဲ့ရတဲ့ ေပ်ာ့ညံ့ညံ့ ငါ့ေမာင္ေလးက ခုေတာ့ ထက္ျမက္တဲ့ တိုင္းျပည္အာဏာအရွိဆုံး အမတ္ခ်ဳပ္ႀကီးျဖစ္ေနၿပီ...မၾကာခင္ မင္းႀကီးရဲ႕အခ်စ္ရဆုံး ဧကရီေတာင္ ျဖစ္ေတာ့မယ္"
မင္းႀကီးရဲ႕အခ်စ္ရဆုံး ဧကရီဆိုေသာ ေနရာတြင္ အသံသည္ တမ်ိဳးေျပာင္းသြားေသာေၾကာင့္ ရီဟြား မ်က္ခုံးမ်ားအား အနည္းငယ္တြန႔္ခ်ိဳးလိုက္မိသည္။
"ရွင္းရန္ အခုလုပ္ေနတာေတြ ရပ္တန႔္လိုက္ပါ....ေရွ႕ဆက္မတိုးပါနဲ႕ေတာ့....နင္တို႔ မနိုင္,နိုင္ဘူး...ငါ ဘာကို ဆိုလိုလဲဆိုတာ နားလည္တယ္မလား"
သူ႕အေျပာအား ၾကားလိုက္ရေသာ ရွင္းရန္၏ မ်က္ႏွာထက္တြင္ ေလွာင္ေျပာင္ေသာအၿပဳံးတို႔ ေပၚလာေလသည္။
"နင္က သူ႕ဘက္ပဲ အၿမဲရပ္တည္မယ္လို႔ ဆိုလိုတာေပါ့...ငါတို႔သူငယ္ခ်င္းေတြနဲ႕ သူ႕မွာ နင္တကယ္ သူ႕ကို ေ႐ြးခ်ယ္လိုက္တာပဲ"
"သူက ငါ့ခ်စ္သူေလ...ငါ သူ႕ကို ေ႐ြးခ်ယ္တာ တရားမွ်တပါတယ္...ဒါေပမဲ့ ငါနင္နဲ႕ ထိပ္တိုက္ ရင္မဆိုင္ခ်င္ဘူး...နင္ကလည္း ငါခ်စ္ရတဲ့ အမလို သူငယ္ခ်င္းပဲေလ...ငါနင့္ကို မထိခိုက္ခ်င္ေစဘူး....နင္တို႔သာ ေနာက္ဆုတ္လိုက္ရင္ ရွင္းကလည္း ဒီကိစၥေတြကို ျပန္အစေဖာ္မွာ မဟုတ္ဘူး"
ရွင္းရန္ ရယ္ေမာလိုက္မိသည္။
အရာအားလုံးအား အစီအစဥ္ခ်ၿပီးေနေလၿပီ။ ျပန္လည္ေနာက္ဆုတ္၍ မရနိုင္ေတာ့။ ေက်ာက္ဟြမ္လည္း ဘယ္ေသာအခါမွ ေနာက္ဆုတ္မည့္လူတစ္ေယာက္ မဟုတ္ေပ။ အမည္ခံ ခင္ပြန္းသာ ျဖစ္ေသာ္လည္း ဇနီးတစ္ေယာက္အေနျဖင့္ သူ(မ) ေက်ာက္ဟြမ္အား စြန႔္ခြာမသြားနိုင္။
ဟြားအယ္ ေက်ာက္ရန္အား ေ႐ြးခ်ယ္သကဲ့သို႔ သူ(မ)သည္လည္း ေက်ာက္ဟြမ္အား ေ႐ြးခ်ယ္လိုက္ျခင္းျဖစ္သည္။ သူ(မ)ႏွင့္ ေက်ာက္ဟြမ္သည္ ဘဝတူမ်ားပင္။
သူ(မ) တစ္ေယာက္ကေတာ့ ေက်ာက္ဟြမ္ေဘးနား ရွိေနေပးမွ ျဖစ္မည္။ သူ(မ)တို႔၏ နာက်င္မႈမ်ားအား မည္သူမွ် မျမင္နိုင္ခဲ့ေသာ္လည္း သူ(မ)တို႔အခ်င္းခ်င္းမူ ေတြ႕ျမင္နိုင္ၾကသည္။
သူ(မ)အေဖအား ကြပ္မ်က္စဥ္ သူ(မ )ေမ့ေမ်ာေနေသာေၾကာင့္ မေတြ႕ျမင္လိုက္ရေသာ္လည္း ေက်ာက္ဟြမ္သည္ေတာ့ မယ္ေတာ္ႀကီး၏ အဆိပ္ေသာက္ေသဆုံးမႈအား မ်က္ဝါးထင္ထင္ေတြ႕ျမင္လိုက္ရသည္။ မိခင္တစ္ေယာက္လုံး ေသဆုံးျခင္းအား ၾကည့္ေန႐ုံသာ တတ္နိုင္ခဲ့ၿပီး ကာကြယ္မေပးနိုင္ျခင္းအတြက္ မည္မွ်နာက်င္လိုက္မည္နည္း။
အဆိပ္မေသာက္ခင္ သားေတာ္အား ေခၚခိုင္းကာ သူ၏ေသဆုံးမႈအား ေတြ႕ေစၿပီးေနာက္ မယ္ေတာ္ႀကီးသည္ မည္သည့္စကားတို႔အား မွာၾကားခဲ့ေလသနည္း။ ထိုစကားတို႔အား အားတင္းကာ နားေထာင္ခဲ့ရေသာ ေက်ာက္ဟြမ္၏ပုံအား ျမင္ေယာင္ၾကည့္႐ုံႏွင့္ပင္ သူ(မ) ႏွလုံးသားသည္လည္း ထပ္တူနာက်င္လာရသည္။
မယ္ေတာ္ႀကီး၏ မိသားစုဝင္မ်ားအား ကြပ္မ်က္စဥ္တြင္လည္း ေက်ာက္ဟြမ္သြားၾကည့္ခဲ့ေၾကာင္း သူ၏အနီးကပ္ကိုယ္ရံေတာ္ေျပာျပေသာေၾကာင့္ သူ(မ) သိရွိခဲ့ၿပီးျဖစ္သည္။ ဦးေလး၊ အေဒၚႏွင့္ ေမာင္ႏွမဝမ္းကြဲမ်ား မ်က္စိေရွ႕တြင္ တစ္ေယာက္ခ်င္း ေသဆုံးသြားခဲ့ျခင္းအား မည္သည့္ႏွလုံးသားျဖင့္ ၾကည့္ရက္နိုင္ခဲ့သနည္း။
ဟြားအယ္၏ ေ႐ြးခ်ယ္ျခင္းအား ေက်ာက္ဟြမ္ သိသြားေသာအခါ ဟြားအယ္အေပၚ မျဖစ္သင့္သည္မ်ား မျဖစ္ရန္လည္း သူ(မ) ေက်ာက္ဟြမ္ေဘးတြင္ ရွိေနမွ ျဖစ္မည္။
"ငါတို႔ ထိပ္တိုက္ရင္ဆိုင္ရတဲ့အခါ နင့္ကို မထိခိုက္ေစရဘူး...ငါကတိေပးတယ္...နင္က ထာဝရ ငါ့ေမာင္ေလးပဲ"
ရီဟြား ရွင္းရန္အား ျပန္ေျပာရန္ ပါးစပ္ဟလိုက္ေသာ္လည္း အနားသို႔ေရာက္လာေသာ လူတစ္ေယာက္ေၾကာင့္ ဆက္၍ မေျပာျဖစ္ေတာ့။
"ဟြားအယ္ ကိုယ္တို႔ဆီ လာလည္တာလား"
"ကြၽန္ေတာ္ ရွင္းရန္ဆီ လာလည္တာ"
ရီဟြား၏ မာဆတ္ဆတ္စကားသံေၾကာင့္ ေက်ာက္ဟြမ္ မ်က္ခုံးတို႔ ျမင့္တက္သြားရသည္။
"ကိုယ္ အမွားတစ္ခုခုလုပ္မိလို႔လား...ကိုယ့္ကို စိတ္ဆိုးေနတာလား"
"ကြၽန္ေတာ္က ႀကီးျမတ္လွတဲ့ ဝမ္ရယ္ကို ဘယ္လိုသတၱိနဲ႕ စိတ္ဆိုးရဲမွာလဲ...ကြၽန္ေတာ္ကမင္းႀကီးရဲ႕ သာမန္အမႈထမ္းတစ္ေယာက္ပါ...မင္းႀကီးနဲ႕ ယွဥ္ၿပိဳင္ရဲတဲ့ ေတာ္ဝင္မ်ိဳးႏြယ္ ဝမ္ရယ္ေလာက္ အာဏာမရွိပါဘူး"
ယခုအခ်ိန္ထိ ကေလးဆန္ေသာ ေျပာပုံဆိုပုံ၊ အမူအရာတို႔ မေျပာင္းလဲေသးေသာ ေရွ႕ရွိေကာင္ေလးအား ၾကည့္ကာ ေက်ာက္ဟြမ္ ၿပဳံးလိုက္မိသည္။
"နံရံမွာ နားေတြ ရွိတယ္တဲ့...မေၾကာက္ဘူးလား"
"ခုက ဥယ်ာဥ္ထဲမွာေလ ဘယ္နံရံမွ မရွိဘူး"
ယခုခ်ိန္ထိ ဘုကလန႔္တိုက္စြာ ေျပာေနဆဲပင္။
ေက်ာက္ဟြမ္ ရွင္းရန္ဘက္လွည့္ကာ ေျပာလိုက္သည္။
"ရွင္းရန္ အိမ္ေတာ္ေတြက သခင္မႀကီးေတြေရာက္ေနတယ္...မင္းကို ဂါဝရျပဳခ်င္လို႔တဲ့"
သူ ဟြားအယ္ႏွင့္ ေအးေဆးစကားေျပာလိုေသာေၾကာင့္ ရွင္းရန္အား ဖယ္ထုတ္လိုက္ျခင္းျဖစ္သည္။
"အဲဒါဆို သြားေတြ႕ဆုံလိုက္ဦးမယ္...ဟြားအယ္ ေက်ာက္ဟြမ္နဲ႕ခဏေနခဲ့ဦးေနာ္"
"ငါျပန္ေတာ့မွာ"
ရီဟြား ဝမ္ရယ္ႏွင့္ တူတူမေနခ်င္ေသာေၾကာင့္ ေျပာလိုက္ျခင္းျဖစ္သည္။ ဝမ္ရယ္၏ ဦးတည္ခ်က္အား သိရွိထားသူျဖစ္၍ သူ၏ခ်စ္သူအား ဒုကၡေပးရန္ႀကံစည္ေနသူႏွင့္ေတာ့ အတူတူ ရွိမေနခ်င္ေပ။
"ခဏေနပါဦး...ကိုယ္တို႔ မေတြ႕တာလည္း ၾကာၿပီ ေအးေဆးစကားေျပာရေအာင္"
"ဟုတ္သား ခဏေန ငါျပန္လာမွာ....မျပန္ပါနဲ႕ဦး...နင္နဲ႕ေတြ႕ရတာ မဝေသးဘူး"
ရွင္းရန္ ဝင္ေျပာလာသျဖင့္ ရီဟြား တခဏေနရန္ေတြးလိုက္သည္။ အိမ္သို႔ ျပန္လွ်င္လည္း ဘာမွလုပ္စရာ မရွိေပ။
ရွင္းရန္သည္ သူတို႔ရွိေနေသာေနရာမွ ထြက္သြားေလေတာ့သည္။
"ဟြားအယ္ေတာင္ အကိုေတာ္နဲ႕ လက္ထပ္ေတာ့မွာပဲ"
"ဟုတ္တယ္ေလ...ညီလာခံမွာ သိၿပီးၿပီမလား"
ရီဟြား ဝမ္ရယ္အေပၚလုံးဝစိတ္ၾကည္မေနေခ်။ ထို႔ေၾကာင့္ စကားတို႔သည္ မာဆတ္ဆတ္နိုင္ေနသည္။
"ဟြားအယ္ကို အကိုေတာ္က အက်ပ္ကိုင္ထားတာလား"
"အမ္ ဘာ အက်ပ္ကိုင္ ဘာကိုလဲ"
ရီဟြား ဝမ္ရယ္ေျပာလိုက္ေသာ စကားအား နားမလည္ေသာေၾကာင့္ ေသခ်ာျပန္ေမးလိုက္ရသည္။
"ဟြားအယ္ အကိုေတာ္ကို မခ်စ္ဖူးမလား...အကိုေတာ္ အက်ပ္ကိုင္လို႔ လက္ထပ္ရတာ...ဟုတ္တယ္မလား...စိတ္မပူနဲ႕...ကိုယ္ မင္းကို ကယ္မယ္"
"ဝမ္ရယ္ ဘာေတြေျပာေနတာလဲ...ဘာလို႔ရွင္းက ကြၽန္ေတာ့္ကို အက်ပ္ကိုင္ရမွာလဲ...ကြၽန္ေတာ္လည္း ရွင္းနဲ႕ လက္ထပ္ခ်င္လို႔ လက္ထပ္ပြဲကို သေဘာတူထားတာ...ဘာမွ အက်ပ္ကိုင္တာ မဟုတ္ဘူး"
"ဟြားအယ္ မင္းသူ႕ကို မခ်စ္ဘူးေလ...မင္းခ်စ္တာက မင္းခ်စ္တာက"
"ဘာေတြေျပာေနျပန္တာလဲဗ်ာ...ကြၽန္ေတာ္က ရွင္းကိုခ်စ္လို႔ လက္ထပ္တာေပါ့...မခ်စ္ရင္ ကြၽန္ေတာ့္လိုလူက လက္ထက္ပါ့မလား...ကြၽန္ေတာ္ ခ်စ္တာက ရွင္း...အဲဒါဘယ္ေတာ့မွ မေျပာင္းလဲတဲ့ အမွန္တရားပဲ"
ဝမ္ရယ္ သူၾကားလိုက္ရေသာ စကားမ်ားအား သူ႕အေနျဖင့္ လုံးဝမယုံၾကည္နိုင္ေပ။
"ဟြားအယ္ တကယ္ေျပာေနတာလား"
"တကယ္ေျပာေနတာေပါ့...ကြၽန္ေတာ္က ေနာက္စရာလား...ကြၽန္ေတာ္ ရွင္းကို တကယ္ခ်စ္တယ္...သူနဲ႕ပဲတစ္သက္လုံးေနသြားမယ္...အဲဒါေၾကာင့္လက္ထပ္တာ"
ေက်ာက္ဟြမ္ ၾကားေနရေသာ စကားမ်ားအား လက္မခံနိုင္ေသး။
"မင္း ကိုယ့္ကိုေရာ ဘယ္လိုသေဘာထားတာလဲ"
"ဘာကို ဘယ္လိုသေဘာထားရမွာလဲ...ဝမ္ရယ္ ခင္ဗ်ားေနမေကာင္းဘူးလား"
"မင္း ကိုယ့္အေပၚခံစားခ်က္ မရွိဘူးလား"
"ဘာအေၾကာင္းေၾကာင့္ ကြၽန္ေတာ္က ဝမ္ရယ္အေပၚ ခံစားခ်က္ရွိရမွာလဲ...ခင္ဗ်ားေၾကာင့္ ႐ူးေတာင္႐ူးခ်င္ေနၿပီ...ဘာေတြလာေမးေနမွန္း မသိဘူး...ကြၽန္ေတာ္ ျပန္ေတာ့မယ္...ရွင္းရန္ကို ျပန္ၿပီေျပာလိုက္"
ေက်ာက္ဟြမ္ ရင္ဘတ္ဆီမွ စူးေအာင့္ကာ တဆစ္ဆစ္ နာက်င္မႈအား ခံစားလိုက္ရသည္။ ဟြားအယ္၏ မ်က္ဝန္းမ်ားအား စိုက္ၾကည့္လိုက္ေတာ့ အမွန္ေတြေျပာေနျခင္း ျဖစ္ေၾကာင္း သိရွိလိုက္ရသည္။
အရင္က ၾကင္နာျခင္းအျပည့္ျဖင့္ သူ႕အား ၾကည့္ခဲ့ေသာ မ်က္ဝန္းမ်ားအား မေတြ႕ျမင္ရေတာ့။ ထိုအစား စိတ္ရႈပ္သည့္ အရိပ္အေယာင္မ်ားသာ ေတြ႕ျမင္ေနရသည္။
သူ တစ္ေလွ်ာက္လုံး ေမွ်ာ္လင့္ခဲ့ေသာ ေမွ်ာ္လင့္ခ်က္တို႔ ေၾကမြသြားရသည္။ သူ တခ်ိန္လုံး အထင္လြဲေနခဲ့ျခင္းသာ။ ထိုေကာင္ေလးသည္ေတာ့ သူ႕ေဘးနားတြင္ ရွိေနေပးလိမ့္မည္ဟု သူထင္မွတ္မွားမိျခင္းျဖစ္သည္။
အၿမဲတမ္း သူသာလွ်င္ အစြန႔္ပစ္ခံျဖစ္ေလသည္။ ငယ္ကတည္းက ဘယ္သူမွ သူ႕အား မလိုခ်င္ခဲ့ၾက။ မ်ိဳးရိုးနိမ့္အေစခံေသြးသားမို႔ ဖခင္ကပင္ ဂ႐ုမစိုက္ဘဲ အႀကိမ္ႀကိမ္စြန႔္ပစ္ျခင္းအား ခံခဲ့ရသည္။ ယခုတြင္လည္း ခ်စ္ရသူထံမွ ထပ္၍ စြန႔္ပစ္ခံလိုက္ရေလၿပီ။
သူ႕တြင္ ပိုင္ဆိုင္တာဟူ၍ မရွိ။ ခႏၶာကိုယ္သည္လည္း သူပိုင္ဆိုင္ေသာ ခႏၶာကိုယ္ မဟုတ္သကဲ့သို႔ အစြမ္းမ်ားသည္လည္း သူ႕အစြမ္းမ်ား မဟုတ္ေပ။ သူသည္ ကိုယ္ပြားဝိညာဥ္တစ္ခုသာ ျဖစ္ေလသည္။
လက္လႊတ္ခဲ့သည္မ်ား မ်ားျပားေသာေၾကာင့္ သူ ထပ္၍ လက္လႊတ္မခံနိုင္ေတာ့။ ခံစားခ်က္မ်ားအား မရရွိနိုင္လွ်င္ တေျဖးေျဖး ရရွိေအာင္ လုပ္ယူ၍ ရသည္။ အဓိကသည္ သူ႕နားရွိေနဖို႔ပင္။ ဒီတစ္ႀကိမ္တြင္ေတာ့ သူ႕အတြက္ အေရးႀကီးဆုံးျဖစ္သည့္လူအား လက္လႊတ္မခံနိုင္ေတာ့။
သူ ထိုသို႔ ျပဳလုပ္ျခင္းအတြက္ ဟြားအယ္ အျပစ္တင္ခဲ့မည္ဆိုလွ်င္ေတာင္ အစကတည္းက သူပိုင္ဆိုင္ခ်င္သည့္လူသားျဖစ္ေအာင္ ျပဳလုပ္ခဲ့သည့္ ဟြားအယ္၏ အမွားပင္။ သူ႕အမွား မဟုတ္ေသာေၾကာင့္ သူ လိုခ်င္သည့္ထီးနန္းႏွင့္ ပိုင္ဆိုင္ခ်င္သည့္ မ်က္ရွိေရွ႕ရွိ လူသားအား ရေအာင္ယူမည္။
႐ုတ္တရက္ ေလထုသည္ ေအးစက္သြားၿပီး ေက်ာခ်မ္းေစသည့္ခံစားခ်က္မ်ား ရလာေသာေၾကာင့္ ရီဟြား ဝမ္ရယ္အား ၾကည့္လိုက္မိသည္။ ဝမ္ရယ္၏ ဖတ္ရခက္ေသာ မ်က္ဝန္းမ်ားသည္ ေၾကာက္မက္ဖြယ္ေကာင္းေနၾကသည္။ သူ ဒီေနရာတြင္ ၾကာၾကာမေနခ်င္ေတာ့။
"ဝမ္ရယ္ ႏႈတ္ဆက္ပါတယ္"
သူ ျမန္ျမန္ႏႈတ္ဆက္ကာ ဥယ်ာဥ္ထဲမွ အျမန္ထြက္ေျပးလာေတာ့သည္။
ေက်ာက္ဟြမ္ ထြက္ေျပးသြားသူအား မတားဆီးဘဲ ေနာက္ဘက္မွ ေသခ်ာစိုက္ၾကည့္ေနလိုက္သည္။
တေန႕တြင္ ထိုေကာင္ေလးသည္ သူ၏လက္ထဲသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္ရွိလာေပလိမ့္မည္။ သူ႕အပိုင္ဟု သတ္မွတ္ထားေသာ အရာတစ္ခုသည္အခ်ိန္တန္လွ်င္ သူ႕ဆီသို႔သာ ေရာက္လာရေစမည္။
အေစခံေလး လိုက္ပို႔စဥ္က လမ္းအား ေသခ်ာမွတ္ထားေသာေၾကာင့္ အိမ္ေတာ္တံခါးရွိရာသို႔ ရီဟြား ေရွာေရွာရႈရႈ ေရာက္သြားေတာ့သည္။ တံခါးအား ေစာင့္ၾကပ္ေနေသာ အေစခံမ်ားအား တံခါးဖြင့္ေစလိုက္ၿပီး အျပင္တြင္ သူ႕အား အဆင္သင့္ ေစာင့္ေနေသာ သူစီးလာသည့္ လွည္းယာဥ္ေပၚ တက္လိုက္သည္။
"အမတ္ခ်ဳပ္ႀကီး...အိမ္ေတာ္ပဲ ေမာင္းေတာ့မယ္ေနာ္"
သူ႕လွည္းယာဥ္အား ေမာင္းႏွင္ရသည့္ အိမ္ေတာ္ရွိအေစခံငယ္ေလးတစ္ေယာက္သည္ သူ႕အား ေမးလာသည္။
"အိမ္ေတာ္ မျပန္နဲ႕....နန္းေတာ္ကို ေမာင္း"
"အမတ္ခ်ဳပ္ႀကီး နန္းေတာ္ကသြားမရဘူးေလ...စစ္သူႀကီးက နန္းေတာ္မသြားရဘူးလို႔ မွာထား..."
"ေနာက္တစ္ေယာက္ လွ်ာရွည္ျပန္ၿပီ....ငါ ေမာင္းဆိုေမာင္းေပါ့...အိမ္မွာေနရင္ ငါပ်င္းေသသြားလိမ့္မယ္...ငါ ေသသြားရင္ မင္းတာဝန္ယူမွာလား ေျပာ"
"ဗ်ာ"
လွည္းေမာင္းရေသာ အေစခံေလး ဘာလုပ္ရမည္မွန္း မသိေသာေၾကာင့္ ေခါင္းသာကုတ္လိုက္ရ၏။
"အမတ္ခ်ဳပ္ႀကီး စစ္သူႀကီးတားတာ မွန္တယ္ဗ်...မဂၤလာေဆာင္ခါနီး သတို႔သားနဲ႕ သတို႔သမီးက မေတြ႕ဆုံရဘူးတဲ့...ေတြ႕ရင္ နမိတ္မေကာင္းတတ္ဘူးဆိုတဲ့ အယူအဆရွိတယ္"
"ငါ ေမးမယ္ မင္းေသခ်ာေျဖ"
"ဗ်ာ ဟုတ္ကဲ့"
"ေယာက်ာ္းေလး မဂၤလာေဆာင္ရင္ အဲဒီေယာက်ာ္းေလးကို ဘယ္လိုေခၚလဲ"
"ဗ်ာ မဂၤလာသတို႔သားကို ေျပာတာလား"
"ေအး ဟုတ္တယ္....မိန္းကေလးကို ဆိုရင္ေရာ"
"မဂၤလာသတို႔သမီး"
"ေအး ငါကေယာက်ာ္းေလး မဟုတ္ဘူးလား"
"ဟုတ္ကဲ့"
" အဲဒါဆို ငါ မဂၤလာေဆာင္ရင္က် ဘယ္လိုေခၚလဲ"
"မဂၤလာသတို႔သား"
"ရွင္း အဲ မင္းႀကီးကိုေရာ ဘယ္လိုေခၚလဲ"
"မဂၤလာသတို႔သား"
"ေအး အဲဒါပဲေလ ငါတို႔က မဂၤလာသတို႔သားနဲ႕ သတို႔သားေလ...လက္မထက္ခင္ ေတြ႕ရင္ နမိတ္မေကာင္းဘူးလို႔ေျပာတာက မဂၤလာသတို႔သားနဲ႕ သတို႔သမီးေလ...အဲဒီေတာ့ ငါတို႔နဲ႕မဆိုင္ဘူး...မဂၤလာသတို႔သားျဖစ္တဲ့ငါက ငါ့ရဲ႕မဂၤလာသတို႔သားနဲ႕ ေတြ႕ဖို႔ နန္းေတာ္ကိုသာ ေမာင္းပို႔ေပးေတာ့"
"ဗ်ာ"
ရီဟြား စိတ္ေပါက္ေပါက္ႏွင့္ ထေအာ္ေတာ့သည္။
"မအူမလည္ လုပ္မေနနဲ႕...အခ်ိန္ကုန္တယ္... နန္းေတာ္သာျမန္ျမန္ေမာင္း"
"ဟုတ္ ဟုတ္ကဲ့"
ေနာက္ဆုံး လွည္းေမာင္းေသာ အေစခံေလးလည္း ရီဟြားအား ၿပိဳင္မေျပာနိုင္ေသာေၾကာင့္ နန္းေတာ္သို႔သာ လိုက္ပို႔လိုက္ရေလေတာ့သည္။
******************
ရွင္း၏ နန္းေဆာင္အေစာင့္မ်ားသည္ သူေရာက္လာသည္ႏွင့္ ထုံးစံအတိုင္းေၾကညာျခင္းမျပဳဘဲ ခ်ဳက္ခ်င္းပင္ တံခါးဖြင့္ေပးၾကေလသည္။
ရီဟြား နန္းေဆာင္ထဲ ဝင္လိုက္ေသာအခါ နန္းေဆာင္ထဲတြင္ ေ႐ႊေရာင္ထိုင္ခုံလက္ရန္းေပၚလက္တစ္ဖက္တင္ကာ ပါးျပင္အား လက္ေထာက္ထားၿပီး က်န္လက္တစ္ဖက္ျဖင့္ ေခါက္ယပ္ေတာင္အား ကိုင္ကာ ယပ္ခတ္ေနေသာရွင္းအား ျမင္လိုက္ရသည္။
ရွင္းသည္ သူ႕အား ျမင္လိုက္ရေသာအခါတြင္ အံ့ၾသသြားပုံရသည္။
"ေရွာင္ဟြား ကိုယ့္ဆီ ေရာက္လာတာလား"
"ဟုတ္တယ္ ကြၽန္ေတာ္စိတ္ဆိုးေတာ့ မေျပေသးဘူးေနာ္"
ရွင္း ထိုင္ေနရာမွ ထကာ သူရွိရာဆီသို႔ တလွမ္းခ်င္း လွမ္းလာေလသည္။
"ကိုယ္က ေရွာင္ဟြား စိတ္ဆိုးေျပေအာင္ ေခ်ာ့ရမွာေပါ့"
ထို႔ေနာက္ သူ၏ လက္အားဆြဲကာ ထိုေနရာမွ ေပ်ာက္ကြယ္လိုက္ေလသည္။
********************