အပိုင်း(၂၉)
မင်းကြီးနှင့်အတူတူ အိပ်စက်ခြင်း
ယွီလေး သခင်လေး အရမ်းကြိုက်သောသေရည်ပုလင်းအား ကိုင်ကာ သခင်လေးအခန်းထဲသို့ ဝင်သွားလိုက်သည်။ သူထင်သည့်အတိုင်းပင် သခင်လေးသည် ခုချိန်ထိ အိပ်မပျော်သေးပေ။
"သခင်လေး"
သူ၏ ခေါ်သံကြောင့် သခင်လေးသည် သူရှိရာဘက် လှည့်ကြည့်လာသည်။ သို့သော် သခင်လေး၏ တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်လာသည်ကတော့ သူ့ကို မဟုတ်။ သူ၏ လက်ထဲရှိ သေရည်အိုးကိုပင်။
"ဝိုး ယွီလေး မင်းကအရမ်းအလိုက်သိတာပဲ...ငါ တကယ် စိတ်တွေရှုပ်နေလို့ သေရည်သောက်ချင်နေတာ...မင်း ဝယ်လာတဲ့ လက်ဆောင်က သေရည်မှန်နေတာပဲ...ဒါကို မနက်ကသေရည်မဟုတ်ဘူးလို့ ငါ့ကိုပြောသေးတယ်...ထားလိုက်ပါတော့ သေရည်မျက်နှာနဲ့ ငါမင်းကို အပြစ်မတင်တော့ဘူး"
သခင်လေးသည် ချက်ချင်း သူရှိရာဘေးသို့ ရောက်လာပြီး သေရည်ပုလင်းအား မ,သွားလေ
သည်။ ထို့နောက် ထိုင်ခုံတွင်ထိုင်ကာ သေရည်ပုလင်းအဖုံးအား ဖွင့်လိုက်ပြီး ပုလင်းလိုက်မော့သောက်လေတော့သည်။
"သခင်လေး လျှော့သောက်...ကျွန်တော် အကောင်းနဲ့ သတိပေးတာ"
"ဘာဖြစ်လို့လဲ"
"အဟမ်း"
ယွီလေး ချောင်းဟန့်ကာ ဆက်ပြောလိုက်၏။
"ဘာမှ မဟုတ်ပါဘူး...သခင်လေး အရမ်းမူးမှာစိုးလို့ပါ"
"မူးလည်း ခဏပဲ...စိတ်တွေရှုပ်နေတော့ မူးရင်ပိုကောင်းတယ်"
သေရည်များ သောက်လိုက်သောကြောင့် နီရဲလာသည့် သခင်လေးမျက်နှာအား ကြည့်ရင်း ယွီလေးသက်ပြင်းချမိသည်။ သခင်လေး မျက်လုံးများ ရီဝေလာပြီး မူးနေပြီမှန်း သေချာနေလေပြီ။
ရုတ်တရက် ခံစားလိုက်ရသော ခံစားချက်ကြောင့် ယွီလေးစိုးရိမ်သွားရသည်။
"သခင်လေး အရှင် အနာတရတစ်ခုခုဖြစ်တယ်ထင်တယ်...ကျွန်တော် အဲဒီခံစားချက်ရလိုက်တယ်...အရှင့်ဆီ အခုသွားကြည့်လိုက်ဦးမယ်"
နည်းနည်းထွေနေသော သခင်လေးသည် ထိုင်ခုံပေါ်မှ ချက်ချင်းထကာ စိုးရိမ်သော အမူအရာဖြင့် သူ့အား မေးလေတော့သည်။
"ရှင်းလား ရှင်း တခုခုဖြစ်တာလား...ငါလည်း လိုက်မယ်"
သို့သော် မူးနေသောကြောင့် ထိုင်ခုံပေါ် ပြန်ထိုင်ကျသွား၏။
"သခင်လေး အရမ်းမူးနေတာ...ဒီမှာပဲ နေပါ...ကျွန်တော် အခြေအနေသွားကြည့်လိုက်မယ်...ခဏပဲ"
ယွီလေး သခင်လေးအား အမြန်ပြောလိုက်ပြီး နေရာမှချက်ချင်း ပျောက်ကွယ်လိုက်သည်။
ရီဟွား အရမ်းစိုးရိမ်နေသော်လည်း သူ နန်းတော်သွားနေသည်ထက် ယွီလေးကပိုမြန်သောကြောင့် ယွီလေးကိုသာ စောင့်နေလိုက်သည်။ ယွီလေးအမြန်ပြန်လာပြီး ရှင်း ဘာမှ မဖြစ်စေရန်သာ ဆုတောင်းနေလိုက်သည်။
နန်းဆောင် ခြံဝန်းရှိ စားပွဲတွင် ထိုင်နေသော ရှင်းယွဲ့ သူ၏ရှေ့ရုတ်တရက်ပေါ်လာသော ရှောင်အန်းအား ကြည့်လိုက်သည်။ ရှောင်အန်းသည် သူ့အား အရိုအသေပေးပြီးနောက် စိုးရိမ်စွာ မေးလာလေ၏။
"အရှင် အနာတရ တစ်ခုခုဖြစ်တာလား...အဆင်ပြေရဲ့လား"
"အင်း...တစ်ယောက်ယောက်က မြေခွေးမိစ္ဆာကို ရှောင်ဟွားပုံစံတူလုပ်ပြီး ငါ့ကို မြူ ဆွယ်ခိုင်းတာ...အခု အကုန်ရှင်းလင်းပြီးပြီ...နောက်ကွယ်က စေခိုင်းသူကိုတော့ မသိလိုက်ဘူး...မြေခွေးမိစ္ဆာရဲ့ လက်သည်းနဲ့ ငါ့လည်ပင်း ထိခိုက်မိလို့ မင်း ခံစားမိတာ"
"နောက်ကွယ်က စေခိုင်းသူကို ကျွန်တော်မျိုး စုံစမ်းလိုက်ပါ့မယ် အရှင်"
"အင်း"
သူ၏ အရှင် ဘာမှမဖြစ်မှန်း သေချာပြီဖြစ်သောကြောင့် ယွီလေး အရှင့်အား ပြန်ခွင့်တောင်းလိုက်သည်။
"အရှင် ကျွန်တော်မျိုးကို ပြန်ခွင့်ပြုပါ...သခင်လေးရှေ့ကနေ ရုတ်တရက် ဒီကိုရောက်လာတာမို့ သခင်လေး စိုးရိမ်နေမှာစိုးလို့ပါ"
"ရှောင်ဟွား မအိပ်သေးဘူးလား...သေချာဂရုစိုက်လိုက်ဦး...အပင်ပန်းမခံစေနဲ့"
"မှန်ပါ အရှင်"
ယွီလေး အရှင့်အား အရိုအသေပေးလိုက်ပြီး အရှင့်ရှေ့မှ ပျောက်ကွယ်ကာ သခင်လေးရှိရာ အခန်းသို့ ပြန်သွားလိုက်သည်။
သခင်လေးသည် ချက်ချင်း သူ့အား မေးလေတော့သည်။
"ယွီလေး ရှင်း ဘာဖြစ်တာလဲ"
ယွီလေးသခင်လေးအား အရှင်ရှင်းပြသည့်အတိုင်း ပြောရန်ပြင်လိုက်သော်လည်း စိတ်ကူးတစ်ခုရသွားသောကြောင့် အနည်းငယ်ပြောင်း၍ ဖြေလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး သခင်လေး...အရှင်က မိန်းကလေးတစ်ယောက်နဲ့ အိပ်တာ...အဲဒီမိန်းကလေးက အရှင့်လည်ပင်းကို လက်သည်းနဲ့မတော်တဆ ကုတ်ခြစ်လိုက်မိလို့ အနာတရဖြစ်သွားလို့ပါ...ကျွန်တော်ရောက်တော့ အနှောင့်အယှက်ပေးတယ်ဆိုပြီး နှင်ထုတ်ခံလိုက်ရတယ်"
"ဘာ"
သူ၏ သခင်လေးသည် အသံကျယ်ဖြင့် အော်ကာ ခုံပါ်မှ ထ၍ မတ်တပ်ရပ်လိုက်လေတော့သည်။ ဒီတခါတော့ ပြန်လဲ မကျတော့ပေ။
"ခုချက်ချင်း ငါ ရှင်းဆီသွားမယ်...ယွီလေး အကိုကြီး မေးရင် ကြည့်ကြပ်ရှင်းလိုက်"
ဒေါသထွက်နေသော အသံဖြင့် ပြောကာ ထွက်သွားသော သခင်လေးအား ကြည့်ပြီး ယွီလေး ပြုံးလိုက်မိသည်။
"သခင်လေး ကျွန်တော့်ရဲ့လက်ဆောင်က သခင်လေးကို ပျော်ရွှင်စေမှာပါ"
စိတ်ကျေနပ်စွာ ပြုံးနေသော ယွီလေး၏ လက်ဆောင်သည် သခင်လေးအား ပျော်ရွှင်စေမည် ဟုတ် မဟုတ်ကတော့.....။
*******************
ရေချိုးကာ အဝတ်အစားသစ်များ လဲပြီးမှသာ စိတ်ကျေနပ်မှု ပြန်ရသွားသော ရှင်းယွဲ့ အကုန်အသစ်ပြန်လဲထားသော အိပ်ရာထက်တွင် လဲလျောင်းရန်ပြင်လိုက်သည်။
ထိုစဉ် ရုတ်တရက် တံခါးသည် အကြမ်းပတမ်း ဖွင့်ခံလိုက်ရပြီး အနည်းငယ် ယိမ်းထိုးနေသော ရှောင်ဟွား အိပ်ဆောင်ထဲသို့ ဝင်လာလေသည်။
ရှောင်ဟွား အနောက်မှ ရှောင်ကုန်းဇီသည် ထိတ်လန့်နေသော အမူအရာဖြင့် လိုက်၍ ဝင်လာသည်။
"မင်းကြီး အမတ်ချုပ်ကြီးကို တားပေမဲ့ တားမရလို့...ကျွန်တော်မျိုး အမတ်ချုပ်ကြီးကို ခုနကအဖြစ်အပျက်ကြောင့် စိုးရိမ်လို့ သေချာမေးမြန်းပေမဲ့ အမတ်ချုပ်ကြီးက ကျွန်တော်မျိုးတို့ ဖုံးကွယ်ထားတယ်ဆိုပြီး တံခါးအတင်းဖွင့် ဝင်လာတာပါ"
"ရှောင်ဟွားနဲ့ ကိုယ်တော်ကို နှစ်ယောက်ထဲ ထားခဲ့...မင်း ထွက်သွားတော့"
"မှန်ပါ"
ရှောင်ကုန်းဇီ ချက်ချင်း အရိုအသေပေးလိုက်ပြီး နန်းဆောင်ထဲမှ အမြန်ထွက်သွားလိုက်သည်။
နန်းဆောင်အပြင်ရောက်သည်နှင့် သူ၏ အရိပ်အကဲသိမှုအရ အကုန်လုံးအား အဝေးတွင်ခဏနေရန် အမိန့်ပေးလိုက်ပြီး သူသည်လည်း အဝေးတွင်သွားနေလိုက်သည်။
ရှင်းယွဲ့ သူ၏ရှေ့ရှိ မျက်နှာများ နီရဲကာ ဒေါသထွက်နေသူအား ငေးကြည့်နေမိသည်။
"ရှောင်ဟွား သေရည်သောက်ထားတာလား....ကိုယ် မသောက်ဖို့ အတန်တန်မှာထားရဲ့နဲ့"
"ခင်ဗျား ကျွန်တော့်ကို အရင်အပြစ်မတင်နဲ့....ကျွန်တော်က အပြစ်တင်ရမှာ...ဘယ်မှာလဲ ခင်ဗျားကောင်မ"
ရှောင်ဟွားစကားကြောင့် ရှင်းယွဲ့ ကြောင်သွားရသည်။
"ဘယ်က ဘယ်သူ"
"ခင်ဗျားနဲ့ တူတူအိပ်တဲ့ ခင်ဗျားကောင်မလေ...နန်းဆောင်က အရမ်းရှင်းလင်းနေတော့ သေချာပေါက် လက်စလက်န အကုန်ဖျောက်ထားတာပဲ...ကျွန်တော် စုံစမ်းလို့မိရင် ခင်ဗျားကိုလည်း ခွင့်မလွှတ်ဘူး...အဲကောင်မကိုလည်း သတ်ပစ်မယ်...ဖောက်ပြန်ချင်တဲ့သူရော ကျွန်တော်ရှိနေတာကို ဖြတ်လုချင်တဲ့လူရော နှစ်ယောက်လုံး အလွတ်မပေးဘူး"
ရှောင်ဟွား ပြောနေသည်များကို သူလုံးဝနားမလည်နိုင်။ ထပ်ပြီး သူတို့ကြား အထင်လွဲနေခြင်းဖြစ်မည်ဟု တွေးကာ သေချာမေးလိုက်သည်။
"ရှောင်ဟွား ကိုယ့်ကို သေချာရှင်းပြဦး...ကိုယ်တို့ကြား နားလည်မှုလွဲနေပြီ...ကိုယ် ဘယ်မိန်းကလေးနဲ့မှ မအိပ်ဘူး"
"ခင်ဗျား ဘယ်မိန်းကလေးနဲ့မှ မအိပ်ဘူးဆို...ခင်ဗျားလည်ပင်းက လက်သည်းရာက ဘယ်ကရောက်လာတာလဲ ပြော"
"သြော် ဒါလား"
ရှင်းယွဲ့ သူ၏လည်ပင်းရှိ လက်သည်းခြစ်ရာအား စမ်းလိုက်မိသည်။
"ဒါက လုပ်ကြံသူတစ်ယောက် ကိုယ့်ကို လာမြူ စွယ်ရင်း သူ့လက်သည်းနဲ့ ခြစ်မိတာပါ"
ရီဟွား မျက်လုံးများ ပြူးကျယ်သွားရသည်။ ယိုင်ချင်ချင်ဖြစ်နေသော ခန္ဓာကိုယ်အား ထိန်း၍ ရှင်းရှိရာသို့ လျှောက်လာလိုက်သည်။
ရှင်းသည် သူ၏ လက်တစ်ဖက်အား ဆွဲကိုင်၍ သူ၏ကိုယ်အား မလဲအောင် ထိန်းပေးထားသည်။
"လုပ်ကြံသူ ဟုတ်လား...ရှင်း ဘာဖြစ်သွားသေးလဲ...ဒဏ်ရာရသေးလား...အဲဒီ လုပ်ကြံသူ ဘယ်မှာလဲ...ကျွန်တော်သတ်ပစ်မယ်"
"အဲဒီလုပ်ကြံသူကို ကိုယ် သတ်လိုက်ပါပြီ...အလောင်းကို ရှင်းပြီး ဒီအခန်းကို ရှင်းလင်းခိုင်းထားတာ...ကိုယ်ဘာမှ မဖြစ်ဘူး"
"ဒါဆို ဒါက လုပ်ကြံသူကြောင့် ရတဲ့ဒဏ်ရာပေါ့"
လည်ပင်းရှိ လက်သည်းခြစ်ရာအား ဖွဖွထိရင်း မေးလာသော ရှောင်ဟွားကြောင့် ရှင်းယွဲ့ခေါင်းညိတ်ပြလိုက်သည်။
"အင်း"
"ယွီလေး ကျွန်တော့်ကို တပတ်ရိုက်သွားပြန်ပြီ...ရှင်းက မိန်းကလေးတစ်ယောက်နဲ့ နန်းဆောင်မှာ အိပ်နေတယ်ဆိုပြီး ကျွန်တော့်ကို လိမ်တယ်....သေချင်နေတဲ့ အကောင် ဒီတစ်ခါ ငါမင်းကို တကယ်သတ်ပေးမယ်"
ဒေါသထွက်ကာ နောက်လှည့်ထွက်ရန် ပြင်နေသော ရှောင်ဟွား လက်အား ဆွဲ၍ ထိန်းထားလိုက်ရသည်။
"နေပါဦး ရှောင်ဟွား...ခုလို ပုံစံနဲ့ပြန်လို့ မရဘူး...ကိုယ် လွှတ်လိုက်တာနဲ့ မင်းလဲတော့မှာ...ဒီနေ့တော့ ကိုယ့်အခန်းမှာပဲ နေလိုက်...နောက်နေ့ အမူးပြေမှ အိမ်တော်ပြန်...အဲဒီချိန်မှ ရှောင်အန်းကို စိတ်ကြိုက်သာလုပ်...ကိုယ် မတားဘူး"
ရှင်းယွဲ့သည် ရှောင်ဟွား သူ့အား အရမ်းချစ်သည့်အကြောင်း သိလိုက်ရသောကြောင့် အရမ်းပျော်ရွှင်နေသည်။
ကိုယ် ချစ်သည့်သူသည် ကိုယ့်အား အရမ်းချစ်ကြောင်း သိရှိလျှင် မည်သူမဆို ပျော်မည်မှာ မလွဲဧကန်ပင်။
သူတို့ နှစ်ယောက်သာ အမြဲတူတူ ရှိနေနိုင်လျှင် ကျန်သောအရာများသည် သူ့အတွက် မလိုအပ်တော့။ သူတို့ကြားရှိနေသော ပြသနာများအားလည်း ဖြည်းဖြည်းချင်း အဆင်ပြေအောင် ကြိုးစား ညှိနှိုင်းသွားနိုင်သည်။
ရီဟွား ရှင်း လည်ပင်းရှိ လက်သည်းခြစ်ရာအား မကျေနပ်စွာ စိုက်ကြည့်နေလိုက်သည်။ လုံးဝ စိတ်အလိုမကျသောကြောင့် ရှင်း အနားတိုးကပ်သွားလိုက်ပြီး ခြေဖျားထောက်ကာ ရှင်း လည်းပင်းရှိ လက်သည်းခြစ်ရာအပေါ်သို့ သွားဖြင့် ဆင့်၍ ကိုက်ပစ်လိုက်သည်။
ရှင်း အသံတစက်မှ မထွက်ဘဲ ငြိမ်ခံနေလိုက်ပြီး ဒေါသထွက်နေသော ချစ်ရသူလေး၏ ခါးအား တင်းကျပ်စွာ ဖက်တွယ်ထားလိုက်သည်။
သွေးထွက်အောင်ထိ စိတ်ကျေနပ်စွာ ကိုက်ပြီးသော ချစ်ရသူသည် လည်ပင်းသားများအား ရန်ရှာခြင်းမှ လွှတ်ပေးလိုက်ပြီး သူ့အား စူးစိုက်ကြည့်လာသည်။
"နောက် ဘယ်သူ့ကြောင့်မှ ဒဏ်ရာ မရစေနဲ့...ခင်ဗျားကို ဒဏ်ရာပေးနိုင်တဲ့သူက ကျွန်တော် တစ်ယောက်တည်းပဲ ဖြစ်ရမယ်"
ရှင်းယွဲ့ သဝန်တိုတတ်လွန်းသောချစ်သူအား ပြုံးပြပြီး နူးညံ့သော မျက်ဝန်းများဖြင့် ကြည့်နေလိုက်သည်။
ရီဟွားသည်လည်း ရှင်းအား ပြုံး၍ တခဏမျှ စိုက်ကြည့်ပြီးနောက် လည်ပင်းရှိ ကိုက်ထားသောကြောင့် လက်သည်းခြစ်ရာပျောက်ကာ သွေးများဖြင့် သွားရာအား စိတ်ကျေနပ်စွာ ကြည့်နေလိုက်သည်။ သူ၏ လက်ချောင်းသွယ်သွယ်များဖြင့် ကိုက်ရာပေါ်သို့ ခပ်ဖွဖွထိကာ ပြောလိုက်သည်။
"ဒါကို အစွမ်းနဲ့ ဖျောက်မပစ်နဲ့...သူ့ဖာသူ အချိန်ကြာပြီး ပျောက်သွားပါစေ"
ရှင်းယွဲ့ သူ့ထက်အရပ်ပုသော ကောင်လေး၏ ခေါင်းနောက်အား ခပ်ဖွဖွ ကိုင်ကာ ခေါင်းအား ရပ်ခွင်ထဲသွင်း၍ ကပ်ထားလိုက်ပြီး လက်တစ်ဖက်သည် ခါးထက်တွင် ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"ကိုယ့်ဘေးနား အမြဲရှိနေပေး...ဘယ်တော့မှ ကိုယ့်ကိုထားပြီး ထွက်မသွားနဲ့"
"အင်း"
ရှင်းယွဲ့ သူ ပြုလုပ်ရမည့်ကိစ္စများ ဆောင်ရွက်ပြီးသည်နှင့် ရှောင်ဟွားအား ထာဝရ ရှင်သန်သူဖြစ်အောင် လုပ်ပေးပြီး သူ့ဘေးနားတွင် ထာဝရ ခေါ်ထားတော့မည်။ လူ့ဘဝ၏ ပူလောင်စရာကိစ္စများအား ချန်ထားခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်သော ရှင်းယွဲ့ဂူတွင် နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ကုန်ဆုံးသွားစေမည်။
ရှောင်ဟွား၏ အနာဂတ်နေ့ရက်များသည် ပျော်ရွှင်စရာအတိ ဖြစ်နေစေရမည်။ စိတ်ညစ်စရာအား မသိနိုင်တော့အောင်ထိ အရာရာအား ဖြည့်ဆည်းကာ ချစ်ပေးသွားမည်။ သူ၏ ဘဝသည် ရှောင်ဟွားကြောင့် ပို၍ ပြည့်စုံလာသလို ရှောင်ဟွား၏ ဘဝသည်လည်း သူ့ကြောင့် အမြဲပြည့်စုံနေစေရမည်။
သူ လုပ်နေသော ကိစ္စများအား ရှောင်ဟွား တားဆီးလာခဲ့မည်ဆိုလျှင် သူ လုပ်ခဲ့သည်များ အားလုံးအား စွန့်လွှတ်ကာ ရှောင်ဟွား ပျော်ရွှင်မှုကိုသာ ဦးစားပေးမည်အထိ သူ ရှောင်ဟွားအား လွန်စွာမြတ်နိုးတန်ဖိုးထားပေသည်။
ရုတ်တရက် ရှောင်ဟွား သန်းဝေလိုက်သည်အား ရှင်းယွဲ့ မြင်တွေ့လိုက်ရသည်။
"အိပ်ချင်နေပြီလား....ကိုယ့် အိပ်ဆောင်မှာပဲ အိပ်လိုက်တော့....ကိုယ် မနက်စောစော အိမ်တော်ကို ပြန်လိုက်ပို့ပေးမယ်"
"ဟုတ်... အိပ်တော့မယ်"
ထပ်သန်းဝေကာ ဗလုံးဗထွေး ပြောလာသူလေး၏ ခါးအား တင်းကျပ်စွာ ဖက်လိုက်ပြီး ကျန်လက်တစ်ဖက်သည် ဒူးအောက်လျှိုသွင်းကာ မ၍ ပွေ့ချီလိုက်သည်။
အိပ်ရာဆီသို့ လျှောက်သွားလိုက်ပြီးနောက် ပေါ့ပါးသော ကိုယ်လေးအား အိပ်ရာထက်သို့ ညင်သာစွာ ချလိုက်သည်။ ခြေထောက်ရှိ ဖိနပ်များအား ချွတ်လိုက်ပြီး ခြေအိတ်များကိုလည်း ဖယ်ပေးလိုက်သည်။
အရမ်းအိပ်ချင်နေသူလေးသည် အိပ်ရာပေါ် ရောက်သည်နှင့် မျက်လုံးများအား မှိတ်ကာ အိပ်နေလေပြီ။ မနိုးအောင် အသာပွေ့မလိုက်ပြီး အပေါ်အင်္ကျီတစ်ထပ်အား ချွတ်ပေးလိုက်သည်။ ထို့နောက် ဖြေးညှင်းစွာ အိပ်ရာပေါ်ပြန်ချပေးပြီး နွေးထွေးသော စောင်အား အပေါ်မှ ထပ်ခြုံပေးလိုက်သည်။
အစကတည်းက အိပ်ရာဝင်ရန် အဆင်သင့်ဖြစ်နေသော သူသည် ရှောင်ဟွားဘေး နေရာလွတ်တွင် ဝင်လဲလျောင်းလိုက်ပြီး စောင်အား အတူတူခြုံလိုက်ကာ သေရည်ရှိန်ဖြင့် ရဲနေသော မျက်နှာလေးအား အတော်ကြာ မြတ်နိုးစွာ ကြည့်နေလိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူသည်လည်း မျက်လုံးများ မှိတ်ကာ အိပ်စက်သွားတော့သည်။ မည်မျှ ကြာအောင်ထိ အိပ်ပျော်သွားသည်မှန်း မသိလိုက်။ အိပ်ရာထက်မှ လှုပ်ရှားမှုများကြောင့် အိပ်ရေးဆတ်သော ရှင်းယွဲ့၏ မျက်ဝန်းများ ပွင့်ဟလာသည်။
ပထမဆုံး သူမြင်လိုက်ရသည်က အိပ်ရာထက်တွင် ထထိုင်နေသော ရှောင်ဟွား။ သူ စိုးရိမ်ကာ ချက်ချင်းမေးလိုက်သည်။
"ရှောင်ဟွား အိပ်မပျော်ဘူးလား....နိုးနေတာလား"
သို့သော် ရှောင်ဟွားသည် သူ၏ အမေးများအား လုံးဝပြန်မဖြေဘဲ တခြားစကားလုံးများသာ ပြောနေလေသည်။ ဗလုံးဗထွေးနှင့် တိုးတိုးပြောနေသော စကားတို့အား ကြားရအောင် ဂရုစိုက်နားထောင်လိုက်သည်။
"ပူတယ်...အရမ်းပူတာပဲ...ပူတယ်...ပူလိုက်တာ"
ကြားလိုက်ရသော စကားများကြောင့် ရှင်းယွဲ့ အိပ်ချင်စိတ်များပျောက်သွားရသည်။
ထိုစကားများအား ဆက်တိုက်ပြောနေသော ရှောင်ဟွား သူ၏ အင်္ကျီများအား ဆွဲချွတ်လိုက်သောအခါတွင်မူ ရှင်းယွဲ့တစ်ယောက် ဆွံ့အသွားရတော့သည်။
******************
အိပ်ရာထက်တွင် ထိုင်ကာ အိပ်မပျော်သေးသော ယွီလေး မျက်နှာထက်တွင် လျှို့ဝှက်သော အပြုံးတစ်ပွင့် ပေါ်လာလေသည်။
"သခင်လေး....ကျွန်တော့်ရဲ့ သခင်လေးအတွက် လက်ဆောင်က သေရည်ပုလင်း မဟုတ်ဘူး...သခင်လေးအတွက် ဆေးဆိုင်ကတကူးတကဝယ်လာရတဲ့ နွေဦးဝတ်မှုန်ဆေးလေ...အစက ဆေးထည့်ထားတဲ့ သေရည်ကို သခင်လေးသောက်ပြီး အိပ်ပျော်သွားတဲ့အခါမှ အရှင့်ကို ခေါ်မလို့ တွေးထားခဲ့တာ....သခင်လေး ဆေးထရင် အရှင်နဲ့တူတူနေနိုင်အောင်လို့လေ"
သူ၏ အပြုံးတို့်သည် တဖြေးဖြေးနှင့် ပို၌ ထင်ရှားပီပြင်လာလေသည်။
"ဒီလိုမှ မဟုတ်ရင် သခင်လေးက အရှင့်ကို အတူတူနေဖို့ လက်ခံမှာ မဟုတ်ဘူး...ကျွန်တော်သခင်လေးအကြောင်းသိတယ်...ကျွန်တော့်အရှင်ရဲ့ ထာဝရ လက်တွဲဖော်ဖြစ်အောင် လုပ်တာမို့ ကျွန်တော့်ကို ဗွေမယူပါနဲ့ သခင်လေး...သခင်လေးရော အရှင်ရော ကျွန်တော့်လက်ဆောင်ကို ကြိုက်မယ်လို့ ထင်ပါတယ်...အချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်ပါစေ ကျွန်တော့်အရှင်နဲ့ အရှင်မ"
သူ ပြောချင်သော စကားတို့အား ထုတ်ပြောလိုက်ပြီးနောက် ကျေနပ်သွားသောစိတ်အခြေအနေနှင့်အတူ ယွီလေး အိပ်ရာထက်တွင် လဲလျောင်းလိုက်ပြီး အိပ်စက်လိုက်လေတော့သည်။
******************
အပိုင္း(၂၉)
မင္းႀကီးႏွင့္အတူတူ အိပ္စက္ျခင္း
ယြီေလး သခင္ေလး အရမ္းႀကိဳက္ေသာေသရည္ပုလင္းအား ကိုင္ကာ သခင္ေလးအခန္းထဲသို႔ ဝင္သြားလိုက္သည္။ သူထင္သည့္အတိုင္းပင္ သခင္ေလးသည္ ခုခ်ိန္ထိ အိပ္မေပ်ာ္ေသးေပ။
"သခင္ေလး"
သူ၏ ေခၚသံေၾကာင့္ သခင္ေလးသည္ သူရွိရာဘက္ လွည့္ၾကည့္လာသည္။ သို႔ေသာ္ သခင္ေလး၏ ေတာက္ပေသာ မ်က္ဝန္းမ်ားျဖင့္ စိုက္ၾကည့္လာသည္ကေတာ့ သူ႕ကို မဟုတ္။ သူ၏ လက္ထဲရွိ ေသရည္အိုးကိုပင္။
"ဝိုး ယြီေလး မင္းကအရမ္းအလိုက္သိတာပဲ...ငါ တကယ္ စိတ္ေတြရႈပ္ေနလို႔ ေသရည္ေသာက္ခ်င္ေနတာ...မင္း ဝယ္လာတဲ့ လက္ေဆာင္က ေသရည္မွန္ေနတာပဲ...ဒါကို မနက္ကေသရည္မဟုတ္ဘူးလို႔ ငါ့ကိုေျပာေသးတယ္...ထားလိုက္ပါေတာ့ ေသရည္မ်က္ႏွာနဲ႕ ငါမင္းကို အျပစ္မတင္ေတာ့ဘူး"
သခင္ေလးသည္ ခ်က္ခ်င္း သူရွိရာေဘးသို႔ ေရာက္လာၿပီး ေသရည္ပုလင္းအား မ,သြားေလ
သည္။ ထို႔ေနာက္ ထိုင္ခုံတြင္ထိုင္ကာ ေသရည္ပုလင္းအဖုံးအား ဖြင့္လိုက္ၿပီး ပုလင္းလိုက္ေမာ့ေသာက္ေလေတာ့သည္။
"သခင္ေလး ေလွ်ာ့ေသာက္...ကြၽန္ေတာ္ အေကာင္းနဲ႕ သတိေပးတာ"
"ဘာျဖစ္လို႔လဲ"
"အဟမ္း"
ယြီေလး ေခ်ာင္းဟန႔္ကာ ဆက္ေျပာလိုက္၏။
"ဘာမွ မဟုတ္ပါဘူး...သခင္ေလး အရမ္းမူးမွာစိုးလို႔ပါ"
"မူးလည္း ခဏပဲ...စိတ္ေတြရႈပ္ေနေတာ့ မူးရင္ပိုေကာင္းတယ္"
ေသရည္မ်ား ေသာက္လိုက္ေသာေၾကာင့္ နီရဲလာသည့္ သခင္ေလးမ်က္ႏွာအား ၾကည့္ရင္း ယြီေလးသက္ျပင္းခ်မိသည္။ သခင္ေလး မ်က္လုံးမ်ား ရီေဝလာၿပီး မူးေနၿပီမွန္း ေသခ်ာေနေလၿပီ။
႐ုတ္တရက္ ခံစားလိုက္ရေသာ ခံစားခ်က္ေၾကာင့္ ယြီေလးစိုးရိမ္သြားရသည္။
"သခင္ေလး အရွင္ အနာတရတစ္ခုခုျဖစ္တယ္ထင္တယ္...ကြၽန္ေတာ္ အဲဒီခံစားခ်က္ရလိုက္တယ္...အရွင့္ဆီ အခုသြားၾကည့္လိုက္ဦးမယ္"
နည္းနည္းေထြေနေသာ သခင္ေလးသည္ ထိုင္ခုံေပၚမွ ခ်က္ခ်င္းထကာ စိုးရိမ္ေသာ အမူအရာျဖင့္ သူ႕အား ေမးေလေတာ့သည္။
"ရွင္းလား ရွင္း တခုခုျဖစ္တာလား...ငါလည္း လိုက္မယ္"
သို႔ေသာ္ မူးေနေသာေၾကာင့္ ထိုင္ခုံေပၚ ျပန္ထိုင္က်သြား၏။
"သခင္ေလး အရမ္းမူးေနတာ...ဒီမွာပဲ ေနပါ...ကြၽန္ေတာ္ အေျခအေနသြားၾကည့္လိုက္မယ္...ခဏပဲ"
ယြီေလး သခင္ေလးအား အျမန္ေျပာလိုက္ၿပီး ေနရာမွခ်က္ခ်င္း ေပ်ာက္ကြယ္လိုက္သည္။
ရီဟြား အရမ္းစိုးရိမ္ေနေသာ္လည္း သူ နန္းေတာ္သြားေနသည္ထက္ ယြီေလးကပိုျမန္ေသာေၾကာင့္ ယြီေလးကိုသာ ေစာင့္ေနလိုက္သည္။ ယြီေလးအျမန္ျပန္လာၿပီး ရွင္း ဘာမွ မျဖစ္ေစရန္သာ ဆုေတာင္းေနလိုက္သည္။
နန္းေဆာင္ ၿခံဝန္းရွိ စားပြဲတြင္ ထိုင္ေနေသာ ရွင္းယြဲ႕ သူ၏ေရွ႕႐ုတ္တရက္ေပၚလာေသာ ေရွာင္အန္းအား ၾကည့္လိုက္သည္။ ေရွာင္အန္းသည္ သူ႕အား အရိုအေသေပးၿပီးေနာက္ စိုးရိမ္စြာ ေမးလာေလ၏။
"အရွင္ အနာတရ တစ္ခုခုျဖစ္တာလား...အဆင္ေျပရဲ႕လား"
"အင္း...တစ္ေယာက္ေယာက္က ေျမေခြးမိစာၦကို ေရွာင္ဟြားပုံစံတူလုပ္ၿပီး ငါ့ကို ျမဴ ဆြယ္ခိုင္းတာ...အခု အကုန္ရွင္းလင္းၿပီးၿပီ...ေနာက္ကြယ္က ေစခိုင္းသူကိုေတာ့ မသိလိုက္ဘူး...ေျမေခြးမိစာၦရဲ႕ လက္သည္းနဲ႕ ငါ့လည္ပင္း ထိခိုက္မိလို႔ မင္း ခံစားမိတာ"
"ေနာက္ကြယ္က ေစခိုင္းသူကို ကြၽန္ေတာ္မ်ိဳး စုံစမ္းလိုက္ပါ့မယ္ အရွင္"
"အင္း"
သူ၏ အရွင္ ဘာမွမျဖစ္မွန္း ေသခ်ာၿပီျဖစ္ေသာေၾကာင့္ ယြီေလး အရွင့္အား ျပန္ခြင့္ေတာင္းလိုက္သည္။
"အရွင္ ကြၽန္ေတာ္မ်ိဳးကို ျပန္ခြင့္ျပဳပါ...သခင္ေလးေရွ႕ကေန ႐ုတ္တရက္ ဒီကိုေရာက္လာတာမို႔ သခင္ေလး စိုးရိမ္ေနမွာစိုးလို႔ပါ"
"ေရွာင္ဟြား မအိပ္ေသးဘူးလား...ေသခ်ာဂ႐ုစိုက္လိုက္ဦး...အပင္ပန္းမခံေစနဲ႕"
"မွန္ပါ အရွင္"
ယြီေလး အရွင့္အား အရိုအေသေပးလိုက္ၿပီး အရွင့္ေရွ႕မွ ေပ်ာက္ကြယ္ကာ သခင္ေလးရွိရာ အခန္းသို႔ ျပန္သြားလိုက္သည္။
သခင္ေလးသည္ ခ်က္ခ်င္း သူ႕အား ေမးေလေတာ့သည္။
"ယြီေလး ရွင္း ဘာျဖစ္တာလဲ"
ယြီေလးသခင္ေလးအား အရွင္ရွင္းျပသည့္အတိုင္း ေျပာရန္ျပင္လိုက္ေသာ္လည္း စိတ္ကူးတစ္ခုရသြားေသာေၾကာင့္ အနည္းငယ္ေျပာင္း၍ ေျဖလိုက္သည္။
"ဘာမွ မဟုတ္ပါဘူး သခင္ေလး...အရွင္က မိန္းကေလးတစ္ေယာက္နဲ႕ အိပ္တာ...အဲဒီမိန္းကေလးက အရွင့္လည္ပင္းကို လက္သည္းနဲ႕မေတာ္တဆ ကုတ္ျခစ္လိုက္မိလို႔ အနာတရျဖစ္သြားလို႔ပါ...ကြၽန္ေတာ္ေရာက္ေတာ့ အေႏွာင့္အယွက္ေပးတယ္ဆိုၿပီး ႏွင္ထုတ္ခံလိုက္ရတယ္"
"ဘာ"
သူ၏ သခင္ေလးသည္ အသံက်ယ္ျဖင့္ ေအာ္ကာ ခုံပၚမွ ထ၍ မတ္တပ္ရပ္လိုက္ေလေတာ့သည္။ ဒီတခါေတာ့ ျပန္လဲ မက်ေတာ့ေပ။
"ခုခ်က္ခ်င္း ငါ ရွင္းဆီသြားမယ္...ယြီေလး အကိုႀကီး ေမးရင္ ၾကည့္ၾကပ္ရွင္းလိုက္"
ေဒါသထြက္ေနေသာ အသံျဖင့္ ေျပာကာ ထြက္သြားေသာ သခင္ေလးအား ၾကည့္ၿပီး ယြီေလး ၿပဳံးလိုက္မိသည္။
"သခင္ေလး ကြၽန္ေတာ့္ရဲ႕လက္ေဆာင္က သခင္ေလးကို ေပ်ာ္႐ႊင္ေစမွာပါ"
စိတ္ေက်နပ္စြာ ၿပဳံးေနေသာ ယြီေလး၏ လက္ေဆာင္သည္ သခင္ေလးအား ေပ်ာ္႐ႊင္ေစမည္ ဟုတ္ မဟုတ္ကေတာ့.....။
*******************
ေရခ်ိဳးကာ အဝတ္အစားသစ္မ်ား လဲၿပီးမွသာ စိတ္ေက်နပ္မႈ ျပန္ရသြားေသာ ရွင္းယြဲ႕ အကုန္အသစ္ျပန္လဲထားေသာ အိပ္ရာထက္တြင္ လဲေလ်ာင္းရန္ျပင္လိုက္သည္။
ထိုစဥ္ ႐ုတ္တရက္ တံခါးသည္ အၾကမ္းပတမ္း ဖြင့္ခံလိုက္ရၿပီး အနည္းငယ္ ယိမ္းထိုးေနေသာ ေရွာင္ဟြား အိပ္ေဆာင္ထဲသို႔ ဝင္လာေလသည္။
ေရွာင္ဟြား အေနာက္မွ ေရွာင္ကုန္းဇီသည္ ထိတ္လန႔္ေနေသာ အမူအရာျဖင့္ လိုက္၍ ဝင္လာသည္။
"မင္းႀကီး အမတ္ခ်ဳပ္ႀကီးကို တားေပမဲ့ တားမရလို႔...ကြၽန္ေတာ္မ်ိဳး အမတ္ခ်ဳပ္ႀကီးကို ခုနကအျဖစ္အပ်က္ေၾကာင့္ စိုးရိမ္လို႔ ေသခ်ာေမးျမန္းေပမဲ့ အမတ္ခ်ဳပ္ႀကီးက ကြၽန္ေတာ္မ်ိဳးတို႔ ဖုံးကြယ္ထားတယ္ဆိုၿပီး တံခါးအတင္းဖြင့္ ဝင္လာတာပါ"
"ေရွာင္ဟြားနဲ႕ ကိုယ္ေတာ္ကို ႏွစ္ေယာက္ထဲ ထားခဲ့...မင္း ထြက္သြားေတာ့"
"မွန္ပါ"
ေရွာင္ကုန္းဇီ ခ်က္ခ်င္း အရိုအေသေပးလိုက္ၿပီး နန္းေဆာင္ထဲမွ အျမန္ထြက္သြားလိုက္သည္။
နန္းေဆာင္အျပင္ေရာက္သည္ႏွင့္ သူ၏ အရိပ္အကဲသိမႈအရ အကုန္လုံးအား အေဝးတြင္ခဏေနရန္ အမိန႔္ေပးလိုက္ၿပီး သူသည္လည္း အေဝးတြင္သြားေနလိုက္သည္။
ရွင္းယြဲ႕ သူ၏ေရွ႕ရွိ မ်က္ႏွာမ်ား နီရဲကာ ေဒါသထြက္ေနသူအား ေငးၾကည့္ေနမိသည္။
"ေရွာင္ဟြား ေသရည္ေသာက္ထားတာလား....ကိုယ္ မေသာက္ဖို႔ အတန္တန္မွာထားရဲ႕နဲ႕"
"ခင္ဗ်ား ကြၽန္ေတာ့္ကို အရင္အျပစ္မတင္နဲ႕....ကြၽန္ေတာ္က အျပစ္တင္ရမွာ...ဘယ္မွာလဲ ခင္ဗ်ားေကာင္မ"
ေရွာင္ဟြားစကားေၾကာင့္ ရွင္းယြဲ႕ ေၾကာင္သြားရသည္။
"ဘယ္က ဘယ္သူ"
"ခင္ဗ်ားနဲ႕ တူတူအိပ္တဲ့ ခင္ဗ်ားေကာင္မေလ...နန္းေဆာင္က အရမ္းရွင္းလင္းေနေတာ့ ေသခ်ာေပါက္ လက္စလက္န အကုန္ေဖ်ာက္ထားတာပဲ...ကြၽန္ေတာ္ စုံစမ္းလို႔မိရင္ ခင္ဗ်ားကိုလည္း ခြင့္မလႊတ္ဘူး...အဲေကာင္မကိုလည္း သတ္ပစ္မယ္...ေဖာက္ျပန္ခ်င္တဲ့သူေရာ ကြၽန္ေတာ္ရွိေနတာကို ျဖတ္လုခ်င္တဲ့လူေရာ ႏွစ္ေယာက္လုံး အလြတ္မေပးဘူး"
ေရွာင္ဟြား ေျပာေနသည္မ်ားကို သူလုံးဝနားမလည္နိုင္။ ထပ္ၿပီး သူတို႔ၾကား အထင္လြဲေနျခင္းျဖစ္မည္ဟု ေတြးကာ ေသခ်ာေမးလိုက္သည္။
"ေရွာင္ဟြား ကိုယ့္ကို ေသခ်ာရွင္းျပဦး...ကိုယ္တို႔ၾကား နားလည္မႈလြဲေနၿပီ...ကိုယ္ ဘယ္မိန္းကေလးနဲ႕မွ မအိပ္ဘူး"
"ခင္ဗ်ား ဘယ္မိန္းကေလးနဲ႕မွ မအိပ္ဘူးဆို...ခင္ဗ်ားလည္ပင္းက လက္သည္းရာက ဘယ္ကေရာက္လာတာလဲ ေျပာ"
"ေၾသာ္ ဒါလား"
ရွင္းယြဲ႕ သူ၏လည္ပင္းရွိ လက္သည္းျခစ္ရာအား စမ္းလိုက္မိသည္။
"ဒါက လုပ္ႀကံသူတစ္ေယာက္ ကိုယ့္ကို လာျမဴ စြယ္ရင္း သူ႕လက္သည္းနဲ႕ ျခစ္မိတာပါ"
ရီဟြား မ်က္လုံးမ်ား ျပဴးက်ယ္သြားရသည္။ ယိုင္ခ်င္ခ်င္ျဖစ္ေနေသာ ခႏၶာကိုယ္အား ထိန္း၍ ရွင္းရွိရာသို႔ ေလွ်ာက္လာလိုက္သည္။
ရွင္းသည္ သူ၏ လက္တစ္ဖက္အား ဆြဲကိုင္၍ သူ၏ကိုယ္အား မလဲေအာင္ ထိန္းေပးထားသည္။
"လုပ္ႀကံသူ ဟုတ္လား...ရွင္း ဘာျဖစ္သြားေသးလဲ...ဒဏ္ရာရေသးလား...အဲဒီ လုပ္ႀကံသူ ဘယ္မွာလဲ...ကြၽန္ေတာ္သတ္ပစ္မယ္"
"အဲဒီလုပ္ႀကံသူကို ကိုယ္ သတ္လိုက္ပါၿပီ...အေလာင္းကို ရွင္းၿပီး ဒီအခန္းကို ရွင္းလင္းခိုင္းထားတာ...ကိုယ္ဘာမွ မျဖစ္ဘူး"
"ဒါဆို ဒါက လုပ္ႀကံသူေၾကာင့္ ရတဲ့ဒဏ္ရာေပါ့"
လည္ပင္းရွိ လက္သည္းျခစ္ရာအား ဖြဖြထိရင္း ေမးလာေသာ ေရွာင္ဟြားေၾကာင့္ ရွင္းယြဲ႕ေခါင္းညိတ္ျပလိုက္သည္။
"အင္း"
"ယြီေလး ကြၽန္ေတာ့္ကို တပတ္ရိုက္သြားျပန္ၿပီ...ရွင္းက မိန္းကေလးတစ္ေယာက္နဲ႕ နန္းေဆာင္မွာ အိပ္ေနတယ္ဆိုၿပီး ကြၽန္ေတာ့္ကို လိမ္တယ္....ေသခ်င္ေနတဲ့ အေကာင္ ဒီတစ္ခါ ငါမင္းကို တကယ္သတ္ေပးမယ္"
ေဒါသထြက္ကာ ေနာက္လွည့္ထြက္ရန္ ျပင္ေနေသာ ေရွာင္ဟြား လက္အား ဆြဲ၍ ထိန္းထားလိုက္ရသည္။
"ေနပါဦး ေရွာင္ဟြား...ခုလို ပုံစံနဲ႕ျပန္လို႔ မရဘူး...ကိုယ္ လႊတ္လိုက္တာနဲ႕ မင္းလဲေတာ့မွာ...ဒီေန႕ေတာ့ ကိုယ့္အခန္းမွာပဲ ေနလိုက္...ေနာက္ေန႕ အမူးေျပမွ အိမ္ေတာ္ျပန္...အဲဒီခ်ိန္မွ ေရွာင္အန္းကို စိတ္ႀကိဳက္သာလုပ္...ကိုယ္ မတားဘူး"
ရွင္းယြဲ႕သည္ ေရွာင္ဟြား သူ႕အား အရမ္းခ်စ္သည့္အေၾကာင္း သိလိုက္ရေသာေၾကာင့္ အရမ္းေပ်ာ္႐ႊင္ေနသည္။
ကိုယ္ ခ်စ္သည့္သူသည္ ကိုယ့္အား အရမ္းခ်စ္ေၾကာင္း သိရွိလွ်င္ မည္သူမဆို ေပ်ာ္မည္မွာ မလြဲဧကန္ပင္။
သူတို႔ ႏွစ္ေယာက္သာ အၿမဲတူတူ ရွိေနနိုင္လွ်င္ က်န္ေသာအရာမ်ားသည္ သူ႕အတြက္ မလိုအပ္ေတာ့။ သူတို႔ၾကားရွိေနေသာ ျပသနာမ်ားအားလည္း ျဖည္းျဖည္းခ်င္း အဆင္ေျပေအာင္ ႀကိဳးစား ညွိႏွိုင္းသြားနိုင္သည္။
ရီဟြား ရွင္း လည္ပင္းရွိ လက္သည္းျခစ္ရာအား မေက်နပ္စြာ စိုက္ၾကည့္ေနလိုက္သည္။ လုံးဝ စိတ္အလိုမက်ေသာေၾကာင့္ ရွင္း အနားတိုးကပ္သြားလိုက္ၿပီး ေျခဖ်ားေထာက္ကာ ရွင္း လည္းပင္းရွိ လက္သည္းျခစ္ရာအေပၚသို႔ သြားျဖင့္ ဆင့္၍ ကိုက္ပစ္လိုက္သည္။
ရွင္း အသံတစက္မွ မထြက္ဘဲ ၿငိမ္ခံေနလိုက္ၿပီး ေဒါသထြက္ေနေသာ ခ်စ္ရသူေလး၏ ခါးအား တင္းက်ပ္စြာ ဖက္တြယ္ထားလိုက္သည္။
ေသြးထြက္ေအာင္ထိ စိတ္ေက်နပ္စြာ ကိုက္ၿပီးေသာ ခ်စ္ရသူသည္ လည္ပင္းသားမ်ားအား ရန္ရွာျခင္းမွ လႊတ္ေပးလိုက္ၿပီး သူ႕အား စူးစိုက္ၾကည့္လာသည္။
"ေနာက္ ဘယ္သူ႕ေၾကာင့္မွ ဒဏ္ရာ မရေစနဲ႕...ခင္ဗ်ားကို ဒဏ္ရာေပးနိုင္တဲ့သူက ကြၽန္ေတာ္ တစ္ေယာက္တည္းပဲ ျဖစ္ရမယ္"
ရွင္းယြဲ႕ သဝန္တိုတတ္လြန္းေသာခ်စ္သူအား ၿပဳံးျပၿပီး ႏူးညံ့ေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနလိုက္သည္။
ရီဟြားသည္လည္း ရွင္းအား ၿပဳံး၍ တခဏမွ် စိုက္ၾကည့္ၿပီးေနာက္ လည္ပင္းရွိ ကိုက္ထားေသာေၾကာင့္ လက္သည္းျခစ္ရာေပ်ာက္ကာ ေသြးမ်ားျဖင့္ သြားရာအား စိတ္ေက်နပ္စြာ ၾကည့္ေနလိုက္သည္။ သူ၏ လက္ေခ်ာင္းသြယ္သြယ္မ်ားျဖင့္ ကိုက္ရာေပၚသို႔ ခပ္ဖြဖြထိကာ ေျပာလိုက္သည္။
"ဒါကို အစြမ္းနဲ႕ ေဖ်ာက္မပစ္နဲ႕...သူ႕ဖာသူ အခ်ိန္ၾကာၿပီး ေပ်ာက္သြားပါေစ"
ရွင္းယြဲ႕ သူ႕ထက္အရပ္ပုေသာ ေကာင္ေလး၏ ေခါင္းေနာက္အား ခပ္ဖြဖြ ကိုင္ကာ ေခါင္းအား ရပ္ခြင္ထဲသြင္း၍ ကပ္ထားလိုက္ၿပီး လက္တစ္ဖက္သည္ ခါးထက္တြင္ ပို၍ တင္းက်ပ္စြာ ဖက္ထားလိုက္သည္။
"ကိုယ့္ေဘးနား အၿမဲရွိေနေပး...ဘယ္ေတာ့မွ ကိုယ့္ကိုထားၿပီး ထြက္မသြားနဲ႕"
"အင္း"
ရွင္းယြဲ႕ သူ ျပဳလုပ္ရမည့္ကိစၥမ်ား ေဆာင္႐ြက္ၿပီးသည္ႏွင့္ ေရွာင္ဟြားအား ထာဝရ ရွင္သန္သူျဖစ္ေအာင္ လုပ္ေပးၿပီး သူ႕ေဘးနားတြင္ ထာဝရ ေခၚထားေတာ့မည္။ လူ႕ဘဝ၏ ပူေလာင္စရာကိစၥမ်ားအား ခ်န္ထားခဲ့ၿပီး တိတ္ဆိတ္ၿငိမ္သက္ေသာ ရွင္းယြဲ႕ဂူတြင္ ေန႕ရက္တိုင္းကို ေပ်ာ္႐ႊင္စြာ ကုန္ဆုံးသြားေစမည္။
ေရွာင္ဟြား၏ အနာဂတ္ေန႕ရက္မ်ားသည္ ေပ်ာ္႐ႊင္စရာအတိ ျဖစ္ေနေစရမည္။ စိတ္ညစ္စရာအား မသိနိုင္ေတာ့ေအာင္ထိ အရာရာအား ျဖည့္ဆည္းကာ ခ်စ္ေပးသြားမည္။ သူ၏ ဘဝသည္ ေရွာင္ဟြားေၾကာင့္ ပို၍ ျပည့္စုံလာသလို ေရွာင္ဟြား၏ ဘဝသည္လည္း သူ႕ေၾကာင့္ အၿမဲျပည့္စုံေနေစရမည္။
သူ လုပ္ေနေသာ ကိစၥမ်ားအား ေရွာင္ဟြား တားဆီးလာခဲ့မည္ဆိုလွ်င္ သူ လုပ္ခဲ့သည္မ်ား အားလုံးအား စြန႔္လႊတ္ကာ ေရွာင္ဟြား ေပ်ာ္႐ႊင္မႈကိုသာ ဦးစားေပးမည္အထိ သူ ေရွာင္ဟြားအား လြန္စြာျမတ္နိုးတန္ဖိုးထားေပသည္။
႐ုတ္တရက္ ေရွာင္ဟြား သန္းေဝလိုက္သည္အား ရွင္းယြဲ႕ ျမင္ေတြ႕လိုက္ရသည္။
"အိပ္ခ်င္ေနၿပီလား....ကိုယ့္ အိပ္ေဆာင္မွာပဲ အိပ္လိုက္ေတာ့....ကိုယ္ မနက္ေစာေစာ အိမ္ေတာ္ကို ျပန္လိုက္ပို႔ေပးမယ္"
"ဟုတ္... အိပ္ေတာ့မယ္"
ထပ္သန္းေဝကာ ဗလုံးဗေထြး ေျပာလာသူေလး၏ ခါးအား တင္းက်ပ္စြာ ဖက္လိုက္ၿပီး က်န္လက္တစ္ဖက္သည္ ဒူးေအာက္လွ်ိုသြင္းကာ မ၍ ေပြ႕ခ်ီလိုက္သည္။
အိပ္ရာဆီသို႔ ေလွ်ာက္သြားလိုက္ၿပီးေနာက္ ေပါ့ပါးေသာ ကိုယ္ေလးအား အိပ္ရာထက္သို႔ ညင္သာစြာ ခ်လိဳက္သည္။ ေျခေထာက္ရွိ ဖိနပ္မ်ားအား ခြၽတ္လိုက္ၿပီး ေျခအိတ္မ်ားကိုလည္း ဖယ္ေပးလိုက္သည္။
အရမ္းအိပ္ခ်င္ေနသူေလးသည္ အိပ္ရာေပၚ ေရာက္သည္ႏွင့္ မ်က္လုံးမ်ားအား မွိတ္ကာ အိပ္ေနေလၿပီ။ မနိုးေအာင္ အသာေပြ႕မလိုက္ၿပီး အေပၚအကၤ်ီတစ္ထပ္အား ခြၽတ္ေပးလိုက္သည္။ ထို႔ေနာက္ ေျဖးညွင္းစြာ အိပ္ရာေပၚျပန္ခ်ေပးၿပီး ေႏြးေထြးေသာ ေစာင္အား အေပၚမွ ထပ္ၿခဳံေပးလိုက္သည္။
အစကတည္းက အိပ္ရာဝင္ရန္ အဆင္သင့္ျဖစ္ေနေသာ သူသည္ ေရွာင္ဟြားေဘး ေနရာလြတ္တြင္ ဝင္လဲေလ်ာင္းလိုက္ၿပီး ေစာင္အား အတူတူၿခဳံလိုက္ကာ ေသရည္ရွိန္ျဖင့္ ရဲေနေသာ မ်က္ႏွာေလးအား အေတာ္ၾကာ ျမတ္နိုးစြာ ၾကည့္ေနလိုက္သည္။
အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူသည္လည္း မ်က္လုံးမ်ား မွိတ္ကာ အိပ္စက္သြားေတာ့သည္။ မည္မွ် ၾကာေအာင္ထိ အိပ္ေပ်ာ္သြားသည္မွန္း မသိလိုက္။ အိပ္ရာထက္မွ လႈပ္ရွားမႈမ်ားေၾကာင့္ အိပ္ေရးဆတ္ေသာ ရွင္းယြဲ႕၏ မ်က္ဝန္းမ်ား ပြင့္ဟလာသည္။
ပထမဆုံး သူျမင္လိုက္ရသည္က အိပ္ရာထက္တြင္ ထထိုင္ေနေသာ ေရွာင္ဟြား။ သူ စိုးရိမ္ကာ ခ်က္ခ်င္းေမးလိုက္သည္။
"ေရွာင္ဟြား အိပ္မေပ်ာ္ဘူးလား....နိုးေနတာလား"
သို႔ေသာ္ ေရွာင္ဟြားသည္ သူ၏ အေမးမ်ားအား လုံးဝျပန္မေျဖဘဲ တျခားစကားလုံးမ်ားသာ ေျပာေနေလသည္။ ဗလုံးဗေထြးႏွင့္ တိုးတိုးေျပာေနေသာ စကားတို႔အား ၾကားရေအာင္ ဂ႐ုစိုက္နားေထာင္လိုက္သည္။
"ပူတယ္...အရမ္းပူတာပဲ...ပူတယ္...ပူလိုက္တာ"
ၾကားလိုက္ရေသာ စကားမ်ားေၾကာင့္ ရွင္းယြဲ႕ အိပ္ခ်င္စိတ္မ်ားေပ်ာက္သြားရသည္။
ထိုစကားမ်ားအား ဆက္တိုက္ေျပာေနေသာ ေရွာင္ဟြား သူ၏ အကၤ်ီမ်ားအား ဆြဲခြၽတ္လိုက္ေသာအခါတြင္မူ ရွင္းယြဲ႕တစ္ေယာက္ ဆြံ႕အသြားရေတာ့သည္။
******************
အိပ္ရာထက္တြင္ ထိုင္ကာ အိပ္မေပ်ာ္ေသးေသာ ယြီေလး မ်က္ႏွာထက္တြင္ လွ်ို႔ဝွက္ေသာ အၿပဳံးတစ္ပြင့္ ေပၚလာေလသည္။
"သခင္ေလး....ကြၽန္ေတာ့္ရဲ႕ သခင္ေလးအတြက္ လက္ေဆာင္က ေသရည္ပုလင္း မဟုတ္ဘူး...သခင္ေလးအတြက္ ေဆးဆိုင္ကတကူးတကဝယ္လာရတဲ့ ေႏြဦးဝတ္မႈန္ေဆးေလ...အစက ေဆးထည့္ထားတဲ့ ေသရည္ကို သခင္ေလးေသာက္ၿပီး အိပ္ေပ်ာ္သြားတဲ့အခါမွ အရွင့္ကို ေခၚမလို႔ ေတြးထားခဲ့တာ....သခင္ေလး ေဆးထရင္ အရွင္နဲ႕တူတူေနနိုင္ေအာင္လို႔ေလ"
သူ၏ အၿပဳံးတို႔္သည္ တေျဖးေျဖးႏွင့္ ပို၌ ထင္ရွားပီျပင္လာေလသည္။
"ဒီလိုမွ မဟုတ္ရင္ သခင္ေလးက အရွင့္ကို အတူတူေနဖို႔ လက္ခံမွာ မဟုတ္ဘူး...ကြၽန္ေတာ္သခင္ေလးအေၾကာင္းသိတယ္...ကြၽန္ေတာ့္အရွင္ရဲ႕ ထာဝရ လက္တြဲေဖာ္ျဖစ္ေအာင္ လုပ္တာမို႔ ကြၽန္ေတာ့္ကို ေဗြမယူပါနဲ႕ သခင္ေလး...သခင္ေလးေရာ အရွင္ေရာ ကြၽန္ေတာ့္လက္ေဆာင္ကို ႀကိဳက္မယ္လို႔ ထင္ပါတယ္...အခ်ိန္ေကာင္းေလးေတြ ပိုင္ဆိုင္နိုင္ပါေစ ကြၽန္ေတာ့္အရွင္နဲ႕ အရွင္မ"
သူ ေျပာခ်င္ေသာ စကားတို႔အား ထုတ္ေျပာလိုက္ၿပီးေနာက္ ေက်နပ္သြားေသာစိတ္အေျခအေနႏွင့္အတူ ယြီေလး အိပ္ရာထက္တြင္ လဲေလ်ာင္းလိုက္ၿပီး အိပ္စက္လိုက္ေလေတာ့သည္။
******************