အပိုင်း(၂၈)
ရှင်းယွဲ့နတ်ဘုရားအား မြူ ဆွယ်ခြင်း
ရီဟွား ခြံဝန်းထဲရှိ စားပွဲဝိုင်းတွင် စိတ်ရှုပ်ထွေးစွာဖြင့် လက်ဖက်ရည်သောက်ရင်း ထိုင်နေမိသည်။ ယခုတလော သူ့တွင် အတွေးများစရာ ကိစ္စများစွာ ရှိနေသည်။
ရှင်းနှင့် ပတ်သတ်၍လည်း သူ အမြဲငြင်းဆန်၍ ရမည်မဟုတ်သောကြောင့် နောက်ခါ မည်သို့ပြောရမည်နည်းဟု တွေးနေမိသည်။
ရုတ်တရက် အနောက်မှ ပြေးဖက်လာသူကြောင့် သောက်နေသော လက်ဖက်ရည်များပင် ဖိတ်စင်ကျသွားရသည်။
"သခင်လေး ကျွန်တော့်ကို သတိမရဘူးလား"
"Fuck!"
ရီဟွား ရုတ်တရက်လန့်သွားသောကြောင့် ယောင်ကာ ဆဲလိုက်မိသည်။
"သခင်လေးကလည်း ကျွန်တော့်ကို သတိရမရ အရင်ပြောပါ...ကျွန်တော် ချစ်စရာကောင်းတာကို အရင်မပြောပါနဲ့"
'နင့်မေကလွှား ချစ်စရာကောင်းရမှာလား...အခန့်မသင့်ရင် ငါ သီးပြီးသေသွားနိုင်တယ်...ငါးစုတ်ငါးနာ နှစ်တွေသာ ကြာသွားတယ်...အချိုးက တစက်မှမပြောင်းဘူး'
ရီဟွား စိတ်ထဲမှ ဒေါသထွက်စွာ တွေးလိုက်ပြီးနောက် နောက်ကျောဘက်ရှိ ယွီလေးဘက်သို့ မျက်နှာလှည့်ကာ မျက်စောင်းထိုးလိုက်သည်။
"မင်း ဘာလို့ ဟိုမှာ မသေသွားတာလဲ...ငါက မင်းအတွက် မီးရှို့ပေးရအောင် ပိုက်ဆံတွေတောင် အများကြီး အဆင်သင့်ဆောင်ထားတာ"
"အီး ဟီး သခင်လေး ရက်စက်တယ်...ကျွန်တော့်လို ချစ်စရာလေးကို သခင်လေးမို့ သေခိုင်းရက်တယ်"
"တော်စမ်း ယွီလေး အသံဆိုးကြီးနဲ့ အော်ငိုပြန်ပြီ...မင်းက ရှင်းရဲ့ အစောင့်အရှောက်ဆိုတာ ခုထိငါတကယ် မယုံနိုင်သေးဘူး"
သူ ပြောသောစကားကြောင့် ယွီလေးမျက်နှာသည် ချက်ချင်းပြောင်းသွားပြီး သူ့အား ရယ်ပြလာသည်။ တကယ်ပင် ထိုအမျိုးမျိုးပြောင်းလဲနေသော မျက်နှာသည် ပိတ်ရိုက်ချင်စရာကောင်းလှသည်။
"သခင်လေး...သခင်လေးအတွက် ကျွန်တော့်မှာ လက်ဆောင်ပါတယ်...သခင်လေး သေချာပေါက်ကြိုက်လိမ့်မယ်"
"ဘာလဲ...သေရည်လား ဘာအမျိုးအစားလဲ...ဘယ်မှာလဲ"
သခင်လေး စကားကြောင့် ယွီလေးမျက်နှာ ရှုံ့မဲ့သွားရသည်။
"သခင်လေးကလည်း အားနေ ဒီသေရည်ပဲ စဉ်းစားနေတာ...သေရည် မဟုတ်ပါဘူး...တခြားဟာ"
သေရည် မဟုတ်သောကြောင့် ရီဟွားစိတ်မဝင်စားတော့။
"အဲဒါဆို ဘာလဲ...ပေး"
ရီဟွား လက်ဖြန့်ကာ တောင်းလိုက်သည်။
"နောက်မှ ပေးမယ် သခင်လေး"
"ခု ပေးလို့ မရဘူးလား"
"မရဘူး"
"အဲဒါဆိုလည်း ထားလိုက်တော့"
အရာရာပြည့်စုံနေသော သူ့အနေဖြင့် အရမ်းလိုချင်သည့်ပစ္စည်း မရှိသောကြောင့် ရီဟွား ဆက်မေးမနေတော့။ ခုချိန် သူ ခေါင်းကိုက်နေရသည့် ကိစ္စအား ဖြေရှင်းမရနိုင်သေးသောကြောင့် ယွီလေးနှင့်လည်း ဆက်ငြင်းမနေချင်ပေ။
"သခင်လေး အိမ်ပြင်မှာပဲ ကြာကြာမနေနဲ့လေ...သခင်လေးက ဖျားနာတတ်တာနဲ့ အပြင်လေတွေ အရမ်းတိုက်နေတာ ဖျားလိမ့်မယ်"
ယွီလေးအသံသည် စနောက်နေခြင်းမျိုး မဟုတ်ဘဲ တကယ်စိုးရိမ်နေမှန်း သိသာသောကြောင့် ရီဟွား ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည်။
"အင်း အိမ်ထဲဝင်တော့မယ်"
သူ ထိုနေရာမှ လှည့်ထွက်လာသည်နှင့် ယွီလေးသည်လည်း သူ့နောက်မှ လိုက်၍ အိမ်ထဲဝင်လာတော့သည်။ သေချာပေါက် လွန်ခဲ့သော ရက်ပိုင်းအတွင်းက တိတ်ဆိတ်နေခဲ့သော အိမ်တော်သည်
ဒီနေ့မှစ၍ မိသားစုသဖွယ်ဖြစ်နေသော ယွီလေးကြောင့် ပြန်၌ ဆူညံကာအသက်ဝင်လာပေတော့မည်။
*********************
ညည့်ဦးယံချိန်.....
ကောင်းကင်၌ လမင်းကြီးသည် ထိန်ထိန်သာ နေသည်။
မင်းကြီး အိပ်ဆောင်ရှိ အစောင့်အရှောက်များသည် သတိမလွတ်ရဘဲ အိပ်ဆောင်အား သေချာစောင့်ကြပ်နေကြသည်။
ရှောင်ကုန်းဇီသည်လည်း အိပ်ဆောင်အပြင်တွင် မင်းကြီး အိပ်မပျော်သေးသောကြောင့် ခိုင်းစရာရှိလျှင် အဆင်သင့်ဖြစ်စေရန် မတ်တပ်ရပ်နေသည်။
ထိုစဉ် လူတစ်ယောက်သည် အိပ်ဆောင်အနီးသို့ တဖြေးဖြေး လျောက်လာသောကြောင့် နန်းဆောင်စောင့်များနှင့်အတူ ရှောင်ကုန်းဇီပင် အရေးကြုံလျှင် အဆင်သင့်ဖြစ်စေရန် သတိချပ်မိသွားသည်။
ညဘက်အချိန် ရောက်လာသူဖြစ်သောကြောင့် လူကောင်း မဖြစ်နိုင်ဟု တွေးထင်လိုက်ကြ၏။ မင်းကြီးသည်လည်း ညဘက်အချိန်တွင် မည်သူ့ကိုမျှ မဆင့်ခေါ်ဖူး။
သို့သော် ထိုလူသည် သူတို့အနား အနီးကပ်ရောက်လာသောအခါ အကုန်လုံးအံ့သြကာ ဆွံ့အသွားကြရသည်။
"အမတ်ချုပ်ကြီး ဘယ်လိုကြောင့် ဒီအချိန်ကြီး ရောက်လာရတာလဲ"
ရှောင်ကုန်းဇီ၏ အမေးအား အမတ်ချုပ်ကြီးသည် ချက်ချင်းပြန်၍ ဖြေလေသည်။
"အရေးကြီးကိစ္စတစ်ခု မင်းကြီးနဲ့ တိုင်ပင်စရာရှိလို့ရောက်လာတာ"
အမတ်ချုပ်ကြီးအသံသည် တမျိုးဖြစ်နေသောကြောင့် ရှောင်ကုန်းဇီ အံ့အားသင့်သွားရသည်။
"အမတ်ချုပ်ကြီး အသံက"
"သြော် ညနေက လေစိမ်းတိုက်တာခံမိလို့ အသံဝင်သွားတာပါ"
"ဟို အမတ်ချုပ်ကြီး မင်းကြီးက အိပ်တော့မယ် ထင်တယ်...မင်းကြီးကို အသိပေးဖို့က"
"ဒီတိုင်းဝင်သွားလိုက်ပါ့မယ်...မင်းကြီးက အပြစ်တင်မှာ မဟုတ်ပါဘူး"
အမြဲလိုလို ရှင်း ဟုသာ ခေါ်တတ်သော အမတ်ချုပ်ကြီးက မင်းကြီးဟုခေါ်လာသောကြောင့် ရှောင်ကုန်းဇီ အံ့အားသင့်သွားသော်လည်း တခါတရံ ပြောင်းခေါ်ခြင်းဖြစ်မည်ဟုသာ တွေးလိုက်သည်။
"အမတ်ချုပ်ကြီး ခုချိန်ကြီးက နည်းနည်း"
"မင်းကြီးနဲ့ အိပ်ဖို့လာတာ တံခါးဖွင့်"
အမတ်ချုပ်ကြီးစကားကြောင့် ရှောင်ကုန်းဇီမျက်လုံးများ ပြူးကျယ်သွားရသည်။
"ဘာကြောင်ကြည့်နေတာလဲ...တံခါးဖွင့်လိုက်"
ရှောင်ကုန်းဇီ အလျင်အမြန် အစောင့်များအား တံခါးဖွင့်ခိုင်းလိုက်သည်။
"မြန်မြန် တံခါးဖွင့်လိုက် မြန်မြန်...မြန်မြန်"
နန်းဆောင်တံခါး ဖွင့်လိုက်သည်နှင့် အမတ်ချုပ်ကြီးသည် နန်းဆောင်ထဲသို့ ဝင်သွားလေသည်။
"မြန်မြန် တံခါးပိတ် ပြီးရင် မင်းတို့ တော်တော်ဝေးဝေးမှာ သွားနေကြ...ဒီနား အနီးကပ်စောင့်စရာ မလိုဘူး"
"ဟုတ်ကဲ့ အထိန်းတော်ချုပ်ကြီး"
အစအဆုံး ကြားလိုက်ရသော နန်းစောင့်ကိုယ်ရံတော်များသည် ချက်ချင်းပင် အဝေးသို့ထွက်သွားကြသည်။
ရှောင်ကုန်းဇီ မတိုးမကျယ်အသံဖြင့် အရိပ်ကိုယ်ရံတော်ခေါင်းဆောင်အား အော်ခေါ်လိုက်သည်။
"အရိပ်ကိုယ်ရံတော် ခေါင်းဆောင်....အရိပ်ကိုယ်ရံတော် ခေါင်းဆောင်ချန်း"
တခဏအကြာ လေကဲ့သို့ လျင်မြန်စွာဖြင့် အရိပ်ကိုယ်ရံတော်ခေါင်းဆောင်သည် သူ့ဘေးသို့ ရောက်လာသည်။
"ဘာလို့ ငါ့ကို ခေါ်တာလဲ"
"ခင်ဗျားတို့ ဒီည မင်းကြီးနား အနီးကပ် စောင့်ရှောက်စရာ မလိုဘူး...မင်းကြီးက အမတ်ချုပ်ကြီးနဲ့ တူတူနေမှာမို့ ခင်ဗျားတို့ ခပ်ဝေးဝေးမှာနေပေး"
ချန်း သူ၏ ရှေ့ရှိ သေးသေးငယ်ငယ် ပုတုတုကောင်လေးအား ကြည့်လိုက်သည်။ ဝမ်းသာအားရ ဖြစ်နေသော ပုံစံအား နားမလည်နိုင်စွာ မေးလိုက်၏။
"မင်းက ဘာလို့ အဲလောက် ဝမ်းသာအားရပုံစံဖြစ်နေရတာလဲ...မင်းကြီးနဲ့ အမတ်ချုပ်ကြီး တူတူရှိတာက အမြဲတမ်းလိုလိုပဲလေ"
အရိပ်ကိုယ်ရံတော်ခေါင်းဆောင်စကားကြောင့် ရှောင်ကုန်းဇီ၏မျက်နှာသည် နီရဲသွားသည်။
"ခင်ဗျားက တကယ် မသိတတ်တာဘဲ...မင်းကြီးနဲ့ အမတ်ချုပ်ကြီး အမြဲတူတူရှိနေတာက နေ့ခင်းဘက်တွေလေ...ဘယ်တုန်းက ခုလို ညဘက်တူတူ ရှိဖူးလို့လဲ...အဲလိုမျိုး မသိတတ်လို့ ခင်ဗျား မိန်းမ မရတာ"
"ငါတို့ အရိပ်ကိုယ်ရံတော်တွေက မိသားစုထားပိုင်ခွင့် မရှိဘူး...မင်းကြီးနား အမြဲရှိနေရပြီး အချိန်မရွေးသေနိုင်လို့"
အရိပ်ကိုယ်ရံတော်စကားကြောင့် ရှောင်ကုန်းဇီဝမ်းနည်းသွားရသည်။ စကားမှားပြောမိခြင်းအတွက်လည်း အားနာသွားရသည်။
အရိပ်ကိုယ်ရံတော်များသည် သူတို့နှင့် ဘဝတူများဖြစ်နေသည်။ သူတို့လို ကုန်းကုန်းများသည်လည်း မိသားစုဘဝအား ဘယ်သောအခါမျှ မရနိုင်သူများပင်။
"ကျွန်တော်လည်း ဘယ်တော့မှ မိသားစုရှိလာနိုင်မှာ မဟုတ်ဘူး...အဲဒါကြောင့် ကျွန်တော် ခင်ဗျား မိသားစုဝင်ဖြစ်ပေးမယ်လေ"
"မင်းကတကယ် မိသားစုဝင်ဖြစ်ပေးမှာလား"
ချန်း မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်ကာမေးလိုက်သည်။
"သေချာတာပေါ့...ဒီနေ့ကစပြီး ကျွန်တော်က ခင်ဗျား မိသားစုဝင်ပဲ...ခင်ဗျားမှာ မိသားစုရှိလာပြီမို့ သေလို့မဖြစ်တော့ဘူး...ကျွန်တော် မိသားစုဝင်တစ်ယောက်ကို မဆုံးရှုံ့ချင်ဘူး"
"အင်း"
ပြန်ဖြေလာသော စကားတစ်ခွန်းတည်းကြောင့် ရှောင်ကုန်းဇီ စိတ်တိုသွားရသည်။
"အဲဒါပဲလား...အဲဒါပဲ ပြန်ဖြေတာလား"
"အင်း"
ထပ်ဖြေလာသော ထိုစကားကြောင့် ရှောင်ကုန်းဇီ စကားအများကြီးပြောမိသည့် ကိုယ့်ပါးစပ်ကိုသာ ပိတ်ရိုက်ချင်သွားရသည်။
ချန်း သူ၏ စကားနည်းတတ်သော အလေ့အကျင့်ကြောင့် စိတ်တိုသွားသော ပထမဆုံးမိသားစုဝင်ဖြစ်ပေးသူ၏ မျက်ဝန်းများအား စူးစိုက်ကြည့်လိုက်မိသည်။ ကတိပေးသောစကားအား ကြိုးစား၍ ရှည်ရှည်ဝေးဝေး ပြောလိုက်သည်။
"စိတ်မပူပါနဲ့...မင်းရဲ့ မိသားစုအဖြစ် အမြဲရှိနေပေးပါ့မယ်"
ရှောင်ကုန်းဇီ ကြားလိုက်ရသော စကားကြောင့် စိတ်တိုနေမှုတို့ ပျောက်သွားပြီး စိတ်ကျေနပ်သွားသည်။ အစကတည်းက ထိုသို့ပြောရမည့်အရေး အိုက်တင်ခံနေသောကြောင့် အချိန်ပင်အလကားကုန်သွားရသည်ဟု တွေးလိုက်မိသည်။
"အခုတော့ ခင်ဗျားတို့ အရှင်မင်းကြီးအနှောင့်အယှက် မဖြစ်အောင် ခဏ ရှောင်ပေးကြပါလား"
သူ အဓိကအချက်အား ပြောကာ အရိပ်ကိုယ်ရံတော်ခေါင်းဆောင်အား ဖယ်ပေးရန် တောင်းဆိုလိုက်သည်။
"အင်း ဖယ်ပေးမယ်"
"အရိပ်ကိုယ်ရံတော်ခေါင်းဆောင် ကျေးဇူးပါ"
"ငါ့ကို ချန်းလို့ ခေါ်လို့ရတယ်"
အမြဲ အေးစက်စက်မျက်နှာထားသည် ပြုံး၍ ပြောလာသောကြောင့် ကြည့်ကောင်းလွန်းလှသဖြင့် ရှောင်ကုန်းဇီမှင်သက်စွာ ငေးနေမိသည်။ အရိပ်ကိုယ်ရံတော်ခေါင်းဆောင်သည် သူ့ဘေးမှ ခဏလေးချင်းပင် ပျောက်သွားလေသည်။
လူကို မတွေ့ရတော့သောအခါမှသာ ရှောင်ကုန်းဇီ အသိပြန်ဝင်လာရသည်။ သူသည်လည်း ချက်ချင်းပင်နန်းဆောင်နှင့် ဝေးရာဆီသို့ လျှောက်သွားလိုက်သည်။
*******************
အိပ်ဆောင်တံခါးပွင့်လာသောကြောင့် အိပ်မပျော်သေးသော ရှင်းယွဲ့ တံခါးရှိရာဘက် ကြည့်လိုက်သည်။
ဝင်လာသူအား မြင်လိုက်ချိန်တွင် သူ့အံ့အားသင့်သွားရသည်။
"ရှောင်ဟွား ဘယ်လိုကြောင့် ညဘက်ကြီး ကိုယ့်ဆီရောက်လာရတာလဲ"
သူ၏အမေးအား ရှောင်ဟွားသည် ပြန်မဖြေဘဲ ခပ်လှမ်းလှမ်း၌ ရပ်နေလေသည်။ သူသည်လည်း ထူးဆန်းနေသောရှောင်ဟွား ပုံစံကြောင့် မျက်တောင်မခတ် ဂရုစိုက်ကြည့်နေလိုက်သည်။
ရှောင်ဟွားသည် ရုတ်တရက် သူဝတ်ဆင်ထားသော အင်္ကျီခါးပတ်အား ဖြည်ချလိုက်သောကြောင့် ရှင်းယွဲ့ ဆွံ့အသွားရသည်။
"ရှောင်ဟွား ဘာတွေလုပ်နေတာလဲ"
သူ ပြောနေသည်ကို ဂရုမစိုက်ဘဲ အဝတ်များ တထပ်ပြီး တစ်ထပ်ချွတ်ချနေသော ရှောင်ဟွားအား တားရန် သူ အိပ်ရာပေါ်မှ ထလိုက်သည်။ ရှောင်ဟွားအနီးသို့ ရောက်သောအခါ မြန်ဆန်သော ရှောင်ဟွားသည် အင်္ကျီများ အကုန် ချွတ်ပြီးနေလေပြီ။
အနီးသို့ ရောက်လာသော သူ့ လည်ပင်းအား အတင်းဖက်တွယ်၍ နမ်းလာ၏။ နှုတ်ခမ်းထက်သို့ ထိတွေ့လာသော အထိအတွေ့အား ခံစားလိုက်ရသည်နှင့် ရှင်းယွဲ့ ပြုံးလိုက်မိသည်။
အနမ်းအား အလိုက်သင့် စီးမျောရင်း ဦးဆောင်ချင်နေသူအား စိတ်ကြိုက်ဦးဆောင်ခွင့် ပေးလိုက်သည်။ အနမ်းသည် ကြမ်းတမ်းသောဘက်သို့ ဦးတည်လာသည့်နောက် တဖက်သူ၏ စိတ်များ ထကြွလာကာ လည်ပင်းအား ဖက်တွယ်ထားသော လက်ရှိ လက်သည်းများသည် သူ၏ လည်ပင်းသားတို့အား ကုတ်ခြစ်လာသည်။
သွေးများထွက်လာသည်ကို ခံစားလိုက်ရပြီး ရှင်းယွဲ့၏ မျက်ဝန်းများတွင် လူသတ်ချင်သော အငွေ့အသက်တို့ ပေါ်ထွက်လာသည်။
အနာတရ ဖြစ်အောင် လုပ်သူအား ချက်ချင်း သတ်ပစ်လိုက်ချင်သော်လည်း အချိန်မကျသေးသောကြောင့် တခဏငြိမ်နေလိုက်သည်။ ရွံရှာသော စိတ်တို့အား ထိန်း၍သည်းခံကာ အခြေအနေအား ဆက်စောင့်ကြည့်နေလိုက်သည်။
နှုတ်ခမ်းတို့အား ဖယ်ခွာပြီးသည့်နောက် အဝတ်မကပ်သော သူ၏ရှေ့ရှိလူသည် သူ၏လက်အား ဆွဲကာ အိပ်ရာရှိရာသို့ ဆွဲခေါ်သွားသည်။ သူ ဆွဲခေါ်ရာနောက်သို့ လိုက်သွားလိုက်၏။
အိပ်ရာနား ရောက်သည်နှင့် အိပ်ရာထက်သို့ တွန်းချခံလိုက်ရပြီး အပေါ်မှနေ၍ အုပ်မိုးခြင်းခံလိုက်ရသည်။
အင်္ကျီများအား ဆွဲချွတ်ကာ လည်ပင်းနား တဝိုက် နမ်းရှိုက်လာသောကြောင့် ရှင်းယွဲ့သည်းခံစိတ်တို့ ကုန်ဆုံးသွားပြီဖြစ်သည်။ နောက်ကွယ်ကကြိုးကိုင်သူအား ဖော်ထုတ်နိုင်ချိန်ထိ မစောင့်နိုင်တော့။ ချက်ချင်းပင် သူ၏ လက်မှ အလင်းရောင်များ ထွက်ပေါ်လာပြီး အပေါ်မှ လူဆီသို့ ထုတ်လွှင့်လိုက်သည်။
ရှောင်ဟွား ပုံစံဟန်ဆောင်ထားသူသည် အဝေးသို့လွင့်စင်သွားပြီး မြေပြင်တွင် မလှုပ်နိုင်တော့ပေ။
ရှင်းယွဲ့ သူ၏ လက်ဝါးတစ်ဖက်အား မျက်ဝန်းနှင့် မထိသောအကွာအဝေးနေရာတွင် ထားကာ မျက်ဝန်းဆီသို့အလင်းများ ထုတ်လွှင့်လိုက်သည်။ မျက်ဝန်းများသည် တခဏချင်းပင် ရွှေရောင်မျက်ဝန်းများအဖြစ် ပြောင်းလဲသွားသည်။
တခဏအကြာတွင် လက်များအား ဖယ်ရှားလိုက်ပြီး မြေပြင်၌ မလှုပ်မယှက်ရှိနေသူဆီသို့ အကြည့်တို့ ပို့လွှတ်လိုက်သည်။
"ဟက် လတ်စသတ်တော့ ရုပ်ပြောင်းရုံကလွဲပြီး ဘာအစွမ်းအစမှ မရှိတဲ့ မြေခွေးမိစ္ဆာပဲ...မြေခွေးမိစ္ဆာတွေက ဆွဲဆောင်နိုင်စွမ်း အရမ်းမြင့်တော့ ရှောင်ဟွားပုံစံဟန်ဆောင်ပြီး မြူစွယ်ခိုင်းတာပေါ့...၂နှစ်လောက်ထိ အရမ်းမြတ်နိုးရတဲ့ ချစ်ရသူကို မခွဲခြားနိုင်အောင်ထိ ငါ မတုံးအသေးဘူး"
စိုက်ကြည့်နေသော ရွှေရောင်မျက်ဝန်းများသည် မျက်ဝန်းနက်များအဖြစ်သို့ ပြန်၍ ပြောင်းလဲသွားသည်။
"ချန်း"
သူ၏ ခေါ်သံဆုံးသည်နှင့် ချန်းသည် ဖွင့်ထားသော အိပ်ဆောင်ပြတင်းပေါက်ဘက်မှ ခုန်၍ လျင်မြန်စွာ ဝင်လာသည်။ ကြမ်းပြင်တွင် ရှိနေသူအား မြင်လိုက်ရသောအခါ အံ့အားသင့်သော အမူအရာတို့ မျက်နှာတွင်ပေါ်လာသည်။
"မင်းကြီး ဒါက"
"အဲဒါ ရှောင်ဟွား မဟုတ်ဘူး...လုပ်ကြံသူပဲ သူ့အလောင်းကို အစအနဖျောက်လိုက်တော့....သူ ဝင်လာတာ သိသူမှန်သမျှ ဘာစကားမှ မပြောနိုင်အောင် ပါးစပ်ပိတ်ခိုင်းလိုက်"
သူတို့အနေဖြင့် မသိသင့်သော ကိစ္စများအား သိခွင့်မရှိပေ။ ဘုရင့်အနားခစားရသူများအနေဖြင့် မပြောသင့်သည့်စကား၊ မသိသင့်သည့်အကြောင်းများနှင့် မမေးသင့်သည့် အကြောင်းများ၊မမြင်ချင်ယောင်ဆောင်ရသည့် ကိစ္စများစွာရှိသည်။ သူသည်လည်း ဆင်ခြင်ရသည့် လူတစ်ယောက်ပင်။
"မှန်ပါ အထိန်းတော်ချုပ်နဲ့ ကိုယ်ရံတော်အနည်းငယ်ပဲ သိတာမို့ မပေါက်ကြားစေရပါဘူး မင်းကြီး"
သူ မင်းကြီးအား ကတိပေးလိုက်ပြီးနောက် ထပ်မံစေခိုင်းမည့် အမိန့်ရှိမရှိအား စောင့်စားနေလိုက်သည်။
"တခြား ကိစ္စမရှိတော့ဘူး...ဒီအလောင်းကို အစဖျောက်လိုက်...ပြီးရင် ရှောင်ကုန်းဇီကို အကျဉ်းချုပ်ပြောပြီး ရှုပ်ပွသွားတာတွေ လာရှင်းခိုင်းလိုက်"
"မှန်ပါ အရှင်မင်းကြီး"
မင်းကြီးအား အရိုအသေပေးပြီးနောက် လက်ခုပ်တီးကာ အရိပ်ကိုယ်ရံတော်များကို ခေါ်လိုက်သည်။ ချက်ချင်း နန်းဆောင်ထဲရောက်လာသော အရိပ်ကိုယ်ရံတော်များသည် အလောင်းအား သယ်ကာ ထွက်သွားကြသည်။
အချိန်အရမ်း မကြာလိုက်။ ရှောင်ကုန်းဇီသည် နန်းဆောင်ထဲသို့ ဝင်လာလေသည်။
"မင်းကြီး...ကျွန်တော်မျိုး တောင်းပန်ပါတယ်...လုပ်ကြံသူမှန်း မသိလို့ ဝင်ခွင့်ပြုလိုက်တာပါ"
"အဲဒီကိစ္စ ထားလိုက်တော့...အခု ရှုပ်ပွတာတွေ အကုန်ရှင်းလိုက်...ခေါင်းအုံးတွေ အိပ်ရာခင်းတွေ အကုန်အသစ်လဲ...ပြီးရင် ကိုယ်တော် ရေချိုးဖို့ ပြင်ပေး"
"မှန်ပါ အရှင်...ကျွန်တော်မျိုး ခုလုပ်လိုက်ပါမယ်"
ရှောင်ကုန်းဇီ မင်းကြီးအား အမြန်ဖြေကြားလိုက်ပြီး ချက်ချင်း အခန်းအား သန့်ရှင်းရေး လုပ်လိုက်သည်။
ရှင်းယွဲ့လည်း သန့်ရှင်းရေးလုပ်ပြီးမှသာ ပြန်ဝင်ရန် နန်းဆောင်အပြင်သို့ ထွက်နေလိုက်သည်။
စိတ်မကြည်မလင်ဖြစ်သွားသောကြောင့် အစောင့်များ ရှင်းလင်းသည့် တိတ်ဆိတ်သော နန်းဆောင်ခြံဝန်းထဲသို့သာ ခဏဆင်းထိုင်ရန်တွေးလိုက်တော့သည်။
*****************
"ခွမ်း"
စားပွဲထက်ရှိ ပစ္စည်းများအားလုံးအား အောက်သို့ တွန်းချလိုက်သောကြောင့် ပစ္စည်းများကျကွဲသံတို့ ပေါ်ထွက်လာသည်။
ဒေါသထွက်နေသော ကျောက်ဟွမ် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
အခန်းတွင်းသို့ ချောမောသောမိန်းကလေးတစ်ယောက် ဝင်လာလေသည်။
"ဘာတွေ စိတ်အလိုမကျ ဖြစ်နေတာလဲ ကျောက်ဟွမ်"
ဒေါသထွက်နေသော ကျောက်ဟွမ် မျက်ဝန်းနီများဖြင့် မိန်းကလေးအား စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ငါ မြေခွေးမိစ္ဆာကို ထိန်းချုပ်ပြီး ရှင်းယွဲ့ကို မြူ ဆွယ်ခိုင်းလိုက်တာ...အလုပ်မဖြစ်ဘူး...မြေခွေးမိစ္ဆာသေသွားပြီ....စိတ်တိုဖို့ ကောင်းလိုက်တာ...ဟွားအယ် ပုံစံဟန်ဆောင်ခိုင်းတာတောင် အလုပ်မဖြစ်ဘူး...ငါတို့ အတွင်းလူဆီက ကြားထားတဲ့ ရှင်းယွဲ့ ဟွားအယ်ကို စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းကမှားနေတာလား....တကယ်ပဲ ရှင်းယွဲ့က ဟွားအယ်ကို စိတ်မဝင်စားဘူးလား"
"ကျောက်ဟွမ် ငါတို့ကြားတဲ့သတင်းက နှစ်ယောက်လုံးက အပြန်အလှန်စိတ်ဝင်စားမှုရှိတယ် ကြားတာနော်...ဟွားအယ်က ရှင်းယွဲ့အပေါ် ခံစားချက် ရှိမရှိကလည်း မသေချာသေးဘူး"
ကျောက်ဟွမ် ရှင်းရန်အား အေးစက်သော ကြောက်စရာမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"သေချာတယ် ဟွားအယ်က ရှင်းယွဲ့ကို စိတ်မဝင်စားဘူး...ရှင်းယွဲ့ကသာ ဟွားအယ်ကို စိတ်ဝင်စားတာ"
ရှင်းရန် သေချာလွန်းနေသော ကျောက်ဟွမ်ပုံစံအားကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
"မြေခွေးမိစ္ဆာက ဟွားအယ်ပုံစံနဲ့ မြူဆွယ်တာ အောင်မြင်သွားရင် နင်ဘယ်လိုလုပ်မယ် စဉ်းစားထားတာလဲ"
"မြေခွေးမိစ္ဆာကို ဟွားအယ်နေရာအစားသွင်းပြီး ရှင်းယွဲ့ မြေခွေးမိစ္ဆာညှို့ဓာတ်မှာ ကျဆင်းသွားတာနဲ့ အမှားတွေပဲ လုပ်မိအောင် စေခိုင်းမယ်...သူသာ ဘုရင်ကောင်းတစ်ယောက် မဟုတ်တော့ဘူးဆို ငါ ပင်ပန်းစရာမလိုဘဲ အေးအေး ဘုရင်နေရာယူလို့ရပြီ....မြေခွေးမိစ္ဆာ ဟွားအယ်နေရာယူထားတဲ့အချိန် ဟွားအယ်ကို ငါ့ဘေးနားခေါ်ထားပြီး ဘယ်သူမှ မသိအောင် ဝှက်ထားမယ်"
ရှင်းရန် ထပ်ပြီး သက်ပြင်းချလိုက်မိသည်။ ယခုတလောပိုင်းအတွင်း ကျောက်ဟွမ်သည် လွန်စွာစိတ်ဆတ်လာသည်။ တော်ရုံကိစ္စများအားလည်း အရင်လို သည်းမခံနိုင်တော့။
ကျောက်ဟွမ်၏ စိတ်မထိန်းနိုင်မှုကြောင့် ဟွားအယ်အား အရမ်းပိုင်ဆိုင်ချင်နေသောသူ၏ စိတ်များကို ရှင်းရန် မြင်တွေ့ခဲ့ပြီးဖြစ်သည်။
ကျောက်ဟွမ်နှင့် ဟွားအယ်ကြား အခြေအနေသည် အဘယ်ကြောင့် ထိုသို့ပြောင်းလဲသွားခြင်းမှန်း သူ(မ) မသိသော်လည်း သေချာသည်ကတော့ ကျောက်ဟွမ်သည် ဟွားအယ်အား ပိုင်ဆိုင်ခွင့်ရရန်လုပ်မည်ကိုတော့ ကျောက်ဟွမ်ဘေးအမြဲရှိနေသည့် သူ(မ) သိရှိပြီးလေပြီ။
သူ(မ) အနေဖြင့် ဟွားအယ်အား ယခုပြသနာများတွင် မပါဝင်စေချင်သကဲ့သို့ အခက်လည်းမတွေ့စေချင်ပေ။ သို့သော် ယခုအခြေအနေတွင် ကိစ္စများသည် လုံးဝရှောင်ဖယ်၍ မရတော့။
ကျောက်ဟွမ်အနေဖြင့် မင်းကြီးနေရာ ရယူလိုခြင်းသည် သူ(မ)ကဲ့သို့ မိဘများအတွက် ကလဲ့စားစေချင်သော ဆန္ဒအပြင် ဟွားအယ်အား ပိုင်ဆိုင်လိုသော ဆန္ဒပါကပ်၍ ပါနေသည်။ သူ(မ) ဟွားအယ်အား ကာကွယ်ရန် ဘာမှမလုပ်နိုင်တော့ပေ။ ဟွားအယ်သည် သူ(မ)တို့ အရေးအခင်းကြားတွင် သေချာပေါက်မဖြစ်မနေပါဝင်ပတ်သတ်လာရပေတော့မည်။
"သိပ်မကြာခင် ငါတို့မြို့တော်ကို ရောက်ပြီ...ခရီးသိပ်မဝေးတော့ဘူး...အနားယူလိုက်ဦး ကျောက်ဟွမ်"
"အင်း"
ရှင်းရန် အခန်းထဲမှ ထွက်လာလိုက်သည်။ တဖြေးဖြေး ပြောင်းလဲလာသော ကျောက်ဟွမ်အတွက် သူ(မ)တွင် ပြောစရာစကားတို့ ရှိမနေတော့ချေ။
အခန်းထဲ တစ်ယောက်တည်း ကျန်ရှိသော ဝမ်ရယ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရေရွတ်လိုက်သည်။
"ဟွားအယ် မင်းက ငါ့အပိုင်ပဲ"
ထို့နောက် အခန်းသည် ပြန်လည်၍ တိတ်ဆိတ်သွားတော့သည်။
***********************
အပိုင္း(၂၈)
ရွင္းယြဲ႕နတ္ဘုရားအား ျမဴ ဆြယ္ျခင္း
ရီဟြား ၿခံဝန္းထဲရွိ စားပြဲဝိုင္းတြင္ စိတ္ရႈပ္ေထြးစြာျဖင့္ လက္ဖက္ရည္ေသာက္ရင္း ထိုင္ေနမိသည္။ ယခုတေလာ သူ႕တြင္ အေတြးမ်ားစရာ ကိစၥမ်ားစြာ ရွိေနသည္။
ရွင္းႏွင့္ ပတ္သတ္၍လည္း သူ အၿမဲျငင္းဆန္၍ ရမည္မဟုတ္ေသာေၾကာင့္ ေနာက္ခါ မည္သို႔ေျပာရမည္နည္းဟု ေတြးေနမိသည္။
႐ုတ္တရက္ အေနာက္မွ ေျပးဖက္လာသူေၾကာင့္ ေသာက္ေနေသာ လက္ဖက္ရည္မ်ားပင္ ဖိတ္စင္က်သြားရသည္။
"သခင္ေလး ကြၽန္ေတာ့္ကို သတိမရဘူးလား"
"Fuck!"
ရီဟြား ႐ုတ္တရက္လန႔္သြားေသာေၾကာင့္ ေယာင္ကာ ဆဲလိုက္မိသည္။
"သခင္ေလးကလည္း ကြၽန္ေတာ့္ကို သတိရမရ အရင္ေျပာပါ...ကြၽန္ေတာ္ ခ်စ္စရာေကာင္းတာကို အရင္မေျပာပါနဲ႕"
'နင့္ေမကလႊား ခ်စ္စရာေကာင္းရမွာလား...အခန႔္မသင့္ရင္ ငါ သီးၿပီးေသသြားနိုင္တယ္...ငါးစုတ္ငါးနာ ႏွစ္ေတြသာ ၾကာသြားတယ္...အခ်ိဳးက တစက္မွမေျပာင္းဘူး'
ရီဟြား စိတ္ထဲမွ ေဒါသထြက္စြာ ေတြးလိုက္ၿပီးေနာက္ ေနာက္ေက်ာဘက္ရွိ ယြီေလးဘက္သို႔ မ်က္ႏွာလွည့္ကာ မ်က္ေစာင္းထိုးလိုက္သည္။
"မင္း ဘာလို႔ ဟိုမွာ မေသသြားတာလဲ...ငါက မင္းအတြက္ မီးရွို႔ေပးရေအာင္ ပိုက္ဆံေတြေတာင္ အမ်ားႀကီး အဆင္သင့္ေဆာင္ထားတာ"
"အီး ဟီး သခင္ေလး ရက္စက္တယ္...ကြၽန္ေတာ့္လို ခ်စ္စရာေလးကို သခင္ေလးမို႔ ေသခိုင္းရက္တယ္"
"ေတာ္စမ္း ယြီေလး အသံဆိုးႀကီးနဲ႕ ေအာ္ငိုျပန္ၿပီ...မင္းက ရွင္းရဲ႕ အေစာင့္အေရွာက္ဆိုတာ ခုထိငါတကယ္ မယုံနိုင္ေသးဘူး"
သူ ေျပာေသာစကားေၾကာင့္ ယြီေလးမ်က္ႏွာသည္ ခ်က္ခ်င္းေျပာင္းသြားၿပီး သူ႕အား ရယ္ျပလာသည္။ တကယ္ပင္ ထိုအမ်ိဳးမ်ိဳးေျပာင္းလဲေနေသာ မ်က္ႏွာသည္ ပိတ္ရိုက္ခ်င္စရာေကာင္းလွသည္။
"သခင္ေလး...သခင္ေလးအတြက္ ကြၽန္ေတာ့္မွာ လက္ေဆာင္ပါတယ္...သခင္ေလး ေသခ်ာေပါက္ႀကိဳက္လိမ့္မယ္"
"ဘာလဲ...ေသရည္လား ဘာအမ်ိဳးအစားလဲ...ဘယ္မွာလဲ"
သခင္ေလး စကားေၾကာင့္ ယြီေလးမ်က္ႏွာ ရႈံ႕မဲ့သြားရသည္။
"သခင္ေလးကလည္း အားေန ဒီေသရည္ပဲ စဥ္းစားေနတာ...ေသရည္ မဟုတ္ပါဘူး...တျခားဟာ"
ေသရည္ မဟုတ္ေသာေၾကာင့္ ရီဟြားစိတ္မဝင္စားေတာ့။
"အဲဒါဆို ဘာလဲ...ေပး"
ရီဟြား လက္ျဖန႔္ကာ ေတာင္းလိုက္သည္။
"ေနာက္မွ ေပးမယ္ သခင္ေလး"
"ခု ေပးလို႔ မရဘူးလား"
"မရဘူး"
"အဲဒါဆိုလည္း ထားလိုက္ေတာ့"
အရာရာျပည့္စုံေနေသာ သူ႕အေနျဖင့္ အရမ္းလိုခ်င္သည့္ပစၥည္း မရွိေသာေၾကာင့္ ရီဟြား ဆက္ေမးမေနေတာ့။ ခုခ်ိန္ သူ ေခါင္းကိုက္ေနရသည့္ ကိစၥအား ေျဖရွင္းမရနိုင္ေသးေသာေၾကာင့္ ယြီေလးႏွင့္လည္း ဆက္ျငင္းမေနခ်င္ေပ။
"သခင္ေလး အိမ္ျပင္မွာပဲ ၾကာၾကာမေနနဲ႕ေလ...သခင္ေလးက ဖ်ားနာတတ္တာနဲ႕ အျပင္ေလေတြ အရမ္းတိုက္ေနတာ ဖ်ားလိမ့္မယ္"
ယြီေလးအသံသည္ စေနာက္ေနျခင္းမ်ိဳး မဟုတ္ဘဲ တကယ္စိုးရိမ္ေနမွန္း သိသာေသာေၾကာင့္ ရီဟြား ထိုင္ေနရာမွ မတ္တပ္ထရပ္လိုက္သည္။
"အင္း အိမ္ထဲဝင္ေတာ့မယ္"
သူ ထိုေနရာမွ လွည့္ထြက္လာသည္ႏွင့္ ယြီေလးသည္လည္း သူ႕ေနာက္မွ လိုက္၍ အိမ္ထဲဝင္လာေတာ့သည္။ ေသခ်ာေပါက္ လြန္ခဲ့ေသာ ရက္ပိုင္းအတြင္းက တိတ္ဆိတ္ေနခဲ့ေသာ အိမ္ေတာ္သည္
ဒီေန႕မွစ၍ မိသားစုသဖြယ္ျဖစ္ေနေသာ ယြီေလးေၾကာင့္ ျပန္၌ ဆူညံကာအသက္ဝင္လာေပေတာ့မည္။
*********************
ညည့္ဦးယံခ်ိန္.....
ေကာင္းကင္၌ လမင္းႀကီးသည္ ထိန္ထိန္သာ ေနသည္။
မင္းႀကီး အိပ္ေဆာင္ရွိ အေစာင့္အေရွာက္မ်ားသည္ သတိမလြတ္ရဘဲ အိပ္ေဆာင္အား ေသခ်ာေစာင့္ၾကပ္ေနၾကသည္။
ေရွာင္ကုန္းဇီသည္လည္း အိပ္ေဆာင္အျပင္တြင္ မင္းႀကီး အိပ္မေပ်ာ္ေသးေသာေၾကာင့္ ခိုင္းစရာရွိလွ်င္ အဆင္သင့္ျဖစ္ေစရန္ မတ္တပ္ရပ္ေနသည္။
ထိုစဥ္ လူတစ္ေယာက္သည္ အိပ္ေဆာင္အနီးသို႔ တေျဖးေျဖး ေလ်ာက္လာေသာေၾကာင့္ နန္းေဆာင္ေစာင့္မ်ားႏွင့္အတူ ေရွာင္ကုန္းဇီပင္ အေရးႀကဳံလွ်င္ အဆင္သင့္ျဖစ္ေစရန္ သတိခ်ပ္မိသြားသည္။
ညဘက္အခ်ိန္ ေရာက္လာသူျဖစ္ေသာေၾကာင့္ လူေကာင္း မျဖစ္နိုင္ဟု ေတြးထင္လိုက္ၾက၏။ မင္းႀကီးသည္လည္း ညဘက္အခ်ိန္တြင္ မည္သူ႕ကိုမွ် မဆင့္ေခၚဖူး။
သို႔ေသာ္ ထိုလူသည္ သူတို႔အနား အနီးကပ္ေရာက္လာေသာအခါ အကုန္လုံးအံ့ၾသကာ ဆြံ႕အသြားၾကရသည္။
"အမတ္ခ်ဳပ္ႀကီး ဘယ္လိုေၾကာင့္ ဒီအခ်ိန္ႀကီး ေရာက္လာရတာလဲ"
ေရွာင္ကုန္းဇီ၏ အေမးအား အမတ္ခ်ဳပ္ႀကီးသည္ ခ်က္ခ်င္းျပန္၍ ေျဖေလသည္။
"အေရးႀကီးကိစၥတစ္ခု မင္းႀကီးနဲ႕ တိုင္ပင္စရာရွိလို႔ေရာက္လာတာ"
အမတ္ခ်ဳပ္ႀကီးအသံသည္ တမ်ိဳးျဖစ္ေနေသာေၾကာင့္ ေရွာင္ကုန္းဇီ အံ့အားသင့္သြားရသည္။
"အမတ္ခ်ဳပ္ႀကီး အသံက"
"ေၾသာ္ ညေနက ေလစိမ္းတိုက္တာခံမိလို႔ အသံဝင္သြားတာပါ"
"ဟို အမတ္ခ်ဳပ္ႀကီး မင္းႀကီးက အိပ္ေတာ့မယ္ ထင္တယ္...မင္းႀကီးကို အသိေပးဖို႔က"
"ဒီတိုင္းဝင္သြားလိုက္ပါ့မယ္...မင္းႀကီးက အျပစ္တင္မွာ မဟုတ္ပါဘူး"
အၿမဲလိုလို ရွင္း ဟုသာ ေခၚတတ္ေသာ အမတ္ခ်ဳပ္ႀကီးက မင္းႀကီးဟုေခၚလာေသာေၾကာင့္ ေရွာင္ကုန္းဇီ အံ့အားသင့္သြားေသာ္လည္း တခါတရံ ေျပာင္းေခၚျခင္းျဖစ္မည္ဟုသာ ေတြးလိုက္သည္။
"အမတ္ခ်ဳပ္ႀကီး ခုခ်ိန္ႀကီးက နည္းနည္း"
"မင္းႀကီးနဲ႕ အိပ္ဖို႔လာတာ တံခါးဖြင့္"
အမတ္ခ်ဳပ္ႀကီးစကားေၾကာင့္ ေရွာင္ကုန္းဇီမ်က္လုံးမ်ား ျပဴးက်ယ္သြားရသည္။
"ဘာေၾကာင္ၾကည့္ေနတာလဲ...တံခါးဖြင့္လိုက္"
ေရွာင္ကုန္းဇီ အလ်င္အျမန္ အေစာင့္မ်ားအား တံခါးဖြင့္ခိုင္းလိုက္သည္။
"ျမန္ျမန္ တံခါးဖြင့္လိုက္ ျမန္ျမန္...ျမန္ျမန္"
နန္းေဆာင္တံခါး ဖြင့္လိုက္သည္ႏွင့္ အမတ္ခ်ဳပ္ႀကီးသည္ နန္းေဆာင္ထဲသို႔ ဝင္သြားေလသည္။
"ျမန္ျမန္ တံခါးပိတ္ ၿပီးရင္ မင္းတို႔ ေတာ္ေတာ္ေဝးေဝးမွာ သြားေနၾက...ဒီနား အနီးကပ္ေစာင့္စရာ မလိုဘူး"
"ဟုတ္ကဲ့ အထိန္းေတာ္ခ်ဳပ္ႀကီး"
အစအဆုံး ၾကားလိုက္ရေသာ နန္းေစာင့္ကိုယ္ရံေတာ္မ်ားသည္ ခ်က္ခ်င္းပင္ အေဝးသို႔ထြက္သြားၾကသည္။
ေရွာင္ကုန္းဇီ မတိုးမက်ယ္အသံျဖင့္ အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္အား ေအာ္ေခၚလိုက္သည္။
"အရိပ္ကိုယ္ရံေတာ္ ေခါင္းေဆာင္....အရိပ္ကိုယ္ရံေတာ္ ေခါင္းေဆာင္ခ်န္း"
တခဏအၾကာ ေလကဲ့သို႔ လ်င္ျမန္စြာျဖင့္ အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္သည္ သူ႕ေဘးသို႔ ေရာက္လာသည္။
"ဘာလို႔ ငါ့ကို ေခၚတာလဲ"
"ခင္ဗ်ားတို႔ ဒီည မင္းႀကီးနား အနီးကပ္ ေစာင့္ေရွာက္စရာ မလိုဘူး...မင္းႀကီးက အမတ္ခ်ဳပ္ႀကီးနဲ႕ တူတူေနမွာမို႔ ခင္ဗ်ားတို႔ ခပ္ေဝးေဝးမွာေနေပး"
ခ်န္း သူ၏ ေရွ႕ရွိ ေသးေသးငယ္ငယ္ ပုတုတုေကာင္ေလးအား ၾကည့္လိုက္သည္။ ဝမ္းသာအားရ ျဖစ္ေနေသာ ပုံစံအား နားမလည္နိုင္စြာ ေမးလိုက္၏။
"မင္းက ဘာလို႔ အဲေလာက္ ဝမ္းသာအားရပုံစံျဖစ္ေနရတာလဲ...မင္းႀကီးနဲ႕ အမတ္ခ်ဳပ္ႀကီး တူတူရွိတာက အၿမဲတမ္းလိုလိုပဲေလ"
အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္စကားေၾကာင့္ ေရွာင္ကုန္းဇီ၏မ်က္ႏွာသည္ နီရဲသြားသည္။
"ခင္ဗ်ားက တကယ္ မသိတတ္တာဘဲ...မင္းႀကီးနဲ႕ အမတ္ခ်ဳပ္ႀကီး အၿမဲတူတူရွိေနတာက ေန႕ခင္းဘက္ေတြေလ...ဘယ္တုန္းက ခုလို ညဘက္တူတူ ရွိဖူးလို႔လဲ...အဲလိုမ်ိဳး မသိတတ္လို႔ ခင္ဗ်ား မိန္းမ မရတာ"
"ငါတို႔ အရိပ္ကိုယ္ရံေတာ္ေတြက မိသားစုထားပိုင္ခြင့္ မရွိဘူး...မင္းႀကီးနား အၿမဲရွိေနရၿပီး အခ်ိန္မေ႐ြးေသနိုင္လို႔"
အရိပ္ကိုယ္ရံေတာ္စကားေၾကာင့္ ေရွာင္ကုန္းဇီဝမ္းနည္းသြားရသည္။ စကားမွားေျပာမိျခင္းအတြက္လည္း အားနာသြားရသည္။
အရိပ္ကိုယ္ရံေတာ္မ်ားသည္ သူတို႔ႏွင့္ ဘဝတူမ်ားျဖစ္ေနသည္။ သူတို႔လို ကုန္းကုန္းမ်ားသည္လည္း မိသားစုဘဝအား ဘယ္ေသာအခါမွ် မရနိုင္သူမ်ားပင္။
"ကြၽန္ေတာ္လည္း ဘယ္ေတာ့မွ မိသားစုရွိလာနိုင္မွာ မဟုတ္ဘူး...အဲဒါေၾကာင့္ ကြၽန္ေတာ္ ခင္ဗ်ား မိသားစုဝင္ျဖစ္ေပးမယ္ေလ"
"မင္းကတကယ္ မိသားစုဝင္ျဖစ္ေပးမွာလား"
ခ်န္း မယုံၾကည္နိုင္ေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ကာေမးလိုက္သည္။
"ေသခ်ာတာေပါ့...ဒီေန႕ကစၿပီး ကြၽန္ေတာ္က ခင္ဗ်ား မိသားစုဝင္ပဲ...ခင္ဗ်ားမွာ မိသားစုရွိလာၿပီမို႔ ေသလို႔မျဖစ္ေတာ့ဘူး...ကြၽန္ေတာ္ မိသားစုဝင္တစ္ေယာက္ကို မဆုံးရႈံ႕ခ်င္ဘူး"
"အင္း"
ျပန္ေျဖလာေသာ စကားတစ္ခြန္းတည္းေၾကာင့္ ေရွာင္ကုန္းဇီ စိတ္တိုသြားရသည္။
"အဲဒါပဲလား...အဲဒါပဲ ျပန္ေျဖတာလား"
"အင္း"
ထပ္ေျဖလာေသာ ထိုစကားေၾကာင့္ ေရွာင္ကုန္းဇီ စကားအမ်ားႀကီးေျပာမိသည့္ ကိုယ့္ပါးစပ္ကိုသာ ပိတ္ရိုက္ခ်င္သြားရသည္။
ခ်န္း သူ၏ စကားနည္းတတ္ေသာ အေလ့အက်င့္ေၾကာင့္ စိတ္တိုသြားေသာ ပထမဆုံးမိသားစုဝင္ျဖစ္ေပးသူ၏ မ်က္ဝန္းမ်ားအား စူးစိုက္ၾကည့္လိုက္မိသည္။ ကတိေပးေသာစကားအား ႀကိဳးစား၍ ရွည္ရွည္ေဝးေဝး ေျပာလိုက္သည္။
"စိတ္မပူပါနဲ႕...မင္းရဲ႕ မိသားစုအျဖစ္ အၿမဲရွိေနေပးပါ့မယ္"
ေရွာင္ကုန္းဇီ ၾကားလိုက္ရေသာ စကားေၾကာင့္ စိတ္တိုေနမႈတို႔ ေပ်ာက္သြားၿပီး စိတ္ေက်နပ္သြားသည္။ အစကတည္းက ထိုသို႔ေျပာရမည့္အေရး အိုက္တင္ခံေနေသာေၾကာင့္ အခ်ိန္ပင္အလကားကုန္သြားရသည္ဟု ေတြးလိုက္မိသည္။
"အခုေတာ့ ခင္ဗ်ားတို႔ အရွင္မင္းႀကီးအေႏွာင့္အယွက္ မျဖစ္ေအာင္ ခဏ ေရွာင္ေပးၾကပါလား"
သူ အဓိကအခ်က္အား ေျပာကာ အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္အား ဖယ္ေပးရန္ ေတာင္းဆိုလိုက္သည္။
"အင္း ဖယ္ေပးမယ္"
"အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္ ေက်းဇူးပါ"
"ငါ့ကို ခ်န္းလို႔ ေခၚလို႔ရတယ္"
အၿမဲ ေအးစက္စက္မ်က္ႏွာထားသည္ ၿပဳံး၍ ေျပာလာေသာေၾကာင့္ ၾကည့္ေကာင္းလြန္းလွသျဖင့္ ေရွာင္ကုန္းဇီမွင္သက္စြာ ေငးေနမိသည္။ အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္သည္ သူ႕ေဘးမွ ခဏေလးခ်င္းပင္ ေပ်ာက္သြားေလသည္။
လူကို မေတြ႕ရေတာ့ေသာအခါမွသာ ေရွာင္ကုန္းဇီ အသိျပန္ဝင္လာရသည္။ သူသည္လည္း ခ်က္ခ်င္းပင္နန္းေဆာင္ႏွင့္ ေဝးရာဆီသို႔ ေလွ်ာက္သြားလိုက္သည္။
*******************
အိပ္ေဆာင္တံခါးပြင့္လာေသာေၾကာင့္ အိပ္မေပ်ာ္ေသးေသာ ရွင္းယြဲ႕ တံခါးရွိရာဘက္ ၾကည့္လိုက္သည္။
ဝင္လာသူအား ျမင္လိုက္ခ်ိန္တြင္ သူ႕အံ့အားသင့္သြားရသည္။
"ေရွာင္ဟြား ဘယ္လိုေၾကာင့္ ညဘက္ႀကီး ကိုယ့္ဆီေရာက္လာရတာလဲ"
သူ၏အေမးအား ေရွာင္ဟြားသည္ ျပန္မေျဖဘဲ ခပ္လွမ္းလွမ္း၌ ရပ္ေနေလသည္။ သူသည္လည္း ထူးဆန္းေနေသာေရွာင္ဟြား ပုံစံေၾကာင့္ မ်က္ေတာင္မခတ္ ဂ႐ုစိုက္ၾကည့္ေနလိုက္သည္။
ေရွာင္ဟြားသည္ ႐ုတ္တရက္ သူဝတ္ဆင္ထားေသာ အကၤ်ီခါးပတ္အား ျဖည္ခ်လိဳက္ေသာေၾကာင့္ ရွင္းယြဲ႕ ဆြံ႕အသြားရသည္။
"ေရွာင္ဟြား ဘာေတြလုပ္ေနတာလဲ"
သူ ေျပာေနသည္ကို ဂ႐ုမစိုက္ဘဲ အဝတ္မ်ား တထပ္ၿပီး တစ္ထပ္ခြၽတ္ခ်ေနေသာ ေရွာင္ဟြားအား တားရန္ သူ အိပ္ရာေပၚမွ ထလိုက္သည္။ ေရွာင္ဟြားအနီးသို႔ ေရာက္ေသာအခါ ျမန္ဆန္ေသာ ေရွာင္ဟြားသည္ အကၤ်ီမ်ား အကုန္ ခြၽတ္ၿပီးေနေလၿပီ။
အနီးသို႔ ေရာက္လာေသာ သူ႕ လည္ပင္းအား အတင္းဖက္တြယ္၍ နမ္းလာ၏။ ႏႈတ္ခမ္းထက္သို႔ ထိေတြ႕လာေသာ အထိအေတြ႕အား ခံစားလိုက္ရသည္ႏွင့္ ရွင္းယြဲ႕ ၿပဳံးလိုက္မိသည္။
အနမ္းအား အလိုက္သင့္ စီးေမ်ာရင္း ဦးေဆာင္ခ်င္ေနသူအား စိတ္ႀကိဳက္ဦးေဆာင္ခြင့္ ေပးလိုက္သည္။ အနမ္းသည္ ၾကမ္းတမ္းေသာဘက္သို႔ ဦးတည္လာသည့္ေနာက္ တဖက္သူ၏ စိတ္မ်ား ထႂကြလာကာ လည္ပင္းအား ဖက္တြယ္ထားေသာ လက္ရွိ လက္သည္းမ်ားသည္ သူ၏ လည္ပင္းသားတို႔အား ကုတ္ျခစ္လာသည္။
ေသြးမ်ားထြက္လာသည္ကို ခံစားလိုက္ရၿပီး ရွင္းယြဲ႕၏ မ်က္ဝန္းမ်ားတြင္ လူသတ္ခ်င္ေသာ အေငြ႕အသက္တို႔ ေပၚထြက္လာသည္။
အနာတရ ျဖစ္ေအာင္ လုပ္သူအား ခ်က္ခ်င္း သတ္ပစ္လိုက္ခ်င္ေသာ္လည္း အခ်ိန္မက်ေသးေသာေၾကာင့္ တခဏၿငိမ္ေနလိုက္သည္။ ႐ြံရွာေသာ စိတ္တို႔အား ထိန္း၍သည္းခံကာ အေျခအေနအား ဆက္ေစာင့္ၾကည့္ေနလိုက္သည္။
ႏႈတ္ခမ္းတို႔အား ဖယ္ခြာၿပီးသည့္ေနာက္ အဝတ္မကပ္ေသာ သူ၏ေရွ႕ရွိလူသည္ သူ၏လက္အား ဆြဲကာ အိပ္ရာရွိရာသို႔ ဆြဲေခၚသြားသည္။ သူ ဆြဲေခၚရာေနာက္သို႔ လိုက္သြားလိုက္၏။
အိပ္ရာနား ေရာက္သည္ႏွင့္ အိပ္ရာထက္သို႔ တြန္းခ်ခံလိုက္ရၿပီး အေပၚမွေန၍ အုပ္မိုးျခင္းခံလိုက္ရသည္။
အကၤ်ီမ်ားအား ဆြဲခြၽတ္ကာ လည္ပင္းနား တဝိုက္ နမ္းရွိုက္လာေသာေၾကာင့္ ရွင္းယြဲ႕သည္းခံစိတ္တို႔ ကုန္ဆုံးသြားၿပီျဖစ္သည္။ ေနာက္ကြယ္ကႀကိဳးကိုင္သူအား ေဖာ္ထုတ္နိုင္ခ်ိန္ထိ မေစာင့္နိုင္ေတာ့။ ခ်က္ခ်င္းပင္ သူ၏ လက္မွ အလင္းေရာင္မ်ား ထြက္ေပၚလာၿပီး အေပၚမွ လူဆီသို႔ ထုတ္လႊင့္လိုက္သည္။
ေရွာင္ဟြား ပုံစံဟန္ေဆာင္ထားသူသည္ အေဝးသို႔လြင့္စင္သြားၿပီး ေျမျပင္တြင္ မလႈပ္နိုင္ေတာ့ေပ။
ရွင္းယြဲ႕ သူ၏ လက္ဝါးတစ္ဖက္အား မ်က္ဝန္းႏွင့္ မထိေသာအကြာအေဝးေနရာတြင္ ထားကာ မ်က္ဝန္းဆီသို႔အလင္းမ်ား ထုတ္လႊင့္လိုက္သည္။ မ်က္ဝန္းမ်ားသည္ တခဏခ်င္းပင္ ေ႐ႊေရာင္မ်က္ဝန္းမ်ားအျဖစ္ ေျပာင္းလဲသြားသည္။
တခဏအၾကာတြင္ လက္မ်ားအား ဖယ္ရွားလိုက္ၿပီး ေျမျပင္၌ မလႈပ္မယွက္ရွိေနသူဆီသို႔ အၾကည့္တို႔ ပို႔လႊတ္လိုက္သည္။
"ဟက္ လတ္စသတ္ေတာ့ ႐ုပ္ေျပာင္း႐ုံကလြဲၿပီး ဘာအစြမ္းအစမွ မရွိတဲ့ ေျမေခြးမိစာၦပဲ...ေျမေခြးမိစာၦေတြက ဆြဲေဆာင္နိုင္စြမ္း အရမ္းျမင့္ေတာ့ ေရွာင္ဟြားပုံစံဟန္ေဆာင္ၿပီး ျမဴစြယ္ခိုင္းတာေပါ့...၂ႏွစ္ေလာက္ထိ အရမ္းျမတ္နိုးရတဲ့ ခ်စ္ရသူကို မခြဲျခားနိုင္ေအာင္ထိ ငါ မတုံးအေသးဘူး"
စိုက္ၾကည့္ေနေသာ ေ႐ႊေရာင္မ်က္ဝန္းမ်ားသည္ မ်က္ဝန္းနက္မ်ားအျဖစ္သို႔ ျပန္၍ ေျပာင္းလဲသြားသည္။
"ခ်န္း"
သူ၏ ေခၚသံဆုံးသည္ႏွင့္ ခ်န္းသည္ ဖြင့္ထားေသာ အိပ္ေဆာင္ျပတင္းေပါက္ဘက္မွ ခုန္၍ လ်င္ျမန္စြာ ဝင္လာသည္။ ၾကမ္းျပင္တြင္ ရွိေနသူအား ျမင္လိုက္ရေသာအခါ အံ့အားသင့္ေသာ အမူအရာတို႔ မ်က္ႏွာတြင္ေပၚလာသည္။
"မင္းႀကီး ဒါက"
"အဲဒါ ေရွာင္ဟြား မဟုတ္ဘူး...လုပ္ႀကံသူပဲ သူ႕အေလာင္းကို အစအနေဖ်ာက္လိုက္ေတာ့....သူ ဝင္လာတာ သိသူမွန္သမွ် ဘာစကားမွ မေျပာနိုင္ေအာင္ ပါးစပ္ပိတ္ခိုင္းလိုက္"
သူတို႔အေနျဖင့္ မသိသင့္ေသာ ကိစၥမ်ားအား သိခြင့္မရွိေပ။ ဘုရင့္အနားခစားရသူမ်ားအေနျဖင့္ မေျပာသင့္သည့္စကား၊ မသိသင့္သည့္အေၾကာင္းမ်ားႏွင့္ မေမးသင့္သည့္ အေၾကာင္းမ်ား၊မျမင္ခ်င္ေယာင္ေဆာင္ရသည့္ ကိစၥမ်ားစြာရွိသည္။ သူသည္လည္း ဆင္ျခင္ရသည့္ လူတစ္ေယာက္ပင္။
"မွန္ပါ အထိန္းေတာ္ခ်ဳပ္နဲ႕ ကိုယ္ရံေတာ္အနည္းငယ္ပဲ သိတာမို႔ မေပါက္ၾကားေစရပါဘူး မင္းႀကီး"
သူ မင္းႀကီးအား ကတိေပးလိုက္ၿပီးေနာက္ ထပ္မံေစခိုင္းမည့္ အမိန႔္ရွိမရွိအား ေစာင့္စားေနလိုက္သည္။
"တျခား ကိစၥမရွိေတာ့ဘူး...ဒီအေလာင္းကို အစေဖ်ာက္လိုက္...ၿပီးရင္ ေရွာင္ကုန္းဇီကို အက်ဥ္းခ်ဳပ္ေျပာၿပီး ရႈပ္ပြသြားတာေတြ လာရွင္းခိုင္းလိုက္"
"မွန္ပါ အရွင္မင္းႀကီး"
မင္းႀကီးအား အရိုအေသေပးၿပီးေနာက္ လက္ခုပ္တီးကာ အရိပ္ကိုယ္ရံေတာ္မ်ားကို ေခၚလိုက္သည္။ ခ်က္ခ်င္း နန္းေဆာင္ထဲေရာက္လာေသာ အရိပ္ကိုယ္ရံေတာ္မ်ားသည္ အေလာင္းအား သယ္ကာ ထြက္သြားၾကသည္။
အခ်ိန္အရမ္း မၾကာလိုက္။ ေရွာင္ကုန္းဇီသည္ နန္းေဆာင္ထဲသို႔ ဝင္လာေလသည္။
"မင္းႀကီး...ကြၽန္ေတာ္မ်ိဳး ေတာင္းပန္ပါတယ္...လုပ္ႀကံသူမွန္း မသိလို႔ ဝင္ခြင့္ျပဳလိုက္တာပါ"
"အဲဒီကိစၥ ထားလိုက္ေတာ့...အခု ရႈပ္ပြတာေတြ အကုန္ရွင္းလိုက္...ေခါင္းအုံးေတြ အိပ္ရာခင္းေတြ အကုန္အသစ္လဲ...ၿပီးရင္ ကိုယ္ေတာ္ ေရခ်ိဳးဖို႔ ျပင္ေပး"
"မွန္ပါ အရွင္...ကြၽန္ေတာ္မ်ိဳး ခုလုပ္လိုက္ပါမယ္"
ေရွာင္ကုန္းဇီ မင္းႀကီးအား အျမန္ေျဖၾကားလိုက္ၿပီး ခ်က္ခ်င္း အခန္းအား သန႔္ရွင္းေရး လုပ္လိုက္သည္။
ရွင္းယြဲ႕လည္း သန႔္ရွင္းေရးလုပ္ၿပီးမွသာ ျပန္ဝင္ရန္ နန္းေဆာင္အျပင္သို႔ ထြက္ေနလိုက္သည္။
စိတ္မၾကည္မလင္ျဖစ္သြားေသာေၾကာင့္ အေစာင့္မ်ား ရွင္းလင္းသည့္ တိတ္ဆိတ္ေသာ နန္းေဆာင္ၿခံဝန္းထဲသို႔သာ ခဏဆင္းထိုင္ရန္ေတြးလိုက္ေတာ့သည္။
*****************
"ခြမ္း"
စားပြဲထက္ရွိ ပစၥည္းမ်ားအားလုံးအား ေအာက္သို႔ တြန္းခ်လိဳက္ေသာေၾကာင့္ ပစၥည္းမ်ားက်ကြဲသံတို႔ ေပၚထြက္လာသည္။
ေဒါသထြက္ေနေသာ ေက်ာက္ဟြမ္ လက္သီးအား က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။
အခန္းတြင္းသို႔ ေခ်ာေမာေသာမိန္းကေလးတစ္ေယာက္ ဝင္လာေလသည္။
"ဘာေတြ စိတ္အလိုမက် ျဖစ္ေနတာလဲ ေက်ာက္ဟြမ္"
ေဒါသထြက္ေနေသာ ေက်ာက္ဟြမ္ မ်က္ဝန္းနီမ်ားျဖင့္ မိန္းကေလးအား စိုက္ၾကည့္ၿပီး ေျပာလိုက္သည္။
"ငါ ေျမေခြးမိစာၦကို ထိန္းခ်ဳပ္ၿပီး ရွင္းယြဲ႕ကို ျမဴ ဆြယ္ခိုင္းလိုက္တာ...အလုပ္မျဖစ္ဘူး...ေျမေခြးမိစာၦေသသြားၿပီ....စိတ္တိုဖို႔ ေကာင္းလိုက္တာ...ဟြားအယ္ ပုံစံဟန္ေဆာင္ခိုင္းတာေတာင္ အလုပ္မျဖစ္ဘူး...ငါတို႔ အတြင္းလူဆီက ၾကားထားတဲ့ ရွင္းယြဲ႕ ဟြားအယ္ကို စိတ္ဝင္စားတယ္ဆိုတဲ့ သတင္းကမွားေနတာလား....တကယ္ပဲ ရွင္းယြဲ႕က ဟြားအယ္ကို စိတ္မဝင္စားဘူးလား"
"ေက်ာက္ဟြမ္ ငါတို႔ၾကားတဲ့သတင္းက ႏွစ္ေယာက္လုံးက အျပန္အလွန္စိတ္ဝင္စားမႈရွိတယ္ ၾကားတာေနာ္...ဟြားအယ္က ရွင္းယြဲ႕အေပၚ ခံစားခ်က္ ရွိမရွိကလည္း မေသခ်ာေသးဘူး"
ေက်ာက္ဟြမ္ ရွင္းရန္အား ေအးစက္ေသာ ေၾကာက္စရာမ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္သည္။
"ေသခ်ာတယ္ ဟြားအယ္က ရွင္းယြဲ႕ကို စိတ္မဝင္စားဘူး...ရွင္းယြဲ႕ကသာ ဟြားအယ္ကို စိတ္ဝင္စားတာ"
ရွင္းရန္ ေသခ်ာလြန္းေနေသာ ေက်ာက္ဟြမ္ပုံစံအားၾကည့္ၿပီး သက္ျပင္းခ်လိဳက္မိသည္။
"ေျမေခြးမိစာၦက ဟြားအယ္ပုံစံနဲ႕ ျမဴဆြယ္တာ ေအာင္ျမင္သြားရင္ နင္ဘယ္လိုလုပ္မယ္ စဥ္းစားထားတာလဲ"
"ေျမေခြးမိစာၦကို ဟြားအယ္ေနရာအစားသြင္းၿပီး ရွင္းယြဲ႕ ေျမေခြးမိစာၦညွို႔ဓာတ္မွာ က်ဆင္းသြားတာနဲ႕ အမွားေတြပဲ လုပ္မိေအာင္ ေစခိုင္းမယ္...သူသာ ဘုရင္ေကာင္းတစ္ေယာက္ မဟုတ္ေတာ့ဘူးဆို ငါ ပင္ပန္းစရာမလိုဘဲ ေအးေအး ဘုရင္ေနရာယူလို႔ရၿပီ....ေျမေခြးမိစာၦ ဟြားအယ္ေနရာယူထားတဲ့အခ်ိန္ ဟြားအယ္ကို ငါ့ေဘးနားေခၚထားၿပီး ဘယ္သူမွ မသိေအာင္ ဝွက္ထားမယ္"
ရွင္းရန္ ထပ္ၿပီး သက္ျပင္းခ်လိဳက္မိသည္။ ယခုတေလာပိုင္းအတြင္း ေက်ာက္ဟြမ္သည္ လြန္စြာစိတ္ဆတ္လာသည္။ ေတာ္႐ုံကိစၥမ်ားအားလည္း အရင္လို သည္းမခံနိုင္ေတာ့။
ေက်ာက္ဟြမ္၏ စိတ္မထိန္းနိုင္မႈေၾကာင့္ ဟြားအယ္အား အရမ္းပိုင္ဆိုင္ခ်င္ေနေသာသူ၏ စိတ္မ်ားကို ရွင္းရန္ ျမင္ေတြ႕ခဲ့ၿပီးျဖစ္သည္။
ေက်ာက္ဟြမ္ႏွင့္ ဟြားအယ္ၾကား အေျခအေနသည္ အဘယ္ေၾကာင့္ ထိုသို႔ေျပာင္းလဲသြားျခင္းမွန္း သူ(မ) မသိေသာ္လည္း ေသခ်ာသည္ကေတာ့ ေက်ာက္ဟြမ္သည္ ဟြားအယ္အား ပိုင္ဆိုင္ခြင့္ရရန္လုပ္မည္ကိုေတာ့ ေက်ာက္ဟြမ္ေဘးအၿမဲရွိေနသည့္ သူ(မ) သိရွိၿပီးေလၿပီ။
သူ(မ) အေနျဖင့္ ဟြားအယ္အား ယခုျပသနာမ်ားတြင္ မပါဝင္ေစခ်င္သကဲ့သို႔ အခက္လည္းမေတြ႕ေစခ်င္ေပ။ သို႔ေသာ္ ယခုအေျခအေနတြင္ ကိစၥမ်ားသည္ လုံးဝေရွာင္ဖယ္၍ မရေတာ့။
ေက်ာက္ဟြမ္အေနျဖင့္ မင္းႀကီးေနရာ ရယူလိုျခင္းသည္ သူ(မ)ကဲ့သို႔ မိဘမ်ားအတြက္ ကလဲ့စားေစခ်င္ေသာ ဆႏၵအျပင္ ဟြားအယ္အား ပိုင္ဆိုင္လိုေသာ ဆႏၵပါကပ္၍ ပါေနသည္။ သူ(မ) ဟြားအယ္အား ကာကြယ္ရန္ ဘာမွမလုပ္နိုင္ေတာ့ေပ။ ဟြားအယ္သည္ သူ(မ)တို႔ အေရးအခင္းၾကားတြင္ ေသခ်ာေပါက္မျဖစ္မေနပါဝင္ပတ္သတ္လာရေပေတာ့မည္။
"သိပ္မၾကာခင္ ငါတို႔ၿမိဳ႕ေတာ္ကို ေရာက္ၿပီ...ခရီးသိပ္မေဝးေတာ့ဘူး...အနားယူလိုက္ဦး ေက်ာက္ဟြမ္"
"အင္း"
ရွင္းရန္ အခန္းထဲမွ ထြက္လာလိုက္သည္။ တေျဖးေျဖး ေျပာင္းလဲလာေသာ ေက်ာက္ဟြမ္အတြက္ သူ(မ)တြင္ ေျပာစရာစကားတို႔ ရွိမေနေတာ့ေခ်။
အခန္းထဲ တစ္ေယာက္တည္း က်န္ရွိေသာ ဝမ္ရယ္ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ကာ ေရ႐ြတ္လိုက္သည္။
"ဟြားအယ္ မင္းက ငါ့အပိုင္ပဲ"
ထို႔ေနာက္ အခန္းသည္ ျပန္လည္၍ တိတ္ဆိတ္သြားေတာ့သည္။
***********************