∆ The Pitfall ∆ (Completed)

By Its_just_Thu

299K 38.2K 2.4K

I will win this game. Wang Yibo But how? I have nothing to lose. Xiao Zhan This is Yizhan fanfiction💚❤️ More

The Pitfall 1
The Pitfall 2
The Pitfall 3
The Pitfall 4
The Pitfall 5
The Pitfall 6
The Pitfall 7
The Pitfall 8
The Pitfall 10
The Pitfall 11
The Pitfall 12
The Pitfall 13
The Pitfall 14
The Pitfall 15
The Pitfall 16
The Pitfall 17
The Pitfall 18
The Pitfall 19
The Pitfall 20
The Pitfall 21
The Pitfall 22
The Pitfall 23
The Pitfall 24
The Pitfall 25
The Pitfall 26
The Pitfall 27
The Pitfall 28
The Pitfall 29
The Pitfall Final
The Pitfall Extra
Thank You Note💚❤️

The Pitfall 9

8.4K 1.2K 96
By Its_just_Thu


The Pitfall Ep 9

အနမ်းကိုစတင်ဦးဆောင်သူက ရိပေါ်ဖြစ်ပေမယ့်
အနမ်းကိုဆက်ပြီး ဆွဲခေါ်သွားသူက ရှောင်းကျန့်လို့ပဲ
ပြောရလေမလား။ အထိအတွေ့နူးနူးညံ့ညံ့လေးက
ရိပေါ်ကို အရာအားလုံးကို မေ့သွားစေခဲ့တယ်။

ဖြူစင်ရိုးသားသူတစ်ယောက်လို့မဆိုသာပေမယ့် ရိပေါ်က
လူတစ်ယောက်လဲ အခုလောက် နီးနီးကပ်ကပ်မနေခဲ့ဖူးဘူး။

အရိုးသားဆုံးပြောရရင် ရိပေါ်အတွက်
ဒါဟာပထမဆုံးအနမ်း။

ကိုယ့်ဘက်က စတင်ခဲ့တယ်ဆိုပေမယ့် သူငြင်းလိုက်လေမလားဆိုတဲ့ မဝံ့ရဲတဲ့စိတ်လေးလဲ ရှိနေခဲ့သေးတယ်။

ဒါပေမယ့် ရိပေါ်တို့မျှဝေခဲ့တဲ့အနမ်းဟာ နှစ်ဦးနှစ်ဖက်တုံ့ပြန်မှုတွေနဲ့ မေ့မရနိုင်စရာအနမ်းတစ်ခုဖြစ်ခဲ့တယ်
ဆိုတာ ရိပေါ် ဝန်ခံတယ်။

အနမ်းတစ်ခုကို မျှဝေပြီးတဲ့နောက် ဘာစကားမှ
ခပ်များများမဆိုတော့ပဲ ရိပေါ်နှုတ်ဆက်ပြီး
ပြန်လာတော့ ရှောင်းကျန့်ကလဲ
ကောင်းကောင်းမွန်မွန်ပဲ လက်ပြနှုတ်ဆက်ခဲ့တယ်။

ချစ်တယ်၊ သဘောကျတယ် ဘာဆိုဘာမှ
ဖွင့်ဟဝန်ခံခဲ့ခြင်းမရှိတာကြောင့် ရိပေါ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်လိုအမည်တပ်ရမယ်ဆိုတာ
ဝေခွဲမရသေးဘူး။

သူ့ဘက်က တစ်စုံတစ်ရာမေးလာခဲ့မယ်ဆိုရင်တောင်
ရိပေါ် နှုတ်ကပြန်ဖြေနိုင်ပါ့မလား။

စပက်သက်ဖို့ကြိုးစားခဲ့တဲ့အချိန်တွေတုန်းက
ရိပေါ်ရင်ထဲမှာ သူ့အတွက် အမုန်းတွေနဲ့အပြည့်ဆိုပေမယ့် အခုချိန်မှာ အရောင်ပြောင်းချင်နေတဲ့ ခံစားချက်ကို
ရိပေါ်မနည်းကို တွန်းကန်ထားရတယ်ဆိုတာကို
သူသိသွားမှာလဲ ရိပေါ် စိုးရိမ်နေရပြန်သည်။

ကျွန်တော့်ရင်ထဲမှာ ခင်ဗျားအတွက် အမုန်းတွေပဲ
ပျိုးထောင်ထားတာမို့ ပြောင်းလဲပစ်ဖို့
အမူအရာတွေနဲ့ မကြိုးစားချင်ပါနဲ့ ရှောင်းကျန့်။

ဒီဇာတ်လမ်းမှာ ကျွန်တော်က သေချာပေါက်အနိုင်ရသူ
ဖြစ်ရဖို့ ခင်ဗျားကို ချစ်တဲ့စိတ်ဖြစ်မသွားဖို့လိုတယ်။

ယွဲ့ယမ်အတွက် အမှန်တရားတစ်ခုကို မသိရမချင်း
ခင်ဗျားကို ကျွန်တော်စိတ်မယိုင်သွားမှဖြစ်လိမ့်မယ်။

အဲဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော်ချစ်မိစေမယ့် အမူအရာတွေ ခင်ဗျားမလုပ်ပါနဲ့။

xxxxxxxxx

ဒီနေ့လေ့ကျင့်ရေးဆင်းရတာတော်တော်ပင်ပန်းတယ်။

နောက်တပတ်ထဲမှာပြိုင်ပွဲတခုရှိတာမို့ရိပေါ်တို့
ပုံမှန်နှစ်နာရီဘဲလေ့ကျင့်ရေးဆင်းရာကနေ
ဒီနေ့တော့သုံးနာရီကြာအောင်လေ့ကျင့်ရေးဆင်းကြရတယ်။

တခြားကောင်တွေကတော့လေ့ကျင့်ရေး ပြီးပြီ
ဆိုတာနဲ့ကွင်းဘေးမှာချထားတဲ့ရေဘူးတို့
အအေးဘူးတို့ရှိတဲ့နေရာကိုတရှိန်ထိုးပြေးသွားတော့တာပဲ။

ဒါပေမယ့် ရိပေါ်ကတော့အက်လိုပြေးသွားစရာမလိုဘူးလေ။

ရိပေါ်ကွင်းဘေးမှာချထားခဲ့တဲမျက်နှာသုတ်ပုဝါကို
ကောက်ယူပီး မျက်နှာက ချွေးစက်တွေကိုသုတ်ရင်း
အမောဖြေနေတဲ့အချိန်မှာဘဲအနားကို
အရိပ်ကလေးတခုကျလာတယ်။

ဘယ်သူလဲလို့လှည့်ကြည့်စရာမလိုလောက်အောင်ရနေတဲ့ရေမွှေးနံ့ကနေတဆင့်ရှောင်းကျန့်ဆိုတာကို
ရိပေါ်သိနိုင်တယ်။

အဲဒီနောက် မျက်စိရှေ့ရောက်လာတဲ့green tea
ဘူးလေးကရှောင်းကျန့်ဖြစ်ကြောင်းသက်သေတခုပဲ။

ရှောင်းကျန့်မမြင်သာအောင် ခေါင်းငုံ့ပြုံးလို့
green tea ဘူးလေးကို လှမ်းယူလိုက်မိတယ်။

ဒါပေမယ့် ကျေးဇူးတင်စကားတော့မဆိုဖြစ်ဘူး။

လေ့ကျင့်ရေးပြီးတိုင်း ရှောင်းကျန့်တိုက်တဲ့
green tea ကို မက်မက်မောမောသောက်တတ်ပေမယ့်
အဲဒီအရာအတွက် ကျေးဇူးတင်ပါတယ်လို့
ပြောဖို့တော့ ရိပေါ်တွန့်ဆုတ်နေမိတယ်။

ဘာအကြောင်းကြောင့်နဲ့မှ ရှောင်းကျန့်ကို
ကျေးဇူးတင်ပါတယ်လို့ မပြောလိုဘူး။

“ပင်ပန်းနေပြီလား ရိပေါ်”

ရိပေါ်နံဘေးကိုဝင်ထိုင်ချကာ ရှောင်းကျန့်က
မေးခွန်းထုတ်တယ်။

“နည်းနည်းပါ”

“ဒါနဲ့ ရိပေါ် နေမကောင်းဘူးလား”

“ကောင်းပါတယ် ဘာဖြစ်လို့လဲ”

“ဒီနေ့ ကွင်းထဲမှာ ရိပေါ်အမှားတွေလုပ်တယ်လေ
ပြီးတော့ ခါတိုင်း passes accuracy (ဘောလုံးဖြန့်ဝေမှု မှန်ကန်မှု) က ၉၀% ကျော်အမြဲရနေတာကို
ဒီနေ့ ၈၀% ပဲရှိတယ် ရိပေါ်တစ်ခုခုဖြစ်နေတယ်ထင်လို့ မှန်းစမ်း နေမကောင်းတာလား”

နဖူးပြင်ပေါ်ကျလာတဲ့ လက်ဖဝါးကို ရိပေါ်ရှောင်ချိန်မရဘူး။

ဟိုတလောက အနမ်းတစ်ခုမျှဝေပြီးတဲ့နောက်
ရှောင်းကျန့်က လူကွယ်ရာရောက်တိုင်း
skinship အရမ်းလုပ်တတ်လာတယ်။

ကိုယ့်ကိုကိုယ်ရင့်ကျက်လှပြီထင်ပေမယ့်
ရှောင်းကျန့်ရဲ့ အထိအတွေ့တွေကို ရိပေါ်
မယဉ်ပါးနိုင်သေးဘူးထင်တယ်။

သူ့အသားနဲ့ထိလိုက်မိတိုင်း ရင်ခုန်နှုန်းကိုထိန်းမရသလို သံလိုက်ဓာတ်လို ညှို့ငင်ခံရတာကိုလဲ မထိန်းချုပ်နိုင်ဘူး။

အဲဒါကို ရှောင်းကျန့်က သတိပြုမိပုံမရတာမို့
တော်ပါသေးရဲ့လို့သာ ရိပေါ်တွေးမိတယ်။

“ကိုယ်လဲမပူပါဘူး ဒါပေမယ့် တစ်ခုခုတော့ဖြစ်နေတယ်မဟုတ်လား”

နဖူးပေါ်ကလက်ကိုဖယ်ခွာမသွားသေးပဲ မေးနေသူရဲ့လက်ကို ဆုပ်ကိုင်လို့ နဖူးပေါ်က ဖယ်စေတော့ တစ်ယောက်နဲ့တစ်ယောက် လက်ချင်းကိုင်ထားသလိုဖြစ်သွားပြန်တယ်။

ရှိန်းတိန်းဖိန်းတိန်းဖြစ်နေတဲ့ခံစားချက်ကို
ရိပေါ် သဘောမကျလိုက်တာ၊ တကယ်ကိုပဲ…။

“အိပ်ရေးပျက်လို့ခေါင်းကိုက်နေတာပါ ဒီနေ့
အပြီးထပ်ရမယ့် assignment ရှိလို့ ညက
ထိုင်ရေးနေတာ ၃ နာရီထိုးသွားလို့”

“စာမေးပွဲတွေကပြီးသွားပြီမဟုတ်ဘူးလား”

အရင်တစ်ပတ်က စာမေးပွဲငယ်ဖြေရတာကို ရည်ညွှန်းပြီးရှောင်းကျန့်ကမေးလာတယ်။

“အင်းဟုတ်တယ် ဒီဘာသာက စာမေးပွဲမဖြေရဘူးလေ individual assignment ပဲထပ်ရတာ
အဲဒါကြောင့် deadline က ဒီနေ့ ..
ကျွန်တော်က ပျင်းပြီးရေးဖို့အချိန်ဆွဲနေမိတာ”

“ခေါင်းကိုက်နေလဲ ဒီနေ့ လေ့ကျင့်ရေး မလာပဲနေတာ
မဟုတ်ဘူး တစ်ရက်လောက်ပျက်လို့ ဘာမှမဖြစ်ပါဘူး ..
အခုတော့ ပိုပြီးပင်ပန်းနေတော့မှာပဲ”

“ပြိုင်ပွဲကနီးနေပြီလေ ပြီးတော့ …”

“ပြီးတော့ ဘာဖြစ်လဲ”

မျက်ခုံးတချက်ပင့်၊ မျက်လုံးလေးဝင့်လို့ ဟန်ပါပါ
မေးသူကို ရိပေါ် ရီဝေဝေကြည့်လို့ မြှားတစ်စင်းကို
ပစ်လိုက်တယ်။

“ပြီးတော့ ခင်ဗျားကိုတွေ့ချင်လို့လေ…”

ရိပေါ်ရဲ့ခပ်တိုးတိုးစကားမှာရှောင်းကျန့်
အငိုက်မိစေချင်ခဲ့ပေမယ့် ရှောင်းကျန့်ပြန်ပြောလိုက်တဲ့
စကားမှသာ ရိပေါ်က အငိုက်မိရပြန်တယ်။

“တွေ့ချင်ရုံနဲ့တော့ လေ့ကျင့်ရေးကိုမလာလဲ ဖြစ်ပါတယ်ကွာ .. ရိပေါ်ကသာ ကောရေ လွမ်းလို့
တွေ့ချင်ပါတယ်လို့ စာတစ်စောင်ပို့လိုက်ရင်
ကိုယ်က ချက်ချင်းလာပြေးတွေ့မှာပေါ့”

Aisshhh လဲသေလိုက် ရိပေါ် အဲဒီမှာလဲသေလိုက်။
ကိုယ်က flirt ပါမယ်လို့ရည်စူးပြီးပြောတဲ့စကားကိုနင်းပြီး ဟိုဘက်က ပြန် flirt တာ ခံလိုက်ရတယ်လို့ကွာ။

ခင်ဗျားကြီးက သိပ်ကိုမူယာမာယာကြွယ်လွန်းတယ်။

အဲဒီလိုမျိုး .. ဘယ်နှစ်ယောက်ကို ခြွေချပြီးပြီလဲလို့တွေးမိတော့ ရင်ထဲမှာ အောင့်တက်လာတယ်။

သူယွဲ့ယမ်ကိုရော အဲဒီလိုတွေပြောခဲ့သလား၊
အဲဒီလိုပြောခဲ့မှာ စိတ်ပူနေတဲ့ ရိပေါ်ကရော ယွဲ့ယမ်ကို
အူတိုနေတာလား၊ ဒါမှမဟုတ်…ရှောင်းကျန့်ကိုလား။

“ကျွန်တော်တို့က အဲဒီလိုမျိုးဆက်ဆံရေးလား”

“ရိပေါ်ကရော ဘယ်လိုထင်လဲ”

“ကျွန်တော်အရင်မေးတာလေဗျာ…”

စူပုတ်ပုတ်နဲ့ ရိပေါ်မေးတော့ ရှောင်းကျန့်က ဘာမှပြန်မပြောပဲရယ်ချည်းနေတယ်။ ပြီးတော့ ရိပေါ် နားရွက်နားလေးကိုကပ်လို့ ခပ်တိုးတိုးပြောပြီး ထိုင်ရာကနေ ထသွားတယ်။

ရိပေါ်ကတော့ သူပြောတဲ့စကားကြောင့် ၅ မိနစ်လောက် ရင်တုန်သွားတာမို့ ထိုင်နေရာမှာ တောင့်တောင့်ကြီး ဆက်ထိုင်နေမိတုန်း သူပြောသွားတာက …

“အဲဒီနေ့က ရိပေါ်ဘက်က အရင်နမ်းတာမဟုတ်လား .. အဖြေက ရိပေါ်ဆီမှာပဲ ရှိနေသင့်တာပေါ့”

ရှောင်းကျန့် … ခင်ဗျားက တကယ့်လူလည်ကြီး !

Xxxxx

“ရိပေါ် ကျိရန်ကိုတွေ့မိလား”

ဘောလုံးကွင်းဘက်ကို မလာစဖူး ရောက်ချလာသော ဟောက်ရွှမ်းကိုတွေ့တာမို့ ရိပေါ် အနည်းငယ်အံ့သြသွားတယ်။ အရင်တုန်းကဆို ဟောက်ရွှမ်းက ဘောလုံးကွင်းဘက်ကို ယောင်လို့တောင် ခြေချဖူးတဲ့သူမဟုတ်ပါဘူး။

“ရေသွားချိုးနေတယ်ထင်တာပဲ ငါတောင်အခုရေသွားချိုးမလို့ မင်းကမပြန်သေးဘူးလား မင်းတို့လဲ လေ့ကျင့်ရေး ရှိတာလား”

“အင်း ဟုတ်တယ် ငါတို့လဲခုနကမှ လေ့ကျင့်ရေးပြီးတာ”

“မင်းက ကျိရန်ကိုဘာလုပ်ဖို့ရှာနေတာလဲ”

“ငါ သူ့ကိုပြောစရာလေးနည်းနည်းရှိလို့”

“ငါသိလို့ဖြစ်သလား”

“ဖြစ်ပါတယ် .. ငါလဲ မင်းကိုပြောမလို့ပါပဲ ပြီးခဲ့တဲ့အပတ်က စာမေးပွဲဆိုတော့ စာကုန်းကျက်နေရတာနဲ့မို့ မပြောဖြစ်တာ… ဒီလိုကွာ … ငါ့ကိုကျိရန်က ချစ်တယ်လို့ဖွင့်ပြောတယ်”

“wow”

ကျိရန်က ဟောက်ရွှမ်းကိုသဘောကျနေတယ်ဆိုတာ ရိပေါ်ရိပ်မိပေမယ့် အခုလောက်မြန်မြန်ဖွင့်ပြောမယ်လို့ မထင်ထားတာမို့ အာမေဋိတ်တစ်ခုပြုမိတယ်။ တစ်ချိန်တည်းအတူတူသိကြတာချင်းအတူတူ သူနဲ့ ရှောင်းကျန့်တောင် တစ်ယောက်ကိုတစ်ယောက် ဖွင့်ဟဝန်ခံတဲ့အဆင့်မဟုတ်သေးဘူး။ ကျိရန်က စကားလဲများသလို သွက်လဲသွက်သားပဲ။

“အဲဒါ မင်းကဘာပြန်ပြောလိုက်တယ်”

“ငါ….ငါငြင်းလိုက်မိတယ်”

ထင်တော့ထင်ပါတယ်။ ဟောက်ရွှမ်းက LGBT support ပေးတဲ့သူတစ်ယောက်ပေမယ့် သူကိုယ်တိုင်တော့ ဂေးမဟုတ်ဘူးလို့ ပြောထားဖူးတာကြောင့် အခုလိုပဲ တုံ့ပြန်မယ်ဆိုတာ ရိပေါ် ခန့်မှန်းထားပြီးသား။ ဒါပေမယ့် နားမလည်နိုင်တာက သူငြင်းလိုက်တဲ့သူတစ်ယောက်ကို ဘာလို့လာရှာတာလဲဆိုတာကိုပဲ။

“အင်း အဲဒီတော့ မင်းက ငြင်းလိုက်ပြီးသားလူတစ်ယောက်ကို အခုရှာလာတာက ဘာလို့လဲ”

“ငါလဲမသိဘူး”

“အမ် ဟောက်ရွှမ်း စာမေးပွဲဖြေလိုက်ရလို့ လွတ်သွားတာလား”

“အဲဒါလဲမသိဘူး ရိပေါ် .. ငါ ဂေးမဟုတ်ဘူး
ငါယောကျာ်းလေးတစ်ယောက်ကိုလဲမကြိုက်ဘူး
ကျိရန်ငါ့ကိုချစ်တယ်ပြောတဲ့အချိန်ထိ ငါရင်ခုန်တာ
ဘာညာလဲမဖြစ်ဘူး သူ့ကိုလဲ ကောင်းကောင်းမွန်မွန်ပြောပြီး ငြင်းလိုက်တာပဲ။ ကျိရန်ကလဲ သူနားလည်ပါတယ်တဲ့။ အေးအေးဆေးဆေးပဲ ပြောသွားတာကွာ။
ဒါပေမယ့် ငါငြင်းလိုက်ပြီးတဲ့အချိန်ကစပြီး
ကျိရန်က ငါ့ကိုအဆက်အသွယ်ဖြတ်သွားတယ်
ဖုန်းလဲမဆက် စာလဲမပို့တော့ဘူး။ ပြီးတော့
မင်းသတိမထားမိဘူးလား အရင်တစ်ပတ်က
ငါတို့ကန်တင်းမှာလဲ ထမင်းလာမစားတော့ဘူး”

အဲဒါတော့ ရိပေါ်သတိမထားမိ။
သတိမထားလိုက်ဆို တစ်ပတ်လုံးလုံး စာမေးပွဲက
မနက်တစ်ချိန် နေ့လည်တစ်ချိန်မို့ ကိုယ်တိုင်တောင်
ကန်တင်းကိုနေ့တိုင်းမရောက်ဖြစ်။ နေ့လည်ဘက်
စာမေးပွဲပြီးမှ ပေါင်းစားဖြစ်တဲ့ရက်က ၄ ရက်လောက်
ဆိုတော့ ကျိရန်မလာတာကို အထူးတလည်
သတိမပြုဖြစ်တော့ဘူး။

“ငါလဲ စာမေးပွဲနဲ့ရှုပ်နေတာဆိုတော့ သတိမထားလိုက်မိဘူး သူတို့လဲ စာမေးပွဲဖြေနေရလို့လားမှမသိတာ”

“မဟုတ်ဘူး ငါစုံစမ်းပြီးပြီ သူတို့စာမေးပွဲက နောက်တစ်ပတ်မှ”

“ထားပါ စာမေးပွဲကအဓိကမဟုတ်ပါဘူး သူမလာတော့လဲဘာဖြစ်လဲ သူလဲ အငြင်းခံရတော့ ရှက်နေလားမှမသိတာကွာ .. ခဏလွှတ်ထားလိုက်ပေါ့ .. ပြီးတော့မင်းလဲသူ့ကိုကြိုက်နေတာမှမဟုတ်ပဲ”

“ငါပြောချင်တာလဲအဲဒါပဲ .. ငါသူ့ကိုကြိုက်မနေဘူး ဒါပေမယ့် သူနဲ့မတွေ့ရတော့ သူ့ဆီက အဆက်အသွယ်မရတော့ ငါ့ရင်ထဲမှာ ဟာတာတာကြီးနဲ့နေရတာ အဆင်မပြေဘူး သူငယ်ချင်းဖြစ်သွားတဲ့အချိန်ခဏလေးမှာပဲ သူငါ့ကို စကားတွေအများကြီးပြောတာ စနောက်တာတွေ သူ့ရယ်သံတွေ အဲဒါတွေကို ငါလွမ်းနေတယ် သူ့ကိုအရင်လိုပဲ မြင်ချင်တယ် ငါ့နားမှာ သူ့ကိုရှိစေချင်တယ်”

ရုပ်တည်ကြီးနဲ့ပြောနေတဲ့ဟောက်ရွှမ်းက အမှန်တကယ်ကို ခံစားရနေပုံပင်။

သူပြောတာတွေနားထောင်ပြီး ရိပေါ်အတွေးထဲဝင်လာတာတစ်ခုတည်း။ မဟုတ်မှ .. ဒီကောင်က ကျိရန်ကိုမကြိုက်ဘူးလို့ပြောပြီး ချစ်နေတာရော မဖြစ်နိုင်ဘူးလားဆိုတာပဲ။

တချို့သောအချစ်တွေက ရင်ထဲကို အုန်းခနဲဝင်လာတာမျိုးမဟုတ်ပဲ အတူတူရှိနေရင်းနဲ့က သံယောဇဉ်တွယ်လာတတ်တာမျိုးလဲဖြစ်နိုင်တာပဲ။

“ဟောက်ရွှမ်း မင်းသူ့ကိုချစ်နေတာလား”

“ဟာ မဟုတ်တာ ငါကသူ့ကိုမကြိုက်ဘူးလေ အဲဒါကြောင့် ငြင်းလိုက်တာလေ”

“ဒါပေမယ့် မင်းသူနဲ့မတွေ့ရရင်မနေနိုင်လို့ အခုဒီကိုတောင်ရောက်လာပြီးပြီလေ”

“ငါ မစဉ်းစားတတ်တော့ဘူး”

“မလောပါနဲ့ ဖြည်းဖြည်းချင်းအချိန်ယူပြီးစဉ်းစားပေါ့ ဒါမျိုးကလောတိုင်းမကောင်းဘူး”

ဟောက်ရွှမ်းက ရိပေါ်အကြံကို လက်ခံသလို ခေါင်းကိုအသညိတ်ပြသည်။ အမြဲတမ်းရယ်မောနေတတ်တဲ့
ဟောက်ရွှမ်းက အခုတော့ အချစ်လားဘာလား
မသဲကွဲတဲ့ခံစားချက်ကြောင့်ထင်သည်။

ရယ်တောင်မရယ်နိုင်တော့၊ အချစ်က အဲဒီလို ထူးထူးဆန်းဆန်းတွေလဲ ဖြစ်စေတတ်တာလား။

“ဟိုမှာ ကျိရန်ထွက်လာပြီ”

“ငါသွားတော့မယ် ငါ့ကိုအော်တော့မထုတ်လောက်ပါဘူးနော် ရိပေါ်”

“မအော်ပါဘူးကွာ မင်းကလဲ အသည်းလာငယ်နေပြန်ပြီ မင်းတို့က သူငယ်ချင်းတွေပဲဟာ”

“အေးအေး မနက်ဖြန်မှ အတန်းထဲမှာတွေ့မယ်”

မကြိုက်ဘူးသာပြောတယ်၊ ကျိရန်ကိုမြင်တာနဲ့ သွားအဖြဲသားနဲ့ ကျိရန်နားကိုပြေးသွားတဲ့ ဟောက်ရွှမ်းက ချစ်နေတာ အသိသာချည်း။

သူ့နှလုံးသားက အဖြေမှန်ကို သူလက်မခံနိုင်သေးလို့သာ
ကျိရန်ကို ငြင်းပစ်လိုက်ပုံပေါ်တယ်။

အချစ်ကိုအချစ်လို့ လက်သင့်ခံနိုင်ပြီး သူ့ကိုချစ်တဲ့သူကို အချိန်မလွန်ခင် ဖမ်းဆုပ်ထားနိုင်ဖို့ ရိပေါ် ဆုတောင်းပေးရမှာပါပဲ။

ရိပေါ်ကိုယ်တိုင်အတွက်ကတော့…..။

Ep 10 to be continued

Zawgyi

The Pitfall Ep 9

အနမ္းကိုစတင္ဦးေဆာင္သူက ရိေပၚျဖစ္ေပမယ့္
အနမ္းကိုဆက္ၿပီး ဆြဲေခၚသြားသူက ေရွာင္းက်န႔္လို႔ပဲ
ေျပာရေလမလား။ အထိအေတြ႕ႏူးႏူးညံ့ညံ့ေလးက
ရိေပၚကို အရာအားလုံးကို ေမ့သြားေစခဲ့တယ္။

ျဖဴစင္ရိုးသားသူတစ္ေယာက္လို႔မဆိုသာေပမယ့္ ရိေပၚက
လူတစ္ေယာက္လဲ အခုေလာက္ နီးနီးကပ္ကပ္မေနခဲ့ဖူးဘူး။

အရိုးသားဆုံးေျပာရရင္ ရိေပၚအတြက္
ဒါဟာပထမဆုံးအနမ္း။

ကိုယ့္ဘက္က စတင္ခဲ့တယ္ဆိုေပမယ့္ သူျငင္းလိုက္ေလမလားဆိုတဲ့ မဝံ့ရဲတဲ့စိတ္ေလးလဲ ရွိေနခဲ့ေသးတယ္။

ဒါေပမယ့္ ရိေပၚတို႔မွ်ေဝခဲ့တဲ့အနမ္းဟာ ႏွစ္ဦးႏွစ္ဖက္တုံ႕ျပန္မႈေတြနဲ႕ ေမ့မရနိုင္စရာအနမ္းတစ္ခုျဖစ္ခဲ့တယ္
ဆိုတာ ရိေပၚ ဝန္ခံတယ္။

အနမ္းတစ္ခုကို မွ်ေဝၿပီးတဲ့ေနာက္ ဘာစကားမွ
ခပ္မ်ားမ်ားမဆိုေတာ့ပဲ ရိေပၚႏႈတ္ဆက္ၿပီး
ျပန္လာေတာ့ ေရွာင္းက်န႔္ကလဲ
ေကာင္းေကာင္းမြန္မြန္ပဲ လက္ျပႏႈတ္ဆက္ခဲ့တယ္။

ခ်စ္တယ္၊ သေဘာက်တယ္ ဘာဆိုဘာမွ
ဖြင့္ဟဝန္ခံခဲ့ျခင္းမရွိတာေၾကာင့္ ရိေပၚတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို ဘယ္လိုအမည္တပ္ရမယ္ဆိုတာ
ေဝခြဲမရေသးဘူး။

သူ႕ဘက္က တစ္စုံတစ္ရာေမးလာခဲ့မယ္ဆိုရင္ေတာင္
ရိေပၚ ႏႈတ္ကျပန္ေျဖနိုင္ပါ့မလား။

စပက္သက္ဖို႔ႀကိဳးစားခဲ့တဲ့အခ်ိန္ေတြတုန္းက
ရိေပၚရင္ထဲမွာ သူ႕အတြက္ အမုန္းေတြနဲ႕အျပည့္ဆိုေပမယ့္ အခုခ်ိန္မွာ အေရာင္ေျပာင္းခ်င္ေနတဲ့ ခံစားခ်က္ကို
ရိေပၚမနည္းကို တြန္းကန္ထားရတယ္ဆိုတာကို
သူသိသြားမွာလဲ ရိေပၚ စိုးရိမ္ေနရျပန္သည္။

ကြၽန္ေတာ့္ရင္ထဲမွာ ခင္ဗ်ားအတြက္ အမုန္းေတြပဲ
ပ်ိဳးေထာင္ထားတာမို႔ ေျပာင္းလဲပစ္ဖို႔
အမူအရာေတြနဲ႕ မႀကိဳးစားခ်င္ပါနဲ႕ ေရွာင္းက်န႔္။

ဒီဇာတ္လမ္းမွာ ကြၽန္ေတာ္က ေသခ်ာေပါက္အနိုင္ရသူ
ျဖစ္ရဖို႔ ခင္ဗ်ားကို ခ်စ္တဲ့စိတ္ျဖစ္မသြားဖို႔လိုတယ္။

ယြဲ႕ယမ္အတြက္ အမွန္တရားတစ္ခုကို မသိရမခ်င္း
ခင္ဗ်ားကို ကြၽန္ေတာ္စိတ္မယိုင္သြားမွျဖစ္လိမ့္မယ္။

အဲဒါေၾကာင့္ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္ခ်စ္မိေစမယ့္ အမူအရာေတြ ခင္ဗ်ားမလုပ္ပါနဲ႕။

xxxxxxxxx

ဒီေန႕ေလ့က်င့္ေရးဆင္းရတာေတာ္ေတာ္ပင္ပန္းတယ္။

ေနာက္တပတ္ထဲမွာၿပိဳင္ပြဲတခုရွိတာမို႔ရိေပၚတို႔
ပုံမွန္ႏွစ္နာရီဘဲေလ့က်င့္ေရးဆင္းရာကေန
ဒီေန႕ေတာ့သုံးနာရီၾကာေအာင္ေလ့က်င့္ေရးဆင္းၾကရတယ္။

တျခားေကာင္ေတြကေတာ့ေလ့က်င့္ေရး ၿပီးၿပီ
ဆိုတာနဲ႕ကြင္းေဘးမွာခ်ထားတဲ့ေရဘူးတို႔
အေအးဘူးတို႔ရွိတဲ့ေနရာကိုတရွိန္ထိုးေျပးသြားေတာ့တာပဲ။

ဒါေပမယ့္ ရိေပၚကေတာ့အက္လိုေျပးသြားစရာမလိုဘူးေလ။

ရိေပၚကြင္းေဘးမွာခ်ထားခဲ့တဲမ်က္ႏွာသုတ္ပုဝါကို
ေကာက္ယူပီး မ်က္ႏွာက ေခြၽးစက္ေတြကိုသုတ္ရင္း
အေမာေျဖေနတဲ့အခ်ိန္မွာဘဲအနားကို
အရိပ္ကေလးတခုက်လာတယ္။

ဘယ္သူလဲလို႔လွည့္ၾကည့္စရာမလိုေလာက္ေအာင္ရေနတဲ့ေရေမႊးနံ႕ကေနတဆင့္ေရွာင္းက်န႔္ဆိုတာကို
ရိေပၚသိနိုင္တယ္။

အဲဒီေနာက္ မ်က္စိေရွ႕ေရာက္လာတဲ့green tea
ဘူးေလးကေရွာင္းက်န႔္ျဖစ္ေၾကာင္းသက္ေသတခုပဲ။

ေရွာင္းက်န႔္မျမင္သာေအာင္ ေခါင္းငုံ႕ၿပဳံးလို႔
green tea ဘူးေလးကို လွမ္းယူလိုက္မိတယ္။

ဒါေပမယ့္ ေက်းဇူးတင္စကားေတာ့မဆိုျဖစ္ဘူး။

ေလ့က်င့္ေရးၿပီးတိုင္း ေရွာင္းက်န႔္တိုက္တဲ့
green tea ကို မက္မက္ေမာေမာေသာက္တတ္ေပမယ့္
အဲဒီအရာအတြက္ ေက်းဇူးတင္ပါတယ္လို႔
ေျပာဖို႔ေတာ့ ရိေပၚတြန႔္ဆုတ္ေနမိတယ္။

ဘာအေၾကာင္းေၾကာင့္နဲ႕မွ ေရွာင္းက်န႔္ကို
ေက်းဇူးတင္ပါတယ္လို႔ မေျပာလိုဘူး။

“ပင္ပန္းေနၿပီလား ရိေပၚ”

ရိေပၚနံေဘးကိုဝင္ထိုင္ခ်ကာ ေရွာင္းက်န႔္က
ေမးခြန္းထုတ္တယ္။

“နည္းနည္းပါ”

“ဒါနဲ႕ ရိေပၚ ေနမေကာင္းဘူးလား”

“ေကာင္းပါတယ္ ဘာျဖစ္လို႔လဲ”

“ဒီေန႕ ကြင္းထဲမွာ ရိေပၚအမွားေတြလုပ္တယ္ေလ
ၿပီးေတာ့ ခါတိုင္း passes accuracy (ေဘာလုံးျဖန႔္ေဝမႈ မွန္ကန္မႈ) က ၉၀% ေက်ာ္အၿမဲရေနတာကို
ဒီေန႕ ၈၀% ပဲရွိတယ္ ရိေပၚတစ္ခုခုျဖစ္ေနတယ္ထင္လို႔ မွန္းစမ္း ေနမေကာင္းတာလား”

နဖူးျပင္ေပၚက်လာတဲ့ လက္ဖဝါးကို ရိေပၚေရွာင္ခ်ိန္မရဘူး။

ဟိုတေလာက အနမ္းတစ္ခုမွ်ေဝၿပီးတဲ့ေနာက္
ေရွာင္းက်န႔္က လူကြယ္ရာေရာက္တိုင္း
skinship အရမ္းလုပ္တတ္လာတယ္။

ကိုယ့္ကိုကိုယ္ရင့္က်က္လွၿပီထင္ေပမယ့္
ေရွာင္းက်န႔္ရဲ႕ အထိအေတြ႕ေတြကို ရိေပၚ
မယဥ္ပါးနိုင္ေသးဘူးထင္တယ္။

သူ႕အသားနဲ႕ထိလိုက္မိတိုင္း ရင္ခုန္ႏႈန္းကိုထိန္းမရသလို သံလိုက္ဓာတ္လို ညွို႔ငင္ခံရတာကိုလဲ မထိန္းခ်ဳပ္နိုင္ဘူး။

အဲဒါကို ေရွာင္းက်န႔္က သတိျပဳမိပုံမရတာမို႔
ေတာ္ပါေသးရဲ႕လို႔သာ ရိေပၚေတြးမိတယ္။

“ကိုယ္လဲမပူပါဘူး ဒါေပမယ့္ တစ္ခုခုေတာ့ျဖစ္ေနတယ္မဟုတ္လား”

နဖူးေပၚကလက္ကိုဖယ္ခြာမသြားေသးပဲ ေမးေနသူရဲ႕လက္ကို ဆုပ္ကိုင္လို႔ နဖူးေပၚက ဖယ္ေစေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ လက္ခ်င္းကိုင္ထားသလိုျဖစ္သြားျပန္တယ္။

ရွိန္းတိန္းဖိန္းတိန္းျဖစ္ေနတဲ့ခံစားခ်က္ကို
ရိေပၚ သေဘာမက်လိဳက္တာ၊ တကယ္ကိုပဲ…။

“အိပ္ေရးပ်က္လို႔ေခါင္းကိုက္ေနတာပါ ဒီေန႕
အၿပီးထပ္ရမယ့္ assignment ရွိလို႔ ညက
ထိုင္ေရးေနတာ ၃ နာရီထိုးသြားလို႔”

“စာေမးပြဲေတြကၿပီးသြားၿပီမဟုတ္ဘူးလား”

အရင္တစ္ပတ္က စာေမးပြဲငယ္ေျဖရတာကို ရည္ၫႊန္းၿပီးေရွာင္းက်န႔္ကေမးလာတယ္။

“အင္းဟုတ္တယ္ ဒီဘာသာက စာေမးပြဲမေျဖရဘူးေလ individual assignment ပဲထပ္ရတာ
အဲဒါေၾကာင့္ deadline က ဒီေန႕ ..
ကြၽန္ေတာ္က ပ်င္းၿပီးေရးဖို႔အခ်ိန္ဆြဲေနမိတာ”

“ေခါင္းကိုက္ေနလဲ ဒီေန႕ ေလ့က်င့္ေရး မလာပဲေနတာ
မဟုတ္ဘူး တစ္ရက္ေလာက္ပ်က္လို႔ ဘာမွမျဖစ္ပါဘူး ..
အခုေတာ့ ပိုၿပီးပင္ပန္းေနေတာ့မွာပဲ”

“ၿပိဳင္ပြဲကနီးေနၿပီေလ ၿပီးေတာ့ …”

“ၿပီးေတာ့ ဘာျဖစ္လဲ”

မ်က္ခုံးတခ်က္ပင့္၊ မ်က္လုံးေလးဝင့္လို႔ ဟန္ပါပါ
ေမးသူကို ရိေပၚ ရီေဝေဝၾကည့္လို႔ ျမႇားတစ္စင္းကို
ပစ္လိုက္တယ္။

“ၿပီးေတာ့ ခင္ဗ်ားကိုေတြ႕ခ်င္လို႔ေလ…”

ရိေပၚရဲ႕ခပ္တိုးတိုးစကားမွာေရွာင္းက်န႔္
အငိုက္မိေစခ်င္ခဲ့ေပမယ့္ ေရွာင္းက်န႔္ျပန္ေျပာလိုက္တဲ့
စကားမွသာ ရိေပၚက အငိုက္မိရျပန္တယ္။

“ေတြ႕ခ်င္႐ုံနဲ႕ေတာ့ ေလ့က်င့္ေရးကိုမလာလဲ ျဖစ္ပါတယ္ကြာ .. ရိေပၚကသာ ေကာေရ လြမ္းလို႔
ေတြ႕ခ်င္ပါတယ္လို႔ စာတစ္ေစာင္ပို႔လိုက္ရင္
ကိုယ္က ခ်က္ခ်င္းလာေျပးေတြ႕မွာေပါ့”

Aisshhh လဲေသလိုက္ ရိေပၚ အဲဒီမွာလဲေသလိုက္။
ကိုယ္က flirt ပါမယ္လို႔ရည္စူးၿပီးေျပာတဲ့စကားကိုနင္းၿပီး ဟိုဘက္က ျပန္ flirt တာ ခံလိုက္ရတယ္လို႔ကြာ။

ခင္ဗ်ားႀကီးက သိပ္ကိုမူယာမာယာႂကြယ္လြန္းတယ္။

အဲဒီလိုမ်ိဳး .. ဘယ္ႏွစ္ေယာက္ကို ေႁခြခ်ၿပီးၿပီလဲလို႔ေတြးမိေတာ့ ရင္ထဲမွာ ေအာင့္တက္လာတယ္။

သူယြဲ႕ယမ္ကိုေရာ အဲဒီလိုေတြေျပာခဲ့သလား၊
အဲဒီလိုေျပာခဲ့မွာ စိတ္ပူေနတဲ့ ရိေပၚကေရာ ယြဲ႕ယမ္ကို
အူတိုေနတာလား၊ ဒါမွမဟုတ္…ေရွာင္းက်န႔္ကိုလား။

“ကြၽန္ေတာ္တို႔က အဲဒီလိုမ်ိဳးဆက္ဆံေရးလား”

“ရိေပၚကေရာ ဘယ္လိုထင္လဲ”

“ကြၽန္ေတာ္အရင္ေမးတာေလဗ်ာ…”

စူပုတ္ပုတ္နဲ႕ ရိေပၚေမးေတာ့ ေရွာင္းက်န႔္က ဘာမွျပန္မေျပာပဲရယ္ခ်ည္းေနတယ္။ ၿပီးေတာ့ ရိေပၚ နား႐ြက္နားေလးကိုကပ္လို႔ ခပ္တိုးတိုးေျပာၿပီး ထိုင္ရာကေန ထသြားတယ္။

ရိေပၚကေတာ့ သူေျပာတဲ့စကားေၾကာင့္ ၅ မိနစ္ေလာက္ ရင္တုန္သြားတာမို႔ ထိုင္ေနရာမွာ ေတာင့္ေတာင့္ႀကီး ဆက္ထိုင္ေနမိတုန္း သူေျပာသြားတာက …

“အဲဒီေန႕က ရိေပၚဘက္က အရင္နမ္းတာမဟုတ္လား .. အေျဖက ရိေပၚဆီမွာပဲ ရွိေနသင့္တာေပါ့”

ေရွာင္းက်န႔္ … ခင္ဗ်ားက တကယ့္လူလည္ႀကီး !

Xxxxx

“ရိေပၚ က်ိရန္ကိုေတြ႕မိလား”

ေဘာလုံးကြင္းဘက္ကို မလာစဖူး ေရာက္ခ်လာေသာ ေဟာက္႐ႊမ္းကိုေတြ႕တာမို႔ ရိေပၚ အနည္းငယ္အံ့ၾသသြားတယ္။ အရင္တုန္းကဆို ေဟာက္႐ႊမ္းက ေဘာလုံးကြင္းဘက္ကို ေယာင္လို႔ေတာင္ ေျခခ်ဖဴးတဲ့သူမဟုတ္ပါဘူး။

“ေရသြားခ်ိဳးေနတယ္ထင္တာပဲ ငါေတာင္အခုေရသြားခ်ိဳးမလို႔ မင္းကမျပန္ေသးဘူးလား မင္းတို႔လဲ ေလ့က်င့္ေရး ရွိတာလား”

“အင္း ဟုတ္တယ္ ငါတို႔လဲခုနကမွ ေလ့က်င့္ေရးၿပီးတာ”

“မင္းက က်ိရန္ကိုဘာလုပ္ဖို႔ရွာေနတာလဲ”

“ငါ သူ႕ကိုေျပာစရာေလးနည္းနည္းရွိလို႔”

“ငါသိလို႔ျဖစ္သလား”

“ျဖစ္ပါတယ္ .. ငါလဲ မင္းကိုေျပာမလို႔ပါပဲ ၿပီးခဲ့တဲ့အပတ္က စာေမးပြဲဆိုေတာ့ စာကုန္းက်က္ေနရတာနဲ႕မို႔ မေျပာျဖစ္တာ… ဒီလိုကြာ … ငါ့ကိုက်ိရန္က ခ်စ္တယ္လို႔ဖြင့္ေျပာတယ္”

“wow”

က်ိရန္က ေဟာက္႐ႊမ္းကိုသေဘာက်ေနတယ္ဆိုတာ ရိေပၚရိပ္မိေပမယ့္ အခုေလာက္ျမန္ျမန္ဖြင့္ေျပာမယ္လို႔ မထင္ထားတာမို႔ အာေမဋိတ္တစ္ခုျပဳမိတယ္။ တစ္ခ်ိန္တည္းအတူတူသိၾကတာခ်င္းအတူတူ သူနဲ႕ ေရွာင္းက်န႔္ေတာင္ တစ္ေယာက္ကိုတစ္ေယာက္ ဖြင့္ဟဝန္ခံတဲ့အဆင့္မဟုတ္ေသးဘူး။ က်ိရန္က စကားလဲမ်ားသလို သြက္လဲသြက္သားပဲ။

“အဲဒါ မင္းကဘာျပန္ေျပာလိုက္တယ္”

“ငါ….ငါျငင္းလိုက္မိတယ္”

ထင္ေတာ့ထင္ပါတယ္။ ေဟာက္႐ႊမ္းက LGBT support ေပးတဲ့သူတစ္ေယာက္ေပမယ့္ သူကိုယ္တိုင္ေတာ့ ေဂးမဟုတ္ဘူးလို႔ ေျပာထားဖူးတာေၾကာင့္ အခုလိုပဲ တုံ႕ျပန္မယ္ဆိုတာ ရိေပၚ ခန႔္မွန္းထားၿပီးသား။ ဒါေပမယ့္ နားမလည္နိုင္တာက သူျငင္းလိုက္တဲ့သူတစ္ေယာက္ကို ဘာလို႔လာရွာတာလဲဆိုတာကိုပဲ။

“အင္း အဲဒီေတာ့ မင္းက ျငင္းလိုက္ၿပီးသားလူတစ္ေယာက္ကို အခုရွာလာတာက ဘာလို႔လဲ”

“ငါလဲမသိဘူး”

“အမ္ ေဟာက္႐ႊမ္း စာေမးပြဲေျဖလိုက္ရလို႔ လြတ္သြားတာလား”

“အဲဒါလဲမသိဘူး ရိေပၚ .. ငါ ေဂးမဟုတ္ဘူး
ငါေယာက်ာ္းေလးတစ္ေယာက္ကိုလဲမႀကိဳက္ဘူး
က်ိရန္ငါ့ကိုခ်စ္တယ္ေျပာတဲ့အခ်ိန္ထိ ငါရင္ခုန္တာ
ဘာညာလဲမျဖစ္ဘူး သူ႕ကိုလဲ ေကာင္းေကာင္းမြန္မြန္ေျပာၿပီး ျငင္းလိုက္တာပဲ။ က်ိရန္ကလဲ သူနားလည္ပါတယ္တဲ့။ ေအးေအးေဆးေဆးပဲ ေျပာသြားတာကြာ။
ဒါေပမယ့္ ငါျငင္းလိုက္ၿပီးတဲ့အခ်ိန္ကစၿပီး
က်ိရန္က ငါ့ကိုအဆက္အသြယ္ျဖတ္သြားတယ္
ဖုန္းလဲမဆက္ စာလဲမပို႔ေတာ့ဘူး။ ၿပီးေတာ့
မင္းသတိမထားမိဘူးလား အရင္တစ္ပတ္က
ငါတို႔ကန္တင္းမွာလဲ ထမင္းလာမစားေတာ့ဘူး”

အဲဒါေတာ့ ရိေပၚသတိမထားမိ။
သတိမထားလိုက္ဆို တစ္ပတ္လုံးလုံး စာေမးပြဲက
မနက္တစ္ခ်ိန္ ေန႕လည္တစ္ခ်ိန္မို႔ ကိုယ္တိုင္ေတာင္
ကန္တင္းကိုေန႕တိုင္းမေရာက္ျဖစ္။ ေန႕လည္ဘက္
စာေမးပြဲၿပီးမွ ေပါင္းစားျဖစ္တဲ့ရက္က ၄ ရက္ေလာက္
ဆိုေတာ့ က်ိရန္မလာတာကို အထူးတလည္
သတိမျပဳျဖစ္ေတာ့ဘူး။

“ငါလဲ စာေမးပြဲနဲ႕ရႈပ္ေနတာဆိုေတာ့ သတိမထားလိုက္မိဘူး သူတို႔လဲ စာေမးပြဲေျဖေနရလို႔လားမွမသိတာ”

“မဟုတ္ဘူး ငါစုံစမ္းၿပီးၿပီ သူတို႔စာေမးပြဲက ေနာက္တစ္ပတ္မွ”

“ထားပါ စာေမးပြဲကအဓိကမဟုတ္ပါဘူး သူမလာေတာ့လဲဘာျဖစ္လဲ သူလဲ အျငင္းခံရေတာ့ ရွက္ေနလားမွမသိတာကြာ .. ခဏလႊတ္ထားလိုက္ေပါ့ .. ၿပီးေတာ့မင္းလဲသူ႕ကိုႀကိဳက္ေနတာမွမဟုတ္ပဲ”

“ငါေျပာခ်င္တာလဲအဲဒါပဲ .. ငါသူ႕ကိုႀကိဳက္မေနဘူး ဒါေပမယ့္ သူနဲ႕မေတြ႕ရေတာ့ သူ႕ဆီက အဆက္အသြယ္မရေတာ့ ငါ့ရင္ထဲမွာ ဟာတာတာႀကီးနဲ႕ေနရတာ အဆင္မေျပဘူး သူငယ္ခ်င္းျဖစ္သြားတဲ့အခ်ိန္ခဏေလးမွာပဲ သူငါ့ကို စကားေတြအမ်ားႀကီးေျပာတာ စေနာက္တာေတြ သူ႕ရယ္သံေတြ အဲဒါေတြကို ငါလြမ္းေနတယ္ သူ႕ကိုအရင္လိုပဲ ျမင္ခ်င္တယ္ ငါ့နားမွာ သူ႕ကိုရွိေစခ်င္တယ္”

႐ုပ္တည္ႀကီးနဲ႕ေျပာေနတဲ့ေဟာက္႐ႊမ္းက အမွန္တကယ္ကို ခံစားရေနပုံပင္။

သူေျပာတာေတြနားေထာင္ၿပီး ရိေပၚအေတြးထဲဝင္လာတာတစ္ခုတည္း။ မဟုတ္မွ .. ဒီေကာင္က က်ိရန္ကိုမႀကိဳက္ဘူးလို႔ေျပာၿပီး ခ်စ္ေနတာေရာ မျဖစ္နိုင္ဘူးလားဆိုတာပဲ။

တခ်ိဳ႕ေသာအခ်စ္ေတြက ရင္ထဲကို အုန္းခနဲဝင္လာတာမ်ိဳးမဟုတ္ပဲ အတူတူရွိေနရင္းနဲ႕က သံေယာဇဥ္တြယ္လာတတ္တာမ်ိဳးလဲျဖစ္နိုင္တာပဲ။

“ေဟာက္႐ႊမ္း မင္းသူ႕ကိုခ်စ္ေနတာလား”

“ဟာ မဟုတ္တာ ငါကသူ႕ကိုမႀကိဳက္ဘူးေလ အဲဒါေၾကာင့္ ျငင္းလိုက္တာေလ”

“ဒါေပမယ့္ မင္းသူနဲ႕မေတြ႕ရရင္မေနနိုင္လို႔ အခုဒီကိုေတာင္ေရာက္လာၿပီးၿပီေလ”

“ငါ မစဥ္းစားတတ္ေတာ့ဘူး”

“မေလာပါနဲ႕ ျဖည္းျဖည္းခ်င္းအခ်ိန္ယူၿပီးစဥ္းစားေပါ့ ဒါမ်ိဳးကေလာတိုင္းမေကာင္းဘူး”

ေဟာက္႐ႊမ္းက ရိေပၚအႀကံကို လက္ခံသလို ေခါင္းကိုအသညိတ္ျပသည္။ အၿမဲတမ္းရယ္ေမာေနတတ္တဲ့
ေဟာက္႐ႊမ္းက အခုေတာ့ အခ်စ္လားဘာလား
မသဲကြဲတဲ့ခံစားခ်က္ေၾကာင့္ထင္သည္။

ရယ္ေတာင္မရယ္နိုင္ေတာ့၊ အခ်စ္က အဲဒီလို ထူးထူးဆန္းဆန္းေတြလဲ ျဖစ္ေစတတ္တာလား။

“ဟိုမွာ က်ိရန္ထြက္လာၿပီ”

“ငါသြားေတာ့မယ္ ငါ့ကိုေအာ္ေတာ့မထုတ္ေလာက္ပါဘူးေနာ္ ရိေပၚ”

“မေအာ္ပါဘူးကြာ မင္းကလဲ အသည္းလာငယ္ေနျပန္ၿပီ မင္းတို႔က သူငယ္ခ်င္းေတြပဲဟာ”

“ေအးေအး မနက္ျဖန္မွ အတန္းထဲမွာေတြ႕မယ္”

မႀကိဳက္ဘူးသာေျပာတယ္၊ က်ိရန္ကိုျမင္တာနဲ႕ သြားအၿဖဲသားနဲ႕ က်ိရန္နားကိုေျပးသြားတဲ့ ေဟာက္႐ႊမ္းက ခ်စ္ေနတာ အသိသာခ်ည္း။

သူ႕ႏွလုံးသားက အေျဖမွန္ကို သူလက္မခံနိုင္ေသးလို႔သာ
က်ိရန္ကို ျငင္းပစ္လိုက္ပုံေပၚတယ္။

အခ်စ္ကိုအခ်စ္လို႔ လက္သင့္ခံနိုင္ၿပီး သူ႕ကိုခ်စ္တဲ့သူကို အခ်ိန္မလြန္ခင္ ဖမ္းဆုပ္ထားနိုင္ဖို႔ ရိေပၚ ဆုေတာင္းေပးရမွာပါပဲ။

ရိေပၚကိုယ္တိုင္အတြက္ကေတာ့…..။

Ep 10 to be continued

Continue Reading

You'll Also Like

90.6K 12.1K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
43.5K 3.1K 72
ဖတ်ကြည့်နော်😉😉
23K 2.1K 14
မြေပြင်ထက်သို့ နှင်းပွင့်လေး သက်ဆင်းလာတဲ့အခိုက်တန့်လေးမှာ စတင်လွဲမှားသွားခဲ့တဲ့ အချိန်နာရီတွေ......... အဲ့ဒီနောက်....... ကျွန်တော် သူ့ကို တွေ့ခဲ့တယ်...
163K 10.5K 26
ဟန်ကကျွန်‌ေတာ့်ကိုသိပ်ချစ်တာ....♥ The true meaning of a word "LAST" in this story is doesn't mean "LAST"; IT JUST MEANS "NOW AND EVER" ဟန္ကကြၽန္‌ေတာ္...