The Pitfall 26

7K 1K 45
                                    


The Pitfall 26

“နေစမ်းပါအုံး မင်းအလုပ်ဆိုတာကဘာလဲ ကျိရန်”

ဟောက်ရွှမ်းရင်ထဲက မေးခွန်းကို မေးလိုက်သူကတော့ ဟောက်ရွှမ်းမဟုတ်ခဲ့ပါ။

ဘယ်အချိန်ကတည်းက ဟောက်ရွှမ်းတို့နောက်လိုက်နေတယ်ဆိုတာ မသိတဲ့သူတစ်ယောက်က မေးလိုက်ခြင်းပင်၊ တစ်နည်းအားဖြင့်တော့ အဲဒီလူက နည်းပြရှောင်းကျန့်ပဲ။

“နည်းပြ”

ခုနတုန်းက ဟောက်ရွှမ်းရှေ့မှာထုံပေပေနဲ့ရန်ပြီး ရန်တွေ့နေခဲ့တဲ့ ကျိရန်က နည်းပြရှောင်းကျန့်ကိုမြင်တဲ့အချိန်မှာတော့ အနည်းငယ်လှုပ်လှုပ်ရှားရှားသွားခဲ့သည်။

“နည်းပြ ဘယ်ကနေဘယ်လိုဖြစ်ပြီး”

“ငါမင်းကိုစောင့်ကြည့်နေခဲ့တာကြာပြီ ကျိရန်။ ဟိုတစ်ပတ်ကလဲ မင်းငါ့အခန်းရှေ့ထိရောက်လာသေးတယ်မဟုတ်လား”

ကျိရန် နည်းပြကို လျှော့တွက်ခဲ့မိတာ သိပ်ကိုမှားသွားခဲ့တယ်ထင်တယ်။

နည်းပြ ကျိရန်ထင်တာထက်တောင် ပိုပြီး လိမ္မာပါးနပ်နေတာပဲ။ ဒါပေမယ့် ဘာလို့ကျိရန်ကိုမှ သတိထားမိရတာလဲ။

ဘာလို့အရင်လူတွေတုန်းက အခုလိုမဖြစ်ခဲ့ပဲ ကျိရန်အလှည့်ကျမှ ကံဆိုးပြီး နည်းပြက သိသွားရတာလဲ။

အဖေသာ ပြန်သိရင် ကျိရန်ပြဿနာအတော်ကြီးပြီလို့တွေးမိပြီး သွေးပျက်လာမိတာ ကျိရန်ငြင်းမရ။

ကျိရန်အဖေက ကျိရန်ငယ်ငယ်ကတည်းက private spy အနေနဲ့ လုပ်ကိုင်ခဲ့တာ ရဲဝန်ထမ်းအလုပ်ကနေ ရုတ်တရက် အနားယူလိုက်ရတဲ့အချိန်ကတည်းက ဆိုပါတော့။

အဖေက သူ့အလုပ်ကို တကယ်တန်ဖိုးထားပြီးကြိုးစားလုပ်ကိုင်တဲ့သူဖြစ်ပေမယ့် ထင်မှတ်မထားတဲ့ ချောက်ချမှုတစ်ခုကြောင့် အထင်လွဲမှုတွေဖြစ်သွားခဲ့ရပြီး အဖေက အလုပ်ကနေ အနားယူလိုက်ရတယ်။

အဲဒီတော့ အဖေက ရဲတွေ၊စုံထောက်တွေကို တစ်ဖက်မှာစိတ်နာနေသလို သူတတ်ကျွမ်းတာကလဲ အမှုဖော်ထုတ်တာတွေ၊ စုံစမ်းထောက်လှန်းတာတွေပဲဖြစ်နေလေတဲ့အခါ private spy အနေနဲ့ အသက်မွေးဖို့ ဖြစ်လာတာပေါ့။

∆ The Pitfall ∆ (Completed)Where stories live. Discover now