The Pitfall 11
တစ်ယောက်တည်းသမားရှောင်းကျန့်အတွက် ညတာကရှည်တယ်။
အိမ်ပြန်ရောက်ရင် ဘာမှလုပ်စရာ မယ်မယ်ရရမရှိတဲ့ ရှောင်းကျန့်အတွက် ဘောလုံးပွဲကြည့်တာနဲ့ ဘောလုံးသတင်းတွေဖတ်ခြင်းနဲ့သာ အချိန်ကုန်တာပဲ။
သိပ်မကြာခင်တုန်းကတော့ ညနေကျောင်းဆင်းချိန်ဆို အိမ်လာတွေ့တတ်တဲ့ ရည်းစားလေးရှိနေသေးတယ်။ အခုတော့ဖြင့် ရှောင်းကျန့်တစ်ယောက်တည်း။
သူ့ချစ်သူမှန်သမျှဟာ တစ်နည်းနည်းနဲ့ သေဆုံးသွားကြပြီးနောက်မှာ ထပ်ပြီးရည်းစားထားဖို့လဲ ရှောင်းကျန့် စိတ်ထဲလေးနေမိတာအမှန်ပဲ။
ခိုင်မာတဲ့သက်သေမရှိပေမယ့် ဒီသေဆုံးခြင်းတွေဟာ မူမမှန်ဘူးဆိုတာကိုတော့ ရှောင်းကျန့်ခံစားနေမိတယ်။
ဒါကြောင့် တိကျတဲ့အဖြေတစ်ခုမရမချင်း ချစ်သူရည်းစားထပ်မထားတော့ဘူးလို့ တွေးခဲ့ပြီးကာမှ ..
ထိုသို့တွေးခဲ့ပြီးကာမှလေ … ဝမ်ရိပေါ်က သူ့ဘဝထဲကို ဝင်ဖို့ကြိုးစားလေတယ်။
အတည်တွဲတဲ့ရည်းစားတွေလဲထားဖူးသလို ကြုံကြိုက်လို့ အပျော်သဘောတဲ့ တွဲဖူးတဲ့သူတွေ ရှောင်းကျန့်မှာ မနည်းမနောပဲ။
အဲဒါကြောင့် ရိပေါ် ဘယ်ခြေလှမ်းတွေလှမ်းနေတယ်ဆိုတာ စတွေ့တဲ့နေ့ကတည်းကပဲ ရှောင်းကျန့်ရိပ်စားမိခဲ့တယ်။
ရှေ့တစ်လှမ်းတိုးလိုက်ဖို့ ရှောင်းကျန့်အတွက် မခက်ခဲပေမယ့် ရိပေါ်ဘက်က ရိုးသားတဲ့အကြံနဲ့မဟုတ်ဘူးဆိုတာကို သိလို့ ရှောင်းကျန့် အများကြီးစဉ်းစားရတယ်။
အထူးသဖြင့် ရိပေါ်က ကိုယ့်ကိုထိခိုက်စေချင်လို့ဆိုပြီးစတဲ့ပွဲမှာ အထိနာသူက ရိပေါ်ဖြစ်သွားမှာကို ရှောင်းကျန့်က စိုးရိမ်နေခြင်းပဲ။
ရယ်တော့ရယ်စရာကောင်းပေမယ့် ကိုယ့်ကို ကျရှုံးစေချင်တဲ့သူ ကျရှုံးသွားမှာကိုသာ ရှောင်းကျန့်က တွေးပေးနေမိတယ်။
ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးအကြောင်းတွေးမိတော့ ချိတ်ပိတ်ပြီး သိမ်းထားတော့မယ်လို့တွေးတဲ့ နှလုံးသားက တဆတ်ဆတ်နဲ့ ခပ်မှန်မှန်ခုန်လေတယ်။
YOU ARE READING
∆ The Pitfall ∆ (Completed)
FanfictionI will win this game. Wang Yibo But how? I have nothing to lose. Xiao Zhan This is Yizhan fanfiction💚❤️