The Pitfall 2

12.4K 1.3K 38
                                    

The Pitfall 2

နွေဦးက မျှော်လင့်ထားတာထက်တောင် သိပ်ပူတယ်။

ရိပေါ် ရင်ထဲကအပူမီးတွေကတော့ အဲဒီထက်ကိုပိုပြီး ပူလောင်တယ်။

ကိုယ့်ဘက်က တစ်ဖက်သတ်ပိုင်ဆိုင်တာဆိုလို့ ယွဲ့ယမ်တစ်ယောက်တည်းရှိတဲ့အခြေအနေမှာ သူ့ကို ကိုယ့်ဘဝထဲကဆွဲထုတ်ခြင်းခံလိုက်ရတဲ့အခါ ဘယ်သူ့ကိုပြေးပြီး တမ်းတရမလဲမသိဘူး။

ဟောက်ရွှမ်းက ဘေးနားမှနေကာ ဖျောင်းဖျပေးနေမယ့် ရိပေါ် ရင်ထဲက အပူတွေငြိမ်းမသွားခဲ့ဘူး။

နွေရာသီပြီးရင်ငါနဲ့အတူ Baiwang တောင်ကိုသွားပြီး သစ်ရွက်နီတွေကြွေတာ အတူတူသွားကြည့်မယ်လို့ မင်းကတိပေးခဲ့ပြီးမှကွာ … အခုတော့ ငါ့တစ်ယောက်တည်းကို ချန်ခဲ့ရတာ မင်းပျော်ရဲ့လား။

သူချစ်ရတဲ့လူသားနှစ်ယောက်က အလားသဏ္ဍန်ခပ်ဆင်ဆင်ရှိတဲ့ပုံစံမျိုးနဲ့ သူ့ဘဝထဲက ထွက်ခွာသွားခဲ့ကြတယ်။

ယွဲ့ယမ်ရော ရိပေါ်ရဲ့အဖေရော နှစ်ယောက်စလုံး မသေဆုံးခင်မှာ အတော်လေးနာကျင်ခံစားခဲ့ရမယ်ဆိုတာ ရိပေါ်တပ်အပ်သိတယ်။

ရိပေါ်အထက်တန်းစတက်တဲ့အချိန်လောက်စပြီး အဖေနဲ့အမေ ရန်ဖြစ်တာတွေ စိတ်လာတယ်ဆိုတာ သတိထားမိပေမယ့် ရိပေါ်ကို အမြဲတမ်းပျော်စေချင်တဲ့ အဖေက သူ့ဝေဒနာတွေ ခံစားရတာတွေကို ထုတ်မပြခဲ့ဘူး။

သူ့ရဲ့အပြုံးမျက်နှာကိုပဲထုတ်ပြခဲတဲ့အဖေက ဘယ်လောက်ထိတောင် ခံစားသွားခဲ့ရသလဲဆိုတာ ရိပေါ်မသိဘူး။ အဲဒီလို ခံစားချက်တွေ သိုဝှက်တတ်လွန်း၍ပဲ နှလုံးရောဂါကို ကျွမ်းမြေ့အောင် ခံစားခဲ့ရလေသလား။

သားကြီးလာရင် အဖေ့ကို စောင့်ရှောက်မှာလို့ပြောခဲ့ပြီး အဖေ့ စိတ်ဒဏ်ရာတွေကိုတောင် ကုစားမပေးနိုင်ခဲ့ပဲ အဖေ့ကို လက်လွှတ်ခဲ့ရတာမို့ ရင်ထဲမှာ ဖြေမဆည်နိုင်။

အခုလဲပဲ “မင်းကိုငါ တစ်သက်လုံးစောင့်ရှောက်မှာ” လို့ သူ ယွဲ့ယမ်ကိုပြောခဲ့ပြီး တစ်ခါ ယွဲ့ယမ် က သူ့ကိုနှုတ်ဆက်သွားခဲ့ပြန်ပြီ။

ချစ်ရတဲ့သူတိုင်းကို ဆုံးရှုံးရဖို့ ရိပေါ်မှာ ကျိန်စာပါလာခဲ့တာလား။

∆ The Pitfall ∆ (Completed)Where stories live. Discover now