ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Co...

By StarRia19

1.1M 136K 5.6K

Zawgyi "ကိုယ့်ပြည်သူတွေ ကိုယ်ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ယှဥ်လာရင်တော့ ကိုယ်မင်းတစ်ယောက်ကိုပဲ မြင်တယ်" ကံကြ... More

အပိုင်း(၁)ဝိညာဉ်ကူးပြောင်းခံလိုက်ရခြင်း
အပိုင်း(၂) အလကားရလိုက်သော Brocon အကိုကြီး
အပိုင်း(၃.၁) ဇာတ်ကြောင်းပြောင်းလဲနေခြင်း
အပိုင်း(၃.၂) ဇာတ်ကြောင်း ပြောင်းလဲနေခြင်း
အပိုင်း(၄.၁) စတင်တွေ့ဆုံခြင်း
အပိုင်း(၄.၂) စတင်တွေ့ဆုံခြင်း
အပိုင္​း(၅.၁) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင္​း(၅.၂) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင်း(၆.၁)ဇာတ်ကောင် အများကြီး ပေါ်လာပြီ
အပိုင်း(၆.၂) ဇာတ်ကောင်အများကြီး ပေါ်လာပြီ
အပိုင်း(၇) ထူးဆန်းလွန်းသော အဓိက ဇာတ်ဆောင်နှစ်ယောက်
Promotion
အပိုင်း(၈)ညီဝမ်းကွဲလေးအိမ်တော်ရောက်လာခြင်း
အပိုင်း(၉)လုပ်ကြံခံရခြင်း
အပိုင်း(၁၀) ထူးဆန်းလွန်းသော ရှင်း
အပိုင်း(၁၁) အဆိပ်ခတ်ရန်ကြံစည်ခြင်း
ဇာတ္ေကာင္နာမည္မ်ား
အပိုင်း(၁၂) ဆီမီးလွှတ်ပွဲ၌ တစ်ညတာ
အပိုင်း(၁၃) သေရည်မူးကာ သောင်းကျန်းခြင်း
အပိုင်း(၁၄) အရာရှိစာမေးပွဲ အောင်မြင်ခြင်း
အပိုင်း(၁၅) ပထမဆုံး ညီလာခံတက်ခြင်း
အပိုင်း(၁၆) ရှင်းရန်၏ အိပ်မက်
အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း
အပိုင်း(၁၈) ရွှေကြာပန်းအား ရယူရန် ကြိုးစားခြင်း
အပိုင်း(၁၉) အရှင်မင်းကြီး၏ စီရင်ချက်
အပိုင်း(၂၀) ရှင်းယွဲ့နတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏ သရုပ်မှန်ပေါ်ခြင်း
အပိုင်း(၂၁) မျှော်လင့်မထားသော လက်ထပ်ခွင့်
အပိုင်း(၂၂)တော်ဝင်လက်ထပ်ပွဲ
အပိုင်း(၂၃) ဖွင့်ဟဝန်ခံခြင်း
အပိုင်း(၂၄) အမှောင်နတ်ဘုရား၏ ခံစားချက်
အပိုင်း(၂၅)မေချင်းနတ်ဘုရားမမှန်း သိရှိခြင်း
အပိုင်း(၂၇) ကလေးဆန်သော အမတ်ချုပ်ကြီး
အပိုင်း(၂၈) ရှင်းယွဲ့နတ်ဘုရားအား မြူ ဆွယ်ခြင်း
အပိုင်း(၂၉) မင်းကြီးနှင့်အတူတူ အိပ်စက်ခြင်း
အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်
အပိုင်း(၃၁)ဧကရီတင်မြှောက်ရန် ကြေညာခြင်း
အပိုင်း(၃၂) လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း
အပိုင်း(၃၃) ဝမ်ရယ်အိမ်တော်သို့ အလည်သွားခြင်း
အပိုင်း(၃၄) လက်ထပ်ခွင့်
အပိုင်း(၃၅)လက်ထပ်ပွဲ ဖျက်ရန် အစီအစဉ်
အပိုင်း(၃၆) သွေးစွန်းသွားသော ဧကရီတင်မြှောက်ပွဲ
အပိုင်း(၃၇) ရှောင်လွှဲ၍ မရနိုင်သော စစ်ပွဲ
အပိုင်း(၃၈) အကျယ်ချုပ်ချခံရခြင်း
အပိုင်း(၃၉) ထာဝရ အိပ်စက်သွားသူ
အပိုင်း(၄၀) နောက်ဆုံး နှုတ်ဆက်ရခြင်း
အပိုင်း(၄၁) အထီးမကျန်စေချင်၍ အဖော်လိုက်သွားသူ
အပိုင်း(၄၁) ပြန်လည်နိုးထလာခြင်း
အပိုင်း(၄၃) အမှတ်တရများ ပြန်လည်တွေ့ရှိခြင်း
အပိုင်း(၄၄) final လှပသော ထာဝရ ချစ်ခြင်းတစ်ခု 🙆🙆
ေက်းဇူးတင္လႊာႏွင့္ ႏႈတ္ဆက္လႊာ
Extra-1
Extra-2
Hello💙
Thadingyut Gift✨✨
Announcement ✨✨
Hello...
Next fiction Promotion
Book announcement
Today order date✨✨
Attention please...
Extra-3
Extra-4
Book Preorder

အပိုင်း(၂၆) လေးစားရသော အမတ်ချုပ်ကြီး

14.8K 1.9K 33
By StarRia19


အပိုင်း(၂၆)

လေးစားရသော အမတ်ချုပ်ကြီး

၂နှစ်ကြာပြီးနောက်....

အနောက်တောင်နယ်စပ်ဒေသ....

စစ်စခန်းတစ်ခုထဲတွင် စစ်ဝတ်စုံများအား ဝတ်ဆင်ထားသော လူငါးယောက်ခန့် ရှိနေကြသည်။ ထိုလူငါးယောက်ထဲတွင် သိသိသာသာ ထင်ရှားနေသူ နှစ်ဦးသည် ထိပ်တည့်တည့်တွင် နေရာယူထားပြီး ကျန်သူများသည် ဘေးတစ်ဖက်တချက်စီတွင် ရှိနေကြသည်။

ထိပ်ဆုံးနေရာရှိ ချောမောသော ရုပ်ရည်ပိုင်ရှင် ယောကျာ်းလေးသည် စားပွဲပေါ်ရှိမြေပုံအား ကြည့်ကာ သူ့၏ဘေးရှိ လွန်စွာလှပသော ဆံနွယ်ရှည်များအားစုစည်းထားသည့် မိန်းမပျိုလေးဘက် လှည့်ပြောလိုက်သည်။

"ရှင်းရန် ငါတို့ တပ်စွဲထားတာ မြေနိမ့်ပိုင်းပဲ...ရာသီဥတုအခြေအနေကြည့်ရတာ မကြာခင် မိုးရွာလိမ့်မယ်...သူတို့ခံတပ်က ကုန်းမြင့်မှာရှိတာမို့ ငါတို့ဘက်က သူတို့ထက်အင်အားအရမ်းသာပေမဲ့ မိုးရွာတဲ့ခါ မြေနိမ့်ကို ရေတွေစီးကျရင် ကြာတဲ့အခါငါတို့တွက် အခက်ခဲဖြစ်လာနိုင်တယ်...အဲဒီအခါ တပ်ဆုတ်ရုံဘဲ ရှိတော့မှာ...ခုခြေနေမှာ သူတို့ဘက်မှာလည်း စားနပ်ရိက္ခာအပြည့်အဝရှိနေတော့ ခံတပ်ကနေ ထွက်ဖို့ကို လုံးဝရွေးချယ်မှာ မဟုတ်ဘူး"

"အဲဒါဆို ငါတို့က တပ်ဆုတ်ရုံပဲ ရွေးချယ်စရာရှိတော့တာလား ဝမ်ရယ်...ငါတို့ဘက်က အသာကြီးကို တပ်ဆုတ်ရမယ်ဆိုရင် ငါတို့ဘက်က အရှုံးပဲ"

"တခြား ဘယ်လိုလုပ်စရာ ကျန်လို့လဲ ရှင်းရန်...သူတို့က ခံတပ်ကနေ လုံးဝထွက်မလာကြဘူးလေ...စစ်တပ်အလုံးအရင်းနဲ့ ဝင်တိုက်လို့မှ မရတာ...ငါတို့လူအနည်းငယ်လောက်ပဲ ခံတပ်ထဲခိုးဝင်ပြီး တိုက်လို့ကလည်း အဆင်မှ မပြေနိုင်တာ...တခြား အကြံပေးစရာရှိသေးလား...ရှိရင် ငြိမ်မနေဘဲ အကြံပြုချက် တင်ပြကြ"

အကုန်လုံးသည် တိတ်ဆိတ်နေကြသည်။ ဘယ်သူမှ မည်သို့အကြံပေးရမည်မှန်း မသိကြပုံ။ ကျောက်ဟွမ်အနေဖြင့် စစ်ပွဲအား အနိုင်ရရန် အစွမ်းများသုံးကာ တိုက်ခိုက်၍ ရသော်လည်း ခုချိန်တွင် အစွမ်းသုံးရန် အချိန်မကျသေး။

ရှင်းယွဲ့ သတိမထားမိအောင်လည်း သူ ကြိုးစားနေရသည်။ နေရာတိုင်းတွင် သူ့အား စောင့်ကြည့်နေသော ရှင်းယွဲ့၏ လူများရှိနေကြသည်။

ထိုစဉ် စစ်သားလေး တစ်ယောက်သည် သိမ်းငှက်တစ်ကောင်အား ကိုင်ကာ သူတို့ရှိရာ စစ်စခန်းအတွင်းသို့ အပြေးဝင်ကာ သတင်းပို့လာသည်။

"ဝမ်ရယ် အမတ်ချုပ်ကြီးဆီက စာပို့လာပါတယ်"

ကျောက်ဟွမ် လွန်စွာ ဝမ်းသာသွားပြီး သိမ်းငှက်ခြေထောက်တွင် ကြိုးနှင့်ချည်ထားသော စာအား ဖြေယူကာ ဖွင့်ဖတ်လိုက်သည်။

စာဖတ်ပြီးသောအခါ သူ၏ မျက်နှာထက်တွင် အပြုံးတို့ပေါ်လာသည်။

"နင့်မျက်နှာကို ကြည့်တာနဲ့ စစ်ပွဲရလဒ်က ငါတို့နိုင်မယ်ဆိုတာ သေချာသွားပြီ"

ထိုစကားအား ပြောလိုက်သော ရှင်းရန်၏ မျက်နှာထက်တွင်လည်း အပြုံးတို့ ပေါ်နေသည်။

"အားလုံး အမတ်ချုပ်ကြီး ပေးထားတဲ့ အကြံကို သေချာဂရုစိုက်နားထောင်ပြီး အကောင်အထည်ဖော်ပါ...အရင်ဆုံး ကန့်၊ မီးသွေးနဲ့ ယမ်းစိမ်း၊ ဇဝက်သာတို့ကို စုထား...ငှက်သုံးလေးကောင်ဖမ်းမယ်...မိုးရွာဖို့ တစ်ပတ်လောက်လိုသေးတယ်လို့ အမတ်ချုပ်ကြီးပြောထားတယ်...မိုးမရွာခင် အစီအစဉ်အောင်မြင်မှဖြစ်မယ်...စာထဲမှာ ရေးထားတဲ့ အချိုးအဆအတိုင်း ကန့်၊မီးသွေး၊ယမ်းစိမ်း၊ဇဝက်သာ တို့ကို ရောပြီး စက္ကူထဲထည့် အထုပ်သေးသေးတွေလုပ်မယ်...ပြီးရင် ငှက်တွေရဲ့ခြေထောက်မှာ ကြိုးလျော့လျော့ချည်ပြီး ရန်သူ့စခန်းထဲခိုးဝင်လွှတ်မယ်"

အကုန်လုံးသည် ဝမ်ရယ်ပြောသည့်စကားများအား ဂရုစိုက်နားထောင်နေကြသည်။

"ငှက်တွေက ရန်သူ့တပ်ရဲ့အစားအစာ သိုလှောင်ရာဆီဦးတည်သွားကြလိမ့်မယ်...သုံးလေးကောင်မို့ ရန်သူ့စစ်တပ်သတိထားမိကြမှာမဟုတ်ဘူး...စားစရာ သိုလှောင်တဲ့ နေရာမှာ ငှက်တွေ အစာစားလို့ သူတို့ခြေထောက်က စက္ကူထုပ်တွေက ကောက်ရိုးတွေနဲ့ ငြိကျန်ခဲ့ရင် စားစရာထားတဲ့နေရာ မှတ်ထား ညကျ တခေါက်ခိုးဝင်မယ်...အဲဒီသိုလှောင်ဂိုထောင်ကို မီးမြှားနဲ့ပစ်ပြီး ရိက္ခာပြတ်လပ်အောင်လုပ်လို့ရတယ်...စစ်သားတွေအတွက် စားစရာမရှိလို့ မဖြစ်ဘူး...သူတို့ အညံ့ခံဖို့ တစ်နည်းပဲ ရှိတော့မှာ"

အကုန်လုံး၏ မျက်နှာထက်တွင် အပြုံးတို့ ဖြစ်တည်လာတော့သည်။ ဆွေးနွေးနေသူထဲမှ စစ်သားတစ်ယောက်သည် ဝမ်ရယ်အား ကြည့်ကာပြောလိုက်သည်။

"အမတ်ချုပ်ကြီး ပေးတဲ့ အကြံဆိုတော့ သေချာပေါက် အောင်မြင်မှာပါ...ကျွန်တော်တို့ စိုးရိမ်စရာမလိုတော့ဘူး...အမတ်ချုပ်ကြီးက နေရာတိုင်းအခြေအနေတွေအကုန် နားစွင့်နေတာပဲ...အဲဒါကြောင့် ငယ်ရွယ်သလောက် လူတိုင်းလေးစားရတဲ့ အမတ်ချုပ်ကြီးဖြစ်နေတာ...ဗဟုသုတလည်း စုံလင်လှပါပေတယ်"

ဝမ်ရယ်၏ မျက်နှာသည် သူ့အားချီးမွမ်းခံရသကဲ့သို့ ပြုံးရွှင်နေလေတော့သည်။

"အဲဒါကြောင့် မင်းကြီး အားအထားရဆုံးနဲ့ အယုံကြည်ရဆုံး အမတ်ချုပ်ကြီးဖြစ်နေတာ"

နောက်ဆက်တွဲပြောလိုက်သော စကားကြောင့် ပြုံးနေသောဝမ်ရယ်၏မျက်နှာသည် ချက်ချင်းပင် မှောင်မည်းသွားရသည်။ ဝမ်ရယ်ကဲ့သို့ပင် ရှင်းရန်၏ မျက်နှာသည်လည်း ပျက်ယွင်းသွားရသည်။

"အခု အားလုံး လိုအပ်တဲ့ပစ္စည်းတွေ ရှာပြီး စုထားပါ...အဆင်သင့်ဖြစ်တာနဲ့ အစီအစဉ်စမယ်"

စစ်စခန်းထဲရှိ လူအကုန်သည် ဝမ်ရယ်အား အရိုအသေပေးကာ ထွက်သွားကြသော်လည်း ရှင်းရန်သည်တော့ကျန်နေခဲ့သည်။

"သူတကယ် ကျောက်ရန်ဘက်မှာ ရပ်တည်နေတာပဲ ကျောက်ဟွမ်...ငါစိုးရိမ်လာပြီ...သူ လုပ်နေသမျှ အားလုံးက ကျောက်ရန်အတွက်ချည်းပဲ...သူ ငါတို့ဘက် မရပ်တည်လောက်ဘူးနော်"

"ရှင်းရန် သူအခု ငါတို့ကို ကူညီတယ်လေ...သေချာပေါက် ငါတို့အကြောင်း နားစွင့်နေတာကြည့်ရုံနဲ့ သူ ငါတို့ကို ဂရုစိုက်မှန်း သိသာတယ်...ငါ ယုံတယ်...သူ ငါ့ဘက်ပဲ ရပ်တည်မှာ"

"နင်က ဘာလို့ နင့်ဘက် သေချာပေါက်ရပ်တည်မှာလို့ ပြောနိုင်တာလဲ ကျောက်ဟွမ်"

ယုံကြည်ချက်အပြည့်ဖြင့် ကျောက်ဟွမ် ရှင်းရန်၏ အမေးအား ဖြေဆိုလိုက်သည်။

"သူ ငါ့အပေါ်ကို ကျောက်ရန်ထက် ပိုတယ်ဆိုတာ သေချာတယ် ရှင်းရန်"

ရှင်းရန် ယုံကြည်ချက်အပြည့်ရှိနေသော ကျောက်ဟွမ်ကြောင့် ဘာမှဆက်မပြောတော့။ ထိုသို့ ဖြစ်ရန်သာ သူ(မ) ဆုတောင်းနေမိသည်။ ကြားနေရသော သတင်းများအရ ကျောက်ရန်အပေါ်တွင် ပို၍ ပိုနေမည်ဟုလည်း သူ(မ) ထင်နေမိပြန်သည်။

"စစ်ပွဲ အနိုင်ရပြီး အမြန်ဆုံး မြို့တော်ပြန်နိုင်အောင် ငါလည်း သေချာသွားကြီးကြပ်လိုက်ဦးမယ် ကျောက်ဟွမ်"

"ကောင်းပြီ"

ရှင်းရန် ကျောက်ဟွမ်အား တစ်ယောက်တည်းထားကာ စစ်စခန်း အပြင်သို့ ထွက်လာခဲ့လိုက်သည်။

ဘယ်သူမှ မရှိတော့သောအခါ ကျောက်ဟွမ် လက်ထဲတွင် ကိုင်ထားသော စာရွက်အား ပြန်၍ ကြည့်လိုက်သည်။

"မင်း ကောင်းကြောင်းတွေကတော့ အမြဲကြားနေရတာပဲ...အမတ်ချုပ်ကြီး ဘယ်လိုတော်ကြောင်း ထက်မြက်ကြောင်း...တိုင်းပြည်အတွက် ဘယ်လိုတွေလုပ်ပေးကြောင်း...ပြည်သူတွေက ကျောက်ရန်နဲ့အတူတူ လေးစားချစ်ခင်ကြကြောင်း...ခုလို နယ်စပ်ဒေသထိ နေ့တိုင်း မရိုးနိုင်အောင် ကြားနေရတယ်...နာမည်ဘဲ ကြားနေရတဲ့ငါက မင်းကို အရမ်းလွမ်းနေပြီ"

သူ၏ မျက်ဝန်းတို့သည် စာရွက်ဆီမှ အကြည့်မခွာပေ။

"ကိုယ် မကြာခင် မင်းဆီ ပြန်လာခဲ့မယ်...ကိုယ့်ရဲ့ဘေးနားရှိနေပြီး ကိုယ့်ကို တိုင်းပြည်တိုးတက်ဖို့ အကြံတွေအများကြီးပေးရတော့မယ်...မင်းရဲ့ အကြံဉာဏ်တွေအားလုံးက ကိုယ့်အတွက်ပဲ ဖြစ်လာရတော့မယ်...မင်းက ကိုယ့်အပိုင်ပဲ ကိုယ့်ရဲ့ အမတ်ချုပ်ကြီး"

စာရွက်အား ငုံ့ကြည့်နေသော မျက်ဝန်းများသည် ရှေ့တည့်တည့်ဆီသို့ ဦးတည်ရောက်ရှိသွားသည်။ မျက်ဝန်းထဲတွင် ယုံကြည်မှုအပြည့်ဖြင့် မျှော်လင့်ချက်အလင်းရောက်များ တောက်ပနေကြသည်။

**********************

ရန်သူ့တပ်စခန်း....

ညည့်ဦးယံချိန်.....

အမှောင်ကို အကာကွယ် ယူကာ ပုန်းကွယ်နေကြသော အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသည့် လူလေးယောက်ခန့်အား မည်သူမျှ မမြင်ကြပေ။

ခေါင်းဆောင်ဖြစ်ဟန်တူသော နှစ်ယောက်သည် ကျန်လူနှစ်ယောက်၏ ရှေ့တွင်ရပ်နေသည်။

"ရှင်းရန် အဲဒီနေရာပဲ ရိက္ခာသိုလှောင်ထားတာ"

လူတစ်ယောက်သည် အမှောင်ရိပ်ထဲမှ နေ၍ မလှမ်းမကမ်းရှိ စစ်သားနှစ်ယောက် စောင့်ကြပ်နေသည့်ဂိုထောင်အား လက်ညိုးညွှန်ပြကာ ပြောလိုက်သည်။

ကျန်တစ်ယောက်သည် ချက်ချင်း ပုခုံး၌ လွယ်ထားသော မြှားအိမ်ထဲမှ မြှားငါးချောင်းခန့်အား ထုတ်ယူလိုက်သည်။ ထို့နောက် လေးကြိုးတွင် ထည့်၍ ညွှန်ပြရာ နေရာအား သေချာ ချိန်လိုက်သည်။

မူလညွှန်ပြသူသည် လက်ထဲတွင် ကိုင်ထားသော ကျည်တောက်ဘူးတစ်ခုအား မြှားတံများ၏ ထိပ်တွင် ထားလိုက်သည်။

"မြှားတံ ထိပ်မှာ မီးစွဲနိုင်တဲ့ ယမ်းမှုန့်တွေ သုတ်ထားလို့ မီးမစွဲမှာ စိတ်ပူစရာ မလိုဘူး...အရေးကြီးတာက မီးညှိလိုက်တာနဲ့ လျှပ်တပြက်အတွင်း တန်းပစ်လိုက်...မဟုတ်ရင် မီးအလင်းရောင်ကြောင့် သတိထားမိသွားကြလိမ့်မယ်...ပိုပြီး အရေးကြီးတာက မီးစလောင်ပြီဆိုတာနဲ့ ဒီနေရာကနေ အမြန်ထွက်သွားနိုင်ဖို့ပဲ...အကုန်လုံး အစစအရာ သတိထားကြပါ"

နောက်ကလူနှစ်ယောက်ဘက်လည်း လှည့်ကာ ပြောလိုက်သည်။

"စိတ်ချပါ ဝမ်ရယ်"

ကျောက်ဟွမ် ခေါင်းညိတ်ပြလိုက်သည်။ သူ နှင့် ရှင်းရန် အနေဖြင့် အစွမ်းများသုံးလိုက်ရင် အလွယ်တကူ အစီအစဉ်များအောင်မြင်ပြီး စစ်ပွဲကို သေချာပေါက် အောင်မြင်နိုင်သော်လည်း အချိန်မကျသေးသောကြောင့် ငြိမ်နေရခြင်းဖြစ်သည်။ အချိန်မတန်သေးသောကြောင့် ပါလာသော နောက်လိုက်နှစ်ယောက်ရှေ့တွင် အစွမ်းများသုံး၍ မဖြစ်သေး။

ကျောက်ဟွမ် သူ၏လက်ထဲရှိ ကျည်တောက်ဘူး အဖုံးအား ဖွင့်လိုက်သည်နှင့် မီးစတစ်ခုပေါ်ထွက်လာသည်။ ရှင်းရန်သည် ချက်ချင်း မြှားထိပ်များအား မီးနှင့်ထိလိုက်ပြီး လျင်မြန်စွာ ဂိုထောင်သို့ ပစ်ချလိုက်သည်။ မျက်တောင်တခတ်မျှသာ ကြာမြင့်လိုက်သည်။

မြှားငါးချောင်းသည် ဂိုထောင်အား ထိမှန်ကာ စတင် လောင်ကျွမ်းတော့သည်။ ရန်သူများ အကုန်ထိတ်လန့်ကာ ရေပုံးများဆွဲ၍ မီးငြိမ်းသက်ကြတော့သည်။

တစ်ဖက်ရန်သူများ သူတို့အား သတိမထားမိခင် ထိုနေရာမှ သူတို့ အမြန်ထွက်လာလိုက်ကြသည်။ စစ်ပွဲသည် မကြာခင် အဆုံးသတ်ပေလိမ့်မည်။ သေချာပေါက် အနိုင်ရမည့်သူသည် သူတို့ပင်။

ကျောက်ဟွမ် စိတ်လိုလက်ရ ပြုံးလိုက်သည်။

"ကျောက်ဟွမ် ငါ သတိထားမိတာ သူတို့ရေပက်ပြီး မီးငြိမ်းလေ မီးက ပိုကြီးလာပြီး ပိုလောင်လေပဲ...ဘယ်လိုကြောင့်လဲ ကျောက်ဟွမ်"

"အမတ်ချုပ်ကြီး စာထဲမှာပြောထားတယ်...ကန့်၊ယမ်းစိမ်း၊မီးသွေးပေါင်းရင် ယမ်းဖြစ်တယ်...ဇဝက်သာပါ ထည့်ရတဲ့အကြောင်းရင်းက ဇဝက်သာနဲ့ ယမ်းပေါင်းလိုက်ရင် ဇဝက်သာရဲ့ဂုဏ်သတ္တိက ရေလောင်းလေ မီးပိုကြီးနိုင်လေပဲ"

ကျောက်ဟွမ်၏ စကားကြောင့် ရှင်းရန်နားလည်သွားပြီဖြစ်သည်။ မကြာခင် သူ(မ) ထိုဉာဏ်ကောင်းလွန်းသော အကြံကောင်းများ ပေးနိုင်သူနှင့် တွေ့ဆုံရတော့မည်။ စစ်ပွဲအနိုင်ရခဲ့သော သူတို့ မကြာခင်တွင် ဂုဏ်ယူဝံ့ကြားစွာဖြင့် မြို့တော်အား ပြန်နိုင်တော့မည်။ မြို့တော်ရောက်သည်နှင့် သူ(မ) တွေ့ချင်သူအား ချီးမွမ်းကြမည့် ပြည်သူများ၏ စကားသံတို့အား တဝကြားရတော့မည်။

ထိုသို့ စဉ်းစားမိသောအခါ သူ(မ) စိတ်သည် လွန်စွာပျော်ရွှင်လာရသည်။ သို့သော် မကြာခင်တွင် ရောက်ရှိလာမည့် သူ(မ)အဖေနှင့် မယ်တော်ကြီး နှစ်ပတ်လည်နေ့၊ သူ(မ)အား ရှုတ်ချဆက်ဆံခဲ့ကြသူတို့၏ မျက်နှာများအား ပြန်တွေ့ရမည့်အကြောင်းနှင့် သူ(မ) မုန်းရသူ၏ ဂုဏ်သတင်းများအား ပြန်ကြားရတော့မည်အား တွေးမိသော အခါတွင်မူ သူ(မ) နှလုံးသားသည် အေးစက်သွားရတော့သည်။

*******************

မင်းနေပြည်တော်...

နံနက် မိုးသောက်ချိန်....

ကျယ်ဝန်းလှသော ဧည့်ခန်းမထဲတွင် ချောမောသောလူတစ်ယောက်သည် ထိုင်ခုံတစ်ခုပေါ်တွင် အေးဆေးစွာ ထိုင်ပြီး လက်ဖက်ရည်သောက်နေသည်။

ခန်းမထဲသို့ အနက်ရောင် ကိုယ်ကျပ်အင်္ကျီအား ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဝင်လာသည်။ ထိုလူငယ်သည် လက်ဖက်ရည်သောက်နေသူအား အရိုအသေပေးကာ အစီရင်ခံလိုက်သည်။

"အမတ်ချုပ်ကြီး...ဒုစစ်သူကြီး ကုချန်းဆီက အစီရင်ခံလာပါတယ်...အနောက်မြောက်ဒေသ ကျူးကျော်သူတွေကို နှိမ်နင်းပြီးပါပြီတဲ့...အရှေ့ပိုင်း ရေဘေးဒဏ်ခံနေရတဲ့ ဒုက္ခသည်တွေဆီက အမြတ်ကြီးစားတဲ့ အမတ်တွေအကုန်ကိုလည်း ဖြုတ်ချပြီး အပြစ်ဒဏ်စီရင်လိုက်ပါပြီ...မနက်ဖြန် မြို့တော်ကို ပြန်ရောက်မယ်လို့ ကိုယ်ရံတော်ရှောင်အန်းကလည်း အကြောင်းကြားလိုက်ပါတယ်...

ဒုစစ်သူကြီး ကုချန်းရဲ့ အုပ်ချုပ်မှုကြောင့် အနောက်မြောက်ဒေသကလည်း အေးချမ်းနေပါပြီ...စစ်သူကြီး ကုချန်းက မြို့တော်ဝန်ကို အာဏာပြန်လွှဲပြီးရင် မြို့တော်ကို ပြန်လာပါမယ်တဲ့...အနောက်မြောက်ဒေသနဲ့ အရှေ့ပိုင်းက ပြည်သူတွေကလည်း အမတ်ချုပ်ကြီးနဲ့ မင်းကြီးကို အရမ်းကျေးဇူးတင်နေကြပါတယ်...မြို့တော် စီးပွားရေးလုပ်ငန်းအခြေအနေတွေကလည်း သခင်မပိုင်ရန်ရဲ့ လက်အောက်မှာ ဘာချို့ယွင်းချက်မှ မရှိဘဲ အကုန်အဆင်ပြေပါတယ်"

"အနောက်တောင် နယ်စပ်ဒေသ အခြေအနေကရော"

လက်ဖက်ရည်ပူအား မှုတ်နေရင်းမှ မေးလာသော အမတ်ချုပ်ကြီးစကားကြောင့် လူငယ် အမြန်ပြန်ဖြေလိုက်ရသည်။ ရုပ်ရည်ချောမောကာ အလွန်ငယ်ရွယ်၍ကြည့်ကောင်းလွန်းသော လူငယ်တစ်ယောက်ဖြစ်သော်လည်း အကုန်လေးစား ရိုသေကြရသော တိုင်းပြည်၏ အာဏာအရှိဆုံး အမတ်ချုပ်ကြီးဖြစ်သည်လေ။

အားလုံးအား အမိန့်ပေးစေခိုင်း ထိန်းချုပ်နိုင်သောဧကရာဇ်မင်းကြီးနှင့် စစ်တပ်တစ်ခု၏အာဏာပိုင်ဆိုင်ထားသော စစ်သူကြီး၏ ကျောထောက်နောက်ခံရှိရုံတင်မက ဒုစစ်သူကြီးကုချန်းခေါင်းဆောင်သည့် စစ်တပ်အား ပိုင်ဆိုင်ထားသော အမတ်ချုပ်ကြီးအား ဆန့်ကျင်ရဲသူသည် တစ်ယောက်မှ မရှိချေ။

"အနောက်တောင် နယ်စပ်ဒေသလည်း အမတ်ချုပ်ကြီး အကြံဥာဏ်ကြောင့် ရန်သူတွေ အညံ့ခံလိုက်ရပြီး ဝမ်ရယ်တို့ စစ်နိုင်သွားပါတယ်...မကြာခင် မယ်တော်ကြီး နှစ်လည်အတွက် ဂါရဝပြုဖို့ ဝမ်ရယ်နဲ့ကြင်ယာတော်တို့ မြို့တော် ပြန်လာမယ်လို့ သတင်းရပါတယ်...မသင်္ကာစရာတချက်တော့ရှိတယ် အမတ်ချုပ်ကြီး...ဝမ်ရယ်နဲ့ ကြင်ယာတော်တို့ မြို့တော်လာရင် အကာအကွယ်ရအောင် သူတို့ပိုင်ဆိုင်တဲ့စစ်တပ်ပါ ခေါ်လာမယ်လို့ သတင်းကြားထားပါတယ်"

ကိုင်ထားသော လက်ဖက်ရည်ခွက်အား စားပွဲခုံပေါ် ပြန်တင်လိုက်ပြီးနောက် အမတ်ချုပ်ကြီးသည် သူ့အား စူးစိုက်ကြည့်လာသည်။ အမတ်ချုပ်ကြီး၏ စူးရဲသော အကြည့်များကြောင့် သူ့လက်တွင် ချွေးစေးများထွက်လာရသည်။

အမတ်ချုပ်ကြီး၏ မျက်ဝန်းအကြည့်များသည် သူ့အား စူးစိုက်ကြည့်နေရာမှ သူ၏အနောက်ဘက်ဆီသို့ ရွေ့လျားသွားသည်။

"မင်း ဘာလို့ သူတို့ကို ကူညီရတာလဲ ရှောင်ဟွား"

သူ၏ အနောက်ဘက်ဆီမှ ထွက်ပေါ်လာသောအသံကြောင့် အမတ်ချုပ်ကြီးရှေ့ ရပ်နေသော လူငယ်၏ ကြောက်ရွံ့မှုသည် နှစ်ဆတိုးသွားရတော့သည်။

"ကျောက်ဟွမ်ကို ကူညီတဲ့အတွက် ကိုယ် တကယ် သဝန်တိုတယ်"

အစီရင်ခံသူ လူငယ်သည် နေရာမှ အမြန်ထွက်သွားခွင့်ရရန်သာ ဆုတောင်းလိုက်မိတော့သည်။

******************
Author Note-

ကန့်တို့ ယမ်းစိမ်းတို့ ဆိုတာ ရှေးကတည်းကရှိတယ်နော်။ သဘာဝအလျောက်တွေ့နိုင်ပြီး ယမ်းစိမ်းကိုက သဘာဝလှိုဏ်ဂူတွေထဲမှာ အများဆုံးတွေ့နိုင်တယ်။ မျက်နှာပြင်ခြောက်ဖက်ပါတဲ့ အရောင်မဲ့ပုံဆောင်ခဲပါ။ အေးပြီးငန်တဲ့အရသာရှိတယ်။ ကန့်ကိုက မီးတောင်ရှိရာအရပ်တွေ၊ ရေပူစမ်းရှိရာ အရပ်တွေမှာ ရှာတွေ့နိုင်တယ်။ နှစ်ခုလုံးက မီးလောင်နိုင်တဲ့ သတ္တိရှိလို့ ရှေးတုန်းက မီးမွှေးရာတွေမှာအသုံးပြုဖို့ဆောင်ထားတတ်ကြတယ်။ ဇဝက်သာကိုတော့ ဆေးကုရာမှာသုံးဖို့ပေါ့။ ဇဝက်သာကို ကန့်တို့ ယမ်းစိမ်းတို့နဲ့ရောပြီး မီးရှို့ရာမှာ သုံးရင်ကျ ရေနဲ့ငြိမ်းရင် မီးပိုကြီးတတ်ပါတယ်။ မီးသွေးဆိုတာလည်း မီးပိုစွဲစေတဲ့ပစ္စည်းပါ။ ကန့်၁၀% ယမ်းစိမ်း၇၅% မီးသွေး၁၅% ပေါင်းရင် ယမ်းဖြစ်ပါတယ်။ ဇဝက်သာပါထည့်လိုက်တော့ ပိုပြီး မီးလောင်ရာမှာ အထောက်အကူဖြစ်သွားတာပါ။ ရှေးခေတ်မှာ ကောက်ရိုးကို တော်တော်များများ အသုံးပြုကြပါတယ်။ ဖိနပ်၊ မိုးကာ၊ ခမောက်တို့အဖြစ်သုံးရုံတင်မက အစားအစာနဲ့ ဆန်တွေသိုလှောင်ရာမှာလည်း ကောက်ရိုးကို အသုံးပြုပါတယ်။ ကောက်ရိုးမှာလည်း မီးစုန်းဓာတ် ၁၆% ထုံးဓာတ် ၀.၄% နဲ့ ဆီလီကာ ၃၅%ပါလို့ ပိုပြီး မီးစွဲစေပါတယ်။

*****************

အပိုင္း(၂၆)

ေလးစားရေသာ အမတ္ခ်ဳပ္ႀကီး

၂ႏွစ္ၾကာၿပီးေနာက္....

အေနာက္ေတာင္နယ္စပ္ေဒသ....

စစ္စခန္းတစ္ခုထဲတြင္ စစ္ဝတ္စုံမ်ားအား ဝတ္ဆင္ထားေသာ လူငါးေယာက္ခန႔္ ရွိေနၾကသည္။ ထိုလူငါးေယာက္ထဲတြင္ သိသိသာသာ ထင္ရွားေနသူ ႏွစ္ဦးသည္ ထိပ္တည့္တည့္တြင္ ေနရာယူထားၿပီး က်န္သူမ်ားသည္ ေဘးတစ္ဖက္တခ်က္စီတြင္ ရွိေနၾကသည္။

ထိပ္ဆုံးေနရာရွိ ေခ်ာေမာေသာ ႐ုပ္ရည္ပိုင္ရွင္ ေယာက်ာ္းေလးသည္ စားပြဲေပၚရွိေျမပုံအား ၾကည့္ကာ သူ႕၏ေဘးရွိ လြန္စြာလွပေသာ ဆံႏြယ္ရွည္မ်ားအားစုစည္းထားသည့္ မိန္းမပ်ိဳေလးဘက္ လွည့္ေျပာလိုက္သည္။

"ရွင္းရန္ ငါတို႔ တပ္စြဲထားတာ ေျမနိမ့္ပိုင္းပဲ...ရာသီဥတုအေျခအေနၾကည့္ရတာ မၾကာခင္ မိုး႐ြာလိမ့္မယ္...သူတို႔ခံတပ္က ကုန္းျမင့္မွာရွိတာမို႔ ငါတို႔ဘက္က သူတို႔ထက္အင္အားအရမ္းသာေပမဲ့ မိုး႐ြာတဲ့ခါ ေျမနိမ့္ကို ေရေတြစီးက်ရင္ ၾကာတဲ့အခါငါတို႔တြက္ အခက္ခဲျဖစ္လာနိုင္တယ္...အဲဒီအခါ တပ္ဆုတ္႐ုံဘဲ ရွိေတာ့မွာ...ခုေျခေနမွာ သူတို႔ဘက္မွာလည္း စားနပ္ရိကၡာအျပည့္အဝရွိေနေတာ့ ခံတပ္ကေန ထြက္ဖို႔ကို လုံးဝေ႐ြးခ်ယ္မွာ မဟုတ္ဘူး"

"အဲဒါဆို ငါတို႔က တပ္ဆုတ္႐ုံပဲ ေ႐ြးခ်ယ္စရာရွိေတာ့တာလား ဝမ္ရယ္...ငါတို႔ဘက္က အသာႀကီးကို တပ္ဆုတ္ရမယ္ဆိုရင္ ငါတို႔ဘက္က အရႈံးပဲ"

"တျခား ဘယ္လိုလုပ္စရာ က်န္လို႔လဲ ရွင္းရန္...သူတို႔က ခံတပ္ကေန လုံးဝထြက္မလာၾကဘူးေလ...စစ္တပ္အလုံးအရင္းနဲ႕ ဝင္တိုက္လို႔မွ မရတာ...ငါတို႔လူအနည္းငယ္ေလာက္ပဲ ခံတပ္ထဲခိုးဝင္ၿပီး တိုက္လို႔ကလည္း အဆင္မွ မေျပနိုင္တာ...တျခား အႀကံေပးစရာရွိေသးလား...ရွိရင္ ၿငိမ္မေနဘဲ အႀကံျပဳခ်က္ တင္ျပၾက"

အကုန္လုံးသည္ တိတ္ဆိတ္ေနၾကသည္။ ဘယ္သူမွ မည္သို႔အႀကံေပးရမည္မွန္း မသိၾကပုံ။ ေက်ာက္ဟြမ္အေနျဖင့္ စစ္ပြဲအား အနိုင္ရရန္ အစြမ္းမ်ားသုံးကာ တိုက္ခိုက္၍ ရေသာ္လည္း ခုခ်ိန္တြင္ အစြမ္းသုံးရန္ အခ်ိန္မက်ေသး။

ရွင္းယြဲ႕ သတိမထားမိေအာင္လည္း သူ ႀကိဳးစားေနရသည္။ ေနရာတိုင္းတြင္ သူ႕အား ေစာင့္ၾကည့္ေနေသာ ရွင္းယြဲ႕၏ လူမ်ားရွိေနၾကသည္။

ထိုစဥ္ စစ္သားေလး တစ္ေယာက္သည္ သိမ္းငွက္တစ္ေကာင္အား ကိုင္ကာ သူတို႔ရွိရာ စစ္စခန္းအတြင္းသို႔ အေျပးဝင္ကာ သတင္းပို႔လာသည္။

"ဝမ္ရယ္ အမတ္ခ်ဳပ္ႀကီးဆီက စာပို႔လာပါတယ္"

ေက်ာက္ဟြမ္ လြန္စြာ ဝမ္းသာသြားၿပီး သိမ္းငွက္ေျခေထာက္တြင္ ႀကိဳးႏွင့္ခ်ည္ထားေသာ စာအား ေျဖယူကာ ဖြင့္ဖတ္လိုက္သည္။

စာဖတ္ၿပီးေသာအခါ သူ၏ မ်က္ႏွာထက္တြင္ အၿပဳံးတို႔ေပၚလာသည္။

"နင့္မ်က္ႏွာကို ၾကည့္တာနဲ႕ စစ္ပြဲရလဒ္က ငါတို႔နိုင္မယ္ဆိုတာ ေသခ်ာသြားၿပီ"

ထိုစကားအား ေျပာလိုက္ေသာ ရွင္းရန္၏ မ်က္ႏွာထက္တြင္လည္း အၿပဳံးတို႔ ေပၚေနသည္။

"အားလုံး အမတ္ခ်ဳပ္ႀကီး ေပးထားတဲ့ အႀကံကို ေသခ်ာဂ႐ုစိုက္နားေထာင္ၿပီး အေကာင္အထည္ေဖာ္ပါ...အရင္ဆုံး ကန႔္၊ မီးေသြးနဲ႕ ယမ္းစိမ္း၊ ဇဝက္သာတို႔ကို စုထား...ငွက္သုံးေလးေကာင္ဖမ္းမယ္...မိုး႐ြာဖို႔ တစ္ပတ္ေလာက္လိုေသးတယ္လို႔ အမတ္ခ်ဳပ္ႀကီးေျပာထားတယ္...မိုးမ႐ြာခင္ အစီအစဥ္ေအာင္ျမင္မွျဖစ္မယ္...စာထဲမွာ ေရးထားတဲ့ အခ်ိဳးအဆအတိုင္း ကန႔္၊မီးေသြး၊ယမ္းစိမ္း၊ဇဝက္သာ တို႔ကို ေရာၿပီး စကၠဴထဲထည့္ အထုပ္ေသးေသးေတြလုပ္မယ္...ၿပီးရင္ ငွက္ေတြရဲ႕ေျခေထာက္မွာ ႀကိဳးေလ်ာ့ေလ်ာ့ခ်ည္ၿပီး ရန္သူ႕စခန္းထဲခိုးဝင္လႊတ္မယ္"

အကုန္လုံးသည္ ဝမ္ရယ္ေျပာသည့္စကားမ်ားအား ဂ႐ုစိုက္နားေထာင္ေနၾကသည္။

"ငွက္ေတြက ရန္သူ႕တပ္ရဲ႕အစားအစာ သိုေလွာင္ရာဆီဦးတည္သြားၾကလိမ့္မယ္...သုံးေလးေကာင္မို႔ ရန္သူ႕စစ္တပ္သတိထားမိၾကမွာမဟုတ္ဘူး...စားစရာ သိုေလွာင္တဲ့ ေနရာမွာ ငွက္ေတြ အစာစားလို႔ သူတို႔ေျခေထာက္က စကၠဴထုပ္ေတြက ေကာက္ရိုးေတြနဲ႕ ၿငိက်န္ခဲ့ရင္ စားစရာထားတဲ့ေနရာ မွတ္ထား ညက် တေခါက္ခိုးဝင္မယ္...အဲဒီသိုေလွာင္ဂိုေထာင္ကို မီးျမႇားနဲ႕ပစ္ၿပီး ရိကၡာျပတ္လပ္ေအာင္လုပ္လို႔ရတယ္...စစ္သားေတြအတြက္ စားစရာမရွိလို႔ မျဖစ္ဘူး...သူတို႔ အညံ့ခံဖို႔ တစ္နည္းပဲ ရွိေတာ့မွာ"

အကုန္လုံး၏ မ်က္ႏွာထက္တြင္ အၿပဳံးတို႔ ျဖစ္တည္လာေတာ့သည္။ ေဆြးေႏြးေနသူထဲမွ စစ္သားတစ္ေယာက္သည္ ဝမ္ရယ္အား ၾကည့္ကာေျပာလိုက္သည္။

"အမတ္ခ်ဳပ္ႀကီး ေပးတဲ့ အႀကံဆိုေတာ့ ေသခ်ာေပါက္ ေအာင္ျမင္မွာပါ...ကြၽန္ေတာ္တို႔ စိုးရိမ္စရာမလိုေတာ့ဘူး...အမတ္ခ်ဳပ္ႀကီးက ေနရာတိုင္းအေျခအေနေတြအကုန္ နားစြင့္ေနတာပဲ...အဲဒါေၾကာင့္ ငယ္႐ြယ္သေလာက္ လူတိုင္းေလးစားရတဲ့ အမတ္ခ်ဳပ္ႀကီးျဖစ္ေနတာ...ဗဟုသုတလည္း စုံလင္လွပါေပတယ္"

ဝမ္ရယ္၏ မ်က္ႏွာသည္ သူ႕အားခ်ီးမြမ္းခံရသကဲ့သို႔ ၿပဳံး႐ႊင္ေနေလေတာ့သည္။

"အဲဒါေၾကာင့္ မင္းႀကီး အားအထားရဆုံးနဲ႕ အယုံၾကည္ရဆုံး အမတ္ခ်ဳပ္ႀကီးျဖစ္ေနတာ"

ေနာက္ဆက္တြဲေျပာလိုက္ေသာ စကားေၾကာင့္ ၿပဳံးေနေသာဝမ္ရယ္၏မ်က္ႏွာသည္ ခ်က္ခ်င္းပင္ ေမွာင္မည္းသြားရသည္။ ဝမ္ရယ္ကဲ့သို႔ပင္ ရွင္းရန္၏ မ်က္ႏွာသည္လည္း ပ်က္ယြင္းသြားရသည္။

"အခု အားလုံး လိုအပ္တဲ့ပစၥည္းေတြ ရွာၿပီး စုထားပါ...အဆင္သင့္ျဖစ္တာနဲ႕ အစီအစဥ္စမယ္"

စစ္စခန္းထဲရွိ လူအကုန္သည္ ဝမ္ရယ္အား အရိုအေသေပးကာ ထြက္သြားၾကေသာ္လည္း ရွင္းရန္သည္ေတာ့က်န္ေနခဲ့သည္။

"သူတကယ္ ေက်ာက္ရန္ဘက္မွာ ရပ္တည္ေနတာပဲ ေက်ာက္ဟြမ္...ငါစိုးရိမ္လာၿပီ...သူ လုပ္ေနသမွ် အားလုံးက ေက်ာက္ရန္အတြက္ခ်ည္းပဲ...သူ ငါတို႔ဘက္ မရပ္တည္ေလာက္ဘူးေနာ္"

"ရွင္းရန္ သူအခု ငါတို႔ကို ကူညီတယ္ေလ...ေသခ်ာေပါက္ ငါတို႔အေၾကာင္း နားစြင့္ေနတာၾကည့္႐ုံနဲ႕ သူ ငါတို႔ကို ဂ႐ုစိုက္မွန္း သိသာတယ္...ငါ ယုံတယ္...သူ ငါ့ဘက္ပဲ ရပ္တည္မွာ"

"နင္က ဘာလို႔ နင့္ဘက္ ေသခ်ာေပါက္ရပ္တည္မွာလို႔ ေျပာနိုင္တာလဲ ေက်ာက္ဟြမ္"

ယုံၾကည္ခ်က္အျပည့္ျဖင့္ ေက်ာက္ဟြမ္ ရွင္းရန္၏ အေမးအား ေျဖဆိုလိုက္သည္။

"သူ ငါ့အေပၚကို ေက်ာက္ရန္ထက္ ပိုတယ္ဆိုတာ ေသခ်ာတယ္ ရွင္းရန္"

ရွင္းရန္ ယုံၾကည္ခ်က္အျပည့္ရွိေနေသာ ေက်ာက္ဟြမ္ေၾကာင့္ ဘာမွဆက္မေျပာေတာ့။ ထိုသို႔ ျဖစ္ရန္သာ သူ(မ) ဆုေတာင္းေနမိသည္။ ၾကားေနရေသာ သတင္းမ်ားအရ ေက်ာက္ရန္အေပၚတြင္ ပို၍ ပိုေနမည္ဟုလည္း သူ(မ) ထင္ေနမိျပန္သည္။

"စစ္ပြဲ အနိုင္ရၿပီး အျမန္ဆုံး ၿမိဳ႕ေတာ္ျပန္နိုင္ေအာင္ ငါလည္း ေသခ်ာသြားႀကီးၾကပ္လိုက္ဦးမယ္ ေက်ာက္ဟြမ္"

"ေကာင္းၿပီ"

ရွင္းရန္ ေက်ာက္ဟြမ္အား တစ္ေယာက္တည္းထားကာ စစ္စခန္း အျပင္သို႔ ထြက္လာခဲ့လိုက္သည္။

ဘယ္သူမွ မရွိေတာ့ေသာအခါ ေက်ာက္ဟြမ္ လက္ထဲတြင္ ကိုင္ထားေသာ စာ႐ြက္အား ျပန္၍ ၾကည့္လိုက္သည္။

"မင္း ေကာင္းေၾကာင္းေတြကေတာ့ အၿမဲၾကားေနရတာပဲ...အမတ္ခ်ဳပ္ႀကီး ဘယ္လိုေတာ္ေၾကာင္း ထက္ျမက္ေၾကာင္း...တိုင္းျပည္အတြက္ ဘယ္လိုေတြလုပ္ေပးေၾကာင္း...ျပည္သူေတြက ေက်ာက္ရန္နဲ႕အတူတူ ေလးစားခ်စ္ခင္ၾကေၾကာင္း...ခုလို နယ္စပ္ေဒသထိ ေန႕တိုင္း မရိုးနိုင္ေအာင္ ၾကားေနရတယ္...နာမည္ဘဲ ၾကားေနရတဲ့ငါက မင္းကို အရမ္းလြမ္းေနၿပီ"

သူ၏ မ်က္ဝန္းတို႔သည္ စာ႐ြက္ဆီမွ အၾကည့္မခြာေပ။

"ကိုယ္ မၾကာခင္ မင္းဆီ ျပန္လာခဲ့မယ္...ကိုယ့္ရဲ႕ေဘးနားရွိေနၿပီး ကိုယ့္ကို တိုင္းျပည္တိုးတက္ဖို႔ အႀကံေတြအမ်ားႀကီးေပးရေတာ့မယ္...မင္းရဲ႕ အႀကံဉာဏ္ေတြအားလုံးက ကိုယ့္အတြက္ပဲ ျဖစ္လာရေတာ့မယ္...မင္းက ကိုယ့္အပိုင္ပဲ ကိုယ့္ရဲ႕ အမတ္ခ်ဳပ္ႀကီး"

စာ႐ြက္အား ငုံ႕ၾကည့္ေနေသာ မ်က္ဝန္းမ်ားသည္ ေရွ႕တည့္တည့္ဆီသို႔ ဦးတည္ေရာက္ရွိသြားသည္။ မ်က္ဝန္းထဲတြင္ ယုံၾကည္မႈအျပည့္ျဖင့္ ေမွ်ာ္လင့္ခ်က္အလင္းေရာက္မ်ား ေတာက္ပေနၾကသည္။

**********************

ရန္သူ႕တပ္စခန္း....

ညည့္ဦးယံခ်ိန္.....

အေမွာင္ကို အကာကြယ္ ယူကာ ပုန္းကြယ္ေနၾကေသာ အနက္ေရာင္ဝတ္စုံမ်ားဝတ္ဆင္ထားသည့္ လူေလးေယာက္ခန႔္အား မည္သူမွ် မျမင္ၾကေပ။

ေခါင္းေဆာင္ျဖစ္ဟန္တူေသာ ႏွစ္ေယာက္သည္ က်န္လူႏွစ္ေယာက္၏ ေရွ႕တြင္ရပ္ေနသည္။

"ရွင္းရန္ အဲဒီေနရာပဲ ရိကၡာသိုေလွာင္ထားတာ"

လူတစ္ေယာက္သည္ အေမွာင္ရိပ္ထဲမွ ေန၍ မလွမ္းမကမ္းရွိ စစ္သားႏွစ္ေယာက္ ေစာင့္ၾကပ္ေနသည့္ဂိုေထာင္အား လက္ညိုးၫႊန္ျပကာ ေျပာလိုက္သည္။

က်န္တစ္ေယာက္သည္ ခ်က္ခ်င္း ပုခုံး၌ လြယ္ထားေသာ ျမႇားအိမ္ထဲမွ ျမႇားငါးေခ်ာင္းခန႔္အား ထုတ္ယူလိုက္သည္။ ထို႔ေနာက္ ေလးႀကိဳးတြင္ ထည့္၍ ၫႊန္ျပရာ ေနရာအား ေသခ်ာ ခ်ိန္လိုက္သည္။

မူလၫႊန္ျပသူသည္ လက္ထဲတြင္ ကိုင္ထားေသာ က်ည္ေတာက္ဘူးတစ္ခုအား ျမႇားတံမ်ား၏ ထိပ္တြင္ ထားလိုက္သည္။

"ျမႇားတံ ထိပ္မွာ မီးစြဲနိုင္တဲ့ ယမ္းမႈန႔္ေတြ သုတ္ထားလို႔ မီးမစြဲမွာ စိတ္ပူစရာ မလိုဘူး...အေရးႀကီးတာက မီးညွိလိုက္တာနဲ႕ လွ်ပ္တျပက္အတြင္း တန္းပစ္လိုက္...မဟုတ္ရင္ မီးအလင္းေရာင္ေၾကာင့္ သတိထားမိသြားၾကလိမ့္မယ္...ပိုၿပီး အေရးႀကီးတာက မီးစေလာင္ၿပီဆိုတာနဲ႕ ဒီေနရာကေန အျမန္ထြက္သြားနိုင္ဖို႔ပဲ...အကုန္လုံး အစစအရာ သတိထားၾကပါ"

ေနာက္ကလူႏွစ္ေယာက္ဘက္လည္း လွည့္ကာ ေျပာလိုက္သည္။

"စိတ္ခ်ပါ ဝမ္ရယ္"

ေက်ာက္ဟြမ္ ေခါင္းညိတ္ျပလိုက္သည္။ သူ ႏွင့္ ရွင္းရန္ အေနျဖင့္ အစြမ္းမ်ားသုံးလိုက္ရင္ အလြယ္တကူ အစီအစဥ္မ်ားေအာင္ျမင္ၿပီး စစ္ပြဲကို ေသခ်ာေပါက္ ေအာင္ျမင္နိုင္ေသာ္လည္း အခ်ိန္မက်ေသးေသာေၾကာင့္ ၿငိမ္ေနရျခင္းျဖစ္သည္။ အခ်ိန္မတန္ေသးေသာေၾကာင့္ ပါလာေသာ ေနာက္လိုက္ႏွစ္ေယာက္ေရွ႕တြင္ အစြမ္းမ်ားသုံး၍ မျဖစ္ေသး။

ေက်ာက္ဟြမ္ သူ၏လက္ထဲရွိ က်ည္ေတာက္ဘူး အဖုံးအား ဖြင့္လိုက္သည္ႏွင့္ မီးစတစ္ခုေပၚထြက္လာသည္။ ရွင္းရန္သည္ ခ်က္ခ်င္း ျမႇားထိပ္မ်ားအား မီးႏွင့္ထိလိုက္ၿပီး လ်င္ျမန္စြာ ဂိုေထာင္သို႔ ပစ္ခ်လိဳက္သည္။ မ်က္ေတာင္တခတ္မွ်သာ ၾကာျမင့္လိုက္သည္။

ျမႇားငါးေခ်ာင္းသည္ ဂိုေထာင္အား ထိမွန္ကာ စတင္ ေလာင္ကြၽမ္းေတာ့သည္။ ရန္သူမ်ား အကုန္ထိတ္လန႔္ကာ ေရပုံးမ်ားဆြဲ၍ မီးၿငိမ္းသက္ၾကေတာ့သည္။

တစ္ဖက္ရန္သူမ်ား သူတို႔အား သတိမထားမိခင္ ထိုေနရာမွ သူတို႔ အျမန္ထြက္လာလိုက္ၾကသည္။ စစ္ပြဲသည္ မၾကာခင္ အဆုံးသတ္ေပလိမ့္မည္။ ေသခ်ာေပါက္ အနိုင္ရမည့္သူသည္ သူတို႔ပင္။

ေက်ာက္ဟြမ္ စိတ္လိုလက္ရ ၿပဳံးလိုက္သည္။

"ေက်ာက္ဟြမ္ ငါ သတိထားမိတာ သူတို႔ေရပက္ၿပီး မီးၿငိမ္းေလ မီးက ပိုႀကီးလာၿပီး ပိုေလာင္ေလပဲ...ဘယ္လိုေၾကာင့္လဲ ေက်ာက္ဟြမ္"

"အမတ္ခ်ဳပ္ႀကီး စာထဲမွာေျပာထားတယ္...ကန႔္၊ယမ္းစိမ္း၊မီးေသြးေပါင္းရင္ ယမ္းျဖစ္တယ္...ဇဝက္သာပါ ထည့္ရတဲ့အေၾကာင္းရင္းက ဇဝက္သာနဲ႕ ယမ္းေပါင္းလိုက္ရင္ ဇဝက္သာရဲ႕ဂုဏ္သတၱိက ေရေလာင္းေလ မီးပိုႀကီးနိုင္ေလပဲ"

ေက်ာက္ဟြမ္၏ စကားေၾကာင့္ ရွင္းရန္နားလည္သြားၿပီျဖစ္သည္။ မၾကာခင္ သူ(မ) ထိုဉာဏ္ေကာင္းလြန္းေသာ အႀကံေကာင္းမ်ား ေပးနိုင္သူႏွင့္ ေတြ႕ဆုံရေတာ့မည္။ စစ္ပြဲအနိုင္ရခဲ့ေသာ သူတို႔ မၾကာခင္တြင္ ဂုဏ္ယူဝံ့ၾကားစြာျဖင့္ ၿမိဳ႕ေတာ္အား ျပန္နိုင္ေတာ့မည္။ ၿမိဳ႕ေတာ္ေရာက္သည္ႏွင့္ သူ(မ) ေတြ႕ခ်င္သူအား ခ်ီးမြမ္းၾကမည့္ ျပည္သူမ်ား၏ စကားသံတို႔အား တဝၾကားရေတာ့မည္။

ထိုသို႔ စဥ္းစားမိေသာအခါ သူ(မ) စိတ္သည္ လြန္စြာေပ်ာ္႐ႊင္လာရသည္။ သို႔ေသာ္ မၾကာခင္တြင္ ေရာက္ရွိလာမည့္ သူ(မ)အေဖႏွင့္ မယ္ေတာ္ႀကီး ႏွစ္ပတ္လည္ေန႕၊ သူ(မ)အား ရႈတ္ခ်ဆက္ဆံခဲ့ၾကသူတို႔၏ မ်က္ႏွာမ်ားအား ျပန္ေတြ႕ရမည့္အေၾကာင္းႏွင့္ သူ(မ) မုန္းရသူ၏ ဂုဏ္သတင္းမ်ားအား ျပန္ၾကားရေတာ့မည္အား ေတြးမိေသာ အခါတြင္မူ သူ(မ) ႏွလုံးသားသည္ ေအးစက္သြားရေတာ့သည္။

*******************

မင္းေနျပည္ေတာ္...

နံနက္ မိုးေသာက္ခ်ိန္....

က်ယ္ဝန္းလွေသာ ဧည့္ခန္းမထဲတြင္ ေခ်ာေမာေသာလူတစ္ေယာက္သည္ ထိုင္ခုံတစ္ခုေပၚတြင္ ေအးေဆးစြာ ထိုင္ၿပီး လက္ဖက္ရည္ေသာက္ေနသည္။

ခန္းမထဲသို႔ အနက္ေရာင္ ကိုယ္က်ပ္အကၤ်ီအား ဝတ္ဆင္ထားေသာ လူငယ္တစ္ေယာက္ဝင္လာသည္။ ထိုလူငယ္သည္ လက္ဖက္ရည္ေသာက္ေနသူအား အရိုအေသေပးကာ အစီရင္ခံလိုက္သည္။

"အမတ္ခ်ဳပ္ႀကီး...ဒုစစ္သူႀကီး ကုခ်န္းဆီက အစီရင္ခံလာပါတယ္...အေနာက္ေျမာက္ေဒသ က်ဴးေက်ာ္သူေတြကို ႏွိမ္နင္းၿပီးပါၿပီတဲ့...အေရွ႕ပိုင္း ေရေဘးဒဏ္ခံေနရတဲ့ ဒုကၡသည္ေတြဆီက အျမတ္ႀကီးစားတဲ့ အမတ္ေတြအကုန္ကိုလည္း ျဖဳတ္ခ်ၿပီး အျပစ္ဒဏ္စီရင္လိုက္ပါၿပီ...မနက္ျဖန္ ၿမိဳ႕ေတာ္ကို ျပန္ေရာက္မယ္လို႔ ကိုယ္ရံေတာ္ေရွာင္အန္းကလည္း အေၾကာင္းၾကားလိုက္ပါတယ္...

ဒုစစ္သူႀကီး ကုခ်န္းရဲ႕ အုပ္ခ်ဳပ္မႈေၾကာင့္ အေနာက္ေျမာက္ေဒသကလည္း ေအးခ်မ္းေနပါၿပီ...စစ္သူႀကီး ကုခ်န္းက ၿမိဳ႕ေတာ္ဝန္ကို အာဏာျပန္လႊဲၿပီးရင္ ၿမိဳ႕ေတာ္ကို ျပန္လာပါမယ္တဲ့...အေနာက္ေျမာက္ေဒသနဲ႕ အေရွ႕ပိုင္းက ျပည္သူေတြကလည္း အမတ္ခ်ဳပ္ႀကီးနဲ႕ မင္းႀကီးကို အရမ္းေက်းဇူးတင္ေနၾကပါတယ္...ၿမိဳ႕ေတာ္ စီးပြားေရးလုပ္ငန္းအေျခအေနေတြကလည္း သခင္မပိုင္ရန္ရဲ႕ လက္ေအာက္မွာ ဘာခ်ိဳ႕ယြင္းခ်က္မွ မရွိဘဲ အကုန္အဆင္ေျပပါတယ္"

"အေနာက္ေတာင္ နယ္စပ္ေဒသ အေျခအေနကေရာ"

လက္ဖက္ရည္ပူအား မႈတ္ေနရင္းမွ ေမးလာေသာ အမတ္ခ်ဳပ္ႀကီးစကားေၾကာင့္ လူငယ္ အျမန္ျပန္ေျဖလိုက္ရသည္။ ႐ုပ္ရည္ေခ်ာေမာကာ အလြန္ငယ္႐ြယ္၍ၾကည့္ေကာင္းလြန္းေသာ လူငယ္တစ္ေယာက္ျဖစ္ေသာ္လည္း အကုန္ေလးစား ရိုေသၾကရေသာ တိုင္းျပည္၏ အာဏာအရွိဆုံး အမတ္ခ်ဳပ္ႀကီးျဖစ္သည္ေလ။

အားလုံးအား အမိန႔္ေပးေစခိုင္း ထိန္းခ်ဳပ္နိုင္ေသာဧကရာဇ္မင္းႀကီးႏွင့္ စစ္တပ္တစ္ခု၏အာဏာပိုင္ဆိုင္ထားေသာ စစ္သူႀကီး၏ ေက်ာေထာက္ေနာက္ခံရွိ႐ုံတင္မက ဒုစစ္သူႀကီးကုခ်န္းေခါင္းေဆာင္သည့္ စစ္တပ္အား ပိုင္ဆိုင္ထားေသာ အမတ္ခ်ဳပ္ႀကီးအား ဆန႔္က်င္ရဲသူသည္ တစ္ေယာက္မွ မရွိေခ်။

"အေနာက္ေတာင္ နယ္စပ္ေဒသလည္း အမတ္ခ်ဳပ္ႀကီး အႀကံဥာဏ္ေၾကာင့္ ရန္သူေတြ အညံ့ခံလိုက္ရၿပီး ဝမ္ရယ္တို႔ စစ္နိုင္သြားပါတယ္...မၾကာခင္ မယ္ေတာ္ႀကီး ႏွစ္လည္အတြက္ ဂါရဝျပဳဖို႔ ဝမ္ရယ္နဲ႕ၾကင္ယာေတာ္တို႔ ၿမိဳ႕ေတာ္ ျပန္လာမယ္လို႔ သတင္းရပါတယ္...မသကၤာစရာတခ်က္ေတာ့ရွိတယ္ အမတ္ခ်ဳပ္ႀကီး...ဝမ္ရယ္နဲ႕ ၾကင္ယာေတာ္တို႔ ၿမိဳ႕ေတာ္လာရင္ အကာအကြယ္ရေအာင္ သူတို႔ပိုင္ဆိုင္တဲ့စစ္တပ္ပါ ေခၚလာမယ္လို႔ သတင္းၾကားထားပါတယ္"

ကိုင္ထားေသာ လက္ဖက္ရည္ခြက္အား စားပြဲခုံေပၚ ျပန္တင္လိုက္ၿပီးေနာက္ အမတ္ခ်ဳပ္ႀကီးသည္ သူ႕အား စူးစိုက္ၾကည့္လာသည္။ အမတ္ခ်ဳပ္ႀကီး၏ စူးရဲေသာ အၾကည့္မ်ားေၾကာင့္ သူ႕လက္တြင္ ေခြၽးေစးမ်ားထြက္လာရသည္။

အမတ္ခ်ဳပ္ႀကီး၏ မ်က္ဝန္းအၾကည့္မ်ားသည္ သူ႕အား စူးစိုက္ၾကည့္ေနရာမွ သူ၏အေနာက္ဘက္ဆီသို႔ ေ႐ြ႕လ်ားသြားသည္။

"မင္း ဘာလို႔ သူတို႔ကို ကူညီရတာလဲ ေရွာင္ဟြား"

သူ၏ အေနာက္ဘက္ဆီမွ ထြက္ေပၚလာေသာအသံေၾကာင့္ အမတ္ခ်ဳပ္ႀကီးေရွ႕ ရပ္ေနေသာ လူငယ္၏ ေၾကာက္႐ြံ႕မႈသည္ ႏွစ္ဆတိုးသြားရေတာ့သည္။

"ေက်ာက္ဟြမ္ကို ကူညီတဲ့အတြက္ ကိုယ္ တကယ္ သဝန္တိုတယ္"

အစီရင္ခံသူ လူငယ္သည္ ေနရာမွ အျမန္ထြက္သြားခြင့္ရရန္သာ ဆုေတာင္းလိုက္မိေတာ့သည္။

******************
Author Note-

ကန႔္တို႔ ယမ္းစိမ္းတို႔ ဆိုတာ ေရွးကတည္းကရွိတယ္ေနာ္။ သဘာဝအေလ်ာက္ေတြ႕နိုင္ၿပီး ယမ္းစိမ္းကိုက သဘာဝလွိုဏ္ဂူေတြထဲမွာ အမ်ားဆုံးေတြ႕နိုင္တယ္။ မ်က္ႏွာျပင္ေျခာက္ဖက္ပါတဲ့ အေရာင္မဲ့ပုံေဆာင္ခဲပါ။ ေအးၿပီးငန္တဲ့အရသာရွိတယ္။ ကန႔္ကိုက မီးေတာင္ရွိရာအရပ္ေတြ၊ ေရပူစမ္းရွိရာ အရပ္ေတြမွာ ရွာေတြ႕နိုင္တယ္။ ႏွစ္ခုလုံးက မီးေလာင္နိုင္တဲ့ သတၱိရွိလို႔ ေရွးတုန္းက မီးေမႊးရာေတြမွာအသုံးျပဳဖို႔ေဆာင္ထားတတ္ၾကတယ္။ ဇဝက္သာကိုေတာ့ ေဆးကုရာမွာသုံးဖို႔ေပါ့။ ဇဝက္သာကို ကန႔္တို႔ ယမ္းစိမ္းတို႔နဲ႕ေရာၿပီး မီးရွို႔ရာမွာ သုံးရင္က် ေရနဲ႕ၿငိမ္းရင္ မီးပိုႀကီးတတ္ပါတယ္။ မီးေသြးဆိုတာလည္း မီးပိုစြဲေစတဲ့ပစၥည္းပါ။ ကန႔္၁၀% ယမ္းစိမ္း၇၅% မီးေသြး၁၅% ေပါင္းရင္ ယမ္းျဖစ္ပါတယ္။ ဇဝက္သာပါထည့္လိုက္ေတာ့ ပိုၿပီး မီးေလာင္ရာမွာ အေထာက္အကူျဖစ္သြားတာပါ။ ေရွးေခတ္မွာ ေကာက္ရိုးကို ေတာ္ေတာ္မ်ားမ်ား အသုံးျပဳၾကပါတယ္။ ဖိနပ္၊ မိုးကာ၊ ခေမာက္တို႔အျဖစ္သုံး႐ုံတင္မက အစားအစာနဲ႕ ဆန္ေတြသိုေလွာင္ရာမွာလည္း ေကာက္ရိုးကို အသုံးျပဳပါတယ္။ ေကာက္ရိုးမွာလည္း မီးစုန္းဓာတ္ ၁၆% ထုံးဓာတ္ ၀.၄% နဲ႕ ဆီလီကာ ၃၅%ပါလို႔ ပိုၿပီး မီးစြဲေစပါတယ္။

*****************

Continue Reading

You'll Also Like

63K 6.2K 23
အခ်စ္ဆံုးသူငယ္ခ်င္းေတြဆိုတဲ့ သတ္မွတ္ခ်က္နဲ႔ မင္းအနားမွာ ေနရလည္း ငါေက်နပ္ပါတယ္ ဒါေပမယ့္.... ငါ့ရဲ႕အခ်စ္က မင္းကို က်ိိ္န္စာသင့္ေစမယ္ဆိုရင္... မင္းရဲ႕အန...
580K 76.5K 44
I love you so much. All you need to do is accept me. Mature content on just because of a few chapters. I don't want to put on Mature tab because of...
123K 14.8K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
61.8K 6.5K 92
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...