အပိုင်း(၂၅)
မေချင်းနတ်ဘုရားမမှန်း သိရှိခြင်း
အနီရောင်များဖြင့် အလှဆင်ထားသော မင်္ဂလာဦးအခန်းထဲတွင် အနီရောင်ဝတ်စုံများအား ဆင်မြန်းထားသည့် သတို့သားနှင့် သတို့သမီးတို့သည် ကုတင်ပေါ်တွင် ဘေးချင်းကပ်ထိုင်နေကြသည်။
ရှင်းရန် သူ(မ) ခေါင်းထက်ရှိ ပုဝါအား လက်တဖက်ဖြင့် ဆွဲချွတ်လိုက်ပြီး ကျောက်ဟွမ်အား ကြည့်လိုက်သည်။
"ကျောက်ဟွမ် နေရခက်မနေနဲ့...နင်နဲ့ငါ ငယ်ကတည်းက အတူတူကြီးလာတာ...နင် ငါ့ကို စိတ်မဝင်စားမှန်း ငါသိတယ်...ငါလည်း နင့်ကို စိတ်မဝင်စားဘူး"
ရှင်းရန်၏ အပြောကြောင့် ကျောက်ဟွမ် ရှင်းရန်အား ကြည့်လိုက်မိသည်။ သူ့စိတ်ထဲတွင်လည်း ရှင်းရန်အား အမှန်ပင် မိန်းမတစ်ယောက်ဟု မခံစားရ။ ရှင်းရန်နှင့် ပတ်သတ်၍ သူ၏ စိတ်ဝင်စားမှုသည်လည်း အောက်ဆုံးအဆင့်တွင် ဖြစ်သည်။
ရှင်းရန်သည် ဆက်၍ ပြောလာလေသည်။
"ငါတို့မိဘတွေအတွက် လက်စားချေဖို့ လက်ထပ်လိုက်ရတာ...နင်နဲ့ငါ ဆက်ဆံရေးက အရင်တိုင်းပဲ ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး...အဲဒါကြောင့် အရင်လိုပဲ ပြောဆိုဆက်ဆံမယ်"
ရှင်းရန်၏ စကားတို့သည် သူတို့ကြား နေရခက်နေ ခြင်းမှ သက်သာသွားစေသည်။
"ကောင်းပြီ...ရှင်းရန် ငါတို့က အမြဲ သူငယ်ချင်းပဲ...အဲဒါကြောင့် နောက်ကျ နင်လည်း နင်ကြိုက်တဲ့သူပြန်လက်ထပ်လို့ရတယ်...ငါလည်း ငါကြိုက်တဲ့သူ ပြန်ယူမယ်"
"ကျောက်ဟွမ်...နင်ကပြန်လက်ထပ်လို့ရတယ်...ငါကမိန်းကလေး ပြန်လက်ထပ်လို့ မရဘူး"
"ငါသာ ဘုရင်ဖြစ်လာရင် နင်ကြိုက်တဲ့သူ လက်ထပ်လို့ရတယ်...နင်က ငါ့သူငယ်ချင်းပဲ ငါဒီလောက်တော့ပြန်ကူညီမှာပါ...နင်ကြိုက်တဲ့သူကိုသာ လက်ညိုးထိုးလိုက် အပိုင်သိမ်းရအောင် ငါကူညီမယ်"
"ဟီးဟီး ဒါမှ ငါ့သူငယ်ချင်း"
ထို့နောက် နှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးနောက် ရယ်လိုက်ကြလေသည်။
"ကျောက်ဟွမ် ငါကမိန်းကလေးဆိုတော့ ကုတင်ပေါ် ငါအိပ်မယ်...နင်က အောက်မှာ ဆင်းအိပ်လိုက်"
"ရှင်းရန် နင့်ပုံစံက ဘယ်နား မိန်းကလေးနဲ့ တူနေလို့လဲ...ငါလည်း ကုတင်ပေါ်မှာ အိပ်မယ်...အောက်ဆင်း မအိပ်နိုင်ဘူး"
ရှင်းရန်၏ မျက်နှာသည် မကျေနပ်စွာ ဆူပုပ်လာတော့သည်။
"နင်က ကုတင်ပေါ်အိပ်မှာဆိုတော့ ငါက အောက်ဆင်းအိပ်ရမှာလား"
"မဟုတ်ဘူးလေ...နင်လည်း ကုတင်ပေါ်အိပ်...ငါလည်းကုတင်ပေါ်ပဲ အိပ်မယ်...ဟိုဘက်ဒီဘက်ပေါ့"
ရှင်းရန် မကျေနပ်စွာ ငြင်းဆန်ပစ်လိုက်သည်။
"မရဘူး နင့်ကို ငါ မယုံဘူး...ကုတင်ပေါ် တက်ရဲတက်ကြည့်...ကန်ချပစ်မှာ"
"ရှင်းရန် ငါကသာ နင့်ကို မယုံရမှာ...နင်ပြောဖူးတယ်လေ...နင်ကြိုက်တဲ့သူက နင့်ပြန်မကြိုက်ရင် ဆေးခတ်ပြီး အရယူမှာဆို...ပြောမရဘူး နင်ငါ့ကိုကြိတ်ကြွေရင်ကြွေနေမှာ...ဆေးခတ်ယူလို့ကတော့ ငါ နစ်နာမှာ...ပြောရင်းနဲ့ ငါ့နှာခေါင်းထဲ နွေဦးဝတ်မှုန်ဆေးနံ့တွေရနေတယ်...နင် တကယ်ကြီး ငါ့ကိုကြိတ်ကြွေနေတာလား"
ကျောက်ဟွမ်၏ စကားကြောင့် ရှင်းရန် လွန်စွာဒေါသထွက်လာပြီး မျက်နှာတစ်ခုလုံး နီရဲလာသည်။
"သောက်ကောင် သောက်ပါးစပ်ပိတ်စမ်း ညစ်ညစ်ညမ်းညမ်းတွေ မပြောစမ်းနဲ့"
"ရှင်းရန် အရင်စဆဲတာက နင်လေ...ငါ့ကိုလာအပြစ်တင်နေတယ်...အခုပဲ နင့်ပုံစံကြည့်...နစ်နာရင်ငါပဲ နစ်နာရမှာ"
ရှင်းရန် ပို၍ဒေါသထွက်ပြီး ကျောက်ဟွမ်အား ထုရိုက်လေတော့သည်။ ရိုက်ချက်များနည်းနည်းပြင်းလာသောအခါ ကျောက်ဟွမ် တံခါးပေါက်ဘက် လက်ညိုးထိုးကာ အော်လိုက်တော့သည်။
"ရှင်းရန် ရပ်တော့ ဟိုမှာ ဟွားအယ် လာပြီ"
မင်္ဂလာဦးခန်းထဲသို့ ဟွားအယ် ဝင်မလာနိုင်မှန်း ရှင်းရန် သိသော်လည်း ကျောက်ဟွမ်အား ထုရိုက်နေသော လက်များသည် လေထဲတွင် ရပ်တန့်သွားသည်။
ထုရိုက်ခံနေရသော်လည်း အရယ်အပြုံးမပျက်ခဲ့သူသည်လည်း သတိမထားမိဘဲ ပြောလိုက်မိသော စကားတစ်ခွန်းအား သတိထားမိချိန်တွင် မျက်နှာထက်၌ အပြုံးတို့ပျောက်ကွယ်သွားတော့သည်။
ရှင်းရန် ကြိုးစားပြုံးယူကာ ပြောလိုက်သည်။
"ငယ်ကတည်းက ငါတို့နှစ်ယောက်ရန်ဖြစ်တိုင်း အမြဲဖြန်ဖျေပေးရသူက ဟွားအယ်နော်"
ကျောက်ဟွမ်၏ မျက်နှာထက်တွင်လည်း အပြုံးခပ်ဖျော့ဖျော့ပေါ်လာလေသည်။
"ဟုတ်တယ်...ဟွားအယ် ဖြန်ဖျေမပေးမချင်း ငါတို့မပြေလည်တတ်ဘူး...အမြဲတမ်း ငါတို့နားမှာ ဟွားအယ်ရှိတယ်...နောက်ကျ ငါတို့ရန်ဖြစ်တဲ့အခါ ဟွားအယ်က ဘေးနားရှိနေနိုင်တော့မှာ မဟုတ်ဘူး...ခုချိန်ကစပြီး ငါတို့သုံးယောက်တူတူ ပြန်ဆုံနိုင်မယ့် အချိန်အတိအကျကို ငါတို့ မခန့်မှန်းနိုင်တော့ဘူး"
နှစ်ယောက်လုံး၏ မျက်နှာထက်တွင် ဝမ်းနည်းမှုတို့သည် အထင်းသားပေါ်ပေါက်လာခဲ့သည်။
"ငါတို့ သူငယ်ချင်း သုံးယောက် တခါမှ အကြာကြီးခွဲပြီး မနေခဲ့ဖူးဘူးနော်...အသားကျဖို့ တော်တော်ကြိုးစားရမှာ...ကျောက်ဟွမ် နင်ထီးနန်းရရင် ဟွားအယ်ကိုတော့ မထိခိုက်ရဘူး...နင် သူ့ကို ထိခိုက်အောင်လုပ်ရင် ငါနင့်ကိုဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးနော်"
ကျောက်ဟွမ်၏ မျက်နှာထက်တွင် စိတ်တိုသော အရိပ်အယောင်တို့ ပေါ်ပေါက်လာပြီး ရှင်းရန်အား နီရဲသော မျက်လုံးများဖြင့် ကြည့်ကာပြောလာသည်။
"ငါက ဟွားအယ်ကို ထိခိုက်အောင် လုပ်မဲ့သူလား...ငါတို့အတူတူကြီးလာတာ...ဟွားအယ် အပေါ် ငါ့ရဲ့ဂရုစိုက်မှုကလည်း နင့်ထက်တော့မလျော့ဘူး"
"အေးပါ ငါသိပါတယ်...ငါက ဒီတိုင်း စိုးရိမ်လို့ပြောတာပါ...ဟွားအယ်က ငါတို့အပေါ်အရမ်းကောင်းတာ နင်လည်း အသိပါ...ဟွားအယ်ဆိုတာ ငါ့အတွက်တော့ အရမ်းချစ်ရတဲ့ မောင်လေးပဲလေ...နင့်အတွက်လည်း ညီလေးလိုလူပဲမလား"
ရှင်းရန်စကားကြောင့် ကျောက်ဟွမ်၏ မျက်နှာသည် လုံးဝပျက်ယွင်းသွားသည်။
ကျောက်ဟွမ် ပြန်မဖြေချင်သောကြောင့် စကားလမ်းကြောင်းလွှဲလိုက်သည်။
"ရှင်းရန် နင့်လည်ပင်းက ဆွဲကြိုးလေးကို ချွတ်ပြီးသိမ်းထားပါလား...အဲဒါ နင့်အဖေ ပေးခဲ့တဲ့ အမွေမို့လား...ပျောက်ပျက်မသွားအောင် ချွတ်ပြီးသေချာသိမ်းထားလိုက်လေ"
ရှင်းရန် လည်ပင်းရှိ ဆွဲကြိုးလေးအား ထိကိုင်လိုက်မိသည်။
"ငါလည်း စဉ်းစားနေတာ ချွတ်ပြီး သိမ်းထားမလို့...ဒါပေမဲ့ ငါ့အဖေက ဘယ်တော့မှ မချွတ်နဲ့လို့ မှာထားတော့"
"ငါကတော့ ချွတ်သိမ်းထားစေချင်တယ်...အမှတ်တရ ပစ္စည်းဆိုတာ မပျောက်ပျက်အောင် သေချာသိမ်းထားသင့်တယ်"
"အင်း ငါ ချွတ်ပြီးသိမ်းထားလိုက်မယ်"
"ငါ ဆွဲကြိုးသိမ်းထားဖို့ သေတ္တာလေးတစ်ခုရှိတယ်...ခဏစောင့် ငါယူပေးမယ်...ပြီးရင်အဲထဲထည့်ပြီး သိမ်းထားလိုက်"
"ခု ချွတ်ရမှာလား"
ရှင်းရန် အံ့အားသင့်စွာ မေးလိုက်သည်။
"ခု ချွတ်သိမ်းလိုက်လေ...အဲဒီဆွဲကြိုးလေးက ငါတို့မင်္ဂလာပွဲအတွက် လက်ဖွဲ့ဆိုလည်း ဟုတ်တယ်...သေချာသိမ်းထားစေချင်လို့"
ရှင်းရန် မျက်နှာသည် ဝမ်းနည်းမှုတို့ဖြင့် မှိုင်ကျသွားသည်။
"ကောင်းပြီ ငါ ခုချွတ်သိမ်းလိုက်မယ်"
ရှင်းရန် သူ့စကားအား လက်ခံသောကြောင့် ကျောက်ဟွမ်၏ မျက်နှာထက်တွင် အပြုံးတို့ ပေါ်လာပြီး အခန်းထဲရှိ သူ သေချာသိမ်းထားသော သေတ္တာအသေးတစ်ခုအား ထယူလိုက်သည်။ ထို့နောက် ရှင်းရန်အား ပေးလိုက်သည်။
ရှင်းရန်လည်း လည်ဆွဲအား ချွတ်ကာ သေတ္တာထဲသို့ ထည့်လိုက်သည်။ ထို့နောက် သေတ္တာအား ကုတင်ခေါင်းရင်းတွင် ထားလိုက်သည်။
ယခုအချိန်တွင် ချုပ်နှောင်ခြင်းရတနာသည် ဝိညာဉ်အပိုင်းအစများအား ခြေရာမခံမိစေရန် ထိန်းချုပ်မထားနိုင်တော့သလို ရှင်းရန်၏ အစွမ်းတို့အားလည်း ထိန်းချုပ်ထားနိုင်တော့မည် မဟုတ်။ ဝိညာဉ်အပိုင်းအစ မစုံသေးသောကြောင့် မှတ်ဉာဏ်များကိုတော့ ပြန်မရနိုင်သေးပေ။
"ရှင်းရန် နင်စားပွဲပေါ်တင်ထားတဲ့ သေရည်ခွက်တစ်ခွက်ကို စိတ်နဲ့ ထိန်းချုပ်ကြည့်"
"အမ် ဘာကိုပြောတာလဲ ကျောက်ဟွမ်...ငါ နားမလည်ဘူး"
"နင့်ရဲ့စိတ်ကို အဲသေရည်ခွက်အပေါ်မှာဘဲ သေချာစုစည်းထား...ပြီးရင် နင့်လက်တစ်ဖက်ကို အပေါ်မြှောက်ပြီး နင်ရွှေ့ချင်တဲ့ဘက် ရွှေ့ကြည့်လိုက်"
ရှင်းရန် အနေဖြင့် ကျောက်ဟွမ်စကားအား သေချာနားမလည်သော်လည်း သူပြောသလို လိုက်လုပ်ကြည့်လိုက်သည်။
သေရည်ခွက်ပေါ်တွင် အာရုံစူးစိုက်ထားလိုက်ပြီးနောက် လက်တစ်ဖက်အား အပေါ်သို့ မြှောက်လိုက်သည်။ သေရည်ခွက်သည် အပေါ်သို့ မြောက်တက်လာသည်။
ရှင်းရန် ထိတ်လန့်တုန်လှုပ်ကာ လက်အား ရုတ်ချပြီး ကုတင်ပေါ် ထိုင်နေရာမှ ထရပ်လိုက်မိသည်။
သေရည်ခွက်သည် အောက်သို့ ပြုတ်ကျကာ ကွဲသွားလေပြီ။ သူ(မ) မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှု တို့ အထင်သားထွက်ပေါ်လာသည်။
သူ(မ) နားမလည်နိုင်သော မျက်ဝန်းများဖြင့် ကျောက်ဟွမ်အား ကြည့်လိုက်မိသည်။
"ကျောက်ဟွမ် ဘယ်လိုဖြစ်သွားတာလဲ...ငါ အမြင်မှားတာလား"
ကျောက်ဟွမ်သည် အေးဆေးသော အမူအရာဖြင့်ပင်သူ(မ)အား ပြန်ဖြေလိုက်၏။
"မဟုတ်ဘူး နင့်မှာ ထူးဆန်းတဲ့အစွမ်းတွေရှိတယ်...နင့်ရဲ့အစွမ်းတွေကြောင့် ခုလိုဖြစ်သွားတာ...နင် ခုထိ အစွမ်းတွေနဲ့ နေသားမကျသေးဘူး...သေချာသုံးတတ်အောင် ငါ သင်ပေးမယ်...တဖြေးဖြေး နင် အစွမ်းတွေကို ကောင်းကောင်း အသုံးချတတ်လာလိမ့်မယ်"
"ကျောက်ဟွမ် ဒါဖြစ်နိုင်လို့လား...ငါအိပ်မက်မက်နေတာများလား...နင်က ဘယ်လိုလုပ် ငါ့မှာ အစွမ်းတွေရှိမှန်း သိနေရတာလဲ...ဘယ်လိုကြောင့် ငါက ခုလိုလုပ်နိုင်ရတာလဲ"
ကျောက်ဟွမ် သူ မသိသော ပုံစံမျိုး သရုပ်ဆောင်လိုက်သည်။
"ငါလည်း မသိဘူး ရှင်းရန်...ငါလည်း နင့်လို အစွမ်းတွေ သုံးလို့ရတယ်...စစချင်းတုန်းက နင့်အတိုင်း ထိတ်လန်ခဲ့သေးတယ်...ခုကျ နေသားကျနေပြီ...ငါ့အစွမ်းတွေကိုလည်း သေချာထိန်းချုပ်နိုင်နေပြီ...ငါ နင့်ဆီကနေ အစွမ်းတွေကို ခံစားနေရလို့ ဟုတ်မဟုတ် သေချာအောင် နင့်ကို စမ်းခိုင်းကြည့်တာ...တကယ် နင်လည်း ငါ့လိုဖြစ်နေတာပဲ...အရမ်းမလန့်နေနဲ့ ရှင်းရန်...ဒါက ငါတို့အတွက် ပိုတောင်ကောင်းသေးတယ်...ငါတို့ လက်စားချေမဲ့ အစီအစဉ်အောင်မြင်ဖို့ ကောင်းကင်ကပေးတဲ့ ဆုလာဘ်ပဲ"
ကျောက်ဟွမ်၏ အပြောကြောင့် ရှင်းရန် တွေဝေသွားသည်။ သူ(မ) ထိတ်လန့်နေ၍ မဖြစ်။ နောက် သူ(မ) လုပ်မည့်ကိစ္စများသည် ပို၍ ထိတ်လန့်စရာကောင်းပေလိမ့်မည်။ စကတည်းက အန္တရာယ်များသော လမ်းကို ရွေးချယ်ပြီးဖြစ်၍ကြောက်ရွံ့နေ၍ မဖြစ်တော့။
"ရှင်းရန် ညည့်နက်နေပြီ အိပ်ရအောင် ခုဖြစ်သွားတာတွေ တွေးမနေနဲ့တော့...နင့်ဘေး ငါရှိနေတာပဲ...ဘာမှ ကြောက်နေစရာ မလိုဘူး...ခုအစွမ်းတွေကလည်း နောက်ကျ နင်နဲ့အဆင်ပြေသွားမှာပါ...ခု အိပ်တော့ ရှင်းရန်...နင် ကုတင်ပေါ်အိပ်လိုက်...ငါ အောက်ဆင်းအိပ်လိုက်မယ်"
ကျောက်ဟွမ်၏ စကားတို့သည် သူ(မ) ရင်ထဲရှိ အပူများအား မငြိမ်းသက်နိုင်။ သို့သော် ခုကိစ္စနှင့် ပတ်သတ်၍လည်း ပုံကြီးချဲ့နေ၍ မဖြစ်တော့။
ကျောက်ဟွမ် အနေဖြင့်လည်း မင်္ဂလာပွဲကြောင့် ပင်ပန်းနေလောက်ပြီ။ မိုးလည်း အရမ်းချုပ်နေပြီ ဖြစ်၍ သူ(မ) ကြောင့် အနှောင့်အယှက် မဖြစ်စေချင်။
"ကျောက်ဟွမ် နင်လည်း ကုတင်ပေါ်အိပ်လိုက်ပါ"
"အင်း"
ထို့နောက် ကျောက်ဟွမ်သည် ကုတင်တစ်ဖက်တွင် နေရာယူ၍ အိပ်စက်လိုက်သည်။ ရှင်းရန်လည်း ကုတင်တခြားတစ်ဖက်တွင် ဝင်လဲလျောင်းလိုက်သော်လည်း သူ(မ) တွေ့ကြုံခဲ့ရသော ကိစ္စများကြောင့် လုံးဝအိပ်မပျော်နိုင်တော့ချေ။
********************
အိပ်ရာထက်တွင် လဲလျောင်းနေသော ရှင်းယွဲ့၏ မျက်ဝန်းအစုံသည် ပွင့်ဟလာသည်။
သူ ရင်းနှီးလွန်းသော ဝိညာဉ်အပိုင်းအစများ၏ အငွေ့အသက်များ။
အိပ်ရာထက်မှ ချက်ချင်းထကာ နန်းဆောင်ထဲမှ ပျောက်ကွယ်လိုက်ပြီး သူခံစားရသော ဝိညာဉ်အပိုင်းအစများရှိရာသို့ သွားလိုက်သည်။
ထို့နောက် သူရောက်ရှိနေသော ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်တော့ ထူးဆန်းစွာပင် ကျောက်ဟွမ်၏ နန်းဆောင်ဖြစ်နေသည်။ ဝိညာဉ်အပိုင်းအစများ၏ အငွေ့အသက်များသည် အနီရောင်များဖြင့် အလှဆင်ထားသော မင်္ဂလာဦးခန်းထဲမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ရုတ်တရက် သူ၏ ရှေ့ရှိ နန်းဆောင် တံခါးပေါက် ပွင့်လာသောကြောင့် ရှင်းယွဲ့ သူ့အား မမြင်စေရန် ကိုယ်ဖျောက်ထားလိုက်သည်။
ရှင်းရန် အိပ်မပျော်သောကြောင့် အခန်းထဲမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ မှောင်မည်း တိတ်ဆိတ်နေသော ပတ်ဝန်းကျင်နှင့် ညည့်လေအေးများကြောင့် ချမ်းစိမ့်မှုအား ခံစားနေရသည်။
သူ(မ) နန်းဆောင်ရှေ့ရှိ စားပွဲရှိရာဆီ လျှောက်သွားလိုက်ပြီး ထိုင်ခုံတွင် ဝင်ထိုက်လိုက်သည်။ သူ(မ) ခေါင်းထဲတွင် ထူးဆန်းသော အတွေးတို့ဖြင့် ရှုပ်ထွေးနောက်ကျိနေလေသည်။
ရှင်းယွဲ့ သူ့မျက်ဝန်းများအား မယုံကြည်နိုင်အောင် ဖြစ်နေရသည်။ ရှင်းရန်၏ ကိုယ်ထဲမှ ဝိညာဉ် အပိုင်းအစများအား သူ ရင်းရင်းနှီးနှီးခံစားနေရသည်။ အစုံအလင်မဟုတ်သေးသော်လည်း သူ သေချာပေါက် သိရှိသွားလေပြီ။ ရှင်းရန်သည် သူ နှစ်ပေါင်းများစွာ လိုက်ရှာနေခဲ့ရသော သူ၏ အမတော်ပင်။ သူ ဝမ်းသာကာ အမတော်ဆီသွားရန် ခြေလှမ်းပြင်လိုက်သည်။ ထိုစဉ် သူ ကြားလိုက်ရသည့်စကားကြောင့် သူ၏ ခြေလှမ်းတို့သည် ရပ်တန့်သွားရသည်။
"ကျောက်ရန် ငါ အကြိမ်ကြိမ်တောင်းပန်ခဲ့တာတောင် ငါ့အဖေနဲ့ ငါ့ဆွေမျိုးတွေကို သတ်ပစ်လိုက်တဲ့ နင့်ကို ငါ ခွင့်မလွှတ်နိုင်ဘူး...မိုးကောင်းကင်ကပေးတဲ့ ထူးဆန်းတဲ့အစွမ်းတွေနဲ့ ငါ နင့်ကို သတ်ပြီး ငါ့အဖေအတွက် ပြန်လက်စားချေမယ်"
တိုးညှင်းသော စကားသံဖြစ်သော်လည်း ရှင်းယွဲ့အနေဖြင့် သေချာပြတ်သားစွာ ကြားနိုင်သော စကားများဖြစ်နေသည်။
သူ၏ ရင်ထဲတွင် နာကျင်သွားရသည်။ အမတော်သည် သူ့အား အမုန်းကြီး မုန်းနေလေသည်။ သူသည် အမှန်တကယ်ပင် အမတော်ဒူးထောက်တောင်းပန်စဉ်က အရေးမစိုက်မိခဲ့။ အမတော်မှန်း သူတကယ် မသိရှိခဲ့သောကြောင့်ဖြစ်သည်။
ရှောင်ဟွား၏ နှလုံးအား ထိုးစိုက်ခဲ့သော ဓားတစ်ချောင်းအတွက် အကြွေးအား သူပြန်ယူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူ ချခဲ့သော ဆုံးဖြတ်ချက်သည် တိုင်းပြည်ဥပဒေအတိုင်းပင်။ ပုန်ကန်မှုအား အပြစ်လျော့ပေါ့ပေးလောက်အောင်ထိ သူသည် ကြင်နာတတ်သူ တစ်ယောက်မဟုတ်။
သူ၏ အသက်အား အကြိမ်ကြိမ်ယူဖို့ကြိုးစားခဲ့သူများအတွက် သူ၏ ဆုံးဖြတ်ချက် မမှားယွင်းသည်မှာ သေချာသည်။ အမတော်သည် လူသားကမ္ဘာတွင် အနေကြာသွားပြီဖြစ်၍ သေချာမစဉ်းစားမဆင်ခြင်နိုင်တော့ပုံရလေသည်။ လူသားတို့၏ အတ္တ၊ မာန နှင့် အစွဲအလမ်းကြီးမှုတို့သည် လွန်စွာကြောက်စရာကောင်းလွန်းသည်။
ရီရီ့ကိုယ်ထဲရှိ ဝိညာဉ်အပိုင်းအစများ ကျန်ရှိနေသေးသောကြောင့် အမတော်သည် မှတ်ဉာဏ်တို့အား မရရှိနိုင်သေး။ ခုခြေနေတွင် သူ အမတော်အား ရှင်းပြလျှင်တောင် အမတော်ယုံကြည်လက်ခံမည် မဟုတ်။ အမုန်းတရားသည် ချေဖျက်ရန် အရမ်းခက်ခဲလွန်းသည်။
အမတော်အား ရှင်းပြခွင့် ဘယ်သောအခါမှ ရရှိနိုင်တော့မည် မဟုတ်သောကြောင့် မှတ်ဉာဏ်များ ပြန်လည်ရရှိအောင် လုပ်ပေးနိုင်ခြင်းသည်သာ အခွင့်အရေးတစ်ခုဖြစ်သည်။ သူနှင့်ဝေးရာ အနောက်တောင်နယ်စပ်ဆီ သွားနေမည့် အမတော် မျက်နှာအား အချိန်တော်တော်ကြာ ငေးကြည့်ပြီးနောက် နန်းဆောင်ထဲသို့ ပြန်သွားလိုက်သည်။
နန်းဆောင်ထဲတွင် သူပေါ်လာသော အခါ ရှောင်အန်းသည် သူ၏နန်းဆောင်ထဲတွင် ရောက်ရှိနေလေသည်။
"အရှင်...မေချင်းနတ်ဘုရားမရဲ့ ဝိညာဉ်အပိုင်းအစတွေ ခံစားလိုက်ရတယ်...အရှင် ဘယ်သူမှန်း သိရှိပြီလား"
"အင်း...အမတော်က ရှင်းရန်ဘဲ"
ရှောင်အန်း အံ့အားသင့်သွားရသည်။
"ကြင်ယာတော် ရှင်းရန်က မေချင်းနတ်ဘုရားမလား...သူ(မ)က ဝမ်ရယ်နဲ့ပူးပေါင်းပြီး အရှင့်ကို ပုန်ကန်ဖို့လုပ်နေတာမလား"
"အင်း ရှောင်အန်း...ကိစ္စတွေကပိုရှုပ်ထွေးလာပြီ...အမတော်ကို တားဖို့က မှတ်ဉာဏ်တွေပြန်ရအောင် လုပ်ဖို့ပဲ ရှိတော့တယ်"
"အရှင် မင်းသမီး ရီရီရဲ့ ခန္ဓာကိုယ်ထဲ မှားယွင်းဝင်သွားမိတဲ့ ဝိညာဉ်အပိုင်းအစတွေကို ဝိညာဉ်မီးအိမ်နဲ့ ပြန်ထုတ်ဖို့က မင်းသမီးရီရီသေဆုံးမှ ဖြစ်မှာ...အရှင် ဘယ်လိုစဉ်းစားထားလဲ"
"သူ(မ)ရဲ့ အသက်ဓာတ်က မှေးမိန်နေတယ် ရှောင်အန်း...အနည်းဆုံး သူ(မ) အသက်ရှင်နိုင်ဖို့က (၂) နှစ်ပဲ ကျန်ရှိတယ်...အစက သူမသာ အမတော်ဆိုရင် သူ(မ) မသေဆုံးခင် နတ်ဘုရား ပြန်ဖြစ်အောင်လုပ်ဖို့ တွေးထားခဲ့တာ...အခုတော့ သူ(မ) ကံကြမ္မာက အမတော် နတ်ဘုရားပြန်ဖြစ်ဖို့ အနစ်နာခံရမယ့် ကံကြမ္မာဖြစ်နေတယ်"
ရှောင်အန်း တော်ဝင်မင်းသမီးရီရီအား သနားသွားရသည်။ သူ(မ)၏ ကံကြမ္မာသည် ထို့သို့သတ်မှတ်ထားသောကြောင့် ပြောင်းလဲ၍ မရနိုင်တော့။ မေချင်းနတ်ဘုရားမ မှတ်ဉာဏ်များ ပြန်ရဖို့ သူ(မ)သည် အစားထိုးခံတစ်ခုသာ။
"ငါ ကျောက်ရန်အဖြစ်တော်တော်ကြာ ဆက်ရှိနေရဦးမှာပဲ...ဝိညာဉ်ကိုယ်ပွားတွေက မူလခန္ဓာရှင်ကို ထာဝရပျောက်ကွယ်အောင် ပြုလုပ်နိုင်တယ်...ရီရီနဲ့ အမတော်ကို စောင့်ကြည့်ဖို့ သေချာလူလွှတ်ထားမှ ဖြစ်မယ်...အချိန်ကျရင် ရီရီ့ကိုယ်ထဲက ဝိညာဉ်အပိုင်းအစကို အမတော်ကိုယ်ထဲ ပြန်ထည့်ရမယ်"
"အရှင် ဝိညာဉ်ကိုယ်ပွားတွေက မူလကိုယ်ပိုင်ရှင်ကို သေဆုံးစေနိုင်သလို နတ်ဘုရားတွေရဲ့မိသားစုဝင်တွေကလည်း နတ်ဘုရားတွေကို ပျောက်ကွယ်အောင်လုပ်နိုင်တယ်...ကြင်ယာတော်ရှင်းရန်နဲ့ ဝမ်ရယ်တို့က အရှင့်ကို ပုန်ကန်ဖို့ ကြိုးစားနေတာ...အရှင် သတိထားသင့်တယ်"
"ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး...စိတ်ပူမနေနဲ့ ရှောင်အန်း...အမတော် နတ်ဘုရား ပြန်မဖြစ်မချင်း ငါ သူတို့ကို သေချာစောင့်ကြည့်နေမယ်...ခု ညည့်အရမ်းနက်နေပြီ...ဝူအိမ်တော်ကို ပြန်တော့"
ရှောင်အန်း စိတ်ထဲလေးလံနေသည်။ ခံစားချက်တို့လည်း သိပ်မကောင်း။ သို့သော် သူ၏ အရှင်စကားအား မငြင်းဆန်နိုင်သောကြောင့် အရိုအသေပေးကာ ထွက်သွားရန် ပြင်လိုက်သည်။
"ရှောင်အန်း...ခုတလော ကျန်းဖုန်းကို မမြင်မိပါလား"
"မနက်က ဟိုင်ဝမ် ကျွန်တော့်ဆီလာပြီး တိုက်ခိုက်သွားသေးတယ်...ဘာလို့အသားလွတ်တိုက်တာလဲ မေးတော့ သူ့အရှင် တံခါးပိတ်တရားကျင့်တာ အရှင့်ကြောင့်မို့ ကျွန်တော့်ကို လာတိုက်တာလို့ပြောတယ်"
"ငါ့ကြောင့် ဟုတ်လား"
အရှင်သည် စိတ်ဝင်စားသော အမူအရာဖြင့် သူ့အားမေးလာသည်။
"မှန်ပါ...သခင်လေး ရီဟွားက အရှင့်ကြောင့် အမှောင်နတ်ဘုရားကို ငြင်းလိုက်လို့တဲ့"
အရှင်၏ မျက်နှာတွင် ကျေနပ်ပြုံးတို့ ပေါ်လာသည်။ မျက်နှာတစ်ခုလုံးသည် အပြုံးများဖြင့် အေးစက်သော အငွေ့အသက်များသာ ထုတ်လွှတ်တတ်သော သူ၏ သခင် မဟုတ်သည့်အတိုင်း။
"ကျန်းဖုန်း အစောင့်အရှောက်ကလည်း ကျန်းဖုန်းလိုပဲ...တခြားသူကို အပြစ်တင်ဖို့ပဲ ကြည့်နေတာ...ငါနဲ့ ရှောင်ဟွားကို ဘာမှ မလုပ်နိုင်တော့ သူ နိုင်တဲ့ မင်းကို လာတိုက်ခိုက်တာပဲ...ငါ စိတ်ကြည်နေလို့ အဲဒီကိစ္စထားလိုက်တော့မယ်...ကျန်းဖုန်းက တရားကျင့်ပြီဆိုတော့ နှစ်တော်တော်ကြာ ငါ အေးဆေးနေရတော့မယ်"
အရှင်၏ ဝမ်းသာနေမှုတို့သည် သိသိသာသာပေါ်လွင်နေသည်။ စိတ်ပူရမည့် ရှုပ်ထွေးနေသော အခြေအနေတို့အား သတိရပုံပင် မပေါ်တော့။
ဘာမှမဆိုင်ဘဲ ရန်လုပ် တိုက်ခိုက်ခံလိုက်ရသော သူသည်ကတော့ လုံးဝ မပျော်ရွှင်နိုင်ပေ။ ဟိုင်ဝမ်သည် သူ့အား မကျေမနပ်ဖြစ်ကာ တွေ့တိုင်း တိုက်ခိုက်ဖို့သာ ကြည့်နေသည်လေ။
ရှောင်အန်း သက်ပြင်းချကာ ဝူအိမ်တော်သို့ ပြန်ရန် နန်းဆောင်ထဲမှ ပျောက်ကွယ်လိုက်တော့သည်။
*************************
အပိုင္း(၂၅)
ေမခ်င္းနတ္ဘုရားမမွန္း သိရွိျခင္း
အနီေရာင္မ်ားျဖင့္ အလွဆင္ထားေသာ မဂၤလာဦးအခန္းထဲတြင္ အနီေရာင္ဝတ္စုံမ်ားအား ဆင္ျမန္းထားသည့္ သတို႔သားႏွင့္ သတို႔သမီးတို႔သည္ ကုတင္ေပၚတြင္ ေဘးခ်င္းကပ္ထိုင္ေနၾကသည္။
ရွင္းရန္ သူ(မ) ေခါင္းထက္ရွိ ပုဝါအား လက္တဖက္ျဖင့္ ဆြဲခြၽတ္လိုက္ၿပီး ေက်ာက္ဟြမ္အား ၾကည့္လိုက္သည္။
"ေက်ာက္ဟြမ္ ေနရခက္မေနနဲ႕...နင္နဲ႕ငါ ငယ္ကတည္းက အတူတူႀကီးလာတာ...နင္ ငါ့ကို စိတ္မဝင္စားမွန္း ငါသိတယ္...ငါလည္း နင့္ကို စိတ္မဝင္စားဘူး"
ရွင္းရန္၏ အေျပာေၾကာင့္ ေက်ာက္ဟြမ္ ရွင္းရန္အား ၾကည့္လိုက္မိသည္။ သူ႕စိတ္ထဲတြင္လည္း ရွင္းရန္အား အမွန္ပင္ မိန္းမတစ္ေယာက္ဟု မခံစားရ။ ရွင္းရန္ႏွင့္ ပတ္သတ္၍ သူ၏ စိတ္ဝင္စားမႈသည္လည္း ေအာက္ဆုံးအဆင့္တြင္ ျဖစ္သည္။
ရွင္းရန္သည္ ဆက္၍ ေျပာလာေလသည္။
"ငါတို႔မိဘေတြအတြက္ လက္စားေခ်ဖိဳ႕ လက္ထပ္လိုက္ရတာ...နင္နဲ႕ငါ ဆက္ဆံေရးက အရင္တိုင္းပဲ ဘာမွေျပာင္းလဲသြားမွာ မဟုတ္ဘူး...အဲဒါေၾကာင့္ အရင္လိုပဲ ေျပာဆိုဆက္ဆံမယ္"
ရွင္းရန္၏ စကားတို႔သည္ သူတို႔ၾကား ေနရခက္ေန ျခင္းမွ သက္သာသြားေစသည္။
"ေကာင္းၿပီ...ရွင္းရန္ ငါတို႔က အၿမဲ သူငယ္ခ်င္းပဲ...အဲဒါေၾကာင့္ ေနာက္က် နင္လည္း နင္ႀကိဳက္တဲ့သူျပန္လက္ထပ္လို႔ရတယ္...ငါလည္း ငါႀကိဳက္တဲ့သူ ျပန္ယူမယ္"
"ေက်ာက္ဟြမ္...နင္ကျပန္လက္ထပ္လို႔ရတယ္...ငါကမိန္းကေလး ျပန္လက္ထပ္လို႔ မရဘူး"
"ငါသာ ဘုရင္ျဖစ္လာရင္ နင္ႀကိဳက္တဲ့သူ လက္ထပ္လို႔ရတယ္...နင္က ငါ့သူငယ္ခ်င္းပဲ ငါဒီေလာက္ေတာ့ျပန္ကူညီမွာပါ...နင္ႀကိဳက္တဲ့သူကိုသာ လက္ညိုးထိုးလိုက္ အပိုင္သိမ္းရေအာင္ ငါကူညီမယ္"
"ဟီးဟီး ဒါမွ ငါ့သူငယ္ခ်င္း"
ထို႔ေနာက္ ႏွစ္ေယာက္သည္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီးေနာက္ ရယ္လိုက္ၾကေလသည္။
"ေက်ာက္ဟြမ္ ငါကမိန္းကေလးဆိုေတာ့ ကုတင္ေပၚ ငါအိပ္မယ္...နင္က ေအာက္မွာ ဆင္းအိပ္လိုက္"
"ရွင္းရန္ နင့္ပုံစံက ဘယ္နား မိန္းကေလးနဲ႕ တူေနလို႔လဲ...ငါလည္း ကုတင္ေပၚမွာ အိပ္မယ္...ေအာက္ဆင္း မအိပ္နိုင္ဘူး"
ရွင္းရန္၏ မ်က္ႏွာသည္ မေက်နပ္စြာ ဆူပုပ္လာေတာ့သည္။
"နင္က ကုတင္ေပၚအိပ္မွာဆိုေတာ့ ငါက ေအာက္ဆင္းအိပ္ရမွာလား"
"မဟုတ္ဘူးေလ...နင္လည္း ကုတင္ေပၚအိပ္...ငါလည္းကုတင္ေပၚပဲ အိပ္မယ္...ဟိုဘက္ဒီဘက္ေပါ့"
ရွင္းရန္ မေက်နပ္စြာ ျငင္းဆန္ပစ္လိုက္သည္။
"မရဘူး နင့္ကို ငါ မယုံဘူး...ကုတင္ေပၚ တက္ရဲတက္ၾကည့္...ကန္ခ်ပစ္မွာ"
"ရွင္းရန္ ငါကသာ နင့္ကို မယုံရမွာ...နင္ေျပာဖူးတယ္ေလ...နင္ႀကိဳက္တဲ့သူက နင့္ျပန္မႀကိဳက္ရင္ ေဆးခတ္ၿပီး အရယူမွာဆို...ေျပာမရဘူး နင္ငါ့ကိုႀကိတ္ေႂကြရင္ေႂကြေနမွာ...ေဆးခတ္ယူလို႔ကေတာ့ ငါ နစ္နာမွာ...ေျပာရင္းနဲ႕ ငါ့ႏွာေခါင္းထဲ ေႏြဦးဝတ္မႈန္ေဆးနံ႕ေတြရေနတယ္...နင္ တကယ္ႀကီး ငါ့ကိုႀကိတ္ေႂကြေနတာလား"
ေက်ာက္ဟြမ္၏ စကားေၾကာင့္ ရွင္းရန္ လြန္စြာေဒါသထြက္လာၿပီး မ်က္ႏွာတစ္ခုလုံး နီရဲလာသည္။
"ေသာက္ေကာင္ ေသာက္ပါးစပ္ပိတ္စမ္း ညစ္ညစ္ညမ္းညမ္းေတြ မေျပာစမ္းနဲ႕"
"ရွင္းရန္ အရင္စဆဲတာက နင္ေလ...ငါ့ကိုလာအျပစ္တင္ေနတယ္...အခုပဲ နင့္ပုံစံၾကည့္...နစ္နာရင္ငါပဲ နစ္နာရမွာ"
ရွင္းရန္ ပို၍ေဒါသထြက္ၿပီး ေက်ာက္ဟြမ္အား ထုရိုက္ေလေတာ့သည္။ ရိုက္ခ်က္မ်ားနည္းနည္းျပင္းလာေသာအခါ ေက်ာက္ဟြမ္ တံခါးေပါက္ဘက္ လက္ညိုးထိုးကာ ေအာ္လိုက္ေတာ့သည္။
"ရွင္းရန္ ရပ္ေတာ့ ဟိုမွာ ဟြားအယ္ လာၿပီ"
မဂၤလာဦးခန္းထဲသို႔ ဟြားအယ္ ဝင္မလာနိုင္မွန္း ရွင္းရန္ သိေသာ္လည္း ေက်ာက္ဟြမ္အား ထုရိုက္ေနေသာ လက္မ်ားသည္ ေလထဲတြင္ ရပ္တန႔္သြားသည္။
ထုရိုက္ခံေနရေသာ္လည္း အရယ္အၿပဳံးမပ်က္ခဲ့သူသည္လည္း သတိမထားမိဘဲ ေျပာလိုက္မိေသာ စကားတစ္ခြန္းအား သတိထားမိခ်ိန္တြင္ မ်က္ႏွာထက္၌ အၿပဳံးတို႔ေပ်ာက္ကြယ္သြားေတာ့သည္။
ရွင္းရန္ ႀကိဳးစားၿပဳံးယူကာ ေျပာလိုက္သည္။
"ငယ္ကတည္းက ငါတို႔ႏွစ္ေယာက္ရန္ျဖစ္တိုင္း အၿမဲျဖန္ေဖ်ေပးရသူက ဟြားအယ္ေနာ္"
ေက်ာက္ဟြမ္၏ မ်က္ႏွာထက္တြင္လည္း အၿပဳံးခပ္ေဖ်ာ့ေဖ်ာ့ေပၚလာေလသည္။
"ဟုတ္တယ္...ဟြားအယ္ ျဖန္ေဖ်မေပးမခ်င္း ငါတို႔မေျပလည္တတ္ဘူး...အၿမဲတမ္း ငါတို႔နားမွာ ဟြားအယ္ရွိတယ္...ေနာက္က် ငါတို႔ရန္ျဖစ္တဲ့အခါ ဟြားအယ္က ေဘးနားရွိေနနိုင္ေတာ့မွာ မဟုတ္ဘူး...ခုခ်ိန္ကစၿပီး ငါတို႔သုံးေယာက္တူတူ ျပန္ဆုံနိုင္မယ့္ အခ်ိန္အတိအက်ကိဳ ငါတို႔ မခန႔္မွန္းနိုင္ေတာ့ဘူး"
ႏွစ္ေယာက္လုံး၏ မ်က္ႏွာထက္တြင္ ဝမ္းနည္းမႈတို႔သည္ အထင္းသားေပၚေပါက္လာခဲ့သည္။
"ငါတို႔ သူငယ္ခ်င္း သုံးေယာက္ တခါမွ အၾကာႀကီးခြဲၿပီး မေနခဲ့ဖူးဘူးေနာ္...အသားက်ဖိဳ႕ ေတာ္ေတာ္ႀကိဳးစားရမွာ...ေက်ာက္ဟြမ္ နင္ထီးနန္းရရင္ ဟြားအယ္ကိုေတာ့ မထိခိုက္ရဘူး...နင္ သူ႕ကို ထိခိုက္ေအာင္လုပ္ရင္ ငါနင့္ကိုဘယ္ေတာ့မွ ခြင့္လႊတ္မွာ မဟုတ္ဘူးေနာ္"
ေက်ာက္ဟြမ္၏ မ်က္ႏွာထက္တြင္ စိတ္တိုေသာ အရိပ္အေယာင္တို႔ ေပၚေပါက္လာၿပီး ရွင္းရန္အား နီရဲေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ကာေျပာလာသည္။
"ငါက ဟြားအယ္ကို ထိခိုက္ေအာင္ လုပ္မဲ့သူလား...ငါတို႔အတူတူႀကီးလာတာ...ဟြားအယ္ အေပၚ ငါ့ရဲ႕ဂ႐ုစိုက္မႈကလည္း နင့္ထက္ေတာ့မေလ်ာ့ဘူး"
"ေအးပါ ငါသိပါတယ္...ငါက ဒီတိုင္း စိုးရိမ္လို႔ေျပာတာပါ...ဟြားအယ္က ငါတို႔အေပၚအရမ္းေကာင္းတာ နင္လည္း အသိပါ...ဟြားအယ္ဆိုတာ ငါ့အတြက္ေတာ့ အရမ္းခ်စ္ရတဲ့ ေမာင္ေလးပဲေလ...နင့္အတြက္လည္း ညီေလးလိုလူပဲမလား"
ရွင္းရန္စကားေၾကာင့္ ေက်ာက္ဟြမ္၏ မ်က္ႏွာသည္ လုံးဝပ်က္ယြင္းသြားသည္။
ေက်ာက္ဟြမ္ ျပန္မေျဖခ်င္ေသာေၾကာင့္ စကားလမ္းေၾကာင္းလႊဲလိုက္သည္။
"ရွင္းရန္ နင့္လည္ပင္းက ဆြဲႀကိဳးေလးကို ခြၽတ္ၿပီးသိမ္းထားပါလား...အဲဒါ နင့္အေဖ ေပးခဲ့တဲ့ အေမြမို႔လား...ေပ်ာက္ပ်က္မသြားေအာင္ ခြၽတ္ၿပီးေသခ်ာသိမ္းထားလိုက္ေလ"
ရွင္းရန္ လည္ပင္းရွိ ဆြဲႀကိဳးေလးအား ထိကိုင္လိုက္မိသည္။
"ငါလည္း စဥ္းစားေနတာ ခြၽတ္ၿပီး သိမ္းထားမလို႔...ဒါေပမဲ့ ငါ့အေဖက ဘယ္ေတာ့မွ မခြၽတ္နဲ႕လို႔ မွာထားေတာ့"
"ငါကေတာ့ ခြၽတ္သိမ္းထားေစခ်င္တယ္...အမွတ္တရ ပစၥည္းဆိုတာ မေပ်ာက္ပ်က္ေအာင္ ေသခ်ာသိမ္းထားသင့္တယ္"
"အင္း ငါ ခြၽတ္ၿပီးသိမ္းထားလိုက္မယ္"
"ငါ ဆြဲႀကိဳးသိမ္းထားဖို႔ ေသတၱာေလးတစ္ခုရွိတယ္...ခဏေစာင့္ ငါယူေပးမယ္...ၿပီးရင္အဲထဲထည့္ၿပီး သိမ္းထားလိုက္"
"ခု ခြၽတ္ရမွာလား"
ရွင္းရန္ အံ့အားသင့္စြာ ေမးလိုက္သည္။
"ခု ခြၽတ္သိမ္းလိုက္ေလ...အဲဒီဆြဲႀကိဳးေလးက ငါတို႔မဂၤလာပြဲအတြက္ လက္ဖြဲ႕ဆိုလည္း ဟုတ္တယ္...ေသခ်ာသိမ္းထားေစခ်င္လို႔"
ရွင္းရန္ မ်က္ႏွာသည္ ဝမ္းနည္းမႈတို႔ျဖင့္ မွိုင္က်သြားသည္။
"ေကာင္းၿပီ ငါ ခုခြၽတ္သိမ္းလိုက္မယ္"
ရွင္းရန္ သူ႕စကားအား လက္ခံေသာေၾကာင့္ ေက်ာက္ဟြမ္၏ မ်က္ႏွာထက္တြင္ အၿပဳံးတို႔ ေပၚလာၿပီး အခန္းထဲရွိ သူ ေသခ်ာသိမ္းထားေသာ ေသတၱာအေသးတစ္ခုအား ထယူလိုက္သည္။ ထို႔ေနာက္ ရွင္းရန္အား ေပးလိုက္သည္။
ရွင္းရန္လည္း လည္ဆြဲအား ခြၽတ္ကာ ေသတၱာထဲသို႔ ထည့္လိုက္သည္။ ထို႔ေနာက္ ေသတၱာအား ကုတင္ေခါင္းရင္းတြင္ ထားလိုက္သည္။
ယခုအခ်ိန္တြင္ ခ်ဳပ္ေႏွာင္ျခင္းရတနာသည္ ဝိညာဥ္အပိုင္းအစမ်ားအား ေျခရာမခံမိေစရန္ ထိန္းခ်ဳပ္မထားနိုင္ေတာ့သလို ရွင္းရန္၏ အစြမ္းတို႔အားလည္း ထိန္းခ်ဳပ္ထားနိုင္ေတာ့မည္ မဟုတ္။ ဝိညာဥ္အပိုင္းအစ မစုံေသးေသာေၾကာင့္ မွတ္ဉာဏ္မ်ားကိုေတာ့ ျပန္မရနိုင္ေသးေပ။
"ရွင္းရန္ နင္စားပြဲေပၚတင္ထားတဲ့ ေသရည္ခြက္တစ္ခြက္ကို စိတ္နဲ႕ ထိန္းခ်ဳပ္ၾကည့္"
"အမ္ ဘာကိုေျပာတာလဲ ေက်ာက္ဟြမ္...ငါ နားမလည္ဘူး"
"နင့္ရဲ႕စိတ္ကို အဲေသရည္ခြက္အေပၚမွာဘဲ ေသခ်ာစုစည္းထား...ၿပီးရင္ နင့္လက္တစ္ဖက္ကို အေပၚျမႇောက္ၿပီး နင္ေ႐ႊ႕ခ်င္တဲ့ဘက္ ေ႐ႊ႕ၾကည့္လိုက္"
ရွင္းရန္ အေနျဖင့္ ေက်ာက္ဟြမ္စကားအား ေသခ်ာနားမလည္ေသာ္လည္း သူေျပာသလို လိုက္လုပ္ၾကည့္လိုက္သည္။
ေသရည္ခြက္ေပၚတြင္ အာ႐ုံစူးစိုက္ထားလိုက္ၿပီးေနာက္ လက္တစ္ဖက္အား အေပၚသို႔ ျမႇောက္လိုက္သည္။ ေသရည္ခြက္သည္ အေပၚသို႔ ေျမာက္တက္လာသည္။
ရွင္းရန္ ထိတ္လန႔္တုန္လႈပ္ကာ လက္အား ႐ုတ္ခ်ၿပီး ကုတင္ေပၚ ထိုင္ေနရာမွ ထရပ္လိုက္မိသည္။
ေသရည္ခြက္သည္ ေအာက္သို႔ ျပဳတ္က်ကာ ကြဲသြားေလၿပီ။ သူ(မ) မ်က္ဝန္းထဲတြင္ မယုံၾကည္နိုင္မႈ တို႔ အထင္သားထြက္ေပၚလာသည္။
သူ(မ) နားမလည္နိုင္ေသာ မ်က္ဝန္းမ်ားျဖင့္ ေက်ာက္ဟြမ္အား ၾကည့္လိုက္မိသည္။
"ေက်ာက္ဟြမ္ ဘယ္လိုျဖစ္သြားတာလဲ...ငါ အျမင္မွားတာလား"
ေက်ာက္ဟြမ္သည္ ေအးေဆးေသာ အမူအရာျဖင့္ပင္သူ(မ)အား ျပန္ေျဖလိုက္၏။
"မဟုတ္ဘူး နင့္မွာ ထူးဆန္းတဲ့အစြမ္းေတြရွိတယ္...နင့္ရဲ႕အစြမ္းေတြေၾကာင့္ ခုလိုျဖစ္သြားတာ...နင္ ခုထိ အစြမ္းေတြနဲ႕ ေနသားမက်ေသးဘူး...ေသခ်ာသုံးတတ္ေအာင္ ငါ သင္ေပးမယ္...တေျဖးေျဖး နင္ အစြမ္းေတြကို ေကာင္းေကာင္း အသုံးခ်တတ္လာလိမ့္မယ္"
"ေက်ာက္ဟြမ္ ဒါျဖစ္နိုင္လို႔လား...ငါအိပ္မက္မက္ေနတာမ်ားလား...နင္က ဘယ္လိုလုပ္ ငါ့မွာ အစြမ္းေတြရွိမွန္း သိေနရတာလဲ...ဘယ္လိုေၾကာင့္ ငါက ခုလိုလုပ္နိုင္ရတာလဲ"
ေက်ာက္ဟြမ္ သူ မသိေသာ ပုံစံမ်ိဳး သ႐ုပ္ေဆာင္လိုက္သည္။
"ငါလည္း မသိဘူး ရွင္းရန္...ငါလည္း နင့္လို အစြမ္းေတြ သုံးလို႔ရတယ္...စစခ်င္းတုန္းက နင့္အတိုင္း ထိတ္လန္ခဲ့ေသးတယ္...ခုက် ေနသားက်ေနၿပီ...ငါ့အစြမ္းေတြကိုလည္း ေသခ်ာထိန္းခ်ဳပ္နိုင္ေနၿပီ...ငါ နင့္ဆီကေန အစြမ္းေတြကို ခံစားေနရလို႔ ဟုတ္မဟုတ္ ေသခ်ာေအာင္ နင့္ကို စမ္းခိုင္းၾကည့္တာ...တကယ္ နင္လည္း ငါ့လိုျဖစ္ေနတာပဲ...အရမ္းမလန႔္ေနနဲ႕ ရွင္းရန္...ဒါက ငါတို႔အတြက္ ပိုေတာင္ေကာင္းေသးတယ္...ငါတို႔ လက္စားေခ်မဲ့ အစီအစဥ္ေအာင္ျမင္ဖို႔ ေကာင္းကင္ကေပးတဲ့ ဆုလာဘ္ပဲ"
ေက်ာက္ဟြမ္၏ အေျပာေၾကာင့္ ရွင္းရန္ ေတြေဝသြားသည္။ သူ(မ) ထိတ္လန႔္ေန၍ မျဖစ္။ ေနာက္ သူ(မ) လုပ္မည့္ကိစၥမ်ားသည္ ပို၍ ထိတ္လန႔္စရာေကာင္းေပလိမ့္မည္။ စကတည္းက အႏၲရာယ္မ်ားေသာ လမ္းကို ေ႐ြးခ်ယ္ၿပီးျဖစ္၍ေၾကာက္႐ြံ႕ေန၍ မျဖစ္ေတာ့။
"ရွင္းရန္ ညည့္နက္ေနၿပီ အိပ္ရေအာင္ ခုျဖစ္သြားတာေတြ ေတြးမေနနဲ႕ေတာ့...နင့္ေဘး ငါရွိေနတာပဲ...ဘာမွ ေၾကာက္ေနစရာ မလိုဘူး...ခုအစြမ္းေတြကလည္း ေနာက္က် နင္နဲ႕အဆင္ေျပသြားမွာပါ...ခု အိပ္ေတာ့ ရွင္းရန္...နင္ ကုတင္ေပၚအိပ္လိုက္...ငါ ေအာက္ဆင္းအိပ္လိုက္မယ္"
ေက်ာက္ဟြမ္၏ စကားတို႔သည္ သူ(မ) ရင္ထဲရွိ အပူမ်ားအား မၿငိမ္းသက္နိုင္။ သို႔ေသာ္ ခုကိစၥႏွင့္ ပတ္သတ္၍လည္း ပုံႀကီးခ်ဲ့ေန၍ မျဖစ္ေတာ့။
ေက်ာက္ဟြမ္ အေနျဖင့္လည္း မဂၤလာပြဲေၾကာင့္ ပင္ပန္းေနေလာက္ၿပီ။ မိုးလည္း အရမ္းခ်ဳပ္ေနၿပီ ျဖစ္၍ သူ(မ) ေၾကာင့္ အေႏွာင့္အယွက္ မျဖစ္ေစခ်င္။
"ေက်ာက္ဟြမ္ နင္လည္း ကုတင္ေပၚအိပ္လိုက္ပါ"
"အင္း"
ထို႔ေနာက္ ေက်ာက္ဟြမ္သည္ ကုတင္တစ္ဖက္တြင္ ေနရာယူ၍ အိပ္စက္လိုက္သည္။ ရွင္းရန္လည္း ကုတင္တျခားတစ္ဖက္တြင္ ဝင္လဲေလ်ာင္းလိုက္ေသာ္လည္း သူ(မ) ေတြ႕ႀကဳံခဲ့ရေသာ ကိစၥမ်ားေၾကာင့္ လုံးဝအိပ္မေပ်ာ္နိုင္ေတာ့ေခ်။
********************
အိပ္ရာထက္တြင္ လဲေလ်ာင္းေနေသာ ရွင္းယြဲ႕၏ မ်က္ဝန္းအစုံသည္ ပြင့္ဟလာသည္။
သူ ရင္းႏွီးလြန္းေသာ ဝိညာဥ္အပိုင္းအစမ်ား၏ အေငြ႕အသက္မ်ား။
အိပ္ရာထက္မွ ခ်က္ခ်င္းထကာ နန္းေဆာင္ထဲမွ ေပ်ာက္ကြယ္လိုက္ၿပီး သူခံစားရေသာ ဝိညာဥ္အပိုင္းအစမ်ားရွိရာသို႔ သြားလိုက္သည္။
ထို႔ေနာက္ သူေရာက္ရွိေနေသာ ပတ္ဝန္းက်င္အား ၾကည့္ရႈလိုက္ေတာ့ ထူးဆန္းစြာပင္ ေက်ာက္ဟြမ္၏ နန္းေဆာင္ျဖစ္ေနသည္။ ဝိညာဥ္အပိုင္းအစမ်ား၏ အေငြ႕အသက္မ်ားသည္ အနီေရာင္မ်ားျဖင့္ အလွဆင္ထားေသာ မဂၤလာဦးခန္းထဲမွ ထြက္ေပၚေနျခင္း ျဖစ္သည္။
႐ုတ္တရက္ သူ၏ ေရွ႕ရွိ နန္းေဆာင္ တံခါးေပါက္ ပြင့္လာေသာေၾကာင့္ ရွင္းယြဲ႕ သူ႕အား မျမင္ေစရန္ ကိုယ္ေဖ်ာက္ထားလိုက္သည္။
ရွင္းရန္ အိပ္မေပ်ာ္ေသာေၾကာင့္ အခန္းထဲမွ ထြက္လာခဲ့ျခင္းျဖစ္သည္။ ေမွာင္မည္း တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္ႏွင့္ ညည့္ေလေအးမ်ားေၾကာင့္ ခ်မ္းစိမ့္မႈအား ခံစားေနရသည္။
သူ(မ) နန္းေဆာင္ေရွ႕ရွိ စားပြဲရွိရာဆီ ေလွ်ာက္သြားလိုက္ၿပီး ထိုင္ခုံတြင္ ဝင္ထိုက္လိုက္သည္။ သူ(မ) ေခါင္းထဲတြင္ ထူးဆန္းေသာ အေတြးတို႔ျဖင့္ ရႈပ္ေထြးေနာက္က်ိေနေလသည္။
ရွင္းယြဲ႕ သူ႕မ်က္ဝန္းမ်ားအား မယုံၾကည္နိုင္ေအာင္ ျဖစ္ေနရသည္။ ရွင္းရန္၏ ကိုယ္ထဲမွ ဝိညာဥ္ အပိုင္းအစမ်ားအား သူ ရင္းရင္းႏွီးႏွီးခံစားေနရသည္။ အစုံအလင္မဟုတ္ေသးေသာ္လည္း သူ ေသခ်ာေပါက္ သိရွိသြားေလၿပီ။ ရွင္းရန္သည္ သူ ႏွစ္ေပါင္းမ်ားစြာ လိုက္ရွာေနခဲ့ရေသာ သူ၏ အမေတာ္ပင္။ သူ ဝမ္းသာကာ အမေတာ္ဆီသြားရန္ ေျခလွမ္းျပင္လိုက္သည္။ ထိုစဥ္ သူ ၾကားလိုက္ရသည့္စကားေၾကာင့္ သူ၏ ေျခလွမ္းတို႔သည္ ရပ္တန႔္သြားရသည္။
"ေက်ာက္ရန္ ငါ အႀကိမ္ႀကိမ္ေတာင္းပန္ခဲ့တာေတာင္ ငါ့အေဖနဲ႕ ငါ့ေဆြမ်ိဳးေတြကို သတ္ပစ္လိုက္တဲ့ နင့္ကို ငါ ခြင့္မလႊတ္နိုင္ဘူး...မိုးေကာင္းကင္ကေပးတဲ့ ထူးဆန္းတဲ့အစြမ္းေတြနဲ႕ ငါ နင့္ကို သတ္ၿပီး ငါ့အေဖအတြက္ ျပန္လက္စားေခ်မယ္"
တိုးညွင္းေသာ စကားသံျဖစ္ေသာ္လည္း ရွင္းယြဲ႕အေနျဖင့္ ေသခ်ာျပတ္သားစြာ ၾကားနိုင္ေသာ စကားမ်ားျဖစ္ေနသည္။
သူ၏ ရင္ထဲတြင္ နာက်င္သြားရသည္။ အမေတာ္သည္ သူ႕အား အမုန္းႀကီး မုန္းေနေလသည္။ သူသည္ အမွန္တကယ္ပင္ အမေတာ္ဒူးေထာက္ေတာင္းပန္စဥ္က အေရးမစိုက္မိခဲ့။ အမေတာ္မွန္း သူတကယ္ မသိရွိခဲ့ေသာေၾကာင့္ျဖစ္သည္။
ေရွာင္ဟြား၏ ႏွလုံးအား ထိုးစိုက္ခဲ့ေသာ ဓားတစ္ေခ်ာင္းအတြက္ အေႂကြးအား သူျပန္ယူခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ သူ ခ်ခဲ့ေသာ ဆုံးျဖတ္ခ်က္သည္ တိုင္းျပည္ဥပေဒအတိုင္းပင္။ ပုန္ကန္မႈအား အျပစ္ေလ်ာ့ေပါ့ေပးေလာက္ေအာင္ထိ သူသည္ ၾကင္နာတတ္သူ တစ္ေယာက္မဟုတ္။
သူ၏ အသက္အား အႀကိမ္ႀကိမ္ယူဖို႔ႀကိဳးစားခဲ့သူမ်ားအတြက္ သူ၏ ဆုံးျဖတ္ခ်က္ မမွားယြင္းသည္မွာ ေသခ်ာသည္။ အမေတာ္သည္ လူသားကမာၻတြင္ အေနၾကာသြားၿပီျဖစ္၍ ေသခ်ာမစဥ္းစားမဆင္ျခင္နိုင္ေတာ့ပုံရေလသည္။ လူသားတို႔၏ အတၱ၊ မာန ႏွင့္ အစြဲအလမ္းႀကီးမႈတို႔သည္ လြန္စြာေၾကာက္စရာေကာင္းလြန္းသည္။
ရီရီ႕ကိုယ္ထဲရွိ ဝိညာဥ္အပိုင္းအစမ်ား က်န္ရွိေနေသးေသာေၾကာင့္ အမေတာ္သည္ မွတ္ဉာဏ္တို႔အား မရရွိနိုင္ေသး။ ခုေျခေနတြင္ သူ အမေတာ္အား ရွင္းျပလွ်င္ေတာင္ အမေတာ္ယုံၾကည္လက္ခံမည္ မဟုတ္။ အမုန္းတရားသည္ ေခ်ဖ်က္ရန္ အရမ္းခက္ခဲလြန္းသည္။
အမေတာ္အား ရွင္းျပခြင့္ ဘယ္ေသာအခါမွ ရရွိနိုင္ေတာ့မည္ မဟုတ္ေသာေၾကာင့္ မွတ္ဉာဏ္မ်ား ျပန္လည္ရရွိေအာင္ လုပ္ေပးနိုင္ျခင္းသည္သာ အခြင့္အေရးတစ္ခုျဖစ္သည္။ သူႏွင့္ေဝးရာ အေနာက္ေတာင္နယ္စပ္ဆီ သြားေနမည့္ အမေတာ္ မ်က္ႏွာအား အခ်ိန္ေတာ္ေတာ္ၾကာ ေငးၾကည့္ၿပီးေနာက္ နန္းေဆာင္ထဲသို႔ ျပန္သြားလိုက္သည္။
နန္းေဆာင္ထဲတြင္ သူေပၚလာေသာ အခါ ေရွာင္အန္းသည္ သူ၏နန္းေဆာင္ထဲတြင္ ေရာက္ရွိေနေလသည္။
"အရွင္...ေမခ်င္းနတ္ဘုရားမရဲ႕ ဝိညာဥ္အပိုင္းအစေတြ ခံစားလိုက္ရတယ္...အရွင္ ဘယ္သူမွန္း သိရွိၿပီလား"
"အင္း...အမေတာ္က ရွင္းရန္ဘဲ"
ေရွာင္အန္း အံ့အားသင့္သြားရသည္။
"ၾကင္ယာေတာ္ ရွင္းရန္က ေမခ်င္းနတ္ဘုရားမလား...သူ(မ)က ဝမ္ရယ္နဲ႕ပူးေပါင္းၿပီး အရွင့္ကို ပုန္ကန္ဖို႔လုပ္ေနတာမလား"
"အင္း ေရွာင္အန္း...ကိစၥေတြကပိုရႈပ္ေထြးလာၿပီ...အမေတာ္ကို တားဖို႔က မွတ္ဉာဏ္ေတြျပန္ရေအာင္ လုပ္ဖို႔ပဲ ရွိေတာ့တယ္"
"အရွင္ မင္းသမီး ရီရီရဲ႕ ခႏၶာကိုယ္ထဲ မွားယြင္းဝင္သြားမိတဲ့ ဝိညာဥ္အပိုင္းအစေတြကို ဝိညာဥ္မီးအိမ္နဲ႕ ျပန္ထုတ္ဖို႔က မင္းသမီးရီရီေသဆုံးမွ ျဖစ္မွာ...အရွင္ ဘယ္လိုစဥ္းစားထားလဲ"
"သူ(မ)ရဲ႕ အသက္ဓာတ္က ေမွးမိန္ေနတယ္ ေရွာင္အန္း...အနည္းဆုံး သူ(မ) အသက္ရွင္နိုင္ဖို႔က (၂) ႏွစ္ပဲ က်န္ရွိတယ္...အစက သူမသာ အမေတာ္ဆိုရင္ သူ(မ) မေသဆုံးခင္ နတ္ဘုရား ျပန္ျဖစ္ေအာင္လုပ္ဖို႔ ေတြးထားခဲ့တာ...အခုေတာ့ သူ(မ) ကံၾကမၼာက အမေတာ္ နတ္ဘုရားျပန္ျဖစ္ဖို႔ အနစ္နာခံရမယ့္ ကံၾကမၼာျဖစ္ေနတယ္"
ေရွာင္အန္း ေတာ္ဝင္မင္းသမီးရီရီအား သနားသြားရသည္။ သူ(မ)၏ ကံၾကမၼာသည္ ထို႔သို႔သတ္မွတ္ထားေသာေၾကာင့္ ေျပာင္းလဲ၍ မရနိုင္ေတာ့။ ေမခ်င္းနတ္ဘုရားမ မွတ္ဉာဏ္မ်ား ျပန္ရဖို႔ သူ(မ)သည္ အစားထိုးခံတစ္ခုသာ။
"ငါ ေက်ာက္ရန္အျဖစ္ေတာ္ေတာ္ၾကာ ဆက္ရွိေနရဦးမွာပဲ...ဝိညာဥ္ကိုယ္ပြားေတြက မူလခႏၶာရွင္ကို ထာဝရေပ်ာက္ကြယ္ေအာင္ ျပဳလုပ္နိုင္တယ္...ရီရီနဲ႕ အမေတာ္ကို ေစာင့္ၾကည့္ဖို႔ ေသခ်ာလူလႊတ္ထားမွ ျဖစ္မယ္...အခ်ိန္က်ရင္ ရီရီ႕ကိုယ္ထဲက ဝိညာဥ္အပိုင္းအစကို အမေတာ္ကိုယ္ထဲ ျပန္ထည့္ရမယ္"
"အရွင္ ဝိညာဥ္ကိုယ္ပြားေတြက မူလကိုယ္ပိုင္ရွင္ကို ေသဆုံးေစနိုင္သလို နတ္ဘုရားေတြရဲ႕မိသားစုဝင္ေတြကလည္း နတ္ဘုရားေတြကို ေပ်ာက္ကြယ္ေအာင္လုပ္နိုင္တယ္...ၾကင္ယာေတာ္ရွင္းရန္နဲ႕ ဝမ္ရယ္တို႔က အရွင့္ကို ပုန္ကန္ဖို႔ ႀကိဳးစားေနတာ...အရွင္ သတိထားသင့္တယ္"
"ငါ့ကို ထိခိုက္ေအာင္ မလုပ္နိုင္ပါဘူး...စိတ္ပူမေနနဲ႕ ေရွာင္အန္း...အမေတာ္ နတ္ဘုရား ျပန္မျဖစ္မခ်င္း ငါ သူတို႔ကို ေသခ်ာေစာင့္ၾကည့္ေနမယ္...ခု ညည့္အရမ္းနက္ေနၿပီ...ဝူအိမ္ေတာ္ကို ျပန္ေတာ့"
ေရွာင္အန္း စိတ္ထဲေလးလံေနသည္။ ခံစားခ်က္တို႔လည္း သိပ္မေကာင္း။ သို႔ေသာ္ သူ၏ အရွင္စကားအား မျငင္းဆန္နိုင္ေသာေၾကာင့္ အရိုအေသေပးကာ ထြက္သြားရန္ ျပင္လိုက္သည္။
"ေရွာင္အန္း...ခုတေလာ က်န္းဖုန္းကို မျမင္မိပါလား"
"မနက္က ဟိုင္ဝမ္ ကြၽန္ေတာ့္ဆီလာၿပီး တိုက္ခိုက္သြားေသးတယ္...ဘာလို႔အသားလြတ္တိုက္တာလဲ ေမးေတာ့ သူ႕အရွင္ တံခါးပိတ္တရားက်င့္တာ အရွင့္ေၾကာင့္မို႔ ကြၽန္ေတာ့္ကို လာတိုက္တာလို႔ေျပာတယ္"
"ငါ့ေၾကာင့္ ဟုတ္လား"
အရွင္သည္ စိတ္ဝင္စားေသာ အမူအရာျဖင့္ သူ႕အားေမးလာသည္။
"မွန္ပါ...သခင္ေလး ရီဟြားက အရွင့္ေၾကာင့္ အေမွာင္နတ္ဘုရားကို ျငင္းလိုက္လို႔တဲ့"
အရွင္၏ မ်က္ႏွာတြင္ ေက်နပ္ၿပဳံးတို႔ ေပၚလာသည္။ မ်က္ႏွာတစ္ခုလုံးသည္ အၿပဳံးမ်ားျဖင့္ ေအးစက္ေသာ အေငြ႕အသက္မ်ားသာ ထုတ္လႊတ္တတ္ေသာ သူ၏ သခင္ မဟုတ္သည့္အတိုင္း။
"က်န္းဖုန္း အေစာင့္အေရွာက္ကလည္း က်န္းဖုန္းလိုပဲ...တျခားသူကို အျပစ္တင္ဖို႔ပဲ ၾကည့္ေနတာ...ငါနဲ႕ ေရွာင္ဟြားကို ဘာမွ မလုပ္နိုင္ေတာ့ သူ နိုင္တဲ့ မင္းကို လာတိုက္ခိုက္တာပဲ...ငါ စိတ္ၾကည္ေနလို႔ အဲဒီကိစၥထားလိုက္ေတာ့မယ္...က်န္းဖုန္းက တရားက်င့္ၿပီဆိုေတာ့ ႏွစ္ေတာ္ေတာ္ၾကာ ငါ ေအးေဆးေနရေတာ့မယ္"
အရွင္၏ ဝမ္းသာေနမႈတို႔သည္ သိသိသာသာေပၚလြင္ေနသည္။ စိတ္ပူရမည့္ ရႈပ္ေထြးေနေသာ အေျခအေနတို႔အား သတိရပုံပင္ မေပၚေတာ့။
ဘာမွမဆိုင္ဘဲ ရန္လုပ္ တိုက္ခိုက္ခံလိုက္ရေသာ သူသည္ကေတာ့ လုံးဝ မေပ်ာ္႐ႊင္နိုင္ေပ။ ဟိုင္ဝမ္သည္ သူ႕အား မေက်မနပ္ျဖစ္ကာ ေတြ႕တိုင္း တိုက္ခိုက္ဖို႔သာ ၾကည့္ေနသည္ေလ။
ေရွာင္အန္း သက္ျပင္းခ်ကာ ဝူအိမ္ေတာ္သို႔ ျပန္ရန္ နန္းေဆာင္ထဲမွ ေပ်ာက္ကြယ္လိုက္ေတာ့သည္။
*************************