​ေရ​ေျမျခား၍ ခ်စ္​မိ​ေသာ္​လည္...

By Park_Byun_6104

533K 72.4K 6.1K

လူမ်ိဳး​ေရးခြဲျခားတတ္​သည္​့ မင္​းရထာဆိုတ့ဲ​ေကာင္​​ေလးႏွင္​့ အဂၤလန္​သား song တို႔..​ေတြ႔ဆံုခ်စ္​ႀကိဳက္​မိ​ေသာအ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
ဇာတ္​သိမ္​းပိုင္​း
​ေက်းဇူးတင္​လႊာ

36

5.2K 892 104
By Park_Byun_6104

ေဈးတန္းကို ေရာက္တာႏွင့္ လူတစ္ရပ္စာျမင့္တဲ့ စင္ေတြမွာ စားစရာအစုံတင္ထားၾကသည္။ လူေတြကလည္း အသြားအျပန္လမ္း ေသခ်ာသတ္မွတ္ခ်က္မရွိေတာ့ဘဲ သူတိုးငါတိုး တိုးတိုးႀကိတ္ ေလွ်ာက္ေနၾက၏။ ထိုအထဲကမွ လူေတာ္ေတာ္မ်ားမ်ားက songကို ၾကည့္ကာ ရယ္သြားသျဖင့္ သူ႕အစားကိုယ့္မွာ မ်က္ႏွာပူရ၏။ သူကေတာ့ ကမာၻမွာ သူသာအေပ်ာ္ဆုံးလူလိုလို။ မုန႔္ေခါျပင္ဆိုင္ကို အရင္ဆုံးဝင္သည္။ 

"ဘာမုန႔္လဲ"

စူးစမ္းေသာsongရဲ႕ အေမးစကား။ 

"ျမန္မာ့ရိုးရာမုန႔္ေခါျပင္ လွီးထားတဲ့ မုန႔္ကိုအုန္းသီးေလးနဲ႕ တို႔စားရတာ အျမည္းစားလို႔ရတယ္ စားၾကည့္"

အျမည္းအတြက္ခ်ေပးထားသည့္ ပန္းကန္ထဲမွ ညွပ္ၿပီးသားေခါျပင္တစ္ခုကိုယူကာ အုန္းသီးဖက္အခ်ိဳ႕ႏွင့္သုတ္၍ songအား ခြန႔္ေကြၽးလိုက္သည္။ 

"ေကာင္းလား"

ခဏေလာက္ အရသာခံဝါးၿပီးမွ songက ၿပဳံးကာေခါင္းညိတ္ျပလာသည္။ 

"အဲ့ဒါဆို ငါဝယ္လိုက္မယ္"

"အျမည္းက ဘယ္ေလာက္စားစားရတယ္မလား"

"အင္း"

ရထာက ေခါျပင္မွာေနတုန္း အျမည္းပန္းကန္ထဲမွာညွပ္ၿပီးသား ေခါျပင္ေလးခုေလာက္ကို အုန္းသီနဲ႕တို႔ကာ ပါးစပ္ထဲ အကုန္သြပ္လိုက္သည္။

"ျဖည္းျဖည္းစားပါကြာ"

Songက ပါးႏွစ္ဖက္ေဖာင္းကားေအာင္ အဝသြတ္လိုက္သည္မို႔ နင္သြားမွာစိုး၍ ရထာေျပာမိလိုက္သည္။ စားရင္းရယ္ျပတာမို႔ songရဲ႕ ပါးႏွစ္ဖက္က ပိုေဖာင္းလာသည္။ မုန႔္ေခါျပင္ထုတ္ကို ယူၿပီးေနာက္ songကို တစ္ထုတ္ေပးလိုက္ၿပီး ေဈးတန္းကို ဆက္ေလွ်ာက္လာခဲ့သည္။

အၿပဳံးေတြဟာ လာေရာက္သူေတြရဲ႕ မ်က္ႏွာတိုင္းမွာ သာယာစြာ ဖူးပြင့္လ်က္ရွိသည္။ ေတာင္ၿပဳံးမင္းႏွစ္ပါးေခ်ာ့ေတးေနာက္ လိုက္ကသည့္ အဘြားေတြ အမ်ိဳးသမီးေတြလည္းရွိၾကသည္။ ဟိုဒီေငးရင္းမွ တစ္ခ်ိဳ႕အေပ်ာ္ေတြက ကူးစက္ေစသျဖင့္ ရထာပါ လိုက္ၿပဳံးမိသည္။

"ကိုယ္​ တစ္​ပတ္​​ေလာက္​​ေနရင္​ ျပန္​ရ​ေတာ့မယ္​ရထာ"

က်ယ္ေလာင္ေသာသီခ်င္းသံသည္ songရဲ႕စကားတစ္ခြန္းၾကားမွာ ေသးသိမ္လို႔သြားသည္။ ခဏေလာက္ ရထာေၾကာင္ေငးၿပီးမွ တစ္ျဖည္းျဖည္းေအာင့္တက္လာသည့္ ဝဲဘက္က ႏွလုံးသားေလးႏွင့္အတူ ေဝ့သီတက္လာသည့္ မ်က္ရည္စမ်ားက နာက်င္မႈကဲလြန္သည့္အခါ ပါးေပၚကိုျဖတ္သန္းစီးဆင္း၍ ေျမေပၚမွာ ေႂကြခသည္။

"မင္​း ျပန္​မယ္​့အ​ေၾကာင္​း ထုတ္​​ေျပာခ့ဲၿပီပဲ"

"ရထာ ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္​ အရင္​ကတည္​းက ျပန္​ရမယ္​့ရက္​ကို ႀကိဳေျပာထားသင့္ေပမယ့္ ဦးေဖက လက္မခံတာနဲ႕ ကိုယ္မေျပာတာပါ။ မငိုပါနဲ႕ ရထာ ကိုယ့္ကိုၾကည့္ပါဦး ဖုံးကြယ္ထားလို႔စိတ္ဆိုးမယ္ဆိုလည္း ရတယ္ ဆိုးေလ ငိုေတာ့မငိုပါနဲ႕"

လူလယ္ေခါင္မွာဆိုတာလည္း songအတြက္ ဂ႐ုမစိုက္နိုင္ေတာ့အား။ ငိုေနသည့္ ရထာ့မ်က္ႏွာအား ပါးႏွစ္ဖက္ကေနဆြဲယူ၍ မ်က္ရည္စေတြအား လက္မႏွင့္ပြတ္ဆြဲ သုတ္ေပးမိသည္။ နာက်င္ဟန္မ်က္ဝန္းစမ်ား မဟုတ္ဘဲ နားလည္ေပးေသာ အေငြ႕အသက္မ်ားပါဝင္သည့္ မ်က္ဝန္းတစ္ခုျဖင့္ ၾကည့္လာသည့္အခါ songမွာရင္ပင္ နာက်င္သြားရသည္။

"စိတ္​မဆိုးပါဘူးကြာ၊ ျဖစ္​လာမယ္​့ကိစၥပဲ​ေလ၊ ငါ မင္း ျပန္​ရ​ေတာ့မယ္​ဆိုတာလည္​း သိတယ္​၊ မဟုတ္ရင္ ဒီေလာက္အျမန္ မင္းကိုလိုက္ပို႔မွာမဟုတ္ဘူး"

"ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္မင္းကိုနာက်င္ေစဖို႔မရည္႐ြယ္ပါဘူး"

"ရပါတယ္ အရင္ကငါ့စိတ္ေၾကာင့္မင္းအဲ့လိုလုပ္ခဲ့တာ မွန္ပါတယ္ ဘာပဲျဖစ္ျဖစ္ ရတဲ့အခ်ိန္ေလးမွာ ေပ်ာ္ေပ်ာ္ေနရေအာင္ေလ ဟုတ္တယ္မလား"

"မင္းကိုယ့္ဆီခဏေလးေတာင္အလည္မလာခ်င္ဘူးလား ရထာ"

songအသံက ခပ္ေဆြးေဆြး။ ပါးေပၚက လက္အား ရထာ့လက္ဖဝါးျဖင့္ ေႏြးေထြးစြာ ဆုတ္ေထြးမိသည္။

"ငါႀကိဳးစားပါ့မယ္။ ဒါေပမယ့္ ငါ့အတြက္မင္းဒီေျမကို ျပန္လာေပးပါ"

"စိတ္ခ်ပါ"

"စိတ္ညစ္စရာေတြ မေတြးနဲ႕ေတာ့ ဟုတ္ၿပီလား လာ မလိုင္ကေရကရာစားစို႔ ခ်ိဳတယ္"

ေပ်ာ္စရာအခ်ိန္ေလးအား စိတ္ညစ္စရာမ်ားႏွင့္ မေရာေထြးေစခ်င္ပါ။ အညာမုန႔္ေတြေရာင္းသည့္ဆိုင္သို႔ songလက္ဆြဲကာ အတူေျပးသြားမိသည္။ ေနရမယ့္ရက္သတၱပတ္အေက်ာ္ေလးကိုေတာ့ ခ်စ္ရေသာ songႏွင့္အတူ ေပ်ာ္႐ႊင္စြာျဖတ္သန္းခ်င္လွပါသည္။

'တို႔ေတာင္ၿပဳံး´ဆိုသည့္ အညာမုန႔္ေရာင္းသည့္ဆိုင္ေရာက္ေရာက္ခ်င္း songက အျမည္းပန္းကန္ကို အရင္ကိုင္ေတာ့သည္။ မလိုင္ကေရကရာ၊ အညာသားေက်ာကုန္း၊ ထိုးမုန႔္၊ စလူမုန႔္၊ သၾကားအႏုဆုပ္စသည္တို႔ကို နည္းနည္းခ်င္း ထည့္ေပးထားသည္။

"ကိုယ္ဒါႀကိဳက္တယ္ ရထာ"

မလိုင္ကေရကရာမုန႔္ကို songက လက္ညိုးၫႊန္ျပသည္။ 

"အင္း အင္း အဲ့တာဝယ္လိုက္မယ္ မလိုင္ကေရကရာတဲ့ အဲ့မုန႔္က ဒါက အညာသားေက်ာကုန္း၊ ပူျပင္းတဲ့အညာက ေယာက်ာ္းေတြက မဲညိုလို႔အညာသားေက်ာကုန္းလို႔ေခၚတာ"

"ညာသာေဂ်ာ္ကုန္က အရမ္းခ်ိဳတယ္ ကိုယ္မႀကိဳက္ဘူး"

"ဟုတ္ပါၿပီ"

သူစားခ်င္သည့္ ကေရကရာမုန႔္သာ ပိုဝယ္ခဲ့လိုက္သည္။ ၿပီးေနာက္ ေဈးတန္းကေန ျပန္ထြက္လာကာ ဆိုင္ကယ္အပ္သည့္ေနရာသို႔ သြားရေတာ့သည္။ ေတာင္ၿပဳံးႏွင့္ဆိုင္သည့္ သီခ်င္းမ်ားက ၿမိဳင္ဆိုင္ဆိုင္။ songကလည္း လက္တစ္ခ်ိဳးခ်ိဳး ။ ေပ်ာ္႐ႊင္စြာ သူႏွင့္အတူ နာက်င္ေစေသာအမွတ္ရမ်ားအား အသက္သြင္းေစမိပါသည္။

......................................................................

ေ႐ႊတေခ်ာင္းေဘာင္က လမ္းအနည္းငယ္ၾကမ္းလွသည္။ ေျမျပင္က မညီညာ ေက်ာက္ရစ္ေက်ာက္ခဲမ်ားကလည္း ထိုးထြက္ေနေတာ့ ဆိုင္ကယ္ကတခုန္ခုန္။ သို႔ေပမယ့္ လမ္းၾကမ္းထက္တန္စြာ ေဘးတစ္ဖက္က လွပေသာလယ္ကြင္းေဖြးေဖြးႏွင့္ ေနာက္တစ္ဖက္၌ ေ႐ႊတေခ်ာင္းအလွက လမ္းၾကမ္းထက္ပိုဆြဲေဆာင္သည္။ ေခ်ာင္းထဲေရဆင္းကူးေနသည့္ ကေလးသူငယ္တစ္ခ်ိဳ႕အားsongက ဓာတ္ပုံရိုက္သည္။ ၿပီးရင္ေတာ့ လယ္ကြင္းေဖြးေဖြးႏွင့္လွေနေသာ ပန္းခ်ီကားလိုရႈခင္းအား ဓာတ္ပုံရိုက္သည္။ 

"ဒါကေတာ္ပါေသးတယ္ရယ္ လမ္းနည္းနည္းျပင္ထားလို႔ အရင္တုန္းက ဒီ့ထက္ၾကမ္းတယ္"

"ဒီ့ထက္ၾကမ္းတယ္"

songရဲ႕ အံ့ၾသသြားမႈမ်က္ႏွာအလုံးစုံကို ေနာက္ၾကည့္မွန္ထဲကေန ေတြ႕လိုက္ရေတာ့ ရထာၿပဳံးမိသြားသည္။ အခ်ိန္မွီမွီ ေရာက္ဖို႔ရာသာ မွန္းဆ၍ မတၱရာသို႔အျမန္ဆုံးထြက္လာခဲ့သည္။

ၿမိဳ႕ေ႐ႊေက်ာင္းတိုက္ဆိုတာ ေက်ာင္းတိုက္ရဲ႕ ဟိုးေဝးေဝးကေနပင္လွ်င္ ေရွးေဟာင္းဘုရားေတြကို ျမင္ေနရတာျဖစ္သည္။ 

"ဟိုဝန္းထဲလား မိုက္တယ္"

စိတ္လႈပ္စြာ ေက်ာင္းဝန္းကို လက္ညိုးထိုးရင္း songက ဆိုလာသည္။ ၿမိဳ႕ေ႐ႊေက်ာင္းတိုက္ဝန္းထဲကိုဝင္လာေတာ့ အထင္ကရေရွးေဟာင္းေက်ာင္းတိုက္ႀကီးႏွင့္ ဘုရားစုေတြက ထည္ဝါစြာ ဧည့္ဝတ္ေက်လ်က္။

"ေခြးမရွိဘူးရထာ မေၾကာက္နဲ႕ေနာ္၊ ေခြးလာရင္ ကိုယ့္ေပၚခြတက္လိုက္"

"မင္းမေျပာေတာင္ငါခြတက္မွာ"

ဆိုင္ကယ္ေထာက္ကို ေျခေထာက္နဲ႕ခ်လိဳက္ရင္း ေျပာေတာ့ songက ရယ္လာသည္။ ျမင္ေနရသည့္ ကုန္းေဘာင္ေခတ္လက္ရာ ေက်ာင္းအိုပ်က္ႀကီးက ေဟာင္းေပမယ့္ သမိုင္းျမင့္သည္။ ဓာတ္ပုံရိုက္ေနသည့္ songေဘးနားမွာ ရပ္၍...

"မတၱရာက ပုဂံေခတ္မတိုင္ခင္ကတည္းကရွိခဲ့တဲ့ၿမိဳ႕ေလ။ ၿပီးေတာ့ အေနာ္ရထာမင္းလက္ထက္ ကင္းတပ္၄၃ၿမိဳ႕ထဲမွာလည္းပါတယ္။ မတၱရာမွာ ေစတီေက်ာင္းတိုက္ေတြမ်ားတယ္ ဒါေပမယ့္ သမိုင္းကိုေတာ့ သိပ္မသိၾကဘူး။ မတၱရာကင္းတပ္ကို ဦးစီးတည္ေဆာက္သူက မိုးမိတ္ေစာ္ဘြားႀကီးနဲ႕ဗညားဒလတဲ့။ မတၱရာမွာ ရွမ္းေမာင္ႏွမေလးဦးတည္တဲ့ ဘုရားေလးဆူကထင္ရွားတယ္။ ကဗ်ာေလးေတာင္ရွိေသး။ 'ေ႐ႊပုထိုးညီ၊ေ႐ႊဒါလီ၊ေ႐ႊဒါလီႏွမ၊သစၥာရ၊သစၥာရေမာင္ ေ႐ႊဂူေခ်ာင္´တဲ့၊ ငါတို႔ျမင္ေနရတာက ကုန္းေဘာင္ေခတ္လက္ရာေက်ာင္းတိုက္ႀကီးေပါ့"

"အင္း ျပန္မျပဳျပင္ဘူးလား"

"ျပဳျပင္တဲ့ဘုန္းႀကီးေက်ာင္းေတြမွာလည္း ေရွးလက္ရာေတာင္မက်န္ေတာ့ဘူးေလ၊ ဒါမ်ိဳးရိုက္ခြင့္ရတာ မင္းကံေကာင္းတယ္"

"ဪ ေမာင္ႏွမေလးေယာက္ ဘုရားကိုရွင္းျပဦး"

"ဟုတ္ၿပီ ေလွ်ာက္ပတ္ၾကည့္မယ္"

အတူတကြ ေက်ာင္းဝင္းထဲကို လွည့္ပတ္ၾကည့္သည့္အခါ ေရွးေဟာင္းပုထိုးေတြ ေက်ာင္းေဆာင္ေတြက ခပ္မ်ားမ်ား။ လိုအပ္သည္မ်ားကို songက ဓာတ္ပုံရိုက္၍ေနသည္။

"ေ႐ႊပုထိုးကို အႀကီးဆုံးေစာသီဟက တည္ခဲ့တာ။ ေ႐ႊဒါလီက် ဒုတိယေျမာက္ ေစာသီဟဗလကတည္တာ၊ ေ႐ႊသစၥာရက် ညီမေတာ္ေစာနန္းႏြယ္၊ၿမိဳ႕ေထာင့္ေ႐ႊဂူက် အငယ္ဆုံးေစာေနေက်ာ္တဲ့။ရွင္ပင္နန္းေတာင္းကက် ရွမ္းေမာင္ႏွမေလးဦးက မိဘေတြတြက္တည္ခဲ့တာ၊ ဟိုထဲမွာ စက်င္ေက်ာက္နဲ႕ ထုထားတဲ့ ဘုရားဆင္းတုသုံးဆူရွိတယ္"

အမိုးအကာမရွိေသာေက်ာင္းတိုက္ထဲသို႔ ႏွစ္ေယာက္သားဝင္လာသည့္အခါ စက်င္ဘုရားဆူသုံးဆူကိုေတြ႕ရသည္။ လက္ရာမပ်က္အေဆာက္အဦးေတြပင္။

"ဘုရားေတြထုတဲ့ စက်င္ေတာင္ဆိုတာ ရွိတယ္ မင္းသြားခ်င္လား"

"အဲ့ဒီကိုေတာ့ မသြားေတာ့ပါဘူး၊ ခရီးဆက္ရမွာဆိုေတာ့ ပန္းလိမ့္မယ္"

"ဟုတ္ပါၿပီ ဟိုေရွ႕မွာျခေသၤ့ႀကီးႏွစ္ေကာင္ရွိတယ္"

အုတ္တိုက္ပ်က္ထဲမွ ထြက္ခဲ့ကာ ျခေသၤ့ႏွစ္ေကာင္႐ုပ္ထုရွိရာသို႔ သြားၾကသည္။ ေဘးမွာက အိမ္သာနဲ႕မလို႔ အနံ႕အသက္ကအဆင္မေျပလွ။ songက ဓာတ္ပုံအျမန္ရိုက္ၿပီးေနာက္ ေက်ာင္းဝင္းထဲကို ျပန္ဝင္လာသည္။

"ဟိုးက ေရကန္လား"

"အင္း ဟုတ္တယ္ သြားမလား"

"သြားမယ္ေလ"

ေရကန္ဆီကို ဆက္ေလွ်ာက္လာခဲ့သည္။ song ဓာတ္ပုံရိုက္ေနတုန္း ဟိုဒီေဝ့ဝဲကာ ရထာမ်က္လုံးကစားမိေတာ့ မိမိတို႔ဆီ ဦးတည္လာေနသည့္ ေခြးတစ္ေကာင္။ ရထာ ပခုံးတြန႔္မိသြားသည္။သက္ျပင္းကိုအသာခ်၍ songေဘးသို႔ ခပ္မွန္မွန္တိုးသြားလိုက္၏။

"မေၾကာက္ပါနဲ႕ မကိုက္ပါဘူး"

"ေအးပါ မင္းအရင္အေရွ႕ကသြား ငါေဘးကလိုက္မယ္"

"ဟုတ္ပါၿပီ"

songေဘးနားမွာကပ္၍ လက္ေမာင္းေပၚ ေခါင္းကပ္ကာ ေခြးအရိပ္အေျခၾကည့္၍ ခပ္ျဖည္းျဖည္းထြက္လာရသည္။ ေခြးကိုေနာက္ေက်ာေပးသည့္အခါေတာ့ ရထာက songေရွ႕ကို အျမန္ေလွ်ာက္သြားသည္။

"အဲ့ေလာက္ေၾကာက္သလားေခြးကို"

"ကိုက္ရင္ ေခြး႐ူးျပန္မွာမို႔"

"ဟုတ္ပါၿပီကြာ"

ဆိုင္ကယ္ဆီကို ျပန္ေရာက္မွ ရထာသက္ျပင္းခ်နိဳင္သည္။ တစ္လမ္းထဲမွာ ရွိသည့္ ၂၄ဆူဘုရားထဲကို သြားမွာမို႔ ဆိုင္ကယ္မေမာင္းေတာ့ဘဲ တြန္းလာခဲ့ကာ ဘုရားဝင္းထဲ ဝင္လာခဲ့သည္။ ၿပီးေနာက္ ဘုရားဝင္းထဲ ရွိသည့္ ဇရပ္ေပၚကို ႏွစ္ေယာက္သားတက္လာၾကၿပီး ၿမိဳ႕ထဲကဘဏ္မွာ လဲခဲ့သည့္ အႏုတ္ေတြကို အတူေခါက္မွာျဖစ္သည္။

"ထိုင္ ေအးေနတာပဲ"

သစ္ရိပ္ေတြက ဇရပ္တစ္ဝိုက္ရွိေနသည္မို႔ အေအးဒဏ္က အပူထက္ထူးသည္။ songက ေက်ာပိုးအိတ္ကို ေပါင္ေပၚတင္က အႏုတ္ေတြကို ထုတ္ေပးသည္။

"မင္း ေခါက္တတ္တယ္မလား""

"အြန္းေခါက္တတ္တယ္ဒါနဲ႕ကိုယ့္ကို ဘယ္ဘုရားလဲဆိုတာရွင္းျပဦးေလ"

"ဪ ဟုတ္သားေမ့ေနတာ၊ ၂၄ဆူဘုရားေလ အသစ္မြမ္းမံထားတာ အရင္ကဒီအရပ္မွာလူဆိုးေပါတယ္"

"ဪ "

"ပိုက္ဆံေခါက္ေတာ့ "

"ဟုတ္ၿပီ"

အေမာေျဖျခင္းအလို႔ငွါ နာရီဝက္ေလာက္ ပိုက္ဆံအႏုတ္ေခါက္ေနမိသည္။ အျပန္မွာ ႀကဲဖို႔ေပ။ ေစတနာထက္ေသာ songရဲ႕ ေစတနာပါေပ။ ၿပီးရင္ေတာ့ ေမာင္ႏွမေလးေဖာ္ဘုရားမ်ားကို ဖူးေစသည္။

ေ႐ႊဒါလီေစတီအသြားလမ္းတစ္ေလွ်ာက္မွာ ေရွးေဟာင္းေစတီအမ်ားစုရွိသည္ေၾကာင့္ ထိုဘုရားကိုအရင္သြားခဲ့သည္။ လမ္းတစ္ေလွ်ာက္မွာ ဂူပုထိုးအပ်က္ေတြရွိသည္။ 

"ကိုယ္ ဓာတ္ပုံဆင္းရိုက္ခ်င္တယ္"

"အင္း ရပ္ေပးမယ္"

ေ႐ႊဒါလီဘုရားမေရာက္ခင္ ေရွးဘုရားအစုမွာ songက ဓာတ္ပုံရိုက္ခ်င္ပုံေပ။ ခဏရပ္ေပးၿပီးေနာက္ အလိုက်ဓာတ္ပုံရိုက္ေပးမိသည္။ ထပ္၍ ထပ္၍ ေလ့လာျခင္းအထပ္ထပ္အား ျပဳၿပီးလွ်င္ေတာ့ တစ္ေနရာဟာ ၿပီးဆုံးသြားေလသည္။ သူနဲ႕အတူထပ္ရွိဖို႔အခ်ိန္ေတြကလည္း တစ္ျဖည္းျဖည္းေလ်ာ့နည္းလာေတာ့၏။

.....................................................................

ခုတင္ေဘးမွာ တံခါးကိုေက်ာေပးရပ္ေနေသာ songအား ေနာက္ကေန ရထာဖက္လိုက္သည္။ ၿပီးေနာက္ ႀကီးမားေတာင့္တင္းေသာ ေက်ာျပင္ေပၚ ပါးအပ္မိ၏။

"ဘာေတြလုပ္ေနတာလဲ"

"ခရီးစကတည္းက မင္းနဲ႕အတူရိုက္ထားတဲ့ ပုံေလးေတြျပန္ၾကည့္ေနတာ"

"အလြမ္းေျပစရာငါရွိတာပဲ ဘာလို႔ဓာတ္ပုံၾကည့္ေနတာလဲ"

"ကိုယ့္ရထာေလး ဝမ္းနည္းေနၿပီပဲ"

ခါးထက္မွာ ခ်ိတ္တြယ္ထားသည့္ ရထာ့လက္ႏွစ္ဖက္ကို ျဖဳတ္ကာမ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ လွည့္လိုက္သည္။ ရထာ့မ်က္ႏွာမွာ ဝမ္းနည္းရိပ္ေတြ။

"မနက္ျဖန္ၿပီးရင္ မႏၲေလးခရီးစဥ္ကၿပီးၿပီ စစ္ကိုင္းက မင္းကြန္းနဲ႕ပ်ဴ ၿမိဳ႕ေဟာင္းကိုေတာ့ ရက္က်န္ေလးမွာ မင္းေရာက္ဖူးေအာင္လိုက္ပို႔ေပးမယ္"

"ဟုတ္ၿပီ ကိုယ္မင္းကိုနမ္းခ်င္တယ္"

"ငါေရာပဲ"

စိတ္ႏွလုံးက ထပ္တူက်ေတာ့ တစ္ခဏမလပ္ ရထာ့အား ခါးကေနဆြဲေပြ႕ယူကာ ႏႈတ္ခမ္းႏုအား နမ္းရွိုက္မိသည္။ အပိုင္ဆိုသည့္သေဘာသက္ေရာက္သည့္ song၏ ႏႈတ္ခမ္းေမႊးႏွင့္ ပါးသိုင္းေမြးေရးေရးအား ကိုင္၍နမ္းသည့္အခါ ရထာ့ရင္ထဲမွာ ေက်နပ္မႈက အဆုံးသတ္မရွိေသာမ်ဥ္းေျဖာင့္လို။ အတူတူ နမ္းရွိုက္ေနသည့္အခါ ရင္တြင္းျဖစ္တည္လာမႈက ႏူးညံ့မႈ။ songအေနနဲ႕ မိမိအား ႏႈတ္ခမ္းကိုနမ္းရွိုက္႐ုံမွလႊဲရင္ ၾကမ္းၾကမ္းတမ္းတမ္းမနမ္းရွိုက္ပါ။ မတ္တပ္ရပ္၍ နမ္းရတာအားမရမႈေၾကာင့္ ႏွစ္ေယာက္သားေျခလွမ္းေတြက ခုတင္ဆီဦးတည္သည္။ အနမ္းမျပတ္ဘဲ သိမ္ေမြ႕ညင္သာေသာ ခုတင္ေပၚကို ရထာလွဲလိုက္သည္။ အတန္ၾကာနမ္းရွိုက္ၿပီးေနာက္ songက ေခတၱခဏ အနမ္းကိုရပ္လိုက္သည္။

"ခ်စ္တယ္ရထာ "

"ခ်စ္တယ္song ၊ ဒါနဲ႕ငါ့ရဲ႕ဘယ္ေနရာကို ၾကည့္ၿပီးခ်စ္တာလဲ"

songက ၿပဳံး၏။

"မင္းရထာနဲ႕သက္ဆိုင္သမွ်အကုန္ခ်စ္တယ္။ ကိုယ့္ကိုေရာ "

"ငါလည္းတူတူပါပဲ ဒါေပမယ့္ ဒီလို ေရးေရးေလးထင္ေနတဲ့ ပါးသိုင္းေမြးကိုပိုသေဘာက်တယ္"

လက္ညိုးနဲ႕ ပြတ္ဆြဲလိုက္ေတာ့ songက မ်က္လုံးမွိတ္ကာၿငိမ္ခံသည္။

"ဒီပါးသိုင္းေမြးကတစ္ေနရာမွာအသုံးဝင္တယ္"

"ဘယ္ေနရာလဲ"

"ဒီေနရာ"

"ဟားဟား song ဘာလုပ္တာလဲ မလုပ္နဲ႕ ယားတယ္ဟားဟား"

လည္ပင္းႏုႏွင့္ ညွပ္ရိုးကို စူးရွရွပါးသိုင္းေမြးနဲ႕ ပြတ္ဆြဲတာမို႔ ေကာ့ထိုးလန္ေနေအာင္ ရထာအသဲယားမိသည္။ songက လက္ႏွစ္ဖက္ကို ခ်ဳပ္ထားတာမို႔ သိပ္႐ုန္းလို႔မရ။

"ေတာ္ေတာ့ song ယားတယ္ ဟားဟား "

"ခ်စ္တယ္လို႔ေျပာ"

"ခ်စ္တယ္ ခ်စ္တယ္"

ကတိအတိုင္း songက ရပ္ေပးၿပီး ႏႈတ္ခမ္းကိုတစ္ဖန္ျပန္လာနမ္းသည္။ ခ်စ္ျခင္းဖြဲ႕ေသာ ဤအနမ္းေတြအား ရထာမျငင္းပယ္မိပါ။ မ်က္လုံးမွိတ္ကာ အသာခံယူေနမိသည္။

"ေဟ့ ေဟ့ ေန႕လည္ပဲရွိေသးတာကို"

တံခါးကလာသည့္ အသံေၾကာင့္ ႏွစ္ေယာက္သား ဖရိုမရဲျဖစ္ကာ နမ္းတာကို ရပ္လိုက္ၾကရသည္။ songကလည္း ရထာ့အေပၚ အုပ္မိုးထားရာမွ အသာဖယ္ေပးသည္။ အသာလာရာတံခါး၌ ပီတိတိမ်က္ႏွာနဲ႕ ဦးေဖက ေခါင္းကိုသာအခန္းထဲဝင္ထား၏။

"ဦးေဖလူမႈေရးဆိုတာ နားမလည္ဘူးလား"

ခုတင္ေပၚကဆင္းဆင္းခ်င္း ရထာေျပာလိုက္သည္။

"အင္းနားမလည္ဘူး။ အေပၚတက္ခဲ့ အကိုကေျပာစရာရွိလို႔တဲ့ တကယ္တည္း ဘယ္ေလာက္ေတာင္အေပ်ာ္ၾကဴးေနလို႔ အေဖေခၚတာေတာင္မၾကားရတာလဲမသိဘူး"

ေျပာခ်င္တာေျပာၿပီး ဦးေဖက ထြက္သြားသည္။ မိမိတို႔ႏွစ္ေယာက္မွာသာ မ်က္ႏွာပူပူႏွင့္ က်န္ခဲ့ရသည္။

"ေျပာစရာရွိလို႔ေနမွာ သြားရေအာင္"

အေနခက္ေနမႈကို songက စတင္ၿဖိဳခြဲသည္။ 

"တစ္ခါေလာက္နမ္းပါဦး"

songခါးကိုဖက္ကာ ရထာေခါင္းေမာ့ေပးလိုက္ေတာ့ ႏႈတ္ခမ္းေပၚ အနမ္းတစ္ခ်က္ေႁခြသည္။ ထို႔ေနာက္အေခၚေတာ္ရွိေသာ အေဖ့ဆီသို႔ သြားရသည္။

အေပၚထပ္တက္လာေတာ့ ဧည့္ခန္းမွာ ဦးေဖနဲ႕အတူ အေဖပါထိုင္ေနသည္။ ႏွစ္ေယာက္သား ခုံလြတ္မွာဝင္ထိုင္ၿပီး အေဖ့ကို ၾကည့္ေတာ့ အေဖ့မ်က္ႏွာမွာ ေတာင္းဆိုခ်င္မႈေတြရွိပုံ။

"ဘာေျပာစရာရွိလို႔လဲအေဖ"

"ဪ songက သားကိုျပန္ရေတာ့မယ့္အေၾကာင္း ေျပာျပလိုက္ၿပီဆို၊ အဲ့တာ songျပန္ရင္ တစ္ခါတည္း သားပါ လိုက္ၿပီး tourismနဲ႕ ပတ္သက္ၿပီး ပညာသင္သြားပါလား၊ ​ေန​ေစာလည္​း ပညာသင္​သြားရ​ေတာ့မွာ၊ အရင္​က ​ေန​ေစာက သားကို သူနဲ႔အတူပညာသင္​သြားဖို႔ စည္​းရံုးတာ သားကလက္​မခံ​ေပမယ္​့ အခုက သားကိုယ္​တိုင္​လည္​း လက္​ခံရမယ္​့အ​ေၾကာင္​း႐ွိၿပီဆို​ေတာ့"

အေဖက songပါ နားလည္ေအာင္ အဂၤလိပ္လိုေျပာတာျဖစ္သည္။ ရထာ စိတ္ရႈပ္သလိုျပဳမူေပမယ့္ songကေတာ့ ေပ်ာ္သြားဟန္။ တစ္ဖန္စလာျပန္ၿပီ ဒီကိစၥ။ 

"ကြၽန္ေတာ္မသြားဘူးအေဖ ကြၽန္ေတာ္ဒီေျမကေန မခြာနိုင္ဘူး"

"သားရယ္ သားကဒီခရီးသြားလုပ္ငန္းမွာ ကြၽမ္းက်င္ေနၿပီပဲ၊ သားဦးေလးလုပ္ငန္းကို ဆက္ခံရမွာေလ။လုပ္ရည္မွန္ေပမယ့္ သားမွာ ခရီးသြားလုပ္ငန္းနဲ႕ပတ္သက္တဲ့ ဘြဲ႕ေတာ့ရွိရမွျဖစ္ေပမယ့္"

"ကြၽန္ေတာ္ဒီမွာပဲ တက္မယ္ေလ"

"သားရယ္ ဒီကလူေတြကျပည္တြင္းဘြဲ႕ကိုအထင္မႀကီးဘူးသားရဲ႕လက္ခံလိုက္ပါ သားရယ္ သားကိုပညာသင္သြားဖို႔ အေဖေျပာရတာ တစ္ခါႏွစ္ခါမကေတာ့ဘူး သားသြားၿပီး သားဦးေလး လုပ္ငန္းကို လန္ဒန္မွာလည္း တိုးခ်ဲ့ဖို႔လုပ္ရင္း ေက်ာင္းတက္လိုက္၊ ေက်ာင္းၿပီးရင္ သားဦးေလးလုပ္ငန္းဦးစီးေတာ့ေလ"

"ေတာ္ၿပီ အေဖ၊ ဦးေဖက ဘယ္သြားမွာမလို႔ သားကိုဦးစီးခိုင္းေနရတာလဲ၊ ကြၽန္ေတာ့္ကို အသုံးမခ်ခ်င္နဲ႕ ဦးေဖ ကြၽန္ေတာ္လက္မခံဘူး"

"ေအာင္မွာ မင္းေနာင္ေရးေအးရေအာင္ ငါ့လုပ္ငန္းကိုေပးတာကြ"

ဦးေဖက စကားနာထိုးသည္။

"ကြၽန္ေတာ့္ပညာအရည္အခ်င္းနဲ႕ ဘယ္ေနာင္ေရးမွစိတ္ပူစရာမလိုဘူး၊ မသြားဘူး"

"ဒါေပမယ့္ ရထာ ကိုယ္တို႔အတူေန..."

"မင္းပါးစပ္ပိတ္ထား song!! ငါတို႔မိသားစုကိစၥထဲ ဝင္မပါနဲ႕၊ "

songရင္ထဲ မ်က္ကနဲ။ ငါတို႔မိသားစုတဲ့လား။ ဟုတ္သားပဲ မိမိသည္ မိမိေနရာကိုေမ့ေနခဲ့သည္ပဲ။သို႔ေပမယ့္ ရထာကေတာ့ မရိပ္မိဟန္ ဦးေဖဘက္သို႔လွည့္ကာ....

"ဦးေဖ ကြၽန္ေတာ္အရင္ကတည္းက ေျပာၿပီးၿပီ tourismနဲ႕ပတ္သက္ၿပီး ျပည္တြင္း ဒီပလိုမာဘြဲ႕ယူေပးမယ္ အဲ့ဒါမွမႀကိဳက္ရင္လည္း ကြၽန္ေတာ္ဦးေဖလုပ္ငန္းကို ဦးစီးမေပးနိုင္ဘူး"

ေဒါသထြက္ဟန္တူသည့္ ရထာက သူေျပာခ်င္တာေျပာၿပီး ထြက္သြားသည္။ ဦးေဖမွာေတာ့ ေခါင္းတယမ္းယမ္း။ ခရီးသြားနဲ႕ပတ္သက္ၿပီး အနည္းငယ္လုပ္ငန္းအေတြ႕အႀကဳံရွိဖို႔လိုသည္။ ထို႔ထက္ ဦးေဖရဲ႕ စီမံကိန္းထဲမွာ လန္ဒန္မွာလည္း ကိုယ့္လုပ္ငန္းကို ခ်ဲ့ထြင္ေစခ်င္တာျဖစ္သည္။ အဲ့အတြက္ လန္ဒန္မွာ လုပ္ငန္းတိုးတာဝန္ယူဖို႔ စိတ္အခ်ဆဳံးလူဆိုလွ်င္ ရထာမွလြဲ၍မရွိ။ သူတို႔ႏွစ္ေယာက္အတြက္လည္း ေတြ႕ဖို႔အဆင္ေျပတာမို႔ အရင္ကခါးခါးသီးသီးျငင္းသေလာက္ အခုမျငင္းေလာက္ဘူးထင္ေပမယ့္ ဒုံရင္းကဒုံရင္းအတိုင္း။ ျပႆနာၾကားထဲ songပါ ပါသြားသည္မို႔ အားနာရသည္။

"ဦးေလးသားအစား ဦးေလးေတာင္းပန္ပါတယ္song"

"ရပါတယ္ဦးေလး၊ ရထာက သူ႕ေျမကိုအရမ္းခ်စ္လို႔ပါ"

"ကဲ ကဲ သြားနားေတာ့ ၊ "

"ဟုတ္ကဲ့"

Songက ထိန္းထားတဲ့မ်က္ရည္ေတြအား ဦးေဖတို႔ကိုေက်ာခိုင္းၿပီးေနာက္မွာေတာ့ လြတ္လပ္ခြင့္ေပးလိုက္သည္။ မိမိထင္သေလာက္ ရထာႏွင့္ကိုယ္သည္ မရင္းႏွီးေသးဘူးဘဲ။

"အကို ရထာ့ကို လန္ဒန္လႊတ္မွျဖစ္မယ္ေနာ္"

"မင္းကိုလည္းၾကာေတာ့ ငါစိတ္ညစ္လာၿပီ မင္းလုပ္ငန္းကို ေသြးသားထဲက ဦးစီးေစခ်င္ရင္လည္း မိန္းမယူပါလား၊ တစ္ခါလာလည္း ရထာ့ကိုအားကိုးလို႔ဘယ္ျဖစ္မလဲ"

"အပူမရွာခ်င္လို႔ပါဆို အကိုရာ၊ တစ္ခါလာလည္း ဒီမိန္းမကိုပဲ ယူခိုင္းေနတာ၊ကြၽန္ေတာ့္မွာ အကိုနဲ႕ရထာပဲ ရွိတာေလ၊ လုပ္ပါ ရထာ့ကိုေျပာေပးေနာ္ ေနာ္ ေနာ္ အကို"

လက္ေမာင္းကို တလႈပ္လႈပ္နဲ႕ ကိုင္ဆြဲေနတာမို႔ ဦးမင္းခဗ်ာစိတ္ညစ္လာသည္။ သားက tour guideဆိုတာထက္ ေအာင္ျမင္သည့္ ခရီးသြားလုပ္ငန္းပိုင္ရွင္ျဖစ္ထိုက္တာမို႔ ဦးမင္းမွာလည္း ဒီေလာဘေလးေတာ့ရွိသည္။ မိမိမွာ ႐ုံးခန္းထဲမွာ ထိုင္႐ုံနဲ႕ ဝင္ေငြဝင္ဆဲျဖစ္သလို သားကိုလည္း ထိုအတိုင္းျဖစ္ေစခ်င္သည္။ ညီျဖစ္သူရဲ႕ ေလာဘကလည္းအမွန္တရားေပမို႔ ဦးမင္းမွာ ေခါင္းသာညိတ္ျပလိုက္မိသည္။ 

......................................................................

ဈေးတန်းကို ရောက်တာနှင့် လူတစ်ရပ်စာမြင့်တဲ့ စင်တွေမှာ စားစရာအစုံတင်ထားကြသည်။ လူတွေကလည်း အသွားအပြန်လမ်း သေချာသတ်မှတ်ချက်မရှိတော့ဘဲ သူတိုးငါတိုး တိုးတိုးကြိတ် လျှောက်နေကြ၏။ ထိုအထဲကမှ လူတော်တော်များများက songကို ကြည့်ကာ ရယ်သွားသဖြင့် သူ့အစားကိုယ့်မှာ မျက်နှာပူရ၏။ သူကတော့ ကမ္ဘာမှာ သူသာအပျော်ဆုံးလူလိုလို။ မုန့်ခေါပြင်ဆိုင်ကို အရင်ဆုံးဝင်သည်။ 

"ဘာမုန့်လဲ"

စူးစမ်းသောsongရဲ့ အမေးစကား။ 

"မြန်မာ့ရိုးရာမုန့်ခေါပြင် လှီးထားတဲ့ မုန့်ကိုအုန်းသီးလေးနဲ့ တို့စားရတာ အမြည်းစားလို့ရတယ် စားကြည့်"

အမြည်းအတွက်ချပေးထားသည့် ပန်းကန်ထဲမှ ညှပ်ပြီးသားခေါပြင်တစ်ခုကိုယူကာ အုန်းသီးဖက်အချို့နှင့်သုတ်၍ songအား ခွန့်ကျွေးလိုက်သည်။ 

"ကောင်းလား"

ခဏလောက် အရသာခံဝါးပြီးမှ songက ပြုံးကာခေါင်းညိတ်ပြလာသည်။ 

"အဲ့ဒါဆို ငါဝယ်လိုက်မယ်"

"အမြည်းက ဘယ်လောက်စားစားရတယ်မလား"

"အင်း"

ရထာက ခေါပြင်မှာနေတုန်း အမြည်းပန်းကန်ထဲမှာညှပ်ပြီးသား ခေါပြင်လေးခုလောက်ကို အုန်းသီနဲ့တို့ကာ ပါးစပ်ထဲ အကုန်သွပ်လိုက်သည်။

"ဖြည်းဖြည်းစားပါကွာ"

Songက ပါးနှစ်ဖက်ဖောင်းကားအောင် အဝသွတ်လိုက်သည်မို့ နင်သွားမှာစိုး၍ ရထာပြောမိလိုက်သည်။ စားရင်းရယ်ပြတာမို့ songရဲ့ ပါးနှစ်ဖက်က ပိုဖောင်းလာသည်။ မုန့်ခေါပြင်ထုတ်ကို ယူပြီးနောက် songကို တစ်ထုတ်ပေးလိုက်ပြီး ဈေးတန်းကို ဆက်လျှောက်လာခဲ့သည်။

အပြုံးတွေဟာ လာရောက်သူတွေရဲ့ မျက်နှာတိုင်းမှာ သာယာစွာ ဖူးပွင့်လျက်ရှိသည်။ တောင်ပြုံးမင်းနှစ်ပါးချော့တေးနောက် လိုက်ကသည့် အဘွားတွေ အမျိုးသမီးတွေလည်းရှိကြသည်။ ဟိုဒီငေးရင်းမှ တစ်ချို့အပျော်တွေက ကူးစက်စေသဖြင့် ရထာပါ လိုက်ပြုံးမိသည်။

"ကိုယ် တစ်ပတ်လောက်နေရင် ပြန်ရတော့မယ်ရထာ"

ကျယ်လောင်သောသီချင်းသံသည် songရဲ့စကားတစ်ခွန်းကြားမှာ သေးသိမ်လို့သွားသည်။ ခဏလောက် ရထာကြောင်ငေးပြီးမှ တစ်ဖြည်းဖြည်းအောင့်တက်လာသည့် ဝဲဘက်က နှလုံးသားလေးနှင့်အတူ ဝေ့သီတက်လာသည့် မျက်ရည်စများက နာကျင်မှုကဲလွန်သည့်အခါ ပါးပေါ်ကိုဖြတ်သန်းစီးဆင်း၍ မြေပေါ်မှာ ကြွေခသည်။

"မင်း ပြန်မယ့်အကြောင်း ထုတ်ပြောခ့ဲပြီပဲ"

"ရထာ ကိုယ်တောင်းပန်ပါတယ် ကိုယ် အရင်ကတည်းက ပြန်ရမယ့်ရက်ကို ကြိုပြောထားသင့်ပေမယ့် ဦးဖေက လက်မခံတာနဲ့ ကိုယ်မပြောတာပါ။ မငိုပါနဲ့ ရထာ ကိုယ့်ကိုကြည့်ပါဦး ဖုံးကွယ်ထားလို့စိတ်ဆိုးမယ်ဆိုလည်း ရတယ် ဆိုးလေ ငိုတော့မငိုပါနဲ့"

လူလယ်ခေါင်မှာဆိုတာလည်း songအတွက် ဂရုမစိုက်နိုင်တော့အား။ ငိုနေသည့် ရထာ့မျက်နှာအား ပါးနှစ်ဖက်ကနေဆွဲယူ၍ မျက်ရည်စတွေအား လက်မနှင့်ပွတ်ဆွဲ သုတ်ပေးမိသည်။ နာကျင်ဟန်မျက်ဝန်းစများ မဟုတ်ဘဲ နားလည်ပေးသော အငွေ့အသက်များပါဝင်သည့် မျက်ဝန်းတစ်ခုဖြင့် ကြည့်လာသည့်အခါ songမှာရင်ပင် နာကျင်သွားရသည်။

"စိတ်မဆိုးပါဘူးကွာ၊ ဖြစ်လာမယ့်ကိစ္စပဲလေ၊ ငါ မင်း ပြန်ရတော့မယ်ဆိုတာလည်း သိတယ်၊ မဟုတ်ရင် ဒီလောက်အမြန် မင်းကိုလိုက်ပို့မှာမဟုတ်ဘူး"

"ကိုယ်တောင်းပန်ပါတယ် ကိုယ်မင်းကိုနာကျင်စေဖို့မရည်ရွယ်ပါဘူး"

"ရပါတယ် အရင်ကငါ့စိတ်ကြောင့်မင်းအဲ့လိုလုပ်ခဲ့တာ မှန်ပါတယ် ဘာပဲဖြစ်ဖြစ် ရတဲ့အချိန်လေးမှာ ပျော်ပျော်နေရအောင်လေ ဟုတ်တယ်မလား"

"မင်းကိုယ့်ဆီခဏလေးတောင်အလည်မလာချင်ဘူးလား ရထာ"

songအသံက ခပ်ဆွေးဆွေး။ ပါးပေါ်က လက်အား ရထာ့လက်ဖဝါးဖြင့် နွေးထွေးစွာ ဆုတ်ထွေးမိသည်။

"ငါကြိုးစားပါ့မယ်။ ဒါပေမယ့် ငါ့အတွက်မင်းဒီမြေကို ပြန်လာပေးပါ"

"စိတ်ချပါ"

"စိတ်ညစ်စရာတွေ မတွေးနဲ့တော့ ဟုတ်ပြီလား လာ မလိုင်ကရေကရာစားစို့ ချိုတယ်"

ပျော်စရာအချိန်လေးအား စိတ်ညစ်စရာများနှင့် မရောထွေးစေချင်ပါ။ အညာမုန့်တွေရောင်းသည့်ဆိုင်သို့ songလက်ဆွဲကာ အတူပြေးသွားမိသည်။ နေရမယ့်ရက်သတ္တပတ်အကျော်လေးကိုတော့ ချစ်ရသော songနှင့်အတူ ပျော်ရွှင်စွာဖြတ်သန်းချင်လှပါသည်။

'တို့တောင်ပြုံး´ဆိုသည့် အညာမုန့်ရောင်းသည့်ဆိုင်ရောက်ရောက်ချင်း songက အမြည်းပန်းကန်ကို အရင်ကိုင်တော့သည်။ မလိုင်ကရေကရာ၊ အညာသားကျောကုန်း၊ ထိုးမုန့်၊ စလူမုန့်၊ သကြားအနုဆုပ်စသည်တို့ကို နည်းနည်းချင်း ထည့်ပေးထားသည်။

"ကိုယ်ဒါကြိုက်တယ် ရထာ"

မလိုင်ကရေကရာမုန့်ကို songက လက်ညိုးညွှန်ပြသည်။ 

"အင်း အင်း အဲ့တာဝယ်လိုက်မယ် မလိုင်ကရေကရာတဲ့ အဲ့မုန့်က ဒါက အညာသားကျောကုန်း၊ ပူပြင်းတဲ့အညာက ယောကျာ်းတွေက မဲညိုလို့အညာသားကျောကုန်းလို့ခေါ်တာ"

"ညာသာဂျော်ကုန်က အရမ်းချိုတယ် ကိုယ်မကြိုက်ဘူး"

"ဟုတ်ပါပြီ"

သူစားချင်သည့် ကရေကရာမုန့်သာ ပိုဝယ်ခဲ့လိုက်သည်။ ပြီးနောက် ဈေးတန်းကနေ ပြန်ထွက်လာကာ ဆိုင်ကယ်အပ်သည့်နေရာသို့ သွားရတော့သည်။ တောင်ပြုံးနှင့်ဆိုင်သည့် သီချင်းများက မြိုင်ဆိုင်ဆိုင်။ songကလည်း လက်တစ်ချိုးချိုး ။ ပျော်ရွှင်စွာ သူနှင့်အတူ နာကျင်စေသောအမှတ်ရများအား အသက်သွင်းစေမိပါသည်။

......................................................................

ရွှေတချောင်းဘောင်က လမ်းအနည်းငယ်ကြမ်းလှသည်။ မြေပြင်က မညီညာ ကျောက်ရစ်ကျောက်ခဲများကလည်း ထိုးထွက်နေတော့ ဆိုင်ကယ်ကတခုန်ခုန်။ သို့ပေမယ့် လမ်းကြမ်းထက်တန်စွာ ဘေးတစ်ဖက်က လှပသောလယ်ကွင်းဖွေးဖွေးနှင့် နောက်တစ်ဖက်၌ ရွှေတချောင်းအလှက လမ်းကြမ်းထက်ပိုဆွဲဆောင်သည်။ ချောင်းထဲရေဆင်းကူးနေသည့် ကလေးသူငယ်တစ်ချို့အားsongက ဓာတ်ပုံရိုက်သည်။ ပြီးရင်တော့ လယ်ကွင်းဖွေးဖွေးနှင့်လှနေသော ပန်းချီကားလိုရှုခင်းအား ဓာတ်ပုံရိုက်သည်။ 

"ဒါကတော်ပါသေးတယ်ရယ် လမ်းနည်းနည်းပြင်ထားလို့ အရင်တုန်းက ဒီ့ထက်ကြမ်းတယ်"

"ဒီ့ထက်ကြမ်းတယ်"

songရဲ့ အံ့သြသွားမှုမျက်နှာအလုံးစုံကို နောက်ကြည့်မှန်ထဲကနေ တွေ့လိုက်ရတော့ ရထာပြုံးမိသွားသည်။ အချိန်မှီမှီ ရောက်ဖို့ရာသာ မှန်းဆ၍ မတ္တရာသို့အမြန်ဆုံးထွက်လာခဲ့သည်။

မြို့ရွှေကျောင်းတိုက်ဆိုတာ ကျောင်းတိုက်ရဲ့ ဟိုးဝေးဝေးကနေပင်လျှင် ရှေးဟောင်းဘုရားတွေကို မြင်နေရတာဖြစ်သည်။ 

"ဟိုဝန်းထဲလား မိုက်တယ်"

စိတ်လှုပ်စွာ ကျောင်းဝန်းကို လက်ညိုးထိုးရင်း songက ဆိုလာသည်။ မြို့ရွှေကျောင်းတိုက်ဝန်းထဲကိုဝင်လာတော့ အထင်ကရရှေးဟောင်းကျောင်းတိုက်ကြီးနှင့် ဘုရားစုတွေက ထည်ဝါစွာ ဧည့်ဝတ်ကျေလျက်။

"ခွေးမရှိဘူးရထာ မကြောက်နဲ့နော်၊ ခွေးလာရင် ကိုယ့်ပေါ်ခွတက်လိုက်"

"မင်းမပြောတောင်ငါခွတက်မှာ"

ဆိုင်ကယ်ထောက်ကို ခြေထောက်နဲ့ချလိုက်ရင်း ပြောတော့ songက ရယ်လာသည်။ မြင်နေရသည့် ကုန်းဘောင်ခေတ်လက်ရာ ကျောင်းအိုပျက်ကြီးက ဟောင်းပေမယ့် သမိုင်းမြင့်သည်။ ဓာတ်ပုံရိုက်နေသည့် songဘေးနားမှာ ရပ်၍...

"မတ္တရာက ပုဂံခေတ်မတိုင်ခင်ကတည်းကရှိခဲ့တဲ့မြို့လေ။ ပြီးတော့ အနော်ရထာမင်းလက်ထက် ကင်းတပ်၄၃မြို့ထဲမှာလည်းပါတယ်။ မတ္တရာမှာ စေတီကျောင်းတိုက်တွေများတယ် ဒါပေမယ့် သမိုင်းကိုတော့ သိပ်မသိကြဘူး။ မတ္တရာကင်းတပ်ကို ဦးစီးတည်ဆောက်သူက မိုးမိတ်စော်ဘွားကြီးနဲ့ဗညားဒလတဲ့။ မတ္တရာမှာ ရှမ်းမောင်နှမလေးဦးတည်တဲ့ ဘုရားလေးဆူကထင်ရှားတယ်။ ကဗျာလေးတောင်ရှိသေး။ 'ရွှေပုထိုးညီ၊ရွှေဒါလီ၊ရွှေဒါလီနှမ၊သစ္စာရ၊သစ္စာရမောင် ရွှေဂူချောင်´တဲ့၊ ငါတို့မြင်နေရတာက ကုန်းဘောင်ခေတ်လက်ရာကျောင်းတိုက်ကြီးပေါ့"

"အင်း ပြန်မပြုပြင်ဘူးလား"

"ပြုပြင်တဲ့ဘုန်းကြီးကျောင်းတွေမှာလည်း ရှေးလက်ရာတောင်မကျန်တော့ဘူးလေ၊ ဒါမျိုးရိုက်ခွင့်ရတာ မင်းကံကောင်းတယ်"

"ဪ မောင်နှမလေးယောက် ဘုရားကိုရှင်းပြဦး"

"ဟုတ်ပြီ လျှောက်ပတ်ကြည့်မယ်"

အတူတကွ ကျောင်းဝင်းထဲကို လှည့်ပတ်ကြည့်သည့်အခါ ရှေးဟောင်းပုထိုးတွေ ကျောင်းဆောင်တွေက ခပ်များများ။ လိုအပ်သည်များကို songက ဓာတ်ပုံရိုက်၍နေသည်။

"ရွှေပုထိုးကို အကြီးဆုံးစောသီဟက တည်ခဲ့တာ။ ရွှေဒါလီကျ ဒုတိယမြောက် စောသီဟဗလကတည်တာ၊ ရွှေသစ္စာရကျ ညီမတော်စောနန်းနွယ်၊မြို့ထောင့်ရွှေဂူကျ အငယ်ဆုံးစောနေကျော်တဲ့။ရှင်ပင်နန်းတောင်းကကျ ရှမ်းမောင်နှမလေးဦးက မိဘတွေတွက်တည်ခဲ့တာ၊ ဟိုထဲမှာ စကျင်ကျောက်နဲ့ ထုထားတဲ့ ဘုရားဆင်းတုသုံးဆူရှိတယ်"

အမိုးအကာမရှိသောကျောင်းတိုက်ထဲသို့ နှစ်ယောက်သားဝင်လာသည့်အခါ စကျင်ဘုရားဆူသုံးဆူကိုတွေ့ရသည်။ လက်ရာမပျက်အဆောက်အဦးတွေပင်။

"ဘုရားတွေထုတဲ့ စကျင်တောင်ဆိုတာ ရှိတယ် မင်းသွားချင်လား"

"အဲ့ဒီကိုတော့ မသွားတော့ပါဘူး၊ ခရီးဆက်ရမှာဆိုတော့ ပန်းလိမ့်မယ်"

"ဟုတ်ပါပြီ ဟိုရှေ့မှာခြငေ်္သ့ကြီးနှစ်ကောင်ရှိတယ်"

အုတ်တိုက်ပျက်ထဲမှ ထွက်ခဲ့ကာ ခြငေ်္သ့နှစ်ကောင်ရုပ်ထုရှိရာသို့ သွားကြသည်။ ဘေးမှာက အိမ်သာနဲ့မလို့ အနံ့အသက်ကအဆင်မပြေလှ။ songက ဓာတ်ပုံအမြန်ရိုက်ပြီးနောက် ကျောင်းဝင်းထဲကို ပြန်ဝင်လာသည်။

"ဟိုးက ရေကန်လား"

"အင်း ဟုတ်တယ် သွားမလား"

"သွားမယ်လေ"

ရေကန်ဆီကို ဆက်လျှောက်လာခဲ့သည်။ song ဓာတ်ပုံရိုက်နေတုန်း ဟိုဒီဝေ့ဝဲကာ ရထာမျက်လုံးကစားမိတော့ မိမိတို့ဆီ ဦးတည်လာနေသည့် ခွေးတစ်ကောင်။ ရထာ ပခုံးတွန့်မိသွားသည်။သက်ပြင်းကိုအသာချ၍ songဘေးသို့ ခပ်မှန်မှန်တိုးသွားလိုက်၏။

"မကြောက်ပါနဲ့ မကိုက်ပါဘူး"

"အေးပါ မင်းအရင်အရှေ့ကသွား ငါဘေးကလိုက်မယ်"

"ဟုတ်ပါပြီ"

songဘေးနားမှာကပ်၍ လက်မောင်းပေါ် ခေါင်းကပ်ကာ ခွေးအရိပ်အခြေကြည့်၍ ခပ်ဖြည်းဖြည်းထွက်လာရသည်။ ခွေးကိုနောက်ကျောပေးသည့်အခါတော့ ရထာက songရှေ့ကို အမြန်လျှောက်သွားသည်။

"အဲ့လောက်ကြောက်သလားခွေးကို"

"ကိုက်ရင် ခွေးရူးပြန်မှာမို့"

"ဟုတ်ပါပြီကွာ"

ဆိုင်ကယ်ဆီကို ပြန်ရောက်မှ ရထာသက်ပြင်းချနိုင်သည်။ တစ်လမ်းထဲမှာ ရှိသည့် ၂၄ဆူဘုရားထဲကို သွားမှာမို့ ဆိုင်ကယ်မမောင်းတော့ဘဲ တွန်းလာခဲ့ကာ ဘုရားဝင်းထဲ ဝင်လာခဲ့သည်။ ပြီးနောက် ဘုရားဝင်းထဲ ရှိသည့် ဇရပ်ပေါ်ကို နှစ်ယောက်သားတက်လာကြပြီး မြို့ထဲကဘဏ်မှာ လဲခဲ့သည့် အနုတ်တွေကို အတူခေါက်မှာဖြစ်သည်။

"ထိုင် အေးနေတာပဲ"

သစ်ရိပ်တွေက ဇရပ်တစ်ဝိုက်ရှိနေသည်မို့ အအေးဒဏ်က အပူထက်ထူးသည်။ songက ကျောပိုးအိတ်ကို ပေါင်ပေါ်တင်က အနုတ်တွေကို ထုတ်ပေးသည်။

"မင်း ခေါက်တတ်တယ်မလား""

"အွန်းခေါက်တတ်တယ်ဒါနဲ့ကိုယ့်ကို ဘယ်ဘုရားလဲဆိုတာရှင်းပြဦးလေ"

"ဪ ဟုတ်သားမေ့နေတာ၊ ၂၄ဆူဘုရားလေ အသစ်မွမ်းမံထားတာ အရင်ကဒီအရပ်မှာလူဆိုးပေါတယ်"

"ဪ "

"ပိုက်ဆံခေါက်တော့ "

"ဟုတ်ပြီ"

အမောဖြေခြင်းအလို့ငှါ နာရီဝက်လောက် ပိုက်ဆံအနုတ်ခေါက်နေမိသည်။ အပြန်မှာ ကြဲဖို့ပေ။ စေတနာထက်သော songရဲ့ စေတနာပါပေ။ ပြီးရင်တော့ မောင်နှမလေးဖော်ဘုရားများကို ဖူးစေသည်။

ရွှေဒါလီစေတီအသွားလမ်းတစ်လျှောက်မှာ ရှေးဟောင်းစေတီအများစုရှိသည်ကြောင့် ထိုဘုရားကိုအရင်သွားခဲ့သည်။ လမ်းတစ်လျှောက်မှာ ဂူပုထိုးအပျက်တွေရှိသည်။ 

"ကိုယ် ဓာတ်ပုံဆင်းရိုက်ချင်တယ်"

"အင်း ရပ်ပေးမယ်"

ရွှေဒါလီဘုရားမရောက်ခင် ရှေးဘုရားအစုမှာ songက ဓာတ်ပုံရိုက်ချင်ပုံပေ။ ခဏရပ်ပေးပြီးနောက် အလိုကျဓာတ်ပုံရိုက်ပေးမိသည်။ ထပ်၍ ထပ်၍ လေ့လာခြင်းအထပ်ထပ်အား ပြုပြီးလျှင်တော့ တစ်နေရာဟာ ပြီးဆုံးသွားလေသည်။ သူနဲ့အတူထပ်ရှိဖို့အချိန်တွေကလည်း တစ်ဖြည်းဖြည်းလျော့နည်းလာတော့၏။

.....................................................................

ခုတင်ဘေးမှာ တံခါးကိုကျောပေးရပ်နေသော songအား နောက်ကနေ ရထာဖက်လိုက်သည်။ ပြီးနောက် ကြီးမားတောင့်တင်းသော ကျောပြင်ပေါ် ပါးအပ်မိ၏။

"ဘာတွေလုပ်နေတာလဲ"

"ခရီးစကတည်းက မင်းနဲ့အတူရိုက်ထားတဲ့ ပုံလေးတွေပြန်ကြည့်နေတာ"

"အလွမ်းပြေစရာငါရှိတာပဲ ဘာလို့ဓာတ်ပုံကြည့်နေတာလဲ"

"ကိုယ့်ရထာလေး ဝမ်းနည်းနေပြီပဲ"

ခါးထက်မှာ ချိတ်တွယ်ထားသည့် ရထာ့လက်နှစ်ဖက်ကို ဖြုတ်ကာမျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်သည်။ ရထာ့မျက်နှာမှာ ဝမ်းနည်းရိပ်တွေ။

"မနက်ဖြန်ပြီးရင် မန္တလေးခရီးစဉ်ကပြီးပြီ စစ်ကိုင်းက မင်းကွန်းနဲ့ပျူ မြို့ဟောင်းကိုတော့ ရက်ကျန်လေးမှာ မင်းရောက်ဖူးအောင်လိုက်ပို့ပေးမယ်"

"ဟုတ်ပြီ ကိုယ်မင်းကိုနမ်းချင်တယ်"

"ငါရောပဲ"

စိတ်နှလုံးက ထပ်တူကျတော့ တစ်ခဏမလပ် ရထာ့အား ခါးကနေဆွဲပွေ့ယူကာ နှုတ်ခမ်းနုအား နမ်းရှိုက်မိသည်။ အပိုင်ဆိုသည့်သဘောသက်ရောက်သည့် song၏ နှုတ်ခမ်းမွှေးနှင့် ပါးသိုင်းမွေးရေးရေးအား ကိုင်၍နမ်းသည့်အခါ ရထာ့ရင်ထဲမှာ ကျေနပ်မှုက အဆုံးသတ်မရှိသောမျဉ်းဖြောင့်လို။ အတူတူ နမ်းရှိုက်နေသည့်အခါ ရင်တွင်းဖြစ်တည်လာမှုက နူးညံ့မှု။ songအနေနဲ့ မိမိအား နှုတ်ခမ်းကိုနမ်းရှိုက်ရုံမှလွှဲရင် ကြမ်းကြမ်းတမ်းတမ်းမနမ်းရှိုက်ပါ။ မတ်တပ်ရပ်၍ နမ်းရတာအားမရမှုကြောင့် နှစ်ယောက်သားခြေလှမ်းတွေက ခုတင်ဆီဦးတည်သည်။ အနမ်းမပြတ်ဘဲ သိမ်မွေ့ညင်သာသော ခုတင်ပေါ်ကို ရထာလှဲလိုက်သည်။ အတန်ကြာနမ်းရှိုက်ပြီးနောက် songက ခေတ္တခဏ အနမ်းကိုရပ်လိုက်သည်။

"ချစ်တယ်ရထာ "

"ချစ်တယ်song ၊ ဒါနဲ့ငါ့ရဲ့ဘယ်နေရာကို ကြည့်ပြီးချစ်တာလဲ"

songက ပြုံး၏။

"မင်းရထာနဲ့သက်ဆိုင်သမျှအကုန်ချစ်တယ်။ ကိုယ့်ကိုရော "

"ငါလည်းတူတူပါပဲ ဒါပေမယ့် ဒီလို ရေးရေးလေးထင်နေတဲ့ ပါးသိုင်းမွေးကိုပိုသဘောကျတယ်"

လက်ညိုးနဲ့ ပွတ်ဆွဲလိုက်တော့ songက မျက်လုံးမှိတ်ကာငြိမ်ခံသည်။

"ဒီပါးသိုင်းမွေးကတစ်နေရာမှာအသုံးဝင်တယ်"

"ဘယ်နေရာလဲ"

"ဒီနေရာ"

"ဟားဟား song ဘာလုပ်တာလဲ မလုပ်နဲ့ ယားတယ်ဟားဟား"

လည်ပင်းနုနှင့် ညှပ်ရိုးကို စူးရှရှပါးသိုင်းမွေးနဲ့ ပွတ်ဆွဲတာမို့ ကော့ထိုးလန်နေအောင် ရထာအသဲယားမိသည်။ songက လက်နှစ်ဖက်ကို ချုပ်ထားတာမို့ သိပ်ရုန်းလို့မရ။

"တော်တော့ song ယားတယ် ဟားဟား "

"ချစ်တယ်လို့ပြော"

"ချစ်တယ် ချစ်တယ်"

ကတိအတိုင်း songက ရပ်ပေးပြီး နှုတ်ခမ်းကိုတစ်ဖန်ပြန်လာနမ်းသည်။ ချစ်ခြင်းဖွဲ့သော ဤအနမ်းတွေအား ရထာမငြင်းပယ်မိပါ။ မျက်လုံးမှိတ်ကာ အသာခံယူနေမိသည်။

"ဟေ့ ဟေ့ နေ့လည်ပဲရှိသေးတာကို"

တံခါးကလာသည့် အသံကြောင့် နှစ်ယောက်သား ဖရိုမရဲဖြစ်ကာ နမ်းတာကို ရပ်လိုက်ကြရသည်။ songကလည်း ရထာ့အပေါ် အုပ်မိုးထားရာမှ အသာဖယ်ပေးသည်။ အသာလာရာတံခါး၌ ပီတိတိမျက်နှာနဲ့ ဦးဖေက ခေါင်းကိုသာအခန်းထဲဝင်ထား၏။

"ဦးဖေလူမှုရေးဆိုတာ နားမလည်ဘူးလား"

ခုတင်ပေါ်ကဆင်းဆင်းချင်း ရထာပြောလိုက်သည်။

"အင်းနားမလည်ဘူး။ အပေါ်တက်ခဲ့ အကိုကပြောစရာရှိလို့တဲ့ တကယ်တည်း ဘယ်လောက်တောင်အပျော်ကြူးနေလို့ အဖေခေါ်တာတောင်မကြားရတာလဲမသိဘူး"

ပြောချင်တာပြောပြီး ဦးဖေက ထွက်သွားသည်။ မိမိတို့နှစ်ယောက်မှာသာ မျက်နှာပူပူနှင့် ကျန်ခဲ့ရသည်။

"ပြောစရာရှိလို့နေမှာ သွားရအောင်"

အနေခက်နေမှုကို songက စတင်ဖြိုခွဲသည်။ 

"တစ်ခါလောက်နမ်းပါဦး"

songခါးကိုဖက်ကာ ရထာခေါင်းမော့ပေးလိုက်တော့ နှုတ်ခမ်းပေါ် အနမ်းတစ်ချက်ခြွေသည်။ ထို့နောက်အခေါ်တော်ရှိသော အဖေ့ဆီသို့ သွားရသည်။

အပေါ်ထပ်တက်လာတော့ ဧည့်ခန်းမှာ ဦးဖေနဲ့အတူ အဖေပါထိုင်နေသည်။ နှစ်ယောက်သား ခုံလွတ်မှာဝင်ထိုင်ပြီး အဖေ့ကို ကြည့်တော့ အဖေ့မျက်နှာမှာ တောင်းဆိုချင်မှုတွေရှိပုံ။

"ဘာပြောစရာရှိလို့လဲအဖေ"

"ဪ songက သားကိုပြန်ရတော့မယ့်အကြောင်း ပြောပြလိုက်ပြီဆို၊ အဲ့တာ songပြန်ရင် တစ်ခါတည်း သားပါ လိုက်ပြီး tourismနဲ့ ပတ်သက်ပြီး ပညာသင်သွားပါလား၊ နေစောလည်း ပညာသင်သွားရတော့မှာ၊ အရင်က နေစောက သားကို သူနဲ့အတူပညာသင်သွားဖို့ စည်းရုံးတာ သားကလက်မခံပေမယ့် အခုက သားကိုယ်တိုင်လည်း လက်ခံရမယ့်အကြောင်းရှိပြီဆိုတော့"

အဖေက songပါ နားလည်အောင် အင်္ဂလိပ်လိုပြောတာဖြစ်သည်။ ရထာ စိတ်ရှုပ်သလိုပြုမူပေမယ့် songကတော့ ပျော်သွားဟန်။ တစ်ဖန်စလာပြန်ပြီ ဒီကိစ္စ။ 

"ကျွန်တော်မသွားဘူးအဖေ ကျွန်တော်ဒီမြေကနေ မခွာနိုင်ဘူး"

"သားရယ် သားကဒီခရီးသွားလုပ်ငန်းမှာ ကျွမ်းကျင်နေပြီပဲ၊ သားဦးလေးလုပ်ငန်းကို ဆက်ခံရမှာလေ။လုပ်ရည်မှန်ပေမယ့် သားမှာ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ ဘွဲ့တော့ရှိရမှဖြစ်ပေမယ့်"

"ကျွန်တော်ဒီမှာပဲ တက်မယ်လေ"

"သားရယ် ဒီကလူတွေကပြည်တွင်းဘွဲ့ကိုအထင်မကြီးဘူးသားရဲ့လက်ခံလိုက်ပါ သားရယ် သားကိုပညာသင်သွားဖို့ အဖေပြောရတာ တစ်ခါနှစ်ခါမကတော့ဘူး သားသွားပြီး သားဦးလေး လုပ်ငန်းကို လန်ဒန်မှာလည်း တိုးချဲ့ဖို့လုပ်ရင်း ကျောင်းတက်လိုက်၊ ကျောင်းပြီးရင် သားဦးလေးလုပ်ငန်းဦးစီးတော့လေ"

"တော်ပြီ အဖေ၊ ဦးဖေက ဘယ်သွားမှာမလို့ သားကိုဦးစီးခိုင်းနေရတာလဲ၊ ကျွန်တော့်ကို အသုံးမချချင်နဲ့ ဦးဖေ ကျွန်တော်လက်မခံဘူး"

"အောင်မှာ မင်းနောင်ရေးအေးရအောင် ငါ့လုပ်ငန်းကိုပေးတာကွ"

ဦးဖေက စကားနာထိုးသည်။

"ကျွန်တော့်ပညာအရည်အချင်းနဲ့ ဘယ်နောင်ရေးမှစိတ်ပူစရာမလိုဘူး၊ မသွားဘူး"

"ဒါပေမယ့် ရထာ ကိုယ်တို့အတူနေ..."

"မင်းပါးစပ်ပိတ်ထား song!! ငါတို့မိသားစုကိစ္စထဲ ဝင်မပါနဲ့၊ "

songရင်ထဲ မျက်ကနဲ။ ငါတို့မိသားစုတဲ့လား။ ဟုတ်သားပဲ မိမိသည် မိမိနေရာကိုမေ့နေခဲ့သည်ပဲ။သို့ပေမယ့် ရထာကတော့ မရိပ်မိဟန် ဦးဖေဘက်သို့လှည့်ကာ....

"ဦးဖေ ကျွန်တော်အရင်ကတည်းက ပြောပြီးပြီ tourismနဲ့ပတ်သက်ပြီး ပြည်တွင်း ဒီပလိုမာဘွဲ့ယူပေးမယ် အဲ့ဒါမှမကြိုက်ရင်လည်း ကျွန်တော်ဦးဖေလုပ်ငန်းကို ဦးစီးမပေးနိုင်ဘူး"

ဒေါသထွက်ဟန်တူသည့် ရထာက သူပြောချင်တာပြောပြီး ထွက်သွားသည်။ ဦးဖေမှာတော့ ခေါင်းတယမ်းယမ်း။ ခရီးသွားနဲ့ပတ်သက်ပြီး အနည်းငယ်လုပ်ငန်းအတွေ့အကြုံရှိဖို့လိုသည်။ ထို့ထက် ဦးဖေရဲ့ စီမံကိန်းထဲမှာ လန်ဒန်မှာလည်း ကိုယ့်လုပ်ငန်းကို ချဲ့ထွင်စေချင်တာဖြစ်သည်။ အဲ့အတွက် လန်ဒန်မှာ လုပ်ငန်းတိုးတာဝန်ယူဖို့ စိတ်အချဆုံးလူဆိုလျှင် ရထာမှလွဲ၍မရှိ။ သူတို့နှစ်ယောက်အတွက်လည်း တွေ့ဖို့အဆင်ပြေတာမို့ အရင်ကခါးခါးသီးသီးငြင်းသလောက် အခုမငြင်းလောက်ဘူးထင်ပေမယ့် ဒုံရင်းကဒုံရင်းအတိုင်း။ ပြဿနာကြားထဲ songပါ ပါသွားသည်မို့ အားနာရသည်။

"ဦးလေးသားအစား ဦးလေးတောင်းပန်ပါတယ်song"

"ရပါတယ်ဦးလေး၊ ရထာက သူ့မြေကိုအရမ်းချစ်လို့ပါ"

"ကဲ ကဲ သွားနားတော့ ၊ "

"ဟုတ်ကဲ့"

Songက ထိန်းထားတဲ့မျက်ရည်တွေအား ဦးဖေတို့ကိုကျောခိုင်းပြီးနောက်မှာတော့ လွတ်လပ်ခွင့်ပေးလိုက်သည်။ မိမိထင်သလောက် ရထာနှင့်ကိုယ်သည် မရင်းနှီးသေးဘူးဘဲ။

"အကို ရထာ့ကို လန်ဒန်လွှတ်မှဖြစ်မယ်နော်"

"မင်းကိုလည်းကြာတော့ ငါစိတ်ညစ်လာပြီ မင်းလုပ်ငန်းကို သွေးသားထဲက ဦးစီးစေချင်ရင်လည်း မိန်းမယူပါလား၊ တစ်ခါလာလည်း ရထာ့ကိုအားကိုးလို့ဘယ်ဖြစ်မလဲ"

"အပူမရှာချင်လို့ပါဆို အကိုရာ၊ တစ်ခါလာလည်း ဒီမိန်းမကိုပဲ ယူခိုင်းနေတာ၊ကျွန်တော့်မှာ အကိုနဲ့ရထာပဲ ရှိတာလေ၊ လုပ်ပါ ရထာ့ကိုပြောပေးနော် နော် နော် အကို"

လက်မောင်းကို တလှုပ်လှုပ်နဲ့ ကိုင်ဆွဲနေတာမို့ ဦးမင်းခဗျာစိတ်ညစ်လာသည်။ သားက tour guideဆိုတာထက် အောင်မြင်သည့် ခရီးသွားလုပ်ငန်းပိုင်ရှင်ဖြစ်ထိုက်တာမို့ ဦးမင်းမှာလည်း ဒီလောဘလေးတော့ရှိသည်။ မိမိမှာ ရုံးခန်းထဲမှာ ထိုင်ရုံနဲ့ ဝင်ငွေဝင်ဆဲဖြစ်သလို သားကိုလည်း ထိုအတိုင်းဖြစ်စေချင်သည်။ ညီဖြစ်သူရဲ့ လောဘကလည်းအမှန်တရားပေမို့ ဦးမင်းမှာ ခေါင်းသာညိတ်ပြလိုက်မိသည်။ 

......................................................................

Continue Reading

You'll Also Like

1.2M 63.3K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1.4M 104K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.4M 33.9K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
532K 8K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...