ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Co...

StarRia19

1.1M 136K 5.6K

Zawgyi "ကိုယ့်ပြည်သူတွေ ကိုယ်ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ယှဥ်လာရင်တော့ ကိုယ်မင်းတစ်ယောက်ကိုပဲ မြင်တယ်" ကံကြ... Еще

အပိုင်း(၁)ဝိညာဉ်ကူးပြောင်းခံလိုက်ရခြင်း
အပိုင်း(၂) အလကားရလိုက်သော Brocon အကိုကြီး
အပိုင်း(၃.၁) ဇာတ်ကြောင်းပြောင်းလဲနေခြင်း
အပိုင်း(၃.၂) ဇာတ်ကြောင်း ပြောင်းလဲနေခြင်း
အပိုင်း(၄.၁) စတင်တွေ့ဆုံခြင်း
အပိုင်း(၄.၂) စတင်တွေ့ဆုံခြင်း
အပိုင္​း(၅.၁) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင္​း(၅.၂) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင်း(၆.၁)ဇာတ်ကောင် အများကြီး ပေါ်လာပြီ
အပိုင်း(၆.၂) ဇာတ်ကောင်အများကြီး ပေါ်လာပြီ
အပိုင်း(၇) ထူးဆန်းလွန်းသော အဓိက ဇာတ်ဆောင်နှစ်ယောက်
Promotion
အပိုင်း(၈)ညီဝမ်းကွဲလေးအိမ်တော်ရောက်လာခြင်း
အပိုင်း(၉)လုပ်ကြံခံရခြင်း
အပိုင်း(၁၀) ထူးဆန်းလွန်းသော ရှင်း
အပိုင်း(၁၁) အဆိပ်ခတ်ရန်ကြံစည်ခြင်း
ဇာတ္ေကာင္နာမည္မ်ား
အပိုင်း(၁၂) ဆီမီးလွှတ်ပွဲ၌ တစ်ညတာ
အပိုင်း(၁၃) သေရည်မူးကာ သောင်းကျန်းခြင်း
အပိုင်း(၁၄) အရာရှိစာမေးပွဲ အောင်မြင်ခြင်း
အပိုင်း(၁၅) ပထမဆုံး ညီလာခံတက်ခြင်း
အပိုင်း(၁၆) ရှင်းရန်၏ အိပ်မက်
အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း
အပိုင်း(၁၈) ရွှေကြာပန်းအား ရယူရန် ကြိုးစားခြင်း
အပိုင်း(၁၉) အရှင်မင်းကြီး၏ စီရင်ချက်
အပိုင်း(၂၀) ရှင်းယွဲ့နတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏ သရုပ်မှန်ပေါ်ခြင်း
အပိုင်း(၂၁) မျှော်လင့်မထားသော လက်ထပ်ခွင့်
အပိုင်း(၂၂)တော်ဝင်လက်ထပ်ပွဲ
အပိုင်း(၂၃) ဖွင့်ဟဝန်ခံခြင်း
အပိုင်း(၂၅)မေချင်းနတ်ဘုရားမမှန်း သိရှိခြင်း
အပိုင်း(၂၆) လေးစားရသော အမတ်ချုပ်ကြီး
အပိုင်း(၂၇) ကလေးဆန်သော အမတ်ချုပ်ကြီး
အပိုင်း(၂၈) ရှင်းယွဲ့နတ်ဘုရားအား မြူ ဆွယ်ခြင်း
အပိုင်း(၂၉) မင်းကြီးနှင့်အတူတူ အိပ်စက်ခြင်း
အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်
အပိုင်း(၃၁)ဧကရီတင်မြှောက်ရန် ကြေညာခြင်း
အပိုင်း(၃၂) လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း
အပိုင်း(၃၃) ဝမ်ရယ်အိမ်တော်သို့ အလည်သွားခြင်း
အပိုင်း(၃၄) လက်ထပ်ခွင့်
အပိုင်း(၃၅)လက်ထပ်ပွဲ ဖျက်ရန် အစီအစဉ်
အပိုင်း(၃၆) သွေးစွန်းသွားသော ဧကရီတင်မြှောက်ပွဲ
အပိုင်း(၃၇) ရှောင်လွှဲ၍ မရနိုင်သော စစ်ပွဲ
အပိုင်း(၃၈) အကျယ်ချုပ်ချခံရခြင်း
အပိုင်း(၃၉) ထာဝရ အိပ်စက်သွားသူ
အပိုင်း(၄၀) နောက်ဆုံး နှုတ်ဆက်ရခြင်း
အပိုင်း(၄၁) အထီးမကျန်စေချင်၍ အဖော်လိုက်သွားသူ
အပိုင်း(၄၁) ပြန်လည်နိုးထလာခြင်း
အပိုင်း(၄၃) အမှတ်တရများ ပြန်လည်တွေ့ရှိခြင်း
အပိုင်း(၄၄) final လှပသော ထာဝရ ချစ်ခြင်းတစ်ခု 🙆🙆
ေက်းဇူးတင္လႊာႏွင့္ ႏႈတ္ဆက္လႊာ
Extra-1
Extra-2
Hello💙
Thadingyut Gift✨✨
Announcement ✨✨
Hello...
Next fiction Promotion
Book announcement
Today order date✨✨
Attention please...
Extra-3
Extra-4
Book Preorder

အပိုင်း(၂၄) အမှောင်နတ်ဘုရား၏ ခံစားချက်

17.4K 2.2K 99
StarRia19


အပိုင်း(၂၄)

အမှောင်နတ်ဘုရား၏ ခံစားချက်

ရီဟွား အခန်းထဲသို့ ဝင်လိုက်ပြီး နောက်ဘက်မှနေ၍ သူ၏ရှေ့ရှိ အနီရောင်ဝတ်စုံနှင့် မှန်ရှေ့တွင်ထိုင်နေသော မိန်းမလှလေးအား ကြည့်လိုက်သည်။ အမြဲလိုလို အဆော့မက်သည့် မိန်းကလေးနှင့် တစက်မှ မတူခဲ့သော သူငယ်ချင်းမသည် ထူးဆန်းစွာပင် လက်ထပ်ခါနီး တည်ငြိမ်နေသည်။

"ရှင်းရန်"

သူ၏ ခေါ်သံကြောင့် နောက်လှည့်ကြည့်လာသော သူမ။

နှင်းဆီရောင် နှုတ်ခမ်းဖူး၊ ပိတုန်းရောင်ဆံကေသာ၊ လှပသော အဆင်တန်ဆာများ၊ အနီရောင်သတို့သမီးဝတ်စုံတို့ဖြင့် အရမ်းလှပနေသည်။

"ဟွားအယ် နင်ရောက်လာပြီလား"

"အင်း မင်္ဂလာဝေါယာဉ်ရောက်နေပြီ ရှင်းရန်...နန်းတွင်းဝင်ကြစို့"

ရှင်းရန်သည် ထိုင်နေရာမှ ထကာ သူ့ဆီသို့ လျှောက်လှမ်းလာသည်။

"ဒီအိမ်ကို နင့်ကို ပေးခဲ့တယ် ဟွားအယ်...ငါ့အတွက် အဖိုးတန်အိမ်မို့ ငါ ပြန်လာတဲ့ထိစောင့်ရှောက်ပေးပါ"

"စိတ်မပူပါနဲ့...ဟိုမှာသာ ကျန်းမာရေး ဂရုစိုက် ရှင်းရန်"

"အင်း ဟွားအယ်"

ထို့နောက် သူ၏ သူငယ်ချင်းမသည် သူ့အား တင်းကျပ်စွာ ဖက်လိုက်လေသည်။

"ရှင်းရန် အရမ်း မဖက်နဲ့ဦး...နောက်ကျနေပြီ နန်းတော်သွားရတော့မယ်"

ရှင်းရန်သည် တင်းကြပ်စွာ ဖက်ထားခြင်းအား လွှတ်မပေးဘဲ ပိုတိုး၍ပင်ဖက်လာသည်။

"ကျေးဇူးပါ ဟွားအယ်...ငါ့အတွက် လုပ်ပေးခဲ့တဲ့အရာအားလုံးတွက် ကျေးဇူးပါ နင်နဲ့သူငယ်ချင်းဖြစ်ခဲ့ရတာ ငါ့ဘဝအတွက် အကောင်းဆုံးဆုလာဘ်ပဲ...ငါမရှိရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်"

သူ၏နောက်ကျောဘက်ဆီမှ စိုစွတ်မှုကို ခံစားရသောကြောင့် ရှင်းရန် ငိုနေမှန်း သူသိလိုက်ရသည်။ သူ(မ)၏ ဝူရီဟွားအပေါ် ထားရှိသော သံယောဇဉ်သည် အနှိုင်းအစ မရှိပင်။ ရီဟွားပင်လျှင် ခံစားသိရှိနိုင်သည်။

သူသည် ကိုယ့်အပေါ် မကောင်းလျှင် ပြန်လက်တုံ့ပြန်တတ်ပြီး ကောင်းလျှင်မူ နှစ်ဆပြန်၍ ကောင်းပေးတတ်သည်။ သူနှင့် ရှင်းရန် တွေ့ဆုံခြင်းမှာ သိပ်မကြာသေးသော်လည်း သူ့အပေါ်ထားရှိသော မေတ္တာတို့ကြောင့် သူသည်လည်း အမတစ်ယောက်လို သံယောစဉ်ရှိနေပေပြီ။

မူလ ဝူရီဟွားအတွက် ရှင်းရန်သည် မိသားစုဝင်တစ်ယောက်ဖြစ်ခဲ့သလို ယခုသူ့အတွက်လည်း မိသားစုဝင်တစ်ယောက်ပင်ဖြစ်သည်။ မိသားစုဝင်တစ်ယောက် လက်ထပ်ပြီး အဝေးဆီသို့ ထွက်သွားတော့မည်ဖြစ်သောကြောင့် သူသည်လည်း ရင်ထဲ ဝမ်းနည်းသလို ခံစားနေရသည်။

သူ ရှင်းရန်၏ ပုခုံးနှစ်ဖက်ပေါ် လက်တင်လိုက်ပြီး သူ့အား ဖက်ထားသောကြောင့် နီးကပ်နေသော ရှင်းရန်ကိုယ်အား ဆွဲဖယ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်သည် ပါးပြင်ပေါ် ကျနေသော မျက်ရည်များအား သုတ်ပေးလိုက်သည်။

"ဘာလို့ငိုနေတာလဲ...အလှတွေ ပျက်တော့မှာပဲ...အလှဆုံးသတို့သမီးဖြစ်အောင် ပြင်ထားရတာ လွယ်တာ မဟုတ်ဘူး...မငိုနဲ့တော့ ငါ့သူငယ်ချင်းက ရုပ်ဆိုးလိုက်တာလို့ အပြောခံရရင် ငါ သိက္ခာကျတယ်"

သူ၏ အပြောကြောင့် ရှင်းရန်သည် အနည်းငယ် ပြုံးလာလေသည်။

"မငိုနဲ့တော့ အရမ်းနောက်ကျနေပြီ...နန်းတော်ထဲသွားရအောင်...နန်းတော်ထဲရောက်ရင် ငါ့လာဖက်မနေနဲ့ဦး...ဝမ်ရယ်က ငါ့ကို သတ်လိမ့်မယ်"

"သူလား နင့်ကို သတ်မှာ...သတ်ရဲသတ်ကြည့်ပါလား ငါက သူ့ကို ပြန်သတ်ပစ်မယ်"

ရှင်းရန် စကားကြောင့် ရီဟွားသည်လည်း ပြုံးလိုက်မိသည်။

"ကိုယ့် ယောကျာ်းဖြစ်တော့မယ့်သူကို သတ်မယ်ပြောစရာလား...နင်ဟာလေ ဘယ်တော့မှ ရင့်ကျက်မှာ မဟုတ်ဘူး...အမြဲ ကလေးကလားနဲ့ နေရာစုံဝင်ပါတတ်သေး...နင့်ကိုတော့ တကယ်မနိုင်ဘူး"

ရှင်းရန်၏ မျက်နှာထက်တွင် ဝမ်းနည်းရိပ်များ ပေါ်လာလေသည်။

"ငါ့အဖေလည်း အမြဲ အဲဒီအတိုင်း ပြောတတ်တယ်"

ပျော်ရွှင်စရာ အချိန်တွင် ဝမ်းမနည်းစေချင်သောကြောင့် ရီဟွားအမြန် စကားလမ်းကြောင်းလွှဲလိုက်ရသည်။

"ရှင်းရန် နောက်ကျနေပြီဟ...နင်က မဟုတ်တဲ့နေရာကျ အရမ်းသွက်ပြီး အရေးကြီးရင်ကျ ပြောင်းပြန်ပဲ"

"နင်ကလည်း ငါ့ဆိုပြောဖို့ကြီးပဲ... သွားမယ် ခုသွားမယ်"

စိတ်ဆိုးသော ပုံစံဖြင့် ထွက်သွားတော့မည့် ရှင်းရန်အား ရီဟွား အမြန်တားလိုက်ရသည်။

"ဟိုးး နေပါဦးဟ...မျက်နှာပုဝါခြုံပါဦး...သတို့သမီးက ပဝါမေ့ကျန်ရတယ်လို့ နင့်အလှည့်ကျမှ"

"ခြုံမှာ ခုခြုံမှာ နင့်ရုပ်ဆိုးဆိုး မျက်နှာကြီး မမြင်ချင်လို့"

"ဟေး လျှောက်ပြောမနေနဲ့...ငါက နင့်ထက်တောင် ချောတယ်...မျက်လုံးမကန်းတဲ့သူ ဘယ်သူ့သွားမေးမေး ငါပြောသလို အဖြေပဲ ထွက်လာမှာ"

"ဟွန့်"

စိတ်ဆိုးသွားသော သူငယ်ချင်းသည် သူ့အား လှည့်ပင်မကြည့် "ဟွန့်"ဟု အသံပေးကာ ရှေ့မှ ထွက်သွားလေပြီ။

အမှန်ပင် မိန်းကလေးများသည် အလှမက်ကြသူများပင်။ ရုပ်မလှရင်တောင်မှ မလှဘူးဟု အမှန်အတိုင်း သွားမပြောမိလျှင် သေချာပေါက် စိတ်ဆိုးခံရပေလိမ့်မည်။ လှနေသူများသည်လည်း ဒီထက်ပိုလှချင်ကြသူများပင်။

သူသည်လည်း နန်းတော်မင်္ဂလာပွဲအား တက်ရောက်ရမည်ဖြစ်သောကြောင့် နောက်မှ အမြန်လိုက်ထွက်လာလိုက်သည်။

*****************

ခမ်းနား ကြီးကျယ်လှသော နန်းရင်ပြင်သို့ ရောက်ရန် အနီရောင်ဝတ်စုံများအား ဆင်မြန်းထားသည့် မင်္ဂလာသတို့သားနှင့် သတို့သမီးတို့သည် မြင့်မားလှသော လှေကားထစ်များအား တစ်ထစ်ပြီး တစ်ထစ်တက်လှမ်းလာကြသည်။

ပျော်ရွှင်ဖွယ်ရာ မင်္ဂလာအချိန်ဖြစ်သော်လည်း နှစ်ယောက်လုံးသည် မပျော်ရွှင်နိုင်ကြ။ ရင်ထဲတွင် အပူမီးများ တောက်လောက်နေကြသည်။ လက်စားချေလိုစိတ်၊ ပိုင်ဆိုင်လိုစိတ်၊ လုယူလိုသော ဆန္ဒများနှင့် အတ္တမီးလျှံများသည် ပူလောင်လွန်းလှသည်။ သူတို့၏ နောက်တွင် အခြွေရံများစွာတို့ လိုက်ပါလာကြသည်။

နန်းရင်ပြင်သို့ ရောက်သောအခါ အားလုံး၏ အမြင့်တစ်နေရာ၌ တောက်ပစွာတည်ရှိနေသော နန်းပုလ္လင်ထက်ရှိ တိုင်းပြည်ဥသျှောင် ဧကရာဇ်အား ပထမဆုံး မြင်တွေ့လိုက်ရသည်။ ကြည်ညိုလေးစားဖွယ် ပုံရိပ်ဖြစ်သော်လည်း သတို့သားနှင့် သတို့သမီး၊ နှစ်ဦးသား၏ ရင်ထဲတွင်တော့ အမုန်းတရားသာ ကြီးစိုးနေကြသည်။

ဘေးဘီဝဲယာ စားသောက်ပွဲများတွင် အမတ်ပေါင်းများစွာ ထိုင်နေကြလေသည်။ တချိန်က သူတို့မိဘများ အာဏာရှိစဉ် အမြဲလိုလို ဝင်ထွက်လက်ဆောင်ပေးကာ ဖားယားခဲ့ကြသော်လည်း မိဘများ အသတ်ခံရချိန်တွင် ဈာပနပင် မတက်ရောက်ခဲ့ကြ။ နှစ်သိမ့်စကားများအစား အပြစ်တင်ရှုံ့ချစကားများကိုသာ နားနဲ့မဆံ့အောင် ကြားခဲ့ကြရသည်။

သူတို့နာကျင်ခဲ့ရသည်များကြောင့် စိတ်ရိုင်းများ ဝင်ခဲ့ရသည်က အပြစ်မဆိုနိုင်။

မင်္ဂလာ အရိုအသေပြုစဉ် အနီရောင်ဇာပုဝါ အောက်မှ ရှင်းရန် မျက်ရည်ကျမိသည်။ ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲဖြစ်သော်လည်း သူ(မ) မိသားစုဝင်တစ်ယောက်မှ ရှိမနေခဲ့။ သူ(မ)နှင့် အိမ်တော်အစေခံများမှ လွဲ၍ ဆွေမျိုးအားလုံးတို့သည် ပုန်ကုန်မှုဖြင့် ကွပ်မျက်ခံခဲ့ရသည်။

သူ(မ)၏ အပေါ်ရန်ဟန်ပြသက်သက် ပျက်ဆီးနေသော အိမ်တော်သည်လည်း ပိုင်ဆိုင်မှုဟု မဆိုနိုင်။ နောက်ကွယ်တွင် ကဲ့ရဲ့ကာ မလေးစားသော အစေခံများ၏ အစစ်အမှန်သခင်မတစ်ယောက်လည်း သူ(မ) ဖြစ်မနေခဲ့။ သူ(မ) အထက်တန်းလွှာ တစ်ယောက်အဖြစ် ခုချိန်ထိ ရပ်တည်နေနိုင်ခြင်းသည် နောက်ကွယ်ရှိ ဟွားအယ်၏ ကူညီပံ့ပိုးပေးမှုများကြောင့်သာ။

သူ(မ)တွင် ပိုင်ဆိုင်သည်ဟူ၍ သူ(မ)ရှေ့ရှိ ငယ်သူငယ်ချင်းတဖြစ်လဲ ယခုချိန်တွင် သူ(မ)နှင့်ဘဝတူ အမည်ခံတော်ဝင်မင်းသားနှင့် ဟွားအယ်တို့သာ ရှိသည်။ ကျန်ရှိသည့် မိသားစုသဖွယ် ဖြစ်နေသော ဟွားအယ်နဲ့ ခွဲခွာကာ ခင်ပွန်းသည်ကို ယုံကြည်အားကိုး၍ သူ(မ) မရင်းနှီးသော နေရာဒေသတစ်ခုသို့ လိုက်ပါရပေဦးမည်။

ဇနီးမောင်နှံအချင်းချင်း ဂါရဝပြုပြီး ခေါင်းပြန်မော့လိုက်သောအခါ ဝမ်ရယ်၏ မျက်ဝန်းတို့သည် ရှင်းရန်၏ အနောက် အတော်လှမ်းလှမ်းနေရာတွင် ရှိသော စားသောက်ဝိုင်း၌ ထိုင်နေသည့် ရီဟွားနှင့် အကြည့်ချင်းဆုံသွားသည်။ ရီဟွား ဝမ်ရယ်အား ဂုဏ်ပြုသော အနေဖြင့် ပြုံးပြလိုက်သည်။

အမှန်တကယ် ပိုင်ဆိုင်ချင်သည့် အရာအား အာဏာမရှိသောကြောင့် ငေးကြည့်နေရုံသာ တတ်နိုင်သည့်အဖြစ်အတွက် ဝမ်ရယ် ရင်ထဲနာကျင်သွားရသည်။ သူ့အား ခံစားချက်များ ဖွင့်ဟဝန်ခံခဲ့သည် ဟွားအယ်၏ ယခုသူ့အတွက်အပြုံးသည် အမှန်တကယ် ဝမ်းသာသော အပြုံးမဖြစ်နိုင်။

အားလုံး၏ အမြင့်နေရာတွင် ရှိပြီး ချစ်ရသူအား အရာအားလုံး ပေးနိုင်သူတစ်ယောက်ဖြစ်ချင်သော်လည်း ယခုအချိန်တွင် သူ့အနေဖြင့် ဝမ်းနည်းအောင်ပင် လုပ်နေမိသည်။

'ဟွားအယ် ကိုယ့်ကို စောင့်နေပါ...တစ်နေ့ အရာအားလုံးက မင်းအတွက် ဖြစ်လာစေရမယ်'

သူ့အား မျက်တောင်မခတ် စိုက်ကြည့်နေသော ဝမ်ရယ်ကြောင့် ရီဟွား စိတ်ထဲ မတင်မကျ ခံစားလာရသည်။

သတို့သမီးဖြစ်သော ရှင်းရန်ဆီတွင်သာ ရှိရမည့် အကြည့်တို့ အဘယ်ကြောင့် သူ့ထံရောက်နေမှန်း သူ တကယ်ပင် မသိ။ မူလ ဝူရီဟွားသည် ဝမ်ရယ် အပေါ် အကြွေးတင်နေသောကြောင့်ပေလား။ နယ်စပ်မသွားခင် ရစရာရှိသည့် အကြွေး မရသောကြောင့် ထိုကဲ့သို့ ကြောက်စရာအကြည့်တို့ ပေးနေခြင်း ဖြစ်လောက်သည်။

ရီဟွား ကြက်သီးထကာ အကြည့်တို့အား လွှဲဖယ်ပစ်လိုက်တော့ ပုလ္လင်ထက်ရှိ ရှင်း၏အကြည့်တို့နှင့် သွားဆုံလေတော့သည်။ ချက်ချင်းပူလာသော မျက်နှာကြောင့် မျက်လွှာချကာ ခေါင်းငုံ့ထားလိုက်တော့သည်။

စားပွဲထက်ရှိ စားစရာများသာ ငုံ့စားနေသော်လည်း ပါးစပ်ထဲတွင် အရသာရှိမနေ။ အစာစားခြင်းအလုပ်တွင် အချိန်ပေးလိုက်သောကြောင့် အချိန်မည်မျှ ကြာသွားမှန်း မသိလိုက်။

မင်္ဂလာ အစဉ်အလာများ ပြီးသွားသောကြောင့် သတို့သား၊ သတို့သမီးတို့ပင် နန်းရင်ပြင်တွင် မရှိကြတော့ချေ။ လူအို အမတ်များကြားထဲ နေရကျပ်သောကြောင့် ရီဟွား အပြင်သို့ လမ်းလျှောက်ထွက်လာလိုက်သည်။

နန်းတော်ဥယျာဉ်အလယ်ရှိ စားပွဲဝိုင်းတွင် ဝင်ထိုင်ကာ မျက်လုံးများ မှိတ်၍ ပန်းများ၏ ရနံ့အား ရှုရှိုက်လိုက်သည်။ သူသည် ပန်းများအား ကြိုက်နှစ်သက်သူတစ်ယောက် မဟုတ်သော်လည်း ပန်းရနံ့များကိုမူ လွန်စွာ နှစ်သက်ပေသည်။

လေနှင့်အတူ လွင့်ပျံ့လာသော ပန်းရနံ့များအား အတော်ကြာ ရှုရိုက်ပြီးနောက် မျက်လုံးအား ဖွင့်လိုက်သောအခါ ရှေ့တည့်တည့် ခုံတွင် ထိုင်နေသူကြောင့် ရုတ်တရက်လန့်သွားရသည်။

"ဘာလို့ အဲလောက် လန့်သွားရတာလဲ ရှောင်ဟွား"

"ရှင်းက ဘာလို့ ဒီမှာ ရှိနေရတာလဲ...အခမ်းအနားမှာ ရှင်း ရှိနေမှ ဖြစ်မှာမလား"

"ကိုယ် ထွက်လာချင်ရင် ဘယ်သူက ကိုယ့်ကို တားရဲမှာလဲ"

ရီဟွား ပါးစပ်ပိတ်နေလိုက်သည်။ ယခုချိန်ဘာမှ မပြောခြင်းသည် သူ့အတွက် အကောင်းဆုံးဖြစ်နိုင်သည်။

"ရှောင်ဟွား ကိုယ်နဲ့အတူ လာနေမလား"

"ဟုတ်ကဲ့...အမ် ဘာ ဘာပြောလိုက်တာ"

ရီဟွား သူ ကြားလိုက်ရသော စကားအား မယုံကြည်နိုင်သောကြောင့် ပြန်မေးလိုက်ရသည်။

"ကိုယ် ပြောတာက ကိုယ်နဲ့အတူ လာနေမလားလို့"

"မဟုတ်ဘူးလေ...ကျွန်တော်က ဘယ်လို လာနေလို့ရမှာလဲ...ပြီးတော့ အဲဒီကိစ္စတွေကို ကျွန်တော်တို့ ဆွေးနွေးပြီးသွားပြီလေ"

"အချိန်အတိုင်းတာ တစ်ခုထိတော့ ကိုယ်ကပဲ သည်းခံရမှာပေါ့ ရှောင်ဟွား...ဒါပေမဲ့ တစ်ခုတော့ရှိတယ်...ကိုယ့်မျက်စိအောက်ကနေတော့ ဘယ်တော့မှ ပျောက်မသွားနဲ့"

"ဟုတ်ကဲ့"

ထိုစဉ် ရုတ်တရက် ထွက်ပေါ်လာသော ချောင်းဟန့်သံကြောင့် နှစ်ယောက်လုံး၏ အကြည့်တို့သည် အသံထွက်ပေါ်ရာနေရာဆီသို့ ရောက်ရှိသွားကြသည်။

"အဟမ်း"

နန်းရင်ပြင် တော်ဝင်မင်္ဂလာအခမ်းအနား ကျင်းပရာနေရာမှ ရုတ်တရက် မင်းကြီး ထထွက်သွားသည်နှင့် မုချန်း ဟွားအော်ရှိရာသို့ ကြည့်လိုက်မိသည်။ ဟွားအော်ကိုပါ မတွေ့ရသောကြောင့် စိတ်မချ၍ သူ နောက်မှ လိုက်လာခဲ့ခြင်းဖြစ်သည်။

"အကိုကြီး အခမ်းအနားက ထွက်လာတာလား"

"အင်း အကိုကြီး မင်းကြီးနဲ့ ဆွေးနွေးစရာလေး ရှိလို့"

အကိုကြီး ပုံစံကြည့်ရသည်မှာ အရေးကြီးသော ကိစ္စဆွေးနွးချင်ပုံပေါ်နေသောကြောင့် ရီဟွား ထိုင်နေရာမှ ထထွက်လာရန်ပြင်လိုက်သည်။

"ရှောင်ဟွား ထိုင်နေပါ...မင်း ရှိနေလို့ အနှောင့်အယှက် မဖြစ်ပါဘူး"

"ကြာရင် ဟွားအော် ပျင်းလာလောက်တယ်...စစ်ရေးကိစ္စဆွေးနွေးမှာမို့ ဟွားအော် ခဏဖယ်နေတာက ပိုအဆင်ပြေမှာပါ"

ရီဟွား ထိုင်ရမည်လော ထရမည်လော မသိတော့။

"ဘာမှ မဖြစ်ပါဘူး စစ်သူကြီး...ရှောင်ဟွားအတွက် လေ့လာစရာဖြစ်တာပေါ့"

"မဖြစ်ပါဘူး အရှင်မင်းကြီး...ဆွေးနွေးတာ အနှောင့်အယှက်ဖြစ်ပါလိမ့်မယ်...အိမ်တော်ပြန်ခိုင်းလိုက်တာ ပိုအဆင်ပြေပါလိမ့်မယ်"

နစ်ယောက်သား၏ စကားတို့သည် ဆန့်ကျင်ဖက်ဖြစ်နေကြသည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်နေမှန်း သူ တကယ်နားမလည်နိုင်တော့။ ရှင်း၏ အမိန့်အား အမြဲလိုက်နာ ဆောင်ရွက်တတ်သော အကိုကြီးသည် ယခုမူ သူနှင့်ပတ်သတ်၍ ဆန့်ကျင်စကားတို့အား ဆိုနေလေသည်။

အကိုကြီး ယခုတလောအတွင်း ခေါင်းများတခုခုနှင့် ထိခိုက်မိသွားခြင်းလား မသိတော့။ အရမ်းထူးဆန်းနေသည်။

"အခမ်းအနားတောင် မပြီးသေးဘူး...အိမ်တော်ပြန်ခိုင်းဖို့ အရမ်းစောပါတယ်...ကိုယ့် နန်းဆောင်မှာ ခဏနားနေလိုက် ရှောင်ဟွား.... ကိုယ် စစ်သူကြီးနဲ့ဆွေးနွေးပြီးရင် နန်းဆောင်လာခဲ့ပါ့မယ်"

"မင်းကြီး ဟွားအော် အခုတလော ကျန်းမာရေး နည်းနည်းထိခိုက်နေတယ်...အိမ်တော်မှာ နားနားနေနေ အနားယူတာ ပိုကောင်းမှာပါ...ဟွားအော်ကို အိမ်တော်မှာ အနားယူခွင့်ပြုလိုက်ပါ"

"ကျန်းမာရေး မကောင်းဘူးလား...ကိုယ့်ကို ဘာလို့မပြောတာလဲ ရှောင်ဟွား...တော်ဝင်သမားတော်ကြီး ခေါ်ပြီး စမ်းသပ်ခိုင်းလိုက်မယ်"

ရီဟွား စိတ်ရှုပ်လာသောကြောင့် ခေါင်းကုတ်လိုက်တော့သည်။ သူ နေရမည်လော၊ မနေရမည်လော ဆွေးနွေးသည့် စကားဝိုင်းသည် တော်တော်နှင့်ပြီးမည့်ပုံ မရတော့ပေ။ သူ ကြားဝင် ပြောလိုက်ရသည်။

"ရှင်းနဲ့ အကိုကြီး ဒီမှာ အရေးကြီးကိစ္စဆွေးနွေးကြပါ...ကျွန်တော် နေရမွန်းကြပ်လာလို့ ဒီနား လမ်းလျှောက်လိုက်ပါဦးမယ်"

ရီဟွား အမြန်လျှောက်တင်ပြီး နှစ်ယောက်သား စကားမဆိုနိုင်ခင် ထိုနေရာမှ အမြန်ထွက်လာခဲ့လိုက်သည်။ အခုပင် ထိုနေရကျပ်နေသော လေထုအောက်မှ လွတ်မြောက်သွားရတော့သည်။

သူ  ထိုနေရာနှင့် အဝေးဆုံးဆီ ရောက်အောင် လျှောက်လာခဲ့လိုက်သည်။ အရမ်းဝေးသော နေရာရောက်သောအခါမှ အရိပ်ရသော သစ်ပင်အောက်တွင် ထိုင်ကာ အနားယူနေလိုက်သည်။

ထိုစဉ် ရှေ့တွင် ရုတ်တရပ်ပေါ်လာသော လူတစ်ယောက်ကြောင့် ထပ်ပြီး လန့်သွားရပြန်သည်။

'ဒီနေ့ တကယ် ကံမကောင်းပါလား...ရုတ်တရက်ကြီး ငါ့ရှေ့ပေါ်ပေါ်လာကြပြီး ဘာဖြစ်ချင်နေကြတာလဲ'

သူ တွေးလည်း တွေးချင်စရာပင်။ ယခုလည်း သူ၏ ရှေ့တွင် အမှောင်နတ်ဘုရားက ရုတ်တရက်ရောက်လာပြန်သည်လေ။ သူ နားအေးပါးအေးနှင့် အေးဆေးအနားယူဖို့ အခွင့်အရေး မရနိုင်တော့။

"အမှောင်နတ်ဘုရား ဘယ်လိုအကြောင်းကြောင့် ကျွန်တော့်ရှေ့ ရုတ်တရက်ပေါ်လာရတာလဲ"

"မင်း စိတ်ဆိုးပြေပြီ ထင်လို့ ကိုယ် ရှင်းပြဖို့ ရောက်လာတာပါ"

"ကျွန်တော့်ကို ရှင်း အကုန်ရှင်းပြထားပြီးပါပြီ...ပြီးတော့ ကျွန်တော် အမှောင်နတ်ဘုရားကို စိတ်မဆိုးပါဘူး"

"သူက အကုန်ပြောပြလိုက်တာလား"

ကြားလိုက်ရသော စကားကြောင့် သူ အမှောင်နတ်ဘုရားအား စူးစိုက်ကြည့်လိုက်သည်။

"ရှင်းက ကျွန်တော့်ကို ဘယ်တော့မှ ဖုံးကွယ် မထားတတ်ဘူး"

ရီဟွား၏ မခံချင်စွာ ပြောလာသော စကားကြောင့် ကျန်းဖုန်း သူ့စိတ်ထဲသိချင်လာသော မေးခွန်းအား ထုတ်မေးလိုက်သည်။

"သူနဲ့ ဟွားနဲ့ အခြေအနေက"

"ကျွန်တော်လည်း သူ့ကို ချစ်တယ်...သူလည်း ကျွန်တော့်ကို ချစ်တယ်...အဲလို အခြေအနေပါ"

ကျန်းဖုန်း ရင်ထဲမှ စူးအောင့်နာကျင်မှုအား ခံစားလိုက်ရသည်။ သူ မစတင်ခင်ကပင် ရှုံးနိမ့်သွားခဲ့လေပြီ။ သူသည် အမှန်တကယ်ပင် ရှင်းယွဲ့အား ဘယ်တော့မှ အနိုင်မရနိုင်ခဲ့ဖူးပေ။ သူတို့၏ မပြီးဆုံးနိုင်သော အနိုင်အရှုံး တိုက်ပွဲသည် အချစ်ရေးတွင်ပါ သက်ရောက်နေမည်ဟု သူတကယ် မမျှော်လင့်ခဲ့။

သူ ရီဟွားအား အမှန်တကယ် ချစ်မြတ်နိုးသည်။ ရီဟွားအတွက် အရာရာစွန့်လွှတ်နိုင်သည်အထိ သူ၏ အချစ်သည် ခိုင်မြဲခဲ့သည်။ သို့သော် သူ၏ အချစ်သည် အတင်းအကျပ်ပိုင်ဆိုင်ရဖို့ထိ တကိုယ်ကောင်းဆန်မ​နေခဲ့။ အရာရာ စွန့်လွှတ်ပေးရခြင်းတွင် ချစ်ရသူပါ စွန့်လွှတ်ရလိမ့်မည်ကို သူ တခါမှပင် မတွေးမိခဲ့ပေ။

"ကိုယ် မင်းကို ချစ်တယ် ဟွား"

သူ ပြောလိုက်သော စကားအား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်လာသောသူ။

သူ၏ အချစ်သည် အသိအမှတ်ပြုမှုပင် မရနိုင်ခဲ့ပေ။

"ကိုယ်တို့ရဲ့ ပြိုင်ဆိုင်မှုမှာ မင်းကိုပါ ထည့်ပြိုင်ရလောက်အောင်ထိ ကိုယ် မမိုက်မဲသေးဘူး"

"တကယ် ပြောနေတာလား"

ချစ်ရသူ၏ နှုတ်ခမ်းထက်မှ ထွက်လာသော စကားသံသည် နာကျင်နေသော နှလုံးသားအား ထပ်၍ ကွဲကြေသွားစေသည်။

"ကိုယ် တကယ် ပြောတာပါ"

"ကျွန်တော် ရှင်းကိုဘဲ ချစ်တာ...အဲဒါကြောင့် ကျွန်တော့်အပေါ် ခံစားချက်တွေ မလွန်ခင် ပြန်ရုတ်သိမ်းလိုက်ပါ"

အပြောလွယ်သော်လည်း အလုပ်ခက်သည်ကို မသိရှာသောသူသည် အလွယ်တကူပင် ပြောထွက်နိုင်ခဲ့သည်။ အချစ်ကို ခံစားရအောင် ပြုလုပ်ခဲ့သူက လွယ်လွယ်ပြန်သိမ်းသွားဖို့ သူ့အား ပြောနေသည်။ အချစ် ခံစားချက်ဟူသည် ထိုကဲ့သို့ လွယ်လွယ်ပြန်သိမ်းနိုင်သည့် အရာမျိုးဆိုလျှင် မည်မျှကောင်းလိုက်မည်နည်း။

"ကိုယ့်အတွက် ရုတ်သိမ်းဖို့ မလွယ်ဘူး...ဒါပေမဲ့ စိတ်ချပါ...ကိုယ် မင်းစိတ်ငြိုငြင်မယ့် ကိစ္စတွေ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး...အဲဒါကြောင့် ကိုယ် မင်းတို့ကြား အနှောင့်အယှက်ဖြစ်မှာကို စိတ်မပူပါနဲ့"

စိတ်ငြိုငြင်မယ့်အရာတွေ မလုပ်နိုင်တာ မဟုတ်၊ မလုပ်ရက်ခြင်းသာ။ မျက်နှာ အလိုမကျဖြစ်နေသည်ကိုပင် မမြင်ရက်နိုင်သော သူ့အတွက် ကွဲကွာစေရန် လုပ်ရမည့်လုပ်ရပ်တို့သည် ခက်ခဲလွန်းလှသည်။ ပိုင်ဆိုင်ချင်စိတ် မရှိမဟုတ်၊ သူသည်လည်း ခံစားချက်ရှိသူတစ်ယောက်ပင်။

သူ တစ်ယောက်တည်း ပျော်ရွှင်ရန်အတွက် သူ ချစ်ရသူ၊ သူ့အချစ်ဆုံး သူငယ်ချင်း၏ မောင်လေး နှင့် ထိုမောင်လေးအား အရမ်းချစ်သော အချစ်ရဆုံးသူငယ်ချင်းတို့ ခံစားရစေ မည့်လမ်းကို မရွေးချယ်ရန် ဦးနှောက်က သူ့အား တားဆီးနေသည်။ နှလုံးသား ဆန္ဒကို လိုက်လျောချင်သော်လည်း ဦးနှောက်အသိက ပိုအားသာနေသည်။

"ကိုယ့် ခံစားချက်တွေက အမြဲတမ်း ရှင်သန်နေမှာပါ ဟွား...ကိုယ် မင်းကို အမြဲစောင့်နေမှာမို့ ရှင်းယွဲ့ မင်းကို ကောင်းကောင်း မစောင့်ရှောက်ရင် ကိုယ့်ဆီ အမြဲလာလို့ ရတယ်...ကိုယ် အမြဲတမ်း စောင့်ကြိုနေမယ်"

ရီဟွား သူ ကြားနေရသော စကားတို့အား မယုံနိုင်သေး။ သူလို ယောကျာ်းတစ်ယောက်အား ချစ်တယ်ဆိုသော စကားသည် သူ့အတွက် အရမ်းထူးဆန်းနေသည်။ အမှောင်နတ်ဘုရားအနေဖြင့် မဟုတ်ဘဲ ညီဝမ်းကွဲလေး အဖြစ်ရှိစဉ်က သူတို့ကြား နီးစပ်ခဲ့ကြသော်လည်း ခံစားချက်ရှိလာသည်အထိ မနီးစပ်ခဲ့ကြဟု သူထင်မိသည်။ သူတို့ကြား အချစ်ခံစားချက် ရှိစရာ အကြောင်းရင်း လုံးဝမရှိနိုင်ပေ။

ရီဟွား ဘာပြောရမှန်း မသိသောကြောင့် ဆွံ့အနေမိသည်။

"ကိုယ့်ကို မြင်နေရတာ နေရခက်မှာပေါ့...ကိုယ် သွားတော့မယ်...ကိုယ် အမြဲစောင့်နေတာကိုတော့ မမေ့ပါနဲ့...ကိုယ်ရဲ့ အမှောင်နန်းတော်က မင်းကိုအမြဲကြိုဆိုနေပါတယ်...အနှောင့်အယှက်ဖြစ်စေတဲ့ ကိုယ်က မင်းရှေ့ထပ်ပေါ်လာမှာ မဟုတ်လို့ ကိုယ် မရှိချိန် အမြဲပြုံးပြီး ပျော်ပျော်နေပေးပါ"

စကားသံတို့တွင် ပါဝင်နေသော ဝမ်းနည်းမှုအား ရီဟွား သေချာပေါက်ခံစားလိုက်ရသည်။ အမှောင်နတ်ဘုရား၏ သူ့အပေါ်ထားရှိသော ခံစားချက်တို့ စစ်မှန်ကြောင်း သူသိရှိသွားလေပြီ။ သို့သော် သူဘာမှ မပြောဘဲ ငြိမ်နေလိုက်သည်။

သူ ပြောလိုက်သော စကားတို့တွင် အမှားပါပြီး မျှော်လင့်ချက် ဖြစ်မသွားစေချင်။ ခဏတာ နာကျင်ပြီးနောက် ပြန်ကုစားနိုင်သော်လည်း မျှော်လင့်ချက်ပေးပြီး ရိုက်ချိုးခံရသူကိုတော့ ပြန်လည်ကုစားဖို့သည် အင်မတန်ခက်ခဲလွန်းသည်။ နာကျင်ရမှုသည်လည်း အဆမတန်ကွာခြားလွန်းသည်။

သူ၏ ခံစားချက်တို့သည် ရှင်းတွင်သာ ရှိသည်မှာ သေချာသောကြောင့် အမှောင်နတ်ဘုရား၏ ခံစားချက်တို့အား သူ သေချာပေါက် လျစ်လျူရှုပစ်ရပေမည်။

ဘယ်သောအခါမှ မမေ့နိုင်သော ဘာဆိုဘာမျှ ပြန်ပြောမလာသူ၏ မျက်နှာအား ငေးကြည့်ပြီးနောက် ချစ်ရသူ၏ ရှေ့မှ သူပျောက်ကွယ်လိုက်သည်။

သူ စံမြန်းရာ အမှောင်နန်းတော်သို့ ရောက်ရှိလာသော်လည်း အသိစိတ်တို့အား သေချာစွာ ပြန်မစုစည်းနိုင်တော့။

ဟိုင်ဝမ် သူ၏ အရှင်မျက်နှာအား ကြည့်ကာ သက်ပြင်းချလိုက်သည်။ နှစ်ပေါင်းထောင်ချီ အရှင့်ထံပါး အမှုထမ်းလာသူ ဖြစ်သောကြောင့် သူအနေဖြင့် အရှင်၏ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း မျက်နှာအမူအရာတို့နှင့် ရင်းနှီးနေပြီဖြစ်သည်။

အရှင်၊ ရှင်းယွဲ့နတ်ဘုရားနှင့် သခင်လေးရီဟွားတို့ကြား ကိစ္စများအားလည်း သူ ရိပ်မိနေလေပြီ။ သခင်လေး ရီဟွားရွေးချယ်သူသည် သူ၏အရှင် မဖြစ်နိုင်သည်မှာ သေချာသည်။

"ဟိုင်ဝမ်"

ဝမ်းနည်းနေသော အရှင်၏ ခေါ်သံကြောင့် သူအမြန်ပြန်ဖြေလိုက်သည်။

"မှန်ပါ အရှင်"

"ငါ တံခါးပိတ်ပြီး တရားကျင့်မှာမို့ ဘယ်သူမှ လာမနှောင့်ယှက်ပါစေနဲ့"

ဟိုင်ဝမ် အရှင်၏ စကားကြောင့် ထိတ်လန့်သွားရသည်။ အရေးကြီးသော အခြေအနေတွင် အရှင်က တရားကျင့်ဖို့ ရွေးချယ်သည်တဲ့။ ကျင့်စဉ်အတွက် အချိန်မည်မျှ ကြာမည် မသိသော်လည်း ဆယ်စုနှစ်ချီရုံလောက်နှင့်တော့ ရမည် မဟုတ်သည်မှာ သေချာသည်။

ကျင့်စဉ်ကျင့်နေစဉ်အတွင်း နှောင့်ယှက်ခံရခြင်းကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ကျင့်စဉ်ရပ်လိုက်ပါက အစွမ်းတို့အား လွန်စွာ ထိခိုက်နိုင်သည်။ နတ်ဘုရား ခန္ဓာကိုယ်သည်လည်း အားအင်ဆုတ်ယုတ်ကာ များစွာ အန္တရာယ်များလှသည်။ သူ၏ အရှင်အား နားမလည်နိုင်တော့။

"အရှင် သေချာစဉ်းစားပါဦး...ခုလိုအခြေအနေမှာ အရမ်းအန္တရာယ်များလွန်းပါတယ်"

"ငါ အကုန်လက်လျော့ချင်ပြီ ဟိုင်ဝမ်...ပျော်ရွှင်မှုဆိုတာကို မသိရဘဲ ဖြတ်သန်းရမယ့် ငါ့ရဲ့နေ့ရက်တွေကို စိတ်ကုန်နေပြီ...တတ်နိုင်သမျှ ငါ့စိတ်ကိုစုစည်းပြီး ကျင့်ကြံတာကို စိတ်နှစ်ထားမှာမို့ ငါ့အတွက် စိတ်မပူပါနဲ့"

အရှင်၏ ဆုံးဖြတ်ချက်သည် ခိုင်မာနေပြီဖြစ်ကြောင်း ဟိုင်ဝမ်သိရှိလိုက်သည်။ ဆုံးဖြတ်ချက်တစ်ခုအား ဖြစ်မြောက်အောင် လုပ်တတ်သော သူ၏ အရှင်အား တားဆီးရန် မဖြစ်နိုင်တော့။

နောက်ဆုံးအနေဖြင့် အရှင်၏ ကျင့်ကြံမှု အနှောင့်အယှက်မရှိစေရန် ဆုတောင်းရုံသာ သူ တတ်နိုင်ပေတော့သည်။

***********************

အပိုင္း(၂၄)

အေမွာင္နတ္ဘုရား၏ ခံစားခ်က္

ရီဟြား အခန္းထဲသို႔ ဝင္လိုက္ၿပီး ေနာက္ဘက္မွေန၍ သူ၏ေရွ႕ရွိ အနီေရာင္ဝတ္စုံႏွင့္ မွန္ေရွ႕တြင္ထိုင္ေနေသာ မိန္းမလွေလးအား ၾကည့္လိုက္သည္။ အၿမဲလိုလို အေဆာ့မက္သည့္ မိန္းကေလးႏွင့္ တစက္မွ မတူခဲ့ေသာ သူငယ္ခ်င္းမသည္ ထူးဆန္းစြာပင္ လက္ထပ္ခါနီး တည္ၿငိမ္ေနသည္။

"ရွင္းရန္"

သူ၏ ေခၚသံေၾကာင့္ ေနာက္လွည့္ၾကည့္လာေသာ သူမ။

ႏွင္းဆီေရာင္ ႏႈတ္ခမ္းဖူး၊ ပိတုန္းေရာင္ဆံေကသာ၊ လွပေသာ အဆင္တန္ဆာမ်ား၊ အနီေရာင္သတို႔သမီးဝတ္စုံတို႔ျဖင့္ အရမ္းလွပေနသည္။

"ဟြားအယ္ နင္ေရာက္လာၿပီလား"

"အင္း မဂၤလာေဝါယာဥ္ေရာက္ေနၿပီ ရွင္းရန္...နန္းတြင္းဝင္ၾကစို႔"

ရွင္းရန္သည္ ထိုင္ေနရာမွ ထကာ သူ႕ဆီသို႔ ေလွ်ာက္လွမ္းလာသည္။

"ဒီအိမ္ကို နင့္ကို ေပးခဲ့တယ္ ဟြားအယ္...ငါ့အတြက္ အဖိုးတန္အိမ္မို႔ ငါ ျပန္လာတဲ့ထိေစာင့္ေရွာက္ေပးပါ"

"စိတ္မပူပါနဲ႕...ဟိုမွာသာ က်န္းမာေရး ဂ႐ုစိုက္ ရွင္းရန္"

"အင္း ဟြားအယ္"

ထို႔ေနာက္ သူ၏ သူငယ္ခ်င္းမသည္ သူ႕အား တင္းက်ပ္စြာ ဖက္လိုက္ေလသည္။

"ရွင္းရန္ အရမ္း မဖက္နဲ႕ဦး...ေနာက္က်ေနၿပီ နန္းေတာ္သြားရေတာ့မယ္"

ရွင္းရန္သည္ တင္းၾကပ္စြာ ဖက္ထားျခင္းအား လႊတ္မေပးဘဲ ပိုတိုး၍ပင္ဖက္လာသည္။

"ေက်းဇူးပါ ဟြားအယ္...ငါ့အတြက္ လုပ္ေပးခဲ့တဲ့အရာအားလုံးတြက္ ေက်းဇူးပါ နင္နဲ႕သူငယ္ခ်င္းျဖစ္ခဲ့ရတာ ငါ့ဘဝအတြက္ အေကာင္းဆုံးဆုလာဘ္ပဲ...ငါမရွိရင္ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ရမယ္ေနာ္"

သူ၏ေနာက္ေက်ာဘက္ဆီမွ စိုစြတ္မႈကို ခံစားရေသာေၾကာင့္ ရွင္းရန္ ငိုေနမွန္း သူသိလိုက္ရသည္။ သူ(မ)၏ ဝူရီဟြားအေပၚ ထားရွိေသာ သံေယာဇဥ္သည္ အႏွိုင္းအစ မရွိပင္။ ရီဟြားပင္လွ်င္ ခံစားသိရွိနိုင္သည္။

သူသည္ ကိုယ့္အေပၚ မေကာင္းလွ်င္ ျပန္လက္တုံ႕ျပန္တတ္ၿပီး ေကာင္းလွ်င္မူ ႏွစ္ဆျပန္၍ ေကာင္းေပးတတ္သည္။ သူႏွင့္ ရွင္းရန္ ေတြ႕ဆုံျခင္းမွာ သိပ္မၾကာေသးေသာ္လည္း သူ႕အေပၚထားရွိေသာ ေမတၱာတို႔ေၾကာင့္ သူသည္လည္း အမတစ္ေယာက္လို သံေယာစဥ္ရွိေနေပၿပီ။

မူလ ဝူရီဟြားအတြက္ ရွင္းရန္သည္ မိသားစုဝင္တစ္ေယာက္ျဖစ္ခဲ့သလို ယခုသူ႕အတြက္လည္း မိသားစုဝင္တစ္ေယာက္ပင္ျဖစ္သည္။ မိသားစုဝင္တစ္ေယာက္ လက္ထပ္ၿပီး အေဝးဆီသို႔ ထြက္သြားေတာ့မည္ျဖစ္ေသာေၾကာင့္ သူသည္လည္း ရင္ထဲ ဝမ္းနည္းသလို ခံစားေနရသည္။

သူ ရွင္းရန္၏ ပုခုံးႏွစ္ဖက္ေပၚ လက္တင္လိုက္ၿပီး သူ႕အား ဖက္ထားေသာေၾကာင့္ နီးကပ္ေနေသာ ရွင္းရန္ကိုယ္အား ဆြဲဖယ္လိုက္သည္။ ထို႔ေနာက္ လက္တစ္ဖက္သည္ ပါးျပင္ေပၚ က်ေနေသာ မ်က္ရည္မ်ားအား သုတ္ေပးလိုက္သည္။

"ဘာလို႔ငိုေနတာလဲ...အလွေတြ ပ်က္ေတာ့မွာပဲ...အလွဆုံးသတို႔သမီးျဖစ္ေအာင္ ျပင္ထားရတာ လြယ္တာ မဟုတ္ဘူး...မငိုနဲ႕ေတာ့ ငါ့သူငယ္ခ်င္းက ႐ုပ္ဆိုးလိုက္တာလို႔ အေျပာခံရရင္ ငါ သိကၡာက်တယ္"

သူ၏ အေျပာေၾကာင့္ ရွင္းရန္သည္ အနည္းငယ္ ၿပဳံးလာေလသည္။

"မငိုနဲ႕ေတာ့ အရမ္းေနာက္က်ေနၿပီ...နန္းေတာ္ထဲသြားရေအာင္...နန္းေတာ္ထဲေရာက္ရင္ ငါ့လာဖက္မေနနဲ႕ဦး...ဝမ္ရယ္က ငါ့ကို သတ္လိမ့္မယ္"

"သူလား နင့္ကို သတ္မွာ...သတ္ရဲသတ္ၾကည့္ပါလား ငါက သူ႕ကို ျပန္သတ္ပစ္မယ္"

ရွင္းရန္ စကားေၾကာင့္ ရီဟြားသည္လည္း ၿပဳံးလိုက္မိသည္။

"ကိုယ့္ ေယာက်ာ္းျဖစ္ေတာ့မယ့္သူကို သတ္မယ္ေျပာစရာလား...နင္ဟာေလ ဘယ္ေတာ့မွ ရင့္က်က္မွာ မဟုတ္ဘူး...အၿမဲ ကေလးကလားနဲ႕ ေနရာစုံဝင္ပါတတ္ေသး...နင့္ကိုေတာ့ တကယ္မနိုင္ဘူး"

ရွင္းရန္၏ မ်က္ႏွာထက္တြင္ ဝမ္းနည္းရိပ္မ်ား ေပၚလာေလသည္။

"ငါ့အေဖလည္း အၿမဲ အဲဒီအတိုင္း ေျပာတတ္တယ္"

ေပ်ာ္႐ႊင္စရာ အခ်ိန္တြင္ ဝမ္းမနည္းေစခ်င္ေသာေၾကာင့္ ရီဟြားအျမန္ စကားလမ္းေၾကာင္းလႊဲလိုက္ရသည္။

"ရွင္းရန္ ေနာက္က်ေနၿပီဟ...နင္က မဟုတ္တဲ့ေနရာက် အရမ္းသြက္ၿပီး အေရးႀကီးရင္က် ေျပာင္းျပန္ပဲ"

"နင္ကလည္း ငါ့ဆိုေျပာဖို႔ႀကီးပဲ... သြားမယ္ ခုသြားမယ္"

စိတ္ဆိုးေသာ ပုံစံျဖင့္ ထြက္သြားေတာ့မည့္ ရွင္းရန္အား ရီဟြား အျမန္တားလိုက္ရသည္။

"ဟိုးး ေနပါဦးဟ...မ်က္ႏွာပုဝါၿခဳံပါဦး...သတို႔သမီးက ပဝါေမ့က်န္ရတယ္လို႔ နင့္အလွည့္က်မွ"

"ၿခဳံမွာ ခုၿခဳံမွာ နင့္႐ုပ္ဆိုးဆိုး မ်က္ႏွာႀကီး မျမင္ခ်င္လို႔"

"ေဟး ေလွ်ာက္ေျပာမေနနဲ႕...ငါက နင့္ထက္ေတာင္ ေခ်ာတယ္...မ်က္လုံးမကန္းတဲ့သူ ဘယ္သူ႕သြားေမးေမး ငါေျပာသလို အေျဖပဲ ထြက္လာမွာ"

"ဟြန႔္"

စိတ္ဆိုးသြားေသာ သူငယ္ခ်င္းသည္ သူ႕အား လွည့္ပင္မၾကည့္ "ဟြန႔္"ဟု အသံေပးကာ ေရွ႕မွ ထြက္သြားေလၿပီ။

အမွန္ပင္ မိန္းကေလးမ်ားသည္ အလွမက္ၾကသူမ်ားပင္။ ႐ုပ္မလွရင္ေတာင္မွ မလွဘူးဟု အမွန္အတိုင္း သြားမေျပာမိလွ်င္ ေသခ်ာေပါက္ စိတ္ဆိုးခံရေပလိမ့္မည္။ လွေနသူမ်ားသည္လည္း ဒီထက္ပိုလွခ်င္ၾကသူမ်ားပင္။

သူသည္လည္း နန္းေတာ္မဂၤလာပြဲအား တက္ေရာက္ရမည္ျဖစ္ေသာေၾကာင့္ ေနာက္မွ အျမန္လိုက္ထြက္လာလိုက္သည္။

*****************

ခမ္းနား ႀကီးက်ယ္လွေသာ နန္းရင္ျပင္သို႔ ေရာက္ရန္ အနီေရာင္ဝတ္စုံမ်ားအား ဆင္ျမန္းထားသည့္ မဂၤလာသတို႔သားႏွင့္ သတို႔သမီးတို႔သည္ ျမင့္မားလွေသာ ေလွကားထစ္မ်ားအား တစ္ထစ္ၿပီး တစ္ထစ္တက္လွမ္းလာၾကသည္။

ေပ်ာ္႐ႊင္ဖြယ္ရာ မဂၤလာအခ်ိန္ျဖစ္ေသာ္လည္း ႏွစ္ေယာက္လုံးသည္ မေပ်ာ္႐ႊင္နိုင္ၾက။ ရင္ထဲတြင္ အပူမီးမ်ား ေတာက္ေလာက္ေနၾကသည္။ လက္စားေခ်လိဳစိတ္၊ ပိုင္ဆိုင္လိုစိတ္၊ လုယူလိုေသာ ဆႏၵမ်ားႏွင့္ အတၱမီးလွ်ံမ်ားသည္ ပူေလာင္လြန္းလွသည္။ သူတို႔၏ ေနာက္တြင္ အေႁခြရံမ်ားစြာတို႔ လိုက္ပါလာၾကသည္။

နန္းရင္ျပင္သို႔ ေရာက္ေသာအခါ အားလုံး၏ အျမင့္တစ္ေနရာ၌ ေတာက္ပစြာတည္ရွိေနေသာ နန္းပုလႅင္ထက္ရွိ တိုင္းျပည္ဥေသွ်ာင္ ဧကရာဇ္အား ပထမဆုံး ျမင္ေတြ႕လိုက္ရသည္။ ၾကည္ညိုေလးစားဖြယ္ ပုံရိပ္ျဖစ္ေသာ္လည္း သတို႔သားႏွင့္ သတို႔သမီး၊ ႏွစ္ဦးသား၏ ရင္ထဲတြင္ေတာ့ အမုန္းတရားသာ ႀကီးစိုးေနၾကသည္။

ေဘးဘီဝဲယာ စားေသာက္ပြဲမ်ားတြင္ အမတ္ေပါင္းမ်ားစြာ ထိုင္ေနၾကေလသည္။ တခ်ိန္က သူတို႔မိဘမ်ား အာဏာရွိစဥ္ အၿမဲလိုလို ဝင္ထြက္လက္ေဆာင္ေပးကာ ဖားယားခဲ့ၾကေသာ္လည္း မိဘမ်ား အသတ္ခံရခ်ိန္တြင္ ဈာပနပင္ မတက္ေရာက္ခဲ့ၾက။ ႏွစ္သိမ့္စကားမ်ားအစား အျပစ္တင္ရႈံ႕ခ်စကားမ်ားကိုသာ နားနဲ႕မဆံ့ေအာင္ ၾကားခဲ့ၾကရသည္။

သူတို႔နာက်င္ခဲ့ရသည္မ်ားေၾကာင့္ စိတ္ရိုင္းမ်ား ဝင္ခဲ့ရသည္က အျပစ္မဆိုနိုင္။

မဂၤလာ အရိုအေသျပဳစဥ္ အနီေရာင္ဇာပုဝါ ေအာက္မွ ရွင္းရန္ မ်က္ရည္က်မိသည္။ ခမ္းနားႀကီးက်ယ္ေသာ မဂၤလာပြဲျဖစ္ေသာ္လည္း သူ(မ) မိသားစုဝင္တစ္ေယာက္မွ ရွိမေနခဲ့။ သူ(မ)ႏွင့္ အိမ္ေတာ္အေစခံမ်ားမွ လြဲ၍ ေဆြမ်ိဳးအားလုံးတို႔သည္ ပုန္ကုန္မႈျဖင့္ ကြပ္မ်က္ခံခဲ့ရသည္။

သူ(မ)၏ အေပၚရန္ဟန္ျပသက္သက္ ပ်က္ဆီးေနေသာ အိမ္ေတာ္သည္လည္း ပိုင္ဆိုင္မႈဟု မဆိုနိုင္။ ေနာက္ကြယ္တြင္ ကဲ့ရဲ႕ကာ မေလးစားေသာ အေစခံမ်ား၏ အစစ္အမွန္သခင္မတစ္ေယာက္လည္း သူ(မ) ျဖစ္မေနခဲ့။ သူ(မ) အထက္တန္းလႊာ တစ္ေယာက္အျဖစ္ ခုခ်ိန္ထိ ရပ္တည္ေနနိုင္ျခင္းသည္ ေနာက္ကြယ္ရွိ ဟြားအယ္၏ ကူညီပံ့ပိုးေပးမႈမ်ားေၾကာင့္သာ။

သူ(မ)တြင္ ပိုင္ဆိုင္သည္ဟူ၍ သူ(မ)ေရွ႕ရွိ ငယ္သူငယ္ခ်င္းတျဖစ္လဲ ယခုခ်ိန္တြင္ သူ(မ)ႏွင့္ဘဝတူ အမည္ခံေတာ္ဝင္မင္းသားႏွင့္ ဟြားအယ္တို႔သာ ရွိသည္။ က်န္ရွိသည့္ မိသားစုသဖြယ္ ျဖစ္ေနေသာ ဟြားအယ္နဲ႕ ခြဲခြာကာ ခင္ပြန္းသည္ကို ယုံၾကည္အားကိုး၍ သူ(မ) မရင္းႏွီးေသာ ေနရာေဒသတစ္ခုသို႔ လိုက္ပါရေပဦးမည္။

ဇနီးေမာင္ႏွံအခ်င္းခ်င္း ဂါရဝျပဳၿပီး ေခါင္းျပန္ေမာ့လိုက္ေသာအခါ ဝမ္ရယ္၏ မ်က္ဝန္းတို႔သည္ ရွင္းရန္၏ အေနာက္ အေတာ္လွမ္းလွမ္းေနရာတြင္ ရွိေသာ စားေသာက္ဝိုင္း၌ ထိုင္ေနသည့္ ရီဟြားႏွင့္ အၾကည့္ခ်င္းဆုံသြားသည္။ ရီဟြား ဝမ္ရယ္အား ဂုဏ္ျပဳေသာ အေနျဖင့္ ၿပဳံးျပလိုက္သည္။

အမွန္တကယ္ ပိုင္ဆိုင္ခ်င္သည့္ အရာအား အာဏာမရွိေသာေၾကာင့္ ေငးၾကည့္ေန႐ုံသာ တတ္နိုင္သည့္အျဖစ္အတြက္ ဝမ္ရယ္ ရင္ထဲနာက်င္သြားရသည္။ သူ႕အား ခံစားခ်က္မ်ား ဖြင့္ဟဝန္ခံခဲ့သည္ ဟြားအယ္၏ ယခုသူ႕အတြက္အၿပဳံးသည္ အမွန္တကယ္ ဝမ္းသာေသာ အၿပဳံးမျဖစ္နိုင္။

အားလုံး၏ အျမင့္ေနရာတြင္ ရွိၿပီး ခ်စ္ရသူအား အရာအားလုံး ေပးနိုင္သူတစ္ေယာက္ျဖစ္ခ်င္ေသာ္လည္း ယခုအခ်ိန္တြင္ သူ႕အေနျဖင့္ ဝမ္းနည္းေအာင္ပင္ လုပ္ေနမိသည္။

'ဟြားအယ္ ကိုယ့္ကို ေစာင့္ေနပါ...တစ္ေန႕ အရာအားလုံးက မင္းအတြက္ ျဖစ္လာေစရမယ္'

သူ႕အား မ်က္ေတာင္မခတ္ စိုက္ၾကည့္ေနေသာ ဝမ္ရယ္ေၾကာင့္ ရီဟြား စိတ္ထဲ မတင္မက် ခံစားလာရသည္။

သတို႔သမီးျဖစ္ေသာ ရွင္းရန္ဆီတြင္သာ ရွိရမည့္ အၾကည့္တို႔ အဘယ္ေၾကာင့္ သူ႕ထံေရာက္ေနမွန္း သူ တကယ္ပင္ မသိ။ မူလ ဝူရီဟြားသည္ ဝမ္ရယ္ အေပၚ အေႂကြးတင္ေနေသာေၾကာင့္ေပလား။ နယ္စပ္မသြားခင္ ရစရာရွိသည့္ အေႂကြး မရေသာေၾကာင့္ ထိုကဲ့သို႔ ေၾကာက္စရာအၾကည့္တို႔ ေပးေနျခင္း ျဖစ္ေလာက္သည္။

ရီဟြား ၾကက္သီးထကာ အၾကည့္တို႔အား လႊဲဖယ္ပစ္လိုက္ေတာ့ ပုလႅင္ထက္ရွိ ရွင္း၏အၾကည့္တို႔ႏွင့္ သြားဆုံေလေတာ့သည္။ ခ်က္ခ်င္းပူလာေသာ မ်က္ႏွာေၾကာင့္ မ်က္လႊာခ်ကာ ေခါင္းငုံ႕ထားလိုက္ေတာ့သည္။

စားပြဲထက္ရွိ စားစရာမ်ားသာ ငုံ႕စားေနေသာ္လည္း ပါးစပ္ထဲတြင္ အရသာရွိမေန။ အစာစားျခင္းအလုပ္တြင္ အခ်ိန္ေပးလိုက္ေသာေၾကာင့္ အခ်ိန္မည္မွ် ၾကာသြားမွန္း မသိလိုက္။

မဂၤလာ အစဥ္အလာမ်ား ၿပီးသြားေသာေၾကာင့္ သတို႔သား၊ သတို႔သမီးတို႔ပင္ နန္းရင္ျပင္တြင္ မရွိၾကေတာ့ေခ်။ လူအို အမတ္မ်ားၾကားထဲ ေနရက်ပ္ေသာေၾကာင့္ ရီဟြား အျပင္သို႔ လမ္းေလွ်ာက္ထြက္လာလိုက္သည္။

နန္းေတာ္ဥယ်ာဥ္အလယ္ရွိ စားပြဲဝိုင္းတြင္ ဝင္ထိုင္ကာ မ်က္လုံးမ်ား မွိတ္၍ ပန္းမ်ား၏ ရနံ႕အား ရႈရွိုက္လိုက္သည္။ သူသည္ ပန္းမ်ားအား ႀကိဳက္ႏွစ္သက္သူတစ္ေယာက္ မဟုတ္ေသာ္လည္း ပန္းရနံ႕မ်ားကိုမူ လြန္စြာ ႏွစ္သက္ေပသည္။

ေလႏွင့္အတူ လြင့္ပ်ံ့လာေသာ ပန္းရနံ႕မ်ားအား အေတာ္ၾကာ ရႈရိုက္ၿပီးေနာက္ မ်က္လုံးအား ဖြင့္လိုက္ေသာအခါ ေရွ႕တည့္တည့္ ခုံတြင္ ထိုင္ေနသူေၾကာင့္ ႐ုတ္တရက္လန႔္သြားရသည္။

"ဘာလို႔ အဲေလာက္ လန႔္သြားရတာလဲ ေရွာင္ဟြား"

"ရွင္းက ဘာလို႔ ဒီမွာ ရွိေနရတာလဲ...အခမ္းအနားမွာ ရွင္း ရွိေနမွ ျဖစ္မွာမလား"

"ကိုယ္ ထြက္လာခ်င္ရင္ ဘယ္သူက ကိုယ့္ကို တားရဲမွာလဲ"

ရီဟြား ပါးစပ္ပိတ္ေနလိုက္သည္။ ယခုခ်ိန္ဘာမွ မေျပာျခင္းသည္ သူ႕အတြက္ အေကာင္းဆုံးျဖစ္နိုင္သည္။

"ေရွာင္ဟြား ကိုယ္နဲ႕အတူ လာေနမလား"

"ဟုတ္ကဲ့...အမ္ ဘာ ဘာေျပာလိုက္တာ"

ရီဟြား သူ ၾကားလိုက္ရေသာ စကားအား မယုံၾကည္နိုင္ေသာေၾကာင့္ ျပန္ေမးလိုက္ရသည္။

"ကိုယ္ ေျပာတာက ကိုယ္နဲ႕အတူ လာေနမလားလို႔"

"မဟုတ္ဘူးေလ...ကြၽန္ေတာ္က ဘယ္လို လာေနလို႔ရမွာလဲ...ၿပီးေတာ့ အဲဒီကိစၥေတြကို ကြၽန္ေတာ္တို႔ ေဆြးေႏြးၿပီးသြားၿပီေလ"

"အခ်ိန္အတိုင္းတာ တစ္ခုထိေတာ့ ကိုယ္ကပဲ သည္းခံရမွာေပါ့ ေရွာင္ဟြား...ဒါေပမဲ့ တစ္ခုေတာ့ရွိတယ္...ကိုယ့္မ်က္စိေအာက္ကေနေတာ့ ဘယ္ေတာ့မွ ေပ်ာက္မသြားနဲ႕"

"ဟုတ္ကဲ့"

ထိုစဥ္ ႐ုတ္တရက္ ထြက္ေပၚလာေသာ ေခ်ာင္းဟန႔္သံေၾကာင့္ ႏွစ္ေယာက္လုံး၏ အၾကည့္တို႔သည္ အသံထြက္ေပၚရာေနရာဆီသို႔ ေရာက္ရွိသြားၾကသည္။

"အဟမ္း"

နန္းရင္ျပင္ ေတာ္ဝင္မဂၤလာအခမ္းအနား က်င္းပရာေနရာမွ ႐ုတ္တရက္ မင္းႀကီး ထထြက္သြားသည္ႏွင့္ မုခ်န္း ဟြားေအာ္ရွိရာသို႔ ၾကည့္လိုက္မိသည္။ ဟြားေအာ္ကိုပါ မေတြ႕ရေသာေၾကာင့္ စိတ္မခ်၍ သူ ေနာက္မွ လိုက္လာခဲ့ျခင္းျဖစ္သည္။

"အကိုႀကီး အခမ္းအနားက ထြက္လာတာလား"

"အင္း အကိုႀကီး မင္းႀကီးနဲ႕ ေဆြးေႏြးစရာေလး ရွိလို႔"

အကိုႀကီး ပုံစံၾကည့္ရသည္မွာ အေရးႀကီးေသာ ကိစၥေဆြးႏြးခ်င္ပုံေပၚေနေသာေၾကာင့္ ရီဟြား ထိုင္ေနရာမွ ထထြက္လာရန္ျပင္လိုက္သည္။

"ေရွာင္ဟြား ထိုင္ေနပါ...မင္း ရွိေနလို႔ အေႏွာင့္အယွက္ မျဖစ္ပါဘူး"

"ၾကာရင္ ဟြားေအာ္ ပ်င္းလာေလာက္တယ္...စစ္ေရးကိစၥေဆြးေႏြးမွာမို႔ ဟြားေအာ္ ခဏဖယ္ေနတာက ပိုအဆင္ေျပမွာပါ"

ရီဟြား ထိုင္ရမည္ေလာ ထရမည္ေလာ မသိေတာ့။

"ဘာမွ မျဖစ္ပါဘူး စစ္သူႀကီး...ေရွာင္ဟြားအတြက္ ေလ့လာစရာျဖစ္တာေပါ့"

"မျဖစ္ပါဘူး အရွင္မင္းႀကီး...ေဆြးေႏြးတာ အေႏွာင့္အယွက္ျဖစ္ပါလိမ့္မယ္...အိမ္ေတာ္ျပန္ခိုင္းလိုက္တာ ပိုအဆင္ေျပပါလိမ့္မယ္"

နစ္ေယာက္သား၏ စကားတို႔သည္ ဆန႔္က်င္ဖက္ျဖစ္ေနၾကသည္။ အဘယ္ေၾကာင့္ ထိုသို႔ ျဖစ္ေနမွန္း သူ တကယ္နားမလည္နိုင္ေတာ့။ ရွင္း၏ အမိန႔္အား အၿမဲလိုက္နာ ေဆာင္႐ြက္တတ္ေသာ အကိုႀကီးသည္ ယခုမူ သူႏွင့္ပတ္သတ္၍ ဆန႔္က်င္စကားတို႔အား ဆိုေနေလသည္။

အကိုႀကီး ယခုတေလာအတြင္း ေခါင္းမ်ားတခုခုႏွင့္ ထိခိုက္မိသြားျခင္းလား မသိေတာ့။ အရမ္းထူးဆန္းေနသည္။

"အခမ္းအနားေတာင္ မၿပီးေသးဘူး...အိမ္ေတာ္ျပန္ခိုင္းဖို႔ အရမ္းေစာပါတယ္...ကိုယ့္ နန္းေဆာင္မွာ ခဏနားေနလိုက္ ေရွာင္ဟြား.... ကိုယ္ စစ္သူႀကီးနဲ႕ေဆြးေႏြးၿပီးရင္ နန္းေဆာင္လာခဲ့ပါ့မယ္"

"မင္းႀကီး ဟြားေအာ္ အခုတေလာ က်န္းမာေရး နည္းနည္းထိခိုက္ေနတယ္...အိမ္ေတာ္မွာ နားနားေနေန အနားယူတာ ပိုေကာင္းမွာပါ...ဟြားေအာ္ကို အိမ္ေတာ္မွာ အနားယူခြင့္ျပဳလိုက္ပါ"

"က်န္းမာေရး မေကာင္းဘူးလား...ကိုယ့္ကို ဘာလို႔မေျပာတာလဲ ေရွာင္ဟြား...ေတာ္ဝင္သမားေတာ္ႀကီး ေခၚၿပီး စမ္းသပ္ခိုင္းလိုက္မယ္"

ရီဟြား စိတ္ရႈပ္လာေသာေၾကာင့္ ေခါင္းကုတ္လိုက္ေတာ့သည္။ သူ ေနရမည္ေလာ၊ မေနရမည္ေလာ ေဆြးေႏြးသည့္ စကားဝိုင္းသည္ ေတာ္ေတာ္ႏွင့္ၿပီးမည့္ပုံ မရေတာ့ေပ။ သူ ၾကားဝင္ ေျပာလိုက္ရသည္။

"ရွင္းနဲ႕ အကိုႀကီး ဒီမွာ အေရးႀကီးကိစၥေဆြးေႏြးၾကပါ...ကြၽန္ေတာ္ ေနရမြန္းၾကပ္လာလို႔ ဒီနား လမ္းေလွ်ာက္လိုက္ပါဦးမယ္"

ရီဟြား အျမန္ေလွ်ာက္တင္ၿပီး ႏွစ္ေယာက္သား စကားမဆိုနိုင္ခင္ ထိုေနရာမွ အျမန္ထြက္လာခဲ့လိုက္သည္။ အခုပင္ ထိုေနရက်ပ္ေနေသာ ေလထုေအာက္မွ လြတ္ေျမာက္သြားရေတာ့သည္။

သူ  ထိုေနရာႏွင့္ အေဝးဆုံးဆီ ေရာက္ေအာင္ ေလွ်ာက္လာခဲ့လိုက္သည္။ အရမ္းေဝးေသာ ေနရာေရာက္ေသာအခါမွ အရိပ္ရေသာ သစ္ပင္ေအာက္တြင္ ထိုင္ကာ အနားယူေနလိုက္သည္။

ထိုစဥ္ ေရွ႕တြင္ ႐ုတ္တရပ္ေပၚလာေသာ လူတစ္ေယာက္ေၾကာင့္ ထပ္ၿပီး လန႔္သြားရျပန္သည္။

'ဒီေန႕ တကယ္ ကံမေကာင္းပါလား...႐ုတ္တရက္ႀကီး ငါ့ေရွ႕ေပၚေပၚလာၾကၿပီး ဘာျဖစ္ခ်င္ေနၾကတာလဲ'

သူ ေတြးလည္း ေတြးခ်င္စရာပင္။ ယခုလည္း သူ၏ ေရွ႕တြင္ အေမွာင္နတ္ဘုရားက ႐ုတ္တရက္ေရာက္လာျပန္သည္ေလ။ သူ နားေအးပါးေအးႏွင့္ ေအးေဆးအနားယူဖို႔ အခြင့္အေရး မရနိုင္ေတာ့။

"အေမွာင္နတ္ဘုရား ဘယ္လိုအေၾကာင္းေၾကာင့္ ကြၽန္ေတာ့္ေရွ႕ ႐ုတ္တရက္ေပၚလာရတာလဲ"

"မင္း စိတ္ဆိုးေျပၿပီ ထင္လို႔ ကိုယ္ ရွင္းျပဖို႔ ေရာက္လာတာပါ"

"ကြၽန္ေတာ့္ကို ရွင္း အကုန္ရွင္းျပထားၿပီးပါၿပီ...ၿပီးေတာ့ ကြၽန္ေတာ္ အေမွာင္နတ္ဘုရားကို စိတ္မဆိုးပါဘူး"

"သူက အကုန္ေျပာျပလိုက္တာလား"

ၾကားလိုက္ရေသာ စကားေၾကာင့္ သူ အေမွာင္နတ္ဘုရားအား စူးစိုက္ၾကည့္လိုက္သည္။

"ရွင္းက ကြၽန္ေတာ့္ကို ဘယ္ေတာ့မွ ဖုံးကြယ္ မထားတတ္ဘူး"

ရီဟြား၏ မခံခ်င္စြာ ေျပာလာေသာ စကားေၾကာင့္ က်န္းဖုန္း သူ႕စိတ္ထဲသိခ်င္လာေသာ ေမးခြန္းအား ထုတ္ေမးလိုက္သည္။

"သူနဲ႕ ဟြားနဲ႕ အေျခအေနက"

"ကြၽန္ေတာ္လည္း သူ႕ကို ခ်စ္တယ္...သူလည္း ကြၽန္ေတာ့္ကို ခ်စ္တယ္...အဲလို အေျခအေနပါ"

က်န္းဖုန္း ရင္ထဲမွ စူးေအာင့္နာက်င္မႈအား ခံစားလိုက္ရသည္။ သူ မစတင္ခင္ကပင္ ရႈံးနိမ့္သြားခဲ့ေလၿပီ။ သူသည္ အမွန္တကယ္ပင္ ရွင္းယြဲ႕အား ဘယ္ေတာ့မွ အနိုင္မရနိုင္ခဲ့ဖူးေပ။ သူတို႔၏ မၿပီးဆုံးနိုင္ေသာ အနိုင္အရႈံး တိုက္ပြဲသည္ အခ်စ္ေရးတြင္ပါ သက္ေရာက္ေနမည္ဟု သူတကယ္ မေမွ်ာ္လင့္ခဲ့။

သူ ရီဟြားအား အမွန္တကယ္ ခ်စ္ျမတ္နိုးသည္။ ရီဟြားအတြက္ အရာရာစြန႔္လႊတ္နိုင္သည္အထိ သူ၏ အခ်စ္သည္ ခိုင္ၿမဲခဲ့သည္။ သို႔ေသာ္ သူ၏ အခ်စ္သည္ အတင္းအက်ပ္ပိုင္ဆိုင္ရဖို႔ထိ တကိုယ္ေကာင္းဆန္မ​ေနခဲ့။ အရာရာ စြန႔္လႊတ္ေပးရျခင္းတြင္ ခ်စ္ရသူပါ စြန႔္လႊတ္ရလိမ့္မည္ကို သူ တခါမွပင္ မေတြးမိခဲ့ေပ။

"ကိုယ္ မင္းကို ခ်စ္တယ္ ဟြား"

သူ ေျပာလိုက္ေသာ စကားအား မယုံၾကည္နိုင္ေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လာေသာသူ။

သူ၏ အခ်စ္သည္ အသိအမွတ္ျပဳမႈပင္ မရနိုင္ခဲ့ေပ။

"ကိုယ္တို႔ရဲ႕ ၿပိဳင္ဆိုင္မႈမွာ မင္းကိုပါ ထည့္ၿပိဳင္ရေလာက္ေအာင္ထိ ကိုယ္ မမိုက္မဲေသးဘူး"

"တကယ္ ေျပာေနတာလား"

ခ်စ္ရသူ၏ ႏႈတ္ခမ္းထက္မွ ထြက္လာေသာ စကားသံသည္ နာက်င္ေနေသာ ႏွလုံးသားအား ထပ္၍ ကြဲေၾကသြားေစသည္။

"ကိုယ္ တကယ္ ေျပာတာပါ"

"ကြၽန္ေတာ္ ရွင္းကိုဘဲ ခ်စ္တာ...အဲဒါေၾကာင့္ ကြၽန္ေတာ့္အေပၚ ခံစားခ်က္ေတြ မလြန္ခင္ ျပန္႐ုတ္သိမ္းလိုက္ပါ"

အေျပာလြယ္ေသာ္လည္း အလုပ္ခက္သည္ကို မသိရွာေသာသူသည္ အလြယ္တကူပင္ ေျပာထြက္နိုင္ခဲ့သည္။ အခ်စ္ကို ခံစားရေအာင္ ျပဳလုပ္ခဲ့သူက လြယ္လြယ္ျပန္သိမ္းသြားဖို႔ သူ႕အား ေျပာေနသည္။ အခ်စ္ ခံစားခ်က္ဟူသည္ ထိုကဲ့သို႔ လြယ္လြယ္ျပန္သိမ္းနိုင္သည့္ အရာမ်ိဳးဆိုလွ်င္ မည္မွ်ေကာင္းလိုက္မည္နည္း။

"ကိုယ့္အတြက္ ႐ုတ္သိမ္းဖို႔ မလြယ္ဘူး...ဒါေပမဲ့ စိတ္ခ်ပါ...ကိုယ္ မင္းစိတ္ၿငိဳျငင္မယ့္ ကိစၥေတြ ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ပါဘူး...အဲဒါေၾကာင့္ ကိုယ္ မင္းတို႔ၾကား အေႏွာင့္အယွက္ျဖစ္မွာကို စိတ္မပူပါနဲ႕"

စိတ္ၿငိဳျငင္မယ့္အရာေတြ မလုပ္နိုင္တာ မဟုတ္၊ မလုပ္ရက္ျခင္းသာ။ မ်က္ႏွာ အလိုမက်ျဖစ္ေနသည္ကိုပင္ မျမင္ရက္နိုင္ေသာ သူ႕အတြက္ ကြဲကြာေစရန္ လုပ္ရမည့္လုပ္ရပ္တို႔သည္ ခက္ခဲလြန္းလွသည္။ ပိုင္ဆိုင္ခ်င္စိတ္ မရွိမဟုတ္၊ သူသည္လည္း ခံစားခ်က္ရွိသူတစ္ေယာက္ပင္။

သူ တစ္ေယာက္တည္း ေပ်ာ္႐ႊင္ရန္အတြက္ သူ ခ်စ္ရသူ၊ သူ႕အခ်စ္ဆုံး သူငယ္ခ်င္း၏ ေမာင္ေလး ႏွင့္ ထိုေမာင္ေလးအား အရမ္းခ်စ္ေသာ အခ်စ္ရဆုံးသူငယ္ခ်င္းတို႔ ခံစားရေစ မည့္လမ္းကို မေ႐ြးခ်ယ္ရန္ ဦးေႏွာက္က သူ႕အား တားဆီးေနသည္။ ႏွလုံးသား ဆႏၵကို လိုက္ေလ်ာခ်င္ေသာ္လည္း ဦးေႏွာက္အသိက ပိုအားသာေနသည္။

"ကိုယ့္ ခံစားခ်က္ေတြက အၿမဲတမ္း ရွင္သန္ေနမွာပါ ဟြား...ကိုယ္ မင္းကို အၿမဲေစာင့္ေနမွာမို႔ ရွင္းယြဲ႕ မင္းကို ေကာင္းေကာင္း မေစာင့္ေရွာက္ရင္ ကိုယ့္ဆီ အၿမဲလာလို႔ ရတယ္...ကိုယ္ အၿမဲတမ္း ေစာင့္ႀကိဳေနမယ္"

ရီဟြား သူ ၾကားေနရေသာ စကားတို႔အား မယုံနိုင္ေသး။ သူလို ေယာက်ာ္းတစ္ေယာက္အား ခ်စ္တယ္ဆိုေသာ စကားသည္ သူ႕အတြက္ အရမ္းထူးဆန္းေနသည္။ အေမွာင္နတ္ဘုရားအေနျဖင့္ မဟုတ္ဘဲ ညီဝမ္းကြဲေလး အျဖစ္ရွိစဥ္က သူတို႔ၾကား နီးစပ္ခဲ့ၾကေသာ္လည္း ခံစားခ်က္ရွိလာသည္အထိ မနီးစပ္ခဲ့ၾကဟု သူထင္မိသည္။ သူတို႔ၾကား အခ်စ္ခံစားခ်က္ ရွိစရာ အေၾကာင္းရင္း လုံးဝမရွိနိုင္ေပ။

ရီဟြား ဘာေျပာရမွန္း မသိေသာေၾကာင့္ ဆြံ႕အေနမိသည္။

"ကိုယ့္ကို ျမင္ေနရတာ ေနရခက္မွာေပါ့...ကိုယ္ သြားေတာ့မယ္...ကိုယ္ အၿမဲေစာင့္ေနတာကိုေတာ့ မေမ့ပါနဲ႕...ကိုယ္ရဲ႕ အေမွာင္နန္းေတာ္က မင္းကိုအၿမဲႀကိဳဆိုေနပါတယ္...အေႏွာင့္အယွက္ျဖစ္ေစတဲ့ ကိုယ္က မင္းေရွ႕ထပ္ေပၚလာမွာ မဟုတ္လို႔ ကိုယ္ မရွိခ်ိန္ အၿမဲၿပဳံးၿပီး ေပ်ာ္ေပ်ာ္ေနေပးပါ"

စကားသံတို႔တြင္ ပါဝင္ေနေသာ ဝမ္းနည္းမႈအား ရီဟြား ေသခ်ာေပါက္ခံစားလိုက္ရသည္။ အေမွာင္နတ္ဘုရား၏ သူ႕အေပၚထားရွိေသာ ခံစားခ်က္တို႔ စစ္မွန္ေၾကာင္း သူသိရွိသြားေလၿပီ။ သို႔ေသာ္ သူဘာမွ မေျပာဘဲ ၿငိမ္ေနလိုက္သည္။

သူ ေျပာလိုက္ေသာ စကားတို႔တြင္ အမွားပါၿပီး ေမွ်ာ္လင့္ခ်က္ ျဖစ္မသြားေစခ်င္။ ခဏတာ နာက်င္ၿပီးေနာက္ ျပန္ကုစားနိုင္ေသာ္လည္း ေမွ်ာ္လင့္ခ်က္ေပးၿပီး ရိုက္ခ်ိဳးခံရသူကိုေတာ့ ျပန္လည္ကုစားဖို႔သည္ အင္မတန္ခက္ခဲလြန္းသည္။ နာက်င္ရမႈသည္လည္း အဆမတန္ကြာျခားလြန္းသည္။

သူ၏ ခံစားခ်က္တို႔သည္ ရွင္းတြင္သာ ရွိသည္မွာ ေသခ်ာေသာေၾကာင့္ အေမွာင္နတ္ဘုရား၏ ခံစားခ်က္တို႔အား သူ ေသခ်ာေပါက္ လ်စ္လ်ဴရႈပစ္ရေပမည္။

ဘယ္ေသာအခါမွ မေမ့နိုင္ေသာ ဘာဆိုဘာမွ် ျပန္ေျပာမလာသူ၏ မ်က္ႏွာအား ေငးၾကည့္ၿပီးေနာက္ ခ်စ္ရသူ၏ ေရွ႕မွ သူေပ်ာက္ကြယ္လိုက္သည္။

သူ စံျမန္းရာ အေမွာင္နန္းေတာ္သို႔ ေရာက္ရွိလာေသာ္လည္း အသိစိတ္တို႔အား ေသခ်ာစြာ ျပန္မစုစည္းနိုင္ေတာ့။

ဟိုင္ဝမ္ သူ၏ အရွင္မ်က္ႏွာအား ၾကည့္ကာ သက္ျပင္းခ်လိဳက္သည္။ ႏွစ္ေပါင္းေထာင္ခ်ီ အရွင့္ထံပါး အမႈထမ္းလာသူ ျဖစ္ေသာေၾကာင့္ သူအေနျဖင့္ အရွင္၏ ေပ်ာ္႐ႊင္ျခင္း၊ ဝမ္းနည္းျခင္း မ်က္ႏွာအမူအရာတို႔ႏွင့္ ရင္းႏွီးေနၿပီျဖစ္သည္။

အရွင္၊ ရွင္းယြဲ႕နတ္ဘုရားႏွင့္ သခင္ေလးရီဟြားတို႔ၾကား ကိစၥမ်ားအားလည္း သူ ရိပ္မိေနေလၿပီ။ သခင္ေလး ရီဟြားေ႐ြးခ်ယ္သူသည္ သူ၏အရွင္ မျဖစ္နိုင္သည္မွာ ေသခ်ာသည္။

"ဟိုင္ဝမ္"

ဝမ္းနည္းေနေသာ အရွင္၏ ေခၚသံေၾကာင့္ သူအျမန္ျပန္ေျဖလိုက္သည္။

"မွန္ပါ အရွင္"

"ငါ တံခါးပိတ္ၿပီး တရားက်င့္မွာမို႔ ဘယ္သူမွ လာမေႏွာင့္ယွက္ပါေစနဲ႕"

ဟိုင္ဝမ္ အရွင္၏ စကားေၾကာင့္ ထိတ္လန႔္သြားရသည္။ အေရးႀကီးေသာ အေျခအေနတြင္ အရွင္က တရားက်င့္ဖို႔ ေ႐ြးခ်ယ္သည္တဲ့။ က်င့္စဥ္အတြက္ အခ်ိန္မည္မွ် ၾကာမည္ မသိေသာ္လည္း ဆယ္စုႏွစ္ခ်ီ႐ုံေလာက္ႏွင့္ေတာ့ ရမည္ မဟုတ္သည္မွာ ေသခ်ာသည္။

က်င့္စဥ္က်င့္ေနစဥ္အတြင္း ေႏွာင့္ယွက္ခံရျခင္းေၾကာင့္ျဖစ္ေစ၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ က်င့္စဥ္ရပ္လိုက္ပါက အစြမ္းတို႔အား လြန္စြာ ထိခိုက္နိုင္သည္။ နတ္ဘုရား ခႏၶာကိုယ္သည္လည္း အားအင္ဆုတ္ယုတ္ကာ မ်ားစြာ အႏၲရာယ္မ်ားလွသည္။ သူ၏ အရွင္အား နားမလည္နိုင္ေတာ့။

"အရွင္ ေသခ်ာစဥ္းစားပါဦး...ခုလိုအေျခအေနမွာ အရမ္းအႏၲရာယ္မ်ားလြန္းပါတယ္"

"ငါ အကုန္လက္ေလ်ာ့ခ်င္ၿပီ ဟိုင္ဝမ္...ေပ်ာ္႐ႊင္မႈဆိုတာကို မသိရဘဲ ျဖတ္သန္းရမယ့္ ငါ့ရဲ႕ေန႕ရက္ေတြကို စိတ္ကုန္ေနၿပီ...တတ္နိုင္သမွ် ငါ့စိတ္ကိုစုစည္းၿပီး က်င့္ႀကံတာကို စိတ္ႏွစ္ထားမွာမို႔ ငါ့အတြက္ စိတ္မပူပါနဲ႕"

အရွင္၏ ဆုံးျဖတ္ခ်က္သည္ ခိုင္မာေနၿပီျဖစ္ေၾကာင္း ဟိုင္ဝမ္သိရွိလိုက္သည္။ ဆုံးျဖတ္ခ်က္တစ္ခုအား ျဖစ္ေျမာက္ေအာင္ လုပ္တတ္ေသာ သူ၏ အရွင္အား တားဆီးရန္ မျဖစ္နိုင္ေတာ့။

ေနာက္ဆုံးအေနျဖင့္ အရွင္၏ က်င့္ႀကံမႈ အေႏွာင့္အယွက္မရွိေစရန္ ဆုေတာင္း႐ုံသာ သူ တတ္နိုင္ေပေတာ့သည္။

***********************

Продолжить чтение

Вам также понравится

Sunshine(Completed) လက်ခတ်

Любовные романы

45.3K 4.3K 19
Uni ခင်ဗျားတို့သိလား။ လောကကြီးမှာတစ်ခါတစ်လေမထင်ထားတာတွေဖြစ်တတ်တယ်။ ဥပမာ- ကျတော့်မွေးစားသားလေးကိုကျတော်ချစ်မိသွားတာမျိုး Start date-18.6.2020 End date...
383K 33.3K 62
About a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi)
63K 6.2K 23
အခ်စ္ဆံုးသူငယ္ခ်င္းေတြဆိုတဲ့ သတ္မွတ္ခ်က္နဲ႔ မင္းအနားမွာ ေနရလည္း ငါေက်နပ္ပါတယ္ ဒါေပမယ့္.... ငါ့ရဲ႕အခ်စ္က မင္းကို က်ိိ္န္စာသင့္ေစမယ္ဆိုရင္... မင္းရဲ႕အန...
530K 61.3K 41
The love story between two human beings. Cover By: kin_tesu99