ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Co...

By StarRia19

1.1M 136K 5.6K

Zawgyi "ကိုယ့်ပြည်သူတွေ ကိုယ်ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ယှဥ်လာရင်တော့ ကိုယ်မင်းတစ်ယောက်ကိုပဲ မြင်တယ်" ကံကြ... More

အပိုင်း(၁)ဝိညာဉ်ကူးပြောင်းခံလိုက်ရခြင်း
အပိုင်း(၂) အလကားရလိုက်သော Brocon အကိုကြီး
အပိုင်း(၃.၁) ဇာတ်ကြောင်းပြောင်းလဲနေခြင်း
အပိုင်း(၃.၂) ဇာတ်ကြောင်း ပြောင်းလဲနေခြင်း
အပိုင်း(၄.၁) စတင်တွေ့ဆုံခြင်း
အပိုင်း(၄.၂) စတင်တွေ့ဆုံခြင်း
အပိုင္​း(၅.၁) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင္​း(၅.၂) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင်း(၆.၁)ဇာတ်ကောင် အများကြီး ပေါ်လာပြီ
အပိုင်း(၆.၂) ဇာတ်ကောင်အများကြီး ပေါ်လာပြီ
အပိုင်း(၇) ထူးဆန်းလွန်းသော အဓိက ဇာတ်ဆောင်နှစ်ယောက်
Promotion
အပိုင်း(၈)ညီဝမ်းကွဲလေးအိမ်တော်ရောက်လာခြင်း
အပိုင်း(၉)လုပ်ကြံခံရခြင်း
အပိုင်း(၁၀) ထူးဆန်းလွန်းသော ရှင်း
အပိုင်း(၁၁) အဆိပ်ခတ်ရန်ကြံစည်ခြင်း
ဇာတ္ေကာင္နာမည္မ်ား
အပိုင်း(၁၂) ဆီမီးလွှတ်ပွဲ၌ တစ်ညတာ
အပိုင်း(၁၃) သေရည်မူးကာ သောင်းကျန်းခြင်း
အပိုင်း(၁၄) အရာရှိစာမေးပွဲ အောင်မြင်ခြင်း
အပိုင်း(၁၅) ပထမဆုံး ညီလာခံတက်ခြင်း
အပိုင်း(၁၆) ရှင်းရန်၏ အိပ်မက်
အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း
အပိုင်း(၁၈) ရွှေကြာပန်းအား ရယူရန် ကြိုးစားခြင်း
အပိုင်း(၁၉) အရှင်မင်းကြီး၏ စီရင်ချက်
အပိုင်း(၂၀) ရှင်းယွဲ့နတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏ သရုပ်မှန်ပေါ်ခြင်း
အပိုင်း(၂၁) မျှော်လင့်မထားသော လက်ထပ်ခွင့်
အပိုင်း(၂၃) ဖွင့်ဟဝန်ခံခြင်း
အပိုင်း(၂၄) အမှောင်နတ်ဘုရား၏ ခံစားချက်
အပိုင်း(၂၅)မေချင်းနတ်ဘုရားမမှန်း သိရှိခြင်း
အပိုင်း(၂၆) လေးစားရသော အမတ်ချုပ်ကြီး
အပိုင်း(၂၇) ကလေးဆန်သော အမတ်ချုပ်ကြီး
အပိုင်း(၂၈) ရှင်းယွဲ့နတ်ဘုရားအား မြူ ဆွယ်ခြင်း
အပိုင်း(၂၉) မင်းကြီးနှင့်အတူတူ အိပ်စက်ခြင်း
အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်
အပိုင်း(၃၁)ဧကရီတင်မြှောက်ရန် ကြေညာခြင်း
အပိုင်း(၃၂) လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း
အပိုင်း(၃၃) ဝမ်ရယ်အိမ်တော်သို့ အလည်သွားခြင်း
အပိုင်း(၃၄) လက်ထပ်ခွင့်
အပိုင်း(၃၅)လက်ထပ်ပွဲ ဖျက်ရန် အစီအစဉ်
အပိုင်း(၃၆) သွေးစွန်းသွားသော ဧကရီတင်မြှောက်ပွဲ
အပိုင်း(၃၇) ရှောင်လွှဲ၍ မရနိုင်သော စစ်ပွဲ
အပိုင်း(၃၈) အကျယ်ချုပ်ချခံရခြင်း
အပိုင်း(၃၉) ထာဝရ အိပ်စက်သွားသူ
အပိုင်း(၄၀) နောက်ဆုံး နှုတ်ဆက်ရခြင်း
အပိုင်း(၄၁) အထီးမကျန်စေချင်၍ အဖော်လိုက်သွားသူ
အပိုင်း(၄၁) ပြန်လည်နိုးထလာခြင်း
အပိုင်း(၄၃) အမှတ်တရများ ပြန်လည်တွေ့ရှိခြင်း
အပိုင်း(၄၄) final လှပသော ထာဝရ ချစ်ခြင်းတစ်ခု 🙆🙆
ေက်းဇူးတင္လႊာႏွင့္ ႏႈတ္ဆက္လႊာ
Extra-1
Extra-2
Hello💙
Thadingyut Gift✨✨
Announcement ✨✨
Hello...
Next fiction Promotion
Book announcement
Today order date✨✨
Attention please...
Extra-3
Extra-4
Book Preorder

အပိုင်း(၂၂)တော်ဝင်လက်ထပ်ပွဲ

18.2K 2.4K 117
By StarRia19

Unicode

အပိုင်း(၂၂)

တော်ဝင်လက်ထပ်ပွဲ

ခမ်းနားလွန်းသော ဘုရင့်နန်းဆောင်ထဲတွင် မင်းကြီး၊ ဝမ်ရယ်၊ ရှင်းရန်နှင့် စစ်သူကြီးတို့ ရှိနေကြသည်။

မင်းကြီးနှင့် စစ်သူကြီးတို့ စစ်ရေးအခြေအနေအား ဆွေးနွေးနေစဉ် အရေးကြီးသော ကိစ္စလျှောက်တင်ရန်ဟု ဝမ်ရယ်ကခွင့်တောင်းလာသောကြောင့် မင်းကြီးအနေဖြင့် နန်းဆောင်ထဲ ဝင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

"ကျောက်ဟွမ်...အကိုတော်ကို ဘာအရေးကြီးကိစ္စလျှောက်တင်မလို့လဲ"

ဝမ်ရယ်နှင့် ရှင်းရန်တို့သည် မင်းကြီးအား အရိုအသေပြုလိုက်ပြီးနောက်တွင် မင်းကြီး၏ အမေးစကားအား ဝမ်ရယ်က ပြန်လည်ဖြေကြားလိုက်သည်။

"နန်းတော်မှာ နေရတာ မယ်တော့်ရဲ့ အငွေ့အသက်တွေ ခံစားနေရလို့ ညီတော် နေရထိုင်ရအဆင်မပြေပါဘူး...အဲဒါကြောင့် ဖြစ်ခဲ့သမျှ မေ့ပျောက်နိုင်သည်ထိ ကျွန်တော့်ကို အနောက်တောင်နယ်စပ်ဒေသမှာ တာဝန်ထမ်းဆောင်ခွင့်ပေးပါ အကိုတော်"

ဝမ်ရယ်၏စကားကြောင့် မင်းကြီး၏ မျက်နှာထက်တွင် အပြုံးမမည်သော အပြုံးပါးတစ်ခုပေါ်ပေါက်လာခဲ့သည်။

"ကောင်းပြီ...အကိုတော် ခွင့်ပြုတယ်...ဘယ်တော့လောက် သွားမလဲ ညီတော်"

"ကျွန်တော်နဲ့ ရှင်းရန် စေ့စပ်ကြောင်းလမ်းထားတာကြာပါပြီ...မိဘတွေစီစဉ်ခဲ့တဲ့အတိုင်း ကျွန်တော်တို့ လက်ထပ်ပြီးမှ နယ်စပ်ဒေသကို သွားလိုကြောင်းပါ အကိုတော်"

"ကောင်းပြီ အကိုတော်က ညီတော်ရဲ့အုပ်ထိန်းသူအနေနဲ့ မိဘနေရာကနေပြီး လက်ထပ်ပွဲကို စီစဉ်ပေးမယ်...တော်ဝင်မင်းသားတစ်ယောက်ရဲ့ လက်ထပ်ပွဲဖြစ်လို့ နန်းတော်မှာပဲ ခမ်းခမ်းနားနားပြင်ဆင်ကျင်းပပေးမယ်...လက်ထပ်ပွဲပြီးရင် ရှင်းရန်က ညီတော်ရဲ့တရားဝင်တော်ဝင်ကြင်ယာတော် ဖြစ်ပြီ...ညီတော်အနေနဲ့ သေချာဂရုစိုက် စောင့်ရှောက်ပါ...နယ်စပ်ဒေသက အရမ်းဝေးလံလွန်းတယ်"

"မှန်ပါ အကိုတော်...ညီတော် သေချာ ဂရုစိုက်စောင့်ရှောက်ပါ့မယ်"

နန်းဆောင်ထဲတွင် ခဏကြာ တိတ်ဆိတ်သွားသည်။ တိတ်ဆိတ်မှုအား ဖြိုခွဲရန် မင်းကြီးသည် စကားစပြောလိုက်သည်။

"ညီတော့်အနေနဲ့ အကိုတော်ကို ထပ်ပြီး လျှောက်တင်စရာ ရှိသေးလား"

"ညီတော် နယ်စပ်ဒေသကို တာဝန်ထမ်းဆောင်ဖို့ သွားတဲ့အခါ ညီမတော်ရီရီကိုပါ ခေါ်သွားပါရစေ"

မင်းကြီးအနေဖြင့် ဝမ်ရယ်၏ စကားကြောင့် တွေဝေသွားရသည်။ ရီရီအား သူ့အနေဖြင့် စောင့်ကြည့်ရန် လိုအပ်သေးသောကြောင့်ပင်။ သို့သော် သူ၏ စိတ်ထဲမှ ရီရီသည် သူ၏ အမတော် မဖြစ်နိုင်ဟုလည်း ခံစားနေရသည်။

"အကိုတော် ရီရီ ကိစ္စကို စဉ်းစားကြည့်ဦးမယ်"

ဝမ်ရယ် အနေနဲ့လည်း ရှင်းယွဲ့နတ်ဘုရားသည် ရီရီအား အလွယ်တကူ သူနှင့်လိုက်ခွင့်ပြုမည် မဟုတ်ကြောင်းခန့်မှန်းထားပြီးဖြစ်သည်။ ထို့ကြောင့် ဆက်၍ မတောင်းဆိုတော့။

"အဲဒါဆို ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါ အကိုတော်"

"ကောင်းပြီ"

မင်းကြီး၏ ခွင့်ပြုချက်ရသည်နှင့် ဝမ်ရယ်နှင့် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော ရှင်းရန်တို့သည် မင်းကြီးအား အရိုအသေပြုလိုက်ပြီး နန်းဆောင်ထဲမှ ထွက်ခွာသွားကြသည်။

ထိုအခါမှသာ ငြိမ်သက်နေခဲ့သော စစ်သူကြီးသည်လည်း မင်းကြီးအား စကားဆိုလာသည်။

"အရှင်မင်းကြီး...အနောက်တောင်နယ်စပ်ဒေသက မယ်တော်ကြီးရဲ့ လက်အောက်ခံနယ်မြေပါ...ဝမ်ရယ်ရဲ့ အစီအစဉ်က ထင်ရှားပေါ်လွင်နေပါတယ်...မင်းကြီး သတိထားသင့်တယ်"

စစ်သူကြီး၏ စိုးရိမ်သော သတိပေးစကားကြောင့် မင်းကြီး၏မျက်နာထက်တွင် အပြုံးတို့ပေါ်ပေါက်လာသည်။ စားပွဲခုံပေါ်တင်ထားသော ခေါက်ယပ်တောင်အား ယူကာ အသာအယာ ယပ်ခတ်နေလိုက်သည်။

"ကိုယ်တော် သိတယ်...သူက ပုန်ကန်ချင်နေမှတော့ ကိုယ်တော် အခွင့်အရေးပေးလိုက်တာပေါ့...နန်းတော်ထဲက အမှိုက်တွေကို ရှင်းပစ်ဖို့အချိန်ကောင်းပဲ...အချိန်တန်ရင် တစ်ယောက်ချင်း ရှင်းပစ်စရာမလိုဘဲ တစ်စုတစ်စည်းတည်း စုဆုံသွားမယ့် အမှိုက်သရိုက်တွေကို သက်သက်သာသာ ရှင်းလင်းလိုက်လို့ရပြီ"

"အရှင်မင်းကြီးမှာ အစီအစဉ်ရှိပြီးသားလား"

စစ်သူကြီး၏ စကားအား ကြားလိုက်ရသော မင်းကြီးသည် အပြုံးမပျက်ဖြင့် နာမည်တစ်ခုအား ခေါ်ဆိုလိုက်သည်။

"ချန်း"

လေအလျင်ကဲ့သို့ အရိပ်တစ်ခု နန်းဆောင်ထဲပေါ်လာပြီးနောက် မင်းကြီး ရှေ့မလှမ်းမကမ်းတွင် ဒူးထောက်နေသော ကိုယ်ရံတော်ဝတ်စုံဝတ်ဆင်ထားသူ တစ်ယောက်အား မြင်တွေ့လိုက်ရသည်။

"ချန်း ကျောက်ဟွမ် နယ်စပ်ဒေသကိုသွားတဲ့အခါ နောက်ယောင်ခံဖို့ မင်းရဲ့လူတွေ လွှတ်ထားပါ...ကျောက်ဟွမ်ရဲ့ လှုပ်ရှားမှုတိုင်း မင်းရဲ့လူတွေ လက်အောက်က မလွတ်ပါစေနဲ့"

"မှန်ပါ အရှင်"

"ရပြီ မင်းထွက်သွားတော့"

"မှန်ပါ"

မင်းကြီး၏ အမိန့်အား နာခံစွာ ခဏချင်းပင် အရိပ်ကိုယ်ရံတော်ခေါင်းဆောင်တစ်ယောက် နန်းဆောင်ထဲမှ ပျောက်ကွယ်သွားတော့သည်။

ခေတ်အဆက်ဆက် ရှင်ဘုရင်တို့အား အသက်ပေးကာကွယ်ရသည့် အရိပ်ကိုယ်ရံတော်ဖြစ်ရန် အဆင့်ဆင့်စမ်းသပ်မှုတို့ကို ကျော်ဖြတ်ရသည်။ သာမန်လူများလုံးဝ မရင်ဆိုင်နိုင်သည့် ခက်ခဲရက်စက်သော စမ်းသပ်မှုများဖြစ်သည်။

ခေါင်းဆောင်တစ်ယောက်ဖြစ်သော အရိပ်ကိုယ်ရံတော်ခေါင်းဆောင်သည်ကတော့ တကယ့်အရည်အချင်းပြည့်ဝသော သက်တော်စောင့်တစ်ယောက်ဖြစ်သည်မှာ သေချာသည်။

စစ်သူကြီးအနေဖြင့်လည်း အရိပ်ကိုယ်ရံတော်ခေါင်းဆောင်အား ယုံကြည်သောကြောင့် ထိုကိစ္စအား စိုးရိမ်မနေတော့ပေ။

"စစ်သူကြီး...ရှောင်ဟွား ခုထိ တရားထိုင်သွားတာ ပြန်မလာသေးဘူးလား"

မင်းကြီး၏ စကားကြောင့် စစ်သူကြီးအတွေးထဲနစ်ဝင်သွားရသည်။ မင်းကြီး ခေါ်သောကြောင့် နန်းတော်ထဲဝင်သည့်နေ့က အိမ်တော်ပြန်ရောက်လာသော ဟွားအော် တစ်ယောက် မျက်နှာများနီရဲနေပြီး ချက်ချင်း အထုပ်အပိုးများပြင်လေတော့သည်။

စိုးရိမ်သောကြောင့် နောက်မှတောက်လျှောက်လိုက်ကာ မေးမြန်းသော်လည်း တစ်ခွန်းမှ ပြန်မပြောပေ။ ထုတ်ပိုးပြင်ဆင်ပြီးသောအခါမှသာ သူ့အား စကားပြောလာသည်။

"အကိုကြီး ကျွန်တော် မကောင်းတဲ့အတွေးတွေ ဝင်နေလို့ စိတ်ငြိမ်အောင် ဘုရားကျောင်းမှာ တရားသွားထိုင်ဦးမယ်...ကျွန်တော့်ကို လာရှာသူမှန်သမျှ အိမ်တော်မှာ မရှိဘူး ဘုရားကျောင်းမှာ ကုသိုလ်ယူနေတာမို့ လာမနှောင့်ယှက်ပါနဲ့လို့ ပြောလိုက်ပါ...အကိုကြီး စိတ်ချမယ်နော်"

ဟုပြောပြီး ယွီလေးကိုပင် မခေါ်ဘဲ မပြောမဆိုပျောက်သွားသည်မှာ နှစ်ရက်မျှပင် ကြာနေလေပြီ။ သူ့ကို ခေါ်မသွားသောကြောင့် ယွီလေး ပြောမဆုံးနိုင်အောင် အပြစ်တင်နေသည်မှာလည်း နှစ်ရက်ပင်ရှိပြီ။

ဟွားအော် ပျောက်ပြီး တရက်ပင်မပြည့်သေး ရုတ်တရက်အိမ်တော်ရောက်ချလာသော မင်းကြီးအား ဟွားအော် ပြောခဲ့သလို ပြောပြသော်လည်း မယုံကြည်ဘဲ အိမ်တော်ထဲ ဝင်ရှာခံလိုက်ရသေးသည်။

တကယ်မရှိမှန်း သိသွားသော်လည်း နန်းတော်မှ လူလွှတ်ကာ ပြန်ရောက်ပြီလားဟု ဘယ်နှစ်ကြိမ်မှန်းမသိ အမေးခံရသေးသည်။ အေးဆေးနေတတ်သော စစ်သူကြီးအနေဖြင့် လုံးဝစိတ်ရှုပ်နေပြီ ဖြစ်သည်။ သူ့ညီနှင့် မင်းကြီးတို့ကြား ဘာဖြစ်ထားမှန်း သူ တကယ်နားမလည်နိုင်တော့။

"ခုထိ ပြန်မရောက်သေးပါဘူး အရှင်မင်းကြီး"

"ရှောင်ဟွား ပြန်ရောက်ရင် ကိုယ်တော့်ကို လူလွှတ်အကြောင်းကြားပေးပါ"

"မှန်ပါ"

"စစ်သူကြီးလည်း တခြားလျှောက်တင်စရာမရှိရင် သွားလို့ရပြီ"

"မှန်ပါ အရှင်...ကျွန်တော်မျိုးကို သွားခွင့်ပြုပါ အရှင်"

မတင်မကျဖြစ်နေသော စိတ်ခံစားချက်နှင့်အတူ စစ်သူကြီးသည်လည်း နန်းဆောင်ထဲမှ ထွက်သွားလိုက်သည်။

နန်းတော်အပြင်သို့ မရောက်သေး သူ၏ရှေ့တည့်တည့်မှ လျှောက်လာသော မင်းသမီးရီရီနှင့် ထိပ်တိုက်တိုးလေတော့သည်။

"စစ်သူကြီး...အကိုတော်နန်းဆောင်ကနေပြန်လာတာလား"

"မှန်ပါ မင်းသမီး...ကျွန်တော်မျိုး မင်းကြီး နန်းဆောင်ကနေပြန်လာတာပါ"

စစ်သူကြီး မင်းသမီးရီရီ၏ မျက်နှာအား အကဲခတ်ကြည့်လိုက်သည်။ မျက်နှာထက်တွင် မလိုမုန်းထားသော အရိပ်အယောင်တို့အား အတိုင်းသားတွေ့မြင်နေရသည်။ စစ်သူကြီး သက်ပြင်းချလိုက်မိ၏။

"ကျွန်မ မကြာခင် အကိုကြီးနဲ့အတူ နယ်စပ်ဒေသကို လိုက်သွားတော့မယ်"

"အင်း"

"နှုတ်ဆက်ပါတယ် စစ်သူကြီး ကျွန်မရဲ့ ခံစားချက်တွေကိုလည်း အကုန်ဖျောက်ဖျက်သွားမှာမို့ စစ်သူကြီးအနေနဲ့ ကျွန်မနဲ့ ပတ်သတ်ပြီး စိတ်ပူစရာမလိုတော့ပါဘူး"

"အင်း"

အမြဲတမ်း သူ(မ)ရှေ့တွင် အနေတည်ကာ စကားနည်းသူအား စူးစိုက်ကြည့်ပြီး ရီရီ သူမ၏နှုတ်ခမ်းတို့အား နာကျင်အောင် ဖိကိုက်ထားလိုက်မိသည်။

"စစ်သူကြီးကို ကျွန်မအနေနဲ့ ရီဟွားနဲ့ပတ်သတ်ပြီး သတိပေးစရာရှိတယ်"

သူ(မ)၏ စကားကြောင့် စစ်သူကြီးသည် သူ(မ)အား စူးစိုက်ကြည့်လာသည်။ ဘယ်တော့မှ မရခဲ့သော အာရုံစိုက်မှုတို့သည် နှုတ်ခမ်းထက်မှ နာမည်တစ်ခုအား ပြောလိုက်ရုံဖြင့် ရလာလေသည်။ မခံမရပ်နိုင်ဖြစ်မှုတို့ကြောင့် ရင်ထဲတွင် အောင့်သက်နာကျင်လာရသည်။

"ရီဟွားနဲ့ အကိုတော်ကြားမှာ ပုံမှန် မဟုတ်တာကို စစ်သူကြီးလည်း သတိထားမိမယ် ထင်တယ်...နန်းတွင်းမှာ ပျံ့နေတဲ့ကောလဟာလ ရှိတယ်...အကိုတော်က ရီဟွားကို လက်ထပ်လိမ့်မယ်တဲ့...စစ်သူကြီးက အရမ်းချစ်ရတဲ့ညီလေးကို အနောက်ဆောင်သွင်းဖို့ ဆန္ဒတော့ မရှိဘူးမလား...ရာထူးအာဏာအတွက် သမီးကညာတွေကို အနောက်ဆောင်ပို့တဲ့သူတွေထဲ မပါဖို့မျှော်လင့်ပါတယ်...သြော် မေ့လို့ သမီးကညာ မဟုတ်ဘူး...တစ်ဦးတည်းသော ညီလေး"

ရီရီ၏ စကားတို့ကြောင့် စစ်သူကြီး၏ မျက်နှာသည် တည်ကြည်လေးနက်သွားသည်။

"မင်းသမီး ရီရီက ဟွားအော်ကို အရမ်းအထင်သေးနေတာပဲ...ကျွန်တော်မျိုး ညီလေးက မင်းကြီးကို မှီခိုပြီး အာဏာရမဲ့ လူတစ်ယောက်မဟုတ်ဘူး...ကောလဟာလဆိုတာ ကောလဟာလသက်သက်ပါ"

"အရင်းအမြစ်ရှိလို့ ကောလဟာလဆိုတာ ရှိလာတာပါ စစ်သူကြီး...သူတို့ကြားထဲက ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးကိုတော့ စစ်သူကြီးက သေချာပိုသိမှာပါ...သတိပေးရုံသက်သက်မို့ စိတ်ထဲမထားပါနဲ့"

ပြောချင်သော စကားတို့အား ပြောပြီးနောက်လှည့်ထွက်သွားသော ရီရီအား ကြည့်ကာ စစ်သူကြီး၏ ခေါင်းထဲတွင် လုံးဝရှုပ်ထွေးသွားရတော့သည်။

ရီရီ ပြောသွားသလို မင်းကြီးနှင့် ဟွားအော်ကြားရှိ ပုံမှန်မဟုတ်သော ဆက်ဆံရေးအား သူ အသိဆုံးပင်။ ရိပ်မိနေသော်လည်း မဖြစ်နိုင်ဟု တွေးကာ ခဏခဏမေ့ဖျောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုချိန်တွင် သာမန်ကာလျှံကာ နေ၍ မရတော့။

အရမ်းချစ်ရသည့် တစ်ဦးတည်းသော ညီလေးအား အနောက်ဆောင်သို့ သူ ဘယ်တော့မှ ပို့မည်မဟုတ်ချေ။ အနောက်ဆောင်ပင် မဟုတ် သူ ဘယ်ကိုမှ မပို့နိုင်ပါ။ သူ့မျက်လုံးထဲတွင် ညီလေးသည် အခုထက်ထိ အရွယ်မရောက်သေးသော ကလေးမျှသာ ရှိနေသေးသည်။

ကောလဟာလများအတိုင်း အမှန်ဖြစ်လာပါက အရှင်သခင်ပင် ဖြစ်ပါစေ၊ ချောမောလွန်းသော ညီငယ်အား အနောက်နန်းဆောင် အပျော်ကြင်ယာတော် အဖြစ် ကြည်ဖြူ စွာ ပေးလိမ့်မည် မဟုတ်။ ညီငယ်နဲ့ ထိုက်တန်သည်ဟု ဘယ်သူ့မှ လက်ခံကြည့်၍လည်း မရပေ။

စစ်သူကြီးသည် ဘုရားကျောင်းသွားနေကာ အိမ်တော်သို့ ပြန်ရောက် မလာသေးသော ညီလေး အကြောင်းတွေး၍ သက်ပြင်းမောကိုသာ ချလိုက်ရလေတော့သည်။

***************************

ရီဟွား ဘုရားကျောင်းတွင် ရောက်နေသည်မှာ နှစ်ရက်ပင်ရှိပြီ။ ရှင်း ကို ရှောင်ရန်ဟူသော အချက်အပြင် ဖြစ်ခဲ့သည်များအား မေ့ပျောက်စေရန် စိတ်ငြိမ်အောင်ဟူသော ရည်ရွယ်ချက်ဖြင့် လာနေခြင်းဖြစ်သည်။ သို့သော် မမေ့ပျောက်နိုင်ဘဲ သွားလည်းဒီစိတ်၊ စားလည်းဒီစိတ်ဖြစ်ခြင်းကမူ ဆိုးရွားလှပေသည်။

နမ်းမိသော ပုံရိပ်သည် ယခုအချိန်ထိ စိတ်ထဲပေါ်,ပေါ်လာကာ အနှောင့်အယှက်ပေးနေဆဲပင်။ တရားထိုင်လည်း တရားမရမည့်အတူတူ ရီဟွား အိမ်ပြန်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

အိမ်သို့ပြန်ချင်ရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။

သူအိမ်ရှိ အသားဟင်းလျာများကို အရမ်းလွမ်းနေသောကြောင့်ဖြစ်သည်။ သတ်သတ်လွတ် ဟင်းလျာများကို သူ ဆက်ပြီး မစားနိုင်တော့။ ဗိုက်ဆာသည့်အခါ မျက်လုံးထဲတွင် ပေါ်လာသော အသားဟင်းလျာများက သူ့အား ကျီစယ်နေကြသည်။

လှည်းယာဉ်ပေါ်မှ ဆင်းလိုက်ပြီး အိမ်တော်ဆိုင်းဘုတ်အား မော့ကြည့်လိုက်သည်။ ဝူစစ်သူကြီး အိမ်တော်ဟူသော ဆိုင်းဘုတ်က သူ့အား ကြိုဆိုနေသည်။ သူ ရောက်လာမည်ဖြစ်ကြောင်း အကြောင်းမကြားထားသောကြောင့် အပြင်တွင် အကိုကြီးရော ယွီလေးပါ ကြိုဆိုရန် ရှိမနေကြ။

အပေါက်ဝရှိ အစောင့်နှစ်ယောက်သည် သူ့အား အရိုအသေပေးကာ တံခါးဖွင့်ပေးလေသည်။ အိမ်တော်ထဲ ဝင်လိုက်ပြီး သူ့အဆောင်ရှိရာဆီသို့ ဦးတည်သွားလိုက်သည်။

အဆောင်ရှေ့တွင် တံမြက်စည်းလှဲနေသော ယွီ​လေးသည် သူ့အား တစ်ချက်မျှသာ ကြည့်ပြီးနောက် တံမြက်စည်း ဆက်လှဲနေလေသည်။ ရီဟွား ဆွံ့အသွားရ၏။

"ယွီလေး ငါရောက်နေတာ မမြင်ဘူးလား"

သူ အော်ငေါက် မေးလိုက်သော်လည်း ယွီလေး၏ မျက်နှာသည် ပုံသေအတိုင်းပင်။

"မြင်တယ်လေ သခင်လေး ကျွန်တော့်ရှေ့ တည့်တည့် မတ်တပ်ရပ်နေတာ မမြင်ဘဲ နေမလား"

ကြားလိုက်ရသော ယွီလေးစကားကြောင့် ရီဟွား သွေးအန်ချင်သွားရသည်။ သခင်အား ခုလိုပြန်ပြောရဲသည့် အစေခံဟူ၍ ကမ္ဘာပေါ်တွင် ယွီလေး တစ်ယောက်သာ ရှိလောက်သည်။

"သခင်လေး နည်းနည်းဖယ်ပေးပါလား...ကျွန်တော် တံမြက်စည်းလှဲရ အနှောင့်အယှက်ဖြစ်လို့"

ရီဟွား ဒေါသတို့ ငယ်ထိပ်ပင်စောင့်တက်သွားရသည်။

"မင်းဘာဖြစ်နေတာလဲ ယွီလေး"

"ကျွန်တော် ဘာမှမဖြစ်ပါဘူး အကောင်းကြီးပါ"

Wtf! အဲဒီဆူပုပ်နေတဲ့ လငပုပ်ဖမ်း မျက်နှာကြီးက ဘာမှမဖြစ်ဘူးဆိုတာ သရဲသွားမေးတောင် ယုံမယ်မထင်။ သူ့အား မခေါ်သွားသောကြောင့် စိတ်ဆိုးကြောင်း ပြနေပုံရသည်။

သူ့အား ခေါ်သွားပါကလည်း ဘုရားကျောင်းတွင် တစ်နာရီကြာအောင်ပင် နေ၍ ရမည် မဟုတ်သည်မှာ သေချာပေသည်။ ဘုရားကျောင်းပင် မရောက်သေး နန်းတော်သို့ ခေါ်သွားခံရလောက်သည်။

ရီဟွား ထိုကောင်လေး၏ အပြုအမူတို့အား ဂရုမစိုက်တော့။ ရုပ်ချောသဘောကောင်းသော သူကပဲ သည်းခံခွင့်လွှတ်လိုက်တော့မည်။

"ယွီလေး အကိုကြီးရော"

"နန်းတော်က ပြန်ရောက်မလာသေးဘူး...ခုတလော နန်းတော်ထဲကလူတွေအကုန် အလုပ်များနေကြတယ်...အမတ်တွေရော အရာရှိတွေရော တစ်ယောက်မကျန်ပဲ"

ယွီလေး စကားကြောင့် ရီဟွား စိတ်ဝင်စားသွားရသည်။ သူ နန်းတွင်းအခြေအနေတွေနှင့် ပတ်သတ်၍ အဆက်အသွယ်ပြတ်နေသည်မှာ နှစ်ရက်ပင် ကြာနေလေပြီ။

"နန်းတော်မှာ ဘာအရေးကြီး ကိစ္စရှိလို့လဲ"

"တော်ဝင်လက်ထပ်ပွဲ ရှိတယ်လေ...ပြင်ဆင်နေကြတာနဲ့ တစ်နန်းတော်လုံး အလုပ်ရှုပ်နေတာ"

"တော်ဝင်လက်ထပ်ပွဲ...ဘယ်သူ့လက်ထပ်ပွဲလဲ"

သခင်လေးစကားကြောင့် ယွီလေး ဝမ်ရယ်နှင့် ကြင်ယာတော်ရှင်းရန် လက်ထပ်ပွဲဟု ပြောရန်ပြင်လိုက်သည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ရာအား စဉ်းစားမိကာ လွဲမှားသော အဖြေကိုသာ ပေးလိုက်သည်။

"အမတ်တွေအပါအဝင် စစ်သူကြီးပါ အလုပ်ရှုပ်နေရတဲ့ တော်ဝင်လက်ထပ်ပွဲဆိုမှတော့ ဘယ်သူ့လက်ထပ်ပွဲ ရှိဦးမှာလဲ သခင်လေးရဲ့...တိုင်းပြည်မှာ ဧကရီ မရှိတာလည်း အရမ်းကြာနေပြီလေ"

ယွီလေး စကားအား ကြားလိုက်ရသော ရီဟွား ခေါင်းထဲတွင် ဗုံးတစ်လုံးပေါက်ကွဲသွားတော့သည်။ ဒေါသထွက်ကာ ခန္ဓာကိုယ်ပင် တဆတ်ဆတ်တုန်ယင်လာသည်အထိပင်။

"ရှင်း လက်ထက်ပွဲပေါ့လေ...ဟုတ်လား ယွီလေး"

ရီဟွားစကားကြောင့် ယွီလေးစိတ်ထဲတွေးနေလိုက်သည်။

'ကျွန်တော် အရှင့် လက်ထပ်ပွဲလို့ တစ်ခွန်းမှ မပြောမိဘူးနော်...အဲဒါ သခင်လေးဖာသာပြောတာ...ကျွန်တော်က တော်ဝင်လက်ထပ်ပွဲပဲပြောတာ...ကျွန်တော်နဲ့မဆိုင်ဘူး...ပြီးမှလာအော်လို့ကတော့ ကျွန်တော်လည်း ပြန်ပြောမှာ...တိုင်းပြည်မှာ ဧကရီ မရှိတာက ကြာနေပြီမို့ ကြာနေပြီလို့ပြောတာနော်...ဧကရီမြှောက်မယ်လို့ လုံးဝလုံးဝ မပြောဘူး'

သို့သော် သူ့ပါးစပ်မှ ထွက်လာသော စကားတို့သည်မူ အတွေးထဲမှ စကားတို့နှင့် လုံးဝကွဲလွဲစွာ။

"သခင်လေး မယုံရင် နန်းတွင်းထဲ ဝင်ကြည့်လေ...လုံးဝ ခမ်းခမ်းနားနားကြီး အလှဆင်ထားတာ...တစ်နန်းတော်လုံး မင်္ဂလာအနီရောင်တွေနဲ့ ခမ်းနားနေတာပဲ"

ရီဟွား ဒေါသတို့ ချုပ်တီး၍ မရတော့။

'ကျွန်တော့်ကို ကစားသွားပြီး ကျွန်တော် မရှိတုန်း ဧကရီမြှောက်ဖို့တောင် လုပ်ရဲတယ်ပေါ့လေ...ရှင်း သေဖို့သာပြင်ထား...ကျွန်တော်က တစ်ခါသေပြီးပြီ ဘာမှမကြောက်တော့ဘူး...ခင်ဗျားကို သတ်မရလည်း မရရတဲ့နည်းနဲ့ နှိပ်စက်ပစ်မယ်'

ဒေါသတို့ဖြင့် ရီဟွားတစ်ယောက် မျက်လုံးထဲ ဘာမှ မမြင်နိုင်တော့။ အခုချိန် သူ အလုပ်ချင်ဆုံးအလုပ်သည် ရှင်း ဆီသို့သွားကာ စိတ်ရှိလက်ရှိ ရိုက်နှက်ပစ်ချင်နေသည်။ သူ့ အကြံအစည်အား အကောင်အထည်ပေါ်ရန် ချက်ချင်းပင် လှည့်ထွက်လာခဲ့သည်။ သူ၏ ဦးတည်ရာသည် နန်းတော်ထဲရှိ မင်းကြီး နန်းဆောင်ဆီသို့။

အပူမီးများ တောက်လောက်နေပြီး ချက်ချင်းပင် ကျောခိုင်းလှည့်ထွက်သွားသော သခင်လေးအား ယွီလေး မျက်တောင်မခတ်ကြည့်နေလိုက်သည်။

"အရှင် ဒီကိစ္စက ကျွန်တော်နဲ့ မဆိုင်ဘူးနော်...သခင်လေးဖာသာ အဓိပ္ပါယ်ကောက်လွဲသွားတာ...အရှင်လည်း ကျွန်တော့်ကို အပြစ်တင်လို့ မရဘူး"

သူ၏ စကားသံတိုးတိုးအား အလွန်ဒေါသထွက်နေသော သူ၏သခင်လေးလည်း မကြားနိုင်သလို မင်းကြီး စံမြန်းရာနန်းဆောင်ထဲတွင် အမတ်များနှင့် အရေးကြီးကိစ္စများ ဆွေးနွေးတိုင်ပင်နေသော သူ၏ အရှင်သည်လည်း မကြားနိုင်ပေ။

**********************

Zawgyi

အပိုင္း(၂၂)

ေတာ္ဝင္လက္ထပ္ပြဲ

ခမ္းနားလြန္းေသာ ဘုရင့္နန္းေဆာင္ထဲတြင္ မင္းႀကီး၊ ဝမ္ရယ္၊ ရွင္းရန္ႏွင့္ စစ္သူႀကီးတို႔ ရွိေနၾကသည္။

မင္းႀကီးႏွင့္ စစ္သူႀကီးတို႔ စစ္ေရးအေျခအေနအား ေဆြးေႏြးေနစဥ္ အေရးႀကီးေသာ ကိစၥေလွ်ာက္တင္ရန္ဟု ဝမ္ရယ္ကခြင့္ေတာင္းလာေသာေၾကာင့္ မင္းႀကီးအေနျဖင့္ နန္းေဆာင္ထဲ ဝင္ခြင့္ျပဳလိုက္ျခင္းျဖစ္သည္။

"ေက်ာက္ဟြမ္...အကိုေတာ္ကို ဘာအေရးႀကီးကိစၥေလွ်ာက္တင္မလို႔လဲ"

ဝမ္ရယ္ႏွင့္ ရွင္းရန္တို႔သည္ မင္းႀကီးအား အရိုအေသျပဳလိုက္ၿပီးေနာက္တြင္ မင္းႀကီး၏ အေမးစကားအား ဝမ္ရယ္က ျပန္လည္ေျဖၾကားလိုက္သည္။

"နန္းေတာ္မွာ ေနရတာ မယ္ေတာ့္ရဲ႕ အေငြ႕အသက္ေတြ ခံစားေနရလို႔ ညီေတာ္ ေနရထိုင္ရအဆင္မေျပပါဘူး...အဲဒါေၾကာင့္ ျဖစ္ခဲ့သမွ် ေမ့ေပ်ာက္နိုင္သည္ထိ ကြၽန္ေတာ့္ကို အေနာက္ေတာင္နယ္စပ္ေဒသမွာ တာဝန္ထမ္းေဆာင္ခြင့္ေပးပါ အကိုေတာ္"

ဝမ္ရယ္၏စကားေၾကာင့္ မင္းႀကီး၏ မ်က္ႏွာထက္တြင္ အၿပဳံးမမည္ေသာ အၿပဳံးပါးတစ္ခုေပၚေပါက္လာခဲ့သည္။

"ေကာင္းၿပီ...အကိုေတာ္ ခြင့္ျပဳတယ္...ဘယ္ေတာ့ေလာက္ သြားမလဲ ညီေတာ္"

"ကြၽန္ေတာ္နဲ႕ ရွင္းရန္ ေစ့စပ္ေၾကာင္းလမ္းထားတာၾကာပါၿပီ...မိဘေတြစီစဥ္ခဲ့တဲ့အတိုင္း ကြၽန္ေတာ္တို႔ လက္ထပ္ၿပီးမွ နယ္စပ္ေဒသကို သြားလိုေၾကာင္းပါ အကိုေတာ္"

"ေကာင္းၿပီ အကိုေတာ္က ညီေတာ္ရဲ႕အုပ္ထိန္းသူအေနနဲ႕ မိဘေနရာကေနၿပီး လက္ထပ္ပြဲကို စီစဥ္ေပးမယ္...ေတာ္ဝင္မင္းသားတစ္ေယာက္ရဲ႕ လက္ထပ္ပြဲျဖစ္လို႔ နန္းေတာ္မွာပဲ ခမ္းခမ္းနားနားျပင္ဆင္က်င္းပေပးမယ္...လက္ထပ္ပြဲၿပီးရင္ ရွင္းရန္က ညီေတာ္ရဲ႕တရားဝင္ေတာ္ဝင္ၾကင္ယာေတာ္ ျဖစ္ၿပီ...ညီေတာ္အေနနဲ႕ ေသခ်ာဂ႐ုစိုက္ ေစာင့္ေရွာက္ပါ...နယ္စပ္ေဒသက အရမ္းေဝးလံလြန္းတယ္"

"မွန္ပါ အကိုေတာ္...ညီေတာ္ ေသခ်ာ ဂ႐ုစိုက္ေစာင့္ေရွာက္ပါ့မယ္"

နန္းေဆာင္ထဲတြင္ ခဏၾကာ တိတ္ဆိတ္သြားသည္။ တိတ္ဆိတ္မႈအား ၿဖိဳခြဲရန္ မင္းႀကီးသည္ စကားစေျပာလိုက္သည္။

"ညီေတာ့္အေနနဲ႕ အကိုေတာ္ကို ထပ္ၿပီး ေလွ်ာက္တင္စရာ ရွိေသးလား"

"ညီေတာ္ နယ္စပ္ေဒသကို တာဝန္ထမ္းေဆာင္ဖို႔ သြားတဲ့အခါ ညီမေတာ္ရီရီကိုပါ ေခၚသြားပါရေစ"

မင္းႀကီးအေနျဖင့္ ဝမ္ရယ္၏ စကားေၾကာင့္ ေတြေဝသြားရသည္။ ရီရီအား သူ႕အေနျဖင့္ ေစာင့္ၾကည့္ရန္ လိုအပ္ေသးေသာေၾကာင့္ပင္။ သို႔ေသာ္ သူ၏ စိတ္ထဲမွ ရီရီသည္ သူ၏ အမေတာ္ မျဖစ္နိုင္ဟုလည္း ခံစားေနရသည္။

"အကိုေတာ္ ရီရီ ကိစၥကို စဥ္းစားၾကည့္ဦးမယ္"

ဝမ္ရယ္ အေနနဲ႕လည္း ရွင္းယြဲ႕နတ္ဘုရားသည္ ရီရီအား အလြယ္တကူ သူႏွင့္လိုက္ခြင့္ျပဳမည္ မဟုတ္ေၾကာင္းခန႔္မွန္းထားၿပီးျဖစ္သည္။ ထို႔ေၾကာင့္ ဆက္၍ မေတာင္းဆိုေတာ့။

"အဲဒါဆို ကြၽန္ေတာ္တို႔ကို ျပန္ခြင့္ျပဳပါ အကိုေတာ္"

"ေကာင္းၿပီ"

မင္းႀကီး၏ ခြင့္ျပဳခ်က္ရသည္ႏွင့္ ဝမ္ရယ္ႏွင့္ တစ္ေလွ်ာက္လုံး တိတ္ဆိတ္ေနခဲ့ေသာ ရွင္းရန္တို႔သည္ မင္းႀကီးအား အရိုအေသျပဳလိုက္ၿပီး နန္းေဆာင္ထဲမွ ထြက္ခြာသြားၾကသည္။

ထိုအခါမွသာ ၿငိမ္သက္ေနခဲ့ေသာ စစ္သူႀကီးသည္လည္း မင္းႀကီးအား စကားဆိုလာသည္။

"အရွင္မင္းႀကီး...အေနာက္ေတာင္နယ္စပ္ေဒသက မယ္ေတာ္ႀကီးရဲ႕ လက္ေအာက္ခံနယ္ေျမပါ...ဝမ္ရယ္ရဲ႕ အစီအစဥ္က ထင္ရွားေပၚလြင္ေနပါတယ္...မင္းႀကီး သတိထားသင့္တယ္"

စစ္သူႀကီး၏ စိုးရိမ္ေသာ သတိေပးစကားေၾကာင့္ မင္းႀကီး၏မ်က္နာထက္တြင္ အၿပဳံးတို႔ေပၚေပါက္လာသည္။ စားပြဲခုံေပၚတင္ထားေသာ ေခါက္ယပ္ေတာင္အား ယူကာ အသာအယာ ယပ္ခတ္ေနလိုက္သည္။

"ကိုယ္ေတာ္ သိတယ္...သူက ပုန္ကန္ခ်င္ေနမွေတာ့ ကိုယ္ေတာ္ အခြင့္အေရးေပးလိုက္တာေပါ့...နန္းေတာ္ထဲက အမွိုက္ေတြကို ရွင္းပစ္ဖို႔အခ်ိန္ေကာင္းပဲ...အခ်ိန္တန္ရင္ တစ္ေယာက္ခ်င္း ရွင္းပစ္စရာမလိုဘဲ တစ္စုတစ္စည္းတည္း စုဆုံသြားမယ့္ အမွိုက္သရိုက္ေတြကို သက္သက္သာသာ ရွင္းလင္းလိုက္လို႔ရၿပီ"

"အရွင္မင္းႀကီးမွာ အစီအစဥ္ရွိၿပီးသားလား"

စစ္သူႀကီး၏ စကားအား ၾကားလိုက္ရေသာ မင္းႀကီးသည္ အၿပဳံးမပ်က္ျဖင့္ နာမည္တစ္ခုအား ေခၚဆိုလိုက္သည္။

"ခ်န္း"

ေလအလ်င္ကဲ့သို႔ အရိပ္တစ္ခု နန္းေဆာင္ထဲေပၚလာၿပီးေနာက္ မင္းႀကီး ေရွ႕မလွမ္းမကမ္းတြင္ ဒူးေထာက္ေနေသာ ကိုယ္ရံေတာ္ဝတ္စုံဝတ္ဆင္ထားသူ တစ္ေယာက္အား ျမင္ေတြ႕လိုက္ရသည္။

"ခ်န္း ေက်ာက္ဟြမ္ နယ္စပ္ေဒသကိုသြားတဲ့အခါ ေနာက္ေယာင္ခံဖို႔ မင္းရဲ႕လူေတြ လႊတ္ထားပါ...ေက်ာက္ဟြမ္ရဲ႕ လႈပ္ရွားမႈတိုင္း မင္းရဲ႕လူေတြ လက္ေအာက္က မလြတ္ပါေစနဲ႕"

"မွန္ပါ အရွင္"

"ရၿပီ မင္းထြက္သြားေတာ့"

"မွန္ပါ"

မင္းႀကီး၏ အမိန႔္အား နာခံစြာ ခဏခ်င္းပင္ အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္တစ္ေယာက္ နန္းေဆာင္ထဲမွ ေပ်ာက္ကြယ္သြားေတာ့သည္။

ေခတ္အဆက္ဆက္ ရွင္ဘုရင္တို႔အား အသက္ေပးကာကြယ္ရသည့္ အရိပ္ကိုယ္ရံေတာ္ျဖစ္ရန္ အဆင့္ဆင့္စမ္းသပ္မႈတို႔ကို ေက်ာ္ျဖတ္ရသည္။ သာမန္လူမ်ားလုံးဝ မရင္ဆိုင္နိုင္သည့္ ခက္ခဲရက္စက္ေသာ စမ္းသပ္မႈမ်ားျဖစ္သည္။

ေခါင္းေဆာင္တစ္ေယာက္ျဖစ္ေသာ အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္သည္ကေတာ့ တကယ့္အရည္အခ်င္းျပည့္ဝေသာ သက္ေတာ္ေစာင့္တစ္ေယာက္ျဖစ္သည္မွာ ေသခ်ာသည္။

စစ္သူႀကီးအေနျဖင့္လည္း အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္အား ယုံၾကည္ေသာေၾကာင့္ ထိုကိစၥအား စိုးရိမ္မေနေတာ့ေပ။

"စစ္သူႀကီး...ေရွာင္ဟြား ခုထိ တရားထိုင္သြားတာ ျပန္မလာေသးဘူးလား"

မင္းႀကီး၏ စကားေၾကာင့္ စစ္သူႀကီးအေတြးထဲနစ္ဝင္သြားရသည္။ မင္းႀကီး ေခၚေသာေၾကာင့္ နန္းေတာ္ထဲဝင္သည့္ေန႕က အိမ္ေတာ္ျပန္ေရာက္လာေသာ ဟြားေအာ္ တစ္ေယာက္ မ်က္ႏွာမ်ားနီရဲေနၿပီး ခ်က္ခ်င္း အထုပ္အပိုးမ်ားျပင္ေလေတာ့သည္။

စိုးရိမ္ေသာေၾကာင့္ ေနာက္မွေတာက္ေလွ်ာက္လိုက္ကာ ေမးျမန္းေသာ္လည္း တစ္ခြန္းမွ ျပန္မေျပာေပ။ ထုတ္ပိုးျပင္ဆင္ၿပီးေသာအခါမွသာ သူ႕အား စကားေျပာလာသည္။

"အကိုႀကီး ကြၽန္ေတာ္ မေကာင္းတဲ့အေတြးေတြ ဝင္ေနလို႔ စိတ္ၿငိမ္ေအာင္ ဘုရားေက်ာင္းမွာ တရားသြားထိုင္ဦးမယ္...ကြၽန္ေတာ့္ကို လာရွာသူမွန္သမွ် အိမ္ေတာ္မွာ မရွိဘူး ဘုရားေက်ာင္းမွာ ကုသိုလ္ယူေနတာမို႔ လာမေႏွာင့္ယွက္ပါနဲ႕လို႔ ေျပာလိုက္ပါ...အကိုႀကီး စိတ္ခ်မယ္ေနာ္"

ဟုေျပာၿပီး ယြီေလးကိုပင္ မေခၚဘဲ မေျပာမဆိုေပ်ာက္သြားသည္မွာ ႏွစ္ရက္မွ်ပင္ ၾကာေနေလၿပီ။ သူ႕ကို ေခၚမသြားေသာေၾကာင့္ ယြီေလး ေျပာမဆုံးနိုင္ေအာင္ အျပစ္တင္ေနသည္မွာလည္း ႏွစ္ရက္ပင္ရွိၿပီ။

ဟြားေအာ္ ေပ်ာက္ၿပီး တရက္ပင္မျပည့္ေသး ႐ုတ္တရက္အိမ္ေတာ္ေရာက္ခ်လာေသာ မင္းႀကီးအား ဟြားေအာ္ ေျပာခဲ့သလို ေျပာျပေသာ္လည္း မယုံၾကည္ဘဲ အိမ္ေတာ္ထဲ ဝင္ရွာခံလိုက္ရေသးသည္။

တကယ္မရွိမွန္း သိသြားေသာ္လည္း နန္းေတာ္မွ လူလႊတ္ကာ ျပန္ေရာက္ၿပီလားဟု ဘယ္ႏွစ္ႀကိမ္မွန္းမသိ အေမးခံရေသးသည္။ ေအးေဆးေနတတ္ေသာ စစ္သူႀကီးအေနျဖင့္ လုံးဝစိတ္ရႈပ္ေနၿပီ ျဖစ္သည္။ သူ႕ညီႏွင့္ မင္းႀကီးတို႔ၾကား ဘာျဖစ္ထားမွန္း သူ တကယ္နားမလည္နိုင္ေတာ့။

"ခုထိ ျပန္မေရာက္ေသးပါဘူး အရွင္မင္းႀကီး"

"ေရွာင္ဟြား ျပန္ေရာက္ရင္ ကိုယ္ေတာ့္ကို လူလႊတ္အေၾကာင္းၾကားေပးပါ"

"မွန္ပါ"

"စစ္သူႀကီးလည္း တျခားေလွ်ာက္တင္စရာမရွိရင္ သြားလို႔ရၿပီ"

"မွန္ပါ အရွင္...ကြၽန္ေတာ္မ်ိဳးကို သြားခြင့္ျပဳပါ အရွင္"

မတင္မက်ျဖစ္ေနေသာ စိတ္ခံစားခ်က္ႏွင့္အတူ စစ္သူႀကီးသည္လည္း နန္းေဆာင္ထဲမွ ထြက္သြားလိုက္သည္။

နန္းေတာ္အျပင္သို႔ မေရာက္ေသး သူ၏ေရွ႕တည့္တည့္မွ ေလွ်ာက္လာေသာ မင္းသမီးရီရီႏွင့္ ထိပ္တိုက္တိုးေလေတာ့သည္။

"စစ္သူႀကီး...အကိုေတာ္နန္းေဆာင္ကေနျပန္လာတာလား"

"မွန္ပါ မင္းသမီး...ကြၽန္ေတာ္မ်ိဳး မင္းႀကီး နန္းေဆာင္ကေနျပန္လာတာပါ"

စစ္သူႀကီး မင္းသမီးရီရီ၏ မ်က္ႏွာအား အကဲခတ္ၾကည့္လိုက္သည္။ မ်က္ႏွာထက္တြင္ မလိုမုန္းထားေသာ အရိပ္အေယာင္တို႔အား အတိုင္းသားေတြ႕ျမင္ေနရသည္။ စစ္သူႀကီး သက္ျပင္းခ်လိဳက္မိ၏။

"ကြၽန္မ မၾကာခင္ အကိုႀကီးနဲ႕အတူ နယ္စပ္ေဒသကို လိုက္သြားေတာ့မယ္"

"အင္း"

"ႏႈတ္ဆက္ပါတယ္ စစ္သူႀကီး ကြၽန္မရဲ႕ ခံစားခ်က္ေတြကိုလည္း အကုန္ေဖ်ာက္ဖ်က္သြားမွာမို႔ စစ္သူႀကီးအေနနဲ႕ ကြၽန္မနဲ႕ ပတ္သတ္ၿပီး စိတ္ပူစရာမလိုေတာ့ပါဘူး"

"အင္း"

အၿမဲတမ္း သူ(မ)ေရွ႕တြင္ အေနတည္ကာ စကားနည္းသူအား စူးစိုက္ၾကည့္ၿပီး ရီရီ သူမ၏ႏႈတ္ခမ္းတို႔အား နာက်င္ေအာင္ ဖိကိုက္ထားလိုက္မိသည္။

"စစ္သူႀကီးကို ကြၽန္မအေနနဲ႕ ရီဟြားနဲ႕ပတ္သတ္ၿပီး သတိေပးစရာရွိတယ္"

သူ(မ)၏ စကားေၾကာင့္ စစ္သူႀကီးသည္ သူ(မ)အား စူးစိုက္ၾကည့္လာသည္။ ဘယ္ေတာ့မွ မရခဲ့ေသာ အာ႐ုံစိုက္မႈတို႔သည္ ႏႈတ္ခမ္းထက္မွ နာမည္တစ္ခုအား ေျပာလိုက္႐ုံျဖင့္ ရလာေလသည္။ မခံမရပ္နိုင္ျဖစ္မႈတို႔ေၾကာင့္ ရင္ထဲတြင္ ေအာင့္သက္နာက်င္လာရသည္။

"ရီဟြားနဲ႕ အကိုေတာ္ၾကားမွာ ပုံမွန္ မဟုတ္တာကို စစ္သူႀကီးလည္း သတိထားမိမယ္ ထင္တယ္...နန္းတြင္းမွာ ပ်ံ့ေနတဲ့ေကာလဟာလ ရွိတယ္...အကိုေတာ္က ရီဟြားကို လက္ထပ္လိမ့္မယ္တဲ့...စစ္သူႀကီးက အရမ္းခ်စ္ရတဲ့ညီေလးကို အေနာက္ေဆာင္သြင္းဖို႔ ဆႏၵေတာ့ မရွိဘူးမလား...ရာထူးအာဏာအတြက္ သမီးကညာေတြကို အေနာက္ေဆာင္ပို႔တဲ့သူေတြထဲ မပါဖို႔ေမွ်ာ္လင့္ပါတယ္...ေၾသာ္ ေမ့လို႔ သမီးကညာ မဟုတ္ဘူး...တစ္ဦးတည္းေသာ ညီေလး"

ရီရီ၏ စကားတို႔ေၾကာင့္ စစ္သူႀကီး၏ မ်က္ႏွာသည္ တည္ၾကည္ေလးနက္သြားသည္။

"မင္းသမီး ရီရီက ဟြားေအာ္ကို အရမ္းအထင္ေသးေနတာပဲ...ကြၽန္ေတာ္မ်ိဳး ညီေလးက မင္းႀကီးကို မွီခိုၿပီး အာဏာရမဲ့ လူတစ္ေယာက္မဟုတ္ဘူး...ေကာလဟာလဆိုတာ ေကာလဟာလသက္သက္ပါ"

"အရင္းအျမစ္ရွိလို႔ ေကာလဟာလဆိုတာ ရွိလာတာပါ စစ္သူႀကီး...သူတို႔ၾကားထဲက ပုံမွန္မဟုတ္တဲ့ဆက္ဆံေရးကိုေတာ့ စစ္သူႀကီးက ေသခ်ာပိုသိမွာပါ...သတိေပး႐ုံသက္သက္မို႔ စိတ္ထဲမထားပါနဲ႕"

ေျပာခ်င္ေသာ စကားတို႔အား ေျပာၿပီးေနာက္လွည့္ထြက္သြားေသာ ရီရီအား ၾကည့္ကာ စစ္သူႀကီး၏ ေခါင္းထဲတြင္ လုံးဝရႈပ္ေထြးသြားရေတာ့သည္။

ရီရီ ေျပာသြားသလို မင္းႀကီးႏွင့္ ဟြားေအာ္ၾကားရွိ ပုံမွန္မဟုတ္ေသာ ဆက္ဆံေရးအား သူ အသိဆုံးပင္။ ရိပ္မိေနေသာ္လည္း မျဖစ္နိုင္ဟု ေတြးကာ ခဏခဏေမ့ေဖ်ာက္ခဲ့ျခင္း ျဖစ္သည္။ သို႔ေသာ္ ယခုခ်ိန္တြင္ သာမန္ကာလွ်ံကာ ေန၍ မရေတာ့။

အရမ္းခ်စ္ရသည့္ တစ္ဦးတည္းေသာ ညီေလးအား အေနာက္ေဆာင္သို႔ သူ ဘယ္ေတာ့မွ ပို႔မည္မဟုတ္ေခ်။ အေနာက္ေဆာင္ပင္ မဟုတ္ သူ ဘယ္ကိုမွ မပို႔နိုင္ပါ။ သူ႕မ်က္လုံးထဲတြင္ ညီေလးသည္ အခုထက္ထိ အ႐ြယ္မေရာက္ေသးေသာ ကေလးမွ်သာ ရွိေနေသးသည္။

ေကာလဟာလမ်ားအတိုင္း အမွန္ျဖစ္လာပါက အရွင္သခင္ပင္ ျဖစ္ပါေစ၊ ေခ်ာေမာလြန္းေသာ ညီငယ္အား အေနာက္နန္းေဆာင္ အေပ်ာ္ၾကင္ယာေတာ္ အျဖစ္ ၾကည္ျဖဴ စြာ ေပးလိမ့္မည္ မဟုတ္။ ညီငယ္နဲ႕ ထိုက္တန္သည္ဟု ဘယ္သူ႕မွ လက္ခံၾကည့္၍လည္း မရေပ။

စစ္သူႀကီးသည္ ဘုရားေက်ာင္းသြားေနကာ အိမ္ေတာ္သို႔ ျပန္ေရာက္ မလာေသးေသာ ညီေလး အေၾကာင္းေတြး၍ သက္ျပင္းေမာကိုသာ ခ်လိဳက္ရေလေတာ့သည္။

***************************

ရီဟြား ဘုရားေက်ာင္းတြင္ ေရာက္ေနသည္မွာ ႏွစ္ရက္ပင္ရွိၿပီ။ ရွင္း ကို ေရွာင္ရန္ဟူေသာ အခ်က္အျပင္ ျဖစ္ခဲ့သည္မ်ားအား ေမ့ေပ်ာက္ေစရန္ စိတ္ၿငိမ္ေအာင္ဟူေသာ ရည္႐ြယ္ခ်က္ျဖင့္ လာေနျခင္းျဖစ္သည္။ သို႔ေသာ္ မေမ့ေပ်ာက္နိုင္ဘဲ သြားလည္းဒီစိတ္၊ စားလည္းဒီစိတ္ျဖစ္ျခင္းကမူ ဆိုး႐ြားလွေပသည္။

နမ္းမိေသာ ပုံရိပ္သည္ ယခုအခ်ိန္ထိ စိတ္ထဲေပၚ,ေပၚလာကာ အေႏွာင့္အယွက္ေပးေနဆဲပင္။ တရားထိုင္လည္း တရားမရမည့္အတူတူ ရီဟြား အိမ္ျပန္ရန္သာ ဆုံးျဖတ္လိုက္ေတာ့သည္။

အိမ္သို႔ျပန္ခ်င္ရသည့္ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုလည္း ရွိေသးသည္။

သူအိမ္ရွိ အသားဟင္းလ်ာမ်ားကို အရမ္းလြမ္းေနေသာေၾကာင့္ျဖစ္သည္။ သတ္သတ္လြတ္ ဟင္းလ်ာမ်ားကို သူ ဆက္ၿပီး မစားနိုင္ေတာ့။ ဗိုက္ဆာသည့္အခါ မ်က္လုံးထဲတြင္ ေပၚလာေသာ အသားဟင္းလ်ာမ်ားက သူ႕အား က်ီစယ္ေနၾကသည္။

လွည္းယာဥ္ေပၚမွ ဆင္းလိုက္ၿပီး အိမ္ေတာ္ဆိုင္းဘုတ္အား ေမာ့ၾကည့္လိုက္သည္။ ဝူစစ္သူႀကီး အိမ္ေတာ္ဟူေသာ ဆိုင္းဘုတ္က သူ႕အား ႀကိဳဆိုေနသည္။ သူ ေရာက္လာမည္ျဖစ္ေၾကာင္း အေၾကာင္းမၾကားထားေသာေၾကာင့္ အျပင္တြင္ အကိုႀကီးေရာ ယြီေလးပါ ႀကိဳဆိုရန္ ရွိမေနၾက။

အေပါက္ဝရွိ အေစာင့္ႏွစ္ေယာက္သည္ သူ႕အား အရိုအေသေပးကာ တံခါးဖြင့္ေပးေလသည္။ အိမ္ေတာ္ထဲ ဝင္လိုက္ၿပီး သူ႕အေဆာင္ရွိရာဆီသို႔ ဦးတည္သြားလိုက္သည္။

အေဆာင္ေရွ႕တြင္ တံျမက္စည္းလွဲေနေသာ ယြီ​ေလးသည္ သူ႕အား တစ္ခ်က္မွ်သာ ၾကည့္ၿပီးေနာက္ တံျမက္စည္း ဆက္လွဲေနေလသည္။ ရီဟြား ဆြံ႕အသြားရ၏။

"ယြီေလး ငါေရာက္ေနတာ မျမင္ဘူးလား"

သူ ေအာ္ေငါက္ ေမးလိုက္ေသာ္လည္း ယြီေလး၏ မ်က္ႏွာသည္ ပုံေသအတိုင္းပင္။

"ျမင္တယ္ေလ သခင္ေလး ကြၽန္ေတာ့္ေရွ႕ တည့္တည့္ မတ္တပ္ရပ္ေနတာ မျမင္ဘဲ ေနမလား"

ၾကားလိုက္ရေသာ ယြီေလးစကားေၾကာင့္ ရီဟြား ေသြးအန္ခ်င္သြားရသည္။ သခင္အား ခုလိုျပန္ေျပာရဲသည့္ အေစခံဟူ၍ ကမာၻေပၚတြင္ ယြီေလး တစ္ေယာက္သာ ရွိေလာက္သည္။

"သခင္ေလး နည္းနည္းဖယ္ေပးပါလား...ကြၽန္ေတာ္ တံျမက္စည္းလွဲရ အေႏွာင့္အယွက္ျဖစ္လို႔"

ရီဟြား ေဒါသတို႔ ငယ္ထိပ္ပင္ေစာင့္တက္သြားရသည္။

"မင္းဘာျဖစ္ေနတာလဲ ယြီေလး"

"ကြၽန္ေတာ္ ဘာမွမျဖစ္ပါဘူး အေကာင္းႀကီးပါ"

Wtf! အဲဒီဆူပုပ္ေနတဲ့ လငပုပ္ဖမ္း မ်က္ႏွာႀကီးက ဘာမွမျဖစ္ဘူးဆိုတာ သရဲသြားေမးေတာင္ ယုံမယ္မထင္။ သူ႕အား မေခၚသြားေသာေၾကာင့္ စိတ္ဆိုးေၾကာင္း ျပေနပုံရသည္။

သူ႕အား ေခၚသြားပါကလည္း ဘုရားေက်ာင္းတြင္ တစ္နာရီၾကာေအာင္ပင္ ေန၍ ရမည္ မဟုတ္သည္မွာ ေသခ်ာေပသည္။ ဘုရားေက်ာင္းပင္ မေရာက္ေသး နန္းေတာ္သို႔ ေခၚသြားခံရေလာက္သည္။

ရီဟြား ထိုေကာင္ေလး၏ အျပဳအမူတို႔အား ဂ႐ုမစိုက္ေတာ့။ ႐ုပ္ေခ်ာသေဘာေကာင္းေသာ သူကပဲ သည္းခံခြင့္လႊတ္လိုက္ေတာ့မည္။

"ယြီေလး အကိုႀကီးေရာ"

"နန္းေတာ္က ျပန္ေရာက္မလာေသးဘူး...ခုတေလာ နန္းေတာ္ထဲကလူေတြအကုန္ အလုပ္မ်ားေနၾကတယ္...အမတ္ေတြေရာ အရာရွိေတြေရာ တစ္ေယာက္မက်န္ပဲ"

ယြီေလး စကားေၾကာင့္ ရီဟြား စိတ္ဝင္စားသြားရသည္။ သူ နန္းတြင္းအေျခအေနေတြႏွင့္ ပတ္သတ္၍ အဆက္အသြယ္ျပတ္ေနသည္မွာ ႏွစ္ရက္ပင္ ၾကာေနေလၿပီ။

"နန္းေတာ္မွာ ဘာအေရးႀကီး ကိစၥရွိလို႔လဲ"

"ေတာ္ဝင္လက္ထပ္ပြဲ ရွိတယ္ေလ...ျပင္ဆင္ေနၾကတာနဲ႕ တစ္နန္းေတာ္လုံး အလုပ္ရႈပ္ေနတာ"

"ေတာ္ဝင္လက္ထပ္ပြဲ...ဘယ္သူ႕လက္ထပ္ပြဲလဲ"

သခင္ေလးစကားေၾကာင့္ ယြီေလး ဝမ္ရယ္ႏွင့္ ၾကင္ယာေတာ္ရွင္းရန္ လက္ထပ္ပြဲဟု ေျပာရန္ျပင္လိုက္သည္။ သို႔ေသာ္ ႐ုတ္တရက္ တစ္စုံတစ္ရာအား စဥ္းစားမိကာ လြဲမွားေသာ အေျဖကိုသာ ေပးလိုက္သည္။

"အမတ္ေတြအပါအဝင္ စစ္သူႀကီးပါ အလုပ္ရႈပ္ေနရတဲ့ ေတာ္ဝင္လက္ထပ္ပြဲဆိုမွေတာ့ ဘယ္သူ႕လက္ထပ္ပြဲ ရွိဦးမွာလဲ သခင္ေလးရဲ႕...တိုင္းျပည္မွာ ဧကရီ မရွိတာလည္း အရမ္းၾကာေနၿပီေလ"

ယြီေလး စကားအား ၾကားလိုက္ရေသာ ရီဟြား ေခါင္းထဲတြင္ ဗုံးတစ္လုံးေပါက္ကြဲသြားေတာ့သည္။ ေဒါသထြက္ကာ ခႏၶာကိုယ္ပင္ တဆတ္ဆတ္တုန္ယင္လာသည္အထိပင္။

"ရွင္း လက္ထက္ပြဲေပါ့ေလ...ဟုတ္လား ယြီေလး"

ရီဟြားစကားေၾကာင့္ ယြီေလးစိတ္ထဲေတြးေနလိုက္သည္။

'ကြၽန္ေတာ္ အရွင့္ လက္ထပ္ပြဲလို႔ တစ္ခြန္းမွ မေျပာမိဘူးေနာ္...အဲဒါ သခင္ေလးဖာသာေျပာတာ...ကြၽန္ေတာ္က ေတာ္ဝင္လက္ထပ္ပြဲပဲေျပာတာ...ကြၽန္ေတာ္နဲ႕မဆိုင္ဘူး...ၿပီးမွလာေအာ္လို႔ကေတာ့ ကြၽန္ေတာ္လည္း ျပန္ေျပာမွာ...တိုင္းျပည္မွာ ဧကရီ မရွိတာက ၾကာေနၿပီမို႔ ၾကာေနၿပီလို႔ေျပာတာေနာ္...ဧကရီျမႇောက္မယ္လို႔ လုံးဝလုံးဝ မေျပာဘူး'

သို႔ေသာ္ သူ႕ပါးစပ္မွ ထြက္လာေသာ စကားတို႔သည္မူ အေတြးထဲမွ စကားတို႔ႏွင့္ လုံးဝကြဲလြဲစြာ။

"သခင္ေလး မယုံရင္ နန္းတြင္းထဲ ဝင္ၾကည့္ေလ...လုံးဝ ခမ္းခမ္းနားနားႀကီး အလွဆင္ထားတာ...တစ္နန္းေတာ္လုံး မဂၤလာအနီေရာင္ေတြနဲ႕ ခမ္းနားေနတာပဲ"

ရီဟြား ေဒါသတို႔ ခ်ဳပ္တီး၍ မရေတာ့။

'ကြၽန္ေတာ့္ကို ကစားသြားၿပီး ကြၽန္ေတာ္ မရွိတုန္း ဧကရီျမႇောက္ဖို႔ေတာင္ လုပ္ရဲတယ္ေပါ့ေလ...ရွင္း ေသဖို႔သာျပင္ထား...ကြၽန္ေတာ္က တစ္ခါေသၿပီးၿပီ ဘာမွမေၾကာက္ေတာ့ဘူး...ခင္ဗ်ားကို သတ္မရလည္း မရရတဲ့နည္းနဲ႕ ႏွိပ္စက္ပစ္မယ္'

ေဒါသတို႔ျဖင့္ ရီဟြားတစ္ေယာက္ မ်က္လုံးထဲ ဘာမွ မျမင္နိုင္ေတာ့။ အခုခ်ိန္ သူ အလုပ္ခ်င္ဆုံးအလုပ္သည္ ရွင္း ဆီသို႔သြားကာ စိတ္ရွိလက္ရွိ ရိုက္ႏွက္ပစ္ခ်င္ေနသည္။ သူ႕ အႀကံအစည္အား အေကာင္အထည္ေပၚရန္ ခ်က္ခ်င္းပင္ လွည့္ထြက္လာခဲ့သည္။ သူ၏ ဦးတည္ရာသည္ နန္းေတာ္ထဲရွိ မင္းႀကီး နန္းေဆာင္ဆီသို႔။

အပူမီးမ်ား ေတာက္ေလာက္ေနၿပီး ခ်က္ခ်င္းပင္ ေက်ာခိုင္းလွည့္ထြက္သြားေသာ သခင္ေလးအား ယြီေလး မ်က္ေတာင္မခတ္ၾကည့္ေနလိုက္သည္။

"အရွင္ ဒီကိစၥက ကြၽန္ေတာ္နဲ႕ မဆိုင္ဘူးေနာ္...သခင္ေလးဖာသာ အဓိပၸါယ္ေကာက္လြဲသြားတာ...အရွင္လည္း ကြၽန္ေတာ့္ကို အျပစ္တင္လို႔ မရဘူး"

သူ၏ စကားသံတိုးတိုးအား အလြန္ေဒါသထြက္ေနေသာ သူ၏သခင္ေလးလည္း မၾကားနိုင္သလို မင္းႀကီး စံျမန္းရာနန္းေဆာင္ထဲတြင္ အမတ္မ်ားႏွင့္ အေရးႀကီးကိစၥမ်ား ေဆြးေႏြးတိုင္ပင္ေနေသာ သူ၏ အရွင္သည္လည္း မၾကားနိုင္ေပ။

**********************

Continue Reading

You'll Also Like

149K 15.8K 34
#Both with Zawgyi & unicode ကြ်န္ေတာ့္အတြက္ ေပ်ာ္စရာေကာင္းတ့ဲ အဆံုးသတ္က သူ စိတ္ခ်မ္းသာဖို႕ပဲ ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ အဆုံးသတ်က သူ စိတ်ချမ်း...
383K 33.3K 62
About a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi)
131K 2.4K 13
စံတိုင်းတာချက်တွေပြောင်းလဲတက်ပေမယ့် ပြောင်းလဲလို့မရနိုင်သည်က ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ချစ်ခြင်းမေတ္တာ။ #shiloonngal စံတိုင္းတာခ်က္ေတြေျပာင္းလဲတက္ေ...
123K 14.8K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...