ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Co...

By StarRia19

1.1M 135K 5.6K

Zawgyi "ကိုယ့်ပြည်သူတွေ ကိုယ်ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ယှဥ်လာရင်တော့ ကိုယ်မင်းတစ်ယောက်ကိုပဲ မြင်တယ်" ကံကြ... More

အပိုင်း(၁)ဝိညာဉ်ကူးပြောင်းခံလိုက်ရခြင်း
အပိုင်း(၂) အလကားရလိုက်သော Brocon အကိုကြီး
အပိုင်း(၃.၁) ဇာတ်ကြောင်းပြောင်းလဲနေခြင်း
အပိုင်း(၃.၂) ဇာတ်ကြောင်း ပြောင်းလဲနေခြင်း
အပိုင်း(၄.၁) စတင်တွေ့ဆုံခြင်း
အပိုင်း(၄.၂) စတင်တွေ့ဆုံခြင်း
အပိုင္​း(၅.၁) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင္​း(၅.၂) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင်း(၆.၁)ဇာတ်ကောင် အများကြီး ပေါ်လာပြီ
အပိုင်း(၆.၂) ဇာတ်ကောင်အများကြီး ပေါ်လာပြီ
အပိုင်း(၇) ထူးဆန်းလွန်းသော အဓိက ဇာတ်ဆောင်နှစ်ယောက်
Promotion
အပိုင်း(၈)ညီဝမ်းကွဲလေးအိမ်တော်ရောက်လာခြင်း
အပိုင်း(၉)လုပ်ကြံခံရခြင်း
အပိုင်း(၁၀) ထူးဆန်းလွန်းသော ရှင်း
အပိုင်း(၁၁) အဆိပ်ခတ်ရန်ကြံစည်ခြင်း
ဇာတ္ေကာင္နာမည္မ်ား
အပိုင်း(၁၂) ဆီမီးလွှတ်ပွဲ၌ တစ်ညတာ
အပိုင်း(၁၃) သေရည်မူးကာ သောင်းကျန်းခြင်း
အပိုင်း(၁၄) အရာရှိစာမေးပွဲ အောင်မြင်ခြင်း
အပိုင်း(၁၅) ပထမဆုံး ညီလာခံတက်ခြင်း
အပိုင်း(၁၆) ရှင်းရန်၏ အိပ်မက်
အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း
အပိုင်း(၁၈) ရွှေကြာပန်းအား ရယူရန် ကြိုးစားခြင်း
အပိုင်း(၁၉) အရှင်မင်းကြီး၏ စီရင်ချက်
အပိုင်း(၂၀) ရှင်းယွဲ့နတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏ သရုပ်မှန်ပေါ်ခြင်း
အပိုင်း(၂၂)တော်ဝင်လက်ထပ်ပွဲ
အပိုင်း(၂၃) ဖွင့်ဟဝန်ခံခြင်း
အပိုင်း(၂၄) အမှောင်နတ်ဘုရား၏ ခံစားချက်
အပိုင်း(၂၅)မေချင်းနတ်ဘုရားမမှန်း သိရှိခြင်း
အပိုင်း(၂၆) လေးစားရသော အမတ်ချုပ်ကြီး
အပိုင်း(၂၇) ကလေးဆန်သော အမတ်ချုပ်ကြီး
အပိုင်း(၂၈) ရှင်းယွဲ့နတ်ဘုရားအား မြူ ဆွယ်ခြင်း
အပိုင်း(၂၉) မင်းကြီးနှင့်အတူတူ အိပ်စက်ခြင်း
အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်
အပိုင်း(၃၁)ဧကရီတင်မြှောက်ရန် ကြေညာခြင်း
အပိုင်း(၃၂) လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း
အပိုင်း(၃၃) ဝမ်ရယ်အိမ်တော်သို့ အလည်သွားခြင်း
အပိုင်း(၃၄) လက်ထပ်ခွင့်
အပိုင်း(၃၅)လက်ထပ်ပွဲ ဖျက်ရန် အစီအစဉ်
အပိုင်း(၃၆) သွေးစွန်းသွားသော ဧကရီတင်မြှောက်ပွဲ
အပိုင်း(၃၇) ရှောင်လွှဲ၍ မရနိုင်သော စစ်ပွဲ
အပိုင်း(၃၈) အကျယ်ချုပ်ချခံရခြင်း
အပိုင်း(၃၉) ထာဝရ အိပ်စက်သွားသူ
အပိုင်း(၄၀) နောက်ဆုံး နှုတ်ဆက်ရခြင်း
အပိုင်း(၄၁) အထီးမကျန်စေချင်၍ အဖော်လိုက်သွားသူ
အပိုင်း(၄၁) ပြန်လည်နိုးထလာခြင်း
အပိုင်း(၄၃) အမှတ်တရများ ပြန်လည်တွေ့ရှိခြင်း
အပိုင်း(၄၄) final လှပသော ထာဝရ ချစ်ခြင်းတစ်ခု 🙆🙆
ေက်းဇူးတင္လႊာႏွင့္ ႏႈတ္ဆက္လႊာ
Extra-1
Extra-2
Hello💙
Thadingyut Gift✨✨
Announcement ✨✨
Hello...
Next fiction Promotion
Book announcement
Today order date✨✨
Attention please...
Extra-3
Extra-4
Book Preorder

အပိုင်း(၂၁) မျှော်လင့်မထားသော လက်ထပ်ခွင့်

19.1K 2.4K 111
By StarRia19

Unicode

အပိုင်း(၂၁)

မျှော်လင့်မထားသော လက်ထပ်ခွင့်

ဝါးပင်များဖြင့် စိမ်းစိုလှပသော ခြံဝန်းတစ်ခုထဲတွင် သခင်လေးတစ်ယောက်သည် တစ်ကိုယ်တည်း အေးဆေးစွာထိုင်နေသည်။

သိပ်မကြာမီ ကြည့်ကောင်းသပ်ရပ်သော ကောင်လေးတစ်ယောက်သည် ချောမောသော သခင်လေးရှိရာဆီသို့ မဝံ့မရဲပုံစံဖြင့် ချဉ်းကပ်လာသည်။

"သခင်လေး"

"ဘာလဲ"

ပြန်ဖြေလာသော ဖြေသံထဲတွင် စိတ်တိုနေသောအရိပ်အယောင်တို့ အပြည့်အဝပါနေလေသည်။

"ခုထိ စိတ်ဆိုး မပြေသေးဘူးလား"

"...."

ဘာမှ ပြန်မပြောလာသော သူ၏ သခင်လေးကြောင့် စိတ်ဆိုးမပြေသေးမှန်း ယွီလေးသိရှိလိုက်သည်။

"သခင်လေး ကျွန်တော့်ကို ထရိုက်ရင်ရိုက် ထကန်ရင်ကန်လိုက်ပါ...စကားမပြောဘဲတော့ မနေပါနဲ့...ကျွန်တော့်ရင်တွေ နာရလို့ပါ"

"အပိုတွေ လုပ်မနေနဲ့ ငါမင်းကို စကားမပြောတာ တစ်ရက်တောင် မပြည့်သေးဘူး"

သခင်လေး စကားကြောင့် ယွီလေး အော်ငိုရန် လုပ်နေသော အစီအစဉ်တို့ ရပ်တန့်သွားရသည်။

"သခင်လေး ကျွန်တော် ဘယ်လိုလုပ်ပေးမှ စိတ်ဆိုးပြေမှာလဲ"

"ရှင်း ဆီကို ငါနဲ့ ပတ်သတ်တာ ဘာမှပြန်မပြောရဘူး"

"စိတ်ချပါ...ကျွန်တော် ဘာမှ ပြန်မပြောတော့ဘူး...ကတိပေးတယ် သခင်လေး...ကျွန်တော့်ကို ယုံတယ်မလား"

ရီဟွား ရယ်ကျဲကျဲပြောနေသော ကောင်လေးအား မျက်စောင်းထိုးလိုက်သည်။ ယွီလေးသည် သူ ဒီကို ရောက်လာချိန်တွင် ပထမဆုံး သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သည့်သူပင်။

မိသားစု ဘဝကို မပိုင်ဆိုင်ခဲ့ရသည့် သူ့အတွက် ပထမဆုံး မိသားစုဝင်အဖြစ် သတ်မှတ်ခဲ့သူ ဖြစ်သောကြောင့် စိတ်ဆိုးချင်သော်လည်း ကြာကြာစိတ်ဆိုး၍ မရပေ။

"မူလ ယွီလေးက ဘယ်မှာလဲ"

သူ သိချင်နေသော မေးခွန်းကို ယွီလေးအား မေးလိုက်သည်။

"သခင်လေး မှတ်ဉာဏ်တွေ မပျောက်ခင် စစ်သူကြီး စစ်တိုက်မထွက်ခင်လောက်တုန်းက သခင်လေးအတွက် စိုးရိမ်လို့ အနီးကပ်အစေခံတစ်ယောက် ရွေးချယ်ခဲ့တယ်...အဲဒီမှာ ကျွန်တော်က အရှင့် အမိန့်ကြောင့် စစ်သူကြီးအိမ်တော် ဝင်ဖို့လိုလို့ ယွီလေးဆိုတဲ့ နာမည်နဲ့ အစေခံဝင်လုပ်ခဲ့တာ...သခင်လေးက ကျွန်တော့်ကို အနီးကပ်အစေခံအဖြစ် ရွေးချယ်ခဲ့တာပဲ"

ယွီလေးအား အနီးကပ်အစေခံအဖြစ် မူလဝူရီဟွားက ရွေးချယ်ခဲ့ခြင်းပင်။ ကြည့်ရတာ မူလဝူရီဟွားလည်း သွက်လက်ချစ်စရာကောင်းသော ယွီ​လေးအား အနီးကပ်လူယုံအဖြစ် ရွေးချယ်ရန် သဘောကျခဲ့ပုံရသည်။

"မှတ်ဉာဏ်တွေ ဖျောက်မပစ်ခင်က သူတို့တိုက်ခိုက်တာ မြင်ခဲ့တာ ခုလို ငါ့ခြံဝန်းထဲမှာတော့ မဟုတ်ဘူးမလား"

"မဟုတ်ဘူး...အဲဒီတုန်းက သခင်လေး ညဘက်ကြီး နန်းတွင်းဝင်ပြီး ဝမ်ရယ်ကို သွားတွေ့မယ် လုပ်တာ...အဲဒါ နန်းတွင်း မဝင်ခင် နန်းတော်အပြင်ဘက်မှာ အရှင်နဲ့ အမှောင်နတ်ဘုရား တိုက်ခိုက်တာကို မတော်တဆတွေ့သွားခဲ့လို့"

ရီဟွား တော်တော်စိတ်တိုသွားရသည်။

သူတို့ဖာသာ နေရာမရှောင်ဘဲ အစွမ်းတွေထုတ်သုံးပြီး သူများမှတ်ဉာဏ်တွေ အားနာမှုအလျဉ်းမရှိ ဖျောက်ပစ်ကြတယ်လေ။ မူလဝူရီဟွားအတွက် တော်တော်စိတ်တိုစရာလုပ်ရပ်ကြီးပင်။

ရီဟွား ယွီလေးအား မေးလို့မရသည့် သူ နားမလည်နိုင်သော အချက်တစ်ချက်ရှိနေသေးသည်။ မှတ်ဉာဏ်ဖျောက်ပစ်ပြီးချိန် သူဘာလို့ ဝူရီဟွား ကိုယ်ထဲရောက်လာရခြင်းကိုမူ ခုထိနားမလည်နိုင်သေးပေ။ မူလဝူရီဟွား၏ မတရားစွာ သေဆုံးခဲ့ရသော ဇာတ်ကြောင်းကံကြမ္မာအား ပြင်ဆင်ရန် ကံတရားကြီးက သူ့အား စေခိုင်းခြင်းပေလား။

"သခင်လေး...အရှင့်ကိုရော စိတ်ဆိုးတုန်းလား"

"သူ့အကြောင်းလာမပြောနဲ့"

သခင်လေး သူ့ကိုပါ ပြန်စိတ်ဆိုးသွားမည် စိုးသောကြောင့် ယွီလေး ပါးစပ်ပိတ်နေရသည်။

"သြော် ဒါနဲ့ အကိုကြီးက ညီဝမ်းကွဲလေးကို မတွေ့လို့ မေးလာခဲ့ရင် သူ အရင်နေခဲ့တဲ့ ရွာကို ပြန်သွားတယ်ပြောလိုက်...အရမ်းရင်းနှီးခဲ့သူ ဆုံးသွားတာမို့ အလောတကြီးပြန်သွားရလို့ လာမနှုတ်ဆက်နိုင်တာလို့"

"ဟုတ်ကဲ့ သခင်လေး"

သူ့သခင်လေး သူ့အား စိတ်မဆိုးတော့သောကြောင့် ယွီလေး တော်တော်ဝမ်းသာသွားရသည်။ သူ၏ သခင်လေးသည်လည်း သူ့အတွက်တော့ ချစ်ရသော သခင်တစ်ယောက်ပင်။

ရီဟွား ကုန်သွားသော လက်ဖက်ရည်ခွက်ထဲသို့ လက်ဖက်ရည်ငှဲ့ရန် အိုးအား လှမ်းယူလိုက်စဉ် ခြံဝန်းတံခါးမှ သူ့ဆီလျှောက်လာသော အရိပ်တစ်ခုအား မျက်လုံးထောင့်မှ မြင်လိုက်ရသောကြောင့် လှမ်းကြည့်လိုက်သည်။

အကိုကြီးသည် သူရှိရာဆီသို့ တစ်လှမ်းချင်း လျှောက်လာလေသည်။ ရီဟွား လက်ဖက်ရည်အိုးအား ချထားလိုက်ပြီး အကိုကြီးရောက်အလာကို စောင့်နေလိုက်သည်။

သူ့အနီးရောက်သောအခါ ဘေးနားတွင် မတ်တပ်ရပ်လိုက်သောကြောင့် ရီဟွား ထိုင်ခုံအား ဆွဲယူလိုက်ပြီး အကိုကြီးအား ထိုင်ရန်ပြောလိုက်သည်။

"အကိုကြီး ထိုင်လေ"

"မထိုင်တော့ဘူး ဟွားအော်...မင်းကြီးက ဟွားအော်ကို ခိုင်းစရာလေးရှိလို့ နန်းတွင်းလာဖို့ အမိန့်ပေးလိုက်လို့ အကိုကြီး လာပြောတာ"

"ကျွန်တော် နေမကောင်းဘူးလို့ အကြောင်းပြန်ပေးပါ အကိုကြီး"

"အိမ်ရှေ့မှာ လှည်းယာဉ်ရောက်နေတယ်...အထိန်းတော်ကြီးလည်းပါတယ်...ဟွားအော် နေမကောင်းဘူးဆိုရင် နန်းတွင်းကိုလှည်းယာဉ်နဲ့လိုက်ခဲ့ပါတဲ့...သမားတော်ကြီး စမ်းသပ်စစ်ဆေးပေးမယ်ပြောတယ်...ဟွားအော် မင်းကြီးကို ဘာလို့ညာရတာလဲ...တစ်ခုခုဖြစ်ထားလို့လား"

အကိုကြီး၏ စကားကြောင့် ရီဟွားစိတ်ညစ်သွားရသည်။ သူ့အား ချည်တုပ်ကာ မလာမနေရ လုပ်သွားပြန်ပြီလေ။ ဉာဏ်များလွန်းသော ရှင်းသည် တကယ်စိတ်တိုဖို့ကောင်းလွန်းသည်။

"ဘာမှ မဖြစ်ပါဘူး အကိုကြီး...ကျွန်တော် လိုက်သွားလိုက်မယ်...ကျွန်တော့်ကို စိတ်မပူပါနဲ့"

အကိုကြီးသည် အမြဲတမ်း သူ မဖြေချင်သော မေးခွန်းအား နှစ်ခါထပ် မမေးတတ်။ ခေါင်းညိတ်ပြလာသော အကိုကြီးအား နှုတ်ဆက်ကာ ရီဟွား အိမ်ရှေ့သို့ထွက်လာလိုက်သည်။

အိမ်ရှေ့တွင် ရပ်ထားသော လှည်းယာဉ်ဆီသို့ ရောက်သောအခါ လှည်းယာဉ်ပေါ် တက်လိုက်သည်။ ရှောင်ကုန်းဇီလည်း သူ၏ နောက်မှ လိုက်တက်ပြီးနောက် လှည်းယာဉ်သည် အိမ်တော်မှ ထွက်ခွာသွားလေတော့သည်။

***********************

နန်းဆောင်ထဲရောက်သည်နှင့် မမြင်ချင်သော်လည်း မြင်ရမည့်မျက်နှာအား တွေ့လိုက်ရသည်။ တကယ်ကို နတ်ဘုရားပီသပါပေသည်။ ဘယ်ချိန်ကြည့်ကြည့် ကြည့်ကောင်းနေသော မျက်နှာသည်ကတော့ ပြိုင်စံရှားပင်။

ရီဟွား ရှင်း၏ ဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

"ကျွန်တော့်ကို ဘာခိုင်းမလို့ ခေါ်လိုက်တာလဲ"

"ကိုယ် မင်းကို စဉ်းစားခိုင်းစရာရှိလို့"

ရီဟွား ရှင်းမျက်နှာတည့်တည့်အား စိုက်ကြည့်လိုက်သည်။ လေးနက်တည်ကြည်သော အသွင်အပြင်အရ အရေးကြီးကိစ္စဖြစ်မည်ဟု ရီဟွား တွေးဆလိုက်သည်။

"အင်း ကျွန်တော် နားထောင်နေတယ်"

ရေဆာနေသောကြောင့် စားပွဲပေါ်တင်ထားသော လက်ဖက်ရည်အား ခွက်ထဲ ငှဲ့လိုက်သည်။ အနည်းငယ် ပူနေသောကြောင့် ပါးစပ်နားတေ့ကာ မှုတ်ပြီး သောက်လိုက်သည်။

"ကိုယ့်ကို လက်ထပ်ပါ ရှောင်ဟွား"

"ဖူး"

ပါးစပ်ထဲ ငုံထားသော လက်ဖက်ရည်တို့ အပြင်သို့ ပြန်ထွက်ကုန်ကြသည်။ သီး မသွားသည်မှာ တော်တော်လေး ကံကောင်းသည်ဟု ဆိုရမည်။

"ရှင်း ကျွန်တော့်ကို နောက်နေတာလား"

အထိတ်တလန့် မျက်နှာဖြင့် ရီဟွား ရှင်းအား ကြည့်ကာ မေးလိုက်သည်။

"ကိုယ့် ပုံစံကနောက်နေတဲ့ပုံ ပေါ်လို့်လား"

ရှင်း၏ မျက်နှာသည် ခါတိုင်းထက်ပင် လေးနက်တည်ကြည်လွန်းနေလှသည်။ နောက်နေသည့် အမူအရာ တစ်စက်မှ မရှိချေ ။

"မဟုတ်ဘူး ရှင်း...နည်းနည်း မှားနေပြီ...ကျွန်တော်က ယောကျာ်းလေးလေ"

"ကိုယ် သိတယ်"

ရှင်း၏ မျက်နှာ အမူအရာတို့သည် သူ၏ဆုံးဖြတ်ချက်အား ပြန်ပြောင်းမည့်ပုံ လုံးဝမပေါ်ပေ။

"ရှင်း ဘေးမှာ အချောအလှ မိန်းကလေးတွေ အများကြီး ဝန်းရံနေတာ...သူတို့ကို လက်ထပ်လို့ရတာပဲ"

"ကိုယ် လက်ထက်ချင်တာက မင်းတစ်ယောက်ပဲ"

ရီဟွား ယခုကဲ့သို့ အခြေအနေအား မည်သို့ဖြေရှင်းရမည်မှန်း လုံးဝ မသိတော့။

မိန်းကလေးတစ်ယောက် ချစ်ရေးဆိုခြင်းကိုပင် မခံရဖူးသည့်သူက ယောကျာ်းတစ်ယောက်၏ လက်ထပ်ခွင့်တောင်းခြင်းကို ခံနေရသည်တဲ့။ လုံးဝ အဓိပ္ပါယ်မရှိသည့် ဖြစ်ရပ်ကြီးပင်။

ပွင့်လင်းမြင်သာသော ခေတ်မှလာသည့်လူတစ်ယောက်အနေဖြင့် လိင်တူချစ်ကြိုက်ခြင်းအား လက်ခံနိုင်သည့် လူများထဲတွင် သူသည်လည်း အပါအဝင်ပင်။

သို့သော် သူသည်ကတော့ လုံးဝ Straight တစ်ယောက်ဖြစ်သည်။ ယောကျာ်းတစ်ယောက်အား လက်ထပ်ဖို့ မဆိုထားနှင့် ချစ်သူဖြစ်ရန်ပင် သူ့အတွက်ခဲယဉ်းလွန်းလှသည်။

"ရှင်း အထင်လွဲနေပြီ...ကျွန်တော်က မိန်းကလေးတွေပဲ စိတ်ဝင်စားတာ...ကျွန်တော် ရှင်းကို ခင်ပါတယ်...အဲဒါကြောင့် သူငယ်ချင်း အဖြစ်ပဲ..."

သူ၏ စကားတို့သည် တဝက်တွင်ပင် ရပ်တန့်ခြင်း ခံလိုက်ရသည်။ ရုတ်တရက် နှုတ်ခမ်းထက်တွင် ခံစားလိုက်ရသည့် နူးညံ့သော အထိအတွေ့ကြောင့် ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားရသည်။

ရှင်းသည် သူထိုင်နေသော ခုံနောက်အမှီအား လက်တစ်ဖက် ထောက်ကာ ကျန်လက်တစ်ဖက်သည် သူ့ခေါင်းအနောက်အား ထိန်းကိုင်၍ နမ်းလိုက်ခြင်းပင်။

အပေါ်ဘက်မှ ငုံနမ်းနေသောရှင်း၏ ကိုယ်အား သူ အားရှိသမျှ ကြိုးစားတွန်းဖယ်လိုက်သော်လည်း အနည်းငယ်မျှပင် ရွေ့မသွားချေ။

နှုတ်ခမ်းပါးနုနုအား ဖွဖွကိုက်ခံလိုက်ရသောကြောင့် နှုတ်ခမ်းနှစ်လွှာ ဖွင့်ဟကာ အာမေဋိတ်သံခပ်တိုးတိုး ဆိုလိုက်မိသည်။

"အ!"

နွေးထွေးသော ခံတွင်းထဲသို့ တိုးဝင်လာသော အထိအတွေ့ကြောင့် ရီဟွား မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားရသည်။ အာခံတွင်းထဲမှ လျှာအား ထိတွေ့ရစ်ပတ်ကာ စုပ်ယူခံလိုက်ရခြင်းသည် အားအင်များကိုပါ ကုန်ခမ်းသွားစေသည်။

တစ်ခါမှ မခံစားခဲ့ဖူးသော ဆန်းသစ်သည့် သာယာသော အထိအတွေ့တွင် ရီဟွား တွေဝေမိန်းမောသွားရသည်။ မရည်ရွယ်ပါဘဲ သူသည်လည်း အလားတူအနမ်းတစ်ခုအား စတင်ဖန်တီးလိုက်မိသည်။

အချိန်မည်မျှကြာသွားမှန်း မသိလိုက်။ အသက်ရှူမွန်းကြပ်လာသောအခါမှသာ ရီဟွား အသိတို့ဝင်လာရသည်။ ရှင်း၏ ရင်ဘတ်အား ထုရိုက်ကာ လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

နှုတ်ခမ်းထက်ဆီမှ အထိအတွေ့အား မခံစားရတော့သောအခါမှ ရီဟွား အငမ်းမရအသက်ရှူလိုက်ရ၏။ အတော်ကြာမှသာ သူ ပုံမှန် ပြန်အသက်ရှူနိုင်လေသည်။

တစ်ဖက်သူအား ကြည့်လိုက်တော့ ဘာမှဖြစ်ပုံမရ။ အေးဆေးစွာပင် သူ့အား ပြုံး၍ စိုက်ကြည့်နေသည်။

"မင်း ကိုယ့်ကို ပြန်တုံ့ပြန်တယ် ရှောင်ဟွား"

ရီဟွား မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။ ဖြစ်ပျက်ခဲ့သော အခြေအနေတို့သည် ရုတ်တရက်ဆန်လွန်းနေသည်။ ဘာတွေဖြစ်သွားမှန်းပင် သူ နားမလည်လိုက်။ သူ့ ကိုယ်သူလည်း မယုံနိုင်အောင် ဖြစ်သွားရသည်။ သူ လုံးဝ လက်မခံနိုင်ချေ။

"ကျွန်တော် ပြန်တော့မယ်"

ရီဟွား တစ်ဖက်မှ ပြန်အဖြေကိုပင် မစောင့်တော့။ နန်းဆောင်ထဲမှ အမြန်ထွက်လာခဲ့လိုက်သည်။ မျက်နှာချင်းဆိုင်ရန် သူ လုံးဝ အဆင်ပြေမနေပေ။

ရှင်း ထွက်ပြေးသွားသော ကောင်လေး ရှေ့သို့သွားကာ ချက်ချင်းပိတ်ရပ်ရန် ပြင်လိုက်သည်။ ရုတ်တရက် ပေါ်လာသော အတွေးတို့ကြောင့် မတားဆီးတော့ဘဲ ရပ်တန့်လိုက်သည်။ သူ ရှောင်ဟွားအား အချိန်ပေးရန် လိုအပ်သည်ဟု တွေးထင်မိသောကြောင့်ဖြစ်သည်။

အခြေအနေအား သိရှိရန် ရှောင်အန်းမှ တစ်ဆင့် ပြန်မေး၍ ရနိုင်သောကြောင့် ခဏ အချိန်ပေးကာ လွှတ်ပေးလိုက်ခြင်းသာ ဖြစ်လေသည်။

*********************

အဖြူ ရောင် ခန်းဆီးများ၊ အစများဖြင့် အလှဆင်ထားသော အခန်းတစ်ခုထဲတွင် အဖြူ ရောင်ဝတ်ရုံများကိုသာ ဆင်မြန်းထားသည့် ယောကျာ်းလေး တစ်ယောက်နှင့် မိန်းကလေးတစ်ယောက်တို့ ရှိနေကြသည်။

"ကျောက်ဟွမ် နင်ငါ့ကို ဒီလာဖို့ ခေါ်တဲ့အကြောင်းအရင်းကဘာလဲ"

"နင် အဖေအတွက် လက်စားမချေချင်ဘူးလား ရှင်းရန်"

ကျောက်ဟွမ်၏ စကားကြောင့် ရှင်းရန်၏ မျက်နှာထက်တွင် ဝမ်းနည်းမှုတို့အထင်းသားပေါ်လာသည်။

"ငါက ဘာလုပ်နိုင်မှာမို့လဲ"

"ငါတို့နှစ်ယောက်ပေါင်းပြီး လက်စားချေလို့ရတယ် ရှင်းရန်...နင်ဒီလောက် တောင်းပန်နေတဲ့ကြားထဲက နင့်အဖေကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ကျောက်ရန်ကို နင်လည်းမုန်းတယ်မလား....နင်လည်း နာကျည်းတယ်...လက်စားချေချင်တယ်မလား"

"အင်း ငါမုန်းတယ်...ငါ့အဖေက ငါ့အတွက်တော့ ဖခင်ကောင်းတစ်ယောက်ပါ...မျက်လုံးမှိတ်လိုက်တိုင်း ငါ့အဖေရဲ့ ပုံရိပ်တွေပဲ ငါ မြင်နေရတာ...ငါ့အဖေက ငါ့ကို ဘယ်လောက်ချစ်လဲဆိုတာ နင်လည်းသိတာပဲ...ငါ မမုန်းဘဲ နေမလား...ငါ့အဖေကို သေစေတဲ့လူတိုင်း တစ်ယောက်ချင်း တစ်ယောက်ချင်းကို ငါမုန်းတယ်"

ကျောက်ဟွမ်၏ မျက်နှာထက်တွင် အပြုံးတို့ပေါ်ပေါက်လာသည်။

"ငါတို့မိဘတွေကို သေစေတဲ့ အဓိကတရားခံက ကျောက်ရန်ပဲ...ကျောက်ရန်ကိုသာ သတ်နိုင်ရင်ငါတို့မိဘတွေ အေးချမ်းမှာ သေချာတယ် ရှင်းရန်...မကြာခင် ကျောက်ရန်က ငါ့ကို နယ်စပ်ဒေသတစ်ခုကို ပို့လိမ့်မယ်...ငါ့မယ်တော်ရဲ့ လက်အောက်ခံတွေရှိတဲ့ နယ်စပ်ဒေသကို ငါသိတယ်...သူ မစေလွှတ်ခင် ငါ အရင်သွားလျှောက်တင်ပြီး ငါရွေးချယ်ထားတဲ့ နယ်စပ်ဒေသဆီကိုသွားမယ်...ငါ့ကို လက်ထပ်ပြီး ငါနဲ့အတူလိုက်ခဲ့ပါ...အချိန်တစ်ခုရောက်လို့ တပ်အင်အားစုစည်းမိတဲ့အခါ မြို့တော်ပြန်လာပြီး ငါတို့မိဘတွေအတွက် ကျောက်ရန်ကိုသတ် လက်စားချေမယ်"

ကျောက်ဟွမ်၏ စကားတို့အား နားထောင်နေသော ရှင်းရန် အနည်းငယ်တွေဝေသွားသည်။ သို့သော် တခဏမျှသာ။

"ကောင်းပြီ...ငါ့ အဖေကို အဓိကသေစေတဲ့ ကျောက်ရန် သေစေရမယ်...သူသေဖို့ ငါဘာမဆို လုပ်ပေးမယ်"

သူ(မ) ချလိုက်သော ဆုံးဖြတ်ချက်အား သူ(မ) ပြန်ပြင်ဆင်တော့မည် မဟုတ်။ သူ(မ)သည်လည်း ဆုံးဖြတ်ချက် ပြတ်သားသူတစ်ယောက်ပင်။

"ငါတို့ နယ်စပ်ကို သွားရင် ရီရီကိုလည်း ခေါ်ခဲ့လိုက်မယ်...သူ(မ)က ငါ့ညီမ အရင်းမို့ တစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချဘူး"

"အင်း"

အမြဲစကားများနေကြသော သူတို့နှစ်ယောက်ကြားတွင် ပြောစရာစကားတို့ ပျောက်ရှသွားရသည်။ အခန်းသည်လည်း ခဏမျှ တိတ်ဆိတ်သွားသည်။

"ငါ အိမ်တော်ပြန်လိုက်ဦးမယ် ကျောက်ဟွမ်...ပျက်စီးလုဖြစ်နေတဲ့ အိမ်တော်အတွက် ငါ လုပ်ရမှာတွေ အများကြီးပဲ...ဟွားအယ်က အကူအညီအများကြီး ပေးခဲ့တယ်ဆိုပေမဲ့ ငါ အားနာနေပြီ...သူ့ကို ဒုက္ခမပေးချင်တော့ဘူး"

ရီဟွားနာမည်အား ကြားလိုက်ရသော ဝမ်ရယ်၏ မျက်နှာသည် ပျက်ယွင်းသွားရသည်။

"အင်း ဂရုစိုက်ပြန်"

ရှင်းရန် အခန်းထဲမှ ထွက်သွားသည်နှင့် ကျောက်ဟွမ် ခပ်တိုးတိုး ပြောလိုက်မိသည်။

"ဟွားအယ် ကိုယ့်ကို နှစ်အနည်းငယ်ဘဲစောင့်...ကိုယ် မင်းဆီ ပြန်လာခဲ့မယ်...ကိုယ် ပြန်ရောက်လာရင် ကိုယ်ပိုင်ဆိုင်တဲ့အရာမှန်သမျှအကုန် မင်းအပိုင်ပဲ"

ထို့နောက် သူ၏ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်သည် အထက်သို့ ကွေးညွှတ်သွားသည်။

"ရှင်းယွဲ့နတ်ဘုရား အေးဆေးမနေဘဲ လူ့လောကကို လာရှုပ်ပြီး ငါပိုင်ဆိုင်ရတဲ့အရာမှန်သမျှလုယူတဲ့သူ...ငါအရမ်းချစ်ရတဲ့ မယ်တော်ကို သေစေတဲ့သူ...မကြာခင် မင်း အမတော်ရဲ့လက်ချက်နဲ့ မင်းသေစေရမယ်"

ဝမ်ရယ်၏ မျက်ဝန်းများသည် ရက်စက်သော အငွေ့အသက်တို့ဖြင့် ကြောက်မက်ဖွယ်ကောင်းနေသည်။

"နတ်ဘုရားတွေက မသေမျိုးပေမဲ့ သွေးသားတော်စပ်သူကသာ သတ်ခဲ့ရင် နတ်သက်ကြွေနိုင်တယ်တဲ့...အမှောင်နတ်ဘုရားရဲ့မှတ်ဉာဏ်တွေထဲက အဲဒီအချက်ကို ငါသိလိုက်တာ မင်းအတွက် အရမ်းကံဆိုးသွားစေတာပဲ...နှစ်အနည်းငယ်ကြာရင် မင်းလုယူထားတဲ့ ငါပိုင်ဆိုင်ရမဲ့ အရာမှန်သမျှ ငါ့လက်ထဲပြန်ရောက်လာတော့မယ် ဟားဟား"

မနေ့ညက သူ မြင်မက်ခဲ့ရသော အိပ်မက်အား သူ့အနေဖြင့် လွန်စွာ ကျေးဇူးတင်နေသည်။ အမှောင်နတ်ဘုရား သူ့အား ဝိဉာဉ်ကိုယ်ပွားအဖြစ် ခွဲထုတ်ကာ အမိန့်ပေးခဲ့ပုံတို့အား သူ သေချာစွာ မြင်မက်ခဲ့သည်။

အမှောင်နတ်ဘုရား၏ သူ့အား ကိုယ်ထဲမှ ခွဲမထုတ်ခင်က မှတ်ဉာဏ်အစုံတို့အားလည်း သူ ပြန်လည်ပိုင်ဆိုင်ခဲ့ရသည်။ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှ ရှင်းယွဲ့နတ်ဘုရားအား တွေ့မြင်ခဲ့ရသောကြောင့် ဧကရာဇ်ကျောက်ရန်သည် ရှင်းယွဲ့နတ်ဘုရားမှန်း သူသိရှိသွားခဲ့ခြင်းဖြစ်သည်။

သူ ရရှိခဲ့သော အမှောင်နတ်ဘုရား၏ ဆုအရ ရှင်းရန်သည် မေချင်းနတ်ဘုရားမမှန်း သူ သိရှိနေလေပြီ။ ကြည့်ရသည်မှာ ရှင်းယွဲ့နတ်ဘုရားသည် မေချင်းနတ်ဘုရားမအား လာရှာခြင်းဖြစ်နိုင်သော်လည်း ယခုချိန်ထိ သိရှိပုံမရသေးပေ။

အမှောင်နတ်ဘုရား၏ မှတ်ဉာဏ်ဟောင်းများထဲရှိ သူသိမ်းဆည်းထားသော ရတနာများထဲမှ ချုပ်နှောင်ခြင်းရတနာသည် ရှင်းရန်လည်ပင်းထက်တွင် ရှိနေသေးသည်။ ထိုရတနာကြောင့် ရှင်းယွဲ့နတ်ဘုရား မသိရှိသေးပုံရသည်။

သူ ရှင်းရန်အား အသုံးချကာ မယ်တော့်ကို သတ်ခဲ့သည့် ရှင်းယွဲ့နတ်ဘုရားအား သေစေမည်။ သူ၏ အစီအစဉ်အောင်မြင်ရန်အတွက် ရှင်းရန် မှတ်ဉာဏ်များပြန်ရ၍ မဖြစ်ပေ။

ဝိညာဉ်အပိုင်းအစ စုံမှသာ မှတ်ဉာဏ်များ ပြန်ရမည်ဖြစ်သောကြောင့် ရီရီဆီမှ ဝိညာဉ်အပိုင်းအစ တစ်ခုအား ထုတ်ယူခွင့် သူ လုံးဝ ခွင့်မပြုနိုင်ပေ။

ရီရီထံမှ ဝိညာဉ်အပိုင်းအစအား သူသည်လည်း ခံစားသိရှိပြီးလေပြီ။ နှစ်ယောက်လုံးအား သူ့ဘေးတွင် ထားကာ စောင့်ကြည့်မည်။

အမှောင်နတ်ဘုရား၏ အမိန့်ကိုတော့ သူဆက်လက် မဆောင်ရွက်တော့။အမှောင်နတ်ဘုရားသာ သူ့အား ဒုက္ခမပေးလာလျှင် သူသည်လည်း အမှောင်နတ်ဘုရားအား ဘာမှလုပ်မည်မဟုတ်။

သူ၏ လမ်းအား တားဆီးလာသူ အကုန်လုံးကိုတော့ သူ ရှင်းလင်းပစ်ရလိမ့်မည်။ မယ်တော်၏ ဆန္ဒအတိုင်း အားလုံး၏ ထိပ်တွင် ရပ်တည်နိုင်ရန်အတွက် သူကြိုးစားလုပ်ဆောင်သွားမည်။ နှိမ့်ချဆက်ဆံသူ အားလုံး ဦးမော့ကြည့်ရှုရသူတစ်ယောက် ဖြစ်လာစေရမည်။

သူ အဝေးတွင် ရှိနေသော စားပွဲပေါ်ရှိ ပန်းအိုးဆီသို့ စိတ်အာရုံတို့ စုစည်းကာ ပို့ထားလိုက်သည်။ ထို့နောက် သူ၏ လက်တစ်ဖက်အား ပက်လက်လှန်၍ အထက်သို့ ဖြည်းညှင်းစွာ ပင့်မလိုက်သည်။ ပန်းအိုးသည် လေပေါ်သို့ မြှောက်တက်သွားသည်။ လက်အား ဘေးဘက်သို့ရွှေ့လိုက်ရာ ပန်းအိုးသည်လည်း လိုက်၍ ရွှေ့လာသည်။

အမှောင်နတ်ဘုရား၏ ဝိညာဉ်ခွဲ ဖြစ်သောသူသည် အမှောင်နတ်ဘုရား၏ စွမ်းအင်တို့အား ပိုင်ဆိုင်ရရှိထားလေသည်။ မှတ်ဉာဏ်တို့မရရှိခင်က အသုံးမပြုနိုင်ခဲ့သော စွမ်းအင်တို့အား ယခုအချိန်တွင် သူ့စိတ်ကြိုက် အသုံးပြုနိုင်နေလေပြီ။

ရုတ်တရက် သူ၏ လက်အား ရုတ်ချလိုက်ရာ လေပေါ်တွင် ပျံဝဲနေသောကြွေပန်းအိုးသည် အောက်ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားလေသည်။

"ခွမ်း"

ကြမ်းပြင်တွင် အစိတ်စိတ် အမြွှာမြွှာကွဲကြေနေသော ပန်းအိုးအား ကြည့်ကာ ကျောက်ဟွမ် စိတ်ထဲပျော်ရွှင်လာရသည်။

"ရှင်းယွဲ့နတ်ဘုရား မကြာခင် အဲပန်းအိုးလို အဖြစ်မျိုးခင်ဗျားရင်ဆိုင်ရလိမ့်မယ်"

အခန်းထဲရှိ အန္တရာယ်ရှိသော အငွေ့အသက်များလွှမ်းခြုံနေသော ဝမ်ရယ်၏ ပုံစံသည် ကြောက်စရာကောင်းနေသည်။

ကြောက်မက်ဖွယ် အလိုလောဘ၊ ရမ္မက်ဆန္ဒတို့၏ လွှမ်းမိုးမှုကို ခံလိုက်ရသော ဝမ်ရယ်သည် လမ်းမှားဆီသို့ ဦးတည် ခေါ်ဆောင်ခြင်းကို ခံလိုက်ရလေတော့သည်။

****************************

Zawgyi

အပိုင္း(၂၁)

ေမွ်ာ္လင့္မထားေသာ လက္ထပ္ခြင့္

ဝါးပင္မ်ားျဖင့္ စိမ္းစိုလွပေသာ ၿခံဝန္းတစ္ခုထဲတြင္ သခင္ေလးတစ္ေယာက္သည္ တစ္ကိုယ္တည္း ေအးေဆးစြာထိုင္ေနသည္။

သိပ္မၾကာမီ ၾကည့္ေကာင္းသပ္ရပ္ေသာ ေကာင္ေလးတစ္ေယာက္သည္ ေခ်ာေမာေသာ သခင္ေလးရွိရာဆီသို႔ မဝံ့မရဲပုံစံျဖင့္ ခ်ဥ္းကပ္လာသည္။

"သခင္ေလး"

"ဘာလဲ"

ျပန္ေျဖလာေသာ ေျဖသံထဲတြင္ စိတ္တိုေနေသာအရိပ္အေယာင္တို႔ အျပည့္အဝပါေနေလသည္။

"ခုထိ စိတ္ဆိုး မေျပေသးဘူးလား"

"...."

ဘာမွ ျပန္မေျပာလာေသာ သူ၏ သခင္ေလးေၾကာင့္ စိတ္ဆိုးမေျပေသးမွန္း ယြီေလးသိရွိလိုက္သည္။

"သခင္ေလး ကြၽန္ေတာ့္ကို ထရိုက္ရင္ရိုက္ ထကန္ရင္ကန္လိုက္ပါ...စကားမေျပာဘဲေတာ့ မေနပါနဲ႕...ကြၽန္ေတာ့္ရင္ေတြ နာရလို႔ပါ"

"အပိုေတြ လုပ္မေနနဲ႕ ငါမင္းကို စကားမေျပာတာ တစ္ရက္ေတာင္ မျပည့္ေသးဘူး"

သခင္ေလး စကားေၾကာင့္ ယြီေလး ေအာ္ငိုရန္ လုပ္ေနေသာ အစီအစဥ္တို႔ ရပ္တန႔္သြားရသည္။

"သခင္ေလး ကြၽန္ေတာ္ ဘယ္လိုလုပ္ေပးမွ စိတ္ဆိုးေျပမွာလဲ"

"ရွင္း ဆီကို ငါနဲ႕ ပတ္သတ္တာ ဘာမွျပန္မေျပာရဘူး"

"စိတ္ခ်ပါ...ကြၽန္ေတာ္ ဘာမွ ျပန္မေျပာေတာ့ဘူး...ကတိေပးတယ္ သခင္ေလး...ကြၽန္ေတာ့္ကို ယုံတယ္မလား"

ရီဟြား ရယ္က်ဲက်ဲေျပာေနေသာ ေကာင္ေလးအား မ်က္ေစာင္းထိုးလိုက္သည္။ ယြီေလးသည္ သူ ဒီကို ေရာက္လာခ်ိန္တြင္ ပထမဆုံး သူ႕အေပၚ ေကာင္းမြန္စြာ ဆက္ဆံခဲ့သည့္သူပင္။

မိသားစု ဘဝကို မပိုင္ဆိုင္ခဲ့ရသည့္ သူ႕အတြက္ ပထမဆုံး မိသားစုဝင္အျဖစ္ သတ္မွတ္ခဲ့သူ ျဖစ္ေသာေၾကာင့္ စိတ္ဆိုးခ်င္ေသာ္လည္း ၾကာၾကာစိတ္ဆိုး၍ မရေပ။

"မူလ ယြီေလးက ဘယ္မွာလဲ"

သူ သိခ်င္ေနေသာ ေမးခြန္းကို ယြီေလးအား ေမးလိုက္သည္။

"သခင္ေလး မွတ္ဉာဏ္ေတြ မေပ်ာက္ခင္ စစ္သူႀကီး စစ္တိုက္မထြက္ခင္ေလာက္တုန္းက သခင္ေလးအတြက္ စိုးရိမ္လို႔ အနီးကပ္အေစခံတစ္ေယာက္ ေ႐ြးခ်ယ္ခဲ့တယ္...အဲဒီမွာ ကြၽန္ေတာ္က အရွင့္ အမိန႔္ေၾကာင့္ စစ္သူႀကီးအိမ္ေတာ္ ဝင္ဖို႔လိုလို႔ ယြီေလးဆိုတဲ့ နာမည္နဲ႕ အေစခံဝင္လုပ္ခဲ့တာ...သခင္ေလးက ကြၽန္ေတာ့္ကို အနီးကပ္အေစခံအျဖစ္ ေ႐ြးခ်ယ္ခဲ့တာပဲ"

ယြီေလးအား အနီးကပ္အေစခံအျဖစ္ မူလဝူရီဟြားက ေ႐ြးခ်ယ္ခဲ့ျခင္းပင္။ ၾကည့္ရတာ မူလဝူရီဟြားလည္း သြက္လက္ခ်စ္စရာေကာင္းေသာ ယြီ​ေလးအား အနီးကပ္လူယုံအျဖစ္ ေ႐ြးခ်ယ္ရန္ သေဘာက်ခဲ့ပုံရသည္။

"မွတ္ဉာဏ္ေတြ ေဖ်ာက္မပစ္ခင္က သူတို႔တိုက္ခိုက္တာ ျမင္ခဲ့တာ ခုလို ငါ့ၿခံဝန္းထဲမွာေတာ့ မဟုတ္ဘူးမလား"

"မဟုတ္ဘူး...အဲဒီတုန္းက သခင္ေလး ညဘက္ႀကီး နန္းတြင္းဝင္ၿပီး ဝမ္ရယ္ကို သြားေတြ႕မယ္ လုပ္တာ...အဲဒါ နန္းတြင္း မဝင္ခင္ နန္းေတာ္အျပင္ဘက္မွာ အရွင္နဲ႕ အေမွာင္နတ္ဘုရား တိုက္ခိုက္တာကို မေတာ္တဆေတြ႕သြားခဲ့လို႔"

ရီဟြား ေတာ္ေတာ္စိတ္တိုသြားရသည္။

သူတို႔ဖာသာ ေနရာမေရွာင္ဘဲ အစြမ္းေတြထုတ္သုံးၿပီး သူမ်ားမွတ္ဉာဏ္ေတြ အားနာမႈအလ်ဥ္းမရွိ ေဖ်ာက္ပစ္ၾကတယ္ေလ။ မူလဝူရီဟြားအတြက္ ေတာ္ေတာ္စိတ္တိုစရာလုပ္ရပ္ႀကီးပင္။

ရီဟြား ယြီေလးအား ေမးလို႔မရသည့္ သူ နားမလည္နိုင္ေသာ အခ်က္တစ္ခ်က္ရွိေနေသးသည္။ မွတ္ဉာဏ္ေဖ်ာက္ပစ္ၿပီးခ်ိန္ သူဘာလို႔ ဝူရီဟြား ကိုယ္ထဲေရာက္လာရျခင္းကိုမူ ခုထိနားမလည္နိုင္ေသးေပ။ မူလဝူရီဟြား၏ မတရားစြာ ေသဆုံးခဲ့ရေသာ ဇာတ္ေၾကာင္းကံၾကမၼာအား ျပင္ဆင္ရန္ ကံတရားႀကီးက သူ႕အား ေစခိုင္းျခင္းေပလား။

"သခင္ေလး...အရွင့္ကိုေရာ စိတ္ဆိုးတုန္းလား"

"သူ႕အေၾကာင္းလာမေျပာနဲ႕"

သခင္ေလး သူ႕ကိုပါ ျပန္စိတ္ဆိုးသြားမည္ စိုးေသာေၾကာင့္ ယြီေလး ပါးစပ္ပိတ္ေနရသည္။

"ေၾသာ္ ဒါနဲ႕ အကိုႀကီးက ညီဝမ္းကြဲေလးကို မေတြ႕လို႔ ေမးလာခဲ့ရင္ သူ အရင္ေနခဲ့တဲ့ ႐ြာကို ျပန္သြားတယ္ေျပာလိုက္...အရမ္းရင္းႏွီးခဲ့သူ ဆုံးသြားတာမို႔ အေလာတႀကီးျပန္သြားရလို႔ လာမႏႈတ္ဆက္နိုင္တာလို႔"

"ဟုတ္ကဲ့ သခင္ေလး"

သူ႕သခင္ေလး သူ႕အား စိတ္မဆိုးေတာ့ေသာေၾကာင့္ ယြီေလး ေတာ္ေတာ္ဝမ္းသာသြားရသည္။ သူ၏ သခင္ေလးသည္လည္း သူ႕အတြက္ေတာ့ ခ်စ္ရေသာ သခင္တစ္ေယာက္ပင္။

ရီဟြား ကုန္သြားေသာ လက္ဖက္ရည္ခြက္ထဲသို႔ လက္ဖက္ရည္ငွဲ႕ရန္ အိုးအား လွမ္းယူလိုက္စဥ္ ၿခံဝန္းတံခါးမွ သူ႕ဆီေလွ်ာက္လာေသာ အရိပ္တစ္ခုအား မ်က္လုံးေထာင့္မွ ျမင္လိုက္ရေသာေၾကာင့္ လွမ္းၾကည့္လိုက္သည္။

အကိုႀကီးသည္ သူရွိရာဆီသို႔ တစ္လွမ္းခ်င္း ေလွ်ာက္လာေလသည္။ ရီဟြား လက္ဖက္ရည္အိုးအား ခ်ထားလိုက္ၿပီး အကိုႀကီးေရာက္အလာကို ေစာင့္ေနလိုက္သည္။

သူ႕အနီးေရာက္ေသာအခါ ေဘးနားတြင္ မတ္တပ္ရပ္လိုက္ေသာေၾကာင့္ ရီဟြား ထိုင္ခုံအား ဆြဲယူလိုက္ၿပီး အကိုႀကီးအား ထိုင္ရန္ေျပာလိုက္သည္။

"အကိုႀကီး ထိုင္ေလ"

"မထိုင္ေတာ့ဘူး ဟြားေအာ္...မင္းႀကီးက ဟြားေအာ္ကို ခိုင္းစရာေလးရွိလို႔ နန္းတြင္းလာဖို႔ အမိန႔္ေပးလိုက္လို႔ အကိုႀကီး လာေျပာတာ"

"ကြၽန္ေတာ္ ေနမေကာင္းဘူးလို႔ အေၾကာင္းျပန္ေပးပါ အကိုႀကီး"

"အိမ္ေရွ႕မွာ လွည္းယာဥ္ေရာက္ေနတယ္...အထိန္းေတာ္ႀကီးလည္းပါတယ္...ဟြားေအာ္ ေနမေကာင္းဘူးဆိုရင္ နန္းတြင္းကိုလွည္းယာဥ္နဲ႕လိုက္ခဲ့ပါတဲ့...သမားေတာ္ႀကီး စမ္းသပ္စစ္ေဆးေပးမယ္ေျပာတယ္...ဟြားေအာ္ မင္းႀကီးကို ဘာလို႔ညာရတာလဲ...တစ္ခုခုျဖစ္ထားလို႔လား"

အကိုႀကီး၏ စကားေၾကာင့္ ရီဟြားစိတ္ညစ္သြားရသည္။ သူ႕အား ခ်ည္တုပ္ကာ မလာမေနရ လုပ္သြားျပန္ၿပီေလ။ ဉာဏ္မ်ားလြန္းေသာ ရွင္းသည္ တကယ္စိတ္တိုဖို႔ေကာင္းလြန္းသည္။

"ဘာမွ မျဖစ္ပါဘူး အကိုႀကီး...ကြၽန္ေတာ္ လိုက္သြားလိုက္မယ္...ကြၽန္ေတာ့္ကို စိတ္မပူပါနဲ႕"

အကိုႀကီးသည္ အၿမဲတမ္း သူ မေျဖခ်င္ေသာ ေမးခြန္းအား ႏွစ္ခါထပ္ မေမးတတ္။ ေခါင္းညိတ္ျပလာေသာ အကိုႀကီးအား ႏႈတ္ဆက္ကာ ရီဟြား အိမ္ေရွ႕သို႔ထြက္လာလိုက္သည္။

အိမ္ေရွ႕တြင္ ရပ္ထားေသာ လွည္းယာဥ္ဆီသို႔ ေရာက္ေသာအခါ လွည္းယာဥ္ေပၚ တက္လိုက္သည္။ ေရွာင္ကုန္းဇီလည္း သူ၏ ေနာက္မွ လိုက္တက္ၿပီးေနာက္ လွည္းယာဥ္သည္ အိမ္ေတာ္မွ ထြက္ခြာသြားေလေတာ့သည္။

***********************

နန္းေဆာင္ထဲေရာက္သည္ႏွင့္ မျမင္ခ်င္ေသာ္လည္း ျမင္ရမည့္မ်က္ႏွာအား ေတြ႕လိုက္ရသည္။ တကယ္ကို နတ္ဘုရားပီသပါေပသည္။ ဘယ္ခ်ိန္ၾကည့္ၾကည့္ ၾကည့္ေကာင္းေနေသာ မ်က္ႏွာသည္ကေတာ့ ၿပိဳင္စံရွားပင္။

ရီဟြား ရွင္း၏ ေဘးထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။

"ကြၽန္ေတာ့္ကို ဘာခိုင္းမလို႔ ေခၚလိုက္တာလဲ"

"ကိုယ္ မင္းကို စဥ္းစားခိုင္းစရာရွိလို႔"

ရီဟြား ရွင္းမ်က္ႏွာတည့္တည့္အား စိုက္ၾကည့္လိုက္သည္။ ေလးနက္တည္ၾကည္ေသာ အသြင္အျပင္အရ အေရးႀကီးကိစၥျဖစ္မည္ဟု ရီဟြား ေတြးဆလိုက္သည္။

"အင္း ကြၽန္ေတာ္ နားေထာင္ေနတယ္"

ေရဆာေနေသာေၾကာင့္ စားပြဲေပၚတင္ထားေသာ လက္ဖက္ရည္အား ခြက္ထဲ ငွဲ႕လိုက္သည္။ အနည္းငယ္ ပူေနေသာေၾကာင့္ ပါးစပ္နားေတ့ကာ မႈတ္ၿပီး ေသာက္လိုက္သည္။

"ကိုယ့္ကို လက္ထပ္ပါ ေရွာင္ဟြား"

"ဖူး"

ပါးစပ္ထဲ ငုံထားေသာ လက္ဖက္ရည္တို႔ အျပင္သို႔ ျပန္ထြက္ကုန္ၾကသည္။ သီး မသြားသည္မွာ ေတာ္ေတာ္ေလး ကံေကာင္းသည္ဟု ဆိုရမည္။

"ရွင္း ကြၽန္ေတာ့္ကို ေနာက္ေနတာလား"

အထိတ္တလန႔္ မ်က္ႏွာျဖင့္ ရီဟြား ရွင္းအား ၾကည့္ကာ ေမးလိုက္သည္။

"ကိုယ့္ ပုံစံကေနာက္ေနတဲ့ပုံ ေပၚလို႔္လား"

ရွင္း၏ မ်က္ႏွာသည္ ခါတိုင္းထက္ပင္ ေလးနက္တည္ၾကည္လြန္းေနလွသည္။ ေနာက္ေနသည့္ အမူအရာ တစ္စက္မွ မရွိေခ် ။

"မဟုတ္ဘူး ရွင္း...နည္းနည္း မွားေနၿပီ...ကြၽန္ေတာ္က ေယာက်ာ္းေလးေလ"

"ကိုယ္ သိတယ္"

ရွင္း၏ မ်က္ႏွာ အမူအရာတို႔သည္ သူ၏ဆုံးျဖတ္ခ်က္အား ျပန္ေျပာင္းမည့္ပုံ လုံးဝမေပၚေပ။

"ရွင္း ေဘးမွာ အေခ်ာအလွ မိန္းကေလးေတြ အမ်ားႀကီး ဝန္းရံေနတာ...သူတို႔ကို လက္ထပ္လို႔ရတာပဲ"

"ကိုယ္ လက္ထက္ခ်င္တာက မင္းတစ္ေယာက္ပဲ"

ရီဟြား ယခုကဲ့သို႔ အေျခအေနအား မည္သို႔ေျဖရွင္းရမည္မွန္း လုံးဝ မသိေတာ့။

မိန္းကေလးတစ္ေယာက္ ခ်စ္ေရးဆိုျခင္းကိုပင္ မခံရဖူးသည့္သူက ေယာက်ာ္းတစ္ေယာက္၏ လက္ထပ္ခြင့္ေတာင္းျခင္းကို ခံေနရသည္တဲ့။ လုံးဝ အဓိပၸါယ္မရွိသည့္ ျဖစ္ရပ္ႀကီးပင္။

ပြင့္လင္းျမင္သာေသာ ေခတ္မွလာသည့္လူတစ္ေယာက္အေနျဖင့္ လိင္တူခ်စ္ႀကိဳက္ျခင္းအား လက္ခံနိုင္သည့္ လူမ်ားထဲတြင္ သူသည္လည္း အပါအဝင္ပင္။

သို႔ေသာ္ သူသည္ကေတာ့ လုံးဝ Straight တစ္ေယာက္ျဖစ္သည္။ ေယာက်ာ္းတစ္ေယာက္အား လက္ထပ္ဖို႔ မဆိုထားႏွင့္ ခ်စ္သူျဖစ္ရန္ပင္ သူ႕အတြက္ခဲယဥ္းလြန္းလွသည္။

"ရွင္း အထင္လြဲေနၿပီ...ကြၽန္ေတာ္က မိန္းကေလးေတြပဲ စိတ္ဝင္စားတာ...ကြၽန္ေတာ္ ရွင္းကို ခင္ပါတယ္...အဲဒါေၾကာင့္ သူငယ္ခ်င္း အျဖစ္ပဲ..."

သူ၏ စကားတို႔သည္ တဝက္တြင္ပင္ ရပ္တန႔္ျခင္း ခံလိုက္ရသည္။ ႐ုတ္တရက္ ႏႈတ္ခမ္းထက္တြင္ ခံစားလိုက္ရသည့္ ႏူးညံ့ေသာ အထိအေတြ႕ေၾကာင့္ ဦးေႏွာက္တစ္ခုလုံး ဗလာက်င္းသြားရသည္။

ရွင္းသည္ သူထိုင္ေနေသာ ခုံေနာက္အမွီအား လက္တစ္ဖက္ ေထာက္ကာ က်န္လက္တစ္ဖက္သည္ သူ႕ေခါင္းအေနာက္အား ထိန္းကိုင္၍ နမ္းလိုက္ျခင္းပင္။

အေပၚဘက္မွ ငုံနမ္းေနေသာရွင္း၏ ကိုယ္အား သူ အားရွိသမွ် ႀကိဳးစားတြန္းဖယ္လိုက္ေသာ္လည္း အနည္းငယ္မွ်ပင္ ေ႐ြ႕မသြားေခ်။

ႏႈတ္ခမ္းပါးႏုႏုအား ဖြဖြကိုက္ခံလိုက္ရေသာေၾကာင့္ ႏႈတ္ခမ္းႏွစ္လႊာ ဖြင့္ဟကာ အာေမဋိတ္သံခပ္တိုးတိုး ဆိုလိုက္မိသည္။

"အ!"

ေႏြးေထြးေသာ ခံတြင္းထဲသို႔ တိုးဝင္လာေသာ အထိအေတြ႕ေၾကာင့္ ရီဟြား မ်က္လုံးမ်ား ျပဴးက်ယ္ဝိုင္းစက္သြားရသည္။ အာခံတြင္းထဲမွ လွ်ာအား ထိေတြ႕ရစ္ပတ္ကာ စုပ္ယူခံလိုက္ရျခင္းသည္ အားအင္မ်ားကိုပါ ကုန္ခမ္းသြားေစသည္။

တစ္ခါမွ မခံစားခဲ့ဖူးေသာ ဆန္းသစ္သည့္ သာယာေသာ အထိအေတြ႕တြင္ ရီဟြား ေတြေဝမိန္းေမာသြားရသည္။ မရည္႐ြယ္ပါဘဲ သူသည္လည္း အလားတူအနမ္းတစ္ခုအား စတင္ဖန္တီးလိုက္မိသည္။

အခ်ိန္မည္မွ်ၾကာသြားမွန္း မသိလိုက္။ အသက္ရႉမြန္းၾကပ္လာေသာအခါမွသာ ရီဟြား အသိတို႔ဝင္လာရသည္။ ရွင္း၏ ရင္ဘတ္အား ထုရိုက္ကာ လႊတ္ေပးရန္ ေတာင္းဆိုလိုက္သည္။

ႏႈတ္ခမ္းထက္ဆီမွ အထိအေတြ႕အား မခံစားရေတာ့ေသာအခါမွ ရီဟြား အငမ္းမရအသက္ရႉလိုက္ရ၏။ အေတာ္ၾကာမွသာ သူ ပုံမွန္ ျပန္အသက္ရႉနိုင္ေလသည္။

တစ္ဖက္သူအား ၾကည့္လိုက္ေတာ့ ဘာမွျဖစ္ပုံမရ။ ေအးေဆးစြာပင္ သူ႕အား ၿပဳံး၍ စိုက္ၾကည့္ေနသည္။

"မင္း ကိုယ့္ကို ျပန္တုံ႕ျပန္တယ္ ေရွာင္ဟြား"

ရီဟြား မ်က္ႏွာတစ္ခုလုံး နီျမန္းသြားရသည္။ ျဖစ္ပ်က္ခဲ့ေသာ အေျခအေနတို႔သည္ ႐ုတ္တရက္ဆန္လြန္းေနသည္။ ဘာေတြျဖစ္သြားမွန္းပင္ သူ နားမလည္လိုက္။ သူ႕ ကိုယ္သူလည္း မယုံနိုင္ေအာင္ ျဖစ္သြားရသည္။ သူ လုံးဝ လက္မခံနိုင္ေခ်။

"ကြၽန္ေတာ္ ျပန္ေတာ့မယ္"

ရီဟြား တစ္ဖက္မွ ျပန္အေျဖကိုပင္ မေစာင့္ေတာ့။ နန္းေဆာင္ထဲမွ အျမန္ထြက္လာခဲ့လိုက္သည္။ မ်က္ႏွာခ်င္းဆိုင္ရန္ သူ လုံးဝ အဆင္ေျပမေနေပ။

ရွင္း ထြက္ေျပးသြားေသာ ေကာင္ေလး ေရွ႕သို႔သြားကာ ခ်က္ခ်င္းပိတ္ရပ္ရန္ ျပင္လိုက္သည္။ ႐ုတ္တရက္ ေပၚလာေသာ အေတြးတို႔ေၾကာင့္ မတားဆီးေတာ့ဘဲ ရပ္တန႔္လိုက္သည္။ သူ ေရွာင္ဟြားအား အခ်ိန္ေပးရန္ လိုအပ္သည္ဟု ေတြးထင္မိေသာေၾကာင့္ျဖစ္သည္။

အေျခအေနအား သိရွိရန္ ေရွာင္အန္းမွ တစ္ဆင့္ ျပန္ေမး၍ ရနိုင္ေသာေၾကာင့္ ခဏ အခ်ိန္ေပးကာ လႊတ္ေပးလိုက္ျခင္းသာ ျဖစ္ေလသည္။

*********************

အျဖဴ ေရာင္ ခန္းဆီးမ်ား၊ အစမ်ားျဖင့္ အလွဆင္ထားေသာ အခန္းတစ္ခုထဲတြင္ အျဖဴ ေရာင္ဝတ္႐ုံမ်ားကိုသာ ဆင္ျမန္းထားသည့္ ေယာက်ာ္းေလး တစ္ေယာက္ႏွင့္ မိန္းကေလးတစ္ေယာက္တို႔ ရွိေနၾကသည္။

"ေက်ာက္ဟြမ္ နင္ငါ့ကို ဒီလာဖို႔ ေခၚတဲ့အေၾကာင္းအရင္းကဘာလဲ"

"နင္ အေဖအတြက္ လက္စားမေခ်ခ်င္ဘူးလား ရွင္းရန္"

ေက်ာက္ဟြမ္၏ စကားေၾကာင့္ ရွင္းရန္၏ မ်က္ႏွာထက္တြင္ ဝမ္းနည္းမႈတို႔အထင္းသားေပၚလာသည္။

"ငါက ဘာလုပ္နိုင္မွာမို႔လဲ"

"ငါတို႔ႏွစ္ေယာက္ေပါင္းၿပီး လက္စားေခ်လိဳ႕ရတယ္ ရွင္းရန္...နင္ဒီေလာက္ ေတာင္းပန္ေနတဲ့ၾကားထဲက နင့္အေဖကို ေခါင္းျဖတ္သတ္ခဲ့တဲ့ ေက်ာက္ရန္ကို နင္လည္းမုန္းတယ္မလား....နင္လည္း နာက်ည္းတယ္...လက္စားေခ်ခ်င္တယ္မလား"

"အင္း ငါမုန္းတယ္...ငါ့အေဖက ငါ့အတြက္ေတာ့ ဖခင္ေကာင္းတစ္ေယာက္ပါ...မ်က္လုံးမွိတ္လိုက္တိုင္း ငါ့အေဖရဲ႕ ပုံရိပ္ေတြပဲ ငါ ျမင္ေနရတာ...ငါ့အေဖက ငါ့ကို ဘယ္ေလာက္ခ်စ္လဲဆိုတာ နင္လည္းသိတာပဲ...ငါ မမုန္းဘဲ ေနမလား...ငါ့အေဖကို ေသေစတဲ့လူတိုင္း တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းကို ငါမုန္းတယ္"

ေက်ာက္ဟြမ္၏ မ်က္ႏွာထက္တြင္ အၿပဳံးတို႔ေပၚေပါက္လာသည္။

"ငါတို႔မိဘေတြကို ေသေစတဲ့ အဓိကတရားခံက ေက်ာက္ရန္ပဲ...ေက်ာက္ရန္ကိုသာ သတ္နိုင္ရင္ငါတို႔မိဘေတြ ေအးခ်မ္းမွာ ေသခ်ာတယ္ ရွင္းရန္...မၾကာခင္ ေက်ာက္ရန္က ငါ့ကို နယ္စပ္ေဒသတစ္ခုကို ပို႔လိမ့္မယ္...ငါ့မယ္ေတာ္ရဲ႕ လက္ေအာက္ခံေတြရွိတဲ့ နယ္စပ္ေဒသကို ငါသိတယ္...သူ မေစလႊတ္ခင္ ငါ အရင္သြားေလွ်ာက္တင္ၿပီး ငါေ႐ြးခ်ယ္ထားတဲ့ နယ္စပ္ေဒသဆီကိုသြားမယ္...ငါ့ကို လက္ထပ္ၿပီး ငါနဲ႕အတူလိုက္ခဲ့ပါ...အခ်ိန္တစ္ခုေရာက္လို႔ တပ္အင္အားစုစည္းမိတဲ့အခါ ၿမိဳ႕ေတာ္ျပန္လာၿပီး ငါတို႔မိဘေတြအတြက္ ေက်ာက္ရန္ကိုသတ္ လက္စားေခ်မယ္"

ေက်ာက္ဟြမ္၏ စကားတို႔အား နားေထာင္ေနေသာ ရွင္းရန္ အနည္းငယ္ေတြေဝသြားသည္။ သို႔ေသာ္ တခဏမွ်သာ။

"ေကာင္းၿပီ...ငါ့ အေဖကို အဓိကေသေစတဲ့ ေက်ာက္ရန္ ေသေစရမယ္...သူေသဖို႔ ငါဘာမဆို လုပ္ေပးမယ္"

သူ(မ) ခ်လိဳက္ေသာ ဆုံးျဖတ္ခ်က္အား သူ(မ) ျပန္ျပင္ဆင္ေတာ့မည္ မဟုတ္။ သူ(မ)သည္လည္း ဆုံးျဖတ္ခ်က္ ျပတ္သားသူတစ္ေယာက္ပင္။

"ငါတို႔ နယ္စပ္ကို သြားရင္ ရီရီကိုလည္း ေခၚခဲ့လိုက္မယ္...သူ(မ)က ငါ့ညီမ အရင္းမို႔ တစ္ေယာက္တည္းထားခဲ့ရမွာ စိတ္မခ်ဘဴး"

"အင္း"

အၿမဲစကားမ်ားေနၾကေသာ သူတို႔ႏွစ္ေယာက္ၾကားတြင္ ေျပာစရာစကားတို႔ ေပ်ာက္ရွသြားရသည္။ အခန္းသည္လည္း ခဏမွ် တိတ္ဆိတ္သြားသည္။

"ငါ အိမ္ေတာ္ျပန္လိုက္ဦးမယ္ ေက်ာက္ဟြမ္...ပ်က္စီးလုျဖစ္ေနတဲ့ အိမ္ေတာ္အတြက္ ငါ လုပ္ရမွာေတြ အမ်ားႀကီးပဲ...ဟြားအယ္က အကူအညီအမ်ားႀကီး ေပးခဲ့တယ္ဆိုေပမဲ့ ငါ အားနာေနၿပီ...သူ႕ကို ဒုကၡမေပးခ်င္ေတာ့ဘူး"

ရီဟြားနာမည္အား ၾကားလိုက္ရေသာ ဝမ္ရယ္၏ မ်က္ႏွာသည္ ပ်က္ယြင္းသြားရသည္။

"အင္း ဂ႐ုစိုက္ျပန္"

ရွင္းရန္ အခန္းထဲမွ ထြက္သြားသည္ႏွင့္ ေက်ာက္ဟြမ္ ခပ္တိုးတိုး ေျပာလိုက္မိသည္။

"ဟြားအယ္ ကိုယ့္ကို ႏွစ္အနည္းငယ္ဘဲေစာင့္...ကိုယ္ မင္းဆီ ျပန္လာခဲ့မယ္...ကိုယ္ ျပန္ေရာက္လာရင္ ကိုယ္ပိုင္ဆိုင္တဲ့အရာမွန္သမွ်အကုန္ မင္းအပိုင္ပဲ"

ထို႔ေနာက္ သူ၏ ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္သည္ အထက္သို႔ ေကြးၫႊတ္သြားသည္။

"ရွင္းယြဲ႕နတ္ဘုရား ေအးေဆးမေနဘဲ လူ႕ေလာကကို လာရႈပ္ၿပီး ငါပိုင္ဆိုင္ရတဲ့အရာမွန္သမွ်လုယူတဲ့သူ...ငါအရမ္းခ်စ္ရတဲ့ မယ္ေတာ္ကို ေသေစတဲ့သူ...မၾကာခင္ မင္း အမေတာ္ရဲ႕လက္ခ်က္နဲ႕ မင္းေသေစရမယ္"

ဝမ္ရယ္၏ မ်က္ဝန္းမ်ားသည္ ရက္စက္ေသာ အေငြ႕အသက္တို႔ျဖင့္ ေၾကာက္မက္ဖြယ္ေကာင္းေနသည္။

"နတ္ဘုရားေတြက မေသမ်ိဳးေပမဲ့ ေသြးသားေတာ္စပ္သူကသာ သတ္ခဲ့ရင္ နတ္သက္ေႂကြနိုင္တယ္တဲ့...အေမွာင္နတ္ဘုရားရဲ႕မွတ္ဉာဏ္ေတြထဲက အဲဒီအခ်က္ကို ငါသိလိုက္တာ မင္းအတြက္ အရမ္းကံဆိုးသြားေစတာပဲ...ႏွစ္အနည္းငယ္ၾကာရင္ မင္းလုယူထားတဲ့ ငါပိုင္ဆိုင္ရမဲ့ အရာမွန္သမွ် ငါ့လက္ထဲျပန္ေရာက္လာေတာ့မယ္ ဟားဟား"

မေန႕ညက သူ ျမင္မက္ခဲ့ရေသာ အိပ္မက္အား သူ႕အေနျဖင့္ လြန္စြာ ေက်းဇူးတင္ေနသည္။ အေမွာင္နတ္ဘုရား သူ႕အား ဝိဉာဥ္ကိုယ္ပြားအျဖစ္ ခြဲထုတ္ကာ အမိန႔္ေပးခဲ့ပုံတို႔အား သူ ေသခ်ာစြာ ျမင္မက္ခဲ့သည္။

အေမွာင္နတ္ဘုရား၏ သူ႕အား ကိုယ္ထဲမွ ခြဲမထုတ္ခင္က မွတ္ဉာဏ္အစုံတို႔အားလည္း သူ ျပန္လည္ပိုင္ဆိုင္ခဲ့ရသည္။ မွတ္ဉာဏ္တစ္စိတ္တစ္ပိုင္းမွ ရွင္းယြဲ႕နတ္ဘုရားအား ေတြ႕ျမင္ခဲ့ရေသာေၾကာင့္ ဧကရာဇ္ေက်ာက္ရန္သည္ ရွင္းယြဲ႕နတ္ဘုရားမွန္း သူသိရွိသြားခဲ့ျခင္းျဖစ္သည္။

သူ ရရွိခဲ့ေသာ အေမွာင္နတ္ဘုရား၏ ဆုအရ ရွင္းရန္သည္ ေမခ်င္းနတ္ဘုရားမမွန္း သူ သိရွိေနေလၿပီ။ ၾကည့္ရသည္မွာ ရွင္းယြဲ႕နတ္ဘုရားသည္ ေမခ်င္းနတ္ဘုရားမအား လာရွာျခင္းျဖစ္နိုင္ေသာ္လည္း ယခုခ်ိန္ထိ သိရွိပုံမရေသးေပ။

အေမွာင္နတ္ဘုရား၏ မွတ္ဉာဏ္ေဟာင္းမ်ားထဲရွိ သူသိမ္းဆည္းထားေသာ ရတနာမ်ားထဲမွ ခ်ဳပ္ေႏွာင္ျခင္းရတနာသည္ ရွင္းရန္လည္ပင္းထက္တြင္ ရွိေနေသးသည္။ ထိုရတနာေၾကာင့္ ရွင္းယြဲ႕နတ္ဘုရား မသိရွိေသးပုံရသည္။

သူ ရွင္းရန္အား အသုံးခ်ကာ မယ္ေတာ့္ကို သတ္ခဲ့သည့္ ရွင္းယြဲ႕နတ္ဘုရားအား ေသေစမည္။ သူ၏ အစီအစဥ္ေအာင္ျမင္ရန္အတြက္ ရွင္းရန္ မွတ္ဉာဏ္မ်ားျပန္ရ၍ မျဖစ္ေပ။

ဝိညာဥ္အပိုင္းအစ စုံမွသာ မွတ္ဉာဏ္မ်ား ျပန္ရမည္ျဖစ္ေသာေၾကာင့္ ရီရီဆီမွ ဝိညာဥ္အပိုင္းအစ တစ္ခုအား ထုတ္ယူခြင့္ သူ လုံးဝ ခြင့္မျပဳနိုင္ေပ။

ရီရီထံမွ ဝိညာဥ္အပိုင္းအစအား သူသည္လည္း ခံစားသိရွိၿပီးေလၿပီ။ ႏွစ္ေယာက္လုံးအား သူ႕ေဘးတြင္ ထားကာ ေစာင့္ၾကည့္မည္။

အေမွာင္နတ္ဘုရား၏ အမိန႔္ကိုေတာ့ သူဆက္လက္ မေဆာင္႐ြက္ေတာ့။အေမွာင္နတ္ဘုရားသာ သူ႕အား ဒုကၡမေပးလာလွ်င္ သူသည္လည္း အေမွာင္နတ္ဘုရားအား ဘာမွလုပ္မည္မဟုတ္။

သူ၏ လမ္းအား တားဆီးလာသူ အကုန္လုံးကိုေတာ့ သူ ရွင္းလင္းပစ္ရလိမ့္မည္။ မယ္ေတာ္၏ ဆႏၵအတိုင္း အားလုံး၏ ထိပ္တြင္ ရပ္တည္နိုင္ရန္အတြက္ သူႀကိဳးစားလုပ္ေဆာင္သြားမည္။ ႏွိမ့္ခ်ဆက္ဆံသူ အားလုံး ဦးေမာ့ၾကည့္ရႈရသူတစ္ေယာက္ ျဖစ္လာေစရမည္။

သူ အေဝးတြင္ ရွိေနေသာ စားပြဲေပၚရွိ ပန္းအိုးဆီသို႔ စိတ္အာ႐ုံတို႔ စုစည္းကာ ပို႔ထားလိုက္သည္။ ထို႔ေနာက္ သူ၏ လက္တစ္ဖက္အား ပက္လက္လွန္၍ အထက္သို႔ ျဖည္းညွင္းစြာ ပင့္မလိုက္သည္။ ပန္းအိုးသည္ ေလေပၚသို႔ ျမႇောက္တက္သြားသည္။ လက္အား ေဘးဘက္သို႔ေ႐ႊ႕လိုက္ရာ ပန္းအိုးသည္လည္း လိုက္၍ ေ႐ႊ႕လာသည္။

အေမွာင္နတ္ဘုရား၏ ဝိညာဥ္ခြဲ ျဖစ္ေသာသူသည္ အေမွာင္နတ္ဘုရား၏ စြမ္းအင္တို႔အား ပိုင္ဆိုင္ရရွိထားေလသည္။ မွတ္ဉာဏ္တို႔မရရွိခင္က အသုံးမျပဳနိုင္ခဲ့ေသာ စြမ္းအင္တို႔အား ယခုအခ်ိန္တြင္ သူ႕စိတ္ႀကိဳက္ အသုံးျပဳနိုင္ေနေလၿပီ။

႐ုတ္တရက္ သူ၏ လက္အား ႐ုတ္ခ်လိဳက္ရာ ေလေပၚတြင္ ပ်ံဝဲေနေသာေႂကြပန္းအိုးသည္ ေအာက္ၾကမ္းျပင္ေပၚသို႔ အရွိန္ျပင္းျပင္း ျပဳတ္က်သြားေလသည္။

"ခြမ္း"

ၾကမ္းျပင္တြင္ အစိတ္စိတ္ အႁမႊာႁမႊာကြဲေၾကေနေသာ ပန္းအိုးအား ၾကည့္ကာ ေက်ာက္ဟြမ္ စိတ္ထဲေပ်ာ္႐ႊင္လာရသည္။

"ရွင္းယြဲ႕နတ္ဘုရား မၾကာခင္ အဲပန္းအိုးလို အျဖစ္မ်ိဳးခင္ဗ်ားရင္ဆိုင္ရလိမ့္မယ္"

အခန္းထဲရွိ အႏၲရာယ္ရွိေသာ အေငြ႕အသက္မ်ားလႊမ္းၿခဳံေနေသာ ဝမ္ရယ္၏ ပုံစံသည္ ေၾကာက္စရာေကာင္းေနသည္။

ေၾကာက္မက္ဖြယ္ အလိုေလာဘ၊ ရမၼက္ဆႏၵတို႔၏ လႊမ္းမိုးမႈကို ခံလိုက္ရေသာ ဝမ္ရယ္သည္ လမ္းမွားဆီသို႔ ဦးတည္ ေခၚေဆာင္ျခင္းကို ခံလိုက္ရေလေတာ့သည္။

****************************

Continue Reading

You'll Also Like

382K 33.2K 62
About a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi)
33.7K 1.4K 26
လိုချင်တာ​တွေများတဲ့အခါ ဖြစ်မလာတာ​တွေရှိတယ်။ ​မျော်လင့်ချက်​တွေများတဲ့အခါ လိုက်မမှီတာ​တွေရှိတယ်။ဒီဇာတ်လမ်း​လေးက သာယာတဲ့ဘဝကိုလိုချင်ခဲ့တဲ့​ကောင်​လေးတစ...
148K 15.8K 34
#Both with Zawgyi & unicode ကြ်န္ေတာ့္အတြက္ ေပ်ာ္စရာေကာင္းတ့ဲ အဆံုးသတ္က သူ စိတ္ခ်မ္းသာဖို႕ပဲ ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ အဆုံးသတ်က သူ စိတ်ချမ်း...
1M 87.6K 57
14 century prince love with 21 century human ❤❤❤