Unicode
အပိုင်း(၂၀)
ရှင်းယွဲ့နတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏ သရုပ်မှန်ပေါ်ခြင်း
ရီဟွားညဘက်တရေးနိုးလာခဲ့သည်။ အခုတလောတွေ့ကြုံခဲ့ရသော စိတ်ရှုပ်စရာကိစ္စများကြောင့် သူပြန်အိပ်မပျော်နိုင်တော့။
ပြတင်းပေါက်မှတဆင့်အပြင်သို့လှမ်းကြည့်လိုက်သောအခါ ပိန်းပိတ်အောင်မှောင်မဲနေသောအမှောင်ထုကကြိုဆိုနေသည်။
ရီဟွားခြံထဲဆင်းကာ လမ်းလျှောက်ရန် တွေးလိုက်သည်။ အပေါ်ဝတ်ရုံအား ထပ်ခြုံလိုက်ပြီး အိပ်ခန်းထဲမှထွက်လာခဲ့သည်။
ညီဝမ်းကွဲလေးအခန်းရှေ့မှအဖြတ် အိပ်ခန်းတံခါးပွင့်နေသောကြောင့် ခြံဝင်းထဲတွင် ရှိလိမ့်မည်ဟု တွေးထင်လိုက်သည်။ခြံဝန်းထဲသို့ရောက်သောအခါ ထိုင်နေကျနေရာတွင် ညီဝမ်းကွဲလေးအားမတွေ့ရပေ။
ထို့ကြောင့် ရီဟွားတစ်ယောက်တည်း ဆက်၍လမ်းလျှောက်နေလိုက်သည်။ တဖြည်းဖြည်း အိပ်ဆောင်နှင့်အတော်ဝေးသောနေရာသို့ ရောက်ရှိလာသည်။ရုတ်တရက် သူမြင်လိုက်ရသောမြင်ကွင်းကြောင့် သူ၏ခြေလှမ်းတို့ရပ်တန့်သွားရသည်။
သစ်ပင်တစ်ပင်နောက်သို့ သူအမြန်ပုန်းလိုက်ပီးသူနှင့်မလှမ်းမကမ်းရှိ မြင်ကွင်းအားဆက်ကြည့်နေလိုက်သည်။ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသူတစ်ယောက်နှင့် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူတစ်ယောက်တို့သည် အပြင်းအထန်တိုက်ခိုက်နေကြသည်။
တိုက်ခိုက်ရာမှပေါ်ထွက်လာသော အလင်းတန်းများသည် ပတ်ဝန်းကျင်အားလင်းထိန်နေစေသည်။ မြေပြင်နှင့်ဝေးကွာနေသောနေရာတွင် ပျံဝဲတိုက်ခိုက်နေပုံမှာလွန်စွာလှပလွန်းသည်။
အနက်ရောင်ဝတ်ရုံရှင် ထုတ်လွှတ်လိုက်သောအလင်းတန်းအား အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသူက ရှောင်ဖယ်လိုက်သောကြောင့် အနောက်ဘက်ရှိကျောက်ဆောင်အား ထိမှန်သွားလေသည်။ကျောက်ဆောင်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
ရီဟွားမျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်သွားရသည်။ ထိုသူများသည် သာမန်လူများ လုံးဝမဖြစ်နိုင်ချေ။ရီဟွားမျက်နှာများအား ထင်ရှားစွာမြင်ရအောင် ရှေ့သို့အနည်းငယ်တိုးကာကြည့်လိုက်သည်။
သူရင်းနှီးလွန်းသောလူနှစ်ယောက်။ နတ်ဘုရားတမျှချောမောလွန်းသော ခေါက်ယပ်တောင်တစ်ချောင်းအား ကိုင်ဆောင်ထားသည့် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသူ၏ မျက်ဝန်းများသည် ရွှေရောင်မျက်ဝန်းများဖြစ်နေသည်။
နက်မှောင်တောက်ပသော မျက်ဝန်းနက်များ၊ အနက်ရောင် ဆံနွယ်ရှည်များနှင့် အနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားသူသည်လည်း အားနည်းသောပုံစံတို့ လုံးဝပျောက်ကွယ်နေလေသည်။
အေးဆေးတည်ကြည်သော မျက်နှာသည် ခံ့ညားမှု အား ပြသနေသည်။ ယခုသူ့ရှေ့ရှိ တိုက်ခိုက်နေသူနှစ်ဦး၏ပုံစံသည် သူရင်းနှီးခဲ့ဖူးသောလူနှစ်ယောက်၏ပုံစံနှင့် သီးခြားစီဖြစ်နေသည်။ရုပ်ရည်များသာ တူမနေပါက သူလုံးဝမှတ်မိလိမ့်မည်မဟုတ်ပေ။
ရှေ့တိုးကာ ကြည့်နေသောသူ့အား မမြင်စေရန် အနောက်သို့အနည်းငယ် ပြန်ဆုတ်လိုက်သည်။ မထင်မှတ်ပဲ သစ်ကိုင်းခြောက်တခုအား နင်းမိကာအသံမြည်သွားလေသည်။
တိုက်ခိုက်နေသူနှစ်ယောက်သည် သူတို့၏လှုပ်ရှားမှုများအားရပ်တန့်လိုက်ပြီး သူရှိရာဆီမျက်ဝန်းအကြည့်တို့ရောက်ရှိလာကြသည်။
ရီဟွားထိတ်လန့်သွားရ၏။
ရီဟွားရှေ့ရှိလူနှစ်ယောက်သည်လည်း မျက်နှာများ ပျက်ယွင်းသွားကြသည်။ ခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားပုံ မရပေ။
ရှင်းယွဲ့ သူ၏ ရှေ့ရှိ ရီဟွားအား ကြည့်ကာ မည်သို့ စပြောရမှန်းမသိ ဖြစ်သွားရသည်။ ခုကဲ့သို့ အခြေအနေသည် ပထမဆုံး မဟုတ်သော်လည်း သူ့အနေဖြင့် ပထမဆုံးအကြိမ်ကဲ့သို့ ခံစားနေရသည်။ အရင်ဖြေရှင်းခဲ့သော နည်းအား သူ ဆက်၍ မလုပ်နိုင်ပေ။
"ရှောင်ဟွား ကိုယ် ရှင်းပြပါ့မယ်"
သို့သော် သူ၏ စကားတို့သည် ကျန်းဖုန်း၏ စကားဖြင့်တိုက်ခိုက်ခြင်းအား ခံလိုက်ရသည်။
"မင်း အရင်တစ်ခါလို သူ့ရဲ့ မှတ်ဉာဏ်တွေ ဖျက်ပစ်ဦးမလို့လား"
ရှင်းယွဲ့ ဒေါသထွက်နေသော ရွှေရောင်မျက်ဝန်းများဖြင့် ကျန်းဖုန်းအား စူးစိုက်ကြည့်လိုက်သည်။
"အဲလို လုပ်ဖို့ အကြံပေးခဲ့တာ မင်းလေ"
"ဟုတ်လား ငါ မမှတ်မိတော့ဘူး"
ရှင်းယွဲ့ ကျန်းဖုန်းစကားကြောင့် လွန်စွာ စိတ်တိုသွားရသည်။ သူတို့နှစ်ယောက်သည် နှစ်ပေါင်းထောင်ချီကြာအောင် မတည့်ခဲ့ကြသူများဖြစ်သည်။
အမြဲလိုလို တွေ့တိုင်း စကားဖြင့်ဖြစ်စေ၊ အစွမ်းများဖြင့် ဖြစ်စေ တိုက်ခိုက်တတ်ကြသည်။ ဘယ်သောအခါမှ ကောင်းမွန်စွာ မျက်နှာချင်း မဆိုင်နိုင်ကြ။
"မင်းက အဘိုးကြီး ဖြစ်နေပြီဆိုတော့ မမှတ်မိတော့တာ မဆန်းပါဘူး...ကျန်းဖုန်း"
"ရှင်းယွဲ့ ငါမင်းထက် နှစ်တစ်ထောင်ဘဲ အသက်ပိုကြီးတာ"
"မင်း ငါ့ထက် အသက်ပိုကြီးပေမဲ့ ဘယ်တုန်းကမှ မင်း ငါ့ကို မနိုင်ဖူးဘူးလေ"
"မင်း"
ရီဟွား သူ၏ ရှေ့ရှိ ရန်ဖြစ်နေသော နတ်ဘုရားနှစ်ပါးအား ကြည့်ကာ ခေါင်းကိုက်လာရသည်။ သူသည် မှတ်ဉာဏ်လွန်စွာ ကောင်းသူတစ်ယောက်ပင်။ ယွီလေးပြောခဲ့သော ထိုနာမည်များအား သူ မေ့နိုင်စရာ အကြောင်းမရှိပေ။
ဘယ်လိုကြောင့် ဇာတ်လမ်းထဲတွင် နတ်ဘုရားများပါ ပါလာသလဲ သူ နားမလည်နိုင်တော့။ ဇာတ်ကြောင်းများသည် စကတည်းက လွဲမှားနေခဲ့ပြီး ဇာတ်ကောင်စရိုက်ပြောင်းလဲနေခြင်း၊ ဇာတ်ကောင်အသစ်များ ပေါ်လာခြင်းတို့ဖြင့် သွေဖယ်နေခဲ့လေပြီ။
"ဘယ်လိုကြောင့် နတ်ဘုရားနှစ်ပါးက ကျွန်တော့်ခြံဝန်းထဲမှာ တိုက်ခိုက်နေကြတာလဲ"
"အဲဒီကိစ္စကို ရှင်းယွဲ့ကို မေးသင့်တယ် ရှောင်ဟွား...ကိုယ့်ဆီ ရုတ်တရက်ရောက်လာပြီး သူ့ဘက်က စလာတိုက်ခိုက်တာ"
ကျန်းဖုန်း၏ စကားအား ကြားလိုက်ရသော ရှင်းယွဲ့ စိတ်တိုစွာ ကျန်းဖုန်းအား အော်လိုက်သည်။
"မင်းကို ဘယ်သူက ရှောင်ဟွားလို့ ခေါ်ခိုင်းလို့လဲ...ကျန်းဖုန်း"
"ငါ ခေါ်ချင်လို့ ခေါ်တာလေ...ဘယ်သူ့ခွင့်ပြုချက် လိုသေးလို့လဲ"
"မင်း"
ရီဟွား စိတ်လေသွားရသည်။ စကားများသည် လိုရင်းမရောက်တော့။
"အစီအစဉ်တော်တော်များများ မင်း ချခဲ့တာပဲ...မင်း လိမ်ညာခဲ့တဲ့ အစီအစဉ်တွေကိုလည်း အမှန်အတိုင်း ပြောပြသင့်တာပေါ့ ရှင်းယွဲ့"
ရီဟွား ဆက်ပြီး အငြင်းပွား စကားများအား မကြားနိုင်တော့သောကြောင့် ဝင်ပြောလိုက်တော့သည်။
"ညီဝမ်းကွဲလေးလည်း ကျွန်တော့်ကို လိမ်ညာထားတာပဲလေ...သြော် မေ့လို့ ညီဝမ်းကွဲလေး မဟုတ်ဘူး အမှောင်နတ်ဘုရားပဲ...ကျွန်တော်အခု အမှောင်နတ်ဘုရား ကျွန်တော့်ကို အရူးလုပ်ထားတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး အရမ်းစိတ်တိုနေတာမို့ ခဏလောက် ကျွန်တော့်ရှေ့ ပေါ်မလာဘဲ နေပေးနိုင်မလား"
ရီဟွား အမှန်တကယ် စိတ်တိုသောကြောင့် ပြောခြင်းမဟုတ်။
သူ ကာကွယ်ပေးရမည်ဟု တွေးထင်ခဲ့သူသည် အမှောင်နတ်ဘုရားတစ်ပါး ဖြစ်နေသဖြင့် မျက်နှာပူရသောကြောင့် ပြောလိုက်ခြင်းဖြစ်သည်။ အမှောင်နတ်ဘုရား၏ မျက်နှာအား မြင်တိုင်း သူ ရူးမိုက်စွာ လုပ်ခဲ့သော အပြုအမူများအား တွေးကာ ရှက်ရွံ့မိသည်။
ကျန်းဖုန်းအနေဖြင့် ရီဟွားအား ညီဝမ်းကွဲလေးအဖြစ် ဟန်ဆောင်လိမ်ညာရန် မရည်ရွယ်ခဲ့ပါ။ သူ ရှင်းရန်၏ အခြေအနေအား စောင့်ကြည့်လိုသောကြောင့်သာ ညီဝမ်းကွဲလေး ကျိုးမုအဖြစ် ဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရှင်းယွဲ့၏ လုပ်ဆောင်ချက်များအား သိရှိနိုင်သလို သူ ခွဲထုတ်ခဲ့သောကိုယ်ပွားဝိညာဉ်နှင့် ပတ်သတ်၍လည်း သိရှိနိုင်သောကြောင့် သူ ခုလိုလုပ်ရန်ရွေးချယ်ခဲ့ခြင်းပင်။
ကိုယ်ပွားဝိညာဉ်များသည် အလွန်အန္တရာယ်များပေသည်။ နတ်ဘုရားများအနေဖြင့် အရေးကြီးသော အခြေအနေ မရောက်မချင်း ကိုယ်ပွားဝိညာဉ် ခွဲမထုတ်လိုကြ။ ကိုယ်ပွားဝိညာဉ်အား မထိန်းချုပ်နိုင်လျှင် မူလဝိညာဉ်ပိုင်ရှင် နတ်ဘုရားအား သေစေသည်အထိပင် ဖြစ်နိုင်သည်။
သူ မကာကွယ်နိုင်ခဲ့သော အချစ်ဆုံးသူငယ်ချင်း အတွက် သူသည် တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ကိုယ်ပွားဝိညာဉ် ခွဲထုတ်ခဲ့ပြီး လူဝင်စားတိုင်း ကာကွယ်စောင့်ရှောက်ရန် အမိန့်ပေးခိုင်းစေခဲ့သည်။ သူ၏ ဝိညာဉ်အပိုင်းအစ တစ်ခုဖြစ်ကြောင်း သူ ခွဲထုတ်ခဲ့သော ဝိညာဉ်အား ပိုင်ဆိုင်ထားသူ မသိမချင်း အန္တရာယ်မရှိနိုင်ပေ။
အခုတလော သူ၏ ကိုယ်ပွားဝိညာဉ်နှင့် ပတ်သတ်၍ စိတ်ခံစားချက် မကောင်းသောကြောင့် အခြေအနေအား သိရှိအောင်လည်း လာလေ့လာနေခြင်းဖြစ်သည်။
စစ်သူကြီး အိမ်တော်သည် ရှင်းရန်၊ ရှင်းယွဲ့နှင့် သူ၏ ဝိညာဉ်ခွဲအား ပိုင်ဆိုင်ထားသူတို့နှင့် ထိတွေ့ဆက်ဆံနိုင်သည့် အကောင်းဆုံးနေရာဖြစ်သောကြောင့် သူ အိမ်တော်အား ဟန်ဆောင် ဝင်ရောက်ခဲ့ခြင်းသာဖြစ်ပေသည်။ ယခုအချိန်တွင် သူ၏ ရှေ့ရှိ တန်ဖိုးထားရသူသည် သူ့အား မမြင်ချင်လောက်အောင်ထိ အထင်လွဲသွားခဲ့ပြီ။
"ကောင်းပြီ ကိုယ် မင်းရှေ့ကနေ ခဏ ပျောက်ကွယ်ပေးပါ့မယ်...ကိုယ် ကျိုးမုအဖြစ်လည်း ဆက်ဟန်မဆောင်တော့ပါဘူး...မင်း စိတ်ဆိုးပြေတဲ့အခါကျရင်တော့ ကိုယ့်ကို ရှင်းပြခွင့်ပေးပါ"
သူ့ ရှေ့ရှိကောင်လေး ဖြစ်စေချင်သည့်အတိုင်း သူ ပြန်ဖြေလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်လိုက်သည်။ ကောင်လေးအား သူကြောင့် စိတ်မငြိုငြင်စေချင်ပေ။
ရီဟွား မျက်တောင်တစ်ခတ်အတွင်း ပျောက်သွားသော အမှောင်နတ်ဘုရားအား ကြည့်ကာ အံ့အားသင့်နေသည်။
'Wow! မိုက်လိုက်တာ...ငါသာ အဲလို ကိုယ်ပျောက်နိုင်လို့ကတော့ လမ်းလျှောက်စရာ မလိုတော့ဘူး...သေချာပေါက် ခြေထောက်ညောင်း သက်သာပြီ'
ရီဟွား အတွေးလွန်နေသောကြောင့် သူ၏ ရှေ့တွင် ကျန်ရှိနေသူအား သတိမထားမိ။
"ရှောင်ဟွား"
ခေါ်သံကြားမှသာ ရီဟွား သူ တကယ် စိတ်ဆိုးရမည့်လူ ကျန်နေသေးကြောင်း သတိရတော့သည်။
"ခင်ဗျား ကျွန်တော် စိတ်ကျေနပ်စေမဲ့ ဖြေရှင်းချက် တစ်ခုပေးပါ...မဟုတ်လို့ကတော့ ခင်ဗျားလည်း ကျွန်တော့်ရှေ့ပေါ်မလာနဲ့တော့"
"ကိုယ် မင်းကို မဖုံးကွယ်ထားဖူးပါဘူး ရှောင်ဟွား...ကိုယ် မင်းကို ကြို ပြီး ပြောပြထားခဲ့ဖူးပါတယ်...အဲဒီတုန်းက ကိုယ် တစ်ချက်ပဲ ပြောဖို့ ချန်ထားခဲ့တာ"
ရှင်း စကားကြောင့် ရီဟွား ကြောင်အသွားရသည်။
"ဘယ်တုန်းက ပြောဖူးလို့လဲ"
"ကိုယ် ရှောင်ဟွားကို နတ်ဘုရားမတစ်ပါး အကြောင်းပြောပြဖူးတယ်လေ...အဲဒီ နတ်ဘုရားမက ကိုယ့်ရဲ့တစ်ဦးတည်းသော အမတော်ပဲ...ကိုယ် အမတော်ကို ရှာဖို့ ဒီကိုရောက်နေခဲ့တာ...လူဝင်စားနေတဲ့ အမတော်ကို တွေ့ခါနီးမှာ ကျန်းဖုန်း နှောင့်ယှက်လို့ ရှာမတွေ့နိုင်တော့ဘူး...
ကိုယ့် အမတော်ကို ရှာမတွေ့ပေမဲ့ အမတော်ရဲ့ ဝိညာဉ်အပိုင်းစတစ်ခုရှိတဲ့ သူတစ်ယောက်ကိုတော့ ရှာတွေ့ခဲ့တယ်...သူ(မ)က အမတော်ဟုတ်မဟုတ် မသေချာလို့ သူ(မ)နဲ့ အနီးဆုံးမှာ ရှိနေနိုင်တဲ့ ဧကရာဇ်ကျောက်ရန်အဖြစ် နေပြီး ကိုယ် စောင့်ကြည့်နေခဲ့တာ"
ရီဟွား ရှင်း စကားထဲရှိ သူ နားမလည်နိုင်သော အကြောင်းများအား တစ်ခါတည်း မေးမြန်းလိုက်သည်။
"အခု ရှင်းရဲ့ ရုပ်ရည်က ဧကရာဇ်ကျောက်ရန်ရဲ့ ရုပ်ရည်လား....ဧကရာဇ်ကျောက်ရန်က အစကတည်းက ရှင်းလို အမတ်တွေကြောက်ရွံ့ရတဲ့ထိ အာဏာရှိပြီး ပြည်သူတွေ လေးစားချစ်ခင်ရတဲ့ ဧကရာဇ်တစ်ယောက်လား"
"မဟုတ်ဘူး...အခု ရုပ်ရည်ကတော့ ကိုယ့်ရဲ့ အစစ်အမှန် ရုပ်ရည်ပါ...တခြားသူတစ်ယောက်ရဲ့ ရုပ်ရည်ကိုယူပြီး ကိုယ်နေဖို့ ဆန္ဒမရှိဘူး...ပြီးတော့ ဧကရာဇ်ကျောက်ရန်က ပျော့ညံ့သူတစ်ယောက်...ကိုယ် ဧကရာဇ်ကျောက်ရန်အဖြစ် နေလိုက်ချိန်ကစပြီး လူတွေအားလုံးရဲ့ မှတ်ဉာဏ်ထဲက ဧကရာဇ်ကျောက်ရန်ရဲ့ ပုံစံကို ပြောင်းလဲပစ်ခဲ့တယ်...ပြည်သူတွေ လေးစားချစ်ခင်တဲ့ ဧကရာဇ်တစ်ပါး ဖြစ်အောင်လည်း ကိုယ်ပဲ မှတ်ဉာဏ်တွေ ပြောင်းလဲပစ်ခဲ့တာ"
ရီဟွား ဇာတ်ကြောင်းပြောင်းလဲနေခြင်းနှင့် ဧကရာဇ်ကျောက်ရန်၏ ကာရိုက်တာ ပြောင်းလဲနေခြင်းအကြောင်းအား သိရှိသွားလေပြီ။ သို့သော် သူ နားမလည်သေးသည့် အချက်များ ကျန်ရှိနေသေးသည်။
"ရှင်း လုပ်ချင်ရင် အရာအားလုံးကို ပြောင်းလဲနိုင်ရဲ့နဲ့ ဘာလို့ တချို့ကိစ္စတွေမှာ ရှင်း အစွမ်းတွေကို အသုံးမပြုတာလဲ...ဧကရာဇ်ကျောက်ရန်ကရော ခုဘယ်မှာလဲ...ပြီးတော့ အမှောင်နတ်ဘုရားကရော ရှင်းကို ဘာလို့ နှောင့်ယှက်တာလဲ"
ရှင်း သူ၏ ရှေ့မှ စိတ်ဝင်တစား သိလိုနေသော ကောင်လေးအား စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ စကားအများကြီး ပြောရခြင်းအား စိတ်မရှည်သော သူ့အတွက် ရှောင်ဟွားသည်တော့ ချွင်းခြက်ပင်။
"ကိုယ် ဧကရာဇ်ကျောက်ရန်ကို ခဏအိပ်ပျော်အောင် လုပ်ပြီး ရှင်းယွဲ့ဂူမှာ ထားထားတယ်...ကိုယ့် အမတော်ကို နတ်ဘုရားမအဖြစ်ပြန်ဖြစ်အောင် လုပ်ပြီးတာနဲ့ မှတ်ဉာဏ်တွေ အကုန်ပြောင်းလဲပေးပြီး ဧကရာဇ်ကျောက်ရန်ကို မူလနေရာပြန်ပေးမယ်....
ကိုယ် တချို့ကိစ္စတွေမှာ အစွမ်းမသုံးတာက ကိုယ့်ရဲ့တည်ရှိမှုကို တချိူ့သော နတ်ဘုရားတွေ သတိမထားမိစေချင်လို့...ရှုပ်ထွေးတဲ့ကိစ္စရပ်တွေမှာ ကိုယ် ပါဝင်မပတ်သတ်ချင်ဘူး...ကိုယ့်အနေနဲ့ ဧကရာဇ် ကျောက်ရန်အပေါ်မှာ အကြွေးတင်နေတယ်...ဒါကြောင့် ဧကရာဇ်ကျောက်ရန်ရဲ့ နေရာကို ကာကွယ်ပေးပြီး သူ့ရဲ့ပြည်သူတွေကိုကာကွယ်စောင့်ရှောက်ပေးနေတာ"
ရှင်း ပြန်ဖြေသော စကားများထဲတွင် သူ သိချင်နေသည့် တစ်ချက် ကျန်သေးသောကြောင့် ရီဟွားဆက်မေးလိုက်သည်။
"အမှောင်နတ်ဘုရားက ဘာလို့ ရှင်းကို နှောင့်ယှက်ရတာလဲ"
"သူက အမတော်ရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်...အမတော်ကလည်း စွမ်းအားကြီးတဲ့ နတ်ဘုရားမ တစ်ပါးလေ...ဝိညာဉ်တွေကို ခွဲခဲ့ပြီး လူမဝင်စားခင် မှတ်ဉာဏ်တွေကို ပြန်မရချင်တော့လို့ ကျန်းဖုန်းကို ကူညီတောင်းခဲ့တာ...လူဝင်စားတိုင်း အမတော်ကို မှတ်မိစေနိုင်တဲ့ဆုကို ပေးခဲ့လို့ အမတော်ဘယ်သူလဲဆိုတာ ကျန်းဖုန်းသိတယ်....
ဒါပေမဲ့ သူ ဘယ်တော့မှ ကိုယ့်ကိုပြောပြမှာ မဟုတ်ဘူး...အမတော်ရဲ့ဆန္ဒအတိုင်း သူ အမြဲ ကိုယ့်ကို နှောင့်ယှက်နေခဲ့တာ...အမတော် ကိုယ်တိုင်အပြစ်ဒဏ်ခတ်ခဲ့တုန်းက ကိုယ်က ရှင်းယွဲ့ဂူမှာ တံခါးပိတ်ပြီး တရားကျင့်နေခဲ့လို့ ကိုယ်မသိခဲ့ဘူး...မဟုတ်ရင် ကိုယ် အမတော်ကို သေချာပေါက် ကာကွယ်ပေးနိုင်ခဲ့မှာ"
ရီဟွား ရှင်း၏ ဝမ်းနည်းမှုအား နားလည်စွာ နှစ်သိမ့်ပေးလိုက်သည်။
"အဲဒါ ရှင်း အပြစ်မဟုတ်ပါဘူး...ရှင်းလည်း ခုလိုဖြစ်လာမယ်လို့ မထင်ခဲ့ဘူးလေ"
ရီဟွား ရှင်း၏ မျက်နှာအား စိုက်ကြည့်ရင်း အကြောင်းရင်းတစ်ခုအား သတိရသွားသည်။
"အဆိပ်မိတာ လိမ်တာမလား...အဲဒီအဆိပ်လောက်က ရှင်းကို အန္တရာယ် မပေးနိုင်ဘူးမလား"
ရှင်းသည် သူ့အား ပြုံးပြပြီး ခေါင်းညိတ်ပြလေသည်။ ရီဟွား စိတ်တိုသွားရ၏။
"ကျွန်တော် ဘယ်လောက်စိတ်ပူခဲ့ရလဲ သိလား...ရွှေကြာပန်းယူဖို့ ဘယ်လောက်တောင် ဒုက္ခခံခဲ့ရလဲ...ဒါနဲ့ အဲဒီတုန်းက ကျွန်တော့်ကို ကူညီပေးခဲ့သူ ရှိတယ်...အဲဒီလူက ရှင်းလား"
"မဟုတ်ဘူး ကျန်းဖုန်း ကူညီပေးခဲ့တာ"
"အမှောင်နတ်ဘုရား ကူညီပေးခဲ့တာလား...ခုဖြစ်သွားခဲ့တဲ့ ရှင်းနဲ့အမှောင်နတ်ဘုရားရဲ့တိိုက်ခိုက်မှုမှာ ရှင်းက ဘာလို့ အမှောင်နတ်ဘုရားကို အကြောင်းရင်းမရှိ စပြီး လာတိုက်ခိုက်ရတာလဲ"
"သူ ရှောင်ဟွားကို ကူညီပေးခဲ့တာအတွက်တော့ တကယ်ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်တာက သက်သက် ကိုယ်ဒေါသထွက်ထားအောင် လုပ်ထားတာက သက်သက်မို့ ကိုယ် သူနဲ့ တိုက်ခိုက်ဖြစ်တာ"
ရီဟွား ရှင်း ပြောသွားသည်အား နားမလည်ပေ။ နှစ်ခါထပ်မမေးချင်သောကြောင့် ထိုအကြောင်းအား ပြန်မမေးဖြစ်တော့။
"ရှင်း ကျွန်တော့်ကို တခြား ဖုံးကွယ်ထားတာ ရှိရင် အခုပြောထားပါ...ကျွန်တော့်ဖာသာ ထပ်သိရရင်တော့ ခွင့်လွှတ်မှာ မဟုတ်ဘူး"
"တစ်ခု ကျန်သေးတယ်"
ရှင်း စကားကြောင့် ရီဟွား စိတ်ဝင်စားသွားသည်။ သေချာအာရုံစိုက် နားထောင်လိုက်၏။
"ယွီလေးက ကိုယ့်ရဲ့လူ...သူ့နာမည်အရင်းက ရှောင်အန်း...သူလည်းသာမန်လူ မဟုတ်ဘူး...ကိုယ့်ရဲ့အစောင့်အရှောက်မို့ အစွမ်းရှိတယ်...ပြီးတော့ ပိုင်ရန်...သူ(မ)ကလည်း ကိုယ့်ရဲ့လက်အောက်ကလူပဲ"
"ဘာ"
ရီဟွား စိတ်တိုစွာ ရှင်းအား အော်ပစ်လိုက်သည်။
သူ့ဘေးတွင် စောင့်ကြည့်နိုင်မည့်လူများ ထားထားသော ရှင်းအား လွန်စွာစိတ်တိုသွားရသည်။ တစ်ယောက်ပင်မဟုတ်။ သူ အားကိုးချစ်ခင်ရသော လူယုံနှစ်ယောက်သည် ရှင်း၏ လူများဖြစ်နေကြသည်က တကယ်ကို မခံချင်စရာ ဖြစ်ရပ်ပင်။
"ကျွန်တော့်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားရဲတယ်ပေါ့"
"ကိုယ် ရှောင်အန်းကို လွှတ်ထားရတဲ့ အကြောင်းရင်းက ကျန်းဖုန်း ဝူအိမ်တော်ကို ဝင်မယ့်အကြောင်းသိထားလို့ ကျန်းဖုန်းနဲ့ သူ့ရဲ့ အစောင့်အရှောက်ဟိုင်ဝမ်ကို စောင့်ကြည့်ရအောင် လွှတ်ထားတာပါ...ပိုင်ရန်ကိုကတော့ ရှောင်ဟွား လိုချင်လို့ ကိုယ်ပေးခဲ့တာလေ"
ယွီလေး ထူးဆန်းနေရသည့် အကြောင်းရင်းများအား ရီဟွား သိရှိသွားလေပြီ။ Big fan ဖြစ်နေရခြင်းသည်လည်း မူလအရှင်သခင်ဖြစ်နေသည့်အတွက် ဖြစ်လောက်ပေသည်။
ရှင်းကို တွေ့တိုင်း အမြဲတိတ်ဆိတ်သွားသည်ကလည်း မထူးဆန်းတော့။ ဟိုင်ဝမ်၊ အမှောင်နတ်ဘုရားတို့နှင့်လည်း အစကတည်းက သိရှိသူများဖြစ်ကြသည်မှာ သေချာသည်။
အမြဲသူ၏ သခင်ဘက်မှကာကွယ်ပေးခဲ့သော ယယွီလေးသည် တကယ်ကို ဟန်ဆောင်ကောင်းလွန်းသည်။ ကိုယ့်ကိုကိုယ် တော်လှပြီထင်နေသောသူ,လုံးဝ အရူးလုပ်ခံလိုက်ရခြင်းပင်။
"ခင်ဗျားလည်း ကျွန်တော့် မျက်စိရှေ့ ပေါ်မလာနဲ့တော့"
ရီဟွား ပေါက်ကွဲစွာ အော်ဟစ်လိုက်ပြီး ကျောခိုင်းလှည့်ထွက်လိုက်သည်။ စိတ်ထဲတွင်လည်း ယွီလေးအား ဆဲနည်းပေါင်းစုံဖြင့် ကျိန်ဆဲပစ်လိုက်သည်။
'ငါးစုတ်...ငါးနာ...ငါးတေလေဂျပိုး....သောက်သုံးမကျတဲ့ငါး....သောက်ငနာငါး...သေဖို့သာ ပြင်ထား'
ရီဟွား စကားအား နားထောင်လွန်းသော ရှင်းသည်လည်း ဒေါသထွက်ကာ ကျောခိုင်းလှည့်ထွက်သွားသူလေးအား ချော့ရန် နောက်မှ ထပ်ကြပ်မကွာ လိုက်သွားလေတော့သည်။
************************
Zawgyi
အပိုင္း(၂၀)
ရွင္းယြဲ႕နတ္ဘုရားႏွင့္ အေမွာင္နတ္ဘုရားတို႔၏ သ႐ုပ္မွန္ေပၚျခင္း
ရီဟြားညဘက္တေရးနိုးလာခဲ့သည္။ အခုတေလာေတြ႕ႀကဳံခဲ့ရေသာ စိတ္ရႈပ္စရာကိစၥမ်ားေၾကာင့္ သူျပန္အိပ္မေပ်ာ္နိုင္ေတာ့။
ျပတင္းေပါက္မွတဆင့္အျပင္သို႔လွမ္းၾကည့္လိုက္ေသာအခါ ပိန္းပိတ္ေအာင္ေမွာင္မဲေနေသာအေမွာင္ထုကႀကိဳဆိုေနသည္။
ရီဟြားၿခံထဲဆင္းကာ လမ္းေလွ်ာက္ရန္ ေတြးလိုက္သည္။ အေပၚဝတ္႐ုံအား ထပ္ၿခဳံလိုက္ၿပီး အိပ္ခန္းထဲမွထြက္လာခဲ့သည္။
ညီဝမ္းကြဲေလးအခန္းေရွ႕မွအျဖတ္ အိပ္ခန္းတံခါးပြင့္ေနေသာေၾကာင့္ ၿခံဝင္းထဲတြင္ ရွိလိမ့္မည္ဟု ေတြးထင္လိုက္သည္။ၿခံဝန္းထဲသို႔ေရာက္ေသာအခါ ထိုင္ေနက်ေနရာတြင္ ညီဝမ္းကြဲေလးအားမေတြ႕ရေပ။
ထို႔ေၾကာင့္ ရီဟြားတစ္ေယာက္တည္း ဆက္၍လမ္းေလွ်ာက္ေနလိုက္သည္။ တျဖည္းျဖည္း အိပ္ေဆာင္ႏွင့္အေတာ္ေဝးေသာေနရာသို႔ ေရာက္ရွိလာသည္။႐ုတ္တရက္ သူျမင္လိုက္ရေသာျမင္ကြင္းေၾကာင့္ သူ၏ေျခလွမ္းတို႔ရပ္တန႔္သြားရသည္။
သစ္ပင္တစ္ပင္ေနာက္သို႔ သူအျမန္ပုန္းလိုက္ပီးသူႏွင့္မလွမ္းမကမ္းရွိ ျမင္ကြင္းအားဆက္ၾကည့္ေနလိုက္သည္။ အျဖဴေရာင္ဝတ္႐ုံ ဝတ္ဆင္ထားသူတစ္ေယာက္ႏွင့္ အနက္ေရာင္ဝတ္႐ုံဝတ္ဆင္ထားသူတစ္ေယာက္တို႔သည္ အျပင္းအထန္တိုက္ခိုက္ေနၾကသည္။
တိုက္ခိုက္ရာမွေပၚထြက္လာေသာ အလင္းတန္းမ်ားသည္ ပတ္ဝန္းက်င္အားလင္းထိန္ေနေစသည္။ ေျမျပင္ႏွင့္ေဝးကြာေနေသာေနရာတြင္ ပ်ံဝဲတိုက္ခိုက္ေနပုံမွာလြန္စြာလွပလြန္းသည္။
အနက္ေရာင္ဝတ္႐ုံရွင္ ထုတ္လႊတ္လိုက္ေသာအလင္းတန္းအား အျဖဴေရာင္ဝတ္႐ုံဝတ္ဆင္ထားသူက ေရွာင္ဖယ္လိုက္ေသာေၾကာင့္ အေနာက္ဘက္ရွိေက်ာက္ေဆာင္အား ထိမွန္သြားေလသည္။ေက်ာက္ေဆာင္သည္ အစိတ္စိတ္အမႊာမႊာ ကြဲေၾကသြားသည္။
ရီဟြားမ်က္လုံးတို႔ ျပဴးက်ယ္ဝိုင္းစက္သြားရသည္။ ထိုသူမ်ားသည္ သာမန္လူမ်ား လုံးဝမျဖစ္နိုင္ေခ်။ရီဟြားမ်က္ႏွာမ်ားအား ထင္ရွားစြာျမင္ရေအာင္ ေရွ႕သို႔အနည္းငယ္တိုးကာၾကည့္လိုက္သည္။
သူရင္းႏွီးလြန္းေသာလူႏွစ္ေယာက္။ နတ္ဘုရားတမွ်ေခ်ာေမာလြန္းေသာ ေခါက္ယပ္ေတာင္တစ္ေခ်ာင္းအား ကိုင္ေဆာင္ထားသည့္ အျဖဴေရာင္ဝတ္႐ုံဝတ္ဆင္ထားသူ၏ မ်က္ဝန္းမ်ားသည္ ေ႐ႊေရာင္မ်က္ဝန္းမ်ားျဖစ္ေနသည္။
နက္ေမွာင္ေတာက္ပေသာ မ်က္ဝန္းနက္မ်ား၊ အနက္ေရာင္ ဆံႏြယ္ရွည္မ်ားႏွင့္ အနက္ေရာင္ဝတ္႐ုံအား ဝတ္ဆင္ထားသူသည္လည္း အားနည္းေသာပုံစံတို႔ လုံးဝေပ်ာက္ကြယ္ေနေလသည္။
ေအးေဆးတည္ၾကည္ေသာ မ်က္ႏွာသည္ ခံ့ညားမႈ အား ျပသေနသည္။ ယခုသူ႕ေရွ႕ရွိ တိုက္ခိုက္ေနသူႏွစ္ဦး၏ပုံစံသည္ သူရင္းႏွီးခဲ့ဖူးေသာလူႏွစ္ေယာက္၏ပုံစံႏွင့္ သီးျခားစီျဖစ္ေနသည္။႐ုပ္ရည္မ်ားသာ တူမေနပါက သူလုံးဝမွတ္မိလိမ့္မည္မဟုတ္ေပ။
ေရွ႕တိုးကာ ၾကည့္ေနေသာသူ႕အား မျမင္ေစရန္ အေနာက္သို႔အနည္းငယ္ ျပန္ဆုတ္လိုက္သည္။ မထင္မွတ္ပဲ သစ္ကိုင္းေျခာက္တခုအား နင္းမိကာအသံျမည္သြားေလသည္။
တိုက္ခိုက္ေနသူႏွစ္ေယာက္သည္ သူတို႔၏လႈပ္ရွားမႈမ်ားအားရပ္တန႔္လိုက္ၿပီး သူရွိရာဆီမ်က္ဝန္းအၾကည့္တို႔ေရာက္ရွိလာၾကသည္။
ရီဟြားထိတ္လန႔္သြားရ၏။
ရီဟြားေရွ႕ရွိလူႏွစ္ေယာက္သည္လည္း မ်က္ႏွာမ်ား ပ်က္ယြင္းသြားၾကသည္။ ခုကဲ့သို႔ ျဖစ္လာလိမ့္မည္ဟု ေမွ်ာ္လင့္ထားပုံ မရေပ။
ရွင္းယြဲ႕ သူ၏ ေရွ႕ရွိ ရီဟြားအား ၾကည့္ကာ မည္သို႔ စေျပာရမွန္းမသိ ျဖစ္သြားရသည္။ ခုကဲ့သို႔ အေျခအေနသည္ ပထမဆုံး မဟုတ္ေသာ္လည္း သူ႕အေနျဖင့္ ပထမဆုံးအႀကိမ္ကဲ့သို႔ ခံစားေနရသည္။ အရင္ေျဖရွင္းခဲ့ေသာ နည္းအား သူ ဆက္၍ မလုပ္နိုင္ေပ။
"ေရွာင္ဟြား ကိုယ္ ရွင္းျပပါ့မယ္"
သို႔ေသာ္ သူ၏ စကားတို႔သည္ က်န္းဖုန္း၏ စကားျဖင့္တိုက္ခိုက္ျခင္းအား ခံလိုက္ရသည္။
"မင္း အရင္တစ္ခါလို သူ႕ရဲ႕ မွတ္ဉာဏ္ေတြ ဖ်က္ပစ္ဦးမလို႔လား"
ရွင္းယြဲ႕ ေဒါသထြက္ေနေသာ ေ႐ႊေရာင္မ်က္ဝန္းမ်ားျဖင့္ က်န္းဖုန္းအား စူးစိုက္ၾကည့္လိုက္သည္။
"အဲလို လုပ္ဖို႔ အႀကံေပးခဲ့တာ မင္းေလ"
"ဟုတ္လား ငါ မမွတ္မိေတာ့ဘူး"
ရွင္းယြဲ႕ က်န္းဖုန္းစကားေၾကာင့္ လြန္စြာ စိတ္တိုသြားရသည္။ သူတို႔ႏွစ္ေယာက္သည္ ႏွစ္ေပါင္းေထာင္ခ်ီၾကာေအာင္ မတည့္ခဲ့ၾကသူမ်ားျဖစ္သည္။
အၿမဲလိုလို ေတြ႕တိုင္း စကားျဖင့္ျဖစ္ေစ၊ အစြမ္းမ်ားျဖင့္ ျဖစ္ေစ တိုက္ခိုက္တတ္ၾကသည္။ ဘယ္ေသာအခါမွ ေကာင္းမြန္စြာ မ်က္ႏွာခ်င္း မဆိုင္နိုင္ၾက။
"မင္းက အဘိုးႀကီး ျဖစ္ေနၿပီဆိုေတာ့ မမွတ္မိေတာ့တာ မဆန္းပါဘူး...က်န္းဖုန္း"
"ရွင္းယြဲ႕ ငါမင္းထက္ ႏွစ္တစ္ေထာင္ဘဲ အသက္ပိုႀကီးတာ"
"မင္း ငါ့ထက္ အသက္ပိုႀကီးေပမဲ့ ဘယ္တုန္းကမွ မင္း ငါ့ကို မနိုင္ဖူးဘူးေလ"
"မင္း"
ရီဟြား သူ၏ ေရွ႕ရွိ ရန္ျဖစ္ေနေသာ နတ္ဘုရားႏွစ္ပါးအား ၾကည့္ကာ ေခါင္းကိုက္လာရသည္။ သူသည္ မွတ္ဉာဏ္လြန္စြာ ေကာင္းသူတစ္ေယာက္ပင္။ ယြီေလးေျပာခဲ့ေသာ ထိုနာမည္မ်ားအား သူ ေမ့နိုင္စရာ အေၾကာင္းမရွိေပ။
ဘယ္လိုေၾကာင့္ ဇာတ္လမ္းထဲတြင္ နတ္ဘုရားမ်ားပါ ပါလာသလဲ သူ နားမလည္နိုင္ေတာ့။ ဇာတ္ေၾကာင္းမ်ားသည္ စကတည္းက လြဲမွားေနခဲ့ၿပီး ဇာတ္ေကာင္စရိုက္ေျပာင္းလဲေနျခင္း၊ ဇာတ္ေကာင္အသစ္မ်ား ေပၚလာျခင္းတို႔ျဖင့္ ေသြဖယ္ေနခဲ့ေလၿပီ။
"ဘယ္လိုေၾကာင့္ နတ္ဘုရားႏွစ္ပါးက ကြၽန္ေတာ့္ၿခံဝန္းထဲမွာ တိုက္ခိုက္ေနၾကတာလဲ"
"အဲဒီကိစၥကို ရွင္းယြဲ႕ကို ေမးသင့္တယ္ ေရွာင္ဟြား...ကိုယ့္ဆီ ႐ုတ္တရက္ေရာက္လာၿပီး သူ႕ဘက္က စလာတိုက္ခိုက္တာ"
က်န္းဖုန္း၏ စကားအား ၾကားလိုက္ရေသာ ရွင္းယြဲ႕ စိတ္တိုစြာ က်န္းဖုန္းအား ေအာ္လိုက္သည္။
"မင္းကို ဘယ္သူက ေရွာင္ဟြားလို႔ ေခၚခိုင္းလို႔လဲ...က်န္းဖုန္း"
"ငါ ေခၚခ်င္လို႔ ေခၚတာေလ...ဘယ္သူ႕ခြင့္ျပဳခ်က္ လိုေသးလို႔လဲ"
"မင္း"
ရီဟြား စိတ္ေလသြားရသည္။ စကားမ်ားသည္ လိုရင္းမေရာက္ေတာ့။
"အစီအစဥ္ေတာ္ေတာ္မ်ားမ်ား မင္း ခ်ခဲ့တာပဲ...မင္း လိမ္ညာခဲ့တဲ့ အစီအစဥ္ေတြကိုလည္း အမွန္အတိုင္း ေျပာျပသင့္တာေပါ့ ရွင္းယြဲ႕"
ရီဟြား ဆက္ၿပီး အျငင္းပြား စကားမ်ားအား မၾကားနိုင္ေတာ့ေသာေၾကာင့္ ဝင္ေျပာလိုက္ေတာ့သည္။
"ညီဝမ္းကြဲေလးလည္း ကြၽန္ေတာ့္ကို လိမ္ညာထားတာပဲေလ...ေၾသာ္ ေမ့လို႔ ညီဝမ္းကြဲေလး မဟုတ္ဘူး အေမွာင္နတ္ဘုရားပဲ...ကြၽန္ေတာ္အခု အေမွာင္နတ္ဘုရား ကြၽန္ေတာ့္ကို အ႐ူးလုပ္ထားတဲ့ ကိစၥေတြနဲ႕ ပတ္သတ္ၿပီး အရမ္းစိတ္တိုေနတာမို႔ ခဏေလာက္ ကြၽန္ေတာ့္ေရွ႕ ေပၚမလာဘဲ ေနေပးနိုင္မလား"
ရီဟြား အမွန္တကယ္ စိတ္တိုေသာေၾကာင့္ ေျပာျခင္းမဟုတ္။
သူ ကာကြယ္ေပးရမည္ဟု ေတြးထင္ခဲ့သူသည္ အေမွာင္နတ္ဘုရားတစ္ပါး ျဖစ္ေနသျဖင့္ မ်က္ႏွာပူရေသာေၾကာင့္ ေျပာလိုက္ျခင္းျဖစ္သည္။ အေမွာင္နတ္ဘုရား၏ မ်က္ႏွာအား ျမင္တိုင္း သူ ႐ူးမိုက္စြာ လုပ္ခဲ့ေသာ အျပဳအမူမ်ားအား ေတြးကာ ရွက္႐ြံ႕မိသည္။
က်န္းဖုန္းအေနျဖင့္ ရီဟြားအား ညီဝမ္းကြဲေလးအျဖစ္ ဟန္ေဆာင္လိမ္ညာရန္ မရည္႐ြယ္ခဲ့ပါ။ သူ ရွင္းရန္၏ အေျခအေနအား ေစာင့္ၾကည့္လိုေသာေၾကာင့္သာ ညီဝမ္းကြဲေလး က်ိဳးမုအျဖစ္ ဟန္ေဆာင္ခဲ့ျခင္းျဖစ္သည္။
ရွင္းယြဲ႕၏ လုပ္ေဆာင္ခ်က္မ်ားအား သိရွိနိုင္သလို သူ ခြဲထုတ္ခဲ့ေသာကိုယ္ပြားဝိညာဥ္ႏွင့္ ပတ္သတ္၍လည္း သိရွိနိုင္ေသာေၾကာင့္ သူ ခုလိုလုပ္ရန္ေ႐ြးခ်ယ္ခဲ့ျခင္းပင္။
ကိုယ္ပြားဝိညာဥ္မ်ားသည္ အလြန္အႏၲရာယ္မ်ားေပသည္။ နတ္ဘုရားမ်ားအေနျဖင့္ အေရးႀကီးေသာ အေျခအေန မေရာက္မခ်င္း ကိုယ္ပြားဝိညာဥ္ ခြဲမထုတ္လိုၾက။ ကိုယ္ပြားဝိညာဥ္အား မထိန္းခ်ဳပ္နိုင္လွ်င္ မူလဝိညာဥ္ပိုင္ရွင္ နတ္ဘုရားအား ေသေစသည္အထိပင္ ျဖစ္နိုင္သည္။
သူ မကာကြယ္နိုင္ခဲ့ေသာ အခ်စ္ဆုံးသူငယ္ခ်င္း အတြက္ သူသည္ တြန႔္ဆုတ္ျခင္းအလ်ဥ္းမရွိဘဲ ကိုယ္ပြားဝိညာဥ္ ခြဲထုတ္ခဲ့ၿပီး လူဝင္စားတိုင္း ကာကြယ္ေစာင့္ေရွာက္ရန္ အမိန႔္ေပးခိုင္းေစခဲ့သည္။ သူ၏ ဝိညာဥ္အပိုင္းအစ တစ္ခုျဖစ္ေၾကာင္း သူ ခြဲထုတ္ခဲ့ေသာ ဝိညာဥ္အား ပိုင္ဆိုင္ထားသူ မသိမခ်င္း အႏၲရာယ္မရွိနိုင္ေပ။
အခုတေလာ သူ၏ ကိုယ္ပြားဝိညာဥ္ႏွင့္ ပတ္သတ္၍ စိတ္ခံစားခ်က္ မေကာင္းေသာေၾကာင့္ အေျခအေနအား သိရွိေအာင္လည္း လာေလ့လာေနျခင္းျဖစ္သည္။
စစ္သူႀကီး အိမ္ေတာ္သည္ ရွင္းရန္၊ ရွင္းယြဲ႕ႏွင့္ သူ၏ ဝိညာဥ္ခြဲအား ပိုင္ဆိုင္ထားသူတို႔ႏွင့္ ထိေတြ႕ဆက္ဆံနိုင္သည့္ အေကာင္းဆုံးေနရာျဖစ္ေသာေၾကာင့္ သူ အိမ္ေတာ္အား ဟန္ေဆာင္ ဝင္ေရာက္ခဲ့ျခင္းသာျဖစ္ေပသည္။ ယခုအခ်ိန္တြင္ သူ၏ ေရွ႕ရွိ တန္ဖိုးထားရသူသည္ သူ႕အား မျမင္ခ်င္ေလာက္ေအာင္ထိ အထင္လြဲသြားခဲ့ၿပီ။
"ေကာင္းၿပီ ကိုယ္ မင္းေရွ႕ကေန ခဏ ေပ်ာက္ကြယ္ေပးပါ့မယ္...ကိုယ္ က်ိဳးမုအျဖစ္လည္း ဆက္ဟန္မေဆာင္ေတာ့ပါဘူး...မင္း စိတ္ဆိုးေျပတဲ့အခါက်ရင္ေတာ့ ကိုယ့္ကို ရွင္းျပခြင့္ေပးပါ"
သူ႕ ေရွ႕ရွိေကာင္ေလး ျဖစ္ေစခ်င္သည့္အတိုင္း သူ ျပန္ေျဖလိုက္ၿပီး ထိုေနရာမွ ေပ်ာက္ကြယ္လိုက္သည္။ ေကာင္ေလးအား သူေၾကာင့္ စိတ္မၿငိဳျငင္ေစခ်င္ေပ။
ရီဟြား မ်က္ေတာင္တစ္ခတ္အတြင္း ေပ်ာက္သြားေသာ အေမွာင္နတ္ဘုရားအား ၾကည့္ကာ အံ့အားသင့္ေနသည္။
'Wow! မိုက္လိုက္တာ...ငါသာ အဲလို ကိုယ္ေပ်ာက္နိုင္လို႔ကေတာ့ လမ္းေလွ်ာက္စရာ မလိုေတာ့ဘူး...ေသခ်ာေပါက္ ေျခေထာက္ေညာင္း သက္သာၿပီ'
ရီဟြား အေတြးလြန္ေနေသာေၾကာင့္ သူ၏ ေရွ႕တြင္ က်န္ရွိေနသူအား သတိမထားမိ။
"ေရွာင္ဟြား"
ေခၚသံၾကားမွသာ ရီဟြား သူ တကယ္ စိတ္ဆိုးရမည့္လူ က်န္ေနေသးေၾကာင္း သတိရေတာ့သည္။
"ခင္ဗ်ား ကြၽန္ေတာ္ စိတ္ေက်နပ္ေစမဲ့ ေျဖရွင္းခ်က္ တစ္ခုေပးပါ...မဟုတ္လို႔ကေတာ့ ခင္ဗ်ားလည္း ကြၽန္ေတာ့္ေရွ႕ေပၚမလာနဲ႕ေတာ့"
"ကိုယ္ မင္းကို မဖုံးကြယ္ထားဖူးပါဘူး ေရွာင္ဟြား...ကိုယ္ မင္းကို ႀကိဳ ၿပီး ေျပာျပထားခဲ့ဖူးပါတယ္...အဲဒီတုန္းက ကိုယ္ တစ္ခ်က္ပဲ ေျပာဖို႔ ခ်န္ထားခဲ့တာ"
ရွင္း စကားေၾကာင့္ ရီဟြား ေၾကာင္အသြားရသည္။
"ဘယ္တုန္းက ေျပာဖူးလို႔လဲ"
"ကိုယ္ ေရွာင္ဟြားကို နတ္ဘုရားမတစ္ပါး အေၾကာင္းေျပာျပဖူးတယ္ေလ...အဲဒီ နတ္ဘုရားမက ကိုယ့္ရဲ႕တစ္ဦးတည္းေသာ အမေတာ္ပဲ...ကိုယ္ အမေတာ္ကို ရွာဖို႔ ဒီကိုေရာက္ေနခဲ့တာ...လူဝင္စားေနတဲ့ အမေတာ္ကို ေတြ႕ခါနီးမွာ က်န္းဖုန္း ေႏွာင့္ယွက္လို႔ ရွာမေတြ႕နိုင္ေတာ့ဘူး...
ကိုယ့္ အမေတာ္ကို ရွာမေတြ႕ေပမဲ့ အမေတာ္ရဲ႕ ဝိညာဥ္အပိုင္းစတစ္ခုရွိတဲ့ သူတစ္ေယာက္ကိုေတာ့ ရွာေတြ႕ခဲ့တယ္...သူ(မ)က အမေတာ္ဟုတ္မဟုတ္ မေသခ်ာလို႔ သူ(မ)နဲ႕ အနီးဆုံးမွာ ရွိေနနိုင္တဲ့ ဧကရာဇ္ေက်ာက္ရန္အျဖစ္ ေနၿပီး ကိုယ္ ေစာင့္ၾကည့္ေနခဲ့တာ"
ရီဟြား ရွင္း စကားထဲရွိ သူ နားမလည္နိုင္ေသာ အေၾကာင္းမ်ားအား တစ္ခါတည္း ေမးျမန္းလိုက္သည္။
"အခု ရွင္းရဲ႕ ႐ုပ္ရည္က ဧကရာဇ္ေက်ာက္ရန္ရဲ႕ ႐ုပ္ရည္လား....ဧကရာဇ္ေက်ာက္ရန္က အစကတည္းက ရွင္းလို အမတ္ေတြေၾကာက္႐ြံ႕ရတဲ့ထိ အာဏာရွိၿပီး ျပည္သူေတြ ေလးစားခ်စ္ခင္ရတဲ့ ဧကရာဇ္တစ္ေယာက္လား"
"မဟုတ္ဘူး...အခု ႐ုပ္ရည္ကေတာ့ ကိုယ့္ရဲ႕ အစစ္အမွန္ ႐ုပ္ရည္ပါ...တျခားသူတစ္ေယာက္ရဲ႕ ႐ုပ္ရည္ကိုယူၿပီး ကိုယ္ေနဖို႔ ဆႏၵမရွိဘူး...ၿပီးေတာ့ ဧကရာဇ္ေက်ာက္ရန္က ေပ်ာ့ညံ့သူတစ္ေယာက္...ကိုယ္ ဧကရာဇ္ေက်ာက္ရန္အျဖစ္ ေနလိုက္ခ်ိန္ကစၿပီး လူေတြအားလုံးရဲ႕ မွတ္ဉာဏ္ထဲက ဧကရာဇ္ေက်ာက္ရန္ရဲ႕ ပုံစံကို ေျပာင္းလဲပစ္ခဲ့တယ္...ျပည္သူေတြ ေလးစားခ်စ္ခင္တဲ့ ဧကရာဇ္တစ္ပါး ျဖစ္ေအာင္လည္း ကိုယ္ပဲ မွတ္ဉာဏ္ေတြ ေျပာင္းလဲပစ္ခဲ့တာ"
ရီဟြား ဇာတ္ေၾကာင္းေျပာင္းလဲေနျခင္းႏွင့္ ဧကရာဇ္ေက်ာက္ရန္၏ ကာရိုက္တာ ေျပာင္းလဲေနျခင္းအေၾကာင္းအား သိရွိသြားေလၿပီ။ သို႔ေသာ္ သူ နားမလည္ေသးသည့္ အခ်က္မ်ား က်န္ရွိေနေသးသည္။
"ရွင္း လုပ္ခ်င္ရင္ အရာအားလုံးကို ေျပာင္းလဲနိုင္ရဲ႕နဲ႕ ဘာလို႔ တခ်ိဳ႕ကိစၥေတြမွာ ရွင္း အစြမ္းေတြကို အသုံးမျပဳတာလဲ...ဧကရာဇ္ေက်ာက္ရန္ကေရာ ခုဘယ္မွာလဲ...ၿပီးေတာ့ အေမွာင္နတ္ဘုရားကေရာ ရွင္းကို ဘာလို႔ ေႏွာင့္ယွက္တာလဲ"
ရွင္း သူ၏ ေရွ႕မွ စိတ္ဝင္တစား သိလိုေနေသာ ေကာင္ေလးအား စိတ္ရွည္လက္ရွည္ ရွင္းျပလိုက္သည္။ စကားအမ်ားႀကီး ေျပာရျခင္းအား စိတ္မရွည္ေသာ သူ႕အတြက္ ေရွာင္ဟြားသည္ေတာ့ ခြၽင္းျခက္ပင္။
"ကိုယ္ ဧကရာဇ္ေက်ာက္ရန္ကို ခဏအိပ္ေပ်ာ္ေအာင္ လုပ္ၿပီး ရွင္းယြဲ႕ဂူမွာ ထားထားတယ္...ကိုယ့္ အမေတာ္ကို နတ္ဘုရားမအျဖစ္ျပန္ျဖစ္ေအာင္ လုပ္ၿပီးတာနဲ႕ မွတ္ဉာဏ္ေတြ အကုန္ေျပာင္းလဲေပးၿပီး ဧကရာဇ္ေက်ာက္ရန္ကို မူလေနရာျပန္ေပးမယ္....
ကိုယ္ တခ်ိဳ႕ကိစၥေတြမွာ အစြမ္းမသုံးတာက ကိုယ့္ရဲ႕တည္ရွိမႈကို တခ်ိဴ႕ေသာ နတ္ဘုရားေတြ သတိမထားမိေစခ်င္လို႔...ရႈပ္ေထြးတဲ့ကိစၥရပ္ေတြမွာ ကိုယ္ ပါဝင္မပတ္သတ္ခ်င္ဘူး...ကိုယ့္အေနနဲ႕ ဧကရာဇ္ ေက်ာက္ရန္အေပၚမွာ အေႂကြးတင္ေနတယ္...ဒါေၾကာင့္ ဧကရာဇ္ေက်ာက္ရန္ရဲ႕ ေနရာကို ကာကြယ္ေပးၿပီး သူ႕ရဲ႕ျပည္သူေတြကိုကာကြယ္ေစာင့္ေရွာက္ေပးေနတာ"
ရွင္း ျပန္ေျဖေသာ စကားမ်ားထဲတြင္ သူ သိခ်င္ေနသည့္ တစ္ခ်က္ က်န္ေသးေသာေၾကာင့္ ရီဟြားဆက္ေမးလိုက္သည္။
"အေမွာင္နတ္ဘုရားက ဘာလို႔ ရွင္းကို ေႏွာင့္ယွက္ရတာလဲ"
"သူက အမေတာ္ရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္းတစ္ေယာက္...အမေတာ္ကလည္း စြမ္းအားႀကီးတဲ့ နတ္ဘုရားမ တစ္ပါးေလ...ဝိညာဥ္ေတြကို ခြဲခဲ့ၿပီး လူမဝင္စားခင္ မွတ္ဉာဏ္ေတြကို ျပန္မရခ်င္ေတာ့လို႔ က်န္းဖုန္းကို ကူညီေတာင္းခဲ့တာ...လူဝင္စားတိုင္း အမေတာ္ကို မွတ္မိေစနိုင္တဲ့ဆုကို ေပးခဲ့လို႔ အမေတာ္ဘယ္သူလဲဆိုတာ က်န္းဖုန္းသိတယ္....
ဒါေပမဲ့ သူ ဘယ္ေတာ့မွ ကိုယ့္ကိုေျပာျပမွာ မဟုတ္ဘူး...အမေတာ္ရဲ႕ဆႏၵအတိုင္း သူ အၿမဲ ကိုယ့္ကို ေႏွာင့္ယွက္ေနခဲ့တာ...အမေတာ္ ကိုယ္တိုင္အျပစ္ဒဏ္ခတ္ခဲ့တုန္းက ကိုယ္က ရွင္းယြဲ႕ဂူမွာ တံခါးပိတ္ၿပီး တရားက်င့္ေနခဲ့လို႔ ကိုယ္မသိခဲ့ဘူး...မဟုတ္ရင္ ကိုယ္ အမေတာ္ကို ေသခ်ာေပါက္ ကာကြယ္ေပးနိုင္ခဲ့မွာ"
ရီဟြား ရွင္း၏ ဝမ္းနည္းမႈအား နားလည္စြာ ႏွစ္သိမ့္ေပးလိုက္သည္။
"အဲဒါ ရွင္း အျပစ္မဟုတ္ပါဘူး...ရွင္းလည္း ခုလိုျဖစ္လာမယ္လို႔ မထင္ခဲ့ဘူးေလ"
ရီဟြား ရွင္း၏ မ်က္ႏွာအား စိုက္ၾကည့္ရင္း အေၾကာင္းရင္းတစ္ခုအား သတိရသြားသည္။
"အဆိပ္မိတာ လိမ္တာမလား...အဲဒီအဆိပ္ေလာက္က ရွင္းကို အႏၲရာယ္ မေပးနိုင္ဘူးမလား"
ရွင္းသည္ သူ႕အား ၿပဳံးျပၿပီး ေခါင္းညိတ္ျပေလသည္။ ရီဟြား စိတ္တိုသြားရ၏။
"ကြၽန္ေတာ္ ဘယ္ေလာက္စိတ္ပူခဲ့ရလဲ သိလား...ေ႐ႊၾကာပန္းယူဖို႔ ဘယ္ေလာက္ေတာင္ ဒုကၡခံခဲ့ရလဲ...ဒါနဲ႕ အဲဒီတုန္းက ကြၽန္ေတာ့္ကို ကူညီေပးခဲ့သူ ရွိတယ္...အဲဒီလူက ရွင္းလား"
"မဟုတ္ဘူး က်န္းဖုန္း ကူညီေပးခဲ့တာ"
"အေမွာင္နတ္ဘုရား ကူညီေပးခဲ့တာလား...ခုျဖစ္သြားခဲ့တဲ့ ရွင္းနဲ႕အေမွာင္နတ္ဘုရားရဲ႕တိိုက္ခိုက္မႈမွာ ရွင္းက ဘာလို႔ အေမွာင္နတ္ဘုရားကို အေၾကာင္းရင္းမရွိ စၿပီး လာတိုက္ခိုက္ရတာလဲ"
"သူ ေရွာင္ဟြားကို ကူညီေပးခဲ့တာအတြက္ေတာ့ တကယ္ေက်းဇူးတင္ပါတယ္...ေက်းဇူးတင္တာက သက္သက္ ကိုယ္ေဒါသထြက္ထားေအာင္ လုပ္ထားတာက သက္သက္မို႔ ကိုယ္ သူနဲ႕ တိုက္ခိုက္ျဖစ္တာ"
ရီဟြား ရွင္း ေျပာသြားသည္အား နားမလည္ေပ။ ႏွစ္ခါထပ္မေမးခ်င္ေသာေၾကာင့္ ထိုအေၾကာင္းအား ျပန္မေမးျဖစ္ေတာ့။
"ရွင္း ကြၽန္ေတာ့္ကို တျခား ဖုံးကြယ္ထားတာ ရွိရင္ အခုေျပာထားပါ...ကြၽန္ေတာ့္ဖာသာ ထပ္သိရရင္ေတာ့ ခြင့္လႊတ္မွာ မဟုတ္ဘူး"
"တစ္ခု က်န္ေသးတယ္"
ရွင္း စကားေၾကာင့္ ရီဟြား စိတ္ဝင္စားသြားသည္။ ေသခ်ာအာ႐ုံစိုက္ နားေထာင္လိုက္၏။
"ယြီေလးက ကိုယ့္ရဲ႕လူ...သူ႕နာမည္အရင္းက ေရွာင္အန္း...သူလည္းသာမန္လူ မဟုတ္ဘူး...ကိုယ့္ရဲ႕အေစာင့္အေရွာက္မို႔ အစြမ္းရွိတယ္...ၿပီးေတာ့ ပိုင္ရန္...သူ(မ)ကလည္း ကိုယ့္ရဲ႕လက္ေအာက္ကလူပဲ"
"ဘာ"
ရီဟြား စိတ္တိုစြာ ရွင္းအား ေအာ္ပစ္လိုက္သည္။
သူ႕ေဘးတြင္ ေစာင့္ၾကည့္နိုင္မည့္လူမ်ား ထားထားေသာ ရွင္းအား လြန္စြာစိတ္တိုသြားရသည္။ တစ္ေယာက္ပင္မဟုတ္။ သူ အားကိုးခ်စ္ခင္ရေသာ လူယုံႏွစ္ေယာက္သည္ ရွင္း၏ လူမ်ားျဖစ္ေနၾကသည္က တကယ္ကို မခံခ်င္စရာ ျဖစ္ရပ္ပင္။
"ကြၽန္ေတာ့္ကို ေစာင့္ၾကည့္ဖို႔ လူလႊတ္ထားရဲတယ္ေပါ့"
"ကိုယ္ ေရွာင္အန္းကို လႊတ္ထားရတဲ့ အေၾကာင္းရင္းက က်န္းဖုန္း ဝူအိမ္ေတာ္ကို ဝင္မယ့္အေၾကာင္းသိထားလို႔ က်န္းဖုန္းနဲ႕ သူ႕ရဲ႕ အေစာင့္အေရွာက္ဟိုင္ဝမ္ကို ေစာင့္ၾကည့္ရေအာင္ လႊတ္ထားတာပါ...ပိုင္ရန္ကိုကေတာ့ ေရွာင္ဟြား လိုခ်င္လို႔ ကိုယ္ေပးခဲ့တာေလ"
ယြီေလး ထူးဆန္းေနရသည့္ အေၾကာင္းရင္းမ်ားအား ရီဟြား သိရွိသြားေလၿပီ။ Big fan ျဖစ္ေနရျခင္းသည္လည္း မူလအရွင္သခင္ျဖစ္ေနသည့္အတြက္ ျဖစ္ေလာက္ေပသည္။
ရွင္းကို ေတြ႕တိုင္း အၿမဲတိတ္ဆိတ္သြားသည္ကလည္း မထူးဆန္းေတာ့။ ဟိုင္ဝမ္၊ အေမွာင္နတ္ဘုရားတို႔ႏွင့္လည္း အစကတည္းက သိရွိသူမ်ားျဖစ္ၾကသည္မွာ ေသခ်ာသည္။
အၿမဲသူ၏ သခင္ဘက္မွကာကြယ္ေပးခဲ့ေသာ ယယြီေလးသည္ တကယ္ကို ဟန္ေဆာင္ေကာင္းလြန္းသည္။ ကိုယ့္ကိုကိုယ္ ေတာ္လွၿပီထင္ေနေသာသူ,လုံးဝ အ႐ူးလုပ္ခံလိုက္ရျခင္းပင္။
"ခင္ဗ်ားလည္း ကြၽန္ေတာ့္ မ်က္စိေရွ႕ ေပၚမလာနဲ႕ေတာ့"
ရီဟြား ေပါက္ကြဲစြာ ေအာ္ဟစ္လိုက္ၿပီး ေက်ာခိုင္းလွည့္ထြက္လိုက္သည္။ စိတ္ထဲတြင္လည္း ယြီေလးအား ဆဲနည္းေပါင္းစုံျဖင့္ က်ိန္ဆဲပစ္လိုက္သည္။
'ငါးစုတ္...ငါးနာ...ငါးေတေလဂ်ပိဳး....ေသာက္သုံးမက်တဲ့ငါး....ေသာက္ငနာငါး...ေသဖို႔သာ ျပင္ထား'
ရီဟြား စကားအား နားေထာင္လြန္းေသာ ရွင္းသည္လည္း ေဒါသထြက္ကာ ေက်ာခိုင္းလွည့္ထြက္သြားသူေလးအား ေခ်ာ့ရန္ ေနာက္မွ ထပ္ၾကပ္မကြာ လိုက္သြားေလေတာ့သည္။
************************