ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Co...

Da StarRia19

1.1M 136K 5.6K

Zawgyi "ကိုယ့်ပြည်သူတွေ ကိုယ်ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ယှဥ်လာရင်တော့ ကိုယ်မင်းတစ်ယောက်ကိုပဲ မြင်တယ်" ကံကြ... Altro

အပိုင်း(၁)ဝိညာဉ်ကူးပြောင်းခံလိုက်ရခြင်း
အပိုင်း(၂) အလကားရလိုက်သော Brocon အကိုကြီး
အပိုင်း(၃.၁) ဇာတ်ကြောင်းပြောင်းလဲနေခြင်း
အပိုင်း(၃.၂) ဇာတ်ကြောင်း ပြောင်းလဲနေခြင်း
အပိုင်း(၄.၁) စတင်တွေ့ဆုံခြင်း
အပိုင်း(၄.၂) စတင်တွေ့ဆုံခြင်း
အပိုင္​း(၅.၁) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင္​း(၅.၂) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင်း(၆.၁)ဇာတ်ကောင် အများကြီး ပေါ်လာပြီ
အပိုင်း(၆.၂) ဇာတ်ကောင်အများကြီး ပေါ်လာပြီ
အပိုင်း(၇) ထူးဆန်းလွန်းသော အဓိက ဇာတ်ဆောင်နှစ်ယောက်
Promotion
အပိုင်း(၈)ညီဝမ်းကွဲလေးအိမ်တော်ရောက်လာခြင်း
အပိုင်း(၉)လုပ်ကြံခံရခြင်း
အပိုင်း(၁၀) ထူးဆန်းလွန်းသော ရှင်း
အပိုင်း(၁၁) အဆိပ်ခတ်ရန်ကြံစည်ခြင်း
ဇာတ္ေကာင္နာမည္မ်ား
အပိုင်း(၁၂) ဆီမီးလွှတ်ပွဲ၌ တစ်ညတာ
အပိုင်း(၁၃) သေရည်မူးကာ သောင်းကျန်းခြင်း
အပိုင်း(၁၄) အရာရှိစာမေးပွဲ အောင်မြင်ခြင်း
အပိုင်း(၁၅) ပထမဆုံး ညီလာခံတက်ခြင်း
အပိုင်း(၁၆) ရှင်းရန်၏ အိပ်မက်
အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း
အပိုင်း(၁၈) ရွှေကြာပန်းအား ရယူရန် ကြိုးစားခြင်း
အပိုင်း(၂၀) ရှင်းယွဲ့နတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏ သရုပ်မှန်ပေါ်ခြင်း
အပိုင်း(၂၁) မျှော်လင့်မထားသော လက်ထပ်ခွင့်
အပိုင်း(၂၂)တော်ဝင်လက်ထပ်ပွဲ
အပိုင်း(၂၃) ဖွင့်ဟဝန်ခံခြင်း
အပိုင်း(၂၄) အမှောင်နတ်ဘုရား၏ ခံစားချက်
အပိုင်း(၂၅)မေချင်းနတ်ဘုရားမမှန်း သိရှိခြင်း
အပိုင်း(၂၆) လေးစားရသော အမတ်ချုပ်ကြီး
အပိုင်း(၂၇) ကလေးဆန်သော အမတ်ချုပ်ကြီး
အပိုင်း(၂၈) ရှင်းယွဲ့နတ်ဘုရားအား မြူ ဆွယ်ခြင်း
အပိုင်း(၂၉) မင်းကြီးနှင့်အတူတူ အိပ်စက်ခြင်း
အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်
အပိုင်း(၃၁)ဧကရီတင်မြှောက်ရန် ကြေညာခြင်း
အပိုင်း(၃၂) လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း
အပိုင်း(၃၃) ဝမ်ရယ်အိမ်တော်သို့ အလည်သွားခြင်း
အပိုင်း(၃၄) လက်ထပ်ခွင့်
အပိုင်း(၃၅)လက်ထပ်ပွဲ ဖျက်ရန် အစီအစဉ်
အပိုင်း(၃၆) သွေးစွန်းသွားသော ဧကရီတင်မြှောက်ပွဲ
အပိုင်း(၃၇) ရှောင်လွှဲ၍ မရနိုင်သော စစ်ပွဲ
အပိုင်း(၃၈) အကျယ်ချုပ်ချခံရခြင်း
အပိုင်း(၃၉) ထာဝရ အိပ်စက်သွားသူ
အပိုင်း(၄၀) နောက်ဆုံး နှုတ်ဆက်ရခြင်း
အပိုင်း(၄၁) အထီးမကျန်စေချင်၍ အဖော်လိုက်သွားသူ
အပိုင်း(၄၁) ပြန်လည်နိုးထလာခြင်း
အပိုင်း(၄၃) အမှတ်တရများ ပြန်လည်တွေ့ရှိခြင်း
အပိုင်း(၄၄) final လှပသော ထာဝရ ချစ်ခြင်းတစ်ခု 🙆🙆
ေက်းဇူးတင္လႊာႏွင့္ ႏႈတ္ဆက္လႊာ
Extra-1
Extra-2
Hello💙
Thadingyut Gift✨✨
Announcement ✨✨
Hello...
Next fiction Promotion
Book announcement
Today order date✨✨
Attention please...
Extra-3
Extra-4
Book Preorder

အပိုင်း(၁၉) အရှင်မင်းကြီး၏ စီရင်ချက်

18.9K 2.5K 104
Da StarRia19

Unicode

အပိုင်း(၁၉) အရှင်မင်းကြီး၏ စီရင်ချက်

ရီဟွား အိမ်တော်မှနေ၍ အကိုကြီး ညီလာခံမှ ပြန်အလာအား စောင့်မျှော်နေလိုက်သည်။ ဒီနေ့ ညီလာခံတွင် မယ်တော်ကြီးနှင့် အမတ်ချုပ်ကြီးအား စီရင်ချက်ချခြင်းပင်။

အိမ်တွင်နားနေ ဟုဆိုကာ ညီလာခံအား ရှင်းကမလာခိုင်းသောကြောင့် သူ အကိုကြီးအား စောင့်နေရခြင်းဖြစ်သည်။

မကြာမီ အိမ်တော်ခန်းမသို့ အကိုကြီးရောက်ရှိလာသည်။ ရီဟွား ရေတစ်ခွက်အား ငှဲ့လိုက်ပြီး ထိုင်နေရာမှ ထကာ အကိုကြီးကို ကမ်းပေးလိုက်၏။ အကိုကြီးက ရေခွက်အား လက်ခံယူကာ သောက်လိုက်ပြီးနောက် စားပွဲပေါ်ပြန်တင်ထားလိုက်သည်။

ထို့နောက် ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လေသည်။ ရီဟွားလည်း အကိုကြီးဘေး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

"အကိုကြီး ရှင်းက ဘယ်လိုစီရင်ချက်ချလိုက်လဲ"

အကိုကြီးသည် သူ့အား နားမလည်နိုင်သော မျက်ဝန်းများဖြင့်ကြည့်လာသည်။ သူ စကားမှား မပြောမိသည်မှာ သေချာပေါက်ပင်။

"မင်းကြီးက မယ်တော်ကြီးကို အဆိပ် ပေးသနားလိုက်တယ်...အမတ်ချုပ်ကြီးကိုတော့ နောက်နေ့ မွန်းတည့်ချိန်မှာ ခေါင်းဖြတ်ဖို့ စီရင်ချက်ချလိုက်တယ်"

ရီဟွား မျက်လုံးများ ပြူးကျယ်သွားသည်။ ရှင်းသည် သူ့အပေါ်ကောင်းလွန်းသောကြောင့် ရှင်း၏ ဖြစ်တည်မှုအား သူမေ့နေခဲ့သည်။ ရှင်း ပါးစပ်ဖျားမှ ထွက်သော စကားတစ်ခွန်းသည် လူတစ်ယောက်ကို သေစေနိုင်သည်ထိ စွမ်းပေသည်။

"ဟွားအော် အကိုကြီး ညီလေးကို နန်းတွင်းရေးရာတွေမှာ ဝင်မပတ်သတ်စေချင်ဘူး...ရှင်ဘုရင်တွေရဲ့ စိတ်က ခန့်မှန်းရခက်တယ်...ညီလေးအပေါ် မင်းကြီးကအရမ်းကောင်းနေပေမဲ့ အကိုကြီး စိတ်မချနိုင်ဘူး...အခုကစပြီး ဘယ်ကိစ္စမှ ဝင်မပါတော့နဲ့...ညီလေးအတွက် ခက်ခဲစေမဲ့အရာတွေအကုန် အကိုကြီးရှင်းပေးမှာမို့ အကိုကြီးကို ယုံပြီး အိမ်မှာပဲ အေးဆေးအနားယူပါ"

ရီဟွား အကိုကြီး၏ စေတနာကို နားလည်သောကြောင့် ပြန်ဖြေရန် ပြင်လိုက်စဉ် အိမ်တော်ခန်းမထဲသို့ ရုတ်တရက်ဝင်လာသော မင်းသမီးရီရီကြောင့် စကားတို့ ပျောက်ရှသွားရသည်။

မင်းသမီးရီရီ၏ အနောက်တွင် အိမ်တော်မှ အစောင့်နှစ်ယောက်ပါလာကြသည်။

"စစ်သူကြီး တောင်းပန်ပါတယ်...ကျွန်တော်မျိုးတို့ မင်းသမီးကို တားပါသေးတယ်...ဘယ်လိုမှ တားမရလို့ပါ"

"ထွက်သွားကြတော့"

အကိုကြီး၏ တည်ကြည်လွန်းလှသော အမိန့်ပေးသံအောက်တွင် အစောင့်နှစ်ယောက်ထွက်သွားကြသည်။

"မင်းသမီးက ဒီကိုဘာကိစ္စနဲ့ ရောက်လာရတာလဲ"

"ဆရာ...မယ်တော့်ကို ကယ်တင်ပေးပါ...ကျေးဇူးပြုပြီး"

မျက်ရည်များဝေ့ကာ တောင်းဆိုလာသော တော်ဝင်မင်းသမီးရီရီကြောင့် ရီဟွားပင် စိတ်မသက်မသာဖြစ်သွားရသည်။ သို့သော် အကိုကြီးသည် သူလုပ်သင့်သည့်အလုပ်နှင့် မလုပ်သင့်သည့်အလုပ်တို့အား ခွဲခြားသိပေသည်။

"ကျွန်တော်မျိုးက ဘယ်လိုလုပ် ကယ်တင်ပေးနိုင်မှာလဲ...မင်းသမီး လာတောင်းဆိုတဲ့နေရာမှားနေပြီ"

"စစ်သူကြီး ကျေးဇူးပြုပြီးတော့"

"မင်းသမီး အကိုကြီးက ဘယ်လိုလုပ် သေမိန့်ချခံထားရတဲ့ လူတစ်ယောက်ကို ကယ်ပေးနိုင်မှာလဲ...မင်းသမီး အရမ်းစိတ်ကူးယဉ်လွန်းနေပြီ...မင်းသမီးက မင်းကြီးရဲ့အချစ်ရဆုံး ညီမတော်ပဲ...ဒီကို လာမတောင်းဆိုသင့်ဘဲ မင်းကြီးကို သွားတောင်းဆိုသင့်တာမလား"

ရီဟွား မနေနိုင်စွာ ဝင်ပြောလိုက်မိ၏။

"ငါ အကိုတော်ကို သွားတောင်းဆိုပြီးပြီ...အကိုတော်က ငါ့ကို အတွေ့မခံဘူး...ဝူရီဟွား နင်က အကိုတော် အလေးထားရဆုံးလူပဲ...ကျေးဇူးပြုပြီး အကိုတော်ကို သွားတောင်းဆိုပေးပါ...နင် တောင်းဆိုရင် ရလောက်မှာ"

ရုတ်တရက် အကိုကြီးဆီမှ မြှားဦး မိမိဘက်သို့ လှည့်လာသောကြောင့် ရီဟွား အသည်းအသန်ငြင်းဆန်လိုက်သည်။

"ကျွန်တော် တောင်းဆိုလည်း ရမှာမဟုတ်ဘူး...ရှင်းက သူချထားတဲ့ အမိန့်တစ်ခုကို ဘယ်တော့မှ ပြန်မပြင်တတ်ဘူး...အဲဒါကြောင့် မင်းသမီးတောင်းဆိုတာကို ကျွန်တော်ငြင်းပါရစေ"

သူ၏စကားကြောင့် တော်ဝင်မင်းသမီးရီရီ၏ မျက်နှာထက်တွင် မုန်းတီးရိပ်များပေါ်ပေါက်လာသည်။ အမြဲနေသားကျနေသော ရီဟွားတစ်ယောက် ဂရုစိုက်မနေတော့ပေ။

"နင့်သူငယ်ချင်းတွေကိုတောင် မငဲ့တော့ဘူးပေါ့...ရှင်းရန် မနက်ကတည်းက အကိုတော် နန်းဆောင်ရှေ့မှာ ဒူးထောက်နေတာ...နင်ကတကယ် ဘာကိုမှ ဂရုမစိုက်တော့တာပဲ"

မင်းသမီးရီရီ၏ အပြောကြောင့် ရီဟွား ထိတ်လန့်သွားရသည်။ ရှင်းအကြောင်းလည်း သူသိသည်။ အချိန်မည်မျှကြာပါစေ ရှင်းရန်အား ဂရုစိုက်မည် မဟုတ်။ သူငယ်ချင်းမအတွက် ရီဟွား စိုးရိမ်သွားသည်။

"အကိုကြီး ကျွန်တော် နန်းတွင်းဝင်လိုက်ဦးမယ်"

အမြန်ပြောပြီး တားချိန်ပင် မရလိုက်အောင် ထွက်သွားသော ညီငယ် ကျောပြင်အား ကြည့်ပြီး မုချန်းသက်ပြင်းချလိုက်မိသည်။ သိပ်မကြာခင်က သူပြောထားသော စကားတို့အား ညီလေးသည် တစ်ဖက်နားမှဝင်ပြီး တစ်ဖက်နားမှ ထုတ်ပစ်လိုက်ပုံရသည်။

"ဆရာ... ဆရာသာ ကယ်ချင်ရင် မယ်တော့်ကို သေချာပေါက်ကယ်လို့ရပါတယ်...ဆရာ့ လက်အောက်မှာ အရမ်းတော်တဲ့လူတွေ အများကြီးရှိတယ်...လူလွှတ်ပြီး ကယ်ခိုင်းလို့ ရပါတယ်...ကျေးဇူးပြုပြီး"

"ရီရီ မင်းကြီးလက်အောက်ကနေ ငါ မယ်တော်ကြီးကို ကယ်ထုတ်နိုင်မယ်လို့ ထင်နေတာလား...မင်း သိပါတယ် မင်းကြီး သေမိန့်ချထားသူတစ်ယောက်ကို ဘယ်လိုမှ မကယ်နိုင်ဘူးဆိုတာ...မင်းက စွန့်စားချင်ရုံသက်သက်ပဲ...မျှော်လင့်ချက်တစ်မျှင်ကို အရ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတာ...ဆွေစဉ်မျိုးဆက်သတ်ခံရနိုင်တဲ့ ပြစ်မှုမှာ တခြားမိသားစုဝင်တွေကို ဒုက္ခမပေးတာ မင်းကြီး သက်ညှာလွန်းရာ ကျနေပြီ...မင်းလည်း ငါ့ကို ဆရာလို့ သတ်မှတ်သေးရင် မင်းမိသားစုဝင်ကိုကယ်ဖို့ ငါ့မိသားစု ဒုက္ခရောက်နိုင်တဲ့ ကိစ္စနဲ့ ဘယ်တော့မှ အကူညီလာမတောင်းပါနဲ့"

ရီရီ သူမအား ငြင်းဆန်နေသော စစ်သူကြီး၏ မျက်ဝန်းများကို စိုက်ကြည့်၍ မေးလိုက်သည်။

"တကယ်လို့ ခုနေရာမှာ ကျွန်မ မယ်တော်မဟုတ်ဘဲ ဝူရီဟွားသာ ဖြစ်နေခဲ့မယ်ဆိုရင် စစ်သူကြီး သေချာပေါက် ကယ်မှာ မဟုတ်လား"

"ငါ့မိသားစုကို ဘယ်သူမှ မထိခိုက်နိုင်အောင် သေချာပေါက် ကာကွယ်သွားမယ်"

ရီရီ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စစ်သူကြီးအား ငေးနေမိသည်။ ရင်ဘတ်ဆီမှ စူးအောင့်နာကျင်လာရပြီး မျက်ဝန်းမှ မျက်ရည်တို့ စီးကျလာသည်။

"ဝူမုချန်း ကျွန်မ ရှင့်ကို မုန်းတယ်...ဒီနေ့ကစပြီး ရှင်က ကျွန်မ ဆရာ မဟုတ်သလို ကျွန်မကလည်း ရှင့်ရဲ့တပည့် မဟုတ်တော့ဘူး"

ရီရီ အသံကျယ်နှင့် အော်ဟစ်လိုက်ပြီးနောက်လှည့်ကာ ခန်းမဆောင်ထဲမှ ထွက်ပြေးတော့သည်။ ငိုလေ့မရှိသော သူ(မ) မျက်ဝန်းမှ မျက်ရည်များသည် တားဆီးမရစွာ ပါးပြင်ပေါ် ကျဆင်းနေသည်။

မုချန်း ကျောပေးကာ ပြေးထွက်သွားသော ရီရီအား ငေးကြည့်နေမိသည်။

'ရီရီ တကယ်လို့ မင်းမယ်တော်မှာသာ အပြစ်မရှိခဲ့ဘူးဆိုရင် သေချာပေါက် ငါ ကယ်ပေးမှာပါ'

သူ၏ စိတ်ထဲမှ အတွေးတို့ကို သူ့အနေဖြင့် တော်ဝင်မင်းသမီးရီရီအား ဘယ်သောအခါမှ ထုတ်ပြောလိမ့်မည် မဟုတ်ပေ။

************************

ရီဟွား ရှင်း နန်းဆောင်ရှေ့ ရောက်သည်နှင့် နန်းဆောင်ရှေ့တွင် ဒူးထောက်နေသော ရှင်းရန်အား မြင်လိုက်ရသည်။ သူ(မ) အဖေ၏မင်းကြီးအား လုပ်ကြံမှုကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသော ရှင်းရန်၏ မျက်နှာသည် ဖြူဖျော့နေပြီး နှုတ်ခမ်းများသည် ပြာကာ အက်ကွဲနေကြသည်။

ရီဟွား ရှင်းရန်ဆီ အမြန်သွားလိုက်သည်။

"ရှင်းရန် နင့်ကိုယ်နင် ပြန်ကြည့်ဦး...လဲကျရုံပဲ ရှိတော့တယ်...နင့်ရဲ့ အခုလို ပုံစံကို နင့်အဖေသာ မြင်ရင် သူ ရင်နာရမှာ သေချာတယ်"

ဒူးထောက်နေသော ရှင်းရန်သည် သူ(မ)ဘေးတွင် ထိုင်ကာ သူမအား ပွေ့ထူရန်ကြိုးစားလာသည့် ရီဟွား၏လက်များအား အားကိုးတကြီး ဆုပ်ကိုင်လိုက်သည်။

"ဟွားအယ် မင်းကြီးနဲ့ နင်က အရမ်း ရင်းနှီးတယ်...နင် မင်းကြီးကို တောင်းဆိုပေးပါလား...မဟုတ်ရင် ငါ ဒီကနေ လုံးဝ မထဘူး"

သူ ဝူရီဟွားအဖြစ်နိုးထလာချိန်မှ စ၍ ရင်းနှီးခဲ့ရသော ရှင်းရန်၏ပုံစံသည် တစ်ခုခုကို လုပ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်လျှင် ရအောင်လုပ်တတ်သည့်လူတစ်ယောက်ပုံစံဖြစ်သည်။

သူ ရှင်းရှန်အား နားချလို့ရမည် မထင်။ ရှင်းအား တောင်းဆိုရအောင်ထိလည်း သူ မမိုက်မဲနိုင်။ သို့သော် ရှင်းနှင့်တော့ တွေ့ရပေမည်။

"ကောင်းပြီ ငါ ရှင်းနဲ့ သွားတွေ့ကြည့်ပေးမယ်"

ရီဟွား ရှင်းရန်အား ပြောလိုက်ပြီး နန်းဆောင်ထဲ ဝင်ရန် ပြင်လိုက်သည်။ နန်းဆောင်တံခါးရောက်သောအခါ ဒေါသထွက်နေပြီး မျက်ဝန်းထဲမှ မုန်းတီးသော အရိပ်အယောင်များဖြင့် နန်းဆောင်ထဲမှ ထွက်လာသော ဝမ်ရယ်နှင့် ထိပ်တိုက်တိုးတော့သည်။

"ဟွားအယ် အရှင်မင်းကြီးက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်မှာ မဟုတ်ဘူး...အမြဲတမ်း သူက မှန်ကန်ပြီး ပြတ်သားတဲ့လူပဲလေ...ကိုယ်တို့အတွက် လာတောင်းဆိုပေးတာဆိုရင် အလကားပဲ ဖြစ်လိမ့်မယ်"

ဝမ်ရယ်၏ စကားကြောင့် ရီဟွား ဆွံ့အသွားရသည်။ ဝမ်ရယ်တစ်ယောက် အထင်လွဲနေခြင်းဖြစ်ပုံရသည်။

"ကျေးဇူးပါ ဟွားအယ်...မင်း ကိုယ့်ကို ထပ်ကာကွယ်ပေးပြန်ပြီ"

သူ ဝမ်ရယ်အား "မဟုတ်ဘူး" ဟု ပြောရန်ပြင်စဥ် ဝမ်ရယ် တစ်ယောက် သူ့ဘေးမှ ထွက်သွားလေတော့သည်။ ပါးစပ်ဟလျက်ပင် ရီဟွား ကြက်သေသေနေမိသည်။ သူ့အား ဝမ်ရယ် အထင်အကြီးကြီး လွဲသွားခြင်းပင်။

ရီဟွား တစ်ဇွတ်ထိုးဆန်လွန်းသော နဲနဲလွတ်နေပုံရသည့် ဝမ်ရယ်အတွက် စိတ်မကောင်းစွာ ခေါင်းယမ်းမိလိုက်သည်။ ထို့နောက် နန်းဆောင်ထဲ ဝင်လိုက်၏။

"ရှင်း"

တံခါးအား ကျောပေးကာရပ်နေသည့် ရှင်းသည် ချက်ချင်းပင် သူရှိရာဘက် လှည့်လာသည်။

"မင်းက အမတ်ချုပ်ကြီးနဲ့ မယ်တော်ကြီးကို အသက်ချမ်းသာပေးဖို့ လာတောင်းဆိုတာ မဟုတ်မှန်း ကိုယ် သိတယ် ရှောင်ဟွား"

ရှင်း၏ မျက်နှာအမူအရာသည် တည်ကြည်နေသည်။ တခါတရံ ရှင်းထံတွင် သူ တွေ့ရတတ်သော အရှိန်အဝါတို့သည် ယခု ရှင်း အနီးတဝိုက်တွင် ပျံ့နှံ့နေသည်။ အေးစက်သော မျက်နှာထားသည် ဆုံးဖြတ်ချက်ပြတ်သားခြင်းအား ထင်ရှားအောင် ပြသနေသည်။ သူ၏ရှေ့တွင် မြင်တွေ့နေရသော ပုံစံသည် ရှင်း၏ အစစ်အမှန်ပုံစံပင်။

"မင်း ကိုယ့်ကို တခြားတစ်ခုတောင်းဆိုဖို့ လာတွေ့တာမလား"

ရီဟွား ခေါင်းညိတ်ပြလိုက်သည်။ ရှင်းသည် သူ့အား ပြုံး၍ ကြည့်လာ၏။ ရီဟွား စတင်၍တောင်းဆိုလိုက်သည်။

"မယ်တော်ကြီးရဲ့ လုပ်ကြံမှုက ရှင်းရန်နဲ့ ဝမ်ရယ်အပေါ်ပါ သက်ရောက်မှု ရှိလိမ့်မယ်...ရှင်းရန်က
ကြားထဲကဓားစာခံဖြစ်ရသူပါ...သူ(မ)ရဲ့ဝမ်ရယ် ကြင်ယာတော်လောင်းဘွဲ့ကို မရုတ်သိမ်းပါနဲ့ ရှင်း...ကျွန်တော် သူ(မ)ကို အနိုင်ကျင့် မခံရစေချင်ဘူး"

"ကောင်းပြီ ကိုယ် လက်ခံတယ်"

"ပြီးတော့ ဝမ်ရယ်...ရှင်းရဲ့ နေရာတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နိုင်တဲ့ ဝမ်ရယ်ကို ရှင်း မြို့တော်မှာ ဆက်ထားမှာ မဟုတ်ဘူး...ဝမ်ရယ်အတွက် တောင်းဆိုချင်တာက သူ့ကို မသတ်ပါနဲ့"

သူ ဝမ်ရယ်အား မသေစေချင်ပေ။ ဝမ်ရယ်အတွက် တောင်းဆိုချက်သည် သူ၏ မူလ ကိုယ်ပိုင်ရှင်အတွက် ဖြစ်သည်။ ဝမ်ရယ်သည် ဝူရီဟွား၏ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်နေသည်လေ။

"ဘာလို့ သူ့အတွက် တောင်းဆိုရတာလဲ"

ရှင်း၏ စူးရှနက်မှောင်သော မျက်ဝန်းများဖြင့် ထူးဆန်းစွာ စိုက်ကြည့်လာခြင်းကို ခံလိုက်ရသောကြောင့် ရီဟွား အမြန်ဆုံး ရှင်းပြလိုက်ရသည်။

"သူက ကျွန်တော့်ရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းဖြစ်နေလို့ပါ"

ရှင်း၏ အကြည့်များသည် သူ၏မျက်ဝန်းများအား ဖောက်ထွက်သွားသည်ဟုပင် ခံစားလာရသည်။ ရီဟွား အသက်ပင်အောင့်ထားလိုက်မိ၏။

"ကောင်းပြီ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ...နောက်တစ်ခါ သူ့အတွက် ဘယ်တော့မှ မတောင်းဆိုမိစေနဲ့"

"ဟုတ်ကဲ့"

ရှင်း အကြည့်များအား ပြန်ရုတ်သိမ်းသွားသောကြောင့် ရီဟွား ခိုး၍ လေပူများမှုတ်ထုတ်လိုက်ရသည်။

"နောက်တစ်ချက် တောင်းဆိုစရာ ရှိသေးတယ်"

ရီဟွား မဝံ့မရဲပုံစံဖြင့် လက်တစ်ချောင်းထောင်ကာ တောင်းဆိုလိုက်သည်။

ရှင်းသည် သူ့ပုံစံအား ကြည့်ပြီး နှုတ်ခမ်းစွန်းများ အပေါ်သို့ ကွေးတက်သွားသည်ထိ ပြုံးလိုက်သည်။

"ဘာတောင်းဆိုစရာ ကျန်သေးလို့လဲ ရှောင်ဟွား"

"ပုန်ကန်မှု ကြံစည်ခဲ့တဲ့သူတွေက ကောင်းမွန်စွာ မြုပ်နှံသဂြိုလ်ခွင့် မရဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်...ဒါပေမဲ့ မယ်တော်ကြီးကိုတော့ တော်ဝင်သင်္ချိုင်းမှာ မြုပ်နှံခွင့် ပေးပါလား...အမတ်ချုပ်ကြီးကိုလည်း အဆင့်အတန်းနဲ့ အညီ မြုပ်နှံသဂြိုလ်ခွင့်ပေးပါ...မိသားစုဝင်တွေကို ဈာပနလုပ်ခွင့်ပြုပေးပါ ရှင်း"

"အဲဒီ တောင်းဆိုချက်က စည်းမျဉ်းစည်းကမ်းတွေနဲ့ သွေဖယ်လွန်းနေတယ်...ရှောင်ဟွား"

"ကျွန်တော် တောင်းဆိုတာမို့ ခွင့်ပြုလို့ မရဘူးလားဟင်"

ရီဟွား သွားလေးများ ပေါ်သည်အထိ ပြုံးရယ်လိုက်ပြီး တောင်းဆိုလိုက်သည်။ မူလ ဝူရီဟွား၏ ချစ်စရာကောင်းလှသော ရုပ်ရည်သည် အရမ်းအသုံးဝင်မှန်း သူသိသည်။

ရှင်းသည် သူ့အား ပြုံးကာစိုက်ကြည့်ပြီး လက်ခံလိုက်သည်။

"ကောင်းပြီ ကိုယ် လက်ခံပေးမယ်"

"ဟီး ကျေးဇူး ရှင်း"

ရီဟွား သွားလေးများ ပေါ်အောင်ထပ်ရယ်လိုက်ပြီး ကျေးဇူးတင်လိုက်သည်။

"နောက်ကျ ကိုယ့်ကို ကျေးဇူးပြန်ဆပ်ရမယ်"

"ဟုတ်ကဲ့"

ရီဟွား ရှင်းရန်အား သတိရသွားသည်။ အပြင်တွင် ရှင်းရန် ဒူးထောက်နေသည်မှာ အရမ်းကြာနေပြီ။

"ရှင်း ကျွန်တော် ရှင်းရန်ကို သွားကြည့်လိုက်ဦးမယ်"

သူ ရှင်းအား ခွင့်တောင်းနေတုန်း ရှိသေး အပြင်မှဆူဆူညံညံ အသံများ ကြားလိုက်ရ၏။

ရှောင်ကုန်းဇီသည် နန်းဆောင်ထဲ ဝင်လာလေသည်။

"အရှင်မင်းကြီး သခင်မလေး ရှင်းရန် မေ့လဲသွားကြောင်းပါ"

ရီဟွား ရှင်းရန်အတွက် စိုးရိမ်သွားလေတော့သည်။

***********************

သူ(မ) မျက်လုံးများကို ကြိုးစား၍ အားယူဖွင့်လိုက်သည်။ ထို့နောက် သူ(မ) နာမည်အား အဆက်မပြတ်ခေါ်နေသူအား ကြည့်လိုက်၏။

"ရှင်းရန် နင်သတိရလာပြီ...နင် မေ့နေတာ နှစ်ရက်ရှိနေပြီ"

ဟွားအယ်၏ စကားကြောင့် ရှင်းရန် အိပ်ရာပေါ်မှ ချက်ချင်း ထလိုက်သည်။

"နှစ်ရက်...နှစ်ရက်တောင် ရှိပြီ...ဒါဆို ငါ့အဖေ"

ရီဟွား သူ၏ သူငယ်ချင်းမ မျက်နှာအား ကရုဏာသက်စွာ ကြည့်လိုက်သည်။

"သူ့ ဈာပနကို ငါ သေချာစီစဉ်ပေးထားတယ်...ရှင်းက အထက်တန်းလွှာတွေ မြုပ်နှံတဲ့အတိုင်း သဂြိုလ်ခွင့်ပေးတော့ သူ ကောင်းရာမွန်ရာ ရောက်မှာပါ"

ရီဟွား အသက်မဲ့သလိုဖြစ်နေသော ရှင်းရန်၏ မျက်နှာအား ကြည့်ကာ ဝမ်းနည်းလာရသည်။

"ရှင်းရန် ငါ့ရှေ့မှာ ငိုချလိုက်လို့ရတယ်...ဝမ်းနည်းရင် ငိုပစ်လိုက်...ထိန်းထားစရာ မလိုဘူး"

ရှင်းရန်သည် ရီဝေနေသော မျက်ဝန်းများဖြင့် သူ့အား ကြည့်လာသည်။ ထို့နောက် ထိန်းချုပ်မရတော့စွာ သူ့အား တင်းကျပ်စွာ ဖက်လိုက်ပြီး သည်းထန်စွာ စတင် ငိုကြွေးတော့သည်။

ရီဟွား ရှင်းရန်၏ ကျောအား ပုတ်ကာ နှစ်သိမ့်ပေးနေလိုက်သည်။ သူ ခုချိန် စကားဖြင့် နှစ်သိမ့်ခြင်းထက် တိတ်ဆိတ်စွာနေ၍ ရှင်းရန်အား အားပါးတရငိုခွင့်ပေးခြင်းသည် ပို၍ ထိရောက်ပေသည်။

အတော်ကြာ ငိုရှိုက်ပြီးနောက် မောပန်းစွာ ရှင်းရန် အိပ်ပျော်သွားလေတော့သည်။

*********************

ရီဟွား နန်းတွင်းသို့ဝင်ပြီး မယ်တော်ကြီး ဈာပနာအား ကျင်းပရာ ဝမ်ရယ်နန်းဆောင်ဆီသို့ သွားလိုက်သည်။ ခြောက်သွေ့နေသော ဈာပနာပွဲအား ကြည့်ကာ ရီဟွား စိတ်မကောင်းဖြစ်သွားရ၏။

အဖြူရောင်ခန်းဆီးစများ ဆင်ယင်ထားသည့် နန်းဆောင်ထဲတွင် အဖြူရောင်ဈာပန ဝတ်စုံအား ဆင်မြန်းထားသည့် လူငယ်သည် ငွေစက္ကူများအား မီးရှို့နေသည်။

"ဝမ်ရယ်"

သူ နောက်ကျောဘက်မှ တိုးညှင်းစွာ ခေါ်လိုက်သော်လည်း သူ၏ရှေ့ရှိ လူသည် သူ့အား လှည့်ကြည့်လာခြင်းမရှိပေ။

"ရှင်းရန် အခြေနေဘယ်လိုလဲ ဟွားအယ်"

နောက်ကျောပေးထားသူ၏ မေးမြန်းလာမှုအား သူ ပြန်ဖြေလိုက်သည်။

"သူ သက်သာပါပြီ အဆင်တော့ မပြေသေးဘူး"

"မယ်တော့် ဈာပနအတွက် မင်း တောင်းဆိုလို့ ခွင့်ပြုလိုက်တာလို့ မင်းကြီးက ပြောတယ်...တော်ဝင်သင်္ချိုင်းမှာ မြုပ်နှံခွင့်ပေးတဲ့အတွက်ရော အရာအားလုံးအတွက် ကျေးဇူးပါ"

"ကျွန်တော် ဘာမှ သိပ်မလုပ်ပေးနိုင်ခဲ့ပါဘူး...ကျေးဇူးတင်ဖို့ မလိုပါဘူး"

"မင်း ကိုယ့်ကို ကာကွယ်ပြောပေးခဲ့တာအတွက်ရော ကျေးဇူးပါ ဟွားအယ်"

ဝမ်ရယ်၏ စကားကြောင့် ရီဟွား မျက်လုံးများ ပြူးကျယ်သွားရသည်။

"အဲဒီတုန်းက ကြားသွားခဲ့တာလား"

မယ်တော်ကြီးအား တော်ဝင်သင်္ချိုင်းတွင် မြုပ်နှံပြီး ပြန်လာချိန်တွင် အတင်းပြောနေကြသော နန်းတွင်းသူ နန်းတွင်းသားများနှင့် ရီဟွားတွေ့ဆုံခဲ့သည်။ ထိုစဉ်က ထိုနန်းတွင်းသူ လူတစ်စုသည် ဝမ်ရယ်ကိုလည်း ပုန်ကန်မှုတွင် ပါဝင်သူတစ်ယောက်ဟု စွပ်စွဲနေကြခြင်း ဖြစ်သည်။

သူ့အား ရှင်ဘုရင်မြှောက်ရန် ကြံစည်မှုတွင် မသိနိုင်စရာ အကြောင်းအရင်း မရှိဟု ပြောဆိုကာ မကောင်းသတင်းများစွာ ပြောဆိုနေကြသည်။ ရီဟွား ဝမ်ရယ်ဘက်မှ ခုခံပြောဆိုကာ ဆူငေါက်လိုက်ပြီး ဘေးတွင်ပါလာသော ရှောင်ကုန်းဇီအား အတင်းပြောနေသူအားလုံးကို အပြစ်ပေးရန် စေခိုင်းလိုက်သည်။ ထိုကိစ္စအား ဝမ်ရယ် သိနေမည်ဟု သူ မထင်မိပေ။

"ကိုယ် သူတို့ စပြောနေကတည်းက အဲဒီ အနီးအနားမှာ ရှိတယ်"

"သူတို့က လျှောက်ပြောနေတာပါ...စိတ်ထဲမထားပါနဲ့"

ရီဟွား၏ "စိတ်ထဲ မထားပါနဲ့"ဟူသော စကားသည် ဝမ်ရယ်နားထဲလုံးဝ မဝင်တော့ပေ။ အာဏာရှိချိန်တွင် တမျိုး၊ ဒုက္ခရောက်ချိန်တွင် တစ်ဖုံ မျက်နှာနှစ်ခွလုပ်တတ်သူများအား သူ လွန်စွာ နာကြည်းမုန်းတီးနေလေပြီ။

သူ မလုပ်ခဲ့သော ကိစ္စအတွက် နေရာတိုင်းတွင် သူ့အား အပြစ်တင်ခြင်းများကို ခံနေရသည်။ နောက်ကွယ်မှ အဓိကပုန်ကန်သူဟု လက်ညိုးထိုးခြင်းများစွာကို ခံရသည်။

အပြစ်တင်ခံရခြင်းနှင့် ညီမျှအောင် သူ ဆက်လုပ်ဆောင်သွားမည်။ သူ့အား အရမ်းချစ်သော မယ်တော် သေဆုံးရမှုအတွက် တရားမျှတမှု တစ်ခု ရအောင် ပြန်ယူမည်။ သူ ရှင်ဘုရင်ဖြစ်ရန်ဟူသော မယ်တော်၏ မပြည့်မှီနိုင်ခဲ့သော အိပ်မက်အား သူ ဆက်လက်ဖြည့်ဆည်းသွားမည်။

မည်သူမျှ မော်မကြည့်နိုင်သော နောက်ကွယ်တွင် ရှုံ့ချစကားတို့မပြောရဲသည့် အမြင့်တစ်နေရာတွင် ထိုင်ကာ သူ ပိုင်ဆိုင်ချင်သည့်အရာများအား ရအောင်ယူမည်။ သူ အစကတည်းက ပိုင်ဆိုင်သင့်သော အရာများအား အလုယူမခံနိုင်တော့။

ဝမ်ရယ် သူ၏ နောက်ကျောဘက်ရှိ ကောင်လေးအား လှည့်ကြည့်လိုက်သည်။ ထိုကောင်လေးသည်လည်း အစကတည်းက သူ့အပိုင်ပင်။ သူ နိမ့်ကျချိန်တိုင်း ဘေးနားရှိနေခဲ့သည့် သူ့အား အမြဲကာကွယ်ပေးသော ကောင်လေးကို ပြန်လည်၍ အမြဲကာကွယ်ပေးနိုင်အောင် လုပ်ဆောင်မည်။

သူ ရှင်ဘုရင်ဖြစ်ချိန် ဝူရီဟွားသည် သူ၏ ဘေးတွင် အမြဲရှိနေသူ တစ်ယောက် ဖြစ်လာရမည်။ သူ၏ တစ်ဦးတည်းသော အနာဂတ် လက်တွဲဖော် တစ်ယောက်ဖြစ်ကို ဖြစ်လာစေရမည်။

"ကိုယ့်ကို အချိန် နည်းနည်းပေး ဟွားအယ်...ကိုယ် မင်းကို ကျေးဇူးပြန်ဆပ်မယ်...အရမ်းကြာသွားနိုင်ပေမဲ့ ကိုယ့်ကို ဆက်ဆက်စောင့်နေပေး"

ရီဟွား ဝမ်ရယ်၏ ကျေးဇူးပြန်ဆပ်ခြင်းအား မလိုအပ်ပေ။ သူ လုပ်ခဲ့သည်များက ခက်ခဲသော အရာများလည်း မဟုတ်။ သို့သော် ဝမ်းနည်းနေချိန်တွင် ထပ်၍ ဝမ်းနည်းအောင် မလုပ်ချင်သောကြောင့် ပြီးစလွယ် လက်ခံလိုက်သည်။

"ဟုတ်ကဲ့"

ထို့နောက် ကျောပြန်ပေးကာ ငွေစက္ကူ ရှို့နေသူအား သူ ပြောချင်သည့် စကားများဆက်မပြောတော့တာ အကောင်းဆုံးဖြစ်မည်ဟု တွေးလိုက်သည်။

နန်းတော်ထဲတွင် ငွေစက္ကူ မီးရှို့ခြင်းသည် စည်းကမ်းချိုးဖောက်သော အပြစ်ကြီးပင်။ သူ အစကတည်းက တားဖို့စဉ်းစားနေသော်လည်း အမေးအဖြေလုပ်နေရခြင်းတို့ကြောင့် မပြောဖြစ်ခြင်းဖြစ်သည်။

နောင်ရှုပ်မှ နောင်ရှင်းဟု တွေးကာ ထိုစည်းကမ်းချိုးဖောက်ခြင်းကိစ္စအား မပြောတော့ဘဲ ခေါင်းကုတ်ပြီး လျစ်လျူ ရှုထွက်လာလိုက်တော့သည်။

*********************

Zawgyi

အပိုင္း(၁၉) အရွင္မင္းႀကီး၏ စီရင္ခ်က္

ရီဟြား အိမ္ေတာ္မွေန၍ အကိုႀကီး ညီလာခံမွ ျပန္အလာအား ေစာင့္ေမွ်ာ္ေနလိုက္သည္။ ဒီေန႕ ညီလာခံတြင္ မယ္ေတာ္ႀကီးႏွင့္ အမတ္ခ်ဳပ္ႀကီးအား စီရင္ခ်က္ခ်ျခင္းပင္။

အိမ္တြင္နားေန ဟုဆိုကာ ညီလာခံအား ရွင္းကမလာခိုင္းေသာေၾကာင့္ သူ အကိုႀကီးအား ေစာင့္ေနရျခင္းျဖစ္သည္။

မၾကာမီ အိမ္ေတာ္ခန္းမသို႔ အကိုႀကီးေရာက္ရွိလာသည္။ ရီဟြား ေရတစ္ခြက္အား ငွဲ႕လိုက္ၿပီး ထိုင္ေနရာမွ ထကာ အကိုႀကီးကို ကမ္းေပးလိုက္၏။ အကိုႀကီးက ေရခြက္အား လက္ခံယူကာ ေသာက္လိုက္ၿပီးေနာက္ စားပြဲေပၚျပန္တင္ထားလိုက္သည္။

ထို႔ေနာက္ ထိုင္ခုံတစ္လုံးတြင္ ဝင္ထိုင္ေလသည္။ ရီဟြားလည္း အကိုႀကီးေဘး ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။

"အကိုႀကီး ရွင္းက ဘယ္လိုစီရင္ခ်က္ခ်လိဳက္လဲ"

အကိုႀကီးသည္ သူ႕အား နားမလည္နိုင္ေသာ မ်က္ဝန္းမ်ားျဖင့္ၾကည့္လာသည္။ သူ စကားမွား မေျပာမိသည္မွာ ေသခ်ာေပါက္ပင္။

"မင္းႀကီးက မယ္ေတာ္ႀကီးကို အဆိပ္ ေပးသနားလိုက္တယ္...အမတ္ခ်ဳပ္ႀကီးကိုေတာ့ ေနာက္ေန႕ မြန္းတည့္ခ်ိန္မွာ ေခါင္းျဖတ္ဖို႔ စီရင္ခ်က္ခ်လိဳက္တယ္"

ရီဟြား မ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။ ရွင္းသည္ သူ႕အေပၚေကာင္းလြန္းေသာေၾကာင့္ ရွင္း၏ ျဖစ္တည္မႈအား သူေမ့ေနခဲ့သည္။ ရွင္း ပါးစပ္ဖ်ားမွ ထြက္ေသာ စကားတစ္ခြန္းသည္ လူတစ္ေယာက္ကို ေသေစနိုင္သည္ထိ စြမ္းေပသည္။

"ဟြားေအာ္ အကိုႀကီး ညီေလးကို နန္းတြင္းေရးရာေတြမွာ ဝင္မပတ္သတ္ေစခ်င္ဘူး...ရွင္ဘုရင္ေတြရဲ႕ စိတ္က ခန႔္မွန္းရခက္တယ္...ညီေလးအေပၚ မင္းႀကီးကအရမ္းေကာင္းေနေပမဲ့ အကိုႀကီး စိတ္မခ်နိဳင္ဘူး...အခုကစၿပီး ဘယ္ကိစၥမွ ဝင္မပါေတာ့နဲ႕...ညီေလးအတြက္ ခက္ခဲေစမဲ့အရာေတြအကုန္ အကိုႀကီးရွင္းေပးမွာမို႔ အကိုႀကီးကို ယုံၿပီး အိမ္မွာပဲ ေအးေဆးအနားယူပါ"

ရီဟြား အကိုႀကီး၏ ေစတနာကို နားလည္ေသာေၾကာင့္ ျပန္ေျဖရန္ ျပင္လိုက္စဥ္ အိမ္ေတာ္ခန္းမထဲသို႔ ႐ုတ္တရက္ဝင္လာေသာ မင္းသမီးရီရီေၾကာင့္ စကားတို႔ ေပ်ာက္ရွသြားရသည္။

မင္းသမီးရီရီ၏ အေနာက္တြင္ အိမ္ေတာ္မွ အေစာင့္ႏွစ္ေယာက္ပါလာၾကသည္။

"စစ္သူႀကီး ေတာင္းပန္ပါတယ္...ကြၽန္ေတာ္မ်ိဳးတို႔ မင္းသမီးကို တားပါေသးတယ္...ဘယ္လိုမွ တားမရလို႔ပါ"

"ထြက္သြားၾကေတာ့"

အကိုႀကီး၏ တည္ၾကည္လြန္းလွေသာ အမိန႔္ေပးသံေအာက္တြင္ အေစာင့္ႏွစ္ေယာက္ထြက္သြားၾကသည္။

"မင္းသမီးက ဒီကိုဘာကိစၥနဲ႕ ေရာက္လာရတာလဲ"

"ဆရာ...မယ္ေတာ့္ကို ကယ္တင္ေပးပါ...ေက်းဇူးျပဳၿပီး"

မ်က္ရည္မ်ားေဝ့ကာ ေတာင္းဆိုလာေသာ ေတာ္ဝင္မင္းသမီးရီရီေၾကာင့္ ရီဟြားပင္ စိတ္မသက္မသာျဖစ္သြားရသည္။ သို႔ေသာ္ အကိုႀကီးသည္ သူလုပ္သင့္သည့္အလုပ္ႏွင့္ မလုပ္သင့္သည့္အလုပ္တို႔အား ခြဲျခားသိေပသည္။

"ကြၽန္ေတာ္မ်ိဳးက ဘယ္လိုလုပ္ ကယ္တင္ေပးနိုင္မွာလဲ...မင္းသမီး လာေတာင္းဆိုတဲ့ေနရာမွားေနၿပီ"

"စစ္သူႀကီး ေက်းဇူးျပဳၿပီးေတာ့"

"မင္းသမီး အကိုႀကီးက ဘယ္လိုလုပ္ ေသမိန႔္ခ်ခံထားရတဲ့ လူတစ္ေယာက္ကို ကယ္ေပးနိုင္မွာလဲ...မင္းသမီး အရမ္းစိတ္ကူးယဥ္လြန္းေနၿပီ...မင္းသမီးက မင္းႀကီးရဲ႕အခ်စ္ရဆုံး ညီမေတာ္ပဲ...ဒီကို လာမေတာင္းဆိုသင့္ဘဲ မင္းႀကီးကို သြားေတာင္းဆိုသင့္တာမလား"

ရီဟြား မေနနိုင္စြာ ဝင္ေျပာလိုက္မိ၏။

"ငါ အကိုေတာ္ကို သြားေတာင္းဆိုၿပီးၿပီ...အကိုေတာ္က ငါ့ကို အေတြ႕မခံဘူး...ဝူရီဟြား နင္က အကိုေတာ္ အေလးထားရဆုံးလူပဲ...ေက်းဇူးျပဳၿပီး အကိုေတာ္ကို သြားေတာင္းဆိုေပးပါ...နင္ ေတာင္းဆိုရင္ ရေလာက္မွာ"

႐ုတ္တရက္ အကိုႀကီးဆီမွ ျမႇားဦး မိမိဘက္သို႔ လွည့္လာေသာေၾကာင့္ ရီဟြား အသည္းအသန္ျငင္းဆန္လိုက္သည္။

"ကြၽန္ေတာ္ ေတာင္းဆိုလည္း ရမွာမဟုတ္ဘူး...ရွင္းက သူခ်ထားတဲ့ အမိန႔္တစ္ခုကို ဘယ္ေတာ့မွ ျပန္မျပင္တတ္ဘူး...အဲဒါေၾကာင့္ မင္းသမီးေတာင္းဆိုတာကို ကြၽန္ေတာ္ျငင္းပါရေစ"

သူ၏စကားေၾကာင့္ ေတာ္ဝင္မင္းသမီးရီရီ၏ မ်က္ႏွာထက္တြင္ မုန္းတီးရိပ္မ်ားေပၚေပါက္လာသည္။ အၿမဲေနသားက်ေနေသာ ရီဟြားတစ္ေယာက္ ဂ႐ုစိုက္မေနေတာ့ေပ။

"နင့္သူငယ္ခ်င္းေတြကိုေတာင္ မငဲ့ေတာ့ဘူးေပါ့...ရွင္းရန္ မနက္ကတည္းက အကိုေတာ္ နန္းေဆာင္ေရွ႕မွာ ဒူးေထာက္ေနတာ...နင္ကတကယ္ ဘာကိုမွ ဂ႐ုမစိုက္ေတာ့တာပဲ"

မင္းသမီးရီရီ၏ အေျပာေၾကာင့္ ရီဟြား ထိတ္လန႔္သြားရသည္။ ရွင္းအေၾကာင္းလည္း သူသိသည္။ အခ်ိန္မည္မွ်ၾကာပါေစ ရွင္းရန္အား ဂ႐ုစိုက္မည္ မဟုတ္။ သူငယ္ခ်င္းမအတြက္ ရီဟြား စိုးရိမ္သြားသည္။

"အကိုႀကီး ကြၽန္ေတာ္ နန္းတြင္းဝင္လိုက္ဦးမယ္"

အျမန္ေျပာၿပီး တားခ်ိန္ပင္ မရလိုက္ေအာင္ ထြက္သြားေသာ ညီငယ္ ေက်ာျပင္အား ၾကည့္ၿပီး မုခ်န္းသက္ျပင္းခ်လိဳက္မိသည္။ သိပ္မၾကာခင္က သူေျပာထားေသာ စကားတို႔အား ညီေလးသည္ တစ္ဖက္နားမွဝင္ၿပီး တစ္ဖက္နားမွ ထုတ္ပစ္လိုက္ပုံရသည္။

"ဆရာ... ဆရာသာ ကယ္ခ်င္ရင္ မယ္ေတာ့္ကို ေသခ်ာေပါက္ကယ္လို႔ရပါတယ္...ဆရာ့ လက္ေအာက္မွာ အရမ္းေတာ္တဲ့လူေတြ အမ်ားႀကီးရွိတယ္...လူလႊတ္ၿပီး ကယ္ခိုင္းလို႔ ရပါတယ္...ေက်းဇူးျပဳၿပီး"

"ရီရီ မင္းႀကီးလက္ေအာက္ကေန ငါ မယ္ေတာ္ႀကီးကို ကယ္ထုတ္နိုင္မယ္လို႔ ထင္ေနတာလား...မင္း သိပါတယ္ မင္းႀကီး ေသမိန႔္ခ်ထားသူတစ္ေယာက္ကို ဘယ္လိုမွ မကယ္နိုင္ဘူးဆိုတာ...မင္းက စြန႔္စားခ်င္႐ုံသက္သက္ပဲ...ေမွ်ာ္လင့္ခ်က္တစ္မွ်င္ကို အရ ဆုပ္ကိုင္နိုင္ဖို႔ ႀကိဳးစားေနတာ...ေဆြစဥ္မ်ိဳးဆက္သတ္ခံရနိုင္တဲ့ ျပစ္မႈမွာ တျခားမိသားစုဝင္ေတြကို ဒုကၡမေပးတာ မင္းႀကီး သက္ညွာလြန္းရာ က်ေနၿပီ...မင္းလည္း ငါ့ကို ဆရာလို႔ သတ္မွတ္ေသးရင္ မင္းမိသားစုဝင္ကိုကယ္ဖို႔ ငါ့မိသားစု ဒုကၡေရာက္နိုင္တဲ့ ကိစၥနဲ႕ ဘယ္ေတာ့မွ အကူညီလာမေတာင္းပါနဲ႕"

ရီရီ သူမအား ျငင္းဆန္ေနေသာ စစ္သူႀကီး၏ မ်က္ဝန္းမ်ားကို စိုက္ၾကည့္၍ ေမးလိုက္သည္။

"တကယ္လို႔ ခုေနရာမွာ ကြၽန္မ မယ္ေတာ္မဟုတ္ဘဲ ဝူရီဟြားသာ ျဖစ္ေနခဲ့မယ္ဆိုရင္ စစ္သူႀကီး ေသခ်ာေပါက္ ကယ္မွာ မဟုတ္လား"

"ငါ့မိသားစုကို ဘယ္သူမွ မထိခိုက္နိုင္ေအာင္ ေသခ်ာေပါက္ ကာကြယ္သြားမယ္"

ရီရီ မယုံၾကည္နိုင္ေသာ မ်က္ဝန္းမ်ားျဖင့္ စစ္သူႀကီးအား ေငးေနမိသည္။ ရင္ဘတ္ဆီမွ စူးေအာင့္နာက်င္လာရၿပီး မ်က္ဝန္းမွ မ်က္ရည္တို႔ စီးက်လာသည္။

"ဝူမုခ်န္း ကြၽန္မ ရွင့္ကို မုန္းတယ္...ဒီေန႕ကစၿပီး ရွင္က ကြၽန္မ ဆရာ မဟုတ္သလို ကြၽန္မကလည္း ရွင့္ရဲ႕တပည့္ မဟုတ္ေတာ့ဘူး"

ရီရီ အသံက်ယ္ႏွင့္ ေအာ္ဟစ္လိုက္ၿပီးေနာက္လွည့္ကာ ခန္းမေဆာင္ထဲမွ ထြက္ေျပးေတာ့သည္။ ငိုေလ့မရွိေသာ သူ(မ) မ်က္ဝန္းမွ မ်က္ရည္မ်ားသည္ တားဆီးမရစြာ ပါးျပင္ေပၚ က်ဆင္းေနသည္။

မုခ်န္း ေက်ာေပးကာ ေျပးထြက္သြားေသာ ရီရီအား ေငးၾကည့္ေနမိသည္။

'ရီရီ တကယ္လို႔ မင္းမယ္ေတာ္မွာသာ အျပစ္မရွိခဲ့ဘူးဆိုရင္ ေသခ်ာေပါက္ ငါ ကယ္ေပးမွာပါ'

သူ၏ စိတ္ထဲမွ အေတြးတို႔ကို သူ႕အေနျဖင့္ ေတာ္ဝင္မင္းသမီးရီရီအား ဘယ္ေသာအခါမွ ထုတ္ေျပာလိမ့္မည္ မဟုတ္ေပ။

************************

ရီဟြား ရွင္း နန္းေဆာင္ေရွ႕ ေရာက္သည္ႏွင့္ နန္းေဆာင္ေရွ႕တြင္ ဒူးေထာက္ေနေသာ ရွင္းရန္အား ျမင္လိုက္ရသည္။ သူ(မ) အေဖ၏မင္းႀကီးအား လုပ္ႀကံမႈေၾကာင့္ စိတ္ေထာင္းကိုယ္ေၾက ျဖစ္ေနေသာ ရွင္းရန္၏ မ်က္ႏွာသည္ ျဖဴေဖ်ာ့ေနၿပီး ႏႈတ္ခမ္းမ်ားသည္ ျပာကာ အက္ကြဲေနၾကသည္။

ရီဟြား ရွင္းရန္ဆီ အျမန္သြားလိုက္သည္။

"ရွင္းရန္ နင့္ကိုယ္နင္ ျပန္ၾကည့္ဦး...လဲက်႐ုံပဲ ရွိေတာ့တယ္...နင့္ရဲ႕ အခုလို ပုံစံကို နင့္အေဖသာ ျမင္ရင္ သူ ရင္နာရမွာ ေသခ်ာတယ္"

ဒူးေထာက္ေနေသာ ရွင္းရန္သည္ သူ(မ)ေဘးတြင္ ထိုင္ကာ သူမအား ေပြ႕ထူရန္ႀကိဳးစားလာသည့္ ရီဟြား၏လက္မ်ားအား အားကိုးတႀကီး ဆုပ္ကိုင္လိုက္သည္။

"ဟြားအယ္ မင္းႀကီးနဲ႕ နင္က အရမ္း ရင္းႏွီးတယ္...နင္ မင္းႀကီးကို ေတာင္းဆိုေပးပါလား...မဟုတ္ရင္ ငါ ဒီကေန လုံးဝ မထဘူး"

သူ ဝူရီဟြားအျဖစ္နိုးထလာခ်ိန္မွ စ၍ ရင္းႏွီးခဲ့ရေသာ ရွင္းရန္၏ပုံစံသည္ တစ္ခုခုကို လုပ္မည္ဟု စိတ္ပိုင္းျဖတ္လိုက္လွ်င္ ရေအာင္လုပ္တတ္သည့္လူတစ္ေယာက္ပုံစံျဖစ္သည္။

သူ ရွင္းရွန္အား နားခ်လိဳ႕ရမည္ မထင္။ ရွင္းအား ေတာင္းဆိုရေအာင္ထိလည္း သူ မမိုက္မဲနိုင္။ သို႔ေသာ္ ရွင္းႏွင့္ေတာ့ ေတြ႕ရေပမည္။

"ေကာင္းၿပီ ငါ ရွင္းနဲ႕ သြားေတြ႕ၾကည့္ေပးမယ္"

ရီဟြား ရွင္းရန္အား ေျပာလိုက္ၿပီး နန္းေဆာင္ထဲ ဝင္ရန္ ျပင္လိုက္သည္။ နန္းေဆာင္တံခါးေရာက္ေသာအခါ ေဒါသထြက္ေနၿပီး မ်က္ဝန္းထဲမွ မုန္းတီးေသာ အရိပ္အေယာင္မ်ားျဖင့္ နန္းေဆာင္ထဲမွ ထြက္လာေသာ ဝမ္ရယ္ႏွင့္ ထိပ္တိုက္တိုးေတာ့သည္။

"ဟြားအယ္ အရွင္မင္းႀကီးက သူ႕ရဲ႕ ဆုံးျဖတ္ခ်က္ကို ျပင္မွာ မဟုတ္ဘူး...အၿမဲတမ္း သူက မွန္ကန္ၿပီး ျပတ္သားတဲ့လူပဲေလ...ကိုယ္တို႔အတြက္ လာေတာင္းဆိုေပးတာဆိုရင္ အလကားပဲ ျဖစ္လိမ့္မယ္"

ဝမ္ရယ္၏ စကားေၾကာင့္ ရီဟြား ဆြံ႕အသြားရသည္။ ဝမ္ရယ္တစ္ေယာက္ အထင္လြဲေနျခင္းျဖစ္ပုံရသည္။

"ေက်းဇူးပါ ဟြားအယ္...မင္း ကိုယ့္ကို ထပ္ကာကြယ္ေပးျပန္ၿပီ"

သူ ဝမ္ရယ္အား "မဟုတ္ဘူး" ဟု ေျပာရန္ျပင္စဥ္ ဝမ္ရယ္ တစ္ေယာက္ သူ႕ေဘးမွ ထြက္သြားေလေတာ့သည္။ ပါးစပ္ဟလ်က္ပင္ ရီဟြား ၾကက္ေသေသေနမိသည္။ သူ႕အား ဝမ္ရယ္ အထင္အႀကီးႀကီး လြဲသြားျခင္းပင္။

ရီဟြား တစ္ဇြတ္ထိုးဆန္လြန္းေသာ နဲနဲလြတ္ေနပုံရသည့္ ဝမ္ရယ္အတြက္ စိတ္မေကာင္းစြာ ေခါင္းယမ္းမိလိုက္သည္။ ထို႔ေနာက္ နန္းေဆာင္ထဲ ဝင္လိုက္၏။

"ရွင္း"

တံခါးအား ေက်ာေပးကာရပ္ေနသည့္ ရွင္းသည္ ခ်က္ခ်င္းပင္ သူရွိရာဘက္ လွည့္လာသည္။

"မင္းက အမတ္ခ်ဳပ္ႀကီးနဲ႕ မယ္ေတာ္ႀကီးကို အသက္ခ်မ္းသာေပးဖို႔ လာေတာင္းဆိုတာ မဟုတ္မွန္း ကိုယ္ သိတယ္ ေရွာင္ဟြား"

ရွင္း၏ မ်က္ႏွာအမူအရာသည္ တည္ၾကည္ေနသည္။ တခါတရံ ရွင္းထံတြင္ သူ ေတြ႕ရတတ္ေသာ အရွိန္အဝါတို႔သည္ ယခု ရွင္း အနီးတဝိုက္တြင္ ပ်ံ့ႏွံ႕ေနသည္။ ေအးစက္ေသာ မ်က္ႏွာထားသည္ ဆုံးျဖတ္ခ်က္ျပတ္သားျခင္းအား ထင္ရွားေအာင္ ျပသေနသည္။ သူ၏ေရွ႕တြင္ ျမင္ေတြ႕ေနရေသာ ပုံစံသည္ ရွင္း၏ အစစ္အမွန္ပုံစံပင္။

"မင္း ကိုယ့္ကို တျခားတစ္ခုေတာင္းဆိုဖို႔ လာေတြ႕တာမလား"

ရီဟြား ေခါင္းညိတ္ျပလိုက္သည္။ ရွင္းသည္ သူ႕အား ၿပဳံး၍ ၾကည့္လာ၏။ ရီဟြား စတင္၍ေတာင္းဆိုလိုက္သည္။

"မယ္ေတာ္ႀကီးရဲ႕ လုပ္ႀကံမႈက ရွင္းရန္နဲ႕ ဝမ္ရယ္အေပၚပါ သက္ေရာက္မႈ ရွိလိမ့္မယ္...ရွင္းရန္က
ၾကားထဲကဓားစာခံျဖစ္ရသူပါ...သူ(မ)ရဲ႕ဝမ္ရယ္ ၾကင္ယာေတာ္ေလာင္းဘြဲ႕ကို မ႐ုတ္သိမ္းပါနဲ႕ ရွင္း...ကြၽန္ေတာ္ သူ(မ)ကို အနိုင္က်င့္ မခံရေစခ်င္ဘူး"

"ေကာင္းၿပီ ကိုယ္ လက္ခံတယ္"

"ၿပီးေတာ့ ဝမ္ရယ္...ရွင္းရဲ႕ ေနရာတြက္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္နိုင္တဲ့ ဝမ္ရယ္ကို ရွင္း ၿမိဳ႕ေတာ္မွာ ဆက္ထားမွာ မဟုတ္ဘူး...ဝမ္ရယ္အတြက္ ေတာင္းဆိုခ်င္တာက သူ႕ကို မသတ္ပါနဲ႕"

သူ ဝမ္ရယ္အား မေသေစခ်င္ေပ။ ဝမ္ရယ္အတြက္ ေတာင္းဆိုခ်က္သည္ သူ၏ မူလ ကိုယ္ပိုင္ရွင္အတြက္ ျဖစ္သည္။ ဝမ္ရယ္သည္ ဝူရီဟြား၏ အခ်စ္ဆုံး သူငယ္ခ်င္းတစ္ေယာက္ျဖစ္ေနသည္ေလ။

"ဘာလို႔ သူ႕အတြက္ ေတာင္းဆိုရတာလဲ"

ရွင္း၏ စူးရွနက္ေမွာင္ေသာ မ်က္ဝန္းမ်ားျဖင့္ ထူးဆန္းစြာ စိုက္ၾကည့္လာျခင္းကို ခံလိုက္ရေသာေၾကာင့္ ရီဟြား အျမန္ဆုံး ရွင္းျပလိုက္ရသည္။

"သူက ကြၽန္ေတာ့္ရဲ႕ ငယ္ေပါင္းႀကီးေဖာ္ သူငယ္ခ်င္းျဖစ္ေနလို႔ပါ"

ရွင္း၏ အၾကည့္မ်ားသည္ သူ၏မ်က္ဝန္းမ်ားအား ေဖာက္ထြက္သြားသည္ဟုပင္ ခံစားလာရသည္။ ရီဟြား အသက္ပင္ေအာင့္ထားလိုက္မိ၏။

"ေကာင္းၿပီ ဒီတစ္ခါေနာက္ဆုံးျဖစ္ပါေစ...ေနာက္တစ္ခါ သူ႕အတြက္ ဘယ္ေတာ့မွ မေတာင္းဆိုမိေစနဲ႕"

"ဟုတ္ကဲ့"

ရွင္း အၾကည့္မ်ားအား ျပန္႐ုတ္သိမ္းသြားေသာေၾကာင့္ ရီဟြား ခိုး၍ ေလပူမ်ားမႈတ္ထုတ္လိုက္ရသည္။

"ေနာက္တစ္ခ်က္ ေတာင္းဆိုစရာ ရွိေသးတယ္"

ရီဟြား မဝံ့မရဲပုံစံျဖင့္ လက္တစ္ေခ်ာင္းေထာင္ကာ ေတာင္းဆိုလိုက္သည္။

ရွင္းသည္ သူ႕ပုံစံအား ၾကည့္ၿပီး ႏႈတ္ခမ္းစြန္းမ်ား အေပၚသို႔ ေကြးတက္သြားသည္ထိ ၿပဳံးလိုက္သည္။

"ဘာေတာင္းဆိုစရာ က်န္ေသးလို႔လဲ ေရွာင္ဟြား"

"ပုန္ကန္မႈ ႀကံစည္ခဲ့တဲ့သူေတြက ေကာင္းမြန္စြာ ျမဳပ္ႏွံသၿဂိဳလ္ခြင့္ မရဘူးဆိုတာ ကြၽန္ေတာ္နားလည္ပါတယ္...ဒါေပမဲ့ မယ္ေတာ္ႀကီးကိုေတာ့ ေတာ္ဝင္သခၤ်ိဳင္းမွာ ျမဳပ္ႏွံခြင့္ ေပးပါလား...အမတ္ခ်ဳပ္ႀကီးကိုလည္း အဆင့္အတန္းနဲ႕ အညီ ျမဳပ္ႏွံသၿဂိဳလ္ခြင့္ေပးပါ...မိသားစုဝင္ေတြကို ဈာပနလုပ္ခြင့္ျပဳေပးပါ ရွင္း"

"အဲဒီ ေတာင္းဆိုခ်က္က စည္းမ်ဥ္းစည္းကမ္းေတြနဲ႕ ေသြဖယ္လြန္းေနတယ္...ေရွာင္ဟြား"

"ကြၽန္ေတာ္ ေတာင္းဆိုတာမို႔ ခြင့္ျပဳလို႔ မရဘူးလားဟင္"

ရီဟြား သြားေလးမ်ား ေပၚသည္အထိ ၿပဳံးရယ္လိုက္ၿပီး ေတာင္းဆိုလိုက္သည္။ မူလ ဝူရီဟြား၏ ခ်စ္စရာေကာင္းလွေသာ ႐ုပ္ရည္သည္ အရမ္းအသုံးဝင္မွန္း သူသိသည္။

ရွင္းသည္ သူ႕အား ၿပဳံးကာစိုက္ၾကည့္ၿပီး လက္ခံလိုက္သည္။

"ေကာင္းၿပီ ကိုယ္ လက္ခံေပးမယ္"

"ဟီး ေက်းဇူး ရွင္း"

ရီဟြား သြားေလးမ်ား ေပၚေအာင္ထပ္ရယ္လိုက္ၿပီး ေက်းဇူးတင္လိုက္သည္။

"ေနာက္က် ကိုယ့္ကို ေက်းဇူးျပန္ဆပ္ရမယ္"

"ဟုတ္ကဲ့"

ရီဟြား ရွင္းရန္အား သတိရသြားသည္။ အျပင္တြင္ ရွင္းရန္ ဒူးေထာက္ေနသည္မွာ အရမ္းၾကာေနၿပီ။

"ရွင္း ကြၽန္ေတာ္ ရွင္းရန္ကို သြားၾကည့္လိုက္ဦးမယ္"

သူ ရွင္းအား ခြင့္ေတာင္းေနတုန္း ရွိေသး အျပင္မွဆူဆူညံညံ အသံမ်ား ၾကားလိုက္ရ၏။

ေရွာင္ကုန္းဇီသည္ နန္းေဆာင္ထဲ ဝင္လာေလသည္။

"အရွင္မင္းႀကီး သခင္မေလး ရွင္းရန္ ေမ့လဲသြားေၾကာင္းပါ"

ရီဟြား ရွင္းရန္အတြက္ စိုးရိမ္သြားေလေတာ့သည္။

***********************

သူ(မ) မ်က္လုံးမ်ားကို ႀကိဳးစား၍ အားယူဖြင့္လိုက္သည္။ ထို႔ေနာက္ သူ(မ) နာမည္အား အဆက္မျပတ္ေခၚေနသူအား ၾကည့္လိုက္၏။

"ရွင္းရန္ နင္သတိရလာၿပီ...နင္ ေမ့ေနတာ ႏွစ္ရက္ရွိေနၿပီ"

ဟြားအယ္၏ စကားေၾကာင့္ ရွင္းရန္ အိပ္ရာေပၚမွ ခ်က္ခ်င္း ထလိုက္သည္။

"ႏွစ္ရက္...ႏွစ္ရက္ေတာင္ ရွိၿပီ...ဒါဆို ငါ့အေဖ"

ရီဟြား သူ၏ သူငယ္ခ်င္းမ မ်က္ႏွာအား က႐ုဏာသက္စြာ ၾကည့္လိုက္သည္။

"သူ႕ ဈာပနကို ငါ ေသခ်ာစီစဥ္ေပးထားတယ္...ရွင္းက အထက္တန္းလႊာေတြ ျမဳပ္ႏွံတဲ့အတိုင္း သၿဂိဳလ္ခြင့္ေပးေတာ့ သူ ေကာင္းရာမြန္ရာ ေရာက္မွာပါ"

ရီဟြား အသက္မဲ့သလိုျဖစ္ေနေသာ ရွင္းရန္၏ မ်က္ႏွာအား ၾကည့္ကာ ဝမ္းနည္းလာရသည္။

"ရွင္းရန္ ငါ့ေရွ႕မွာ ငိုခ်လိဳက္လို႔ရတယ္...ဝမ္းနည္းရင္ ငိုပစ္လိုက္...ထိန္းထားစရာ မလိုဘူး"

ရွင္းရန္သည္ ရီေဝေနေသာ မ်က္ဝန္းမ်ားျဖင့္ သူ႕အား ၾကည့္လာသည္။ ထို႔ေနာက္ ထိန္းခ်ဳပ္မရေတာ့စြာ သူ႕အား တင္းက်ပ္စြာ ဖက္လိုက္ၿပီး သည္းထန္စြာ စတင္ ငိုေႂကြးေတာ့သည္။

ရီဟြား ရွင္းရန္၏ ေက်ာအား ပုတ္ကာ ႏွစ္သိမ့္ေပးေနလိုက္သည္။ သူ ခုခ်ိန္ စကားျဖင့္ ႏွစ္သိမ့္ျခင္းထက္ တိတ္ဆိတ္စြာေန၍ ရွင္းရန္အား အားပါးတရငိုခြင့္ေပးျခင္းသည္ ပို၍ ထိေရာက္ေပသည္။

အေတာ္ၾကာ ငိုရွိုက္ၿပီးေနာက္ ေမာပန္းစြာ ရွင္းရန္ အိပ္ေပ်ာ္သြားေလေတာ့သည္။

*********************

ရီဟြား နန္းတြင္းသို႔ဝင္ၿပီး မယ္ေတာ္ႀကီး ဈာပနာအား က်င္းပရာ ဝမ္ရယ္နန္းေဆာင္ဆီသို႔ သြားလိုက္သည္။ ေျခာက္ေသြ႕ေနေသာ ဈာပနာပြဲအား ၾကည့္ကာ ရီဟြား စိတ္မေကာင္းျဖစ္သြားရ၏။

အျဖဴေရာင္ခန္းဆီးစမ်ား ဆင္ယင္ထားသည့္ နန္းေဆာင္ထဲတြင္ အျဖဴေရာင္ဈာပန ဝတ္စုံအား ဆင္ျမန္းထားသည့္ လူငယ္သည္ ေငြစကၠဴမ်ားအား မီးရွို႔ေနသည္။

"ဝမ္ရယ္"

သူ ေနာက္ေက်ာဘက္မွ တိုးညွင္းစြာ ေခၚလိုက္ေသာ္လည္း သူ၏ေရွ႕ရွိ လူသည္ သူ႕အား လွည့္ၾကည့္လာျခင္းမရွိေပ။

"ရွင္းရန္ အေျခေနဘယ္လိုလဲ ဟြားအယ္"

ေနာက္ေက်ာေပးထားသူ၏ ေမးျမန္းလာမႈအား သူ ျပန္ေျဖလိုက္သည္။

"သူ သက္သာပါၿပီ အဆင္ေတာ့ မေျပေသးဘူး"

"မယ္ေတာ့္ ဈာပနအတြက္ မင္း ေတာင္းဆိုလို႔ ခြင့္ျပဳလိုက္တာလို႔ မင္းႀကီးက ေျပာတယ္...ေတာ္ဝင္သခၤ်ိဳင္းမွာ ျမဳပ္ႏွံခြင့္ေပးတဲ့အတြက္ေရာ အရာအားလုံးအတြက္ ေက်းဇူးပါ"

"ကြၽန္ေတာ္ ဘာမွ သိပ္မလုပ္ေပးနိုင္ခဲ့ပါဘူး...ေက်းဇူးတင္ဖို႔ မလိုပါဘူး"

"မင္း ကိုယ့္ကို ကာကြယ္ေျပာေပးခဲ့တာအတြက္ေရာ ေက်းဇူးပါ ဟြားအယ္"

ဝမ္ရယ္၏ စကားေၾကာင့္ ရီဟြား မ်က္လုံးမ်ား ျပဴးက်ယ္သြားရသည္။

"အဲဒီတုန္းက ၾကားသြားခဲ့တာလား"

မယ္ေတာ္ႀကီးအား ေတာ္ဝင္သခၤ်ိဳင္းတြင္ ျမဳပ္ႏွံၿပီး ျပန္လာခ်ိန္တြင္ အတင္းေျပာေနၾကေသာ နန္းတြင္းသူ နန္းတြင္းသားမ်ားႏွင့္ ရီဟြားေတြ႕ဆုံခဲ့သည္။ ထိုစဥ္က ထိုနန္းတြင္းသူ လူတစ္စုသည္ ဝမ္ရယ္ကိုလည္း ပုန္ကန္မႈတြင္ ပါဝင္သူတစ္ေယာက္ဟု စြပ္စြဲေနၾကျခင္း ျဖစ္သည္။

သူ႕အား ရွင္ဘုရင္ျမႇောက္ရန္ ႀကံစည္မႈတြင္ မသိနိုင္စရာ အေၾကာင္းအရင္း မရွိဟု ေျပာဆိုကာ မေကာင္းသတင္းမ်ားစြာ ေျပာဆိုေနၾကသည္။ ရီဟြား ဝမ္ရယ္ဘက္မွ ခုခံေျပာဆိုကာ ဆူေငါက္လိုက္ၿပီး ေဘးတြင္ပါလာေသာ ေရွာင္ကုန္းဇီအား အတင္းေျပာေနသူအားလုံးကို အျပစ္ေပးရန္ ေစခိုင္းလိုက္သည္။ ထိုကိစၥအား ဝမ္ရယ္ သိေနမည္ဟု သူ မထင္မိေပ။

"ကိုယ္ သူတို႔ စေျပာေနကတည္းက အဲဒီ အနီးအနားမွာ ရွိတယ္"

"သူတို႔က ေလွ်ာက္ေျပာေနတာပါ...စိတ္ထဲမထားပါနဲ႕"

ရီဟြား၏ "စိတ္ထဲ မထားပါနဲ႕"ဟူေသာ စကားသည္ ဝမ္ရယ္နားထဲလုံးဝ မဝင္ေတာ့ေပ။ အာဏာရွိခ်ိန္တြင္ တမ်ိဳး၊ ဒုကၡေရာက္ခ်ိန္တြင္ တစ္ဖုံ မ်က္ႏွာႏွစ္ခြလုပ္တတ္သူမ်ားအား သူ လြန္စြာ နာၾကည္းမုန္းတီးေနေလၿပီ။

သူ မလုပ္ခဲ့ေသာ ကိစၥအတြက္ ေနရာတိုင္းတြင္ သူ႕အား အျပစ္တင္ျခင္းမ်ားကို ခံေနရသည္။ ေနာက္ကြယ္မွ အဓိကပုန္ကန္သူဟု လက္ညိုးထိုးျခင္းမ်ားစြာကို ခံရသည္။

အျပစ္တင္ခံရျခင္းႏွင့္ ညီမွ်ေအာင္ သူ ဆက္လုပ္ေဆာင္သြားမည္။ သူ႕အား အရမ္းခ်စ္ေသာ မယ္ေတာ္ ေသဆုံးရမႈအတြက္ တရားမွ်တမႈ တစ္ခု ရေအာင္ ျပန္ယူမည္။ သူ ရွင္ဘုရင္ျဖစ္ရန္ဟူေသာ မယ္ေတာ္၏ မျပည့္မွီနိုင္ခဲ့ေသာ အိပ္မက္အား သူ ဆက္လက္ျဖည့္ဆည္းသြားမည္။

မည္သူမွ် ေမာ္မၾကည့္နိုင္ေသာ ေနာက္ကြယ္တြင္ ရႈံ႕ခ်စကားတို႔မေျပာရဲသည့္ အျမင့္တစ္ေနရာတြင္ ထိုင္ကာ သူ ပိုင္ဆိုင္ခ်င္သည့္အရာမ်ားအား ရေအာင္ယူမည္။ သူ အစကတည္းက ပိုင္ဆိုင္သင့္ေသာ အရာမ်ားအား အလုယူမခံနိုင္ေတာ့။

ဝမ္ရယ္ သူ၏ ေနာက္ေက်ာဘက္ရွိ ေကာင္ေလးအား လွည့္ၾကည့္လိုက္သည္။ ထိုေကာင္ေလးသည္လည္း အစကတည္းက သူ႕အပိုင္ပင္။ သူ နိမ့္က်ခ်ိန္တိုင္း ေဘးနားရွိေနခဲ့သည့္ သူ႕အား အၿမဲကာကြယ္ေပးေသာ ေကာင္ေလးကို ျပန္လည္၍ အၿမဲကာကြယ္ေပးနိုင္ေအာင္ လုပ္ေဆာင္မည္။

သူ ရွင္ဘုရင္ျဖစ္ခ်ိန္ ဝူရီဟြားသည္ သူ၏ ေဘးတြင္ အၿမဲရွိေနသူ တစ္ေယာက္ ျဖစ္လာရမည္။ သူ၏ တစ္ဦးတည္းေသာ အနာဂတ္ လက္တြဲေဖာ္ တစ္ေယာက္ျဖစ္ကို ျဖစ္လာေစရမည္။

"ကိုယ့္ကို အခ်ိန္ နည္းနည္းေပး ဟြားအယ္...ကိုယ္ မင္းကို ေက်းဇူးျပန္ဆပ္မယ္...အရမ္းၾကာသြားနိုင္ေပမဲ့ ကိုယ့္ကို ဆက္ဆက္ေစာင့္ေနေပး"

ရီဟြား ဝမ္ရယ္၏ ေက်းဇူးျပန္ဆပ္ျခင္းအား မလိုအပ္ေပ။ သူ လုပ္ခဲ့သည္မ်ားက ခက္ခဲေသာ အရာမ်ားလည္း မဟုတ္။ သို႔ေသာ္ ဝမ္းနည္းေနခ်ိန္တြင္ ထပ္၍ ဝမ္းနည္းေအာင္ မလုပ္ခ်င္ေသာေၾကာင့္ ၿပီးစလြယ္ လက္ခံလိုက္သည္။

"ဟုတ္ကဲ့"

ထို႔ေနာက္ ေက်ာျပန္ေပးကာ ေငြစကၠဴ ရွို႔ေနသူအား သူ ေျပာခ်င္သည့္ စကားမ်ားဆက္မေျပာေတာ့တာ အေကာင္းဆုံးျဖစ္မည္ဟု ေတြးလိုက္သည္။

နန္းေတာ္ထဲတြင္ ေငြစကၠဴ မီးရွို႔ျခင္းသည္ စည္းကမ္းခ်ိဳးေဖာက္ေသာ အျပစ္ႀကီးပင္။ သူ အစကတည္းက တားဖို႔စဥ္းစားေနေသာ္လည္း အေမးအေျဖလုပ္ေနရျခင္းတို႔ေၾကာင့္ မေျပာျဖစ္ျခင္းျဖစ္သည္။

ေနာင္ရႈပ္မွ ေနာင္ရွင္းဟု ေတြးကာ ထိုစည္းကမ္းခ်ိဳးေဖာက္ျခင္းကိစၥအား မေျပာေတာ့ဘဲ ေခါင္းကုတ္ၿပီး လ်စ္လ်ဴ ရႈထြက္လာလိုက္ေတာ့သည္။

*********************

Continua a leggere

Ti piacerà anche

549K 55K 47
လောဘကြီးတဲ့ ရွှေနဂါးကြီးတစ်ကောင်နဲ့ ကြောက်တတ်ပြီး နူးညံ့တဲ့ ပန်းရောင်ယုန်လေးတို့ရဲ့ အချစ်ဇာတ်လမ်း... ရှေးဟောင်းရတနာတူးဖော်တဲ့ကောင်လေးတစ်ယောက်သေဆုံးသွ...
21.1K 1.7K 19
မင်းငါ့ကိုသတိမထားမိခဲ့ခင် ဟိုးးးအရင်ကတည်းကမင်းအနားမှာ... ငါကပ်ပါးတစ်ကောင်လိုတွယ်ကပ်လာခဲ့တာ...ထယ်ယောင်း... Both Unicode and Zawgyi available. Photo is...
264K 23.2K 31
မာနတရားႏွင္​့ စတင္​ကာ ႄကမ္​းတမ္​းခက္​ထန္​မႈအတိနွင့္​ၿပီး​ေသာ ဗီလိန္​တစ္​​ေယာက္​ရဲ႕ အခ်စ္​....
136K 15.8K 40
Love doesn't exist, Just exist YOU VICE VERSA