ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Co...

By StarRia19

1.1M 136K 5.6K

Zawgyi "ကိုယ့်ပြည်သူတွေ ကိုယ်ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ယှဥ်လာရင်တော့ ကိုယ်မင်းတစ်ယောက်ကိုပဲ မြင်တယ်" ကံကြ... More

အပိုင်း(၁)ဝိညာဉ်ကူးပြောင်းခံလိုက်ရခြင်း
အပိုင်း(၂) အလကားရလိုက်သော Brocon အကိုကြီး
အပိုင်း(၃.၁) ဇာတ်ကြောင်းပြောင်းလဲနေခြင်း
အပိုင်း(၃.၂) ဇာတ်ကြောင်း ပြောင်းလဲနေခြင်း
အပိုင်း(၄.၁) စတင်တွေ့ဆုံခြင်း
အပိုင်း(၄.၂) စတင်တွေ့ဆုံခြင်း
အပိုင္​း(၅.၁) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင္​း(၅.၂) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင်း(၆.၁)ဇာတ်ကောင် အများကြီး ပေါ်လာပြီ
အပိုင်း(၆.၂) ဇာတ်ကောင်အများကြီး ပေါ်လာပြီ
အပိုင်း(၇) ထူးဆန်းလွန်းသော အဓိက ဇာတ်ဆောင်နှစ်ယောက်
Promotion
အပိုင်း(၈)ညီဝမ်းကွဲလေးအိမ်တော်ရောက်လာခြင်း
အပိုင်း(၉)လုပ်ကြံခံရခြင်း
အပိုင်း(၁၀) ထူးဆန်းလွန်းသော ရှင်း
အပိုင်း(၁၁) အဆိပ်ခတ်ရန်ကြံစည်ခြင်း
ဇာတ္ေကာင္နာမည္မ်ား
အပိုင်း(၁၂) ဆီမီးလွှတ်ပွဲ၌ တစ်ညတာ
အပိုင်း(၁၃) သေရည်မူးကာ သောင်းကျန်းခြင်း
အပိုင်း(၁၄) အရာရှိစာမေးပွဲ အောင်မြင်ခြင်း
အပိုင်း(၁၅) ပထမဆုံး ညီလာခံတက်ခြင်း
အပိုင်း(၁၆) ရှင်းရန်၏ အိပ်မက်
အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း
အပိုင်း(၁၉) အရှင်မင်းကြီး၏ စီရင်ချက်
အပိုင်း(၂၀) ရှင်းယွဲ့နတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏ သရုပ်မှန်ပေါ်ခြင်း
အပိုင်း(၂၁) မျှော်လင့်မထားသော လက်ထပ်ခွင့်
အပိုင်း(၂၂)တော်ဝင်လက်ထပ်ပွဲ
အပိုင်း(၂၃) ဖွင့်ဟဝန်ခံခြင်း
အပိုင်း(၂၄) အမှောင်နတ်ဘုရား၏ ခံစားချက်
အပိုင်း(၂၅)မေချင်းနတ်ဘုရားမမှန်း သိရှိခြင်း
အပိုင်း(၂၆) လေးစားရသော အမတ်ချုပ်ကြီး
အပိုင်း(၂၇) ကလေးဆန်သော အမတ်ချုပ်ကြီး
အပိုင်း(၂၈) ရှင်းယွဲ့နတ်ဘုရားအား မြူ ဆွယ်ခြင်း
အပိုင်း(၂၉) မင်းကြီးနှင့်အတူတူ အိပ်စက်ခြင်း
အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်
အပိုင်း(၃၁)ဧကရီတင်မြှောက်ရန် ကြေညာခြင်း
အပိုင်း(၃၂) လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း
အပိုင်း(၃၃) ဝမ်ရယ်အိမ်တော်သို့ အလည်သွားခြင်း
အပိုင်း(၃၄) လက်ထပ်ခွင့်
အပိုင်း(၃၅)လက်ထပ်ပွဲ ဖျက်ရန် အစီအစဉ်
အပိုင်း(၃၆) သွေးစွန်းသွားသော ဧကရီတင်မြှောက်ပွဲ
အပိုင်း(၃၇) ရှောင်လွှဲ၍ မရနိုင်သော စစ်ပွဲ
အပိုင်း(၃၈) အကျယ်ချုပ်ချခံရခြင်း
အပိုင်း(၃၉) ထာဝရ အိပ်စက်သွားသူ
အပိုင်း(၄၀) နောက်ဆုံး နှုတ်ဆက်ရခြင်း
အပိုင်း(၄၁) အထီးမကျန်စေချင်၍ အဖော်လိုက်သွားသူ
အပိုင်း(၄၁) ပြန်လည်နိုးထလာခြင်း
အပိုင်း(၄၃) အမှတ်တရများ ပြန်လည်တွေ့ရှိခြင်း
အပိုင်း(၄၄) final လှပသော ထာဝရ ချစ်ခြင်းတစ်ခု 🙆🙆
ေက်းဇူးတင္လႊာႏွင့္ ႏႈတ္ဆက္လႊာ
Extra-1
Extra-2
Hello💙
Thadingyut Gift✨✨
Announcement ✨✨
Hello...
Next fiction Promotion
Book announcement
Today order date✨✨
Attention please...
Extra-3
Extra-4
Book Preorder

အပိုင်း(၁၈) ရွှေကြာပန်းအား ရယူရန် ကြိုးစားခြင်း

19.2K 2.7K 257
By StarRia19

Unicode

အပိုင်း(၁၈) ရွှေကြာပန်းအား ရယူရန် ကြိုးစားခြင်း

ရီဟွား ဟူရာချောက်ကမ်းပါးဆီသို့ ရောက်ရန် စိတ်လောနေမိသည်။ သူ၏ကိုယ်သည် ခရီးပန်းသောကြောင့် နာကျင်ကိုက်ခဲနေသော်လည်း သတိမမူမိ။ သူ၏ စိတ်ထဲတွင် အချိန်မီ ရွှေကြာပန်းရရန်သာ အရေးကြီးနေသည်။

ဟူရာချောက်ကမ်းပါးသည် ဟူရာတောင်ထိပ်တွင် ရှိသောကြောင့် သူကြိုးစားပန်းစား တောင်တက်နေသည်မှာ သုံးနာရီခန့်ပင် ရှိနေပြီ။ ဟူရာချောက်ကမ်းပါးနှင့်နီးလေ တောရိုင်းတိရစ္ဆာန်များ၏ အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်လေ ဖြစ်သောကြောင့် သူ ပိုပြီး သတိထားနေရသည်။

အရမ်းပင်ပန်းလာသောကြောင့် လွယ်ထားသော အိတ်အား ဘေးချလိုက်ပြီး သစ်ပင်တစ်ပင်အောက်တွင် ရီဟွား ခဏအပန်းဖြေလိုက်သည်။

သူ ရွှေကြာပန်းကိုယူရန် အတော်လေး စိတ်ဆောင်နေသော်လည်း သူ၏ ခန္ဓာကိုယ်သည်တော့ စိတ်စေရာအတိုင်း မလိုက်နိုင်တော့ပေ။ သူ မျက်လုံးများ မှေးစင်းကာ အိပ်ပျော်သွားသည်။

သူ မှီကာ အိပ်ပျော်နေသော သစ်ပင်ထက်မှ အတော်အတန် ရှည်လျားသော မြွေစိမ်းတစ်ကောင် လျောဆင်းလာလေသည်။ ရီဟွား၏​​လည်ပင်းနားရောက်သည်နှင့် မြွေသည် ပါးပြင်းထောင်ကာ ကိုက်ရန်ပြင်လိုက်သည်။

ရုတ်တရက် လင်းလက်သွားသော အလင်းရောင်များနှင့်အတူ မြွေ၏ကိုယ်သည် အဝေးသို့ လွင့်စင်သွားပြီး ချောမောသော ယောကျာ်းတစ်ယောက်၏ ပုံရိပ်သည် နှစ်ခြိုက်စွာ အိပ်မောကျနေသော ဝူရီဟွားရှေ့တွင် ပေါ်လာလေသည်။

ထိုသူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားနက်မှောင်သော ဆံနွယ်များ၊ စူးရှနက်မှောင်သော မျက်ဝန်းများနှင့် လွန်စွာကြည့်ကောင်းလွန်းသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။

"မင်း သူ့ကို အဲလောက်ထိ ဂရုစိုက်တာလား"

ထိုသူ၏ အဓိပ္ပါယ်ဖော်ရခက်သော မျက်ဝန်းများသည် ရီဟွားအား စိုက်ကြည့်နေခဲ့သည်။

"မင်း သူ့အပေါ် ခံစားချက်ရှိနေတာလား...ဘာလို့ သူ ဖြစ်နေရတာလဲ"

ထိုသူ၏ တိုးညှင်းသောစကားသံတို့အား နှစ်ခြိုက်စွာ အိပ်ပျော်နေသော ရီဟွား မကြားနိုင်ပေ။

"ဒီအစီအစဉ်တစ်ခုလုံးက သူ ချထားတာပဲ...သူ့အတွက် အဆိပ်ဖြေဆေးဆိုတာ မလိုဘူး...မင်း အရမ်းတုံးလွန်းတယ်"

ထိုသူသည် အေးချမ်းနေသော မျက်နှာလေးအား တခဏကြာ စိုက်ကြည့်ပြီးနောက် ဆက်ပြောလာသည်။

"ဒီတောင်က သားရိုင်းတိရစ္ဆာန်တွေနဲ့ အရမ်းအန္တရာယ်များတယ်...ချောက်ကမ်းပါးဘေး ပေါက်နေတဲ့ ရွှေကြာပန်းကို ယူဖို့ကလည်း အရမ်းခက်ခဲတယ်...ဟိုင်ဝမ်သာ အစီအစဉ်တွေကို စောင့်ကြည့်နေပြီး မင်းဒီကို ထွက်လာတာ ချက်ချင်း သတင်းလာမပို့ခဲ့ရင် ခုချိန် မင်း အဆိပ်ပြင်းတဲ့မြွေဆိပ်ကြောင့် သေနေလောက်ပြီ"

သူသည် နက်မှောင်သော မျက်ဝန်းများထဲမှ ရှုပ်ထွေးသော အရိပ်အယောင်များနှင့် တော်တော်ကြာ စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်သည်။ ထို့နောက် အိပ်ပျော်နေသော ကောင်လေးဆီသို့ သူ၏ လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သောအခါ အလင်းတန်းများထွက်ပေါ်လာလေသည်။

"မင်း တရေးနိုးရင် အားအင်အပြည့်ဖြစ်နေလိမ့်မယ်...သားရိုင်းတိရစ္ဆာန်တွေ မင်း သွားရာလမ်းကို မနှောင့်ယှက်နိုင်ဘူး...မင်းရဲ့ အနံ့ကို ရတာနဲ့ သူတို့ထွက်ပြေးလိမ့်မယ်"

သူ၏ နှုတ်ခမ်းပါးထက်မှ ဆုပေးစကားတို့အား ရွတ်ဆိုပြီးနောက် အလင်းရောင်များ ပျောက်ကွယ်သွားသည်။ သူ လက်လှမ်းကာ အိပ်ပျော်နေသောကောင်လေး၏ ပါးအား ထိကိုင်လိုက်သည်။

"ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ...ကိုယ့်ရဲ့ ဟွား"

ထို့နောက် ထိကိုင်ထားသော လက်အား လွှတ်ကာ ထိုနေရာမှ ခဏ ပျောက်ကွယ်နေလိုက်သည်။

ရီဟွား တခဏကြာ အိပ်ပျော်သွားပြီးနောက် မျက်လုံးတို့ပွင့်ကာ နိုးလာလေသည်။ ခဏတဖြုတ်သာ အိပ်စက်ထားခြင်း ဖြစ်သော်လည်း သူ၏ တစ်ကိုယ်လုံး လန်းဆန်းကာ အားအင်အပြည့်ဖြင့် တက်ကြွနေ၏။ ရီဟွား အံ့အားသင့်သွားရသည်။

သို့သော် သူ့တွင် အချိန်တော်တော်ကြာ အံ့သြချိန် မရ။ ချက်ချင်းထပြီး တောင်ပေါ်ဆက်တက်ရန် ပြင်လိုက်သည်။ တောင်ပေါ်တက်နေစဉ်တစ်လျှောက်လုံး သူ ပင်ပန်းသလို လုံးဝမခံစားရသည့်အပြင် တောရိုင်းတိရစ္ဆာန်ထူထပ်သည်ဟု နာမည်ကြီးသော ဟူရာတောင်တွင် တိရစ္ဆာန်တစ်ကောင်မျှပင် မတွေ့ရသောကြောင့် သူ့အတွက် ထူးဆန်းနေသည်။

ထိုစဉ် ချုံတစ်ခုထဲမှ လှုပ်ရှားသံများ ထွက်ပေါ်လာသောကြောင့် ရီဟွား ထိတ်လန့်သွားရသည်။

သူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ရင်း ချုံ အား သတိထားစောင့်ကြည့်နေလိုက်သည်။

မကြာမီ ချုံထဲမှ ဖြူဖွေးစွတ်နေသော ချစ်စရာယုန်လေး တစ်ကောင် ခုန်ထွက်လာ၏။

ရီဟွား ယုန်အား မြင်လိုက်ရသောအခါမှသာ စိုးရိမ်မှုများ လျော့ကျသွားရသည်။

"ယုန်လေးက ချစ်စရာလေး"

သူ၏ အပြောကြောင့် ချုံထဲမှ ချစ်စရာ ယုန်လေးသည် သနားစဖွယ် မျက်လုံးလေးများဖြင့် သူ့အား စိုက်ကြည့်နေသည်။

"ကင်စားလိုက်လို့ကတော့ အရသာရှိမှာ"

သူ နောက်စကားတစ်ခွန်းအား ဆက်ပြောလိုက်ရုံရှိသေး အန္တရာယ်ကြိုမြင်ပုံရသော ယုန်လေးသည် လှစ်ခနဲနေအောင် ပြေးလေတော့သည်။ တစ်ခဏအတွင်း အရိပ်အယောင်ပင် မမြင်ရတော့။ သူ စနောက်လိုက်ခြင်းအား အမှန်ထင်သွားသောကြောင့်ပေလား။

"ခွိ"

သူ၏ ပတ်ဝန်းကျင်မှ ရယ်ချင်နေမှုအား ချုပ်ထိန်းထားရသည့် ခွိခနဲ အသံအား ကြားလိုက်ရသောကြောင့် ရီဟွား မျက်လုံးများ ပြူးကျယ်သွားပြီး ဘေးဘီဝဲယာအား ကြည့်လိုက်မိသည်။

"ဘယ်သူလဲ ဒီနားမှာ ဘယ်သူရှိနေတာလဲ"

ပြန်ဖြေသံ လုံးဝ မကြားရ။ အနီးအနားတွင်လည်း လူရှိသည့် အရိပ်အယောင်လုံးဝ မတွေ့ရပေ။

ရီဟွား နားကြားမှားတာနေမှာဟု သတ်မှတ်လိုက်ပြီး ဆက်လက်၍ တောင်ထိပ်သို့ ကြိုးစားတက်လိုက်သည်။

သူ၏ ကြိုးစားမှုကြောင့် သိပ်မကြာခင်မှာပင် တောင်ထိပ်သို့ ရောက်ရှိသွားသည်။ သူ ချောက်ကမ်းပါးစွန်းသို့ သွားလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။ အရမ်းမြင့်သော အနေအထားဖြစ်ပြီး ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျပါက အရိုးတစ်ခြား အသားတစ်ခြားဖြစ်လောက်သည်။

ချောက်ကမ်းပါးနှင့် ကပ်နေသော ကမ်းပါးနံရံအား ကြည့်လိုက်တော့ အောက်တော်တော်ဝေးဝေးရှိ ကမ်းပါးနံရံတွင် ကပ်ပေါက်နေသော ရွှေကြာပန်းအား တွေ့လိုက်ရသည်။ ရီဟွား လွန်စွာ ဝမ်းသာသွားရသည်။

သူ အဆင်သင့်ယူလာသော အိတ်ထဲမှ ရေဘူးအားထုတ်ကာ ရေတစ်ငုံသောက်လိုက်ပြီးနောက် ထပ်၍ အိတ်ထဲမှ ခိုင်ခံ့သော ကြိုးရှည်တစ်ချောင်းအား ထုတ်ယူလိုက်သည်။

ချောက်ကမ်းပါးထိပ်ရှိ ခိုင်ခံ့သောသစ်ပင်ကြီးတစ်ပင်တွင် ကြိုးအား ချည်လိုက်ပြီး ကျန်ကြိုးစွန်းတစ်ဖက်အား ချောက်ထဲသို့ ချလိုက်သည်။

ရီဟွား ကမ်းပါးထက်မှ နေ၍ အသက်ကို ခပ်ပြင်းပြင်း သုံးကြိမ်မျှ ရှုရှိုက်ပြီးနောက် ကြိုးမှနေ၍ တွယ်ဆင်းလိုက်သည်။ လက်နှစ်ဖက်သည် ကြိုးအား တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ခြေထောက်များသည် ချောက်နံရံအား ကန်၍ ဖြည်းညှင်းစွာ ဆင်းနေလိုက်သည်။

အောက်သို့ဆင်းနေသည်ဟု စိတ်ထဲမသတ်မှတ်ဘဲ အားကစားလုပ်နေခြင်းဟုသာ စိတ်ထဲသဘောထားလိုက်သည်။သူ၏ အစစ်အမှန်ဘဝတွင် အားကစားလိုက်စားသောကြောင့် အားကစားမျိုးစုံလုပ်ဖူးသည်။

တောင်မြင့်ပေါ်မှ ကြိုးဖြင့်ခုန်ချခြင်း၊ လေထီးစီးခြင်း၊ ရေလွှာလျှောစီးခြင်းတို့ပင် သူ လုပ်ကိုင်ဖူးသောကြောင့် အရမ်းကြီးကြောက်ရွံ့မနေချေ။ ဝူရီဟွား၏ ကိုယ်သည် ပျော့ညံ့သော်လည်း ထူးဆန်းစွာပင် ယခုအချိန်၌ အားအင်အပြည့်ဖြစ်နေသည်။

သိပ်မကြာခင်မှာပင် ရွှေကြာပန်းရှိရာနေရာသို့ သူ ရောက်ရှိလာသည်။ သူ ရွှေကြာပန်းအား လက်လှမ်းယူလိုက်စဉ် ရွှေကြာပန်းထဲမှ မြွေတစ်ကောင်ထွက်လာပြီး သူ့အား ပေါက်လိုက်လေသည်။သို့သော် သူ လုံးဝလက်မလျော့နိုင်။ နာကျင်နေသော လက်ဖြင့်ပင် ရွှေကြာပန်းအား ခူးယူလိုက်သည်။

ရွှေကြာပန်း သူ၏ လက်ထဲရောက်သည်နှင့် မြွေသည် ပျောက်ကွယ်သွားလေသည်။  ရှေးခေတ်က အဖိုးထိုက်သော ရတနာများတွင် အစောင့်ရှိသည်ဟု သူကြားဖူး၏။ ယခုသူ့အား ပေါက်လိုက်သော မြွေသည် အစောင့်အရှောက်မြွေ ဖြစ်နိုင်သည်။

ရုတ်တရက် သူ၏ ခေါင်းတစ်ခုလုံး မူးဝေသွားပြီး အမြင်အာရုံတို့ ဝေဝါးလာသည်။ အားအင်များ ဆုတ်ယုတ်လာပြီး ကြိုးအား မဆုပ်ကိုင်နိုင်တော့။

ကိုင်ထားသော ကြိုးအား လွှတ်လိုက်မိသော်လည်း ရွှေကြာပန်းကိုမူ လက်တစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ လေထဲတွင် လွင့်မျောနေသော ခံစားချက်ကို ခံစားလိုက်ရပြီးနောက် သူ၏ အမြင်အာရုံတို့ မှောင်အတိကျသွားတော့သည်။

ရီဟွား နိုးလာတော့ ထူးဆန်းစွာပင် သူ၏ ခန္ဓာကိုယ်သည် ဘာမှ ဖြစ်မနေ။ သူ့လက်ထဲတွင်လည်း မြဲမြံ့စွာ ဆုပ်ကိုင်ထားသော ရွှေကြာပန်းသည် ပုံမပျက်ရှိနေသည်။ ရီဟွား မြွေကိုက်ခံထားရသော လက်နေရာအား ကြည့်လိုက်သည်။

ထူးဆန်းစွာပင် ဘာဆိုဘာမျှ ရှိမနေတော့။ ရီဟွား သူရောက်နေသော နေရာအား ဝေ့ဝဲကြည့်လိုက်သည်။ ရေကန်အသင့် ကြာအသင့်ဆိုသလိုပင်။ တောင်ခြေတွင် ရှိနေခြင်းဖြစ်သည်။

ရှေးခေတ်တွင် ထူးဆန်းသည့်အရာများစွာ ရှိသည်ကို ရီဟွားသိသည်။ အထူးသဖြင့် ယခုသူရောက်နေရာ ရှေးကျသော တောင်မျိုးတွင် အများဆုံးပင်။

သူ၏ အတွေးတွင် ထင်လိုက်သည်က သူ့အား မကြည့်ရက်သော တောင်စောင့်နတ်တစ်ပါးပါး ကူညီလိုက်သည်ဟုသာ။ ရှင်း နေကောင်းပျောက်သွားသောအခါမှ လာပူဇော်မည်ဟုတွေးကာ ရွှေကြာပန်းအား ကိုင်လျက် တောင်ခြေမှ ထွက်ခွာသွားတော့သည်။

***********************

သမားတော်ကြီး တစ်နေ့မကုန်ခင် သတိလည်လာကာ အကောင်းအတိုင်းဖြစ်နေသော မင်းကြီးအား အံ့သြစွာ ကြည့်နေမိသည်။ ကြာပန်းနက်ကဲ့သို့ အဆိပ်ပြင်းအား မိထားသော်လည်း ဘာဆိုဘာမျှ ဖြစ်မနေတော့ပေ။

သူ၏ စစ်ဆေးထားမှုအရ မင်းကြီးကိုယ်ထဲတွင် အဆိပ်လုံးဝ ရှိမနေတော့။ ရွှေကြာပန်းနှင့်မှ ပျောက်မည့်အဆိပ်သည် အဘယ်ကြောင့် ချက်ချင်း ပျောက်သွားရသနည်း။ သူ လုံးဝ မစဉ်းစားတတ်အောင် ဖြစ်နေရသည်။

သမားတော်ကြီးနည်းတူ စစ်သူကြီးနှင့် ရှောင်ကုန်းဇီတို့သည်လည်း အံ့အားသင့်နေကြသည်။

အရိပ်ကိုယ်ရံတော် ခေါင်းဆောင်ချန်း တစ်ယောက်မူ လုံးဝ မအံ့သြပေ။ သူ တွေးထားသည်က မင်းကြီး သူတို့အား အစီအစဉ် စခိုင်းစဉ်ကပင် ဖြေဆေးကြိုသောက်ထားခြင်းဖြစ်လိမ့်မည်ဟု တွေးထားသောကြောင့်ပင်။

သူသည် အရှင်မင်းကြီးအား လွန်စွာ လေးစားကြည်ညိုသည်။ ကြာပန်းနက် အဆိပ်ပုလင်းအား အမတ်ချုပ်ကြီး ကိုယ်ပေါ်တွင် ရှိနေအောင် မင်းကြီး မည်ကဲ့သို့ လုပ်ဆောင်ထားခြင်းကိုမူ သူ လုံးဝမသိ။

မင်းကြီးသည် သမားတော်ကြီး ပေးသော ဆေးရည်အား သောက်လိုက်ပြီး ခွက်အား ရှောင်ကုန်းဇီထံ ကမ်းပေးလိုက်သည်။ ထို့နောက် စစ်သူကြီးဘက်လှည့်ကာ မေးလိုက်၏။

"ပွဲတော်မှာ ရုတ်တရက် ကိစ္စတွေဖြစ်သွားတော့ ရှောင်ဟွား တော်တော်လန့်သွားမှာ...ခု အိမ်တော်မှာ အေးဆေး အနားယူနေရဲ့လား"

စစ်သူကြီးသည် မျက်နှာပျက်ယွင်းစွာဖြင့် ပြန်လည်ဖြေကြားလာသည်။

"ဟွားအော်က အရှင်မင်းကြီး အဆိပ်ဖြေဖို့ ဟူရာ ချောက်ကမ်းပါးမှာ ရွှေကြာပန်း သွားရှာပါတယ်"

ကြားလိုက်ရသော စကားကြောင့် ရှင်းယွဲ့ ထိတ်လန့်သွားရသည်။ ဟူရာချောက်ကမ်းပါးသည် လွန်စွာ အန္တရာယ်များသော နေရာပင်။ ရီဟွားကဲ့သို့ နူးညံ့သောကောင်လေး တစ်ယောက်တည်းသွားခြင်းက အန္တရာယ်ကို လက်ယက်ဖိတ်ခေါ်နေခြင်းဖြစ်သည်။

ရှင်းယွဲ့ စစ်သူကြီး၏နံဘေးတွင် ခေါင်းငုံ့ရပ်နေသော ယွီလေးအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သူ သေချာဂရုစိုက်စောင့်ရှောက်ရန် အမိန့်ပေးထားသော်လည်း တာဝန်မကျေပေ။

တစ်ဖန် ရှောင်ဟွား သူ့အတွက် အသက်ကိုပင် ဂရုမစိုက် ရွှေကြာပန်းသွားယူခြင်းအား တွေးမိသောအခါတွင်မူ သူ ပျော်ရွှင်သွားရ၏။ ရှောင်ဟွားသည်လည်း သူ၏ ခံစားချက်နှင့် ထပ်တူခံစားရမည်ဟု ယုံကြည်သည်။

အစပထမတွင် ထူးဆန်းသောစရိုက်နှင့် ရှောင်ဟွားအား စိတ်ဝင်စားကာ ဘေးနားခေါ်ထားချင်ရုံသာ ရှိခဲ့သည်။ ပထမအကြိမ် သူ့အတွက် အသက်စွန့်ကာ ဓားထိုးခံလိုက်သည့် အချိန်မှ စ၍ သူ၏ ရှောင်ဟွားအပေါ် ထားရှိသော ခံစားချက်များ သေချာသွားခဲ့ရသည်။

ထိုအချိန်မှ စ၍ ထူးဆန်းသော ကောင်လေးအား ပို၍ ပို၍ ချစ်လာရသည်။ သူ တစ်စုံတစ်ရာမျှ အထိခိုက်မခံနိုင်အောင် မြတ်နိုးရသည်ထိ သူ၏ ခံစားချက်တို့သည် သေချာလာသည်။

ယခု ဒုတိယအကြိမ် သူ့အား ကယ်တင်ရန် အသက်စွန့်ကာ ဖြေဆေးသွားရှာချိန်တွင်မူ သူ၏ခံစားချက်တို့သည် နက်ရှိုင်းသွားခဲ့လေပြီ။ ထာဝရ သူ့ဘေးတွင် ချုပ်နှောင်ထားချင်လာသည်။ သူ့အား အရမ်းဂရုစိုက်သော ထိုကောင်လေးအား သူသာလျှင် ပိုင်ဆိုင်ချင်သည်။ သူသာလျှင် ထိုကောင်လေးအား ဂရုစိုက်ခွင့် ရှိချင်သည်။

အမတော်နှင့် ရှောင်အန်းမှ လွဲ၍ သူ့အပေါ် စိတ်ရင်းနှင့်ကောင်းသူဟူ၍ မည်သူမျှ မရှိခဲ့။ အကျိုးလိုမှ ပူဇော်ဆည်းကပ်ကြသည့် သူ၏ တန်ခိုးကြီးမှုအား ကြောက်ရွံ့ကြသော ဤလောကကြီးတွင် သွေးမတော်သားမစပ်သော်လည်း စိတ်ရင်းနှင့်ကောင်းပေးသူ ရှောင်ဟွားအား သူ လုံးဝ လက်မလွှတ်နိုင်တော့ပေ။

သူ့အား အပြုံးများ အမြဲဖန်တီးပေးနိုင်သူ၊ ကျောက်တုံးကဲ့သို့ မာကျောနေသော သူ့နှလုံးသားအား အရည်ပျော်စေနိုင်သူ၊ သူအရမ်းချစ်ရသော ရှောင်ဟွား မရှိသည့် အထီးကျန်အချိန်များအား သူ ပြန်မသွားချင်တော့။ ထိုကောင်လေးအတွက်ဆို သူသည်လည်း အသက်စွန့်နိုင်သော လူတစ်ယောက်ဖြစ်လာလေပြီ။

သူ ချက်ချင်း ရှောင်ဟွားရောက်နေသော ဟူရာချောက်ကမ်းပါးဆီ အစွမ်းဖြင့်သွားရန် ပြင်လိုက်သည်။ သူ ပင်ပန်းသောကြောင့် ခဏတာ အိပ်စက်မိသည်မှာ တနေ့တာနီးပါး ရှိနေပြီ။

စိုးရိမ်လွန်းနေသောကြောင့် နန်းဆောင်ထဲရှိ လူများအား ဂရုမစိုက်နိုင်တော့။ ထိုစဉ် နန်းဆောင်တံခါးပွင့်ဟလာပြီး နန်းဆောင်ထဲသို့ လူတစ်ယောက် ဝင်လာသည်။ သူ အရမ်းတွေ့ချင်နေသည့်လူပင်။ လက်ထဲတွင် ရွှေကြာပန်းအား ကိုင်ထားပြီး အိပ်ရာထက် ထိုင်နေသော သူ့အား ပြူးကြောင်ကြည့်နေသည်။

သူ ချက်ချင်း ထလိုက်ပြီး ရှောင်ဟွားဆီသွားကာ ပွေ့ဖက်ထားလိုက်သည်။ ရှောင်ဟွားဆီမှ ထွက်ပေါ်နေသော ကျန်းဖုန်း၏ အရောင်အဝါများကြောင့် သူ စိတ်တိုသွားရ၏။

သူ ခဏတာ အိပ်ပျော်နေချိန်တွင် ကျန်းဖုန်း ရှောင်ဟွားနောက်သို့ လိုက်သွားခြင်း ဖြစ်လောက်သည်။ ဖက်ထားသော လက်တစ်ဖက်အား ဖြန့်ကာ ကျန်းဖုန်း ပေးထားခဲ့သည့် အရောင်အဝါများအား ပျောက်ကွယ်သွားအောင် လုပ်လိုက်၏။ ကျန်းဖုန်း၏ အငွေ့အသက်များ မရှိတော့သောအခါမှ သူ စိတ်ကျေနပ်သွားသည်။

'ကျန်းဖုန်း မင်းနဲ့ငါ စာရင်းရှင်းကြတာပေါ့!'

သူ၏ အတွေးအား ရှောင်ဟွား၏ စကားသံကရပ်တန့်သွားစေသည်။

"ရှင်း ကျွန်တော့်ကို လွှတ်ပေးဦး...ဖက်ထားတာ အသက်ရှုကြပ်နေပြီ"

ရှောင်ဟွား၏ စကားသံကြောင့် သူ ရှောင်ဟွားကိုယ်အား တင်းကြပ်စွာ ဖက်ထားသည့် လက်များကို လွှတ်ပေးလိုက်ရသည်။

ထို့နောက် ရှောင်ဟွား၏ ပုခုံးနှစ်ဖက်အား ကိုင်ကာ ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။

"ရှောင်ဟွား ဘာဖြစ်သွားသေးလဲ...တစ်ခုခု ထိခိုက်တဲ့နေရာရှိလား"

ရီဟွား လွန်စွာ စိုးရိမ်နေပုံရသော ရှင်းအား ပြုံးပြပြီး ပြောလိုက်သည်။

"ထိခိုက်တာတော့ မရှိဘူး...ထူးဆန်းတယ် ရှင်း...ကျွန်တော် မြွေကိုက်လည်း ခံရတယ်...ရွှေကြာပန်းခူးတုန်းက လက်တွေလည်း ပွန်းပဲ့နေတာ...ချောက်ကမ်းပါးကလည်း ပြုတ်ကျသေးတယ်...ဒါမဲ့ ကျွန်တော်ဘာမှ မဖြစ်ဘူး ဒဏ်ရာတွေလည်း ပျောက်ပြီး အကောင်းအတိုင်းပဲ...ကြည့်ရတာ တောင်စောင့်နတ်က ကျွန်တော့်ကို စောင့်ရှောက်လိုက်တာ ဖြစ်မယ်"

ရီဟွား၏ စကားများကြောင့် နန်းဆောင်တွင်းရှိ ရှင်းယွဲ့၊ စစ်သူကြီး နှင့် ယွီလေးတို့ သုံးယောက်လုံး သွေးဆောင့်တက်သလို ခံစားလိုက်ရသည်။

ရီဟွား ရှေ့တည့်တည့်တွင် ရှိနေသော ရှင်းသည်ကတော့ အဆိုးဆုံးပင်။

ရီဟွား၏ လက်များအား ဆွဲယူကာ အသေးစိတ်ကြည့်နေလေသည်။

"ကိုယ် တန်ဖိုးထားရတဲ့ ဒီလက်ချောင်းရှည်လေးတွေ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...ရှောင်ဟွား ခန္ဓာကိုယ် တစ်ခုခုဖြစ်သွားရင်ရော ဘယ်လိုလုပ်မလဲ...ကိုယ် ရင်ကျိုးရမှာ ရှောင်ဟွား...နောင်ဘယ်တော့မှ ခုလို အသက်အန္တရာယ်ရှိတာမျိုး မလုပ်ရတော့ဘူးကြားလား...နောက်တစ်ခါ ခုလို အန္တရာယ်ရှိတာမျိုးလုပ်ရင် ကိုယ်တကယ် မင်းကို အပြစ်ပေးရလိမ့်မယ်"

ရှောင်ဟွား ရှင်းပုံစံအား ကြောင်အစွာ ကြည့်ရင်း ရောယောင်ကာ ခေါင်းညိတ်လိုက်သည်။

"အခု ကိုယ့်နန်းဆောင်မှာပဲ အေးဆေးအနားယူဦး...ပြီးမှ ကိုယ် မင်းကို အိမ်တော်ပြန်လိုက်ပို့ပေးမယ်...ဆာနေတယ်မလား ကိုယ် စားတော်ပွဲ ပြင်ခိုင်းလိုက်မယ်"

ရီဟွား လက်ထဲတွင် ကိုင်ထားသော ရွှေကြာပန်းအား ကြောင်အစွာ ကြည့်ရင်း မေးလိုက်သည်။

"ဒီကြာပန်းကရော...ရှင်းက ဒီကြာပန်း မစားရသေးဘဲ ဘယ်လိုကောင်းလာတာလဲ...သမားတော်ကြီး ပြောတော့ ဒါစားမှ အဆိပ်ပြေမှာဆို...ဘယ်လိုဖြစ်တာလဲ"

သူ၏ အမေးအား ရှင်းက နူးညံ့စွာ ပြုံး၍ စိုက်ကြည့်ရင်း ပြန်ဖြေလာသည်။

"ကိုယ်လည်း မသိဘူး...ဒီတိုင်း ပြန်ကောင်းလာတာပဲ...ကြည့်ရတာ ကိုယ်က ဘုန်းတန်ခိုးကြီးတဲ့ ဧကရာဇ်မို့ ကောင်းကင်ဘုံက အခွင့်အရေးပေးတာနေမှာ"

ရီဟွား ရွှေကြာပန်းအားကြည့်ရင်း စိတ်ပျက်သလို ဖြစ်သွားရသည်။

"ဒါဆို ကျွန်တော်ကြိုးကြိုးစားစား ခူးခဲ့တာ အလကားပေါ့"

ရီဟွား၏ စကားကြောင့် ရှင်း ရှောင်ဟွားအား နှစ်သိမ့်ရန် ခေါင်းအား ညင်သာစွာ ပွတ်သတ်ပေးလိုက်လေသည်။

"ဘယ်လိုလုပ် အလကားဖြစ်မှာလဲ...ရှောင်ဟွား ကိုယ့်အပေါ်ထားတဲ့ စေတနာတွေ ကိုယ်သိလိုက်ရတယ်လေ...ရှောင်ဟွား ပင်ပင်ပန်းပန်း ခူးလာတဲ့ ရွှေကြာပန်းကို ကိုယ်သေချာသိမ်းထားမယ်...နောက်တစ်ခါ ကိုယ် ကြာပန်းနက်အဆိပ် ထပ်မိရင် သုံးလို့ရတာပေါ့"

ရီဟွား ရှင်း၏ စကားကြောင့် ထိတ်လန့်သွားပြီး ယောင်ယမ်းကာ ရှင်းပါးစပ်အား သူ၏ လက်တစ်ဖက်ဖြင့် ခပ်ဖွဖွထိကာ ပိတ်လိုက်သည်။

"ဘာတွေပြောနေတာလဲ...ဖွ လွဲပါစေ ချော်ပါစေ"

ရှင်း သူ၏ ရှေ့ရှိ ချစ်စရာကောင်လေးအား စိုက်ကြည့်နေလိုက်သည်။ သူ ထိုကောင်လေးအား ပို၍ပင် ချစ်မြတ်နိုးလာရသည်။

"အဟမ်း...အဟမ်း"

ရှင်းရော ရီဟွားပါ အသံလာရာ ပြိုင်တူကြည့်လိုက်မိသည်။ စစ်သူကြီး၏ မျက်နှာသည် အနည်းငယ် နီ​မြန်းနေပြီး ချောင်းဟန့်နေလေသည်။

သမားတော်ကြီး၊ ရှောင်ကုန်းဇီနှင့် ယွီလေးတို့သည်တော့ တိတ်ဆိတ်စွာ ရှိနေကြ၏။

"မင်းကြီးလည်း သက်သာပြီဆိုတော့ အကိုကြီး အိမ်တော်ပြန်လိုက်ဦးမယ် ဟွားအော်...မင်းကြီးက မယ်တော်ကြီးနဲ့ အမတ်ချုပ်ကြီးတို့ရဲ့ ကိစ္စတွေကြောင့် အလုပ်များဦးမှာ....မင်း​ကြီးကို မနှောင့်ယှက်တော့ဘဲ အကိုကြီးနဲ့ ပြန်လိုက်ခဲ့ပါလား...မင်းကြီး ဟွားအော်ကို ကျွန်တော်မျိုးနဲ့အတူ အိမ်တော် ပြန်ခေါ်ခွင့်ပြုပါ"

စစ်သူကြီး၏ စကားကြောင့် ရှင်း အကြပ်ရိုက်သွားရသည်။ ရှောင်ဟွားအား သူ့ဘေးတွင် ဆက်ရှိနေစေချင်သော်လည်း စစ်သူကြီးသည်ကတော့ ပြန်ခေါ်ချင်နေပုံရသည်။

"ရှင်းက သက်သာကာစ ဆိုတော့ ကျွန်တော်ရှင်းနဲ့ နေခဲ့လိုက်ပါမယ် အကိုကြီး...သိပ်မကြာခင် အိမ်တော်ပြန်ခဲ့မှာမို့ ကျွန်တော့်ကို စိတ်မပူပါနဲ့"

ရှောင်ဟွားစကားကြောင့် ရှင်း အံ့သြသွားရသည်။ အကိုအား အရမ်းချစ်သည့် ကောင်လေးက သူနဲ့နေခဲ့မည်ဟု ပြောမည် မထင်သောကြောင့်ပင်။

အငြင်းခံလိုက်ရသော စစ်သူကြီးသည်လည်း စိတ်မသက်မသာဖြစ်သွားရသည်။

"အဲဒါဆို ကျွန်တော်မျိုးကို ပြန်ခွင့်ပြုပါ အရှင်မင်းကြီး"

စစ်သူကြီးသည် နှုတ်ဆက်အရိုအသေပြုလိုက်ပြီး ယွီလေးဘက် လှည့်ကာပြောလိုက်သည်။

"ယွီလေး ငါနဲ့တစ်ခါတည်း ပြန်လိုက်ခဲ့"

"ဟုတ်ကဲ့ စစ်သူကြီး"

ထို့နောက် ယွီလေးသည် မင်းကြီးဘက်လှည့်ကာ အရိုအသေပြုလိုက်ပြီးနောက် စစ်သူကြီးနောက် လိုက်ကာ ထွက်သွားလေသည်။

သမားတော်ကြီးနှင့် ရှောင်ကုန်းဇီသည်လည်း မင်းကြီးအရိပ်အကဲအားသိစွာ နှုတ်ဆက်ဂါရဝပြုပြီး နန်းဆောင်ထဲမှ ထွက်သွားလေတော့သည်။

************************

"အရှင်"

ဟိုင်ဝမ် အပြင်မှ ပြန်လာသည်နှင့် တိတ်ဆိတ်လွန်းနေသော သူ၏ အရှင်အား အရိုအသေပြုကာ ခေါ်ဆိုလိုက်သည်။

"ငါ တစ်ယောက်တည်း နေချင်တယ် ဟိုင်ဝမ်"

"မှန်ပါအရှင်"

သူ၏အရှင် စိတ်အခြေအနေ မကောင်းသည်ကို ဟိုင်ဝမ် သိရှိသောကြောင့် အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်သွားလိုက်သည်။

"ရှင်းယွဲ့ ငါတို့က တကယ်ရေစက်ဆိုးပဲ"

အခန်းထဲတွင် ရှိနေသောသူသည် တစ်ယောက်တည်း တိုးညှင်းစွာ ပြောဆိုလိုက်သည်။

"နှစ်ထောင်ချီ ရှင်သန်ပြီးတဲ့နောက်မှာ ပထမဆုံးအနေနဲ့ ငါပိုင်ဆိုင်ချင်တဲ့ အရာကို ရှာတွေ့ပြီ...ရှင်းယွဲ့ ငါ့ကို အနှောင့်အယှက်ပေးတဲ့သူက မင်းဖြစ်နေလည်း ငါ သူ့ကို လုံးဝ လက်လျော့မှာ မဟုတ်ဘူး"

စူးရှတောက်ပသော မျက်ဝန်းနက်များသည် ပို၍ လင်းလက်တောက်ပနေလေသည်။

************************

Zawgyi

အပိုင္း(၁၈) ေ႐ႊၾကာပန္းအား ရယူရန္ ႀကိဳးစားျခင္း

ရီဟြား ဟူရာေခ်ာက္ကမ္းပါးဆီသို႔ ေရာက္ရန္ စိတ္ေလာေနမိသည္။ သူ၏ကိုယ္သည္ ခရီးပန္းေသာေၾကာင့္ နာက်င္ကိုက္ခဲေနေသာ္လည္း သတိမမူမိ။ သူ၏ စိတ္ထဲတြင္ အခ်ိန္မီ ေ႐ႊၾကာပန္းရရန္သာ အေရးႀကီးေနသည္။

ဟူရာေခ်ာက္ကမ္းပါးသည္ ဟူရာေတာင္ထိပ္တြင္ ရွိေသာေၾကာင့္ သူႀကိဳးစားပန္းစား ေတာင္တက္ေနသည္မွာ သုံးနာရီခန႔္ပင္ ရွိေနၿပီ။ ဟူရာေခ်ာက္ကမ္းပါးႏွင့္နီးေလ ေတာရိုင္းတိရစာၦန္မ်ား၏ အႏၲရာယ္ႏွင့္ ရင္ဆိုင္ရနိုင္ေလ ျဖစ္ေသာေၾကာင့္ သူ ပိုၿပီး သတိထားေနရသည္။

အရမ္းပင္ပန္းလာေသာေၾကာင့္ လြယ္ထားေသာ အိတ္အား ေဘးခ်လိဳက္ၿပီး သစ္ပင္တစ္ပင္ေအာက္တြင္ ရီဟြား ခဏအပန္းေျဖလိုက္သည္။

သူ ေ႐ႊၾကာပန္းကိုယူရန္ အေတာ္ေလး စိတ္ေဆာင္ေနေသာ္လည္း သူ၏ ခႏၶာကိုယ္သည္ေတာ့ စိတ္ေစရာအတိုင္း မလိုက္နိုင္ေတာ့ေပ။ သူ မ်က္လုံးမ်ား ေမွးစင္းကာ အိပ္ေပ်ာ္သြားသည္။

သူ မွီကာ အိပ္ေပ်ာ္ေနေသာ သစ္ပင္ထက္မွ အေတာ္အတန္ ရွည္လ်ားေသာ ေႁမြစိမ္းတစ္ေကာင္ ေလ်ာဆင္းလာေလသည္။ ရီဟြား၏​​လည္ပင္းနားေရာက္သည္ႏွင့္ ေႁမြသည္ ပါးျပင္းေထာင္ကာ ကိုက္ရန္ျပင္လိုက္သည္။

႐ုတ္တရက္ လင္းလက္သြားေသာ အလင္းေရာင္မ်ားႏွင့္အတူ ေႁမြ၏ကိုယ္သည္ အေဝးသို႔ လြင့္စင္သြားၿပီး ေခ်ာေမာေသာ ေယာက်ာ္းတစ္ေယာက္၏ ပုံရိပ္သည္ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနေသာ ဝူရီဟြားေရွ႕တြင္ ေပၚလာေလသည္။

ထိုသူသည္ အနက္ေရာင္ဝတ္႐ုံကို ဝတ္ဆင္ထားၿပီး ရွည္လ်ားနက္ေမွာင္ေသာ ဆံႏြယ္မ်ား၊ စူးရွနက္ေမွာင္ေသာ မ်က္ဝန္းမ်ားႏွင့္ လြန္စြာၾကည့္ေကာင္းလြန္းေသာ ႐ုပ္ရည္ကို ပိုင္ဆိုင္ထားသည္။

"မင္း သူ႕ကို အဲေလာက္ထိ ဂ႐ုစိုက္တာလား"

ထိုသူ၏ အဓိပၸါယ္ေဖာ္ရခက္ေသာ မ်က္ဝန္းမ်ားသည္ ရီဟြားအား စိုက္ၾကည့္ေနခဲ့သည္။

"မင္း သူ႕အေပၚ ခံစားခ်က္ရွိေနတာလား...ဘာလို႔ သူ ျဖစ္ေနရတာလဲ"

ထိုသူ၏ တိုးညွင္းေသာစကားသံတို႔အား ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနေသာ ရီဟြား မၾကားနိုင္ေပ။

"ဒီအစီအစဥ္တစ္ခုလုံးက သူ ခ်ထားတာပဲ...သူ႕အတြက္ အဆိပ္ေျဖေဆးဆိုတာ မလိုဘူး...မင္း အရမ္းတုံးလြန္းတယ္"

ထိုသူသည္ ေအးခ်မ္းေနေသာ မ်က္ႏွာေလးအား တခဏၾကာ စိုက္ၾကည့္ၿပီးေနာက္ ဆက္ေျပာလာသည္။

"ဒီေတာင္က သားရိုင္းတိရစာၦန္ေတြနဲ႕ အရမ္းအႏၲရာယ္မ်ားတယ္...ေခ်ာက္ကမ္းပါးေဘး ေပါက္ေနတဲ့ ေ႐ႊၾကာပန္းကို ယူဖို႔ကလည္း အရမ္းခက္ခဲတယ္...ဟိုင္ဝမ္သာ အစီအစဥ္ေတြကို ေစာင့္ၾကည့္ေနၿပီး မင္းဒီကို ထြက္လာတာ ခ်က္ခ်င္း သတင္းလာမပို႔ခဲ့ရင္ ခုခ်ိန္ မင္း အဆိပ္ျပင္းတဲ့ေႁမြဆိပ္ေၾကာင့္ ေသေနေလာက္ၿပီ"

သူသည္ နက္ေမွာင္ေသာ မ်က္ဝန္းမ်ားထဲမွ ရႈပ္ေထြးေသာ အရိပ္အေယာင္မ်ားႏွင့္ ေတာ္ေတာ္ၾကာ စိုက္ၾကည့္ေနၿပီးေနာက္ သက္ျပင္းခ်လိဳက္သည္။ ထို႔ေနာက္ အိပ္ေပ်ာ္ေနေသာ ေကာင္ေလးဆီသို႔ သူ၏ လက္တစ္ဖက္အား ေဝွ႕ယမ္းလိုက္ေသာအခါ အလင္းတန္းမ်ားထြက္ေပၚလာေလသည္။

"မင္း တေရးနိုးရင္ အားအင္အျပည့္ျဖစ္ေနလိမ့္မယ္...သားရိုင္းတိရစာၦန္ေတြ မင္း သြားရာလမ္းကို မေႏွာင့္ယွက္နိုင္ဘူး...မင္းရဲ႕ အနံ႕ကို ရတာနဲ႕ သူတို႔ထြက္ေျပးလိမ့္မယ္"

သူ၏ ႏႈတ္ခမ္းပါးထက္မွ ဆုေပးစကားတို႔အား ႐ြတ္ဆိုၿပီးေနာက္ အလင္းေရာင္မ်ား ေပ်ာက္ကြယ္သြားသည္။ သူ လက္လွမ္းကာ အိပ္ေပ်ာ္ေနေသာေကာင္ေလး၏ ပါးအား ထိကိုင္လိုက္သည္။

"ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ပါ...ကိုယ့္ရဲ႕ ဟြား"

ထို႔ေနာက္ ထိကိုင္ထားေသာ လက္အား လႊတ္ကာ ထိုေနရာမွ ခဏ ေပ်ာက္ကြယ္ေနလိုက္သည္။

ရီဟြား တခဏၾကာ အိပ္ေပ်ာ္သြားၿပီးေနာက္ မ်က္လုံးတို႔ပြင့္ကာ နိုးလာေလသည္။ ခဏတျဖဳတ္သာ အိပ္စက္ထားျခင္း ျဖစ္ေသာ္လည္း သူ၏ တစ္ကိုယ္လုံး လန္းဆန္းကာ အားအင္အျပည့္ျဖင့္ တက္ႂကြေန၏။ ရီဟြား အံ့အားသင့္သြားရသည္။

သို႔ေသာ္ သူ႕တြင္ အခ်ိန္ေတာ္ေတာ္ၾကာ အံ့ၾသခ်ိန္ မရ။ ခ်က္ခ်င္းထၿပီး ေတာင္ေပၚဆက္တက္ရန္ ျပင္လိုက္သည္။ ေတာင္ေပၚတက္ေနစဥ္တစ္ေလွ်ာက္လုံး သူ ပင္ပန္းသလို လုံးဝမခံစားရသည့္အျပင္ ေတာရိုင္းတိရစာၦန္ထူထပ္သည္ဟု နာမည္ႀကီးေသာ ဟူရာေတာင္တြင္ တိရစာၦန္တစ္ေကာင္မွ်ပင္ မေတြ႕ရေသာေၾကာင့္ သူ႕အတြက္ ထူးဆန္းေနသည္။

ထိုစဥ္ ခ်ဳံတစ္ခုထဲမွ လႈပ္ရွားသံမ်ား ထြက္ေပၚလာေသာေၾကာင့္ ရီဟြား ထိတ္လန႔္သြားရသည္။

သူ ေျခလွမ္းအနည္းငယ္ ေနာက္ဆုတ္ရင္း ခ်ဳံ အား သတိထားေစာင့္ၾကည့္ေနလိုက္သည္။

မၾကာမီ ခ်ဳံထဲမွ ျဖဴေဖြးစြတ္ေနေသာ ခ်စ္စရာယုန္ေလး တစ္ေကာင္ ခုန္ထြက္လာ၏။

ရီဟြား ယုန္အား ျမင္လိုက္ရေသာအခါမွသာ စိုးရိမ္မႈမ်ား ေလ်ာ့က်သြားရသည္။

"ယုန္ေလးက ခ်စ္စရာေလး"

သူ၏ အေျပာေၾကာင့္ ခ်ဳံထဲမွ ခ်စ္စရာ ယုန္ေလးသည္ သနားစဖြယ္ မ်က္လုံးေလးမ်ားျဖင့္ သူ႕အား စိုက္ၾကည့္ေနသည္။

"ကင္စားလိုက္လို႔ကေတာ့ အရသာရွိမွာ"

သူ ေနာက္စကားတစ္ခြန္းအား ဆက္ေျပာလိုက္႐ုံရွိေသး အႏၲရာယ္ႀကိဳျမင္ပုံရေသာ ယုန္ေလးသည္ လွစ္ခနဲေနေအာင္ ေျပးေလေတာ့သည္။ တစ္ခဏအတြင္း အရိပ္အေယာင္ပင္ မျမင္ရေတာ့။ သူ စေနာက္လိုက္ျခင္းအား အမွန္ထင္သြားေသာေၾကာင့္ေပလား။

"ခြိ"

သူ၏ ပတ္ဝန္းက်င္မွ ရယ္ခ်င္ေနမႈအား ခ်ဳပ္ထိန္းထားရသည့္ ခြိခနဲ အသံအား ၾကားလိုက္ရေသာေၾကာင့္ ရီဟြား မ်က္လုံးမ်ား ျပဴးက်ယ္သြားၿပီး ေဘးဘီဝဲယာအား ၾကည့္လိုက္မိသည္။

"ဘယ္သူလဲ ဒီနားမွာ ဘယ္သူရွိေနတာလဲ"

ျပန္ေျဖသံ လုံးဝ မၾကားရ။ အနီးအနားတြင္လည္း လူရွိသည့္ အရိပ္အေယာင္လုံးဝ မေတြ႕ရေပ။

ရီဟြား နားၾကားမွားတာေနမွာဟု သတ္မွတ္လိုက္ၿပီး ဆက္လက္၍ ေတာင္ထိပ္သို႔ ႀကိဳးစားတက္လိုက္သည္။

သူ၏ ႀကိဳးစားမႈေၾကာင့္ သိပ္မၾကာခင္မွာပင္ ေတာင္ထိပ္သို႔ ေရာက္ရွိသြားသည္။ သူ ေခ်ာက္ကမ္းပါးစြန္းသို႔ သြားလိုက္ၿပီး ေအာက္သို႔ ငုံ႕ၾကည့္လိုက္၏။ အရမ္းျမင့္ေသာ အေနအထားျဖစ္ၿပီး ေခ်ာက္ကမ္းပါးေပၚမွ ျပဳတ္က်ပါက အရိုးတစ္ျခား အသားတစ္ျခားျဖစ္ေလာက္သည္။

ေခ်ာက္ကမ္းပါးႏွင့္ ကပ္ေနေသာ ကမ္းပါးနံရံအား ၾကည့္လိုက္ေတာ့ ေအာက္ေတာ္ေတာ္ေဝးေဝးရွိ ကမ္းပါးနံရံတြင္ ကပ္ေပါက္ေနေသာ ေ႐ႊၾကာပန္းအား ေတြ႕လိုက္ရသည္။ ရီဟြား လြန္စြာ ဝမ္းသာသြားရသည္။

သူ အဆင္သင့္ယူလာေသာ အိတ္ထဲမွ ေရဘူးအားထုတ္ကာ ေရတစ္ငုံေသာက္လိုက္ၿပီးေနာက္ ထပ္၍ အိတ္ထဲမွ ခိုင္ခံ့ေသာ ႀကိဳးရွည္တစ္ေခ်ာင္းအား ထုတ္ယူလိုက္သည္။

ေခ်ာက္ကမ္းပါးထိပ္ရွိ ခိုင္ခံ့ေသာသစ္ပင္ႀကီးတစ္ပင္တြင္ ႀကိဳးအား ခ်ည္လိုက္ၿပီး က်န္ႀကိဳးစြန္းတစ္ဖက္အား ေခ်ာက္ထဲသို႔ ခ်လိဳက္သည္။

ရီဟြား ကမ္းပါးထက္မွ ေန၍ အသက္ကို ခပ္ျပင္းျပင္း သုံးႀကိမ္မွ် ရႈရွိုက္ၿပီးေနာက္ ႀကိဳးမွေန၍ တြယ္ဆင္းလိုက္သည္။ လက္ႏွစ္ဖက္သည္ ႀကိဳးအား တင္းက်ပ္စြာ ဆုပ္ကိုင္ထားၿပီး ေျခေထာက္မ်ားသည္ ေခ်ာက္နံရံအား ကန္၍ ျဖည္းညွင္းစြာ ဆင္းေနလိုက္သည္။

ေအာက္သို႔ဆင္းေနသည္ဟု စိတ္ထဲမသတ္မွတ္ဘဲ အားကစားလုပ္ေနျခင္းဟုသာ စိတ္ထဲသေဘာထားလိုက္သည္။သူ၏ အစစ္အမွန္ဘဝတြင္ အားကစားလိုက္စားေသာေၾကာင့္ အားကစားမ်ိဳးစုံလုပ္ဖူးသည္။

ေတာင္ျမင့္ေပၚမွ ႀကိဳးျဖင့္ခုန္ခ်ျခင္း၊ ေလထီးစီးျခင္း၊ ေရလႊာေလွ်ာစီးျခင္းတို႔ပင္ သူ လုပ္ကိုင္ဖူးေသာေၾကာင့္ အရမ္းႀကီးေၾကာက္႐ြံ႕မေနေခ်။ ဝူရီဟြား၏ ကိုယ္သည္ ေပ်ာ့ညံ့ေသာ္လည္း ထူးဆန္းစြာပင္ ယခုအခ်ိန္၌ အားအင္အျပည့္ျဖစ္ေနသည္။

သိပ္မၾကာခင္မွာပင္ ေ႐ႊၾကာပန္းရွိရာေနရာသို႔ သူ ေရာက္ရွိလာသည္။ သူ ေ႐ႊၾကာပန္းအား လက္လွမ္းယူလိုက္စဥ္ ေ႐ႊၾကာပန္းထဲမွ ေႁမြတစ္ေကာင္ထြက္လာၿပီး သူ႕အား ေပါက္လိုက္ေလသည္။သို႔ေသာ္ သူ လုံးဝလက္မေလ်ာ့နိုင္။ နာက်င္ေနေသာ လက္ျဖင့္ပင္ ေ႐ႊၾကာပန္းအား ခူးယူလိုက္သည္။

ေ႐ႊၾကာပန္း သူ၏ လက္ထဲေရာက္သည္ႏွင့္ ေႁမြသည္ ေပ်ာက္ကြယ္သြားေလသည္။  ေရွးေခတ္က အဖိုးထိုက္ေသာ ရတနာမ်ားတြင္ အေစာင့္ရွိသည္ဟု သူၾကားဖူး၏။ ယခုသူ႕အား ေပါက္လိုက္ေသာ ေႁမြသည္ အေစာင့္အေရွာက္ေႁမြ ျဖစ္နိုင္သည္။

႐ုတ္တရက္ သူ၏ ေခါင္းတစ္ခုလုံး မူးေဝသြားၿပီး အျမင္အာ႐ုံတို႔ ေဝဝါးလာသည္။ အားအင္မ်ား ဆုတ္ယုတ္လာၿပီး ႀကိဳးအား မဆုပ္ကိုင္နိုင္ေတာ့။

ကိုင္ထားေသာ ႀကိဳးအား လႊတ္လိုက္မိေသာ္လည္း ေ႐ႊၾကာပန္းကိုမူ လက္တစ္ဖက္ျဖင့္ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားမိသည္။ ေလထဲတြင္ လြင့္ေမ်ာေနေသာ ခံစားခ်က္ကို ခံစားလိုက္ရၿပီးေနာက္ သူ၏ အျမင္အာ႐ုံတို႔ ေမွာင္အတိက်သြားေတာ့သည္။

ရီဟြား နိုးလာေတာ့ ထူးဆန္းစြာပင္ သူ၏ ခႏၶာကိုယ္သည္ ဘာမွ ျဖစ္မေန။ သူ႕လက္ထဲတြင္လည္း ၿမဲၿမံ့စြာ ဆုပ္ကိုင္ထားေသာ ေ႐ႊၾကာပန္းသည္ ပုံမပ်က္ရွိေနသည္။ ရီဟြား ေႁမြကိုက္ခံထားရေသာ လက္ေနရာအား ၾကည့္လိုက္သည္။

ထူးဆန္းစြာပင္ ဘာဆိုဘာမွ် ရွိမေနေတာ့။ ရီဟြား သူေရာက္ေနေသာ ေနရာအား ေဝ့ဝဲၾကည့္လိုက္သည္။ ေရကန္အသင့္ ၾကာအသင့္ဆိုသလိုပင္။ ေတာင္ေျခတြင္ ရွိေနျခင္းျဖစ္သည္။

ေရွးေခတ္တြင္ ထူးဆန္းသည့္အရာမ်ားစြာ ရွိသည္ကို ရီဟြားသိသည္။ အထူးသျဖင့္ ယခုသူေရာက္ေနရာ ေရွးက်ေသာ ေတာင္မ်ိဳးတြင္ အမ်ားဆုံးပင္။

သူ၏ အေတြးတြင္ ထင္လိုက္သည္က သူ႕အား မၾကည့္ရက္ေသာ ေတာင္ေစာင့္နတ္တစ္ပါးပါး ကူညီလိုက္သည္ဟုသာ။ ရွင္း ေနေကာင္းေပ်ာက္သြားေသာအခါမွ လာပူေဇာ္မည္ဟုေတြးကာ ေ႐ႊၾကာပန္းအား ကိုင္လ်က္ ေတာင္ေျခမွ ထြက္ခြာသြားေတာ့သည္။

***********************

သမားေတာ္ႀကီး တစ္ေန႕မကုန္ခင္ သတိလည္လာကာ အေကာင္းအတိုင္းျဖစ္ေနေသာ မင္းႀကီးအား အံ့ၾသစြာ ၾကည့္ေနမိသည္။ ၾကာပန္းနက္ကဲ့သို႔ အဆိပ္ျပင္းအား မိထားေသာ္လည္း ဘာဆိုဘာမွ် ျဖစ္မေနေတာ့ေပ။

သူ၏ စစ္ေဆးထားမႈအရ မင္းႀကီးကိုယ္ထဲတြင္ အဆိပ္လုံးဝ ရွိမေနေတာ့။ ေ႐ႊၾကာပန္းႏွင့္မွ ေပ်ာက္မည့္အဆိပ္သည္ အဘယ္ေၾကာင့္ ခ်က္ခ်င္း ေပ်ာက္သြားရသနည္း။ သူ လုံးဝ မစဥ္းစားတတ္ေအာင္ ျဖစ္ေနရသည္။

သမားေတာ္ႀကီးနည္းတူ စစ္သူႀကီးႏွင့္ ေရွာင္ကုန္းဇီတို႔သည္လည္း အံ့အားသင့္ေနၾကသည္။

အရိပ္ကိုယ္ရံေတာ္ ေခါင္းေဆာင္ခ်န္း တစ္ေယာက္မူ လုံးဝ မအံ့ၾသေပ။ သူ ေတြးထားသည္က မင္းႀကီး သူတို႔အား အစီအစဥ္ စခိုင္းစဥ္ကပင္ ေျဖေဆးႀကိဳေသာက္ထားျခင္းျဖစ္လိမ့္မည္ဟု ေတြးထားေသာေၾကာင့္ပင္။

သူသည္ အရွင္မင္းႀကီးအား လြန္စြာ ေလးစားၾကည္ညိုသည္။ ၾကာပန္းနက္ အဆိပ္ပုလင္းအား အမတ္ခ်ဳပ္ႀကီး ကိုယ္ေပၚတြင္ ရွိေနေအာင္ မင္းႀကီး မည္ကဲ့သို႔ လုပ္ေဆာင္ထားျခင္းကိုမူ သူ လုံးဝမသိ။

မင္းႀကီးသည္ သမားေတာ္ႀကီး ေပးေသာ ေဆးရည္အား ေသာက္လိုက္ၿပီး ခြက္အား ေရွာင္ကုန္းဇီထံ ကမ္းေပးလိုက္သည္။ ထို႔ေနာက္ စစ္သူႀကီးဘက္လွည့္ကာ ေမးလိုက္၏။

"ပြဲေတာ္မွာ ႐ုတ္တရက္ ကိစၥေတြျဖစ္သြားေတာ့ ေရွာင္ဟြား ေတာ္ေတာ္လန႔္သြားမွာ...ခု အိမ္ေတာ္မွာ ေအးေဆး အနားယူေနရဲ႕လား"

စစ္သူႀကီးသည္ မ်က္ႏွာပ်က္ယြင္းစြာျဖင့္ ျပန္လည္ေျဖၾကားလာသည္။

"ဟြားေအာ္က အရွင္မင္းႀကီး အဆိပ္ေျဖဖို႔ ဟူရာ ေခ်ာက္ကမ္းပါးမွာ ေ႐ႊၾကာပန္း သြားရွာပါတယ္"

ၾကားလိုက္ရေသာ စကားေၾကာင့္ ရွင္းယြဲ႕ ထိတ္လန့္သြားရသည္။ ဟူရာေခ်ာက္ကမ္းပါးသည္ လြန္စြာ အႏၲရာယ္မ်ားေသာ ေနရာပင္။ ရီဟြားကဲ့သို႔ ႏူးညံ့ေသာေကာင္ေလး တစ္ေယာက္တည္းသြားျခင္းက အႏၲရာယ္ကို လက္ယက္ဖိတ္ေခၚေနျခင္းျဖစ္သည္။

ရွင္းယြဲ႕ စစ္သူႀကီး၏နံေဘးတြင္ ေခါင္းငုံ႕ရပ္ေနေသာ ယြီေလးအား စူးရဲစြာ စိုက္ၾကည့္လိုက္သည္။ သူ ေသခ်ာဂ႐ုစိုက္ေစာင့္ေရွာက္ရန္ အမိန႔္ေပးထားေသာ္လည္း တာဝန္မေက်ေပ။

တစ္ဖန္ ေရွာင္ဟြား သူ႕အတြက္ အသက္ကိုပင္ ဂ႐ုမစိုက္ ေ႐ႊၾကာပန္းသြားယူျခင္းအား ေတြးမိေသာအခါတြင္မူ သူ ေပ်ာ္႐ႊင္သြားရ၏။ ေရွာင္ဟြားသည္လည္း သူ၏ ခံစားခ်က္ႏွင့္ ထပ္တူခံစားရမည္ဟု ယုံၾကည္သည္။

အစပထမတြင္ ထူးဆန္းေသာစရိုက္ႏွင့္ ေရွာင္ဟြားအား စိတ္ဝင္စားကာ ေဘးနားေခၚထားခ်င္႐ုံသာ ရွိခဲ့သည္။ ပထမအႀကိမ္ သူ႕အတြက္ အသက္စြန႔္ကာ ဓားထိုးခံလိုက္သည့္ အခ်ိန္မွ စ၍ သူ၏ ေရွာင္ဟြားအေပၚ ထားရွိေသာ ခံစားခ်က္မ်ား ေသခ်ာသြားခဲ့ရသည္။

ထိုအခ်ိန္မွ စ၍ ထူးဆန္းေသာ ေကာင္ေလးအား ပို၍ ပို၍ ခ်စ္လာရသည္။ သူ တစ္စုံတစ္ရာမွ် အထိခိုက္မခံနိုင္ေအာင္ ျမတ္နိုးရသည္ထိ သူ၏ ခံစားခ်က္တို႔သည္ ေသခ်ာလာသည္။

ယခု ဒုတိယအႀကိမ္ သူ႕အား ကယ္တင္ရန္ အသက္စြန႔္ကာ ေျဖေဆးသြားရွာခ်ိန္တြင္မူ သူ၏ခံစားခ်က္တို႔သည္ နက္ရွိုင္းသြားခဲ့ေလၿပီ။ ထာဝရ သူ႕ေဘးတြင္ ခ်ဳပ္ေႏွာင္ထားခ်င္လာသည္။ သူ႕အား အရမ္းဂ႐ုစိုက္ေသာ ထိုေကာင္ေလးအား သူသာလွ်င္ ပိုင္ဆိုင္ခ်င္သည္။ သူသာလွ်င္ ထိုေကာင္ေလးအား ဂ႐ုစိုက္ခြင့္ ရွိခ်င္သည္။

အမေတာ္ႏွင့္ ေရွာင္အန္းမွ လြဲ၍ သူ႕အေပၚ စိတ္ရင္းႏွင့္ေကာင္းသူဟူ၍ မည္သူမွ် မရွိခဲ့။ အက်ိဳးလိုမွ ပူေဇာ္ဆည္းကပ္ၾကသည့္ သူ၏ တန္ခိုးႀကီးမႈအား ေၾကာက္႐ြံ႕ၾကေသာ ဤေလာကႀကီးတြင္ ေသြးမေတာ္သားမစပ္ေသာ္လည္း စိတ္ရင္းႏွင့္ေကာင္းေပးသူ ေရွာင္ဟြားအား သူ လုံးဝ လက္မလႊတ္နိုင္ေတာ့ေပ။

သူ႕အား အၿပဳံးမ်ား အၿမဲဖန္တီးေပးနိုင္သူ၊ ေက်ာက္တုံးကဲ့သို႔ မာေက်ာေနေသာ သူ႕ႏွလုံးသားအား အရည္ေပ်ာ္ေစနိုင္သူ၊ သူအရမ္းခ်စ္ရေသာ ေရွာင္ဟြား မရွိသည့္ အထီးက်န္အခ်ိန္မ်ားအား သူ ျပန္မသြားခ်င္ေတာ့။ ထိုေကာင္ေလးအတြက္ဆို သူသည္လည္း အသက္စြန႔္နိုင္ေသာ လူတစ္ေယာက္ျဖစ္လာေလၿပီ။

သူ ခ်က္ခ်င္း ေရွာင္ဟြားေရာက္ေနေသာ ဟူရာေခ်ာက္ကမ္းပါးဆီ အစြမ္းျဖင့္သြားရန္ ျပင္လိုက္သည္။ သူ ပင္ပန္းေသာေၾကာင့္ ခဏတာ အိပ္စက္မိသည္မွာ တေန႕တာနီးပါး ရွိေနၿပီ။

စိုးရိမ္လြန္းေနေသာေၾကာင့္ နန္းေဆာင္ထဲရွိ လူမ်ားအား ဂ႐ုမစိုက္နိုင္ေတာ့။ ထိုစဥ္ နန္းေဆာင္တံခါးပြင့္ဟလာၿပီး နန္းေဆာင္ထဲသို႔ လူတစ္ေယာက္ ဝင္လာသည္။ သူ အရမ္းေတြ႕ခ်င္ေနသည့္လူပင္။ လက္ထဲတြင္ ေ႐ႊၾကာပန္းအား ကိုင္ထားၿပီး အိပ္ရာထက္ ထိုင္ေနေသာ သူ႕အား ျပဴးေၾကာင္ၾကည့္ေနသည္။

သူ ခ်က္ခ်င္း ထလိုက္ၿပီး ေရွာင္ဟြားဆီသြားကာ ေပြ႕ဖက္ထားလိုက္သည္။ ေရွာင္ဟြားဆီမွ ထြက္ေပၚေနေသာ က်န္းဖုန္း၏ အေရာင္အဝါမ်ားေၾကာင့္ သူ စိတ္တိုသြားရ၏။

သူ ခဏတာ အိပ္ေပ်ာ္ေနခ်ိန္တြင္ က်န္းဖုန္း ေရွာင္ဟြားေနာက္သို႔ လိုက္သြားျခင္း ျဖစ္ေလာက္သည္။ ဖက္ထားေသာ လက္တစ္ဖက္အား ျဖန႔္ကာ က်န္းဖုန္း ေပးထားခဲ့သည့္ အေရာင္အဝါမ်ားအား ေပ်ာက္ကြယ္သြားေအာင္ လုပ္လိုက္၏။ က်န္းဖုန္း၏ အေငြ႕အသက္မ်ား မရွိေတာ့ေသာအခါမွ သူ စိတ္ေက်နပ္သြားသည္။

'က်န္းဖုန္း မင္းနဲ႕ငါ စာရင္းရွင္းၾကတာေပါ့!'

သူ၏ အေတြးအား ေရွာင္ဟြား၏ စကားသံကရပ္တန႔္သြားေစသည္။

"ရွင္း ကြၽန္ေတာ့္ကို လႊတ္ေပးဦး...ဖက္ထားတာ အသက္ရႈၾကပ္ေနၿပီ"

ေရွာင္ဟြား၏ စကားသံေၾကာင့္ သူ ေရွာင္ဟြားကိုယ္အား တင္းၾကပ္စြာ ဖက္ထားသည့္ လက္မ်ားကို လႊတ္ေပးလိုက္ရသည္။

ထို႔ေနာက္ ေရွာင္ဟြား၏ ပုခုံးႏွစ္ဖက္အား ကိုင္ကာ ေျခဆုံးေခါင္းဆုံး ၾကည့္လိုက္သည္။

"ေရွာင္ဟြား ဘာျဖစ္သြားေသးလဲ...တစ္ခုခု ထိခိုက္တဲ့ေနရာရွိလား"

ရီဟြား လြန္စြာ စိုးရိမ္ေနပုံရေသာ ရွင္းအား ၿပဳံးျပၿပီး ေျပာလိုက္သည္။

"ထိခိုက္တာေတာ့ မရွိဘူး...ထူးဆန္းတယ္ ရွင္း...ကြၽန္ေတာ္ ေႁမြကိုက္လည္း ခံရတယ္...ေ႐ႊၾကာပန္းခူးတုန္းက လက္ေတြလည္း ပြန္းပဲ့ေနတာ...ေခ်ာက္ကမ္းပါးကလည္း ျပဳတ္က်ေသးတယ္...ဒါမဲ့ ကြၽန္ေတာ္ဘာမွ မျဖစ္ဘူး ဒဏ္ရာေတြလည္း ေပ်ာက္ၿပီး အေကာင္းအတိုင္းပဲ...ၾကည့္ရတာ ေတာင္ေစာင့္နတ္က ကြၽန္ေတာ့္ကို ေစာင့္ေရွာက္လိုက္တာ ျဖစ္မယ္"

ရီဟြား၏ စကားမ်ားေၾကာင့္ နန္းေဆာင္တြင္းရွိ ရွင္းယြဲ႕၊ စစ္သူႀကီး ႏွင့္ ယြီေလးတို႔ သုံးေယာက္လုံး ေသြးေဆာင့္တက္သလို ခံစားလိုက္ရသည္။

ရီဟြား ေရွ႕တည့္တည့္တြင္ ရွိေနေသာ ရွင္းသည္ကေတာ့ အဆိုးဆုံးပင္။

ရီဟြား၏ လက္မ်ားအား ဆြဲယူကာ အေသးစိတ္ၾကည့္ေနေလသည္။

"ကိုယ္ တန္ဖိုးထားရတဲ့ ဒီလက္ေခ်ာင္းရွည္ေလးေတြ တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ...ေရွာင္ဟြား ခႏၶာကိုယ္ တစ္ခုခုျဖစ္သြားရင္ေရာ ဘယ္လိုလုပ္မလဲ...ကိုယ္ ရင္က်ိဳးရမွာ ေရွာင္ဟြား...ေနာင္ဘယ္ေတာ့မွ ခုလို အသက္အႏၲရာယ္ရွိတာမ်ိဳး မလုပ္ရေတာ့ဘူးၾကားလား...ေနာက္တစ္ခါ ခုလို အႏၲရာယ္ရွိတာမ်ိဳးလုပ္ရင္ ကိုယ္တကယ္ မင္းကို အျပစ္ေပးရလိမ့္မယ္"

ေရွာင္ဟြား ရွင္းပုံစံအား ေၾကာင္အစြာ ၾကည့္ရင္း ေရာေယာင္ကာ ေခါင္းညိတ္လိုက္သည္။

"အခု ကိုယ့္နန္းေဆာင္မွာပဲ ေအးေဆးအနားယူဦး...ၿပီးမွ ကိုယ္ မင္းကို အိမ္ေတာ္ျပန္လိုက္ပို႔ေပးမယ္...ဆာေနတယ္မလား ကိုယ္ စားေတာ္ပြဲ ျပင္ခိုင္းလိုက္မယ္"

ရီဟြား လက္ထဲတြင္ ကိုင္ထားေသာ ေ႐ႊၾကာပန္းအား ေၾကာင္အစြာ ၾကည့္ရင္း ေမးလိုက္သည္။

"ဒီၾကာပန္းကေရာ...ရွင္းက ဒီၾကာပန္း မစားရေသးဘဲ ဘယ္လိုေကာင္းလာတာလဲ...သမားေတာ္ႀကီး ေျပာေတာ့ ဒါစားမွ အဆိပ္ေျပမွာဆို...ဘယ္လိုျဖစ္တာလဲ"

သူ၏ အေမးအား ရွင္းက ႏူးညံ့စြာ ၿပဳံး၍ စိုက္ၾကည့္ရင္း ျပန္ေျဖလာသည္။

"ကိုယ္လည္း မသိဘူး...ဒီတိုင္း ျပန္ေကာင္းလာတာပဲ...ၾကည့္ရတာ ကိုယ္က ဘုန္းတန္ခိုးႀကီးတဲ့ ဧကရာဇ္မို႔ ေကာင္းကင္ဘုံက အခြင့္အေရးေပးတာေနမွာ"

ရီဟြား ေ႐ႊၾကာပန္းအားၾကည့္ရင္း စိတ္ပ်က္သလို ျဖစ္သြားရသည္။

"ဒါဆို ကြၽန္ေတာ္ႀကိဳးႀကိဳးစားစား ခူးခဲ့တာ အလကားေပါ့"

ရီဟြား၏ စကားေၾကာင့္ ရွင္း ေရွာင္ဟြားအား ႏွစ္သိမ့္ရန္ ေခါင္းအား ညင္သာစြာ ပြတ္သတ္ေပးလိုက္ေလသည္။

"ဘယ္လိုလုပ္ အလကားျဖစ္မွာလဲ...ေရွာင္ဟြား ကိုယ့္အေပၚထားတဲ့ ေစတနာေတြ ကိုယ္သိလိုက္ရတယ္ေလ...ေရွာင္ဟြား ပင္ပင္ပန္းပန္း ခူးလာတဲ့ ေ႐ႊၾကာပန္းကို ကိုယ္ေသခ်ာသိမ္းထားမယ္...ေနာက္တစ္ခါ ကိုယ္ ၾကာပန္းနက္အဆိပ္ ထပ္မိရင္ သုံးလို႔ရတာေပါ့"

ရီဟြား ရွင္း၏ စကားေၾကာင့္ ထိတ္လန႔္သြားၿပီး ေယာင္ယမ္းကာ ရွင္းပါးစပ္အား သူ၏ လက္တစ္ဖက္ျဖင့္ ခပ္ဖြဖြထိကာ ပိတ္လိုက္သည္။

"ဘာေတြေျပာေနတာလဲ...ဖြ လြဲပါေစ ေခ်ာ္ပါေစ"

ရွင္း သူ၏ ေရွ႕ရွိ ခ်စ္စရာေကာင္ေလးအား စိုက္ၾကည့္ေနလိုက္သည္။ သူ ထိုေကာင္ေလးအား ပို၍ပင္ ခ်စ္ျမတ္နိုးလာရသည္။

"အဟမ္း...အဟမ္း"

ရွင္းေရာ ရီဟြားပါ အသံလာရာ ၿပိဳင္တူၾကည့္လိုက္မိသည္။ စစ္သူႀကီး၏ မ်က္ႏွာသည္ အနည္းငယ္ နီ​ျမန္းေနၿပီး ေခ်ာင္းဟန့္ေနေလသည္။

သမားေတာ္ႀကီး၊ ေရွာင္ကုန္းဇီႏွင့္ ယြီေလးတို႔သည္ေတာ့ တိတ္ဆိတ္စြာ ရွိေနၾက၏။

"မင္းႀကီးလည္း သက္သာၿပီဆိုေတာ့ အကိုႀကီး အိမ္ေတာ္ျပန္လိုက္ဦးမယ္ ဟြားေအာ္...မင္းႀကီးက မယ္ေတာ္ႀကီးနဲ႕ အမတ္ခ်ဳပ္ႀကီးတို႔ရဲ႕ ကိစၥေတြေၾကာင့္ အလုပ္မ်ားဦးမွာ....မင္း​ႀကီးကို မေႏွာင့္ယွက္ေတာ့ဘဲ အကိုႀကီးနဲ႕ ျပန္လိုက္ခဲ့ပါလား...မင္းႀကီး ဟြားေအာ္ကို ကြၽန္ေတာ္မ်ိဳးနဲ႕အတူ အိမ္ေတာ္ ျပန္ေခၚခြင့္ျပဳပါ"

စစ္သူႀကီး၏ စကားေၾကာင့္ ရွင္း အၾကပ္ရိုက္သြားရသည္။ ေရွာင္ဟြားအား သူ႕ေဘးတြင္ ဆက္ရွိေနေစခ်င္ေသာ္လည္း စစ္သူႀကီးသည္ကေတာ့ ျပန္ေခၚခ်င္ေနပုံရသည္။

"ရွင္းက သက္သာကာစ ဆိုေတာ့ ကြၽန္ေတာ္ရွင္းနဲ႕ ေနခဲ့လိုက္ပါမယ္ အကိုႀကီး...သိပ္မၾကာခင္ အိမ္ေတာ္ျပန္ခဲ့မွာမို႔ ကြၽန္ေတာ့္ကို စိတ္မပူပါနဲ႕"

ေရွာင္ဟြားစကားေၾကာင့္ ရွင္း အံ့ၾသသြားရသည္။ အကိုအား အရမ္းခ်စ္သည့္ ေကာင္ေလးက သူနဲ႕ေနခဲ့မည္ဟု ေျပာမည္ မထင္ေသာေၾကာင့္ပင္။

အျငင္းခံလိုက္ရေသာ စစ္သူႀကီးသည္လည္း စိတ္မသက္မသာျဖစ္သြားရသည္။

"အဲဒါဆို ကြၽန္ေတာ္မ်ိဳးကို ျပန္ခြင့္ျပဳပါ အရွင္မင္းႀကီး"

စစ္သူႀကီးသည္ ႏႈတ္ဆက္အရိုအေသျပဳလိုက္ၿပီး ယြီေလးဘက္ လွည့္ကာေျပာလိုက္သည္။

"ယြီေလး ငါနဲ႕တစ္ခါတည္း ျပန္လိုက္ခဲ့"

"ဟုတ္ကဲ့ စစ္သူႀကီး"

ထို႔ေနာက္ ယြီေလးသည္ မင္းႀကီးဘက္လွည့္ကာ အရိုအေသျပဳလိုက္ၿပီးေနာက္ စစ္သူႀကီးေနာက္ လိုက္ကာ ထြက္သြားေလသည္။

သမားေတာ္ႀကီးႏွင့္ ေရွာင္ကုန္းဇီသည္လည္း မင္းႀကီးအရိပ္အကဲအားသိစြာ ႏႈတ္ဆက္ဂါရဝျပဳၿပီး နန္းေဆာင္ထဲမွ ထြက္သြားေလေတာ့သည္။

************************

"အရွင္"

ဟိုင္ဝမ္ အျပင္မွ ျပန္လာသည္ႏွင့္ တိတ္ဆိတ္လြန္းေနေသာ သူ၏ အရွင္အား အရိုအေသျပဳကာ ေခၚဆိုလိုက္သည္။

"ငါ တစ္ေယာက္တည္း ေနခ်င္တယ္ ဟိုင္ဝမ္"

"မွန္ပါအရွင္"

သူ၏အရွင္ စိတ္အေျခအေန မေကာင္းသည္ကို ဟိုင္ဝမ္ သိရွိေသာေၾကာင့္ အခန္းထဲမွ တိတ္ဆိတ္စြာ ထြက္သြားလိုက္သည္။

"ရွင္းယြဲ႕ ငါတို႔က တကယ္ေရစက္ဆိုးပဲ"

အခန္းထဲတြင္ ရွိေနေသာသူသည္ တစ္ေယာက္တည္း တိုးညွင္းစြာ ေျပာဆိုလိုက္သည္။

"ႏွစ္ေထာင္ခ်ီ ရွင္သန္ၿပီးတဲ့ေနာက္မွာ ပထမဆုံးအေနနဲ႕ ငါပိုင္ဆိုင္ခ်င္တဲ့ အရာကို ရွာေတြ႕ၿပီ...ရွင္းယြဲ႕ ငါ့ကို အေႏွာင့္အယွက္ေပးတဲ့သူက မင္းျဖစ္ေနလည္း ငါ သူ႕ကို လုံးဝ လက္ေလ်ာ့မွာ မဟုတ္ဘူး"

စူးရွေတာက္ပေသာ မ်က္ဝန္းနက္မ်ားသည္ ပို၍ လင္းလက္ေတာက္ပေနေလသည္။

************************

Continue Reading

You'll Also Like

10.2K 883 12
Zawgyi __ပံုျပင္ေလးကေတာ့ ဒီလိုစတယ္ကြဲ႕ တစ္ခါတုန္းက စိတ္ဓာတ္ေတြက်ၿပီး ေလာကႀကီးကို အရွံုးေပးေတာ့မယ့္ ေကာင္ေလးတစ္ေယာက္ရွိသတဲ့ကြယ္ အဲ့ေကာင္ေလးရဲ႕ေနာက္ဆံ...
122K 14.6K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
33.8K 1.4K 26
လိုချင်တာ​တွေများတဲ့အခါ ဖြစ်မလာတာ​တွေရှိတယ်။ ​မျော်လင့်ချက်​တွေများတဲ့အခါ လိုက်မမှီတာ​တွေရှိတယ်။ဒီဇာတ်လမ်း​လေးက သာယာတဲ့ဘဝကိုလိုချင်ခဲ့တဲ့​ကောင်​လေးတစ...
383K 33.2K 62
About a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi)