Unicode
အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း
ဧည့်ခန်းမဆောင်အလယ်တွင် ကပြဖျော်ဖြေနေကြသော အမျိုးသမီးတစ်စုရှိနေကြသည်။
ခန်းမဆောင်ထိပ်ဆုံး အစားအသောက်များ တည်ခင်းထားသောနေရာတွင် မင်းကြီးရှိနေပြီး မင်းကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် မွေးနေ့ရှင်မယ်တော်ကြီး ရှိနေသည်။
ညာဘက်ထောင့်စွန်းထိပ်ရှိ ထိုင်ခုံများတွင် ဝမ်ရယ်ကျောက်ဟွမ်၊ တောင်ဝင်မင်းသမီး ရီရီနှင့် အမတ်အချို့ ရှိနေကြပြီး ဘယ်ဘက်ထောင့်စွန်းတွင်မူ စစ်သူကြီး၊ အမတ်ချုပ်ကြီးနှင့် အမတ်အချို့ ရှိနေကြသည်။
အမတ်များကြားထဲတွင် ရီဟွားတစ်ယောက် အေးဆေးစွာ ထိုင်နေလေသည်။ အဆင့်အရ ထိုင်ရခြင်းဖြစ်သောကြောင့် သူ ရှိသောနေရာနှင့် မင်းကြီးရှိသောနေရာသည် အတော်ကွာဝေးလှသည်။
ရီဟွား အတော်လှမ်းလှမ်းတွင် ရှိနေသော ရှင်းအား လှမ်းကြည့်နေလိုက်သည်။ ထူးဆန်းစွာပင် ရှင်းကသူ့အား ကြည့်မနေပေ။ မျက်ဝန်းများက ကပြဖျော်ဖြေနေသော အမျိုးသမီးများထံတွင် ရှိနေသည်။ ရီဟွား စိတ်တိုသွားရသည်။ ရှေ့တွင် တည်ခင်းထားသော စားစရာများအားလည်း စားချင်စိတ်မရှိတော့။
မကြာခင် အမတ်ချုပ်ကြီးသည် သူ ရှိနေသော နေရာမှ မတ်တပ်ရပ်လိုက်ပြီး သေရည်တစ်ခွက်အား မြှောက်ကိုင်ကာ မယ်တော်ကြီးဘက် ဦးတည်လိုက်သည်။
"မယ်တော်ကြီး မွေးနေ့ကို ဂုဏ်ပြုပါတယ်"
မယ်တော်ကြီးသည်လည်း ပြုံးရွှင်စွာဖြင့် သူ၏ ရှေ့ရှိ သေရည်ခွက်အား မြှောက်ပြလိုက်သည်။ ထို့နောက် နှစ်ယောက်တစ်ပြိုင်တည်း မော့ချလိုက်လေသည်။
အမတ်ချုပ်ကြီးသည် ထပ်၍ သေရည်တစ်ခွက်အား ငှဲ့ကာ မြှောက်ကိုင်လိုက်ပြီး မင်းကြီးဘက်သို့ ဦးတည်လိုက်သည်။
"မင်းကြီးကိုလည်း ကျွန်တော်မျိုး ဂါရဝပြုပါတယ်"
ရီဟွား ပွဲစကတည်းက ရှင်းအား ကြည့်နေခြင်းပင်။ ရှင်းသည် သေရည်ခွက်အား ခုထိ မထိကိုင်ရသေးပေ။ ဂါရဝပြု သေရည်အား ငြင်းခြင်းသည် ရိုင်းစိုင်းသော အလေ့အထ ဖြစ်သောကြောင့် ရှင်း သေချာပေါက် သေရည်သောက်ရပေလိမ့်မည်။
ထူးဆန်းစွာပင် ရီဟွားရင်ထဲ၌ လေးလံလာ၏။ အဘယ်ကြောင့် ထိုသို့ဖြစ်လာမှန်းကိုမူ သူ မသိပေ။
ရှင်းသည် အစကတည်းက ငှဲ့ထားသော သေရည်ခွက်အား မြှောက်ကိုင်လိုက်သည်။ ထို့နောက် နှုတ်ခမ်းနားတေ့ကာ သောက်ရန် ပြင်လိုက်သည်။ အမတ်ချုပ်ကြီးသည်လည်း ထိုနည်းတူစွာပင်။
ရုတ်တရင် အမတ်ချုပ်ကြီး၏ မျက်ဝန်းများသည် ရှင်း ကိုင်ထားသော သေရည်ခွက်အား မျက်တောင်မခတ်စိုက်ကြည့်နေပြီး မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာသောကြောင့် ရီဟွား လွန်စွာ စိုးရိမ်သွားရသည်။ သူ ကျယ်လောင်စွာ လှမ်းအော်လိုက်၏။
"ရှင်း မသောက်နဲ့"
သို့သော် သူ၏အော်သံသည် နောက်ကျသွားသည်။ ရှင်းသည် သေရည်အား သောက်လိုက်ပြီးလေပြီ။ ရှင်း၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီးနောက် သတိလစ် မေ့မျောသွားလေတော့သည်။
ခန်းမအတွင်းရှိ လူများအားလုံးသည် စိုးရိမ်ထိတ်လန့်သွားကြသည်။ အမတ်ချုပ်ကြီးနှင့် မယ်တော်ကြီး အပါအဝင်ပင်။
သူတို့မင်းကြီးအား သုံးထားသော အဆိပ်သည် သုံးရက်ခန့်ကြာမှ ဆေးစွမ်းပြကာ ရောဂါရှာဖွေ မရဘဲ သေဆုံးမည့် အဆိပ်ဖြစ်သည်။ ယခုကဲ့သို့ လျင်မြန်စွာ ဆေးစွမ်းပြမည်ဟု မထင်ထားခဲ့။ သူတို့ စီစဉ်ထားသော အစီအစဉ်နှင့် လွဲချော်နေသည်။
ရီဟွား ရှင်းရှိရာ နေရာသို့ လျင်မြန်စွာ ပြေးသွားလိုက်ပြီး ထိုင်ခုံပေါ် လဲကျနေသော ရှင်း၏ကိုယ်အား ဆွဲထူကာ ထိုင်ခုံစွန်းတွင်ထိုင်လျက် ပွေ့ထားလိုက်မိသည်။ စိုးရိမ်ပူပန်စိတ်များဖြင့် သူ ဘာကိုမှ သတိမမူနိုင်တော့။ အကုန်လုံးသည် ထိတ်လန့်တုန်လှုပ်နေသောကြောင့် အချိန်တော်တော်ကြာ သတိမဝင်နိုင်ကြ။
ရီဟွား အခန်းထဲရှိ လူများအား အော်ဟစ်လိုက်သည်။
"ဘာလုပ်နေကြတာလဲ...ခုချက်ချင်း သမားတော်ခေါ်"
သတိဝင်သွားသော ရှောင်ကုန်းဇီသည် လျင်မြန်စွာ ခန်းမမှ ထွက်ကာ သမားတော် သွားခေါ်လေသည်။
"အကိုကြီး ဒီထဲက အကိုကြီး လက်အောက် လူတွေကို အမိန့်ပေးလိုက်...ဒီခန်းမဆောင်ထဲက လူတွေအကုန် တစ်ယောက်မှ အပြင်ထွက်မသွားပါစေနဲ့"
စစ်သူကြီးသည် ချက်ချင်းပင် သူ၏ လက်အောက်စစ်သည်များအား အမိန့်ပေးလိုက်ပြီး ခန်းမဆောင်အား ဝန်းရံလိုက်သည်။ ခန်းမဆောင်ထဲရှိ လူများ ဘယ်သူမှ အပြင်မထွက်နိုင်ကြတော့။
မကြာမီ ရှောင်ကုန်းဇီနှင့် သမားတော်ကြီးတို့ ရောက်လာကြသည်။ သမားတော်ကြီးသည် မင်းကြီးအား စမ်းသပ်လိုက်သည်။
"မင်းကြီးက ကြာပန်းနက်အဆိပ်ကို မိထားတာပါ...ဒီအဆိပ်က မိပြီဆိုရင် လက္ခဏာပြ အရမ်းမြန်ပါတယ်"
သမားတော်ကြီး၏ စကားကြောင့် ရီဟွား အရမ်းအံ့သြသွားရသည်။ ခုလို မွေးနေ့အခမ်းအနားပွဲကြီးတွင် လက္ခဏာချက်ချင်းပြသော အဆိပ်အား သုံးသူသည် တကယ်သတ္တိကောင်းလွန်းသူပင်။
"အဆိပ်ဖြေဆေးရှိလား...အဆိပ်ဖြေဖို့ အချိန်ဘယ်လောက်ရလဲ"
ရီဟွား သမားတော်ကြီးအား စိတ်ပူစွာ အမြန်မေးလိုက်သည်။
"ကြာပန်းနက်အဆိပ်ကို ရွှေကြာပန်းက ဖြေနိုင်ပါတယ်...အချိန်က သုံးရက်ရပါတယ်...ခက်တာက ရွှေကြာပန်းက အရမ်းရှားပါးတာပါ...ဟူရာ ချောက်ကမ်းပါးမှာဘဲ ပေါက်တယ်...ဟူရာကျောက်ကမ်းပါးကို သွားဖို့က အရမ်းအန္တရာယ်များတော့"
"အဲဒီကိစ္စစိတ်မပူနဲ့...ကျွန်တော် သွားမယ်"
ရီဟွား သမားတော်ကြီးအား လျင်မြန်စွာ ပြောလိုက်ပြီးနောက် အကိုကြီးဘက်လှည့်ကာ ပြောလိုက်သည်။
"အကိုကြီး ဒီထဲမှာ အဆိပ်ခတ်တဲ့သူရှိတယ်...ရာထူးကြီး ရာထူးငယ် ထည့်မတွက်ဘဲ မသင်္ကာစရာ အကုန်ရှာ"
ရီဟွား အသံကြောင့် ခန်းမဆောင်ထဲရှိ ပွဲကြည့်နေသူများ အားလုံး စိုးရိမ်သွားကြတော့သည်။ သမားတော်ကြီးသည် စစ်သူကြီးဘက် လှည့်ကာ ပြောလိုက်သည်။
"ကြာပန်းနက် အဆိပ်က အရမ်းအနံ့ပြင်းတယ်...ကိုင်ထားခဲ့တဲ့သူရဲ့ ကိုယ်မှာ အနံ့စွဲနေလိမ့်မယ်"
"ကောင်းပြီ...ညီအကိုတို့ သေချာရှာဖွေကြ"
စစ်သူကြီး၏ လက်အောက်ငယ်သားညီအကိုတို့သည် ရှာဖွေရန် ပြင်လိုက်ကြသည်။
ခန်းမဆောင် ထုပ်တန်းပေါ်တွင် အရိပ်ကိုယ်ရံတော်ခေါင်းဆောင် ချန်းသည် အခြေအနေအား စောင့်ကြည့်နေသည်။
မင်းကြီး မေ့လဲသွားသည်နှင့် သူ့အား တာဝန်စလုပ်ရန် အမိန့်ပေးထားသော်လည်း သခင်လေးရီဟွားကြောင့် တော်တော်ကြာသည်ထိ သူ အခြေနေစောင့်ကြည့်နေရသည်။ ယခုအချိန်တွင်တော့ သူ ဝင်ပါရန် အချိန်ကျလေပြီ။
ထုပ်တန်းပေါ်မှ သူ ခုန်ဆင်းလိုက်သည်။ ခန်းမဆောင်ထဲရှိ လူအားလုံး၏ အကြည့်သည် သူ့ဆီသို့ ရောက်ရှိလာသည်။
"မင်းကြီးကို ဘယ်သူ အဆိပ်ခတ်လဲဆိုတာ ကျွန်တော်သိတယ်"
သူ၏ အပြောကြောင့် အားလုံးသည် စိတ်ဝင်တစား သူ့အဖြေအား နားထောင်နေကြသည်။ သူ၏ လက်ညိုးတို့ ဦးတည်ရာသည် အမတ်ချုပ်ကြီးထံရောက်ရှိသွားသည်။
"သူပဲ"
အကုန်လုံး အံ့အားသင့်သွားကြရသည်။ အမတ်ချုပ်ကြီးကမူ စတင်ငြင်းဆန်လေတော့သည်။
"ငါ မဟုတ်ဘူး...ငါ့ကို မစွပ်စွဲနဲ့"
အရိပ်ကိုယ်ရံတော်ခေါင်းဆောင်သည် လက်နှစ်ဖက်အား စု၍ လက်ခုပ်တီးလိုက်သည်နှင့်တစ်ပြိုင်နက် လေးဖက်လေးတန် ပြတင်းပေါက်မှ အရိပ်ကိုယ်ရံတော်ဆယ်ယောက်ခန့်သည် ခန်းမဆောင်ထဲ ခုန်ဝင်ကာ ရောက်လာကြသည်။
အရိပ်ကိုယ်ရံတော် တစ်ယောက်သည် မျက်နှာအား အမဲရောင်ခေါင်းစွပ် စွပ်ထားပြီး ကြိုးတုပ်ခံထားရသူတစ်ယောက်အား အင်္ကျီဂုတ်မှ ကိုင်၍ ခန်းမဆောင်ထဲ ဆွဲခေါ်လာသည်။ ထိုလူအား ခန်းမဆောင်ထဲတွင် ဒူးထောက်၍ ရှိနေစေလိုက်သည်။
"အမတ်ချုပ်ကြီး ခန္ဓာကိုယ်ပေါ်ရှာလိုက်"
အရိပ်ကိုယ်ရံတော်ခေါင်းဆောင်၏ စကားကြောင့် အရိပ်ကိုယ်ရံတော်တစ်ယောက်သည် အမတ်ချုပ်ကြီး ခန္ဓာကိုယ်ပေါ် စတင်ရှာဖွေလိုက်သည်။ အင်္ကျီအတွင်းပိုင်းမှ ဆေးပုလင်းတစ်လုံး ထွက်လာလေသည်။
ခန်းမထဲရှိနေသူအားလုံး အံ့သြဆွံ့အသွားကြသလို အမတ်ချုပ်ကြီး၏ မျက်နှာသည်လည်း သွေးဆုတ်ဖြူလျော်သွားသည်။ ထိုပုလင်း သူ၏ အင်္ကျီအတွင်းပိုင်းထဲ ရှိနေခြင်းအား သူ လုံးဝမခံစားမိ။ အဘယ်ကြောင့် သူ မသိသောထိုပုလင်းသည် သူ၏ အင်္ကျီထဲရောက်နေရသနည်း။
အရိပ်ကိုယ်ရံတော်သည် ပုလင်းအား သမားတော်ကြီးဘက် ကမ်းပေးလိုက်သည်။ သမားတော်ကြီးက ဆေးပုလင်းအား ဖွင့်ကာ နမ်းကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလာလေ၏။
"ဟုတ်ပါတယ် ဒါကြာပန်းနက် အဆိပ်ပါ"
အမတ်ချုပ်ကြီးသည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် ငြင်းဆန်လေတော့သည်။
"မဟုတ်ဘူး တစ်ခုခုမှားနေပြီ...ငါ အဆိပ်မခတ်ဘူး"
"ဒီလောက် ပစ္စည်းသက်သေရှိတာတောင် ငြင်းနေသေးတာလား...ဒီအဆိပ်ပုလင်းက ခင်ဗျား ကိုယ်ပေါ်ကပဲ...ထပ်ပြီး အဲဒီလူရဲ့ ဝန်ခံချက်ကို အကုန်လုံးကို ပေးသိလိုက်"
အရိပ်ကိုယ်ရံတော်ခေါင်းဆောင်ချန်း စကားကြောင့် အရိပ်ကိုယ်ရံတော်တစ်ယောက် ကြိုးဖြင့်တုပ်နှောင်ခံထားရသူ၏ မျက်နှာအား အုပ်ထားသော အဝတ်မည်းစကို ဆွဲချွတ်လိုက်သည်။
"အဲဒီလူက အရင်တစ်ခါ မင်းကြီးကို လုပ်ကြံတုန်းက ဖမ်းမိတဲ့ လုပ်ကြံသူတွေရဲ့ ခေါင်းဆောင်ပဲ"
ခန်းမဆောင်ထဲရှိ လူများသည် မယ်တော်ကြီးမွေးနေ့တွင် ဖြစ်ပျက်နေသော အခြေအနေတို့အား နားမလည်နိုင် ဖြစ်နေကြရသည်။
ရီဟွားသည်လည်း ထပ်တူ နားမလည်နိုင်ဖြစ်နေရသည်။ အဆိပ်ခတ်သူတစ်ယောက်သည် အဆိပ်ပုလင်းအား ကိုယ်နဲ့မကွာ ဆောင်ထားရအောင်ထိ မည်သူမျှ မရူးမိုက်။ သို့သော် ထိုသို့သော အတွေးသည် သူ တစ်ယောက်တည်းတွင်သာ ရှိနေပုံရသည်။
"မင်းတို့ကို ခိုင်းစေတဲ့ နောက်ကွယ်ကလူ ဘယ်သူလဲ"
အရိပ် ကိုယ်ရံတော်ခေါင်းဆောင်၏ အမေးအား လုပ်ကြံသူက ပြန်လည်ဖြေကြားလာသည်။
"မယ်တော်ကြီးပါ"
ခန်းမဆောင်အတွင်း အုံးအုံးကျွတ်ကျွတ် ဆူညံသွားသည်။
"မောင်မင်း ဘာလို့ ငါ မယ်တော်ကြီးကို လာစွပ်စွဲနေရတာလဲ...အသက်မရှင်ချင်တော့ဘူးလား"
ထိုစဉ် အရိပ်ကိုယ်ရံတော် ခေါင်းဆောင်ချန်းသည် တံခါးအပြင်သို့ ကြည့်ကာ လှမ်းပြောလိုက်သည်။
"ဝင်ခဲ့"
တံခါးပွင့်လာပြီးနောက် ခန်းမထဲသို့ အစေခံမလေးတစ်ယောက် ဝင်လာသည်။ မယ်တော်ကြီး၏ မျက်နှာသည် လွန်စွာ ပျက်ယွင်းသွားလေတော့သည်။
"မင်း တွေ့မြင်ခဲ့တာကို အမှန်အတိုင်း လျှောက်တင်လိုက်"
"ဟုတ်ကဲ့ ကျွန်တော်မျိုးမက မယ်တော်ကြီးရဲ့ အနီးကပ်အစေခံ အန်းလင်ပါ...မယ်တော်ကြီးနဲ့ အမတ်ချုပ်ကြီးတို့ မယ်တော်ကြီး နန်းဆောင်မှာ ခဏခဏတွေ့ဆုံဖြစ်ကြပါတယ်...တစ်နေ့ ကျွန်တော်မျိုးမ...မယ်တော်ကြီးက အမတ်ချုပ်ကြီးကို မင်းကြီးလုပ်ကြံဖို့ စေခိုင်းနေတဲ့အကြောင်း အမှတ်မထင် ကြားလိုက်ရပါတယ်..သူတို့အစီအစဉ်က မင်းကြီးကို လုပ်ကြံပြီး ဝမ်ရယ်ကို နန်းတင်ဖို့ပါ...ကျွန်တော်မျိုးမ ထိတ်လန့်ပြီး မင်းကြီးကိုသွားလျှောက်တင်တော့ မင်းကြီးက ခုပွဲတော်မှာ ဖော်ထုတ်မယ်...ဘာမှ မသိသလို မယ်တော်ကြီးအပါး ဆက်ခစားပေးဆိုလို့ ကျွန်တော်မျိုးမ မသိချင်ယောင်ဆောင်ပြီး ဆက်ခစားနေခဲ့တာပါ"
ထိုအစေခံမလေး၏ စကားအဆုံး နန်းရင်ပြင်တွင် ဆူညံသံတို့ ထွက်ပေါ်လာသည်။
"မင်း...မင်းလို အစေခံလေး တစ်ယောက်က ငါ မယ်တော်ကြီးကို ချောက်ချရဲတယ်ပေါ့"
ဒေါသထွက်နေသော မယ်တော်ကြီးစကားအား အမှန်တရားဟု မည်သူမှ မယုံကြည်ကြတော့။ သက်သေများက တစ်ခုပြီးတစ်ခုပေါ်နေသည်။ မယ်တော်ကြီးနှင့် အဆိပ်ခတ်သောအမတ်ချုပ်ကြီးတို့ မည်မျှရင်းနှီးကြောင်းကိုလည်း နန်းတော်ထဲရှိ လူတိုင်းသိကြသည်။
"မင်းကြီးက အရာအားလုံးဖော်ထုတ်ဖို့ စီစဉ်ထားတာ...မထင်မှတ်ဘဲ ထပ်ပြီး အဆိပ်ခတ်ခံလိုက်ရတယ်...လူသက်သေရော ပစ္စည်းသက်သေရော စုံနေပြီ..မယ်တော်ကြီးနဲ့ အမတ်ချုပ်ကြီး ထပ်ငြင်းဆန်နေဦးမှာလား...သူတို့ကို ဖမ်းချုပ်လိုက်တော့"
အရိပ်ကိုယ်ရံတော်ခေါင်းဆောင်ချန်း၏ စကားဆုံးသည်နှင့် ဝမ်ရယ်ဆီမှ စကားသံထွက်ပေါ်လာသည်။
"ရပ်လိုက်...မင်းက ကိုယ်ရံတော် တစ်ယောက်ပဲ... မင်းမှာ အမိန့်ပေးပိုင်ခွင့် မရှိဘူး"
"စစ်သူကြီးက အမိန့်ပေးရင် ရတယ်မလား...စစ်သူကြီး သက်သေတွေ စုံလင်နေပြီ...ဖမ်းချုပ်မိန့်ချပေးပါ...သူတို့ကို စီရင်ဖို့ကတော့ မင်းကြီး အဆိပ်ပြေတဲ့အခါ ဆုံးဖြတ်ပါစေ"
အရိပ်ကိုယ်ရံတော်သည် စစ်သူကြီးဘက်သို့ လှည့်ကာပြောလိုက်လေသည်။
တော်ဝင် မင်းသမီးရီရီက စစ်သူကြီးအား တောင်းပန်သော အကြည့်များဖြင့် ကြည့်ကာ တောင်းဆိုလာ၏။
"စစ်သူကြီး တစ်ခုခုတော့ မှားယွင်းနေတာပါ...ကျေးဇူးပြုပြီး သေချာပြန်စစ်ဆေးပေးပါ...မယ်တော့်ကို ဖမ်းဆီးမိန့် မချပါနဲ့ဦး"
တော်ဝင်မင်းသမီး ရီရီ၏ စကားအား ကြားကာ ဝေခွဲရခက်နေသော အကိုကြီးအား ကြည့်၍ ရီဟွား သူ ဝင်ပါရတော့မည်ဖြစ်ကြောင်း နားလည်လိုက်သည်။
"ဝမ်ရယ်ရော မင်းသမီးရော လက်မခံနိုင်ကြဘူးဆိုတာ သိပါတယ်...ဒါပေမဲ့ သက်သေတွေက ခိုင်လုံနေပြီ...လူသက်သေရော ပစ္စည်းသက်သေပါ ရှိနေတယ်...မင်းကြီးကို လုပ်ကြံမှုဆိုတာ ဆွေစဉ်မျိုးဆက် သတ်ခံရနိုင်တဲ့ ပြစ်မှူကြီးပါ...အကိုကြီးလည်း ဘာမှ ကူညီနိုင်မှာ မဟုတ်ပါဘူး...ခုလက်ရှိ ဖမ်းဆီးမိန့်ချပြီး မင်းကြီး အဆိပ်ပြေလို့ သတိရတဲ့အခါမှပဲ စီရင်တာကို စောင့်ကြတာပေါ့"
ရီဟွားစကားကြားသည်နှင့် စစ်သူကြီးသည် ချက်ချင်း သူ၏ စစ်သည်များအား မယ်တော်ကြီးနှင့် အမတ်ချုပ်ကြီးအား ဖမ်းချုပ်ခိုင်းလိုက်သည်။
"မယ်တော်ကြီးနဲ့ အမတ်ချုပ်ကြီးကို ချုပ်နှောင်လိုက်ကြစမ်း...မြေအောက်အကျဉ်းထောင်မှာ ဖမ်းဆီးထားလိုက်ကြ"
စစ်သည်များက အမိန့်နာခံစွာ ရုန်းကန် ငြင်းဆန်နေသော မယ်တော်ကြီးနှင့် အမတ်ချုပ်ကြီးအား ဖမ်းဆီးခေါ်ဆောင်သွားကြတော့သည်။
ဝမ်ရယ်သည် မျက်နှာပျက်ယွင်းစွာဖြင့် ခန်းမဆောင်ထဲမှ ထွက်သွားသည်။ တော်ဝင်မင်းသမီး ရီရီသည်လည်း စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် သူ(မ) အကိုတော်နောက်မှ လိုက်သွားလေသည်။
ဓားများကိုင်ကာ ခန်းမဆောင်အား ဝိုင်းထားကြသော စစ်သည်များသည်လည်း ဓားများပြန်သိမ်းလိုက်ကြသည်။
ကိစ္စအားလုံး ရှင်းသည်နှင့် ရီဟွား အော်ဟစ်လိုက်တော့သည်။
"အားလုံး ပြီးပြီမလား...ပြီးပြီဆို ကျွန်တော့်လာကူကြဦး...ကျွန်တော် ရှင်းကို မ,မနိုင်ဘူး...နန်းဆောင်ကို ခေါ်သွားဖို့ ကူမ ပေးကြပါဦး"
အားလုံးသည် ထိုအခါမှသာ သတိဝင်လာကြပြီး မင်းကြီးဟု စိုးရိမ်ပူပန်သော အသံများဖြင့် သံပြိုင်အော်ဟစ်ကာ အနားဝိုင်းလာကြသည်။
တခဏလေးအတွင်းမှာပင် အော်ဟစ်သံ၊ စိုးရိမ်သံ၊ အမိန့်ပေးသံများဖြင့် ခန်းမတစ်ခုလုံး ဆူညံသွားလေတော့သည်။
***********************
"သမားတော်ကြီး ဟူရာချောက်ကမ်းပါးက ရွှေကြာပန်းကို ခူးနိုင်ရင် ရှင်း အဆိပ်ဖြေလို့ရတယ်မလား...ရှင်းကို သေချာဂရုစိုက်ပေးပါ...ကျွန်တော် သွားခူးမယ်"
တိတ်ဆိတ်သော နန်းဆောင်ထဲတွင် ရီဟွား၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"ဟွားအော် ဟူရာချောက်ကမ်းပါးဆိုတာ သားရဲတိရစ္ဆာန်တွေနဲ့ အရမ်းအန္တရာယ်များတဲ့နေရာ...သွားရတာလည်း အရမ်းခက်ခဲတယ်...ဟွားအော် မသွားပါနဲ့...အကိုကြီးပဲ သွားပါ့မယ်"
"အကိုကြီး သွားလို့ မဖြစ်ဘူး...အကိုကြီးက ဒီမှာအာဏာ အရှိဆုံးလူပဲ...ခုလိုချိန် နန်းတွင်းမှာ အကိုကြီး မရှိလို့ မဖြစ်ဘူး...ဒီမှာနေခဲ့ပါ"
စစ်သူကြီး ငြိမ်ကျသွားရသည်။ မင်းကြီး ခုလိုဖြစ်နေချိန်တွင် သေချာပေါက် နန်းတွင်းတွင် သူ မရှိလို့ မဖြစ်ပေ။ အခြေအနေကို စောင့်ကြည့်နေကြသော မျက်လုံးပေါင်းများစွာ ရှိသည်။
"သခင်လေး ကျွန်တော် သွားလိုက်ပါ့မယ်...ကျွန်တော်က သိုင်းကျွမ်းတော့ ကျွန်တော်သွားတာ ပိုအဆင်ပြေမှာပါ"
"မင်းလည်း သွားလို့ မဖြစ်ဘူး...အရိပ်ကိုယ်ရံတော်တွေက မင်းကြီးဘေးမှာ အမြဲရှိနေမှ ဖြစ်မယ်...မင်းကြီးကို ကာကွယ်ပေးရမှာ"
အရိပ်ကိုယ်ရံတော် ခေါင်းဆောင်၏ စကားကိုလည်း ရီဟွား ငြင်းပယ်လိုက်သည်။
"ဟွားအော်က သိုင်းလည်း မတတ်ဘူး...ဒီလောက်အန္တရာယ်များတဲ့နေရာကို သွားခိုင်းဖို့ အကိုကြီး စိတ်မချနိုင်ဘူး"
"ကောင်းပြီ ကျွန်တော် ပြန်စဉ်းစားမယ်"
အကိုကြီး၏ အသည်းအသန် ငြင်းဆန်နေမှုကြောင့် ရီဟွား အကိုကြီးအလိုကျ တခဏတာလက်ခံလိုက်သည်။ သူ လက်တော့မလျော့နိုင်ပေ။ ရှင်းအတွက် သူ ဘာမဆိုလုပ်ပေးနိုင်သည်အထိ သူ၏ စိတ်သည် ပြတ်သားနေသည်။
"အိမ်တော်မှာ သွားအနားယူပါ ဟွားအော်...အခြေအနေကို အကိုကြီး အိမ်တော်ပြန်လာရင် ပြန်ပြောပြမယ်...ရွှေကြာပန်း သွားယူမယ့် ကိစ္စကို တခြားနည်းလမ်း အကိုကြီး စဉ်းစားကြည့်ပါဦးမယ်"
"ဟုတ်ကဲ့ အကိုကြီး"
ရီဟွား အကိုကြီးအား နှုတ်ဆက်ပြီး နန်းဆောင်ထဲမှ ထွက်သွားလိုက်သည်။
နန်းဆောင်ထဲအား စစ်သူကြီးက မည်သူမှ ဝင်ခွင့်မပြုထားသောကြောင့် ရှောင်ကုန်းဇီ၊ စစ်သူကြီး၊ အရိပ်ကိုယ်ရံတော် ခေါင်းဆောင်နှင့် သမားတော်တို့သာ ရှိနေကြသည်။
စစ်သူကြီးသည် ရွှေကြာပန်းအား ယူရန် သူ၏ တပည့်တစ်ယောက်ယောက်အား စေခိုင်းရန်တွေးနေလိုက်သည်။ အချိန်တော်တော်ကြာအောင်ထိ စေခိုင်းမည့်သူအား သူ တွေးမရသေး။ ရုတ်တရက် ရှောင်ကုန်းဇီ၏ အသံသည် သူ၏ အတွေးတို့အား နှောင့်ယှက်လိုက်သည်။
"စစ်သူကြီး...အပြင်က အကြောင်းကြားလာပါတယ်....နန်းဆောင်အပြင်မှာ သခင်လေးအိမ်တော်က ယွီလေးဆိုတဲ့ ကောင်လေး ရောက်နေပါတယ်တဲ့"
ရှောင်ကုန်းဇီစကားကြောင့် စစ်သူကြီး အံ့သြမှင်သက်သွားရသည်။
"သူ့ကို မြန်မြန် ဝင်လာခိုင်းလိုက်"
ယွီလေး အထဲဝင်လာသည်နှင့် စစ်သူကြီးသည် ယွီလေးအား ချက်ချင်းမေးမြန်းလိုက်သည်။
"ယွီလေး ဘယ်လိုလုပ် နန်းတွင်းထဲ ဝင်လာရတာလဲ"
ယွီလေးက သူ၏ အမေးအား မဖြေဘဲ အလောတကြီးပုံစံဖြင့် သူ့အား ပြန်မေးလာသည်။
"စစ်သူကြီး သခင်လေးရော"
"ဟွားအော် ပြန်သွားတာ ကြာပြီလေ...ခုချိန်ဆို အိမ်တော်မှာ နားနေလောက်ပြီ...မင်းက အိမ်တော်ကနေ လာတာ မဟုတ်ဘူးလား"
သူ၏ အဖြေကြောင့် ယွီလေးမျက်နှာထက်တွင် စိုးရိမ်သော အရိပ်အယောင်များ ပေါ်လာလေတော့သည်။
"ကျွန်တော်အိမ်တော်က လာတာ...သခင်လေး အိမ်တော်ကို လုံးဝရောက်မလာဘူး"
ယွီလေးအဖြေကြောင့် စစ်သူကြီးပါ ဆွံအသွားရလေတော့သည်။
**********************
Zawgyi
အပိုင္း(၁၇) မယ္ေတာ္ႀကီးေမြးေန႕ပြဲ၌ အဆိပ္ျဖင့္လုပ္ႀကံခံရျခင္း
ဧည့္ခန္းမေဆာင္အလယ္တြင္ ကျပေဖ်ာ္ေျဖေနၾကေသာ အမ်ိဳးသမီးတစ္စုရွိေနၾကသည္။
ခန္းမေဆာင္ထိပ္ဆုံး အစားအေသာက္မ်ား တည္ခင္းထားေသာေနရာတြင္ မင္းႀကီးရွိေနၿပီး မင္းႀကီး၏ ေဘးတစ္ဖက္တစ္ခ်က္တြင္ ေမြးေန႕ရွင္မယ္ေတာ္ႀကီး ရွိေနသည္။
ညာဘက္ေထာင့္စြန္းထိပ္ရွိ ထိုင္ခုံမ်ားတြင္ ဝမ္ရယ္ေက်ာက္ဟြမ္၊ ေတာင္ဝင္မင္းသမီး ရီရီႏွင့္ အမတ္အခ်ိဳ႕ ရွိေနၾကၿပီး ဘယ္ဘက္ေထာင့္စြန္းတြင္မူ စစ္သူႀကီး၊ အမတ္ခ်ဳပ္ႀကီးႏွင့္ အမတ္အခ်ိဳ႕ ရွိေနၾကသည္။
အမတ္မ်ားၾကားထဲတြင္ ရီဟြားတစ္ေယာက္ ေအးေဆးစြာ ထိုင္ေနေလသည္။ အဆင့္အရ ထိုင္ရျခင္းျဖစ္ေသာေၾကာင့္ သူ ရွိေသာေနရာႏွင့္ မင္းႀကီးရွိေသာေနရာသည္ အေတာ္ကြာေဝးလွသည္။
ရီဟြား အေတာ္လွမ္းလွမ္းတြင္ ရွိေနေသာ ရွင္းအား လွမ္းၾကည့္ေနလိုက္သည္။ ထူးဆန္းစြာပင္ ရွင္းကသူ႕အား ၾကည့္မေနေပ။ မ်က္ဝန္းမ်ားက ကျပေဖ်ာ္ေျဖေနေသာ အမ်ိဳးသမီးမ်ားထံတြင္ ရွိေနသည္။ ရီဟြား စိတ္တိုသြားရသည္။ ေရွ႕တြင္ တည္ခင္းထားေသာ စားစရာမ်ားအားလည္း စားခ်င္စိတ္မရွိေတာ့။
မၾကာခင္ အမတ္ခ်ဳပ္ႀကီးသည္ သူ ရွိေနေသာ ေနရာမွ မတ္တပ္ရပ္လိုက္ၿပီး ေသရည္တစ္ခြက္အား ျမႇောက္ကိုင္ကာ မယ္ေတာ္ႀကီးဘက္ ဦးတည္လိုက္သည္။
"မယ္ေတာ္ႀကီး ေမြးေန႕ကို ဂုဏ္ျပဳပါတယ္"
မယ္ေတာ္ႀကီးသည္လည္း ၿပဳံး႐ႊင္စြာျဖင့္ သူ၏ ေရွ႕ရွိ ေသရည္ခြက္အား ျမႇောက္ျပလိုက္သည္။ ထို႔ေနာက္ ႏွစ္ေယာက္တစ္ၿပိဳင္တည္း ေမာ့ခ်လိဳက္ေလသည္။
အမတ္ခ်ဳပ္ႀကီးသည္ ထပ္၍ ေသရည္တစ္ခြက္အား ငွဲ႕ကာ ျမႇောက္ကိုင္လိုက္ၿပီး မင္းႀကီးဘက္သို႔ ဦးတည္လိုက္သည္။
"မင္းႀကီးကိုလည္း ကြၽန္ေတာ္မ်ိဳး ဂါရဝျပဳပါတယ္"
ရီဟြား ပြဲစကတည္းက ရွင္းအား ၾကည့္ေနျခင္းပင္။ ရွင္းသည္ ေသရည္ခြက္အား ခုထိ မထိကိုင္ရေသးေပ။ ဂါရဝျပဳ ေသရည္အား ျငင္းျခင္းသည္ ရိုင္းစိုင္းေသာ အေလ့အထ ျဖစ္ေသာေၾကာင့္ ရွင္း ေသခ်ာေပါက္ ေသရည္ေသာက္ရေပလိမ့္မည္။
ထူးဆန္းစြာပင္ ရီဟြားရင္ထဲ၌ ေလးလံလာ၏။ အဘယ္ေၾကာင့္ ထိုသို႔ျဖစ္လာမွန္းကိုမူ သူ မသိေပ။
ရွင္းသည္ အစကတည္းက ငွဲ႕ထားေသာ ေသရည္ခြက္အား ျမႇောက္ကိုင္လိုက္သည္။ ထို႔ေနာက္ ႏႈတ္ခမ္းနားေတ့ကာ ေသာက္ရန္ ျပင္လိုက္သည္။ အမတ္ခ်ဳပ္ႀကီးသည္လည္း ထိုနည္းတူစြာပင္။
႐ုတ္တရင္ အမတ္ခ်ဳပ္ႀကီး၏ မ်က္ဝန္းမ်ားသည္ ရွင္း ကိုင္ထားေသာ ေသရည္ခြက္အား မ်က္ေတာင္မခတ္စိုက္ၾကည့္ေနၿပီး မ်က္ႏွာထက္တြင္ အၿပဳံးတစ္ပြင့္ေပၚလာေသာေၾကာင့္ ရီဟြား လြန္စြာ စိုးရိမ္သြားရသည္။ သူ က်ယ္ေလာင္စြာ လွမ္းေအာ္လိုက္၏။
"ရွင္း မေသာက္နဲ႕"
သို႔ေသာ္ သူ၏ေအာ္သံသည္ ေနာက္က်သြားသည္။ ရွင္းသည္ ေသရည္အား ေသာက္လိုက္ၿပီးေလၿပီ။ ရွင္း၏ ႏႈတ္ခမ္းေထာင့္မွ ေသြးမ်ားစီးက်လာၿပီးေနာက္ သတိလစ္ ေမ့ေမ်ာသြားေလေတာ့သည္။
ခန္းမအတြင္းရွိ လူမ်ားအားလုံးသည္ စိုးရိမ္ထိတ္လန႔္သြားၾကသည္။ အမတ္ခ်ဳပ္ႀကီးႏွင့္ မယ္ေတာ္ႀကီး အပါအဝင္ပင္။
သူတို႔မင္းႀကီးအား သုံးထားေသာ အဆိပ္သည္ သုံးရက္ခန႔္ၾကာမွ ေဆးစြမ္းျပကာ ေရာဂါရွာေဖြ မရဘဲ ေသဆုံးမည့္ အဆိပ္ျဖစ္သည္။ ယခုကဲ့သို႔ လ်င္ျမန္စြာ ေဆးစြမ္းျပမည္ဟု မထင္ထားခဲ့။ သူတို႔ စီစဥ္ထားေသာ အစီအစဥ္ႏွင့္ လြဲေခ်ာ္ေနသည္။
ရီဟြား ရွင္းရွိရာ ေနရာသို႔ လ်င္ျမန္စြာ ေျပးသြားလိုက္ၿပီး ထိုင္ခုံေပၚ လဲက်ေနေသာ ရွင္း၏ကိုယ္အား ဆြဲထူကာ ထိုင္ခုံစြန္းတြင္ထိုင္လ်က္ ေပြ႕ထားလိုက္မိသည္။ စိုးရိမ္ပူပန္စိတ္မ်ားျဖင့္ သူ ဘာကိုမွ သတိမမူနိုင္ေတာ့။ အကုန္လုံးသည္ ထိတ္လန႔္တုန္လႈပ္ေနေသာေၾကာင့္ အခ်ိန္ေတာ္ေတာ္ၾကာ သတိမဝင္နိုင္ၾက။
ရီဟြား အခန္းထဲရွိ လူမ်ားအား ေအာ္ဟစ္လိုက္သည္။
"ဘာလုပ္ေနၾကတာလဲ...ခုခ်က္ခ်င္း သမားေတာ္ေခၚ"
သတိဝင္သြားေသာ ေရွာင္ကုန္းဇီသည္ လ်င္ျမန္စြာ ခန္းမမွ ထြက္ကာ သမားေတာ္ သြားေခၚေလသည္။
"အကိုႀကီး ဒီထဲက အကိုႀကီး လက္ေအာက္ လူေတြကို အမိန႔္ေပးလိုက္...ဒီခန္းမေဆာင္ထဲက လူေတြအကုန္ တစ္ေယာက္မွ အျပင္ထြက္မသြားပါေစနဲ႕"
စစ္သူႀကီးသည္ ခ်က္ခ်င္းပင္ သူ၏ လက္ေအာက္စစ္သည္မ်ားအား အမိန႔္ေပးလိုက္ၿပီး ခန္းမေဆာင္အား ဝန္းရံလိုက္သည္။ ခန္းမေဆာင္ထဲရွိ လူမ်ား ဘယ္သူမွ အျပင္မထြက္နိုင္ၾကေတာ့။
မၾကာမီ ေရွာင္ကုန္းဇီႏွင့္ သမားေတာ္ႀကီးတို႔ ေရာက္လာၾကသည္။ သမားေတာ္ႀကီးသည္ မင္းႀကီးအား စမ္းသပ္လိုက္သည္။
"မင္းႀကီးက ၾကာပန္းနက္အဆိပ္ကို မိထားတာပါ...ဒီအဆိပ္က မိၿပီဆိုရင္ လကၡဏာျပ အရမ္းျမန္ပါတယ္"
သမားေတာ္ႀကီး၏ စကားေၾကာင့္ ရီဟြား အရမ္းအံ့ၾသသြားရသည္။ ခုလို ေမြးေန႕အခမ္းအနားပြဲႀကီးတြင္ လကၡဏာခ်က္ခ်င္းျပေသာ အဆိပ္အား သုံးသူသည္ တကယ္သတၱိေကာင္းလြန္းသူပင္။
"အဆိပ္ေျဖေဆးရွိလား...အဆိပ္ေျဖဖို႔ အခ်ိန္ဘယ္ေလာက္ရလဲ"
ရီဟြား သမားေတာ္ႀကီးအား စိတ္ပူစြာ အျမန္ေမးလိုက္သည္။
"ၾကာပန္းနက္အဆိပ္ကို ေ႐ႊၾကာပန္းက ေျဖနိုင္ပါတယ္...အခ်ိန္က သုံးရက္ရပါတယ္...ခက္တာက ေ႐ႊၾကာပန္းက အရမ္းရွားပါးတာပါ...ဟူရာ ေခ်ာက္ကမ္းပါးမွာဘဲ ေပါက္တယ္...ဟူရာေက်ာက္ကမ္းပါးကို သြားဖို႔က အရမ္းအႏၲရာယ္မ်ားေတာ့"
"အဲဒီကိစၥစိတ္မပူနဲ႕...ကြၽန္ေတာ္ သြားမယ္"
ရီဟြား သမားေတာ္ႀကီးအား လ်င္ျမန္စြာ ေျပာလိုက္ၿပီးေနာက္ အကိုႀကီးဘက္လွည့္ကာ ေျပာလိုက္သည္။
"အကိုႀကီး ဒီထဲမွာ အဆိပ္ခတ္တဲ့သူရွိတယ္...ရာထူးႀကီး ရာထူးငယ္ ထည့္မတြက္ဘဲ မသကၤာစရာ အကုန္ရွာ"
ရီဟြား အသံေၾကာင့္ ခန္းမေဆာင္ထဲရွိ ပြဲၾကည့္ေနသူမ်ား အားလုံး စိုးရိမ္သြားၾကေတာ့သည္။ သမားေတာ္ႀကီးသည္ စစ္သူႀကီးဘက္ လွည့္ကာ ေျပာလိုက္သည္။
"ၾကာပန္းနက္ အဆိပ္က အရမ္းအနံ႕ျပင္းတယ္...ကိုင္ထားခဲ့တဲ့သူရဲ႕ ကိုယ္မွာ အနံ႕စြဲေနလိမ့္မယ္"
"ေကာင္းၿပီ...ညီအကိုတို႔ ေသခ်ာရွာေဖြၾက"
စစ္သူႀကီး၏ လက္ေအာက္ငယ္သားညီအကိုတို႔သည္ ရွာေဖြရန္ ျပင္လိုက္ၾကသည္။
ခန္းမေဆာင္ ထုပ္တန္းေပၚတြင္ အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္ ခ်န္းသည္ အေျခအေနအား ေစာင့္ၾကည့္ေနသည္။
မင္းႀကီး ေမ့လဲသြားသည္ႏွင့္ သူ႕အား တာဝန္စလုပ္ရန္ အမိန႔္ေပးထားေသာ္လည္း သခင္ေလးရီဟြားေၾကာင့္ ေတာ္ေတာ္ၾကာသည္ထိ သူ အေျခေနေစာင့္ၾကည့္ေနရသည္။ ယခုအခ်ိန္တြင္ေတာ့ သူ ဝင္ပါရန္ အခ်ိန္က်ေလၿပီ။
ထုပ္တန္းေပၚမွ သူ ခုန္ဆင္းလိုက္သည္။ ခန္းမေဆာင္ထဲရွိ လူအားလုံး၏ အၾကည့္သည္ သူ႕ဆီသို႔ ေရာက္ရွိလာသည္။
"မင္းႀကီးကို ဘယ္သူ အဆိပ္ခတ္လဲဆိုတာ ကြၽန္ေတာ္သိတယ္"
သူ၏ အေျပာေၾကာင့္ အားလုံးသည္ စိတ္ဝင္တစား သူ႕အေျဖအား နားေထာင္ေနၾကသည္။ သူ၏ လက္ညိုးတို႔ ဦးတည္ရာသည္ အမတ္ခ်ဳပ္ႀကီးထံေရာက္ရွိသြားသည္။
"သူပဲ"
အကုန္လုံး အံ့အားသင့္သြားၾကရသည္။ အမတ္ခ်ဳပ္ႀကီးကမူ စတင္ျငင္းဆန္ေလေတာ့သည္။
"ငါ မဟုတ္ဘူး...ငါ့ကို မစြပ္စြဲနဲ႕"
အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္သည္ လက္ႏွစ္ဖက္အား စု၍ လက္ခုပ္တီးလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ေလးဖက္ေလးတန္ ျပတင္းေပါက္မွ အရိပ္ကိုယ္ရံေတာ္ဆယ္ေယာက္ခန႔္သည္ ခန္းမေဆာင္ထဲ ခုန္ဝင္ကာ ေရာက္လာၾကသည္။
အရိပ္ကိုယ္ရံေတာ္ တစ္ေယာက္သည္ မ်က္ႏွာအား အမဲေရာင္ေခါင္းစြပ္ စြပ္ထားၿပီး ႀကိဳးတုပ္ခံထားရသူတစ္ေယာက္အား အကၤ်ီဂုတ္မွ ကိုင္၍ ခန္းမေဆာင္ထဲ ဆြဲေခၚလာသည္။ ထိုလူအား ခန္းမေဆာင္ထဲတြင္ ဒူးေထာက္၍ ရွိေနေစလိုက္သည္။
"အမတ္ခ်ဳပ္ႀကီး ခႏၶာကိုယ္ေပၚရွာလိုက္"
အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္၏ စကားေၾကာင့္ အရိပ္ကိုယ္ရံေတာ္တစ္ေယာက္သည္ အမတ္ခ်ဳပ္ႀကီး ခႏၶာကိုယ္ေပၚ စတင္ရွာေဖြလိုက္သည္။ အကၤ်ီအတြင္းပိုင္းမွ ေဆးပုလင္းတစ္လုံး ထြက္လာေလသည္။
ခန္းမထဲရွိေနသူအားလုံး အံ့ၾသဆြံ႕အသြားၾကသလို အမတ္ခ်ဳပ္ႀကီး၏ မ်က္ႏွာသည္လည္း ေသြးဆုတ္ျဖဴေလ်ာ္သြားသည္။ ထိုပုလင္း သူ၏ အကၤ်ီအတြင္းပိုင္းထဲ ရွိေနျခင္းအား သူ လုံးဝမခံစားမိ။ အဘယ္ေၾကာင့္ သူ မသိေသာထိုပုလင္းသည္ သူ၏ အကၤ်ီထဲေရာက္ေနရသနည္း။
အရိပ္ကိုယ္ရံေတာ္သည္ ပုလင္းအား သမားေတာ္ႀကီးဘက္ ကမ္းေပးလိုက္သည္။ သမားေတာ္ႀကီးက ေဆးပုလင္းအား ဖြင့္ကာ နမ္းၾကည့္လိုက္ၿပီးေနာက္ ေခါင္းညိတ္ျပလာေလ၏။
"ဟုတ္ပါတယ္ ဒါၾကာပန္းနက္ အဆိပ္ပါ"
အမတ္ခ်ဳပ္ႀကီးသည္ မယုံၾကည္နိုင္ေသာ မ်က္ႏွာထားျဖင့္ ျငင္းဆန္ေလေတာ့သည္။
"မဟုတ္ဘူး တစ္ခုခုမွားေနၿပီ...ငါ အဆိပ္မခတ္ဘူး"
"ဒီေလာက္ ပစၥည္းသက္ေသရွိတာေတာင္ ျငင္းေနေသးတာလား...ဒီအဆိပ္ပုလင္းက ခင္ဗ်ား ကိုယ္ေပၚကပဲ...ထပ္ၿပီး အဲဒီလူရဲ႕ ဝန္ခံခ်က္ကို အကုန္လုံးကို ေပးသိလိုက္"
အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္ခ်န္း စကားေၾကာင့္ အရိပ္ကိုယ္ရံေတာ္တစ္ေယာက္ ႀကိဳးျဖင့္တုပ္ေႏွာင္ခံထားရသူ၏ မ်က္ႏွာအား အုပ္ထားေသာ အဝတ္မည္းစကို ဆြဲခြၽတ္လိုက္သည္။
"အဲဒီလူက အရင္တစ္ခါ မင္းႀကီးကို လုပ္ႀကံတုန္းက ဖမ္းမိတဲ့ လုပ္ႀကံသူေတြရဲ႕ ေခါင္းေဆာင္ပဲ"
ခန္းမေဆာင္ထဲရွိ လူမ်ားသည္ မယ္ေတာ္ႀကီးေမြးေန႕တြင္ ျဖစ္ပ်က္ေနေသာ အေျခအေနတို႔အား နားမလည္နိုင္ ျဖစ္ေနၾကရသည္။
ရီဟြားသည္လည္း ထပ္တူ နားမလည္နိုင္ျဖစ္ေနရသည္။ အဆိပ္ခတ္သူတစ္ေယာက္သည္ အဆိပ္ပုလင္းအား ကိုယ္နဲ႕မကြာ ေဆာင္ထားရေအာင္ထိ မည္သူမွ် မ႐ူးမိုက္။ သို႔ေသာ္ ထိုသို႔ေသာ အေတြးသည္ သူ တစ္ေယာက္တည္းတြင္သာ ရွိေနပုံရသည္။
"မင္းတို႔ကို ခိုင္းေစတဲ့ ေနာက္ကြယ္ကလူ ဘယ္သူလဲ"
အရိပ္ ကိုယ္ရံေတာ္ေခါင္းေဆာင္၏ အေမးအား လုပ္ႀကံသူက ျပန္လည္ေျဖၾကားလာသည္။
"မယ္ေတာ္ႀကီးပါ"
ခန္းမေဆာင္အတြင္း အုံးအုံးကြၽတ္ကြၽတ္ ဆူညံသြားသည္။
"ေမာင္မင္း ဘာလို႔ ငါ မယ္ေတာ္ႀကီးကို လာစြပ္စြဲေနရတာလဲ...အသက္မရွင္ခ်င္ေတာ့ဘူးလား"
ထိုစဥ္ အရိပ္ကိုယ္ရံေတာ္ ေခါင္းေဆာင္ခ်န္းသည္ တံခါးအျပင္သို႔ ၾကည့္ကာ လွမ္းေျပာလိုက္သည္။
"ဝင္ခဲ့"
တံခါးပြင့္လာၿပီးေနာက္ ခန္းမထဲသို႔ အေစခံမေလးတစ္ေယာက္ ဝင္လာသည္။ မယ္ေတာ္ႀကီး၏ မ်က္ႏွာသည္ လြန္စြာ ပ်က္ယြင္းသြားေလေတာ့သည္။
"မင္း ေတြ႕ျမင္ခဲ့တာကို အမွန္အတိုင္း ေလွ်ာက္တင္လိုက္"
"ဟုတ္ကဲ့ ကြၽန္ေတာ္မ်ိဳးမက မယ္ေတာ္ႀကီးရဲ႕ အနီးကပ္အေစခံ အန္းလင္ပါ...မယ္ေတာ္ႀကီးနဲ႕ အမတ္ခ်ဳပ္ႀကီးတို႔ မယ္ေတာ္ႀကီး နန္းေဆာင္မွာ ခဏခဏေတြ႕ဆုံျဖစ္ၾကပါတယ္...တစ္ေန႕ ကြၽန္ေတာ္မ်ိဳးမ...မယ္ေတာ္ႀကီးက အမတ္ခ်ဳပ္ႀကီးကို မင္းႀကီးလုပ္ႀကံဖို႔ ေစခိုင္းေနတဲ့အေၾကာင္း အမွတ္မထင္ ၾကားလိုက္ရပါတယ္..သူတို႔အစီအစဥ္က မင္းႀကီးကို လုပ္ႀကံၿပီး ဝမ္ရယ္ကို နန္းတင္ဖို႔ပါ...ကြၽန္ေတာ္မ်ိဳးမ ထိတ္လန႔္ၿပီး မင္းႀကီးကိုသြားေလွ်ာက္တင္ေတာ့ မင္းႀကီးက ခုပြဲေတာ္မွာ ေဖာ္ထုတ္မယ္...ဘာမွ မသိသလို မယ္ေတာ္ႀကီးအပါး ဆက္ခစားေပးဆိုလို႔ ကြၽန္ေတာ္မ်ိဳးမ မသိခ်င္ေယာင္ေဆာင္ၿပီး ဆက္ခစားေနခဲ့တာပါ"
ထိုအေစခံမေလး၏ စကားအဆုံး နန္းရင္ျပင္တြင္ ဆူညံသံတို႔ ထြက္ေပၚလာသည္။
"မင္း...မင္းလို အေစခံေလး တစ္ေယာက္က ငါ မယ္ေတာ္ႀကီးကို ေခ်ာက္ခ်ရဲတယ္ေပါ့"
ေဒါသထြက္ေနေသာ မယ္ေတာ္ႀကီးစကားအား အမွန္တရားဟု မည္သူမွ မယုံၾကည္ၾကေတာ့။ သက္ေသမ်ားက တစ္ခုၿပီးတစ္ခုေပၚေနသည္။ မယ္ေတာ္ႀကီးႏွင့္ အဆိပ္ခတ္ေသာအမတ္ခ်ဳပ္ႀကီးတို႔ မည္မွ်ရင္းႏွီးေၾကာင္းကိုလည္း နန္းေတာ္ထဲရွိ လူတိုင္းသိၾကသည္။
"မင္းႀကီးက အရာအားလုံးေဖာ္ထုတ္ဖို႔ စီစဥ္ထားတာ...မထင္မွတ္ဘဲ ထပ္ၿပီး အဆိပ္ခတ္ခံလိုက္ရတယ္...လူသက္ေသေရာ ပစၥည္းသက္ေသေရာ စုံေနၿပီ..မယ္ေတာ္ႀကီးနဲ႕ အမတ္ခ်ဳပ္ႀကီး ထပ္ျငင္းဆန္ေနဦးမွာလား...သူတို႔ကို ဖမ္းခ်ဳပ္လိုက္ေတာ့"
အရိပ္ကိုယ္ရံေတာ္ေခါင္းေဆာင္ခ်န္း၏ စကားဆုံးသည္ႏွင့္ ဝမ္ရယ္ဆီမွ စကားသံထြက္ေပၚလာသည္။
"ရပ္လိုက္...မင္းက ကိုယ္ရံေတာ္ တစ္ေယာက္ပဲ... မင္းမွာ အမိန႔္ေပးပိုင္ခြင့္ မရွိဘူး"
"စစ္သူႀကီးက အမိန႔္ေပးရင္ ရတယ္မလား...စစ္သူႀကီး သက္ေသေတြ စုံလင္ေနၿပီ...ဖမ္းခ်ဳပ္မိန႔္ခ်ေပးပါ...သူတို႔ကို စီရင္ဖို႔ကေတာ့ မင္းႀကီး အဆိပ္ေျပတဲ့အခါ ဆုံးျဖတ္ပါေစ"
အရိပ္ကိုယ္ရံေတာ္သည္ စစ္သူႀကီးဘက္သို႔ လွည့္ကာေျပာလိုက္ေလသည္။
ေတာ္ဝင္ မင္းသမီးရီရီက စစ္သူႀကီးအား ေတာင္းပန္ေသာ အၾကည့္မ်ားျဖင့္ ၾကည့္ကာ ေတာင္းဆိုလာ၏။
"စစ္သူႀကီး တစ္ခုခုေတာ့ မွားယြင္းေနတာပါ...ေက်းဇူးျပဳၿပီး ေသခ်ာျပန္စစ္ေဆးေပးပါ...မယ္ေတာ့္ကို ဖမ္းဆီးမိန႔္ မခ်ပါနဲ႕ဦး"
ေတာ္ဝင္မင္းသမီး ရီရီ၏ စကားအား ၾကားကာ ေဝခြဲရခက္ေနေသာ အကိုႀကီးအား ၾကည့္၍ ရီဟြား သူ ဝင္ပါရေတာ့မည္ျဖစ္ေၾကာင္း နားလည္လိုက္သည္။
"ဝမ္ရယ္ေရာ မင္းသမီးေရာ လက္မခံနိုင္ၾကဘူးဆိုတာ သိပါတယ္...ဒါေပမဲ့ သက္ေသေတြက ခိုင္လုံေနၿပီ...လူသက္ေသေရာ ပစၥည္းသက္ေသပါ ရွိေနတယ္...မင္းႀကီးကို လုပ္ႀကံမႈဆိုတာ ေဆြစဥ္မ်ိဳးဆက္ သတ္ခံရနိုင္တဲ့ ျပစ္မႉႀကီးပါ...အကိုႀကီးလည္း ဘာမွ ကူညီနိုင္မွာ မဟုတ္ပါဘူး...ခုလက္ရွိ ဖမ္းဆီးမိန႔္ခ်ၿပီး မင္းႀကီး အဆိပ္ေျပလို႔ သတိရတဲ့အခါမွပဲ စီရင္တာကို ေစာင့္ၾကတာေပါ့"
ရီဟြားစကားၾကားသည္ႏွင့္ စစ္သူႀကီးသည္ ခ်က္ခ်င္း သူ၏ စစ္သည္မ်ားအား မယ္ေတာ္ႀကီးႏွင့္ အမတ္ခ်ဳပ္ႀကီးအား ဖမ္းခ်ဳပ္ခိုင္းလိုက္သည္။
"မယ္ေတာ္ႀကီးနဲ႕ အမတ္ခ်ဳပ္ႀကီးကို ခ်ဳပ္ေႏွာင္လိုက္ၾကစမ္း...ေျမေအာက္အက်ဥ္းေထာင္မွာ ဖမ္းဆီးထားလိုက္ၾက"
စစ္သည္မ်ားက အမိန႔္နာခံစြာ ႐ုန္းကန္ ျငင္းဆန္ေနေသာ မယ္ေတာ္ႀကီးႏွင့္ အမတ္ခ်ဳပ္ႀကီးအား ဖမ္းဆီးေခၚေဆာင္သြားၾကေတာ့သည္။
ဝမ္ရယ္သည္ မ်က္ႏွာပ်က္ယြင္းစြာျဖင့္ ခန္းမေဆာင္ထဲမွ ထြက္သြားသည္။ ေတာ္ဝင္မင္းသမီး ရီရီသည္လည္း စိုးရိမ္ပူပန္ေနေသာ မ်က္ႏွာထားျဖင့္ သူ(မ) အကိုေတာ္ေနာက္မွ လိုက္သြားေလသည္။
ဓားမ်ားကိုင္ကာ ခန္းမေဆာင္အား ဝိုင္းထားၾကေသာ စစ္သည္မ်ားသည္လည္း ဓားမ်ားျပန္သိမ္းလိုက္ၾကသည္။
ကိစၥအားလုံး ရွင္းသည္ႏွင့္ ရီဟြား ေအာ္ဟစ္လိုက္ေတာ့သည္။
"အားလုံး ၿပီးၿပီမလား...ၿပီးၿပီဆို ကြၽန္ေတာ့္လာကူၾကဦး...ကြၽန္ေတာ္ ရွင္းကို မ,မနိုင္ဘူး...နန္းေဆာင္ကို ေခၚသြားဖို႔ ကူမ ေပးၾကပါဦး"
အားလုံးသည္ ထိုအခါမွသာ သတိဝင္လာၾကၿပီး မင္းႀကီးဟု စိုးရိမ္ပူပန္ေသာ အသံမ်ားျဖင့္ သံၿပိဳင္ေအာ္ဟစ္ကာ အနားဝိုင္းလာၾကသည္။
တခဏေလးအတြင္းမွာပင္ ေအာ္ဟစ္သံ၊ စိုးရိမ္သံ၊ အမိန႔္ေပးသံမ်ားျဖင့္ ခန္းမတစ္ခုလုံး ဆူညံသြားေလေတာ့သည္။
***********************
"သမားေတာ္ႀကီး ဟူရာေခ်ာက္ကမ္းပါးက ေ႐ႊၾကာပန္းကို ခူးနိုင္ရင္ ရွင္း အဆိပ္ေျဖလို႔ရတယ္မလား...ရွင္းကို ေသခ်ာဂ႐ုစိုက္ေပးပါ...ကြၽန္ေတာ္ သြားခူးမယ္"
တိတ္ဆိတ္ေသာ နန္းေဆာင္ထဲတြင္ ရီဟြား၏ အသံက က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။
"ဟြားေအာ္ ဟူရာေခ်ာက္ကမ္းပါးဆိုတာ သားရဲတိရစာၦန္ေတြနဲ႕ အရမ္းအႏၲရာယ္မ်ားတဲ့ေနရာ...သြားရတာလည္း အရမ္းခက္ခဲတယ္...ဟြားေအာ္ မသြားပါနဲ႕...အကိုႀကီးပဲ သြားပါ့မယ္"
"အကိုႀကီး သြားလို႔ မျဖစ္ဘူး...အကိုႀကီးက ဒီမွာအာဏာ အရွိဆုံးလူပဲ...ခုလိုခ်ိန္ နန္းတြင္းမွာ အကိုႀကီး မရွိလို႔ မျဖစ္ဘူး...ဒီမွာေနခဲ့ပါ"
စစ္သူႀကီး ၿငိမ္က်သြားရသည္။ မင္းႀကီး ခုလိုျဖစ္ေနခ်ိန္တြင္ ေသခ်ာေပါက္ နန္းတြင္းတြင္ သူ မရွိလို႔ မျဖစ္ေပ။ အေျခအေနကို ေစာင့္ၾကည့္ေနၾကေသာ မ်က္လုံးေပါင္းမ်ားစြာ ရွိသည္။
"သခင္ေလး ကြၽန္ေတာ္ သြားလိုက္ပါ့မယ္...ကြၽန္ေတာ္က သိုင္းကြၽမ္းေတာ့ ကြၽန္ေတာ္သြားတာ ပိုအဆင္ေျပမွာပါ"
"မင္းလည္း သြားလို႔ မျဖစ္ဘူး...အရိပ္ကိုယ္ရံေတာ္ေတြက မင္းႀကီးေဘးမွာ အၿမဲရွိေနမွ ျဖစ္မယ္...မင္းႀကီးကို ကာကြယ္ေပးရမွာ"
အရိပ္ကိုယ္ရံေတာ္ ေခါင္းေဆာင္၏ စကားကိုလည္း ရီဟြား ျငင္းပယ္လိုက္သည္။
"ဟြားေအာ္က သိုင္းလည္း မတတ္ဘူး...ဒီေလာက္အႏၲရာယ္မ်ားတဲ့ေနရာကို သြားခိုင္းဖို႔ အကိုႀကီး စိတ္မခ်နိဳင္ဘူး"
"ေကာင္းၿပီ ကြၽန္ေတာ္ ျပန္စဥ္းစားမယ္"
အကိုႀကီး၏ အသည္းအသန္ ျငင္းဆန္ေနမႈေၾကာင့္ ရီဟြား အကိုႀကီးအလိုက် တခဏတာလက္ခံလိုက္သည္။ သူ လက္ေတာ့မေလ်ာ့နိုင္ေပ။ ရွင္းအတြက္ သူ ဘာမဆိုလုပ္ေပးနိုင္သည္အထိ သူ၏ စိတ္သည္ ျပတ္သားေနသည္။
"အိမ္ေတာ္မွာ သြားအနားယူပါ ဟြားေအာ္...အေျခအေနကို အကိုႀကီး အိမ္ေတာ္ျပန္လာရင္ ျပန္ေျပာျပမယ္...ေ႐ႊၾကာပန္း သြားယူမယ့္ ကိစၥကို တျခားနည္းလမ္း အကိုႀကီး စဥ္းစားၾကည့္ပါဦးမယ္"
"ဟုတ္ကဲ့ အကိုႀကီး"
ရီဟြား အကိုႀကီးအား ႏႈတ္ဆက္ၿပီး နန္းေဆာင္ထဲမွ ထြက္သြားလိုက္သည္။
နန္းေဆာင္ထဲအား စစ္သူႀကီးက မည္သူမွ ဝင္ခြင့္မျပဳထားေသာေၾကာင့္ ေရွာင္ကုန္းဇီ၊ စစ္သူႀကီး၊ အရိပ္ကိုယ္ရံေတာ္ ေခါင္းေဆာင္ႏွင့္ သမားေတာ္တို႔သာ ရွိေနၾကသည္။
စစ္သူႀကီးသည္ ေ႐ႊၾကာပန္းအား ယူရန္ သူ၏ တပည့္တစ္ေယာက္ေယာက္အား ေစခိုင္းရန္ေတြးေနလိုက္သည္။ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ထိ ေစခိုင္းမည့္သူအား သူ ေတြးမရေသး။ ႐ုတ္တရက္ ေရွာင္ကုန္းဇီ၏ အသံသည္ သူ၏ အေတြးတို႔အား ေႏွာင့္ယွက္လိုက္သည္။
"စစ္သူႀကီး...အျပင္က အေၾကာင္းၾကားလာပါတယ္....နန္းေဆာင္အျပင္မွာ သခင္ေလးအိမ္ေတာ္က ယြီေလးဆိုတဲ့ ေကာင္ေလး ေရာက္ေနပါတယ္တဲ့"
ေရွာင္ကုန္းဇီစကားေၾကာင့္ စစ္သူႀကီး အံ့ၾသမွင္သက္သြားရသည္။
"သူ႕ကို ျမန္ျမန္ ဝင္လာခိုင္းလိုက္"
ယြီေလး အထဲဝင္လာသည္ႏွင့္ စစ္သူႀကီးသည္ ယြီေလးအား ခ်က္ခ်င္းေမးျမန္းလိုက္သည္။
"ယြီေလး ဘယ္လိုလုပ္ နန္းတြင္းထဲ ဝင္လာရတာလဲ"
ယြီေလးက သူ၏ အေမးအား မေျဖဘဲ အေလာတႀကီးပုံစံျဖင့္ သူ႕အား ျပန္ေမးလာသည္။
"စစ္သူႀကီး သခင္ေလးေရာ"
"ဟြားေအာ္ ျပန္သြားတာ ၾကာၿပီေလ...ခုခ်ိန္ဆို အိမ္ေတာ္မွာ နားေနေလာက္ၿပီ...မင္းက အိမ္ေတာ္ကေန လာတာ မဟုတ္ဘူးလား"
သူ၏ အေျဖေၾကာင့္ ယြီေလးမ်က္ႏွာထက္တြင္ စိုးရိမ္ေသာ အရိပ္အေယာင္မ်ား ေပၚလာေလေတာ့သည္။
"ကြၽန္ေတာ္အိမ္ေတာ္က လာတာ...သခင္ေလး အိမ္ေတာ္ကို လုံးဝေရာက္မလာဘူး"
ယြီေလးအေျဖေၾကာင့္ စစ္သူႀကီးပါ ဆြံအသြားရေလေတာ့သည္။
**********************