Unicode
တိတ်ဆိတ်ငြိမ်သက်နေတဲ့ နန်းဆောင်တစ်ခုအတွင်းသို့ အစောင့်တပ်သားတစ်ယောက်ဟာကပြာကယာဖြင့်ဝင်ရောက်လာသည်။နန်းဆောင်ထဲတွင်တော့ ချောမောခန့်ညားတဲ့ လူငယ်တစ်ဦးကချွန်မြနေတဲ့ဓားသွားကို ပိုးပုဝါတစ်ခုနှင့်သုတ်လို့နေသည်။အစောင့်တပ်သားက ထိုလူကိုတွေ့တာနှင့် ဒူးထောက်ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။
"သခင်....."
အစောင့်တပ်သားရဲ့ဦးညွှတ်ဂါရဝပြုမှုကို ထိုလူကဘာမှမတုန့်ပြန်ဘဲ ပြောင်လက်နေသောဓားကိုသာသူ့လက်ထဲရှိပိုးပုဝါစနှင့် သုတ်လို့နေသည်။ထိုလူ့ဆီမှဘာတုန့်ပြန်မှုမှ မရတာကြောင့် အစောင့်တပ်သားလေးဟာလည်း စကားမစရဲပေ။သူ့ရဲ့ဂါရဝပြုတဲ့ပုံစံအတိုင်းသာ သူ့သခင်ရဲ့တုန့်ပြန်စကားကိုစောင့်လို့နေသည်။
နှစ်ဦးစလုံးဘယ်သူကမှ စ၍စကားမပြောတာကြောင့် အခန်းဟာဓားကိုပွတ်တိုက်နေတဲ့အသံမှလွဲ၍ တခြားအသံများကတော့တိတ်ဆိတ်လို့နေသည်။ခနအကြာမှ ဓားကိုသုတ်နေတဲ့လူငယ်ထံမှ စကားသံထွက်ပေါ်လာသည်။
"ဘာပြောစရာရှိလို့လဲ....ရန်တပ်တွေမြို့ထဲဝင်လာလို့လား....."
ထိုလူငယ်မေးတော့မှသာ အစောင့်တပ်သားလေးက ပြန်ဖြေရဲသည်။
"မဟုတ်ပါဘူး....သခင်။ရန်တပ်တွေက မြို့ပြင်မှာပဲရှိနေပါသေးတယ်....သခင်....။အခုက...."
အစောင့်တပ်သားလေးရဲ့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ပုံစံကြောင့် ထိုလူငယ်ကဆက်ပြောဖို့အချက်ပြလိုက်သည်။သူ့သခင်ကဆက်ပြောဖို့အချက်ပြသောကြောင့် အစောင့်တပ်သားလေးက ဆက်ပြောလိုက်သည်။
"အဲ့ဒါက....လူတစ်ယောက်က သခင့်ကိုထွက်လာဖို့ပြောနေပါတယ်..."
အစောင့်တပ်သားလေးရဲ့စကားကို ထိုလူကစိတ်ဝင်စားဟန်မပြပေ။လက်ထဲရှိဓားကိုသာ ဆက်လို့သုတ်နေသည်။
"သူကပြောသေးတယ်....။သခင်က...သတ္တိနည်းတဲ့လူတဲ့။နန်းတော်ထဲမှာပုန်းနေပြီး....အပြင်ကိုထွက်တိုက်ဖို့သတ္တိမရှိတဲ့လူတဲ့...."
အစောင့်တပ်သားလေးက ကြောက်ရွံ့စွာဖြင့်တံထွေးတစ်ချက်မြိုချလိုက်ကာ သူ့သခင်ရဲ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်လိုက်သည်။သူပြောတဲ့စကားတွေကို သူ့သခင်ကဒေါသမထွက်ဘဲ လက်ထဲကဓားကိုဆက်သုတ်နေတာကို မြင်ကာမှ သူသက်ပြင်းချကာဆက်ပြောလိုက်သည်။
"ပြီးတော့...သူကပြောသေးတယ်....။သခင်ကနန်းတော်ထဲမှာ ပုန်းနေတဲ့ငကြောက်တစ်ကောင်တဲ့....."
အစောင့်တပ်သားလေးရဲ့စကားအဆုံးမှာတော့ လူငယ်ကဓားကိုသုတ်နေတာကိုရပ်လိုက်ကာ အစောင့်တပ်သားလေးကို ကြည့်ရင်းပြောလာသည်။
"သတ္တိနည်းတဲ့လူတဲ့လား....အဟက်....သူအခုဘယ်မှာလဲ....."
ထိုလူငယ်ရဲ့အမေးစကားကို အစောင့်တပ်သားလေးက လျင်မြန်စွာပဲပြန်ဖြေလိုက်သည်။
"သူအခု အရှေ့ဘက်နန်းဆောင်မှာရှိပါတယ်.....သခင်...."
အစောင့်တပ်သားလေးစကားအဆုံးမှာ ထိုလူငယ်ကလက်ထဲကဓားကိုဓားအိမ်သို့ပြန်ထည့်လိုက်ကာ ထရပ်လိုက်သည်။ပြီးတာနဲ့အစောင့်တပ်သားလေးကို ပြောလိုက်သည်။
"သွားမယ်...."
အစောင့်တပ်သားလေးမှာ ဒူးထောက်ထိုင်နေရာမှအမြန်ထရပ်ကာ အခန်းထဲမှထွက်သွားပြီဖြစ်သော သူ့သခင်နောက်သို့အမြန်ပြေးလိုက်ရတော့သည်။အရှေ့ဘက်နန်းဆောင်နားသို့ရောက်ရန် နီးလာတာနဲ့အခြေအတင်ပြောနေတဲ့အသံတွေကို သူတို့ကြားလိုက်ရသည်။ဒေါသထွက်နေတဲ့လူတစ်ယောက်ရဲ့အသံက ထွက်ပေါ်လာသည်။
"မင်းဘယ်သူလဲ.....။ငါတို့နန်းဆောင်ကိုလာပြီး ငါတို့သခင်ကိုလာစော်ကားနေတယ်။မင်းဒီကနေအသက်ရှင်လျက် ပြန်ထွက်သွားလို့ရမယ်များထင်နေလား...။ငါတို့သခင်လာရင် မင်းကိုတစ်စစီဆွဲဖြဲပစ်လိမ့်မယ်..."
"ငါဘယ်သူလဲဆိုတာ မင်းတို့သိစရာမလိုပါဘူး။ငါတွေ့ချင်တာကမင်းတို့ရဲ့သခင်ကိုတွေ့ချင်တာ။ဘာလဲ....မင်းတို့ရဲ့သခင်က ငါ့ကိုထွက်တွေ့ဖို့တောင် သတ္တိမရှိတာလား...."
ထိုစကားကိုပြန်ပြောလာတဲ့ လူရဲ့အသံကကြည်လင်ပြတ်သားကာ ယုံကြည်မှုအပြည့်ရှိနေတာကြောင့် ရန်ဖုန်းမျက်ခုံးပင့်လိုက်မိသည်။အသံလာရာနေရာကိုကြည့်လိုက်ချိန်မှာတော့ ထိုအသံပိုင်ရှင်ကနန်းဆောင်ရဲ့ခေါင်မိုးထက်တွင်သက်တောင့်သက်သာ လှဲနေသည်။ထိုလူကအမည်းရောင်ဝတ်စုံကိုဝတ်ကာ မျက်နှာထက်တွင်တော့ ရွှေရောင်မျက်နှာဖုံးကိုဝတ်ဆင်ထားသည်။ထိုလူ့ရဲ့အမည်းရောင်ဝတ်ရုံက ဖြူဝင်းနေသောလည်တံသွယ်သွယ်လေးနှင့် ခပ်သေးသေးခါးလေးတွေကိုတော့ ဖုံးကွယ်ထားနိုင်စွမ်းမရှိပေ။
မျက်နှာထက်က မျက်နှာဖုံးကလည်း ခပ်ရဲရဲနှုတ်ခမ်းတစ်စုံနှင့် နှုတ်ခမ်းအောက်ကမှဲ့နက်လေးကို မဖုံးကွယ်ထားနိုင်ပေ။ခပ်ဖျော့ဖျော့နေရောင်ခြည်က ထိုလူ့အပေါ်သို့ကျရောက်နေတာကြောင့် ထိုလူငယ်ဟာမသေမျိုးနတ်ဘုရားတစ်ပါးအလား။ထိုလူ့ရဲ့အသွင်အပြင်ကိုကြည့်တာနှင့် အလိုလိုက်ခံထားရတဲ့ သခင်ငယ်လေးပုံကပေါ်ပေါက်လို့နေသည်။ဒီလိုလူကသူ့ကိုစိန်ခေါ်တာကို တွေးလိုက်မိတာနှင့် ရန်ဖုန်းလှောင်ရယ်မိလိုက်သည်။
"မင်းတွေ့ချင်နေတဲ့ လူကငါပဲ...။အခုငါရောက်လာပြီဆိုတော့ ဘာပြောချင်သေးလဲ..."
ထိုအသံကိုကြားလိုက်တာနှင့် လှဲနေရာမှရှောင်းကျန့်ထလိုက်သည်။သူ့ကိုစူးစိုက်ကြည့်နေတဲ့ လူငယ်လေးကိုတွေ့ချိန်မှာတော့ ရှောင်းကျန့်ခိုးပြုံးလိုက်သည်။သူကြားထားတဲ့ သတင်းတွေအတိုင်းပဲ။ချိုင်မြို့ရဲ့အုပ်ချုပ်သူက တကယ့်ကိုလူငယ်တစ်ယောက်ပဲ။
သူတို့သခင်ရန်ဖုန်းရောက်လာတာကို တွေ့လိုက်သည်နှင့် တပ်သားတွေအားလုံး တညီးတညွတ်တည်းဦးညွှတ်လိုက်ကြသည်။
"သခင်....."
ရန်ဖုန်းကထိုလူတွေကို ဂရုမထားဘဲ နန်းဆောင်ရဲ့ခေါင်မိုးထက်ကနေသူ့ကိုကြည့်နေတဲ့ လူငယ်ကိုသာကြည့်နေသည်။
"အခုငါရောက်လာပြီဆိုတော့ မင်းဘယ်သူလဲဆိုတာပြောလို့ရပြီလား...."
သူ့(ရန်ဖုန်း)အမေးကိုကြားတော့ ထိုလူငယ်လေးကပြုံးလိုက်တာကြောင့် နှုတ်ခမ်းအောက်ကမှဲ့နက်လေးက ပိုလို့တောင်ပေါ်လွင်လာသည်။
"ချိုင်မြို့ရဲ့အုပ်ချုပ်သူကို သတင်းတွေကြားတည်းကတွေ့ချင်နေခဲ့တာ...။ဒီနေ့တွေ့ခွင့်ရတာအတိုင်းမသိဝမ်းသာပါတယ်...."
ရှောင်းကျန့်ကခေါင်းကိုညွှတ်ကာ ချိုင်မြို့ရဲ့အုပ်ချုပ်သူကို နှုတ်ဆက်လိုက်သည်။နှုတ်ဆက်ပြီးတာနဲ့ ရှောင်းကျန့်ဆက်ပြောလိုက်သည်။
"ချိုင်မြို့ရဲ့အုပ်ချုပ်သူက အရမ်းကိုထက်မြက်လွန်းတာလို့ကြားဖူးတယ်။ဒါကြောင့် ကျွန်တော်ဘယ်သူဆိုတာကို ခန့်မှန်းကြည့်လိုက်လေ..."
ပြောပြီးတာနဲ့ ရှောင်းကျန့်ရဲ့လက်ထဲမှာ ရွှေရောင်တောက်ပနေတဲ့ ကြာပွတ်တစ်ခုကထွက်ပေါ်လို့လာသည်။အစကစိတ်မဝင်စားဟန်ရှိနေသည့် ရန်ဖုန်းကထိုကြာပွတ်ကိုမြင်လိုက်သည်နှင့် သူ့မျက်နှာမှာစိတ်လှုပ်ရှားမှုတွေကအထင်းသား။မျက်နှာထက်မှာ ရွှေရောင်မျက်နှာဖုံးရယ်၊လက်ကရွှေရောင်ကြာပွတ်တစ်ခုရယ်ကို ဆက်စပ်စဉ်းစားမိတဲ့အခါ ရန်ဖုန်းရဲ့မျက်နှာထက်မှာ အပြုံးတစ်ခုပေါ်လာသည်။ဒါကလူတိုင်းကြားမှာနာမည်ကြီးနေတဲ့ ရန်ဘုရင်မဟုတ်ဘူးလား။
စိတ်လှုပ်ရှားနေတဲ့ရန်ဖုန်းကိုကြည့်ပြီး ရှောင်းကျန့်ပြောလိုက်သည်။
"ခင်ဗျားနန်းတော်ထဲမှာပဲနေပြီး အပြင်ကကျွန်တော့်တပ်တွေကို ထွက်မတိုက်ရဲတဲ့အကြောင်းအရင်းက ကျွန်တော့်ကိုကြောက်လို့များလား...."
ထိုစကားကြောင့်ရန်ဖုန်းက ဒေါသထွက်သွားကာရန်ဘုရင်(ရှောင်းကျန့်)ကိုကြည့်လိုက်သည်။
"မင်းကကိုယ့်ကိုကိုယ် သိပ်အထင်ကြီးနေတာပဲ....။ငါမင်းကိုအနိုင်မတိုက်နိုင်ဘူးလို့များထင်နေတာလား..."
ရှောင်းကျန့်က ရန်ဖုန်းရဲ့စကားကိုယုံကြည်မှုရှိစွာပဲ ပြန်အဖြေပေးလိုက်သည်။
"မင်းငါ့ကိုနိုင်အောင်မတိုက်နိုင်ပါဘူး...."
ထိုစကားပြောပြီးတာနှင့်ရှောင်းကျန့် ချိုင်နန်းတော်ရဲ့အပြင်ဘက်သို့ ထွက်သွားလိုက်သည်။နန်းတော်အပြင်ဘက်မှာ အသင့်ရှိပြီးသားမြင်းတစ်ကောင်ပေါ်သို့တက်ကာ ချိုင်နန်းတော်မှထွက်လာလိုက်သည်။ရှောင်းကျန့်ရဲ့ယုံကြည်မှုလွန်ကဲနေတဲ့ စကားကြောင့်ရန်ဖုန်းဒေါသထွက်သွားကာ ပြေးထွက်သွားတဲ့ရှောင်းကျန့်နောက်သို့တစ်ဟုန်ထိုးလိုက်တော့သည်။အစောင့်တွေဟာလည်း ပြေးထွက်သွားတဲ့သူတို့သခင်ကိုကာကွယ်ရန်အလို့ငှာ နန်းတော်ရဲ့ဂိတ်တံခါးကိုဖွင့်ကာ သူတို့သခင်အနောက်သို့လိုက်ရတော့သည်။ထိုအခွင့်အရေးကိုချောင်းနေတဲ့ ရန်တပ်သားတွေဟာ အစောင့်တွေထွက်လာသည်နှင့်တစ်ပြိုင်နက် ဝိုင်းကာတိုက်ခိုက်ကြတော့သည်။
ရန်ဖုန်းကမြင်းပေါ်ကရှောင်းကျန့်ထံသို့ သူ့လက်ထဲမှဓားကိုပစ်လွှတ်လိုက်သည်။သူ့ဆီသို့တန်းတန်းမတ်မတ်ရောက်လာတဲ့ ဓားကြောင့်ရှောင်းကျန့်မြင်းပေါ်မှခုန်ဆင်းကာ ဓားကိုရှောင်လိုက်သည်။သူ့ကိုသည်းကြီးမည်းကြီးတိုက်ခိုက်နေတဲ့ ရန်ဖုန်းရဲ့ဓားချက်တွေကို ရှောင်းကျန့်ပြန်မခုခံနိုင်ဘဲ ရှောင်ရုံသာတတ်နိုင်သည်။သူသာအရင်ကလိုဆိုရင်တော့ ရန်ဖုန်းကိုပြန်တိုက်ခိုက်နိုင်ပေမယ့် အခုသူ့မှာသိုင်းပညာတွေမရှိပေ။
သူ့ရဲ့ဓားချက်တွေကို ရှောင်ရုံသာရှောင်နေတဲ့ ထိုလူကြောင့် ရန်ဖုန်းဒေါသထွက်လာကာ အံကြိတ်ရင်းပြောလိုက်သည်။
"ရှောင်ပဲရှောင်မနေနဲ့....။ငါ့ကိုတိုက်လေ..."
"မင်းသာငါ့ကို ထိအောင်တိုက်စမ်းပါ..."
ရန်ဖုန်းအားနဲ့အရှိန်ကိုမြှင့်လိုက်ကာ ထိုလူ့ကိုဓားဖြင့်ခုတ်လိုက်သည်။သူ့ဆီသို့တည့်တည့်မတ်မတ်ရောက်လာတဲ့ဓားကြောင့် ရှောင်းကျန့်အမြန်ရှောင်လိုက်သော်လည်း ဓားသွားကသူ့ရဲ့မျက်နှာဖုံးကို ထက်ပိုင်းပြတ်သွားစေတာကြောင့်မျက်နှာပေါ်ကမျက်နှာဖုံးမှာ အောက်သို့ပြုတ်ကျသွားတော့သည်။မျက်နှာဖုံးအောက်ကထွက်ပေါ်လာတဲ့ ဖြူအုနေသောမျက်နှာနုနုလေးကြောင့် ရန်ဖုန်းမှာတိုက်ခိုက်ဖို့ပင်မေ့သွားရသည်။အခုသူ့ရှေ့ကလူက သူအသက်ရှင်လာတဲ့တစ်လျှောက်လုံးမြင်ဖူးသမျှထဲမှာ အလှဆုံးပဲ။ခနအကြာမှ ရန်ဖုန်းဟာသတိပြန်ဝင်လာသည်။
"မင်းက....ရန်ဘုရင်မဟုတ်ဘူး...."
ရန်ဖုန်းရဲ့စကားကို ရှောင်းကျန့်ကပြုံးပြုံးလေးပြန်ဖြေလိုက်သည်။
"ခန့်မှန်းတာမှန်သွားပြီ....။ဒါပေမယ့်.....နောက်ကျသွားပြီ...."
အခုမှရန်ဖုန်းဟာသူ့ရဲ့မြို့တော်ကို သတိရသွားတာကြောင့် လှည့်ကြည့်လိုက်ချိန်မှာ သူတို့မြို့တော်ရဲ့အလံအစား ရန်တပ်တွေရဲ့အလံတွေထောင်ထားနှင့်ပြီးနေပြီ။ရန်တပ်တွေကအင်အားကြီးပြီး စစ်သည်အင်အားများလွန်းတာကြောင့် ရန်ဖုန်းကထိပ်တိုက်မတွေ့ဘဲ မြေမျက်နှာသွင်ပြင်အားသာချက်ကို အမိအရယူကာရန်တပ်ကိုတိုက်ခိုက်ခဲ့တာ။အခုတော့သူ့ရဲ့တဇွတ်ထိုးဒေါသကြောင့် သူ့မြို့ဟာရန်တပ်ရဲ့လက်အောက်ကို ရောက်ရှိသွားခဲ့ပြီ။ရန်ဖုန်းကသက်ပြင်းချကာလက်ထဲကဓားကို မြေပေါ်သို့ပစ်ချလိုက်သည်။
"မင်းမှန်တယ်....ငါရှုံးသွားပြီ...."
သူ့ရှေ့မှာစိတ်ဓာတ်ကျစွာရပ်နေတဲ့ ရန်ဖုန်းကိုကြည့်ကာ ရှောင်းကျန့်ပြောလိုက်သည်။
"ကျွန်တော်တို့ရန်နိုင်ငံနဲ့ပူးပေါင်းလိုက်ပါ....။လုံးဝနောင်တမရစေရဘူး...."
ရန်ဖုန်းဟာထူးချွန်တဲ့ လူတစ်ယောက်ဖြစ်သည်။ဒီလူကိုသာရိပေါ်ဘက်သို့ ရောက်အောင်ခေါ်နိုင်ရင် ရိပေါ်အတွက်အထောက်အကူအကြီးအမားရမှာပင်ဖြစ်သည်။ရှောင်းကျန့်ရဲ့ကြိုးပမ်းမှုနဲ့ ရန်ဖုန်းချိုင်စစ်သည်တွေဟာ ရန်တပ်ဖွဲ့နှင့်ပူးပေါင်းလိုက်တော့သည်။ချိုင်မြို့ဟာလည်း ရန်ဘုရင်ဝမ်ရိပေါ်ရဲ့လက်အတွင်းသို့ရောက်ရှိသွားခဲ့သည်။
________________________________________
ကျိုးနိုင်ငံရဲ့မင်းသားနှစ်ဟောက်ရွှမ်းဟာ သူ့မယ်တော်ကနန်းတော်ကိုပြန်လာခဲ့ရန် စာရေးအကြောင်းကြားတာကြောင့် ကျိုးနိုင်ငံကိုပြန်လာခဲ့သည်။သူရောက်ချိန်မှာတော့ နန်းတော်တစ်ခုလုံးဟာတိတ်ဆိတ်ငြိမ်သက်လွန်းနေသည်။နန်းတော်ကိုလျှောက်သွားနေရင်းနဲ့မှ ညီလာခံအဆောင်ကိုရောက်ချိန်မှာတော့ ငိုယိုအော်ဟစ်နေတဲ့မယ်တော်ရယ်၊ဒူးထောက်နေတဲ့ အကိုတစ်နဲ့လူတစ်စုကို တွေ့လိုက်ရသည်။
မိဖုရားလွီဟာ ပလ္လင်ထက်မှာထိုင်နေတဲ့ ကျီရွှမ်းကိုအော်ဟစ်ကာပြောဆိုနေသည်။
"ကျီရွှမ်း နင်လူစိတ်ရှိရဲ့လား။ဒါနင့်အစ်ကိုတော်လေ...."
မိဖုရားလွီရဲ့စကားကို ကျီရွှမ်းကအေးစက်စွာပြုံးရင်းပြန်ဖြေလာသည်။
"ဘယ်အစ်ကိုကများ သူ့ညီကိုသတ်တာမြင်ဖူးလို့လဲ....။အာ....ပြီးတော့....သူကငါကိုယ်တော်နဲ့သွေးသားတော်စပ်လို့လား...."
ကျီရွှမ်းရဲ့စကားကြောင့် မိဖုရားလွီဟာထိတ်လန့်သွားရသည်။
"နင်....နင်...သိနေတယ်...."
ထိတ်လန့်နေတဲ့မိဖုရားလွီကို ကျီရွှမ်းဟာဂရုမထားတော့ဘဲ ရှေ့မှာဒူးထောက်နေတဲ့ယွင်ကျောက်ကိုကြည့်လိုက်သည်။
"တိုင်းပြည်ကိုပုန်ကန်တဲ့လူတွေက ဘယ်လမ်းကိုသွားရလဲဆိုတာ သိလား...."
"ကျီရွှမ်း....အပိုတွေပြောမနေနဲ့...သတ်ချင်သတ်လိုက်...."
ယွင်ကျောက်ရဲ့စကားကြောင့် ကျီရွှမ်းကပြုံးလိုက်သည်။
"ကောင်းပြီလေ....မင်းကသတ်ဆိုတော့လည်းသတ်ရတာပေါ့...."
ကျီရွှမ်းရဲ့စကားကြောင့် မိဖုရားလွီဟာအသည်းအသန်အော်ဟစ်ငိုယိုတော့သည်။
"ကျီရွှမ်း....မျိုးမစစ်ကောင်....နင်ငါ့သားကိုသတ်ခွင့်မရှိဘူး..."
"ငါကိုယ်တော်က ဒီနိုင်ငံရဲ့ဘုရင်....ငါကိုယ်တော်ကြိုက်တာမှန်သမျှလုပ်ခွင့်ရှိတယ်..."
သူ့အစ်ကိုတော်တစ်အသတ်ခံရမှာကို ဒီတိုင်းကြည့်မနေနိုင်တာကြောင့် ဟောက်ရွှမ်းဝင်ပြောလိုက်သည်။
"ညီတော်....အစ်ကိုတစ်လုပ်ခဲ့တာကမှားတယ်ဆိုပေမယ့်...ငယ်ငယ်ကညီအစ်ကိုသံယောဇဉ်ကို အလေးထားပြီးအပြစ်ဒဏ်အနည်းငယ်လောက်လျှော့ပေါ့ပေးပါလား...."
ဟောက်ရွှမ်းရဲ့စကားကို မိဖုရားလွီကလက်မခံစွာငြင်းဆိုတော့သည်။
"ဘာအကြောင်းကြောင့် ငါ့သားကအပြစ်ဒဏ်ခံရမှာလဲ....။ငါ့သားကမှားတာဘာမှမလုပ်ထားဘူး။အမှန်ဆိုမင်းကမှ ပလ္လင်ပေါ်ကဆင်းပေးရမယ့်လူ။အဲ့နေရာရဲ့ပိုင်ရှင်အစစ်အမှန်က ငါ့သားဖြစ်ရမှာ..."
ဟောက်ရွှမ်းကမိဖုရားလွီကို အနောက်သို့ဆွဲခေါ်လိုက်ကာ ကျီရွှမ်းကိုပြောလိုက်သည်။
"ညီတော်...မယ်တော့်ကိုခွင့်လွှတ်ပေးလိုက်ပါ။မယ်တော်ကို အစ်ကိုတစ်ကိုစိတ်ပူနေလို့ အခုလိုပြောမိသွားတာပါ..."
ယွင်ကျောက်နဲ့မိဖုရားလွီဘာမှမဖြစ်အောင်ဟောက်ရွှမ်းကကာပြောပေးနေမှန်း ကျီရွှမ်းသိသည်။
"ကောင်းပြီ.....အပြစ်ဒဏ်ကိုလျှော့ပေးမယ်။ဒီနေ့ကစပြီး ကျိုးယွင်ကျောက်က ကျိုးနိုင်ငံကိုခြေချခွင့်မရှိတော့ဘူး။ကျန်တဲ့သူ့အပေါင်းအပါတွေကိုတော့ သတ်ပစ်လိုက်။အာ...ပြီးတော့...ကျိုးယွင်ကျောက်ရဲ့မိဖုရားတွေကို နန်းတော်ကနေမောင်းထုတ်လိုက်တော့...."
ကျီရွှမ်းရဲ့စကားကြောင့် လီဟွာမှာလဲကျသွားရသည်။သူမမင်းသားတစ်နဲ့လက်ထပ်ခဲ့တာ နောက်ဆုံးဒီလိုအဆုံးသတ်ဖို့တဲ့လား။သူမဒီနေရာကို ရောက်လာဖို့အများကြီးကြိုးစားခဲ့ရတာ။အခုတော့နန်းတော်ကနေ ဒီအတိုင်းထွက်သွားရမယ်တဲ့လား။ဟင့်အင်း....သူမဒီလိုအဖြစ်မခံနိုင်ဘူး။သူမဟာ ကျီရွှမ်းကိုနန်းတော်ထဲကမောင်းမထုတ်ဖို့ အသနားခံတောင်းဆိုပေမယ့်လည်း ကျီရွှမ်းကတော့လှည့်မကြည့်ဘဲထွက်သွားလေသည်။
(A/N:လီဟွာ=မင်းသားတစ်၏မိဖုရား)
_________________________________________
တစ်ပတ်အကြာမှာတော့ ရိပေါ်ဟာရောဂါမကူးစက်တာကြောင့်နန်းဆောင်ကနေ ထွက်ခွင့်ရခဲ့သည်။ထူးဆန်းတာက ထိုတစ်ပတ်လုံးရှောင်းကျန့်ဟာသူ့ဆီသို့ရောက်မလာခဲ့ပါပေ။ရိပေါ်ဟာတစ်ပတ်လုံးလုံးမတွေ့ရသေးတဲ့ရှောင်းကျန့်ကို တွေ့ချင်လွန်းတာကြောင့် နန်းဆောင်ကထွက်ထွက်ချင်းမှာပဲ ရှောင်းကျန့်ဆီသို့သွားလိုက်သည်။
ရှောင်းကျန့်နန်းဆောင်ရောက်တော့ သူအရမ်းတွေ့ချင်နေတဲ့ရှောင်းကျန့်ကိုရှိမနေဘဲ တိတ်ဆိတ်နေတဲ့နန်းဆောင်ကသာ ကြိုဆိုနေသည်။ရှောင်းကျန့်ကိုမတွေ့တာကြောင့် ရိပေါ်ဒေါသထွက်လာကာ အနောက်ကအစေခံတွေကိုမေးလိုက်သည်။
"ရှောင်းကျန့်ဘယ်ရောက်နေတာလဲ...."
"ဟိုဟာ....သခင်လေးက...."
ဖြေဖို့တွန့်ဆုတ်နေတဲ့ အစေခံတွေကြောင့် ရိပေါ်ပိုလို့ပင်ဒေါသထွက်လာသည်။
"ရှောင်းကျန့်ဘယ်မှာလဲလို့ ငါမေးနေတယ်လေ!!!"
ရိပေါ်ရဲ့ဒေါသကိုခံစားမိတဲ့ အစေခံတွေအားလုံးဟာ မြေပေါ်သို့ဒူးထောက်လိုက်ကြပြီး အကြောက်ကြောက်အလန့်လန့်ဖြင့် ပြန်ဖြေတော့သည်။
"သခင်လေးက....တပ်မှူးနဲ့အတူချိုင်မြို့ကိုတိုက်ဖို့ထွက်သွားပါတယ်....အရှင်...."
ရိပေါ်ရဲ့မျက်ခုံးတွေက အလိုမကျစွာတွန့်ချိုးသွားကြသည်။
"ဘာလို့ငါ့ကိုတစ်ယောက်မှ မပြောကြတာလဲ..."
"သခင်လေးက....အရှင့်ကို မပြောခိုင်းလို့ပါ...."
ရိပေါ်ကသူ့ရဲ့အစေခံတွေကို လှည့်ကာပြောလိုက်သည်။
"အခုချက်ချင်းချိုင်မြို့ကို အရိပ်မဲ့တပ်ဖွဲ့တွေလွှတ်လိုက်။ရှောင်းကျန့်တစ်ခုခုဖြစ်တာနဲ့အကုန်လုံး အရေခွံစုတ်ခံရမယ်လို့ပြောလိုက်...."
"ဟုတ်ကဲ့.....အရှင်...."
အစေခံလေးဟာ ကြောက်ကြောက်လန့်လန့်ဖြင့်ရိပေါ်ရှေ့မှပြေးထွက်သွားတော့သည်။ရိပေါ်ဒေါသထွက်နေတာကို သိတာကြောင့်အစေခံတွေအားလုံး အသက်ပင်မရှူရဲကြပေ။ရိပေါ်ဟာဘေးကခုံတစ်ခုပေါ်မှာထိုင်လိုက်ကာ အေးစက်စွာပြောလိုက်သည်။
"ကြည့်ရတာ အဆိုးလေးကအပြစ်ပေးခံရတာကိုမမှတ်သေးတဲ့ပုံပဲ"
________________________________________
14.8.2020
Next part will be Final.....
ဒါလေးပြီးတာနဲ့ "The Last Omega" ဆိုတဲ့အသစ်လေးမှာတွေ့ကြပါမယ်နော်။"The Last Omega" လေးကို Intro လေးတင်ပေးထားပါတယ်။သဘောကျရင်ဖတ်လို့ရပါတယ်နော်။
Zawgyi
တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ နန္းေဆာင္တစ္ခုအတြင္းသို႔ အေစာင့္တပ္သားတစ္ေယာက္ဟာကျပာကယာျဖင့္ဝင္ေရာက္လာသည္။နန္းေဆာင္ထဲတြင္ေတာ့ ေခ်ာေမာခန႔္ညားတဲ့ လူငယ္တစ္ဦးကခြၽန္ျမေနတဲ့ဓားသြားကို ပိုးပုဝါတစ္ခုႏွင့္သုတ္လို႔ေနသည္။အေစာင့္တပ္သားက ထိုလူကိုေတြ႕တာႏွင့္ ဒူးေထာက္ဦးၫႊတ္၍ အ႐ိုအေသေပးလိုက္သည္။
"သခင္....."
အေစာင့္တပ္သားရဲ႕ဦးၫႊတ္ဂါရဝျပဳမႈကို ထိုလူကဘာမွမတုန႔္ျပန္ဘဲ ေျပာင္လက္ေနေသာဓားကိုသာသူ႔လက္ထဲရွိပိုးပုဝါစႏွင့္ သုတ္လို႔ေနသည္။ထိုလူ႔ဆီမွဘာတုန႔္ျပန္မႈမွ မရတာေၾကာင့္ အေစာင့္တပ္သားေလးဟာလည္း စကားမစရဲေပ။သူ႔ရဲ႕ဂါရဝျပဳတဲ့ပုံစံအတိုင္းသာ သူ႔သခင္ရဲ႕တုန႔္ျပန္စကားကိုေစာင့္လို႔ေနသည္။
ႏွစ္ဦးစလုံးဘယ္သူကမွ စ၍စကားမေျပာတာေၾကာင့္ အခန္းဟာဓားကိုပြတ္တိုက္ေနတဲ့အသံမွလြဲ၍ တျခားအသံမ်ားကေတာ့တိတ္ဆိတ္လို႔ေနသည္။ခနအၾကာမွ ဓားကိုသုတ္ေနတဲ့လူငယ္ထံမွ စကားသံထြက္ေပၚလာသည္။
"ဘာေျပာစရာရွိလို႔လဲ....ရန္တပ္ေတြၿမိဳ႕ထဲဝင္လာလို႔လား....."
ထိုလူငယ္ေမးေတာ့မွသာ အေစာင့္တပ္သားေလးက ျပန္ေျဖရဲသည္။
"မဟုတ္ပါဘူး....သခင္။ရန္တပ္ေတြက ၿမိဳ႕ျပင္မွာပဲရွိေနပါေသးတယ္....သခင္....။အခုက...."
အေစာင့္တပ္သားေလးရဲ႕ တြန႔္ဆုတ္တြန႔္ဆုတ္ျဖစ္ေနတဲ့ပုံစံေၾကာင့္ ထိုလူငယ္ကဆက္ေျပာဖို႔အခ်က္ျပလိုက္သည္။သူ႔သခင္ကဆက္ေျပာဖို႔အခ်က္ျပေသာေၾကာင့္ အေစာင့္တပ္သားေလးက ဆက္ေျပာလိုက္သည္။
"အဲ့ဒါက....လူတစ္ေယာက္က သခင့္ကိုထြက္လာဖို႔ေျပာေနပါတယ္..."
အေစာင့္တပ္သားေလးရဲ႕စကားကို ထိုလူကစိတ္ဝင္စားဟန္မျပေပ။လက္ထဲရွိဓားကိုသာ ဆက္လို႔သုတ္ေနသည္။
"သူကေျပာေသးတယ္....။သခင္က...သတၱိနည္းတဲ့လူတဲ့။နန္းေတာ္ထဲမွာပုန္းေနၿပီး....အျပင္ကိုထြက္တိုက္ဖို႔သတၱိမရွိတဲ့လူတဲ့...."
အေစာင့္တပ္သားေလးက ေၾကာက္႐ြံ႕စြာျဖင့္တံေထြးတစ္ခ်က္ၿမိဳခ်လိုက္ကာ သူ႔သခင္ရဲ႕မ်က္ႏွာရိပ္မ်က္ႏွာကဲကို ၾကည့္လိုက္သည္။သူေျပာတဲ့စကားေတြကို သူ႔သခင္ကေဒါသမထြက္ဘဲ လက္ထဲကဓားကိုဆက္သုတ္ေနတာကို ျမင္ကာမွ သူသက္ျပင္းခ်ကာဆက္ေျပာလိုက္သည္။
"ၿပီးေတာ့...သူကေျပာေသးတယ္....။သခင္ကနန္းေတာ္ထဲမွာ ပုန္းေနတဲ့ငေၾကာက္တစ္ေကာင္တဲ့....."
အေစာင့္တပ္သားေလးရဲ႕စကားအဆုံးမွာေတာ့ လူငယ္ကဓားကိုသုတ္ေနတာကိုရပ္လိုက္ကာ အေစာင့္တပ္သားေလးကို ၾကည့္ရင္းေျပာလာသည္။
"သတၱိနည္းတဲ့လူတဲ့လား....အဟက္....သူအခုဘယ္မွာလဲ....."
ထိုလူငယ္ရဲ႕အေမးစကားကို အေစာင့္တပ္သားေလးက လ်င္ျမန္စြာပဲျပန္ေျဖလိုက္သည္။
"သူအခု အေရွ႕ဘက္နန္းေဆာင္မွာရွိပါတယ္.....သခင္...."
အေစာင့္တပ္သားေလးစကားအဆုံးမွာ ထိုလူငယ္ကလက္ထဲကဓားကိုဓားအိမ္သို႔ျပန္ထည့္လိုက္ကာ ထရပ္လိုက္သည္။ၿပီးတာနဲ႔အေစာင့္တပ္သားေလးကို ေျပာလိုက္သည္။
"သြားမယ္...."
အေစာင့္တပ္သားေလးမွာ ဒူးေထာက္ထိုင္ေနရာမွအျမန္ထရပ္ကာ အခန္းထဲမွထြက္သြားၿပီျဖစ္ေသာ သူ႔သခင္ေနာက္သို႔အျမန္ေျပးလိုက္ရေတာ့သည္။အေရွ႕ဘက္နန္းေဆာင္နားသို႔ေရာက္ရန္ နီးလာတာနဲ႔အေျခအတင္ေျပာေနတဲ့အသံေတြကို သူတို႔ၾကားလိုက္ရသည္။ေဒါသထြက္ေနတဲ့လူတစ္ေယာက္ရဲ႕အသံက ထြက္ေပၚလာသည္။
"မင္းဘယ္သူလဲ.....။ငါတို႔နန္းေဆာင္ကိုလာၿပီး ငါတို႔သခင္ကိုလာေစာ္ကားေနတယ္။မင္းဒီကေနအသက္ရွင္လ်က္ ျပန္ထြက္သြားလို႔ရမယ္မ်ားထင္ေနလား...။ငါတို႔သခင္လာရင္ မင္းကိုတစ္စစီဆြဲၿဖဲပစ္လိမ့္မယ္..."
"ငါဘယ္သူလဲဆိုတာ မင္းတို႔သိစရာမလိုပါဘူး။ငါေတြ႕ခ်င္တာကမင္းတို႔ရဲ႕သခင္ကိုေတြ႕ခ်င္တာ။ဘာလဲ....မင္းတို႔ရဲ႕သခင္က ငါ့ကိုထြက္ေတြ႕ဖို႔ေတာင္ သတၱိမရွိတာလား...."
ထိုစကားကိုျပန္ေျပာလာတဲ့ လူရဲ႕အသံကၾကည္လင္ျပတ္သားကာ ယုံၾကည္မႈအျပည့္ရွိေနတာေၾကာင့္ ရန္ဖုန္းမ်က္ခုံးပင့္လိုက္မိသည္။အသံလာရာေနရာကိုၾကည့္လိုက္ခ်ိန္မွာေတာ့ ထိုအသံပိုင္ရွင္ကနန္းေဆာင္ရဲ႕ေခါင္မိုးထက္တြင္သက္ေတာင့္သက္သာ လွဲေနသည္။ထိုလူကအမည္းေရာင္ဝတ္စုံကိုဝတ္ကာ မ်က္ႏွာထက္တြင္ေတာ့ ေ႐ႊေရာင္မ်က္ႏွာဖုံးကိုဝတ္ဆင္ထားသည္။ထိုလူ႔ရဲ႕အမည္းေရာင္ဝတ္႐ုံက ျဖဴဝင္းေနေသာလည္တံသြယ္သြယ္ေလးႏွင့္ ခပ္ေသးေသးခါးေလးေတြကိုေတာ့ ဖုံးကြယ္ထားႏိုင္စြမ္းမရွိေပ။
မ်က္ႏွာထက္က မ်က္ႏွာဖုံးကလည္း ခပ္ရဲရဲႏႈတ္ခမ္းတစ္စုံႏွင့္ ႏႈတ္ခမ္းေအာက္ကမွဲ႔နက္ေလးကို မဖုံးကြယ္ထားႏိုင္ေပ။ခပ္ေဖ်ာ့ေဖ်ာ့ေနေရာင္ျခည္က ထိုလူ႔အေပၚသို႔က်ေရာက္ေနတာေၾကာင့္ ထိုလူငယ္ဟာမေသမ်ိဳးနတ္ဘုရားတစ္ပါးအလား။ထိုလူ႔ရဲ႕အသြင္အျပင္ကိုၾကည့္တာႏွင့္ အလိုလိုက္ခံထားရတဲ့ သခင္ငယ္ေလးပုံကေပၚေပါက္လို႔ေနသည္။ဒီလိုလူကသူ႔ကိုစိန္ေခၚတာကို ေတြးလိုက္မိတာႏွင့္ ရန္ဖုန္းေလွာင္ရယ္မိလိုက္သည္။
"မင္းေတြ႕ခ်င္ေနတဲ့ လူကငါပဲ...။အခုငါေရာက္လာၿပီဆိုေတာ့ ဘာေျပာခ်င္ေသးလဲ..."
ထိုအသံကိုၾကားလိုက္တာႏွင့္ လွဲေနရာမွေရွာင္းက်န႔္ထလိုက္သည္။သူ႔ကိုစူးစိုက္ၾကည့္ေနတဲ့ လူငယ္ေလးကိုေတြ႕ခ်ိန္မွာေတာ့ ေရွာင္းက်န႔္ခိုးၿပဳံးလိုက္သည္။သူၾကားထားတဲ့ သတင္းေတြအတိုင္းပဲ။ခ်ိဳင္ၿမိဳ႕ရဲ႕အုပ္ခ်ဳပ္သူက တကယ့္ကိုလူငယ္တစ္ေယာက္ပဲ။
သူတို႔သခင္ရန္ဖုန္းေရာက္လာတာကို ေတြ႕လိုက္သည္ႏွင့္ တပ္သားေတြအားလုံး တညီးတၫြတ္တည္းဦးၫႊတ္လိုက္ၾကသည္။
"သခင္....."
ရန္ဖုန္းကထိုလူေတြကို ဂ႐ုမထားဘဲ နန္းေဆာင္ရဲ႕ေခါင္မိုးထက္ကေနသူ႔ကိုၾကည့္ေနတဲ့ လူငယ္ကိုသာၾကည့္ေနသည္။
"အခုငါေရာက္လာၿပီဆိုေတာ့ မင္းဘယ္သူလဲဆိုတာေျပာလို႔ရၿပီလား...."
သူ႔(ရန္ဖုန္း)အေမးကိုၾကားေတာ့ ထိုလူငယ္ေလးကၿပဳံးလိုက္တာေၾကာင့္ ႏႈတ္ခမ္းေအာက္ကမွဲ႔နက္ေလးက ပိုလို႔ေတာင္ေပၚလြင္လာသည္။
"ခ်ိဳင္ၿမိဳ႕ရဲ႕အုပ္ခ်ဳပ္သူကို သတင္းေတြၾကားတည္းကေတြ႕ခ်င္ေနခဲ့တာ...။ဒီေန႔ေတြ႕ခြင့္ရတာအတိုင္းမသိဝမ္းသာပါတယ္...."
ေရွာင္းက်န႔္ကေခါင္းကိုၫႊတ္ကာ ခ်ိဳင္ၿမိဳ႕ရဲ႕အုပ္ခ်ဳပ္သူကို ႏႈတ္ဆက္လိုက္သည္။ႏႈတ္ဆက္ၿပီးတာနဲ႔ ေရွာင္းက်န႔္ဆက္ေျပာလိုက္သည္။
"ခ်ိဳင္ၿမိဳ႕ရဲ႕အုပ္ခ်ဳပ္သူက အရမ္းကိုထက္ျမက္လြန္းတာလို႔ၾကားဖူးတယ္။ဒါေၾကာင့္ ကြၽန္ေတာ္ဘယ္သူဆိုတာကို ခန႔္မွန္းၾကည့္လိုက္ေလ..."
ေျပာၿပီးတာနဲ႔ ေရွာင္းက်န႔္ရဲ႕လက္ထဲမွာ ေ႐ႊေရာင္ေတာက္ပေနတဲ့ ၾကာပြတ္တစ္ခုကထြက္ေပၚလို႔လာသည္။အစကစိတ္မဝင္စားဟန္ရွိေနသည့္ ရန္ဖုန္းကထိုၾကာပြတ္ကိုျမင္လိုက္သည္ႏွင့္ သူ႔မ်က္ႏွာမွာစိတ္လႈပ္ရွားမႈေတြကအထင္းသား။မ်က္ႏွာထက္မွာ ေ႐ႊေရာင္မ်က္ႏွာဖုံးရယ္၊လက္ကေ႐ႊေရာင္ၾကာပြတ္တစ္ခုရယ္ကို ဆက္စပ္စဥ္းစားမိတဲ့အခါ ရန္ဖုန္းရဲ႕မ်က္ႏွာထက္မွာ အၿပဳံးတစ္ခုေပၚလာသည္။ဒါကလူတိုင္းၾကားမွာနာမည္ႀကီးေနတဲ့ ရန္ဘုရင္မဟုတ္ဘူးလား။
စိတ္လႈပ္ရွားေနတဲ့ရန္ဖုန္းကိုၾကည့္ၿပီး ေရွာင္းက်န႔္ေျပာလိုက္သည္။
"ခင္ဗ်ားနန္းေတာ္ထဲမွာပဲေနၿပီး အျပင္ကကြၽန္ေတာ့္တပ္ေတြကို ထြက္မတိုက္ရဲတဲ့အေၾကာင္းအရင္းက ကြၽန္ေတာ့္ကိုေၾကာက္လို႔မ်ားလား...."
ထိုစကားေၾကာင့္ရန္ဖုန္းက ေဒါသထြက္သြားကာရန္ဘုရင္(ေရွာင္းက်န႔္)ကိုၾကည့္လိုက္သည္။
"မင္းကကိုယ့္ကိုကိုယ္ သိပ္အထင္ႀကီးေနတာပဲ....။ငါမင္းကိုအႏိုင္မတိုက္ႏိုင္ဘူးလို႔မ်ားထင္ေနတာလား..."
ေရွာင္းက်န႔္က ရန္ဖုန္းရဲ႕စကားကိုယုံၾကည္မႈရွိစြာပဲ ျပန္အေျဖေပးလိုက္သည္။
"မင္းငါ့ကိုႏိုင္ေအာင္မတိုက္ႏိုင္ပါဘူး...."
ထိုစကားေျပာၿပီးတာႏွင့္ေရွာင္းက်န႔္ ခ်ိဳင္နန္းေတာ္ရဲ႕အျပင္ဘက္သို႔ ထြက္သြားလိုက္သည္။နန္းေတာ္အျပင္ဘက္မွာ အသင့္ရွိၿပီးသားျမင္းတစ္ေကာင္ေပၚသို႔တက္ကာ ခ်ိဳင္နန္းေတာ္မွထြက္လာလိုက္သည္။ေရွာင္းက်န႔္ရဲ႕ယုံၾကည္မႈလြန္ကဲေနတဲ့ စကားေၾကာင့္ရန္ဖုန္းေဒါသထြက္သြားကာ ေျပးထြက္သြားတဲ့ေရွာင္းက်န႔္ေနာက္သို႔တစ္ဟုန္ထိုးလိုက္ေတာ့သည္။အေစာင့္ေတြဟာလည္း ေျပးထြက္သြားတဲ့သူတို႔သခင္ကိုကာကြယ္ရန္အလို႔ငွာ နန္းေတာ္ရဲ႕ဂိတ္တံခါးကိုဖြင့္ကာ သူတို႔သခင္အေနာက္သို႔လိုက္ရေတာ့သည္။ထိုအခြင့္အေရးကိုေခ်ာင္းေနတဲ့ ရန္တပ္သားေတြဟာ အေစာင့္ေတြထြက္လာသည္ႏွင့္တစ္ၿပိဳင္နက္ ဝိုင္းကာတိုက္ခိုက္ၾကေတာ့သည္။
ရန္ဖုန္းကျမင္းေပၚကေရွာင္းက်န႔္ထံသို႔ သူ႔လက္ထဲမွဓားကိုပစ္လႊတ္လိုက္သည္။သူ႔ဆီသို႔တန္းတန္းမတ္မတ္ေရာက္လာတဲ့ ဓားေၾကာင့္ေရွာင္းက်န႔္ျမင္းေပၚမွခုန္ဆင္းကာ ဓားကိုေရွာင္လိုက္သည္။သူ႔ကိုသည္းႀကီးမည္းႀကီးတိုက္ခိုက္ေနတဲ့ ရန္ဖုန္းရဲ႕ဓားခ်က္ေတြကို ေရွာင္းက်န႔္ျပန္မခုခံႏိုင္ဘဲ ေရွာင္႐ုံသာတတ္ႏိုင္သည္။သူသာအရင္ကလိုဆိုရင္ေတာ့ ရန္ဖုန္းကိုျပန္တိုက္ခိုက္ႏိုင္ေပမယ့္ အခုသူ႔မွာသိုင္းပညာေတြမရွိေပ။
သူ႔ရဲ႕ဓားခ်က္ေတြကို ေရွာင္႐ုံသာေရွာင္ေနတဲ့ ထိုလူေၾကာင့္ ရန္ဖုန္းေဒါသထြက္လာကာ အံႀကိတ္ရင္းေျပာလိုက္သည္။
"ေရွာင္ပဲေရွာင္မေနနဲ႔....။ငါ့ကိုတိုက္ေလ..."
"မင္းသာငါ့ကို ထိေအာင္တိုက္စမ္းပါ..."
ရန္ဖုန္းအားနဲ႔အရွိန္ကိုျမႇင့္လိုက္ကာ ထိုလူ႔ကိုဓားျဖင့္ခုတ္လိုက္သည္။သူ႔ဆီသို႔တည့္တည့္မတ္မတ္ေရာက္လာတဲ့ဓားေၾကာင့္ ေရွာင္းက်န႔္အျမန္ေရွာင္လိုက္ေသာ္လည္း ဓားသြားကသူ႔ရဲ႕မ်က္ႏွာဖုံးကို ထက္ပိုင္းျပတ္သြားေစတာေၾကာင့္မ်က္ႏွာေပၚကမ်က္ႏွာဖုံးမွာ ေအာက္သို႔ျပဳတ္က်သြားေတာ့သည္။မ်က္ႏွာဖုံးေအာက္ကထြက္ေပၚလာတဲ့ ျဖဴအုေနေသာမ်က္ႏွာႏုႏုေလးေၾကာင့္ ရန္ဖုန္းမွာတိုက္ခိုက္ဖို႔ပင္ေမ့သြားရသည္။အခုသူ႔ေရွ႕ကလူက သူအသက္ရွင္လာတဲ့တစ္ေလွ်ာက္လုံးျမင္ဖူးသမွ်ထဲမွာ အလွဆုံးပဲ။ခနအၾကာမွ ရန္ဖုန္းဟာသတိျပန္ဝင္လာသည္။
"မင္းက....ရန္ဘုရင္မဟုတ္ဘူး...."
ရန္ဖုန္းရဲ႕စကားကို ေရွာင္းက်န႔္ကၿပဳံးၿပဳံးေလးျပန္ေျဖလိုက္သည္။
"ခန႔္မွန္းတာမွန္သြားၿပီ....။ဒါေပမယ့္.....ေနာက္က်သြားၿပီ...."
အခုမွရန္ဖုန္းဟာသူ႔ရဲ႕ၿမိဳ႕ေတာ္ကို သတိရသြားတာေၾကာင့္ လွည့္ၾကည့္လိုက္ခ်ိန္မွာ သူတို႔ၿမိဳ႕ေတာ္ရဲ႕အလံအစား ရန္တပ္ေတြရဲ႕အလံေတြေထာင္ထားႏွင့္ၿပီးေနၿပီ။ရန္တပ္ေတြကအင္အားႀကီးၿပီး စစ္သည္အင္အားမ်ားလြန္းတာေၾကာင့္ ရန္ဖုန္းကထိပ္တိုက္မေတြ႕ဘဲ ေျမမ်က္ႏွာသြင္ျပင္အားသာခ်က္ကို အမိအရယူကာရန္တပ္ကိုတိုက္ခိုက္ခဲ့တာ။အခုေတာ့သူ႔ရဲ႕တဇြတ္ထိုးေဒါသေၾကာင့္ သူ႔ၿမိဳ႕ဟာရန္တပ္ရဲ႕လက္ေအာက္ကို ေရာက္ရွိသြားခဲ့ၿပီ။ရန္ဖုန္းကသက္ျပင္းခ်ကာလက္ထဲကဓားကို ေျမေပၚသို႔ပစ္ခ်လိုက္သည္။
"မင္းမွန္တယ္....ငါရႈံးသြားၿပီ...."
သူ႔ေရွ႕မွာစိတ္ဓာတ္က်စြာရပ္ေနတဲ့ ရန္ဖုန္းကိုၾကည့္ကာ ေရွာင္းက်န႔္ေျပာလိုက္သည္။
"ကြၽန္ေတာ္တို႔ရန္ႏိုင္ငံနဲ႔ပူးေပါင္းလိုက္ပါ....။လုံးဝေနာင္တမရေစရဘူး...."
ရန္ဖုန္းဟာထူးခြၽန္တဲ့ လူတစ္ေယာက္ျဖစ္သည္။ဒီလူကိုသာရိေပၚဘက္သို႔ ေရာက္ေအာင္ေခၚႏိုင္ရင္ ရိေပၚအတြက္အေထာက္အကူအႀကီးအမားရမွာပင္ျဖစ္သည္။ေရွာင္းက်န႔္ရဲ႕ႀကိဳးပမ္းမႈနဲ႔ ရန္ဖုန္းခ်ိဳင္စစ္သည္ေတြဟာ ရန္တပ္ဖြဲ႕ႏွင့္ပူးေပါင္းလိုက္ေတာ့သည္။ခ်ိဳင္ၿမိဳ႕ဟာလည္း ရန္ဘုရင္ဝမ္ရိေပၚရဲ႕လက္အတြင္းသို႔ေရာက္ရွိသြားခဲ့သည္။
________________________________________
က်ိဳးႏိုင္ငံရဲ႕မင္းသားႏွစ္ေဟာက္႐ႊမ္းဟာ သူ႔မယ္ေတာ္ကနန္းေတာ္ကိုျပန္လာခဲ့ရန္ စာေရးအေၾကာင္းၾကားတာေၾကာင့္ က်ိဳးႏိုင္ငံကိုျပန္လာခဲ့သည္။သူေရာက္ခ်ိန္မွာေတာ့ နန္းေတာ္တစ္ခုလုံးဟာတိတ္ဆိတ္ၿငိမ္သက္လြန္းေနသည္။နန္းေတာ္ကိုေလွ်ာက္သြားေနရင္းနဲ႔မွ ညီလာခံအေဆာင္ကိုေရာက္ခ်ိန္မွာေတာ့ ငိုယိုေအာ္ဟစ္ေနတဲ့မယ္ေတာ္ရယ္၊ဒူးေထာက္ေနတဲ့ အကိုတစ္နဲ႔လူတစ္စုကို ေတြ႕လိုက္ရသည္။
မိဖုရားလြီဟာ ပလႅင္ထက္မွာထိုင္ေနတဲ့ က်ီ႐ႊမ္းကိုေအာ္ဟစ္ကာေျပာဆိုေနသည္။
"က်ီ႐ႊမ္း နင္လူစိတ္ရွိရဲ႕လား။ဒါနင့္အစ္ကိုေတာ္ေလ...."
မိဖုရားလြီရဲ႕စကားကို က်ီ႐ႊမ္းကေအးစက္စြာၿပဳံးရင္းျပန္ေျဖလာသည္။
"ဘယ္အစ္ကိုကမ်ား သူ႔ညီကိုသတ္တာျမင္ဖူးလို႔လဲ....။အာ....ၿပီးေတာ့....သူကငါကိုယ္ေတာ္နဲ႔ေသြးသားေတာ္စပ္လို႔လား...."
က်ီ႐ႊမ္းရဲ႕စကားေၾကာင့္ မိဖုရားလြီဟာထိတ္လန႔္သြားရသည္။
"နင္....နင္...သိေနတယ္...."
ထိတ္လန႔္ေနတဲ့မိဖုရားလြီကို က်ီ႐ႊမ္းဟာဂ႐ုမထားေတာ့ဘဲ ေရွ႕မွာဒူးေထာက္ေနတဲ့ယြင္ေက်ာက္ကိုၾကည့္လိုက္သည္။
"တိုင္းျပည္ကိုပုန္ကန္တဲ့လူေတြက ဘယ္လမ္းကိုသြားရလဲဆိုတာ သိလား...."
"က်ီ႐ႊမ္း....အပိုေတြေျပာမေနနဲ႔...သတ္ခ်င္သတ္လိုက္...."
ယြင္ေက်ာက္ရဲ႕စကားေၾကာင့္ က်ီ႐ႊမ္းကၿပဳံးလိုက္သည္။
"ေကာင္းၿပီေလ....မင္းကသတ္ဆိုေတာ့လည္းသတ္ရတာေပါ့...."
က်ီ႐ႊမ္းရဲ႕စကားေၾကာင့္ မိဖုရားလြီဟာအသည္းအသန္ေအာ္ဟစ္ငိုယိုေတာ့သည္။
"က်ီ႐ႊမ္း....မ်ိဳးမစစ္ေကာင္....နင္ငါ့သားကိုသတ္ခြင့္မရွိဘူး..."
"ငါကိုယ္ေတာ္က ဒီႏိုင္ငံရဲ႕ဘုရင္....ငါကိုယ္ေတာ္ႀကိဳက္တာမွန္သမွ်လုပ္ခြင့္ရွိတယ္..."
သူ႔အစ္ကိုေတာ္တစ္အသတ္ခံရမွာကို ဒီတိုင္းၾကည့္မေနႏိုင္တာေၾကာင့္ ေဟာက္႐ႊမ္းဝင္ေျပာလိုက္သည္။
"ညီေတာ္....အစ္ကိုတစ္လုပ္ခဲ့တာကမွားတယ္ဆိုေပမယ့္...ငယ္ငယ္ကညီအစ္ကိုသံေယာဇဥ္ကို အေလးထားၿပီးအျပစ္ဒဏ္အနည္းငယ္ေလာက္ေလွ်ာ့ေပါ့ေပးပါလား...."
ေဟာက္႐ႊမ္းရဲ႕စကားကို မိဖုရားလြီကလက္မခံစြာျငင္းဆိုေတာ့သည္။
"ဘာအေၾကာင္းေၾကာင့္ ငါ့သားကအျပစ္ဒဏ္ခံရမွာလဲ....။ငါ့သားကမွားတာဘာမွမလုပ္ထားဘူး။အမွန္ဆိုမင္းကမွ ပလႅင္ေပၚကဆင္းေပးရမယ့္လူ။အဲ့ေနရာရဲ႕ပိုင္ရွင္အစစ္အမွန္က ငါ့သားျဖစ္ရမွာ..."
ေဟာက္႐ႊမ္းကမိဖုရားလြီကို အေနာက္သို႔ဆြဲေခၚလိုက္ကာ က်ီ႐ႊမ္းကိုေျပာလိုက္သည္။
"ညီေတာ္...မယ္ေတာ့္ကိုခြင့္လႊတ္ေပးလိုက္ပါ။မယ္ေတာ္ကို အစ္ကိုတစ္ကိုစိတ္ပူေနလို႔ အခုလိုေျပာမိသြားတာပါ..."
ယြင္ေက်ာက္နဲ႔မိဖုရားလြီဘာမွမျဖစ္ေအာင္ေဟာက္႐ႊမ္းကကာေျပာေပးေနမွန္း က်ီ႐ႊမ္းသိသည္။
"ေကာင္းၿပီ.....အျပစ္ဒဏ္ကိုေလွ်ာ့ေပးမယ္။ဒီေန႔ကစၿပီး က်ိဳးယြင္ေက်ာက္က က်ိဳးႏိုင္ငံကိုေျခခ်ခြင့္မရွိေတာ့ဘူး။က်န္တဲ့သူ႔အေပါင္းအပါေတြကိုေတာ့ သတ္ပစ္လိုက္။အာ...ၿပီးေတာ့...က်ိဳးယြင္ေက်ာက္ရဲ႕မိဖုရားေတြကို နန္းေတာ္ကေနေမာင္းထုတ္လိုက္ေတာ့...."
က်ီ႐ႊမ္းရဲ႕စကားေၾကာင့္ လီဟြာမွာလဲက်သြားရသည္။သူမမင္းသားတစ္နဲ႔လက္ထပ္ခဲ့တာ ေနာက္ဆုံးဒီလိုအဆုံးသတ္ဖို႔တဲ့လား။သူမဒီေနရာကို ေရာက္လာဖို႔အမ်ားႀကီးႀကိဳးစားခဲ့ရတာ။အခုေတာ့နန္းေတာ္ကေန ဒီအတိုင္းထြက္သြားရမယ္တဲ့လား။ဟင့္အင္း....သူမဒီလိုအျဖစ္မခံႏိုင္ဘူး။သူမဟာ က်ီ႐ႊမ္းကိုနန္းေတာ္ထဲကေမာင္းမထုတ္ဖို႔ အသနားခံေတာင္းဆိုေပမယ့္လည္း က်ီ႐ႊမ္းကေတာ့လွည့္မၾကည့္ဘဲထြက္သြားေလသည္။
(A/N:လီဟြာ=မင္းသားတစ္၏မိဖုရား)
_________________________________________
တစ္ပတ္အၾကာမွာေတာ့ ရိေပၚဟာေရာဂါမကူးစက္တာေၾကာင့္နန္းေဆာင္ကေန ထြက္ခြင့္ရခဲ့သည္။ထူးဆန္းတာက ထိုတစ္ပတ္လုံးေရွာင္းက်န႔္ဟာသူ႔ဆီသို႔ေရာက္မလာခဲ့ပါေပ။ရိေပၚဟာတစ္ပတ္လုံးလုံးမေတြ႕ရေသးတဲ့ေရွာင္းက်န႔္ကို ေတြ႕ခ်င္လြန္းတာေၾကာင့္ နန္းေဆာင္ကထြက္ထြက္ခ်င္းမွာပဲ ေရွာင္းက်န႔္ဆီသို႔သြားလိုက္သည္။
ေရွာင္းက်န႔္နန္းေဆာင္ေရာက္ေတာ့ သူအရမ္းေတြ႕ခ်င္ေနတဲ့ေရွာင္းက်န႔္ကိုရွိမေနဘဲ တိတ္ဆိတ္ေနတဲ့နန္းေဆာင္ကသာ ႀကိဳဆိုေနသည္။ေရွာင္းက်န႔္ကိုမေတြ႕တာေၾကာင့္ ရိေပၚေဒါသထြက္လာကာ အေနာက္ကအေစခံေတြကိုေမးလိုက္သည္။
"ေရွာင္းက်န႔္ဘယ္ေရာက္ေနတာလဲ...."
"ဟိုဟာ....သခင္ေလးက...."
ေျဖဖို႔တြန႔္ဆုတ္ေနတဲ့ အေစခံေတြေၾကာင့္ ရိေပၚပိုလို႔ပင္ေဒါသထြက္လာသည္။
"ေရွာင္းက်န႔္ဘယ္မွာလဲလို႔ ငါေမးေနတယ္ေလ!!!"
ရိေပၚရဲ႕ေဒါသကိုခံစားမိတဲ့ အေစခံေတြအားလုံးဟာ ေျမေပၚသို႔ဒူးေထာက္လိုက္ၾကၿပီး အေၾကာက္ေၾကာက္အလန႔္လန႔္ျဖင့္ ျပန္ေျဖေတာ့သည္။
"သခင္ေလးက....တပ္မႉးနဲ႔အတူခ်ိဳင္ၿမိဳ႕ကိုတိုက္ဖို႔ထြက္သြားပါတယ္....အရွင္...."
ရိေပၚရဲ႕မ်က္ခုံးေတြက အလိုမက်စြာတြန႔္ခ်ိဳးသြားၾကသည္။
"ဘာလို႔ငါ့ကိုတစ္ေယာက္မွ မေျပာၾကတာလဲ..."
"သခင္ေလးက....အရွင့္ကို မေျပာခိုင္းလို႔ပါ...."
ရိေပၚကသူ႔ရဲ႕အေစခံေတြကို လွည့္ကာေျပာလိုက္သည္။
"အခုခ်က္ခ်င္းခ်ိဳင္ၿမိဳ႕ကို အရိပ္မဲ့တပ္ဖြဲ႕ေတြလႊတ္လိုက္။ေရွာင္းက်န႔္တစ္ခုခုျဖစ္တာနဲ႔အကုန္လုံး အေရခြံစုတ္ခံရမယ္လို႔ေျပာလိုက္...."
"ဟုတ္ကဲ့.....အရွင္...."
အေစခံေလးဟာ ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ရိေပၚေရွ႕မွေျပးထြက္သြားေတာ့သည္။ရိေပၚေဒါသထြက္ေနတာကို သိတာေၾကာင့္အေစခံေတြအားလုံး အသက္ပင္မရႉရဲၾကေပ။ရိေပၚဟာေဘးကခုံတစ္ခုေပၚမွာထိုင္လိုက္ကာ ေအးစက္စြာေျပာလိုက္သည္။
"ၾကည့္ရတာ အဆိုးေလးကအျပစ္ေပးခံရတာကိုမမွတ္ေသးတဲ့ပုံပဲ"
________________________________________
14.8.2020
Next part will be Final.....
ဒါေလးၿပီးတာနဲ႔ "The Last Omega" ဆိုတဲ့အသစ္ေလးမွာေတြ႕ၾကပါမယ္ေနာ္။"The Last Omega" ေလးကို Intro ေလးတင္ေပးထားပါတယ္။သေဘာက်ရင္ဖတ္လို႔ရပါတယ္ေနာ္။