Zawgyi
အပိုင္း(၁၆) ရွင္းရန္၏ အိပ္မက္
ရီဟြားတစ္ေယာက္ ရွင္း သူ႕အား အိမ္ေတာ္ လိုက္ပို႔ၿပီးေနာက္ အိမ္ထဲေနရသည္မွာ လြန္စြာပ်င္းရိေနသည္။ မေနနိုင္ေသာေၾကာင့္ ယြီေလးအား ေခၚကာ ၿခံဝန္းထဲရွိ ညီဝမ္းကြဲေလးအား ရွာရန္ထြက္လာခဲ့သည္။
ၿခံဝန္းထဲတြင္ ထိုင္ကာ လက္ဖက္ရည္ေသာက္ေနၾကေသာ ညီဝမ္းကြဲေလးႏွင့္ ဟိုင္ဝမ္အား ေတြ႕လိုက္ရေသာေၾကာင့္ ယြီေလးႏွင့္အတူ ေဘးတြင္ဝင္ထိုင္လိုက္ၾက၏။
ဟိုင္ဝမ္သည္ သူ႕ေဘးတြင္ ဝင္ထိုင္ေသာယြီေလးအား မ်က္ေစာင္းထိုးကာ သူ၏ အရွင္ အေမွာင္နတ္ဘုရားဘက္သို႔ လွည့္ေနေလသည္။ သူ၏ အရွင္မ်က္ႏွာအား ၾကည့္လိုက္ေတာ့ သူ႕အား ၾကည့္မေန။ သခင္ေလးဝူရီဟြားကိုသာ ေငးေန၏။ ဟိုင္ဝမ္ သက္ျပင္းခ်လိဳက္မိသည္။
"ဟိုင္ဝမ္ ဘာလို႔ သက္ျပင္းေတြခ်ေနရတာလဲ...ကိုယ္ ေျပာခဲ့ဖူးတယ္မလား...တစ္ခုခုစိတ္ရႈပ္စရာရွိရင္ ကိုယ့္ကို အၿမဲေျပာျပပါဆို"
ယြီေလး၏ စကားေၾကာင့္ ရီဟြား ေၾကာင္သြားရသည္။
သူ မရွိေသာအခ်ိန္မ်ားတြင္ ယြီေလးႏွင့္ ဟိုင္ဝမ္ ရင္းႏွီးသြားျခင္းေပလား။
သူ ျမင္ရသေလာက္ေတာ့ ဟိုင္ဝမ္သည္ ယြီေလးအား မ်က္ႏွာကိုပင္ မေတြ႕ခ်င္ေလာက္ေအာင္ ခါးခါးသီးသီးျဖစ္ေနေလသည္။
သူ မေနနိုင္စြာ ေမးလိုက္မိ၏။
"ယြီေလးနဲ႕ ဟိုင္ဝမ္က ရင္းရင္းႏွီးႏွီးစကားေျပာျဖစ္ၾကတယ္လား...ဘယ္တုန္းကလဲ"
ႏွစ္ေယာက္သား၏ မ်က္ႏွာထက္တြင္ သူ မသိေစခ်င္ေသာ အရိပ္အေယာင္မ်ား ျမင္ေနရၿပီး ၿပိဳင္တူျပန္ေျဖလာၾကသည္။
"ၾကာၿပီ"
"မေန႕က"
ႏွစ္ေယာက္သား၏ အေျဖသည္ လုံးဝကြဲလြဲေနသည္။ ၾကာၿပီဟူေသာ ယြီေလး၏ စကားကိုလက္ခံရမည္လား။ မေန႕ကဟု ေျပာေသာ ဟိုင္ဝမ္၏ စကားကိုပဲ လက္ခံရမည္လား။
ဟိုင္ဝမ္သည္ ယြီေလးအား ထသတ္ေတာ့မည့္ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္သည္။ ယြီေလးက အျပစ္ မျမင္သည့္အျပင္ ဟိုင္ဝမ္အား စပ္ၿဖဲၿဖဲပင္ ရယ္ျပေနေသးသည္။ သူတို႔ ဘာေတြ ျဖစ္ေနမွန္း ရီဟြား နားမလည္ေတာ့။
"ႏွစ္ေယာက္က ဘာကိုဆိုလိုတာလဲ"
ယြီေလးသည္ အၿပဳံးမပ်က္ပင္ သူ႕အား ၾကည့္ကာ ျပန္ေျဖလာသည္။
"ကြၽန္ေတာ္က ကြၽန္ေတာ္တို႔ရင္းႏွီးတာ ၾကာၿပီခံစားရလို႔ ၾကာၿပီလို႔ေျဖလိုက္တာပါ...စကားေျပာျဖစ္တာကေတာ့ မေန႕ကပါ"
ရီဟြား စိတ္ထဲ ယြီေလး၏ စကားအား သိပ္မယုံခ်င္ေပ။ ထိုစဥ္ ညီဝမ္းကြဲေလးသည္ သူ႕အား စကားေျပာလာသည္။
"ကိုယ္ေပးတဲ့ေဆး ေသာက္ရဲ႕လား"
ေဆးပုလင္းအား ရွင္း လႊတ္ပစ္လိုက္ေၾကာင္း ေျပာ၍ မျဖစ္ေသာေၾကာင့္ ရီဟြားလိမ္လိုက္ရသည္။
"ေသာက္လိုက္တယ္...အဲဒီေန႕က ခ်က္ခ်င္းသက္သာသြားတာ"
"အင္း...ေနာက္တစ္ခါ တျခားသူနဲ႕ ဘယ္ေတာ့မွ ေသရည္မေသာက္နဲ႕"
ထိုေသရည္ထပ္မေသာက္ခိုင္းသည့္ စကားပဲ ထပ္ၾကားလိုက္ရေသာေၾကာင့္ ရီဟြား စိတ္ညစ္သြားရသည္။ သို႔ေသာ္ လက္ခံသလိုသာ ျပန္ေျဖလိုက္သည္။
"အင္း"
ကြယ္ရာတြင္ ကြယ္သလိုလုပ္၍ ရသည္ေလ။ သူ ထိုေန႕ကေသာက္လိုက္ရေသာ ေသရည္အရသာအား တကယ္ႀကိဳက္သြားျခင္းပင္။
"လက္ဖက္ရည္ၾကမ္း ေသာက္မလား...ငွဲ႕ေပးမယ္"
ညီဝမ္းကြဲေလး၏ စကားအား သူ လက္ခါျပကာ ျငင္းပယ္လိုက္သည္။
"ေတာ္ၿပီ မေသာက္ေတာ့ဘူး"
"တစ္ခုခုစားမလား ဟိုင္ဝမ္ကို လုပ္ခိုင္းလိုက္မယ္"
ဟိုင္ဝမ္ မ်က္ႏွာရႈံ႕မဲ့သြားသည္။ တျခားသူအတြက္ သူ႕အား ဘယ္ေတာ့မွ မခိုင္းေစတတ္သည့္ သူ၏ အရွင္က ယခု သခင္ေလးရီဟြားအတြက္ သူ႕အား အလုပ္ခိုင္းေနေလသည္။
"ေတာ္ၿပီ မစားေတာ့ဘူး"
"အျပင္ေလွ်ာက္လည္မလား စစ္သူႀကီးကို ခြင့္ေတာင္းၿပီး လိုက္ပို႔ေပးမယ္"
ရီဟြား ေခါင္းခါျပၿပီး ျငင္းပယ္လိုက္သည္။
ဟိုင္ဝမ္ သူတို႔ေရာက္ခါစႏွင့္ ကြဲျပားစြာ ေျပာင္းျပန္ျဖစ္သြားေသာအေျခအေနေၾကာင့္ စိတ္မသက္မသာျဖစ္သြားရသည္။
သူ၏အရွင္ ဘာေျပာေျပာ ျငင္းေနေသာ သခင္ေလး ရီဟြားအားလည္း အျမင္မၾကည္စြာ ေမးလိုက္မိ၏။
"သခင္ေလးက ဘာလို႔ ကြၽန္ေတာ့္သခင္ေလး ေျပာသမွ်အကုန္ ျငင္းေနရတာလဲ"
ဟိုင္ဝမ္ ေျပာမွ ရီဟြားစဥ္းစားလိုက္မိသည္။ သူ ဘာလို႔ ျငင္းေနမိမွန္း သူ ကိုယ္တိုင္လည္း မသိေပ။
ဟိုင္ဝမ္အား ေငးေနေသာ ယြီေလးက ခ်က္ခ်င္းေကာက္ခါငင္ကာ ထေျပာေလေတာ့သည္။
"သခင္ေလးက အရွင္မင္းႀကီးေျပာတာဆိုရင္ေတာ့ ဘယ္ေတာ့မွ မျငင္းဖူးဘူးေနာ္...အၿမဲလက္ခံတာပဲ"
ယြီေလးစကားေၾကာင့္ ရီဟြား ဆြံ႕အသြားရသည္။ ယြီေလး ဘာေၾကာင့္ထိုသို႔ေျပာလဲ သူ နားမလည္ေပ။ သက္သက္ေျပာလိုက္သည့္ သေဘာသက္ေရာက္ေနၿပီး အဓိပၸါယ္ကမူ လုံးဝမသကၤာစရာေကာင္းေနသည္။
ညီဝမ္းကြဲေလး မ်က္ႏွာပ်က္သြားၿပီး ဟိုင္ဝမ္သည္ေတာ့ ယြီေလးအား ထပ္၍ သတ္ခ်င္ေသာအၾကည့္မ်ားျဖင့္ စူးစိုက္ၾကည့္ေနသည္။
ရီဟြား ညီဝမ္းကြဲေလးအား ေတာ္ေတာ္အားနာသြားရ၏။
"အကိုလည္း အားေနတာပဲ...ညီဝမ္းကြဲေလးနဲ႕အတူ အျပင္သြားမယ္ေလ"
ရီဟြား ညီဝမ္းကြဲေလး အျပင္သြားရန္ ေခၚျခင္းအား လက္ခံေၾကာင္း ေျပာလိုက္သည္။
"သခင္ေလး ကြၽန္ေတာ္ေမ့ေနတာ သခင္ေလးကို စစ္သူႀကီးက အေရးႀကီးလို႔ ခဏလာခဲ့ပါဦးတဲ့"
ဒီေန႕ ယြီေလး အရမ္းထူးဆန္းေနသည္ကို ရီဟြား သတိထားမိေနသည္။ သူ ျပန္ေရာက္ကတည္းက ေတာ္ေတာ္ၾကာ အတူတူရွိေနသည္ကို ခုမွ ထေျပာျခင္းအား သူ တကယ္ နားမလည္ေတာ့။ ဒီအေျခေနတြင္ ဆက္ထိုင္ေနရန္ မေကာင္းေသာေၾကာင့္ ထသြားရန္သာ ျပင္လိုက္သည္။
"အဲလိုဆို....အကို အကိုႀကီးကို အရင္သြားေတြ႕လိုက္ဦးမယ္"
ညီဝမ္းကြဲေလးသည္ သူ၏ အၿပဳံးအား ျပန္၍ တုံ႕ျပန္ၿပဳံး ၿပဳံးျပလာသည္။
"တစ္ေန႕ေန႕ အားတဲ့အခါက်ရင္ေတာ့ အတူတူ တစ္ခါေလာက္ ေလွ်ာက္လည္ခ်င္ေသးတယ္...ခုလို ကိစၥရွိလာေတာ့လည္း ဘယ္တတ္နိုင္ပါ့မလဲ...ဂ႐ုစိုက္သြားပါ"
ညီဝမ္းကြဲေလး၏ စကားအား အသိအမွတ္ျပဳသည့္အေနျဖင့္ ေခါင္းညိတ္ျပလိုက္ၿပီး ရီဟြား ယြီေလးႏွင့္အတူ အကိုႀကီးအေဆာင္ရွိရာဆီ ထြက္လာခဲ့ၾကသည္။
အကိုႀကီး အေဆာင္ထဲဝင္ရန္ ျပင္လိုက္စဥ္ အေဆာင္ထဲရွိ ေက်ာေပးထားေသာ ရင္းႏွီးသည့္ မိန္းမပ်ိဳတစ္ေယာက္၏ ေက်ာျပင္အား ျမင္လိုက္ရေသာေၾကာင့္ တံခါးေပါက္ေဘးကပ္ကာ ကြယ္ေနလိုက္သည္။
ထို႔ေနာက္ ေဘးရွိ ယြီေလးအား တိုးညွင္းေသာအသံျဖင့္ ေမးလိုက္၏။
"အကိုႀကီးက ငါ့ကိုေခၚတယ္ဆို...ဘာလို႔ ေတာ္ဝင္မင္းသမီးရီရီက ဒီမွာ ရွိေနရတာလဲ...ငါတို႔မ်က္ႏွာခ်င္းဆိုင္လို႔ေတာင္ အဆင္မေျပတာကို....အကိုႀကီးက ငါ့ကို ေခၚခိုင္းလိုက္တာလား...ငါ မင္းသမီး ရီရီရဲ႕ ေဒါသထြက္ေနတဲ့ မ်က္လုံးေတြေအာက္ ရွိမေနခ်င္ဘူး"
ယြီေလးသည္ ႐ုတ္တရက္သတိရသြားေသာ ပုံစံျဖင့္ သူ႕အား ထေျပာလာသည္။
"ကြၽန္ေတာ္ေမ့ေနတာ စစ္သူႀကီးက သခင္ေလးကို အနားယူပါေစေတာ့...မလာခိုင္းနဲ႕ေတာ့လို႔ ေျပာလိုက္ေသးတယ္"
ယြီေလးစကားေၾကာင့္ ရီဟြား ေဒါသအႀကီးအက်ယ္ထြက္သြားရသည္။ ေဆာင့္ကန္ခ်င္သည့္ စိတ္အား မနည္းၿမိဳခ်လိဳက္ရ၏။
ထိုစဥ္ အထဲမွလြင့္ပ်ံ့လာေသာ အသံတို႔သည္ သူ၏ စိတ္အာ႐ုံအား ဆြဲေဆာင္သြားသည္။
"ဆရာ ဒါရီရီ တကယ္ႀကိဳးစားၿပီး ကိုယ္တိုင္ခ်ဳပ္ထားတဲ့ အေမႊးအိတ္ပါ...အေပၚက ဇာမဏီငွက္ႏွစ္ေကာင္ပုံကလည္း ရီရီ ရက္ေတြအၾကာႀကီး အပင္ပန္းခံထိုးထားတာပါ...လက္ခံေပးပါ"
ထြက္ေပၚလာေသာ အသံေၾကာင့္ ရီဟြား ပုန္းကြယ္ေနရာမွ ေခါင္းအနည္းငယ္ထြက္ကာ အထဲသို႔ ၾကည့္လိုက္သည္။
ေတာ္ဝင္မင္းသမီးရီရီသည္ အေမႊးအိတ္တစ္ခုအား လက္တစ္ဖက္ျဖင့္ ကမ္းေပးေနသည္။ အကိုႀကီးသည္ လက္ႏွစ္ဖက္အား ေနာက္ပစ္၍ ခပ္တည္တည္ႏွင့္ ရပ္ေနေလသည္။
ေခ်ာေမာလွပေသာ ေတာ္ဝင္မင္းသမီးတစ္ပါးကပင္ ခခယယ အေမႊးအိတ္ေပးေနသည္ကို မယူေသာ အကိုႀကီးေၾကာင့္ ရီဟြားစိတ္ေလသြားရသည္။ ဒီလိုပုံစံႏွင့္ အကိုႀကီး ဘယ္ေတာ့မွ စြံေတာ့မည္ မဟုတ္ေခ်။
"ဆရာ ရီရီ တကယ့္စိတ္ရင္းနဲ႕ ေပးတာပါ...လက္ခံေပးပါ"
"ငါ မင္းကို ေျပာထားတယ္မလား...ငါ့ကို ဆရာလို႔ ထပ္မေခၚပါနဲ႕"
"စစ္သူႀကီး"
မင္းသမီး ရီရီ၏ အသံသည္ တိုးေဖ်ာ့သြားေလသည္။
အေဆာင္အျပင္မွ ခိုးၾကည့္ေနေသာ ရီဟြားပင္ မင္းသမီးရီရီအား ဂ႐ုဏာသက္သြားရ၏။
သူ၏ သနားေနျခင္းတို႔သည္ တခဏေလးအတြင္းမွာပင္ အံ့ၾသထိတ္လန႔္ျခင္းသို႔ ေျပာင္းလဲသြားရသည္။
မင္းသမီးရီရီက ေနာက္ပစ္ထားေသာ အကိုႀကီးလက္တစ္ဖက္အား ဆြဲယူလိုက္ၿပီး လက္ထဲသို႔ အေမႊးအိတ္ထည့္ကာ ရွက္ေနေသာ အမူအရာျဖင့္ ေနာက္သို႔လွည့္လာေသာေၾကာင့္ပင္။
သူတို႔ရွိေသာ ေနရာႏွင့္ သူရွိေနေသာေနရာသည္ ဘယ္ေလာက္မွပင္ မေဝးေသာေၾကာင့္ အျမန္ထြက္သြားခ်ိန္ မရေတာ့ေပ။ မ်က္လုံးစုံမွိတ္၍ အေဆာင္နံရံႏွင့္ ေက်ာအေသကပ္ထားလိုက္ရသည္။
ယြီေလးသည္လည္း ဘာမွန္းမသိစြာ သူကဲ့သို႔ ပုန္းလွ်ိုးကြယ္လွ်ိုးနံရံႏွင့္ လိုက္ကပ္ေနေလသည္။
မင္းသမီးရီရီက ရွက္ကိုးရွက္ကန္းျဖင့္ ေအာက္သို႔သာ စိုက္ၾကည့္လ်က္ တည့္တည့္ထြက္သြားေလသည္။ ေဘးတြင္ကပ္ေနေသာ သူတို႔အား ျမင္မသြားေပ။ ရီဟြား ထိုအခါမွသာ သက္ျပင္းခ်နိဳင္ေတာ့သည္။
အေဆာင္ထဲတြင္ လုံးဝတိတ္ဆိတ္ေနေသာေၾကာင့္ ရီဟြား ထပ္ၿပီး ေခါင္းျပဴထြက္ကာ အထဲသို႔ ခိုးၾကည့္လိုက္၏။
အကိုႀကီးသည္ လက္တစ္ဖက္တြင္ ကိုင္ထားေသာ အေမႊးအိတ္အား အသက္မဲ့စြာ ေငးၾကည့္ေနေလသည္။ ရီဟြား ေခါင္းယမ္းကာ ထပ္ၿပီး သက္ျပင္းခ်လိဳက္မိသည္။ အကိုႀကီးက တကယ္ကို ဟန္ေဆာင္ေကာင္းလြန္းသည္။ အကိုႀကီး ခုလိုဟန္ေဆာင္ေနရသည့္ အဓိကအေၾကာင္းအရင္းသည္ သူ႕ေၾကာင့္ ျဖစ္ေလာက္ေပသည္။
အကိုႀကီး အခ်စ္ေရး အျမန္ဆုံး အဆင္ေျပသြားရန္သာ သူ ေမွ်ာ္လင့္လိုက္၏။
ထို႔ေနာက္ ယြီေလး လက္အား ဆြဲကာ အကိုႀကီး သူတို႔ေရာက္ေနျခင္းအား မရိပ္မိခင္ အျမန္ဆုံးထြက္လာခဲ့လိုက္သည္။
"သခင္ေလး...ခုသခင္ေလး အခန္းကိုပဲ ျပန္မွာလား"
ရီဟြား အခန္းတြင္ ျပန္မေနခ်င္ေပ။ ဘာမွလုပ္စရာမရွိဘဲေနရသည္မွာ အရမ္းပ်င္းစရာေကာင္းသည္။
သူ သြားလည္လို႔ရမည့္ေနရာမ်ားအား စဥ္းစားလိုက္သည္။ နန္းတြင္းထဲေတာ့ ျပန္မသြားခ်င္ေတာ့။ သူ႕အား မၾကည္ေသာ အမတ္ခ်ဳပ္ႀကီးအိမ္သြားကာ စနည္းနာရင္းျဖင့္ ရွင္းရန္ဆီသို႔သာ သြားလည္ရန္ စဥ္းစားလိုက္သည္။
"ရွင္းရန္ဆီ သြားမယ္ ယြီေလး"
ယြီေလးသည္လည္း ဘာမွ မေျပာဘဲ သူ၏ ေနာက္မွ လိုက္လာသည္။
ေတာ္ေတာ္ၾကာ လမ္းေလွ်ာက္ၿပီးေနာက္ အမတ္ခ်ဳပ္ႀကီး အိမ္ေတာ္သို႔ေရာက္လာ၏။
အိမ္တံခါးမႀကီးအား ရီဟြား ေခါက္လိုက္သည္။ တံခါးပြင့္လာၿပီး အထဲမွ အေစခံေကာင္ငယ္ေလးတစ္ေယာက္ေပၚလာေလသည္။
"သခင္ေလး ဝူရီဟြား"
"အင္း ဟုတ္တယ္...ရွင္းရန္ဆီ လာလည္တာ"
"သခင္မေလး ဖ်ားေနတယ္ သခင္ေလး"
အေစခံေကာင္ေလး၏ စကားေၾကာင့္ ရီဟြားစိုးရိမ္သြားသည္။
"အရမ္းဖ်ားေနတာလား...ငါ့ကို ရွင္းရန္ဆီ ေခၚသြားေပး"
"သခင္မေလးက ဘယ္သူမွ မေတြ႕ခ်င္ဘူးလို႔ မွာထားပါတယ္...သခင္ႀကီးကလည္း သခင္မေလး အျပင္းဖ်ားေနတာမို႔ ဘယ္သူ႕မွ မလာခိုင္းဖို႔ မွာထားပါတယ္"
အေစခံေကာင္ေလး၏ စကားတို႔ေၾကာင့္ ရီဟြား မသကၤာျဖစ္သြားရသည္။ ရွင္းရန္သည္ သူတို႔လာလွ်င္ ဘယ္ေတာ့မွ လာမေတြ႕ခိုင္းမည့္ လူမ်ိဳး မဟုတ္ေပ။ ထို႔ျပင္ ထိုေကာင္ေလးသည္ သြားအေၾကာင္းၾကားျခင္းပင္ မရွိဘဲ သူတို႔အား ပိတ္၍ တားဆီးေနသည္ေလ။
"ေကာင္းၿပီ...ရွင္းရန္ သက္သာမွသာ လာေတြ႕ေတာ့မယ္လို႔ စကားပါးေပးပါဦး"
"ဟုတ္ကဲ့ သခင္ေလး"
ရီဟြား ယြီေလးအား မ်က္ရိပ္ျပကာ လွည့္ထြက္လာခဲ့သည္။ သူ ဒီေန႕ ကံမေကာင္း။ သူ ေရာက္သည့္ေနရာတိုင္းမွ အၿမဲလွည့္ျပန္လာေနရသည္။
"ယြီေလး ရွင္းရန္ ကိစၥက မသကၤာစရာေကာင္းတယ္...ငါ့ကို သြားစုံစမ္းေပး"
"ဟုတ္ကဲ့ သခင္ေလး ကြၽန္ေတာ့္ အသိ ခင္မင္သူေတြဆီက တစ္ဆင့္သြားစုံစမ္းၾကည့္လိုက္ပါမယ္...အမတ္ခ်ဳပ္ႀကီးအိမ္ေတာ္ရဲ႕ သတင္း တစ္စြန္းတစ္စေတာ့ၾကားသိရမွာပါ"
ယြီေလးေျပာသည့္ ခင္မင္သူမ်ားသည္ အိမ္ေတာ္အသီးသီးမွ အေစခံမ်ားပင္။ အေစခံမ်ားတြင္ သူတို႔သခင္တို႔၏ သတင္းအစုံရွိသည္။ ယြီေလးအား ခိုင္းလိုက္လွ်င္ သတင္းတစ္ခုခုရမည္မွာ ေသခ်ာေပသည္။ စပ္စုတတ္သည့္ ယြီေလး အသုံးဝင္သည့္ေနရာမ်ားလည္း ရွိေပ၏။
"ေကာင္းၿပီ ငါ အိမ္ေတာ္ကေန ေစာင့္ေနမယ္"
"ဟုတ္ကဲ့ သခင္ေလး"
ယြီေလးႏွင့္ ရီဟြားတို႔ အသီးသီးလမ္းခြဲကာ ထြက္လာခဲ့ၾကေတာ့သည္။
*************************
"အရွင္...သခင္ေလးက အမတ္ခ်ဳပ္ႀကီးအိမ္ေတာ္ကို သံသယဝင္ေနပါတယ္"
ေလွ်ာက္တင္လာေသာ ေရွာင္အန္း၏ စကားေၾကာင့္ ရွင္းယြဲ႕ မ်က္ႏွာတြင္ အၿပဳံးတစ္ပြင့္ ေပၚေပါက္လာသည္။
"ေရွာင္ဟြား သံသယ မဝင္မွ ထူးဆန္းမွာ...မနက္ျဖန္ မယ္ေတာ္ႀကီး ေမြးေန႕ပဲ...အမတ္ခ်ဳပ္ႀကီးက အကုန္စီစဥ္ၿပီးေလာက္ၿပီ...မနက္ျဖန္ သူ႕ရဲ႕ အစီအစဥ္ေတြ လြဲေခ်ာ္ေနပုံကိုၾကည့္ၿပီး အံ့အားသင့္သြားေစရမယ္...မင္းရဲ႕အဓိကတာဝန္က ေရွာင္ဟြားကို ဒီအရႈပ္အေထြးေတြထဲ မပါေစဖို႔ဘဲ...ဘာတစ္ခုမွမထိခိုက္ေစနဲ႕...အတတ္နိုင္ဆုံး ေရွာင္ဟြားကို ကာကြယ္ပါ"
"မွန္ပါ အရွင္"
ေရွာင္အန္း သူ၏ အရွင္စကားအား နာခံစြာ ျပန္ေျဖလိုက္သည္။ သူ႕အရွင္၏ သခင္ေလးရီဟြား အေပၚထားရွိေသာ ခံစားခ်က္တို႔အား သိရွိၿပီး ျဖစ္ေသာေၾကာင့္ သခင္ေလး ရီဟြားသည္လည္း သူ၏ သခင္ပင္။
အစကတည္းက သံေယာစဥ္ရွိထားသူပီပီ သူ၏ သခင္အျဖစ္ သတ္မွတ္ရန္ သူ႕အတြက္ မခက္ခဲ။ သူ႕အရွင္နတ္ဘုရား၏ လက္တြဲေဖာ္သည္ သခင္ေလးရီဟြား ျဖစ္ေနသည့္အတြက္ သူ ပို၍ပင္ ဝမ္းသာမိသည္။
"ေရွာင္အန္း ျပန္ေတာ့...ေရွာင္ဟြား မင္းကို ေစာင့္ေနေလာက္ၿပီ...သူ႕ကို ပြဲေတာ္ လုပ္ႀကံမယ့္အစီအစဥ္အေၾကာင္း မသိေစနဲ႕"
"မွန္ပါ အရွင္"
ေရွာင္အန္း သူ၏အရွင္အား အရိုအေသေပးၿပီးေနာက္ နန္းေဆာင္ထဲမွ ေပ်ာက္ကြယ္သြားသည္။
နန္းေဆာင္ထဲတြင္ တစ္ဦးတည္း က်န္ရွိေသာ ရွင္းယြဲ႕နတ္ဘုရားသည္ ေခါက္ယပ္ေတာင္အား ဖြင့္ကာ ယပ္ခပ္လိုက္ၿပီးေနာက္ မ်က္ႏွာထက္တြင္ ႏူးညံ့ေသာ အရိပ္အေယာင္မ်ား ေပၚထြက္လာသည္။
"ေရွာင္ဟြား ကိုယ္အရႈပ္ေတြ အကုန္ရွင္းၿပီးရင္ မင္းကို ကိုယ္နဲ႕အတူ ေခၚသြားမယ္...အမေတာ္ ကိုယ္နဲ႕ ျပန္မလိုက္ရင္ေတာင္ မင္းကေတာ့ ကိုယ္နဲ႕လိုက္ခဲ့ရမယ္"
တစ္ဖက္တြင္ ရီဟြားတစ္ေယာက္ အျပင္တြင္ေလေအးတိုက္ခံလိုက္ရေသာေၾကာင့္ အေအးပက္ကာ ႏွာေခ်ေနေတာ့သည္။
"ဟတ္ခ်ိဳး"
သူ ခ်က္ခ်င္းထကာ မဖ်ားေစရန္ အေပၚ႐ုံတစ္ထည္ယူဝတ္လိုက္ၿပီး လက္ဖက္ရည္ၾကမ္း ပူပူအား မႈတ္ေသာက္ေနလိုက္ေလသည္။
*********************
"ငါ့ကို အခုလႊတ္ေပး"
ရွင္းရန္ ပိတ္ထားေသာ တံခါးအား စိတ္တိုတိုျဖင့္ ပိတ္ကန္ေနလိုက္သည္။ အထဲတြင္ စိတ္ႀကိဳက္ေသာင္းက်န္းေနေသာ္လည္း ဘယ္သူမွ သူ႕အား ဂ႐ုမစိုက္ၾက။
အခန္းတစ္ခုလုံးလည္း သူ႕ေၾကာင့္ ရႈပ္ပြေနေလၿပီ။
ေတာ္ေတာ္ၾကာ ေပါက္ကြဲၿပီးေနာက္ သူ(မ) ပင္ပန္းလာေသာေၾကာင့္ အိပ္ရာထက္သို႔ ျပန္သြားလိုက္သည္။ ထို႔ေနာက္ ေမာပန္းစြာ အိပ္ေပ်ာ္သြားေတာ့သည္။
သူ(မ)၏ အျမင္အာ႐ုံေရွ႕တြင္ လွပေသာ ရႈခင္းတစ္ခုရွိေနသည္။ ပန္းမ်ိဳးစုံ ဖူးပြင့္ေနေသာ ပန္းခင္းႀကီးထဲတြင္ အျဖဴေရာင္ဝတ္႐ုံရွည္အား ဝတ္ဆင္ထားသည့္ ေခ်ာေမာလြန္းလွေသာ မိန္းမငယ္ေလးသည္ ပန္းမ်ားခူးေနသည္။ ရပ္ၾကည့္ေနေသာ သူ(မ)အား ထိုမိန္းကေလးက ျမင္ပုံမရေပ။
နတ္သမီးတမွ်လွပလြန္းေသာ ႐ုပ္ရည္ေၾကာင့္ ရွင္းရန္ အတန္ၾကာေအာင္ ေငးၾကည့္ေနမိသည္။
အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္ သူ(မ)၏ျမင္လႊာထဲ ေခ်ာေမာၿပီး ၾကည့္ေကာင္းေသာ ေယာက်ာ္းပ်ိဳတစ္ေယာက္ ထပ္၍ေပၚလာသည္။ နတ္ဘုရားတမွ် ေခ်ာေမာလြန္းေသာ အျဖဴေရာင္ဝတ္႐ုံအား ဝတ္ဆင္ထားသည့္ ထိုလူငယ္၏ ႐ုပ္ရည္သည္ အရွင္မင္းႀကီးႏွင့္ လြန္စြာတူေနသည္။ ထူးဆန္းသည္က မ်က္ဝန္းမ်ားပင္။ ေ႐ႊေရာင္ေတာက္ပေနေသာ မ်က္ဝန္းသည္ အရွင္မင္းႀကီး၏ အနက္ေရာင္မ်က္ဝန္းမ်ားႏွင့္ ကြဲျပားေနသည္။
"ရွင္းယြဲ႕ ေမာင္ေလး ရွင္းယြဲ႕ဂူမွာ ေတာ္ေတာ္ၾကာေအာင္ တံခါးပိတ္ၿပီး တရားက်င့္မလို႔ဆို...အမေတာ္ကို လာႏႈတ္ဆက္တာလား"
မိန္းမေခ်ာေလး၏ စကားအား ေ႐ႊေရာင္မ်က္ဝန္းမ်ားျဖင့္ လူငယ္ေလးသည္ ျပန္လည္ေျဖၾကားလာသည္။
"ဒီၾကားထဲ အစစအရာရာ ဂ႐ုစိုက္ပါ အမေတာ္"
"အမေတာ္ကို စိတ္မပူပါနဲ႕...က်န္းဖုန္းလည္း ရွိေနတာပဲ...တစ္ခုခုဆို အမေတာ္ က်န္းဖုန္းကို အကူအညီေတာင္းလို႔ရတယ္...ေမာင္ေလး တရားက်င့္ၿပီး ထြက္လာမယ့္ ရက္ကို အမေတာ္ ေစာင့္ေနမယ္ေနာ္...အမေတာ္ေတာ့ ေမာင္ေလးကို လြမ္းေနရေတာ့မွာ"
"အမေတာ္သာ ေမာင္ေလးကို တစ္ေယာက္တည္းထားၿပီး ဘယ္မွ ထြက္မသြားပါနဲ႕"
"အမေတာ္က တစ္ဦးတည္းေသာ ေမာင္ေလးကို ထားၿပီး ဘယ္ထြက္သြားရမွာလဲ"
ႏွစ္ေယာက္သားသည္ ေပ်ာ္႐ႊင္စြာျဖင့္ စကားေျပာေနၾကသည္။ သူတို႔၏ တစ္ဦးကို တစ္ဦး ၾကည့္ရႈေနေသာ မ်က္ဝန္းမ်ားမွ တစ္ဆင့္ မည္မွ် ခ်စ္ခင္ၾကေၾကာင္း သိရွိနိုင္သည္။
"ေမာင္ေလး ဘယ္ေတာ့ ၾကင္ယာေတာ္ကို အမေတာ္ဆီ ေခၚလာမွာလဲ"
"အခုထိေတာ့ ႏွလုံးသား တစ္ခုလုံးနဲ႕ ခ်စ္ရတဲ့သူ မေတြ႕ေသးဘူး...ေခၚလာရင္ေရာ အမေတာ္က သေဘာတူမွာလား"
"ေမာင္ေလး ေ႐ြးခ်ယ္တဲ့ ၾကင္ယာေတာ္က လုံးဝ မမွားဘူးဆိုတာ အမေတာ္ ယုံတယ္...ေခၚသာလာခဲ့...ဘယ္လိုလူဘဲ ျဖစ္ေနပါေစ လက္ထက္ေပးဖို႔ အဆင္သင့္ပဲ"
"အမေတာ္သာ အသက္ႀကီးေနၿပီ...ကိုယ့္အတြက္ ကိုယ္ပဲ စိတ္ပူပါ"
"ဒီေမာင္ေလး အမေတာ္ကို အသက္ႀကီးၿပီလို႔ ေျပာလိုက္တာေပါ့ေလ"
"မဟုတ္လို႔လား အမေတာ္"
မ်က္စိေရွ႕ရွိ တစ္ေယာက္ကိုတစ္ေယာက္ စေနာက္ေနေသာ ပုံရိပ္သည္ ရွင္းရန္၏ ရင္ထဲတြင္ ၾကည္ႏူးမႈတို႔ ျဖစ္တည္လာရသည္။
႐ုတ္တရက္ေျပာင္းလဲသြားေသာ ပုံရိပ္မ်ား။
ေျပာင္းလဲသြားေသာ ေနရာအား ၾကည့္လိုက္ေတာ့ သူ(မ)၏အိပ္ေဆာင္ေရွ႕တြင္ ျဖစ္ေနသည္။
သူ(မ)ျမင္ေနရေသာ ေရွ႕ရွိ အိပ္ေဆာင္တံခါးေရွ႕တြင္ သူ(မ) အေဖသည္ မတ္တပ္ရပ္ေနသည္။ တံခါးသည္ ျဖည္းညွင္းစြာ ပြင့္လာၿပီးေနာက္ ထပ္၍ ေပၚလာသူက သူ(မ)ႏွင့္ ခြၽတ္စြပ္တူလြန္းသူတစ္ေယာက္ျဖစ္ေနေလသည္။
သူ(မ) မ်က္စိေရွ႕ရွိ ႐ုပ္တူလြန္းသူက အိပ္ခ်င္မူးတူး ပုံစံျဖင့္ တံခါးေရွ႕ရပ္ေနေသာ သူ(မ) အေဖအားေမးျမန္းလိုက္သည္။
"အေဖ ညမိုးခ်ဳပ္ေနၿပီ ဘာအေရးႀကီး ကိစၥရွိလို႔လဲ"
သူ(မ) အေဖသည္ ဆြဲႀကိဳးတစ္ခုအား ထုတ္ေပးလာသည္။
"ရွင္းရန္ အေဖ သမီး ဇာတာ ေမးၾကည့္ခဲ့တာ... ခုတေလာ ကံမေကာင္းဘူးတဲ့...ယၾတာအေနနဲ႕ ဒီဆြဲႀကိဳးအေဆာင္ေလး အၿမဲဆြဲထားေပး...ဘယ္ေတာ့မွ မခြၽတ္ရဘူးလို႔ မွာလိုက္တာမို႔ အေဖ့စကားကို နားေထာင္ေပး သမီး"
ရွင္းရန္ သူ(မ)ေရွ႕ရွိ ျမင္ကြင္းအား ၾကည့္လိုက္ၿပီး သူ(မ)လည္ပင္းတြင္ ဆြဲထားေသာ ဆြဲႀကိဳးေလးအား ၾကည့္လိုက္သည္။ တစ္ပုံစံတည္း ျဖစ္ေနေလ၏။ ယခု သူ(မ) ျမင္ေနရေသာ ပုံရိပ္သည္ သူ(မ) အေဖ သူ(မ)အား ဆြဲႀကိဳးလာေပးတုန္းက ျဖစ္ရပ္မ်ားပင္။
"ဒီဆြဲႀကိဳးကို ျမင္သာေအာင္လည္း မဆြဲထားနဲ႕ သမီး"
"ဘာလို႔လဲ အေဖ"
အိပ္ခ်င္မူးတူး အသံျဖင့္ သူ(မ)ႏွင့္ ႐ုပ္တူသူက ေမးလိုက္သည္။
"အေဖလည္း သိပ္ေသခ်ာမသိဘူး...အဲလိုလုပ္မွရမယ္လို႔ မွာလိုက္လို႔"
"ဟုတ္ကဲ့ အေဖေျပာသလို သမီးဝတ္ထားပါ့မယ္...စိတ္ခ်ပါ...သမီး အခု အရမ္းအိပ္ခ်င္ေနၿပီမို႔ ျပန္အိပ္ေတာ့မယ္"
"အင္း သမီး"
ထို႔ေနာက္ အိပ္ခန္းတံခါးသည္ ျပန္ပိတ္သြားေလသည္။ အခန္းအျပင္တြင္ က်န္ရွိေသာ သူ(မ) အေဖသည္ အတန္ၾကာ အိပ္ခန္းအား ၾကည့္ေနၿပီးေနာက္ အိပ္ခန္းေရွ႕မွ လွည့္ထြက္လာကာ သူ(မ) ရပ္ေနရာဘက္သို႔ တည့္တည့္ေလွ်ာက္လာေလ၏။
တျဖည္းျဖည္းေျပာင္းလဲသြားေသာ သူ(မ) အေဖ ပုံရိပ္ေၾကာင့္ သူ(မ) ထိတ္လန႔္သြားရသည္။ အနက္ေရာင္ ဆံႏြယ္ရွည္မ်ားႏွင့္ အနက္ေရာင္မ်က္ႏွာဖုံးေအာက္မွ စူးရွေတာက္ပေသာ အနက္ေရာင္မ်က္ဝန္းမ်ားပိုင္ဆိုင္ထားသည့္ ေခ်ာေမာေသာ လူငယ္တစ္ေယာက္ပုံစံသို႔ ေျပာင္းသြားျခင္းပင္။
ထိုလူငယ္က သူ(မ) ရပ္ေနရာဆီသို႔ ေရာက္မလာခင္ ပုံရိပ္တို႔ ေပ်ာက္ကြယ္သြားၿပီး သူ(မ)၏ အျမင္အာ႐ုံတို႔ ေမွာင္အတိ က်သြားေတာ့သည္။
မ်က္လုံးတို႔ ပြင့္လာၿပီးေနာက္ သူ(မ )အားအင္မ်ား ကုန္ခမ္းေနသလို ခံစားေနရသည္။ တစ္ေရးအိပ္လိုက္ေသာ္လည္း အိပ္ေရးဝသလို သူ(မ) မခံစားရ။
သူ(မ) အိပ္မက္ရွည္ႀကီး တစ္ခု မက္ခဲ့မွန္း သိေနသည္။ သို႔ေသာ္ သူ(မ) ဘာတစ္ခုမွ မမွတ္မိေတာ့။ အိပ္ရာမွ နိုးလာသည္ႏွင့္ အရာအားလုံး ေပ်ာက္ကြယ္သြားသလို ခံစားေနရသည္။ သူမ ႏွလုံးသားသည္လည္း တစ္ခုခုအား ဆုံးရႈံးသကဲ့သို႔ နာက်င္ေနျပန္သည္။
သူ(မ) မသိလိုက္သည္က သူ(မ) လည္ပင္းတြင္ ဆြဲထားေသာ ဆြဲႀကိဳးေလးသည္ အခ်ိန္ေတာ္ေတာ္ၾကာ အလင္းေရာင္မ်ား ထြက္ေနခဲ့ၿပီး သူ(မ) မ်က္လုံးမ်ား ပြင့္လာသည္ႏွင့္ အလင္းေရာင္မ်ား ေပ်ာက္ကြယ္သြားခဲ့ေလသည္။
*******************
အပိုင်း(၁၆) ရှင်းရန်၏ အိပ်မက်
ရီဟွားတစ်ယောက် ရှင်း သူ့အား အိမ်တော် လိုက်ပို့ပြီးနောက် အိမ်ထဲနေရသည်မှာ လွန်စွာပျင်းရိနေသည်။ မနေနိုင်သောကြောင့် ယွီလေးအား ခေါ်ကာ ခြံဝန်းထဲရှိ ညီဝမ်းကွဲလေးအား ရှာရန်ထွက်လာခဲ့သည်။
ခြံဝန်းထဲတွင် ထိုင်ကာ လက်ဖက်ရည်သောက်နေကြသော ညီဝမ်းကွဲလေးနှင့် ဟိုင်ဝမ်အား တွေ့လိုက်ရသောကြောင့် ယွီလေးနှင့်အတူ ဘေးတွင်ဝင်ထိုင်လိုက်ကြ၏။
ဟိုင်ဝမ်သည် သူ့ဘေးတွင် ဝင်ထိုင်သောယွီလေးအား မျက်စောင်းထိုးကာ သူ၏ အရှင် အမှောင်နတ်ဘုရားဘက်သို့ လှည့်နေလေသည်။ သူ၏ အရှင်မျက်နှာအား ကြည့်လိုက်တော့ သူ့အား ကြည့်မနေ။ သခင်လေးဝူရီဟွားကိုသာ ငေးနေ၏။ ဟိုင်ဝမ် သက်ပြင်းချလိုက်မိသည်။
"ဟိုင်ဝမ် ဘာလို့ သက်ပြင်းတွေချနေရတာလဲ...ကိုယ် ပြောခဲ့ဖူးတယ်မလား...တစ်ခုခုစိတ်ရှုပ်စရာရှိရင် ကိုယ့်ကို အမြဲပြောပြပါဆို"
ယွီလေး၏ စကားကြောင့် ရီဟွား ကြောင်သွားရသည်။
သူ မရှိသောအချိန်များတွင် ယွီလေးနှင့် ဟိုင်ဝမ် ရင်းနှီးသွားခြင်းပေလား။
သူ မြင်ရသလောက်တော့ ဟိုင်ဝမ်သည် ယွီလေးအား မျက်နှာကိုပင် မတွေ့ချင်လောက်အောင် ခါးခါးသီးသီးဖြစ်နေလေသည်။
သူ မနေနိုင်စွာ မေးလိုက်မိ၏။
"ယွီလေးနဲ့ ဟိုင်ဝမ်က ရင်းရင်းနှီးနှီးစကားပြောဖြစ်ကြတယ်လား...ဘယ်တုန်းကလဲ"
နှစ်ယောက်သား၏ မျက်နှာထက်တွင် သူ မသိစေချင်သော အရိပ်အယောင်များ မြင်နေရပြီး ပြိုင်တူပြန်ဖြေလာကြသည်။
"ကြာပြီ"
"မနေ့က"
နှစ်ယောက်သား၏ အဖြေသည် လုံးဝကွဲလွဲနေသည်။ ကြာပြီဟူသော ယွီလေး၏ စကားကိုလက်ခံရမည်လား။ မနေ့ကဟု ပြောသော ဟိုင်ဝမ်၏ စကားကိုပဲ လက်ခံရမည်လား။
ဟိုင်ဝမ်သည် ယွီလေးအား ထသတ်တော့မည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ယွီလေးက အပြစ် မမြင်သည့်အပြင် ဟိုင်ဝမ်အား စပ်ဖြဲဖြဲပင် ရယ်ပြနေသေးသည်။ သူတို့ ဘာတွေ ဖြစ်နေမှန်း ရီဟွား နားမလည်တော့။
"နှစ်ယောက်က ဘာကိုဆိုလိုတာလဲ"
ယွီလေးသည် အပြုံးမပျက်ပင် သူ့အား ကြည့်ကာ ပြန်ဖြေလာသည်။
"ကျွန်တော်က ကျွန်တော်တို့ရင်းနှီးတာ ကြာပြီခံစားရလို့ ကြာပြီလို့ဖြေလိုက်တာပါ...စကားပြောဖြစ်တာကတော့ မနေ့ကပါ"
ရီဟွား စိတ်ထဲ ယွီလေး၏ စကားအား သိပ်မယုံချင်ပေ။ ထိုစဉ် ညီဝမ်းကွဲလေးသည် သူ့အား စကားပြောလာသည်။
"ကိုယ်ပေးတဲ့ဆေး သောက်ရဲ့လား"
ဆေးပုလင်းအား ရှင်း လွှတ်ပစ်လိုက်ကြောင်း ပြော၍ မဖြစ်သောကြောင့် ရီဟွားလိမ်လိုက်ရသည်။
"သောက်လိုက်တယ်...အဲဒီနေ့က ချက်ချင်းသက်သာသွားတာ"
"အင်း...နောက်တစ်ခါ တခြားသူနဲ့ ဘယ်တော့မှ သေရည်မသောက်နဲ့"
ထိုသေရည်ထပ်မသောက်ခိုင်းသည့် စကားပဲ ထပ်ကြားလိုက်ရသောကြောင့် ရီဟွား စိတ်ညစ်သွားရသည်။ သို့သော် လက်ခံသလိုသာ ပြန်ဖြေလိုက်သည်။
"အင်း"
ကွယ်ရာတွင် ကွယ်သလိုလုပ်၍ ရသည်လေ။ သူ ထိုနေ့ကသောက်လိုက်ရသော သေရည်အရသာအား တကယ်ကြိုက်သွားခြင်းပင်။
"လက်ဖက်ရည်ကြမ်း သောက်မလား...ငှဲ့ပေးမယ်"
ညီဝမ်းကွဲလေး၏ စကားအား သူ လက်ခါပြကာ ငြင်းပယ်လိုက်သည်။
"တော်ပြီ မသောက်တော့ဘူး"
"တစ်ခုခုစားမလား ဟိုင်ဝမ်ကို လုပ်ခိုင်းလိုက်မယ်"
ဟိုင်ဝမ် မျက်နှာရှုံ့မဲ့သွားသည်။ တခြားသူအတွက် သူ့အား ဘယ်တော့မှ မခိုင်းစေတတ်သည့် သူ၏ အရှင်က ယခု သခင်လေးရီဟွားအတွက် သူ့အား အလုပ်ခိုင်းနေလေသည်။
"တော်ပြီ မစားတော့ဘူး"
"အပြင်လျှောက်လည်မလား စစ်သူကြီးကို ခွင့်တောင်းပြီး လိုက်ပို့ပေးမယ်"
ရီဟွား ခေါင်းခါပြပြီး ငြင်းပယ်လိုက်သည်။
ဟိုင်ဝမ် သူတို့ရောက်ခါစနှင့် ကွဲပြားစွာ ပြောင်းပြန်ဖြစ်သွားသောအခြေအနေကြောင့် စိတ်မသက်မသာဖြစ်သွားရသည်။
သူ၏အရှင် ဘာပြောပြော ငြင်းနေသော သခင်လေး ရီဟွားအားလည်း အမြင်မကြည်စွာ မေးလိုက်မိ၏။
"သခင်လေးက ဘာလို့ ကျွန်တော့်သခင်လေး ပြောသမျှအကုန် ငြင်းနေရတာလဲ"
ဟိုင်ဝမ် ပြောမှ ရီဟွားစဉ်းစားလိုက်မိသည်။ သူ ဘာလို့ ငြင်းနေမိမှန်း သူ ကိုယ်တိုင်လည်း မသိပေ။
ဟိုင်ဝမ်အား ငေးနေသော ယွီလေးက ချက်ချင်းကောက်ခါငင်ကာ ထပြောလေတော့သည်။
"သခင်လေးက အရှင်မင်းကြီးပြောတာဆိုရင်တော့ ဘယ်တော့မှ မငြင်းဖူးဘူးနော်...အမြဲလက်ခံတာပဲ"
ယွီလေးစကားကြောင့် ရီဟွား ဆွံ့အသွားရသည်။ ယွီလေး ဘာကြောင့်ထိုသို့ပြောလဲ သူ နားမလည်ပေ။ သက်သက်ပြောလိုက်သည့် သဘောသက်ရောက်နေပြီး အဓိပ္ပါယ်ကမူ လုံးဝမသင်္ကာစရာကောင်းနေသည်။
ညီဝမ်းကွဲလေး မျက်နှာပျက်သွားပြီး ဟိုင်ဝမ်သည်တော့ ယွီလေးအား ထပ်၍ သတ်ချင်သောအကြည့်များဖြင့် စူးစိုက်ကြည့်နေသည်။
ရီဟွား ညီဝမ်းကွဲလေးအား တော်တော်အားနာသွားရ၏။
"အကိုလည်း အားနေတာပဲ...ညီဝမ်းကွဲလေးနဲ့အတူ အပြင်သွားမယ်လေ"
ရီဟွား ညီဝမ်းကွဲလေး အပြင်သွားရန် ခေါ်ခြင်းအား လက်ခံကြောင်း ပြောလိုက်သည်။
"သခင်လေး ကျွန်တော်မေ့နေတာ သခင်လေးကို စစ်သူကြီးက အရေးကြီးလို့ ခဏလာခဲ့ပါဦးတဲ့"
ဒီနေ့ ယွီလေး အရမ်းထူးဆန်းနေသည်ကို ရီဟွား သတိထားမိနေသည်။ သူ ပြန်ရောက်ကတည်းက တော်တော်ကြာ အတူတူရှိနေသည်ကို ခုမှ ထပြောခြင်းအား သူ တကယ် နားမလည်တော့။ ဒီအခြေနေတွင် ဆက်ထိုင်နေရန် မကောင်းသောကြောင့် ထသွားရန်သာ ပြင်လိုက်သည်။
"အဲလိုဆို....အကို အကိုကြီးကို အရင်သွားတွေ့လိုက်ဦးမယ်"
ညီဝမ်းကွဲလေးသည် သူ၏ အပြုံးအား ပြန်၍ တုံ့ပြန်ပြုံး ပြုံးပြလာသည်။
"တစ်နေ့နေ့ အားတဲ့အခါကျရင်တော့ အတူတူ တစ်ခါလောက် လျှောက်လည်ချင်သေးတယ်...ခုလို ကိစ္စရှိလာတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ...ဂရုစိုက်သွားပါ"
ညီဝမ်းကွဲလေး၏ စကားအား အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ရီဟွား ယွီလေးနှင့်အတူ အကိုကြီးအဆောင်ရှိရာဆီ ထွက်လာခဲ့ကြသည်။
အကိုကြီး အဆောင်ထဲဝင်ရန် ပြင်လိုက်စဉ် အဆောင်ထဲရှိ ကျောပေးထားသော ရင်းနှီးသည့် မိန်းမပျိုတစ်ယောက်၏ ကျောပြင်အား မြင်လိုက်ရသောကြောင့် တံခါးပေါက်ဘေးကပ်ကာ ကွယ်နေလိုက်သည်။
ထို့နောက် ဘေးရှိ ယွီလေးအား တိုးညှင်းသောအသံဖြင့် မေးလိုက်၏။
"အကိုကြီးက ငါ့ကိုခေါ်တယ်ဆို...ဘာလို့ တော်ဝင်မင်းသမီးရီရီက ဒီမှာ ရှိနေရတာလဲ...ငါတို့မျက်နှာချင်းဆိုင်လို့တောင် အဆင်မပြေတာကို....အကိုကြီးက ငါ့ကို ခေါ်ခိုင်းလိုက်တာလား...ငါ မင်းသမီး ရီရီရဲ့ ဒေါသထွက်နေတဲ့ မျက်လုံးတွေအောက် ရှိမနေချင်ဘူး"
ယွီလေးသည် ရုတ်တရက်သတိရသွားသော ပုံစံဖြင့် သူ့အား ထပြောလာသည်။
"ကျွန်တော်မေ့နေတာ စစ်သူကြီးက သခင်လေးကို အနားယူပါစေတော့...မလာခိုင်းနဲ့တော့လို့ ပြောလိုက်သေးတယ်"
ယွီလေးစကားကြောင့် ရီဟွား ဒေါသအကြီးအကျယ်ထွက်သွားရသည်။ ဆောင့်ကန်ချင်သည့် စိတ်အား မနည်းမြိုချလိုက်ရ၏။
ထိုစဉ် အထဲမှလွင့်ပျံ့လာသော အသံတို့သည် သူ၏ စိတ်အာရုံအား ဆွဲဆောင်သွားသည်။
"ဆရာ ဒါရီရီ တကယ်ကြိုးစားပြီး ကိုယ်တိုင်ချုပ်ထားတဲ့ အမွှေးအိတ်ပါ...အပေါ်က ဇာမဏီငှက်နှစ်ကောင်ပုံကလည်း ရီရီ ရက်တွေအကြာကြီး အပင်ပန်းခံထိုးထားတာပါ...လက်ခံပေးပါ"
ထွက်ပေါ်လာသော အသံကြောင့် ရီဟွား ပုန်းကွယ်နေရာမှ ခေါင်းအနည်းငယ်ထွက်ကာ အထဲသို့ ကြည့်လိုက်သည်။
တော်ဝင်မင်းသမီးရီရီသည် အမွှေးအိတ်တစ်ခုအား လက်တစ်ဖက်ဖြင့် ကမ်းပေးနေသည်။ အကိုကြီးသည် လက်နှစ်ဖက်အား နောက်ပစ်၍ ခပ်တည်တည်နှင့် ရပ်နေလေသည်။
ချောမောလှပသော တော်ဝင်မင်းသမီးတစ်ပါးကပင် ခခယယ အမွှေးအိတ်ပေးနေသည်ကို မယူသော အကိုကြီးကြောင့် ရီဟွားစိတ်လေသွားရသည်။ ဒီလိုပုံစံနှင့် အကိုကြီး ဘယ်တော့မှ စွံတော့မည် မဟုတ်ချေ။
"ဆရာ ရီရီ တကယ့်စိတ်ရင်းနဲ့ ပေးတာပါ...လက်ခံပေးပါ"
"ငါ မင်းကို ပြောထားတယ်မလား...ငါ့ကို ဆရာလို့ ထပ်မခေါ်ပါနဲ့"
"စစ်သူကြီး"
မင်းသမီး ရီရီ၏ အသံသည် တိုးဖျော့သွားလေသည်။
အဆောင်အပြင်မှ ခိုးကြည့်နေသော ရီဟွားပင် မင်းသမီးရီရီအား ဂရုဏာသက်သွားရ၏။
သူ၏ သနားနေခြင်းတို့သည် တခဏလေးအတွင်းမှာပင် အံ့သြထိတ်လန့်ခြင်းသို့ ပြောင်းလဲသွားရသည်။
မင်းသမီးရီရီက နောက်ပစ်ထားသော အကိုကြီးလက်တစ်ဖက်အား ဆွဲယူလိုက်ပြီး လက်ထဲသို့ အမွှေးအိတ်ထည့်ကာ ရှက်နေသော အမူအရာဖြင့် နောက်သို့လှည့်လာသောကြောင့်ပင်။
သူတို့ရှိသော နေရာနှင့် သူရှိနေသောနေရာသည် ဘယ်လောက်မှပင် မဝေးသောကြောင့် အမြန်ထွက်သွားချိန် မရတော့ပေ။ မျက်လုံးစုံမှိတ်၍ အဆောင်နံရံနှင့် ကျောအသေကပ်ထားလိုက်ရသည်။
ယွီလေးသည်လည်း ဘာမှန်းမသိစွာ သူကဲ့သို့ ပုန်းလျှိုးကွယ်လျှိုးနံရံနှင့် လိုက်ကပ်နေလေသည်။
မင်းသမီးရီရီက ရှက်ကိုးရှက်ကန်းဖြင့် အောက်သို့သာ စိုက်ကြည့်လျက် တည့်တည့်ထွက်သွားလေသည်။ ဘေးတွင်ကပ်နေသော သူတို့အား မြင်မသွားပေ။ ရီဟွား ထိုအခါမှသာ သက်ပြင်းချနိုင်တော့သည်။
အဆောင်ထဲတွင် လုံးဝတိတ်ဆိတ်နေသောကြောင့် ရီဟွား ထပ်ပြီး ခေါင်းပြူထွက်ကာ အထဲသို့ ခိုးကြည့်လိုက်၏။
အကိုကြီးသည် လက်တစ်ဖက်တွင် ကိုင်ထားသော အမွှေးအိတ်အား အသက်မဲ့စွာ ငေးကြည့်နေလေသည်။ ရီဟွား ခေါင်းယမ်းကာ ထပ်ပြီး သက်ပြင်းချလိုက်မိသည်။ အကိုကြီးက တကယ်ကို ဟန်ဆောင်ကောင်းလွန်းသည်။ အကိုကြီး ခုလိုဟန်ဆောင်နေရသည့် အဓိကအကြောင်းအရင်းသည် သူ့ကြောင့် ဖြစ်လောက်ပေသည်။
အကိုကြီး အချစ်ရေး အမြန်ဆုံး အဆင်ပြေသွားရန်သာ သူ မျှော်လင့်လိုက်၏။
ထို့နောက် ယွီလေး လက်အား ဆွဲကာ အကိုကြီး သူတို့ရောက်နေခြင်းအား မရိပ်မိခင် အမြန်ဆုံးထွက်လာခဲ့လိုက်သည်။
"သခင်လေး...ခုသခင်လေး အခန်းကိုပဲ ပြန်မှာလား"
ရီဟွား အခန်းတွင် ပြန်မနေချင်ပေ။ ဘာမှလုပ်စရာမရှိဘဲနေရသည်မှာ အရမ်းပျင်းစရာကောင်းသည်။
သူ သွားလည်လို့ရမည့်နေရာများအား စဉ်းစားလိုက်သည်။ နန်းတွင်းထဲတော့ ပြန်မသွားချင်တော့။ သူ့အား မကြည်သော အမတ်ချုပ်ကြီးအိမ်သွားကာ စနည်းနာရင်းဖြင့် ရှင်းရန်ဆီသို့သာ သွားလည်ရန် စဉ်းစားလိုက်သည်။
"ရှင်းရန်ဆီ သွားမယ် ယွီလေး"
ယွီလေးသည်လည်း ဘာမှ မပြောဘဲ သူ၏ နောက်မှ လိုက်လာသည်။
တော်တော်ကြာ လမ်းလျှောက်ပြီးနောက် အမတ်ချုပ်ကြီး အိမ်တော်သို့ရောက်လာ၏။
အိမ်တံခါးမကြီးအား ရီဟွား ခေါက်လိုက်သည်။ တံခါးပွင့်လာပြီး အထဲမှ အစေခံကောင်ငယ်လေးတစ်ယောက်ပေါ်လာလေသည်။
"သခင်လေး ဝူရီဟွား"
"အင်း ဟုတ်တယ်...ရှင်းရန်ဆီ လာလည်တာ"
"သခင်မလေး ဖျားနေတယ် သခင်လေး"
အစေခံကောင်လေး၏ စကားကြောင့် ရီဟွားစိုးရိမ်သွားသည်။
"အရမ်းဖျားနေတာလား...ငါ့ကို ရှင်းရန်ဆီ ခေါ်သွားပေး"
"သခင်မလေးက ဘယ်သူမှ မတွေ့ချင်ဘူးလို့ မှာထားပါတယ်...သခင်ကြီးကလည်း သခင်မလေး အပြင်းဖျားနေတာမို့ ဘယ်သူ့မှ မလာခိုင်းဖို့ မှာထားပါတယ်"
အစေခံကောင်လေး၏ စကားတို့ကြောင့် ရီဟွား မသင်္ကာဖြစ်သွားရသည်။ ရှင်းရန်သည် သူတို့လာလျှင် ဘယ်တော့မှ လာမတွေ့ခိုင်းမည့် လူမျိုး မဟုတ်ပေ။ ထို့ပြင် ထိုကောင်လေးသည် သွားအကြောင်းကြားခြင်းပင် မရှိဘဲ သူတို့အား ပိတ်၍ တားဆီးနေသည်လေ။
"ကောင်းပြီ...ရှင်းရန် သက်သာမှသာ လာတွေ့တော့မယ်လို့ စကားပါးပေးပါဦး"
"ဟုတ်ကဲ့ သခင်လေး"
ရီဟွား ယွီလေးအား မျက်ရိပ်ပြကာ လှည့်ထွက်လာခဲ့သည်။ သူ ဒီနေ့ ကံမကောင်း။ သူ ရောက်သည့်နေရာတိုင်းမှ အမြဲလှည့်ပြန်လာနေရသည်။
"ယွီလေး ရှင်းရန် ကိစ္စက မသင်္ကာစရာကောင်းတယ်...ငါ့ကို သွားစုံစမ်းပေး"
"ဟုတ်ကဲ့ သခင်လေး ကျွန်တော့် အသိ ခင်မင်သူတွေဆီက တစ်ဆင့်သွားစုံစမ်းကြည့်လိုက်ပါမယ်...အမတ်ချုပ်ကြီးအိမ်တော်ရဲ့ သတင်း တစ်စွန်းတစ်စတော့ကြားသိရမှာပါ"
ယွီလေးပြောသည့် ခင်မင်သူများသည် အိမ်တော်အသီးသီးမှ အစေခံများပင်။ အစေခံများတွင် သူတို့သခင်တို့၏ သတင်းအစုံရှိသည်။ ယွီလေးအား ခိုင်းလိုက်လျှင် သတင်းတစ်ခုခုရမည်မှာ သေချာပေသည်။ စပ်စုတတ်သည့် ယွီလေး အသုံးဝင်သည့်နေရာများလည်း ရှိပေ၏။
"ကောင်းပြီ ငါ အိမ်တော်ကနေ စောင့်နေမယ်"
"ဟုတ်ကဲ့ သခင်လေး"
ယွီလေးနှင့် ရီဟွားတို့ အသီးသီးလမ်းခွဲကာ ထွက်လာခဲ့ကြတော့သည်။
*************************
"အရှင်...သခင်လေးက အမတ်ချုပ်ကြီးအိမ်တော်ကို သံသယဝင်နေပါတယ်"
လျှောက်တင်လာသော ရှောင်အန်း၏ စကားကြောင့် ရှင်းယွဲ့ မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
"ရှောင်ဟွား သံသယ မဝင်မှ ထူးဆန်းမှာ...မနက်ဖြန် မယ်တော်ကြီး မွေးနေ့ပဲ...အမတ်ချုပ်ကြီးက အကုန်စီစဉ်ပြီးလောက်ပြီ...မနက်ဖြန် သူ့ရဲ့ အစီအစဉ်တွေ လွဲချော်နေပုံကိုကြည့်ပြီး အံ့အားသင့်သွားစေရမယ်...မင်းရဲ့အဓိကတာဝန်က ရှောင်ဟွားကို ဒီအရှုပ်အထွေးတွေထဲ မပါစေဖို့ဘဲ...ဘာတစ်ခုမှမထိခိုက်စေနဲ့...အတတ်နိုင်ဆုံး ရှောင်ဟွားကို ကာကွယ်ပါ"
"မှန်ပါ အရှင်"
ရှောင်အန်း သူ၏ အရှင်စကားအား နာခံစွာ ပြန်ဖြေလိုက်သည်။ သူ့အရှင်၏ သခင်လေးရီဟွား အပေါ်ထားရှိသော ခံစားချက်တို့အား သိရှိပြီး ဖြစ်သောကြောင့် သခင်လေး ရီဟွားသည်လည်း သူ၏ သခင်ပင်။
အစကတည်းက သံယောစဉ်ရှိထားသူပီပီ သူ၏ သခင်အဖြစ် သတ်မှတ်ရန် သူ့အတွက် မခက်ခဲ။ သူ့အရှင်နတ်ဘုရား၏ လက်တွဲဖော်သည် သခင်လေးရီဟွား ဖြစ်နေသည့်အတွက် သူ ပို၍ပင် ဝမ်းသာမိသည်။
"ရှောင်အန်း ပြန်တော့...ရှောင်ဟွား မင်းကို စောင့်နေလောက်ပြီ...သူ့ကို ပွဲတော် လုပ်ကြံမယ့်အစီအစဉ်အကြောင်း မသိစေနဲ့"
"မှန်ပါ အရှင်"
ရှောင်အန်း သူ၏အရှင်အား အရိုအသေပေးပြီးနောက် နန်းဆောင်ထဲမှ ပျောက်ကွယ်သွားသည်။
နန်းဆောင်ထဲတွင် တစ်ဦးတည်း ကျန်ရှိသော ရှင်းယွဲ့နတ်ဘုရားသည် ခေါက်ယပ်တောင်အား ဖွင့်ကာ ယပ်ခပ်လိုက်ပြီးနောက် မျက်နှာထက်တွင် နူးညံ့သော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
"ရှောင်ဟွား ကိုယ်အရှုပ်တွေ အကုန်ရှင်းပြီးရင် မင်းကို ကိုယ်နဲ့အတူ ခေါ်သွားမယ်...အမတော် ကိုယ်နဲ့ ပြန်မလိုက်ရင်တောင် မင်းကတော့ ကိုယ်နဲ့လိုက်ခဲ့ရမယ်"
တစ်ဖက်တွင် ရီဟွားတစ်ယောက် အပြင်တွင်လေအေးတိုက်ခံလိုက်ရသောကြောင့် အအေးပက်ကာ နှာချေနေတော့သည်။
"ဟတ်ချိုး"
သူ ချက်ချင်းထကာ မဖျားစေရန် အပေါ်ရုံတစ်ထည်ယူဝတ်လိုက်ပြီး လက်ဖက်ရည်ကြမ်း ပူပူအား မှုတ်သောက်နေလိုက်လေသည်။
*********************
"ငါ့ကို အခုလွှတ်ပေး"
ရှင်းရန် ပိတ်ထားသော တံခါးအား စိတ်တိုတိုဖြင့် ပိတ်ကန်နေလိုက်သည်။ အထဲတွင် စိတ်ကြိုက်သောင်းကျန်းနေသော်လည်း ဘယ်သူမှ သူ့အား ဂရုမစိုက်ကြ။
အခန်းတစ်ခုလုံးလည်း သူ့ကြောင့် ရှုပ်ပွနေလေပြီ။
တော်တော်ကြာ ပေါက်ကွဲပြီးနောက် သူ(မ) ပင်ပန်းလာသောကြောင့် အိပ်ရာထက်သို့ ပြန်သွားလိုက်သည်။ ထို့နောက် မောပန်းစွာ အိပ်ပျော်သွားတော့သည်။
သူ(မ)၏ အမြင်အာရုံရှေ့တွင် လှပသော ရှုခင်းတစ်ခုရှိနေသည်။ ပန်းမျိုးစုံ ဖူးပွင့်နေသော ပန်းခင်းကြီးထဲတွင် အဖြူရောင်ဝတ်ရုံရှည်အား ဝတ်ဆင်ထားသည့် ချောမောလွန်းလှသော မိန်းမငယ်လေးသည် ပန်းများခူးနေသည်။ ရပ်ကြည့်နေသော သူ(မ)အား ထိုမိန်းကလေးက မြင်ပုံမရပေ။
နတ်သမီးတမျှလှပလွန်းသော ရုပ်ရည်ကြောင့် ရှင်းရန် အတန်ကြာအောင် ငေးကြည့်နေမိသည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူ(မ)၏မြင်လွှာထဲ ချောမောပြီး ကြည့်ကောင်းသော ယောကျာ်းပျိုတစ်ယောက် ထပ်၍ပေါ်လာသည်။ နတ်ဘုရားတမျှ ချောမောလွန်းသော အဖြူရောင်ဝတ်ရုံအား ဝတ်ဆင်ထားသည့် ထိုလူငယ်၏ ရုပ်ရည်သည် အရှင်မင်းကြီးနှင့် လွန်စွာတူနေသည်။ ထူးဆန်းသည်က မျက်ဝန်းများပင်။ ရွှေရောင်တောက်ပနေသော မျက်ဝန်းသည် အရှင်မင်းကြီး၏ အနက်ရောင်မျက်ဝန်းများနှင့် ကွဲပြားနေသည်။
"ရှင်းယွဲ့ မောင်လေး ရှင်းယွဲ့ဂူမှာ တော်တော်ကြာအောင် တံခါးပိတ်ပြီး တရားကျင့်မလို့ဆို...အမတော်ကို လာနှုတ်ဆက်တာလား"
မိန်းမချောလေး၏ စကားအား ရွှေရောင်မျက်ဝန်းများဖြင့် လူငယ်လေးသည် ပြန်လည်ဖြေကြားလာသည်။
"ဒီကြားထဲ အစစအရာရာ ဂရုစိုက်ပါ အမတော်"
"အမတော်ကို စိတ်မပူပါနဲ့...ကျန်းဖုန်းလည်း ရှိနေတာပဲ...တစ်ခုခုဆို အမတော် ကျန်းဖုန်းကို အကူအညီတောင်းလို့ရတယ်...မောင်လေး တရားကျင့်ပြီး ထွက်လာမယ့် ရက်ကို အမတော် စောင့်နေမယ်နော်...အမတော်တော့ မောင်လေးကို လွမ်းနေရတော့မှာ"
"အမတော်သာ မောင်လေးကို တစ်ယောက်တည်းထားပြီး ဘယ်မှ ထွက်မသွားပါနဲ့"
"အမတော်က တစ်ဦးတည်းသော မောင်လေးကို ထားပြီး ဘယ်ထွက်သွားရမှာလဲ"
နှစ်ယောက်သားသည် ပျော်ရွှင်စွာဖြင့် စကားပြောနေကြသည်။ သူတို့၏ တစ်ဦးကို တစ်ဦး ကြည့်ရှုနေသော မျက်ဝန်းများမှ တစ်ဆင့် မည်မျှ ချစ်ခင်ကြကြောင်း သိရှိနိုင်သည်။
"မောင်လေး ဘယ်တော့ ကြင်ယာတော်ကို အမတော်ဆီ ခေါ်လာမှာလဲ"
"အခုထိတော့ နှလုံးသား တစ်ခုလုံးနဲ့ ချစ်ရတဲ့သူ မတွေ့သေးဘူး...ခေါ်လာရင်ရော အမတော်က သဘောတူမှာလား"
"မောင်လေး ရွေးချယ်တဲ့ ကြင်ယာတော်က လုံးဝ မမှားဘူးဆိုတာ အမတော် ယုံတယ်...ခေါ်သာလာခဲ့...ဘယ်လိုလူဘဲ ဖြစ်နေပါစေ လက်ထက်ပေးဖို့ အဆင်သင့်ပဲ"
"အမတော်သာ အသက်ကြီးနေပြီ...ကိုယ့်အတွက် ကိုယ်ပဲ စိတ်ပူပါ"
"ဒီမောင်လေး အမတော်ကို အသက်ကြီးပြီလို့ ပြောလိုက်တာပေါ့လေ"
"မဟုတ်လို့လား အမတော်"
မျက်စိရှေ့ရှိ တစ်ယောက်ကိုတစ်ယောက် စနောက်နေသော ပုံရိပ်သည် ရှင်းရန်၏ ရင်ထဲတွင် ကြည်နူးမှုတို့ ဖြစ်တည်လာရသည်။
ရုတ်တရက်ပြောင်းလဲသွားသော ပုံရိပ်များ။
ပြောင်းလဲသွားသော နေရာအား ကြည့်လိုက်တော့ သူ(မ)၏အိပ်ဆောင်ရှေ့တွင် ဖြစ်နေသည်။
သူ(မ)မြင်နေရသော ရှေ့ရှိ အိပ်ဆောင်တံခါးရှေ့တွင် သူ(မ) အဖေသည် မတ်တပ်ရပ်နေသည်။ တံခါးသည် ဖြည်းညှင်းစွာ ပွင့်လာပြီးနောက် ထပ်၍ ပေါ်လာသူက သူ(မ)နှင့် ချွတ်စွပ်တူလွန်းသူတစ်ယောက်ဖြစ်နေလေသည်။
သူ(မ) မျက်စိရှေ့ရှိ ရုပ်တူလွန်းသူက အိပ်ချင်မူးတူး ပုံစံဖြင့် တံခါးရှေ့ရပ်နေသော သူ(မ) အဖေအားမေးမြန်းလိုက်သည်။
"အဖေ ညမိုးချုပ်နေပြီ ဘာအရေးကြီး ကိစ္စရှိလို့လဲ"
သူ(မ) အဖေသည် ဆွဲကြိုးတစ်ခုအား ထုတ်ပေးလာသည်။
"ရှင်းရန် အဖေ သမီး ဇာတာ မေးကြည့်ခဲ့တာ... ခုတလော ကံမကောင်းဘူးတဲ့...ယတြာအနေနဲ့ ဒီဆွဲကြိုးအဆောင်လေး အမြဲဆွဲထားပေး...ဘယ်တော့မှ မချွတ်ရဘူးလို့ မှာလိုက်တာမို့ အဖေ့စကားကို နားထောင်ပေး သမီး"
ရှင်းရန် သူ(မ)ရှေ့ရှိ မြင်ကွင်းအား ကြည့်လိုက်ပြီး သူ(မ)လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးလေးအား ကြည့်လိုက်သည်။ တစ်ပုံစံတည်း ဖြစ်နေလေ၏။ ယခု သူ(မ) မြင်နေရသော ပုံရိပ်သည် သူ(မ) အဖေ သူ(မ)အား ဆွဲကြိုးလာပေးတုန်းက ဖြစ်ရပ်များပင်။
"ဒီဆွဲကြိုးကို မြင်သာအောင်လည်း မဆွဲထားနဲ့ သမီး"
"ဘာလို့လဲ အဖေ"
အိပ်ချင်မူးတူး အသံဖြင့် သူ(မ)နှင့် ရုပ်တူသူက မေးလိုက်သည်။
"အဖေလည်း သိပ်သေချာမသိဘူး...အဲလိုလုပ်မှရမယ်လို့ မှာလိုက်လို့"
"ဟုတ်ကဲ့ အဖေပြောသလို သမီးဝတ်ထားပါ့မယ်...စိတ်ချပါ...သမီး အခု အရမ်းအိပ်ချင်နေပြီမို့ ပြန်အိပ်တော့မယ်"
"အင်း သမီး"
ထို့နောက် အိပ်ခန်းတံခါးသည် ပြန်ပိတ်သွားလေသည်။ အခန်းအပြင်တွင် ကျန်ရှိသော သူ(မ) အဖေသည် အတန်ကြာ အိပ်ခန်းအား ကြည့်နေပြီးနောက် အိပ်ခန်းရှေ့မှ လှည့်ထွက်လာကာ သူ(မ) ရပ်နေရာဘက်သို့ တည့်တည့်လျှောက်လာလေ၏။
တဖြည်းဖြည်းပြောင်းလဲသွားသော သူ(မ) အဖေ ပုံရိပ်ကြောင့် သူ(မ) ထိတ်လန့်သွားရသည်။ အနက်ရောင် ဆံနွယ်ရှည်များနှင့် အနက်ရောင်မျက်နှာဖုံးအောက်မှ စူးရှတောက်ပသော အနက်ရောင်မျက်ဝန်းများပိုင်ဆိုင်ထားသည့် ချောမောသော လူငယ်တစ်ယောက်ပုံစံသို့ ပြောင်းသွားခြင်းပင်။
ထိုလူငယ်က သူ(မ) ရပ်နေရာဆီသို့ ရောက်မလာခင် ပုံရိပ်တို့ ပျောက်ကွယ်သွားပြီး သူ(မ)၏ အမြင်အာရုံတို့ မှောင်အတိ ကျသွားတော့သည်။
မျက်လုံးတို့ ပွင့်လာပြီးနောက် သူ(မ )အားအင်များ ကုန်ခမ်းနေသလို ခံစားနေရသည်။ တစ်ရေးအိပ်လိုက်သော်လည်း အိပ်ရေးဝသလို သူ(မ) မခံစားရ။
သူ(မ) အိပ်မက်ရှည်ကြီး တစ်ခု မက်ခဲ့မှန်း သိနေသည်။ သို့သော် သူ(မ) ဘာတစ်ခုမှ မမှတ်မိတော့။ အိပ်ရာမှ နိုးလာသည်နှင့် အရာအားလုံး ပျောက်ကွယ်သွားသလို ခံစားနေရသည်။ သူမ နှလုံးသားသည်လည်း တစ်ခုခုအား ဆုံးရှုံးသကဲ့သို့ နာကျင်နေပြန်သည်။
သူ(မ) မသိလိုက်သည်က သူ(မ) လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးလေးသည် အချိန်တော်တော်ကြာ အလင်းရောင်များ ထွက်နေခဲ့ပြီး သူ(မ) မျက်လုံးများ ပွင့်လာသည်နှင့် အလင်းရောင်များ ပျောက်ကွယ်သွားခဲ့လေသည်။
********************