Unicode
အပိုင်း(၁၂) ဆီမီးလွှတ်ပွဲ၌ တစ်ညတာ
တောင့်တင်းသန်မာပုံရသော သူ့အား ရင်ခွင်ထဲထည့်၍ ဖက်ထားသူကြောင့် ရီဟွား လူအုပ်၏ တွန်းထိုးခံရမှုများမှ ကင်းလွတ်သွားရသည်။
သူ ခေါင်းမော့ ကြည့်လိုက်တော့ နူးညံ့သော မျက်ဝန်းများဖြင့် သူ့အား ကြည့်နေသော ရှင်းအား မြင်လိုက်ရသည်။
"ရှင်း"
"ခုထိ ဒဏ်ရာ အရှင်းမပျောက်သေးတာကို အိမ်မှာနားမနေဘဲ ဘယ်လိုလုပ် လူအုပ်ကြားထဲရောက်နေရတာလဲ...ကိုယ့်ဘေးမှာဘဲ အမြဲနေခိုင်းထားစေချင်တာလား"
ရှင်းလို အလုပ်အရမ်းများသည့် ဧကရာဇ်တစ်ပါးက လူအုပ်ကြားထဲရောက်ရှိနေမည် မထင်သောကြောင့် ရီဟွား အတန်ကြာ ဆွံ့အနေမိသည်။
တဖြည်းဖြည်းနှင့် လူအုပ်သည် စဲသွားပြီး လမ်းမထက်တွင် လူနည်းစုသာ ကျန်ရှိနေတော့သည်။
ရှင်းသည် သူ့ကို ဖက်ထားသော လက်အား လွှတ်ပေးလာသည်။
"ဆီမီးလွှတ်ပွဲ ကြည့်ချင်လို့ တစ်ယောက်တည်း ထွက်လာတာလား"
"အင်း ရှင်းရော"
ရီဟွား ရှင်းရန်အား ထိခိုက်မည် စိုးရိမ်သောကြောင့် လိမ်ညာလိုက်သည်။
"ကိုယ်က တချို့ကိစ္စလေးတွေရှိလို့"
ရီဟွား ရှင်းအား ငေးကြည့်နေလိုက်မိသည်။ အဖြူရောင်ဝတ်ရုံရှည်နှင့် အဖြူရောင် ခေါက်ယပ်တောင်အား ကိုင်ဆောင်ထားကာ သာမန်သခင်လေးတစ်ယောက်အလား ရုပ်ဖျက်ထားသည့် ရှင်းသည် အမြဲမြင်တွေ့နေကြအတိုင်း ဘယ်အချိန်ကြည့်ကြည့် ကြည့်ကောင်းကာ ကျက်သရေရှိနေသည်။
"ကိုယ့်ကို ငေးလှချည်လား"
ရှင်းသည် ကိုင်ထားသော ခေါက်ယပ်တောင်ဖြင့် သူ၏ နဖူးအား မနာအောင် ခပ်ဖွဖွခေါက်ကာ ပြောလာသည်။
"လာ ကိုယ်တို့ ဒီရောက်တုန်း ဆီမီးလွှတ်ပွဲကြည့်သွားရအောင်"
ရှင်းက သူ၏ လက်တစ်ဖက်အား ဆွဲကိုင်ကာ ရှေ့မှ ဦးဆောင်ခေါ်သွားလေသည်။ ရှင်း ခေါ်ရာနောက်သို့ သူ လက်ဆွဲကာ လိုက်သွားလိုက်သည်။
စမ်းချောင်းကမ်းစပ်တစ်ခုတွင် လူများသည် ကြာပန်းဆီမီးခွက်များ ရေထဲသို့ မျှောနေကြသည်။ ရေထဲတွင် ကြာပန်းဆီမီးလေးများ မျောပါနေပုံမှာ လွန်စွာ သက်ဝင်လှပလွန်းနေသည်။
ရေစီးနှင့် မျောပါသွားသော ကြာပန်းဆီမီးခွက်များ မည်သည့်နေရာတွင် ရပ်တန့်သွားမည်နည်းဟု စဉ်းစားမိသည်အထိ အစီအရီ ရေပေါ်တွင် ပေါလောပေါ်နေသော ကြာပန်းဆီမီးလေးများက သူ့အား ဆွဲဆောင်နေကြသည်။
"ဆီမီး မျှောပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့...ကိုယ်နဲ့ အတူတူ ဆီမီးလွှတ်ရအောင်"
ရှင်းက ချက်ချင်း ခပ်လှမ်းလှမ်းတွင်ရှိသော ကြာပန်းဆီမီးခွက်ရောင်းသည့်ဆိုင်ဆီသို့ ထွက်သွားလေသည်။ ခဏအကြာတွင် ဆီမီးခွက်နှစ်ခုအား ကိုင်၍ သူ့ဆီသို့ပြန်လာသည်။
"လာ ကိုယ်နဲ့ လိုက်ခဲ့"
ဆီမီးခွက်များအား ကိုင်ထားသော ရှင်းနောက်သို့ သူလိုက်သွားလိုက်သည်။
ကြာပန်းဆီမီး မျှောသည့် ကမ်းစပ်ဆီသို့ ရောက်သောအခါ ရှင်းသည် သူ့အား ဆီမီးခွက်တစ်ခု ကမ်းပေးလာသည်။
ရှင်းလက်ထဲမှ ဆီမီးခွက်အား ယူလိုက်ပြီး သူ ဆီမီး မျှောရန် ကမ်းစပ်သို့ ခြေလှမ်းအနည်းငယ်တိုးလိုက်သည်။
"ကိုယ့် လက်ကို ကိုင်ထား...ဂရုစိုက်"
ရှင်းသည် သူ၏ ရှေ့သို့ ယပ်တောင်ကိုင်ထားသော လက်တစ်ဖက်အား ကမ်းပေးလာသည်။ ကျန်လက်တစ်ဖက်တွင် ဆီမီးခွက်တစ်ခုအား ကိုင်ထားသည်။
သူ ရှင်း၏ လက်အား ဆွဲကိုင်ကာ ကမ်းစပ်နားသို့ တိုးသွားလိုက်ပြီး ဆီမီးအား ရေထဲ မျှောလိုက်သည်။ လေငြိမ်သောကြောင့် ထွန်းထားသော ဆီမီးအလင်းရောင်တို့သည် ငြိမ်းသွားချင်း အလျဥ်းမရှိပေ။
"ကိုယ့် ဆီမီးလေးပါ မျှောပေး"
ရီဟွား ရှင်းလက်တစ်ဖက်အား ဆွဲကိုင်ထားလျက် ကမ်းပေးလာသော ဆီမီးခွက်အား ယူလိုက်ပြီး မျှောလိုက်သည်။
ရီဟွားဘေးဘီအား အကဲခတ်ကြည့်လိုက်ရာ ဆီမီးမျှောပြီး ဆုတောင်းနေသူများအား တွေ့လိုက်ရသည်။
ရီဟွား ရှင်းလက်အား ဖြုတ်လိုက်ပြီး လက်နှစ်ဖက်အား လက်အုပ်ချီကာ စိတ်ထဲမှ ဆုတောင်းလိုက်သည်။
ဆုတောင်းပြီးသောအခါ ရှင်းအား ကြည့်လိုက်၏။ ရှင်းသည် သူ့မျက်နှာအား မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။
"ရှင်း ဆုမတောင်းဘူးလား"
ရှင်းသည် သူ့မျက်နှာအား ငေးကြည့်နေဆဲပင်။
"ကိုယ် လိုချင်ရင် ကိုယ့်ဖာသာပြည့်အောင် လုပ်ယူလို့ရတယ်...ဆုတောင်းစရာမလိုဘူး"
ရီဟွား ရှင်းအား မျက်နှာမဲ့ပြလိုက်သည်။ ရှင်းသည် ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးကာ ကြီးကျယ်လွန်းသောသူပင်။
"ဘာတွေ ဆုတောင်းလိုက်တာလဲ"
"ကျွန်တော့်ဘဝတစ်လျှောက်လုံး ကျွန်တော်ချစ်ရသူတွေနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းသွားနိုင်ပါစေလို့ ဆုတောင်းလိုက်တာ"
ရှင်းက သူ၏ ပါးအား ဆွဲညှစ်လိုက်သောကြောင့် ရီဟွား ကြောင်အသွားရ၏။
"ရှင်း ဘာလို့ ကျွန်တော့်ပါးကို လာဆွဲနေတာလဲ...ကျွန်တော် ကလေး မဟုတ်ဘူး"
ရီဟွား ရှင်းအား အပြင်တွင် ရန်တွေ့ရုံတင်မက သူ၏ စိတ်ထဲမှလည်း မကျေမနပ် ရန်တွေ့မိလိုက်သေးသည်။
'ရှင်း ကျွန်တော့်ရဲ့ တကယ့်အသက်အစစ်အမှန်က ခင်ဗျားထက်ကြီးတယ်နော်...ခုထိအသက်မပြည့်သေးတဲ့(၁၆)နှစ်ကောင်လေး မဟုတ်ဘူး...ကလေးလို မဆက်ဆံနဲ့...ခင်ဗျား ငရဲကြီးလိမ့်မယ်'
ရှင်း ရှောင်ဟွား၏ ပါးအိအိလေးများအား ဆွဲညှစ်ထားရာမှ လွှတ်ပေးလိုက်၏။
"ရှောင်ဟွားရဲ့ ဆုတောင်းက ဆုတောင်းစရာမှ မလိုတာ...ကိုယ်ရှိနေတာပဲ...ရှောင်ဟွား ဘဝတစ်လျှောက်လုံး အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်အောင် ကိုယ် ကာကွယ်စောင့်ရှောက်ပေးမှာပေါ့"
ရီဟွား ရှင်ဘုရင်နှင့် သူငယ်ချင်းဖြစ်ထားသော သူ၏ အဖြစ်အား တွေးကာ စိတ်ထဲတွင် ရယ်လိုက်မိသည်။ သူ၏ ကမ္ဘာမှ ဘဝအစစ်အမှန်ထက် စာအုပ်ထဲမှ သူရရှိထားသော ဘဝတွင် ပို၍ ပျော်နေမိသည်။
သူ တစ်ခါတလေတွင် မူလဝူရီဟွားအား အရမ်းအားကျမိသည်။ သူ့အား အရမ်းချစ်ကြသူ များစွာရှိနေကြသည်လေ။ သို့သော် ကံဆိုးရှာသော ကောင်လေးသည် သက်ဆိုးမရှည်ခဲ့။
ထိုသူတို့ အမှန်တကယ် ချစ်ကြသူမှာ သူ မဟုတ်ကြောင်း တွေးမိသောအခါတွင်တော့ ရီဟွား ဝမ်းနည်းသွားရသည်။ သူက ဝူရီဟွား ကိုယ်ထဲတွင် အငှါးရှင်သန်နေရသော ဝင်ကစွပ်တစ်ယောက်သာ။
သူသာ မူလဝူရီဟွား မဟုတ်မှန်း သိသွားကြလျှင်။ ဝူရီဟွား ဖြစ်လာကတည်းက နေ့တိုင်းထိုသို့တွေးကာ အမြဲစိတ်ပူနေခဲ့ရသည်။ သူ အချစ်ခံချင်သည်။ ရီဟွား ဘဝတွင် တစ်ခါမှ မရခဲ့ဖူးသော ချစ်ခြင်းတို့အား သူဆက်၍ ပိုင်ဆိုင်လိုသည်။
"ရှင်း တကယ်လို့လေ ကျွန်တော်က ရှင်း ငယ်ငယ်ကတွေ့ခဲ့တဲ့ကောင်လေး ဝူရီဟွား မဟုတ်ရင်ရော ကျွန်တော့်ကို ကာကွယ်ဖို့ စဉ်းစားမှာလား"
ရှင်းသည် သူ၏ မျက်ဝန်းများအား စူးစိုက်ကြည့်လာသည်။ သူ အနေရခက်စွာ မျက်လုံးချင်း မဆုံစေရန် ရှောင်ဖယ်နေမိသည်။
ထို့နောက် ရှင်းသည် သူ၏ နဖူးအား ခေါက်ထားသော ယပ်တောင်ဖြင့် ထပ်ပြီး ခပ်ဖွဖွ ခေါက်လိုက်ပြန်သည်။
"ရှင်း ဘာလို့ခဏခဏ ယပ်တောင်နဲ့ ခေါက်နေရတာလဲ"
ရီဟွား နဖူးအား ပွတ်ကာ မကျေမနပ် ညည်းညူပြောလိုက်မိသည်။
"ဘာတွေ လျှောက်တွေးနေတာလဲ...ကိုယ်အမြဲ ကာကွယ်ချင်တဲ့သူက ကိုယ့်ကို အသက်စွန့်ကာကွယ်ပေးခဲ့တဲ့ မင်းလေ...အခု ကိုယ့်ရှေ့ရပ်နေတဲ့ မင်းပဲ...မင်းငယ်ငယ်က ကိုယ်မင်းကို သတိထားမိရုံပဲ ရှိခဲ့တာ...အခု ကိုယ်မင်းရဲ့ အမူအရာတွေကအစ ရင်းနှီးနေပြီ...မင်းရဲ့ မျက်ဝန်းတွေကတစ်ဆင့် မင်းမှန်း ကိုယ်သိနိုင်နေပြီ...မင်း ဘယ်သူပဲ ဖြစ်နေပါစေ ကိုယ် မင်းကို မှတ်မိနေမှာ"
ရီဟွား ရှင်း၏ စကားကြောင့် စိတ်ကျေနပ်ပျော်ရွှင်သွားရသည်။ အမြဲ နှစ်သိမ့်နိုင်သော သူငယ်ချင်းကောင်းတစ်ယောက်ရှိခြင်းသည် အမှန်တကယ်ကောင်းမှန်း ရီဟွား လက်ခံသွားရသည်။ တစ်ယောက်တည်း နေခဲ့သည့်အချိန်များကိုပင် နှမြောမိသွား၏။
"ဒါနဲ့ ရှင်း ကျွန်တော် ထပ်ဆုတောင်းခဲ့သေးတယ်...ကျွန်တော့်ရဲ့ ဖူးစာရှင်ကိုလည်း မြန်မြန်တွေ့ပါစေလို့ ဟီး"
"တွေ့ပြီးပြီ မဟုတ်လား"
စနောက်ခြင်း မဟုတ်သော ခပ်တည်တည် မျက်နှာဖြင့် သူ့အား ပြောလာသော ရှင်းကြောင့် ရီဟွား ကြောင်အသွားရပြန်သည်။
"အမ် ဘယ်မှာလဲ...ကျွန်တော်ခုထိ မတွေ့သေးပါဘူး...ဘယ်မှာလဲ ကျွန်တော့်ရဲ့ဖူးစာရှင် ခပ်ချောချော ကောင်မလေး"
ရီဟွား ဘေးဘီအား ဝေ့ဝဲကြည့်လိုက်သည်။ အားလုံးသည် ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်ရှုပ်နေကြ၏။
ရီဟွား ရှင်းအား ပြန်ကြည့်လိုက်တော့ မီးဝင်းဝင်းတောက် မျက်ဝန်းများဖြင့် သူ့အား စူးစိုက်ကြည့်နေလေ၏။ ရီဟွား အနည်းငယ် ထိတ်လန့်သွားရသည်။
"ခပ်ချောချော ကောင်မလေးက ဘာလုပ်မလို့လဲ"
ရှင်း၏ ခပ်မာမာ စကားသံကြောင့် ရီဟွား ချက်ချင်း အမြန်ဖြေလိုက်သည်။
"ခပ်ချောချော ကောင်မလေးက ကျွန်တော့်ရဲ့ ဖူးစာရှင်ဆို သူ(မ)ကိုရအောင် လိုက်ပြီး လက်ခံရင် လက်ထပ်မှာပေါ့"
"မင်း ကောင်မလေးနဲ့ လက်မထပ်ရဘူး"
စကားအဆုံး ချက်ချင်းဆက်၍ ထွက်ပေါ်လာသော စကားသံကြောင့် ရီဟွားထပ်၍ ဆွံ့အသွားရ၏။
"ဘာလို့လဲ"
"ကိုယ့်အမိန့်ပဲ"
စိတ်တိုသွားသော အမူအရာဖြင့် နောက်လှည့်ထွက်သွားသူကြောင့် ရီဟွားလည်း နောက်မှအမြန်လိုက်ရန် ပြင်လိုက်သည်။
ထိုစဉ် မလှမ်းမကမ်းရှိ ကောင်လေးနှင့် ကောင်မလေးတို့ ပြောနေသော စကားများက သူ၏ နားထဲသို့ တိုးဝင်လာကြသည်။
"မမ မောင်လေး ဆီမီးခွက်လေး မျှောပေးပါလား"
"မမ မျှောပေးလို့ မရဘူး မောင်လေး...ဒီပွဲတော်မှာ အယူအဆတစ်ခုရှိတယ်...ကိုယ့်ရဲ့ ဖူးစာရှင်လို့ သတ်မှတ်တဲ့သူကိုမှ ဆီမီးပေးမျှောလို့ရတယ်...ကိုယ့်ရဲ့ ဆီမီးခွက်ကို ကိုယ့်ရဲ့ ဖူးစာရှင်က သူ့ရဲ့လက်နဲ့ကိုင်ပြီး မျှောလိုက်ရင် ဆီမီးလေး မျှောသွားတာနဲ့အတူ သူတို့ရဲ့ ကံကြမ္မာဟာ ပေါင်းစည်းသွားကြတယ်တဲ့"
ရီဟွား ဇဝေဇဝါဖြင့် စကားပြောနေသည့်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ချစ်စရာမိန်းမငယ်လေးသည် သူ(မ)မောင်လေးအား ရှင်းပြနေပုံပင်။
"ဒါက ဒီနေ့ပွဲတော်မှာဘဲ အကျုံးဝင်တာ မောင်လေး...လူကြီးအဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ အစဉ်အလာတစ်ခုလိုမျိုးပေါ့...မောင်လေး အရွယ်ရောက်လို့ ကိုယ့်ဖူးစာရှင်အဖြစ်သတ်မှတ်ထားသူနဲ့ ဆီမီးမျှောပွဲကိုလာဖြစ်တဲ့အခါမှပဲ သူ(မ)ကို ဆီမီးခွက်ကမ်းပေးပြီး ဆီမီးမျှောခိုင်းလိုက်နော်"
ရီဟွား သူမတို့ဘက်မှ ရှင်းရှိရာဘက်သို့ ပြန်ကြည့်လိုက်သည်။ ရှင်းသည် မလှမ်းမကမ်းတွင် ရပ်ကာ သူ့အား စောင့်နေသည်။
တိုက်ဆိုင်တာနေမှာပါဟု ရီဟွားတွေးကာ ရှင်းနောက်သို့ အမြန်လိုက်သွားလိုက်လေတော့သည်။
********************
ခြံဝန်းထဲတွင် အမှောင်နတ်ဘုရား ကျန်းဖုန်းသည် ဟိုင်ဝမ်နှင့်အတူ ထိန်ထိန်သာနေသော လအား ရှုစားနေသည်။
"သူတို့ တော်တော်နဲ့ ပြန်လာကြဦးမှာ မဟုတ်ဘူး"
အမှောင်နတ်ဘုရား၏ စကားအား ဟိုင်ဝမ်က ထောက်ခံလိုက်၏။
"သူတို့ ထွက်သွားတာ သိသိသာသာကြီး...ကျွန်တော်တောင် ရိပ်မိတာ သူတို့လည်း ရိပ်မိကြမှာပဲ...သခင်လေး ရီဟွားကို မနှောင့်ယှက်ချင်လို့ မသိချင်ယောင် ဆောင်ပေးထားကြတာ"
အမှောင်နတ်ဘုရားသည် လေးနက်သော အမူအရာဖြင့် ဟိုင်ဝမ်အား ကြည့်ကာ ဆိုလာသည်။
"အခုချိန်ထိ ရှင်းယွဲ့က ရီရီကို မေချင်းထင်နေတုန်းပဲ...သူထင်လည်း ထင်ချင်စရာပဲ...သူ(မ)ရဲ့ ကိုယ်ထဲကို မေချင်းရဲ့ ဝိညာဉ်အပိုင်းအစတစ်ခုက မှားဝင်သွားခဲ့တာလေ...ရှင်းယွဲ့ ဝိညာဉ်စုမီးအိမ်ထဲက သူစုဆောင်းထားတဲ့ ဝိညာဉ်တွေ ထုတ်လွှင့်လိုက်အချိန်နဲ့အကိုက် မေချင်းဆီကို ချုပ်နှောင်ခြင်းရတနာ သွားပေးလိုက်နိုင်လို့...မဟုတ်ရင် ရှင်းယွဲ့ဝိညာဉ်တွေကို ခြေရာခံမိပြီး သူ့ရဲ့အမ ဘယ်သူလဲဆိုတာ သိသွားလောက်ပြီ"
ထို့နောက် လမင်းကြီးရှိရာဘက်သို့ မော့ကာ ငေးရင်း ဝမ်းနည်းစွာ ဆက်ပြောလာသည်။
"သူ ရီရီ့ကိုယ်ထဲ မှားဝင်သွားတဲ့ ဝိညာဉ်အပိုင်းအစတစ်ခုကို ထုတ်ပြီး မေချင်း ကိုယ်ထဲ ဝိညာဉ်စုမီးအိမ်အကူအညီနဲ့ ထည့်လိုက်ရင် မေချင်း မှတ်ဉာဏ်တွေအကုန် ပြန်သတိရသွားလိမ့်မယ်...အဲဒါဆို ငါ သူ(မ)ကို ပေးထားခဲ့တဲ့ ကတိကို မတည်နိုင်တော့ဘူး"
ဟိုင်ဝမ်သည် သူ့အရှင်နတ်ဘုရား၏ မသာမယာဖြစ်နေသော မျက်နှာအား ကြည့်ကာ ပြောလိုက်သည်။
"နှစ်တစ်ထောင်တောင် ရှိနေပြီ...နတ်ဘုရားမ မေချင်း မှတ်ဉာဏ်တွေ ပြန်ရသွားရင် မကောင်းဘူးလား အရှင်...သူ(မ) နတ်ဘုရားမ တစ်ပါး ပြန်ဖြစ်လာလိမ့်မယ်"
အမှောင်နတ်ဘုရားသည် ဟိုင်ဝမ်အား မျက်နှာချင်းဆိုင်အနေအထားသို့ ပြန်လှည့်ကြည့်လိုက်သည်။
"သူ(မ)က မှတ်ဉာဏ်တွေ လုံးဝပြန်မလိုချင်တော့တာ...သူ(မ)အတွက် အဲမှတ်ဥာဏ်တွေက အရမ်းနာကျင်ရတယ်လေ...ရှင်းယွဲ့ကိုလည်း ငါ စာနာနိုင်ပါတယ်...သူ့ရဲ့ တစ်ဦးတည်းသော အမ သူ့ကိုမှတ်မိလာဖို့ သူ ဘာမဆို လုပ်နေမှာပဲ"
အမှောင်နတ်ဘုရားသည် စကားစခဏရပ်လိုက်ပြီးနောက် ဆက်၍ပြောလာသည်။
"ငါကလည်း အချစ်ဆုံးသူငယ်ချင်း တောင်းခဲ့တဲ့ ကတိကို မဖျက်ဆီးနိုင်ဘူး...သူ(မ) မပျောက်ကွယ်သွားခင် မှတ်ဉာဏ်တွေ ပြန်သတိမရချင်တာက သူ(မ)ရဲ့နောက်ဆုံးဆန္ဒပဲ...သူ(မ) လူပြန်ဝင်စားတိုင်း ငါ့ကိုသူ(မ)မှန်းအမြဲသိစေနိုင်တဲ့ ဆုကိုပေးခဲ့တယ်...တစ်စုံတစ်ယောက်က မှတ်ဉာဏ်တွေ ပြန်ထည့်ဖို့ကြိုးစားလာခဲ့ရင် တားဆီးပေးပါလို့လည်း သူ(မ) တောင်းဆိုခဲ့တယ်...သူ(မ)ရဲ့ တောင်းဆိုစကားကို ငါ လျစ်လျူ မရှုနိုင်ဘူး ဟိုင်ဝမ်"
ဟိုင်ဝမ်သည် ကတိတည်လွန်းသော သူ၏ အရှင်အား ငေးမောကြည့်မိသည်။ နှစ်တစ်ထောင် ကြာမြင့်နေပြီဖြစ်သော်လည်း တစ်ချိန်က လွန်စွာလှပခဲ့သော နတ်ဘုရားမ မေချင်း၏ ကံကြမ္မာသည် ခုချိန်ထိ မပြီးဆုံးနိုင်သေးချေ။
ချမ်းစိမ့်စိမ့်ဖြစ်နေသော ညည့်လေအေးများ တိုက်ခတ်မှုကို ခံယူရင်း ခြံဝန်းထဲရှိ လူနှစ်ယောက်သည် စကားဆက်မဆိုတော့ဘဲ ကိုယ်စီတိတ်ဆိတ်နေကြတော့သည်။
**********************
Zawgyi
အပိုင္း(၁၂) ဆီမီးလႊတ္ပြဲ၌ တစ္ညတာ
ေတာင့္တင္းသန္မာပုံရေသာ သူ႕အား ရင္ခြင္ထဲထည့္၍ ဖက္ထားသူေၾကာင့္ ရီဟြား လူအုပ္၏ တြန္းထိုးခံရမႈမ်ားမွ ကင္းလြတ္သြားရသည္။
သူ ေခါင္းေမာ့ ၾကည့္လိုက္ေတာ့ ႏူးညံ့ေသာ မ်က္ဝန္းမ်ားျဖင့္ သူ႕အား ၾကည့္ေနေသာ ရွင္းအား ျမင္လိုက္ရသည္။
"ရွင္း"
"ခုထိ ဒဏ္ရာ အရွင္းမေပ်ာက္ေသးတာကို အိမ္မွာနားမေနဘဲ ဘယ္လိုလုပ္ လူအုပ္ၾကားထဲေရာက္ေနရတာလဲ...ကိုယ့္ေဘးမွာဘဲ အၿမဲေနခိုင္းထားေစခ်င္တာလား"
ရွင္းလို အလုပ္အရမ္းမ်ားသည့္ ဧကရာဇ္တစ္ပါးက လူအုပ္ၾကားထဲေရာက္ရွိေနမည္ မထင္ေသာေၾကာင့္ ရီဟြား အတန္ၾကာ ဆြံ႕အေနမိသည္။
တျဖည္းျဖည္းႏွင့္ လူအုပ္သည္ စဲသြားၿပီး လမ္းမထက္တြင္ လူနည္းစုသာ က်န္ရွိေနေတာ့သည္။
ရွင္းသည္ သူ႕ကို ဖက္ထားေသာ လက္အား လႊတ္ေပးလာသည္။
"ဆီမီးလႊတ္ပြဲ ၾကည့္ခ်င္လို႔ တစ္ေယာက္တည္း ထြက္လာတာလား"
"အင္း ရွင္းေရာ"
ရီဟြား ရွင္းရန္အား ထိခိုက္မည္ စိုးရိမ္ေသာေၾကာင့္ လိမ္ညာလိုက္သည္။
"ကိုယ္က တခ်ိဳ႕ကိစၥေလးေတြရွိလို႔"
ရီဟြား ရွင္းအား ေငးၾကည့္ေနလိုက္မိသည္။ အျဖဴေရာင္ဝတ္႐ုံရွည္ႏွင့္ အျဖဴေရာင္ ေခါက္ယပ္ေတာင္အား ကိုင္ေဆာင္ထားကာ သာမန္သခင္ေလးတစ္ေယာက္အလား ႐ုပ္ဖ်က္ထားသည့္ ရွင္းသည္ အၿမဲျမင္ေတြ႕ေနၾကအတိုင္း ဘယ္အခ်ိန္ၾကည့္ၾကည့္ ၾကည့္ေကာင္းကာ က်က္သေရရွိေနသည္။
"ကိုယ့္ကို ေငးလွခ်ည္လား"
ရွင္းသည္ ကိုင္ထားေသာ ေခါက္ယပ္ေတာင္ျဖင့္ သူ၏ နဖူးအား မနာေအာင္ ခပ္ဖြဖြေခါက္ကာ ေျပာလာသည္။
"လာ ကိုယ္တို႔ ဒီေရာက္တုန္း ဆီမီးလႊတ္ပြဲၾကည့္သြားရေအာင္"
ရွင္းက သူ၏ လက္တစ္ဖက္အား ဆြဲကိုင္ကာ ေရွ႕မွ ဦးေဆာင္ေခၚသြားေလသည္။ ရွင္း ေခၚရာေနာက္သို႔ သူ လက္ဆြဲကာ လိုက္သြားလိုက္သည္။
စမ္းေခ်ာင္းကမ္းစပ္တစ္ခုတြင္ လူမ်ားသည္ ၾကာပန္းဆီမီးခြက္မ်ား ေရထဲသို႔ ေမွ်ာေနၾကသည္။ ေရထဲတြင္ ၾကာပန္းဆီမီးေလးမ်ား ေမ်ာပါေနပုံမွာ လြန္စြာ သက္ဝင္လွပလြန္းေနသည္။
ေရစီးႏွင့္ ေမ်ာပါသြားေသာ ၾကာပန္းဆီမီးခြက္မ်ား မည္သည့္ေနရာတြင္ ရပ္တန႔္သြားမည္နည္းဟု စဥ္းစားမိသည္အထိ အစီအရီ ေရေပၚတြင္ ေပါေလာေပၚေနေသာ ၾကာပန္းဆီမီးေလးမ်ားက သူ႕အား ဆြဲေဆာင္ေနၾကသည္။
"ဆီမီး ေမွ်ာၿပီး ဆုေတာင္းရင္ ဆုေတာင္းျပည့္တယ္တဲ့...ကိုယ္နဲ႕ အတူတူ ဆီမီးလႊတ္ရေအာင္"
ရွင္းက ခ်က္ခ်င္း ခပ္လွမ္းလွမ္းတြင္ရွိေသာ ၾကာပန္းဆီမီးခြက္ေရာင္းသည့္ဆိုင္ဆီသို႔ ထြက္သြားေလသည္။ ခဏအၾကာတြင္ ဆီမီးခြက္ႏွစ္ခုအား ကိုင္၍ သူ႕ဆီသို႔ျပန္လာသည္။
"လာ ကိုယ္နဲ႕ လိုက္ခဲ့"
ဆီမီးခြက္မ်ားအား ကိုင္ထားေသာ ရွင္းေနာက္သို႔ သူလိုက္သြားလိုက္သည္။
ၾကာပန္းဆီမီး ေမွ်ာသည့္ ကမ္းစပ္ဆီသို႔ ေရာက္ေသာအခါ ရွင္းသည္ သူ႕အား ဆီမီးခြက္တစ္ခု ကမ္းေပးလာသည္။
ရွင္းလက္ထဲမွ ဆီမီးခြက္အား ယူလိုက္ၿပီး သူ ဆီမီး ေမွ်ာရန္ ကမ္းစပ္သို႔ ေျခလွမ္းအနည္းငယ္တိုးလိုက္သည္။
"ကိုယ့္ လက္ကို ကိုင္ထား...ဂ႐ုစိုက္"
ရွင္းသည္ သူ၏ ေရွ႕သို႔ ယပ္ေတာင္ကိုင္ထားေသာ လက္တစ္ဖက္အား ကမ္းေပးလာသည္။ က်န္လက္တစ္ဖက္တြင္ ဆီမီးခြက္တစ္ခုအား ကိုင္ထားသည္။
သူ ရွင္း၏ လက္အား ဆြဲကိုင္ကာ ကမ္းစပ္နားသို႔ တိုးသြားလိုက္ၿပီး ဆီမီးအား ေရထဲ ေမွ်ာလိုက္သည္။ ေလၿငိမ္ေသာေၾကာင့္ ထြန္းထားေသာ ဆီမီးအလင္းေရာင္တို႔သည္ ၿငိမ္းသြားခ်င္း အလ်ဥ္းမရွိေပ။
"ကိုယ့္ ဆီမီးေလးပါ ေမွ်ာေပး"
ရီဟြား ရွင္းလက္တစ္ဖက္အား ဆြဲကိုင္ထားလ်က္ ကမ္းေပးလာေသာ ဆီမီးခြက္အား ယူလိုက္ၿပီး ေမွ်ာလိုက္သည္။
ရီဟြားေဘးဘီအား အကဲခတ္ၾကည့္လိုက္ရာ ဆီမီးေမွ်ာၿပီး ဆုေတာင္းေနသူမ်ားအား ေတြ႕လိုက္ရသည္။
ရီဟြား ရွင္းလက္အား ျဖဳတ္လိုက္ၿပီး လက္ႏွစ္ဖက္အား လက္အုပ္ခ်ီကာ စိတ္ထဲမွ ဆုေတာင္းလိုက္သည္။
ဆုေတာင္းၿပီးေသာအခါ ရွင္းအား ၾကည့္လိုက္၏။ ရွင္းသည္ သူ႕မ်က္ႏွာအား မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနသည္။
"ရွင္း ဆုမေတာင္းဘူးလား"
ရွင္းသည္ သူ႕မ်က္ႏွာအား ေငးၾကည့္ေနဆဲပင္။
"ကိုယ္ လိုခ်င္ရင္ ကိုယ့္ဖာသာျပည့္ေအာင္ လုပ္ယူလို႔ရတယ္...ဆုေတာင္းစရာမလိုဘူး"
ရီဟြား ရွင္းအား မ်က္ႏွာမဲ့ျပလိုက္သည္။ ရွင္းသည္ ကိုယ့္ကိုကိုယ္ အရမ္းအထင္ႀကီးကာ ႀကီးက်ယ္လြန္းေသာသူပင္။
"ဘာေတြ ဆုေတာင္းလိုက္တာလဲ"
"ကြၽန္ေတာ့္ဘဝတစ္ေလွ်ာက္လုံး ကြၽန္ေတာ္ခ်စ္ရသူေတြနဲ႕ ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းသြားနိုင္ပါေစလို႔ ဆုေတာင္းလိုက္တာ"
ရွင္းက သူ၏ ပါးအား ဆြဲညွစ္လိုက္ေသာေၾကာင့္ ရီဟြား ေၾကာင္အသြားရ၏။
"ရွင္း ဘာလို႔ ကြၽန္ေတာ့္ပါးကို လာဆြဲေနတာလဲ...ကြၽန္ေတာ္ ကေလး မဟုတ္ဘူး"
ရီဟြား ရွင္းအား အျပင္တြင္ ရန္ေတြ႕႐ုံတင္မက သူ၏ စိတ္ထဲမွလည္း မေက်မနပ္ ရန္ေတြ႕မိလိုက္ေသးသည္။
'ရွင္း ကြၽန္ေတာ့္ရဲ႕ တကယ့္အသက္အစစ္အမွန္က ခင္ဗ်ားထက္ႀကီးတယ္ေနာ္...ခုထိအသက္မျပည့္ေသးတဲ့(၁၆)ႏွစ္ေကာင္ေလး မဟုတ္ဘူး...ကေလးလို မဆက္ဆံနဲ႕...ခင္ဗ်ား ငရဲႀကီးလိမ့္မယ္'
ရွင္း ေရွာင္ဟြား၏ ပါးအိအိေလးမ်ားအား ဆြဲညွစ္ထားရာမွ လႊတ္ေပးလိုက္၏။
"ေရွာင္ဟြားရဲ႕ ဆုေတာင္းက ဆုေတာင္းစရာမွ မလိုတာ...ကိုယ္ရွိေနတာပဲ...ေရွာင္ဟြား ဘဝတစ္ေလွ်ာက္လုံး ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းနိုင္ေအာင္ ကိုယ္ ကာကြယ္ေစာင့္ေရွာက္ေပးမွာေပါ့"
ရီဟြား ရွင္ဘုရင္ႏွင့္ သူငယ္ခ်င္းျဖစ္ထားေသာ သူ၏ အျဖစ္အား ေတြးကာ စိတ္ထဲတြင္ ရယ္လိုက္မိသည္။ သူ၏ ကမာၻမွ ဘဝအစစ္အမွန္ထက္ စာအုပ္ထဲမွ သူရရွိထားေသာ ဘဝတြင္ ပို၍ ေပ်ာ္ေနမိသည္။
သူ တစ္ခါတေလတြင္ မူလဝူရီဟြားအား အရမ္းအားက်မိသည္။ သူ႕အား အရမ္းခ်စ္ၾကသူ မ်ားစြာရွိေနၾကသည္ေလ။ သို႔ေသာ္ ကံဆိုးရွာေသာ ေကာင္ေလးသည္ သက္ဆိုးမရွည္ခဲ့။
ထိုသူတို႔ အမွန္တကယ္ ခ်စ္ၾကသူမွာ သူ မဟုတ္ေၾကာင္း ေတြးမိေသာအခါတြင္ေတာ့ ရီဟြား ဝမ္းနည္းသြားရသည္။ သူက ဝူရီဟြား ကိုယ္ထဲတြင္ အငွါးရွင္သန္ေနရေသာ ဝင္ကစြပ္တစ္ေယာက္သာ။
သူသာ မူလဝူရီဟြား မဟုတ္မွန္း သိသြားၾကလွ်င္။ ဝူရီဟြား ျဖစ္လာကတည္းက ေန႕တိုင္းထိုသို႔ေတြးကာ အၿမဲစိတ္ပူေနခဲ့ရသည္။ သူ အခ်စ္ခံခ်င္သည္။ ရီဟြား ဘဝတြင္ တစ္ခါမွ မရခဲ့ဖူးေသာ ခ်စ္ျခင္းတို႔အား သူဆက္၍ ပိုင္ဆိုင္လိုသည္။
"ရွင္း တကယ္လို႔ေလ ကြၽန္ေတာ္က ရွင္း ငယ္ငယ္ကေတြ႕ခဲ့တဲ့ေကာင္ေလး ဝူရီဟြား မဟုတ္ရင္ေရာ ကြၽန္ေတာ့္ကို ကာကြယ္ဖို႔ စဥ္းစားမွာလား"
ရွင္းသည္ သူ၏ မ်က္ဝန္းမ်ားအား စူးစိုက္ၾကည့္လာသည္။ သူ အေနရခက္စြာ မ်က္လုံးခ်င္း မဆုံေစရန္ ေရွာင္ဖယ္ေနမိသည္။
ထို႔ေနာက္ ရွင္းသည္ သူ၏ နဖူးအား ေခါက္ထားေသာ ယပ္ေတာင္ျဖင့္ ထပ္ၿပီး ခပ္ဖြဖြ ေခါက္လိုက္ျပန္သည္။
"ရွင္း ဘာလို႔ခဏခဏ ယပ္ေတာင္နဲ႕ ေခါက္ေနရတာလဲ"
ရီဟြား နဖူးအား ပြတ္ကာ မေက်မနပ္ ညည္းၫူေျပာလိုက္မိသည္။
"ဘာေတြ ေလွ်ာက္ေတြးေနတာလဲ...ကိုယ္အၿမဲ ကာကြယ္ခ်င္တဲ့သူက ကိုယ့္ကို အသက္စြန႔္ကာကြယ္ေပးခဲ့တဲ့ မင္းေလ...အခု ကိုယ့္ေရွ႕ရပ္ေနတဲ့ မင္းပဲ...မင္းငယ္ငယ္က ကိုယ္မင္းကို သတိထားမိ႐ုံပဲ ရွိခဲ့တာ...အခု ကိုယ္မင္းရဲ႕ အမူအရာေတြကအစ ရင္းႏွီးေနၿပီ...မင္းရဲ႕ မ်က္ဝန္းေတြကတစ္ဆင့္ မင္းမွန္း ကိုယ္သိနိုင္ေနၿပီ...မင္း ဘယ္သူပဲ ျဖစ္ေနပါေစ ကိုယ္ မင္းကို မွတ္မိေနမွာ"
ရီဟြား ရွင္း၏ စကားေၾကာင့္ စိတ္ေက်နပ္ေပ်ာ္႐ႊင္သြားရသည္။ အၿမဲ ႏွစ္သိမ့္နိုင္ေသာ သူငယ္ခ်င္းေကာင္းတစ္ေယာက္ရွိျခင္းသည္ အမွန္တကယ္ေကာင္းမွန္း ရီဟြား လက္ခံသြားရသည္။ တစ္ေယာက္တည္း ေနခဲ့သည့္အခ်ိန္မ်ားကိုပင္ ႏွေျမာမိသြား၏။
"ဒါနဲ႕ ရွင္း ကြၽန္ေတာ္ ထပ္ဆုေတာင္းခဲ့ေသးတယ္...ကြၽန္ေတာ့္ရဲ႕ ဖူးစာရွင္ကိုလည္း ျမန္ျမန္ေတြ႕ပါေစလို႔ ဟီး"
"ေတြ႕ၿပီးၿပီ မဟုတ္လား"
စေနာက္ျခင္း မဟုတ္ေသာ ခပ္တည္တည္ မ်က္ႏွာျဖင့္ သူ႕အား ေျပာလာေသာ ရွင္းေၾကာင့္ ရီဟြား ေၾကာင္အသြားရျပန္သည္။
"အမ္ ဘယ္မွာလဲ...ကြၽန္ေတာ္ခုထိ မေတြ႕ေသးပါဘူး...ဘယ္မွာလဲ ကြၽန္ေတာ့္ရဲ႕ဖူးစာရွင္ ခပ္ေခ်ာေခ်ာ ေကာင္မေလး"
ရီဟြား ေဘးဘီအား ေဝ့ဝဲၾကည့္လိုက္သည္။ အားလုံးသည္ ကိုယ့္အလုပ္ႏွင့္ကိုယ္ အလုပ္ရႈပ္ေနၾက၏။
ရီဟြား ရွင္းအား ျပန္ၾကည့္လိုက္ေတာ့ မီးဝင္းဝင္းေတာက္ မ်က္ဝန္းမ်ားျဖင့္ သူ႕အား စူးစိုက္ၾကည့္ေနေလ၏။ ရီဟြား အနည္းငယ္ ထိတ္လန႔္သြားရသည္။
"ခပ္ေခ်ာေခ်ာ ေကာင္မေလးက ဘာလုပ္မလို႔လဲ"
ရွင္း၏ ခပ္မာမာ စကားသံေၾကာင့္ ရီဟြား ခ်က္ခ်င္း အျမန္ေျဖလိုက္သည္။
"ခပ္ေခ်ာေခ်ာ ေကာင္မေလးက ကြၽန္ေတာ့္ရဲ႕ ဖူးစာရွင္ဆို သူ(မ)ကိုရေအာင္ လိုက္ၿပီး လက္ခံရင္ လက္ထပ္မွာေပါ့"
"မင္း ေကာင္မေလးနဲ႕ လက္မထပ္ရဘူး"
စကားအဆုံး ခ်က္ခ်င္းဆက္၍ ထြက္ေပၚလာေသာ စကားသံေၾကာင့္ ရီဟြားထပ္၍ ဆြံ႕အသြားရ၏။
"ဘာလို႔လဲ"
"ကိုယ့္အမိန႔္ပဲ"
စိတ္တိုသြားေသာ အမူအရာျဖင့္ ေနာက္လွည့္ထြက္သြားသူေၾကာင့္ ရီဟြားလည္း ေနာက္မွအျမန္လိုက္ရန္ ျပင္လိုက္သည္။
ထိုစဥ္ မလွမ္းမကမ္းရွိ ေကာင္ေလးႏွင့္ ေကာင္မေလးတို႔ ေျပာေနေသာ စကားမ်ားက သူ၏ နားထဲသို႔ တိုးဝင္လာၾကသည္။
"မမ ေမာင္ေလး ဆီမီးခြက္ေလး ေမွ်ာေပးပါလား"
"မမ ေမွ်ာေပးလို႔ မရဘူး ေမာင္ေလး...ဒီပြဲေတာ္မွာ အယူအဆတစ္ခုရွိတယ္...ကိုယ့္ရဲ႕ ဖူးစာရွင္လို႔ သတ္မွတ္တဲ့သူကိုမွ ဆီမီးေပးေမွ်ာလို႔ရတယ္...ကိုယ့္ရဲ႕ ဆီမီးခြက္ကို ကိုယ့္ရဲ႕ ဖူးစာရွင္က သူ႕ရဲ႕လက္နဲ႕ကိုင္ၿပီး ေမွ်ာလိုက္ရင္ ဆီမီးေလး ေမွ်ာသြားတာနဲ႕အတူ သူတို႔ရဲ႕ ကံၾကမၼာဟာ ေပါင္းစည္းသြားၾကတယ္တဲ့"
ရီဟြား ဇေဝဇဝါျဖင့္ စကားေျပာေနသည့္ဘက္သို႔ လွမ္းၾကည့္လိုက္မိသည္။ ခ်စ္စရာမိန္းမငယ္ေလးသည္ သူ(မ)ေမာင္ေလးအား ရွင္းျပေနပုံပင္။
"ဒါက ဒီေန႕ပြဲေတာ္မွာဘဲ အက်ဳံးဝင္တာ ေမာင္ေလး...လူႀကီးအဆက္ဆက္ လက္ဆင့္ကမ္းလာတဲ့ အစဥ္အလာတစ္ခုလိုမ်ိဳးေပါ့...ေမာင္ေလး အ႐ြယ္ေရာက္လို႔ ကိုယ့္ဖူးစာရွင္အျဖစ္သတ္မွတ္ထားသူနဲ႕ ဆီမီးေမွ်ာပြဲကိုလာျဖစ္တဲ့အခါမွပဲ သူ(မ)ကို ဆီမီးခြက္ကမ္းေပးၿပီး ဆီမီးေမွ်ာခိုင္းလိုက္ေနာ္"
ရီဟြား သူမတို႔ဘက္မွ ရွင္းရွိရာဘက္သို႔ ျပန္ၾကည့္လိုက္သည္။ ရွင္းသည္ မလွမ္းမကမ္းတြင္ ရပ္ကာ သူ႕အား ေစာင့္ေနသည္။
တိုက္ဆိုင္တာေနမွာပါဟု ရီဟြားေတြးကာ ရွင္းေနာက္သို႔ အျမန္လိုက္သြားလိုက္ေလေတာ့သည္။
********************
ၿခံဝန္းထဲတြင္ အေမွာင္နတ္ဘုရား က်န္းဖုန္းသည္ ဟိုင္ဝမ္ႏွင့္အတူ ထိန္ထိန္သာေနေသာ လအား ရႈစားေနသည္။
"သူတို႔ ေတာ္ေတာ္နဲ႕ ျပန္လာၾကဦးမွာ မဟုတ္ဘူး"
အေမွာင္နတ္ဘုရား၏ စကားအား ဟိုင္ဝမ္က ေထာက္ခံလိုက္၏။
"သူတို႔ ထြက္သြားတာ သိသိသာသာႀကီး...ကြၽန္ေတာ္ေတာင္ ရိပ္မိတာ သူတို႔လည္း ရိပ္မိၾကမွာပဲ...သခင္ေလး ရီဟြားကို မေႏွာင့္ယွက္ခ်င္လို႔ မသိခ်င္ေယာင္ ေဆာင္ေပးထားၾကတာ"
အေမွာင္နတ္ဘုရားသည္ ေလးနက္ေသာ အမူအရာျဖင့္ ဟိုင္ဝမ္အား ၾကည့္ကာ ဆိုလာသည္။
"အခုခ်ိန္ထိ ရွင္းယြဲ႕က ရီရီကို ေမခ်င္းထင္ေနတုန္းပဲ...သူထင္လည္း ထင္ခ်င္စရာပဲ...သူ(မ)ရဲ႕ ကိုယ္ထဲကို ေမခ်င္းရဲ႕ ဝိညာဥ္အပိုင္းအစတစ္ခုက မွားဝင္သြားခဲ့တာေလ...ရွင္းယြဲ႕ ဝိညာဥ္စုမီးအိမ္ထဲက သူစုေဆာင္းထားတဲ့ ဝိညာဥ္ေတြ ထုတ္လႊင့္လိုက္အခ်ိန္နဲ႕အကိုက္ ေမခ်င္းဆီကို ခ်ဳပ္ေႏွာင္ျခင္းရတနာ သြားေပးလိုက္နိုင္လို႔...မဟုတ္ရင္ ရွင္းယြဲ႕ဝိညာဥ္ေတြကို ေျခရာခံမိၿပီး သူ႕ရဲ႕အမ ဘယ္သူလဲဆိုတာ သိသြားေလာက္ၿပီ"
ထို႔ေနာက္ လမင္းႀကီးရွိရာဘက္သို႔ ေမာ့ကာ ေငးရင္း ဝမ္းနည္းစြာ ဆက္ေျပာလာသည္။
"သူ ရီရီ႕ကိုယ္ထဲ မွားဝင္သြားတဲ့ ဝိညာဥ္အပိုင္းအစတစ္ခုကို ထုတ္ၿပီး ေမခ်င္း ကိုယ္ထဲ ဝိညာဥ္စုမီးအိမ္အကူအညီနဲ႕ ထည့္လိုက္ရင္ ေမခ်င္း မွတ္ဉာဏ္ေတြအကုန္ ျပန္သတိရသြားလိမ့္မယ္...အဲဒါဆို ငါ သူ(မ)ကို ေပးထားခဲ့တဲ့ ကတိကို မတည္နိုင္ေတာ့ဘူး"
ဟိုင္ဝမ္သည္ သူ႕အရွင္နတ္ဘုရား၏ မသာမယာျဖစ္ေနေသာ မ်က္ႏွာအား ၾကည့္ကာ ေျပာလိုက္သည္။
"ႏွစ္တစ္ေထာင္ေတာင္ ရွိေနၿပီ...နတ္ဘုရားမ ေမခ်င္း မွတ္ဉာဏ္ေတြ ျပန္ရသြားရင္ မေကာင္းဘူးလား အရွင္...သူ(မ) နတ္ဘုရားမ တစ္ပါး ျပန္ျဖစ္လာလိမ့္မယ္"
အေမွာင္နတ္ဘုရားသည္ ဟိုင္ဝမ္အား မ်က္ႏွာခ်င္းဆိုင္အေနအထားသို႔ ျပန္လွည့္ၾကည့္လိုက္သည္။
"သူ(မ)က မွတ္ဉာဏ္ေတြ လုံးဝျပန္မလိုခ်င္ေတာ့တာ...သူ(မ)အတြက္ အဲမွတ္ဥာဏ္ေတြက အရမ္းနာက်င္ရတယ္ေလ...ရွင္းယြဲ႕ကိုလည္း ငါ စာနာနိုင္ပါတယ္...သူ႕ရဲ႕ တစ္ဦးတည္းေသာ အမ သူ႕ကိုမွတ္မိလာဖို႔ သူ ဘာမဆို လုပ္ေနမွာပဲ"
အေမွာင္နတ္ဘုရားသည္ စကားစခဏရပ္လိုက္ၿပီးေနာက္ ဆက္၍ေျပာလာသည္။
"ငါကလည္း အခ်စ္ဆုံးသူငယ္ခ်င္း ေတာင္းခဲ့တဲ့ ကတိကို မဖ်က္ဆီးနိုင္ဘူး...သူ(မ) မေပ်ာက္ကြယ္သြားခင္ မွတ္ဉာဏ္ေတြ ျပန္သတိမရခ်င္တာက သူ(မ)ရဲ႕ေနာက္ဆုံးဆႏၵပဲ...သူ(မ) လူျပန္ဝင္စားတိုင္း ငါ့ကိုသူ(မ)မွန္းအၿမဲသိေစနိုင္တဲ့ ဆုကိုေပးခဲ့တယ္...တစ္စုံတစ္ေယာက္က မွတ္ဉာဏ္ေတြ ျပန္ထည့္ဖို႔ႀကိဳးစားလာခဲ့ရင္ တားဆီးေပးပါလို႔လည္း သူ(မ) ေတာင္းဆိုခဲ့တယ္...သူ(မ)ရဲ႕ ေတာင္းဆိုစကားကို ငါ လ်စ္လ်ဴ မရႈနိုင္ဘူး ဟိုင္ဝမ္"
ဟိုင္ဝမ္သည္ ကတိတည္လြန္းေသာ သူ၏ အရွင္အား ေငးေမာၾကည့္မိသည္။ ႏွစ္တစ္ေထာင္ ၾကာျမင့္ေနၿပီျဖစ္ေသာ္လည္း တစ္ခ်ိန္က လြန္စြာလွပခဲ့ေသာ နတ္ဘုရားမ ေမခ်င္း၏ ကံၾကမၼာသည္ ခုခ်ိန္ထိ မၿပီးဆုံးနိုင္ေသးေခ်။
ခ်မ္းစိမ့္စိမ့္ျဖစ္ေနေသာ ညည့္ေလေအးမ်ား တိုက္ခတ္မႈကို ခံယူရင္း ၿခံဝန္းထဲရွိ လူႏွစ္ေယာက္သည္ စကားဆက္မဆိုေတာ့ဘဲ ကိုယ္စီတိတ္ဆိတ္ေနၾကေတာ့သည္။
**********************