​ေရ​ေျမျခား၍ ခ်စ္​မိ​ေသာ္​လည္...

By Park_Byun_6104

532K 72.4K 6.1K

လူမ်ိဳး​ေရးခြဲျခားတတ္​သည္​့ မင္​းရထာဆိုတ့ဲ​ေကာင္​​ေလးႏွင္​့ အဂၤလန္​သား song တို႔..​ေတြ႔ဆံုခ်စ္​ႀကိဳက္​မိ​ေသာအ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
ဇာတ္​သိမ္​းပိုင္​း
​ေက်းဇူးတင္​လႊာ

30

6.9K 1K 121
By Park_Byun_6104

ေရခ်ိဳးအဝတ္စားလဲၿပီးေနာက္ အေပၚထပ္ကို song တက္လာခဲ့သည္။ ေလ့လာေရးသြားမွာျဖစ္ၿပီး အနည္းငယ္ေနာက္က်မွ သြားေပမည္ဆိုေသာ္လည္း အကၤ်ီလက္ရွည္ျဖဴ ႏွင့္ ပုဆိုးကိုေတာ့ ႀကိဳဝတ္ထားရသည္။ မီးဖိုေဂ်ာင္ထဲ ေကြ႕ဝင္လာေတာ့ ကိုယ့္ကိုေနာက္ေက်ာေပးလ်က္ လက္ဖက္သုတ္ေနသည့္ ရထာ့အားေတြ႕ရသည္။

ေျခသံလုံလုံေလွ်ာက္သြား၍ အနားေရာက္တာႏွင့္ ခါးကေနေပြ႕ဖက္ကာ ရထာ့အား ရင္ခြင္ထဲထည့္လိုက္မိသည္။ မလန႔္ေသာရထာ့ႏႈတ္ခမ္းစြန္းေလး ေကာ့တက္လို႔။

"နိုးၿပီပဲ မဟုတ္ေတာင္ ငါလာႏွိုးေတာ့မလို႔"

"morning kissေပးပါလား"

ရထာက ေနာက္ကိုေခါင္းေစာင္း၍ ေခါင္းေမာ့ေပးလာသည္။ ခ်စ္သူျဖစ္သည္မို႔ ရထာက သိပ္မတြန႔္တိုေတာ့ပါ။ လက္တစ္ဖက္က ပါးျပင္ကို အုပ္ကိုင္၍ ရထာ့ႏႈတ္ခမ္းထက္ အၾကင္ႏုအနမ္းပြင့္တို႔ ေႁခြခ်မိသည့္အခါ ႏွစ္ဦးသားမ်က္လုံးမွိတ္၍ တပ္မက္မႈကို အံမတုရဲစြာ အျပန္အလွန္နမ္းရွိုက္မိသည္။ ခဏၾကာေလာက္အထိ မက္မက္တြယ္တြယ္ နမ္းရွိုက္ၿပီးမွ ႏွစ္ဦးသားရပ္တန႔္သြားကာ မ်က္လုံးခ်င္းဆုံၿပဳံးမိၾကသည္။

အရင္ကႀကိမ္းခဲ့သလိုမ်ိဳး ကိုက္ခ်င္လြန္းသည့္ ပါးျပင္အား မေနနိုင္ေတာ့သျဖင့္ songငုံ႕ကိုက္လိုက္မိသည့္အခါ songေခါင္းေပၚ ရထာ့လ်က္​ဖ်ား​ေလးက ခဏတာ လာေရာက္သည္။

"လႊတ္​ကြာ song"

လႊတ္​​ေပးဆို​ေတာ့လည္​း ပါး​ေဖာင္​း​ေလးအား လႊတ္​​ေပးလိုက္​ပါသည္​။

"ငါ့အသားက ကိုက္စရာမဟုတ္ဘူး၊ မင္းကေခြးလား"

"အင္း မင္းအသားကိုက္လို႔ေခြးဆိုလည္းေခြးေပါ့"

"ေျပာင္မေနနဲ႕ သြား စားပြဲမွာ ထိုင္​"

ေျခဖ်ားေထာက္ၿပီး songႏႈတ္ခမ္းကို နမ္​းလိုက္​​ေတာ့ ​songကေက်နပ္တဲ့မ်က္ႏွာႀကီးႏွင့္ စားပြဲဆီသြားဝင္ထိုင္သည္။ ဟင္းပြဲေတြကိုခ် ထမင္းပြဲျပင္ေပးၿပီးေနာက္ songမ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္၍ အေဖ့ကိုေစာင့္ေနရသည္။ စကၠန႔္ေလာက္ၿပီးမွ ထမင္းစားခန္းကို ဦးတည္လာသည့္အေဖ့ကို ျမင္ရသည္။

"ေနာက္က်သြားတယ္ကြယ္၊မေန႕က အလုပ္ကို ညနက္တဲ့အထိ လုပ္ေနရလို႔"

"ရပါတယ္အေဖ"

အရင္ဆုံး အေဖ့အတြက္ ဦးခ်ေပးရသည္။ ရထာ့မ်က္ႏွာေပၚက အၿပဳံးႏုႏုကိုေတြ႕ေတာ့ ဦးမင္း ၿပဳံးလိုက္မိသည္။

"အဆင္ေျပတယ္မလား သား"

"ေျပပါတယ္အေဖ"

"ဒါဆို songကို ယုံၾကည္တယ္ေပါ့"

"ဟုတ္အေဖ"

"ဟုတ္ပါၿပီ ႏွစ္ေယာက္သား ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနက်ေတာ့ ဟုတ္ၿပီလား၊ အေဖကေတာ့ သားေပ်ာ္ရင္ၿပီးတာပဲမို႔ သေဘာတူပါတယ္"

"ေက်းဇူးတင္ပါတယ္ အေဖ"

"ေက်ဇဴတင္ပါဒယ္ အေပ"

songကပါ မပီကလာပီကလာႏွင့္ေျပာေတာ့ သားဖတေတြၿပဳံးမိျပန္သည္။

"စား စား"

"ဟုတ္ကဲ့"

ယေန႕ ထမင္းဝိုင္းသည္ စကားသံမ်ားစည္၍ အၿပဳံးမ်ားျဖင့္ အသက္ဝင္လြန္းခဲ့ပါသည္။

.................................................................

မနက္စာ စားၿပီးသည္မို႔ အမရပူရဘုရားေတြကို ဆက္ဖို႔ျပင္ရေတာ့သည္။ လိုအပ္တာေတြ ထုတ္ပိုးျပင္ဆင္ၿပီးေနာက္ ႏွစ္ေယာက္သား ဝရန္တာေလွကားကေန ဆင္းလာခဲ့ေတာ့ ေအာက္မွာရပ္ေနသည့္ ေနေစာကို ေတြ႕ရသည္။

"ေနေစာ"

"ဪ ရထာ"

ရထာ့အသံေၾကာင့္ ေနေစာက ေလွကားလက္ရန္းကို မွီရပ္ေနရာမွ တည့္တည့္မတ္မတ္ ျပန္ရပ္လိုက္သည္။ ၿပီးေနာက္ ၿခံထဲကိုလက္ညိုးထိုးလ်က္...

"ကိုယ္တို႔စကားေျပာလို႔ရမလား"

"ေျပာစရာရွိလို႔လား"

"အင္း"

"songခဏေနာ္"

"ဟုတ္ၿပီ"

songရဲ႕ခြင့္ျပဳခ်က္ျဖင့္ ေနေစာႏွင့္အတူၿခံထဲက အရိပ္ရသစ္တစ္ပင္ေအာက္ ဝင္ခိုရပ္ရသည္။ ေနေစာမ်က္ႏွာက ယေန႕မႈန္သိုးသိုးျဖစ္သည္။ မဟုတ္မွ ဦးေဖရဲ႕ ေကာင္းမႈျဖင့္ songအား အေျဖေပးလိုက္တာကို သိသြားၿပီလား။

"ဘာလို႔ songလဲ"

ရထာသက္ျပင္းခ်လိဳက္သည္။ သူသိသြားၿပီပဲ။

"ေနေစာ"

"မင္းနာက်င္ရမွာသိလား...မင္းတို႔က မဆုံစည္းနိုင္တဲ့သူေတြေလ ရထာရာ...အဲ့အစားကိုယ့္ကိုပဲ အခြင့္အေရးျပန္ေပးလို႔မရဘူးလားကြာ "

"နာက်င္ရမွန္းသိရင္ မင္းကိုေတာင္ငါမခ်စ္ခဲ့ဘူး ေနေစာ ငါကအခ်စ္ကို ပိုဦးစားေပးတယ္၊ သူက ငါ့အတြက္ အရာရာျဖည့္ေတြးေပးမွာမို႔ မင္းစိတ္ပူစရာမလိုဘူး"

"စိတ္ပူတာ မဟုတ္ဘူး ျဖစ္သင့္တာကိုေျပာတာ ရထာရာ"

"ျဖစ္သင့္တာကိုပဲ ငါလုပ္ေနတာ ေနေစာ ၊ မင္းဝင္မပါနဲ႕"

လွည့္ထြက္သြားဖို႔ျပင္ေနသည့္ ရထာ့အား လက္ေမာင္းကေန ျပန္ဆြဲထားလိုက္ေတာ့ စိမ္းေသာမ်က္ဝန္းေတြက တန္းခနဲေရာက္လာသည္။

"လုပ္ျပန္ၿပီေနေစာ ငါ့ကိုအတင္းမလုပ္စမ္းနဲ႕"

ဒီ့ထက္ေဝးသြားရင္မေကာင္းတာမို႔ ကိုယ့္ေဒါသကို ေနေစာျပန္ၿမိဳခ်ကာ ရထာ့လက္အား လႊတ္ေပးလိုက္သည္။

"ဒီေန႕သြားမယ့္ေနရာ ကိုယ္ပါလိုက္ခဲ့မယ္"

ရထာ့မ်က္ခုံးပင့္သြားသည္။

"ငါ့ကိုလိုက္ခ်ဳပ္ခ်ယ္ဖို႔အခြင့္အေရး မင္းကိုေပးမထားဘူးေနေစာ"

"လိုက္ေလ့လာမလို႔ songကို ကိုယ့္ေနာက္က စီးခိုင္း"

ေျပာခ်င္တာေျပာၿပီး ေရွ႕ကထြက္သြားသည့္ေနေစာအား ရထာမည္သို႔လုပ္ရမည္နည္း။ အတင္းဖက္တြယ္ထားလို႔ ေနရာတစ္ေနရာေပးထားေပမယ့္ ထိုေနရာ၌လည္း ေနေစာကမေနခ်င္။ အခုလည္း မိမိကိုယ္ေရးကိုယ္တာကို ဝင္စြက္ဖက္သည္အထိကေတာ့ လြန္လာၿပီလို႔ထင္သည္။

"မင္းငါနဲ႕ထိုင္ song"

ဆိုင္ကယ္ဆီေရာက္ေရာက္ခ်င္း songအား ေနေစာေျပာလိုက္သည္။

"ဘာလို႔လဲ၊ မင္းကငါ့guideမွ မဟုတ္တာ"

"ေနေစာ မင္းလိုက္မွာဆိုၿငိမ္ၿငိမ္လိုက္ကြာ၊ လာ songတက္ေတာ့"

ေနေစာကို မၾကည္ၾကည့္တစ္ခ်က္ၾကည့္ၿပီးမွ ရထာ့ဆိုင္ကယ္ေနာက္ကို songဝင္ထိုင္သည္။ ေနေစာသည္ မရွက္ေပဘူးလားမသိေပ။ ကိုယ့္ဘက္ကတစ္ပါးသူစိတ္ကို သံရိုက္ၿပီးမွ နာသြားရင္ ကိုယ္ေတာင္းပန္ပါတယ္ဆိုၿပီး လုပ္ေနတဲ့အတိုင္းပင္။ အခုလည္း ေနာက္ကလိုက္လာတာကိုၾကည့္ သူ႕အလုပ္လည္းမဟုတ္ပါဘဲ။ ဂ႐ုမစိုက္ျခင္းအႏုပညာအား တတ္ကြၽမ္းစြာ မိမိခ်စ္ေသာ ရထာ့ခါးကိုဖက္၍ တီတီတာတာေျပာေနမိသည္။

ပထမဆုံးေ႐ႊရင္းရဲဘုရားဖူးရမည္။ ကားလမ္းနံေဘးမွာတည္ရွိသည္မို႔ ဆိုင္ကယ္ကိုေတာ့ ကားလမ္းမွာေဘးကပ္ရပ္ရသည္။ ဆိုင္ကယ္ေပၚက ဆင္းၿပီးၿပီးခ်င္း ေနေစာက ရထာ့အား လက္ေမာင္းကေနဆြဲကာ ေဘးမွာေနေစသည္။ စိတ္ညစ္သလိုၾကည့္လာသည့္ ရထာ့မ်က္ဝန္းေတြအား ေနေစာ လ်စ္လ်ဴ ရႉ ရသည္။

"ေလေဆာ မင္းလြန္ၿပီေနာ္"

အနားကို ရထာ့အား songျပန္ဆြဲလိုက္သည္။ ၾကာေတာ့ ရထာစိတ္ရႈပ္လာရသည္။ ဘာလို႔ဒီလိုျဖစ္ေနလဲဆိုတာ နားမလည္ပါ။

"ေတာ္ပါေတာ့ကြာ ငါစိတ္ေတာင္ရႈပ္လာၿပီ"

စိတ္ပ်က္ပ်က္ေရ႐ြတ္ၿပီးေတာ့ ဘုရားေပၚကို ရထာအရင္တက္သြားသည္။ ရထာသြားသြားခ်င္း ေနေစာအား songစိုက္ၾကည့္ေတာ့ သူကတစ္ျပန္ကိုယ့္ကို ျပန္စိုက္ၾကည့္သည္။

"မင္းကရထာ့ကိုစိတ္ဒုကၡေပးဖို႔မ်ား ေမြးလာသလားေအာက္ေမ့တယ္"

"မင္း!!"

"နာမေနနဲ႕ မင္းလုပ္ရပ္က အဲ့အတိုင္းပဲ"

အထိနာေအာင္ေျပာခဲ့ၿပီးေနာက္ ရထာ့ေနာက္ကိုပဲ ဦးတည္လိုက္သြားလိုက္ပါသည္။ ရထာ အေနရခက္ေနမွာေပ။ အစိမ္းရင့္ရင္တိုင္ေတြအၾကား ေလွ်ာက္လာေတာ့ ရထာကဘုရားရွိခိုးၿပီးေနေလၿပီ။ ကိုယ့္ျမင္ေတာ့ရယ္ျပလာတာ အပူကင္းသလိုဆိုေတာ့ အနည္းငယ္စိတ္သက္သာရသည္။

"ဓာတ္ပုံရိုက္ song၊ ၿပီးရင္ သံေသကပ္ေက်ာ္သြားမယ္ ၿပီးရင္ ငါလုပ္ခ်င္တဲ့အရာတစ္ခုဆီ"

"ဟုတ္ၿပီ"

ေနေစာပါ အထဲဝင္လာကာ ဘုရားကန္ေတာ့ေနသည္။ ရည္းစားေဟာင္းေရွ႕ အေပ်ာ္ၾကဴးရမွာလည္း ရထာ့မွာ မသင့္ေတာ္ေပ။

"ဒီဘုရားက ေ႐ႊရင္းရဲဘုရား ဗဒုံမင္းတည္တာ၊ ဗဒုံမင္း အိမ္ေရွ႕မင္းသားျဖစ္တုန္း ဒီဘုရားဆင္းတုမွာ အဓိဠာန္ၿပီး စစ္ေအာင္ခဲ့လို႔ အမအမရပူရေနျပည္ေတာ္နဲ႕အတူ တည္ခဲ့တာ "

"လက္ေခ်ာင္းက ထူးဆန္းတယ္ေနာ္"

"ဟုတ္တယ္ ႐ုပ္ပြားေတာ္ရဲ႕ ဘယ္ဘက္လက္ေခ်ာင္းေတာ္ေျခာက္ေခ်ာင္းက အာ႐ုံေျခာက္ပါးကို ၫႊန္းတာ၊ ညာဘက္လက္ေခ်ာင္းေတာ္ ငါးေခ်ာင္းက ခႏၶားငါးပါးကို ၫႊန္းတာ၊ လက္ေခ်ာင္းေတာ္ေတြကိုေပါင္းေတာ့ ၁၁ေခ်ာင္း၊ ၁၁မီးၿငိမ္းတာကိုၫႊန္းတာ၊ ေနေစာ သြားစို႔"

ခပ္လွမ္းလွမ္းမွာ တိုင္ကိုမွီရိုက္ေနသည့္ ေနေစာအား ရထာလွမ္းေျပာလိုက္ၿပီး songႏွင္​့အတူ အျပင္သ့ိုဦးတည္ေလွ်ာက္လိုက္​သည္​။

songက ဆိုင္​ကယ္​အနား​ေရာက္​​ေတာ့ ျပံဳးကာျဖင္​့....

"ဘယ္စမ္းစမ္း ညာစမ္းစမ္း အကုန္သိတယ္ေပါ့"

"ဒါေပါ့"

ႏွစ္ေယာက္သား ရယ္မိၾကသည္။ သူတို႔ေဘးက ျဖတ္သြားသည့္ ေနေစာမွာေတာ့ ရယ္သံေတြက ေလွာင္ေျပာင္ေနသေယာင္ ႏွလုံးသားကို ဆူးတစ္ေခ်ာင္းပမာစိုက္ဝင္သည္။ မိမိရွိမွန္းေတာင္ ရထာသတိရမွာ မဟုတ္ေတာ့ေခ်။ဆိုေတာ့လည္း နာက်င္ရသား။ ေရွ႕က ထြက္သြားသည့္ဆိုင္ကယ္ေနာက္ အမွတ္မရွိဘဲေနေစာဆက္လိုက္မိပါသည္။ ေ႐ႊရင္းရဲဘုရားႏွင့္အနီးတည္ရွိတာ ကပ္ေက်ာ္ဘုရားပင္။ ဘုရားေရွ႕ဆိုင္ကယ္ရပ္ရပ္ခ်င္း ႀကီးမားေသာဇရပ္ႀကီးႏွင့္ ေဆာင္းတန္းတစ္ခုကို ေတြ႕ရသည္။ ဆိုင္ကယ္ေပၚက ဆင္းၿပီးေပမယ့္ ေနေစာကမဆင္းေသးဘဲ ဖုန္းေျပာေနတာေၾကာင့္ႏွစ္ေယာက္သား ရပ္ေစာင့္ေပးသည္။

"ေတာင္းပန္တယ္ ရထာ ကိုယ္အ​ေဖ့က​ေခၚ​ေနလို္​့"

ဖုန္းကို အိတ္ေထာင္ထဲထည့္ရင္း ေျပာလိုက္သည္။

"ရပါတယ္"

"ဘာျဖစ္လို႔လဲ"

songကေမးလာသည္။

"အ​ေဖက​ေခၚလို႔တဲ့"

Songက ခ်က္ခ်င္း ေနေစာေရွ႕တင္ လက္ခုတ္တီးျပလိုက္သည္။ မလုပ္သင့္သည္လုပ္ရပ္မို႔ songလက္အား ရထာဆြဲယူရသည္။ ဒီေကာင္ေျပာင္စပ္စပ္နဲ႕။ ေတာ္ေသးသည္က ေနေစာက ဘာျပႆနာမွမရွာဘဲ ထြက္သြားလို႔ပင္။

ထိုအခါမွ songေနာက္စိအား ရထာရိုက္ကာ....

"ေျပာင္စပ္စပ္နဲ႕"

"ဟုတ္တယ္ေလ သူကမွ နားမလည္တာ လာပါ သြားစို႔"

ရထာ့လက္ဖဝါးေလးကို ဆုတ္ကိုင္ေတာ့ ၿပဳံးျပကာ ျပန္ေထြးေပြ႕လာသည္။ ေဆာင္းတန္းတစ္ေလွ်ာက္ေလွ်ာက္လာၿပီး ခဏရပ္ကာ ဇရပ္ႀကီးအား ဓာတ္ပုံရိုက္သည္။

"ဒီဘုရားက သံေသကပ္ေက်ာ္ဘုရားတဲ့၊သကၠရာဇ္၁၁၇၇ခုႏွစ္မွာ ဗဒုံမင္းက ဗားမဲ့ဆရာေတာ္ဘုရားႀကီးရဲ႕ သံေသဓာတ္လုံး၂၇လုံးနဲ႕တည္ခဲ့တာ၊ၿပီးေတာ့ ဂႏၶာကုဋိစံေက်ာင္းေတာ္ကို ဗဒုံမင္းရဲ႕ေျမာက္ေ႐ႊေရးမိဖုရားက လႉခဲ့တာ"

"ဪ "

ဆက္ေလွ်ာက္လာၿပီးေနာက္မွာေတာ့ လုပ္ေနက်အတိုင္း songက ဓာတ္ပုံရိုက္၍ ကိုယ္ကေတာ့ ဘုရားရွိခိုးရသည္။ ၿပီးရင္ ရင္ျပင္က ေက်ာက္စာေသးေလးဆီ ေခၚလာခဲ့သည္။ ေသးတာမွေတာ္ေတာ္ေသးတာျဖစ္သည္။

"ေက်ာက္စာေတြေတာ့ ငါနားမလည္ဘူး"

"ရပါတယ္၊ တည္တာေတြသိေနၿပီပဲ"

"အင္း ၿပီးရင္ေတာ့ ငါနန္းျမင့္ေမွ်ာ္စင္လိုက္ပို႔ေပးမယ္၊ အမကပူရနန္းျမင့္ေမွ်ာ္စင္ကက် ထူးျခားတယ္၊ တပ္ဝိုင္းထဲမွာေတာ့ မဲနယ္စက္႐ုံ၊ေ႐ႊတိုက္ေတာ္ေငြတိုက္ေတာ္ေတြရွိေပမယ့္ မင္းစာနဲ႕မလိုက္လို႔ လိုက္မပို႔ေတာ့ဘူး၊ အဲ့အစားသာယာဝတီလႉတဲ့ေစတီနဲ႕သာယာဝတီမင္းသား ျပည္မင္းသားလႉတဲ့ ေက်ာင္းတိုက္ကို လိုက္ျပမယ္"

"ဟုတ္ၿပီ"

ခရီးဆက္အျဖစ္ မဟာဂႏၶာ႐ုံေက်ာင္းတိုက္ကို သြားသည္။ ဘုန္းဘုန္းမ်ား ဆြမ္းစားခ်ိန္မွီေသးသည္။ ေနာက္ကေန လြတ္ထြက္သြားမွာေၾကာက္သည့္ႏွယ္ ဖတ္ထားသည့္ songရဲ႕ကိုယ္ေငြ႕သည္ သင္းပ်ံ့ပ်ံ့။

"ဥဘိန္တံတားကို ျမင္တိုင္း မင္းရဲ႕ခ်စ္တယ္လို႔ေျပာခဲ့တာေလးကို သတိရတယ္"

"တိတ္စမ္း"

"ခ်စ္တယ္"

Songက မေျပာနဲ႕ဆိုမွ ဆက္ေျပာကာ ပါးကိုလာနမ္းသည္။ သူကေတာ့ေလ.

မဟာဂႏၶာ႐ုံေက်ာင္းတိုက္ထဲသို႔ ဝင္လာၿပီးေနာက္ ဆိုင္ကယ္ရပ္ကာ ဆြမ္းစားေဆာင္ဘက္ ႏွစ္ေယာက္အတူ ေလွ်ာက္လာခဲ့သည္။ အျခားေသာ ေလ့လာေရးနိုင္ငံျခားသားေတြလည္းရွိသည္။

"ဘယ္ေနရာလဲ"

"မဟာဂႏၶာ႐ုံေက်ာင္းေလ လာ ဆြမ္းစားတာၾကည့္ၾကည့္၊ ၾကည္ညိုဖို႔ေကာင္းတယ္"

songနဲ႕အတူ ခပ္လွမ္းလွမ္းမွာ ရပ္ၾကည့္ေနလိုက္သည္။

"သြားစို႔"

"ဟင္ ခဏေလးရယ္"

"ဘုန္းဘုန္းေတြ အစားပ်က္မယ္ေလ၊ ငါ့ဆႏၵက ခဏတာေလးဆိုရင္ေတာင္ ရၿပီရယ္"

"ဟုတ္ပါၿပီ ဒီတစ္ခါကိုယ္ေမာင္းမယ္ လမ္းေျပာ"

"အင္း ဒါနဲ႕ မင္းရက္ကန္းေလ့လာခ်င္ေသးလား ငါ့အသိရွိတယ္"

"ရက္ကန္း"

songခဏေလာက္ စဥ္းစားမိသည္။

"ကိုယ္ရက္ကန္းအေၾကာင္းကို သိတယ္၊ၿပီးေတာ့ ကိုယ္ရက္ဖူးတယ္၊ ကိုယ္တို႔လန္ဒန္မွာ ျမန္မာလူမ်ိဳးဖြင့္ထားတဲ့ ရက္ကန္းဆိုင္ရွိတယ္ေလ ၊ျမန္မာ့ရိုးရာကိုေလ့လာခ်င္တဲ့သူေတြ ေလ့လာလို႔ရေအာင္ဖြင့္ထားတာ၊ ဒါေပမယ့္လည္း သြားတာေပါ့"

"ဟုတ္ၿပီ ငါလမ္းျပေပးမယ္ မင္းေမာင္း"

ဆက္၍ အသိရက္ကန္းဆိုင္ကို ေရွးရႉသည္။ ေနာက္ကေန ဖက္ရသည့္ ခံစားခ်က္ကလည္း တစ္မ်ိဳးေကာင္းသည္ဟု ရထာထင္မိသည္။ ကိုယ္သာအပိုင္ဆိုသည့္ သေဘာမ်ိဳး၊ ၿပီးေတာ့ ကိုယ့္ခ်စ္သူအားေႏြးေထြးမႈေပးေနသည္ဟူေသာ ခံစားခ်က္မ်ိဳး။ မေနနိုင္လို႔ ေခါင္းကိုေရွ႕အနည္းငယ္တိုးကာ songပါးျပင္အား နမ္းရွိုက္မိေတာ့ songရဲ႕အၿပဳံးကထင္းခနဲ ျဖစ္သြားသည္။

"ထပ္နမ္းပါဦး"

"ေတာ္စမ္းပါ"

ဆိုင္ကယ္ေလးထက္ ေကာင္ေလးႏွစ္ေယာက္ရယ္သံတလြင့္လြင့္။

.....................................................................

အေရာင္အေသြးအမ်ိဳးမ်ိဳးစုံညီေသာ ခ်ည္ထည္တို႔သည္ မ်က္စိေရွ႕တြင္ ေတာင္လိုပုံေနသည္။ ရက္ေနသည့္ လက္ခတ္သံ၊ တစ္ဖက္က စက္ခတ္သံတို႔ကိုလည္း ၾကားေနရျပန္သည္။ လိုခ်င္တဲ့ ေယာက်ာ္းထည္၊မိန္းမထည္ေ႐ြးၿပီးမွ ရထာ့ကိုရွာရသည္။

လက္ခတ္သည့္ဘက္မွာ စပ္စပ္စုစုၾကည့္ေနသျဖင့္ အခြင့္ႀကဳံတုန္းပိုင္ရွင္ဘက္လွည့္ကာ..

"ဟို ကိုယ္တိုင္သဘာဝအတိုင္းအသီးအခြံေတြနဲ႕ေဆးဆိုးထားတဲ့ ခ်ည္နဲ႕ ကိုယ္တိုင္ရက္ကန္းခက္လို႔ ရလား"

ပိုင္ရွင္က အဂၤလိပ္စကားနားလည္သျဖင့္ အေတာ္အဆင္ေျပသည္။

"ရပါတယ္"

"ဒါဆို ကြၽန္ေတာ့္ခ်စ္သူအတြက္ လက္ေဆာင္ေပးခ်င္လို႔ေလ အဲ့ဒါကိုယ္တိုင္ခတ္ခ်င္တာ မနက္ပိုင္းလာရင္အဆင္ေျပမလား"

"ေျပပါတယ္ မနက္ျဖန္က စလာခဲ့ေလ၊အကူအညီလိုတာရွိရင္ေျပာပါ"

"ေက်းဇူးပါ ရထာ့ကိုမေျပာပါနဲ႕ေနာ္"

"ေကာင္းပါၿပီ"

တစ္ခဏေလးအတြင္း ဆိုင္ပိုင္ရွင္ႏွင့္ရင္းႏွီးသြားသည္။ ဝယ္ခ်င္တာဝယ္ ေငြရွင္းၿပီးေတာ့ ေနာက္တစ္ေနရာသို႔ ထြက္လာရျပန္သည္။ မၿပီးေသးေသာ ေလ့လာမႈေတြအား သူႏွင့္မခြဲခ်င္သျဖင့္ထပ္တိုးလာရင္ေကာင္းမွာပဲလို႔ songေတြးေနမိသည္။ လန္ဒန္ေရာက္ရင္ေတာ့ ႏွလုံးသားကို တုတ္နဲ႕ရိုက္ထားသလို နာက်င္မႈမ်ိဳးနဲ႕ လြမ္းရေပဦးမည္။

သစ္ပင္ၾကားလမ္းေသးထဲကို တိုးဝင္လာရသည္။ လမ္းၾကားက်ဥ္းေပမယ့္ အရမ္းမက်ဥ္းသည့္ အေနအထားမွာတည္ရွိသည္။ ညာဘက္ကိုေကြ႕လိုက္ေတာ့ အေဆာက္အဦးတစ္ခု။ ဆိုင္ကယ္ရပ္တာႏွင့္ ဆိုင္ကယ္ေပၚမွ songဆင္းလိုက္သည္။

"နန္းျမင့္ေမွ်ာ္စင္ေလ ထူးျခားတယ္မလား"

"အင္း ေမွ်ာ္စင္လိုမဟုတ္ဘူး"

"ဒါကအေပၚတစ္ထပ္ပ်က္သြားေသးတယ္၊ ဒီနန္းျမင့္ေမွ်ာ္စင္ႀကီးကို ၁၇၈၃ခုႏွစ္၊ ဘိုးေတာ္ဘုရားက ေဆာက္ထားတာ၊ မုခ္ဦးက ေျခာက္ေပါက္ပါတယ္၊ အထဲဝင္ၾကည့္ရေအာင္"

မုခ္ဦးတစ္ေပါက္ကေန ႏွစ္ေယာက္အတူဝင္လာေတာ့ အမိုးမရွိ အၾကမ္းမရွိေသာ ေဟာင္းေလာင္းေပါက္ေတြက စည္းႀကိဳသည္။ ေခါင္းေမာ့ၾကည့္ပါက ျပာလဲ့လဲ့မိုးေကာင္းပင္ႀကီးက အထင္းသား။

"ဒီကပန္းေတာ့လက္ရာေတြကို အရမ္းႀကိဳက္တယ္"

songက ဆိုသည္။ အတြင္းပတ္လည္ကို ရိုက္လိုက္ အေပၚခ်ိန္လိုက္ႏွင့္ songက အလုပ္ရႈပ္ေနသည္။

"ဟိုဘက္ကေန ေ႐ႊတိုက္ေတာ္ကို ျမင္ရတယ္ သြားၾကည့္ရေအာင္ ေလွကားလည္းတက္လို႔ရတယ္"

"ဟုတ္ၿပီ"

မုခ္ဦးကေနျပန္ထြက္ကာ အေဆာက္အဦးနဲ႕ညာဘက္ကိုသြားေတာ့ လွမ္းျမင္ေနရသည့္ေ႐ႊတိုက္ေတာ္။ songရဲ႕ ကင္မရာသံက တျဖတ္ျဖတ္။ နန္းျမင့္ေမွ်ာ္စင္ရဲ႕ ပန္းေတာ့လက္ရာႀကီးေတြကိုလည္း အလြတ္မေပးပါေခ်။ ေလွကားကေနတက္လို႔ရသည္က တစ္ထပ္သာျဖစ္သည္။ ၿပီးရင္ ဆက္တက္လို႔မရေတာ့။

"ေၾကးတိုက္ေတာ္လို႔လည္းေခၚတယ္ေ႐ႊတိုက္ေတာ္လို႔လည္းေခၚတယ္ခုနက အေဆာက္အအုံကို၊ နန္းျမင့္ေမွ်ာ္စင္နဲ႕တစ္ခ်ိန္တည္းေဆာက္ခဲ့တာ၊ ဗဒုံမင္းလက္ထက္က ဘုရင္ပိုင္ေ႐ႊ၊ေငြ၊ေၾကး၊သံ၊ဆင္စြယ္ေတြထားလို႔ေၾကးတိုက္လို႔ေခါၿပီး သာယာဝတီမင္းလက္ထက္ေရာက္ေတာ့ ရာဇဝတ္ျပစ္မႈသင့္တဲ့ မင္းညီမင္းသားေတြကို ထားတာ"

"အင္း ဒါဆိုၿပီးၿပီေပါ့"

"ၿပီးၿပီလားဆိုေတာ့ ေစတီေတြက်န္ေသးတယ္၊ ခဏထိုင္ရေအာင္ေလ"

"အိုေက"

ေလွကားထစ္မွာ ႏွစ္ေယာက္သားဝင္ထိုင္လိုက္ၾကသည္။

" ႀကီးေလးႀကီးသြားခဲ့ေပမယ့္ ၿမိဳ႕ရဲ႕ေထာင့္ေလးေထာင့္က ဘုရားေတြလည္း သြားရမယ္ေလ၊ ၿမိဳ႕အေနာက္ေျမာက္ေထာင့္အရပ္မွာ ဘိုးေတာ္ဘုရားကိုယ္တည္ထားတဲ့ ဆင္ႀကိဳေ႐ႊဂူ၊ အဲ့ဒါကသြားခဲ့ၿပီးၿပီ သံေသကပ္ေက်ာ္ကို ေျပာတာ၊ ၿပီးေတာ့ အေနာက္ေတာင္ေထာင့္မွာရွိတဲ့ ဟသၤာမင္းသမီးတည္တဲ့ ေ႐ႊလင္းပင္၊ အေရွ႕ေတာင္ေထာင့္မွာက် သားေတာ္လတ္စကုမင္းသားတည္တဲ့ ေ႐ႊစကားေစတီ၊အဲ့ဒါက တပ္ထဲမွာ သြားလို႔မရဘူး၊ ၿပီးေတာ့ အေရွ႕ေျမာက္ေခါင့္မွာရွိတဲ့ ေျမဒူးမင္းသမီးတည္တဲ့ ေ႐ႊကြန္အုပ္ေစတီရွိေသးတယ္"

"ကိုယ့္နားထဲေတာ့ ေစတီ မင္းသမီး ေစတီကလြဲရင္ က်န္တာ ပတြတ္ပတြတ္လို႔ပဲ ၾကားသြားတယ္"

"မင္းကေလအရမ္းမ်က္ခြက္ေျပာင္တာပဲ"

အရယ္တစ္ဝက္နဲ႕ေျပာေတာ့ songက ႏွာေခါင္းကို လာဆြဲသည္။

"ကိုယ္ေျပာေတာ့ မင္းေပ်ာ္တာေပါ့၊ မဟုတ္ဘူးလား"

"မဟုတ္ပါဘူး"

"လူလိမ္ေလး လာပါဦး နမ္းခ်င္လို႔ လူမရွိတုန္းေလး"

ရထာ့မ်က္ႏွာေလးကို ပါးႏွစ္ဖက္ကေန ပင့္ယူကာ ႏႈတ္ခမ္းခ်င္းခဏေလာက္ ထိကပ္လိုက္သည္။ ေကာ့တက္သြားတဲ့ ရထာ့ႏႈတ္ခမ္းစြန္းေလး။ ျပန္ခြာလိုက္ၿပီးေနာက္ ထပ္မံ၍ တစ္ခ်က္ေလာက္ ထိကပ္လိုက္သည္။ ထပ္ျပန္ခြာၿပီး ထိကပ္ဖို႔လုပ္ေတာ့ ပါးစပ္ကိုလာအုပ္သည့္ ရထာ့လက္ကေလး။

"နမ္းမွာဆို ေသခ်ာနမ္း၊ စမေနနဲ႕"

"အံမယ္ ႏွာဘူးေလးက လူႀကီးေတြလို နမ္းခိုင္းတယ္"

"မနမ္းနဲ႕ကြာ"

"စတာ စတာ စတာပါဆို ရထာလို႔..."

ထသြားေတာ့မည့္ရထာ့အား လက္ဖဝါးကေန ျပန္ဆြဲထိုင္ေစသည္။ မေက်မနပ္ မ်က္ေစာင္းကေလးထိုးေတာ့ ကိုယ္ကပဲ ေၾကာက္ဟန္ေဆာင္ဇတ္ပုျပရသည္။ ရထာ့မ်က္ႏွာေလးကို တစ္ဖန္ျပန္ဆြဲယူကာ ႏႈတ္ခမ္းပါးေလးအား ထိ႐ုံမဟုတ္ေတာ့ဘဲ ငုံယူျခင္းအား ျပဳမိေတာ့ ရထာ့လက္ဖဝါးက ပါးသိုင္းေမႊးေပၚ လာေရာက္ဖုံးအုပ္သည္။ အရွိန္ကေတာ့ ခဏႏွင့္ေသမည့္ပုံမေရာက္။ ခႏၶာကိုယ္ခ်င္း အနည္းငယ္ေဝးေနသည္မို႔ ရထာ့အား ခါးကေနဆြဲယူေတာ့ နမ္းေနရင္းမွအလိုက္သင့္ပါလာသည္။ ပို၍နီးကပ္သြားသည့္ မ်က္ႏွာက လႈပ္ရွားမႈေၾကာင့္ ထိလိုက္ပြတ္မိလိုက္။ မ်က္စိမွိတ္ရင္း အနမ္းတစ္ပြင့္ဖန္တီးမႈအား ေသခ်ာပုံေဖာ္ရျခင္းက ခ်စ္ရေသာသူေတြအတြက္ ျမတ္နိုးမႈပင္။ ႏွစ္ေယာက္သား ခဏေလာက္ နဖူးခ်င္းတိုက္နားလိုက္မိသည္။ လူသူသိပ္မလာတဲ့ နန္းျမင့္ေမွ်ာ္စင္မို႔ ေတာ္ပါေသးသည္။ မဟုတ္ရင္ မိမိတို႔ သီသီက်ဴးလို႔မရေလာက္ေပ။ ရထာ့ဘက္က စတင္အနမ္းတစ္ခုထပ္ဖန္တီးသည္။ မျငင္းဆန္နိုင္သည္မို႔ ခဏေလာက္ေတာ့ ဤနန္းျမင့္ထက္ အနမ္းတစ္ခုအား အခ်ိန္ၾကာၾကာအသက္သြင္းေပးခဲ့ပါသည္။

......................................................................

အမရပူရမွာသြားလို႔ရသည့္ ေစတီေတြကို သြားၿပီးၿပီမို႔ ျပည္ေက်ာင္းတိုက္ဘက္ကို သြားရသည္။ မသြားခင္ေတာ့ တမာတန္းကို ျဖတ္ရမည္။ ဆိုင္ကယ္ေမာင္းေနရင္းမွ ေမွ်ာ္စင္မွာ နမ္းခဲ့သည့္ အျဖစ္အပ်က္အား ရထာျပန္ေတြးၾကည့္မိေတာ့ ၿပဳံးေတာင္ၿပဳံးမိသြားသည္။ တမာတန္းကို စဝင္ၿပီျဖစ္သည္။

"ဒါ တမာတန္းေလ song"

"အင္း ေအးေနတာပဲ"

ေလေလးတေဝွ႕ေဝွ႕မို႔ တမာ႐ြက္ငယ္တို႔က မတည္နိုင္စြာေႂကြၿမဲ။ ဆိုင္ကယ္ကို ျဖည္းျဖည္းခ်င္းေမာင္းရင္းႏွင့္မွ တမာတန္းရဲ႕ ခပ္ေအးေအးအရသာကို ခံစားေနမိသည္။

"တံမာပင္ခါးခါးေအာက္၊ကိုယ့္အခ်စ္ပင္ေပါက္၊ေျမလိုက္၍ တမာေတြခ်ိဳစမ္း"

"ဟားဟား song မင္းဟာေလ"

"ေပ်ာ္သြားတယ္မလား "

"အင္း ေပ်ာ္တယ္"

"ကိုယ္လည္းေပ်ာ္တယ္"

ရထာ့ပါးျပင္အား ထပ္မံနမ္းရွိုက္လိုက္သည္။တမာတန္းေအာက္ ေကာင္ေလးႏွစ္ေယာက္သည္ သူ႕အသံငါ့အသံအသံတညံညံ။

ျပည္ေက်ာင္းတိုက္ဆိုသည့္ ေက်ာင္းတိုက္ထဲသို႔ ဝင္လာခဲ့သည္။ၿပီးရင္ေတာ့ ဆိုင္ကယ္ကိုသင့္ရာေနရာအပ္ခဲ့ကာ ေက်ာင္းဆီကို ေလွ်ာက္လာခဲ့သည္။

"ေက်ာင္းထိုင္ဆီ အရင္ေလွ်ာက္ရဦးမွာ လိုက္ခဲ့"

ေလွကားအတိုင္း တက္လာခဲ့သည္။ ေက်ာင္းေဆာင္က အလယ္မွာေတာ့ တစ္ဆင့္ခ်ိဳးၿပီး အေဆာင္ေသးေသးေလး ခံထားေသးသည္။လက္ရန္းက ပန္းပုလက္ရာေတြကလည္း တင့္တင့္တယ္တယ္။ ေက်ာင္းေပၚေရာက္ခ်ိန္ေတာ့ ရထာ့ေလွ်ာက္ထားခ်က္ ေအာင္ျမင္ခဲ့သည္။ အရင္ဆုံးအေပၚထပ္က စရိုက္သည္။

"ကိုယ္အရမ္းႀကိဳက္တယ္"

ပင္မေဆာင္ရဲ႕ ေတာင္ဘက္ျခမ္းအျပင္နံရံတံခါးေပါက္သုံးခုမွာ တပ္ဆင္ထားတဲ့ ျမန္မာမႈအႏုပညာလက္ရာနဲ႕ သစ္သားတံကဲႀကီးေတြကို ၫႊန္းဆိုသည္။

"ဒီေက်ာင္းကို ျပည္ေက်ာင္းေတာ္ႀကီးလို႔ေခၚတယ္၊ မဟာတုလႊတ္ဘုံစံေက်ာင္းေတာ္ႀကီးလို႔လည္းေခၚတယ္၊ ျပည္ၿမိဳ႕စားျပည္မင္းသားက သကၠရာဇ္၁၂၀၁ခုႏွစ္မွာ ေ႐ႊေတာင္ဆရာေတာ္'ဂုဏမုနိႏၵာလကၤာရသဒၶမၼမဟာဓမၼရာဇာဓိရာဇဂု႐ု'ကို လႉခဲ့တာ။"

songကေတာ့ ေက်ာင္းေဆာင္ပတ္ပတ္လည္ ဓာတ္ပုံရိုက္ေနဆဲျဖစ္သည္။

"လာ ဆက္သြားစို႔"

အေနာက္ဘက္စၾကၤံပတ္လမ္းကို ဝင္ၾကည့္သည့္အခါ တံခါးေပါက္တစ္ခုစီမွာ ပ်ဥ္တစ္ျပားတည္း၊ တံခါး႐ြက္ႏွစ္ခ်ပ္အေပၚ သစ္သား႐ုပ္ႏွစ္႐ုပ္စီႏွင့္ တပ္ဆင္ထားသည္။

"ရၿပီလား"

"ရၿပီ "

"ဒါဆိုအျခားဆက္စို႔"

ဆရာေတာ္ဘုရားဆီ ျပန္ဖို႔ခြင့္ပန္ၿပီးေနာက္ ေက်ာင္းတိုက္ေပၚမွ ျပန္ဆင္းလာခဲ့သည္။ ရည္မွန္းရေသာ ခရီးကေလာကမဏီစူဠာေစတီေတာ္ဆီသို႔ျဖစ္သည္။

...................................................................

ႀကီးမားျဖဴ စင္ထည္ဝါလွေသာ ေစတီေတာ္တံတိုင္းေတြကိုေတြ႕ရသည္။ မုခ္တစ္ခုကေန ဝင္လာခဲ့ၿပီးေနာက္ေတာ့ ကြင္းျပင္က်ယ္ႀကီးႏွင့္ တင့္တယ္လွေသာေစတီမ်ားက ျမင္ရသူအဖို႔ ေအးခ်မ္းသည္။ ေလေလးကတျဖဴးျဖဴးတိုက္သျဖင့္ အပူဒဏ္ကို အနည္းငယ္ အံ့တုနိုင္သည္။

ရထာက ဆိုင္ကယ္ေမာင္းေနရင္းမွ...

"ေထာင့္ေလးေထာင့္မွာ ေစတီတစ္ဆူဆီရွိတယ္ ေသခ်ာရိုက္ထား"

"အင္း"

အရင္ဆုံး ေစတီကို ဆိုင္ကယ္ႏွင့္တစ္ပတ္ပတ္ျပသည္။ ဇရပ္ႀကီးေတြရဲ႕ ပ်က္စီးလက္စအပိုင္းေတြေကာမက်န္ songအား လိုက္ျပသည္။ ၿပီးရင္ေတာ့ ဆိုင္ကယ္ကိုရပ္ကာ ေစတီမဟာရံကေန အတူဝင္လာခဲ့သည္။

"ဒီမွာေလ မဟာရံႏွစ္ထပ္ဆိုတာ"

ဝင္လာခ်င္း songအား မဟာရံတံတိုင္းႏွစ္ထပ္ကို အရင္ျပသည္။ songကိုေတာ့ ခဏထားခဲ့ကာ ဘုရားရွိခိုးၿပီးမွ ျပန္လာရသည္။

"ရိုက္ၿပီးၿပီလား "

"အင္း အဲ့တာဆို လာ ဆိုင္ကယ္ဆီျပန္သြားစို႔"

"ဟုတ္ၿပီ"

ဆိုင္ကယ္ရပ္ထားသည့္ေနရာက သစ္ပင္အရိပ္ေကာင္းသည္။ အဲ့ေနရာမွာပဲ ခုံတန္းေလးတစ္ခုလည္းရွိသည္။ ႏွစ္ေယာက္အတူထြက္လာၿပီးေနာက္ songက ျပန္မယ္အထင္နဲ႕ ဆိုင္ကယ္ဦးထုပ္ယူမလို႔ျပင္ေနသည္ေၾကာင့္ songလက္ကိုအျမန္ဖမ္းဆုပ္မိသည္။

"မျပန္နဲ႕ဦး လာ ဒီခုံမွာ ထိုင္"

"မျပန္ေသးဘူးလား "

"အင္း"

songက ခုံတန္းမွာ ေျခတြဲေလာင္းခ်ဝင္ထိုင္သည္။ ရထာကေတာ့ songေပါင္ကို ေခါင္းအုံး၍ ခဏလွဲအိပ္သည့္အခါ songက လက္ႏွစ္ေခ်ာင္းျဖင့္ ရထာ့နဖူးကို အေၾကာေလ်ာ့ေပးသည္။

ရထာ မ်က္လုံးမွိတ္ထားလ်က္...

"သာယာဝတီမင္း ၁၂၀၀ျပည့္ႏွစ္ ဒုတိယၿမိဳ႕နန္းသစ္တည္ခ်ိန္မွာပဲ ေစတီေတာ္ကို မဟာရံတံတိုင္းႏွစ္ထပ္နဲ႕ တည္ခဲ့တာ။ တာဝတႎသာနတ္ျပည္မွာ ဗုဒၶျမတ္စြာဘုရားမယ္ေတာ္ မိနတ္သားကိုးကြယ္တဲ့ စူဠာမဏိေစတီရွိသလို လူ႕ျပည္မွာလဲ အဲ့ေစတီနဲ႕ တူတဲ့ေစတီတည္တဲ့အေနနဲ႕ ေလာကမဏိစူဠာနီလို႔ ဘြဲ႕ေပးခဲ့တာ။ ေထာင့္ေလးေထာင့္ကေစတီေတြက မိဖုရားေခါင္က်ပင္းမင္းသမီးရဲ႕ မဟာတိေလာကေစတီ၊ စၾကာေဒဝီ သမီးေတာ္ရဲ႕ ေလာကပရေစတီ၊ အေနာက္နန္းမိဖုရားမျမကေလးရဲ႕ ရတနာေလာကေစတီ၊ ဗန္းေမာ္မိဖုရားေဝသာလီမင္းသမီးရဲ႕ သုံးလူ႕ထိပ္ပန္ေစတီတဲ့၊ ငါပင္ပန္းလို႔ခဏေလာက္အိပ္မယ္ေနာ္ songရလား"

"ရတယ္"

"အင္း မင္းျပန္ခ်င္တဲ့အခ်ိန္ႏွိုးလိုက္ ဝါး ဝါး ဝါ ဝါ"

ရထာ ဟားသမ္းေနတာကို songက သူ႕လက္ဖဝါးနဲ႕ ပိတ္လိုက္ဖြင့္လိုက္ လုပ္ေနတာမို႔ တဝါဝါျမည္ေနသည္။ စိတ္ၾကည္ေနတဲ့အခ်ိန္မို႔ ရထာ့လက္ကေလးေတာ့ ေရာက္မလာေသး။ မၾကည္ၾကည့္ေလးေတာ့ လႊတ္တာေပါ့ေလ။

"ဟုတ္ၿပီ အိပ္ေတာ့"

ေလေလးကတျဖဴးျဖဴးမို႔ ဒီေနရာ၌ အိပ္စက္ျခင္းကို ရထာ မက္တြယ္လွသည္။အထူးသျဖင့္ songရဲ႕ေပါင္ေပၚ အိပ္ရျခင္းအေပၚ အထူးတပ္မက္သည္။ ထို႔ထက္ သူ႕လက္ေခ်ာင္းမ်ား မိမိနဖူးေပၚ လႈပ္ရွားမႈက စည္းစိမ္တစ္ခု။ အာ႐ုံတစ္ခုလုံး ဘာမွမစဥ္းစားနိုင္ေအာင္ ဗလာလႊမ္းၿခဳံသြားရပါသည္။
"အိပ္သြားၿပီပဲ"

song ခပ္တိုးတိုးေရ႐ြတ္လိုက္သည္။ ၿပီးေနာက္ ရထာ့ပါးေဖာင္းေလးကို တစ္ခ်က္ဆြဲၿပီးေနာက္ ေမာ္ဖူးမဝေသာ မ်က္ႏွာေလးကိုသာ ေမာ္ဖူးခြင့္ရွိတုန္း ၾကည့္ေနမိပါ၏။

.............................................................
ရေချိုးအဝတ်စားလဲပြီးနောက် အပေါ်ထပ်ကို song တက်လာခဲ့သည်။ လေ့လာရေးသွားမှာဖြစ်ပြီး အနည်းငယ်နောက်ကျမှ သွားပေမည်ဆိုသော်လည်း အင်္ကျီလက်ရှည်ဖြူ နှင့် ပုဆိုးကိုတော့ ကြိုဝတ်ထားရသည်။ မီးဖိုဂျောင်ထဲ ကွေ့ဝင်လာတော့ ကိုယ့်ကိုနောက်ကျောပေးလျက် လက်ဖက်သုတ်နေသည့် ရထာ့အားတွေ့ရသည်။

ခြေသံလုံလုံလျှောက်သွား၍ အနားရောက်တာနှင့် ခါးကနေပွေ့ဖက်ကာ ရထာ့အား ရင်ခွင်ထဲထည့်လိုက်မိသည်။ မလန့်သောရထာ့နှုတ်ခမ်းစွန်းလေး ကော့တက်လို့။

"နိုးပြီပဲ မဟုတ်တောင် ငါလာနှိုးတော့မလို့"

"morning kissပေးပါလား"

ရထာက နောက်ကိုခေါင်းစောင်း၍ ခေါင်းမော့ပေးလာသည်။ ချစ်သူဖြစ်သည်မို့ ရထာက သိပ်မတွန့်တိုတော့ပါ။ လက်တစ်ဖက်က ပါးပြင်ကို အုပ်ကိုင်၍ ရထာ့နှုတ်ခမ်းထက် အကြင်နုအနမ်းပွင့်တို့ ခြွေချမိသည့်အခါ နှစ်ဦးသားမျက်လုံးမှိတ်၍ တပ်မက်မှုကို အံမတုရဲစွာ အပြန်အလှန်နမ်းရှိုက်မိသည်။ ခဏကြာလောက်အထိ မက်မက်တွယ်တွယ် နမ်းရှိုက်ပြီးမှ နှစ်ဦးသားရပ်တန့်သွားကာ မျက်လုံးချင်းဆုံပြုံးမိကြသည်။

အရင်ကကြိမ်းခဲ့သလိုမျိုး ကိုက်ချင်လွန်းသည့် ပါးပြင်အား မနေနိုင်တော့သဖြင့် songငုံ့ကိုက်လိုက်မိသည့်အခါ songခေါင်းပေါ် ရထာ့လျက်ဖျားလေးက ခဏတာ လာရောက်သည်။

"လွှတ်ကွာ song"

လွှတ်ပေးဆိုတော့လည်း ပါးဖောင်းလေးအား လွှတ်ပေးလိုက်ပါသည်။

"ငါ့အသားက ကိုက်စရာမဟုတ်ဘူး၊ မင်းကခွေးလား"

"အင်း မင်းအသားကိုက်လို့ခွေးဆိုလည်းခွေးပေါ့"

"ပြောင်မနေနဲ့ သွား စားပွဲမှာ ထိုင်"

ခြေဖျားထောက်ပြီး songနှုတ်ခမ်းကို နမ်းလိုက်တော့ songကကျေနပ်တဲ့မျက်နှာကြီးနှင့် စားပွဲဆီသွားဝင်ထိုင်သည်။ ဟင်းပွဲတွေကိုချ ထမင်းပွဲပြင်ပေးပြီးနောက် songမျက်နှာချင်းဆိုင်မှာ ဝင်ထိုင်၍ အဖေ့ကိုစောင့်နေရသည်။ စက္ကန့်လောက်ပြီးမှ ထမင်းစားခန်းကို ဦးတည်လာသည့်အဖေ့ကို မြင်ရသည်။

"နောက်ကျသွားတယ်ကွယ်၊မနေ့က အလုပ်ကို ညနက်တဲ့အထိ လုပ်နေရလို့"

"ရပါတယ်အဖေ"

အရင်ဆုံး အဖေ့အတွက် ဦးချပေးရသည်။ ရထာ့မျက်နှာပေါ်က အပြုံးနုနုကိုတွေ့တော့ ဦးမင်း ပြုံးလိုက်မိသည်။

"အဆင်ပြေတယ်မလား သား"

"ပြေပါတယ်အဖေ"

"ဒါဆို songကို ယုံကြည်တယ်ပေါ့"

"ဟုတ်အဖေ"

"ဟုတ်ပါပြီ နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်နေကျတော့ ဟုတ်ပြီလား၊ အဖေကတော့ သားပျော်ရင်ပြီးတာပဲမို့ သဘောတူပါတယ်"

"ကျေးဇူးတင်ပါတယ် အဖေ"

"ကျေဇူတင်ပါဒယ် အပေ"

songကပါ မပီကလာပီကလာနှင့်ပြောတော့ သားဖတတွေပြုံးမိပြန်သည်။

"စား စား"

"ဟုတ်ကဲ့"

ယနေ့ ထမင်းဝိုင်းသည် စကားသံများစည်၍ အပြုံးများဖြင့် အသက်ဝင်လွန်းခဲ့ပါသည်။

.................................................................

မနက်စာ စားပြီးသည်မို့ အမရပူရဘုရားတွေကို ဆက်ဖို့ပြင်ရတော့သည်။ လိုအပ်တာတွေ ထုတ်ပိုးပြင်ဆင်ပြီးနောက် နှစ်ယောက်သား ဝရန်တာလှေကားကနေ ဆင်းလာခဲ့တော့ အောက်မှာရပ်နေသည့် နေစောကို တွေ့ရသည်။

"နေစော"

"ဪ ရထာ"

ရထာ့အသံကြောင့် နေစောက လှေကားလက်ရန်းကို မှီရပ်နေရာမှ တည့်တည့်မတ်မတ် ပြန်ရပ်လိုက်သည်။ ပြီးနောက် ခြံထဲကိုလက်ညိုးထိုးလျက်...

"ကိုယ်တို့စကားပြောလို့ရမလား"

"ပြောစရာရှိလို့လား"

"အင်း"

"songခဏနော်"

"ဟုတ်ပြီ"

songရဲ့ခွင့်ပြုချက်ဖြင့် နေစောနှင့်အတူခြံထဲက အရိပ်ရသစ်တစ်ပင်အောက် ဝင်ခိုရပ်ရသည်။ နေစောမျက်နှာက ယနေ့မှုန်သိုးသိုးဖြစ်သည်။ မဟုတ်မှ ဦးဖေရဲ့ ကောင်းမှုဖြင့် songအား အဖြေပေးလိုက်တာကို သိသွားပြီလား။

"ဘာလို့ songလဲ"

ရထာသက်ပြင်းချလိုက်သည်။ သူသိသွားပြီပဲ။

"နေစော"

"မင်းနာကျင်ရမှာသိလား...မင်းတို့က မဆုံစည်းနိုင်တဲ့သူတွေလေ ရထာရာ...အဲ့အစားကိုယ့်ကိုပဲ အခွင့်အရေးပြန်ပေးလို့မရဘူးလားကွာ "

"နာကျင်ရမှန်းသိရင် မင်းကိုတောင်ငါမချစ်ခဲ့ဘူး နေစော ငါကအချစ်ကို ပိုဦးစားပေးတယ်၊ သူက ငါ့အတွက် အရာရာဖြည့်တွေးပေးမှာမို့ မင်းစိတ်ပူစရာမလိုဘူး"

"စိတ်ပူတာ မဟုတ်ဘူး ဖြစ်သင့်တာကိုပြောတာ ရထာရာ"

"ဖြစ်သင့်တာကိုပဲ ငါလုပ်နေတာ နေစော ၊ မင်းဝင်မပါနဲ့"

လှည့်ထွက်သွားဖို့ပြင်နေသည့် ရထာ့အား လက်မောင်းကနေ ပြန်ဆွဲထားလိုက်တော့ စိမ်းသောမျက်ဝန်းတွေက တန်းခနဲရောက်လာသည်။

"လုပ်ပြန်ပြီနေစော ငါ့ကိုအတင်းမလုပ်စမ်းနဲ့"

ဒီ့ထက်ဝေးသွားရင်မကောင်းတာမို့ ကိုယ့်ဒေါသကို နေစောပြန်မြိုချကာ ရထာ့လက်အား လွှတ်ပေးလိုက်သည်။

"ဒီနေ့သွားမယ့်နေရာ ကိုယ်ပါလိုက်ခဲ့မယ်"

ရထာ့မျက်ခုံးပင့်သွားသည်။

"ငါ့ကိုလိုက်ချုပ်ချယ်ဖို့အခွင့်အရေး မင်းကိုပေးမထားဘူးနေစော"

"လိုက်လေ့လာမလို့ songကို ကိုယ့်နောက်က စီးခိုင်း"

ပြောချင်တာပြောပြီး ရှေ့ကထွက်သွားသည့်နေစောအား ရထာမည်သို့လုပ်ရမည်နည်း။ အတင်းဖက်တွယ်ထားလို့ နေရာတစ်နေရာပေးထားပေမယ့် ထိုနေရာ၌လည်း နေစောကမနေချင်။ အခုလည်း မိမိကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်သည်အထိကတော့ လွန်လာပြီလို့ထင်သည်။

"မင်းငါနဲ့ထိုင် song"

ဆိုင်ကယ်ဆီရောက်ရောက်ချင်း songအား နေစောပြောလိုက်သည်။

"ဘာလို့လဲ၊ မင်းကငါ့guideမှ မဟုတ်တာ"

"နေစော မင်းလိုက်မှာဆိုငြိမ်ငြိမ်လိုက်ကွာ၊ လာ songတက်တော့"

နေစောကို မကြည်ကြည့်တစ်ချက်ကြည့်ပြီးမှ ရထာ့ဆိုင်ကယ်နောက်ကို songဝင်ထိုင်သည်။ နေစောသည် မရှက်ပေဘူးလားမသိပေ။ ကိုယ့်ဘက်ကတစ်ပါးသူစိတ်ကို သံရိုက်ပြီးမှ နာသွားရင် ကိုယ်တောင်းပန်ပါတယ်ဆိုပြီး လုပ်နေတဲ့အတိုင်းပင်။ အခုလည်း နောက်ကလိုက်လာတာကိုကြည့် သူ့အလုပ်လည်းမဟုတ်ပါဘဲ။ ဂရုမစိုက်ခြင်းအနုပညာအား တတ်ကျွမ်းစွာ မိမိချစ်သော ရထာ့ခါးကိုဖက်၍ တီတီတာတာပြောနေမိသည်။

ပထမဆုံးရွှေရင်းရဲဘုရားဖူးရမည်။ ကားလမ်းနံဘေးမှာတည်ရှိသည်မို့ ဆိုင်ကယ်ကိုတော့ ကားလမ်းမှာဘေးကပ်ရပ်ရသည်။ ဆိုင်ကယ်ပေါ်က ဆင်းပြီးပြီးချင်း နေစောက ရထာ့အား လက်မောင်းကနေဆွဲကာ ဘေးမှာနေစေသည်။ စိတ်ညစ်သလိုကြည့်လာသည့် ရထာ့မျက်ဝန်းတွေအား နေစော လျစ်လျူ ရှူ ရသည်။

"လေဆော မင်းလွန်ပြီနော်"

အနားကို ရထာ့အား songပြန်ဆွဲလိုက်သည်။ ကြာတော့ ရထာစိတ်ရှုပ်လာရသည်။ ဘာလို့ဒီလိုဖြစ်နေလဲဆိုတာ နားမလည်ပါ။

"တော်ပါတော့ကွာ ငါစိတ်တောင်ရှုပ်လာပြီ"

စိတ်ပျက်ပျက်ရေရွတ်ပြီးတော့ ဘုရားပေါ်ကို ရထာအရင်တက်သွားသည်။ ရထာသွားသွားချင်း နေစောအား songစိုက်ကြည့်တော့ သူကတစ်ပြန်ကိုယ့်ကို ပြန်စိုက်ကြည့်သည်။

"မင်းကရထာ့ကိုစိတ်ဒုက္ခပေးဖို့များ မွေးလာသလားအောက်မေ့တယ်"

"မင်း!!"

"နာမနေနဲ့ မင်းလုပ်ရပ်က အဲ့အတိုင်းပဲ"

အထိနာအောင်ပြောခဲ့ပြီးနောက် ရထာ့နောက်ကိုပဲ ဦးတည်လိုက်သွားလိုက်ပါသည်။ ရထာ အနေရခက်နေမှာပေ။ အစိမ်းရင့်ရင်တိုင်တွေအကြား လျှောက်လာတော့ ရထာကဘုရားရှိခိုးပြီးနေလေပြီ။ ကိုယ့်မြင်တော့ရယ်ပြလာတာ အပူကင်းသလိုဆိုတော့ အနည်းငယ်စိတ်သက်သာရသည်။

"ဓာတ်ပုံရိုက် song၊ ပြီးရင် သံသေကပ်ကျော်သွားမယ် ပြီးရင် ငါလုပ်ချင်တဲ့အရာတစ်ခုဆီ"

"ဟုတ်ပြီ"

နေစောပါ အထဲဝင်လာကာ ဘုရားကန်တော့နေသည်။ ရည်းစားဟောင်းရှေ့ အပျော်ကြူးရမှာလည်း ရထာ့မှာ မသင့်တော်ပေ။

"ဒီဘုရားက ရွှေရင်းရဲဘုရား ဗဒုံမင်းတည်တာ၊ ဗဒုံမင်း အိမ်ရှေ့မင်းသားဖြစ်တုန်း ဒီဘုရားဆင်းတုမှာ အဓိဠာန်ပြီး စစ်အောင်ခဲ့လို့ အမအမရပူရနေပြည်တော်နဲ့အတူ တည်ခဲ့တာ "

"လက်ချောင်းက ထူးဆန်းတယ်နော်"

"ဟုတ်တယ် ရုပ်ပွားတော်ရဲ့ ဘယ်ဘက်လက်ချောင်းတော်ခြောက်ချောင်းက အာရုံခြောက်ပါးကို ညွှန်းတာ၊ ညာဘက်လက်ချောင်းတော် ငါးချောင်းက ခန္ဓားငါးပါးကို ညွှန်းတာ၊ လက်ချောင်းတော်တွေကိုပေါင်းတော့ ၁၁ချောင်း၊ ၁၁မီးငြိမ်းတာကိုညွှန်းတာ၊ နေစော သွားစို့"

ခပ်လှမ်းလှမ်းမှာ တိုင်ကိုမှီရိုက်နေသည့် နေစောအား ရထာလှမ်းပြောလိုက်ပြီး songနှင့်အတူ အပြင်သ့ိုဦးတည်လျှောက်လိုက်သည်။

songက ဆိုင်ကယ်အနားရောက်တော့ ပြုံးကာဖြင့်....

"ဘယ်စမ်းစမ်း ညာစမ်းစမ်း အကုန်သိတယ်ပေါ့"

"ဒါပေါ့"

နှစ်ယောက်သား ရယ်မိကြသည်။ သူတို့ဘေးက ဖြတ်သွားသည့် နေစောမှာတော့ ရယ်သံတွေက လှောင်ပြောင်နေသယောင် နှလုံးသားကို ဆူးတစ်ချောင်းပမာစိုက်ဝင်သည်။ မိမိရှိမှန်းတောင် ရထာသတိရမှာ မဟုတ်တော့ချေ။ဆိုတော့လည်း နာကျင်ရသား။ ရှေ့က ထွက်သွားသည့်ဆိုင်ကယ်နောက် အမှတ်မရှိဘဲနေစောဆက်လိုက်မိပါသည်။ ရွှေရင်းရဲဘုရားနှင့်အနီးတည်ရှိတာ ကပ်ကျော်ဘုရားပင်။ ဘုရားရှေ့ဆိုင်ကယ်ရပ်ရပ်ချင်း ကြီးမားသောဇရပ်ကြီးနှင့် ဆောင်းတန်းတစ်ခုကို တွေ့ရသည်။ ဆိုင်ကယ်ပေါ်က ဆင်းပြီးပေမယ့် နေစောကမဆင်းသေးဘဲ ဖုန်းပြောနေတာကြောင့်နှစ်ယောက်သား ရပ်စောင့်ပေးသည်။

"တောင်းပန်တယ် ရထာ ကိုယ်အဖေ့ကခေါ်နေလို့်"

ဖုန်းကို အိတ်ထောင်ထဲထည့်ရင်း ပြောလိုက်သည်။

"ရပါတယ်"

"ဘာဖြစ်လို့လဲ"

songကမေးလာသည်။

"အဖေက ခေါ်လို့တဲ့"

Songက ချက်ချင်း နေစောရှေ့တင် လက်ခုတ်တီးပြလိုက်သည်။ မလုပ်သင့်သည်လုပ်ရပ်မို့ songလက်အား ရထာဆွဲယူရသည်။ ဒီကောင်ပြောင်စပ်စပ်နဲ့။ တော်သေးသည်က နေစောက ဘာပြဿနာမှမရှာဘဲ ထွက်သွားလို့ပင်။

ထိုအခါမှ songနောက်စိအား ရထာရိုက်ကာ....

"ပြောင်စပ်စပ်နဲ့"

"ဟုတ်တယ်လေ သူကမှ နားမလည်တာ လာပါ သွားစို့"

ရထာ့လက်ဖဝါးလေးကို ဆုတ်ကိုင်တော့ ပြုံးပြကာ ပြန်ထွေးပွေ့လာသည်။ ဆောင်းတန်းတစ်လျှောက်လျှောက်လာပြီး ခဏရပ်ကာ ဇရပ်ကြီးအား ဓာတ်ပုံရိုက်သည်။

"ဒီဘုရားက သံသေကပ်ကျော်ဘုရားတဲ့၊သက္ကရာဇ်၁၁၇၇ခုနှစ်မှာ ဗဒုံမင်းက ဗားမဲ့ဆရာတော်ဘုရားကြီးရဲ့ သံသေဓာတ်လုံး၂၇လုံးနဲ့တည်ခဲ့တာ၊ပြီးတော့ ဂန္ဓာကုဋိစံကျောင်းတော်ကို ဗဒုံမင်းရဲ့မြောက်ရွှေရေးမိဖုရားက လှူခဲ့တာ"

"ဪ "

ဆက်လျှောက်လာပြီးနောက်မှာတော့ လုပ်နေကျအတိုင်း songက ဓာတ်ပုံရိုက်၍ ကိုယ်ကတော့ ဘုရားရှိခိုးရသည်။ ပြီးရင် ရင်ပြင်က ကျောက်စာသေးလေးဆီ ခေါ်လာခဲ့သည်။ သေးတာမှတော်တော်သေးတာဖြစ်သည်။

"ကျောက်စာတွေတော့ ငါနားမလည်ဘူး"

"ရပါတယ်၊ တည်တာတွေသိနေပြီပဲ"

"အင်း ပြီးရင်တော့ ငါနန်းမြင့်မျှော်စင်လိုက်ပို့ပေးမယ်၊ အမကပူရနန်းမြင့်မျှော်စင်ကကျ ထူးခြားတယ်၊ တပ်ဝိုင်းထဲမှာတော့ မဲနယ်စက်ရုံ၊ရွှေတိုက်တော်ငွေတိုက်တော်တွေရှိပေမယ့် မင်းစာနဲ့မလိုက်လို့ လိုက်မပို့တော့ဘူး၊ အဲ့အစားသာယာဝတီလှူတဲ့စေတီနဲ့သာယာဝတီမင်းသား ပြည်မင်းသားလှူတဲ့ ကျောင်းတိုက်ကို လိုက်ပြမယ်"

"ဟုတ်ပြီ"

ခရီးဆက်အဖြစ် မဟာဂန္ဓာရုံကျောင်းတိုက်ကို သွားသည်။ ဘုန်းဘုန်းများ ဆွမ်းစားချိန်မှီသေးသည်။ နောက်ကနေ လွတ်ထွက်သွားမှာကြောက်သည့်နှယ် ဖတ်ထားသည့် songရဲ့ကိုယ်ငွေ့သည် သင်းပျံ့ပျံ့။

"ဥဘိန်တံတားကို မြင်တိုင်း မင်းရဲ့ချစ်တယ်လို့ပြောခဲ့တာလေးကို သတိရတယ်"

"တိတ်စမ်း"

"ချစ်တယ်"

Songက မပြောနဲ့ဆိုမှ ဆက်ပြောကာ ပါးကိုလာနမ်းသည်။ သူကတော့လေ.

မဟာဂန္ဓာရုံကျောင်းတိုက်ထဲသို့ ဝင်လာပြီးနောက် ဆိုင်ကယ်ရပ်ကာ ဆွမ်းစားဆောင်ဘက် နှစ်ယောက်အတူ လျှောက်လာခဲ့သည်။ အခြားသော လေ့လာရေးနိုင်ငံခြားသားတွေလည်းရှိသည်။

"ဘယ်နေရာလဲ"

"မဟာဂန္ဓာရုံကျောင်းလေ လာ ဆွမ်းစားတာကြည့်ကြည့်၊ ကြည်ညိုဖို့ကောင်းတယ်"

songနဲ့အတူ ခပ်လှမ်းလှမ်းမှာ ရပ်ကြည့်နေလိုက်သည်။

"သွားစို့"

"ဟင် ခဏလေးရယ်"

"ဘုန်းဘုန်းတွေ အစားပျက်မယ်လေ၊ ငါ့ဆန္ဒက ခဏတာလေးဆိုရင်တောင် ရပြီရယ်"

"ဟုတ်ပါပြီ ဒီတစ်ခါကိုယ်မောင်းမယ် လမ်းပြော"

"အင်း ဒါနဲ့ မင်းရက်ကန်းလေ့လာချင်သေးလား ငါ့အသိရှိတယ်"

"ရက်ကန်း"

songခဏလောက် စဉ်းစားမိသည်။

"ကိုယ်ရက်ကန်းအကြောင်းကို သိတယ်၊ပြီးတော့ ကိုယ်ရက်ဖူးတယ်၊ ကိုယ်တို့လန်ဒန်မှာ မြန်မာလူမျိုးဖွင့်ထားတဲ့ ရက်ကန်းဆိုင်ရှိတယ်လေ ၊မြန်မာ့ရိုးရာကိုလေ့လာချင်တဲ့သူတွေ လေ့လာလို့ရအောင်ဖွင့်ထားတာ၊ ဒါပေမယ့်လည်း သွားတာပေါ့"

"ဟုတ်ပြီ ငါလမ်းပြပေးမယ် မင်းမောင်း"

ဆက်၍ အသိရက်ကန်းဆိုင်ကို ရှေးရှူသည်။ နောက်ကနေ ဖက်ရသည့် ခံစားချက်ကလည်း တစ်မျိုးကောင်းသည်ဟု ရထာထင်မိသည်။ ကိုယ်သာအပိုင်ဆိုသည့် သဘောမျိုး၊ ပြီးတော့ ကိုယ့်ချစ်သူအားနွေးထွေးမှုပေးနေသည်ဟူသော ခံစားချက်မျိုး။ မနေနိုင်လို့ ခေါင်းကိုရှေ့အနည်းငယ်တိုးကာ songပါးပြင်အား နမ်းရှိုက်မိတော့ songရဲ့အပြုံးကထင်းခနဲ ဖြစ်သွားသည်။

"ထပ်နမ်းပါဦး"

"တော်စမ်းပါ"

ဆိုင်ကယ်လေးထက် ကောင်လေးနှစ်ယောက်ရယ်သံတလွင့်လွင့်။

.....................................................................

အရောင်အသွေးအမျိုးမျိုးစုံညီသော ချည်ထည်တို့သည် မျက်စိရှေ့တွင် တောင်လိုပုံနေသည်။ ရက်နေသည့် လက်ခတ်သံ၊ တစ်ဖက်က စက်ခတ်သံတို့ကိုလည်း ကြားနေရပြန်သည်။ လိုချင်တဲ့ ယောကျာ်းထည်၊မိန်းမထည်ရွေးပြီးမှ ရထာ့ကိုရှာရသည်။

လက်ခတ်သည့်ဘက်မှာ စပ်စပ်စုစုကြည့်နေသဖြင့် အခွင့်ကြုံတုန်းပိုင်ရှင်ဘက်လှည့်ကာ..

"ဟို ကိုယ်တိုင်သဘာဝအတိုင်းအသီးအခွံတွေနဲ့ဆေးဆိုးထားတဲ့ ချည်နဲ့ ကိုယ်တိုင်ရက်ကန်းခက်လို့ ရလား"

ပိုင်ရှင်က အင်္ဂလိပ်စကားနားလည်သဖြင့် အတော်အဆင်ပြေသည်။

"ရပါတယ်"

"ဒါဆို ကျွန်တော့်ချစ်သူအတွက် လက်ဆောင်ပေးချင်လို့လေ အဲ့ဒါကိုယ်တိုင်ခတ်ချင်တာ မနက်ပိုင်းလာရင်အဆင်ပြေမလား"

"ပြေပါတယ် မနက်ဖြန်က စလာခဲ့လေ၊အကူအညီလိုတာရှိရင်ပြောပါ"

"ကျေးဇူးပါ ရထာ့ကိုမပြောပါနဲ့နော်"

"ကောင်းပါပြီ"

တစ်ခဏလေးအတွင်း ဆိုင်ပိုင်ရှင်နှင့်ရင်းနှီးသွားသည်။ ဝယ်ချင်တာဝယ် ငွေရှင်းပြီးတော့ နောက်တစ်နေရာသို့ ထွက်လာရပြန်သည်။ မပြီးသေးသော လေ့လာမှုတွေအား သူနှင့်မခွဲချင်သဖြင့်ထပ်တိုးလာရင်ကောင်းမှာပဲလို့ songတွေးနေမိသည်။ လန်ဒန်ရောက်ရင်တော့ နှလုံးသားကို တုတ်နဲ့ရိုက်ထားသလို နာကျင်မှုမျိုးနဲ့ လွမ်းရပေဦးမည်။

သစ်ပင်ကြားလမ်းသေးထဲကို တိုးဝင်လာရသည်။ လမ်းကြားကျဉ်းပေမယ့် အရမ်းမကျဉ်းသည့် အနေအထားမှာတည်ရှိသည်။ ညာဘက်ကိုကွေ့လိုက်တော့ အဆောက်အဦးတစ်ခု။ ဆိုင်ကယ်ရပ်တာနှင့် ဆိုင်ကယ်ပေါ်မှ songဆင်းလိုက်သည်။

"နန်းမြင့်မျှော်စင်လေ ထူးခြားတယ်မလား"

"အင်း မျှော်စင်လိုမဟုတ်ဘူး"

"ဒါကအပေါ်တစ်ထပ်ပျက်သွားသေးတယ်၊ ဒီနန်းမြင့်မျှော်စင်ကြီးကို ၁၇၈၃ခုနှစ်၊ ဘိုးတော်ဘုရားက ဆောက်ထားတာ၊ မုခ်ဦးက ခြောက်ပေါက်ပါတယ်၊ အထဲဝင်ကြည့်ရအောင်"

မုခ်ဦးတစ်ပေါက်ကနေ နှစ်ယောက်အတူဝင်လာတော့ အမိုးမရှိ အကြမ်းမရှိသော ဟောင်းလောင်းပေါက်တွေက စည်းကြိုသည်။ ခေါင်းမော့ကြည့်ပါက ပြာလဲ့လဲ့မိုးကောင်းပင်ကြီးက အထင်းသား။

"ဒီကပန်းတော့လက်ရာတွေကို အရမ်းကြိုက်တယ်"

songက ဆိုသည်။ အတွင်းပတ်လည်ကို ရိုက်လိုက် အပေါ်ချိန်လိုက်နှင့် songက အလုပ်ရှုပ်နေသည်။

"ဟိုဘက်ကနေ ရွှေတိုက်တော်ကို မြင်ရတယ် သွားကြည့်ရအောင် လှေကားလည်းတက်လို့ရတယ်"

"ဟုတ်ပြီ"

မုခ်ဦးကနေပြန်ထွက်ကာ အဆောက်အဦးနဲ့ညာဘက်ကိုသွားတော့ လှမ်းမြင်နေရသည့်ရွှေတိုက်တော်။ songရဲ့ ကင်မရာသံက တဖြတ်ဖြတ်။ နန်းမြင့်မျှော်စင်ရဲ့ ပန်းတော့လက်ရာကြီးတွေကိုလည်း အလွတ်မပေးပါချေ။ လှေကားကနေတက်လို့ရသည်က တစ်ထပ်သာဖြစ်သည်။ ပြီးရင် ဆက်တက်လို့မရတော့။

"ကြေးတိုက်တော်လို့လည်းခေါ်တယ်ရွှေတိုက်တော်လို့လည်းခေါ်တယ်ခုနက အဆောက်အအုံကို၊ နန်းမြင့်မျှော်စင်နဲ့တစ်ချိန်တည်းဆောက်ခဲ့တာ၊ ဗဒုံမင်းလက်ထက်က ဘုရင်ပိုင်ရွှေ၊ငွေ၊ကြေး၊သံ၊ဆင်စွယ်တွေထားလို့ကြေးတိုက်လို့ခေါပြီး သာယာဝတီမင်းလက်ထက်ရောက်တော့ ရာဇဝတ်ပြစ်မှုသင့်တဲ့ မင်းညီမင်းသားတွေကို ထားတာ"

"အင်း ဒါဆိုပြီးပြီပေါ့"

"ပြီးပြီလားဆိုတော့ စေတီတွေကျန်သေးတယ်၊ ခဏထိုင်ရအောင်လေ"

"အိုကေ"

လှေကားထစ်မှာ နှစ်ယောက်သားဝင်ထိုင်လိုက်ကြသည်။

" ကြီးလေးကြီးသွားခဲ့ပေမယ့် မြို့ရဲ့ထောင့်လေးထောင့်က ဘုရားတွေလည်း သွားရမယ်လေ၊ မြို့အနောက်မြောက်ထောင့်အရပ်မှာ ဘိုးတော်ဘုရားကိုယ်တည်ထားတဲ့ ဆင်ကြိုရွှေဂူ၊ အဲ့ဒါကသွားခဲ့ပြီးပြီ သံသေကပ်ကျော်ကို ပြောတာ၊ ပြီးတော့ အနောက်တောင်ထောင့်မှာရှိတဲ့ ဟင်္သာမင်းသမီးတည်တဲ့ ရွှေလင်းပင်၊ အရှေ့တောင်ထောင့်မှာကျ သားတော်လတ်စကုမင်းသားတည်တဲ့ ရွှေစကားစေတီ၊အဲ့ဒါက တပ်ထဲမှာ သွားလို့မရဘူး၊ ပြီးတော့ အရှေ့မြောက်ခေါင့်မှာရှိတဲ့ မြေဒူးမင်းသမီးတည်တဲ့ ရွှေကွန်အုပ်စေတီရှိသေးတယ်"

"ကိုယ့်နားထဲတော့ စေတီ မင်းသမီး စေတီကလွဲရင် ကျန်တာ ပတွတ်ပတွတ်လို့ပဲ ကြားသွားတယ်"

"မင်းကလေအရမ်းမျက်ခွက်ပြောင်တာပဲ"

အရယ်တစ်ဝက်နဲ့ပြောတော့ songက နှာခေါင်းကို လာဆွဲသည်။

"ကိုယ်ပြောတော့ မင်းပျော်တာပေါ့၊ မဟုတ်ဘူးလား"

"မဟုတ်ပါဘူး"

"လူလိမ်လေး လာပါဦး နမ်းချင်လို့ လူမရှိတုန်းလေး"

ရထာ့မျက်နှာလေးကို ပါးနှစ်ဖက်ကနေ ပင့်ယူကာ နှုတ်ခမ်းချင်းခဏလောက် ထိကပ်လိုက်သည်။ ကော့တက်သွားတဲ့ ရထာ့နှုတ်ခမ်းစွန်းလေး။ ပြန်ခွာလိုက်ပြီးနောက် ထပ်မံ၍ တစ်ချက်လောက် ထိကပ်လိုက်သည်။ ထပ်ပြန်ခွာပြီး ထိကပ်ဖို့လုပ်တော့ ပါးစပ်ကိုလာအုပ်သည့် ရထာ့လက်ကလေး။

"နမ်းမှာဆို သေချာနမ်း၊ စမနေနဲ့"

"အံမယ် နှာဘူးလေးက လူကြီးတွေလို နမ်းခိုင်းတယ်"

"မနမ်းနဲ့ကွာ"

"စတာ စတာ စတာပါဆို ရထာလို့..."

ထသွားတော့မည့်ရထာ့အား လက်ဖဝါးကနေ ပြန်ဆွဲထိုင်စေသည်။ မကျေမနပ် မျက်စောင်းကလေးထိုးတော့ ကိုယ်ကပဲ ကြောက်ဟန်ဆောင်ဇတ်ပုပြရသည်။ ရထာ့မျက်နှာလေးကို တစ်ဖန်ပြန်ဆွဲယူကာ နှုတ်ခမ်းပါးလေးအား ထိရုံမဟုတ်တော့ဘဲ ငုံယူခြင်းအား ပြုမိတော့ ရထာ့လက်ဖဝါးက ပါးသိုင်းမွှေးပေါ် လာရောက်ဖုံးအုပ်သည်။ အရှိန်ကတော့ ခဏနှင့်သေမည့်ပုံမရောက်။ ခန္ဓာကိုယ်ချင်း အနည်းငယ်ဝေးနေသည်မို့ ရထာ့အား ခါးကနေဆွဲယူတော့ နမ်းနေရင်းမှအလိုက်သင့်ပါလာသည်။ ပို၍နီးကပ်သွားသည့် မျက်နှာက လှုပ်ရှားမှုကြောင့် ထိလိုက်ပွတ်မိလိုက်။ မျက်စိမှိတ်ရင်း အနမ်းတစ်ပွင့်ဖန်တီးမှုအား သေချာပုံဖော်ရခြင်းက ချစ်ရသောသူတွေအတွက် မြတ်နိုးမှုပင်။ နှစ်ယောက်သား ခဏလောက် နဖူးချင်းတိုက်နားလိုက်မိသည်။ လူသူသိပ်မလာတဲ့ နန်းမြင့်မျှော်စင်မို့ တော်ပါသေးသည်။ မဟုတ်ရင် မိမိတို့ သီသီကျူးလို့မရလောက်ပေ။ ရထာ့ဘက်က စတင်အနမ်းတစ်ခုထပ်ဖန်တီးသည်။ မငြင်းဆန်နိုင်သည်မို့ ခဏလောက်တော့ ဤနန်းမြင့်ထက် အနမ်းတစ်ခုအား အချိန်ကြာကြာအသက်သွင်းပေးခဲ့ပါသည်။

......................................................................

အမရပူရမှာသွားလို့ရသည့် စေတီတွေကို သွားပြီးပြီမို့ ပြည်ကျောင်းတိုက်ဘက်ကို သွားရသည်။ မသွားခင်တော့ တမာတန်းကို ဖြတ်ရမည်။ ဆိုင်ကယ်မောင်းနေရင်းမှ မျှော်စင်မှာ နမ်းခဲ့သည့် အဖြစ်အပျက်အား ရထာပြန်တွေးကြည့်မိတော့ ပြုံးတောင်ပြုံးမိသွားသည်။ တမာတန်းကို စဝင်ပြီဖြစ်သည်။

"ဒါ တမာတန်းလေ song"

"အင်း အေးနေတာပဲ"

လေလေးတဝှေ့ဝှေ့မို့ တမာရွက်ငယ်တို့က မတည်နိုင်စွာကြွေမြဲ။ ဆိုင်ကယ်ကို ဖြည်းဖြည်းချင်းမောင်းရင်းနှင့်မှ တမာတန်းရဲ့ ခပ်အေးအေးအရသာကို ခံစားနေမိသည်။

"တံမာပင်ခါးခါးအောက်၊ကိုယ့်အချစ်ပင်ပေါက်၊မြေလိုက်၍ တမာတွေချိုစမ်း"

"ဟားဟား song မင်းဟာလေ"

"ပျော်သွားတယ်မလား "

"အင်း ပျော်တယ်"

"ကိုယ်လည်းပျော်တယ်"

ရထာ့ပါးပြင်အား ထပ်မံနမ်းရှိုက်လိုက်သည်။တမာတန်းအောက် ကောင်လေးနှစ်ယောက်သည် သူ့အသံငါ့အသံအသံတညံညံ။

ပြည်ကျောင်းတိုက်ဆိုသည့် ကျောင်းတိုက်ထဲသို့ ဝင်လာခဲ့သည်။ပြီးရင်တော့ ဆိုင်ကယ်ကိုသင့်ရာနေရာအပ်ခဲ့ကာ ကျောင်းဆီကို လျှောက်လာခဲ့သည်။

"ကျောင်းထိုင်ဆီ အရင်လျှောက်ရဦးမှာ လိုက်ခဲ့"

လှေကားအတိုင်း တက်လာခဲ့သည်။ ကျောင်းဆောင်က အလယ်မှာတော့ တစ်ဆင့်ချိုးပြီး အဆောင်သေးသေးလေး ခံထားသေးသည်။လက်ရန်းက ပန်းပုလက်ရာတွေကလည်း တင့်တင့်တယ်တယ်။ ကျောင်းပေါ်ရောက်ချိန်တော့ ရထာ့လျှောက်ထားချက် အောင်မြင်ခဲ့သည်။ အရင်ဆုံးအပေါ်ထပ်က စရိုက်သည်။

"ကိုယ်အရမ်းကြိုက်တယ်"

ပင်မဆောင်ရဲ့ တောင်ဘက်ခြမ်းအပြင်နံရံတံခါးပေါက်သုံးခုမှာ တပ်ဆင်ထားတဲ့ မြန်မာမှုအနုပညာလက်ရာနဲ့ သစ်သားတံကဲကြီးတွေကို ညွှန်းဆိုသည်။

"ဒီကျောင်းကို ပြည်ကျောင်းတော်ကြီးလို့ခေါ်တယ်၊ မဟာတုလွှတ်ဘုံစံကျောင်းတော်ကြီးလို့လည်းခေါ်တယ်၊ ပြည်မြို့စားပြည်မင်းသားက သက္ကရာဇ်၁၂၀၁ခုနှစ်မှာ ရွှေတောင်ဆရာတော်'ဂုဏမုနိန္ဒာလင်္ကာရသဒ္ဓမ္မမဟာဓမ္မရာဇာဓိရာဇဂုရု'ကို လှူခဲ့တာ။"

songကတော့ ကျောင်းဆောင်ပတ်ပတ်လည် ဓာတ်ပုံရိုက်နေဆဲဖြစ်သည်။

"လာ ဆက်သွားစို့"

အနောက်ဘက်စင်္ကြံပတ်လမ်းကို ဝင်ကြည့်သည့်အခါ တံခါးပေါက်တစ်ခုစီမှာ ပျဉ်တစ်ပြားတည်း၊ တံခါးရွက်နှစ်ချပ်အပေါ် သစ်သားရုပ်နှစ်ရုပ်စီနှင့် တပ်ဆင်ထားသည်။

"ရပြီလား"

"ရပြီ "

"ဒါဆိုအခြားဆက်စို့"

ဆရာတော်ဘုရားဆီ ပြန်ဖို့ခွင့်ပန်ပြီးနောက် ကျောင်းတိုက်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။ ရည်မှန်းရသော ခရီးကလောကမဏီစူဠာစေတီတော်ဆီသို့ဖြစ်သည်။

...................................................................

ကြီးမားဖြူ စင်ထည်ဝါလှသော စေတီတော်တံတိုင်းတွေကိုတွေ့ရသည်။ မုခ်တစ်ခုကနေ ဝင်လာခဲ့ပြီးနောက်တော့ ကွင်းပြင်ကျယ်ကြီးနှင့် တင့်တယ်လှသောစေတီများက မြင်ရသူအဖို့ အေးချမ်းသည်။ လေလေးကတဖြူးဖြူးတိုက်သဖြင့် အပူဒဏ်ကို အနည်းငယ် အံ့တုနိုင်သည်။

ရထာက ဆိုင်ကယ်မောင်းနေရင်းမှ...

"ထောင့်လေးထောင့်မှာ စေတီတစ်ဆူဆီရှိတယ် သေချာရိုက်ထား"

"အင်း"

အရင်ဆုံး စေတီကို ဆိုင်ကယ်နှင့်တစ်ပတ်ပတ်ပြသည်။ ဇရပ်ကြီးတွေရဲ့ ပျက်စီးလက်စအပိုင်းတွေကောမကျန် songအား လိုက်ပြသည်။ ပြီးရင်တော့ ဆိုင်ကယ်ကိုရပ်ကာ စေတီမဟာရံကနေ အတူဝင်လာခဲ့သည်။

"ဒီမှာလေ မဟာရံနှစ်ထပ်ဆိုတာ"

ဝင်လာချင်း songအား မဟာရံတံတိုင်းနှစ်ထပ်ကို အရင်ပြသည်။ songကိုတော့ ခဏထားခဲ့ကာ ဘုရားရှိခိုးပြီးမှ ပြန်လာရသည်။

"ရိုက်ပြီးပြီလား "

"အင်း အဲ့တာဆို လာ ဆိုင်ကယ်ဆီပြန်သွားစို့"

"ဟုတ်ပြီ"

ဆိုင်ကယ်ရပ်ထားသည့်နေရာက သစ်ပင်အရိပ်ကောင်းသည်။ အဲ့နေရာမှာပဲ ခုံတန်းလေးတစ်ခုလည်းရှိသည်။ နှစ်ယောက်အတူထွက်လာပြီးနောက် songက ပြန်မယ်အထင်နဲ့ ဆိုင်ကယ်ဦးထုပ်ယူမလို့ပြင်နေသည်ကြောင့် songလက်ကိုအမြန်ဖမ်းဆုပ်မိသည်။

"မပြန်နဲ့ဦး လာ ဒီခုံမှာ ထိုင်"

"မပြန်သေးဘူးလား "

"အင်း"

songက ခုံတန်းမှာ ခြေတွဲလောင်းချဝင်ထိုင်သည်။ ရထာကတော့ songပေါင်ကို ခေါင်းအုံး၍ ခဏလှဲအိပ်သည့်အခါ songက လက်နှစ်ချောင်းဖြင့် ရထာ့နဖူးကို အကြောလျော့ပေးသည်။

ရထာ မျက်လုံးမှိတ်ထားလျက်...

"သာယာဝတီမင်း ၁၂၀၀ပြည့်နှစ် ဒုတိယမြို့နန်းသစ်တည်ချိန်မှာပဲ စေတီတော်ကို မဟာရံတံတိုင်းနှစ်ထပ်နဲ့ တည်ခဲ့တာ။ တာဝတိံသာနတ်ပြည်မှာ ဗုဒ္ဓမြတ်စွာဘုရားမယ်တော် မိနတ်သားကိုးကွယ်တဲ့ စူဠာမဏိစေတီရှိသလို လူ့ပြည်မှာလဲ အဲ့စေတီနဲ့ တူတဲ့စေတီတည်တဲ့အနေနဲ့ လောကမဏိစူဠာနီလို့ ဘွဲ့ပေးခဲ့တာ။ ထောင့်လေးထောင့်ကစေတီတွေက မိဖုရားခေါင်ကျပင်းမင်းသမီးရဲ့ မဟာတိလောကစေတီ၊ စကြာဒေဝီ သမီးတော်ရဲ့ လောကပရစေတီ၊ အနောက်နန်းမိဖုရားမမြကလေးရဲ့ ရတနာလောကစေတီ၊ ဗန်းမော်မိဖုရားဝေသာလီမင်းသမီးရဲ့ သုံးလူ့ထိပ်ပန်စေတီတဲ့၊ ငါပင်ပန်းလို့ခဏလောက်အိပ်မယ်နော် songရလား"

"ရတယ်"

"အင်း မင်းပြန်ချင်တဲ့အချိန်နှိုးလိုက် ဝါး ဝါး ဝါ ဝါ"

ရထာ ဟားသမ်းနေတာကို songက သူ့လက်ဖဝါးနဲ့ ပိတ်လိုက်ဖွင့်လိုက် လုပ်နေတာမို့ တဝါဝါမြည်နေသည်။ စိတ်ကြည်နေတဲ့အချိန်မို့ ရထာ့လက်ကလေးတော့ ရောက်မလာသေး။ မကြည်ကြည့်လေးတော့ လွှတ်တာပေါ့လေ။

"ဟုတ်ပြီ အိပ်တော့"

လေလေးကတဖြူးဖြူးမို့ ဒီနေရာ၌ အိပ်စက်ခြင်းကို ရထာ မက်တွယ်လှသည်။အထူးသဖြင့် songရဲ့ပေါင်ပေါ် အိပ်ရခြင်းအပေါ် အထူးတပ်မက်သည်။ ထို့ထက် သူ့လက်ချောင်းများ မိမိနဖူးပေါ် လှုပ်ရှားမှုက စည်းစိမ်တစ်ခု။ အာရုံတစ်ခုလုံး ဘာမှမစဉ်းစားနိုင်အောင် ဗလာလွှမ်းခြုံသွားရပါသည်။
"အိပ်သွားပြီပဲ"

song ခပ်တိုးတိုးရေရွတ်လိုက်သည်။ ပြီးနောက် ရထာ့ပါးဖောင်းလေးကို တစ်ချက်ဆွဲပြီးနောက် မော်ဖူးမဝသော မျက်နှာလေးကိုသာ မော်ဖူးခွင့်ရှိတုန်း ကြည့်နေမိပါ၏။

.............................................................

Continue Reading

You'll Also Like

4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.9M 54.6K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
166K 1.5K 19
A Hazbin Hotel oneshots that you can request
378K 5.2K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...