LOVE, BUT HURT (Season 3)_ Th...

By HninAung913

202K 27.5K 1.6K

ကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလ... More

Part 1 ( ပြန်လည်ရောက်ရှိလာခြင်း)
Part 2( အဖြူရောင် ဝတ်ရုံစ)
Part 3(အစားထိုး အမျိုးသားကိုယ်လုပ်တော်)
Part 4( မရင်းနှီးသော မျက်နှာတစ်စုံ)
Part 5 (ပထမဆုံးသော)
Part 6 (ဝတ်ရုံနက်နှင့် လုပ်ကြံသူ)
Part 7 (သတိရမိ....သူ)
Part 8 ( မင်း..ဘယ်သူလဲ)
Part 9 (မင်းအနားမှာပဲ ရှိနေပေးမယ်)
Part 10 ( မူလပိုင်ရှင်နှင့် ပတ်သတ်၍)
Part 11 ( ဝူနန်ပြည်နယ်မှ ထွက်ပေါ်လာသောကောလဟာလ)
Part 12 ( ကျင့်ယိချန်နှင့် တွေ့ဆုံခြင်း )
Part 13 ( ရင့်သီးလွန်းလှသော စကားလုံးများ)
Part 14 ( အမိန့်အမှာစာ ပါးလိုက်သည်)
Part 15 * ( အန်းလု.....ကိုယ့်ကိုယုံ)
Part 16 ( ယွဲ့ဖုန်ရေကန်က မီးမျှောပွဲ)
Part 17 (အရပ်က...ပိုပုသွားတာပဲ)
Part 19 ( မင်းသမီး ချင်းယာ)
Part 20 ( မင်းတစ်ယောက်တည်း)
Part 21( အင်အားပြိုင်ခြင်း)
Part 22 ( ၀န်ခံခြင်း)
Part 23 (ဆင့်ခေါ်လိုက်သူ)
Part 24 ( အပေးအယူ)
Part 25 (သူတစ်ယောက်တည်းသာ)
Part 26( သတိရမိတဲ့ လက်ထပ်ပွဲလေးတစ်ခု)
Part 27 ( ကျွန်တော့်ကို နားလည်ပေးလို့)
Part 28 ( လွတ်ငြိမ်းခွင့်)
Part 29 ( ယိချန်သို့ အမှာစာ)
Part 30 ( အသည်းကွဲသမားနဲ့အတူ သေရည်သောက်ခြင်း)
Part 31 ( နောက်တကြိမ် ထပ်ပြီးတော့...)
Part 32 (အန်းလုဆီက စာ)
Part 33 (မင်းက တိမ်စိုင်တွေလိုပဲ)
Part 34 (အန်းလု နိုးလာပြီ)
Part 35( ကျွန်တော်က လူသားတစ်ယောက်မလို့လား)
Part 36* (ကိုယ့်အချစ်ကို ယုံကြည်ပါ)
Part 37 ( မိန်းကလေးတယောက်လို ဝတ်စားခြင်း)
Part 38 ( ဆံထိုး)
Part 39 (မင်းအနားမှာ ကိုယ်ရှိတယ်)
Part 40 ( သွေးစွန်းအနမ်း)
Part 41 (ရင်ဝသို့ထိတွေ့လာသော ဓားတစ်ချောင်း)
Part 42 ( ရွေးချယ်စရာ တစ်ခုတည်း)
Part 43 ( အသိစိတ်တို့ ကင်းမဲ့သော်လည်း)
Part 44 ( သူနိုးလာတော့ အန်းလုကအနားမှာမရှိဘူး)
Part 45 ( ပိုင်ရှင်ဆီ ပြန်ဖို့အချိန်ကျပြီ)
Part 46 ( ဆွဲကြိုးလေးရဲ့ပိုင်ရှင်က မင်းလေ)
Part 47 ( သူ့ကိုယ်ပိုင် စိတ်ခံစားချက်မဟုတ်သရွေ့)
Part 48 ( နောက်ဆုံးသောစတင်ခြင်း) Final part

Part 18 ( မင်းတစ်ယောက်တည်း အတွက်ပဲ)

4.6K 726 43
By HninAung913

အပိုင်း ၁၈ ( မင်းတစ်ယောက်တည်း အတွက်ပဲ)

"အဲ့တော့ ဒီနှစ်အတွင်း အချစ်ရေးအခြေအနေက"

အန်းလုက တူတစ်စုံကိုကိုင်ထားလျက်ပင် ရှေ့တွင်ရှိနေသော ကျီချန်းအားမေးလိုက်သည်။ တစ်ခြားသောအကြောင်းအရာများကမေးရန်ပင်မလိုအပ်ပါပဲ ပြည့်စုံနေသူတစ်ယောက်ဆိုတာကိုသူသိသည်။ မိဖုရားများ များပြားသလောက် အခုထိအချစ်ကိုမတွေ့နိုင်သေးသည့် လူကြီးတယောက်ပါပေ။

ကျီချန်းက လက်ဖက်ရည်သောက်နေချိန်ဖြစ်တာကြောင့် အန်းလု၏စကားကိုကြားလိုက်ရသည့်အခါတွင် ရုတ်တရက်လက်များသည် ရပ်တန့်သွားလေ၏။ ချီရှန်းသည်ပင် လှူပ်ရှားမှုက ခတ္တရပ်တန့်သွားသေးသည်။ သို့သော်လည်း ချက်ချင်းပင်ပြန်ထိန်းလိုက်ရင်း လုပ်လက်စအလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။

ကျီချန်းကလည်း သောက်လက်စ လက်ဖက်ရည်ပန်းကန်လုံးလေးအား စားပွဲပေါ်တွင်ပြန်ချလိုက်ပြီး

"အဲ...မတွေ့သေးပါဘူး....... အခုထိတော့။"

ကျီချန်းက ခေါင်းကုတ်လျက်ဖြေသည်။ အန်းလု၏ မျက်ဝန်းများက အရောင်တောက်ပနေလေ၏။

( သုံးဆယ်နားပဲနီးနေပြီကို.....တနေ့ တနေ့ တိုင်းပြည်အရေးကိုပဲ အလေးထားနေတာနေမှာ)

သူက တူကိုင်ထားသောလက်တစ်ဖက်ဖြင့် ကျီချန်းအားလက်ခါပြသည်။ ကျီချန်းက မေးမော့လိုက်ပြီး သူ၏အမူအရာကိုမေးလိုက်သည်။

"အဲ့တာက ဘာကိုပြောချင်တာလဲ။"

(အဲ့လိုကလည်းပြောလို့မရဘူး။ အကိုကျီချန်းမှာ မိန်းမတွေအများကြီးပဲ)

အန်းလုက ခေါင်းကုတ်လျက်ပင်

"ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ ကျီယွမ်တို့ရော အဆင်ပြေကြရဲ့လား။"

"အင်း...သူတို့ကတော့ အေးဆေးပါပဲ။ ကျီယွမ်က အရင်နှစ်က သားလေးတစ်ယောက်မွေးတယ်လေ။ နောက်တစ်လဆိုရင်ပဲ ကလေးကတစ်နှစ်ပြည့်ပြီ။"

"ဝိုး...ဝိုး...တိုးတတ်နေလိုက်တာ ကျီယွမ်တို့များ။ ဒါနဲ့သူရော အရင်အတိုင်းပဲလား။ ပြောင်းလဲသွားသေးလား။"

အန်းလု၏စကားကြောင့် ကျီချန်းကရယ်လိုက်သည်။

"ဘယ်ကသာ....နည်းနည်းလေးလောက်ပဲ...ပြောင်းသွားတာ။ မိခင်ဖြစ်လာလို့လည်းဖြစ်လိမ့်မယ်......... ကျန်တဲ့အချိုးတွေကတော့ မပြောင်းသေးဘူး။အဲ့တုန်းကဆို အကို့မှာ သူတို့ကိုနန်းတော်ကို မနည်းခေါ်လာခဲ့ရတယ်။ ပတ်ပြေးနေတာလေ... နောက်ဆုံးယောက်ဖပြောမှပဲ အဲ့ကောင်မလေး သဘောတူတော့တယ်.... "

"ထင်တယ်.... ထင်တယ်..... သူတိူ့နှစ်​ယောက်ရဲ့ပုံစံက သူများတွေထက်ကိုပိုထူးခြား​နေတာလေ။ တစ်ယောက်က တည်ငြိမ်ပြီး တစ်ယောက်က အမြဲတတ်ကြွနေတာ။ ဒါပေမဲ့ နှစ်ယောက်လုံးကတော့ သူ့ဟာနဲ့သူ ပျင်းစရာကောင်းမနေဘူး"

အန်းလုကတတ်တတ်ကြွကြွနှင့်ပင် ၀ါးတူကို ဝေ့ယမ်းလျက်ဆိုသည်။ ဘေးရှိ ချီရှန်းက ထပြောလေ၏။

"ကိုယ်တို့လည်းတူတူပဲ။"

နှစ်ဦးသားစကားကောင်းနေကြသည်မှာ ဘေးတွင်ရှိသော ချီရှန်းကိုပင်မေ့နေကြလေ၏။ အန်းလုက ချီရှန်း၏ စကားကိုကြားလေတော့ ချီရှန်းကိုကြည့်ကာ စလိုက်သည်။

" တကယ်ကြီးပေါ့........ တည်ငြိမ်သူ............. လူကြီးမင်း။"

"အဟမ်း........ ဟုတ်တယ်။"

ချီရှန်းက ခပ်တည်တည်ပင်ပြန်ဖြေလိုက်တာကြောင့် သူတို့ရှေ့တွင်ရှိသော ကျီချန်းက ထရယ်ပါလေတော့သည်။

"ဟားဟား.... ဟားဟား ။"

အန်းလုကတော့ ရယ်သံထွက်မလာပဲ ချီရှန်းကို သဘောကျစွာကြည့်နေရင်း ပြုံးစိစိဖြစ်နေလေသည်။

"မင်းက ဘာလို့ရယ်တာလဲ။ "

ချီရှန်းက ကျီချန်းအားချက်ချင်း ငေါက်လိုက်လေသည်။ ကျီချန်းက သူ၏ ရယ်သံကိုချက်ချင်းပိတ်လိုက်ပြီးနောက် နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး တစ်ယောက်ကိုတစ်ယောက် မျက်တောင်မခတ်တမ်းကြည့်နေလေ၏။ အန်းလုက တင်းမာလာသောအခြေအနေကို သိတာကြောင့် တခဏတော့ သူ၏ နေ့လည်စာကိုဆက်စားနေလိုက်သည်။ ပတ်ဝန်းကျင်၏ လေထုကအေးစက်သည့်အငွေ့အသက်သို့ရောက်ရှိနေလေသည်။ ချီရှန်းကပင် စကားစလိုက်၏။

"ချကြမလား။"

ကျီချန်းက သူ၏နှူတ်ခမ်းကိုကော့ညွှတ်ရုံသာပြုံးလိုက်ရင်း ဘေးရှိခုံပေါ်တွင်တင်ကာထားသော လက်ဆွဲတော်ဓားကို တမဟုတ်ချင်း ကောက်ကိုင်လိုက်သည်။

"ကောင်းတာပေါ့။ မတိုက်ခိုက်ရတာအတော်ကြာနေပြီပဲ။ တစ်ပွဲလောက်စမ်းကြတာပေါ့။"

"ကောင်းပြီ။ "

ချီရှန်းကလည်းဘေးနားတွင်ရှိသော သူ၏ အနက်ရောင်လက်ဆွဲတော်ဓားအား ဆွဲကိုင်လိုက်ရင်း နှစ်ယောက်သား တစ်ပြိုင်တည်း မတ်တပ်ကောက်ရပ်လိုက်ကြသည်။

"လာပြန်ပြီ........ တွေ့တာနဲ့ ဘာလို့ရန်ပဲဖြစ်နေကြတာလဲလို့........."

အန်းလုက လက်ထဲတွင်ကိုင်ထားသောတူအား စားပွဲပေါ်သို့ အသံမြည်သည်အထိရိုက်ချလိုက်သည်။ သူပါမတ်တပ်လိုက်ရပ်လိုက်သည့်အခါတွင် ထိုလူနှစ်ယောက်ကြားအလည်တွင်ပင် နစ်မြုပ်ပျောက်ကွယ်နေလေ၏။ အန်းလုက ချောင်းအသာဟန့်လိုက်ပြီး သူ၏ခြေဖျားအားအနည်းငယ်မြှောက်ကာ ခါးထောက်လျက်ပင် နှစ်ဖက်စလုံးအားတစ်လှည့်စီကြည့်လိုက်ပြီး

"အဟမ်း...တော်ကြတော့။ကလေးတွေလည်းမဟုတ်တော့ပဲနဲ့ဗျာ။"

"အရှင်....အသင့်ဖြစ်ပါပြီ။ စထွက်လို့ရပြီ။"

တစ်ပြိုင်တည်းပင် သူတို့နောက်မှထွက်ပေါ်လာသူက ရှောင်ရှင်းပင်။ ပြင်ပတွင်မြင်းများပြင်ဆင်ပြီးနောက် စတင်ထွက်ခွာ၍ရပြီဖြစ်ကြောင်း အသိလာပေးပုံရသည်။ တိုက်ခိုက်ရန်အသင့်ပြင်နေကြသော သူနှစ်ယောက်နှင့် အလည်တွင်ကြားညှပ်နေသော အန်းလုကိုမြင်လေတော့ ရှောင်ရှင်းကအခြေအနေကို နားလည်လိုက်ပုံရသည်။ သူက ချီရှန်းကို ဂါရဝပြုကာ

"ကျွန်တော် ဒီထဲကလူတွေကို ထွက်သွားခိုင်းဖို့ ဆိုင်ရှင်ကိုအသိပေးလိုက်ပါ့မယ်။"

"အမ်..."

အန်းလုက မျက်လုံးပင်ပြူးကျယ်သွားလေသည်။ရှောင်ရှင်းက တားဖို့မစဥ်းစားတဲ့အပြင် သူက လူသတ်ကွင်းနေရာကိုပါ နှစ်ဦးသားအတွက်စီစဥ်ပေးရန် ကြံစည်နေသေးသည်။

(ဒီကမ္ဘာကြီးမှာ ဘာတွေဖြစ်ပျက်နေတာလဲလို့)

ရှောင်ရှင်းအမှန်တကယ်ပင် လူများကိုရှင်းထုတ်ရန်အတွက် မလှမ်းမကမ်းတွင်ရှိသော ဆိုင်ရှင်သူဌေးဆီသို့ တန်းသွားရန်ပြင်လိုက်သည်။ အန်းလုက အမြန်ပင် လက်ကိုယမ်းလိုက်ပြီး

"ရပ်.....ရပ်...ရပ်ရပ်ရပ်..."

"ကိုယ်လုပ်တော်လု ဘာများခိုင်းစရာရှိလို့ပါလဲ။"

ရပ်တန့်သွားသော ရှောင်ရှင်း၏ဘေးနားသို့ အန်းလုက အမြန်ပင်ပြေးသွားလိုက်သည်။ ချီရှန်းနှင့် ကျီချန်းတို့ကတော့ ဓားရှည်ကိုယ်စီကိုင်ကာ တစ်ယောက်ကိုတစ်ယောက် ဆိုက်ကြည့်နေကြဆဲပင်။ အန်းလုက ရှောင်ရှင်းကိုတစ်ဖက်သိူ့ဆွဲခေါ်လိုက်ရင်း ခပ်တိုးတိုးပြောသည်။

" ရှောင်ရှင်း...အကိုကသူတို့ကိုထိန်းရမှာလေ။ ဘာလို့........လူမိုက်အားပေးလုပ်နေရတာလဲ။"

ရှောင်ရှင်းကအန်းလုကို ဂါရဝပြုလိုက်ရင်းဆိုသည်။

"သူတို့က အမြဲတိုက်ခိုက်နေကြပါ။ တွေ့တဲ့အချိန်တိုင်း မတိုက်ခိုက်ရရင် မနေတတ်ကြတော့လို့နောက်ပိုင်းကို ကျွန်တော်ကပဲ တခြားသူတွေမထိခိုက်အောင်အဓိကထားပြီး ပြင်ဆင်ပေးဖြစ်တာပါ။"

"အမလေး...သေပါပြီ။"

အန်းလုက သူ၏နှဖူးကိုပင် လက်ဖြင့်ပိတ်ရိုက်ချမိလိုက်သည်။ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ချီရှန်းတို့ဘက်ကိုသာ ပြန်သွားလိုက်ပြီး နှစ်ယောက်လုံးကိုခါးထောက်လျက်ကြည့်သည်။

"ကဲ...အကြည့်တိုက်ပွဲလုပ်နေတာတော်တော့။ မြင်းတွေအသင့်ဖြစ်နေပြီတဲ့ သွားကြမယ်။ လိုက်ချင်လိုက် မလိုက်ချင်လည်းနေခဲ့ကြတော့။

ရှောင်ရှင်း သွားကြမယ်။ ကျွန်တော့်နောက်ကလိုက်ခဲ့။"

အန်းလုက စကားပြောပြီးနောက် ချက်ချင်းပင် ထိုဆိုင်မှ ထွက်သွားလေတော့သည်။ ရှောင်ရှင်းကလည်းနှစ်ယောက်လုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှစ်ဦးစလုံးအား တလှည့်စီ ဂါရ၀ပြုကာ အန်းလုနောက်သိူ့လိုက်သွားလေတော့သည်။

" နောက်မှ သက်သက်ပွဲတစ်ခုလုပ်ပြီး ပြိုင်ကြတာပေါ့။ အခုက အရေးကြီးတဲ့ကိစ္စကို အရင်အလေးပေးမှရမယ်။"

"ကောင်းပြီ......... မျှော်နေမယ်။"

ချီရှန်းက ကျီချန်းအား ပြောလိုက်ပြီး ကျီချန်းကလည်းသဘောတူလိုက်သည်။ ထို့နောက်နှစ်ဦးသား အပြင်ဘက်သို့သာဦးတည်လာခဲ့တော့သည်။

.................................

ဝူနန်မြို့က ယွဲ့တိုင်းပြည်၏တောင်ဘက်အရပ်စွန်းစွန်းတွင် တည်ရှိသည်။ ဝူနန်ပြည်၏ ကျောနောက်ခံတွင် သဲကန္တာရတစ်ခုရှိသည်။ သိူ့သော်လည်းထိုမြို့သည် သာယာစည်ပင်ပြီး လူမျိုးပေါင်းစုံနေထိုင်ကာ စီးပွားရေးပင်လုပ်ကိုင်နေကြသေးသည်။ ယဥ်ကျေးမှုကအစ မတူညီသည့်အပြင်အဝတ်အစားအသွင်အ​ပြင်၊ စကားအပြောအဆို၊ ဆံပင်ပုံစံတို့ကပါ မသိမသာကွဲထွက်နေသည်။

အန်းလုက ဤသို့သောအရာများကိုမျက်တောင်မခပ်တန်းပင် လိုက်ကြည့်နေမိသည်။ တစ်ချို့သောလူများက ကုလားအုပ်များကို စီးနင်းနေကြသည်။ မိန်းကလေးများသည်ပင် ချိုက်အန်းကဲ့သို့ဝတ်စားဆင်ယင်သူများရှိသလို ဒူးအောက်အထိသာဖုံးကွယ်ထားသော ဂါဝန်ကဲ့သို့ရှုပ်ယှက်ခတ်သည့်ကြိုးများပါသည့် အဝတ်အစားများကိုအရောင်မျိုးစုံစပ်ကာ ဝတ်ဆင်ထားကြသည့် သူများလည်းရှိသည်။ ယောက်ျားသားများတစ်ချို့က ဦးခေါင်းအားအဝတ်စဖြင့် ပတ်ကာထားပြီး ခေါင်းဆောင်းသဖွယ်လုပ်ကာဆောင်း ထားကြသည်။ ကြည့်ရသည့်ပုံစံအရ အင်္ဂလိပ်လူမျိုးများ၊ နိုင်ငံရပ်ခြားလူမျိုးများပင် ထို စျေးတစ်လျောက်တွင် တစ်ယောက်စ၊ နှစ်ယောက်စ တွေ့ရနိုင်သေးသည်။

(ဒါ ဇာတ်ကားတွေထဲမှာပါတဲ့ သဲကန္တာရထဲက တိုင်းပြည်တွေဆိုတာပေါ့။ လှလိုက်တာ။)

"မင်္ဂလာပွဲက မနက်ဖြန်စမှာလား။"

ချီရှန်းက သူ၏ နောက်တွင်ရှိသောရှောင်ရှင်းအားလှည့်မေးလိုက်သည်။

"ဟုတ်ပါတယ်။ မနက်ဖြန် ညဘက်မှ စတင်မှာပါ။"

"ဟိုမှာကြည့်စမ်း။"

အန်းလုက ချီရှန်းတို့အား သူတို့နှင့်မလှမ်းမကမ်းတွင်ရှိသော လူများကြိတ်ကြိတ်တိုးနေသည့်နေရာ တစ်ခုကိုပြလိုက်သည်။ ချီရှန်းတို့တစ်ဖွဲ့လုံး အန်းလုညွှန်ပြသည့် ထိုနေရာအားကြည့်လိုက်ကြသည်။ စျေးတန်းတစ်လျောက် ဆူညံကာနေပြီး ထိုနေရာကပို၍ပင် လူစည်ကာဆူညံနေသေးသည်။ အန်းလုက သူ၏မြင်းကိုရပ်လိုက်ပြီး မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။

"အန်းလု ဖြေးဖြေးသွားလေ။"

ချီရှန်းကလှမ်းအော်လေ၏။ ထို့နောက်တွင်သူပါမြင်းပေါ်မှ ချက်ချင်းခုန်ဆင်းလိုက်ပြီး အန်းလုနောက်လိုက်ရလေတော့သည်။ ကျီချန်းနှင့် ရှောင်ရှင်းကတော့ တယောက်ကိုတစ်ယောက်ကြည့်ကာပင် မြင်းပေါ်၌သာ ဆက်ထိုင်နေလိုက်ကြသည်။

.........................

"မြန်မြန်လာ။ တစ်ခုခုပြပွဲလုပ်နေတာနေမှာ။"

အန်းလုက ချီရှန်း၏ လက်ကိုဆွဲကာ ထိုလူအုပ်ကြားတိုးဝှေ့ပြီး ရှေ့ဆုံးထိရောက်အောင်သွားလိုက်သည်။ လူများက ထိုတစ်စုံတစ်ခုအား ပတ်ပတ်လည်ဝိုင်းရံထားကြသည်။ အန်းလုတို့ရှေ့ဆုံးသို့ရောက်လေတော့ ထိုလူအုံနေရသည့်အကြောင်းကို သေချာမြင်တွေ့ရသည်။

၅ယောက် ၆ယောက်ခန့်လောက်ရှိသော လူများက ၎င်းတို့၏ သိုင်းပညာဖြင့် လူများအားဖျော်ဖြေကာ အလှူငွေကောက်ခံသည့် ပွဲပင်ဖြစ်သည်။ ယောက်ျားသားနှစ်ယောက်က ဓားတစ်ချောင်းနှင့် လှံတစ်ချောင်းအား ကိုယ်စီကိုင်ထားရင်း သိုင်းကွက်ပြနေကြသည်။ လေပေါ်တွင် ခုန်ဝဲလိုက်တိုင်း လူအများက သူတို့နှစ်ဦးအား လက်ခုပ်သြဘာပေးကြသည်။ မိန်းကလေး နှစ်ယောက်ကမူ မိမိတို့ကိုင်ဆောင်ထားသော မောင်း၏အတွင်းဘက်အခြမ်းကိုလှန်ကာ ဗန်းသဖွယ်ပြုလုပ်ရင်း အလှူငွေကောက်ခံနေကြလေ၏။ ကျန်အသက်ကြီးနေသည်ဟုထင်ရသော လူနှစ်ယောက်ကတော့ လက်နက်ပစ္စည်းများ၏ ဘေးအနောက်ဘက်တွင် ထိုင်ကာနေကြသည်။

"ကျွန်မတို့ကို စေတနာရှိသလောက် လှူဒါန်းပေးလို့ရပါတယ်။ လူကြီးမင်းတို့ အားလုံးကိုကျေးဇူးပါ။ "

သိုင်းကွက်ပြကစားခြင်းပြီးသွားလေတော့ မိန်းကလေးနှစ်ယောက်ကပင် ပတ်ပတ်လည်ရှိ လူများအား အလှူငွေကောက်ခံခြင်းကိုစတင်လိုက်သည်။ အန်းလုက ထိုလူနှစ်ယောက်၏ ပြကွက်များကိုကြည့်ပြီးနောက် သဘောကျစွာပင် တစ်ခြားသောလူများနှင့်အတူ လက်ခုပ်တီးသည်။

"ကောင်းတယ်...ကောင်းတယ်။ရှန်းရှန်း........ ငွေစ အိတ်ပေးအုန်း။"

ဘေးရှိ ချီရှန်းကအန်းလုကို သူ၏ခါးတွင်ချိတ်ကာထားသော ငွေစများ၊ အသပြာများ ထည့်ထားသည့် အိတ်ကလေးအားဖြုတ်ပေးလိုက်သည်။ အန်းလုက အိတ်ကိုဖွင့်လိုက်ပြီး လက်တစ်လုံးစာနီးပါးရှိသော ငွေတုံးလေးအား အိတ်ထဲမှထုတ်ကာ အလှူငွေလာခံသော ကောင်မလေး၏ မောင်းပေါ်သို့တင်ပေးလိုက်သည်။

" ကျေးဇူးပါ ။ ကျေးဇူးပါ ။ ကျေး..."

ကောင်မလေးက ခေါင်းကိုအသေငုံ့ကာ ကျေးဇူးတင်စကားကိုသာဆိုနေသော်လည်း သူ၏ အလှူခံမောင်းပေါ်သို့ ရုတ်တရက်ကျလာသော တန်ဖိုးကြီးသည့် ငွေတုံးကိုမြင်လေတော့ မျက်လုံးပြူးသွားလေသည်။ အလှူရှင်ကိုသိချင်တာကြောင့် သူမကချက်ချင်းမော့ကြည့်လိုက်မိသည်။ အန်းလုက သူမအားပြုံးလျက်ကြည့်နေလေ၏။ အန်းလု၏ဘေးတွင်ရပ်ကာနေသော ချီရှန်းကိုပါ သူမ၏ အကြည့်ကရောက်မိသွားသည်။ ချီရှန်းကိုမြင်လိုက်သည်နှင့် သူမကချက်ချင်းပင်ခေါင်းပြန်ငုံ့သွားလေ၏။ အန်းလုသည်ပင် သူမ၏ အပြုအမူကြောင့် ချီရှန်းအားလှည့်ကာမော့ကြည့်လိုက်မိသေးသည်။ ကောင်မလေးကတော့ သူတို့ရှိရာနှင့် ဝေးရာသို့ရောက်သွားလေပြီ။ အန်းလုကဆိုသည်။

"ရှန်းရှန်း... နည်းနည်းလေးလောက်တော့ သဘောကောင်းတဲ့ပုံစံလေး ဖမ်းကြည့်ပါအုန်းလား။ တွေ့လား သူများတွေတောင် ထွက်ပြေးကုန်ပြီ။ ပြုံး...ပြုံး။"

အန်းလုက ချီရှန်း၏ နှုတ်ခမ်းအစွန်းနှစ်ဖက်အား လက်နှစ်ဖက်ဖြင့် အတင်းအပေါ်သို့ တွန်းတင်နေသည်။ ချီရှန်းက လူအုပ်ကြားထဲတွင်ပင် အန်းလု၏လက်နှစ်ဖက်ကို ဆွဲဖမ်းလိုက်လေ၏။

"ကိုယ်က ကိုယ့်ရဲ့အပြုံးတွေကိုရော၊ ကိုယ့်ရဲ့အရာအားလုံးကိုပါ မင်းတစ်ယောက်တည်းကိုပဲပေးချင်တာ။ မင်းတယောက်တည်း အတွက်ပဲ....... "

သိုင်းကွက်ပြကစားနေသူများပင် နောက်ထပ်တမျိုးတစ်ဖုံ ကစားကွက်များကိုပြန်စတင်နေလေချေပြီ။ အန်းလုနှင့်ချီရှန်းတို့နှစ်ဦးသားကတော့ အကြည့်ချင်းဆုံကာ ထိုလူအုပ်ကြားထဲတွင်ပင် နှလုံးသားနှစ်စုံကတော့ စည်းချက်ညီစွာပင် တစ်ဒိန်းဒိန်းခုန်လျက် ကိုယ်ခန္တာတို့ကမူ ငြိမ်သက်နေကြလေတော့၏။

~~~~~~~~~~~~~~~~~~~~~~~~~

ဒဗယ် အပ်ပုဒိတ်ပါနော် >>>>😙😙

အပိုင္း ၁၈ ( မင္းတစ္ေယာက္တည္း အတြက္ပဲ)

"အဲ့ေတာ့ ဒီႏွစ္အတြင္း အခ်စ္ေရးအေျခအေနက"

အန္းလုက တူတစ္စုံကိုကိုင္ထားလ်က္ပင္ ေရွ႕တြင္ရွိေနေသာ က်ီခ်န္းအားေမးလိုက္သည္။ တစ္ျခားေသာအေၾကာင္းအရာမ်ားကေမးရန္ပင္မလိုအပ္ပါပဲ ျပည့္စုံေနသူတစ္ေယာက္ဆိုတာကိုသူသိသည္။ မိဖုရားမ်ား မ်ားျပားသေလာက္ အခုထိအခ်စ္ကိုမေတြ႕နိုင္ေသးသည့္ လူႀကီးတေယာက္ပါေပ။

က်ီခ်န္းက လက္ဖက္ရည္ေသာက္ေနခ်ိန္ျဖစ္တာေၾကာင့္ အန္းလု၏စကားကိုၾကားလိုက္ရသည့္အခါတြင္ ႐ုတ္တရက္လက္မ်ားသည္ ရပ္တန္႔သြားေလ၏။ ခ်ီရွန္းသည္ပင္ လွူပ္ရွားမွုက ခတၱရပ္တန္႔သြားေသးသည္။ သို႔ေသာ္လည္း ခ်က္ခ်င္းပင္ျပန္ထိန္းလိုက္ရင္း လုပ္လက္စအလုပ္ကိုသာ ဆက္လုပ္ေနလိုက္သည္။

က်ီခ်န္းကလည္း ေသာက္လက္စ လက္ဖက္ရည္ပန္းကန္လုံးေလးအား စားပြဲေပၚတြင္ျပန္ခ်လိုက္ၿပီး

"အဲ...မေတြ႕ေသးပါဘူး....... အခုထိေတာ့။"

က်ီခ်န္းက ေခါင္းကုတ္လ်က္ေျဖသည္။ အန္းလု၏ မ်က္ဝန္းမ်ားက အေရာင္ေတာက္ပေနေလ၏။

( သုံးဆယ္နားပဲနီးေနၿပီကို.....တေန႔ တေန႔ တိုင္းျပည္အေရးကိုပဲ အေလးထားေနတာေနမွာ)

သူက တူကိုင္ထားေသာလက္တစ္ဖက္ျဖင့္ က်ီခ်န္းအားလက္ခါျပသည္။ က်ီခ်န္းက ေမးေမာ့လိုက္ၿပီး သူ၏အမူအရာကိုေမးလိုက္သည္။

"အဲ့တာက ဘာကိုေျပာခ်င္တာလဲ။"

(အဲ့လိုကလည္းေျပာလို႔မရဘူး။ အကိုက်ီခ်န္းမွာ မိန္းမေတြအမ်ားႀကီးပဲ)

အန္းလုက ေခါင္းကုတ္လ်က္ပင္

"ဘာမွမဟုတ္ပါဘူး။ ဒါနဲ႔ က်ီယြမ္တို႔ေရာ အဆင္ေျပၾကရဲ့လား။"

"အင္း...သူတို႔ကေတာ့ ေအးေဆးပါပဲ။ က်ီယြမ္က အရင္ႏွစ္က သားေလးတစ္ေယာက္ေမြးတယ္ေလ။ ေနာက္တစ္လဆိုရင္ပဲ ကေလးကတစ္ႏွစ္ျပည့္ၿပီ။"

"ဝိုး...ဝိုး...တိုးတတ္ေနလိုက္တာ က်ီယြမ္တို႔မ်ား။ ဒါနဲ႔သူေရာ အရင္အတိုင္းပဲလား။ ေျပာင္းလဲသြားေသးလား။"

အန္းလု၏စကားေၾကာင့္ က်ီခ်န္းကရယ္လိုက္သည္။

"ဘယ္ကသာ....နည္းနည္းေလးေလာက္ပဲ...ေျပာင္းသြားတာ။ မိခင္ျဖစ္လာလို႔လည္းျဖစ္လိမ့္မယ္......... က်န္တဲ့အခ်ိဳးေတြကေတာ့ မေျပာင္းေသးဘူး။အဲ့တုန္းကဆို အကို႔မွာ သူတို႔ကိုနန္းေတာ္ကို မနည္းေခၚလာခဲ့ရတယ္။ ပတ္ေျပးေနတာေလ... ေနာက္ဆုံးေယာက္ဖေျပာမွပဲ အဲ့ေကာင္မေလး သေဘာတူေတာ့တယ္.... "

"ထင္တယ္.... ထင္တယ္..... သူတိူ႔ႏွစ္​ေယာက္ရဲ့ပုံစံက သူမ်ားေတြထက္ကိုပိုထူးျခား​ေနတာေလ။ တစ္ေယာက္က တည္ၿငိမ္ၿပီး တစ္ေယာက္က အျမဲတတ္ႂကြေနတာ။ ဒါေပမဲ့ ႏွစ္ေယာက္လုံးကေတာ့ သူ႔ဟာနဲ႔သူ ပ်င္းစရာေကာင္းမေနဘူး"

အန္းလုကတတ္တတ္ႂကြႂကြႏွင့္ပင္ ၀ါးတူကို ေဝ့ယမ္းလ်က္ဆိုသည္။ ေဘးရွိ ခ်ီရွန္းက ထေျပာေလ၏။

"ကိုယ္တို႔လည္းတူတူပဲ။"

ႏွစ္ဦးသားစကားေကာင္းေနၾကသည္မွာ ေဘးတြင္ရွိေသာ ခ်ီရွန္းကိုပင္ေမ့ေနၾကေလ၏။ အန္းလုက ခ်ီရွန္း၏ စကားကိုၾကားေလေတာ့ ခ်ီရွန္းကိုၾကည့္ကာ စလိုက္သည္။

" တကယ္ႀကီးေပါ့........ တည္ၿငိမ္သူ............. လူႀကီးမင္း။"

"အဟမ္း........ ဟုတ္တယ္။"

ခ်ီရွန္းက ခပ္တည္တည္ပင္ျပန္ေျဖလိုက္တာေၾကာင့္ သူတို႔ေရွ႕တြင္ရွိေသာ က်ီခ်န္းက ထရယ္ပါေလေတာ့သည္။

"ဟားဟား.... ဟားဟား ။"

အန္းလုကေတာ့ ရယ္သံထြက္မလာပဲ ခ်ီရွန္းကို သေဘာက်စြာၾကည့္ေနရင္း ျပဳံးစိစိျဖစ္ေနေလသည္။

"မင္းက ဘာလို႔ရယ္တာလဲ။ "

ခ်ီရွန္းက က်ီခ်န္းအားခ်က္ခ်င္း ေငါက္လိုက္ေလသည္။ က်ီခ်န္းက သူ၏ ရယ္သံကိုခ်က္ခ်င္းပိတ္လိုက္ၿပီးေနာက္ ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ၿပီး တစ္ေယာက္ကိုတစ္ေယာက္ မ်က္ေတာင္မခတ္တမ္းၾကည့္ေနေလ၏။ အန္းလုက တင္းမာလာေသာအေျခအေနကို သိတာေၾကာင့္ တခဏေတာ့ သူ၏ ေန႔လည္စာကိုဆက္စားေနလိုက္သည္။ ပတ္ဝန္းက်င္၏ ေလထုကေအးစက္သည့္အေငြ႕အသက္သို႔ေရာက္ရွိေနေလသည္။ ခ်ီရွန္းကပင္ စကားစလိုက္၏။

"ခ်ၾကမလား။"

က်ီခ်န္းက သူ၏ႏွူတ္ခမ္းကိုေကာ့ညႊတ္႐ုံသာျပဳံးလိုက္ရင္း ေဘးရွိခုံေပၚတြင္တင္ကာထားေသာ လက္ဆြဲေတာ္ဓားကို တမဟုတ္ခ်င္း ေကာက္ကိုင္လိုက္သည္။

"ေကာင္းတာေပါ့။ မတိုက္ခိုက္ရတာအေတာ္ၾကာေနၿပီပဲ။ တစ္ပြဲေလာက္စမ္းၾကတာေပါ့။"

"ေကာင္းၿပီ။ "

ခ်ီရွန္းကလည္းေဘးနားတြင္ရွိေသာ သူ၏ အနက္ေရာင္လက္ဆြဲေတာ္ဓားအား ဆြဲကိုင္လိုက္ရင္း ႏွစ္ေယာက္သား တစ္ၿပိဳင္တည္း မတ္တပ္ေကာက္ရပ္လိုက္ၾကသည္။

"လာျပန္ၿပီ........ ေတြ႕တာနဲ႔ ဘာလို႔ရန္ပဲျဖစ္ေနၾကတာလဲလို႔........."

အန္းလုက လက္ထဲတြင္ကိုင္ထားေသာတူအား စားပြဲေပၚသို႔ အသံျမည္သည္အထိရိုက္ခ်လိုက္သည္။ သူပါမတ္တပ္လိုက္ရပ္လိုက္သည့္အခါတြင္ ထိုလူႏွစ္ေယာက္ၾကားအလည္တြင္ပင္ နစ္ျမဳပ္ေပ်ာက္ကြယ္ေနေလ၏။ အန္းလုက ေခ်ာင္းအသာဟန္႔လိုက္ၿပီး သူ၏ေျခဖ်ားအားအနည္းငယ္ေျမႇာက္ကာ ခါးေထာက္လ်က္ပင္ ႏွစ္ဖက္စလုံးအားတစ္လွည့္စီၾကည့္လိုက္ၿပီး

"အဟမ္း...ေတာ္ၾကေတာ့။ကေလးေတြလည္းမဟုတ္ေတာ့ပဲနဲ႔ဗ်ာ။"

"အရွင္....အသင့္ျဖစ္ပါၿပီ။ စထြက္လို႔ရၿပီ။"

တစ္ၿပိဳင္တည္းပင္ သူတို႔ေနာက္မွထြက္ေပၚလာသူက ေရွာင္ရွင္းပင္။ ျပင္ပတြင္ျမင္းမ်ားျပင္ဆင္ၿပီးေနာက္ စတင္ထြက္ခြာ၍ရၿပီျဖစ္ေၾကာင္း အသိလာေပးပုံရသည္။ တိုက္ခိုက္ရန္အသင့္ျပင္ေနၾကေသာ သူႏွစ္ေယာက္ႏွင့္ အလည္တြင္ၾကားညႇပ္ေနေသာ အန္းလုကိုျမင္ေလေတာ့ ေရွာင္ရွင္းကအေျခအေနကို နားလည္လိုက္ပုံရသည္။ သူက ခ်ီရွန္းကို ဂါရဝျပဳကာ

"ကၽြန္ေတာ္ ဒီထဲကလူေတြကို ထြက္သြားခိုင္းဖို႔ ဆိုင္ရွင္ကိုအသိေပးလိုက္ပါ့မယ္။"

"အမ္..."

အန္းလုက မ်က္လုံးပင္ျပဴးက်ယ္သြားေလသည္။ေရွာင္ရွင္းက တားဖို႔မစဥ္းစားတဲ့အျပင္ သူက လူသတ္ကြင္းေနရာကိုပါ ႏွစ္ဦးသားအတြက္စီစဥ္ေပးရန္ ႀကံစည္ေနေသးသည္။

(ဒီကမၻာႀကီးမွာ ဘာေတြျဖစ္ပ်က္ေနတာလဲလို႔)

ေရွာင္ရွင္းအမွန္တကယ္ပင္ လူမ်ားကိုရွင္းထုတ္ရန္အတြက္ မလွမ္းမကမ္းတြင္ရွိေသာ ဆိုင္ရွင္သူေဌးဆီသို႔ တန္းသြားရန္ျပင္လိုက္သည္။ အန္းလုက အျမန္ပင္ လက္ကိုယမ္းလိုက္ၿပီး

"ရပ္.....ရပ္...ရပ္ရပ္ရပ္..."

"ကိုယ္လုပ္ေတာ္လု ဘာမ်ားခိုင္းစရာရွိလို႔ပါလဲ။"

ရပ္တန္႔သြားေသာ ေရွာင္ရွင္း၏ေဘးနားသို႔ အန္းလုက အျမန္ပင္ေျပးသြားလိုက္သည္။ ခ်ီရွန္းႏွင့္ က်ီခ်န္းတို႔ကေတာ့ ဓားရွည္ကိုယ္စီကိုင္ကာ တစ္ေယာက္ကိုတစ္ေယာက္ ဆိုက္ၾကည့္ေနၾကဆဲပင္။ အန္းလုက ေရွာင္ရွင္းကိုတစ္ဖက္သိူ႔ဆြဲေခၚလိုက္ရင္း ခပ္တိုးတိုးေျပာသည္။

" ေရွာင္ရွင္း...အကိုကသူတို႔ကိုထိန္းရမွာေလ။ ဘာလို႔........လူမိုက္အားေပးလုပ္ေနရတာလဲ။"

ေရွာင္ရွင္းကအန္းလုကို ဂါရဝျပဳလိုက္ရင္းဆိုသည္။

"သူတို႔က အျမဲတိုက္ခိုက္ေနၾကပါ။ ေတြ႕တဲ့အခ်ိန္တိုင္း မတိုက္ခိုက္ရရင္ မေနတတ္ၾကေတာ့လို႔ေနာက္ပိုင္းကို ကၽြန္ေတာ္ကပဲ တျခားသူေတြမထိခိုက္ေအာင္အဓိကထားၿပီး ျပင္ဆင္ေပးျဖစ္တာပါ။"

"အမေလး...ေသပါၿပီ။"

အန္းလုက သူ၏ႏွဖူးကိုပင္ လက္ျဖင့္ပိတ္ရိုက္ခ်မိလိုက္သည္။ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီးေနာက္ ခ်ီရွန္းတို႔ဘက္ကိုသာ ျပန္သြားလိုက္ၿပီး ႏွစ္ေယာက္လုံးကိုခါးေထာက္လ်က္ၾကည့္သည္။

"ကဲ...အၾကည့္တိုက္ပြဲလုပ္ေနတာေတာ္ေတာ့။ ျမင္းေတြအသင့္ျဖစ္ေနၿပီတဲ့ သြားၾကမယ္။ လိုက္ခ်င္လိုက္ မလိုက္ခ်င္လည္းေနခဲ့ၾကေတာ့။

ေရွာင္ရွင္း သြားၾကမယ္။ ကၽြန္ေတာ့္ေနာက္ကလိုက္ခဲ့။"

အန္းလုက စကားေျပာၿပီးေနာက္ ခ်က္ခ်င္းပင္ ထိုဆိုင္မွ ထြက္သြားေလေတာ့သည္။ ေရွာင္ရွင္းကလည္းႏွစ္ေယာက္လုံးကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ႏွစ္ဦးစလုံးအား တလွည့္စီ ဂါရ၀ျပဳကာ အန္းလုေနာက္သိူ႔လိုက္သြားေလေတာ့သည္။

" ေနာက္မွ သက္သက္ပြဲတစ္ခုလုပ္ၿပီး ၿပိဳင္ၾကတာေပါ့။ အခုက အေရးႀကီးတဲ့ကိစၥကို အရင္အေလးေပးမွရမယ္။"

"ေကာင္းၿပီ......... ေမၽွာ္ေနမယ္။"

ခ်ီရွန္းက က်ီခ်န္းအား ေျပာလိုက္ၿပီး က်ီခ်န္းကလည္းသေဘာတူလိုက္သည္။ ထို႔ေနာက္ႏွစ္ဦးသား အျပင္ဘက္သို႔သာဦးတည္လာခဲ့ေတာ့သည္။

.................................

ဝူနန္ၿမိဳ႕က ယြဲ႕တိုင္းျပည္၏ေတာင္ဘက္အရပ္စြန္းစြန္းတြင္ တည္ရွိသည္။ ဝူနန္ျပည္၏ ေက်ာေနာက္ခံတြင္ သဲကႏၲာရတစ္ခုရွိသည္။ သိူ႔ေသာ္လည္းထိုၿမိဳ႕သည္ သာယာစည္ပင္ၿပီး လူမ်ိဳးေပါင္းစုံေနထိုင္ကာ စီးပြားေရးပင္လုပ္ကိုင္ေနၾကေသးသည္။ ယဥ္ေက်းမွုကအစ မတူညီသည့္အျပင္အဝတ္အစားအသြင္အ​ျပင္၊ စကားအေျပာအဆို၊ ဆံပင္ပုံစံတို႔ကပါ မသိမသာကြဲထြက္ေနသည္။

အန္းလုက ဤသို႔ေသာအရာမ်ားကိုမ်က္ေတာင္မခပ္တန္းပင္ လိုက္ၾကည့္ေနမိသည္။ တစ္ခ်ိဳ႕ေသာလူမ်ားက ကုလားအုပ္မ်ားကို စီးနင္းေနၾကသည္။ မိန္းကေလးမ်ားသည္ပင္ ခ်ိဳက္အန္းကဲ့သို႔ဝတ္စားဆင္ယင္သူမ်ားရွိသလို ဒူးေအာက္အထိသာဖုံးကြယ္ထားေသာ ဂါဝန္ကဲ့သို႔ရွုပ္ယွက္ခတ္သည့္ႀကိဳးမ်ားပါသည့္ အဝတ္အစားမ်ားကိုအေရာင္မ်ိဳးစုံစပ္ကာ ဝတ္ဆင္ထားၾကသည့္ သူမ်ားလည္းရွိသည္။ ေယာက္်ားသားမ်ားတစ္ခ်ိဳ႕က ဦးေခါင္းအားအဝတ္စျဖင့္ ပတ္ကာထားၿပီး ေခါင္းေဆာင္းသဖြယ္လုပ္ကာေဆာင္း ထားၾကသည္။ ၾကည့္ရသည့္ပုံစံအရ အဂၤလိပ္လူမ်ိဳးမ်ား၊ နိုင္ငံရပ္ျခားလူမ်ိဳးမ်ားပင္ ထို ေစ်းတစ္ေလ်ာက္တြင္ တစ္ေယာက္စ၊ ႏွစ္ေယာက္စ ေတြ႕ရနိုင္ေသးသည္။

(ဒါ ဇာတ္ကားေတြထဲမွာပါတဲ့ သဲကႏၲာရထဲက တိုင္းျပည္ေတြဆိုတာေပါ့။ လွလိုက္တာ။)

"မဂၤလာပြဲက မနက္ျဖန္စမွာလား။"

ခ်ီရွန္းက သူ၏ ေနာက္တြင္ရွိေသာေရွာင္ရွင္းအားလွည့္ေမးလိုက္သည္။

"ဟုတ္ပါတယ္။ မနက္ျဖန္ ညဘက္မွ စတင္မွာပါ။"

"ဟိုမွာၾကည့္စမ္း။"

အန္းလုက ခ်ီရွန္းတို႔အား သူတို႔ႏွင့္မလွမ္းမကမ္းတြင္ရွိေသာ လူမ်ားႀကိတ္ႀကိတ္တိုးေနသည့္ေနရာ တစ္ခုကိုျပလိုက္သည္။ ခ်ီရွန္းတို႔တစ္ဖြဲ႕လုံး အန္းလုညႊန္ျပသည့္ ထိုေနရာအားၾကည့္လိုက္ၾကသည္။ ေစ်းတန္းတစ္ေလ်ာက္ ဆူညံကာေနၿပီး ထိုေနရာကပို၍ပင္ လူစည္ကာဆူညံေနေသးသည္။ အန္းလုက သူ၏ျမင္းကိုရပ္လိုက္ၿပီး ျမင္းေပၚမွ ခုန္ဆင္းလိုက္သည္။

"အန္းလု ေျဖးေျဖးသြားေလ။"

ခ်ီရွန္းကလွမ္းေအာ္ေလ၏။ ထို႔ေနာက္တြင္သူပါျမင္းေပၚမွ ခ်က္ခ်င္းခုန္ဆင္းလိုက္ၿပီး အန္းလုေနာက္လိုက္ရေလေတာ့သည္။ က်ီခ်န္းႏွင့္ ေရွာင္ရွင္းကေတာ့ တေယာက္ကိုတစ္ေယာက္ၾကည့္ကာပင္ ျမင္းေပၚ၌သာ ဆက္ထိုင္ေနလိုက္ၾကသည္။

.........................

"ျမန္ျမန္လာ။ တစ္ခုခုျပပြဲလုပ္ေနတာေနမွာ။"

အန္းလုက ခ်ီရွန္း၏ လက္ကိုဆြဲကာ ထိုလူအုပ္ၾကားတိုးေဝွ႕ၿပီး ေရွ႕ဆုံးထိေရာက္ေအာင္သြားလိုက္သည္။ လူမ်ားက ထိုတစ္စုံတစ္ခုအား ပတ္ပတ္လည္ဝိုင္းရံထားၾကသည္။ အန္းလုတို႔ေရွ႕ဆုံးသို႔ေရာက္ေလေတာ့ ထိုလူအုံေနရသည့္အေၾကာင္းကို ေသခ်ာျမင္ေတြ႕ရသည္။

၅ေယာက္ ၆ေယာက္ခန္႔ေလာက္ရွိေသာ လူမ်ားက ၎တို႔၏ သိုင္းပညာျဖင့္ လူမ်ားအားေဖ်ာ္ေျဖကာ အလွူေငြေကာက္ခံသည့္ ပြဲပင္ျဖစ္သည္။ ေယာက္်ားသားႏွစ္ေယာက္က ဓားတစ္ေခ်ာင္းႏွင့္ လွံတစ္ေခ်ာင္းအား ကိုယ္စီကိုင္ထားရင္း သိုင္းကြက္ျပေနၾကသည္။ ေလေပၚတြင္ ခုန္ဝဲလိုက္တိုင္း လူအမ်ားက သူတို႔ႏွစ္ဦးအား လက္ခုပ္ၾသဘာေပးၾကသည္။ မိန္းကေလး ႏွစ္ေယာက္ကမူ မိမိတို႔ကိုင္ေဆာင္ထားေသာ ေမာင္း၏အတြင္းဘက္အျခမ္းကိုလွန္ကာ ဗန္းသဖြယ္ျပဳလုပ္ရင္း အလွူေငြေကာက္ခံေနၾကေလ၏။ က်န္အသက္ႀကီးေနသည္ဟုထင္ရေသာ လူႏွစ္ေယာက္ကေတာ့ လက္နက္ပစၥည္းမ်ား၏ ေဘးအေနာက္ဘက္တြင္ ထိုင္ကာေနၾကသည္။

"ကၽြန္မတို႔ကို ေစတနာရွိသေလာက္ လွူဒါန္းေပးလို႔ရပါတယ္။ လူႀကီးမင္းတို႔ အားလုံးကိုေက်းဇူးပါ။ "

သိုင္းကြက္ျပကစားျခင္းၿပီးသြားေလေတာ့ မိန္းကေလးႏွစ္ေယာက္ကပင္ ပတ္ပတ္လည္ရွိ လူမ်ားအား အလွူေငြေကာက္ခံျခင္းကိုစတင္လိုက္သည္။ အန္းလုက ထိုလူႏွစ္ေယာက္၏ ျပကြက္မ်ားကိုၾကည့္ၿပီးေနာက္ သေဘာက်စြာပင္ တစ္ျခားေသာလူမ်ားႏွင့္အတူ လက္ခုပ္တီးသည္။

"ေကာင္းတယ္...ေကာင္းတယ္။ရွန္းရွန္း........ ေငြစ အိတ္ေပးအုန္း။"

ေဘးရွိ ခ်ီရွန္းကအန္းလုကို သူ၏ခါးတြင္ခ်ိတ္ကာထားေသာ ေငြစမ်ား၊ အသျပာမ်ား ထည့္ထားသည့္ အိတ္ကေလးအားျဖဳတ္ေပးလိုက္သည္။ အန္းလုက အိတ္ကိုဖြင့္လိုက္ၿပီး လက္တစ္လုံးစာနီးပါးရွိေသာ ေငြတုံးေလးအား အိတ္ထဲမွထုတ္ကာ အလွူေငြလာခံေသာ ေကာင္မေလး၏ ေမာင္းေပၚသို႔တင္ေပးလိုက္သည္။

" ေက်းဇူးပါ ။ ေက်းဇူးပါ ။ ေက်း..."

ေကာင္မေလးက ေခါင္းကိုအေသငုံ႔ကာ ေက်းဇူးတင္စကားကိုသာဆိုေနေသာ္လည္း သူ၏ အလွူခံေမာင္းေပၚသို႔ ႐ုတ္တရက္က်လာေသာ တန္ဖိုးႀကီးသည့္ ေငြတုံးကိုျမင္ေလေတာ့ မ်က္လုံးျပဴးသြားေလသည္။ အလွူရွင္ကိုသိခ်င္တာေၾကာင့္ သူမကခ်က္ခ်င္းေမာ့ၾကည့္လိုက္မိသည္။ အန္းလုက သူမအားျပဳံးလ်က္ၾကည့္ေနေလ၏။ အန္းလု၏ေဘးတြင္ရပ္ကာေနေသာ ခ်ီရွန္းကိုပါ သူမ၏ အၾကည့္ကေရာက္မိသြားသည္။ ခ်ီရွန္းကိုျမင္လိုက္သည္ႏွင့္ သူမကခ်က္ခ်င္းပင္ေခါင္းျပန္ငုံ႔သြားေလ၏။ အန္းလုသည္ပင္ သူမ၏ အျပဳအမူေၾကာင့္ ခ်ီရွန္းအားလွည့္ကာေမာ့ၾကည့္လိုက္မိေသးသည္။ ေကာင္မေလးကေတာ့ သူတို႔ရွိရာႏွင့္ ေဝးရာသို႔ေရာက္သြားေလၿပီ။ အန္းလုကဆိုသည္။

"ရွန္းရွန္း... နည္းနည္းေလးေလာက္ေတာ့ သေဘာေကာင္းတဲ့ပုံစံေလး ဖမ္းၾကည့္ပါအုန္းလား။ ေတြ႕လား သူမ်ားေတြေတာင္ ထြက္ေျပးကုန္ၿပီ။ ျပဳံး...ျပဳံး။"

အန္းလုက ခ်ီရွန္း၏ ႏွုတ္ခမ္းအစြန္းႏွစ္ဖက္အား လက္ႏွစ္ဖက္ျဖင့္ အတင္းအေပၚသို႔ တြန္းတင္ေနသည္။ ခ်ီရွန္းက လူအုပ္ၾကားထဲတြင္ပင္ အန္းလု၏လက္ႏွစ္ဖက္ကို ဆြဲဖမ္းလိုက္ေလ၏။

"ကိုယ္က ကိုယ့္ရဲ့အျပဳံးေတြကိုေရာ၊ ကိုယ့္ရဲ့အရာအားလုံးကိုပါ မင္းတစ္ေယာက္တည္းကိုပဲေပးခ်င္တာ။ မင္းတေယာက္တည္း အတြက္ပဲ....... "

သိုင္းကြက္ျပကစားေနသူမ်ားပင္ ေနာက္ထပ္တမ်ိဳးတစ္ဖုံ ကစားကြက္မ်ားကိုျပန္စတင္ေနေလေခ်ၿပီ။ အန္းလုႏွင့္ခ်ီရွန္းတို႔ႏွစ္ဦးသားကေတာ့ အၾကည့္ခ်င္းဆုံကာ ထိုလူအုပ္ၾကားထဲတြင္ပင္ ႏွလုံးသားႏွစ္စုံကေတာ့ စည္းခ်က္ညီစြာပင္ တစ္ဒိန္းဒိန္းခုန္လ်က္ ကိုယ္ခႏၲာတို႔ကမူ ၿငိမ္သက္ေနၾကေလေတာ့၏။

~~~~~~~~~~~~~~~~~~~~~~~~~

ဒဗယ္ အပ္ပုဒိတ္ပါေနာ္ >>>>😙😙

Continue Reading

You'll Also Like

1M 75.7K 80
#Original Author-Jijing Jun & Shou "လင်ထျန်းယွီ''သည်ကျောင်းသားကောင်စီခေါင်းဆောင်ဖြစ်သည်။ ရွှီဇယ်သည် အထက်တန်းပထမနှစ်ကျောင်းသား ဖြစ်သည်။ပုံမှန်အတန်းမျာ...
1M 142K 174
ကဲ..ဇာတ်လမ်း​လေးရဲ့ပုံစံကို ​ပြောပြမယ်​နော်🤗 ဥပ​ဒေ​ကျောင်းသား​တွေ ဖြစ်ကြတဲ့ အန်းနင်နဲ့ချင်​ဝေ့ဟန် သူတို့နှစ်​ယောက်က အခန်း​ဖော်အဖြစ် အတူ​နေထိုင်ရာက...
225K 21.1K 21
BLကို ဇာတ္လမ္း႐ွည္ တစ္ခါမွ မေရးဖူးပါဘူး အခုေတာ့ ဖန္တီး ၾကည့္တာေပါ့ မေကာင္းဘူး ဆိုလည္း မေကာင္းဘူး အဆင္ေျပပါတယ္ ဘာသာျပန္ထဲေတာ့ မထည့္ေပးနဲ႔ေနာ္ ?? တစ္...
84.5K 7.6K 62
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...