Unicode
အပိုင်း(၆.၂) ဇာတ်ကောင်အများကြီး ပေါ်လာပြီ
"ကျောက်ရန် သားတော်က ကိုယ့်ညီမတော်ကို ရေကန်ထဲတွန်းချတဲ့သူကိုကျ အပြစ်မပေးဘဲ ညီမတော်ကို အပြစ်ပေးတယ်ပေါ့လေ"
မယ်တော်ကြီး၏ ဒေါသဖြင့်ဆိုသော စကားကို ဧကရာဇ်ကျောက်ရန် ငြင်းပယ်လိုက်သည်။
"ရှောင်ဟွားက ညီမတော်ကို ထိခိုက်အောင် မလုပ်ပါဘူး...မယ်တော်ကြီး အထင်လွဲနေတာပါ...ကိုယ်တော်ပေးတဲ့ အပြစ်ဒဏ်က မှန်ကန်မျှတတဲ့ အပြစ်ဒဏ်ပါပဲ မယ်တော်ကြီး...ညီမတော် ရီရီကိုတောင် သက်ညှာတဲ့ အပြစ်ဒဏ်ပေးထားတာကို မယ်တော်ကြီးက ကိုယ်တော့်စီရင်ချက်က လွဲမှားနေတယ်လို့ ဆိုလိုချင်တာလား"
မင်းကြီး၏ အပြောအဆိုကြောင့် ရီဟွားစိတ်ထဲဇဝေဇဝါဖြစ်သွားရသည်။ မယ်တော်ကြီးနှင့် မင်းကြီးကြားတွင် ရင်းနှီးသော အရိပ်အယောင်လုံးဝမရှိသည့်အပြင် ရန်သူများနှင့်ပင် ပို၍တူနေသည်။ သူ မင်းကြီးနဲ့ မယ်တော်ကြီး ဇာတ်ကြောင်းထိရောက်အောင် မဖတ်ခဲ့ရသောကြောင့် သူတို့၏ သွေးသားတော်စပ်မှုအား သေချာစွာ မသိရှိပေ။
"ဝူရီဟွားက ရီရီကို တွန်းမချဘူးဆိုတာ သက်သေမပြနိုင်ဘဲနဲ့ သားတော်က စီရင်ချက်ချတာလေ...မယ်တော်က ဘယ်လိုလုပ်ယုံကြည်
ပေးရမှာလဲ"
"ကျွန်တော် သက်သေပြမယ်"
ရီဟွား သူတို့၏ စကားတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်လိုက်သောကြောင့် အားလုံး၏ အကြည့်သည် သူ့ဆီသို့ ကျရောက်လာသည်။
"မင်းက ဘယ်လိုသက်သေပြမှာလဲ"
မယ်တော်ကြီး အနောက်ရှိ အမတ်ဝတ်စုံဝတ်ထားသူသည်လည်း စကားဝိုင်းထဲသို့ ဝင်လာလေသည်။
"တံတားလက်ရန်းနားက ဖိနပ်ရာတွေကို ကြည့်လိုက်လေ...ဒီကိစ္စတွေ အားလုံးဖြစ်ပြီးတဲ့နောက်ကို အဲဒီနေရာ ဘယ်သူမှ မသွားထားဘူး...တံတားပေါ်မှာ သဲတွေရှိနေလို့ လောလောလတ်လတ် ဖိနပ်ရာတွေကျန်ရှိနေလိမ့်မယ်"
ရီဟွား ဦးဆောင်ပြီး တံတားလက်ရန်းနားသို့ သွားလိုက်၏။ သူ၏ နောက်တွင် အရေးပါသော ဇာတ်ကောင်များစွာ ပါလာကြသည်။
သူ ဆက်ပြောမည့် စကားတို့အား အားလုံးစိတ်ဝင်စားနေကြသော်လည်း မင်းကြီး၏ မျက်နှာထက်တွင်တော့ စိတ်ဝင်စားသောအချင်းအရာ စိုးစဉ်းမျှ မရှိပေ။ သူဆက်ပြောမည့်အကြောင်းအရာတို့အား သိနေသော ပုံစံပင်။
သူ ဖိနပ်ရာများကို ဦးတည်ပြောလိုက်စဉ်က ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးမျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ခဏတာပေါ်လာပြီးနောက် တည်ငြိမ်သွားကြသည်ကို ရီဟွားသတိထားမိလိုက်သည်။
'တော်သေးတယ်...နည်းနည်း ဉာဏ်မှီတဲ့ ဇာတ်ကောင်တွေရှိသေးလို့'
ရီဟွား တံတားလက်ရန်းနားရှိ ဖိနပ်ရာများကို ညွှန်ပြလိုက်သည်။
"ဖိနပ်ရာ နှစ်ခုကိုကြည့်လိုက်...လုံးဝမတူညီတာ တွေ့တယ်မလား...တစ်ခုကကြီးတယ်...ပြီးတော့ ပိုပြီးထင်ရှားတယ်...အဲဒီတစ်ခုကယောကျာ်းလေး ဖိနပ်ရာပဲ...သူ့ရဲ့ ရှေ့က ဖိနပ်ရာကို ကြည့်လိုက်...သေးတယ်...ဖိနပ်ရာကအရမ်းလည်း မထင်ရှားဘူး...ဖိနပ်ရာအချွန်းက ပထမဖိနပ်ရာဘက် ဦးတည်နေတယ်...အဲဒီဖိနပ်ရာတွေရဲ့ဘေးမှာ ပုံစံတူ ယှဉ်လျက် ဖိနပ်ရာတွေရှိတယ်"
ရီဟွား ရှင်းပြနေသည်အား ခဏရပ်ကာ ဆက်ပြောရန် အားယူလိုက်သည်။ အကုန်လုံးက သူစာရှင်းပြနေသည်အား နားထောင်နေသကဲ့သို့ နားစွင့်အာရုံစိုက်နေကြသည်။ ရုတ်တရက်ဆရာဖြစ်သွားသော ကိုယ့်ကိုကိုယ် ပြန်တွေးမိကာ ရီဟွား မြောက်တက်သွားရသည်။
"အဟမ်း...ဒါကိုကြည့်ရုံနဲ့ ယောကျာ်းလေး တစ်ယောက်က တံတားလက်ရန်းနားမှာ မတ်တပ်ရပ်နေပြီး သူ့ရဲ့ မျက်နှာချင်းဆိုင် ရှေ့တည့်တည့်မှာ မိန်းကလေးတစ်ယောက်ရှိနေတဲ့ပုံစံ...ပြီးတော့ ဆက်ကြည့်လိုက် မိန်းကလေး ဖိနပ်ခြေရာတွေက အများကြီးဆက်ရှိနေပြီး ဦးတည်ရာက ရေကန်ဘက်ကို ပြောင်းသွားတယ်...ယောကျာ်းလေး ဖိနပ်ခြေရာတွေကိုတော့ ဆက်မတွေ့ရဘူး...မိန်းကလေး ဖိနပ်ခြေရာဆုံးတဲ့နေရာကို ကြည့်လိုက် တံတားလက်ရန်းပေါ်မှာ တွေ့လား...ဦးတည်ရာက ရေကန်ဘက်...ဒီလောက်ဆို ကျွန်တော် သက်သေပြနိုင်ပြီထင်တယ်"
'Fuck!ဒါတောင် မသိကြအောင် ဒီက ဇာတ်ကောင်တွေရဲ့ IQက 80အောက်များ ရောက်နေကြတာလား...ဟိုက ရွှေမင်းသမီးကလည်း စွပ်စွဲချင်ဇောနဲ့ ရေကန်ထဲတောင် သူရဲကောင်းဆန်ဆန် လှလှပပ ခုန်ဆင်းသွားပြီးတော့ ထင်ရှားတဲ့သက်သေကြီးတွေကျ ထားသွားတယ်...ခေတ်ကမ္ဘာမှာ အဲလိုပုံစံမျိုးနဲ့ ပြစ်မှုကျူးလွန်လို့ကတော့ နေ့မကူးဘူး ထောင်ဝင်စာထမင်းစားနေရလောက်ပြီ'
သက်သေ ထင်ရှားနေသော်လည်း မယ်တော်ကြီးက လက်ခံချင်ပုံ မရသေးပေ။
"ဒီခြေရာလေးတွေလောက်နဲ့ သက်သေလို့ ပြောလို့မရသေးဘူး"
ရီဟွား လုံးဝ စိတ်ကုန်သွားချေပြီ။ သူ ဖန်တီးထားသော ဇာတ်ကောင်များ၏ ဉာဏ်ရည် လုံးဝနိမ့်ပါးနေသည်ကို မူလစာရေးသူသိလျှင် မည်သို့ခံစားနေရမည်နည်းဟု သူတွေးမိလိုက်သည်။
"မယ်တော်ကြီး တံတားမှာ လက်ရန်းတွေရှိတယ်...မင်းသမီးက ကျွန်တော် ရေကန်ထဲ တွန်းချပါတယ်လို့ သေချာစွပ်စွဲတယ်...မင်းသမီး မေးပါရစေ...လက်ရန်းအကာတွေ အကောင်းတိုင်းရှိနေတဲ့ တံတားပေါ်ကနေ မင်းသမီးကို ရေကန်ထဲ ကျွန်တော် ဘယ်လိုမျိုး တွန်းချလိုက်တာလဲ...လက်ရန်းတစ်ခုမှ ကျိုးပျက်ခြင်း ရှိမနေတာက ထူးဆန်းမနေဘူးလား"
ဒီလောက်ထင်ရှားနေသည့် အကြောင်းအရာကို ဇာချဲ့ကာ ပုံကြီးလုပ်နေသူများအားလုံး ပါးစပ်ပိတ်သွားကြသည်။ ဘာသက်သေမျှပင်မလိုသည်ကို သက်သေတောင်းနိုင်သူများအား တကယ်အံ့သြရသည်။ သူ့မှာ စူပါပါဝါတွေရှိနေပြီး လက်ရန်းမကြိုးအောင် အရှိန်ဖြင့်တွန်းချလိုက်သည်များ ထင်နေလေရော့သလား။
"ဟုတ်တယ် ရီရီ တွန်းချလိုက်တာ....ရီရီ အမှားကိုဝန်ခံတယ်...နန်းတွင်းစည်းမျဉ်းကို သွားကူးမယ်...ရပြီလား"
ရီဟွား ဘာဆိုဘာမျှ မပြောချင်တော့ပေ။ သူ့ဖာသာစွပ်စွဲ၊ သူ့ဖာသာဝန်ခံ၊ သူ့ဖာသာ အပြစ်ခံယူလိုက်သော တော်ဝင်မင်းသမီးသည် သူ့သဘောကျ အားလုံးအား စိတ်ဆိုးသော အမူအရာဖြင့် ထိုနေရာမှ စတင်ထွက်သွားလေတော့သည်။
သူ(မ) ထွက်သွားပြီးနောက် စိတ်ဆိုးသော အမူအရာဖြင့် မယ်တော်ကြီးလည်း ထွက်ခွာသွားပြီး သူ(မ) နောက်မှပါလာသော နောက်လိုက်နောက်ပါအားလုံးလည်း အတူတူလိုက်ပါသွားကြသည်။
ရီဟွား ဇဝေဇဝါပင် ဖြစ်သွားရ၏။ စွပ်စွဲခံရသူမှာ သူပေလား၊ သူတို့ပေလားဟူ၍။
"သူတို့ကို စိတ်ထဲထားနေစရာ မလိုဘူး ရှောင်ဟွား...သွားရအောင်"
ဒီတစ်ခါ တကယ်ထွက်သွားရန် ပြင်လိုက်စဉ်-
"အကိုတော် နေပါဦး"
'Fuck! ငါ တကယ် ဒီကနေ ထွက်သွားလို့ မရတော့ဘူးလား'
မင်းကြီးသည် ဝမ်ရယ်အား တင်းမာသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်ပြီး ရီဟွားသည်လည်း မကြည်ကြည့်ဖြင့် ကြည့်လိုက်သည်။
"ဟွားအယ် ခုတလော နေမကောင်းဘူး ကြားလို့ ကျွန်တော်နဲ့ ရှင်းရန် သွားပြီး အနှောင့်အယှက် မပေးဖြစ်ပါဘူး...ခုတလော ကျွန်တော်တို့ သူငယ်ချင်းတွေ မတွေ့ဆုံဖြစ်တာကြာတော့ ဆုံတုန်း စကားအေးအေးဆေးဆေးပြောရအောင် ဟွားအယ်ကို ခေါ်သွားခွင့်ပြုပါ"
ဝမ်ရယ်သည် ရိုသေလေးစားသော အမူအရာဖြင့် မင်းကြီးအား တောင်းဆိုလိုက်သော်လည်း ငြင်းပယ်ခြင်းခံလိုက်ရသည်။
"ဒီနေ့ ကိုယ်တော် ရှောင်ဟွားကို ဧည့်သည်တော်အဖြစ် နန်းတွင်းကို ဖိတ်ထားတယ်...ညီတော်တို့သူငယ်ချင်းတွေ ဆုံချင်ရင် နောက်နေ့မှဘဲ တွေ့
ဆုံလိုက်ကြပါ"
ထို့နောက် မင်းကြီးသည် ရီဟွားလက်ကို ဆွဲလျက်ပင် ထိုနေရာမှ ထွက်ခွာလိုက်လေသည်။ ရီဟွားလည်း နောက်ထပ် ထပ်တားသူ ပေါ်မလာစေရန် ခြေလှမ်းသွက်သွက်လှမ်းကာ အတူလိုက်ပါသွားတော့သည်။
ဝမ်ရယ်နှင့် ရှင်းရန်တို့လည်း ထွက်သွားသော မင်းကြီးနှင့် ရီဟွားအား အံအားသင့်၍ ကြည့်နေကြ၏။ သူတို့နှင့်အတူ ဥယျာဉ်တော်၌ ကျန်ခဲ့သော စစ်သူကြီးအား သတိထားမိလိုက်ပြီး ဝမ်ရယ်က သူသိချင်သည်အား ချက်ချင်းမေးမြန်းလိုက်သည်။
"အကိုတော်နဲ့ ဟွားအယ်က ဘယ်လိုရင်းနှီးသွားကြတာလဲ"
"ကျွန်တော်မျိုးလည်း သေချာ မသိပါဘူး ဝမ်ရယ်"
"ဟွားအယ်လည်း နေကောင်းပျောက်ပြီဆိုတော့ ကိုယ်တော် ရှင်းရန်နဲ့အတူ စစ်သူကြီးအိမ်တော်ကို အလည်လာခဲ့ပါဦးမယ်"
"မှန်လှပါ ဝမ်ရယ်...ကျွန်တော်မျိုးကို အိမ်တော်ပြန်ခွင့်ပြုပါဦး"
"ကောင်းပြီ"
စစ်သူကြီး၊ ဝမ်ရယ်နှင့် ရှင်းရန်တို့လည်း အသီးသီး လမ်းခွဲထွက်ခွာလိုက်ကြသည်။
မကြာမီက ပွဲတော်ကျင်းပသကဲ့သို့ လွန်စွာ စည်ကားသိုက်မြိုက်သွားခဲ့သော ဥယျာဉ်တော်သည် ယခုအခါ လူသူကင်းမဲ့စွာဖြင့် တိတ်ဆိတ်နေတော့သည်။
***********************
ရွှေရောင်အသုံးအဆောင်များဖြင့် လွန်စွာ ခမ်းနားလှသော နန်းဆောင်ထဲတွင်မူ တစ်ယောက်ကို တစ်ယောက် မရှုံးနိုင်သည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားကြသော လူနှစ်ယောက်သည် ရွှေရောင်စားပွဲဝိုင်းတွင် ထိုင်နေကြသည်။
"ရှောင်ဟွား...နောက်တစ်ခါ ခုလို မပြောမဆိုနဲ့ ကိုယ်တော့်ရှေ့က ပျောက်မသွားနဲ့"
"ကျွန်တော်ပြောသွားတယ်...အထိန်းတော်ချုပ်ကို မေးကြည့်...ဒါနဲ့ အထိန်းတော်ချုပ်ရော"
"အပြစ်ပေးဆောင်မှာ အပြစ်သွား ခံယူခိုင်းထားတယ်"
ရီဟွား အထိန်းတော်ချုပ်ကို အားနာသွားရသည်။ သူလည်း ပြသနာထိုမျှထိ ကြီးသွားလိမ့်မည်ဟု မထင်မိခဲ့။
"ကျွန်တော်ကြောင့်လား....ကျွန်တော့်ကြောင့်ဆို အပြစ်ကိုလျှော့ပေါ့ပေးလို့ မရဘူးလား မင်းကြီး"
"ကိုယ့်ကို ရှင်း လို့ပဲ ခေါ်ဖို့ပြောထားတယ်လေ"
မင်းကြီး၏ အသံအနည်းငယ် တင်းမာသယောင်ဖြစ်နေသောကြောင့် ရီဟွားချက်ချင်းပြောင်းလဲခေါ်ဆိုလိုက်သည်။
"ရှင်း...အထိန်းတော်ချုပ်ကို အပြစ်လျှော့ပေါ့ပေးလိုက်ပါလား"
ရီဟွား ရှင်းအား ထပ်၍ တောင်းဆိုလိုက်သည်။
"မရဘူး...သူ မှတ်လောက်အောင် အပြစ်ဒဏ်ခံယူသင့်တယ်....ဒါမှ နောက်ကျ မင်းထိခိုက်စေတဲ့ အဖြစ်မျိုး မဖြစ်အောင် သူစဉ်းစားနိုင်မှာ"
ရီဟွား ရှင်းအား ထပ်တောင်းဆိုလည်း ရနိုင်မည်မထင်သောကြောင့် ဘာမှဆက်မပြောတော့ချေ။ ရုတ်တရက်သူ၏ ခေါင်းထဲ ရှင်းသည်လည်း ရှင်းယွဲ့နတ်ဘုရားကိုးကွယ်သူဟူသော စကားက ဝင်ရောက်လာခဲ့သည်။
"ရှင်း...ရှင်းယွဲ့နတ်ဘုရား နတ်ဘုရားဖြစ်လာပုံကို သိလား"
သူ၏ မေးခွန်းကြောင့် ရှင်းသည် တည်ကြည်သော မျက်နှာထားဖြင့် သူ့အား စိုက်ကြည့်လာ၏။
"ရှောင်ဟွားက ဘာလို့သိချင်ရတာလဲ"
"ဒီတိုင်း ကျွန်တော်မသိလို့ မေးကြည့်တာပါ...ရှင်းများ သိမလားလို့"
"ကိုယ် ရှင်းယွဲ့နတ်ဘုရားအကြောင်းတော့ သေချာမသိဘူး...နတ်ဘုရားမ တစ်ပါးအကြောင်းတော့ ကိုယ်သိတာရှိတယ်...နားထောင်မလား"
ရီဟွား ခေါင်းငြိမ့်ပြပြီး အာရုံစူးစိုက် နားထောင်နေလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကပေါ့...နတ်ဘုရားမတစ်ပါးက လူသားကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့တယ်...သူ(မ)က ကောင်းကင်ရဲ့ မိုးကြိုးအပြစ်ဒဏ်ကို ခံယူပြီးတော့ လူသားနဲ့ အတူတူ နေထိုင်ခဲ့တယ်"
"နတ်ဘုရားမက အရမ်းချစ်တတ်တာပဲ"
ရီဟွား မနေနိုင်စွာ ကြားဖြတ်ဝင်ပြောလိုက်မိသည်။ ရှင်း စိတ်ဆိုးသွားသလားဟုတွေးကာ ကြည့်လိုက်တော့ ဘာမှဖြစ်ပုံမရသော ရှင်းကြောင့် သူ ငြိမ်ပြီး ဆက်နားထောင်နေလိုက်သည်။ ဆက်၍ ကြားဖြတ် မပြောမိရန်လည်း တွေးလိုက်မိသည်။
"ဒါပေမဲ့ သူ(မ) ထင်နေသလို လူသားကောင်လေးက သူ(မ)အပေါ် မချစ်ခဲ့ဘူး...သူ(မ) ကွယ်ရာမှာ လူသားမိန်းကလေးတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို တွေ့ရှိသွားခဲ့တယ်"
"သစ္စာဖောက်ခံလိုက်ရတာ...သူ(မ) အရမ်းခံစားရမှာဘဲ"
ရှင်းသည် သူ့အား စိုက်ကြည့်လာသောကြောင့် ရီဟွား ရယ်ပြလိုက်သည်။
"ဆက်ပြော ဆက်ပြော ကျွန်တော် ဝင်မပြောတော့ဘူး...ကတိပေးတယ်"
ပါးစပ်အား လက်နှင့်ပိတ်ထားသော အမူအရာဖြင့် ဆက်ပြောရန် ပြောလာသော ကောင်လေးကြောင့် ရှင်း ဆက်၍ပြောပြလိုက်သည်။
"သစ္စာဖောက်ခံလိုက်ရတဲ့ သူ(မ)က သူ(မ)ခင်ပွန်းလူသားနဲ့ ဖောက်ပြန်တဲ့ မိန်းကလေးတို့ကို သတ်ပစ်လိုက်ပြီး ဘယ်တော့မှ လူပြန်မဝင်စားနိုင်အောင် ကျိန်စာတိုက်လိုက်တယ်...ပြီးတော့ သူ(မ)က သူ(မ)ရဲ့ ဝိညာဉ်တွေကို အပိုင်းပိုင်း ခွဲပစ်လိုက်ပြီး သူ(မ)ရဲ့ ကိုယ်ကို လူသားကမ္ဘာမှာ အခါခါပြန်ဝင်စားစေခဲ့တယ်...ဆင်းရဲဒုက္ခတွေ ခံစားဖို့ အပြစ်ဒဏ်ကို သူ(မ) ကိုယ်တိုင်ခံယူခဲ့တယ်....
သူ(မ)ရဲ့ ဝိညာဉ်အပိုင်းအစတွေမှာ သူ(မ)ရဲ့ မှတ်ဉာဏ်တွေပါသွားခဲ့ပြီးတော့ သူ(မ)က လူသားအဖြစ်နဲ့ သေခြင်း ရှင်ခြင်း ဆင်းရဲဒုက္ခတွေခံယူခဲ့တယ်...ဘဝတစ်ခုပြီး တစ်ခုကူးပြောင်းနေခဲ့တယ်တဲ့....အဲဒါ ကိုယ်သိသလောက် နတ်ဘုရားမ အကြောင်းပဲ"
"ဒါဆို သူ(မ)က ဘယ်တော့မှ နတ်ဘုရားမ ပြန်ဖြစ်မလာနိုင်တော့ဘူးပေါ့"
ရီဟွား၏ အမေးကြောင့် ရှင်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"မဟုတ်ဘူး...သူ(မ)ရဲ့ ဝိညာဉ်အပိုင်းအစတွေ အကုန် စုစည်းနိုင်ပြီး သူ(မ) လူသားအဖြစ် ဝင်စားနေတဲ့ ခန္ဓာကိုယ်ထဲ ထည့်ပေးနိုင်ရင် သူ(မ)မှတ်ဉာဏ်တွေအကုန် ပြန်ရလိမ့်မယ်...အဲဒီအခါကျရင် သူ(မ)က နတ်ဘုရားမတစ်ပါး ပြန်ဖြစ်လာလိမ့်မယ်...သူ(မ) ကိုယ်တိုင် မှတ်ဉာဏ်တွေ မလိုချင်လောက်အောင်ထိ နာကျင်ခဲ့ရတော့ မှတ်ဉာဏ်တွေ ပြန်ရလာရင် သူ(မ) ခံစားနိုင်ပါ့မလားဆိုတာကတော့ စိုးရိမ်စရာပဲ"
ပြောပြနေသော ရှင်း၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုတို့ စွန်းထင်းနေသည်ကို ရီဟွား သတိထားမိလိုက်သည်။
"အဲဒါကြောင့် ပြောတာ အချစ်ကြီးလွန်းရင် မကောင်းဘူးတဲ့...ဘယ်သူမှ ကိုယ့်ကိုကိုယ်လောက် မကောင်းနိုင်ဘူး"
"ကိုယ်ကတော့ မင်းအပေါ် ကိုယ့်ကိုကိုယ်ထက် ပိုပြီးကောင်းပေးနိုင်တယ်"
ရှင်း အပြောကြောင့် ရီဟွား မျက်နှာမဲ့ပြလိုက်သည်။
ရှင်းက သူ့အားကြည့်ကာ သဘောကျစွာ ရယ်မောလာ၏။
"ကိုယ် စိုးရိမ်ပူပန်စိတ်တွေနဲ့ လမ်းပျောက်နေခဲ့တုန်းက ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ဖူးတယ်...အဲဒီကောင်လေးက ကိုယ့်ရှေ့ အကြွေစေ့တစ်စေ့ကို ကိုင်ပြီး ပန်းကျရင် ကိုယ်လုပ်ဆောင်မှာတွေကို မစိုးရိမ်ဘဲ ဆက်လုပ်ဖို့ပြောတယ်...ခေါင်းကျရင်တော့ ရပ်တန့်လိုက်ဆိုပြီးတော့ပေါ့...အကြွေစေ့က ပန်းကျလာပြီး ကိုယ်လည်း ဆက်လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တယ်...အဲဒီကောင်လေးက ဘယ်သူလို့ ထင်လဲ"
"ကျွန်တော်က ဘယ်သိမှာလဲ"
သူ မသိသည့်အကြောင်းအရာကို သူ့အားလာမေးနေသူကြောင့် ရီဟွား စိတ်ရှုပ်စွာ ပြန်ဖြေလိုက်သည်။
"မင်းပဲလေ...အဲဒီတုန်းက ကိုယ့်ကို စိုက်ကြည့်ပြီး အရမ်းချောလိုက်တာ ...ကိုယ့်လောက် ချောတဲ့သူ မမြင်ဖူးသေးဘူးလို့ပြောတယ်လေ...ပြီးတော့
ကြီးလာရင် ကိုယ့်ကို လက်ထပ်မယ်လို့တောင် ထပ်ပြောလိုက်သေးတယ်...မမှတ်မိတော့ဘူးလား"
'Fuck!အဲဒါ ကျွန်တော်မှ မဟုတ်တာ....မူလ ဝူရီဟွားလေ...ဝူရီဟွားကို အေးအေးဆေးဆေး နေတတ်တဲ့ ပျော့ညံ့တဲ့ကောင်လေး ထင်နေတာ...အဲလောက် နှာဘူးကျမယ် မထင်မိဘူး...အခုတော့ ငါလို့အထင်ခံနေရပြီ´
ရီဟွား အတွေးတို့အား ရပ်တန့်လိုက်သည်။
"ကျွန်တော် မမှတ်မိဘူး"
"အတိတ်မေ့သွားတာရဲ့ ဆိုးကျိုးအနေနဲ့ ခေါင်းကိုက်တာမျိုးတွေ ဖြစ်တတ်လား...ကိုယ် သမားတော် ခေါ်ပြီး စမ်းသပ်ခိုင်းရမလား"
"ရတယ်...ကျွန်တော် ဘာမှဆိုးဆိုးရွားရွား မဖြစ်ပါဘူး...ဒါနဲ့ ရှင်းယွဲ့ နတ်ဘုရားကို ရှင်း မြင်ဖူးလား...သူ့ရဲ့ ရုပ်ရည်က ဘယ်လိုပုံစံရှိလဲ"
ရှင်း၏ မျက်နှာအမူအရာသည် စနောက်ချင်သည့် ပုံစံဘက်သို့ ပြောင်းသွားသောကြောင့် ရီဟွားစိတ်ထဲ မေးမိခြင်းအား နောင်တရသွားရသည်။
"ကိုယ်တော့်လို ရုပ်ရည်မျိုးပဲ...တစ်ပုံစံထဲ...အရမ်းချောတာ"
သူ ထင်သည့်အတိုင်းပင် ပေါက်ကရအဖြေအား ပေးလာလေသည်။
"ရှင်း ပြသနာတွေလည်း ဖြစ်ထားတော့ အကိုကြီး ကျွန်တော့်ကို စိတ်ပူနေလောက်ပြီ...ကျွန်တော့်ကို အိမ်တော်ပြန်ခွင့်ပြုတော်မူပါ"
ရှင်းသည် သူ့အား ဆက်၍မစနောက်တော့ဘဲ ခေါင်းညိတ်ပြကာ ကုန်းကုန်းငယ် တစ်ယောက်အား ခေါ်၍ လိုက်ပို့စေလိုက်သည်။
ရီဟွား ထွက်သွားသောအခါ လူတစ်ယောက် နန်းဆောင်အလယ်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။
"အရှင်...သခင်လေး ရီဟွားကို ဘာလို့ အဲဒီအကြောင်းတွေ ပြောပြလိုက်ရတာလဲ"
အရှင်သည် သူ့ဘေးနားရှိ လူအား ကြည့်ရှုခြင်း အလျင်းမရှိဘဲ ပြတ်သားသော အသံဖြင့် ဖြေဆိုလိုက်သည်။
"ငါ သူ့ကို လျှို့ဝှက်ထားစရာ အကြောင်းမှ မရှိတာ"
ထို့နောက်တွင်မူ နန်းဆောင်တစ်ခုလုံး အပ်ကျသံမကြားလောက်အောင် တိတ်ဆိတ်သွားတော့သည်။
*********************
အမှောင်နန်းတော်ထဲတွင် အမှောင်နတ်ဘုရားသည် သူ၏ အရှေ့ရှိ လူအား စိုက်ကြည့်နေသည်။
"ဟိုင်ဝမ်...ဝူအိမ်တော် ဝင်ဖို့အစီအစဉ် သေချာစီစဉ်ထားရဲ့လား"
"သေချာစီစဉ်ထားပါတယ် အရှင်....ဝူစစ်သူကြီးရဲ့ ညီဝမ်းကွဲလေးက တောရွာမှာပဲ ကြီးပြင်းခဲ့ရတော့ ရုပ်ရည်သိရှိသူ အရမ်းရှားပါတယ်...သိရှိသူ အနည်းငယ်ရဲ့ မှတ်ဉာဏ်တွေကိုလည်း ပြောင်းလဲထားလိုက်ပါပြီ...အရှင် ဝူအိမ်တော်ကို အဲဒီကောင်လေးအဖြစ် ဝင်လို့ရပါတယ်"
သူ၏ အရှင်သည် သူ့ဆီမှ အကြည့်မလွှဲဘဲ မေးခွန်းဆက်မေးလာသည်။
"အဲဒီကောင်လေးကရော"
"ခဏတာ အိပ်ပျော်အောင် လုပ်ထားပါတယ် အရှင်...မွေးရာပါ နှလုံးရောဂါသည်မို့ သက်တမ်းအများကြီး မရှည်နိုင်ပါဘူး"
"သေခြင်း၊ ရှင်ခြင်းဆိုတာ လူသားတိုင်းကြုံတွေ့ရမယ့် ဒုက္ခဆင်းရဲပဲ...အဲဒါတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်သွားတဲ့ သူ(မ)က တကယ်အံ့သြဖို့ကောင်းတယ်...ငါက သူ(မ)ရဲ့ အရင်းနှီးဆုံးလူ ဖြစ်ပေမဲ့ တခါတလေ သူမကို တကယ်နားမလည်နိုင်ဘူး"
အမှောင်နတ်ဘုရား၏ မျက်ဝန်းများသည် စိတ်ရှုပ်ထွေးစွာ ရီဝေနေသည်ကို ဟိုင်ဝမ် ငေးကြည့်ရင်း သူသည်လည်း အရှင့် နည်းတူ ဝမ်းနည်းမှုတို့အား ခံစားလာရတော့သည်။
********************
Zawgyi
အပိုင္း(၆.၂) ဇာတ္ေကာင္အမ်ားႀကီး ေပၚလာၿပီ
"ေက်ာက္ရန္ သားေတာ္က ကိုယ့္ညီမေတာ္ကို ေရကန္ထဲတြန္းခ်တဲ့သူကိုက် အျပစ္မေပးဘဲ ညီမေတာ္ကို အျပစ္ေပးတယ္ေပါ့ေလ"
မယ္ေတာ္ႀကီး၏ ေဒါသျဖင့္ဆိုေသာ စကားကို ဧကရာဇ္ေက်ာက္ရန္ ျငင္းပယ္လိုက္သည္။
"ေရွာင္ဟြားက ညီမေတာ္ကို ထိခိုက္ေအာင္ မလုပ္ပါဘူး...မယ္ေတာ္ႀကီး အထင္လြဲေနတာပါ...ကိုယ္ေတာ္ေပးတဲ့ အျပစ္ဒဏ္က မွန္ကန္မွ်တတဲ့ အျပစ္ဒဏ္ပါပဲ မယ္ေတာ္ႀကီး...ညီမေတာ္ ရီရီကိုေတာင္ သက္ညွာတဲ့ အျပစ္ဒဏ္ေပးထားတာကို မယ္ေတာ္ႀကီးက ကိုယ္ေတာ့္စီရင္ခ်က္က လြဲမွားေနတယ္လို႔ ဆိုလိုခ်င္တာလား"
မင္းႀကီး၏ အေျပာအဆိုေၾကာင့္ ရီဟြားစိတ္ထဲဇေဝဇဝါျဖစ္သြားရသည္။ မယ္ေတာ္ႀကီးႏွင့္ မင္းႀကီးၾကားတြင္ ရင္းႏွီးေသာ အရိပ္အေယာင္လုံးဝမရွိသည့္အျပင္ ရန္သူမ်ားႏွင့္ပင္ ပို၍တူေနသည္။ သူ မင္းႀကီးနဲ႕ မယ္ေတာ္ႀကီး ဇာတ္ေၾကာင္းထိေရာက္ေအာင္ မဖတ္ခဲ့ရေသာေၾကာင့္ သူတို႔၏ ေသြးသားေတာ္စပ္မႈအား ေသခ်ာစြာ မသိရွိေပ။
"ဝူရီဟြားက ရီရီကို တြန္းမခ်ဘဴးဆိုတာ သက္ေသမျပနိုင္ဘဲနဲ႕ သားေတာ္က စီရင္ခ်က္ခ်တာေလ...မယ္ေတာ္က ဘယ္လိုလုပ္ယုံၾကည္
ေပးရမွာလဲ"
"ကြၽန္ေတာ္ သက္ေသျပမယ္"
ရီဟြား သူတို႔၏ စကားတိုက္ပြဲတြင္ ဝင္ေရာက္စြက္ဖက္လိုက္ေသာေၾကာင့္ အားလုံး၏ အၾကည့္သည္ သူ႕ဆီသို႔ က်ေရာက္လာသည္။
"မင္းက ဘယ္လိုသက္ေသျပမွာလဲ"
မယ္ေတာ္ႀကီး အေနာက္ရွိ အမတ္ဝတ္စုံဝတ္ထားသူသည္လည္း စကားဝိုင္းထဲသို႔ ဝင္လာေလသည္။
"တံတားလက္ရန္းနားက ဖိနပ္ရာေတြကို ၾကည့္လိုက္ေလ...ဒီကိစၥေတြ အားလုံးျဖစ္ၿပီးတဲ့ေနာက္ကို အဲဒီေနရာ ဘယ္သူမွ မသြားထားဘူး...တံတားေပၚမွာ သဲေတြရွိေနလို႔ ေလာေလာလတ္လတ္ ဖိနပ္ရာေတြက်န္ရွိေနလိမ့္မယ္"
ရီဟြား ဦးေဆာင္ၿပီး တံတားလက္ရန္းနားသို႔ သြားလိုက္၏။ သူ၏ ေနာက္တြင္ အေရးပါေသာ ဇာတ္ေကာင္မ်ားစြာ ပါလာၾကသည္။
သူ ဆက္ေျပာမည့္ စကားတို႔အား အားလုံးစိတ္ဝင္စားေနၾကေသာ္လည္း မင္းႀကီး၏ မ်က္ႏွာထက္တြင္ေတာ့ စိတ္ဝင္စားေသာအခ်င္းအရာ စိုးစဥ္းမွ် မရွိေပ။ သူဆက္ေျပာမည့္အေၾကာင္းအရာတို႔အား သိေနေသာ ပုံစံပင္။
သူ ဖိနပ္ရာမ်ားကို ဦးတည္ေျပာလိုက္စဥ္က ဇာတ္လိုက္မင္းသားနဲ႕ မင္းသမီးမ်က္ႏွာတြင္ စိတ္လႈပ္ရွားမႈတို႔ ခဏတာေပၚလာၿပီးေနာက္ တည္ၿငိမ္သြားၾကသည္ကို ရီဟြားသတိထားမိလိုက္သည္။
'ေတာ္ေသးတယ္...နည္းနည္း ဉာဏ္မွီတဲ့ ဇာတ္ေကာင္ေတြရွိေသးလို႔'
ရီဟြား တံတားလက္ရန္းနားရွိ ဖိနပ္ရာမ်ားကို ၫႊန္ျပလိုက္သည္။
"ဖိနပ္ရာ ႏွစ္ခုကိုၾကည့္လိုက္...လုံးဝမတူညီတာ ေတြ႕တယ္မလား...တစ္ခုကႀကီးတယ္...ၿပီးေတာ့ ပိုၿပီးထင္ရွားတယ္...အဲဒီတစ္ခုကေယာက်ာ္းေလး ဖိနပ္ရာပဲ...သူ႕ရဲ႕ ေရွ႕က ဖိနပ္ရာကို ၾကည့္လိုက္...ေသးတယ္...ဖိနပ္ရာကအရမ္းလည္း မထင္ရွားဘူး...ဖိနပ္ရာအခြၽန္းက ပထမဖိနပ္ရာဘက္ ဦးတည္ေနတယ္...အဲဒီဖိနပ္ရာေတြရဲ႕ေဘးမွာ ပုံစံတူ ယွဥ္လ်က္ ဖိနပ္ရာေတြရွိတယ္"
ရီဟြား ရွင္းျပေနသည္အား ခဏရပ္ကာ ဆက္ေျပာရန္ အားယူလိုက္သည္။ အကုန္လုံးက သူစာရွင္းျပေနသည္အား နားေထာင္ေနသကဲ့သို႔ နားစြင့္အာ႐ုံစိုက္ေနၾကသည္။ ႐ုတ္တရက္ဆရာျဖစ္သြားေသာ ကိုယ့္ကိုကိုယ္ ျပန္ေတြးမိကာ ရီဟြား ေျမာက္တက္သြားရသည္။
"အဟမ္း...ဒါကိုၾကည့္႐ုံနဲ႕ ေယာက်ာ္းေလး တစ္ေယာက္က တံတားလက္ရန္းနားမွာ မတ္တပ္ရပ္ေနၿပီး သူ႕ရဲ႕ မ်က္ႏွာခ်င္းဆိုင္ ေရွ႕တည့္တည့္မွာ မိန္းကေလးတစ္ေယာက္ရွိေနတဲ့ပုံစံ...ၿပီးေတာ့ ဆက္ၾကည့္လိုက္ မိန္းကေလး ဖိနပ္ေျခရာေတြက အမ်ားႀကီးဆက္ရွိေနၿပီး ဦးတည္ရာက ေရကန္ဘက္ကို ေျပာင္းသြားတယ္...ေယာက်ာ္းေလး ဖိနပ္ေျခရာေတြကိုေတာ့ ဆက္မေတြ႕ရဘူး...မိန္းကေလး ဖိနပ္ေျခရာဆုံးတဲ့ေနရာကို ၾကည့္လိုက္ တံတားလက္ရန္းေပၚမွာ ေတြ႕လား...ဦးတည္ရာက ေရကန္ဘက္...ဒီေလာက္ဆို ကြၽန္ေတာ္ သက္ေသျပနိုင္ၿပီထင္တယ္"
'Fuck!ဒါေတာင္ မသိၾကေအာင္ ဒီက ဇာတ္ေကာင္ေတြရဲ႕ IQက 80ေအာက္မ်ား ေရာက္ေနၾကတာလား...ဟိုက ေ႐ႊမင္းသမီးကလည္း စြပ္စြဲခ်င္ေဇာနဲ႕ ေရကန္ထဲေတာင္ သူရဲေကာင္းဆန္ဆန္ လွလွပပ ခုန္ဆင္းသြားၿပီးေတာ့ ထင္ရွားတဲ့သက္ေသႀကီးေတြက် ထားသြားတယ္...ေခတ္ကမၻာမွာ အဲလိုပုံစံမ်ိဳးနဲ႕ ျပစ္မႈက်ဴးလြန္လို႔ကေတာ့ ေန႕မကူးဘူး ေထာင္ဝင္စာထမင္းစားေနရေလာက္ၿပီ'
သက္ေသ ထင္ရွားေနေသာ္လည္း မယ္ေတာ္ႀကီးက လက္ခံခ်င္ပုံ မရေသးေပ။
"ဒီေျခရာေလးေတြေလာက္နဲ႕ သက္ေသလို႔ ေျပာလို႔မရေသးဘူး"
ရီဟြား လုံးဝ စိတ္ကုန္သြားေခ်ၿပီ။ သူ ဖန္တီးထားေသာ ဇာတ္ေကာင္မ်ား၏ ဉာဏ္ရည္ လုံးဝနိမ့္ပါးေနသည္ကို မူလစာေရးသူသိလွ်င္ မည္သို႔ခံစားေနရမည္နည္းဟု သူေတြးမိလိုက္သည္။
"မယ္ေတာ္ႀကီး တံတားမွာ လက္ရန္းေတြရွိတယ္...မင္းသမီးက ကြၽန္ေတာ္ ေရကန္ထဲ တြန္းခ်ပါတယ္လို႔ ေသခ်ာစြပ္စြဲတယ္...မင္းသမီး ေမးပါရေစ...လက္ရန္းအကာေတြ အေကာင္းတိုင္းရွိေနတဲ့ တံတားေပၚကေန မင္းသမီးကို ေရကန္ထဲ ကြၽန္ေတာ္ ဘယ္လိုမ်ိဳး တြန္းခ်လိဳက္တာလဲ...လက္ရန္းတစ္ခုမွ က်ိဳးပ်က္ျခင္း ရွိမေနတာက ထူးဆန္းမေနဘူးလား"
ဒီေလာက္ထင္ရွားေနသည့္ အေၾကာင္းအရာကို ဇာခ်ဲ့ကာ ပုံႀကီးလုပ္ေနသူမ်ားအားလုံး ပါးစပ္ပိတ္သြားၾကသည္။ ဘာသက္ေသမွ်ပင္မလိုသည္ကို သက္ေသေတာင္းနိုင္သူမ်ားအား တကယ္အံ့ၾသရသည္။ သူ႕မွာ စူပါပါဝါေတြရွိေနၿပီး လက္ရန္းမႀကိဳးေအာင္ အရွိန္ျဖင့္တြန္းခ်လိဳက္သည္မ်ား ထင္ေနေလေရာ့သလား။
"ဟုတ္တယ္ ရီရီ တြန္းခ်လိဳက္တာ....ရီရီ အမွားကိုဝန္ခံတယ္...နန္းတြင္းစည္းမ်ဥ္းကို သြားကူးမယ္...ရၿပီလား"
ရီဟြား ဘာဆိုဘာမွ် မေျပာခ်င္ေတာ့ေပ။ သူ႕ဖာသာစြပ္စြဲ၊ သူ႕ဖာသာဝန္ခံ၊ သူ႕ဖာသာ အျပစ္ခံယူလိုက္ေသာ ေတာ္ဝင္မင္းသမီးသည္ သူ႕သေဘာက် အားလုံးအား စိတ္ဆိုးေသာ အမူအရာျဖင့္ ထိုေနရာမွ စတင္ထြက္သြားေလေတာ့သည္။
သူ(မ) ထြက္သြားၿပီးေနာက္ စိတ္ဆိုးေသာ အမူအရာျဖင့္ မယ္ေတာ္ႀကီးလည္း ထြက္ခြာသြားၿပီး သူ(မ) ေနာက္မွပါလာေသာ ေနာက္လိုက္ေနာက္ပါအားလုံးလည္း အတူတူလိုက္ပါသြားၾကသည္။
ရီဟြား ဇေဝဇဝါပင္ ျဖစ္သြားရ၏။ စြပ္စြဲခံရသူမွာ သူေပလား၊ သူတို႔ေပလားဟူ၍။
"သူတို႔ကို စိတ္ထဲထားေနစရာ မလိုဘူး ေရွာင္ဟြား...သြားရေအာင္"
ဒီတစ္ခါ တကယ္ထြက္သြားရန္ ျပင္လိုက္စဥ္-
"အကိုေတာ္ ေနပါဦး"
'Fuck! ငါ တကယ္ ဒီကေန ထြက္သြားလို႔ မရေတာ့ဘူးလား'
မင္းႀကီးသည္ ဝမ္ရယ္အား တင္းမာေသာ မ်က္ႏွာထားျဖင့္ လွည့္ၾကည့္လိုက္ၿပီး ရီဟြားသည္လည္း မၾကည္ၾကည့္ျဖင့္ ၾကည့္လိုက္သည္။
"ဟြားအယ္ ခုတေလာ ေနမေကာင္းဘူး ၾကားလို႔ ကြၽန္ေတာ္နဲ႕ ရွင္းရန္ သြားၿပီး အႏွောင့္အယွက္ မေပးျဖစ္ပါဘူး...ခုတေလာ ကြၽန္ေတာ္တို႔ သူငယ္ခ်င္းေတြ မေတြ႕ဆုံျဖစ္တာၾကာေတာ့ ဆုံတုန္း စကားေအးေအးေဆးေဆးေျပာရေအာင္ ဟြားအယ္ကို ေခၚသြားခြင့္ျပဳပါ"
ဝမ္ရယ္သည္ ရိုေသေလးစားေသာ အမူအရာျဖင့္ မင္းႀကီးအား ေတာင္းဆိုလိုက္ေသာ္လည္း ျငင္းပယ္ျခင္းခံလိုက္ရသည္။
"ဒီေန႕ ကိုယ္ေတာ္ ေရွာင္ဟြားကို ဧည့္သည္ေတာ္အျဖစ္ နန္းတြင္းကို ဖိတ္ထားတယ္...ညီေတာ္တို႔သူငယ္ခ်င္းေတြ ဆုံခ်င္ရင္ ေနာက္ေန႕မွဘဲ ေတြ႕
ဆုံလိုက္ၾကပါ"
ထို႔ေနာက္ မင္းႀကီးသည္ ရီဟြားလက္ကို ဆြဲလ်က္ပင္ ထိုေနရာမွ ထြက္ခြာလိုက္ေလသည္။ ရီဟြားလည္း ေနာက္ထပ္ ထပ္တားသူ ေပၚမလာေစရန္ ေျခလွမ္းသြက္သြက္လွမ္းကာ အတူလိုက္ပါသြားေတာ့သည္။
ဝမ္ရယ္ႏွင့္ ရွင္းရန္တို႔လည္း ထြက္သြားေသာ မင္းႀကီးႏွင့္ ရီဟြားအား အံအားသင့္၍ ၾကည့္ေနၾက၏။ သူတို႔ႏွင့္အတူ ဥယ်ာဥ္ေတာ္၌ က်န္ခဲ့ေသာ စစ္သူႀကီးအား သတိထားမိလိုက္ၿပီး ဝမ္ရယ္က သူသိခ်င္သည္အား ခ်က္ခ်င္းေမးျမန္းလိုက္သည္။
"အကိုေတာ္နဲ႕ ဟြားအယ္က ဘယ္လိုရင္းႏွီးသြားၾကတာလဲ"
"ကြၽန္ေတာ္မ်ိဳးလည္း ေသခ်ာ မသိပါဘူး ဝမ္ရယ္"
"ဟြားအယ္လည္း ေနေကာင္းေပ်ာက္ၿပီဆိုေတာ့ ကိုယ္ေတာ္ ရွင္းရန္နဲ႕အတူ စစ္သူႀကီးအိမ္ေတာ္ကို အလည္လာခဲ့ပါဦးမယ္"
"မွန္လွပါ ဝမ္ရယ္...ကြၽန္ေတာ္မ်ိဳးကို အိမ္ေတာ္ျပန္ခြင့္ျပဳပါဦး"
"ေကာင္းၿပီ"
စစ္သူႀကီး၊ ဝမ္ရယ္ႏွင့္ ရွင္းရန္တို႔လည္း အသီးသီး လမ္းခြဲထြက္ခြာလိုက္ၾကသည္။
မၾကာမီက ပြဲေတာ္က်င္းပသကဲ့သို႔ လြန္စြာ စည္ကားသိုက္ၿမိဳက္သြားခဲ့ေသာ ဥယ်ာဥ္ေတာ္သည္ ယခုအခါ လူသူကင္းမဲ့စြာျဖင့္ တိတ္ဆိတ္ေနေတာ့သည္။
***********************
ေ႐ႊေရာင္အသုံးအေဆာင္မ်ားျဖင့္ လြန္စြာ ခမ္းနားလွေသာ နန္းေဆာင္ထဲတြင္မူ တစ္ေယာက္ကို တစ္ေယာက္ မရႈံးနိုင္သည့္ ႐ုပ္ရည္ကို ပိုင္ဆိုင္ထားၾကေသာ လူႏွစ္ေယာက္သည္ ေ႐ႊေရာင္စားပြဲဝိုင္းတြင္ ထိုင္ေနၾကသည္။
"ေရွာင္ဟြား...ေနာက္တစ္ခါ ခုလို မေျပာမဆိုနဲ႕ ကိုယ္ေတာ့္ေရွ႕က ေပ်ာက္မသြားနဲ႕"
"ကြၽန္ေတာ္ေျပာသြားတယ္...အထိန္းေတာ္ခ်ဳပ္ကို ေမးၾကည့္...ဒါနဲ႕ အထိန္းေတာ္ခ်ဳပ္ေရာ"
"အျပစ္ေပးေဆာင္မွာ အျပစ္သြား ခံယူခိုင္းထားတယ္"
ရီဟြား အထိန္းေတာ္ခ်ဳပ္ကို အားနာသြားရသည္။ သူလည္း ျပသနာထိုမွ်ထိ ႀကီးသြားလိမ့္မည္ဟု မထင္မိခဲ့။
"ကြၽန္ေတာ္ေၾကာင့္လား....ကြၽန္ေတာ့္ေၾကာင့္ဆို အျပစ္ကိုေလွ်ာ့ေပါ့ေပးလို႔ မရဘူးလား မင္းႀကီး"
"ကိုယ့္ကို ရွင္း လို႔ပဲ ေခၚဖို႔ေျပာထားတယ္ေလ"
မင္းႀကီး၏ အသံအနည္းငယ္ တင္းမာသေယာင္ျဖစ္ေနေသာေၾကာင့္ ရီဟြားခ်က္ခ်င္းေျပာင္းလဲေခၚဆိုလိုက္သည္။
"ရွင္း...အထိန္းေတာ္ခ်ဳပ္ကို အျပစ္ေလွ်ာ့ေပါ့ေပးလိုက္ပါလား"
ရီဟြား ရွင္းအား ထပ္၍ ေတာင္းဆိုလိုက္သည္။
"မရဘူး...သူ မွတ္ေလာက္ေအာင္ အျပစ္ဒဏ္ခံယူသင့္တယ္....ဒါမွ ေနာက္က် မင္းထိခိုက္ေစတဲ့ အျဖစ္မ်ိဳး မျဖစ္ေအာင္ သူစဥ္းစားနိုင္မွာ"
ရီဟြား ရွင္းအား ထပ္ေတာင္းဆိုလည္း ရနိုင္မည္မထင္ေသာေၾကာင့္ ဘာမွဆက္မေျပာေတာ့ေခ်။ ႐ုတ္တရက္သူ၏ ေခါင္းထဲ ရွင္းသည္လည္း ရွင္းယြဲ႕နတ္ဘုရားကိုးကြယ္သူဟူေသာ စကားက ဝင္ေရာက္လာခဲ့သည္။
"ရွင္း...ရွင္းယြဲ႕နတ္ဘုရား နတ္ဘုရားျဖစ္လာပုံကို သိလား"
သူ၏ ေမးခြန္းေၾကာင့္ ရွင္းသည္ တည္ၾကည္ေသာ မ်က္ႏွာထားျဖင့္ သူ႕အား စိုက္ၾကည့္လာ၏။
"ေရွာင္ဟြားက ဘာလို႔သိခ်င္ရတာလဲ"
"ဒီတိုင္း ကြၽန္ေတာ္မသိလို႔ ေမးၾကည့္တာပါ...ရွင္းမ်ား သိမလားလို႔"
"ကိုယ္ ရွင္းယြဲ႕နတ္ဘုရားအေၾကာင္းေတာ့ ေသခ်ာမသိဘူး...နတ္ဘုရားမ တစ္ပါးအေၾကာင္းေတာ့ ကိုယ္သိတာရွိတယ္...နားေထာင္မလား"
ရီဟြား ေခါင္းၿငိမ့္ျပၿပီး အာ႐ုံစူးစိုက္ နားေထာင္ေနလိုက္သည္။
"လြန္ခဲ့တဲ့ ႏွစ္တစ္ေထာင္ေလာက္ကေပါ့...နတ္ဘုရားမတစ္ပါးက လူသားေကာင္ေလးတစ္ေယာက္နဲ႕ ခ်စ္ႀကိဳက္ခဲ့တယ္...သူ(မ)က ေကာင္းကင္ရဲ႕ မိုးႀကိဳးအျပစ္ဒဏ္ကို ခံယူၿပီးေတာ့ လူသားနဲ႕ အတူတူ ေနထိုင္ခဲ့တယ္"
"နတ္ဘုရားမက အရမ္းခ်စ္တတ္တာပဲ"
ရီဟြား မေနနိုင္စြာ ၾကားျဖတ္ဝင္ေျပာလိုက္မိသည္။ ရွင္း စိတ္ဆိုးသြားသလားဟုေတြးကာ ၾကည့္လိုက္ေတာ့ ဘာမွျဖစ္ပုံမရေသာ ရွင္းေၾကာင့္ သူ ၿငိမ္ၿပီး ဆက္နားေထာင္ေနလိုက္သည္။ ဆက္၍ ၾကားျဖတ္ မေျပာမိရန္လည္း ေတြးလိုက္မိသည္။
"ဒါေပမဲ့ သူ(မ) ထင္ေနသလို လူသားေကာင္ေလးက သူ(မ)အေပၚ မခ်စ္ခဲ့ဘူး...သူ(မ) ကြယ္ရာမွာ လူသားမိန္းကေလးတစ္ေယာက္နဲ႕ ေဖာက္ျပန္ေနတာကို ေတြ႕ရွိသြားခဲ့တယ္"
"သစၥာေဖာက္ခံလိုက္ရတာ...သူ(မ) အရမ္းခံစားရမွာဘဲ"
ရွင္းသည္ သူ႕အား စိုက္ၾကည့္လာေသာေၾကာင့္ ရီဟြား ရယ္ျပလိုက္သည္။
"ဆက္ေျပာ ဆက္ေျပာ ကြၽန္ေတာ္ ဝင္မေျပာေတာ့ဘူး...ကတိေပးတယ္"
ပါးစပ္အား လက္ႏွင့္ပိတ္ထားေသာ အမူအရာျဖင့္ ဆက္ေျပာရန္ ေျပာလာေသာ ေကာင္ေလးေၾကာင့္ ရွင္း ဆက္၍ေျပာျပလိုက္သည္။
"သစၥာေဖာက္ခံလိုက္ရတဲ့ သူ(မ)က သူ(မ)ခင္ပြန္းလူသားနဲ႕ ေဖာက္ျပန္တဲ့ မိန္းကေလးတို႔ကို သတ္ပစ္လိုက္ၿပီး ဘယ္ေတာ့မွ လူျပန္မဝင္စားနိုင္ေအာင္ က်ိန္စာတိုက္လိုက္တယ္...ၿပီးေတာ့ သူ(မ)က သူ(မ)ရဲ႕ ဝိညာဥ္ေတြကို အပိုင္းပိုင္း ခြဲပစ္လိုက္ၿပီး သူ(မ)ရဲ႕ ကိုယ္ကို လူသားကမၻာမွာ အခါခါျပန္ဝင္စားေစခဲ့တယ္...ဆင္းရဲဒုကၡေတြ ခံစားဖို႔ အျပစ္ဒဏ္ကို သူ(မ) ကိုယ္တိုင္ခံယူခဲ့တယ္....
သူ(မ)ရဲ႕ ဝိညာဥ္အပိုင္းအစေတြမွာ သူ(မ)ရဲ႕ မွတ္ဉာဏ္ေတြပါသြားခဲ့ၿပီးေတာ့ သူ(မ)က လူသားအျဖစ္နဲ႕ ေသျခင္း ရွင္ျခင္း ဆင္းရဲဒုကၡေတြခံယူခဲ့တယ္...ဘဝတစ္ခုၿပီး တစ္ခုကူးေျပာင္းေနခဲ့တယ္တဲ့....အဲဒါ ကိုယ္သိသေလာက္ နတ္ဘုရားမ အေၾကာင္းပဲ"
"ဒါဆို သူ(မ)က ဘယ္ေတာ့မွ နတ္ဘုရားမ ျပန္ျဖစ္မလာနိုင္ေတာ့ဘူးေပါ့"
ရီဟြား၏ အေမးေၾကာင့္ ရွင္း၏ မ်က္ႏွာထက္တြင္ အၿပဳံးတစ္ခု ေပၚေပါက္လာသည္။
"မဟုတ္ဘူး...သူ(မ)ရဲ႕ ဝိညာဥ္အပိုင္းအစေတြ အကုန္ စုစည္းနိုင္ၿပီး သူ(မ) လူသားအျဖစ္ ဝင္စားေနတဲ့ ခႏၶာကိုယ္ထဲ ထည့္ေပးနိုင္ရင္ သူ(မ)မွတ္ဉာဏ္ေတြအကုန္ ျပန္ရလိမ့္မယ္...အဲဒီအခါက်ရင္ သူ(မ)က နတ္ဘုရားမတစ္ပါး ျပန္ျဖစ္လာလိမ့္မယ္...သူ(မ) ကိုယ္တိုင္ မွတ္ဉာဏ္ေတြ မလိုခ်င္ေလာက္ေအာင္ထိ နာက်င္ခဲ့ရေတာ့ မွတ္ဉာဏ္ေတြ ျပန္ရလာရင္ သူ(မ) ခံစားနိုင္ပါ့မလားဆိုတာကေတာ့ စိုးရိမ္စရာပဲ"
ေျပာျပေနေသာ ရွင္း၏ မ်က္လုံးမ်ားထဲတြင္ ဝမ္းနည္းမႈတို႔ စြန္းထင္းေနသည္ကို ရီဟြား သတိထားမိလိုက္သည္။
"အဲဒါေၾကာင့္ ေျပာတာ အခ်စ္ႀကီးလြန္းရင္ မေကာင္းဘူးတဲ့...ဘယ္သူမွ ကိုယ့္ကိုကိုယ္ေလာက္ မေကာင္းနိုင္ဘူး"
"ကိုယ္ကေတာ့ မင္းအေပၚ ကိုယ့္ကိုကိုယ္ထက္ ပိုၿပီးေကာင္းေပးနိုင္တယ္"
ရွင္း အေျပာေၾကာင့္ ရီဟြား မ်က္ႏွာမဲ့ျပလိုက္သည္။
ရွင္းက သူ႕အားၾကည့္ကာ သေဘာက်စြာ ရယ္ေမာလာ၏။
"ကိုယ္ စိုးရိမ္ပူပန္စိတ္ေတြနဲ႕ လမ္းေပ်ာက္ေနခဲ့တုန္းက ေကာင္ေလးတစ္ေယာက္နဲ႕ ေတြ႕ဆုံခဲ့ဖူးတယ္...အဲဒီေကာင္ေလးက ကိုယ့္ေရွ႕ အေႂကြေစ့တစ္ေစ့ကို ကိုင္ၿပီး ပန္းက်ရင္ ကိုယ္လုပ္ေဆာင္မွာေတြကို မစိုးရိမ္ဘဲ ဆက္လုပ္ဖို႔ေျပာတယ္...ေခါင္းက်ရင္ေတာ့ ရပ္တန႔္လိုက္ဆိုၿပီးေတာ့ေပါ့...အေႂကြေစ့က ပန္းက်လာၿပီး ကိုယ္လည္း ဆက္လုပ္ေဆာင္ဖို႔ ေ႐ြးခ်ယ္ခဲ့တယ္...အဲဒီေကာင္ေလးက ဘယ္သူလို႔ ထင္လဲ"
"ကြၽန္ေတာ္က ဘယ္သိမွာလဲ"
သူ မသိသည့္အေၾကာင္းအရာကို သူ႕အားလာေမးေနသူေၾကာင့္ ရီဟြား စိတ္ရႈပ္စြာ ျပန္ေျဖလိုက္သည္။
"မင္းပဲေလ...အဲဒီတုန္းက ကိုယ့္ကို စိုက္ၾကည့္ၿပီး အရမ္းေခ်ာလိုက္တာ ...ကိုယ့္ေလာက္ ေခ်ာတဲ့သူ မျမင္ဖူးေသးဘူးလို႔ေျပာတယ္ေလ...ၿပီးေတာ့
ႀကီးလာရင္ ကိုယ့္ကို လက္ထပ္မယ္လို႔ေတာင္ ထပ္ေျပာလိုက္ေသးတယ္...မမွတ္မိေတာ့ဘူးလား"
'Fuck!အဲဒါ ကြၽန္ေတာ္မွ မဟုတ္တာ....မူလ ဝူရီဟြားေလ...ဝူရီဟြားကို ေအးေအးေဆးေဆး ေနတတ္တဲ့ ေပ်ာ့ညံ့တဲ့ေကာင္ေလး ထင္ေနတာ...အဲေလာက္ ႏွာဘူးက်မယ္ မထင္မိဘူး...အခုေတာ့ ငါလို႔အထင္ခံေနရၿပီ´
ရီဟြား အေတြးတို႔အား ရပ္တန႔္လိုက္သည္။
"ကြၽန္ေတာ္ မမွတ္မိဘူး"
"အတိတ္ေမ့သြားတာရဲ႕ ဆိုးက်ိဳးအေနနဲ႕ ေခါင္းကိုက္တာမ်ိဳးေတြ ျဖစ္တတ္လား...ကိုယ္ သမားေတာ္ ေခၚၿပီး စမ္းသပ္ခိုင္းရမလား"
"ရတယ္...ကြၽန္ေတာ္ ဘာမွဆိုးဆိုး႐ြား႐ြား မျဖစ္ပါဘူး...ဒါနဲ႕ ရွင္းယြဲ႕ နတ္ဘုရားကို ရွင္း ျမင္ဖူးလား...သူ႕ရဲ႕ ႐ုပ္ရည္က ဘယ္လိုပုံစံရွိလဲ"
ရွင္း၏ မ်က္ႏွာအမူအရာသည္ စေနာက္ခ်င္သည့္ ပုံစံဘက္သို႔ ေျပာင္းသြားေသာေၾကာင့္ ရီဟြားစိတ္ထဲ ေမးမိျခင္းအား ေနာင္တရသြားရသည္။
"ကိုယ္ေတာ့္လို ႐ုပ္ရည္မ်ိဳးပဲ...တစ္ပုံစံထဲ...အရမ္းေခ်ာတာ"
သူ ထင္သည့္အတိုင္းပင္ ေပါက္ကရအေျဖအား ေပးလာေလသည္။
"ရွင္း ျပသနာေတြလည္း ျဖစ္ထားေတာ့ အကိုႀကီး ကြၽန္ေတာ့္ကို စိတ္ပူေနေလာက္ၿပီ...ကြၽန္ေတာ့္ကို အိမ္ေတာ္ျပန္ခြင့္ျပဳေတာ္မူပါ"
ရွင္းသည္ သူ႕အား ဆက္၍မစေနာက္ေတာ့ဘဲ ေခါင္းညိတ္ျပကာ ကုန္းကုန္းငယ္ တစ္ေယာက္အား ေခၚ၍ လိုက္ပို႔ေစလိုက္သည္။
ရီဟြား ထြက္သြားေသာအခါ လူတစ္ေယာက္ နန္းေဆာင္အလယ္တြင္ ႐ုတ္တရက္ ထြက္ေပၚလာသည္။
"အရွင္...သခင္ေလး ရီဟြားကို ဘာလို႔ အဲဒီအေၾကာင္းေတြ ေျပာျပလိုက္ရတာလဲ"
အရွင္သည္ သူ႕ေဘးနားရွိ လူအား ၾကည့္ရႈျခင္း အလ်င္းမရွိဘဲ ျပတ္သားေသာ အသံျဖင့္ ေျဖဆိုလိုက္သည္။
"ငါ သူ႕ကို လွ်ို႔ဝွက္ထားစရာ အေၾကာင္းမွ မရွိတာ"
ထို႔ေနာက္တြင္မူ နန္းေဆာင္တစ္ခုလုံး အပ္က်သံမၾကားေလာက္ေအာင္ တိတ္ဆိတ္သြားေတာ့သည္။
*********************
အေမွာင္နန္းေတာ္ထဲတြင္ အေမွာင္နတ္ဘုရားသည္ သူ၏ အေရွ႕ရွိ လူအား စိုက္ၾကည့္ေနသည္။
"ဟိုင္ဝမ္...ဝူအိမ္ေတာ္ ဝင္ဖို႔အစီအစဥ္ ေသခ်ာစီစဥ္ထားရဲ႕လား"
"ေသခ်ာစီစဥ္ထားပါတယ္ အရွင္....ဝူစစ္သူႀကီးရဲ႕ ညီဝမ္းကြဲေလးက ေတာ႐ြာမွာပဲ ႀကီးျပင္းခဲ့ရေတာ့ ႐ုပ္ရည္သိရွိသူ အရမ္းရွားပါတယ္...သိရွိသူ အနည္းငယ္ရဲ႕ မွတ္ဉာဏ္ေတြကိုလည္း ေျပာင္းလဲထားလိုက္ပါၿပီ...အရွင္ ဝူအိမ္ေတာ္ကို အဲဒီေကာင္ေလးအျဖစ္ ဝင္လို႔ရပါတယ္"
သူ၏ အရွင္သည္ သူ႕ဆီမွ အၾကည့္မလႊဲဘဲ ေမးခြန္းဆက္ေမးလာသည္။
"အဲဒီေကာင္ေလးကေရာ"
"ခဏတာ အိပ္ေပ်ာ္ေအာင္ လုပ္ထားပါတယ္ အရွင္...ေမြးရာပါ ႏွလုံးေရာဂါသည္မို႔ သက္တမ္းအမ်ားႀကီး မရွည္နိုင္ပါဘူး"
"ေသျခင္း၊ ရွင္ျခင္းဆိုတာ လူသားတိုင္းႀကဳံေတြ႕ရမယ့္ ဒုကၡဆင္းရဲပဲ...အဲဒါေတြကို ရင္ဆိုင္ဖို႔ ဆုံးျဖတ္သြားတဲ့ သူ(မ)က တကယ္အံ့ၾသဖို႔ေကာင္းတယ္...ငါက သူ(မ)ရဲ႕ အရင္းႏွီးဆုံးလူ ျဖစ္ေပမဲ့ တခါတေလ သူမကို တကယ္နားမလည္နိုင္ဘူး"
အေမွာင္နတ္ဘုရား၏ မ်က္ဝန္းမ်ားသည္ စိတ္ရႈပ္ေထြးစြာ ရီေဝေနသည္ကို ဟိုင္ဝမ္ ေငးၾကည့္ရင္း သူသည္လည္း အရွင့္ နည္းတူ ဝမ္းနည္းမႈတို႔အား ခံစားလာရေတာ့သည္။
********************