ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Co...

By StarRia19

1.1M 136K 5.6K

Zawgyi "ကိုယ့်ပြည်သူတွေ ကိုယ်ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ယှဥ်လာရင်တော့ ကိုယ်မင်းတစ်ယောက်ကိုပဲ မြင်တယ်" ကံကြ... More

အပိုင်း(၁)ဝိညာဉ်ကူးပြောင်းခံလိုက်ရခြင်း
အပိုင်း(၂) အလကားရလိုက်သော Brocon အကိုကြီး
အပိုင်း(၃.၁) ဇာတ်ကြောင်းပြောင်းလဲနေခြင်း
အပိုင်း(၃.၂) ဇာတ်ကြောင်း ပြောင်းလဲနေခြင်း
အပိုင်း(၄.၁) စတင်တွေ့ဆုံခြင်း
အပိုင်း(၄.၂) စတင်တွေ့ဆုံခြင်း
အပိုင္​း(၅.၁) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင္​း(၅.၂) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင်း(၆.၂) ဇာတ်ကောင်အများကြီး ပေါ်လာပြီ
အပိုင်း(၇) ထူးဆန်းလွန်းသော အဓိက ဇာတ်ဆောင်နှစ်ယောက်
Promotion
အပိုင်း(၈)ညီဝမ်းကွဲလေးအိမ်တော်ရောက်လာခြင်း
အပိုင်း(၉)လုပ်ကြံခံရခြင်း
အပိုင်း(၁၀) ထူးဆန်းလွန်းသော ရှင်း
အပိုင်း(၁၁) အဆိပ်ခတ်ရန်ကြံစည်ခြင်း
ဇာတ္ေကာင္နာမည္မ်ား
အပိုင်း(၁၂) ဆီမီးလွှတ်ပွဲ၌ တစ်ညတာ
အပိုင်း(၁၃) သေရည်မူးကာ သောင်းကျန်းခြင်း
အပိုင်း(၁၄) အရာရှိစာမေးပွဲ အောင်မြင်ခြင်း
အပိုင်း(၁၅) ပထမဆုံး ညီလာခံတက်ခြင်း
အပိုင်း(၁၆) ရှင်းရန်၏ အိပ်မက်
အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း
အပိုင်း(၁၈) ရွှေကြာပန်းအား ရယူရန် ကြိုးစားခြင်း
အပိုင်း(၁၉) အရှင်မင်းကြီး၏ စီရင်ချက်
အပိုင်း(၂၀) ရှင်းယွဲ့နတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏ သရုပ်မှန်ပေါ်ခြင်း
အပိုင်း(၂၁) မျှော်လင့်မထားသော လက်ထပ်ခွင့်
အပိုင်း(၂၂)တော်ဝင်လက်ထပ်ပွဲ
အပိုင်း(၂၃) ဖွင့်ဟဝန်ခံခြင်း
အပိုင်း(၂၄) အမှောင်နတ်ဘုရား၏ ခံစားချက်
အပိုင်း(၂၅)မေချင်းနတ်ဘုရားမမှန်း သိရှိခြင်း
အပိုင်း(၂၆) လေးစားရသော အမတ်ချုပ်ကြီး
အပိုင်း(၂၇) ကလေးဆန်သော အမတ်ချုပ်ကြီး
အပိုင်း(၂၈) ရှင်းယွဲ့နတ်ဘုရားအား မြူ ဆွယ်ခြင်း
အပိုင်း(၂၉) မင်းကြီးနှင့်အတူတူ အိပ်စက်ခြင်း
အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်
အပိုင်း(၃၁)ဧကရီတင်မြှောက်ရန် ကြေညာခြင်း
အပိုင်း(၃၂) လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း
အပိုင်း(၃၃) ဝမ်ရယ်အိမ်တော်သို့ အလည်သွားခြင်း
အပိုင်း(၃၄) လက်ထပ်ခွင့်
အပိုင်း(၃၅)လက်ထပ်ပွဲ ဖျက်ရန် အစီအစဉ်
အပိုင်း(၃၆) သွေးစွန်းသွားသော ဧကရီတင်မြှောက်ပွဲ
အပိုင်း(၃၇) ရှောင်လွှဲ၍ မရနိုင်သော စစ်ပွဲ
အပိုင်း(၃၈) အကျယ်ချုပ်ချခံရခြင်း
အပိုင်း(၃၉) ထာဝရ အိပ်စက်သွားသူ
အပိုင်း(၄၀) နောက်ဆုံး နှုတ်ဆက်ရခြင်း
အပိုင်း(၄၁) အထီးမကျန်စေချင်၍ အဖော်လိုက်သွားသူ
အပိုင်း(၄၁) ပြန်လည်နိုးထလာခြင်း
အပိုင်း(၄၃) အမှတ်တရများ ပြန်လည်တွေ့ရှိခြင်း
အပိုင်း(၄၄) final လှပသော ထာဝရ ချစ်ခြင်းတစ်ခု 🙆🙆
ေက်းဇူးတင္လႊာႏွင့္ ႏႈတ္ဆက္လႊာ
Extra-1
Extra-2
Hello💙
Thadingyut Gift✨✨
Announcement ✨✨
Hello...
Next fiction Promotion
Book announcement
Today order date✨✨
Attention please...
Extra-3
Extra-4
Book Preorder

အပိုင်း(၆.၁)ဇာတ်ကောင် အများကြီး ပေါ်လာပြီ

25.1K 3.2K 91
By StarRia19

Unicode

အပိုင်း(၆.၁)ဇာတ်ကောင် အများကြီး ပေါ်လာပြီ

လွန်စွာ လှပသော နန်းတော်ဥယျာဉ်ထဲတွင် ရီဟွားတစ်ယာက် ပန်းမျိုးစုံအား ရှုစားကာ လမ်းလျှောက်နေသည်။

"အကိုကြီးကလည်း မင်းကြီးက ခေါ်ခိုင်းတယ်လို့ ပြောပြီး ခေါ်လာတယ်...မင်းကြီးနန်းဆောင်လည်း ရောက်ရော အရေးကြီးကိစ္စဆွေးနွေးစရာရှိလို့ ဒီမှာခဏနေခဲ့ဆိုပြီး ပစ်ထားသွားတယ်...ဟိုမင်းကြီးကလည်း လူကိုထွက်တောင် မကြည့်ဘူး...သူတို့ဆွေးနွေးပြီးတဲ့ထိ နန်းဆောင်မှာ စောင့်နေရရင် ငါ ပျင်းပြီးသေသွားလိမ့်မယ်...တော်သေးတယ် ဘုရင့်အပါးတော်မြဲ ရှောင်ကုန်းဇီက ဒီနားဟိုနား လျှောက်သွားခွင့်ပြုလို့...ဒါနဲ့ အနီးအနား မဟုတ်တော့ဘဲ နည်းနည်းဝေးလာသလိုပဲ"

အငြိမ်မနေနိုင်သော ရီဟွားတစ်ယောက် တစ်ယောက်တည်း ပွစိပွစိပြောကာ ဆက်လျှောက်လာသည်။

"ကြည့်ရတာ ငါလေး ယွီလေးနဲ့ အနေများပြီး သူ့အကျင့်တွေ ကူးကုန်တာနေမယ်...ဟုတ်တယ် အဲဒါ သေချာတယ်"

သူ့ဖာသာပြော သူ့ဖာသာ တစ်ယောက်တည်း ဖြေနေလိုက်၏။

တဖြည်းဖြည်း လျှောက်လာရင်း ဥယျာဉ်အလယ် ရေကန်နားရောက်လာသောအခါ သူ၏ ခြေလှမ်းတို့ ရပ်တန့်သွားရသည်။

"ဝိုး....လှလိုက်တာ"

အမှန်ပင် ကြည်လင်နေသော ရေများ ကြာပန်းများဖြင့် ရေကန်ကြီးသည် လွန်စွာလှပနေသည်။ ရေကန်အလယ်တွင် ဇရပ်တစ်ဆောင်ရှိနေပြီး ဥယျာဉ်မြေနှင့် ထိုဇရပ်အား တံတားတစ်ဆင်းက ဆက်သွယ်ပေးထားသည်။ တံတားလက်ရန်းတို့သည် အချိန်ကြာမြင့်စွာရှိခဲ့သောကြောင့် အနည်းငယ် ယိုင်နဲ့နေပုံရသော်လည်း မည်သူမျှသတိမထားမိနိုင်အောင် ပတ်ဝန်းကျင်အလှက အမြင်အား ဆွဲဆောင်နိုင်လွန်း​နေသည်။

ရီဟွား တံတားပေါ်မှ ဖြတ်ကာ ရေကန်အလယ် ဇရပ်ဆီသို့ သွားလိုက်ပြီး ရေကန်အလှအား ရှုစားနေလိုက်၏။ အချိန်တော်တော်ကြာအောင် လတ်ဆတ်သောလေအား တဝရှုရှိုက်နေသောကြောင့် ပတ်ဝန်းကျင်အား သတိမထားမိလိုက်။

"နင်ကိုး...နင်က ဘာကိစ္စ ဥယျာဉ်တော်ဘက် ရောက်နေရတာလဲ...ရောက်မဲ့ရောက် ဒုတိယအကိုတော် နန်းဆောင်ကို ရောက်နေရမှာမလား"

ရုတ်တရက် သူ့အနားမှ စူးရှလွန်းသော အသံတစ်သံ ထွက်ပေါ်လာသောကြောင့် အသံလာရာဆီသို့ ကြည့်ရှုလိုက်သည်။ လွန်စွာ ခမ်းနားလွန်းလှသော အဆင်တန်ဆာတို့အား ဆင်မြန်းထားသည့် လှပချောမောသော မိန်းမငယ် တစ်ယောက်အား တွေ့မြင်လိုက်ရသည်။

"မင်းသမီး...ကျွန်တော် မင်းကြီး ခေါ်လို့ နန်းတော်ထဲ ရောက်ရှိနေတာပါ"

"ငါ ကြားတာ နင် အတိတ်မေ့သွားတယ်ဆို...ငါ့ကိုတော့ မင်းသမီးမှန်း မေ့မသွားဘူးဘဲ"

ရီဟွား ရန်လိုနေပုံရသော သူမအား ကြည့်၍ ပြောလိုက်၏။

"ကျွန်တော် တကယ် ဘာကိုမှ မမှတ်မိပါဘူး...မင်းသမီးမှန်းသိတာက မင်းသမီးရဲ့ ဝတ်စားဆင်ယင်ပုံကြောင့်ပါ"

"ငါ့ကို မင်းသမီးမှန်းသိရင် အရိုအသေပြုရမယ်ဆိုတာ မသိဘူးလား"

ရီဟွား သူဖတ်ဖူးသည့် ဇာတ်ကြောင်းအထိဆိုလျှင် သူသိသည့် မိန်းကလေးဇာတ်ကောင်သည် အမျိုးသမီးဇာတ်လိုက် သခင်မလေး ရှင်းရန် တစ်ယောက်သာ ရှိသည်။ ယခု သူ၏ရှေ့ရှိ အဆင့်အတန်းမြင့်ပုံရသည့် မိန်းကလေးအား သူ သတိထားရပေမည်။ သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် ရန်ငြိုး ရှိထားပုံရသည်။

"မင်းကြီးက ကျွန်တော့်ကို ဘယ်သူ့ကိုမှ အရိုအသေပေးစရာမလိုဘူးလို့ အမိန့်ပေးထားလို့ပါ...ကျွန်တော် မင်းကြီးရဲ့ အမိန့်ကို မလွန်ဆန်ရဲပါဘူး...မင်းကြီးရဲ့အမိန့်ကို မင်းသမီး မလွန်ဆန်ဖို့ မျှော်လင့်ပါတယ်"

"မဖြစ်နိုင်တာ...နင် လျှောက်ပြောမနေနဲ့"

လျှောက်မပြောပါဘူး အဘွားလေးရယ်! မတ်တပ်ရပ်ပြီးပြောနေတာပါဗျာ!

ရီဟွား အတွေးထဲတွင်သာ ပြောလိုက်ခြင်းဖြစ်သည်။ အပြင်တွင်သာ ထုတ်ပြောလိုက်လျှင် ထို သူ့အား မကြည်သော အဘွားလေးသည် သူ့အား သတ်ပစ်လောက်သည်။

"ကျွန်တော်က မင်းကြီးနာမည်သုံးပြီး လိမ်ညာရဲပါ့မလား"

"နင်! နင် အကိုတော်ကိုပါ နင်ရဲ့ သနားကမား ရုပ်ရည်လေးနဲ့ ဖျားယောင်းလိုက်တာမလား...ဒုတိယအကိုတော်နဲ့ စစ်သူကြီးနဲ့တင် အားမရသေးလို့ ခုအကိုတော်မင်းကြီးကိုပါ နင့်ဘက်ပါအောင် လုပ်လိုက်တယ်ပေါ့လေ"

အသားလွတ်ကြီး စွပ်စွဲခံလိုက်ရသောကြောင့် ရီဟွား တော်တော်နင်သွားရသည်။ ထိုမင်းသမီး၏ သူ့အပေါ်ဒေါသများသည် သူ(မ) အကိုနှင့် သူ၏ အကိုကြီး တစ်ယောက်ယောက်ကြောင့် ဖြစ်လောက်သည်။ နှစ်ယောက်လုံးကြောင့်လည်း ဖြစ်နိုင်ချေရှိသည်။

ကြာရှည်စကားများနေလျှင် အခြေအနေမကောင်းနိုင်သောကြောင့် သူ ရှောင်ထွက်ရန် ပြင်လိုက်၏။

"မင်းသမီး ကျွန်တော် မင်းကြီးနန်းဆောင်ကို ပြန်လိုက်ပါဦးမယ်...ခုချိန်လောက်ဆို မင်းကြီး အကိုကြီးနဲ့ စစ်ရေးကိစ္စတွေ ဆွေးနွေးပြီးလောက်ပြီ...သွားခွင့်ပြုပါဦး မင်းသမီး"

အရိုအသေ ပေးစရာမလိုသောကြောင့် သူ စကားအမြန်ဖြတ်ကာ ကျောပေးလှည့်ထွက်လိုက်သည်။

"ရပ်စမ်း! ဝူရီဟွား...နင် အဲမှာ ရပ်နေလိုက်စမ်း"

'ရပ်ခိုင်းတိုင်း ရပ်ရအောင် ငါက Taxi မဟုတ်ဘူး အဘွားလေးရေ...နင် ငါ့ကို ဒုက္ခမပေးခင် ဒီနေရာက အမြန်သွားနိုင်မှ ဖြစ်မယ်...တာတာ့ အဘွားလေး သွားပြီဗျို့'

ရီဟွား ခြေလှမ်းသွက်သွက် လှမ်းကာ အမြန်ထွက်သွားနိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ ဆန္ဒတို့ မပြည့်မြောက်လိုက်။ သိုင်းကျွမ်းသော ထိုမိန်းကလေးသည် ရီဟွားအနားသို့ လျင်မြန်စွာ ရောက်လာပြီး ရီဟွား၏ လက်အား ဆွဲကာ တံတား လက်ရန်းနားသို့ အတင်းဆွဲခေါ်လာသည်။

နှစ်ယောက်လုံး လက်ရန်းနားသို့ ရောက်သည်နှင့် သူ့အနားသို့ကပ်ကာ သူကြားနိုင်လောက်သည့် တိုးညှင်းသောလေသံဖြင့် စကားအချို့အား ဆိုလာသည်။

"ဒီတစ်ခါ နင်သေချာပေါက် ဒုက္ခအကြီးကြီး ရောက်ပြီပဲ...ဒုတိယအကိုတော်နဲ့ စစ်သူကြီး နင့်ကို ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး...တော်ဝင်မင်းသမီးရဲ့ ခန္ဓာကိုယ်ကို ထိခိုက်အောင်လုပ်မိရင် ​သေချာပေါက် အပြစ်ဒဏ်​ကို နင်ခံရလိမ့်မယ်"

သူ ပြောချင်ရာပြောပြီးနောက် လက်ရန်းပေါ် တက်ကာ ရေကန်ထဲသို့ ခုန်ချသွားလေသည်။

'Fuck! အဲဒီ ဇာတ်ကောင်က ဘာဖြစ်ချင်နေတာလဲ...မွေးကတည်းက ဦးနှောက်ပါမလာတာလား...ဒီလောက်အေးတဲ့ ကန်ရေထဲ ကိုယ့်ဖာသာ ဒုက္ခရှာပြီး ရေဆင်းချိုးရတယ်လို့'

အချိန်ကိုက်ဆိုသလိုပင် တိကျလွန်းစွာ ထိုမင်းသမီးအား လိုက်ရှာနေသော သူမ၏ ရံရွေတော်များ ရောက်လာလေသည်။ ဇာတ်တိုက်ထားလျှင်ပင် ထိုမျှ တိကျလွန်းလိမ့်မည် မဟုတ်။

နန်းတွင်းကားများတွင် ဖန်တရာတေ မြင်ဖူးနေကြဇာတ်ကွက်အတိုင်း မင်းသမီး၏ရံရွေတော်များက လက်ရန်းနား ရောက်နေသော သူ့အား တွန်းချသူဟုစွပ်စွဲကာ အစောင့်ရဲမက်များအား ဖမ်းချုပ်စေခိုင်းတော့သည်။ ထို့နောက် ရေမကူးတတ်သော်လည်း ရဲရင့်စွာဖြင့် ဒိုင်ပင်ထိုးဆင်းသွားသော မင်းသမီးအား အသည်းအသန် ကယ်ကြလေတော့၏။

ရီဟွား ပြောစရာ စကားတို့ ပျောက်ရှသွားရပြီး ခေါင်းသာ ခါယမ်းနေလိုက်တော့သည်။

************************

ခမ်းနားထည်ဝါသော နန်းဆောင်တစ်ခုထဲတွင် ရွှေရောင်ဝတ်ရုံတော်အား ဝတ်ဆင်ထားသည့် ခံညားချောမောလွန်းသော လူတစ်ယောက်နှင့် အဖြူ နှင့်အနက်တွဲစပ်ထားသော ဘရိုကိတ်သား အင်္ကျီအား ဝတ်ဆင်ထားသည့် ကြည့်ကောင်းသော လူတစ်ယောက်တို့သည် အရေးကြီးကိစ္စတစ်ခုအား ဆွေးနွေးနေကြ၏။ သူတို့ရှိရာဆီသို့ လူတစ်ယောက် အပြေးအလွှား ရောက်ရှိလာလေသည်။

"ရှောင်ကုန်းဇီ မင်းက အခုအထိန်းတော်ချုပ်နော်....ဘုရင့်အပါးတော်မြဲ ဖြစ်တဲ့မင်းက စည်းကမ်းတွေမေ့လျော့နေတာလား"

အလောတကြီးဝင်လာသော ရှောင်ကုန်းဇီသည် မင်းကြီးအား ဒူးထောက်တောင်းပန်လိုက်သည်။

"ကျွန်တော်မျိုး တောင်းပန်ပါတယ် အရှင်မင်းကြီး...သခင်လေး ဝူရီဟွားနဲ့ တော်ဝင်မင်းသမီးရီရီ ဥယျာဉ်တော်မှာ တွေ့ဆုံကြ ပြီး အခု ပြသနာဖြစ်နေ လို့ အရှင်မင်းကြီးကို အလောတကြီး လာလျှောက်တင်ရကြောင်းပါ"

ရှောင်ကုန်းဇီ၏ စကားကြောင့် စစ်သူကြီးသည် ထိုင်နေရာမှ အထိတ်တလန့်ထရပ်လိုက်မိသည်။ မင်းကြီး၏ မျက်နှာထက်တွင်လည်း စိတ်တိုင်းမကျမှုအား အထင်းသား တွေ့လိုက်ရ၏။

"အထိန်းတော်ချုပ် ဒီကိစ္စဘယ်လိုဖြစ်ရတာလဲ...မင်းကြီးနဲ့ ကျွန်တော် စာကြည့်ခန်းမှာ အရေးကြီးကိစ္စဆွေးနွေးစရာရှိလို့ ဟွားအော်ကို မင်းကြီးနန်းဆောင်မှာ နေခဲ့ခိုင်းထားတာလေ...ဘယ်လိုအကြောင်းအရင်းနဲ့ ဥယျာဉ်တော်ဘက် ရောက်သွားရတာလဲ"

"ကျွန်တော်မျိုး တောင်းပန်ပါတယ် စစ်သူကြီး...သခင်လေးက အရမ်းပျင်းလို့ အနီးအနား ခဏလျှောက်ကြည့်ချင်တယ်ဆိုတာနဲ့ ခွင့်ပြုလိုက်တာပါ...ဥယျာဉ်တော်ဘက်ထိရောက်သွားလိမ့်မယ်လို့ မထင်မိလို့ပါ"

မင်းကြီး၏ မျက်နှာတော်ထက်တွင် အလိုမကျမှုတို့ ဖြစ်ပေါ်နေသည်။

"မင်းက ဘာကိစ္စ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချရတာလဲ....အရင်ဆုံး ရှောင်ဟွားဆီသွားမယ်...ပြီးမှ မင်းကို ပြစ်ဒဏ်စီရင်မယ်"

ဧကရာဇ်ကျောက်ရန် တစ်ယောက် လွန်စွာ ဒေါသထွက်နေသော မျက်နှာထားဖြင့် နန်းဆောင်မှ ထွက်ခွာသွားလိုက်သည်။ သူ၏ နောက်တွင် ကျော်ကြားလွန်းလှသော စစ်သူကြီးအပြင် ရှောင်ကုန်းဇီ၊ ရံရွေတော်များနှင့် ကိုယ်ရံတော်များ လိုက်ပါလာကြသည်။

*****************

နန်းဆောင်ငယ်တစ်ခုထဲတွင် လွန်စွာချောမောလှပလွန်းသော မိန်းမငယ်လေးတစ်ယောက်နှင့် ခံညား ကြည့်ကောင်းသော လုလင်ပျို တစ်ယောက်တို့သည် စားပွဲဝိုင်းတစ်ခုတွင် ထိုင်ကာ လက်ဖက်ရည် သုံးဆောင်နေကြသည်။

သူတို့အနီးသို့ အစေခံငယ်လေး တစ်ယောက် အမောတကော ပြေးလာပြီး သူရလာသော သတင်းအား ပြန်လည်၍ မျှဝေလိုက်၏။

"ဝမ်ရယ်...မမလေး နန်းတော်ဥယျာဉ်ထဲမှာ သခင်လေး ရီဟွားနဲ့ တော်ဝင်မင်းသမီးရီရီတို့ပြသနာဖြစ်နေတယ်တဲ့...မင်းသမီးရီရီကို သခင်လေးရီဟွားက ရေကန်ထဲတွန်းချလိုက်တယ်လို့ကြားတယ်"

"ဘာ"

လက်ဖက်ရည်ခွက် ကိုင်ထားသော ဝမ်ရယ်၏ မျက်နှာတွင် အံ့သြမှုတို့ ဖြစ်ပေါ်သွားသည်။

ရုတ်တရက် ဘေးတွင်ထိုင်နေသော မိန်းမပျိုက စားပွဲအား လက်ဖြင့် ခပ်ကြမ်းကြမ်း ရိုက်ချလိုက်ပြီး ထရပ်လိုက်ကာ သူမ၏ ဘေးရှိ ဝမ်ရယ်အား လက်ညိုးထိုး၍ အပြစ်တင်တော့သည်။

"အဲဒါ သေချာပေါက် နင့်ညီမက ဟွားအယ်ကို သက်သက်စွပ်စွဲတာ...နင့်ညီမက ဘာဖြစ်ချင်နေတာလဲ...သူ့ကိုယ်သူ မင်းကြီးအချစ်ဆုံး ညီမတော်ဆိုပြီး မြောက်တက်နေတာ...စစ်သူကြီးကို ကြိုက်တာကို သူ့ပြန်မကြိုက်တာနဲ့ မဆီမဆိုင် ဘာကိစ္စဟွားအယ်ကို လိုက်ရမ်းနေရတာလဲ...ဟွားအယ်က အတိတ်မေ့ထားတာ...ခုထိ နေကောင်းမပျောက်လောက်သေးလို့ ငါတို့တောင်သွားအနှောင့်အယှက်မပေးတာကို နင့်ညီမက ချောက်ချလိုက်သေးတယ်နော်...ငါတကယ် သည်းမခံနိုင်တော့ဘူး....မင်းမျိုးမင်းနွယ် ဖြစ်နေလို့ပေါ့...မဟုတ်ရင် ငါ မှတ်လောက်သားလောက်အောင် ဆုံးမပြီးပြီ"

သူမ၏ အပြစ်တင်စကားများကြောင့် ချောမောသော ဝမ်ရယ်၏ မျက်နှာ ပျက်ယွင်းသွားရသည်။

"ရှင်းရန် နင့်ကိုယ်နင် သခင်မလေးတစ်ယောက်ဆိုတာလည်း သတိရဦး...မသိရင် ဈေးထဲက လူမိုက်ကျနေတာပဲ...စိတ်ချ အဲဒီကောင်မလေးကြောင့် ဟွားအယ် အနိုင်ကျင့်မခံစေရပါဘူး...သူမက အလိုလိုက်ခံထားရလို့ ဆိုးနေတာလေ...စိတ်ရင်းလေးကအဆိုးကြီးမဟုတ်ရှာပါဘူး...ဟွားအယ်ကို အနိုင်ကျင့်လိုက်တိုင်း ငါတို့က လိုက်ကာကွယ်ပေးနေကြတော့ ခံပြင်းပြီး လျှောက်လုပ်နေတာ"

"နင့်ညီမပဲဟာ..နင်က သူ(မ)ဘက်ပါပေးမှာပေါ့....သူ(မ) ဘယ်လောက်အကျင့်မကောင်းလဲဆိုတာ ငါက မသိရှာဘူးဆိုတော့...အပိုတွေပြောမနေနဲ့တော့ ဟွားအယ်ဆီ အမြန်သွားမယ်"

သွက်လက်ဖျက်လက်သော မိန်းမလှလေးသည် ကောင်ချောလေး၏ လက်အားဆွဲကာ ထိုနေရာမှ အမြန်ထွက်ခွာသွားတော့သည်။

*****************

"အဟွတ် အဟွတ်"

"မင်းသမီးလေး အဆင်ပြေရဲ့လား"

ရေသီးနေသော တော်ဝင်မင်းသမီးဘေး ဝိုင်းအုံနေကြသော ရံရွေတော်များနှင့် သရုပ်ဖော်နေသော ပြဇာတ်အား ဖမ်းချုပ်ခံထားရသည့် ရီဟွားတစ်ယောက် ကြည့်ကောင်းကောင်းနှင့်ကြည့်နေလိုက်သည်။

"မင်းသမီးလေး....ဟိုလူ့ကို ဘယ်လို အပြစ်ဒဏ်ပေးရမလဲ...လုံးဝသက်ညှာမပေးသင့်ကြောင်းပါ မင်းသမီးလေး...အဲဒီလူ မှတ်လောက်အောင် ဆုံးမတော်မူပါ"

'နင်တို့မင်းသမီးက သက်ညှာပေးဖို့ စိတ်ကူးလုံးဝ မရှိဘူးရယ်...စိတ်ချလိုက်!'

ရီဟွားအတွေးတို့မှန်ကန်ကြောင်း မင်းသမီး၏ စကားများက သက်သေပြသွားလေသည်။

"တော်ဝင်မင်းသမီးကိုယ်ကို ထိခိုက်အောင် လုပ်တာက သေဒဏ်အထိ ပေးနိုင်တဲ့ အပြစ်ကြီးပဲ...ငါ မင်းသမီးက စစ်သူကြီးမျက်နှာကို ထောက်ထားပြီး စိတ်ထားပြည့်ဝစွာနဲ့ ကြိမ်ဒဏ် အချက် (၁၀၀)ပဲ ပြစ်ဒဏ်စီရင်လိုက်တယ်"

'Fuck!တော်တော် တရားကျစရာကောင်းပြီး သဘောထားပြည့်ဝလွန်းတဲ့ ပြစ်ဒဏ်ကြီးဟ'

ရီဟွား မျက်လုံးပင် လှန်မိမတတ် ဖြစ်သွားရသည်။ ဖမ်းချုပ်ထားသော ရဲမက်နှစ်ယောက်သည် သူ့အား ဒီနေရာမှ ဆွဲခေါ်သွားရန် ပြင်လိုက်ကြသည်။

"ရပ်လိုက်ကြစမ်း"

အသံလာရာဆီသို့ ကြည့်လိုက်တော့ ကြည့်ကောင်းလွန်းသော ချောမောသည့် ယောကျာ်းတစ်ယောက်အား တွေ့လိုက်ရ၏။ ထိုသူ၏ ဘေးတွင် ပိုင်ရန်မိန်းကလေးထက်ပင် လှပလွန်းလှသည့် မိန်းမငယ်တစ်ယောက်အားလည်း ထပ်တွေ့လိုက်ရသည်။

'Wtf!ဒီထဲက ဇာတ်ကောင်တွေအကုန် ဘာလို့ အဲလောက်ချောနေကြတာလဲ...ရုပ်ဆိုးတဲ့ ဇာတ်ကောင်တစ်ယောက်မှကို မရှိတော့ဘူးလား'

ရံရွေတော်များသည် ထိုအသစ်ရောက်လာသော သူနှစ်ယောက်အား အရိုအသေပြုလိုက်ကြသည်။

"ဝမ်ရယ်....သခင်မလေး ရှင်းရန်"

ရီဟွား လုံးဝဆွံ့အသွားရသည်။

'Fuck!ချောတာလည်း မပြောနဲ့လေ....ကံကြမ္မာရဲ့ မျက်နှာသာပေးခံ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးပဲဟာ...ဒါနဲ့ သူတို့က ဘာကိစ္စ ဒီကို ရောက်လာရတာလဲ'

"ခုချက်ချင်း ဟွားအယ်ကို လွှတ်လိုက်စမ်း"

"ဒုတိယအကိုတော် သူက ညီမတော်ကို ထိခိုက်အောင် လုပ်ထားတာပါ...ခွင့်မလွှတ်နိုင်ပါဘူး...ဘာရပ်လုပ်နေကြတာလဲ...မြန်မြန်အပြစ်ပေးတဲ့ဆီ ခေါ်သွားကြစမ်း"

"ငါ့အမိန့်ကို ဘယ်သူလွန်ဆန်ရဲလဲ...သွားရဲတဲ့သူ သွားလိုက်စမ်း"

"ငါ့အမိန့်ကိုရော ဘယ်သူလွန်ဆန်ရဲလဲ....ခုချက်ချင်း အပြစ်ပေးနေရာကို ခေါ်သွားကြစမ်း"

'မင်းတို့ ဘာဖြစ်ချင်နေကြတာလဲ....ဒီနေရာက အာဏာပြိုင်ပွဲကျင်းပရာနေရာလား'

ရီဟွား အတော်ပင် ခေါင်းရှုပ်သွားရသည်။ သူပဲတော့ မဟုတ်။ သူ့အား ဖမ်းချုပ်ထားသော ရဲမက်များလည်း သူနှင့်အတူပင်။

"အားလုံး ရပ်လိုက်ကြစမ်း"

ထပ်မံ၍ အသံထွက်ပေါ်လာရာနေရာဆီ ကြည့်လိုက်တော့ ရွှေရောင်ဝတ်ရုံတော်နှင့် သူ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသောသူ။ သူ၏ နောက်တွင်တော့ တည်ကြည်သော မျက်နှာထားဖြင့် ချစ်လှစွာသော အကိုကြီးလိုက်ပါလာသည်။

"မင်းကြီးကို အရိုအသေပြုပါတယ်"

ဥယျာဉ်တော်ရှိ လူများစွာသည် မင်းကြီးအား ဒူးထောက်အရိုအသေပြုလိုက်ကြသည်။ မတ်တပ်ရပ်နေသောသူဟူ၍ သူ့အပြင် အဓိကဇာတ်လိုက်မင်းသားနှင့် သူ့အားစွပ်စွဲသည့် တော်ဝင်မင်းသမီး ရီရီတို့သာ ရှိကြသည်။

သို့သော် သူမှလွဲ၍ ကျန်နှစ်ယောက်သည် ဒူးမထောက်သော်လည်း ​ ခေါင်းငုံ့ကာ အရိုအသေပြုကြသည်။

"ဟွားအယ် ဘာလုပ်နေတာလဲ...မင်းကြီးကို အရိုအသေပြုလိုက်လေ"

မတ်တပ်ရပ်နေသော ရီဟွားအား သတိထားမိသွားသော ဝမ်ရယ်သည် သူ၏အကိုတော်အား ဂါရဝပြုပြီးနောက် ရီဟွားအား အပြစ်ဒဏ်မခံရစေရန် သတိပေးလိုက်သည်။

"ငါ ကိုယ်တော် ရှောင်ဟွားကို ဘယ်သူ့မှ အရိုအသေမပြုဖို့ မှာကြားထားတာ...အားလုံး ထကြတော့"

မင်းကြီး၏ အမိန့်သံကြောင့် ဥယျာဉ်တော်အတွင်းရှိ လူအားလုံး ဒူးထောက်အရိုအသေပြုနေရာမှ မတ်တပ်ရပ်လိုက်ကြသည်။

"ရှောင်ဟွား ဒီကိုလာခဲ့"

ဖမ်းချုပ်ခံရခြင်းမှ လွတ်သွားသော ရီဟွားတစ်ယောက် သူ့အားခေါ်သသည့် မင်းကြီးဆီသို့ လျှောက်သွားလိုက်သည်။ အနားသို့ရောက်သည်နှင့် ဂရုတစိုက်ကြည့်ကာ သူ့အား ညင်သာသော အသံဖြင့်မေးလာသည်။

"ဘာဖြစ်သွားသေးလဲ"

ရီဟွား ခေါင်းခါပြလိုက်သည်။

ထို့နောက် အစောပိုင်းက ရီဟွားအား ဖမ်းချု ပ်ထားခဲ့သော အစောင့်ရဲမက်နှစ်ဦးဆီ စူးရဲသောအကြည့်တို့ ပို့လွှတ်လိုက်ပြီး အေးစက်ကြောက်မက်ဖွယ်အသံနေအသံထားနှင့် ပြောကြားလိုက်သည်။

"မင်းတို့လက်တွေက ငါကိုယ်တော်ရဲ့ အထူးဧည့်သည်တော်ကို ထိကိုင်ရဲတယ်...မင်းတို့အသက် မရှင်ချင်တော့ဘူးလား"

ချက်ချင်းပင် ရဲမက်နှစ်ယောက်သည် ဒူးထောက်ချကာ မြေပြင်ကို ဦးခေါင်းနှင့်ထိ၍ မင်းကြီးအား တောင်းပန်လေတော့သည်။

"အရှင်မင်းကြီး ကျွန်တော်မျိုးတို့ မဝံ့ရဲပါဘူး...တော်ဝင်သမီး ရီရီရဲ့ အမိန့်ကြောင့် ဖမ်းချုပ်မိတာပါ....အရှင်မင်းကြီးရဲ့ ဧည့်သည်တော်မှန်း တကယ်ကို မသိရှိမိကြောင်းပါ....ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးတော်မူပါ အရှင်မင်းကြီး"

"အရိပ် ကိုယ်ရံတော်ခေါင်းဆောင်"

မင်းကြီး၏ ခေါ်သံကြောင့် ဥယျာဉ်တော်ရှိ သစ်ပင်ကြီးတစ်ပင်ထက်မှ အနက်ရောင်ကိုယ်ရံတော်ဝတ်စုံ ဝတ်ဆင်ထားသူတစ်ယောက် မြေပြင်ပေါ်သို့ ဆင်းလာခဲ့သည်။ မင်းကြီးရှေ့တော်မှောက်တွင် ဒူးထောက်လိုက်ပြီး မင်းကြီး၏ အမိန့်အား စောင့်စားနေလိုက်သည်။

"ရှောင်ဟွားကို ထိကိုင်ခဲ့တဲ့ အဲဒီလူနှစ်ယောက်ရဲ့ လက်တစ်ဖက်စီကို ဖြတ်ပစ်လိုက်"

ဥယျာဉ်တော်ရှိ လူများအားလုံးတို့သည် ဆွံ့အသွားကုန်ကြသည်။ မင်းကြီး အမျက်တော်မရှစေချင်သောကြောင့် မည်သူမျှစကားတခွန်းပင် ဆိုမလာကြတော့။

"သေဆိုသေ၊ ရှင်ဆိုရှင်" မင်းမိန့်တစ်ခုဖြင့် အုပ်ချုပ်သော သက်ဦးဆံပိုင် ဘုရင်စနစ်က လွန်စွာ ကြောက်ဖို့ကောင်းလွန်းသည်ဟု ရီဟွားတွေးမိလိုက်သည်။

"အမိန့်တော်အတိုင်းပါ မင်းကြီး"

ကိုယ်ရံတော်သည် မတ်တပ်ရပ်ကာ အစောင့်နှစ်ယောက်ဆီသို့ ပုံမှန်ခြေလှမ်းများနှင့် လှမ်းလာလေသည်။ ရဲမက်နှစ်ယောက်၏ ကိုယ်သည် ကြောက်ရွံ့ခြင်းကြောင့် တုန်ယင်နေကြ၏။ ရီဟွား ဝင်မပါဘဲ မနေနိုင်တော့။

"မင်းကြီး သူတို့နှစ်ယောက်က အမှားမလုပ်မိပါဘူး....သူတို့အမှားလုပ်တယ်ဆိုရင်တောင် အဲဒါက အမိန့်အတိုင်းလုပ်ဆောင်ရတာကြောင့်ပါ....ကျွန်တော်မျိုး အနူးအညွတ်တောင်းပန်ပါရစေ...သူတို့အပြစ်ကို ခွင့်လွှတ်ပေးတော်မူပါ"

"ကောင်းပြီ...ရှောင်ဟွား တောင်းဆိုတဲ့အတွက် ကိုယ်တော် မင်းတို့ကို ခွင့်လွှတ်လိုက်မယ်...ရှောင်ဟွား ကိုယ်တော်နဲ့ နန်းဆောင်ပြန်မယ်"

သူ၏ လက်အားတွဲကာ နေရာမှ ထွက်သွားရန် ပြင်နေသော မင်းကြီးကြောင့် ရီဟွား နောက်မှလိုက်ရန် ပြင်လိုက်ရသည်။ သူ့လက်ဆွဲထားသူသာ စိတ်မထင်လျှင် သူသည်လည်း လက်အဖြတ်ခံရခါနီး ဖြစ်သွားရသော အစောင့်နှစ်ယောက်နေရာ ရောက်သွားနိုင်သည်လေ။

"အကိုတော် ဝူရီဟွားက ညီမတော်ကို ရေကန်ထဲတွန်းချထားတာပါ...အကိုတော် သူ့ရဲ့အပြစ်ကို လျစ်လျူရှုတော်မမူပါနဲ့"

အရှင်မင်းကြီးသည် မင်းသမီးရီရီအား တင်းမာသောမျက်နှာထားဖြင့် ကြည့်လာ၏။

"ရီရီ...ကိုယ်တော်က အလိုလိုက်ထားတာနဲ့ ညီမတော်က ကိုယ်တော့်ရဲ့အမိန့်တော်ကိုပါ ဆန့်ကျင်ရဲနေပြီပေါ့လေ"

မင်းကြီး၏ အလွန်ဒေါသထွက်နေသော အသံနေအသံထားကြောင့် ရီရီ မြေပြင်တွင်ဒူးထောက်ကာ တောင်းပန်လိုက်သည်။

"အကိုတော် စိတ်မဆိုးပါနဲ့....ရီရီ အမှားအတွက် တောင်းပန်ပါတယ်"

"ထတော့ ဒူးမထောက်နဲ့တော့ နန်းတွင်းစည်းမျဉ်းကို အခေါက်တစ်ရာကူးပြီး ကိုယ့်အမှားကို ပြန်ဆင်ခြင်နေ"

မင်းကြီးသည် ရီဟွား၏ လက်အား လွှတ်မပေးဘဲ ခြေလှမ်းလှမ်းကာ ကျောခိုင်းလှည့်ထွက်သွားသောကြောင့် အထိန်းတော်များ၊ အခြွေအရံများနှင့် ကိုယ်ရံတော်များအားလုံးတို့သည်လည်း မင်းကြီးနောက်မှ ဦးခေါင်းငုံ့ကာ လိုက်လာကြသည်။

"ရပ်စမ်း"

ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက် အမိန့်ပေးသံတစ်သံ ထွက်ပေါ်လာသည်။ သူတို့၏ ခြေလှမ်းများ ရပ်တန့်သွားရ၏။

ရီဟွား pov:

Fuck! ဒီနေရာကနေ ဒီနေ့ ထွက်သွားနိုင်ဦးမှာလား?

ရီဟွား တားဆီးသည့် အသံပိုင်ရှင်အား ကြည့်လိုက်ရာ လွန်စွာ ရှည်လျားလှသော ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ဟိုဟိုဒီဒီ ရှုပ်ယှက်ခေတ်နေအောင် ဆံထိုးများထိုးထားသော ဆံထုံးကြီးနှင့် အသက်ကြီးပိုင်း မိန်းမကြီးတစ်ယောက်အား တွေ့လိုက်ရသည်။ သူမ၏ အနောက်တွင် အမတ်ဝတ်စုံဝတ်ဆင်ထားသော လူကြီးတစ်ယောက်ရှိနေသည်။

ဥယျာဉ်တော်ရှိ လူများအားလုံးသည် အကြိမ်ကြိမ်ဒူးထောက်နေရသော်လည်း မပျင်းမရိပင် ထပ်၍ ဒူးထောက်ဂါရဝပြုလိုက်ကြသည်။

မတ်တပ်ရပ်နေရသော အခွင့်ထူးခံလူများသည် ပထမအကြိမ်က ဒူးမထောက်ခဲ့ရသော သူတို့သုံးယောက်အပြင် မင်းကြီးပါ ထပ်တိုးလာသည်။ဝမ်ရယ်နှင့် တော်ဝင်မင်းသမီးရီရီသည် မတ်တပ်ရပ်လျက် ဂါရဝပြုကြသော်လည်း သူနှင့် မင်းကြီးသည်တော့ ဂါရဝပြုခြင်းအလျဥ်းမရှိကြ။

"မယ်တော်ကြီးကို ဂါရဝပြုပါတယ်...မယ်တော်ကြီး သက်တော်ရာကျော် ရှည်ပါစေ"

ဂါရဝပြုကြသူများဆီမှ ထွက်ပေါ်လာသော အသံများကြောင့် ရီဟွား လုံးဝ ဆွံ့အသွားရတော့သည်။

'Fuck! ငါလေး ဒီနေ့မှ စပြီး နန်းတွင်းဝင်မိတာလေ...လူစုံတက်စုံကို ရောက်ချလာပါလား...ဇာတ်လိုက်မင်းသား၊ မင်းသမီး၊ ဗီလိန်၊ အရံဇာတ်ကောင်လေးတွေ အကုန်လုံး တစ်ချိန်တည်း ပေါ်လာကြရော...မိုးနတ်မင်းကြီးက ငါလေးကို မြန်မြန်သေစေချင်နေတယ်ထင်တယ်...မရှိတော့တဲ့ အမေရေ အမေ့သားရီဟွားလေးကို ကယ်တော်မူပါဦးဗျို့'

********************

Zawgyi

အပိုင္း(၆.၁)ဇာတ္ေကာင္ အမ်ားႀကီး ေပၚလာၿပီ

လြန္စြာ လွပေသာ နန္းေတာ္ဥယ်ာဥ္ထဲတြင္ ရီဟြားတစ္ယာက္ ပန္းမ်ိဳးစုံအား ရႈစားကာ လမ္းေလွ်ာက္ေနသည္။

"အကိုႀကီးကလည္း မင္းႀကီးက ေခၚခိုင္းတယ္လို႔ ေျပာၿပီး ေခၚလာတယ္...မင္းႀကီးနန္းေဆာင္လည္း ေရာက္ေရာ အေရးႀကီးကိစၥေဆြးႏြေးစရာရွိလို႔ ဒီမွာခဏေနခဲ့ဆိုၿပီး ပစ္ထားသြားတယ္...ဟိုမင္းႀကီးကလည္း လူကိုထြက္ေတာင္ မၾကည့္ဘူး...သူတို႔ေဆြးႏြေးၿပီးတဲ့ထိ နန္းေဆာင္မွာ ေစာင့္ေနရရင္ ငါ ပ်င္းၿပီးေသသြားလိမ့္မယ္...ေတာ္ေသးတယ္ ဘုရင့္အပါးေတာ္ၿမဲ ေရွာင္ကုန္းဇီက ဒီနားဟိုနား ေလွ်ာက္သြားခြင့္ျပဳလို႔...ဒါနဲ႕ အနီးအနား မဟုတ္ေတာ့ဘဲ နည္းနည္းေဝးလာသလိုပဲ"

အၿငိမ္မေနနိုင္ေသာ ရီဟြားတစ္ေယာက္ တစ္ေယာက္တည္း ပြစိပြစိေျပာကာ ဆက္ေလွ်ာက္လာသည္။

"ၾကည့္ရတာ ငါေလး ယြီေလးနဲ႕ အေနမ်ားၿပီး သူ႕အက်င့္ေတြ ကူးကုန္တာေနမယ္...ဟုတ္တယ္ အဲဒါ ေသခ်ာတယ္"

သူ႕ဖာသာေျပာ သူ႕ဖာသာ တစ္ေယာက္တည္း ေျဖေနလိုက္၏။

တျဖည္းျဖည္း ေလွ်ာက္လာရင္း ဥယ်ာဥ္အလယ္ ေရကန္နားေရာက္လာေသာအခါ သူ၏ ေျခလွမ္းတို႔ ရပ္တန႔္သြားရသည္။

"ဝိုး....လွလိုက္တာ"

အမွန္ပင္ ၾကည္လင္ေနေသာ ေရမ်ား ၾကာပန္းမ်ားျဖင့္ ေရကန္ႀကီးသည္ လြန္စြာလွပေနသည္။ ေရကန္အလယ္တြင္ ဇရပ္တစ္ေဆာင္ရွိေနၿပီး ဥယ်ာဥ္ေျမႏွင့္ ထိုဇရပ္အား တံတားတစ္ဆင္းက ဆက္သြယ္ေပးထားသည္။ တံတားလက္ရန္းတို႔သည္ အခ်ိန္ၾကာျမင့္စြာရွိခဲ့ေသာေၾကာင့္ အနည္းငယ္ ယိုင္နဲ႕ေနပုံရေသာ္လည္း မည္သူမွ်သတိမထားမိနိုင္ေအာင္ ပတ္ဝန္းက်င္အလွက အျမင္အား ဆြဲေဆာင္နိုင္လြန္း​ေနသည္။

ရီဟြား တံတားေပၚမွ ျဖတ္ကာ ေရကန္အလယ္ ဇရပ္ဆီသို႔ သြားလိုက္ၿပီး ေရကန္အလွအား ရႈစားေနလိုက္၏။ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ လတ္ဆတ္ေသာေလအား တဝရႈရွိုက္ေနေသာေၾကာင့္ ပတ္ဝန္းက်င္အား သတိမထားမိလိုက္။

"နင္ကိုး...နင္က ဘာကိစၥ ဥယ်ာဥ္ေတာ္ဘက္ ေရာက္ေနရတာလဲ...ေရာက္မဲ့ေရာက္ ဒုတိယအကိုေတာ္ နန္းေဆာင္ကို ေရာက္ေနရမွာမလား"

႐ုတ္တရက္ သူ႕အနားမွ စူးရွလြန္းေသာ အသံတစ္သံ ထြက္ေပၚလာေသာေၾကာင့္ အသံလာရာဆီသို႔ ၾကည့္ရႈလိုက္သည္။ လြန္စြာ ခမ္းနားလြန္းလွေသာ အဆင္တန္ဆာတို႔အား ဆင္ျမန္းထားသည့္ လွပေခ်ာေမာေသာ မိန္းမငယ္ တစ္ေယာက္အား ေတြ႕ျမင္လိုက္ရသည္။

"မင္းသမီး...ကြၽန္ေတာ္ မင္းႀကီး ေခၚလို႔ နန္းေတာ္ထဲ ေရာက္ရွိေနတာပါ"

"ငါ ၾကားတာ နင္ အတိတ္ေမ့သြားတယ္ဆို...ငါ့ကိုေတာ့ မင္းသမီးမွန္း ေမ့မသြားဘူးဘဲ"

ရီဟြား ရန္လိုေနပုံရေသာ သူမအား ၾကည့္၍ ေျပာလိုက္၏။

"ကြၽန္ေတာ္ တကယ္ ဘာကိုမွ မမွတ္မိပါဘူး...မင္းသမီးမွန္းသိတာက မင္းသမီးရဲ႕ ဝတ္စားဆင္ယင္ပုံေၾကာင့္ပါ"

"ငါ့ကို မင္းသမီးမွန္းသိရင္ အရိုအေသျပဳရမယ္ဆိုတာ မသိဘူးလား"

ရီဟြား သူဖတ္ဖူးသည့္ ဇာတ္ေၾကာင္းအထိဆိုလွ်င္ သူသိသည့္ မိန္းကေလးဇာတ္ေကာင္သည္ အမ်ိဳးသမီးဇာတ္လိုက္ သခင္မေလး ရွင္းရန္ တစ္ေယာက္သာ ရွိသည္။ ယခု သူ၏ေရွ႕ရွိ အဆင့္အတန္းျမင့္ပုံရသည့္ မိန္းကေလးအား သူ သတိထားရေပမည္။ သူ၏ မူလခႏၶာကိုယ္ပိုင္ရွင္ႏွင့္ ရန္ၿငိဳး ရွိထားပုံရသည္။

"မင္းႀကီးက ကြၽန္ေတာ့္ကို ဘယ္သူ႕ကိုမွ အရိုအေသေပးစရာမလိုဘူးလို႔ အမိန႔္ေပးထားလို႔ပါ...ကြၽန္ေတာ္ မင္းႀကီးရဲ႕ အမိန႔္ကို မလြန္ဆန္ရဲပါဘူး...မင္းႀကီးရဲ႕အမိန႔္ကို မင္းသမီး မလြန္ဆန္ဖို႔ ေမွ်ာ္လင့္ပါတယ္"

"မျဖစ္နိုင္တာ...နင္ ေလွ်ာက္ေျပာမေနနဲ႕"

ေလွ်ာက္မေျပာပါဘူး အဘြားေလးရယ္! မတ္တပ္ရပ္ၿပီးေျပာေနတာပါဗ်ာ!

ရီဟြား အေတြးထဲတြင္သာ ေျပာလိုက္ျခင္းျဖစ္သည္။ အျပင္တြင္သာ ထုတ္ေျပာလိုက္လွ်င္ ထို သူ႕အား မၾကည္ေသာ အဘြားေလးသည္ သူ႕အား သတ္ပစ္ေလာက္သည္။

"ကြၽန္ေတာ္က မင္းႀကီးနာမည္သုံးၿပီး လိမ္ညာရဲပါ့မလား"

"နင္! နင္ အကိုေတာ္ကိုပါ နင္ရဲ႕ သနားကမား ႐ုပ္ရည္ေလးနဲ႕ ဖ်ားေယာင္းလိုက္တာမလား...ဒုတိယအကိုေတာ္နဲ႕ စစ္သူႀကီးနဲ႕တင္ အားမရေသးလို႔ ခုအကိုေတာ္မင္းႀကီးကိုပါ နင့္ဘက္ပါေအာင္ လုပ္လိုက္တယ္ေပါ့ေလ"

အသားလြတ္ႀကီး စြပ္စြဲခံလိုက္ရေသာေၾကာင့္ ရီဟြား ေတာ္ေတာ္နင္သြားရသည္။ ထိုမင္းသမီး၏ သူ႕အေပၚေဒါသမ်ားသည္ သူ(မ) အကိုႏွင့္ သူ၏ အကိုႀကီး တစ္ေယာက္ေယာက္ေၾကာင့္ ျဖစ္ေလာက္သည္။ ႏွစ္ေယာက္လုံးေၾကာင့္လည္း ျဖစ္နိုင္ေခ်ရွိသည္။

ၾကာရွည္စကားမ်ားေနလွ်င္ အေျခအေနမေကာင္းနိုင္ေသာေၾကာင့္ သူ ေရွာင္ထြက္ရန္ ျပင္လိုက္၏။

"မင္းသမီး ကြၽန္ေတာ္ မင္းႀကီးနန္းေဆာင္ကို ျပန္လိုက္ပါဦးမယ္...ခုခ်ိန္ေလာက္ဆို မင္းႀကီး အကိုႀကီးနဲ႕ စစ္ေရးကိစၥေတြ ေဆြးႏြေးၿပီးေလာက္ၿပီ...သြားခြင့္ျပဳပါဦး မင္းသမီး"

အရိုအေသ ေပးစရာမလိုေသာေၾကာင့္ သူ စကားအျမန္ျဖတ္ကာ ေက်ာေပးလွည့္ထြက္လိုက္သည္။

"ရပ္စမ္း! ဝူရီဟြား...နင္ အဲမွာ ရပ္ေနလိုက္စမ္း"

'ရပ္ခိုင္းတိုင္း ရပ္ရေအာင္ ငါက Taxi မဟုတ္ဘူး အဘြားေလးေရ...နင္ ငါ့ကို ဒုကၡမေပးခင္ ဒီေနရာက အျမန္သြားနိုင္မွ ျဖစ္မယ္...တာတာ့ အဘြားေလး သြားၿပီဗ်ိဳ႕'

ရီဟြား ေျခလွမ္းသြက္သြက္ လွမ္းကာ အျမန္ထြက္သြားနိုင္ရန္ ႀကိဳးစားလိုက္သည္။ သို႔ေသာ္ သူ၏ ဆႏၵတို႔ မျပည့္ေျမာက္လိုက္။ သိုင္းကြၽမ္းေသာ ထိုမိန္းကေလးသည္ ရီဟြားအနားသို႔ လ်င္ျမန္စြာ ေရာက္လာၿပီး ရီဟြား၏ လက္အား ဆြဲကာ တံတား လက္ရန္းနားသို႔ အတင္းဆြဲေခၚလာသည္။

ႏွစ္ေယာက္လုံး လက္ရန္းနားသို႔ ေရာက္သည္ႏွင့္ သူ႕အနားသို႔ကပ္ကာ သူၾကားနိုင္ေလာက္သည့္ တိုးညွင္းေသာေလသံျဖင့္ စကားအခ်ိဳ႕အား ဆိုလာသည္။

"ဒီတစ္ခါ နင္ေသခ်ာေပါက္ ဒုကၡအႀကီးႀကီး ေရာက္ၿပီပဲ...ဒုတိယအကိုေတာ္နဲ႕ စစ္သူႀကီး နင့္ကို ကာကြယ္နိုင္မွာ မဟုတ္ေတာ့ဘူး...ေတာ္ဝင္မင္းသမီးရဲ႕ ခႏၶာကိုယ္ကို ထိခိုက္ေအာင္လုပ္မိရင္ ​ေသခ်ာေပါက္ အျပစ္ဒဏ္​ကို နင္ခံရလိမ့္မယ္"

သူ ေျပာခ်င္ရာေျပာၿပီးေနာက္ လက္ရန္းေပၚ တက္ကာ ေရကန္ထဲသို႔ ခုန္ခ်သြားေလသည္။

'Fuck! အဲဒီ ဇာတ္ေကာင္က ဘာျဖစ္ခ်င္ေနတာလဲ...ေမြးကတည္းက ဦးႏွောက္ပါမလာတာလား...ဒီေလာက္ေအးတဲ့ ကန္ေရထဲ ကိုယ့္ဖာသာ ဒုကၡရွာၿပီး ေရဆင္းခ်ိဳးရတယ္လို႔'

အခ်ိန္ကိုက္ဆိုသလိုပင္ တိက်လြန္းစြာ ထိုမင္းသမီးအား လိုက္ရွာေနေသာ သူမ၏ ရံေ႐ြေတာ္မ်ား ေရာက္လာေလသည္။ ဇာတ္တိုက္ထားလွ်င္ပင္ ထိုမွ် တိက်လြန္းလိမ့္မည္ မဟုတ္။

နန္းတြင္းကားမ်ားတြင္ ဖန္တရာေတ ျမင္ဖူးေနၾကဇာတ္ကြက္အတိုင္း မင္းသမီး၏ရံေ႐ြေတာ္မ်ားက လက္ရန္းနား ေရာက္ေနေသာ သူ႕အား တြန္းခ်သဴဟုစြပ္စြဲကာ အေစာင့္ရဲမက္မ်ားအား ဖမ္းခ်ဳပ္ေစခိုင္းေတာ့သည္။ ထို႔ေနာက္ ေရမကူးတတ္ေသာ္လည္း ရဲရင့္စြာျဖင့္ ဒိုင္ပင္ထိုးဆင္းသြားေသာ မင္းသမီးအား အသည္းအသန္ ကယ္ၾကေလေတာ့၏။

ရီဟြား ေျပာစရာ စကားတို႔ ေပ်ာက္ရွသြားရၿပီး ေခါင္းသာ ခါယမ္းေနလိုက္ေတာ့သည္။

************************

ခမ္းနားထည္ဝါေသာ နန္းေဆာင္တစ္ခုထဲတြင္ ေ႐ႊေရာင္ဝတ္႐ုံေတာ္အား ဝတ္ဆင္ထားသည့္ ခံညားေခ်ာေမာလြန္းေသာ လူတစ္ေယာက္ႏွင့္ အျဖဴ ႏွင့္အနက္တြဲစပ္ထားေသာ ဘရိုကိတ္သား အကၤ်ီအား ဝတ္ဆင္ထားသည့္ ၾကည့္ေကာင္းေသာ လူတစ္ေယာက္တို႔သည္ အေရးႀကီးကိစၥတစ္ခုအား ေဆြးႏြေးေနၾက၏။ သူတို႔ရွိရာဆီသို႔ လူတစ္ေယာက္ အေျပးအလႊား ေရာက္ရွိလာေလသည္။

"ေရွာင္ကုန္းဇီ မင္းက အခုအထိန္းေတာ္ခ်ဳပ္ေနာ္....ဘုရင့္အပါးေတာ္ၿမဲ ျဖစ္တဲ့မင္းက စည္းကမ္းေတြေမ့ေလ်ာ့ေနတာလား"

အေလာတႀကီးဝင္လာေသာ ေရွာင္ကုန္းဇီသည္ မင္းႀကီးအား ဒူးေထာက္ေတာင္းပန္လိုက္သည္။

"ကြၽန္ေတာ္မ်ိဳး ေတာင္းပန္ပါတယ္ အရွင္မင္းႀကီး...သခင္ေလး ဝူရီဟြားနဲ႕ ေတာ္ဝင္မင္းသမီးရီရီ ဥယ်ာဥ္ေတာ္မွာ ေတြ႕ဆုံၾက ၿပီး အခု ျပသနာျဖစ္ေန လို႔ အရွင္မင္းႀကီးကို အေလာတႀကီး လာေလွ်ာက္တင္ရေၾကာင္းပါ"

ေရွာင္ကုန္းဇီ၏ စကားေၾကာင့္ စစ္သူႀကီးသည္ ထိုင္ေနရာမွ အထိတ္တလန႔္ထရပ္လိုက္မိသည္။ မင္းႀကီး၏ မ်က္ႏွာထက္တြင္လည္း စိတ္တိုင္းမက်မႈအား အထင္းသား ေတြ႕လိုက္ရ၏။

"အထိန္းေတာ္ခ်ဳပ္ ဒီကိစၥဘယ္လိုျဖစ္ရတာလဲ...မင္းႀကီးနဲ႕ ကြၽန္ေတာ္ စာၾကည့္ခန္းမွာ အေရးႀကီးကိစၥေဆြးႏြေးစရာရွိလို႔ ဟြားေအာ္ကို မင္းႀကီးနန္းေဆာင္မွာ ေနခဲ့ခိုင္းထားတာေလ...ဘယ္လိုအေၾကာင္းအရင္းနဲ႕ ဥယ်ာဥ္ေတာ္ဘက္ ေရာက္သြားရတာလဲ"

"ကြၽန္ေတာ္မ်ိဳး ေတာင္းပန္ပါတယ္ စစ္သူႀကီး...သခင္ေလးက အရမ္းပ်င္းလို႔ အနီးအနား ခဏေလွ်ာက္ၾကည့္ခ်င္တယ္ဆိုတာနဲ႕ ခြင့္ျပဳလိုက္တာပါ...ဥယ်ာဥ္ေတာ္ဘက္ထိေရာက္သြားလိမ့္မယ္လို႔ မထင္မိလို႔ပါ"

မင္းႀကီး၏ မ်က္ႏွာေတာ္ထက္တြင္ အလိုမက်မႈတို႔ ျဖစ္ေပၚေနသည္။

"မင္းက ဘာကိစၥ ကိုယ့္ဘာသာ ဆုံးျဖတ္ခ်က္ခ်ရတာလဲ....အရင္ဆုံး ေရွာင္ဟြားဆီသြားမယ္...ၿပီးမွ မင္းကို ျပစ္ဒဏ္စီရင္မယ္"

ဧကရာဇ္ေက်ာက္ရန္ တစ္ေယာက္ လြန္စြာ ေဒါသထြက္ေနေသာ မ်က္ႏွာထားျဖင့္ နန္းေဆာင္မွ ထြက္ခြာသြားလိုက္သည္။ သူ၏ ေနာက္တြင္ ေက်ာ္ၾကားလြန္းလွေသာ စစ္သူႀကီးအျပင္ ေရွာင္ကုန္းဇီ၊ ရံေ႐ြေတာ္မ်ားႏွင့္ ကိုယ္ရံေတာ္မ်ား လိုက္ပါလာၾကသည္။

*****************

နန္းေဆာင္ငယ္တစ္ခုထဲတြင္ လြန္စြာေခ်ာေမာလွပလြန္းေသာ မိန္းမငယ္ေလးတစ္ေယာက္ႏွင့္ ခံညား ၾကည့္ေကာင္းေသာ လုလင္ပ်ိဳ တစ္ေယာက္တို႔သည္ စားပြဲဝိုင္းတစ္ခုတြင္ ထိုင္ကာ လက္ဖက္ရည္ သုံးေဆာင္ေနၾကသည္။

သူတို႔အနီးသို႔ အေစခံငယ္ေလး တစ္ေယာက္ အေမာတေကာ ေျပးလာၿပီး သူရလာေသာ သတင္းအား ျပန္လည္၍ မွ်ေဝလိုက္၏။

"ဝမ္ရယ္...မမေလး နန္းေတာ္ဥယ်ာဥ္ထဲမွာ သခင္ေလး ရီဟြားနဲ႕ ေတာ္ဝင္မင္းသမီးရီရီတို႔ျပသနာျဖစ္ေနတယ္တဲ့...မင္းသမီးရီရီကို သခင္ေလးရီဟြားက ေရကန္ထဲတြန္းခ်လိဳက္တယ္လို႔ၾကားတယ္"

"ဘာ"

လက္ဖက္ရည္ခြက္ ကိုင္ထားေသာ ဝမ္ရယ္၏ မ်က္ႏွာတြင္ အံ့ၾသမႈတို႔ ျဖစ္ေပၚသြားသည္။

႐ုတ္တရက္ ေဘးတြင္ထိုင္ေနေသာ မိန္းမပ်ိဳက စားပြဲအား လက္ျဖင့္ ခပ္ၾကမ္းၾကမ္း ရိုက္ခ်လိဳက္ၿပီး ထရပ္လိုက္ကာ သူမ၏ ေဘးရွိ ဝမ္ရယ္အား လက္ညိုးထိုး၍ အျပစ္တင္ေတာ့သည္။

"အဲဒါ ေသခ်ာေပါက္ နင့္ညီမက ဟြားအယ္ကို သက္သက္စြပ္စြဲတာ...နင့္ညီမက ဘာျဖစ္ခ်င္ေနတာလဲ...သူ႕ကိုယ္သူ မင္းႀကီးအခ်စ္ဆုံး ညီမေတာ္ဆိုၿပီး ေျမာက္တက္ေနတာ...စစ္သူႀကီးကို ႀကိဳက္တာကို သူ႕ျပန္မႀကိဳက္တာနဲ႕ မဆီမဆိုင္ ဘာကိစၥဟြားအယ္ကို လိုက္ရမ္းေနရတာလဲ...ဟြားအယ္က အတိတ္ေမ့ထားတာ...ခုထိ ေနေကာင္းမေပ်ာက္ေလာက္ေသးလို႔ ငါတို႔ေတာင္သြားအႏွောင့္အယွက္မေပးတာကို နင့္ညီမက ေခ်ာက္ခ်လိဳက္ေသးတယ္ေနာ္...ငါတကယ္ သည္းမခံနိုင္ေတာ့ဘူး....မင္းမ်ိဳးမင္းႏြယ္ ျဖစ္ေနလို႔ေပါ့...မဟုတ္ရင္ ငါ မွတ္ေလာက္သားေလာက္ေအာင္ ဆုံးမၿပီးၿပီ"

သူမ၏ အျပစ္တင္စကားမ်ားေၾကာင့္ ေခ်ာေမာေသာ ဝမ္ရယ္၏ မ်က္ႏွာ ပ်က္ယြင္းသြားရသည္။

"ရွင္းရန္ နင့္ကိုယ္နင္ သခင္မေလးတစ္ေယာက္ဆိုတာလည္း သတိရဦး...မသိရင္ ေဈးထဲက လူမိုက္က်ေနတာပဲ...စိတ္ခ် အဲဒီေကာင္မေလးေၾကာင့္ ဟြားအယ္ အနိုင္က်င့္မခံေစရပါဘူး...သူမက အလိုလိုက္ခံထားရလို႔ ဆိုးေနတာေလ...စိတ္ရင္းေလးကအဆိုးႀကီးမဟုတ္ရွာပါဘူး...ဟြားအယ္ကို အနိုင္က်င့္လိုက္တိုင္း ငါတို႔က လိုက္ကာကြယ္ေပးေနၾကေတာ့ ခံျပင္းၿပီး ေလွ်ာက္လုပ္ေနတာ"

"နင့္ညီမပဲဟာ..နင္က သူ(မ)ဘက္ပါေပးမွာေပါ့....သူ(မ) ဘယ္ေလာက္အက်င့္မေကာင္းလဲဆိုတာ ငါက မသိရွာဘူးဆိုေတာ့...အပိုေတြေျပာမေနနဲ႕ေတာ့ ဟြားအယ္ဆီ အျမန္သြားမယ္"

သြက္လက္ဖ်က္လက္ေသာ မိန္းမလွေလးသည္ ေကာင္ေခ်ာေလး၏ လက္အားဆြဲကာ ထိုေနရာမွ အျမန္ထြက္ခြာသြားေတာ့သည္။

*****************

"အဟြတ္ အဟြတ္"

"မင္းသမီးေလး အဆင္ေျပရဲ႕လား"

ေရသီးေနေသာ ေတာ္ဝင္မင္းသမီးေဘး ဝိုင္းအုံေနၾကေသာ ရံေ႐ြေတာ္မ်ားႏွင့္ သ႐ုပ္ေဖာ္ေနေသာ ျပဇာတ္အား ဖမ္းခ်ဳပ္ခံထားရသည့္ ရီဟြားတစ္ေယာက္ ၾကည့္ေကာင္းေကာင္းႏွင့္ၾကည့္ေနလိုက္သည္။

"မင္းသမီးေလး....ဟိုလူ႕ကို ဘယ္လို အျပစ္ဒဏ္ေပးရမလဲ...လုံးဝသက္ညွာမေပးသင့္ေၾကာင္းပါ မင္းသမီးေလး...အဲဒီလူ မွတ္ေလာက္ေအာင္ ဆုံးမေတာ္မူပါ"

'နင္တို႔မင္းသမီးက သက္ညွာေပးဖို႔ စိတ္ကူးလုံးဝ မရွိဘူးရယ္...စိတ္ခ်လိဳက္!'

ရီဟြားအေတြးတို႔မွန္ကန္ေၾကာင္း မင္းသမီး၏ စကားမ်ားက သက္ေသျပသြားေလသည္။

"ေတာ္ဝင္မင္းသမီးကိုယ္ကို ထိခိုက္ေအာင္ လုပ္တာက ေသဒဏ္အထိ ေပးနိုင္တဲ့ အျပစ္ႀကီးပဲ...ငါ မင္းသမီးက စစ္သူႀကီးမ်က္ႏွာကို ေထာက္ထားၿပီး စိတ္ထားျပည့္ဝစြာနဲ႕ ႀကိမ္ဒဏ္ အခ်က္ (၁၀၀)ပဲ ျပစ္ဒဏ္စီရင္လိုက္တယ္"

'Fuck!ေတာ္ေတာ္ တရားက်စရာေကာင္းၿပီး သေဘာထားျပည့္ဝလြန္းတဲ့ ျပစ္ဒဏ္ႀကီးဟ'

ရီဟြား မ်က္လုံးပင္ လွန္မိမတတ္ ျဖစ္သြားရသည္။ ဖမ္းခ်ဳပ္ထားေသာ ရဲမက္ႏွစ္ေယာက္သည္ သူ႕အား ဒီေနရာမွ ဆြဲေခၚသြားရန္ ျပင္လိုက္ၾကသည္။

"ရပ္လိုက္ၾကစမ္း"

အသံလာရာဆီသို႔ ၾကည့္လိုက္ေတာ့ ၾကည့္ေကာင္းလြန္းေသာ ေခ်ာေမာသည့္ ေယာက်ာ္းတစ္ေယာက္အား ေတြ႕လိုက္ရ၏။ ထိုသူ၏ ေဘးတြင္ ပိုင္ရန္မိန္းကေလးထက္ပင္ လွပလြန္းလွသည့္ မိန္းမငယ္တစ္ေယာက္အားလည္း ထပ္ေတြ႕လိုက္ရသည္။

'Wtf!ဒီထဲက ဇာတ္ေကာင္ေတြအကုန္ ဘာလို႔ အဲေလာက္ေခ်ာေနၾကတာလဲ...႐ုပ္ဆိုးတဲ့ ဇာတ္ေကာင္တစ္ေယာက္မွကို မရွိေတာ့ဘူးလား'

ရံေ႐ြေတာ္မ်ားသည္ ထိုအသစ္ေရာက္လာေသာ သူႏွစ္ေယာက္အား အရိုအေသျပဳလိုက္ၾကသည္။

"ဝမ္ရယ္....သခင္မေလး ရွင္းရန္"

ရီဟြား လုံးဝဆြံ႕အသြားရသည္။

'Fuck!ေခ်ာတာလည္း မေျပာနဲ႕ေလ....ကံၾကမၼာရဲ႕ မ်က္ႏွာသာေပးခံ ဇာတ္လိုက္မင္းသားနဲ႕ မင္းသမီးပဲဟာ...ဒါနဲ႕ သူတို႔က ဘာကိစၥ ဒီကို ေရာက္လာရတာလဲ'

"ခုခ်က္ခ်င္း ဟြားအယ္ကို လႊတ္လိုက္စမ္း"

"ဒုတိယအကိုေတာ္ သူက ညီမေတာ္ကို ထိခိုက္ေအာင္ လုပ္ထားတာပါ...ခြင့္မလႊတ္နိုင္ပါဘူး...ဘာရပ္လုပ္ေနၾကတာလဲ...ျမန္ျမန္အျပစ္ေပးတဲ့ဆီ ေခၚသြားၾကစမ္း"

"ငါ့အမိန႔္ကို ဘယ္သူလြန္ဆန္ရဲလဲ...သြားရဲတဲ့သူ သြားလိုက္စမ္း"

"ငါ့အမိန႔္ကိုေရာ ဘယ္သူလြန္ဆန္ရဲလဲ....ခုခ်က္ခ်င္း အျပစ္ေပးေနရာကို ေခၚသြားၾကစမ္း"

'မင္းတို႔ ဘာျဖစ္ခ်င္ေနၾကတာလဲ....ဒီေနရာက အာဏာၿပိဳင္ပြဲက်င္းပရာေနရာလား'

ရီဟြား အေတာ္ပင္ ေခါင္းရႈပ္သြားရသည္။ သူပဲေတာ့ မဟုတ္။ သူ႕အား ဖမ္းခ်ဳပ္ထားေသာ ရဲမက္မ်ားလည္း သူႏွင့္အတူပင္။

"အားလုံး ရပ္လိုက္ၾကစမ္း"

ထပ္မံ၍ အသံထြက္ေပၚလာရာေနရာဆီ ၾကည့္လိုက္ေတာ့ ေ႐ႊေရာင္ဝတ္႐ုံေတာ္ႏွင့္ သူ႕ဆီသို႔ တန္းတန္းမတ္မတ္ ေလွ်ာက္လာေသာသူ။ သူ၏ ေနာက္တြင္ေတာ့ တည္ၾကည္ေသာ မ်က္ႏွာထားျဖင့္ ခ်စ္လွစြာေသာ အကိုႀကီးလိုက္ပါလာသည္။

"မင္းႀကီးကို အရိုအေသျပဳပါတယ္"

ဥယ်ာဥ္ေတာ္ရွိ လူမ်ားစြာသည္ မင္းႀကီးအား ဒူးေထာက္အရိုအေသျပဳလိုက္ၾကသည္။ မတ္တပ္ရပ္ေနေသာသူဟူ၍ သူ႕အျပင္ အဓိကဇာတ္လိုက္မင္းသားႏွင့္ သူ႕အားစြပ္စြဲသည့္ ေတာ္ဝင္မင္းသမီး ရီရီတို႔သာ ရွိၾကသည္။

သို႔ေသာ္ သူမွလြဲ၍ က်န္ႏွစ္ေယာက္သည္ ဒူးမေထာက္ေသာ္လည္း ​ ေခါင္းငုံ႕ကာ အရိုအေသျပဳၾကသည္။

"ဟြားအယ္ ဘာလုပ္ေနတာလဲ...မင္းႀကီးကို အရိုအေသျပဳလိုက္ေလ"

မတ္တပ္ရပ္ေနေသာ ရီဟြားအား သတိထားမိသြားေသာ ဝမ္ရယ္သည္ သူ၏အကိုေတာ္အား ဂါရဝျပဳၿပီးေနာက္ ရီဟြားအား အျပစ္ဒဏ္မခံရေစရန္ သတိေပးလိုက္သည္။

"ငါ ကိုယ္ေတာ္ ေရွာင္ဟြားကို ဘယ္သူ႕မွ အရိုအေသမျပဳဖို႔ မွာၾကားထားတာ...အားလုံး ထၾကေတာ့"

မင္းႀကီး၏ အမိန႔္သံေၾကာင့္ ဥယ်ာဥ္ေတာ္အတြင္းရွိ လူအားလုံး ဒူးေထာက္အရိုအေသျပဳေနရာမွ မတ္တပ္ရပ္လိုက္ၾကသည္။

"ေရွာင္ဟြား ဒီကိုလာခဲ့"

ဖမ္းခ်ဳပ္ခံရျခင္းမွ လြတ္သြားေသာ ရီဟြားတစ္ေယာက္ သူ႕အားေခၚသသည့္ မင္းႀကီးဆီသို႔ ေလွ်ာက္သြားလိုက္သည္။ အနားသို႔ေရာက္သည္ႏွင့္ ဂ႐ုတစိုက္ၾကည့္ကာ သူ႕အား ညင္သာေသာ အသံျဖင့္ေမးလာသည္။

"ဘာျဖစ္သြားေသးလဲ"

ရီဟြား ေခါင္းခါျပလိုက္သည္။

ထို႔ေနာက္ အေစာပိုင္းက ရီဟြားအား ဖမ္းခ်ဳ ပ္ထားခဲ့ေသာ အေစာင့္ရဲမက္ႏွစ္ဦးဆီ စူးရဲေသာအၾကည့္တို႔ ပို႔လႊတ္လိုက္ၿပီး ေအးစက္ေၾကာက္မက္ဖြယ္အသံေနအသံထားႏွင့္ ေျပာၾကားလိုက္သည္။

"မင္းတို႔လက္ေတြက ငါကိုယ္ေတာ္ရဲ႕ အထူးဧည့္သည္ေတာ္ကို ထိကိုင္ရဲတယ္...မင္းတို႔အသက္ မရွင္ခ်င္ေတာ့ဘူးလား"

ခ်က္ခ်င္းပင္ ရဲမက္ႏွစ္ေယာက္သည္ ဒူးေထာက္ခ်ကာ ေျမျပင္ကို ဦးေခါင္းႏွင့္ထိ၍ မင္းႀကီးအား ေတာင္းပန္ေလေတာ့သည္။

"အရွင္မင္းႀကီး ကြၽန္ေတာ္မ်ိဳးတို႔ မဝံ့ရဲပါဘူး...ေတာ္ဝင္သမီး ရီရီရဲ႕ အမိန႔္ေၾကာင့္ ဖမ္းခ်ဳပ္မိတာပါ....အရွင္မင္းႀကီးရဲ႕ ဧည့္သည္ေတာ္မွန္း တကယ္ကို မသိရွိမိေၾကာင္းပါ....ကြၽန္ေတာ္မ်ိဳးတို႔ကို ခြင့္လႊတ္ေပးေတာ္မူပါ အရွင္မင္းႀကီး"

"အရိပ္ ကိုယ္ရံေတာ္ေခါင္းေဆာင္"

မင္းႀကီး၏ ေခၚသံေၾကာင့္ ဥယ်ာဥ္ေတာ္ရွိ သစ္ပင္ႀကီးတစ္ပင္ထက္မွ အနက္ေရာင္ကိုယ္ရံေတာ္ဝတ္စုံ ဝတ္ဆင္ထားသူတစ္ေယာက္ ေျမျပင္ေပၚသို႔ ဆင္းလာခဲ့သည္။ မင္းႀကီးေရွ႕ေတာ္ေမွာက္တြင္ ဒူးေထာက္လိုက္ၿပီး မင္းႀကီး၏ အမိန႔္အား ေစာင့္စားေနလိုက္သည္။

"ေရွာင္ဟြားကို ထိကိုင္ခဲ့တဲ့ အဲဒီလူႏွစ္ေယာက္ရဲ႕ လက္တစ္ဖက္စီကို ျဖတ္ပစ္လိုက္"

ဥယ်ာဥ္ေတာ္ရွိ လူမ်ားအားလုံးတို႔သည္ ဆြံ႕အသြားကုန္ၾကသည္။ မင္းႀကီး အမ်က္ေတာ္မရွေစခ်င္ေသာေၾကာင့္ မည္သူမွ်စကားတခြန္းပင္ ဆိုမလာၾကေတာ့။

"ေသဆိုေသ၊ ရွင္ဆိုရွင္" မင္းမိန့္တစ္ခုျဖင့္ အုပ္ခ်ဳပ္ေသာ သက္ဦးဆံပိုင္ ဘုရင္စနစ္က လြန္စြာ ေၾကာက္ဖို႔ေကာင္းလြန္းသည္ဟု ရီဟြားေတြးမိလိုက္သည္။

"အမိန႔္ေတာ္အတိုင္းပါ မင္းႀကီး"

ကိုယ္ရံေတာ္သည္ မတ္တပ္ရပ္ကာ အေစာင့္ႏွစ္ေယာက္ဆီသို႔ ပုံမွန္ေျခလွမ္းမ်ားႏွင့္ လွမ္းလာေလသည္။ ရဲမက္ႏွစ္ေယာက္၏ ကိုယ္သည္ ေၾကာက္႐ြံ႕ျခင္းေၾကာင့္ တုန္ယင္ေနၾက၏။ ရီဟြား ဝင္မပါဘဲ မေနနိုင္ေတာ့။

"မင္းႀကီး သူတို႔ႏွစ္ေယာက္က အမွားမလုပ္မိပါဘူး....သူတို႔အမွားလုပ္တယ္ဆိုရင္ေတာင္ အဲဒါက အမိန႔္အတိုင္းလုပ္ေဆာင္ရတာေၾကာင့္ပါ....ကြၽန္ေတာ္မ်ိဳး အႏူးအၫြတ္ေတာင္းပန္ပါရေစ...သူတို႔အျပစ္ကို ခြင့္လႊတ္ေပးေတာ္မူပါ"

"ေကာင္းၿပီ...ေရွာင္ဟြား ေတာင္းဆိုတဲ့အတြက္ ကိုယ္ေတာ္ မင္းတို႔ကို ခြင့္လႊတ္လိုက္မယ္...ေရွာင္ဟြား ကိုယ္ေတာ္နဲ႕ နန္းေဆာင္ျပန္မယ္"

သူ၏ လက္အားတြဲကာ ေနရာမွ ထြက္သြားရန္ ျပင္ေနေသာ မင္းႀကီးေၾကာင့္ ရီဟြား ေနာက္မွလိုက္ရန္ ျပင္လိုက္ရသည္။ သူ႕လက္ဆြဲထားသူသာ စိတ္မထင္လွ်င္ သူသည္လည္း လက္အျဖတ္ခံရခါနီး ျဖစ္သြားရေသာ အေစာင့္ႏွစ္ေယာက္ေနရာ ေရာက္သြားနိုင္သည္ေလ။

"အကိုေတာ္ ဝူရီဟြားက ညီမေတာ္ကို ေရကန္ထဲတြန္းခ်ထားတာပါ...အကိုေတာ္ သူ႕ရဲ႕အျပစ္ကို လ်စ္လ်ဴရႈေတာ္မမူပါနဲ႕"

အရွင္မင္းႀကီးသည္ မင္းသမီးရီရီအား တင္းမာေသာမ်က္ႏွာထားျဖင့္ ၾကည့္လာ၏။

"ရီရီ...ကိုယ္ေတာ္က အလိုလိုက္ထားတာနဲ႕ ညီမေတာ္က ကိုယ္ေတာ့္ရဲ႕အမိန႔္ေတာ္ကိုပါ ဆန႔္က်င္ရဲေနၿပီေပါ့ေလ"

မင္းႀကီး၏ အလြန္ေဒါသထြက္ေနေသာ အသံေနအသံထားေၾကာင့္ ရီရီ ေျမျပင္တြင္ဒူးေထာက္ကာ ေတာင္းပန္လိုက္သည္။

"အကိုေတာ္ စိတ္မဆိုးပါနဲ႕....ရီရီ အမွားအတြက္ ေတာင္းပန္ပါတယ္"

"ထေတာ့ ဒူးမေထာက္နဲ႕ေတာ့ နန္းတြင္းစည္းမ်ဥ္းကို အေခါက္တစ္ရာကူးၿပီး ကိုယ့္အမွားကို ျပန္ဆင္ျခင္ေန"

မင္းႀကီးသည္ ရီဟြား၏ လက္အား လႊတ္မေပးဘဲ ေျခလွမ္းလွမ္းကာ ေက်ာခိုင္းလွည့္ထြက္သြားေသာေၾကာင့္ အထိန္းေတာ္မ်ား၊ အေႁခြအရံမ်ားႏွင့္ ကိုယ္ရံေတာ္မ်ားအားလုံးတို႔သည္လည္း မင္းႀကီးေနာက္မွ ဦးေခါင္းငုံ႕ကာ လိုက္လာၾကသည္။

"ရပ္စမ္း"

ေျခလွမ္းအနည္းငယ္မွ် လွမ္းၿပီးေနာက္ အမိန့္ေပးသံတစ္သံ ထြက္ေပၚလာသည္။ သူတို႔၏ ေျခလွမ္းမ်ား ရပ္တန႔္သြားရ၏။

ရီဟြား pov:

Fuck! ဒီေနရာကေန ဒီေန႕ ထြက္သြားနိုင္ဦးမွာလား?

ရီဟြား တားဆီးသည့္ အသံပိုင္ရွင္အား ၾကည့္လိုက္ရာ လြန္စြာ ရွည္လ်ားလွေသာ ဝတ္႐ုံရွည္ႀကီးကို ဝတ္ဆင္ထားၿပီး ေခါင္းေပၚတြင္ ဟိုဟိုဒီဒီ ရႈပ္ယွက္ေခတ္ေနေအာင္ ဆံထိုးမ်ားထိုးထားေသာ ဆံထုံးႀကီးႏွင့္ အသက္ႀကီးပိုင္း မိန္းမႀကီးတစ္ေယာက္အား ေတြ႕လိုက္ရသည္။ သူမ၏ အေနာက္တြင္ အမတ္ဝတ္စုံဝတ္ဆင္ထားေသာ လူႀကီးတစ္ေယာက္ရွိေနသည္။

ဥယ်ာဥ္ေတာ္ရွိ လူမ်ားအားလုံးသည္ အႀကိမ္ႀကိမ္ဒူးေထာက္ေနရေသာ္လည္း မပ်င္းမရိပင္ ထပ္၍ ဒူးေထာက္ဂါရဝျပဳလိုက္ၾကသည္။

မတ္တပ္ရပ္ေနရေသာ အခြင့္ထူးခံလူမ်ားသည္ ပထမအႀကိမ္က ဒူးမေထာက္ခဲ့ရေသာ သူတို႔သုံးေယာက္အျပင္ မင္းႀကီးပါ ထပ္တိုးလာသည္။ဝမ္ရယ္ႏွင့္ ေတာ္ဝင္မင္းသမီးရီရီသည္ မတ္တပ္ရပ္လ်က္ ဂါရဝျပဳၾကေသာ္လည္း သူႏွင့္ မင္းႀကီးသည္ေတာ့ ဂါရဝျပဳျခင္းအလ်ဥ္းမရွိၾက။

"မယ္ေတာ္ႀကီးကို ဂါရဝျပဳပါတယ္...မယ္ေတာ္ႀကီး သက္ေတာ္ရာေက်ာ္ ရွည္ပါေစ"

ဂါရဝျပဳၾကသူမ်ားဆီမွ ထြက္ေပၚလာေသာ အသံမ်ားေၾကာင့္ ရီဟြား လုံးဝ ဆြံ႕အသြားရေတာ့သည္။

'Fuck! ငါေလး ဒီေန႕မွ စၿပီး နန္းတြင္းဝင္မိတာေလ...လူစုံတက္စုံကို ေရာက္ခ်လာပါလား...ဇာတ္လိုက္မင္းသား၊ မင္းသမီး၊ ဗီလိန္၊ အရံဇာတ္ေကာင္ေလးေတြ အကုန္လုံး တစ္ခ်ိန္တည္း ေပၚလာၾကေရာ...မိုးနတ္မင္းႀကီးက ငါေလးကို ျမန္ျမန္ေသေစခ်င္ေနတယ္ထင္တယ္...မရွိေတာ့တဲ့ အေမေရ အေမ့သားရီဟြားေလးကို ကယ္ေတာ္မူပါဦးဗ်ိဳ႕'

********************

Continue Reading

You'll Also Like

45.3K 4.3K 19
Uni ခင်ဗျားတို့သိလား။ လောကကြီးမှာတစ်ခါတစ်လေမထင်ထားတာတွေဖြစ်တတ်တယ်။ ဥပမာ- ကျတော့်မွေးစားသားလေးကိုကျတော်ချစ်မိသွားတာမျိုး Start date-18.6.2020 End date...
580K 76.5K 44
I love you so much. All you need to do is accept me. Mature content on just because of a few chapters. I don't want to put on Mature tab because of...
1.5M 189K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
264K 23.2K 31
မာနတရားႏွင္​့ စတင္​ကာ ႄကမ္​းတမ္​းခက္​ထန္​မႈအတိနွင့္​ၿပီး​ေသာ ဗီလိန္​တစ္​​ေယာက္​ရဲ႕ အခ်စ္​....