Unicode
အပိုင်း(၅.၂) သနားစရာ အပိုဇာတ်ကောင်လေး
သူတို့၏ နောက်မှ လိုက်လာသော ယွီလေးသည် နှစ်ယောက်လုံးအား အရိုအသေပြုလာ၏။
ရီဟွား ကောင်းကင်တစ်ခွင် မှိုင်းညို့သွားသည်ဟု ထင်သွားရသည်။ ထူးထူးဆန်းဆန်း ကောင်စုတ်လေးက သူ့အား အရိုအသေပြုနေသောကြောင့်ပင်။ ထိုကောင်လေး တကယ်ပင် သွက်သွက်ခါအောင် ရူးသွားပုံရလေသည်။
"လက်ဖက်ရည်တွေ အေးနေပြီ...ကျွန်တော်မျိုး အသစ်သွားလဲ လိုက်ပါ့မယ်"
ယွီလေး ထွက်သွားသောကြောင့် မင်းကြီးနှင့် သူသာ ရှိသော စားပွဲဝိုင်းတွင် ရီဟွား အနေခက်သွားရသည်။
တိတ်ဆိတ်မှုကို ဖြိုခွဲရန် ရင်ဘတ်နားတွင် လက်တစ်ဖက်ဖြင့် ယပ်တောင်အား ကိုင်ထားပြီး သိမ်မွေ့သော အမူအရာဖြင့် ဖြည်းညှင်းစွာ ယပ်ခတ်နေသော, သူ့အား စိုက်ကြည့်နေသည့် မင်းကြီးအား သူ့ဘက်မှ စ၍ စကားပြောလိုက်သည်။
"အရှင်မင်းကြီး...ဆောင်ကြာမြိုင်က ကိစ္စက အထင်လွဲမှု တစ်ခုပါ...စိတ်ထဲမထားဖို့ ကျွန်တော်မျိုး မျှော်လင့်ပါတယ်"
"ရှင်း"
"..."
မင်းကြီးဆီမှ ကြားလိုက်ရသော တစ်လုံးတည်းသော စကားကြောင့် ရီဟွား နားမလည်နိုင်ဖြစ်သွားရ၏။
"ကိုယ့်ကို ရှင်း လို့ဘဲခေါ်"
"မင်းကြီး မသင့်လျော်ပါဘူး"
ရီဟွား ထိုစကားအား ငြင်းပယ်လိုက်သည်။ သူ တကယ်ပင် သူ၏ ရှေ့မှလူအား နားမလည်တော့ပေ။
"ကိုယ်ပြောတဲ့ စကားက သေချာပေါက် သင့်လျော်တယ်...ရှောင်ဟွားက ကိုယ်တော့်ရဲ့ အမိန့်ကို ငြင်းပယ်ချင်နေတာလား"
"ကျွန်တော်မျိုး မဝံ့ရဲပါဘူး အရှင်"
ရီဟွား အသည်းအသန် ငြင်းဆန်လိုက်ရသည်။ သူ မင်းပြစ်မင်းဒဏ်တော့ မသင့်ချင်သေး။ 'မကြိုက်သော်လည်း အောင့်ကာနမ်း' ဆိုသလို သူ့ရှေ့မှ လူအား မနှစ်သက်သော်လည်း ထိုလူ့သဘောကျ သည်းခံနေရပေလိမ့်မည်။
"ရှင်း...ကျွန်တော်တို့ ဆောင်ကြာမြိုင်ကကိစ္စကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
"ကိုယ် စိတ်ထဲထားတယ်...ရှောင်ဟွားရဲ့ နှုတ်ခမ်းက အရမ်းချိုလွန်းတယ်"
သူ၏ နှုတ်ခမ်းအား စိုက်ကြည့်ကာ ပြောလိုက်သောကြောင့် ရီဟွား ကြက်သီးများပင် ထသွားရသည်။
"အဲ...အဲဒါ မတော်တဆမှုတစ်ခုပါ"
"ကိုယ် ထပ်နမ်းတာက မတော်တဆ မဟုတ်ဘူး"
ရီဟွား အမှန်တကယ်ပင် ဆွံ့အ သွားရသည်။ သူတို့နှစ်ယောက်ကြား အနေရမခက်စေရန် ပြောနေခြင်းဖြစ်သော်လည်း မင်းကြီးသည် နေရမခက်သည့်အပြင် သူ့အား စနောက်ဖို့ပင် စိတ်ကူး ရှိနေသေးသည်။
"ရှင်းမှာ မိဖုရား ကိုယ်လုပ်တော်တွေ အများကြီး ရှိတယ်မလား"
"ရှိတယ်...ဒါပေမဲ့ ဧကရီတော့ မရှိသေးဘူး"
'Fuck! သူ တကယ် ဘာဖြစ်ချင်နေတာလဲ'
ရီဟွား သူ့အား အပျင်းပြေ မစနောက်တော့ဘဲ မိဖုရား မောင်းမတော် တို့်နှင့်သာ အချိန်ကုန်ရန် သဘောဖြင့် မေးလိုက်ခြင်းဖြစ်သော်လည်း ဘာကို ဆိုလိုချင်မှန်း မသိသည့် အဖြေကိုသာ ရလိုက်သောကြောင့် သူ တကယ် စိတ်တိုသွားရသည်။ မင်းကြီးသည် အမှန်ပင် သူ့အား ခဏခဏ ဒေါသထွက်စေလွန်းသည်။
ရုတ်တရက် သူတို့အနီးသို့ ရောက်လာသော အနက်ရောင်ဝတ် ကိုယ်ရံတော်ကြောင့် ရီဟွား လန့်သွားရ၏။
'Fuck!မင်းတို့ ကိုယ်ဖော့သိုင်း တတ်တာတော့ တတ်တာပေါ့...ရုတ်တရက်ကြီးတော့ အသံမပေးဘာမပေးနဲ့ သရဲလို ရောက်ချမလာနဲ့လေ'
ကိုယ်ရံတော်အား မြင်လိုက်သည်နှင့် မင်းကြီး၏ ပြုံးယောင်သန်းနေသော မျက်နှာသည် အေးစက်သော အမူအရာသို့ ချက်ချင်းပြောင်းလဲသွားသည်။
"ဘာကိစ္စလဲ"
ကိုယ်ရံတော်သည် မင်းကြီးအနားသို့ ကပ်ကာ တိုးတိတ်စွာဖြင့် စကားအချို့အား လျှောက်တင်လေသည်။
တည်ကြည်သော မင်းကြီး၏ မျက်နှာထက်တွင် ဒေါသထွက်သော အမူအရာတို့ ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထွက်ပေါ်လာ၏။ လျှောက်တင်ပြီးသောအခါ မင်းကြီးသည် လက်အားဝှေ့ယမ်းလိုက်ပြီး ကိုယ်ရံတော်အား ထွက်သွားစေလိုက်သည်။
မင်းကြီးဆီမှ သူ့အားဖိနှိပ်နိုင်သည့် ကြောက်မက်ဖွယ် အရှိန်အဝါ၏ သက်ရောက်မှုကြောင့် ရီဟွား နဖူးတွင် ချွေးအနည်းငယ် စို့လာရသည်။ ရိပ်မိသွားသော မင်းကြီးသည် ထိုအရှိန်အဝါတို့ ပျောက်ကွယ်စေလိုက်ပြီး မျက်နှာထက်ရှိ အမူအရာတို့အား ချက်ချင်းပြောင်းလဲပစ်လိုက်သည်။
"ကိုယ် အရေးကြီး ကိစ္စရှိလို့ နန်းတော်ကို ပြန်လိုက်ဦးမယ်...အခက်အခဲ တစ်ခုခုရှိရင် နန်းတော်ကိုလာခဲ့...အချိန်မရွေး ကိုယ့်ကိုလာရှာလို့ရတယ်...ဒါ နန်းတော် ဝင်ထွက်ခွင့် တံဆိပ်ပြားပဲ...သေချာသိမ်းထား"
ရွှင်ပြသော မျက်နှာထားဖြင့် မင်းကြီးသည် သူ၏ လက်ထဲသို့ တံဆိပ်ပြားတစ်ခုအား ထည့်ပေးလာသည်။ ရီဟွား ငြင်းလျှင်လည်း ရမည်မထင်သောကြောင့် ဘာမှမပြောတော့ဘဲ လက်ခံလိုက်၏။ ထိုတံဆိပ်ပြားသည် သူ့အတွက် အသုံးမဝင်ချေ။ သူသည် ဘဝကို ကိုယ့်အားကိုယ်ကိုးကာ ဖြတ်သန်းချင်သူတစ်ယောက်ဖြစ်သည်။
မင်းကြီး ရုံဟွေ့ခြံဝန်းမှ ထွက်သွားသောအခါမှသာ လက်ဖက်ရည်အိုးကိုင်ထားသော ယွီလေး သူ့ဘေးသို့ ပြန်ရောက်လာ၏။ သူ၏နောက်တွင် လွန်စွာလှပသော မိန်းကလေးတစ်ယောက်လည်း ပါလာလေသည်။
"ယွီလေး သူက"
ရီဟွား မိန်းကလေးအား လက်ညှိုးထိုးကာ မေးလိုက်သည်။
"သခင်လေး...မင်းကြီးရော"
မေးတာတခြား ဖြေတာတခြားလုပ်နေသော ယွီလေး၏ ခေါင်းအား ခပ်နာနာခေါက်ပေးလိုက်သည်။
"အား သခင်လေး...ဘာလို့ခေါင်းခေါက်တာလဲ...နာတယ်ဗျ"
"ခုမှ နာတယ် အော်မနေနဲ့...ငါမေးတာ အရင်ဖြေ"
နှုတ်ခမ်းဆူကာ ပွစိပွစိလုပ်နေသော ကောင်လေးအား ခေါင်းထပ်ခေါက်ရန်ပြင်လိုက်မှ သူ၏မေးခွန်းအား အလန့်တကြားဖြေလာသည်။
"ပိုင်ရန်မိန်းကလေး....သခင်လေး သူက ပိုင်ရန်မိန်းကလေး"
ရီဟွား ထိုမိန်းကလေးအား ကြည့်လိုက်သည်။ တကယ်ပင် ဆောင်ကြာမြိုင်မှ အလှဆုံးမိန်းကလေးနာမည်နှင့် လိုက်ဖက်လွန်းလှသည်။
"ပိုင်ရန် မိန်းကလေးက ဘယ်လိုလုပ် ဒီကို ရောက်လာရတာလဲ"
"သခင်လေးဆီမှာ ကျွန်တော်မျိုးမ အမှုထမ်းချင်လို့ပါ"
"ငါမင်းကို လာရှာခဲ့ပေမဲ့ ဝူအိမ်တော်က သခင်လေးလို့ တခွန်းမှ မပြောခဲ့မိပါဘူး...ဘယ်လိုသိပြီး ဒီကို ရောက်လာရတာလဲ"
"တစ်စုံတစ်ယောက်က လမ်းညွှန်လိုက်လို့ပါ...ပြီးတော့ အဲဒီ တစ်စုံတစ်ယောက်က ထပ်ပြောလိုက်ပါသေးတယ်...သူ့မှာ မကောင်းတဲ့ အကြံအစည်တစ်ခုမှ မရှိလို့ သခင်လေးအတွေးများစရာမလိုပါဘူးတဲ့...သခင်လေးက ကျွန်တော်မျိုးမအတွက် အကူအညီဖြစ်နိုင်လို့ ကျွန်တော်မျိုးမကို ကူညီတဲ့သဘောပါလို့ စကားပါးလိုက်ပါတယ်"
ရီဟွား တစ်ခဏမျှ စဉ်းစားလိုက်ပြီး သူမ၏ စကားအားလက်ခံလိုက်သည်။
"ကောင်းပြီ...ပိုင်ရန်မိန်းကလေး လုပ်ရမဲ့အလုပ်ကို စဉ်းစားပြီးရင် ယွီလေးကတစ်ဆင့် အကြောင်းပြန်လိုက်ပါ့မယ်"
"ကောင်းပါပြီ သခင်လေး...ကျွန်တော်မျိုးမကို ပြန်ခွင့်ပြုပါ"
ရီဟွား ပိုင်ရန်မိန်းကလေးအား ခေါင်းညိတ်ပြလိုက်သည်။ ထိုမိန်းကလေး ထွက်သွားသည်နှင့် ယွီလေး သူ့အနားကပ်ကာ သိချင်သော အကြောင်းအရာအား မေးလာသည်။
"သခင်လေး အဲတစ်စုံတစ်ယောက်ဆိုတာ ဘယ်သူလဲ"
"ဘာလို့ ငါ့လာမေးနေတာလဲ...သိချင်ရင် လိုက်မေးလေ"
ဆူပုပ်သွားသော ကောင်လေးသည် သူကြားအောင် ပွစိပွစိပြောလေတော့သည်။
"ဟွန်း မသိရင် မသိဘူး မပြောဘူး...သူများကို လာအော်နေတယ်"
"အေး အဲမှာ ငါကြားအောင် ပြောနေလိုက်...မင်း ဆက်ပြောနေရင် ငါ့လက် မင်းခေါင်းပေါ် ထပ်ရောက်လာမယ်"
ငြိမ်ကျသွားသော မနိုင်စိန်အား ကြည့်ကာ ရီဟွား ခေါင်းခါလိုက်သည်။ အဝေးသို့ အကြည့်ပို့လိုက်စဉ် ခြံဝန်းထဲဝင်လာသော အကိုကြီးကို မြင်လိုက်ရသောကြောင့် မှိုရသော မျက်နှာထားသို့ အမြန်ပြောင်းလိုက်ရ၏။ အပြစ်လုပ်ထားသောကြောင့် အဆူမခံရစေရန် အကိုကြီးအား ဖားရဦးမည်။
အကိုကြီး သူ့အနားသို့ရောက်သည်နှင့် ထင်သည့်အတိုင်းပင် မေးခွန်းများ တရစပ်မေးတော့သည်။
"ဟွားအော်....မင်းကြီးနဲ့ ဘယ်လိုလုပ် ရင်းနှီးနေတာလဲ...ဘယ်မှာတွေ့တာလဲ...ဘာလို့မင်းကြီးကိုအပြစ်ပြုရတာလဲ...မင်းကြီးကဘာလို့ဟွားအော်ကို အပြစ်မပေးရတာလဲ"
ရီဟွား အကိုကြီး၏ အမေးတို့အား နားထောင်ပြီး တော်တော်မောသွားရသည်။
"အာ အကိုကြီးရယ် ဖြည်းဖြည်းမေးပါ...ကျွန်တော် အိမ်ပြင်ထွက်တုန်း မင်းကြီးနဲ့တွေ့တာ...ဒီတိုင်း ကြားထဲ အထင်လွဲစရာ ကိစ္စအချို့ ဖြစ်ပြီး မင်းကြီးနဲ့ ရင်းနှီးသွားတာပဲ...ခု အဲကိစ္စတွေက ပြီးသွားပါပြီ...ကျွန်တော်ရော မင်းကြီးရော စိတ်ထဲမထားတော့ပါဘူး"
ညီလေးသည် သူ၏စကားတို့အား တိတိကျကျ ဖြေပေးချင်ပုံမရသောကြောင့် မုချန်းလက်လျော့ကာ ဆက်မမေးတော့ပေ။
"နောက် သုံးရက်နေရင် အိမ်တော်ကို အကိုကြီးတို့ရဲ့ ညီဝမ်းကွဲလေး ဆေးကုဖို့ ရောက်လာလိမ့်မယ်...သူ့နာမည်က ကျိုးမု...အကိုကြီးတို့နဲ့ သွေးဝေးတဲ့ ဆွေမျိုးပဲ...သူက မွေးရာပါ နှလုံးရောဂါ ခံစားနေရရှာတာ...မိဘတွေနဲ့ အတူ အေးချမ်းတဲ့ရွာလေးမှာ နေပြီး ရောဂါကုနေရာက အခုမိဘတွေဆုံးသွားတော့ ဆေးကုဖို့ အကိုကြီးက တာဝန်ယူစောင့်ရှောက်ပေးမလို့...ဟွားအော်ရဲ့ သဘောထားကရော"
ရီဟွား ထိုကောင်လေးအား ဂရုဏာသက်သွားရသည်။ မူလဇာတ်ကြောင်းအရ ဝူအိမ်တော် ဖျက်ဆီးချေမှုန်းခံရချိန်တွင် ထိုရောဂါသည် ကောင်လေးသည် လောကကြီးအလယ် မှီခိုအားထားရာမရှိဖြစ်ခဲ့ရှာပေမည်။ ယခု သူရောက်လာချိန်တွင် ထိုကဲ့သို့ အဖြစ်မျိုး အဖြစ်မခံနိုင်ချေ။ သူတို့အား အားကိုးကာ လာရောက်နေထိုင်သည့် ရောဂါသည် ကောင်လေးအားလည်း သူ အတတ်နိုင်ဆုံး ကာကွယ်ပေးသွားမည်။
"အိမ်တော်မှာ ခြံဝန်းနှစ်ခုဘဲရှိတာ...ညီဝမ်းကွဲလေးကို ညီလေးရဲ့ ရုံဟွေ့ခြံဝန်းမှာဘဲ ခေါ်ထားလိုက်မယ်လေ...ညီလေးတို့နဲ့ ဆွေမျိုးတွေပဲ...ညီလေးက ကန့်ကွက်စရာ အကြောင်းရင်းမှ မရှိတာ"
"ဟွားအော် သဘောထားကို သိရတော့ အကိုကြီး စိတ်ချရပါပြီ"
ထို့နောက် အကိုကြီးသည် အသစ်လဲထားသော လက်ဖက်ရည်အိုးအား ငှဲ့ကာ လက်ဖက်ရည် သောက်နေလိုက်သည်။
'ငါ ကာကွယ်စရာ လူတစ်ယောက် ထပ်တိုးလာပြီ...သနားစရာ ဇာတ်ကောင်လေးရေ ဒီက အကိုကြီးက မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးမယ်...မူလဇာတ်ကြောင်းအတိုင်း ဝူအိမ်တော်ကိုတော့ အထိခိုက်မခံနိုင်ဘူး'
ဝိညာဉ်ကူးပြောင်းခံလိုက်ရသော ရီဟွားတစ်ယောက် ကိုယ့်အတွေးတို့ဖြင့်ကိုယ် ကျေနပ်နေလေတော့သည်။
******************
လူတစ်ယောက်သည် မီးတိုင်များ၏ အလင်းရောင်ဖြင့် လင်းထိန်နေသော ခန်းမအလယ်တွင် ရုတ်တရက်ပေါ်လာလေသည်။
"အရှင်...ဝူအိမ်တော်ကို ဝင်ဖို့ ကျွန်တော်မျိုး အကုန်စီစဉ်ပြီးပါပြီ....နောက်သုံးရက်နေရင် ဝူအိမ်တော်ကို ဝင်လို့ရပါပြီ"
ထိုလူသည် ပုလ္လင်ပေါ်တွင် ထိုင်နေသော အနက်ရောင်ဝတ်ရုံရှည်နှင့် အနက်ရောင်မျက်နှာဖုံးတို့ကိုသာ ဆင်မြန်းတတ်သည့် သူ၏အရှင်သခင် အမှောင်နတ်ဘုရားအား လျှောက်တင်လိုက်သည်။
"ကောင်းပြီ"
ထို့နောက် ဘာစကားမှ ဆက်၍ ဆိုမလာသော သူ၏ အရှင်အား အရိုအသေပေးကာ ထိုနေရာမှ ပျောက်ကွယ်လိုက်တော့သည်။
**********************
Zawgyi
အပိုင္း(၅.၂) သနားစရာ အပိုဇာတ္ေကာင္ေလး
သူတို႔၏ ေနာက္မွ လိုက္လာေသာ ယြီေလးသည္ ႏွစ္ေယာက္လုံးအား အရိုအေသျပဳလာ၏။
ရီဟြား ေကာင္းကင္တစ္ခြင္ မွိုင္းညို႔သြားသည္ဟု ထင္သြားရသည္။ ထူးထူးဆန္းဆန္း ေကာင္စုတ္ေလးက သူ႕အား အရိုအေသျပဳေနေသာေၾကာင့္ပင္။ ထိုေကာင္ေလး တကယ္ပင္ သြက္သြက္ခါေအာင္ ႐ူးသြားပုံရေလသည္။
"လက္ဖက္ရည္ေတြ ေအးေနၿပီ...ကြၽန္ေတာ္မ်ိဳး အသစ္သြားလဲ လိုက္ပါ့မယ္"
ယြီေလး ထြက္သြားေသာေၾကာင့္ မင္းႀကီးႏွင့္ သူသာ ရွိေသာ စားပြဲဝိုင္းတြင္ ရီဟြား အေနခက္သြားရသည္။
တိတ္ဆိတ္မႈကို ၿဖိဳခြဲရန္ ရင္ဘတ္နားတြင္ လက္တစ္ဖက္ျဖင့္ ယပ္ေတာင္အား ကိုင္ထားၿပီး သိမ္ေမြ႕ေသာ အမူအရာျဖင့္ ျဖည္းညွင္းစြာ ယပ္ခတ္ေနေသာ, သူ႕အား စိုက္ၾကည့္ေနသည့္ မင္းႀကီးအား သူ႕ဘက္မွ စ၍ စကားေျပာလိုက္သည္။
"အရွင္မင္းႀကီး...ေဆာင္ၾကာၿမိဳင္က ကိစၥက အထင္လြဲမႈ တစ္ခုပါ...စိတ္ထဲမထားဖို႔ ကြၽန္ေတာ္မ်ိဳး ေမွ်ာ္လင့္ပါတယ္"
"ရွင္း"
"..."
မင္းႀကီးဆီမွ ၾကားလိုက္ရေသာ တစ္လုံးတည္းေသာ စကားေၾကာင့္ ရီဟြား နားမလည္နိုင္ျဖစ္သြားရ၏။
"ကိုယ့္ကို ရွင္း လို႔ဘဲေခၚ"
"မင္းႀကီး မသင့္ေလ်ာ္ပါဘူး"
ရီဟြား ထိုစကားအား ျငင္းပယ္လိုက္သည္။ သူ တကယ္ပင္ သူ၏ ေရွ႕မွလူအား နားမလည္ေတာ့ေပ။
"ကိုယ္ေျပာတဲ့ စကားက ေသခ်ာေပါက္ သင့္ေလ်ာ္တယ္...ေရွာင္ဟြားက ကိုယ္ေတာ့္ရဲ႕ အမိန႔္ကို ျငင္းပယ္ခ်င္ေနတာလား"
"ကြၽန္ေတာ္မ်ိဳး မဝံ့ရဲပါဘူး အရွင္"
ရီဟြား အသည္းအသန္ ျငင္းဆန္လိုက္ရသည္။ သူ မင္းျပစ္မင္းဒဏ္ေတာ့ မသင့္ခ်င္ေသး။ 'မႀကိဳက္ေသာ္လည္း ေအာင့္ကာနမ္း' ဆိုသလို သူ႕ေရွ႕မွ လူအား မႏွစ္သက္ေသာ္လည္း ထိုလူ႕သေဘာက် သည္းခံေနရေပလိမ့္မည္။
"ရွင္း...ကြၽန္ေတာ္တို႔ ေဆာင္ၾကာၿမိဳင္ကကိစၥကို စိတ္ထဲမထားဖို႔ ေမွ်ာ္လင့္ပါတယ္"
"ကိုယ္ စိတ္ထဲထားတယ္...ေရွာင္ဟြားရဲ႕ ႏႈတ္ခမ္းက အရမ္းခ်ိဳလြန္းတယ္"
သူ၏ ႏႈတ္ခမ္းအား စိုက္ၾကည့္ကာ ေျပာလိုက္ေသာေၾကာင့္ ရီဟြား ၾကက္သီးမ်ားပင္ ထသြားရသည္။
"အဲ...အဲဒါ မေတာ္တဆမႈတစ္ခုပါ"
"ကိုယ္ ထပ္နမ္းတာက မေတာ္တဆ မဟုတ္ဘူး"
ရီဟြား အမွန္တကယ္ပင္ ဆြံ႕အ သြားရသည္။ သူတို႔ႏွစ္ေယာက္ၾကား အေနရမခက္ေစရန္ ေျပာေနျခင္းျဖစ္ေသာ္လည္း မင္းႀကီးသည္ ေနရမခက္သည့္အျပင္ သူ႕အား စေနာက္ဖို႔ပင္ စိတ္ကူး ရွိေနေသးသည္။
"ရွင္းမွာ မိဖုရား ကိုယ္လုပ္ေတာ္ေတြ အမ်ားႀကီး ရွိတယ္မလား"
"ရွိတယ္...ဒါေပမဲ့ ဧကရီေတာ့ မရွိေသးဘူး"
'Fuck! သူ တကယ္ ဘာျဖစ္ခ်င္ေနတာလဲ'
ရီဟြား သူ႕အား အပ်င္းေျပ မစေနာက္ေတာ့ဘဲ မိဖုရား ေမာင္းမေတာ္ တို႔္ႏွင့္သာ အခ်ိန္ကုန္ရန္ သေဘာျဖင့္ ေမးလိုက္ျခင္းျဖစ္ေသာ္လည္း ဘာကို ဆိုလိုခ်င္မွန္း မသိသည့္ အေျဖကိုသာ ရလိုက္ေသာေၾကာင့္ သူ တကယ္ စိတ္တိုသြားရသည္။ မင္းႀကီးသည္ အမွန္ပင္ သူ႕အား ခဏခဏ ေဒါသထြက္ေစလြန္းသည္။
႐ုတ္တရက္ သူတို႔အနီးသို႔ ေရာက္လာေသာ အနက္ေရာင္ဝတ္ ကိုယ္ရံေတာ္ေၾကာင့္ ရီဟြား လန႔္သြားရ၏။
'Fuck!မင္းတို႔ ကိုယ္ေဖာ့သိုင္း တတ္တာေတာ့ တတ္တာေပါ့...႐ုတ္တရက္ႀကီးေတာ့ အသံမေပးဘာမေပးနဲ႕ သရဲလို ေရာက္ခ်မလာနဲ႕ေလ'
ကိုယ္ရံေတာ္အား ျမင္လိုက္သည္ႏွင့္ မင္းႀကီး၏ ၿပဳံးေယာင္သန္းေနေသာ မ်က္ႏွာသည္ ေအးစက္ေသာ အမူအရာသို႔ ခ်က္ခ်င္းေျပာင္းလဲသြားသည္။
"ဘာကိစၥလဲ"
ကိုယ္ရံေတာ္သည္ မင္းႀကီးအနားသို႔ ကပ္ကာ တိုးတိတ္စြာျဖင့္ စကားအခ်ိဳ႕အား ေလွ်ာက္တင္ေလသည္။
တည္ၾကည္ေသာ မင္းႀကီး၏ မ်က္ႏွာထက္တြင္ ေဒါသထြက္ေသာ အမူအရာတို႔ ေပၚေပါက္လာၿပီး ေၾကာက္မက္ဖြယ္ အရွိန္အဝါတို႔ ထြက္ေပၚလာ၏။ ေလွ်ာက္တင္ၿပီးေသာအခါ မင္းႀကီးသည္ လက္အားေဝွ႕ယမ္းလိုက္ၿပီး ကိုယ္ရံေတာ္အား ထြက္သြားေစလိုက္သည္။
မင္းႀကီးဆီမွ သူ႕အားဖိႏွိပ္နိုင္သည့္ ေၾကာက္မက္ဖြယ္ အရွိန္အဝါ၏ သက္ေရာက္မႈေၾကာင့္ ရီဟြား နဖူးတြင္ ေခြၽးအနည္းငယ္ စို႔လာရသည္။ ရိပ္မိသြားေသာ မင္းႀကီးသည္ ထိုအရွိန္အဝါတို႔ ေပ်ာက္ကြယ္ေစလိုက္ၿပီး မ်က္ႏွာထက္ရွိ အမူအရာတို႔အား ခ်က္ခ်င္းေျပာင္းလဲပစ္လိုက္သည္။
"ကိုယ္ အေရးႀကီး ကိစၥရွိလို႔ နန္းေတာ္ကို ျပန္လိုက္ဦးမယ္...အခက္အခဲ တစ္ခုခုရွိရင္ နန္းေတာ္ကိုလာခဲ့...အခ်ိန္မေ႐ြး ကိုယ့္ကိုလာရွာလို႔ရတယ္...ဒါ နန္းေတာ္ ဝင္ထြက္ခြင့္ တံဆိပ္ျပားပဲ...ေသခ်ာသိမ္းထား"
႐ႊင္ျပေသာ မ်က္ႏွာထားျဖင့္ မင္းႀကီးသည္ သူ၏ လက္ထဲသို႔ တံဆိပ္ျပားတစ္ခုအား ထည့္ေပးလာသည္။ ရီဟြား ျငင္းလွ်င္လည္း ရမည္မထင္ေသာေၾကာင့္ ဘာမွမေျပာေတာ့ဘဲ လက္ခံလိုက္၏။ ထိုတံဆိပ္ျပားသည္ သူ႕အတြက္ အသုံးမဝင္ေခ်။ သူသည္ ဘဝကို ကိုယ့္အားကိုယ္ကိုးကာ ျဖတ္သန္းခ်င္သူတစ္ေယာက္ျဖစ္သည္။
မင္းႀကီး ႐ုံေဟြ႕ၿခံဝန္းမွ ထြက္သြားေသာအခါမွသာ လက္ဖက္ရည္အိုးကိုင္ထားေသာ ယြီေလး သူ႕ေဘးသို႔ ျပန္ေရာက္လာ၏။ သူ၏ေနာက္တြင္ လြန္စြာလွပေသာ မိန္းကေလးတစ္ေယာက္လည္း ပါလာေလသည္။
"ယြီေလး သူက"
ရီဟြား မိန္းကေလးအား လက္ညွိုးထိုးကာ ေမးလိုက္သည္။
"သခင္ေလး...မင္းႀကီးေရာ"
ေမးတာတျခား ေျဖတာတျခားလုပ္ေနေသာ ယြီေလး၏ ေခါင္းအား ခပ္နာနာေခါက္ေပးလိုက္သည္။
"အား သခင္ေလး...ဘာလို႔ေခါင္းေခါက္တာလဲ...နာတယ္ဗ်"
"ခုမွ နာတယ္ ေအာ္မေနနဲ႕...ငါေမးတာ အရင္ေျဖ"
ႏႈတ္ခမ္းဆူကာ ပြစိပြစိလုပ္ေနေသာ ေကာင္ေလးအား ေခါင္းထပ္ေခါက္ရန္ျပင္လိုက္မွ သူ၏ေမးခြန္းအား အလန႔္တၾကားေျဖလာသည္။
"ပိုင္ရန္မိန္းကေလး....သခင္ေလး သူက ပိုင္ရန္မိန္းကေလး"
ရီဟြား ထိုမိန္းကေလးအား ၾကည့္လိုက္သည္။ တကယ္ပင္ ေဆာင္ၾကာၿမိဳင္မွ အလွဆုံးမိန္းကေလးနာမည္ႏွင့္ လိုက္ဖက္လြန္းလွသည္။
"ပိုင္ရန္ မိန္းကေလးက ဘယ္လိုလုပ္ ဒီကို ေရာက္လာရတာလဲ"
"သခင္ေလးဆီမွာ ကြၽန္ေတာ္မ်ိဳးမ အမႈထမ္းခ်င္လို႔ပါ"
"ငါမင္းကို လာရွာခဲ့ေပမဲ့ ဝူအိမ္ေတာ္က သခင္ေလးလို႔ တခြန္းမွ မေျပာခဲ့မိပါဘူး...ဘယ္လိုသိၿပီး ဒီကို ေရာက္လာရတာလဲ"
"တစ္စုံတစ္ေယာက္က လမ္းၫႊန္လိုက္လို႔ပါ...ၿပီးေတာ့ အဲဒီ တစ္စုံတစ္ေယာက္က ထပ္ေျပာလိုက္ပါေသးတယ္...သူ႕မွာ မေကာင္းတဲ့ အႀကံအစည္တစ္ခုမွ မရွိလို႔ သခင္ေလးအေတြးမ်ားစရာမလိုပါဘူးတဲ့...သခင္ေလးက ကြၽန္ေတာ္မ်ိဳးမအတြက္ အကူအညီျဖစ္နိုင္လို႔ ကြၽန္ေတာ္မ်ိဳးမကို ကူညီတဲ့သေဘာပါလို႔ စကားပါးလိုက္ပါတယ္"
ရီဟြား တစ္ခဏမွ် စဥ္းစားလိုက္ၿပီး သူမ၏ စကားအားလက္ခံလိုက္သည္။
"ေကာင္းၿပီ...ပိုင္ရန္မိန္းကေလး လုပ္ရမဲ့အလုပ္ကို စဥ္းစားၿပီးရင္ ယြီေလးကတစ္ဆင့္ အေၾကာင္းျပန္လိုက္ပါ့မယ္"
"ေကာင္းပါၿပီ သခင္ေလး...ကြၽန္ေတာ္မ်ိဳးမကို ျပန္ခြင့္ျပဳပါ"
ရီဟြား ပိုင္ရန္မိန္းကေလးအား ေခါင္းညိတ္ျပလိုက္သည္။ ထိုမိန္းကေလး ထြက္သြားသည္ႏွင့္ ယြီေလး သူ႕အနားကပ္ကာ သိခ်င္ေသာ အေၾကာင္းအရာအား ေမးလာသည္။
"သခင္ေလး အဲတစ္စုံတစ္ေယာက္ဆိုတာ ဘယ္သူလဲ"
"ဘာလို႔ ငါ့လာေမးေနတာလဲ...သိခ်င္ရင္ လိုက္ေမးေလ"
ဆူပုပ္သြားေသာ ေကာင္ေလးသည္ သူၾကားေအာင္ ပြစိပြစိေျပာေလေတာ့သည္။
"ဟြန္း မသိရင္ မသိဘူး မေျပာဘူး...သူမ်ားကို လာေအာ္ေနတယ္"
"ေအး အဲမွာ ငါၾကားေအာင္ ေျပာေနလိုက္...မင္း ဆက္ေျပာေနရင္ ငါ့လက္ မင္းေခါင္းေပၚ ထပ္ေရာက္လာမယ္"
ၿငိမ္က်သြားေသာ မနိုင္စိန္အား ၾကည့္ကာ ရီဟြား ေခါင္းခါလိုက္သည္။ အေဝးသို႔ အၾကည့္ပို႔လိုက္စဥ္ ၿခံဝန္းထဲဝင္လာေသာ အကိုႀကီးကို ျမင္လိုက္ရေသာေၾကာင့္ မွိုရေသာ မ်က္ႏွာထားသို႔ အျမန္ေျပာင္းလိုက္ရ၏။ အျပစ္လုပ္ထားေသာေၾကာင့္ အဆူမခံရေစရန္ အကိုႀကီးအား ဖားရဦးမည္။
အကိုႀကီး သူ႕အနားသို႔ေရာက္သည္ႏွင့္ ထင္သည့္အတိုင္းပင္ ေမးခြန္းမ်ား တရစပ္ေမးေတာ့သည္။
"ဟြားေအာ္....မင္းႀကီးနဲ႕ ဘယ္လိုလုပ္ ရင္းႏွီးေနတာလဲ...ဘယ္မွာေတြ႕တာလဲ...ဘာလို႔မင္းႀကီးကိုအျပစ္ျပဳရတာလဲ...မင္းႀကီးကဘာလို႔ဟြားေအာ္ကို အျပစ္မေပးရတာလဲ"
ရီဟြား အကိုႀကီး၏ အေမးတို႔အား နားေထာင္ၿပီး ေတာ္ေတာ္ေမာသြားရသည္။
"အာ အကိုႀကီးရယ္ ျဖည္းျဖည္းေမးပါ...ကြၽန္ေတာ္ အိမ္ျပင္ထြက္တုန္း မင္းႀကီးနဲ႕ေတြ႕တာ...ဒီတိုင္း ၾကားထဲ အထင္လြဲစရာ ကိစၥအခ်ိဳ႕ ျဖစ္ၿပီး မင္းႀကီးနဲ႕ ရင္းႏွီးသြားတာပဲ...ခု အဲကိစၥေတြက ၿပီးသြားပါၿပီ...ကြၽန္ေတာ္ေရာ မင္းႀကီးေရာ စိတ္ထဲမထားေတာ့ပါဘူး"
ညီေလးသည္ သူ၏စကားတို႔အား တိတိက်က် ေျဖေပးခ်င္ပုံမရေသာေၾကာင့္ မုခ်န္းလက္ေလ်ာ့ကာ ဆက္မေမးေတာ့ေပ။
"ေနာက္ သုံးရက္ေနရင္ အိမ္ေတာ္ကို အကိုႀကီးတို႔ရဲ႕ ညီဝမ္းကြဲေလး ေဆးကုဖို႔ ေရာက္လာလိမ့္မယ္...သူ႕နာမည္က က်ိဳးမု...အကိုႀကီးတို႔နဲ႕ ေသြးေဝးတဲ့ ေဆြမ်ိဳးပဲ...သူက ေမြးရာပါ ႏွလုံးေရာဂါ ခံစားေနရရွာတာ...မိဘေတြနဲ႕ အတူ ေအးခ်မ္းတဲ့႐ြာေလးမွာ ေနၿပီး ေရာဂါကုေနရာက အခုမိဘေတြဆုံးသြားေတာ့ ေဆးကုဖို႔ အကိုႀကီးက တာဝန္ယူေစာင့္ေရွာက္ေပးမလို႔...ဟြားေအာ္ရဲ႕ သေဘာထားကေရာ"
ရီဟြား ထိုေကာင္ေလးအား ဂ႐ုဏာသက္သြားရသည္။ မူလဇာတ္ေၾကာင္းအရ ဝူအိမ္ေတာ္ ဖ်က္ဆီးေခ်မႈန္းခံရခ်ိန္တြင္ ထိုေရာဂါသည္ ေကာင္ေလးသည္ ေလာကႀကီးအလယ္ မွီခိုအားထားရာမရွိျဖစ္ခဲ့ရွာေပမည္။ ယခု သူေရာက္လာခ်ိန္တြင္ ထိုကဲ့သို႔ အျဖစ္မ်ိဳး အျဖစ္မခံနိုင္ေခ်။ သူတို႔အား အားကိုးကာ လာေရာက္ေနထိုင္သည့္ ေရာဂါသည္ ေကာင္ေလးအားလည္း သူ အတတ္နိုင္ဆုံး ကာကြယ္ေပးသြားမည္။
"အိမ္ေတာ္မွာ ၿခံဝန္းႏွစ္ခုဘဲရွိတာ...ညီဝမ္းကြဲေလးကို ညီေလးရဲ႕ ႐ုံေဟြ႕ၿခံဝန္းမွာဘဲ ေခၚထားလိုက္မယ္ေလ...ညီေလးတို႔နဲ႕ ေဆြမ်ိဳးေတြပဲ...ညီေလးက ကန႔္ကြက္စရာ အေၾကာင္းရင္းမွ မရွိတာ"
"ဟြားေအာ္ သေဘာထားကို သိရေတာ့ အကိုႀကီး စိတ္ခ်ရပါၿပီ"
ထို႔ေနာက္ အကိုႀကီးသည္ အသစ္လဲထားေသာ လက္ဖက္ရည္အိုးအား ငွဲ႕ကာ လက္ဖက္ရည္ ေသာက္ေနလိုက္သည္။
'ငါ ကာကြယ္စရာ လူတစ္ေယာက္ ထပ္တိုးလာၿပီ...သနားစရာ ဇာတ္ေကာင္ေလးေရ ဒီက အကိုႀကီးက မင္းရဲ႕ ကံၾကမၼာကို ေျပာင္းလဲေပးမယ္...မူလဇာတ္ေၾကာင္းအတိုင္း ဝူအိမ္ေတာ္ကိုေတာ့ အထိခိုက္မခံနိုင္ဘူး'
ဝိညာဥ္ကူးေျပာင္းခံလိုက္ရေသာ ရီဟြားတစ္ေယာက္ ကိုယ့္အေတြးတို႔ျဖင့္ကိုယ္ ေက်နပ္ေနေလေတာ့သည္။
******************
လူတစ္ေယာက္သည္ မီးတိုင္မ်ား၏ အလင္းေရာင္ျဖင့္ လင္းထိန္ေနေသာ ခန္းမအလယ္တြင္ ႐ုတ္တရက္ေပၚလာေလသည္။
"အရွင္...ဝူအိမ္ေတာ္ကို ဝင္ဖို႔ ကြၽန္ေတာ္မ်ိဳး အကုန္စီစဥ္ၿပီးပါၿပီ....ေနာက္သုံးရက္ေနရင္ ဝူအိမ္ေတာ္ကို ဝင္လို႔ရပါၿပီ"
ထိုလူသည္ ပုလႅင္ေပၚတြင္ ထိုင္ေနေသာ အနက္ေရာင္ဝတ္႐ုံရွည္ႏွင့္ အနက္ေရာင္မ်က္ႏွာဖုံးတို႔ကိုသာ ဆင္ျမန္းတတ္သည့္ သူ၏အရွင္သခင္ အေမွာင္နတ္ဘုရားအား ေလွ်ာက္တင္လိုက္သည္။
"ေကာင္းၿပီ"
ထို႔ေနာက္ ဘာစကားမွ ဆက္၍ ဆိုမလာေသာ သူ၏ အရွင္အား အရိုအေသေပးကာ ထိုေနရာမွ ေပ်ာက္ကြယ္လိုက္ေတာ့သည္။
**********************