Unicode
အပိုင်း(၅.၁) သနားစရာ အပိုဇာတ်ကောင်လေး
အမြဲလိုလို တိတ်ဆိတ်နေတတ်သော ပတ်ဝန်းကျင်ဖြစ်သည့် ရုံဟွေ့ခြံဝန်းထဲတွင် ရှုပ်ထွေးသော အခြေအနေတစ်ခု ဖြစ်ပေါ်နေသည်။
တည်ကြည်ခံညားသော ရုပ်သွင်ရှိသည့် လူတစ်ယောက် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး နတ်ဘုရားသဖွယ် ရုပ်သွင်ရှိသည့် လူတစ်ယောက်၏ ရှေ့တွင်တော့ ချောမောလွန်းသော ကောင်ငယ်လေးတစ်ယောက် အံ့သြမှင်သက်စွာဖြင့် မတ်တပ်ရပ်နေလေသည်။
သူတို့်၏ ဝန်းကျင်တွင် ဓားများကို ကိုင်ဆောင်ထားသော အနက်ရောင်ဝတ် ကိုယ်ရံတော်အုပ်စု ရှိနေကြသည်။
"ဟွားအော် ဘာလုပ်နေတာလဲ...ခုချက်ချင်း မင်းကြီးကို အပြစ်အတွက် ခွင့်လွှတ်ပေးဖို့ ဒူးထောက်တောင်းပန်လိုက်စမ်း"
အကိုကြီး၏ အော်ငေါက်သံကြောင့် ရီဟွား ကြောင်အနေရာမှ အသိဝင်လာရသည်။
'ဒါ သက်ဦးဆံပိုင် ဘုရင်စနစ်..ဘုရင့်စကား တစ်ခွန်းနဲ့ ငရဲပြည်ကို ရောက်သွားနိုင်တယ်...ဟင့်အင်း ငါလေး မေ့လျော့ခြင်းမြစ်ကို မဖြတ်ချင်သေးဘူး...ရောက်တဲ့နေရာမှာ အကောင်းဆုံးရှင်သန်နိုင်အောင် ကြိုးစားရမယ်'
ရီဟွား ဒူးထောက်တောင်းပန်ရန် ပြင်လိုက်စဉ် လက်တစ်ဖက်သည် သူ့လက်အား ဆွဲမကာ သူ၏ အပြုအမူအား တားဆီးလိုက်သည်။
လက်ပိုင်ရှင်အား ကြည့်လိုက်သောအခါ သူ၏ အရှေ့တွင် လက်တစ်ဖက်၌ ယပ်တောင်ကိုင်ထားလျက် ကျန်လက်တစ်ဖက်သည် သူ၏ တောင်းပန်ရန် ထပ်လျက်တင်ထားသော လက်နှစ်ဖက်အား ဆွဲမထားသည့် တစ်ခါမြင်ရုံမျှဖြင့် မမေ့နိုင်သော ရုပ်ရည်ပိုင်ဆိုင်ထားသူအား တွေ့လိုက်ရသည်။
"ရှောင်ဟွားက အရမ်းငယ်သေးလို့ ကိုယ်တော့်ကို အမှားလုပ်မိတာပါ...ကိုယ်တော် အပြစ်မယူပါဘူး... ဒူးထောက်ပြီး တောင်းပန်စရာမလိုဘူး"
ထို့နောက် အနည်းငယ် အကွာအဝေးတွင် ရှိနေကြသော ကိုယ်ရံတော် အုပ်စုဆီ ကြောက်မက်ဖွယ် အကြည့်တို့အား ပို့လွှတ်လိုက်သည်။
"မင်းတို့ကို ဘယ်သူက ဓားထုတ်ခိုင်းလို့လဲ...အခု ချက်ချင်း ကိုယ်တော့်မျက်စိရှေ့က ထွက်သွားကြစမ်း"
ကိုယ်ရံတော်အုပ်စု လေအလျင်လို ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူတို့အနီးသို့ ယွီလေး ရောက်ရှိလာပြီး မင်းကြီးအား ဒူးထောက်အရိုအသေပြုလိုက်သည်။
"အရှင်မင်းကြီးအား ကျွန်တော်မျိုး အရိုအသေပြုပါတယ်...မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"
မင်းကြီးသည် ဘာစကားတစ်ခွန်းမျှ ပြန်မပြောပေ။ ဒူးထောက်နေသော အကိုကြီးနှင့် ယွီလေးအား လျစ်လျူ ရှုထားပုံရသည်။
မတ်တပ်ရပ်လျက်ရှိနေသော ရီဟွားတစ်ယောက် မင်းကြီးအားတစ်လှည့် ယွီလေးအား တစ်လှည့်ကြည့်လိုက်၏။
'Idol နဲ့ fan တွေ့ဆုံခန်းက ဒီတိုင်းဘဲ ပြီးသွားတာလား...အဲဒီကောင်စုတ်လေးက သူ့ရဲ့ idol ကြီးကို တွေ့မှ ဘာလို့ အဲလောက် ငြိမ်နေရတာလဲ...ငါ့ခေတ်မှာ fanတွေ သူတို့ idolကိုတွေ့ရင် မျက်ရည်တွေကျပြီး ငိုရင်ငို.. မငိုရင် အသံနာတဲ့အထိ အသေအော်ကြတာလေ... မဟုတ်ရင်တောင် သူတို့မျက်နှာမှာ ဝမ်းသာမှုတွေ အတိုင်းသား မြင်နေရတာ....ဒီရှေးခေတ်က idol နဲ့ fan တွေ့ဆုံမှုကြီးက ထူးဆန်းလှချည်လား'
ရီဟွား အတွေးရေယာဉ်ထဲ မြောနေသောကြောင့် သူ့ရှေ့တွင် သူ့အား ပြုံးကာစိုက်ကြည့်နေသူအား သတိမထားမိ။
ရီဟွား အတွေးတို့မှ ရုန်းထွက်လိုက်ပြီး သူ၏ အကြည့်တို့ ယွီလေးနှင့် အကိုကြီးဆီ ရောက်ရှိသွားသောအခါမှ သူတစ်ယောက်တည်း မတ်တပ်ရပ်နေသည်ကို သတိထားမိသွားသည်။
ဒူးထောက်အရိုအသေပြုရန် သူ၏ လက်နှစ်ဖက်အား ထပ်လိုက်စဉ် သူ့အား မျက်တောင်မခတ်စိုက်ကြည့်နေသူသည် သူ့အနားသို့ တိုးကပ်လာသောကြောင့် ရီဟွားထိတ်လန့်ကာ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။
အကိုကြီးနှင့် ယွီလေးတို့သည် ခေါင်းများငုံ့ထားသောကြောင့် ထိုသူ၏ အပြုအမူတို့အား မြင်ပုံမရချေ။
နောက်သို့ ဆုတ်နေသောသူ၏ ခါးအား ဆွဲဖက်ခံလိုက်ရပြီး နား,နားသို့ကပ်ကာ တစ်ဖက်သူက သူ့အား တိုးညှင်းသော လေသံဖြင့် စကားလုံးတစ်ချို့အား ပြောကြားလာသည်။
"မင်းကလွဲပြီး ဘယ်သူမဆို ကိုယ့်ရှေ့ဒူးထောက်လို့ရတယ်...ရှောင်ဟွား ဘယ်တော့မှ ကိုယ့်ကို ဒူးမထောက်နဲ့"
ရီဟွား Pov;
'Fuck....ဒီလူ ဘာဖြစ်ချင်နေတာလဲ...ဘုရင်ဖြစ်ပြီး ဘာလို့ငါ့ကို လိုက်နှောင့်ယှက်နေတာလဲ...အခု ငါ့အဖြစ်က စနောက်ခံရတဲ့ အပျိုဖြန်းလေးနဲ့ တူနေပြီ...ငါကမင်းထက်တောင် အသက်ကြီးတဲ့ မင်းဘိုးအေဟ...မင်းမျက်လုံးတွေ ပါဝါမျက်မှန်တပ်ဖို့လိုနေပြီ'
ရီဟွား သူ၏ ခါးအား ဖက်ထားသော လက်အား ကြိုးစားဆွဲဖြုတ်လိုက်ပြီး မင်းကြီး မျက်လုံးတို့အား စိုက်ကြည့်ကာ ပြန်လည်ဖြေကြားလိုက်သည်။
"မင်းကြီး...မသင့်လျော်ပါဘူး...စည်းမျဉ်းတွေကို ကျွန်တော်မျိုး လျစ်လျူမရှုရဲပါဘူး...အများပြောစရာ ဖြစ်ပါလိမ့်မယ်"
မင်းကြီးသည် ယပ်တောင်ကို ကိုင်လျက် ကြော့ရှင်းသော ဟန်ပန်ဖြင့် ရီဟွားဆီမှ အကြည့်မလွှဲဘဲ စကားအချို့အား ပြောကြားလိုက်သည်။
"ကိုယ်တော့်စကားက စည်းမျဉ်းဘဲ...ကိုယ်တော့်စကားကို ဘယ်သူဝေဖန်ရဲလဲ...ဒီအတွက် ရှောင်ဟွား စိတ်ပူစရာမလိုဘူး...ကိုယ်တော့်ရှေ့တင် မဟုတ်ဘူး...ဘယ်သူ့ကိုမှ ရှောင်ဟွား ဒူးထောက်စရာမလိုဘူး...ဒါ ကိုယ်တော့်အမိန့်ဘဲ"
သူ့အား အမိန့်ပေးခြင်းလော၊ ဆုပေးခြင်းလော မသိသည့် စကားတို့အား ပြောကြားပြီးနောက် အကိုကြီးနှင့် ယွီလေးဘက်လှည့်ကာ အမိန့်သံပါသော စကားတို့အား ဆိုလိုက်သည်။
"စစ်သူကြီးရော၊ ရှောင်ဟွား အစေခံရော ထတော့"
အကိုကြီးနှင့် ယွီလေးတို့ မင်းကြီး အမိန့်သံကြားမှသာ ထရပ်နိုင်ကြတော့သည်။ အကိုကြီးသည် ဖြစ်သွားသမျှအား နားမလည်သော အမူအရာဖြင့် သူ့အား ငေးကြည့်နေ၏။
နေ့တိုင်းနီးပါး အရမ်းစကားများတတ်သော ကောင်စုတ်လေးသည် ထူးဆန်းစွာပင် တိတ်ဆိတ်နေသည်။ idolကို တွေ့လိုက်ရသောကြောင့် အသိစိတ်လွတ်ကာ ရူးသွားခြင်းပေလား။
ဖြစ်ပျက်သမျှ အစမှအဆုံးတိုင် ရီဟွားတစ်ယောက် သူလုပ်ခဲ့သမျှအတွက် အပြစ်ဒဏ် မပေးခံရသည့်အပြင် ဒူးတစ်ချက်မျှပင် မထောက်လိုက်ရ။ နောက်လည်း ဘယ်သောအခါမှ ဒူးထောက်စရာမလိုသည့် အခွင့်အရေးပင် ရလိုက်သေးသည်။ ရီဟွား စိတ်ထဲ တစ်ယောက်တည်း တွေးနေသည့် အကြောင်းမှာတော့...
ဒီအဖြစ်ကြီးက မထူးဆန်းလွန်းဘူးလား!
ဟူ၍ပင်။
ထိုစဉ် ရုံဟွေ့ခြံဝန်းအတွင်း သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော အကိုကြီး၏ လက်အောက်ငယ်သားတစ်ယောက်ဝင်လာပြီး အကိုကြီးအား အစီအရင်ခံလာသည်။
"စစ်သူကြီး...စစ်ရေးလေ့ကျင့်ကွင်းမှာ ပြသနာ အနည်းငယ် ဖြစ်သွားပါတယ်"
"ကောင်းပြီ...ငါ လာခဲ့မယ်"
ထိုအစီအရင်ခံလာသူသည် အကိုကြီးအား အရိုအသေပြုကာ ခြံဝန်းအတွင်းမှ ထွက်ခွာသွား၏။
"မင်းကြီး...စစ်ရေးလေ့ကျင့်ကွင်းက အခြေအနေကို လိုက်လံစစ်ဆေးတော်မူပါ"
စစ်သူကြီး၏ ရိုသေလေးစားသော အမူအရာဖြင့် တောင်းဆိုမှုအား မင်းကြီး ငြင်းပယ်လိုက်သည်။
"စစ်သူကြီးဘဲ သွားရောက်စစ်ဆေးလိုက်ပါ...ဒီခြံဝန်းလေးက အရမ်းအေးချမ်းလွန်းတယ်...ကိုယ်တော် ဒီမှာခဏ လက်ဖက်ရည်သောက်ရင်း အနားယူဦးမယ်...ဒါနဲ့ စစ်သူကြီး ရှောင်ဟွားလည်း အရွယ်ရောက်နေပြီ...မကြာခင် ကျင်းပမဲ့ အရည်အချင်းစစ် စာမေးပွဲကို ဝင်ရောက် ဖြေဆိုခိုင်းသင့်ပြီ"
"မှန်လှပါ မင်းကြီး...ကျွန်တော်မျိုး ညီလေးကို စာမေးပွဲ ဝင်ရောက်ဖြေဆိုခိုင်းပါ့မယ်"
အကိုကြီးစကားကြောင့် ရီဟွား အသည်းအသန် ငြင်းတော့သည်။ သူ နန်းတွင်းထဲ လုံးဝမဝင်ချင်။ နန်းတွင်းရှုပ်ထွေးမှုတွေကြား ဝင်ရောက်ဖို့ စိတ်ကူးလုံးဝမရှိသောကြောင့်ပင်။
"မင်းကြီး...ကျွန်တော်မျိုးက စာမေးပွဲဖြေဆိုဖို့ အရည်အချင်း မပြည့်မှီပါဘူး...စာအုပ်ကိုမြင်ရင် အိပ်ပျော်သွားတတ်တဲ့ ကျွန်တော်မျိုးက စာမေးပွဲအောင်နိုင်ချေ အင်မတိ အင်မတန် နည်းပါတယ်...
ကျွန်တော်မျိုးရဲ့ စာပေအရည်အချင်းက ကျွန်တော်မျိုးကလိုက် သူကပြေးနေတဲ့အနေအထားမှာပါ...ကျွန်တော်မျိုး တတ်နိုင်သမျှ ကြိုးစားကျက်မှတ်ခဲ့ပါသေးတယ်...စာတွေကိုက ကျွန်တော်မျိုး ခေါင်းထဲ ကြာကြာနေဖို့ အခွင့်အရေး မပေးတာပါ... စာမေးပွဲ ဝင်ဖြေရင် ကိုယ့်အရှက် ကိုယ်ခွဲသလို ဖြစ်ပါလိမ့်မယ် အရှင်မင်းကြီး"
"အတွေ့အကြုံ ရအောင် ဝင်ဖြေကြည့်ပါ ရှောင်ဟွား...မင်းရဲ့ ကိုယ့်ကိုကိုယ် ချီးမွမ်းမှုတွေကြောင့် ကိုယ်တော် မင်းအဖြေလွှာကို စောင့်မျှော်နေပါ့မယ်"
ရီဟွား အတော်ပင် စိတ်ဓာတ်ကျသွားရသည်။ စာမေးပွဲ မဖြေဆို၍ မရတော့။ အရှက်ကွဲခံပြီး တလွဲတွေ ဖြေခဲ့ရုံသာ ရှိတော့သည်။
အကိုကြီး ခြံဝန်းထဲမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် မင်းကြီးသည် သူ၏ လက်အားဆွဲကာ လက်ဖက်ရည် စားပွဲရှိရာသို့ ခေါ်ဆောင်သွားသည်။ ထို့နောက် သူ့အား ထိုင်ခုံတွင်ထိုင်စေပြီး သူ၏ မျက်နှာချင်းဆိုင်နေရာတွင် ဝင်ထိုင်လိုက်လေသည်။
Unicode
အပိုင္း(၅.၁) သနားစရာ အပိုဇာတ္ေကာင္ေလး
အၿမဲလိုလို တိတ္ဆိတ္ေနတတ္ေသာ ပတ္ဝန္းက်င္ျဖစ္သည့္ ႐ုံေဟြ႕ၿခံဝန္းထဲတြင္ ရႈပ္ေထြးေသာ အေျခအေနတစ္ခု ျဖစ္ေပၚေနသည္။
တည္ၾကည္ခံညားေသာ ႐ုပ္သြင္ရွိသည့္ လူတစ္ေယာက္ ေျမျပင္ေပၚတြင္ ဒူးေထာက္ေနၿပီး နတ္ဘုရားသဖြယ္ ႐ုပ္သြင္ရွိသည့္ လူတစ္ေယာက္၏ ေရွ႕တြင္ေတာ့ ေခ်ာေမာလြန္းေသာ ေကာင္ငယ္ေလးတစ္ေယာက္ အံ့ၾသမွင္သက္စြာျဖင့္ မတ္တပ္ရပ္ေနေလသည္။
သူတို႔္၏ ဝန္းက်င္တြင္ ဓားမ်ားကို ကိုင္ေဆာင္ထားေသာ အနက္ေရာင္ဝတ္ ကိုယ္ရံေတာ္အုပ္စု ရွိေနၾကသည္။
"ဟြားေအာ္ ဘာလုပ္ေနတာလဲ...ခုခ်က္ခ်င္း မင္းႀကီးကို အျပစ္အတြက္ ခြင့္လႊတ္ေပးဖို႔ ဒူးေထာက္ေတာင္းပန္လိုက္စမ္း"
အကိုႀကီး၏ ေအာ္ေငါက္သံေၾကာင့္ ရီဟြား ေၾကာင္အေနရာမွ အသိဝင္လာရသည္။
'ဒါ သက္ဦးဆံပိုင္ ဘုရင္စနစ္..ဘုရင့္စကား တစ္ခြန္းနဲ႕ ငရဲျပည္ကို ေရာက္သြားနိုင္တယ္...ဟင့္အင္း ငါေလး ေမ့ေလ်ာ့ျခင္းျမစ္ကို မျဖတ္ခ်င္ေသးဘူး...ေရာက္တဲ့ေနရာမွာ အေကာင္းဆုံးရွင္သန္နိုင္ေအာင္ ႀကိဳးစားရမယ္'
ရီဟြား ဒူးေထာက္ေတာင္းပန္ရန္ ျပင္လိုက္စဥ္ လက္တစ္ဖက္သည္ သူ႕လက္အား ဆြဲမကာ သူ၏ အျပဳအမူအား တားဆီးလိုက္သည္။
လက္ပိုင္ရွင္အား ၾကည့္လိုက္ေသာအခါ သူ၏ အေရွ႕တြင္ လက္တစ္ဖက္၌ ယပ္ေတာင္ကိုင္ထားလ်က္ က်န္လက္တစ္ဖက္သည္ သူ၏ ေတာင္းပန္ရန္ ထပ္လ်က္တင္ထားေသာ လက္ႏွစ္ဖက္အား ဆြဲမထားသည့္ တစ္ခါျမင္႐ုံမွ်ျဖင့္ မေမ့နိုင္ေသာ ႐ုပ္ရည္ပိုင္ဆိုင္ထားသူအား ေတြ႕လိုက္ရသည္။
"ေရွာင္ဟြားက အရမ္းငယ္ေသးလို႔ ကိုယ္ေတာ့္ကို အမွားလုပ္မိတာပါ...ကိုယ္ေတာ္ အျပစ္မယူပါဘူး... ဒူးေထာက္ၿပီး ေတာင္းပန္စရာမလိုဘူး"
ထို႔ေနာက္ အနည္းငယ္ အကြာအေဝးတြင္ ရွိေနၾကေသာ ကိုယ္ရံေတာ္ အုပ္စုဆီ ေၾကာက္မက္ဖြယ္ အၾကည့္တို႔အား ပို႔လႊတ္လိုက္သည္။
"မင္းတို႔ကို ဘယ္သူက ဓားထုတ္ခိုင္းလို႔လဲ...အခု ခ်က္ခ်င္း ကိုယ္ေတာ့္မ်က္စိေရွ႕က ထြက္သြားၾကစမ္း"
ကိုယ္ရံေတာ္အုပ္စု ေလအလ်င္လို ေပ်ာက္ကြယ္သြားသည္ႏွင့္ တစ္ၿပိဳင္နက္ သူတို႔အနီးသို႔ ယြီေလး ေရာက္ရွိလာၿပီး မင္းႀကီးအား ဒူးေထာက္အရိုအေသျပဳလိုက္သည္။
"အရွင္မင္းႀကီးအား ကြၽန္ေတာ္မ်ိဳး အရိုအေသျပဳပါတယ္...မင္းႀကီး သက္ေတာ္ရာေက်ာ္ရွည္ပါေစ"
မင္းႀကီးသည္ ဘာစကားတစ္ခြန္းမွ် ျပန္မေျပာေပ။ ဒူးေထာက္ေနေသာ အကိုႀကီးႏွင့္ ယြီေလးအား လ်စ္လ်ဴ ရႈထားပုံရသည္။
မတ္တပ္ရပ္လ်က္ရွိေနေသာ ရီဟြားတစ္ေယာက္ မင္းႀကီးအားတစ္လွည့္ ယြီေလးအား တစ္လွည့္ၾကည့္လိုက္၏။
'Idol နဲ႕ fan ေတြ႕ဆုံခန္းက ဒီတိုင္းဘဲ ၿပီးသြားတာလား...အဲဒီေကာင္စုတ္ေလးက သူ႕ရဲ႕ idol ႀကီးကို ေတြ႕မွ ဘာလို႔ အဲေလာက္ ၿငိမ္ေနရတာလဲ...ငါ့ေခတ္မွာ fanေတြ သူတို႔ idolကိုေတြ႕ရင္ မ်က္ရည္ေတြက်ၿပီး ငိုရင္ငို.. မငိုရင္ အသံနာတဲ့အထိ အေသေအာ္ၾကတာေလ... မဟုတ္ရင္ေတာင္ သူတို႔မ်က္ႏွာမွာ ဝမ္းသာမႈေတြ အတိုင္းသား ျမင္ေနရတာ....ဒီေရွးေခတ္က idol နဲ႕ fan ေတြ႕ဆုံမႈႀကီးက ထူးဆန္းလွခ်ည္လား'
ရီဟြား အေတြးေရယာဥ္ထဲ ေျမာေနေသာေၾကာင့္ သူ႕ေရွ႕တြင္ သူ႕အား ၿပဳံးကာစိုက္ၾကည့္ေနသူအား သတိမထားမိ။
ရီဟြား အေတြးတို႔မွ ႐ုန္းထြက္လိုက္ၿပီး သူ၏ အၾကည့္တို႔ ယြီေလးႏွင့္ အကိုႀကီးဆီ ေရာက္ရွိသြားေသာအခါမွ သူတစ္ေယာက္တည္း မတ္တပ္ရပ္ေနသည္ကို သတိထားမိသြားသည္။
ဒူးေထာက္အရိုအေသျပဳရန္ သူ၏ လက္ႏွစ္ဖက္အား ထပ္လိုက္စဥ္ သူ႕အား မ်က္ေတာင္မခတ္စိုက္ၾကည့္ေနသူသည္ သူ႕အနားသို႔ တိုးကပ္လာေသာေၾကာင့္ ရီဟြားထိတ္လန႔္ကာ ေနာက္သို႔ေျခလွမ္းအနည္းငယ္ ဆုတ္လိုက္၏။
အကိုႀကီးႏွင့္ ယြီေလးတို႔သည္ ေခါင္းမ်ားငုံ႕ထားေသာေၾကာင့္ ထိုသူ၏ အျပဳအမူတို႔အား ျမင္ပုံမရေခ်။
ေနာက္သို႔ ဆုတ္ေနေသာသူ၏ ခါးအား ဆြဲဖက္ခံလိုက္ရၿပီး နား,နားသို႔ကပ္ကာ တစ္ဖက္သူက သူ႕အား တိုးညွင္းေသာ ေလသံျဖင့္ စကားလုံးတစ္ခ်ိဳ႕အား ေျပာၾကားလာသည္။
"မင္းကလြဲၿပီး ဘယ္သူမဆို ကိုယ့္ေရွ႕ဒူးေထာက္လို႔ရတယ္...ေရွာင္ဟြား ဘယ္ေတာ့မွ ကိုယ့္ကို ဒူးမေထာက္နဲ႕"
ရီဟြား Pov;
'Fuck....ဒီလူ ဘာျဖစ္ခ်င္ေနတာလဲ...ဘုရင္ျဖစ္ၿပီး ဘာလို႔ငါ့ကို လိုက္ႏွောင့္ယွက္ေနတာလဲ...အခု ငါ့အျဖစ္က စေနာက္ခံရတဲ့ အပ်ိဳျဖန္းေလးနဲ႕ တူေနၿပီ...ငါကမင္းထက္ေတာင္ အသက္ႀကီးတဲ့ မင္းဘိုးေအဟ...မင္းမ်က္လုံးေတြ ပါဝါမ်က္မွန္တပ္ဖို႔လိုေနၿပီ'
ရီဟြား သူ၏ ခါးအား ဖက္ထားေသာ လက္အား ႀကိဳးစားဆြဲျဖဳတ္လိုက္ၿပီး မင္းႀကီး မ်က္လုံးတို႔အား စိုက္ၾကည့္ကာ ျပန္လည္ေျဖၾကားလိုက္သည္။
"မင္းႀကီး...မသင့္ေလ်ာ္ပါဘူး...စည္းမ်ဥ္းေတြကို ကြၽန္ေတာ္မ်ိဳး လ်စ္လ်ဴမရႈရဲပါဘူး...အမ်ားေျပာစရာ ျဖစ္ပါလိမ့္မယ္"
မင္းႀကီးသည္ ယပ္ေတာင္ကို ကိုင္လ်က္ ေၾကာ့ရွင္းေသာ ဟန္ပန္ျဖင့္ ရီဟြားဆီမွ အၾကည့္မလႊဲဘဲ စကားအခ်ိဳ႕အား ေျပာၾကားလိုက္သည္။
"ကိုယ္ေတာ့္စကားက စည္းမ်ဥ္းဘဲ...ကိုယ္ေတာ့္စကားကို ဘယ္သူေဝဖန္ရဲလဲ...ဒီအတြက္ ေရွာင္ဟြား စိတ္ပူစရာမလိုဘူး...ကိုယ္ေတာ့္ေရွ႕တင္ မဟုတ္ဘူး...ဘယ္သူ႕ကိုမွ ေရွာင္ဟြား ဒူးေထာက္စရာမလိုဘူး...ဒါ ကိုယ္ေတာ့္အမိန႔္ဘဲ"
သူ႕အား အမိန႔္ေပးျခင္းေလာ၊ ဆုေပးျခင္းေလာ မသိသည့္ စကားတို႔အား ေျပာၾကားၿပီးေနာက္ အကိုႀကီးႏွင့္ ယြီေလးဘက္လွည့္ကာ အမိန႔္သံပါေသာ စကားတို႔အား ဆိုလိုက္သည္။
"စစ္သူႀကီးေရာ၊ ေရွာင္ဟြား အေစခံေရာ ထေတာ့"
အကိုႀကီးႏွင့္ ယြီေလးတို႔ မင္းႀကီး အမိန႔္သံၾကားမွသာ ထရပ္နိုင္ၾကေတာ့သည္။ အကိုႀကီးသည္ ျဖစ္သြားသမွ်အား နားမလည္ေသာ အမူအရာျဖင့္ သူ႕အား ေငးၾကည့္ေန၏။
ေန႕တိုင္းနီးပါး အရမ္းစကားမ်ားတတ္ေသာ ေကာင္စုတ္ေလးသည္ ထူးဆန္းစြာပင္ တိတ္ဆိတ္ေနသည္။ idolကို ေတြ႕လိုက္ရေသာေၾကာင့္ အသိစိတ္လြတ္ကာ ႐ူးသြားျခင္းေပလား။
ျဖစ္ပ်က္သမွ် အစမွအဆုံးတိုင္ ရီဟြားတစ္ေယာက္ သူလုပ္ခဲ့သမွ်အတြက္ အျပစ္ဒဏ္ မေပးခံရသည့္အျပင္ ဒူးတစ္ခ်က္မွ်ပင္ မေထာက္လိုက္ရ။ ေနာက္လည္း ဘယ္ေသာအခါမွ ဒူးေထာက္စရာမလိုသည့္ အခြင့္အေရးပင္ ရလိုက္ေသးသည္။ ရီဟြား စိတ္ထဲ တစ္ေယာက္တည္း ေတြးေနသည့္ အေၾကာင္းမွာေတာ့...
ဒီအျဖစ္ႀကီးက မထူးဆန္းလြန္းဘူးလား!
ဟူ၍ပင္။
ထိုစဥ္ ႐ုံေဟြ႕ၿခံဝန္းအတြင္း သံခ်ပ္ကာဝတ္စုံ ဝတ္ဆင္ထားေသာ အကိုႀကီး၏ လက္ေအာက္ငယ္သားတစ္ေယာက္ဝင္လာၿပီး အကိုႀကီးအား အစီအရင္ခံလာသည္။
"စစ္သူႀကီး...စစ္ေရးေလ့က်င့္ကြင္းမွာ ျပသနာ အနည္းငယ္ ျဖစ္သြားပါတယ္"
"ေကာင္းၿပီ...ငါ လာခဲ့မယ္"
ထိုအစီအရင္ခံလာသူသည္ အကိုႀကီးအား အရိုအေသျပဳကာ ၿခံဝန္းအတြင္းမွ ထြက္ခြာသြား၏။
"မင္းႀကီး...စစ္ေရးေလ့က်င့္ကြင္းက အေျခအေနကို လိုက္လံစစ္ေဆးေတာ္မူပါ"
စစ္သူႀကီး၏ ရိုေသေလးစားေသာ အမူအရာျဖင့္ ေတာင္းဆိုမႈအား မင္းႀကီး ျငင္းပယ္လိုက္သည္။
"စစ္သူႀကီးဘဲ သြားေရာက္စစ္ေဆးလိုက္ပါ...ဒီၿခံဝန္းေလးက အရမ္းေအးခ်မ္းလြန္းတယ္...ကိုယ္ေတာ္ ဒီမွာခဏ လက္ဖက္ရည္ေသာက္ရင္း အနားယူဦးမယ္...ဒါနဲ႕ စစ္သူႀကီး ေရွာင္ဟြားလည္း အ႐ြယ္ေရာက္ေနၿပီ...မၾကာခင္ က်င္းပမဲ့ အရည္အခ်င္းစစ္ စာေမးပြဲကို ဝင္ေရာက္ ေျဖဆိုခိုင္းသင့္ၿပီ"
"မွန္လွပါ မင္းႀကီး...ကြၽန္ေတာ္မ်ိဳး ညီေလးကို စာေမးပြဲ ဝင္ေရာက္ေျဖဆိုခိုင္းပါ့မယ္"
အကိုႀကီးစကားေၾကာင့္ ရီဟြား အသည္းအသန္ ျငင္းေတာ့သည္။ သူ နန္းတြင္းထဲ လုံးဝမဝင္ခ်င္။ နန္းတြင္းရႈပ္ေထြးမႈေတြၾကား ဝင္ေရာက္ဖို႔ စိတ္ကူးလုံးဝမရွိေသာေၾကာင့္ပင္။
"မင္းႀကီး...ကြၽန္ေတာ္မ်ိဳးက စာေမးပြဲေျဖဆိုဖို႔ အရည္အခ်င္း မျပည့္မွီပါဘူး...စာအုပ္ကိုျမင္ရင္ အိပ္ေပ်ာ္သြားတတ္တဲ့ ကြၽန္ေတာ္မ်ိဳးက စာေမးပြဲေအာင္နိုင္ေခ် အင္မတိ အင္မတန္ နည္းပါတယ္...
ကြၽန္ေတာ္မ်ိဳးရဲ႕ စာေပအရည္အခ်င္းက ကြၽန္ေတာ္မ်ိဳးကလိုက္ သူကေျပးေနတဲ့အေနအထားမွာပါ...ကြၽန္ေတာ္မ်ိဳး တတ္နိုင္သမွ် ႀကိဳးစားက်က္မွတ္ခဲ့ပါေသးတယ္...စာေတြကိုက ကြၽန္ေတာ္မ်ိဳး ေခါင္းထဲ ၾကာၾကာေနဖို႔ အခြင့္အေရး မေပးတာပါ... စာေမးပြဲ ဝင္ေျဖရင္ ကိုယ့္အရွက္ ကိုယ္ခြဲသလို ျဖစ္ပါလိမ့္မယ္ အရွင္မင္းႀကီး"
"အေတြ႕အႀကဳံ ရေအာင္ ဝင္ေျဖၾကည့္ပါ ေရွာင္ဟြား...မင္းရဲ႕ ကိုယ့္ကိုကိုယ္ ခ်ီးမြမ္းမႈေတြေၾကာင့္ ကိုယ္ေတာ္ မင္းအေျဖလႊာကို ေစာင့္ေမွ်ာ္ေနပါ့မယ္"
ရီဟြား အေတာ္ပင္ စိတ္ဓာတ္က်သြားရသည္။ စာေမးပြဲ မေျဖဆို၍ မရေတာ့။ အရွက္ကြဲခံၿပီး တလြဲေတြ ေျဖခဲ့႐ုံသာ ရွိေတာ့သည္။
အကိုႀကီး ၿခံဝန္းထဲမွ ထြက္သြားသည္ႏွင့္ တစ္ၿပိဳင္နက္ မင္းႀကီးသည္ သူ၏ လက္အားဆြဲကာ လက္ဖက္ရည္ စားပြဲရွိရာသို႔ ေခၚေဆာင္သြားသည္။ ထို႔ေနာက္ သူ႕အား ထိုင္ခုံတြင္ထိုင္ေစၿပီး သူ၏ မ်က္ႏွာခ်င္းဆိုင္ေနရာတြင္ ဝင္ထိုင္လိုက္ေလသည္။