မတ္ေစာက္ေသာလမ္းအဆင္းရွိေပမယ့္ songက လြယ္လြယ္ပင္ ဆိုင္ကယ္ကို ထိန္းစီးနိုင္သည္။ တည္ရာေနရာသို႔ ေရာက္ခါနီးအခ်ိန္၌ေတာ့ songပခုံးႏွစ္ဖက္ေပၚ လက္တင္ကာ အေရွ႕က ေခမိကရာမေက်ာင္းတိုက္ကို ေခါင္းေမာ့ေမွ်ာ္ၾကည့္လိုက္သည္။
"ေခြးမရွိဘူးလား၊ အဲ့ေက်ာင္းတိုက္ထဲဝင္လိုက္"
ဘယ္ခ်ိဳး၍ ေက်ာင္းတိုက္ထဲကို ေကြ႕ဝင္သြားၿပီးေနာက္ ေဘးဘီဝဲယာ ရထာမ်က္လုံးကစားၾကည့္ေတာ့ တကယ္ကိုေခြးမရွိေပ။
"ကံေကာင္းသြားတယ္"
ကိုယ့္ဘာသာေရ႐ြတ္ၿပီးေနာက္ ဆိုင္ကယ္ေပၚက ဆင္းလိုက္သည္။ လာေနက်မိဳ႕ တစ္ခ်ိဳ႕ဘုန္းဘုန္းႀကီးေတြႏွင့္ ရင္းႏွီးေနၿပီျဖစ္သျဖင့္ ဘုန္းႀကီးတစ္ပါးက ေက်ာင္းထိုင္ဘုန္းႀကီး က်ိန္းေနေၾကာင္း စည္းႀကိဳေျပာ၍ သြားခ်င္ပါကသြားလို႔ရေၾကာင္း ေျပာသည္။
"လာ သြားစို႔"
ေက်ာင္းရဲ႕ အေရွ႕ေျမာက္ေထာင့္ကို ဦးတည္သြားရသည္။ songကေတာ့ ေလ့လာသူပီပီ စူးစူးစမ္းစမ္း မ်က္လုံးကစားၾကည့္သည္။
"အရင္က ေခြးမ်ားတယ္၊ ခုဘယ္ေရာက္သြားလဲမသိဘူး"
"ကိုယ့္ကိုေၾကာက္လို႔ထြက္ေျပးသြားၿပီ"
"ျဖစ္ရတယ္"
ကိုယ့္ရဲ႕ေဆာင့္ေအာင့္စကားေၾကာင့္ songက ခပ္တိုးတိုးရယ္သည္။ ၿပီးေနာက္ မိမိလက္ကို အသာလာေရာက္ဆုတ္ကိုင္သည့္ songရဲ႕လက္ဖဝါး။ ဘာမွေတာ့မေျပာမိ။ ကိုယ္တိုင္ကလည္း ေက်နပ္ေနတာမို႔ေပ။
"မင္းလက္ေလးကိုင္ရတာကို အရမ္းႀကိဳက္တာပဲ ရထာ"
"ဘာလို႔လဲ"
အုတ္မရွိေသာ ေက်ာင္းေျမျပင္လမ္းထက္ အတူလက္တြဲ၍ ခပ္ျဖည္းျဖည္းသာ ေလွ်ာက္လာခဲ့သည္။ ထူမွိုင္းေနေသာ ဥတုႏွင့္သစ္ပင္တို႔က ပို၍လြမ္းေမာဖြယ္ အသက္သြင္းေပးသည္။ မိုးေလေအးေလး တစ္ခ်က္ေဝွ႕၍ ခႏၶာကိုယ္ကို ပြတ္တိုက္ထြက္ေျပးသြားသည့္အခါ လြမ္းရမည့္သူမရွိပါဘဲ အလြမ္းစိတ္ေလးက တိုးလို႔။
"ပိုင္ဆိုင္ျခင္းဆိုတယ့္ျပယုဂ္ထက္ အတူရင္ဆိုင္ျခင္းဆိုတယ့္ ဂုဏ္ပုဒ္တစ္ခုကို ေဆာင္လို႔၊ "
"ပါးစပ္ပိတ္ေတာ့"
ထပ္ေျပာရင္ ၾကည္ႏူးမႈအိုးကို မထိန္းနိုင္ေတာ့စြာ ၾကည္ႏူးမႈအေငြ႕အသက္ေတြ အိုးထဲမွလွ်ံထြက္က်လာေတာ့မည္။ songကေတာ့ သူ႕မူအတိုင္းၿပဳံးၿပဳံး။ေႏြးေထြးမႈေပးေသာ လက္ကမခြာေသး။ ထပ္၍ ေျခလွမ္းတူ အတူစုံေလွ်ာက္လာၿပီးေနာက္မွာေတာ့ သစ္ပင္တို႔ ေပါက္ေရာက္ရွင္သန္ေနသည့္ ပ်က္စီးေနတယ့္ ေရွးေဟာင္းအေဆာက္အုံကိုေရာက္ေလၿပီ။ တံခါးေပါက္ေတြသာ က်န္ခဲ့ၿပီး အေဆာက္အဦးအပိုင္းအစေတြက ဟိုတစ္စဒီတစ္စရွိေနသည္။
တစ္ခ်ိဳ႕၌ဆို အေပါက္ထဲသို႔ ဝင္လို႔ရနိုင္သည့္အေနအထားထိ ရွိေနေသးသည္။
"မီးေလာင္ပ်က္စီးသြားတာမလား"
ကိုင္ထားသည့္ လက္ကိုလႊတ္လိုက္သည့္အခါ ရထာ့ရင္ထဲ မေက်နပ္မႈေသးေသးေလး ပ်ိဳးသည္။ အကိုင္မခံခ်င္ေသာ္လည္း ထပ္တူျဖစ္သည့္ ခံစားခ်က္က အလႊတ္မခံခ်င္ပါ။
"ဟုတ္တယ္"
လုပ္ေနက် လုပ္ရိုးလုပ္စဥ္အတိုင္း songက ဓာတ္ပုံရိုက္ေနသည္။
"ဒီေက်ာင္းနာမည္က မဟာဘုံေက်ာ္ေက်ာင္းတိုက္တဲ့၊ ပညာသီဟ သာသနဓဇ မဟာဓမၼာရာဇာဓိ ရာဇာဂု႐ု တံဆိပ္ေတာ္ရ သစ္ဆိမ့္ဆရာေတာ္ဘုရားကို မင္းတုန္းမင္းကလႉဒါန္းခဲ့တာ"
"အင္း ႀကီးက်ယ္ခဲ့မယ့္ပုံ"
"ဒါေပါ့"
ဂုဏ္ယူဝံ့ႂကြားစြာလွည့္ၾကည့္လာသည့္ ရထာ့မ်က္ႏွာေလး။ ကိုယ္ေျမကိုခ်စ္သည့္ စိတ္အေငြ႕အသက္ေတြက မ်က္ဝန္းထဲ၌ ထင္းေနသည္။ ျပန္ၿပဳံးၿပီးေနာက္ မေနနိုင္စြာ ပါးေဖာင္းထက္၌ လက္ညိုးေလး ထိုးမိေတာ့ အိစိစိပါးျပင္ေလး။
"ေနာက္ခရီးဆက္စို႔"
"နာမည္ေျပာပါဦး"
"ေယာမင္းႀကီးအုတ္ေက်ာင္း ငါေမာင္းမယ္ ဒီတစ္ခါ"
"အင္း"
ေယာမင္းႀကီးအုတ္ေက်ာင္းက် လမ္းကရႈပ္သည္။ songႏွင့္ အဆင္မေျပလွပါ။ ေရာက္ေနသည့္ေက်ာင္းတိုက္ကေန ေျခဦးျပန္လွည့္ရသည္။ အလာလိုေတာ့ လက္မကိုင္ျဖစ္ေတာ့။
မို႔ထြက္ေနသည့္ ေျမလမ္းေပၚ၌ ဆိုင္ကယ္အား ျဖတ္နင္းေစလ်က္ တစ္ေနရာကို ခရီးကူးသည္။လြတ္ထြက္သြားသည့္ အေတြးေတြက ဦးတည္ခ်က္မရွိပါဘဲ မေရာက္ေသးေသာ songရဲ႕ အိမ္ျပန္ရက္ကို ေတြးမိသည့္အခါ လက္ကိုင္အား အားထည့္ဆုတ္မိသြားရဲ႕။ ျဖစ္နိုင္ရင္ အိမ္အျပန္လမ္းဆိုတာမရွိေစခ်င္။ သို႔ေပမယ့္ ျခားေနတယ့္အေျခအေနေတြက ထိုသို႔ျဖစ္လာမည္ဆိုတယ့္နိယာမတရားေပ။
"ဒီကေန မႏၲေလးေတာင္ကို လွမ္းျမင္ရတယ္ေနာ္"
ထြက္လာသည့္ songအသံ။ ေတာင္ကိုပတ္ေမာင္းရတာမို႔ လွပလြန္းသည့္ မႏၲေလးေတာင္ဟာ
ေဘးမွာ အၿပိဳင္ယွဥ္ေျပးလိုက္ေနသည္။ ကင္မရာကိုင္ထားတယ့္ songကေတာ့ ဓာတ္ပုံရိုက္ဖို႔မေမ့ပါ။ ေ႐ႊဘုရားတစ္ဆူ တစ္ဆူထင္းေနေသာ မႏၲေလးေတာင္သည္ ေ႐ႊကြပ္ေသာေတာင္လို ထည္ဝါလ်က္။ မၾကည့္ရမေနနိုင္သျဖင့္ ဆိုင္ကယ္ေမာင္းရင္းႏွင့္ပင္ ခဏေလာက္လွည့္ၾကည့္မိပါသည္။
အနည္းငယ္ေမာင္းၿပီးသည့္အခ်ိန္ေတာ့ လမ္းေဘးထီးထီး၌ တစ္ကိုယ္တည္းထီးေနေသာ ေယာမင္းႀကီးအုတ္ေက်ာင္းကို ေတြ႕ရေလၿပီ။ ခ်ိဳးေကြ႕ဝင္လိုက္ၿပီးေနာက္
ဆိုင္းပုဒ္ေရွ႕တည့္တည့္မွာ ဆိုင္ကယ္ရပ္လိုက္သည္။
"ပိတ္ထားတာပဲ"
ဆိုင္ကယ္ေပၚဆင္းရင္း songက ဆိုသည္။
"ဟုတ္တယ္၊ ဒါေတာ့ ဝင္လို႔မရဘူး...လာ သြားစို႔"
ပထမဆုံး ျမက္ခင္းျပင္ထက္က အလယ္၌သစ္သားမရွိေတာ့ပဲ ေဘးႏွစ္ဖက္မွာသာ သစ္သားအစရွိသည့္ ဆိုင္းပုဒ္ကို အရင္သြားလိုက္သည္။ ကင္မရာတစ္ဖ်တ္ဖ်တ္အသံက နားဝကို ခိုတြဲလိုက္ပါလ်က္။
"ဒါက ေယာမင္းႀကီးဦးဘိုးလွိုင္ေကာင္းမႈ၊ ဒီအုတ္ေက်ာင္းႀကီးရဲ႕ ဗိသုကာလက္ရာေတြက အေနာက္နိုင္ငံေတြက ဘုရားရွိခိုးေက်ာင္း၊ရဲတိုက္ေတြပုံစံယူၿပီးေဆာက္ထားတာ၊ လက္ရာအမ်ားဆုံးက ျပင္သစ္က ဗိသုကာလက္ရာေတြ"
ေဆာက္ထားသည့္ အုတ္တိုင္လုံးေတြက ခမ္းနားလွသည္။ အနီးမဟုတ္သည့္ အေဝးကေနျမင္ရသည့္ ဗိသုကာလက္ရာေတြက စိတ္မဝင္စားသည့္သူေတြေတာင္ လွမ္းလာမည့္ လက္ရာမ်ိဳး။မွန္ကူကြက္ လက္ရာေတြ၊ ျပတင္းတံခါးေပါက္ေပၚက ကႏုတ္ပန္းလက္ရာေတြ၊ ေဒါင္းသ႑ာန္လက္ရာေတြက ျမတ္နိုးလိုက္တာလို႔ တသသ႐ြတ္ေနရမည္။
"ကိုယ္ေတာ့ ဗိသုကာလက္ရာေတြ အရမ္းႀကိဳက္တာပဲ"
"တူတူပဲ"
ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံ ၿပဳံးမိၾကသည္။
"သကၠရာဇ္ ၁၂၂၈ခုႏွစ္ ခရစ္ႏွစ္ ၁၈၆၆မွာ ေယာမင္းႀကီးဦးဘိုးလွိုင္က လႉခဲ့တာ။ ခရစ္ႏွစ္၁၉၄၅ခုႏွစ္မွဦေတာ့ အဂၤလိပ္ေတြက်ဲတဲ့ ဗုံးေလးလုံးမိၿပီး သစ္သားထည္ေတြ၊ အဂၤေတကႏုတ္ပန္းေတြပ်က္စီးသြားၿပီး အုတ္ေက်ာင္းပဲက်န္ခဲ့ေတာ့တယ္"
"ႏွေျမာက္လိုက္တာ"
"အာ့!!!! ပု႐ြက္ဆိတ္ကိုက္တယ္"
ျမန္မာလိုေရ႐ြတ္ ေျခသလုံးကိုပြတ္ရင္း ျမက္ခင္းလြတ္ရာ ေဘးကို ထြက္လာေတာ့ songက ဘာျဖစ္တာလဲဟု ေျပာရင္း ေနာက္ကလိုက္လာသည္။ ပုဆိုးကို ဒူးထိလွန္ၾကည့္ေတာ့ ေျခသလုံးမွာ ေျပးေနသည့္ ပု႐ြက္ဆိတ္နီနီေသးေသးေလး။ ရထာလက္နဲ႕မခါခင္ကို songက ဒူးေထာက္ထိုင္ကာ ေျခေထာက္ကို ကိုင္ၿပီး သူ႕လက္နဲ႕ခါေပးသည္။
"အယ့္ song"
"ၾကည့္ဦး နီေတာင္နီသြားၿပီ"
ေျခေထာက္ကို ခါေပးသည့္ လက္ႏွင့္ပဲ သူ႕တံေတြးယူကာ အဖုေလးေပၚ လက္ခလယ္နဲ႕ပြတ္ေပးေတာ့ ရထာ့ရင္ထဲ လွိုက္ကနဲ။
"ေတာ္ေတာ့ ေျခေထာက္ႀကီးကို"
songက ဒူးေထာက္ထားသည္မို႔ မီရာပခုံးကို လက္ႏွင့္အသာတြန္းလိုက္သည္။
"ရတယ္၊ ယားေနမွာေပါ့ ၿငိမ္ၿငိမ္ေန၊ ကိုယ္လုပ္ေပးမယ္"
ထလာသည့္ အဖုေလးေတြကို သူက တံေတြးနဲ႕လိုက္တို႔ေပးသည္။ ၾကည္ႏူးမႈတို႔ ထိန္းမရနိုင္ေတာ့သည့္အခါ ရထာ့ႏႈတ္ခမ္းက ေကာ့ၫြန႔္တက္လို႔။
"ငါတို႔အက်င့္အရ အဲ့လိုအဖုေလးေတြကို လက္သည္းနဲ႕ဆိပ္ၿပီး နင့္အဆိပ္တံေတြး၊ငါ့အဆိပ္ ေႁမြေပြးလို႔႐ြတ္တာ"
"ဟုတ္လား။"
Songက ေခါင္းေမာ့ၾကည့္လာေတာ့ ရထာေခါင္းညိတ္ျပလိုက္သည္။
"ဟုတ္တယ္"
"နင့္အဆိပ္တံေတြး ငါ့အဆိပ္ ေႁမြေပြး၊ နင့္အဆိပ္တံေတြး ငါ့အဆိပ္ေႁမြေပြး"
ရထာ ၿပဳံးမိသည္။ အေသးစိတ္အေသးအမႊားကအစ ဂ႐ုစိုက္ခံရေတာ့ စိတ္ႀကီးဝင္ခ်င္ခ်င္။ ပါးစပ္က တတြတ္တြတ္႐ြတ္ရင္း အသားမနာေအာင္ ဆိပ္ေပးသည့္ လက္ေခ်ာင္းေလးေတြက ေဆးသဖြယ္။ ၾကာေတာ့လည္း songကို အားနာသည္မို႔.....
"လာ ထေတာ့၊ မင္းေၾကာင့္ေပ်ာက္သြားၿပီ"
"ဟုတ္ၿပီ"
songက ျပန္ထလာကာ လက္ကိုလာကိုင္ဆြဲသည္။ ေက်ာင္းရဲ႕ေလွကားရွိသည့္ ဘက္ကို သြားမည္ျဖစ္သည္။ ေလွကားမွာေတာ့ ေက်ာင္းေပၚမတက္ေစရန္ ကာရံထားသည္။ ျမင္ေနရသည့္ ဥေရာပဟန္ သစ္သားပန္းက လွပစြာတင့္တယ္လ်က္။ songကလည္း မလြတ္တမ္းရိုက္ယူသည္။
"ၿပီးရင္ ဘယ္သြားမလဲ"
"ၿပီးရင္ေတာ့ မေႏၲေတာင္ေျခက ျမတ္စြာဘုရားအရိုးဓာတ္ေတာ္ဆီ သြားမယ္"
"ဟင္"
"ငါဖူးခ်င္လို႔"
"ဟုတ္ၿပီေလ သြားစို႔"
ရထာ့ဆႏၵကို songက လက္ခံပါသည္။ မႏၲေလးလႊတ္ေတာ္႐ုံးကိုေက်ာ္လာခဲ့ၿပီး စလင္းေက်ာင္းတိုက္ကိုလည္း ထပ္ျဖတ္ ခဏေလာက္ေမာင္းၿပီးရင္ေတာ့ မႏၲေလးေတာင္ေျခကို ျပန္ေရာက္ခဲ့ကာ ဦးခႏၲီေက်ာင္းတိုက္ကို ဝင္လာခဲ့သည္။ ယေန႕က ဦးပုသ္ေန႕ျဖစ္သျဖင့္ ဘုရားရွင္ရဲ႕အရိုးဓာတ္ေတာ္ကို ျမင္ေတြ႕နိုင္ပါသည္။
ျပတိုက္ထဲ ဝင္လာခ်ိန္ေတာ့ ကြၽန္းသားဂႏၶကုဋီတိုက္တြင္ ကိန္းဝပ္ေနသည့္ ဘုရားရွင္ဓာတ္ေတာ္ကို ဖူးေတြ႕ရသည္။ တိုက္အလယ္မွာ သစ္သားပလႅင္ရွိၿပီး ထိုပလႅင္ေပၚမွာေတာ့ ဓာတ္ေတာ္ကိန္းဝပ္သည့္ မွန္ေက်ာင္းေဆာင္ေလးရွိသည္။ မွန္ေက်ာင္းေဆာင္အတြင္းမွာ ဆင္စြယ္သားနဲ႕ေဆာက္ထားသည့္ ေက်ာင္းေဆာင္ေသးေလး ထပ္ရွိျပန္သည္။ ဆင္စြယ္ေက်ာင္းေဆာင္ထဲ၌ အရိုးဓာတ္ေတာ္ေတြ ထည့္ထားသည့္ ဖန္ေပါင္းေခ်ာင္းေလးကို ေ႐ႊစင္ျပႆာသ္ေတြနဲ႕ ေဆာက္ထားၿပီး ပတၱျမားအလုံးေတြႏွင့္ စီျခယ္ထားသည္။ ရထာဦးခ်ကန္ေတာ့မိသည္။
ကန္ေတာ့ၿပီးမွ ေနာက္မွာရပ္ေနသည့္ songဆီသြားကာ ျပတိုက္ထဲမွ ျပန္ထြက္လာခဲ့ၿပီး....
"အိႏၵိယမွာ ဘုရားရွင္ရဲ႕ဓာတ္ေတာ္ကို တူးေဖာ္ေတြ႕ရွိၿပီး မၾကာခင္မွာပဲ မႏၲေလးမွာ ပလိပ္ေရာဂါျဖစ္ခဲ့တာ။ ဒီလိုေရာဂါဆိုးႀကီးေၾကာင့္ စိတ္ေခ်ာက္ခ်ားေနတဲ့ ျမန္မာျပည္သူျပည္သူေတြကို စိတ္သက္သာေစဖို႔ အိႏၵိယဘုရင္ခံခ်ဳပ္ ေလာ့ဒ္မင္နဲ႕ ျမန္မာဘုရင္ခံ ဆာသာကယ္ဝွိုက္တို႔က ဓာတ္ေတာ္ပင့္ဖို႔ႀကံခဲ့တာ။ ပင့္ဖို႔အိႏၵိယကိုသြားတာေတာ့ တစ္ျခားသူေတြေပ့ါ၊ ဓာတ္ေတာ္က ျမန္မာကိုေရာက္ေတာ့ ရန္ကုန္မွာေ႐ႊတိဂုံဘုရားမွာ ငါးရက္ၾကာ အပူေဇာ္ခံတယ္။ ၿပီးေတာ့ မႏၲေလးေရာက္ၿပီး ပထမဆုံး ေၾကးျမင္မိဖုရားႀကီးရဲ႕ အိမ္ေတာ္ဝင္းမွာ ယာယီအပူေဇာ္ခံတယ္။ ၿပီးရင္ေတာ့ ဘုရားႀကီးက မဟာမုနိဂႏၶကုဋီမွာ အပူေဇာ္ခံခဲ့တယ္။ ဒါေပမယ့္လည္း ေနရာအတည္အက်သီးသန႔္ရွိဖို႔ မႏၲေလးေတာင္တစ္ေနရာမွာပဲ ဓာတ္ေတာ္တိုက္ေဆာက္ဖို႔ ဦးခႏၲီကပဲ ဦးစီးေဆာက္ခဲ့တာ။ အဲ့တာနဲ႕ပဲ မဟာမုနိဘုရားႀကီးမွာ ထားတဲ့ ဘုရားဓာတ္ေတာ္ကို ဓာတ္ေတာ္တိုက္ႀကီးဆီ ေျပာင္းေ႐ႊ႕ၿပီး သံအလုံကာနဲ႕ထားေပမယ့္ ဦးခႏၲီမကြယ္လြန္ခင္မွာပဲ ဓာတ္ေတာ္အေဖာက္ခံလိုက္ရတာ။ ရတနာေတြပါသြားေပမယ့္ ဓာတ္ေတာ္ေတာ့မပါခဲ့ဘူး။ အဲ့ဒါနဲ႕ ဒီမွာပဲ ေျပာင္းထားခဲ့တာ။"
"ေဖာက္ရဲတဲ့သူရွိတယ္ေပါ့"
"ရွိတာေပါ့ ငရဲမေၾကာက္ၾကဘူးလားမသိဘူး၊ ဒါနဲ႕ ဗိုက္ဆာၿပီလား"
"အင္း"
"ဒါဆို ဇရပ္မွာစားရင္အဆင္ေျပလား"
"မင္းနဲ႕လက္စုံစားရရင္ ဘယ္လိုစားရရ"
"ငါေခါက္ထည့္လိုက္ရ"
လက္႐ြယ္လိုက္ေတာ့ ေခါင္းကိုငုံ႕ေပးသည္။ ႐ြယ္သာ႐ြယ္တာ လူျမင္ကြင္းေတာ့ မရိုက္ရက္ပါ။ ဥပုသ္ေန႕ဆိုေတာ့ ဘုရားဓာတ္ေတာ္ လာဖူးေသာသူမ်ားသကိုး။
"လာ လာ သြားမယ္"
ထို႔ေနာက္ ေက်ာက္ေတာ္ႀကီးဘက္သို႔ တစ္ဖန္ ႐ြာလည္ရျပန္သည္။
"အယ့္ ျခေသၤ့ႀကီးႏွစ္ေကာင္ရပ္ပါဦး"
မႏၲေလးေတာင္ေျခက ျခေသၤ့ႀကီးႏွစ္ေကာင္ေရွ႕ေရာက္ေတာ့ songက ရပ္ခိုင္းသည္။ ဆိုင္ကယ္ရပ္ေပးေတာ့ ခ်က္ခ်င္းဆင္းကာ ကိုယ့္လက္ထဲ ကင္မရာထည့္ေပးသည္။ ကိုယ္လည္း ဆိုင္ကယ္ေပၚက ဆင္းလိုက္ၿပီး လမ္းတစ္ဖက္သြားကာ ျခေသၤ့ပုံပါသည္အထိ ရိုက္ေပးလိုက္သည္။
"ရိုက္ၿပီးၿပီသြားစို႔"
"မဝင္ေတာ့ဘူးလား"
"ဝင္ခ်င္ေသးတာလား။ ဒီမွာက ပြဲထိုးၿပီး သားဆုပန္တာပဲရွိတာ"
"ဪ"
"လာသြားစို႔"
ထို႔ေနာက္တြင္ေတာ့ ခရီးထပ္ဆက္ခဲ့ပါည္။ ဝယ္ေနက်ဆိဳင္ျဖစ္သည့္ ေက်ာက္ေတာ္ႀကီးေရွ႕က ဆိတ္သားကင္ဆိုင္မွာ ဆိုင္ကယ္ရပ္လိုက္သည္။
"စားေနက်ဆိဳင္ေလ ေလ်ာ့ေပးတယ္။ ငါ့ဧည့္သည္ေတြ ဒီေခၚလာေနက်"
တြန္းလွည္းေရွ႕မွာပဲ ဆိုင္ကယ္ကိုရပ္ၿပီး ဆင္းရသည္။ songကလည္း စပ္စပ္စုစု လာေတာ့ၾကည့္သည္။
"ထမင္းဆီစမ္း ႏွစ္ပြဲ၊ ဆိတ္သားက တစ္ေသာင္းဖိုးနဲ႕ စမူဆာက ၃၀၀၀ဖိုး သုတ္ေပး"
"ေအး ရထာ၊မင္းလည္းေပ်ာက္ခ်က္ေကာင္း"
"ေပ်ာက္ေကာင္းတာက ခရီးသည္တစ္ေယာက္ကိုပဲ လိုက္ေပးေနရလို႔ေလ "
"ဪ"
"ရထာအဲ့တာစားေကာင္းလား"
"ေကာင္းတယ္ အထဲက အသီးအႏွံေတြနဲ႕ စမူဆာလို႔ေခၚတယ္"
"စမဆာ"
ရထာ့မ်က္ႏွာ ရႈံ႕မဲ့သြားသည္။
"လိုက္မေျပာပါနဲ႕ကြာ ရပါတယ္...ဒီတိုင္းၾကည့္ေန"
songအသံထြက္ေတြ ရထာနားမေထာင္နိုင္။ ကိုယ့္ျမန္မာအသံထြက္ေတာင္ ေမ့ေအာင္လုပ္နိုင္သည့္ အသံထြက္သည္ songအသံထြက္သာရွိသည္။ ႀကိဳးစားေျပာေပမယ့္လည္း လုံးလုံးမတူေတာ့ ရယ္စရာသာျဖစ္သည္။
ပါဆယ္ရၿပီးခ်ိန္ေတာ့ ႏွစ္ေယာက္သားသုဓမၼာဇရပ္တန္းကို ထြက္လာခဲ့သည္။
"ဇရပ္ထဲဆို အရမ္းေနလို႔ေကာင္းသြားတာပဲ"
ဇရပ္ထဲ ေရာက္တာႏွင့္ေျခပစ္လက္ပစ္ထိုင္ရင္း songကေျပာသည္။ ရထာကေတာ့ စားေသာက္ဖို႔ ျပင္ရသည္။ ထမင္းပါသည့္ ေဖာ့ဘူးတစ္ဘူးကို songေရွ႕ခ်ေပးလိုက္ၿပီး ဆိတ္သားကင္ႏွင့္စမူဆာသုတ္အား အေဖ့အတြက္ခြဲကာ က်န္တာကို ႏွစ္ေယာက္အလယ္မွာ ထားလိုက္သည္။
"က်ဳံးေရျပင္ႀကီးကလွလို႔"
တည့္တည့္မွာ ျမင္ေနရသည့္ က်ဳံးေရျပင္အား လြမ္းေမာဖြယ္ၾကည့္ဆိုမိသည္။
"အသက္ကေလးရယ္တဲ့ ရွည္ေစလို၊ျမနႏၵာေရညိုသမ္း၊ေ႐ႊမန္းေတာင္ရိပ္ခိုတဲ့"
"ကိုယ္ေတာ့္မင္းအရိပ္ခိုမွ အသက္ရွည္မယ္"
စကားဆုံးတာနဲ႕ ေခါင္းေပၚ ခ်က္ခ်င္းေရာက္လာတယ့္ ရထာ့လက္ဖ်ားေလး။ songသေဘာတက်ရယ္မိသည္။
"အဲ့စကားက အသက္ရွည္ေအာင္ ေတာင္ေပၚတက္လိုက္၊ဆင္းလိုက္ လုပ္ရမယ္ေျပာတာ မဟုတ္ဘူး။ အျခားအဓိပၸါယ္နဲ႕။ 'မန္း´ဆိုတာ ၾကာသပေတးနံ ၅ ငါးပါးသီလလုံၿခဳံပါတဲ့၊ 'ေတာင္´က စေနနံ ၇ သူေတာ္ေကာင္းဥစၥာခုႏွစ္ပါးျဖစ္တယ့္ သဒၶါ၊သီလ၊သုတ၊ဓာဂ၊ပညာ၊ဟီရိ၊ၾသတပၸကို ရွာေဖြပါ၊ 'ရိပ္´ကက် ဗုဒၶဟူးနံ ၄သစၥာေလးပါးျဖစ္တယ့္ ေမတၱာ၊က႐ုဏာ၊မုဒိတာ၊ဥေပကၡာကို ပြားမ်ားပါ၊'ခို´က တနလၤာ၂ ေလာကကို ေစာင့္ေရွာက္ထားတဲ့ ေလာကပါလ၊ေဒဝဓမၼတရႏွစ္ပါးကို လက္ကိုင္ပါ၊ အဲ့လို တရားသေဘာနဲ႕ ဒီေတာင္မွာ တရားပြားမ်ား အရပ္ခိုေစတဲ့အဓိပၸါယ္။ ေတာင္တက္ၿပီး အသက္ရွည္ေအာင္ေနခိုင္းတာမဟုတ္ဘူး။"
"ေျပာသြားတာ နားမလည္ဘူး ရထာ"
"အဲ့တာဗုဒၶဘာသာအယူေလ"
"ဪ"
"စားစို႔ စမူဆာေလးနဲ႕ ဆီစမ္းေလးနဲ႕"
စမူဆာတစ္ဇြန္းခပ္ၿပီး songရဲ႕ ထမင္းဘူး၌ ပုံေပးလိုက္သည္။ အထူးအဆန္းႀကိဳက္သူ songကေတာ့ အားရပါးရစားပါသည္။ ဗိုက္ဆာဆာႏွင့္မို႔ စမူဆာပါသည့္ထမင္းတစ္လုတ္ကို အားရပါးရသြတ္လိုက္ၿပီး င႐ုတ္သီးေထာင့္ကို ကိုက္စားလိုက္ကာ ဆိတ္သားကင္ပါ ထပ္တိုးကိုက္စားလိုက္သည္။
"ေကာင္းတာ"
songရဲ႕ ဇိဝွါအာ႐ုံခံစားမႈအသံထြက္လာသည္။
"ဟ "
ဇြန္းအျပည့္ခပ္ၿပီး ရထာခြန႔္ေတာ့ ျငင္းဆန္မႈမရွိ ခ်က္ခ်င္းဟေပးသည္။
"ငါကအစပ္ႀကိဳက္ေတာ့ င႐ုတ္သီးေတာင့္ေလးကိုက္လိုက္ရမွ"
"ရထာ ဟ"
သူက ကိုယ့္ကိုျပန္ခြန႔္ေကြၽးေတာ့ ပါးစပ္ဟေပးလိုက္သည္။
"ေကာင္းတယ္မလား"
"အင္း ကိုယ္ႀကိဳက္တယ္"
"ႀကိဳက္ရင္ စား မဝရင္ ထပ္ဝယ္ေကြၽးမယ္"
ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံၿပဳံးမိသည္။ နဖူးေပၚေအာင္ လန္သိမ္းထားသည့္ songဆံပင္အခ်ိဳ႕က က်ေနေတာ့ ရထာသပ္တင္ေပးမိသည္။ သူကေတာ့ ခပ္ၿပဳံးၿပဳံး။ တိုးေဝ့ေလေအာက္၌ ဟန္ေဆာင္မႈကင္းစြာ ဤဇရပ္ေအာက္တြင္ ထမင္းလက္စုံစားေပးပါေသာ songသည္ မိမိကိုတန္ဖိုးထားမႈအျပည့္။ ခပ္ထည့္ေပးသည့္ ဇြန္းအျပည့္ စမူဆာသုတ္သည္ ပို၍ စားေကာင္းေနသေယာင္။ အစပ္ႀကိဳက္သည့္သူမို႔ အလိုက္သိစြာ songက ေရဘူးဖြင့္၍ ေဘးမွာခ်ေပးထားေတာ့ အပိုဆုအျဖစ္ အမွတ္ပိုေပးမိသည္။
ကခုန္ေနသည့္ က်ဳံးေရျပင္ႀကီးကို ၾကည့္လိုက္ ခ်စ္ရေသာသူႏွင့္ ထမင္းလက္စုံစားလိုက္ႏွင့္ ထိုအေျခအေနသည္ ၾကည္ႏူးဖို႔ေကာင္းလြန္းသည္။ songကို ၾကည့္ရင္း မိမိရင္တြင္း၌ ေအးခ်မ္းမႈကို ကိန္းဝပ္ေနေစမိသည္။ ေက်းဇူးပါ မင္းရဲ႕အခ်စ္အတြက္။
'ငါဟာ...
မင္းေဆာက္ေပးသည့္
အခ်စ္နန္းရိပ္ေအာက္
အခန႔္သား ေက်ာ့ေက်ာ့ျဖင့္
ဂ႐ုစိုက္မႈပလႅင္ထက္မွာ
စံစားရတယ့္
မင္းရဲ႕ မင္းသားငယ္တစ္ပါး´
......................................................................
မတ်စောက်သောလမ်းအဆင်းရှိပေမယ့် songက လွယ်လွယ်ပင် ဆိုင်ကယ်ကို ထိန်းစီးနိုင်သည်။ တည်ရာနေရာသို့ ရောက်ခါနီးအချိန်၌တော့ songပခုံးနှစ်ဖက်ပေါ် လက်တင်ကာ အရှေ့က ခေမိကရာမကျောင်းတိုက်ကို ခေါင်းမော့မျှော်ကြည့်လိုက်သည်။
"ခွေးမရှိဘူးလား၊ အဲ့ကျောင်းတိုက်ထဲဝင်လိုက်"
ဘယ်ချိုး၍ ကျောင်းတိုက်ထဲကို ကွေ့ဝင်သွားပြီးနောက် ဘေးဘီဝဲယာ ရထာမျက်လုံးကစားကြည့်တော့ တကယ်ကိုခွေးမရှိပေ။
"ကံကောင်းသွားတယ်"
ကိုယ့်ဘာသာရေရွတ်ပြီးနောက် ဆိုင်ကယ်ပေါ်က ဆင်းလိုက်သည်။ လာနေကျမို့ တစ်ချို့ဘုန်းဘုန်းကြီးတွေနှင့် ရင်းနှီးနေပြီဖြစ်သဖြင့် ဘုန်းကြီးတစ်ပါးက ကျောင်းထိုင်ဘုန်းကြီး ကျိန်းနေကြောင်း စည်းကြိုပြော၍ သွားချင်ပါကသွားလို့ရကြောင်း ပြောသည်။
"လာ သွားစို့"
ကျောင်းရဲ့ အရှေ့မြောက်ထောင့်ကို ဦးတည်သွားရသည်။ songကတော့ လေ့လာသူပီပီ စူးစူးစမ်းစမ်း မျက်လုံးကစားကြည့်သည်။
"အရင်က ခွေးများတယ်၊ ခုဘယ်ရောက်သွားလဲမသိဘူး"
"ကိုယ့်ကိုကြောက်လို့ထွက်ပြေးသွားပြီ"
"ဖြစ်ရတယ်"
ကိုယ့်ရဲ့ဆောင့်အောင့်စကားကြောင့် songက ခပ်တိုးတိုးရယ်သည်။ ပြီးနောက် မိမိလက်ကို အသာလာရောက်ဆုတ်ကိုင်သည့် songရဲ့လက်ဖဝါး။ ဘာမှတော့မပြောမိ။ ကိုယ်တိုင်ကလည်း ကျေနပ်နေတာမို့ပေ။
"မင်းလက်လေးကိုင်ရတာကို အရမ်းကြိုက်တာပဲ ရထာ"
"ဘာလို့လဲ"
အုတ်မရှိသော ကျောင်းမြေပြင်လမ်းထက် အတူလက်တွဲ၍ ခပ်ဖြည်းဖြည်းသာ လျှောက်လာခဲ့သည်။ ထူမှိုင်းနေသော ဥတုနှင့်သစ်ပင်တို့က ပို၍လွမ်းမောဖွယ် အသက်သွင်းပေးသည်။ မိုးလေအေးလေး တစ်ချက်ဝှေ့၍ ခန္ဓာကိုယ်ကို ပွတ်တိုက်ထွက်ပြေးသွားသည့်အခါ လွမ်းရမည့်သူမရှိပါဘဲ အလွမ်းစိတ်လေးက တိုးလို့။
"ပိုင်ဆိုင်ခြင်းဆိုတယ့်ပြယုဂ်ထက် အတူရင်ဆိုင်ခြင်းဆိုတယ့် ဂုဏ်ပုဒ်တစ်ခုကို ဆောင်လို့၊ "
"ပါးစပ်ပိတ်တော့"
ထပ်ပြောရင် ကြည်နူးမှုအိုးကို မထိန်းနိုင်တော့စွာ ကြည်နူးမှုအငွေ့အသက်တွေ အိုးထဲမှလျှံထွက်ကျလာတော့မည်။ songကတော့ သူ့မူအတိုင်းပြုံးပြုံး။နွေးထွေးမှုပေးသော လက်ကမခွာသေး။ ထပ်၍ ခြေလှမ်းတူ အတူစုံလျှောက်လာပြီးနောက်မှာတော့ သစ်ပင်တို့ ပေါက်ရောက်ရှင်သန်နေသည့် ပျက်စီးနေတယ့် ရှေးဟောင်းအဆောက်အုံကိုရောက်လေပြီ။ တံခါးပေါက်တွေသာ ကျန်ခဲ့ပြီး အဆောက်အဦးအပိုင်းအစတွေက ဟိုတစ်စဒီတစ်စရှိနေသည်။
တစ်ချို့၌ဆို အပေါက်ထဲသို့ ဝင်လို့ရနိုင်သည့်အနေအထားထိ ရှိနေသေးသည်။
"မီးလောင်ပျက်စီးသွားတာမလား"
ကိုင်ထားသည့် လက်ကိုလွှတ်လိုက်သည့်အခါ ရထာ့ရင်ထဲ မကျေနပ်မှုသေးသေးလေး ပျိုးသည်။ အကိုင်မခံချင်သော်လည်း ထပ်တူဖြစ်သည့် ခံစားချက်က အလွှတ်မခံချင်ပါ။
"ဟုတ်တယ်"
လုပ်နေကျ လုပ်ရိုးလုပ်စဉ်အတိုင်း songက ဓာတ်ပုံရိုက်နေသည်။
"ဒီကျောင်းနာမည်က မဟာဘုံကျော်ကျောင်းတိုက်တဲ့၊ ပညာသီဟ သာသနဓဇ မဟာဓမ္မာရာဇာဓိ ရာဇာဂုရု တံဆိပ်တော်ရ သစ်ဆိမ့်ဆရာတော်ဘုရားကို မင်းတုန်းမင်းကလှူဒါန်းခဲ့တာ"
"အင်း ကြီးကျယ်ခဲ့မယ့်ပုံ"
"ဒါပေါ့"
ဂုဏ်ယူဝံ့ကြွားစွာလှည့်ကြည့်လာသည့် ရထာ့မျက်နှာလေး။ ကိုယ်မြေကိုချစ်သည့် စိတ်အငွေ့အသက်တွေက မျက်ဝန်းထဲ၌ ထင်းနေသည်။ ပြန်ပြုံးပြီးနောက် မနေနိုင်စွာ ပါးဖောင်းထက်၌ လက်ညိုးလေး ထိုးမိတော့ အိစိစိပါးပြင်လေး။
"နောက်ခရီးဆက်စို့"
"နာမည်ပြောပါဦး"
"ယောမင်းကြီးအုတ်ကျောင်း ငါမောင်းမယ် ဒီတစ်ခါ"
"အင်း"
ယောမင်းကြီးအုတ်ကျောင်းကျ လမ်းကရှုပ်သည်။ songနှင့် အဆင်မပြေလှပါ။ ရောက်နေသည့်ကျောင်းတိုက်ကနေ ခြေဦးပြန်လှည့်ရသည်။ အလာလိုတော့ လက်မကိုင်ဖြစ်တော့။
မို့ထွက်နေသည့် မြေလမ်းပေါ်၌ ဆိုင်ကယ်အား ဖြတ်နင်းစေလျက် တစ်နေရာကို ခရီးကူးသည်။လွတ်ထွက်သွားသည့် အတွေးတွေက ဦးတည်ချက်မရှိပါဘဲ မရောက်သေးသော songရဲ့ အိမ်ပြန်ရက်ကို တွေးမိသည့်အခါ လက်ကိုင်အား အားထည့်ဆုတ်မိသွားရဲ့။ ဖြစ်နိုင်ရင် အိမ်အပြန်လမ်းဆိုတာမရှိစေချင်။ သို့ပေမယ့် ခြားနေတယ့်အခြေအနေတွေက ထိုသို့ဖြစ်လာမည်ဆိုတယ့်နိယာမတရားပေ။
"ဒီကနေ မန္တလေးတောင်ကို လှမ်းမြင်ရတယ်နော်"
ထွက်လာသည့် songအသံ။ တောင်ကိုပတ်မောင်းရတာမို့ လှပလွန်းသည့် မန္တလေးတောင်ဟာ
ဘေးမှာ အပြိုင်ယှဉ်ပြေးလိုက်နေသည်။ ကင်မရာကိုင်ထားတယ့် songကတော့ ဓာတ်ပုံရိုက်ဖို့မမေ့ပါ။ ရွှေဘုရားတစ်ဆူ တစ်ဆူထင်းနေသော မန္တလေးတောင်သည် ရွှေကွပ်သောတောင်လို ထည်ဝါလျက်။ မကြည့်ရမနေနိုင်သဖြင့် ဆိုင်ကယ်မောင်းရင်းနှင့်ပင် ခဏလောက်လှည့်ကြည့်မိပါသည်။
အနည်းငယ်မောင်းပြီးသည့်အချိန်တော့ လမ်းဘေးထီးထီး၌ တစ်ကိုယ်တည်းထီးနေသော ယောမင်းကြီးအုတ်ကျောင်းကို တွေ့ရလေပြီ။ ချိုးကွေ့ဝင်လိုက်ပြီးနောက်
ဆိုင်းပုဒ်ရှေ့တည့်တည့်မှာ ဆိုင်ကယ်ရပ်လိုက်သည်။
"ပိတ်ထားတာပဲ"
ဆိုင်ကယ်ပေါ်ဆင်းရင်း songက ဆိုသည်။
"ဟုတ်တယ်၊ ဒါတော့ ဝင်လို့မရဘူး...လာ သွားစို့"
ပထမဆုံး မြက်ခင်းပြင်ထက်က အလယ်၌သစ်သားမရှိတော့ပဲ ဘေးနှစ်ဖက်မှာသာ သစ်သားအစရှိသည့် ဆိုင်းပုဒ်ကို အရင်သွားလိုက်သည်။ ကင်မရာတစ်ဖျတ်ဖျတ်အသံက နားဝကို ခိုတွဲလိုက်ပါလျက်။
"ဒါက ယောမင်းကြီးဦးဘိုးလှိုင်ကောင်းမှု၊ ဒီအုတ်ကျောင်းကြီးရဲ့ ဗိသုကာလက်ရာတွေက အနောက်နိုင်ငံတွေက ဘုရားရှိခိုးကျောင်း၊ရဲတိုက်တွေပုံစံယူပြီးဆောက်ထားတာ၊ လက်ရာအများဆုံးက ပြင်သစ်က ဗိသုကာလက်ရာတွေ"
ဆောက်ထားသည့် အုတ်တိုင်လုံးတွေက ခမ်းနားလှသည်။ အနီးမဟုတ်သည့် အဝေးကနေမြင်ရသည့် ဗိသုကာလက်ရာတွေက စိတ်မဝင်စားသည့်သူတွေတောင် လှမ်းလာမည့် လက်ရာမျိုး။မှန်ကူကွက် လက်ရာတွေ၊ ပြတင်းတံခါးပေါက်ပေါ်က ကနုတ်ပန်းလက်ရာတွေ၊ ဒေါင်းသဏ္ဍာန်လက်ရာတွေက မြတ်နိုးလိုက်တာလို့ တသသရွတ်နေရမည်။
"ကိုယ်တော့ ဗိသုကာလက်ရာတွေ အရမ်းကြိုက်တာပဲ"
"တူတူပဲ"
နှစ်ယောက်သား အကြည့်ချင်းဆုံ ပြုံးမိကြသည်။
"သက္ကရာဇ် ၁၂၂၈ခုနှစ် ခရစ်နှစ် ၁၈၆၆မှာ ယောမင်းကြီးဦးဘိုးလှိုင်က လှူခဲ့တာ။ ခရစ်နှစ်၁၉၄၅ခုနှစ်မှဦတော့ အင်္ဂလိပ်တွေကျဲတဲ့ ဗုံးလေးလုံးမိပြီး သစ်သားထည်တွေ၊ အင်္ဂတေကနုတ်ပန်းတွေပျက်စီးသွားပြီး အုတ်ကျောင်းပဲကျန်ခဲ့တော့တယ်"
"နှမြောက်လိုက်တာ"
"အာ့!!!! ပုရွက်ဆိတ်ကိုက်တယ်"
မြန်မာလိုရေရွတ် ခြေသလုံးကိုပွတ်ရင်း မြက်ခင်းလွတ်ရာ ဘေးကို ထွက်လာတော့ songက ဘာဖြစ်တာလဲဟု ပြောရင်း နောက်ကလိုက်လာသည်။ ပုဆိုးကို ဒူးထိလှန်ကြည့်တော့ ခြေသလုံးမှာ ပြေးနေသည့် ပုရွက်ဆိတ်နီနီသေးသေးလေး။ ရထာလက်နဲ့မခါခင်ကို songက ဒူးထောက်ထိုင်ကာ ခြေထောက်ကို ကိုင်ပြီး သူ့လက်နဲ့ခါပေးသည်။
"အယ့် song"
"ကြည့်ဦး နီတောင်နီသွားပြီ"
ခြေထောက်ကို ခါပေးသည့် လက်နှင့်ပဲ သူ့တံတွေးယူကာ အဖုလေးပေါ် လက်ခလယ်နဲ့ပွတ်ပေးတော့ ရထာ့ရင်ထဲ လှိုက်ကနဲ။
"တော်တော့ ခြေထောက်ကြီးကို"
songက ဒူးထောက်ထားသည်မို့ မီရာပခုံးကို လက်နှင့်အသာတွန်းလိုက်သည်။
"ရတယ်၊ ယားနေမှာပေါ့ ငြိမ်ငြိမ်နေ၊ ကိုယ်လုပ်ပေးမယ်"
ထလာသည့် အဖုလေးတွေကို သူက တံတွေးနဲ့လိုက်တို့ပေးသည်။ ကြည်နူးမှုတို့ ထိန်းမရနိုင်တော့သည့်အခါ ရထာ့နှုတ်ခမ်းက ကော့ညွန့်တက်လို့။
"ငါတို့အကျင့်အရ အဲ့လိုအဖုလေးတွေကို လက်သည်းနဲ့ဆိပ်ပြီး နင့်အဆိပ်တံတွေး၊ငါ့အဆိပ် မြွေပွေးလို့ရွတ်တာ"
"ဟုတ်လား။"
Songက ခေါင်းမော့ကြည့်လာတော့ ရထာခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်"
"နင့်အဆိပ်တံတွေး ငါ့အဆိပ် မြွေပွေး၊ နင့်အဆိပ်တံတွေး ငါ့အဆိပ်မြွေပွေး"
ရထာ ပြုံးမိသည်။ အသေးစိတ်အသေးအမွှားကအစ ဂရုစိုက်ခံရတော့ စိတ်ကြီးဝင်ချင်ချင်။ ပါးစပ်က တတွတ်တွတ်ရွတ်ရင်း အသားမနာအောင် ဆိပ်ပေးသည့် လက်ချောင်းလေးတွေက ဆေးသဖွယ်။ ကြာတော့လည်း songကို အားနာသည်မို့.....
"လာ ထတော့၊ မင်းကြောင့်ပျောက်သွားပြီ"
"ဟုတ်ပြီ"
songက ပြန်ထလာကာ လက်ကိုလာကိုင်ဆွဲသည်။ ကျောင်းရဲ့လှေကားရှိသည့် ဘက်ကို သွားမည်ဖြစ်သည်။ လှေကားမှာတော့ ကျောင်းပေါ်မတက်စေရန် ကာရံထားသည်။ မြင်နေရသည့် ဥရောပဟန် သစ်သားပန်းက လှပစွာတင့်တယ်လျက်။ songကလည်း မလွတ်တမ်းရိုက်ယူသည်။
"ပြီးရင် ဘယ်သွားမလဲ"
"ပြီးရင်တော့ မန္တေတောင်ခြေက မြတ်စွာဘုရားအရိုးဓာတ်တော်ဆီ သွားမယ်"
"ဟင်"
"ငါဖူးချင်လို့"
"ဟုတ်ပြီလေ သွားစို့"
ရထာ့ဆန္ဒကို songက လက်ခံပါသည်။ မန္တလေးလွှတ်တော်ရုံးကိုကျော်လာခဲ့ပြီး စလင်းကျောင်းတိုက်ကိုလည်း ထပ်ဖြတ် ခဏလောက်မောင်းပြီးရင်တော့ မန္တလေးတောင်ခြေကို ပြန်ရောက်ခဲ့ကာ ဦးခန္တီကျောင်းတိုက်ကို ဝင်လာခဲ့သည်။ ယနေ့က ဦးပုသ်နေ့ဖြစ်သဖြင့် ဘုရားရှင်ရဲ့အရိုးဓာတ်တော်ကို မြင်တွေ့နိုင်ပါသည်။
ပြတိုက်ထဲ ဝင်လာချိန်တော့ ကျွန်းသားဂန္ဓကုဋီတိုက်တွင် ကိန်းဝပ်နေသည့် ဘုရားရှင်ဓာတ်တော်ကို ဖူးတွေ့ရသည်။ တိုက်အလယ်မှာ သစ်သားပလ္လင်ရှိပြီး ထိုပလ္လင်ပေါ်မှာတော့ ဓာတ်တော်ကိန်းဝပ်သည့် မှန်ကျောင်းဆောင်လေးရှိသည်။ မှန်ကျောင်းဆောင်အတွင်းမှာ ဆင်စွယ်သားနဲ့ဆောက်ထားသည့် ကျောင်းဆောင်သေးလေး ထပ်ရှိပြန်သည်။ ဆင်စွယ်ကျောင်းဆောင်ထဲ၌ အရိုးဓာတ်တော်တွေ ထည့်ထားသည့် ဖန်ပေါင်းချောင်းလေးကို ရွှေစင်ပြဿာသ်တွေနဲ့ ဆောက်ထားပြီး ပတ္တမြားအလုံးတွေနှင့် စီခြယ်ထားသည်။ ရထာဦးချကန်တော့မိသည်။
ကန်တော့ပြီးမှ နောက်မှာရပ်နေသည့် songဆီသွားကာ ပြတိုက်ထဲမှ ပြန်ထွက်လာခဲ့ပြီး....
"အိန္ဒိယမှာ ဘုရားရှင်ရဲ့ဓာတ်တော်ကို တူးဖော်တွေ့ရှိပြီး မကြာခင်မှာပဲ မန္တလေးမှာ ပလိပ်ရောဂါဖြစ်ခဲ့တာ။ ဒီလိုရောဂါဆိုးကြီးကြောင့် စိတ်ချောက်ချားနေတဲ့ မြန်မာပြည်သူပြည်သူတွေကို စိတ်သက်သာစေဖို့ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်မင်နဲ့ မြန်မာဘုရင်ခံ ဆာသာကယ်ဝှိုက်တို့က ဓာတ်တော်ပင့်ဖို့ကြံခဲ့တာ။ ပင့်ဖို့အိန္ဒိယကိုသွားတာတော့ တစ်ခြားသူတွေပေ့ါ၊ ဓာတ်တော်က မြန်မာကိုရောက်တော့ ရန်ကုန်မှာရွှေတိဂုံဘုရားမှာ ငါးရက်ကြာ အပူဇော်ခံတယ်။ ပြီးတော့ မန္တလေးရောက်ပြီး ပထမဆုံး ကြေးမြင်မိဖုရားကြီးရဲ့ အိမ်တော်ဝင်းမှာ ယာယီအပူဇော်ခံတယ်။ ပြီးရင်တော့ ဘုရားကြီးက မဟာမုနိဂန္ဓကုဋီမှာ အပူဇော်ခံခဲ့တယ်။ ဒါပေမယ့်လည်း နေရာအတည်အကျသီးသန့်ရှိဖို့ မန္တလေးတောင်တစ်နေရာမှာပဲ ဓာတ်တော်တိုက်ဆောက်ဖို့ ဦးခန္တီကပဲ ဦးစီးဆောက်ခဲ့တာ။ အဲ့တာနဲ့ပဲ မဟာမုနိဘုရားကြီးမှာ ထားတဲ့ ဘုရားဓာတ်တော်ကို ဓာတ်တော်တိုက်ကြီးဆီ ပြောင်းရွှေ့ပြီး သံအလုံကာနဲ့ထားပေမယ့် ဦးခန္တီမကွယ်လွန်ခင်မှာပဲ ဓာတ်တော်အဖောက်ခံလိုက်ရတာ။ ရတနာတွေပါသွားပေမယ့် ဓာတ်တော်တော့မပါခဲ့ဘူး။ အဲ့ဒါနဲ့ ဒီမှာပဲ ပြောင်းထားခဲ့တာ။"
"ဖောက်ရဲတဲ့သူရှိတယ်ပေါ့"
"ရှိတာပေါ့ ငရဲမကြောက်ကြဘူးလားမသိဘူး၊ ဒါနဲ့ ဗိုက်ဆာပြီလား"
"အင်း"
"ဒါဆို ဇရပ်မှာစားရင်အဆင်ပြေလား"
"မင်းနဲ့လက်စုံစားရရင် ဘယ်လိုစားရရ"
"ငါခေါက်ထည့်လိုက်ရ"
လက်ရွယ်လိုက်တော့ ခေါင်းကိုငုံ့ပေးသည်။ ရွယ်သာရွယ်တာ လူမြင်ကွင်းတော့ မရိုက်ရက်ပါ။ ဥပုသ်နေ့ဆိုတော့ ဘုရားဓာတ်တော် လာဖူးသောသူများသကိုး။
"လာ လာ သွားမယ်"
ထို့နောက် ကျောက်တော်ကြီးဘက်သို့ တစ်ဖန် ရွာလည်ရပြန်သည်။
"အယ့် ခြင်္သေ့ကြီးနှစ်ကောင်ရပ်ပါဦး"
မန္တလေးတောင်ခြေက ခြင်္သေ့ကြီးနှစ်ကောင်ရှေ့ရောက်တော့ songက ရပ်ခိုင်းသည်။ ဆိုင်ကယ်ရပ်ပေးတော့ ချက်ချင်းဆင်းကာ ကိုယ့်လက်ထဲ ကင်မရာထည့်ပေးသည်။ ကိုယ်လည်း ဆိုင်ကယ်ပေါ်က ဆင်းလိုက်ပြီး လမ်းတစ်ဖက်သွားကာ ခြင်္သေ့ပုံပါသည်အထိ ရိုက်ပေးလိုက်သည်။
"ရိုက်ပြီးပြီသွားစို့"
"မဝင်တော့ဘူးလား"
"ဝင်ချင်သေးတာလား။ ဒီမှာက ပွဲထိုးပြီး သားဆုပန်တာပဲရှိတာ"
"ဪ"
"လာသွားစို့"
ထို့နောက်တွင်တော့ ခရီးထပ်ဆက်ခဲ့ပါည်။ ဝယ်နေကျဆိုင်ဖြစ်သည့် ကျောက်တော်ကြီးရှေ့က ဆိတ်သားကင်ဆိုင်မှာ ဆိုင်ကယ်ရပ်လိုက်သည်။
"စားနေကျဆိုင်လေ လျော့ပေးတယ်။ ငါ့ဧည့်သည်တွေ ဒီခေါ်လာနေကျ"
တွန်းလှည်းရှေ့မှာပဲ ဆိုင်ကယ်ကိုရပ်ပြီး ဆင်းရသည်။ songကလည်း စပ်စပ်စုစု လာတော့ကြည့်သည်။
"ထမင်းဆီစမ်း နှစ်ပွဲ၊ ဆိတ်သားက တစ်သောင်းဖိုးနဲ့ စမူဆာက ၃၀၀၀ဖိုး သုတ်ပေး"
"အေး ရထာ၊မင်းလည်းပျောက်ချက်ကောင်း"
"ပျောက်ကောင်းတာက ခရီးသည်တစ်ယောက်ကိုပဲ လိုက်ပေးနေရလို့လေ "
"ဪ"
"ရထာအဲ့တာစားကောင်းလား"
"ကောင်းတယ် အထဲက အသီးအနှံတွေနဲ့ စမူဆာလို့ခေါ်တယ်"
"စမဆာ"
ရထာ့မျက်နှာ ရှုံ့မဲ့သွားသည်။
"လိုက်မပြောပါနဲ့ကွာ ရပါတယ်...ဒီတိုင်းကြည့်နေ"
songအသံထွက်တွေ ရထာနားမထောင်နိုင်။ ကိုယ့်မြန်မာအသံထွက်တောင် မေ့အောင်လုပ်နိုင်သည့် အသံထွက်သည် songအသံထွက်သာရှိသည်။ ကြိုးစားပြောပေမယ့်လည်း လုံးလုံးမတူတော့ ရယ်စရာသာဖြစ်သည်။
ပါဆယ်ရပြီးချိန်တော့ နှစ်ယောက်သားသုဓမ္မာဇရပ်တန်းကို ထွက်လာခဲ့သည်။
"ဇရပ်ထဲဆို အရမ်းနေလို့ကောင်းသွားတာပဲ"
ဇရပ်ထဲ ရောက်တာနှင့်ခြေပစ်လက်ပစ်ထိုင်ရင်း songကပြောသည်။ ရထာကတော့ စားသောက်ဖို့ ပြင်ရသည်။ ထမင်းပါသည့် ဖော့ဘူးတစ်ဘူးကို songရှေ့ချပေးလိုက်ပြီး ဆိတ်သားကင်နှင့်စမူဆာသုတ်အား အဖေ့အတွက်ခွဲကာ ကျန်တာကို နှစ်ယောက်အလယ်မှာ ထားလိုက်သည်။
"ကျုံးရေပြင်ကြီးကလှလို့"
တည့်တည့်မှာ မြင်နေရသည့် ကျုံးရေပြင်အား လွမ်းမောဖွယ်ကြည့်ဆိုမိသည်။
"အသက်ကလေးရယ်တဲ့ ရှည်စေလို၊မြနန္ဒာရေညိုသမ်း၊ရွှေမန်းတောင်ရိပ်ခိုတဲ့"
"ကိုယ်တော့်မင်းအရိပ်ခိုမှ အသက်ရှည်မယ်"
စကားဆုံးတာနဲ့ ခေါင်းပေါ် ချက်ချင်းရောက်လာတယ့် ရထာ့လက်ဖျားလေး။ songသဘောတကျရယ်မိသည်။
"အဲ့စကားက အသက်ရှည်အောင် တောင်ပေါ်တက်လိုက်၊ဆင်းလိုက် လုပ်ရမယ်ပြောတာ မဟုတ်ဘူး။ အခြားအဓိပ္ပါယ်နဲ့။ 'မန်း´ဆိုတာ ကြာသပတေးနံ ၅ ငါးပါးသီလလုံခြုံပါတဲ့၊ 'တောင်´က စနေနံ ၇ သူတော်ကောင်းဥစ္စာခုနှစ်ပါးဖြစ်တယ့် သဒ္ဓါ၊သီလ၊သုတ၊ဓာဂ၊ပညာ၊ဟီရိ၊သြတပ္ပကို ရှာဖွေပါ၊ 'ရိပ်´ကကျ ဗုဒ္ဓဟူးနံ ၄သစ္စာလေးပါးဖြစ်တယ့် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာကို ပွားများပါ၊'ခို´က တနင်္လာ၂ လောကကို စောင့်ရှောက်ထားတဲ့ လောကပါလ၊ဒေဝဓမ္မတရနှစ်ပါးကို လက်ကိုင်ပါ၊ အဲ့လို တရားသဘောနဲ့ ဒီတောင်မှာ တရားပွားများ အရပ်ခိုစေတဲ့အဓိပ္ပါယ်။ တောင်တက်ပြီး အသက်ရှည်အောင်နေခိုင်းတာမဟုတ်ဘူး။"
"ပြောသွားတာ နားမလည်ဘူး ရထာ"
"အဲ့တာဗုဒ္ဓဘာသာအယူလေ"
"ဪ"
"စားစို့ စမူဆာလေးနဲ့ ဆီစမ်းလေးနဲ့"
စမူဆာတစ်ဇွန်းခပ်ပြီး songရဲ့ ထမင်းဘူး၌ ပုံပေးလိုက်သည်။ အထူးအဆန်းကြိုက်သူ songကတော့ အားရပါးရစားပါသည်။ ဗိုက်ဆာဆာနှင့်မို့ စမူဆာပါသည့်ထမင်းတစ်လုတ်ကို အားရပါးရသွတ်လိုက်ပြီး ငရုတ်သီးထောင့်ကို ကိုက်စားလိုက်ကာ ဆိတ်သားကင်ပါ ထပ်တိုးကိုက်စားလိုက်သည်။
"ကောင်းတာ"
songရဲ့ ဇိဝှါအာရုံခံစားမှုအသံထွက်လာသည်။
"ဟ "
ဇွန်းအပြည့်ခပ်ပြီး ရထာခွန့်တော့ ငြင်းဆန်မှုမရှိ ချက်ချင်းဟပေးသည်။
"ငါကအစပ်ကြိုက်တော့ ငရုတ်သီးတောင့်လေးကိုက်လိုက်ရမှ"
"ရထာ ဟ"
သူက ကိုယ့်ကိုပြန်ခွန့်ကျွေးတော့ ပါးစပ်ဟပေးလိုက်သည်။
"ကောင်းတယ်မလား"
"အင်း ကိုယ်ကြိုက်တယ်"
"ကြိုက်ရင် စား မဝရင် ထပ်ဝယ်ကျွေးမယ်"
နှစ်ယောက်သား အကြည့်ချင်းဆုံပြုံးမိသည်။ နဖူးပေါ်အောင် လန်သိမ်းထားသည့် songဆံပင်အချို့က ကျနေတော့ ရထာသပ်တင်ပေးမိသည်။ သူကတော့ ခပ်ပြုံးပြုံး။ တိုးဝေ့လေအောက်၌ ဟန်ဆောင်မှုကင်းစွာ ဤဇရပ်အောက်တွင် ထမင်းလက်စုံစားပေးပါသော songသည် မိမိကိုတန်ဖိုးထားမှုအပြည့်။ ခပ်ထည့်ပေးသည့် ဇွန်းအပြည့် စမူဆာသုတ်သည် ပို၍ စားကောင်းနေသယောင်။ အစပ်ကြိုက်သည့်သူမို့ အလိုက်သိစွာ songက ရေဘူးဖွင့်၍ ဘေးမှာချပေးထားတော့ အပိုဆုအဖြစ် အမှတ်ပိုပေးမိသည်။
ကခုန်နေသည့် ကျုံးရေပြင်ကြီးကို ကြည့်လိုက် ချစ်ရသောသူနှင့် ထမင်းလက်စုံစားလိုက်နှင့် ထိုအခြေအနေသည် ကြည်နူးဖို့ကောင်းလွန်းသည်။ songကို ကြည့်ရင်း မိမိရင်တွင်း၌ အေးချမ်းမှုကို ကိန်းဝပ်နေစေမိသည်။ ကျေးဇူးပါ မင်းရဲ့အချစ်အတွက်။
'ငါဟာ...
မင်းဆောက်ပေးသည့်
အချစ်နန်းရိပ်အောက်
အခန့်သား ကျော့ကျော့ဖြင့်
ဂရုစိုက်မှုပလ္လင်ထက်မှာ
စံစားရတယ့်
မင်းရဲ့ မင်းသားငယ်တစ်ပါး´
......................................................................