​ေရ​ေျမျခား၍ ခ်စ္​မိ​ေသာ္​လည္...

Da Park_Byun_6104

533K 72.4K 6.1K

လူမ်ိဳး​ေရးခြဲျခားတတ္​သည္​့ မင္​းရထာဆိုတ့ဲ​ေကာင္​​ေလးႏွင္​့ အဂၤလန္​သား song တို႔..​ေတြ႔ဆံုခ်စ္​ႀကိဳက္​မိ​ေသာအ... Altro

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
ဇာတ္​သိမ္​းပိုင္​း
​ေက်းဇူးတင္​လႊာ

24

7K 1.1K 143
Da Park_Byun_6104

လူသုံးေယာက္ရွိေပမယ့္ ဘယ္သူ႕ဆီကမွ စကားသံစ၍မလာ။ အားလုံးက အၾကည့္မဆုံက်ေပမယ့္ ဦးတည္ရာတစ္ခုကိုပဲ ေငးစိုက္ၾကည့္ေနသည္။ ေနေစာကိုၾကည့္ေတာ့ မ်က္ႏွာမွာ အားနာေနဟန္အရိပ္အေငြ႕အျပည့္။ ရထာ သက္ျပင္းခ်ကာ ေဒၚေလးေစာလက္ကို ျပန္ေထြးေပြ႕လိုက္သည္။

"ဘယ္လိုေတာင္းပန္ရမလဲေတာင္ မသိေတာ့ဘူး ေဒၚေလးေစာရယ္၊ ကြၽန္ေတာ္နဲ႕ေနေစာအေျခအေနက အသစ္ျပန္စလို႔မရတဲ့ အေျခအေနျဖစ္သြားၿပီ"

ဆိုေတာ့ ေနေစာက မ်က္ႏွာပ်က္သြားေပမယ့္ ေဒၚေစာေခါင္းတယမ္းယမ္းျဖင့္...

"အို ဘာလို႔မစနိုင္ရမွာလဲကြယ္"

အေမ့အား ဝင္မတားလို႔မျဖစ္ေတာ့။

"အေမရာ ေတာ္ပါေတာ့ သားအဆင္ေျပပါတယ္...ရထာ့ကို အေႏွာင့္အယွက္ျဖစ္ေအာင္လို႔"

"အေမက သားအတြက္ေျပာေပးတာေလ သား! သား ရထာ"

ရထာ့လက္ႏွစ္ဖက္ကို ပို၍ ဆုပ္ကိုင္ေထြးေပြ႕လိုက္သည္။

"အေဒါ့္ဆႏၵကို လိုက္ေလ်ာေပးပါလားကြယ္...သားလည္းတစ္ခ်ိန္က အရမ္းခ်စ္ခဲ့တာပဲမလား"

"ေတာ္ပါေတာ့ အေမရယ္"

ေနေစာ ထပ္ဟန႔္ေပမယ့္ အေမက အသာေနဆိုတဲ့ အထာႏွင့္ မ်က္လုံးျပဴးျပလာသည္။ ၾကာေတာ့ ရထာ အေနရခက္လာရပါသည္။ အားနာလို႔ အျပတ္မျငင္းခ်င္ေပမယ့္ ဒီအေျခအေနအရ မရေတာ့သည္ပုံ။ 

"သားလက္ခံတယ္မလား"

တိတ္တိတ္ေနျခင္းက လက္ခံျခင္းလို႔ ေဒၚေလးေစာက ယူဆဟန္ရွိပုံပင္။ရထာ ေတြေတြေငးေနရင္းမွ ေငးရာမွာရွိသည့္ အရာဝတၳဳကိုမျမင္ရဘဲ songရဲ႕ မ်က္ႏွာကိုသာ ျမင္ေနရသည္။ အၿမဲတမ္း မိမိစိတ္ကိုသာ ေရွ႕တန္းတင္ေပးေသာ songရဲ႕စိတ္ထား။ မိမိဝမ္းနည္းေနသည့္အခါ ၿပဳံးေပ်ာ္ေအာင္ စေနာက္ေပးတတ္တယ့္ songရဲ႕အက်င့္။ အလြန္ဆုံး မိမိသူ႕ကိုခ်စ္မွန္းသိပါလ်က္ ဖြင့္ေျပာမလာျခင္းအတြက္ အျပစ္မတင္ဘဲ နားလည္ေထြးေပြ႕ေပးခဲ့သည္။ ထပ္မြမ္းမံစြာ မိမိကို ေမွ်ာ္လင့္ျခင္းကင္း ခ်စ္ေန႐ုံနဲ႕ေက်နပ္သည့္ songရဲ႕ မ်က္ႏွာကို ေတြးျမင္ရသည့္အခါ သက္ျပင္းရွည္ႀကီးခ်မိသည္။

ေဒၚေလးေစာမ်က္ႏွာကို အားနာမႈအျပည့္ျဖင့္ ၾကည့္လ်က္....

"ေျပာင္းလဲသြားတဲ့ ကြၽန္ေတာ့္စိတ္ေၾကာင့္ ေနေစာကို ထပ္လက္မခံနိုင္တာပါ ေဒၚေလးေစာ၊ခု ကြၽန္ေတာ့္မွာ တြဲေနတယ့္ ခ်စ္သူလည္းရွိသလို သူနဲ႕လည္း ေနာက္ဆုတ္မရတဲ့အေျခအေန ေရာက္ၿပီးသြားၿပီမလို႔ပါ...."

လက္ကိုေထြးေပြ႕ထားတယ့္ ေဒၚေလးေစာလက္သည္လည္း အနည္းငယ္ေလ်ာ့လာသည္။ သိခ်င္စိတ္ျပင္းေနေသာ ေဒၚေလးေစာမ်က္ႏွာသည္ အင္မတန္ အရိပ္အကဲဖမ္းရလြယ္သည္။ ဆက္လိမ္ဖို႔သာ ရထာဆုံးျဖတ္လိုက္ၿပီး...

"ေယာက်ာ္းေလးနဲ႕ပါ ေဒၚေလးေစာ ကြၽန္ေတာ့္ရဲ႕ခရီးသည္နဲ႕ပါ"

ေထြးေပြ႕ထားသည့္ ေဒၚေလးေစာလက္သည္ မိမိလက္မွ လုံးလုံးခြာသြားသည္။ မ်က္ႏွာကို ဖမ္းၾကည့္မိေတာ့ ေယာက်ာ္းေလးဟုေျပာလိုက္သည့္ စကားအတြက္ ႐ြံရွာေနပုံပင္။ သို႔မဟုတ္ ေနာက္ဆုတ္မရတဲ့ အေျခအေနကို တလြဲအဓိပၸါယ္ေကာက္သည္ေၾကာင့္လား။ ထားပါ လြဲတဲ့အထင္အတိုင္းထားပါေလေတာ့။ သို႔ေပမယ့္ ရထာၿပဳံးမိသည္။ မင္းအတြက္ေၾကာင့္ ငါလိမ္ေတာင္လိမ္တတ္ေနပါ့ပေကာလား songေရ။ 

"အင္းပါ ရထာက အဆင္မေျပမွေတာ့"

ေဒၚေစာ ေယာင္နနႏွင့္ ေရာခ်လိဳက္မိသည္။

"ဒါနဲ႕အေမ သားကိုၾကက္ေပါင္းသြားဝယ္ေပးပါဦး"

"ဟုတ္ၿပီ သား"

အခန္းထဲကေန အေမထြက္သြားသည္အထိ ရထာ့အားစကားတစ္ခြန္းမွ မဆိုေသးေပ။ ေသခ်ာတဲ့ တံခါးပိတ္သံကိုၾကားရမွ ရင္နာနာႏွင့္ ရထာ့အားခနဲ႕မိသည္။

"ကိုယ္နဲ႕ကင္းခ်င္တာနဲ႕ လိမ္တတ္ေနပါေကာ"

"ငါက သူမ်ားကို ေမွ်ာ္လင့္ခ်က္မထားခိုင္းဘူး ေနေစာ ဒါနဲ႕ သက္သာရဲ႕လား"

"အင္း သက္သာပါတယ္ ေခါင္းနည္းနည္းပဲ ထိသြားတယ္"

"အင္း"

"ဒီေလာက္ပဲလား"

ေနေစာအေမးကို ရထာနားမလည္ပါ။ ဘာကို ဒီေလာက္ပဲလားလဲ။ 

"ဟုတ္သားပဲ အရင္က ကိုယ့္ကိုသဲသဲလႈပ္ခ်စ္တဲ့ ရထာမွမဟုတ္ေတာ့ပါဘဲ"

"မင္းဘာျဖစ္ခ်င္ေနတာလဲ ေနေစာ အရင္ကကိစၥေတြ ျပန္ေျပာေနလို႔ ငါမင္းဘက္လွည့္လာမွာမဟုတ္ဘူး"

ေနေစာက ခပ္တည္တည္မ်က္ႏွာျဖင့္...

"ကိုယ္ေျပာခ်င္တာက ရိုးရိုးျငင္းလည္းရရဲ႕နဲ႕ ဘာကိစၥ အတူေနၿပီးၿပီဆိုၿပီး လိမ္လိုက္တာလဲ ကိုယ္အဲ့တာကို မေက်နပ္တာ.....မင္းမွာ အရွက္မရွိေတာ့ဘူးလား ဟမ္! လူႀကီးတစ္ေယာက္ေရွ႕မွာ ဘာကိစၥ ဒီလိုမ်ိဳးအေၾကာင္းကို ထုတ္ေျပာရတာလဲ ဟမ္!"

ရထာ ဝုန္းခနဲ ထရပ္လိုက္သည္။ ေနေစာသည္ မိမိကို တမင္သက္သက္ ေစာ္ကားေနတာျဖစ္သည္။

"ခ်စ္သူႏွစ္ျပည့္ေန႕မွာ အျခားမိန္းမတစ္ေယာက္ကို လက္တြဲလာတာထက္ ခုနကငါ့လုပ္ရပ္က သက္သာတယ္ထင္တယ္၊ငါေျပာတဲ့ အဓိပၸါယ္က အရမ္းခ်စ္တဲ့ ခ်စ္သူေတြ ျဖစ္သြားၿပီမို႔ ေနာက္ဆုတ္မရေတာ့ဘူးလို႔ဆိုေပမယ့္ ငါ့ကိုအေလးမထားတဲ့ မင္းတို႔စိတ္ထဲကိုေတာ့ အိပ္ရာေပၚက ကိစၥက အရင္ေရာက္လာတာပဲ။ ငါ့အေပၚထားတဲ့ မင္းတို႔စိတ္ကို ေသခ်ာသိလိုက္ၿပီမို႔ အေတာ္ေတာ့ အံ့ၾသသြားပါတယ္၊ဒီလာခဲ့မိတာကိုက ငါ့အမွား...မင္းက သူငယ္ခ်င္းဆိုတဲ့စိတ္ထားဖို႔ေတာင္ မတန္တဲ့သူမ်ိဳး"

"ရ..ရထာ.."

ရထာက ေက်ာေပးကာ တံခါးဆီကို ဦးတည္ထြက္သြားေနသည္ေၾကာင့္ ေနေစာအျမန္ထလိုက္ရသည္။ 

"ရထာ!"

တံခါးဆီလွမ္းေနသည့္ လက္ေလးအား ေနေစာအမိဖမ္းဆြဲလိုက္သည္။

"မင္း ငါ့ကိုလႊတ္!"

"ဟုတ္ၿပီ ကိုယ္မွားတယ္ သတိေပးခဲ့တာကိုေမ့သြားတဲ့ ကိုယ္မွားတယ္၊ ဒါေၾကာင့္ေတာင္းပန္ပါတယ္ေနာ္ စိတ္မဆိုးပါနဲ႕ ကိုယ္မွားပါတယ္ မျပန္ပါနဲ႕ဦး "

ရထာ ထပ္႐ုန္းလိုက္ေပမယ့္ ေနေစာက လက္ကိုဆြဲထားတုန္းျဖစ္သည္။ 

"ေတာင္းပန္တယ္ေနာ္ ကိုယ္မွားပါတယ္"

ေနေစာအေၾကာင္းသိေနသူမို႔ ရထာမေက်နပ္ျခင္းသက္ျပင္းရွည္ရွည္ခ်လ်က္ သူေခၚရာေနာက္ တိတ္တဆိတ္လိုက္ပါမိသည္။ ခုတင္ေဘးကခုံတန္းမွာ ဝင္ထိုင္လိုက္ေတာ့ ေနေစာက ခုတင္ေပၚထိုင္လ်က္ ေျခေတာက္ကို တြဲလြဲခ်ထားသည္။ 

"ကိုယ့္ကိုပန္းသီးလွီးေပးပါဦး"

"အင္း"

စားပြဲေပၚတင္ထားသည့္ ပန္းသီးႏွင့္ဓားအေသးကို ရထာယူလွီးေပးေနလိုက္သည္။

"ကိုယ္တကယ္ေတာင္းပန္ပါတယ္"

"ရပါတယ္ "

"အင္း"

ထို႔ေနာက္ ေငးၾကည့္ဖို႔သာ တတ္နိုင္ပါေသာ ရထာ့မ်က္ႏွာေလးအား ၾကည့္မဝစြာ ေငးေနမိသည္။ ခုနက ကိုယ္ေျပာလိုက္တဲ့ အတူေနတယ္ဆိုတဲ့စကားက မဟုတ္ေသာ္လည္း ေနေစာရင္ထဲနာက်င္လွသည္။ မိုက္မဲျခင္းရဲ႕အျပစ္ နာက်င္ျခင္းကို ရင္ႏွင့္အမွ် ခံစားေနရေလပါၿပီ။

.............................................................

စာေၾကာင္းကို အလြတ္က်က္ရတာ အေတာ္အခ်ိန္ေပးရသည္။ ထို႔ထက္ အခ်ိန္ေပးရတာက အသံထြက္အမွန္ထြက္ေအာင္ ဆိုရတာပင္။ ဦးေဖကေတာ့ သင္ေပးၿပီးလို႔ ျပန္သြားၿပီျဖစ္သည္။ ေခါင္းေတာ့ ေတာ္ေတာ္ေလး ႀကိမ္းသြားရသည္။ အခု ဦးေဖရဲ႕ အသံထြက္ဖိုင္ကို နားေထာင္ၿပီး၍ ကိုယ္တိုင္ႀကိဳးစားသီဆိုေတာ့မည္ျဖစ္သည္။

"အဟမ္း! "

လည္ေခ်ာင္းရွင္းေစရန္ ေခ်ာင္းတစ္ခ်က္ဟန႔္ၿပီးေနာက္ ဆိုဖို႔ရာ အခက္အခဲရွိလွေသာ ပထမဆုံးစကားလုံးကို ႀကိဳးစားပမ္းစားဆိုမိသည္။

"ဝေအ ခ်ီး!"

ကိုယ့္ကိုယ္ကို အားမရစြာ ဆဲလိုက္မိသည္။ ဘာလို႔ဒီအစအသံထြက္ ဝေအကိုပဲ မွားေနရတာလဲ။ တစ္မနက္ခင္းလုံးေလ့က်င့္ေနတာပဲကို အခုထိ အသံထြက္မမွန္နိုင္ေသး။ 

"ဝေအ....ေဝ...အိုေက...ဝေအ...ဝေအ.."

ထိုတစ္လုံးတည္းကိုပဲ အထပ္ထပ္႐ြတ္ေနမိသည္။ တစ္ခါပဲ အသံမွန္ေအာင္ ႐ြတ္နိုင္သည္ေၾကာင့္ ဒီေလာက္ထိ တုံးရေလသလားလို႔ ကိုယ့္နဖူးကို ခပ္ဖြဖြရိုက္ကာ ခဏလွဲေနလိုက္သည္။

"ဘာေတြျဖစ္ေနတာလဲ"

ဧည့္ခန္းထဲ အသံေပးဝင္လာသည့္ ရထာ့ေၾကာင့္ songလန႔္သြားရသည္။ တစ္ခ်က္မငိုင္ဘဲ အျမန္ထလိုက္၍ ဦေဖေရးေပးထားခဲ့သည့္စာ႐ြက္ကို ေကာက္ယူကာ လက္ထဲဆုပ္ထားလိုက္သည္။ ဆိုေတာ့ ေရွ႕တည့္တည့္မွာရပ္ေနသည့္ ရထာ့မ်က္ေမွာင္ က်ဳံ႕ကနဲ...

"ဘာလို႔ အဲ့စာ႐ြက္သိမ္းလိုက္တာလည္း ငါ့ကိုျပ"

songေရွ႕မွာ တင္ပလႅင္ေခြဝင္ထိုင္ရင္း လက္ကိုျဖန႔္ေပးလိုက္သည္။ လက္ထဲေရာက္မလာသည့္ စာ႐ြက္ေၾကာင့္ မ်က္ေစာင္းထိုးၾကည့္ေတာ့ ၿပဳံးျပလာရဲ႕။

"ဟို ဟိုေလ ရထာရဲ႕ ဒါက ဘာမွမဟုတ္ဘူးရယ္"

လူလည္က်ကာ စာ႐ြက္ကို ေဘာင္းဘီအိတ္ထဲ ထည့္မလို႔လုပ္ေနတာေၾကာင့္ လုဖို႔ ရထာႀကိဳးစားသည္။ သို႔ေပမယ့္ ရထာလက္အလွမ္းမွာတင္ songက သူ႕လက္ကို ေနာက္ပို႔ေလရဲ႕။ ဒီေကာင္ဘာေတြျဖစ္ေနတာလဲ။ 

"အခုမေပးရင္ ငါ့အဆိုးမဆိုနဲ႕"

ၿခိမ္းေျခာက္ၿပီးေနာက္၌ ထပ္မံ၍ ရထာလက္ဖဝါးျဖန႔္ေပးလိုက္သည္။ ထပ္တူေရာက္မလာျခင္းအျပင္ အပိုအျဖစ္ songရဲ႕ ေခါင္းယမ္းျခင္းက တစ္ခု။ ရထာ သက္ျပင္းခ်ကာ လက္ဖဝါးကို ဆုပ္လိုက္ျဖန႔္လိုက္လုပ္ျပ၍ စာ႐ြက္ကို ေပးဖို႔ ေတာင္းသည္။ သို႔ေသာ္ တေကာင့္သားက ေျပာင္စပ္စပ္နဲ႕ေခါင္းယမ္းဆဲ။ စိတ္ကို ေလ်ာ့ၿမဲ ေလ်ာ့ဆဲ။ ေနာက္ဆုံးသတိေပးသည့္အေနျဖင့္ ေမးေငါ့ျပ၍ စာ႐ြက္ေပးဖို႔ ေျပာေပမယ့္ ထပ္မံ ေခါင္းယမ္းျပဆဲ။

"အား!!!! ရထာ"

"ငါက ေပးလို႔ေျပာေနတာကို ငါမသိေအာင္ ဘာလုပ္ထားတာလဲ ဟမ္!"

"ရထာ"

ရထာက songအား ဂုတ္​က​ေနဆြဲ၍  songလက္ထဲကစာ႐ြက္ကို အၿပဲရရ အေကာင္းရရ လုေနသည္။ songကလည္း ရထာ့တြက္ supriseလုပ္ေပးခ်င္တာမို႔ သီခ်င္းစာ႐ြက္ကို အပါမခံနိုင္ေတာ့ လက္ကို ေနာက္ျပန္ဆန႔္တန္းထားရၿပီး လုေနသည့္ ရထာ့အား ခါးကေနဖက္ဆြဲထားရသည္။ ရထာ့ခႏၶာကိုယ္ ေရွ႕တိုးေလ လက္ကို ေနာက္ျပန္ဆန႔္တန္းရေလေလ။

"မင္းကို သီခ်င္းsupriseလုပ္ခ်င္လို႔ ကိုယ္စာစီထားတဲ့စာ႐ြက္ပါ အထင္မမွားပါနဲ႕"

ဆိုမွ လုဖို႔ႀကိဳးစားေနသည့္ ရထာ့ခႏၶာကိုယ္ေလးက ရပ္သြားသည္။ မ်က္ေမွာင္ႀကဳံ႕ၾကည့္လာသည့္ ရထာ့မ်က္ႏွာေလးက အူယားစရာအတိ။ ကိုယ့္မွာ စိတ္ေတာင္မဆိုးရက္။

"တကယ္လား"

"အင္း"

"ဘာသီခ်င္းတုန္း"

"အဲ့တာေတာ့ လွ်ို႔ဝွက္ခ်က္ေလ ကိုယ္မလိမ္ပါဘူး ကိုယ့္ေဘးက ဂီတာက သက္ေသေလ"

သက္ေသႏွင့္တင္ျပေတာ့မွ ရထာက မ်က္လုံးေမွးစဥ္းစားသြားဟန္​။ ၿပီးမွ ၿပဳံးလာကာ....

"ဟုတ္​ၿပီ"

ရထာက songနဖူးစပ္အနားကို ဖြခနဲ ေလမႈတ္ေပးေလေတာ့ ထိန္းမနိုင္စြာ  songၿပဳံးမိသည္။ ေခါင္းကို ေရွ႕ထပ္တိုးေပးကာ....

"မႈတ္ေပးဦး"

"ေတာ္ၿပီ!"

songနဖူးကို ဖြဖြရိုက္လိုက္သည္။

"မင္းက စာမလုပ္ဘဲ သီခ်င္းထိုင္ဆိုေနတယ္"

"စာက ညမွေအးေဆးလုပ္မယ္၊ ဒါနဲ႕ ေလေစာအဆင္ေျပရဲ႕လား"

"အင္း ေခါင္းနည္းနည္းပဲ ထိသြားတယ္ ေဆး႐ုံမွာ ထိုင္လာရေတာ့ ေညာင္းေနၿပီ လွဲခ်င္တယ္ မင္းေျခေထာက္ဆင္းလိုက္"

အလိုက် ေျခေထာက္ဆင္းေပးေတာ့ ရထာက ေပါင္ေပၚေခါင္းတင္အိပ္စက္သည္။ ေပ်ာ့ေပ်ာ့ေပ်ာင္းဆံသားၾကား လက္ေခ်ာင္းငယ္တို႔ တိုးဝင္က်က္စားမိေတာ့ စြဲမက္ဖြယ္ ျပန္ထြက္ဖို႔ မဝံ့ရဲမိေတာ့။ နီးနီးကပ္ျမင္ရသည့္ မ်က္ႏွာညိုႏုေလးက ေသးေသးသြယ္ ေမာ္ဖူးမဝ။ မႏၲေလးသားႀကီးက သူခ်စ္တဲ့ေနရာအစုံ လိုက္လံရွင္းျပေဖာ္ျပရေလေတာ့ အသားေတာ့ေဖြးမေနေပမယ့္ ႏုႏုငယ္သည္။ 

"ညေနေစာင္းဆိုေတာ့ အိပ္ေတာ့မအိပ္နဲ႕ စိတ္ၿငီးေနမယ္"

"အင္း"

"ဟုတ္ပါၿပီ"

အေမေပးေသာအမည္ႏွင့္လိုက္ေအာင္ songအတြက္ ရထာ့မ်က္ႏွာသည္ ေမာ္ဖူးေအာင္ ဆြဲေဆာင္နိုင္လြန္းသည္။ ၾကည့္၍ မဝ။ ရႈဝမဝေသာ မ်က္ႏွာေလးက အျပစ္ကင္းလြန္းလို႔ ဘယ္လိုေတာင္ခိုင္းႏွိုင္းရမလဲမသိ။ ၿပဳံးမိလ်က္ ႏွာေခါင္းလုံးလုံးေလးအား လက္ညိုးနဲ႕ပြတ္ဆြဲကာ....

"ေမာ္ဖူးေအာင္ဆိုတာထက္ မင္းက ကိုယ့္အတြက္ ေမာ္ဖူးမဝပဲ"

ရထာ့ႏႈတ္ခမ္းတြန႔္ေကြးတက္သြားတာ ျမင္လိုက္ရသည္။ သူလည္း မိမိရင္ထဲက စကားေတြကို နားေထာင္ေနရင္း ၾကည္ႏူးမိမွာပါေလ။ မင္းၾကည္ႏူးေစဖို႔အတြက္ ကိုယ္က 

ျပဳသူဂုဏ္တပ္သူႀကီးေပ။

..................................................................

အထပ္ထပ္ျဖတ္သြားေနရေသာ ဤလမ္း၌ အၿမဲတေစဆိုသလို ရထာ့ခါးကိုဖက္၍ လိုက္ၿမဲျဖစ္သည္။ က်ဳံးအေရွ႕ဘက္လမ္းကို ခဏခဏျဖတ္သြားေနရသျဖင့္ အိမ္လမ္းလိုပင္ မွတ္ယူလို႔ရေနသည္။

"ဒီေန႕မင္းကို မႏၲေလးေတာင္တစ္ဝိုက္က ေက်ာင္းတိုက္ေတြ၊ဘုရားေတြကို အၿပီးလိုက္ျပမွာ ၿပီးရင္ က်ဳံးအေနာက္ဘက္က ဘုရားေတြ ေက်ာင္းတိုက္ေတြ ၿပီးရင္ မႏၲေလးထဲကေတာ့ ၿပီးၿပီ မႏၲေလးတစ္ဝိုက္က အမရပူရ၊အင္းဝ၊ပင္းယ၊မတၱရာ၊ၿမိဳ႕ေဟာင္းေတြ လိုက္ျပမယ္"

"အင္း ခ်စ္လိုက္တာ"

ေျပာရင္း ခါးေလးကို ပိုတင္းေအာင္ ဖက္လိုက္သည္။ ရထာဘာလုပ္လုပ္ ခ်စ္ဖို႔ေကာင္းေနသည္ဟု ျမင္မိေသာ မိမိသည္ အခ်စ္ဆိပ္တက္သည္မွာ ေဆးမဲ့ေနသည္။

သုဓမၼာဇရပ္ကို ေက်ာ္၍ ရတနာပုံစံေက်ာင္းတိုက္ထဲသို႔ ရထာဦးတည္ဝင္သြားခဲ့သည္။ ဆိုင္ကယ္ရပ္ၿပီးေနာက္ တာဝန္ဆိုသည္ထက္ သိတတ္မႈကင္မြန္းတပ္ရမည့္ ခြင့္ေတာင္းျခင္းအား ဘုန္းေတာ္ႀကီးထံ သြားေရာက္ၿပီးေလ့လာခ်င္သည့္ေနရာကို ေျပာ၍ပန္ၾကားရသည္။ ခြင့္ျပဳခ်က္ရသည္ႏွင့္ songကို ေခၚလာခဲ့သည္။

"အခုသြားေနတာ မဟာသိမ္ျပႆာဒ္ေတာ္ႀကီးကိုေလ။ အဲ့မွာ ရတနာပုံေခတ္ ဗိသုကာလက္ရာေတြကို ေလ့လာလို႔ရတယ္။ ဒါနဲ႕ ငါတို႔အျပန္က် မႏၲေလးေတာင္ေျခက ဆိတ္သားကင္နဲ႕စမူဆာသုတ္ စားရေအာင္ နာမည္ႀကီးပဲ မႏၲေလးေရာက္ရင္ မႏၲေလးေတာင္ေျခက ဆိတ္သားကင္နဲ႕စမူဆာသုတ္ကို စားကိုစားသင့္တာ"

songၿပဳံးကာ...

"အရင္တစ္ခါ မႏၲေလးေတာင္တက္တုန္းက မစားပုံအရ...."

စကားစသတ္၍ ရထာ့မ်က္ႏွာကိုၾကည့္ေတာ့ ရထာကရွက္ကာ ေရွ႕တည့္တည့္လွည့္သြားေလရဲ႕။ ထို႔ေနာက္ ေခါင္းညိတ္ျပလာမႈႏွင့္အတူ ခ်စ္ရေသာသူရဲ႕ အသံတိုးတိုးေလး....

"အင္း ငါလုပ္ခ်င္တဲ့အရာထဲက တစ္ခု"

"စားမွာေပါ့"

ဆိုေတာ့ ရထာ့အၿပဳံးက လက္ခနဲ။ ဦးတည္ရာ သိမ္ျပႆာဒ္ေတာအေရွ႕သို႔ ေရာက္ေလၿပီးေသာအခါေတာ့ လွပလြန္းသည့္ သိမ္ျပႆာဒ္ႀကီးကို songက တအံ့တၾသၾကည့္ေနသည္။ 

"တကယ့္ ဗိသုကာလက္ရာေတြပဲ "

သိမ္တစ္ခုလုံးမွာ အလွဆုံးကေတာ့ ဗိသုကာလက္ရာေတြပင္။ ပို၍လွေအာင္ ပါရမီျဖည့္ေပးသူကေတာ့ တံခါးက သစ္သား႐ုပ္ႂကြေတြပင္။ songက သူေက်နပ္ေလာက္သည္အထိ ဓာတ္ပုံရိုက္အၿပီးမွာေတာ့ ရထာ့လက္ထဲသို႔ ကင္မရာထည့္ေပးလာသည္။ ရထာ ရယ္မိကာ သူ႕အလိုက် ဓာတ္ပုံရိုက္ေပးရသည္။

"အထဲ ဝင္ၾကည့္မယ္"

သိမ္အတြင္းမွာေတာ့ ရတနာပုံစံဆရာေတာ္ဘုရားရဲ႕ အရိုးအိုးေစတီငယ္ေလး တစ္ဆူရွိသည္။ 

"ဒီသိမ္ျပႆာဒ္ေတာ္ကို သကၠရာဇ္ ၁၂၄၀ခုႏွစ္မွာ မင္းတုန္းမင္းရဲ႕ ေတာင္ေဆာင္ေတာ္မိဖုရားသီရိအတုလေဒဝီက ရတနာပုံစံေက်ာင္းဆရာေတာ္ရဲ႕ အရိုးအိုးေစတီကို ငုံၿပီး အုတ္ျပႆာဒ္သိမ္ေတာ္ေဆာက္ခဲ့တာ "

"ဪ "

"ဒါဆို အျခားေနရာသြားစို႔"

"ဟုတ္ၿပီ"

ဆိုင္ကယ္ထားရာေနရာကို ႏွစ္ေယာက္အတူျပန္လာခဲ့သည္။ 

            လမ္းေလွ်ာက္ေနရင္းမွ ရထာ့ဘက္ကစ၍................

"အခုသြားမွာက စလင္းေက်ာင္းတိုက္ကို "

ဆိုေတာ့ songခ်က္ခ်င္းပင္...

"စလီ စလီကို ကိုယ္သိတယ္ ကိုယ္တို႔ၿဗိတိသွ်စာၾကည့္တိုက္မွာ ဓာတ္ပုံရွိတယ္"

"စလင္းေတာ့ လုပ္ပါကြာ မင္းက်မွ စလီတဲ့၊ မင္းမွန္တယ္၊မႏၲေလးမွာ စလင္းေက်ာင္းတိုက္ သုံးတိုက္ရွိတယ္၊စလင္းတိုက္ေဟာင္း၊စလင္းတိုက္သစ္၊ေျမာက္စလင္းတိုက္တဲ့၊စလင္းတိုက္ေဟာင္းနဲ႕စလင္းတိုက္သစ္ကို မိဖုရားေခါင္ႀကီး သီရိပဝရအတုလတိေလာကမဟာရာဇိႏၵာက ေဆာက္ခဲ့တာ၊ ေျမက္စလင္းတိုက္ကိုေတာ့ မင္းတုန္းမင္းသမီးေတာ္ စလင္းၿမိဳ႕စား စုမိဖုရားသီရိျမတ္စြာရတနာေဒဝီက ေဆာက္ခဲ့တာ၊ အခုေတာ့ ေက်ာင္းတိုက္က အုတ္ေလွကားပဲရွိတယ္၊ ဓာတ္ပုံကို အိႏၵိယနိုင္ငံေရွးေဟာင္းသုေတသနအဖြဲ႕က ရိုက္သြားတာ၊ အခုေတာ့ မင္းတို႔ဆီက ၿဗိတိသွ်စာၾကည့္တိုက္မွာ သိမ္းထားတယ္ေျပာတယ္၊ အခုသြားမယ့္ဘုန္းႀကီးေက်ာင္းမွာလည္း ဓာတ္ပုံရွိတယ္၊ သြားၾကည့္ခ်င္ေသးလား မင္းလည္းသိတယ္ဆိုေတာ့ "

"အင္း ၾကည့္မယ္ အုတ္ေလွကားေကာ "

"ဟုတ္သား ဒါဆိုေက်ာင္းတိုက္က် အုတ္ေလွကားကို ၾကည့္ေပါ့"

"မဟုတ္ဘူး ဓာတ္ပုံလည္းၾကည့္မယ္၊ ဒီေက်ာင္းတိုက္မွာရွိေၾကာင္း ကိုယ္ဓာတ္ပုံရိုက္ခ်င္တယ္။"

"ဟုတ္ၿပီ"

ဆက္၍  ေျမာက္စလင္းတိုက္ကို ဦးတည္ခဲ့သည္။ ရထာ့အတြက္ အႀကိဳက္ဆုံးေက်ာင္းတိုက္ဆို စလင္းေက်ာင္းတိုက္ပင္။ ေခြးရွိသည္ သို႔ေသာ္ လူဝင္လာရင္ မကိုက္ေပ။ အဲ့အခ်က္ကို ႀကိဳက္သည္။

မႏၲေလးေတာင္ အေနာက္ဘက္သို႔ ဦးတည္ေမာင္းလာၿပီးေနာက္ေတာ့ ေျမာက္စလင္းေက်ာင္းတိုက္သို႔ ေရာက္ေလၿပီ။ ေက်ာင္းတိုက္ထဲ ဆိုင္ကယ္ေမာင္းဝင္လာေတာ့ သစ္ပင္ ခ်ဳံႏြယ္ၾကားကအုတ္ေလွကားကို ဦးစြာေတြ႕ရသည္။ ဆရာေတာ္ရွိသည့္ ေက်ာင္းေဆာင္ဆီသို႔ ဦးတည္ေမာင္းလာသည့္အခ်ိန္ ဆိုင္ကယ္ေမာင္းႏွင္၍ ေလတိုက္သည္ကတစ္ေၾကာင္း မန္က်ည္းပင္တို႔ ပိေတာက္ပင္တို႔ေအာက္က ျဖတ္လာရသည္ကတစ္ေၾကာင္း မႏၲေလးေနကို အနိုင္ရခဲ့သည္။ 

"ဆရာေတာ္ကို ခြင့္ပန္ရမယ္။ ဓာတ္ပုံက ေက်ာင္းေဆာင္ထဲမွာဆိုေတာ့"

"ကိုယ္ဒီကေစာင့္ေနမယ္"

"ဟုတ္ၿပီ"

ေက်ာင္းေဆာင္ေပၚ ရထာတက္သြားသည္ကို မမွိတ္မတုန္ေငးၾကည့္မိသည္။ ေတာင္ေျခမွာရွိသည္ေကာ အရိပ္ရသစ္ပင္ေတြေကာ ေပါသည္ေၾကာင့္ ေအးစိမ့္စိမ့္အရသာကို ခံစားရသည္။ ခဏၾကာၿပီးေနာက္ေတာ့ ဆရာေတာ္တစ္ပါးႏွင့္အတူ ေအာက္ကိုဆင္းလာသည့္ ရထာ့ကိုေတြ႕ရသည္။

"လာ ဆရာေတာ္က လိုက္ျပမယ္တဲ့"

ဆရာေတာ္ရဲ႕ ေက်းဇူးေတာ္ေၾကာင့္ အေဆာင္တြင္းမွာရွိတဲ့ လွပလြန္းေသာ စလင္းေက်ာင္းတိုက္ပုံကို ေတြ႕ရေလၿပီ။

"ဒီက ေက်ာင္းတိုက္ရဲ႕ ပုံကိုသိပ္အထင္းမေတြ႕ဘူးေနာ္။ ကိုယ္တို႔ စာၾကည့္တိုက္မွာက် ပန္းပုလက္ရာေတြေကာ ႐ုပ္လုံး႐ုပ္ႂကြေတြေကာ ျမင္ရတယ့္ ဓာတ္ပုံရွိတယ္၊ကြၽန္းသစ္တိုင္လုံးေတြဆို လုံးပတ္ေတာ္ေတာ္ႀကီးတာ သစ္သားပန္းဆြဲေတြေကာ လွမွလွ"

"လိုင္းေပၚမွာ ရွာလို႔လည္းရပါတယ္၊ ဒါကေျမာက္စလင္းတိုက္ သကၠရာဇ္ ၁၂၃၅ခုႏွစ္မွာ ေဆာက္ေပမယ့္ အေျပာက္အမြမ္းေတြပါေတာ့ ၁၂၃၈မွၿပီးတယ္"

"ဒါဆို အုတ္ေလွကားကို ဓာတ္ပုံရိုက္စို႔"

ဆရာေတာ္ကေတာ့ ေက်ာင္းေဆာင္ေပၚမွာ ေနရစ္ခဲ့ၿပီျဖစ္သည္။ သစ္ပင္ ခ်ဳံႏြယ္ၾကားက အုတ္ေလွကားပ်က္ႀကီးကို ဓာတ္ပုံရိုက္ၿပီးေနာက္မွာေတာ့ ေနာက္ထပ္တစ္ေနရာကို သြားရမည္။ သို႔ေပမယ့္ ထိုေနရာသည္ မိမိအေၾကာက္ဆုံးေနရာ။ ေခြးေပါတာမွ လြန္တာဆိုသည္ လမ္းမွာေတာင္ အမ်ားႀကီး။

"မင္းေမာင္း ငါၫႊန္မယ္"

"ဟုတ္ၿပီ"

ရထာ့ကေတာ့ ေအးေအးေဆးေဆး အခန႔္သား ေနာက္ကေန လိုက္စီးလာပါသည္။ ေဂါက္ကြင္းကိုေက်ာ္ၿပီး ဟိုးအထဲသို႔သြားရတာျဖစ္သည္။ တစ္လမ္းလုံးေခြးေတြဆိုတာ အစုလိုက္အၿပဳံလိုက္။ 

"ဒီဘက္ေကြ႕ အေရွ႕ကေက်ာင္းတိုက္ထဲဝင္"

စစ္ပြဲလို႔တင္စားရေလာက္သည့္ ေျမျပင္သို႔ ေရာက္လာေလၿပီ။ ဘာလို႔ ေခြးေတြဒီေလာက္ေပါေနရတာလဲ မသိေပ။ songကေတာ့ ဘာမွမေၾကာက္တာလား၊ အထာမနပ္တာလားမသိ ေအးေအးေဆးေဆးေမာင္းေနေလရဲ႕။ ရထာ့ရင္ထဲ အခုခ်ိန္ေျပာေနသည့္စကားကေတာ့ ေခြးေတြ အိပ္ေနပါေစလို႔ေပ။ ထိုဆုေတာင္းျပည့္ပါေစသား။

................................................................. 

 လူသုံးယောက်ရှိပေမယ့် ဘယ်သူ့ဆီကမှ စကားသံစ၍မလာ။ အားလုံးက အကြည့်မဆုံကျပေမယ့် ဦးတည်ရာတစ်ခုကိုပဲ ငေးစိုက်ကြည့်နေသည်။ နေစောကိုကြည့်တော့ မျက်နှာမှာ အားနာနေဟန်အရိပ်အငွေ့အပြည့်။ ရထာ သက်ပြင်းချကာ ဒေါ်လေးစောလက်ကို ပြန်ထွေးပွေ့လိုက်သည်။

"ဘယ်လိုတောင်းပန်ရမလဲတောင် မသိတော့ဘူး ဒေါ်လေးစောရယ်၊ ကျွန်တော်နဲ့နေစောအခြေအနေက အသစ်ပြန်စလို့မရတဲ့ အခြေအနေဖြစ်သွားပြီ"

ဆိုတော့ နေစောက မျက်နှာပျက်သွားပေမယ့် ဒေါ်စောခေါင်းတယမ်းယမ်းဖြင့်...

"အို ဘာလို့မစနိုင်ရမှာလဲကွယ်"

အမေ့အား ဝင်မတားလို့မဖြစ်တော့။

"အမေရာ တော်ပါတော့ သားအဆင်ပြေပါတယ်...ရထာ့ကို အနှောင့်အယှက်ဖြစ်အောင်လို့"

"အမေက သားအတွက်ပြောပေးတာလေ သား! သား ရထာ"

ရထာ့လက်နှစ်ဖက်ကို ပို၍ ဆုပ်ကိုင်ထွေးပွေ့လိုက်သည်။

"အဒေါ့်ဆန္ဒကို လိုက်လျောပေးပါလားကွယ်...သားလည်းတစ်ချိန်က အရမ်းချစ်ခဲ့တာပဲမလား"

"တော်ပါတော့ အမေရယ်"

နေစော ထပ်ဟန့်ပေမယ့် အမေက အသာနေဆိုတဲ့ အထာနှင့် မျက်လုံးပြူးပြလာသည်။ ကြာတော့ ရထာ အနေရခက်လာရပါသည်။ အားနာလို့ အပြတ်မငြင်းချင်ပေမယ့် ဒီအခြေအနေအရ မရတော့သည်ပုံ။ 

"သားလက်ခံတယ်မလား"

တိတ်တိတ်နေခြင်းက လက်ခံခြင်းလို့ ဒေါ်လေးစောက ယူဆဟန်ရှိပုံပင်။ရထာ တွေတွေငေးနေရင်းမှ ငေးရာမှာရှိသည့် အရာဝတ္ထုကိုမမြင်ရဘဲ songရဲ့ မျက်နှာကိုသာ မြင်နေရသည်။ အမြဲတမ်း မိမိစိတ်ကိုသာ ရှေ့တန်းတင်ပေးသော songရဲ့စိတ်ထား။ မိမိဝမ်းနည်းနေသည့်အခါ ပြုံးပျော်အောင် စနောက်ပေးတတ်တယ့် songရဲ့အကျင့်။ အလွန်ဆုံး မိမိသူ့ကိုချစ်မှန်းသိပါလျက် ဖွင့်ပြောမလာခြင်းအတွက် အပြစ်မတင်ဘဲ နားလည်ထွေးပွေ့ပေးခဲ့သည်။ ထပ်မွမ်းမံစွာ မိမိကို မျှော်လင့်ခြင်းကင်း ချစ်နေရုံနဲ့ကျေနပ်သည့် songရဲ့ မျက်နှာကို တွေးမြင်ရသည့်အခါ သက်ပြင်းရှည်ကြီးချမိသည်။

ဒေါ်လေးစောမျက်နှာကို အားနာမှုအပြည့်ဖြင့် ကြည့်လျက်....

"ပြောင်းလဲသွားတဲ့ ကျွန်တော့်စိတ်ကြောင့် နေစောကို ထပ်လက်မခံနိုင်တာပါ ဒေါ်လေးစော၊ခု ကျွန်တော့်မှာ တွဲနေတယ့် ချစ်သူလည်းရှိသလို သူနဲ့လည်း နောက်ဆုတ်မရတဲ့အခြေအနေ ရောက်ပြီးသွားပြီမလို့ပါ...."

လက်ကိုထွေးပွေ့ထားတယ့် ဒေါ်လေးစောလက်သည်လည်း အနည်းငယ်လျော့လာသည်။ သိချင်စိတ်ပြင်းနေသော ဒေါ်လေးစောမျက်နှာသည် အင်မတန် အရိပ်အကဲဖမ်းရလွယ်သည်။ ဆက်လိမ်ဖို့သာ ရထာဆုံးဖြတ်လိုက်ပြီး...

"ယောကျာ်းလေးနဲ့ပါ ဒေါ်လေးစော ကျွန်တော့်ရဲ့ခရီးသည်နဲ့ပါ"

ထွေးပွေ့ထားသည့် ဒေါ်လေးစောလက်သည် မိမိလက်မှ လုံးလုံးခွာသွားသည်။ မျက်နှာကို ဖမ်းကြည့်မိတော့ ယောကျာ်းလေးဟုပြောလိုက်သည့် စကားအတွက် ရွံရှာနေပုံပင်။ သို့မဟုတ် နောက်ဆုတ်မရတဲ့ အခြေအနေကို တလွဲအဓိပ္ပါယ်ကောက်သည်ကြောင့်လား။ ထားပါ လွဲတဲ့အထင်အတိုင်းထားပါလေတော့။ သို့ပေမယ့် ရထာပြုံးမိသည်။ မင်းအတွက်ကြောင့် ငါလိမ်တောင်လိမ်တတ်နေပါ့ပကောလား songရေ။ 

"အင်းပါ ရထာက အဆင်မပြေမှတော့"

ဒေါ်စော ယောင်နနနှင့် ရောချလိုက်မိသည်။

"ဒါနဲ့အမေ သားကိုကြက်ပေါင်းသွားဝယ်ပေးပါဦး"

"ဟုတ်ပြီ သား"

အခန်းထဲကနေ အမေထွက်သွားသည်အထိ ရထာ့အားစကားတစ်ခွန်းမှ မဆိုသေးပေ။ သေချာတဲ့ တံခါးပိတ်သံကိုကြားရမှ ရင်နာနာနှင့် ရထာ့အားခနဲ့မိသည်။

"ကိုယ်နဲ့ကင်းချင်တာနဲ့ လိမ်တတ်နေပါကော"

"ငါက သူများကို မျှော်လင့်ချက်မထားခိုင်းဘူး နေစော ဒါနဲ့ သက်သာရဲ့လား"

"အင်း သက်သာပါတယ် ခေါင်းနည်းနည်းပဲ ထိသွားတယ်"

"အင်း"

"ဒီလောက်ပဲလား"

နေစောအမေးကို ရထာနားမလည်ပါ။ ဘာကို ဒီလောက်ပဲလားလဲ။ 

"ဟုတ်သားပဲ အရင်က ကိုယ့်ကိုသဲသဲလှုပ်ချစ်တဲ့ ရထာမှမဟုတ်တော့ပါဘဲ"

"မင်းဘာဖြစ်ချင်နေတာလဲ နေစော အရင်ကကိစ္စတွေ ပြန်ပြောနေလို့ ငါမင်းဘက်လှည့်လာမှာမဟုတ်ဘူး"

နေစောက ခပ်တည်တည်မျက်နှာဖြင့်...

"ကိုယ်ပြောချင်တာက ရိုးရိုးငြင်းလည်းရရဲ့နဲ့ ဘာကိစ္စ အတူနေပြီးပြီဆိုပြီး လိမ်လိုက်တာလဲ ကိုယ်အဲ့တာကို မကျေနပ်တာ.....မင်းမှာ အရှက်မရှိတော့ဘူးလား ဟမ်! လူကြီးတစ်ယောက်ရှေ့မှာ ဘာကိစ္စ ဒီလိုမျိုးအကြောင်းကို ထုတ်ပြောရတာလဲ ဟမ်!"

ရထာ ဝုန်းခနဲ ထရပ်လိုက်သည်။ နေစောသည် မိမိကို တမင်သက်သက် စော်ကားနေတာဖြစ်သည်။

"ချစ်သူနှစ်ပြည့်နေ့မှာ အခြားမိန်းမတစ်ယောက်ကို လက်တွဲလာတာထက် ခုနကငါ့လုပ်ရပ်က သက်သာတယ်ထင်တယ်၊ငါပြောတဲ့ အဓိပ္ပါယ်က အရမ်းချစ်တဲ့ ချစ်သူတွေ ဖြစ်သွားပြီမို့ နောက်ဆုတ်မရတော့ဘူးလို့ဆိုပေမယ့် ငါ့ကိုအလေးမထားတဲ့ မင်းတို့စိတ်ထဲကိုတော့ အိပ်ရာပေါ်က ကိစ္စက အရင်ရောက်လာတာပဲ။ ငါ့အပေါ်ထားတဲ့ မင်းတို့စိတ်ကို သေချာသိလိုက်ပြီမို့ အတော်တော့ အံ့သြသွားပါတယ်၊ဒီလာခဲ့မိတာကိုက ငါ့အမှား...မင်းက သူငယ်ချင်းဆိုတဲ့စိတ်ထားဖို့တောင် မတန်တဲ့သူမျိုး"

"ရ..ရထာ.."

ရထာက ကျောပေးကာ တံခါးဆီကို ဦးတည်ထွက်သွားနေသည်ကြောင့် နေစောအမြန်ထလိုက်ရသည်။ 

"ရထာ!"

တံခါးဆီလှမ်းနေသည့် လက်လေးအား နေစောအမိဖမ်းဆွဲလိုက်သည်။

"မင်း ငါ့ကိုလွှတ်!"

"ဟုတ်ပြီ ကိုယ်မှားတယ် သတိပေးခဲ့တာကိုမေ့သွားတဲ့ ကိုယ်မှားတယ်၊ ဒါကြောင့်တောင်းပန်ပါတယ်နော် စိတ်မဆိုးပါနဲ့ ကိုယ်မှားပါတယ် မပြန်ပါနဲ့ဦး "

ရထာ ထပ်ရုန်းလိုက်ပေမယ့် နေစောက လက်ကိုဆွဲထားတုန်းဖြစ်သည်။ 

"တောင်းပန်တယ်နော် ကိုယ်မှားပါတယ်"

နေစောအကြောင်းသိနေသူမို့ ရထာမကျေနပ်ခြင်းသက်ပြင်းရှည်ရှည်ချလျက် သူခေါ်ရာနောက် တိတ်တဆိတ်လိုက်ပါမိသည်။ ခုတင်ဘေးကခုံတန်းမှာ ဝင်ထိုင်လိုက်တော့ နေစောက ခုတင်ပေါ်ထိုင်လျက် ခြေတောက်ကို တွဲလွဲချထားသည်။ 

"ကိုယ့်ကိုပန်းသီးလှီးပေးပါဦး"

"အင်း"

စားပွဲပေါ်တင်ထားသည့် ပန်းသီးနှင့်ဓားအသေးကို ရထာယူလှီးပေးနေလိုက်သည်။

"ကိုယ်တကယ်တောင်းပန်ပါတယ်"

"ရပါတယ် "

"အင်း"

ထို့နောက် ငေးကြည့်ဖို့သာ တတ်နိုင်ပါသော ရထာ့မျက်နှာလေးအား ကြည့်မဝစွာ ငေးနေမိသည်။ ခုနက ကိုယ်ပြောလိုက်တဲ့ အတူနေတယ်ဆိုတဲ့စကားက မဟုတ်သော်လည်း နေစောရင်ထဲနာကျင်လှသည်။ မိုက်မဲခြင်းရဲ့အပြစ် နာကျင်ခြင်းကို ရင်နှင့်အမျှ ခံစားနေရလေပါပြီ။

.............................................................

စာကြောင်းကို အလွတ်ကျက်ရတာ အတော်အချိန်ပေးရသည်။ ထို့ထက် အချိန်ပေးရတာက အသံထွက်အမှန်ထွက်အောင် ဆိုရတာပင်။ ဦးဖေကတော့ သင်ပေးပြီးလို့ ပြန်သွားပြီဖြစ်သည်။ ခေါင်းတော့ တော်တော်လေး ကြိမ်းသွားရသည်။ အခု ဦးဖေရဲ့ အသံထွက်ဖိုင်ကို နားထောင်ပြီး၍ ကိုယ်တိုင်ကြိုးစားသီဆိုတော့မည်ဖြစ်သည်။

"အဟမ်း! "

လည်ချောင်းရှင်းစေရန် ချောင်းတစ်ချက်ဟန့်ပြီးနောက် ဆိုဖို့ရာ အခက်အခဲရှိလှသော ပထမဆုံးစကားလုံးကို ကြိုးစားပမ်းစားဆိုမိသည်။

"ဝအေ ချီး!"

ကိုယ့်ကိုယ်ကို အားမရစွာ ဆဲလိုက်မိသည်။ ဘာလို့ဒီအစအသံထွက် ဝအေကိုပဲ မှားနေရတာလဲ။ တစ်မနက်ခင်းလုံးလေ့ကျင့်နေတာပဲကို အခုထိ အသံထွက်မမှန်နိုင်သေး။ 

"ဝအေ....ဝေ...အိုကေ...ဝအေ...ဝအေ.."

ထိုတစ်လုံးတည်းကိုပဲ အထပ်ထပ်ရွတ်နေမိသည်။ တစ်ခါပဲ အသံမှန်အောင် ရွတ်နိုင်သည်ကြောင့် ဒီလောက်ထိ တုံးရလေသလားလို့ ကိုယ့်နဖူးကို ခပ်ဖွဖွရိုက်ကာ ခဏလှဲနေလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

ဧည့်ခန်းထဲ အသံပေးဝင်လာသည့် ရထာ့ကြောင့် songလန့်သွားရသည်။ တစ်ချက်မငိုင်ဘဲ အမြန်ထလိုက်၍ ဦဖေရေးပေးထားခဲ့သည့်စာရွက်ကို ကောက်ယူကာ လက်ထဲဆုပ်ထားလိုက်သည်။ ဆိုတော့ ရှေ့တည့်တည့်မှာရပ်နေသည့် ရထာ့မျက်မှောင် ကျုံ့ကနဲ...

"ဘာလို့ အဲ့စာရွက်သိမ်းလိုက်တာလည်း ငါ့ကိုပြ"

songရှေ့မှာ တင်ပလ္လင်ခွေဝင်ထိုင်ရင်း လက်ကိုဖြန့်ပေးလိုက်သည်။ လက်ထဲရောက်မလာသည့် စာရွက်ကြောင့် မျက်စောင်းထိုးကြည့်တော့ ပြုံးပြလာရဲ့။

"ဟို ဟိုလေ ရထာရဲ့ ဒါက ဘာမှမဟုတ်ဘူးရယ်"

လူလည်ကျကာ စာရွက်ကို ဘောင်းဘီအိတ်ထဲ ထည့်မလို့လုပ်နေတာကြောင့် လုဖို့ ရထာကြိုးစားသည်။ သို့ပေမယ့် ရထာလက်အလှမ်းမှာတင် songက သူ့လက်ကို နောက်ပို့လေရဲ့။ ဒီကောင်ဘာတွေဖြစ်နေတာလဲ။ 

"အခုမပေးရင် ငါ့အဆိုးမဆိုနဲ့"

ခြိမ်းခြောက်ပြီးနောက်၌ ထပ်မံ၍ ရထာလက်ဖဝါးဖြန့်ပေးလိုက်သည်။ ထပ်တူရောက်မလာခြင်းအပြင် အပိုအဖြစ် songရဲ့ ခေါင်းယမ်းခြင်းက တစ်ခု။ ရထာ သက်ပြင်းချကာ လက်ဖဝါးကို ဆုပ်လိုက်ဖြန့်လိုက်လုပ်ပြ၍ စာရွက်ကို ပေးဖို့ တောင်းသည်။ သို့သော် တကောင့်သားက ပြောင်စပ်စပ်နဲ့ခေါင်းယမ်းဆဲ။ စိတ်ကို လျော့မြဲ လျော့ဆဲ။ နောက်ဆုံးသတိပေးသည့်အနေဖြင့် မေးငေါ့ပြ၍ စာရွက်ပေးဖို့ ပြောပေမယ့် ထပ်မံ ခေါင်းယမ်းပြဆဲ။

"အား!!!! ရထာ"

"ငါက ပေးလို့ပြောနေတာကို ငါမသိအောင် ဘာလုပ်ထားတာလဲ ဟမ်!"

"ရထာ"

ရထာက songအား ဂုတ်ကနေဆွဲ၍  songလက်ထဲကစာရွက်ကို အပြဲရရ အကောင်းရရ လုနေသည်။ songကလည်း ရထာ့တွက် supriseလုပ်ပေးချင်တာမို့ သီချင်းစာရွက်ကို အပါမခံနိုင်တော့ လက်ကို နောက်ပြန်ဆန့်တန်းထားရပြီး လုနေသည့် ရထာ့အား ခါးကနေဖက်ဆွဲထားရသည်။ ရထာ့ခန္ဓာကိုယ် ရှေ့တိုးလေ လက်ကို နောက်ပြန်ဆန့်တန်းရလေလေ။

"မင်းကို သီချင်းsupriseလုပ်ချင်လို့ ကိုယ်စာစီထားတဲ့စာရွက်ပါ အထင်မမှားပါနဲ့"

ဆိုမှ လုဖို့ကြိုးစားနေသည့် ရထာ့ခန္ဓာကိုယ်လေးက ရပ်သွားသည်။ မျက်မှောင်ကြုံ့ကြည့်လာသည့် ရထာ့မျက်နှာလေးက အူယားစရာအတိ။ ကိုယ့်မှာ စိတ်တောင်မဆိုးရက်။

"တကယ်လား"

"အင်း"

"ဘာသီချင်းတုန်း"

"အဲ့တာတော့ လျှို့ဝှက်ချက်လေ ကိုယ်မလိမ်ပါဘူး ကိုယ့်ဘေးက ဂီတာက သက်သေလေ"

သက်သေနှင့်တင်ပြတော့မှ ရထာက မျက်လုံးမှေးစဉ်းစားသွားဟန်။ ပြီးမှ ပြုံးလာကာ....

"ဟုတ်ပြီ"

ရထာက songနဖူးစပ်အနားကို ဖွခနဲ လေမှုတ်ပေးလေတော့ ထိန်းမနိုင်စွာ  songပြုံးမိသည်။ ခေါင်းကို ရှေ့ထပ်တိုးပေးကာ....

"မှုတ်ပေးဦး"

"တော်ပြီ!"

songနဖူးကို ဖွဖွရိုက်လိုက်သည်။

"မင်းက စာမလုပ်ဘဲ သီချင်းထိုင်ဆိုနေတယ်"

"စာက ညမှအေးဆေးလုပ်မယ်၊ ဒါနဲ့ လေစောအဆင်ပြေရဲ့လား"

"အင်း ခေါင်းနည်းနည်းပဲ ထိသွားတယ် ဆေးရုံမှာ ထိုင်လာရတော့ ညောင်းနေပြီ လှဲချင်တယ် မင်းခြေထောက်ဆင်းလိုက်"

အလိုကျ ခြေထောက်ဆင်းပေးတော့ ရထာက ပေါင်ပေါ်ခေါင်းတင်အိပ်စက်သည်။ ပျော့ပျော့ပျောင်းဆံသားကြား လက်ချောင်းငယ်တို့ တိုးဝင်ကျက်စားမိတော့ စွဲမက်ဖွယ် ပြန်ထွက်ဖို့ မဝံ့ရဲမိတော့။ နီးနီးကပ်မြင်ရသည့် မျက်နှာညိုနုလေးက သေးသေးသွယ် မော်ဖူးမဝ။ မန္တလေးသားကြီးက သူချစ်တဲ့နေရာအစုံ လိုက်လံရှင်းပြဖော်ပြရလေတော့ အသားတော့ဖွေးမနေပေမယ့် နုနုငယ်သည်။ 

"ညနေစောင်းဆိုတော့ အိပ်တော့မအိပ်နဲ့ စိတ်ငြီးနေမယ်"

"အင်း"

"ဟုတ်ပါပြီ"

အမေပေးသောအမည်နှင့်လိုက်အောင် songအတွက် ရထာ့မျက်နှာသည် မော်ဖူးအောင် ဆွဲဆောင်နိုင်လွန်းသည်။ ကြည့်၍ မဝ။ ရှုဝမဝသော မျက်နှာလေးက အပြစ်ကင်းလွန်းလို့ ဘယ်လိုတောင်ခိုင်းနှိုင်းရမလဲမသိ။ ပြုံးမိလျက် နှာခေါင်းလုံးလုံးလေးအား လက်ညိုးနဲ့ပွတ်ဆွဲကာ....

"မော်ဖူးအောင်ဆိုတာထက် မင်းက ကိုယ့်အတွက် မော်ဖူးမဝပဲ"

ရထာ့နှုတ်ခမ်းတွန့်ကွေးတက်သွားတာ မြင်လိုက်ရသည်။ သူလည်း မိမိရင်ထဲက စကားတွေကို နားထောင်နေရင်း ကြည်နူးမိမှာပါလေ။ မင်းကြည်နူးစေဖို့အတွက် ကိုယ်က 

ပြုသူဂုဏ်တပ်သူကြီးပေ။

..................................................................

အထပ်ထပ်ဖြတ်သွားနေရသော ဤလမ်း၌ အမြဲတစေဆိုသလို ရထာ့ခါးကိုဖက်၍ လိုက်မြဲဖြစ်သည်။ ကျုံးအရှေ့ဘက်လမ်းကို ခဏခဏဖြတ်သွားနေရသဖြင့် အိမ်လမ်းလိုပင် မှတ်ယူလို့ရနေသည်။

"ဒီနေ့မင်းကို မန္တလေးတောင်တစ်ဝိုက်က ကျောင်းတိုက်တွေ၊ဘုရားတွေကို အပြီးလိုက်ပြမှာ ပြီးရင် ကျုံးအနောက်ဘက်က ဘုရားတွေ ကျောင်းတိုက်တွေ ပြီးရင် မန္တလေးထဲကတော့ ပြီးပြီ မန္တလေးတစ်ဝိုက်က အမရပူရ၊အင်းဝ၊ပင်းယ၊မတ္တရာ၊မြို့ဟောင်းတွေ လိုက်ပြမယ်"

"အင်း ချစ်လိုက်တာ"

ပြောရင်း ခါးလေးကို ပိုတင်းအောင် ဖက်လိုက်သည်။ ရထာဘာလုပ်လုပ် ချစ်ဖို့ကောင်းနေသည်ဟု မြင်မိသော မိမိသည် အချစ်ဆိပ်တက်သည်မှာ ဆေးမဲ့နေသည်။

သုဓမ္မာဇရပ်ကို ကျော်၍ ရတနာပုံစံကျောင်းတိုက်ထဲသို့ ရထာဦးတည်ဝင်သွားခဲ့သည်။ ဆိုင်ကယ်ရပ်ပြီးနောက် တာဝန်ဆိုသည်ထက် သိတတ်မှုကင်မွန်းတပ်ရမည့် ခွင့်တောင်းခြင်းအား ဘုန်းတော်ကြီးထံ သွားရောက်ပြီးလေ့လာချင်သည့်နေရာကို ပြော၍ပန်ကြားရသည်။ ခွင့်ပြုချက်ရသည်နှင့် songကို ခေါ်လာခဲ့သည်။

"အခုသွားနေတာ မဟာသိမ်ပြဿာဒ်တော်ကြီးကိုလေ။ အဲ့မှာ ရတနာပုံခေတ် ဗိသုကာလက်ရာတွေကို လေ့လာလို့ရတယ်။ ဒါနဲ့ ငါတို့အပြန်ကျ မန္တလေးတောင်ခြေက ဆိတ်သားကင်နဲ့စမူဆာသုတ် စားရအောင် နာမည်ကြီးပဲ မန္တလေးရောက်ရင် မန္တလေးတောင်ခြေက ဆိတ်သားကင်နဲ့စမူဆာသုတ်ကို စားကိုစားသင့်တာ"

songပြုံးကာ...

"အရင်တစ်ခါ မန္တလေးတောင်တက်တုန်းက မစားပုံအရ...."

စကားစသတ်၍ ရထာ့မျက်နှာကိုကြည့်တော့ ရထာကရှက်ကာ ရှေ့တည့်တည့်လှည့်သွားလေရဲ့။ ထို့နောက် ခေါင်းညိတ်ပြလာမှုနှင့်အတူ ချစ်ရသောသူရဲ့ အသံတိုးတိုးလေး....

"အင်း ငါလုပ်ချင်တဲ့အရာထဲက တစ်ခု"

"စားမှာပေါ့"

ဆိုတော့ ရထာ့အပြုံးက လက်ခနဲ။ ဦးတည်ရာ သိမ်ပြဿာဒ်တောအရှေ့သို့ ရောက်လေပြီးသောအခါတော့ လှပလွန်းသည့် သိမ်ပြဿာဒ်ကြီးကို songက တအံ့တသြကြည့်နေသည်။ 

"တကယ့် ဗိသုကာလက်ရာတွေပဲ "

သိမ်တစ်ခုလုံးမှာ အလှဆုံးကတော့ ဗိသုကာလက်ရာတွေပင်။ ပို၍လှအောင် ပါရမီဖြည့်ပေးသူကတော့ တံခါးက သစ်သားရုပ်ကြွတွေပင်။ songက သူကျေနပ်လောက်သည်အထိ ဓာတ်ပုံရိုက်အပြီးမှာတော့ ရထာ့လက်ထဲသို့ ကင်မရာထည့်ပေးလာသည်။ ရထာ ရယ်မိကာ သူ့အလိုကျ ဓာတ်ပုံရိုက်ပေးရသည်။

"အထဲ ဝင်ကြည့်မယ်"

သိမ်အတွင်းမှာတော့ ရတနာပုံစံဆရာတော်ဘုရားရဲ့ အရိုးအိုးစေတီငယ်လေး တစ်ဆူရှိသည်။ 

"ဒီသိမ်ပြဿာဒ်တော်ကို သက္ကရာဇ် ၁၂၄၀ခုနှစ်မှာ မင်းတုန်းမင်းရဲ့ တောင်ဆောင်တော်မိဖုရားသီရိအတုလဒေဝီက ရတနာပုံစံကျောင်းဆရာတော်ရဲ့ အရိုးအိုးစေတီကို ငုံပြီး အုတ်ပြဿာဒ်သိမ်တော်ဆောက်ခဲ့တာ "

"ဪ "

"ဒါဆို အခြားနေရာသွားစို့"

"ဟုတ်ပြီ"

ဆိုင်ကယ်ထားရာနေရာကို နှစ်ယောက်အတူပြန်လာခဲ့သည်။ 

            လမ်းလျှောက်နေရင်းမှ ရထာ့ဘက်ကစ၍................

"အခုသွားမှာက စလင်းကျောင်းတိုက်ကို "

ဆိုတော့ songချက်ချင်းပင်...

"စလီ စလီကို ကိုယ်သိတယ် ကိုယ်တို့ဗြိတိသျှစာကြည့်တိုက်မှာ ဓာတ်ပုံရှိတယ်"

"စလင်းတော့ လုပ်ပါကွာ မင်းကျမှ စလီတဲ့၊ မင်းမှန်တယ်၊မန္တလေးမှာ စလင်းကျောင်းတိုက် သုံးတိုက်ရှိတယ်၊စလင်းတိုက်ဟောင်း၊စလင်းတိုက်သစ်၊မြောက်စလင်းတိုက်တဲ့၊စလင်းတိုက်ဟောင်းနဲ့စလင်းတိုက်သစ်ကို မိဖုရားခေါင်ကြီး သီရိပဝရအတုလတိလောကမဟာရာဇိန္ဒာက ဆောက်ခဲ့တာ၊ မြေက်စလင်းတိုက်ကိုတော့ မင်းတုန်းမင်းသမီးတော် စလင်းမြို့စား စုမိဖုရားသီရိမြတ်စွာရတနာဒေဝီက ဆောက်ခဲ့တာ၊ အခုတော့ ကျောင်းတိုက်က အုတ်လှေကားပဲရှိတယ်၊ ဓာတ်ပုံကို အိန္ဒိယနိုင်ငံရှေးဟောင်းသုတေသနအဖွဲ့က ရိုက်သွားတာ၊ အခုတော့ မင်းတို့ဆီက ဗြိတိသျှစာကြည့်တိုက်မှာ သိမ်းထားတယ်ပြောတယ်၊ အခုသွားမယ့်ဘုန်းကြီးကျောင်းမှာလည်း ဓာတ်ပုံရှိတယ်၊ သွားကြည့်ချင်သေးလား မင်းလည်းသိတယ်ဆိုတော့ "

"အင်း ကြည့်မယ် အုတ်လှေကားကော "

"ဟုတ်သား ဒါဆိုကျောင်းတိုက်ကျ အုတ်လှေကားကို ကြည့်ပေါ့"

"မဟုတ်ဘူး ဓာတ်ပုံလည်းကြည့်မယ်၊ ဒီကျောင်းတိုက်မှာရှိကြောင်း ကိုယ်ဓာတ်ပုံရိုက်ချင်တယ်။"

"ဟုတ်ပြီ"

ဆက်၍  မြောက်စလင်းတိုက်ကို ဦးတည်ခဲ့သည်။ ရထာ့အတွက် အကြိုက်ဆုံးကျောင်းတိုက်ဆို စလင်းကျောင်းတိုက်ပင်။ ခွေးရှိသည် သို့သော် လူဝင်လာရင် မကိုက်ပေ။ အဲ့အချက်ကို ကြိုက်သည်။

မန္တလေးတောင် အနောက်ဘက်သို့ ဦးတည်မောင်းလာပြီးနောက်တော့ မြောက်စလင်းကျောင်းတိုက်သို့ ရောက်လေပြီ။ ကျောင်းတိုက်ထဲ ဆိုင်ကယ်မောင်းဝင်လာတော့ သစ်ပင် ချုံနွယ်ကြားကအုတ်လှေကားကို ဦးစွာတွေ့ရသည်။ ဆရာတော်ရှိသည့် ကျောင်းဆောင်ဆီသို့ ဦးတည်မောင်းလာသည့်အချိန် ဆိုင်ကယ်မောင်းနှင်၍ လေတိုက်သည်ကတစ်ကြောင်း မန်ကျည်းပင်တို့ ပိတောက်ပင်တို့အောက်က ဖြတ်လာရသည်ကတစ်ကြောင်း မန္တလေးနေကို အနိုင်ရခဲ့သည်။ 

"ဆရာတော်ကို ခွင့်ပန်ရမယ်။ ဓာတ်ပုံက ကျောင်းဆောင်ထဲမှာဆိုတော့"

"ကိုယ်ဒီကစောင့်နေမယ်"

"ဟုတ်ပြီ"

ကျောင်းဆောင်ပေါ် ရထာတက်သွားသည်ကို မမှိတ်မတုန်ငေးကြည့်မိသည်။ တောင်ခြေမှာရှိသည်ကော အရိပ်ရသစ်ပင်တွေကော ပေါသည်ကြောင့် အေးစိမ့်စိမ့်အရသာကို ခံစားရသည်။ ခဏကြာပြီးနောက်တော့ ဆရာတော်တစ်ပါးနှင့်အတူ အောက်ကိုဆင်းလာသည့် ရထာ့ကိုတွေ့ရသည်။

"လာ ဆရာတော်က လိုက်ပြမယ်တဲ့"

ဆရာတော်ရဲ့ ကျေးဇူးတော်ကြောင့် အဆောင်တွင်းမှာရှိတဲ့ လှပလွန်းသော စလင်းကျောင်းတိုက်ပုံကို တွေ့ရလေပြီ။

"ဒီက ကျောင်းတိုက်ရဲ့ ပုံကိုသိပ်အထင်းမတွေ့ဘူးနော်။ ကိုယ်တို့ စာကြည့်တိုက်မှာကျ ပန်းပုလက်ရာတွေကော ရုပ်လုံးရုပ်ကြွတွေကော မြင်ရတယ့် ဓာတ်ပုံရှိတယ်၊ကျွန်းသစ်တိုင်လုံးတွေဆို လုံးပတ်တော်တော်ကြီးတာ သစ်သားပန်းဆွဲတွေကော လှမှလှ"

"လိုင်းပေါ်မှာ ရှာလို့လည်းရပါတယ်၊ ဒါကမြောက်စလင်းတိုက် သက္ကရာဇ် ၁၂၃၅ခုနှစ်မှာ ဆောက်ပေမယ့် အပြောက်အမွမ်းတွေပါတော့ ၁၂၃၈မှပြီးတယ်"

"ဒါဆို အုတ်လှေကားကို ဓာတ်ပုံရိုက်စို့"

ဆရာတော်ကတော့ ကျောင်းဆောင်ပေါ်မှာ နေရစ်ခဲ့ပြီဖြစ်သည်။ သစ်ပင် ချုံနွယ်ကြားက အုတ်လှေကားပျက်ကြီးကို ဓာတ်ပုံရိုက်ပြီးနောက်မှာတော့ နောက်ထပ်တစ်နေရာကို သွားရမည်။ သို့ပေမယ့် ထိုနေရာသည် မိမိအကြောက်ဆုံးနေရာ။ ခွေးပေါတာမှ လွန်တာဆိုသည် လမ်းမှာတောင် အများကြီး။

"မင်းမောင်း ငါညွှန်မယ်"

"ဟုတ်ပြီ"

ရထာ့ကတော့ အေးအေးဆေးဆေး အခန့်သား နောက်ကနေ လိုက်စီးလာပါသည်။ ဂေါက်ကွင်းကိုကျော်ပြီး ဟိုးအထဲသို့သွားရတာဖြစ်သည်။ တစ်လမ်းလုံးခွေးတွေဆိုတာ အစုလိုက်အပြုံလိုက်။ 

"ဒီဘက်ကွေ့ အရှေ့ကကျောင်းတိုက်ထဲဝင်"

စစ်ပွဲလို့တင်စားရလောက်သည့် မြေပြင်သို့ ရောက်လာလေပြီ။ ဘာလို့ ခွေးတွေဒီလောက်ပေါနေရတာလဲ မသိပေ။ songကတော့ ဘာမှမကြောက်တာလား၊ အထာမနပ်တာလားမသိ အေးအေးဆေးဆေးမောင်းနေလေရဲ့။ ရထာ့ရင်ထဲ အခုချိန်ပြောနေသည့်စကားကတော့ ခွေးတွေ အိပ်နေပါစေလို့ပေ။ ထိုဆုတောင်းပြည့်ပါစေသား။

................................................................. 

Continua a leggere

Ti piacerà anche

517K 7.7K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
840K 70K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
9.5K 131 12
Sanegiyuu || Months ago Giyuu fell in love with Sanemi as his bisexual self would he never knew how to confess or tell sombody about his love, he ate...