မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...

By Thawdar_Y

757K 82.7K 3.6K

Wang Yibo× Xiao Zhan *Photo crd to original owner* More

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅⚠
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra

၃၆

15.1K 1.7K 105
By Thawdar_Y



Unicode





အေးစက်နေတဲ့အခန်းငယ်တစ်ခုအတွင်းမှာ အဖမ်းခံထားရတဲ့ လူသုံးယောက်။သူတို့သုံးယောက်စလုံးဟာ ဘာကြောင့်အဖမ်းခံထားရမှန်းမသိသလို၊ဘယ်သူကဖမ်းထားမှန်းလည်းမသိကြဘူး။သူတို့သုံးယောက်လုံးမှာ တူညီတာတစ်ခုက သူတို့သုံးယောက်လုံးဟာ လွန်ခဲ့တဲ့ငါးနှစ်က "မဟူရာဆောင်"မှာကြင်ယာတော်ရှောင်းရဲ့ သိုင်းပညာတွေကိုဖျက်ဆီးခဲ့ကြတဲ့လူတွေဆိုတဲ့အချက်ပဲ။

အဲ့ကိစ္စပြီးတည်းက သူတို့သုံးယောက်ကို အိမ်ရှေ့စံမင်းသားကျီရွှမ်းက နစ်နာကြေးပေးပြီး နန်းတော်ကနေထွက်ခွာခိုင်းခဲ့တယ်။ဒါ့ကြောင့်မို့ နန်းတွင်းနဲ့ သူတို့နဲ့ကဘာမှကိုမသက်ဆိုင်တော့ဘူး။သူတို့တွေဘယ်သူ့ကိုများအပြစ်လုပ်ခဲ့မိလို့အခုလို အဖမ်းခံထားရတယ်ဆိုတာကိုလည်း စဉ်းစားလို့မရကြဘူး။

သူတို့အားလုံးကြောက်စိတ်ကြောင့် ဟိုတွေးဒီတွေးဖြစ်နေတုန်းမှာပဲ အခန်းထဲကိုတစ်စုံတစ်ယောက်ကဝင်ရောက်လာတယ်။သူတို့ထိုလူကိုမြင်လိုက်ရတဲ့အချိန်မှာ ကြောက်ရွံ့မှုကြောင့် ဒူးတွေတုန်လာရတယ်။သူတို့ရှေ့ကလူဟာ‌ ရွှေရောင်မျက်နှာဖုံးကိုဝတ်ဆင်ထားပြီး ဝတ်ရုံအမည်းရောင်ကိုဝတ်ဆင်လို့ထားတယ်။သူ့ရဲ့နှုတ်ခမ်းတွေကပြုံးနေတယ်ဆိုပေမယ့် ထိုအပြုံးတွေကတော့အေးစက်လွန်းနေတယ်။

သူတို့သုံးယောက်လုံးရဲ့ခန္ဓာကိုယ်တွေဟာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီး ချွေးတွေနဲ့ရွှဲလို့နေတယ်။ခနအကြာမှာတော့ ထိုလူ့ဆီကစကားသံထွက်ပေါ်လာတယ်။ဩဇာအာဏာရှိလွန်းတဲ့ဩရှရှအသံကြောင့် သူတို့အားလုံး ဝိညာဉ်လွင့်သွားသလိုပင်ခံစားလိုက်ရသည်။

"လူကြီးမင်းတို့.....အပုန်းကောင်းလိုက်တာဗျာ။ကျွန်တော်က လူကြီးမင်းတို့ကိုနေရာအနှံ့ရှာခဲ့ရတာ...."

သူတို့သုံးယောက်ထဲကတစ်ယောက်က ရှိသမျှသတ္တိတွေကိုစုစည်းကာ မေးလိုက်သည်။သူ့ရဲ့စကားသံကတော့ချောမွေ့မှုမရှိ။ထစ်ငေါ့ ထစ်ငေါ့ဖြစ်လို့နေသည်။

"ဘာ.....ဘာလို့....ကျွန်တော်....တို့ကိုဒီကိုခေါ်လာရလဲဆိုတာ....သိ....သိခွင့်ရှိနိုင်မလား...."

သူတို့ရှေ့ကလူက သဘောကျသလိုတစ်ချက်ရယ်သည်။ပြီးတာနဲ့ထိုလူက သူ့မေးခွန်းကိုပြန်ဖြေသည်။

"ကျွန်တော်ကြားတာ လူကြီးမင်းတို့က သိုင်းပညာဖျက်ဆီးတဲ့အစီအရင်မှာ တစ်ဖက်ကမ်းခတ်တတ်ကျွမ်းတယ်ဆို။ကျွန်တော်ကလူကြီးမင်းတို့ကို တောင်းဆိုစရာလေးရှိလို့ပါ...."

သူတို့ရှေ့ကလူရဲ့စကားကြောင့် သူတို့တွေသက်ပြင်းချလိုက်သည်။အဲ့တော့သူတို့ကိုဖမ်းဖို့မဟုတ်ဘဲတောင်းဆိုစရာရှိလို့ ဒီကိုခေါ်လာတာပေါ့လေ။

"ဒီကလူကြီးမင်း.....တောင်းဆိုချင်တာကဘာများလဲ...."

သူတို့စကားကြောင့်ထိုလူက တစ်ချက်ပြုံးသည်။

"မလောပါနဲ့....ပြီးတာနဲ့ကျွန်တော်တောင်းဆိုချင်တာကို ဖြည်းဖြည်းချင်းပြောပြပါ့မယ်။အခုတော့ကျွန်တော်လူကြီးမင်းတို့ကို ဧည့်ခံချင်လို့ပါ...."

ထိုလူရဲ့စကားဆုံးတာနဲ့ တန်ဖိုးကြီးလှတဲ့အစားအသောက်များစွာကို သယ်ဆောင်လာတဲ့အစေခံတွေဟာဝင်ရောက်လာကြတယ်။အစေခံတွေဟာ များပြားလှတဲ့အစားအသောက်တွေကိုစားပွဲပေါ်တင်ပေးကာ အခန်းထဲကပြန်ထွက်သွားကြတယ်။သူတို့ရှေ့ကလူဟာ သူတို့ကိုခုံပေါ်ထိုင်စေပြီး အစားအသောက်တွေကိုစားစေတယ်။

"ဒါကကျွန်တော့်ရဲ့ စေတနာတွေပါ။အားမနာဘဲစားကြနော်...."

အစားအသောက်တွေဟာ တကယ်ကိုအရသာရှိပေမယ့်လည်း သူတို့ရှေ့မှာရှိနေတဲ့လူဆီကထွက်နေတဲ့ အရှိန်အဝါကြောင့် သူတို့ဖြောင့်ဖြောင့်မစားရဲပေ။ဟိုတို့ဒီတို့နဲ့ အနည်းငယ်စားပြီးတဲ့နောက်မှာတော့ သူတို့စားတာကိုရပ်လိုက်ကြတယ်။သူတို့ကိုကြည့်ကာ ထိုလူကမေးလာသည်။

"စားလို့ပြီးသွားကြပြီလားဗျ...."

"ဟုတ်ကဲ့....စားပြီးပါပြီ။အခုလိုအရသာရှိတဲ့အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်...လူကြီးမင်း...။ဆိုတော့က....အခုလူကြီးမင်းတောင်းဆိုချင်တာကဘာများလဲ။ကျွန်တော်တို့ကို တစ်စုံတစ်ယောက်ရဲ့သိုင်းပညာတွေကိုဖျက်ဆီးစေချင်လို့လား...."

သူတို့ရဲ့အမေးစကားကြောင့် ရေနွေးသောက်နေတဲ့ ထိုလူကရေနွေးခွက်ကိုဖြည်းညင်းစွာချလိုက်သည်။နှုတ်ခမ်းမှာလည်းအပြုံးတစ်ခုကိုချိတ်ဆွဲလျက်။ဘာကြောင့်လည်းမသိပေမယ့် ပတ်ဝန်းကျင်ကလေထုကခုနကထက် ပိုပြီး‌တော့အေးစက်သွားသယောင်ပင်။ပြီးတာနဲ့ ထိုလူ့ဆီကအေးစက်နေတဲ့စကားသံကထွက်ပေါ်လာသည်။

"ကျွန်တော်တောင်းဆိုချင်တာက လွယ်လွယ်လေးပါ။သိုင်းပညာဖျက်ဆီးခိုင်းဖို့ပါ...."

ထိုလူ့ရဲ့စကားကြောင့် သူတို့အနည်းငယ်စိတ်သက်သာရာရသွားသည်။ဒါပေမယ့်ဆက်ပြောလိုက်တဲ့စကားကြောင့် သူတို့သုံးယောက်လုံးတောင့်ခဲသွားရသည်။

"သူများကိုတော့မဟုတ်ဘူး။ခင်ဗျားတို့ကို...."

"လူကြီးမင်း ဘာကိုပြော....."

သူတို့စကားတောင်မ‌ဆုံးလိုက်ပါ။ဘယ်နေရာကပေါ်လာမှန်းမသိတဲ့ ဝတ်ရုံအနက်နှင့်လူတွေကသူတို့သုံးယောက်လုံးကိုဖမ်းချုပ်လိုက်သည်။

"လူကြီးမင်း....ဒါဘာလုပ်တာလဲ...."

ထိုလူကခုံပေါ်ကထကာသူတို့တည့်တည့်သို့လျှောက်လာသည်။

"လွန်ခဲ့တဲ့ငါးနှစ်က ကြင်ယာတော်ရှောင်းကိုမှတ်မိတယ်မလား....."

ထိုလူ့ရဲ့စကားကြောင့်သူတို့တုန်လှုပ်သွားကာကြောက်လန့်တကြားဖြစ်သွားကြသည်။

"ကြင်....ကြင်ယာတော်ရှောင်းက....ဘာ....ဘာဖြစ်လို့လဲ...."

သူတို့ရဲ့မေးခွန်းကို ထိုလူကအေးစက်နေတဲ့အသံဖြင့်ပြန်ဖြေသည်။

"ကြင်ယာတော်ရှောင်းကဘာမှမဖြစ်ပါဘူး။ဒါ‌ပေမယ့်ငါကတော့ဖြစ်တယ်။ငါ့ရဲ့အသည်းအသက်ကို နာကျင်အောင်လုပ်တဲ့လူတွေကို ဒီတိုင်းလွှတ်မထားနိုင်ဘူး...."

ရိပေါ်ရဲ့စကားဆုံးတာနဲ့ ထိုလူတွေကကြောက်ရွံ့စွာအသနားခံကြတော့သည်။

"ခွင့်လွှတ်ပေးပါ....လူကြီးမင်း....။အဲ့ဒါကျီရွှမ်းမင်းသားရဲ့အမိန့်ကြောင့် လုပ်ရတာပါ။ကျွန်တော်တို့ကိုခွင့်လွှတ်ပေးပါ...."

ထိုလူတွေရဲ့စကားကို ရိပေါ်ကခနဲ့စွာရယ်လိုက်သည်။

"အမိန့်ကြောင့်ပဲဖြစ်ဖြစ် စိတ်ပါလို့ပဲဖြစ်ဖြစ်...ငါ့အသည်းအသက်ကိုနာကျင်အောင်လုပ်တဲ့လူမှန်သမျှကို ငါခွင့်မလွှတ်နိုင်ဘူး...."

ရိပေါ်ရဲ့စကားကြောင့် ထိုလူတွေရဲ့မျက်နှာမှာသွေးမရှိသလိုဖြူစုတ်သွားရတယ်။ထိုလူတွေရဲ့ဖြူလျော့သွားတဲ့ မျက်နှာကိုကြည့်ပြီးရိပေါ်ကထပ်ပြောပြန်တယ်။

"ဒါပေမယ့် မစိုးရိမ်ပါနဲ့...။ခင်ဗျားတို့ရဲ့သိုင်းပညာတွေ၊ဆေးပညာတွေကို ကျွန်တော်ကမဖျက်ဆီးပစ်ပါဘူး။အဲ့လောက်ထိ ကျွန်တော်မရက်စက်တတ်ပါဘူး။ရှိနေတဲ့သိုင်းပညာနဲ့၊ ဆေးပညာတွေကိုအသုံးမချလို့ရအောင်ပဲ လုပ်ပေးမှာ...."

သူတို့ကြောက်ရွံ့မှုကြောင့် အလန့်တကြားရုန်းကန်ပေမယ့် ဖမ်းချုပ်ထားတဲ့ဝတ်ရုံအနက်နဲ့လူတွေရဲ့ အင်အားကိုမတွန်းလှန်နိုင်ပေ။ခနအကြာမှာတော့ အခန်းထဲမှာလူသုံးယောက်ရဲ့ဆိုးဆိုးဝါးဝါးအော်ဟစ်သံတွေနဲ့ ပြည့်နှက်သွားတော့သည်။

_________________________________________

အခန်းထဲကိုဝင်ရောက်လာတဲ့နေရောင်ခြည်ကြောင့် ရှောင်းကျန့်ရဲ့မျက်လုံးလေးတွေပွင့်ဟလာရသည်။နိုးနိုးချင်းမှာပဲ ညကအိမ်မက်အကြောင်းကိုစဉ်းစားမိသွားသည်။ညကအိမ်မက်ထဲမှာ သူရိပေါ်ကိုတွေ့လိုက်တယ်။ပြီးတော့ရိပေါ်ရဲ့အထိအတွေ့တွေက တကယ့်ကိုအစစ်အတိုင်းပဲ။ညကအိမ်မက်အကြောင်းပြန်တွေးမိပြီး သူ့ရဲ့ပါးလေးတွေရှက်ရွံ့မှုကြောင့် အနီရောင်သန်းလာရသည်။

ထိုအချိန်မှာပဲ ဘေးနားကနေထအော်ငိုလိုက်တဲ့ပေါက်စီလေး။ရှောင်းကျန့်ငိုနေတဲ့‌ ပေါက်စီလေးကို ပွေ့ချီကာမေးလိုက်သည်။

"ပါပါးရဲ့ပေါက်စီလေး ဘာဖြစ်လို့လဲ...."

သူ့အမေးကြောင့်ပေါက်စီလေးက ငိုရှိုက်ကာပြန်ဖြေလာသည်။

"သားသားရဲ့ပါးတွေနာနေတယ်...ပါပါးးးး...အီးးးဟီးးး..."

ကျစ်မင်ရဲ့အပြောကြောင့် ရှောင်းကျန့်ကျစ်မင်ရဲ့ပါးလေးတွေကို ကြည့်လိုက်သည်။ကျစ်မင်ရဲ့ ပါးဖောင်းဖောင်းလေးတွေဟာ တကယ်ကိုပင်နီရဲလို့နေသည်။ကျစ်မင်အငိုတိတ်စေရန် ရှောင်းကျန့်ကျစ်မင်ရဲ့ပါးဖောင်းဖောင်းလေးတွေကို ခပ်ဖွဖွနမ်းကာ ချော့လိုက်သည်။

"ဖိအိပ်လိုက်လို့နာသွားတာနေမှာ....ပြီးရင်ပျောက်သွားလိမ့်မယ်နော်..."

ရှောင်းကျန့်ချော့သော်လည်း ကျစ်မင်ကရှောင်းကျန့်ရဲ့ ရင်ခွင်ထဲတိုးကာငိုနေဆဲပင်။ရှောင်းကျန့်ကျစ်မင်ရဲ့ ခေါင်းလေးကိုပုတ်ကာဆက်ချော့ပေးနေလိုက်သည်။ခေါင်းကိုပွတ်ပေးနေတာကြောင့် ကျစ်မင်လေးပြန်အိပ်ပျော်သွားရသည်။

ကျစ်မင်ရဲ့ငိုသံကို ကြားတာကြောင့်ဖေးဖေးကအခန်းထဲသို့ဝင်လာသည်။ရှောင်းကျန့်ဖေးဖေးကိုတိတ်တိတ်နေဖို့ အချက်ပြလိုက်သည်။အိပ်ပျော်နေတဲ့ ကျစ်မင်ကိုကုတင်ပေါ်အသာအသာချပေးကာ ရှောင်းကျန့်အိပ်ယာပေါ်မှထလိုက်သည်။

"ရေချိုးဖို့ပြင်ပေးပါအုံး ဖေးဖေး..."

"ဟုတ်ကဲ့...."

ရှောင်းကျန့်ရေချိုးဖို့အတွက် ဖေးဖေးချိုးရေကိုပြင်ပေးလိုက်သည်။ရေချိုးဖို့ဝင်လာတဲ့ကြင်ယာတော်လေးက အပေါ်ဝတ်ရုံလေးကိုဖယ်ရှားလိုက်သည်။အပေါ်ဝတ်ရုံကိုဖယ်လိုက်တာနဲ့ လျော့တိလျော့ရဲဖြစ်နေတဲ့အောက်ခံဝတ်ရုံအပါးလေးကြားက ထွက်ပေါ်လာတဲ့နီရဲရဲအမှတ်တွေ။ထိုအရာတွေကိုမြင်ပြီး ဖေးဖေးလန့်သွားရသည်။

"ကြင်ယာတော်လေး...."

လန့်နေတဲ့ဖေးဖေးပုံကြောင့် ရှောင်းကျန့်လည်းသူ့ကိုယ်သူငုံ့ကြည့်လိုက်သည်။ခန္ဓာကိုယ်အနှံ့ပွထနေတဲ့ နီရဲရဲအမှတ်တွေ။တချို့ဆို ခရမ်းရောင်ဘက်သို့တောင် ပြောင်းချင်နေပြီဖြစ်သည်။ရှောင်းကျန့်အလန့်တကြား ရေရွတ်လိုက်မိသည်။

"ဘုရားရေ....ဒါဘာတွေလဲ...."

__________________________________________

ရိပေါ်နဲ့အနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်နဲ့ ထိုင်ကာစကားပြောနေသည်။ထိုအချိန်မှာပဲ ကြားလိုက်ရတဲ့ခြေသံသေးသေးလေးတွေ။ရိပေါ်လှည့်ကြည့်လိုက်တော့ သူ့ကိုပြူးပြူးလေးကြည့်နေတဲ့ ကလေးလေး။ဝတ်ရုံအနက်နှင့်လူကိုရိပေါ် ထွက်သွားဖို့အချက်ပြလိုက်သည်။

ဝတ်ရုံအနက်နှင့်လူထွက်သွားတာနဲ့ ရိပေါ်ကလေးလေးကို ပြန်ကြည့်လိုက်သည်။ကလေးလေးကရိပေါ်ရဲ့ စားပွဲခုံပေါ်ကမုန့်တွေကို မျက်လုံးလေးပြူးကာ ကြည့်နေသည်။ပြီးတာနဲ့ ရိပေါ်ဘက်သို့လှည့်ကာမေးလာသည်။

"အဲ့ဒါတွေ....စားလို့ရလား...."

ရိပေါ်ကခေါင်းငြှိမ့်ပြလိုက်တော့ ရိပေါ်ထိုင်နေရာသို့ ပုတက်တက်နဲ့လျှောက်လာတဲ့ကလေးလေး။စားပွဲနားရောက်တော့ ထိုင်ဖို့ခုံကမြင့်နေတာကြောင့် လက်လေးနှစ်ဖက်မြှောက်ပြီး ရိပေါ်ကိုချီခိုင်းသည်။ချီခိုင်းတဲ့လူကသာ ရှောင်းကျန့်ဖြစ်နေမယ်ဆိုရင် ရိပေါ်ကတွေဝေနေမှာပင်မဟုတ်။ချက်ချင်းကိုကောက်ချီလိုက်မှာပင်ဖြစ်သည်။အခုကျ ချီခိုင်းတဲ့သူက ကလေးလေး။ရိပေါ်ကကလေးမချီတတ်ပေ။ဒါ့ကြောင့်မို့ ကလေးလေးရဲ့ မြှောက်ထားတဲ့လက်ကို လျစ်လျူရှုကာ ဂုတ်ကနေဆွဲမပြီး ခုံပေါ်သို့တင်ပေးလိုက်သည်။

ခုံပေါ်ရောက်သွားတဲ့ကလေးလေးက သူ့လက်သေးသေးလေးတွေနှင့် မုန့်ကိုတစ်ခုပြီးတစ်ခုယူကာစားတော့သည်။ရိပေါ်ကလည်း လက်ထဲကရေနွေးကြမ်းကိုသာသောက်နေပြီး ကလေးလေးကလည်း မုန့်စားတာကိုသာအာရုံစိုက်ထားတာကြောင့် စားပွဲဝိုင်းကတိတ်ဆိတ်နေခဲ့သည်။ခနအကြာမှ ကလေးလေးဆီက မပီကလာအသံလေးထွက်လာသည်။

"သားက ကြီးလာရင် ပါပါးကိုလက်ထပ်မှာ.....ပါပါးကသားအပိုင်...."

ပါပါးဆိုတာရှောင်းကျန့်ကို ရည်ညွှန်းမှန်းရိပေါ်သိသည်။သူ့ရှေ့က သူ့မုန့်တွေကိုလက်သေးသေးလေးနှင့် စားနေပြီး ရှောင်းကျန့်ကသူ့အပိုင်လို့ပြောနေသည့်အကောင်ပေါက်ကို ရိပေါ်ကြည့်လိုက်သည်။ထိုအကောင်ပေါက်ကို ပညာပြချင်တာကြောင့် အစေခံနားကပ်ကာ အသားလုံးခေါက်ဆွဲပြုတ်တစ်ပွဲယူလာဖို့ပြောလိုက်သည်။

သိပ်မကြာခင်မှာပဲ ရိပေါ်ရှေ့သို့ရောက်လာသည့်အသားလုံးခေါက်ဆွဲပြုတ်။ပေါက်စကတော့အသားလုံးခေါက်ဆွဲပြုတ်ကို သူ့မျက်လုံးပြူးပြူးလေးတွေနဲ့ ငမ်းလျက်။ရိပေါ်ထိုပေါက်စရှေ့မှာပဲ အသားလုံးခေါက်ဆွဲပြုတ်ကိုစားလိုက်သည်။ခနအကြာမှာတော့ သူ့ကိုတို့ထိလာတဲ့လက်သေးသေးလေး။

"သားကိုနည်းနည်းလောက်ကျွေး...."

သူဆင်ထားတဲ့ထောင်ချောက်ထဲ ဝင်လာပြီဖြစ်တာကြောင့် ရိပေါ်အသာတကြည်ပဲ အသားလုံးခေါက်ဆွဲပြုတ်ကိုပေးလိုက်သည်။အမှန်တော့ထိုကလေး တောင်းစားမည်မှန်း သိတာကြောင့် အစေခံလေးကို ရိပေါ်အစပ်တွေအများကြီးထည့်လာဖို့ပြောပြီးသား။သူပိုင်တဲ့အရာကို ပစ်မှားတဲ့ထိုကလေးကို ဒီလောက်တော့အပြစ်ပေးသင့်သည်မလား။

ပေါက်စကခေါက်ဆွဲပြုတ်ပန်းကန်ကို သူ့ရဲ့လက်ဖောင်းဖောင်းသေးသေးလေးတွေနှင့် လှမ်းယူလိုက်သည်။လက်သေးသေးလေးတွေက ဇွန်းကိုကိုင်လိုက်သည်။ကလေးတွေရဲ့ သဘာဝအတိုင်းလောဘကြီးစွာ ဇွန်းအပြည့်ခပ်၍သောက်လိုက်သည်။လျှာဖျားပေါ်ရောက်မှ ပေါ်လွင်လာတဲ့အစပ်အရသာကြောင့် ကျစ်မင်ရဲ့တုတ်တုတ်တစ်တစ်ကိုယ်လေးက တုန်သွားကာမျက်နှာလေး‌တွေနီရဲတက်လာသည်။

ကျစ်မင်ဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး ရိပေါ်ရယ်လိုက်သည်။ရိပေါ်ရဲ့အပျော်တွေဟာ ခနတောင်မခံလိုက်ပေ။ရုတ်တရက်ကြီးထငိုတဲ့ ကျစ်မင်ကြောင့် ရိပေါ်မှာခြေမကိုင်မိလက်မကိုင်မိဖြစ်ရသည်။သူတကယ်ကလေးတွေငိုရင်မချော့တတ်ဘူး။အော်ငိုနေတဲ့ပေါက်စကို ရိပေါ်ရုပ်တည်ကြီးနှင့်ပြောလိုက်သည်။

"တိတ်စမ်း....နားငြီးတယ်...."

ရိပေါ်ပြောခါမှ ကျစ်မင်ကပိုလို့ပင်ငိုတော့သည်။ရိပေါ်ကြံရာမရတဲ့အဆုံး ကျစ်မင်ကိုဂုတ်ကနေဆွဲအကာ ရှေ့ကရေကန်ထဲသို့ပစ်ချမည့်ဟန်လုပ်လိုက်သည်။

"မင်းမတိတ်ရင် ငါမင်းကို ဒီကန်ထဲကိုပစ်ချပစ်မှာ...."

ရိပေါ်ရဲ့ခြိမ်းခြောက်နည်းကအလုပ်ဖြစ်သည်။ကျစ်မင်ကချက်ချင်းပင်အငိုတိတ်သွားတော့သည်။အငိုတိတ်သွားတဲ့ကျစ်မင်ကိုရိပေါ်မြေကြီးပေါ်ကို ပြန်ချပေးလိုက်သည်။ကျစ်မင်ကရိပေါ်အနားကနေ လုံးလုံးလုံးလုံးနှင့်ပြေးထွက်သွားကာ ရိပေါ်နဲ့ဝေးဝေးသို့ရောက်ကာမှ ရိပေါ်ဘက်သို့ပြန်လှည့်ကာပြောလာသည်။

"ဦးလေးကြီးကိုပါပါးနဲ့တိုင်မှာ....."

ထွက်သွားတဲ့ကျစ်မင်ကို ရိပေါ်ကြည့်နေတုန်းမှာပဲ ရိပေါ်အနားသို့အစေခံတစ်ယောက်ကရောက်လာသည်။

"အရှင်.....မင်းကြီးကအရှင့်ကိုနန်းဆောင်မှာဧည့်ခံဖို့ဖိတ်ခိုင်းလိုက်ပါတယ်....."

ရိပေါ်အစေခံရဲ့စကားကြောင့် မျက်ခုံးတစ်ဖက်ကိုပင့်လိုက်မိသည်။ကျီရွှမ်းကသူ့ကိုဖိတ်တာဘာအကြောင်းကြောင့်များလဲ။ရိပေါ်ဆက်မတွေးတော့ဘဲ အစေခံလေးခေါ်ဆောင်ရာအတိုင်းသာလိုက်သွားလိုက်သည်။

________________________________________

ကျီရွှမ်းရဲ့နန်းဆောင်ရောက်တော့ ရိပေါ်ကိုစားကောင်းသောက်ဖွယ်များနှင့် တည်ခင်းဧည့်ခံလေသည်။ရိပေါ်အတွက် လက်ဖက်ရည်ကြမ်းကိုငှဲ့ပေးနေရင်းနဲ့မှ ကျီရွှမ်းကပြောသည်။

"ဟိုနေ့ကလည်း ပြောပြီးသားဆိုပေမယ့် ဒီနေ့ထပ်ပြောပါရစေ။ကျွန်တော့်သားကိုကယ်ပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်..."

ရိပေါ်ဘာမှပြန်မပြောဘဲ လက်ထဲကလက်ဖက်ရည်ကြမ်းကိုသာ သောက်နေလိုက်သည်။ကျီရွှမ်းကပဲ ထပ်‌၍စကားဆိုလာပြန်သည်။

"ဒီနေ့တွေ့ချင်ရတဲ့အကြောင်းအရင်းက ကျေးဇူးတင်ချင်ရုံသပ်သပ်ပဲတော့မဟုတ်ပါဘူး။ကျွန်တော်တောင်းဆိုစရာရှိလို့ပါ...."

"ပြောပါ....ကျွန်တော်တတ်နိုင်တဲ့အရာဆိုလုပ်ပေးနိုင်ပါတယ်...."

ရိပေါ်စကားလမ်းကြောင်းဖွင့်ပေးလိုက်တာကြောင့် ကျီရွှမ်းကအားနာမနေဘဲ ထပ်၍ပြောလာသည်။

"အရှင်သခင်လည်းသိမှာပါ။အရင်က ရန်ဘုရင်က အခွန်တွေကိုမတန်မဆကောက်ခံတာကြောင့် ကျွန်တော်တို့က ရန်နိုင်ငံကမဖြတ်ဘဲတခြားလမ်းဘက်က ကုန်သွယ်ခဲ့ရတာ။ကျွန်တော်တို့ကုန်သွယ်ရေးလမ်းကြောင်းက ရန်နိုင်ငံကိုသာဖြတ်သန်းပြီး ကုန်သွယ်ခွင့်ရမယ်ဆိုရင် အခုအခြေအနေထက်ပိုပြီးတိုးတက်လာမှာပါ။ဒါကြောင့် ရန်နိုင်ငံရဲ့ကုန်သွယ်ရေးလမ်းကြောင်းကိုဖွင့်ပေးလို့ရမလား။ပြီးတော့ ကျွန်တော်တို့ဘက်ကအခွန်ကိုကျိန်းသေပေးဆောင်မှာပါ...."

ရိပေါ်က လက်ထဲလက်ဖက်ရည်ကြမ်းခွက်ကိုချလိုက်ကာ ကျီရွှမ်းရဲ့စကားကိုပြန်လည်တုံ့ပြန်လိုက်သည်။

"ဒီကိစ္စကနှစ်ဦးနှစ်ဘက်လုံးအဆင်ပြေမယ့်ကိစ္စပဲ။ကျွန်တော်လက်မခံနိုင်စရာအကြောင်းမရှိပါဘူး။ဒါပေမယ့် ကုန်ပစ္စည်းတွေရဲ့အရည်အသွေးပေါ်ကြည့်ပြီး အခွန်ကိုကောက်ခံသွားမှာပါ။မင်းကြီးအတွက်အဆင်ပြေရဲ့လား...."

"ကျွန်တော့်ဘက်ကအဆင်ပြေပါတယ်.....။အခုလိုလက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကျေးဇူးဆပ်တဲ့အနေနဲ့ အရှင်သခင်အလိုရှိရာကိုတောင်းဆိုနိုင်ပါတယ်...."

ကျီရွှမ်းရဲ့စကားကိုကြားတော့ ရိပေါ်ကသဘောကျသလိုရယ်သည်။

"ကျွန်တော်အလိုရှိတဲ့အရာကို တကယ်ပဲတောင်းလို့ရတာလား..."

"အရှင်သခင်အလိုရှိတာမှန်သမျှတောင်းဆိုလို့ရပါတယ်....."

ရိပေါ်ကကျီရွှမ်းရဲ့ မျက်လုံးကိုတည့်တည့်စိုက်ကြည့်ကာပြောလိုက်သည်။ထိုစူးစူးရဲရဲအကြည့်တွေကြောင့် ကျီရွှမ်းကြက်သီးပင်ထသွားရသည်။

"ကျွန်တော်လိုချင်တာ တစ်ခုတော့ရှိတယ်....."

"ပြောပါ....."

ကျီရွှမ်းကရိပေါ်ကို ဆက်၍ပြောခိုင်းသည်။ရိပေါ်ပြောတဲ့စကားကိုကျီရွှမ်း အာရုံစိုက်၍နားထောင်နေလိုက်သည်။ဆက်ထွက်လာတဲ့ရိပေါ်ရဲ့စကားကြောင့် ကျီရွှမ်းမျက်နှာကအပြုံးတွေပျောက်သွားကာ မျက်နှာမှာရေခဲတစ်မျှအေးစက်သွားရသည်။

"ငါ.....လိုချင်တယ်......မင်းရဲ့ကြင်ယာတော်....ရှောင်းကျန့်ကို......"

__________________________________________


6.7.2020


ဘေထည့်ပေးတဲ့ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်နော်။ညီမလေးကူညီပေးလို့သာဒီနေ့မှာ ဒီအပိုင်းတင်နိုင်တာပါ။မဟုတ်ရင်ဘေမရှိလို့ လိုင်းပေါ်တောင်တက်လို့ရမှာမဟုတ်ဘူး။

#사랑해요ಠ◡ಠ
#愛してるಠ◡ಠ













Zawgyi










ေအးစက္ေနတဲ့အခန္းငယ္တစ္ခုအတြင္းမွာ အဖမ္းခံထားရတဲ့ လူသုံးေယာက္။သူတို႔သုံးေယာက္စလုံးဟာ ဘာေၾကာင့္အဖမ္းခံထားရမွန္းမသိသလို၊ဘယ္သူကဖမ္းထားမွန္းလည္းမသိၾကဘူး။သူတို႔သုံးေယာက္လုံးမွာ တူညီတာတစ္ခုက သူတို႔သုံးေယာက္လုံးဟာ လြန္ခဲ့တဲ့ငါးႏွစ္က "မဟူရာေဆာင္"မွာၾကင္ယာေတာ္ေရွာင္းရဲ႕ သိုင္းပညာေတြကိုဖ်က္ဆီးခဲ့ၾကတဲ့လူေတြဆိုတဲ့အခ်က္ပဲ။

အဲ့ကိစၥၿပီးတည္းက သူတို႔သုံးေယာက္ကို အိမ္ေရွ႕စံမင္းသားက်ီ႐ႊမ္းက နစ္နာေၾကးေပးၿပီး နန္းေတာ္ကေနထြက္ခြာခိုင္းခဲ့တယ္။ဒါ့ေၾကာင့္မို႔ နန္းတြင္းနဲ႔ သူတို႔နဲ႔ကဘာမွကိုမသက္ဆိုင္ေတာ့ဘူး။သူတို႔ေတြဘယ္သူ႔ကိုမ်ားအျပစ္လုပ္ခဲ့မိလို႔အခုလို အဖမ္းခံထားရတယ္ဆိုတာကိုလည္း စဥ္းစားလို႔မရၾကဘူး။

သူတို႔အားလုံးေၾကာက္စိတ္ေၾကာင့္ ဟိုေတြးဒီေတြးျဖစ္ေနတုန္းမွာပဲ အခန္းထဲကိုတစ္စုံတစ္ေယာက္ကဝင္ေရာက္လာတယ္။သူတို႔ထိုလူကိုျမင္လိုက္ရတဲ့အခ်ိန္မွာ ေၾကာက္႐ြံ႕မႈေၾကာင့္ ဒူးေတြတုန္လာရတယ္။သူတို႔ေရွ႕ကလူဟာ‌ ေ႐ႊေရာင္မ်က္ႏွာဖုံးကိုဝတ္ဆင္ထားၿပီး ဝတ္႐ုံအမည္းေရာင္ကိုဝတ္ဆင္လို႔ထားတယ္။သူ႔ရဲ႕ႏႈတ္ခမ္းေတြကၿပဳံးေနတယ္ဆိုေပမယ့္ ထိုအၿပဳံးေတြကေတာ့ေအးစက္လြန္းေနတယ္။

သူတို႔သုံးေယာက္လုံးရဲ႕ခႏၶာကိုယ္ေတြဟာ ေၾကာက္႐ြံ႕မႈေၾကာင့္ တုန္ယင္ေနၿပီး ေခြၽးေတြနဲ႔႐ႊဲလို႔ေနတယ္။ခနအၾကာမွာေတာ့ ထိုလူ႔ဆီကစကားသံထြက္ေပၚလာတယ္။ဩဇာအာဏာရွိလြန္းတဲ့ဩရွရွအသံေၾကာင့္ သူတို႔အားလုံး ဝိညာဥ္လြင့္သြားသလိုပင္ခံစားလိုက္ရသည္။

"လူႀကီးမင္းတို႔.....အပုန္းေကာင္းလိုက္တာဗ်ာ။ကြၽန္ေတာ္က လူႀကီးမင္းတို႔ကိုေနရာအႏွံ႔ရွာခဲ့ရတာ...."

သူတို႔သုံးေယာက္ထဲကတစ္ေယာက္က ရွိသမွ်သတၱိေတြကိုစုစည္းကာ ေမးလိုက္သည္။သူ႔ရဲ႕စကားသံကေတာ့ေခ်ာေမြ႕မႈမရွိ။ထစ္ေငါ့ ထစ္ေငါ့ျဖစ္လို႔ေနသည္။

"ဘာ.....ဘာလို႔....ကြၽန္ေတာ္....တို႔ကိုဒီကိုေခၚလာရလဲဆိုတာ....သိ....သိခြင့္ရွိႏိုင္မလား...."

သူတို႔ေရွ႕ကလူက သေဘာက်သလိုတစ္ခ်က္ရယ္သည္။ၿပီးတာနဲ႔ထိုလူက သူ႔ေမးခြန္းကိုျပန္ေျဖသည္။

"ကြၽန္ေတာ္ၾကားတာ လူႀကီးမင္းတို႔က သိုင္းပညာဖ်က္ဆီးတဲ့အစီအရင္မွာ တစ္ဖက္ကမ္းခတ္တတ္ကြၽမ္းတယ္ဆို။ကြၽန္ေတာ္ကလူႀကီးမင္းတို႔ကို ေတာင္းဆိုစရာေလးရွိလို႔ပါ...."

သူတို႔ေရွ႕ကလူရဲ႕စကားေၾကာင့္ သူတို႔ေတြသက္ျပင္းခ်လိုက္သည္။အဲ့ေတာ့သူတို႔ကိုဖမ္းဖို႔မဟုတ္ဘဲေတာင္းဆိုစရာရွိလို႔ ဒီကိုေခၚလာတာေပါ့ေလ။

"ဒီကလူႀကီးမင္း.....ေတာင္းဆိုခ်င္တာကဘာမ်ားလဲ...."

သူတို႔စကားေၾကာင့္ထိုလူက တစ္ခ်က္ၿပဳံးသည္။

"မေလာပါနဲ႔....ၿပီးတာနဲ႔ကြၽန္ေတာ္ေတာင္းဆိုခ်င္တာကို ျဖည္းျဖည္းခ်င္းေျပာျပပါ့မယ္။အခုေတာ့ကြၽန္ေတာ္လူႀကီးမင္းတို႔ကို ဧည့္ခံခ်င္လို႔ပါ...."

ထိုလူရဲ႕စကားဆုံးတာနဲ႔ တန္ဖိုးႀကီးလွတဲ့အစားအေသာက္မ်ားစြာကို သယ္ေဆာင္လာတဲ့အေစခံေတြဟာဝင္ေရာက္လာၾကတယ္။အေစခံေတြဟာ မ်ားျပားလွတဲ့အစားအေသာက္ေတြကိုစားပြဲေပၚတင္ေပးကာ အခန္းထဲကျပန္ထြက္သြားၾကတယ္။သူတို႔ေရွ႕ကလူဟာ သူတို႔ကိုခုံေပၚထိုင္ေစၿပီး အစားအေသာက္ေတြကိုစားေစတယ္။

"ဒါကကြၽန္ေတာ့္ရဲ႕ ေစတနာေတြပါ။အားမနာဘဲစားၾကေနာ္...."

အစားအေသာက္ေတြဟာ တကယ္ကိုအရသာရွိေပမယ့္လည္း သူတို႔ေရွ႕မွာရွိေနတဲ့လူဆီကထြက္ေနတဲ့ အရွိန္အဝါေၾကာင့္ သူတို႔ေျဖာင့္ေျဖာင့္မစားရဲေပ။ဟိုတို႔ဒီတို႔နဲ႔ အနည္းငယ္စားၿပီးတဲ့ေနာက္မွာေတာ့ သူတို႔စားတာကိုရပ္လိုက္ၾကတယ္။သူတို႔ကိုၾကည့္ကာ ထိုလူကေမးလာသည္။

"စားလို႔ၿပီးသြားၾကၿပီလားဗ်...."

"ဟုတ္ကဲ့....စားၿပီးပါၿပီ။အခုလိုအရသာရွိတဲ့အစားအေသာက္ေတြနဲ႔ တည္ခင္းဧည့္ခံတဲ့အတြက္ ေက်းဇူးတင္ပါတယ္...လူႀကီးမင္း...။ဆိုေတာ့က....အခုလူႀကီးမင္းေတာင္းဆိုခ်င္တာကဘာမ်ားလဲ။ကြၽန္ေတာ္တို႔ကို တစ္စုံတစ္ေယာက္ရဲ႕သိုင္းပညာေတြကိုဖ်က္ဆီးေစခ်င္လို႔လား...."

သူတို႔ရဲ႕အေမးစကားေၾကာင့္ ေရေႏြးေသာက္ေနတဲ့ ထိုလူကေရေႏြးခြက္ကိုျဖည္းညင္းစြာခ်လိုက္သည္။ႏႈတ္ခမ္းမွာလည္းအၿပဳံးတစ္ခုကိုခ်ိတ္ဆြဲလ်က္။ဘာေၾကာင့္လည္းမသိေပမယ့္ ပတ္ဝန္းက်င္ကေလထုကခုနကထက္ ပိုၿပီး‌ေတာ့ေအးစက္သြားသေယာင္ပင္။ၿပီးတာနဲ႔ ထိုလူ႔ဆီကေအးစက္ေနတဲ့စကားသံကထြက္ေပၚလာသည္။

"ကြၽန္ေတာ္ေတာင္းဆိုခ်င္တာက လြယ္လြယ္ေလးပါ။သိုင္းပညာဖ်က္ဆီးခိုင္းဖို႔ပါ...."

ထိုလူ႔ရဲ႕စကားေၾကာင့္ သူတို႔အနည္းငယ္စိတ္သက္သာရာရသြားသည္။ဒါေပမယ့္ဆက္ေျပာလိုက္တဲ့စကားေၾကာင့္ သူတို႔သုံးေယာက္လုံးေတာင့္ခဲသြားရသည္။

"သူမ်ားကိုေတာ့မဟုတ္ဘူး။ခင္ဗ်ားတို႔ကို...."

"လူႀကီးမင္း ဘာကိုေျပာ....."

သူတို႔စကားေတာင္မ‌ဆုံးလိုက္ပါ။ဘယ္ေနရာကေပၚလာမွန္းမသိတဲ့ ဝတ္႐ုံအနက္ႏွင့္လူေတြကသူတို႔သုံးေယာက္လုံးကိုဖမ္းခ်ဳပ္လိုက္သည္။

"လူႀကီးမင္း....ဒါဘာလုပ္တာလဲ...."

ထိုလူကခုံေပၚကထကာသူတို႔တည့္တည့္သို႔ေလွ်ာက္လာသည္။

"လြန္ခဲ့တဲ့ငါးႏွစ္က ၾကင္ယာေတာ္ေရွာင္းကိုမွတ္မိတယ္မလား....."

ထိုလူ႔ရဲ႕စကားေၾကာင့္သူတို႔တုန္လႈပ္သြားကာေၾကာက္လန႔္တၾကားျဖစ္သြားၾကသည္။

"ၾကင္....ၾကင္ယာေတာ္ေရွာင္းက....ဘာ....ဘာျဖစ္လို႔လဲ...."

သူတို႔ရဲ႕ေမးခြန္းကို ထိုလူကေအးစက္ေနတဲ့အသံျဖင့္ျပန္ေျဖသည္။

"ၾကင္ယာေတာ္ေရွာင္းကဘာမွမျဖစ္ပါဘူး။ဒါ‌ေပမယ့္ငါကေတာ့ျဖစ္တယ္။ငါ့ရဲ႕အသည္းအသက္ကို နာက်င္ေအာင္လုပ္တဲ့လူေတြကို ဒီတိုင္းလႊတ္မထားႏိုင္ဘူး...."

ရိေပၚရဲ႕စကားဆုံးတာနဲ႔ ထိုလူေတြကေၾကာက္႐ြံ႕စြာအသနားခံၾကေတာ့သည္။

"ခြင့္လႊတ္ေပးပါ....လူႀကီးမင္း....။အဲ့ဒါက်ီ႐ႊမ္းမင္းသားရဲ႕အမိန႔္ေၾကာင့္ လုပ္ရတာပါ။ကြၽန္ေတာ္တို႔ကိုခြင့္လႊတ္ေပးပါ...."

ထိုလူေတြရဲ႕စကားကို ရိေပၚကခနဲ႔စြာရယ္လိုက္သည္။

"အမိန႔္ေၾကာင့္ပဲျဖစ္ျဖစ္ စိတ္ပါလို႔ပဲျဖစ္ျဖစ္...ငါ့အသည္းအသက္ကိုနာက်င္ေအာင္လုပ္တဲ့လူမွန္သမွ်ကို ငါခြင့္မလႊတ္ႏိုင္ဘူး...."

ရိေပၚရဲ႕စကားေၾကာင့္ ထိုလူေတြရဲ႕မ်က္ႏွာမွာေသြးမရွိသလိုျဖဴစုတ္သြားရတယ္။ထိုလူေတြရဲ႕ျဖဴေလ်ာ့သြားတဲ့ မ်က္ႏွာကိုၾကည့္ၿပီးရိေပၚကထပ္ေျပာျပန္တယ္။

"ဒါေပမယ့္ မစိုးရိမ္ပါနဲ႔...။ခင္ဗ်ားတို႔ရဲ႕သိုင္းပညာေတြ၊ေဆးပညာေတြကို ကြၽန္ေတာ္ကမဖ်က္ဆီးပစ္ပါဘူး။အဲ့ေလာက္ထိ ကြၽန္ေတာ္မရက္စက္တတ္ပါဘူး။ရွိေနတဲ့သိုင္းပညာနဲ႔၊ ေဆးပညာေတြကိုအသုံးမခ်လို႔ရေအာင္ပဲ လုပ္ေပးမွာ...."

သူတို႔ေၾကာက္႐ြံ႕မႈေၾကာင့္ အလန႔္တၾကား႐ုန္းကန္ေပမယ့္ ဖမ္းခ်ဳပ္ထားတဲ့ဝတ္႐ုံအနက္နဲ႔လူေတြရဲ႕ အင္အားကိုမတြန္းလွန္ႏိုင္ေပ။ခနအၾကာမွာေတာ့ အခန္းထဲမွာလူသုံးေယာက္ရဲ႕ဆိုးဆိုးဝါးဝါးေအာ္ဟစ္သံေတြနဲ႔ ျပည့္ႏွက္သြားေတာ့သည္။

_________________________________________

အခန္းထဲကိုဝင္ေရာက္လာတဲ့ေနေရာင္ျခည္ေၾကာင့္ ေရွာင္းက်န႔္ရဲ႕မ်က္လုံးေလးေတြပြင့္ဟလာရသည္။ႏိုးႏိုးခ်င္းမွာပဲ ညကအိမ္မက္အေၾကာင္းကိုစဥ္းစားမိသြားသည္။ညကအိမ္မက္ထဲမွာ သူရိေပၚကိုေတြ႕လိုက္တယ္။ၿပီးေတာ့ရိေပၚရဲ႕အထိအေတြ႕ေတြက တကယ့္ကိုအစစ္အတိုင္းပဲ။ညကအိမ္မက္အေၾကာင္းျပန္ေတြးမိၿပီး သူ႔ရဲ႕ပါးေလးေတြရွက္႐ြံ႕မႈေၾကာင့္ အနီေရာင္သန္းလာရသည္။

ထိုအခ်ိန္မွာပဲ ေဘးနားကေနထေအာ္ငိုလိုက္တဲ့ေပါက္စီေလး။ေရွာင္းက်န႔္ငိုေနတဲ့‌ ေပါက္စီေလးကို ေပြ႕ခ်ီကာေမးလိုက္သည္။

"ပါပါးရဲ႕ေပါက္စီေလး ဘာျဖစ္လို႔လဲ...."

သူ႔အေမးေၾကာင့္ေပါက္စီေလးက ငိုရႈိက္ကာျပန္ေျဖလာသည္။

"သားသားရဲ႕ပါးေတြနာေနတယ္...ပါပါးးးး...အီးးးဟီးးး..."

က်စ္မင္ရဲ႕အေျပာေၾကာင့္ ေရွာင္းက်န႔္က်စ္မင္ရဲ႕ပါးေလးေတြကို ၾကည့္လိုက္သည္။က်စ္မင္ရဲ႕ ပါးေဖာင္းေဖာင္းေလးေတြဟာ တကယ္ကိုပင္နီရဲလို႔ေနသည္။က်စ္မင္အငိုတိတ္ေစရန္ ေရွာင္းက်န႔္က်စ္မင္ရဲ႕ပါးေဖာင္းေဖာင္းေလးေတြကို ခပ္ဖြဖြနမ္းကာ ေခ်ာ့လိုက္သည္။

"ဖိအိပ္လိုက္လို႔နာသြားတာေနမွာ....ၿပီးရင္ေပ်ာက္သြားလိမ့္မယ္ေနာ္..."

ေရွာင္းက်န႔္ေခ်ာ့ေသာ္လည္း က်စ္မင္ကေရွာင္းက်န႔္ရဲ႕ ရင္ခြင္ထဲတိုးကာငိုေနဆဲပင္။ေရွာင္းက်န႔္က်စ္မင္ရဲ႕ ေခါင္းေလးကိုပုတ္ကာဆက္ေခ်ာ့ေပးေနလိုက္သည္။ေခါင္းကိုပြတ္ေပးေနတာေၾကာင့္ က်စ္မင္ေလးျပန္အိပ္ေပ်ာ္သြားရသည္။

က်စ္မင္ရဲ႕ငိုသံကို ၾကားတာေၾကာင့္ေဖးေဖးကအခန္းထဲသို႔ဝင္လာသည္။ေရွာင္းက်န႔္ေဖးေဖးကိုတိတ္တိတ္ေနဖို႔ အခ်က္ျပလိုက္သည္။အိပ္ေပ်ာ္ေနတဲ့ က်စ္မင္ကိုကုတင္ေပၚအသာအသာခ်ေပးကာ ေရွာင္းက်န႔္အိပ္ယာေပၚမွထလိုက္သည္။

"ေရခ်ိဳးဖို႔ျပင္ေပးပါအုံး ေဖးေဖး..."

"ဟုတ္ကဲ့...."

ေရွာင္းက်န႔္ေရခ်ိဳးဖို႔အတြက္ ေဖးေဖးခ်ိဳးေရကိုျပင္ေပးလိုက္သည္။ေရခ်ိဳးဖို႔ဝင္လာတဲ့ၾကင္ယာေတာ္ေလးက အေပၚဝတ္႐ုံေလးကိုဖယ္ရွားလိုက္သည္။အေပၚဝတ္႐ုံကိုဖယ္လိုက္တာနဲ႔ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနတဲ့ေအာက္ခံဝတ္႐ုံအပါးေလးၾကားက ထြက္ေပၚလာတဲ့နီရဲရဲအမွတ္ေတြ။ထိုအရာေတြကိုျမင္ၿပီး ေဖးေဖးလန႔္သြားရသည္။

"ၾကင္ယာေတာ္ေလး...."

လန႔္ေနတဲ့ေဖးေဖးပုံေၾကာင့္ ေရွာင္းက်န႔္လည္းသူ႔ကိုယ္သူငုံ႔ၾကည့္လိုက္သည္။ခႏၶာကိုယ္အႏွံ႔ပြထေနတဲ့ နီရဲရဲအမွတ္ေတြ။တခ်ိဳ႕ဆို ခရမ္းေရာင္ဘက္သို႔ေတာင္ ေျပာင္းခ်င္ေနၿပီျဖစ္သည္။ေရွာင္းက်န႔္အလန႔္တၾကား ေရ႐ြတ္လိုက္မိသည္။

"ဘုရားေရ....ဒါဘာေတြလဲ...."

__________________________________________

ရိေပၚနဲ႔အနက္ေရာင္ဝတ္စုံဝတ္ထားတဲ့လူတစ္ေယာက္နဲ႔ ထိုင္ကာစကားေျပာေနသည္။ထိုအခ်ိန္မွာပဲ ၾကားလိုက္ရတဲ့ေျခသံေသးေသးေလးေတြ။ရိေပၚလွည့္ၾကည့္လိုက္ေတာ့ သူ႔ကိုျပဴးျပဴးေလးၾကည့္ေနတဲ့ ကေလးေလး။ဝတ္႐ုံအနက္ႏွင့္လူကိုရိေပၚ ထြက္သြားဖို႔အခ်က္ျပလိုက္သည္။

ဝတ္႐ုံအနက္ႏွင့္လူထြက္သြားတာနဲ႔ ရိေပၚကေလးေလးကို ျပန္ၾကည့္လိုက္သည္။ကေလးေလးကရိေပၚရဲ႕ စားပြဲခုံေပၚကမုန႔္ေတြကို မ်က္လုံးေလးျပဴးကာ ၾကည့္ေနသည္။ၿပီးတာနဲ႔ ရိေပၚဘက္သို႔လွည့္ကာေမးလာသည္။

"အဲ့ဒါေတြ....စားလို႔ရလား...."

ရိေပၚကေခါင္းျငႇိမ့္ျပလိုက္ေတာ့ ရိေပၚထိုင္ေနရာသို႔ ပုတက္တက္နဲ႔ေလွ်ာက္လာတဲ့ကေလးေလး။စားပြဲနားေရာက္ေတာ့ ထိုင္ဖို႔ခုံကျမင့္ေနတာေၾကာင့္ လက္ေလးႏွစ္ဖက္ေျမႇာက္ၿပီး ရိေပၚကိုခ်ီခိုင္းသည္။ခ်ီခိုင္းတဲ့လူကသာ ေရွာင္းက်န႔္ျဖစ္ေနမယ္ဆိုရင္ ရိေပၚကေတြေဝေနမွာပင္မဟုတ္။ခ်က္ခ်င္းကိုေကာက္ခ်ီလိုက္မွာပင္ျဖစ္သည္။အခုက် ခ်ီခိုင္းတဲ့သူက ကေလးေလး။ရိေပၚကကေလးမခ်ီတတ္ေပ။ဒါ့ေၾကာင့္မို႔ ကေလးေလးရဲ႕ ေျမႇာက္ထားတဲ့လက္ကို လ်စ္လ်ဴရႈကာ ဂုတ္ကေနဆြဲမၿပီး ခုံေပၚသို႔တင္ေပးလိုက္သည္။

ခုံေပၚေရာက္သြားတဲ့ကေလးေလးက သူ႔လက္ေသးေသးေလးေတြႏွင့္ မုန႔္ကိုတစ္ခုၿပီးတစ္ခုယူကာစားေတာ့သည္။ရိေပၚကလည္း လက္ထဲကေရေႏြးၾကမ္းကိုသာေသာက္ေနၿပီး ကေလးေလးကလည္း မုန႔္စားတာကိုသာအာ႐ုံစိုက္ထားတာေၾကာင့္ စားပြဲဝိုင္းကတိတ္ဆိတ္ေနခဲ့သည္။ခနအၾကာမွ ကေလးေလးဆီက မပီကလာအသံေလးထြက္လာသည္။

"သားက ႀကီးလာရင္ ပါပါးကိုလက္ထပ္မွာ.....ပါပါးကသားအပိုင္...."

ပါပါးဆိုတာေရွာင္းက်န႔္ကို ရည္ၫႊန္းမွန္းရိေပၚသိသည္။သူ႔ေရွ႕က သူ႔မုန႔္ေတြကိုလက္ေသးေသးေလးႏွင့္ စားေနၿပီး ေရွာင္းက်န႔္ကသူ႔အပိုင္လို႔ေျပာေနသည့္အေကာင္ေပါက္ကို ရိေပၚၾကည့္လိုက္သည္။ထိုအေကာင္ေပါက္ကို ပညာျပခ်င္တာေၾကာင့္ အေစခံနားကပ္ကာ အသားလုံးေခါက္ဆြဲျပဳတ္တစ္ပြဲယူလာဖို႔ေျပာလိုက္သည္။

သိပ္မၾကာခင္မွာပဲ ရိေပၚေရွ႕သို႔ေရာက္လာသည့္အသားလုံးေခါက္ဆြဲျပဳတ္။ေပါက္စကေတာ့အသားလုံးေခါက္ဆြဲျပဳတ္ကို သူ႔မ်က္လုံးျပဴးျပဴးေလးေတြနဲ႔ ငမ္းလ်က္။ရိေပၚထိုေပါက္စေရွ႕မွာပဲ အသားလုံးေခါက္ဆြဲျပဳတ္ကိုစားလိုက္သည္။ခနအၾကာမွာေတာ့ သူ႔ကိုတို႔ထိလာတဲ့လက္ေသးေသးေလး။

"သားကိုနည္းနည္းေလာက္ေကြၽး...."

သူဆင္ထားတဲ့ေထာင္ေခ်ာက္ထဲ ဝင္လာၿပီျဖစ္တာေၾကာင့္ ရိေပၚအသာတၾကည္ပဲ အသားလုံးေခါက္ဆြဲျပဳတ္ကိုေပးလိုက္သည္။အမွန္ေတာ့ထိုကေလး ေတာင္းစားမည္မွန္း သိတာေၾကာင့္ အေစခံေလးကို ရိေပၚအစပ္ေတြအမ်ားႀကီးထည့္လာဖို႔ေျပာၿပီးသား။သူပိုင္တဲ့အရာကို ပစ္မွားတဲ့ထိုကေလးကို ဒီေလာက္ေတာ့အျပစ္ေပးသင့္သည္မလား။

ေပါက္စကေခါက္ဆြဲျပဳတ္ပန္းကန္ကို သူ႔ရဲ႕လက္ေဖာင္းေဖာင္းေသးေသးေလးေတြႏွင့္ လွမ္းယူလိုက္သည္။လက္ေသးေသးေလးေတြက ဇြန္းကိုကိုင္လိုက္သည္။ကေလးေတြရဲ႕ သဘာဝအတိုင္းေလာဘႀကီးစြာ ဇြန္းအျပည့္ခပ္၍ေသာက္လိုက္သည္။လွ်ာဖ်ားေပၚေရာက္မွ ေပၚလြင္လာတဲ့အစပ္အရသာေၾကာင့္ က်စ္မင္ရဲ႕တုတ္တုတ္တစ္တစ္ကိုယ္ေလးက တုန္သြားကာမ်က္ႏွာေလး‌ေတြနီရဲတက္လာသည္။

က်စ္မင္ျဖစ္ေနတဲ့ပုံစံကိုၾကည့္ၿပီး ရိေပၚရယ္လိုက္သည္။ရိေပၚရဲ႕အေပ်ာ္ေတြဟာ ခနေတာင္မခံလိုက္ေပ။႐ုတ္တရက္ႀကီးထငိုတဲ့ က်စ္မင္ေၾကာင့္ ရိေပၚမွာေျခမကိုင္မိလက္မကိုင္မိျဖစ္ရသည္။သူတကယ္ကေလးေတြငိုရင္မေခ်ာ့တတ္ဘူး။ေအာ္ငိုေနတဲ့ေပါက္စကို ရိေပၚ႐ုပ္တည္ႀကီးႏွင့္ေျပာလိုက္သည္။

"တိတ္စမ္း....နားၿငီးတယ္...."

ရိေပၚေျပာခါမွ က်စ္မင္ကပိုလို႔ပင္ငိုေတာ့သည္။ရိေပၚႀကံရာမရတဲ့အဆုံး က်စ္မင္ကိုဂုတ္ကေနဆြဲအကာ ေရွ႕ကေရကန္ထဲသို႔ပစ္ခ်မည့္ဟန္လုပ္လိုက္သည္။

"မင္းမတိတ္ရင္ ငါမင္းကို ဒီကန္ထဲကိုပစ္ခ်ပစ္မွာ...."

ရိေပၚရဲ႕ၿခိမ္းေျခာက္နည္းကအလုပ္ျဖစ္သည္။က်စ္မင္ကခ်က္ခ်င္းပင္အငိုတိတ္သြားေတာ့သည္။အငိုတိတ္သြားတဲ့က်စ္မင္ကိုရိေပၚေျမႀကီးေပၚကို ျပန္ခ်ေပးလိုက္သည္။က်စ္မင္ကရိေပၚအနားကေန လုံးလုံးလုံးလုံးႏွင့္ေျပးထြက္သြားကာ ရိေပၚနဲ႔ေဝးေဝးသို႔ေရာက္ကာမွ ရိေပၚဘက္သို႔ျပန္လွည့္ကာေျပာလာသည္။

"ဦးေလးႀကီးကိုပါပါးနဲ႔တိုင္မွာ....."

ထြက္သြားတဲ့က်စ္မင္ကို ရိေပၚၾကည့္ေနတုန္းမွာပဲ ရိေပၚအနားသို႔အေစခံတစ္ေယာက္ကေရာက္လာသည္။

"အရွင္.....မင္းႀကီးကအရွင့္ကိုနန္းေဆာင္မွာဧည့္ခံဖို႔ဖိတ္ခိုင္းလိုက္ပါတယ္....."

ရိေပၚအေစခံရဲ႕စကားေၾကာင့္ မ်က္ခုံးတစ္ဖက္ကိုပင့္လိုက္မိသည္။က်ီ႐ႊမ္းကသူ႔ကိုဖိတ္တာဘာအေၾကာင္းေၾကာင့္မ်ားလဲ။ရိေပၚဆက္မေတြးေတာ့ဘဲ အေစခံေလးေခၚေဆာင္ရာအတိုင္းသာလိုက္သြားလိုက္သည္။

________________________________________

က်ီ႐ႊမ္းရဲ႕နန္းေဆာင္ေရာက္ေတာ့ ရိေပၚကိုစားေကာင္းေသာက္ဖြယ္မ်ားႏွင့္ တည္ခင္းဧည့္ခံေလသည္။ရိေပၚအတြက္ လက္ဖက္ရည္ၾကမ္းကိုငွဲ႔ေပးေနရင္းနဲ႔မွ က်ီ႐ႊမ္းကေျပာသည္။

"ဟိုေန႔ကလည္း ေျပာၿပီးသားဆိုေပမယ့္ ဒီေန႔ထပ္ေျပာပါရေစ။ကြၽန္ေတာ့္သားကိုကယ္ေပးတဲ့အတြက္ တကယ္ေက်းဇူးတင္ပါတယ္..."

ရိေပၚဘာမွျပန္မေျပာဘဲ လက္ထဲကလက္ဖက္ရည္ၾကမ္းကိုသာ ေသာက္ေနလိုက္သည္။က်ီ႐ႊမ္းကပဲ ထပ္‌၍စကားဆိုလာျပန္သည္။

"ဒီေန႔ေတြ႕ခ်င္ရတဲ့အေၾကာင္းအရင္းက ေက်းဇူးတင္ခ်င္႐ုံသပ္သပ္ပဲေတာ့မဟုတ္ပါဘူး။ကြၽန္ေတာ္ေတာင္းဆိုစရာရွိလို႔ပါ...."

"ေျပာပါ....ကြၽန္ေတာ္တတ္ႏိုင္တဲ့အရာဆိုလုပ္ေပးႏိုင္ပါတယ္...."

ရိေပၚစကားလမ္းေၾကာင္းဖြင့္ေပးလိုက္တာေၾကာင့္ က်ီ႐ႊမ္းကအားနာမေနဘဲ ထပ္၍ေျပာလာသည္။

"အရွင္သခင္လည္းသိမွာပါ။အရင္က ရန္ဘုရင္က အခြန္ေတြကိုမတန္မဆေကာက္ခံတာေၾကာင့္ ကြၽန္ေတာ္တို႔က ရန္ႏိုင္ငံကမျဖတ္ဘဲတျခားလမ္းဘက္က ကုန္သြယ္ခဲ့ရတာ။ကြၽန္ေတာ္တို႔ကုန္သြယ္ေရးလမ္းေၾကာင္းက ရန္ႏိုင္ငံကိုသာျဖတ္သန္းၿပီး ကုန္သြယ္ခြင့္ရမယ္ဆိုရင္ အခုအေျခအေနထက္ပိုၿပီးတိုးတက္လာမွာပါ။ဒါေၾကာင့္ ရန္ႏိုင္ငံရဲ႕ကုန္သြယ္ေရးလမ္းေၾကာင္းကိုဖြင့္ေပးလို႔ရမလား။ၿပီးေတာ့ ကြၽန္ေတာ္တို႔ဘက္ကအခြန္ကိုက်ိန္းေသေပးေဆာင္မွာပါ...."

ရိေပၚက လက္ထဲလက္ဖက္ရည္ၾကမ္းခြက္ကိုခ်လိုက္ကာ က်ီ႐ႊမ္းရဲ႕စကားကိုျပန္လည္တုံ႔ျပန္လိုက္သည္။

"ဒီကိစၥကႏွစ္ဦးႏွစ္ဘက္လုံးအဆင္ေျပမယ့္ကိစၥပဲ။ကြၽန္ေတာ္လက္မခံႏိုင္စရာအေၾကာင္းမရွိပါဘူး။ဒါေပမယ့္ ကုန္ပစၥည္းေတြရဲ႕အရည္အေသြးေပၚၾကည့္ၿပီး အခြန္ကိုေကာက္ခံသြားမွာပါ။မင္းႀကီးအတြက္အဆင္ေျပရဲ႕လား...."

"ကြၽန္ေတာ့္ဘက္ကအဆင္ေျပပါတယ္.....။အခုလိုလက္ခံေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ေက်းဇူးဆပ္တဲ့အေနနဲ႔ အရွင္သခင္အလိုရွိရာကိုေတာင္းဆိုႏိုင္ပါတယ္...."

က်ီ႐ႊမ္းရဲ႕စကားကိုၾကားေတာ့ ရိေပၚကသေဘာက်သလိုရယ္သည္။

"ကြၽန္ေတာ္အလိုရွိတဲ့အရာကို တကယ္ပဲေတာင္းလို႔ရတာလား..."

"အရွင္သခင္အလိုရွိတာမွန္သမွ်ေတာင္းဆိုလို႔ရပါတယ္....."

ရိေပၚကက်ီ႐ႊမ္းရဲ႕ မ်က္လုံးကိုတည့္တည့္စိုက္ၾကည့္ကာေျပာလိုက္သည္။ထိုစူးစူးရဲရဲအၾကည့္ေတြေၾကာင့္ က်ီ႐ႊမ္းၾကက္သီးပင္ထသြားရသည္။

"ကြၽန္ေတာ္လိုခ်င္တာ တစ္ခုေတာ့ရွိတယ္....."

"ေျပာပါ....."

က်ီ႐ႊမ္းကရိေပၚကို ဆက္၍ေျပာခိုင္းသည္။ရိေပၚေျပာတဲ့စကားကိုက်ီ႐ႊမ္း အာ႐ုံစိုက္၍နားေထာင္ေနလိုက္သည္။ဆက္ထြက္လာတဲ့ရိေပၚရဲ႕စကားေၾကာင့္ က်ီ႐ႊမ္းမ်က္ႏွာကအၿပဳံးေတြေပ်ာက္သြားကာ မ်က္ႏွာမွာေရခဲတစ္မွ်ေအးစက္သြားရသည္။

"ငါ.....လိုခ်င္တယ္......မင္းရဲ႕ၾကင္ယာေတာ္....ေရွာင္းက်န႔္ကို......"

__________________________________________


6.7.2020


ေဘထည့္ေပးတဲ့ညီမေလးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္။ညီမေလးကူညီေပးလို႔သာဒီေန႔မွာ ဒီအပိုင္းတင္ႏိုင္တာပါ။မဟုတ္ရင္ေဘမရွိလို႔ လိုင္းေပၚေတာင္တက္လို႔ရမွာမဟုတ္ဘူး။

#사랑해요ಠ◡ಠ
#愛してるಠ◡ಠ



Continue Reading

You'll Also Like

38M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...
26.6K 1K 21
'𝑺𝒖𝒊𝒄𝒊𝒅𝒂𝒍' [𝑴𝒆𝒂𝒏𝒊𝒏𝒈: 'Deeply unhappy or depressed and likely to commit suicide'] "𝚂𝚊𝚢 𝚌𝚑𝚞𝚞𝚢𝚊-𝚜𝚊𝚗 𝚑𝚊𝚟𝚎 𝚢𝚘𝚞 𝚊𝚌𝚌𝚎�...
61.4K 2.7K 52
အချစ်ကနူးနူးညံ့ညံ့ သ်မ်သိမ်မွေ့မွေ့လေးနဲ့ နှလုံးသား ပလ္လင်ထက်နန်းတက်သည်💙
982K 30.4K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...