မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...

By Thawdar_Y

757K 82.7K 3.6K

Wang Yibo× Xiao Zhan *Photo crd to original owner* More

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၆
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra

၃၅⚠

19.5K 1.9K 135
By Thawdar_Y





Unicode



(Warning:‌အောက်ပါအကြောင်းအရာများတွင်အိပ်ယာပေါ်တွင်နမ်းရှိုက်ခန်းများပါဝင်သောကြောင့် ၁၈နှစ်မပြည့်သေးသူများဖတ်ရန်မသင့်တော်ပါ)



သူ့ကိုနူးညံ့စွာငုံ့ကြည့်နေတဲ့ ရွှေဝါရောင်မျက်ဝန်းတွေကို ရှောင်းကျန့်စိမ်းသက်မနေ။ထိုမျက်ဝန်းတွေကို သူရင်းနှီးနေသည်။‌ရှောင်းကျန့်ထိုလူ့ရဲ့မျက်ဝန်းတွေဆီက အကြည့်မလွှဲမိသလို ထိုလူကလည်းသူ့မျက်ဝန်းတွေဆီက အကြည့်မခွာပေ။

"ပါပါး...."

အနောက်ကထွက်ပေါ်လာတဲ့ အသံသေးသေးလေးကြောင့် ရှောင်းကျန့်ထိုလူ့ရင်ခွင်ထဲမှာရှိနေတာကို သတိရသွားပြီးထိုလူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။သူအနောက်ကိုလှည့်ကြည့်လိုက်တော့ ကျစ်မင်လေးကဝတ်ရုံအနက်နှင့်လူတစ်ဦးအနားတွင်ယုန်လေးတစ်ကောင်ကိုပိုက်ကာရပ်နေသည်။ရှောင်းကျန့်ကျစ်မင်အနားသို့လျင်မြန်စွာပြေးသွားလိုက်ကာ ကျစ်မင်ရဲ့လုံးတုတ်နေတဲ့ခန္ဓာကိုယ်လေးကိုဆွဲဖက်လိုက်သည်။

"ဘယ်တွေရောက်နေတာလဲ....ပါပါးရဲ့ပေါက်စီလေး...။ပါပါးဘယ်လောက်တောင်စိတ်ပူနေလဲမသိဘူးလား...."

ကျစ်မင်ကသူ့ရဲ့လက်‌ဖောင်းဖောင်းသေးသေးလေးတွေဖြင့် ရှောင်းကျန့်ရဲ့ပါးပေါ်မှမျက်ရည်များကို သုတ်ပေးလိုက်ကာပြောလိုက်သည်။

"ပါပါး....မငိုပါနဲ့....ပါပါးငိုရင်သားဝမ်းနည်းတယ်။သားကယုန်လေးနောက်ကိုလိုက်သွားရင်းလမ်းပျောက်သွားတာ။ဒါပေမယ့် အဲ့ဦးဦးကသားကိုပြန်ခေါ်လာပေးတာ..."

ကျစ်မင်ကမျက်နှာဖုံးနှင့်လူကို လက်ညှိုးထိုးကာပြောလိုက်သည်။ရှောင်းကျန့်ထိုလူကိုဦးညွှတ်ကာကျေးဇူးတင်လိုက်သည်။

"သားတော်ကို ပြန်ခေါ်လာခဲ့ပေးလို့ကျေးဇူးတင်ပါတယ် သခင်လေး...."

ထိုလူကဘာမှပြန်မပြောဘဲ ရှောင်းကျန့်ကိုသာပြုံး၍သာကြည့်နေသည်။ဒါကိုမြင်တဲ့ကျီရွှမ်းရဲ့ရင်ဘတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေဝင်ရောက်လာသည်။အခုအချိန်မှာ ရှောင်းကျန့်ကမျက်နှာကိုပုဝါပါးလေးနဲ့ဖုံးကွယ်ထားခြင်းမရှိတာကြောင့် ရှောင်းကျန့်ရဲ့ဖြူနုပြီး လှပလွန်းတဲ့မျက်နှာလေးကိုအတားအဆီးမရှိမြင်နေရသည်။

ရှောင်းကျန့်ရဲ့မျက်နှာကို နန်းတော်ကလူတိုင်းမြင်တွေ့ပြီးသွားတဲ့အချိန်ကစပြီး ရှောင်းကျန့်လွတ်လွတ်လပ်လပ်နေလို့ရစေရန် သူကိုယ်တိုင်က မျက်နှာကိုမဖုံးအုပ်ခိုင်းခဲ့တာ။ပွဲတော်ရှိသည့်အချိန်နှင့် နန်းတော်ကထွက်သည့်အချိန်မှာသာမျက်နှာကို ဖုံးခိုင်းစေခဲ့တာ။အခုရှောင်းကျန့်ကိုကြည့်ရင်းနူးညံ့စွာ ပြုံးနေသည့်ထိုလူကြောင့်ကျီရွှမ်းပူပန်လာရသည်။‌

သူ့အရှေ့ကထိုလူကိုကြည့်လိုက်တာနှင့်ဘုန်းတန်ခိုးဩဇာအာဏာနှင့်ပြည့်စုံသည့်လူတစ်ယောက်မှန်းသိသာသည်။ပြီးတော့ထိုလူရဲ့မျက်နှာမှာဖုံးအုပ်ထားတဲ့ ရွှေရောင်မျက်နှာဖုံးနဲ့၊လက်က နဂါးလက်ပတ်ကိုကြည့်ရုံနှင့် ထိုလူကအခုတလောနာမည်ကျော်ကြားနေသည့် ရန်နိုင်ငံ၏အရှင်သခင်ဖြစ်မှန်း သူရိပ်မိလိုက်သည်။ဒီလိုအန္တရာယ်ရှိတဲ့လူတစ်ယောက်က ရှောင်းကျန့်ကိုမျက်စိကျသွားမှာကိုသူမလိုလားပေ။ပြီးတော့သူဒီလူနဲ့ထိပ်တိုက်ရင်မဆိုင်ချင်ဘူး။အဓိကကတော့ရှောင်းကျန့်ကိုဘယ်သူ့ကိုမှ မပေးနိုင်ပေ။ရှောင်းကျန့်ကသူ့အပိုင်ပင်ဖြစ်သည်။

ရှောင်းကျန့်မှာပိုင်ရှင်ရှိကြောင်း သတိပေးချင်တာကြောင့် သူရှောင်းကျန့်ဘေးသို့သွားလိုက်သည်။ရှောင်းကျန့်ရဲ့ဘေးမှာမတ်တပ်ရပ်နေတဲ့ကျစ်မင်ကို သူလက်တစ်ဖက်ဖြင့်ပွေ့ချီလိုက်ကာကျန်တဲ့လက်တစ်ဖက်ဖြင့် ရှောင်းကျန့်ရဲ့ခါးလေးကိုဆွဲဖက်ကာ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။အပြင်လူရှိနေတဲ့အချိန်မျိုးဆို သူ့ဂုဏ်သိက္ခာကိုငဲ့တွက်ကာ ရှောင်းကျန့်ကသူ့ကိုမဆန့်ကျင်တတ်ပေ။အခုလည်းသူ့ရင်ခွင်ထဲမှ ငြိမ်ငြိမ်လေးနေနေတဲ့ ရှောင်းကျန့်ကြောင့် သူပြုံးလိုက်သည်။မျက်နှာဖုံးအောက်ကမျက်ဝန်းတွေ အေးစက်သွားတာကိုတော့သူသတိမထားမိခဲ့။

သူ့ရှေ့ကရန်နိုင်ငံရဲ့အရှင်သခင်ကို ပြုံးကြည့်ကာမေးခွန်းထုတ်လိုက်သည်။

"အခုလိုမျိုး နာမည်ကျော်ကြားနေတဲ့အရှင်သခင်က ကျွန်တော်တို့ကျိုးပြည်ကို ရောက်ရှိလာတဲ့အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်။ဒါပေမယ့်....ကျွန်တော်အတင့်ရဲစွာနဲ့မေးပါရစေ။အရှင်သခင် ကျိုးတိုင်းပြည်ကိုရောက်နေတဲ့အကြောင်းအရင်းလေး သိခွင့်ရှိမလားဗျာ...."

ကျီရွှမ်းရဲ့မေးခွန်းကိုကြားတော့ အရှင်သခင်ကထရယ်သည်။သူ့ရဲ့ဩရှရှရယ်သံကြောင့် ရှောင်းကျန့်နှလုံးသားလေးက တုန်ယင်လာရသည်။ကြည့်ရတာ သားပျောက်သွားလို့ရင်တုန်နေတာမပျောက်သေးဘူး ထင်ပါရဲ့။

"ကျိုးတိုင်းပြည်ရဲ့ ဘုရင်ဆိုတဲ့အတိုင်းပဲ။တကယ်ကိုအမြင်စူးရှလိုက်တာဗျာ။ကျွန်တော့်ကိုတစ်ချက်ကြည့်ရုံနဲ့ ဘယ်သူမှန်းခန့်မှန်းနိုင်တယ်...."

ထိုစကားကို အရှင်သခင်ဆိုသည့်လူကရယ်သံစွက်၍ပြန်ဖြေသည်။ပြီးတာနဲ့ထိုသူ့မျက်နှာက ပြန်တည်သွားကာ ကျီရွှမ်းရဲ့မေးခွန်းကိုထပ်ဖြေသည်။

"ကျိုးနိုင်ငံကိုရောက်နေတယ်ဆိုတာလည်းတခြားထွေထွေထူးထူး အကြောင်းမရှိပါဘူးဗျာ။ကျွန်တော်ရစရာရှိတဲ့ အကြွေးတွေနဲ့ကျွန်တော်ပိုင်တဲ့အရာကို ပြန်လာယူရုံပါ...."

ထိုစကားကိုပြောချိန်မှာ ထိုလူ့ရဲ့မျက်နှာကတင်းမာကာအေးစက်နေသည်။ဒါပေမယ့်လည်းခနမျှသာဖြစ်သည်။ပြီးတာနဲ့ထိုလူရဲ့ နှုတ်ခမ်းမှာအပြုံးလေးပြန်ပေါ်လာပြန်သည်။ရုပ်ပြောင်းရုပ်လွှဲမြန်တဲ့ထိုလူကိုကြည့်ကာ ရှောင်းကျန့်တွေးမိသည်။ဒီလူကတကယ်ကိုခန့်မှန်းရခက်တယ်။ရှောင်းကျန့်တွေးနေတုန်းမှာပဲ ထိုလူ့ဆီကစကားသံထပ်ထွက်လာသည်။

"မင်းကြီးကိုကျွန်တော်တစ်ခုလောက်တော့ အကြံပေးပါရစေ...."

"ပြောပါ.... "

"ကလေးတစ်ယောက်နန်းတော်ထဲကထွက်သွားတာကိုတောင် မသိတဲ့လူတွေကို နန်းတော်အစောင့်တာဝန်မပေးသင့်ဘူး...."

ထိုလူရဲ့စကားကို ကျီရွှမ်းကနားလည်သလိုခေါင်းငြှိမ့်ပြလိုက်သည်။

"သတိပေးတာကျေးဇူးပါ။ကျွန်တော် ဂိတ်တံခါးကနန်းတော်စောင့်တွေကို ပြစ်ဒဏ်စီရင်လိုက်ပါ့မယ်...."

အရှင်သခင်ကိုပြန်ဖြေပြီးတာနဲ့ ကျီရွှမ်းကသူ့လက်ထဲက ကျစ်မင်ကိုကြည့်ကာပြောလိုက်သည်။

"နောက်တစ်ခါလူကြီးတွေကို အသိမပေးဘဲဘယ်မှမသွားရဘူးနော် သားတော်...။ခမည်းတော်နဲ့ပါပါးနဲ့ကို စိတ်ပူအောင်မလုပ်ရဘူးနော်..."

ကျီရွှမ်းရဲ့စကားကို ကျစ်မင်ကနားလည်သလိုလေး ခေါင်းငြှိမ့်ပြပြီးသည်နှင့် ကျီရွှမ်းရဲ့လည်ပင်းနားကိုခေါင်းလေးကပ်ကာ မျက်နှာလေးကိုဖွက်လိုက်သည်။ရှောင်းကျန့်ကကျီရွှမ်းလက်ထဲကကျစ်မင်ကိုကြည့်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်အုံးလေ သားတော်..."

ရှောင်းကျန့်ရဲ့စကားကြောင့်ကျစ်မင်က သူ့ရဲ့မျက်နှာဖောင်းဖောင်းလေးကို ဖွက်ထားရာမှပြန်ဖော်လိုက်ပြီး ပြောလိုက်သည်။

"သားကိုကယ်ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ..."

ရိပေါ်သူ့ကိုကြည့်ကာ ကျေးဇူးတင်စကားဆိုလာတဲ့ ကလေးလေးကိုပြုံးပြလိုက်သည်။သူတို့ရဲ့ရန်ငြှိုးက ဒီကလေးနှင့်ဘာမှမဆိုင်ပေ။ပြီးတော့ကလေးတစ်ယောက်ကို ‌ဆွဲထည့်ရလောက်အောင်လည်း သူမရက်စက်ပေ။ကလေးကိုအိမ်ပြန်ရောက်အောင် ပို့ပြီးသည်ဖြစ်သည့်အတွက်ရိပေါ်လှည့်ပြန်ဖို့လုပ်လိုက်သည်။မပြန်ခင် သူ့နတ်သားလေးကိုတစ်ချက်လှည့်ကြည့်လိုက်သည်။အရင်ကထက်ပင်အဆပေါင်းများစွာပို၍လှလာပါသော သူ့နတ်သားလေးကြောင့်ရိပေါ်စိတ်တွေ အစိုးမရတော့ပေ။ဖြစ်နိုင်ရင်အခုချက်ချင်း ခေါ်သွားချင်သည်။ဒါပေမယ့်အချိန်မကျသေးပေ။

"အရှင်သခင် ဘယ်မှာတည်းခိုမှာလည်းဆိုတာသိလို့ရမလား..."

ကျီရွှမ်းရဲ့စကားသံကြောင့် သူ့အတွေးတွေပျက်သွားရသည်။

"မြို့ထဲကတည်းခိုခန်းတစ်ခုခုမှာပဲ တည်းခိုဖြစ်မှာပါ..."

"ကျွန်တော့်သားတော်ကို ကယ်ပေးခဲ့တဲ့ကျေးဇူးကိုဆပ်ချင်လို့ ကျွန်တော်တို့နန်းတော်မှာပဲတည်းပါလား....."

"ကောင်းပြီလေ...."

သူ့နတ်သားလေးနဲ့ နီးကပ်စွာရှိရမယ့်အခွင့်အရေးကို သူဘာကြောင့်လက်လွှတ်ရမှာလဲ....။

"ရှောင်ကျားယွီ...."

ကျီရွှမ်းခေါ်လိုက်တဲ့လူရဲ့နာမည်ကိုကြားသည့်အချိန်မှာ ရိရွှေဝါရောင်မျက်ဝန်းတွေကဒေါသရောင်တွေသန်းလာကာ အေးစက်လာသည်။ရိပေါ်ရဲ့အေးစက်စက်အငွေ့အသက်ကို ခံစားမိတဲ့ရှောင်ကျားယွီလည်းလန့်လာရသည်။အရှင်သခင်ကို သူဘာအပြစ်များလုပ်မိလို့လဲ။ထိုအရာတွေကို သတိမပြုမိတဲ့ကျီရွှမ်းကတော့ ရှောင်ကျားယွီကိုအမိန့်ပေးလိုက်သည်။

"အရှင်သခင်ကို နားနေရမယ့်အဆောင်ကိုခေါ်သွားပေးလိုက်ပါ...."

"ဟုတ်ကဲ့...."

ရှောင်ကျားယွီရဲ့အပြင်ပိုင်းကသာ တည်ငြိမ်နေပေမယ့် စိတ်ထဲမှာတော့ကြောက်ရွံ့မှုတွေနှင့်ပြည့်နှက်နေပြီဖြစ်သည်။သူ့ကိုအေးစက်စွာကြည့်နေတဲ့ထိုလူကို ဆောင်ကိုလိုက်ပို့ခိုင်းတဲ့ကျီရွှမ်းကိုသာကျိန်ဆဲမိသည်။ရှောင်ကျားယွီနဲ့ အရှင်သခင်ထွက်သွားတာနှင့် ရှောင်းကျန့်ကျီရွှမ်းရင်ခွင်ထဲမှရုန်းထွက်လိုက်သည်။ကျီရွှမ်းကထိုအရာကိုမသိချင်ယောင်သာ ဆောင်လိုက်သည်။

"ကိုယ့်မွေးနေ့ကရောက်တော့မှာဆိုတော့ တခြားနိုင်ငံက ဧည့်သည်တွေမကြာခင်နန်းတော်ကိုလာကြတော့မှာ။အခုချိန်ကစပြီး မင်းမျက်နှာကိုဖုံးထားလိုက်တော့နော်....."

ကျီရွှမ်းပြောတာက လုပ်သင့်သည့်အရာဖြစ်တာကြောင့် ရှောင်းကျန့်သဘောတူလိုက်သည်။

သူ့ရှေ့ကလမ်းပြပေးနေတဲ့ ရှောင်ကျားယွီကိုဖြစ်နိုင်လျှင် ဝမ်ရိပေါ်အခုချက်ချင်းပင်သတ်ပစ်ချင်မိသည်။ဒါပေမယ့် အချိန်မကျသေးတာကြောင့် ကိုယ့်ကိုယ်ကိုယ်သာထိန်းချုပ်ထားလိုက်သည်။သူနေရမည့်အဆောင်ကိုပြပြီးသည်နှင့် ရှောင်ကျားယွီကပြန်ထွက်သွားသည်။ရှောင်ကျားယွီထွက်သွားသည်နှင့်တစ်ပြိုင်နက် အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်က ရောက်လာသည်။

"အရှင်သခင်...."

ထိုလူကရိပေါ်ကိုဦးညွှတ်ကာနှုတ်ဆက်လိုက်သည်။

"ရှာတွေ့ပြီလား...."

"ဟုတ်ကဲ့....အရှင်သခင်....."

ရိပေါ်ရဲ့မျက်နှာမှာကြောက်ဖို့ကောင်းတဲ့ အပြုံးတစ်ခုကပေါ်ပေါက်လာသည်။ရိပေါ်ရဲ့အပြုံးကိုမြင်လိုက်ရတဲ့ ဝတ်ရုံအနက်နှင့်လူမှာဝိဉာည်လွင့်မတတ်ကြောက်ရွံ့သွားရသည်။သူတို့သခင်ပြုံးရင်ကြောက်ဖို့ကောင်းတဲ့အရာတစ်ခု ဖြစ်တော့မည်ဆိုတာကတော့ ကျိန်းသေသည်။

_________________________________________

အိပ်ချိန်ရောက်နေပြီဖြစ်သော်လည်း ရှောင်းကျန့်မအိပ်နိုင်သေးပေ။သူ့ခေါင်းထဲတွင် အရှင်သခင်ဆိုတဲ့လူအကြောင်းကသာ စိုးမို့လို့နေသည်။သူနဲ့အရှင်သခင်ဆိုတဲ့လူဟာ ဒီနေ့မှပထမဆုံးစတွေ့ဖူးကြတာဖြစ်သည်။ဒါပေမယ့်ဘာကြောင့်များ သူ့စိတ်ထဲမှာအရှင်သခင်ကိုရင်းနှီးနေတယ်လို့ ခံစားနေရပါလိမ့်။

သူ့ကိုနူးနူးညံ့ညံ့နဲ့စိုက်ကြည့်နေခဲ့တဲ့ ရွှေဝါရောင်မျက်ဝန်းတွေကိုပြန်မြင်ယောင်မိချိန်မှာတော့ သူ့နှလုံးသားလေးက လျင်မြန်စွာခုန်လှုပ်လာရသည်။အစကသားပျောက်သွားလို့ စိတ်ပူပြီးရင်တုန်တာလို့ထင်ခဲ့ပေမယ့် အခုတော့ဟုတ်ဟန်မပေါ်ပေ။ရိပေါ်မဟုတ်တဲ့အခြားသူတစ်ယောက်အပေါ် ရင်ခုန်နေမိတဲ့သူ့ကိုယ်သူ ဒေါသထွက်လာသည်။လက်မှာပတ်ထားတဲ့ လက်ပတ်လေးနှစ်ခုကိုဆုပ်ကိုင်လိုက်ကာ ရှောင်းကျန့်တောင်းပန်စကားဆိုမိသည်။

"တောင်းပန်ပါတယ်.....ရိပေါ်....."

"ပါပါး...."

သားရဲ့အသံကြောင့် ကျချင်နေသည့်မျက်ရည်တွေကိုရှောင်းကျန့်သုတ်လိုက်သည်။ခေါင်းအုံးလေးကိုပိုက်ကာ လုံးလုံးလုံးလုံးနှင့်သူ့ဆီရောက်လာသည့် ပေါက်စီလုံးလေး။ကုတင်နားကိုရောက်တော့ ကုတင်ပေါ်သို့သူမတက်နိုင်တာကြောင့် လက်လေးနှစ်ဖက်ကိုမြှောက်ကာ ရှောင်းကျန့်ကိုချီခိုင်းလာသည်။ရှောင်းကျန့်ပေါက်စီလုံးလေးကိုချီကာကုတင်ပေါ်တင်ပေးလိုက်သည်။

"သားကပါပါးနဲ့လာအိပ်တာ..."

"ဟုတ်လား....လိမ္မာလိုက်တာပါပါးရဲ့သားလေးက....ပါပါးရင်ခွင်ထဲလာပါအုံး...."

ရှောင်းကျန့်ရင်ခွင်ထဲကို အင့်ခနဲပစ်ဝင်လာသည့်ခန္ဓာကိုယ်လုံးလုံးလေး။‌ပေါက်စီလုံးလေးရဲ့ ဖောင်းနေတဲ့ပါးကြီးနှစ်ဖက်ကိုရှောင်းကျန့်နမ်းလိုက်သည်။

"အိပ်တော့....ပါပါးရဲ့ပေါက်စီလေး...."

ပေါက်စီလုံးလေးရဲ့ လုံးနေတဲ့တင်လေးကိုဖြည်းဖြည်းချင်းပုတ်ကာသိပ်နေတဲ့ ရှောင်းကျန့်ကြောင့် ခနလေးအတွင်းမှာပဲ ပေါက်စီလေးအိပ်ပျော်သွားရသည်။အိပ်ပျော်နေတဲ့ပေါက်စီလေးရဲ့ ဖြူစင်တဲ့မျက်နှာလေးကိုရှောင်းကျန့်ကြည့်နေမိသည်။ဒီနန်းတော်မှာသူဆက်နေရခြင်းရဲ့ တစ်ခုတည်းသောအကြောင်းပြချက်လေး။ပေါက်စီလေးသာမရှိရင် သူရိပေါ်နောက်ကိုလိုက်သွားမိမှာ...။

ပေါက်စီလေးအိပ်ပြီးခနအကြာမှာပဲ ရှောင်းကျန့်ရဲ့မျက်ဝန်းတွေမှေးစင်းလာရသည်။သူဘာကြောင့်ရုတ်တရက်ကြီးအိပ်ချင်လာရပါလိမ့်။သိပ်မကြာခင်မှာပဲ ရှောင်းကျန့်အိပ်ပျော်သွားရသည်။

ရှောင်းကျန့်အိပ်ပျော်သွားသည်နှင့် အခန်းထဲသို့ရိပေါ်ဝင်လာလိုက်သည်။ကလေးလေးကိုဖက်ကာအိပ်ပျော်နေသည့်သူ့နတ်သားလေး။သူ့နတ်သားလေးကိုဖက်ထားသည့် လက်သေးသေးလေးတွေရဲ့ပိုင်ရှင်ကို ဂုတ်ကနေမကာဘေးသို့ပို့လိုက်သည်။

ကလေးလေးက တအိအိနှင့်ရှိုက်ကာပြန်အိပ်သွားသည်။အိပ်ပျော်နေတဲ့သူ့နတ်သားလေးရဲ့ မျက်နှာလေးကိုရိပေါ်တစိမ့်စိမ့်ကြည့်နေမိသည်။လွမ်းနေခဲ့ရတာ....အချစ်ရယ်။နောက်ဆုံးမှာတော့ ရိပေါ်ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်တော့ပေ။ရိပေါ်ရဲ့နှုတ်ခမ်းလွှာဟာ ရှောင်းကျန့်ရဲ့နူးညံ့ရဲထွေးနေသည့်နှုတ်ခမ်းလေးနှင့် ထပ်တူကျသွားတော့သည်။

"အင့်...."

အိမ်မက်ယောင်နေသူတစ်ယောက်လို သူ့နတ်သားလေးကရိပေါ်ရဲ့အနမ်းတွေကို ပြန်လည်တုန့်ပြန်လာသည်။ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးကိုအသာဖွင့်ဟစေပြီး သူ့ရဲ့လျှာဖြင့်ရှောင်းကျန့်လျှာလေးကိုစုပ်ယူလိုက်သည်။‌သူ့နတ်သားလေးရဲ့ခံတွင်းတစ်ခုလုံးနေရာလပ်မကျန် ရိပေါ်စုပ်ယူနမ်းရှိုက်နေမိသည်။သူ့နတ်သားလေးအသက်ရှူကျပ်လာသည်ထင်ပါရဲ့။မောဟိုက်သံလေးတွေထွက်လာသည်။ရိပေါ်အနမ်းတွေကိုခနရပ်လိုက်သည်။ရှောင်းကျန့်ရဲ့မျက်ဝန်းလေးတွေက ဖြည်းညှင်းစွာပွင့်လာသော်လည်း ရိပေါ်မလန့်မိပါ။သူပေးထားတဲ့အိပ်ဆေးကြောင့် သူ့နတ်သားလေးက အခုကိစ္စကိုအိမ်မက်လို့ပဲထင်နေမှာပင်ဖြစ်သည်။

"ရိပေါ်....."

သူ့နတ်သားလေးဆီက သူ့နာမည်ခေါ်သံကိုကြားလိုက်ရသည့်အတွက်ရိပေါ် ရင်တွေခုန်လာသည်။သူ့နာမည်ကိုခေါ်ပြီးတာနှင့် သူ့နတ်သားလေးကပြန်၍အိပ်ပျော်သွားသည်။ရိပေါ်သူ့နတ်သားလေးရဲ့ နှုတ်ခမ်းအောက်ကမှဲ့လေးကိုတစ်ချက် နမ်းလိုက်ပြီး အနမ်းတွေကိုလည်တိုင်ဖြူဝင်းဝင်းသို့ ဆင်းသက်စေလိုက်သည်။

လည်တိုင်လေးကိုစုပ်ယူနမ်းရှိုက်လိုက်သည်နှင့် သူ့နတ်သားလေးရဲ့ ခန္ဓာကိုယ်လေးကတုန်ယင်လာပြီး ညည်းသံလေးတွေထွက်ပေါ်လာသည်။သူ့နတ်သားလေးရဲ့ညအိပ်ဝတ်ရုံပါးလေးမှ ခါးစည်းကြိုးကိုရိပေါ်ဖြည်ချလိုက်သည်။ပေါ်ထွက်လာတဲ့ ဖြူနုနေတဲ့အသားစိုင်လေးတွေကြောင့် ရိပေါ်အောက်ပိုင်းက သိသိသာသာပြောင်းလဲလာသည်။

ရှောင်းကျန့်ရဲ့ရင်ဘတ်လေးတွေကို ရိပေါ်အငမ်းမရနမ်းရှိုက်လိုက်သည်။နူးညံ့နေသည့် အသားအိအိလေးတွေကိုနမ်းရုံနဲ့တင် အားမရတာကြောင့် ရင်ဘတ်ကအရာလေးတွေကိုကိုက်လိုက်သည်။ရိပေါ်ရဲ့အနမ်းတွေက ရှောင်းကျန့်ရဲ့ရင်ဘတ်ကနေ ချပ်ကပ်နေတဲ့ဗိုက်သားလေးတွေဆီသို့ ကူးပြောင်းသွားသည်။ရိပေါ်ရဲ့ အနမ်းကြမ်းတွေကြောင့် ရှောင်းကျန့်ကိုယ်ပေါ်မှာအနီရောင် အမှတ်အသားလေးတွေပေါ်လာရသည်။

"အ့....အ့....ရိပေါ်...."

အခုလိုအသိစိတ်မရှိသည့်အချိန်မှာတောင် သူ့နာမည်ကိုညည်းလိုက်သည့် သူ့နတ်သားလေးကြောင့် ရိပေါ်ကျေနပ်သွားရသည်။ရိပေါ်ကရှောင်းကျန့်ရဲ့ ဖြူဖွေးနေသောပေါင်တံသွယ်သွယ်လေးတွေကို နမ်းရှိုက်သည်။နူးညံ့‌နေသည့်အသားအိအိလေးတွေကိုနမ်းရှိုက်ရုံနှင့်အားမရတာကြောင့် အနီရောင်အကွက်လေးတွေပေါ်လာသည်အထိ စုပ်ယူပစ်သည်။ကိုက်ပစ်သည်။ရှောင်းကျန့်ရဲ့ ခြေဖမိုးဖြူဖြူလေးတွေ၊ခြေချောင်းဖြူဖြူလေးတွေပါမကျန် ရိပေါ်နမ်းရှိုက်ပစ်သည်။

ဘေးနားကလှုပ်လှုပ်လှုပ်လှုပ် အရာလေးကြောင့်ရိပေါ်သတိပြန်ဝင်လာသည်။အင်း....ဒီနေ့တော့ဒီလောက်ပါပဲ။နောက်ဆုံးအနေနှင့် ရှောင်းကျန့်ရဲ့ခြေဖဝါးလေးကို တစ်ချက်နမ်းကာအနမ်းတွေကိုအဆုံးသတ်လိုက်သည်။သူ့ကြောင့်ဖရိုဖရဲ ဖြစ်သွားသည့် ရှောင်းကျန့်ရဲ့ဝတ်ရုံလေးကို ပြန်ပြင်ဝတ်ပေးလိုက်သည်။သူ့ရဲ့အောက်ပိုင်းအခြေအနေ ပုံမှန်ပြန်ဖြစ်သွားဖို့အတွက် ရိပေါ်အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်နေလိုက်သည်။ခနအကြာမှာတော့သူ့ကိုယ်သူ ထိန်းချုပ်လိုက်နိုင်သည်။

ရိပေါ်ရှောင်းကျန့်ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲတွင်မလွှတ်တမ်းဖက်ထားမိသည်။ရှောင်းကျန့်ရဲ့လက်မှလက်ပတ်လေးနှစ်ခုကို တွေ့လိုက်ရတာကြောင့် သူပြုံးလိုက်သည်။လက်ပတ်လေးတစ်ခုကို သူယူလိုက်ကာသူ့လက်တွင်ဝတ်လိုက်သည်။သူတို့နှစ်ယောက်ရဲ့ဆင်တူ လက်ပတ်လေးနောက်ဆုံးတော့ သူပြန်ရခဲ့ပြီ။ရိပေါ်မအိပ်ပဲ လွမ်းနေခဲ့ရတဲ့မျက်နှာလေးကိုသာထိုင်ကြည့်နေမိသည်။

ထိုအချိန်မှာပဲ ဘေးကအကောင်ပေါက်သေးသေးလေးက လူးလွန့်လာကာ သူ့လက်ထဲကရှောင်းကျန့်ကိုလာဖက်သည်။ရိပေါ်ရဲ့မျက်ခွန်းတွေ တွန့်ချိုးသွားကာထိုပေါက်စကိုကြည့်လိုက်သည်။အမှန်ဆို ရိပေါ်ကကလေးလုံးဝမချစ်တတ်ပေ။ဒါပေမယ့် ပေါက်စရဲ့ ဖောင်းကားနေတဲ့ပါးကြီးကိုတော့ သူကိုင်ကြည့်ချင်သည်။

ပေါက်စရဲ့ဖောင်းကားနေတဲ့ ပါးကြီးကို ရိပေါ်ဆွဲညှစ်လိုက်သည်။အကောင်ပေါက်လေးကနာသွားသည်ထင်ပါ့။တအိအိနှင့် ရှောင်းကျန့်ရင်ခွင်ထဲတိုးဝင်လာတော့သည်။ကိုင်လို့ကောင်းတာကြောင့် ရိပေါ်နောက်တစ်ခါဆွဲညှစ်လိုက်သည်။ဤသို့နှင့် တစ်ညလုံးသူ့နတ်သားလေးရဲ့မျက်နှာကိုကြည့်လိုက်၊ပေါက်စရဲ့ပါးကိုဆွဲလိုက်နှင့် ရိပေါ်မအိပ်လိုက်ရ။

ပေါက်စီလေးကတော့ အိမ်မက်ထဲမှာမကောင်းဆိုးဝါးကြီးက သူ့ပါပါးကိုစားလိုက်ပြီးသူ့ပါးကိုလိုက်ဆွဲညှစ်နေလို့ ထွက်ပြေးနေရတော့သည်။

__________________________________________

3.7.2020

Warningတွေ့တာပျော်သွားတယ်မလားಠ◡ಠ
မှန်မှန်လိမ်ಠ◡ಠ

နမ်းရုံလေးဆိုပေမယ့်လည်း Warning ပေးလိုက်ပါတယ်။ကလေးတွေအတွက်မသင့်တော်ဘူးထင်လို့ပါ။ဒါပေမယ့်လည်း ဖတ်ကြတာပဲမလား:")

Vote နဲ့ Feedback လေးတွေအများကြီး အများကြီးပေးကြပါအုံးလို့ಠ◡ಠ






Zawgyi







(Warning:‌ေအာက္ပါအေၾကာင္းအရာမ်ားတြင္အိပ္ယာေပၚတြင္နမ္းရႈိက္ခန္းမ်ားပါဝင္ေသာေၾကာင့္ ၁၈ႏွစ္မျပည့္ေသးသူမ်ားဖတ္ရန္မသင့္ေတာ္ပါ)




သူ႔ကိုႏူးညံ့စြာငုံ႔ၾကည့္ေနတဲ့ ေ႐ႊဝါေရာင္မ်က္ဝန္းေတြကို ေရွာင္းက်န႔္စိမ္းသက္မေန။ထိုမ်က္ဝန္းေတြကို သူရင္းႏွီးေနသည္။‌ေရွာင္းက်န္႔ထိုလူ႔ရဲ႕မ်က္ဝန္းေတြဆီက အၾကည့္မလႊဲမိသလို ထိုလူကလည္းသူ႔မ်က္ဝန္းေတြဆီက အၾကည့္မခြာေပ။

"ပါပါး...."

အေနာက္ကထြက္ေပၚလာတဲ့ အသံေသးေသးေလးေၾကာင့္ ေရွာင္းက်န႔္ထိုလူ႔ရင္ခြင္ထဲမွာရွိေနတာကို သတိရသြားၿပီးထိုလူ႔ရင္ခြင္ထဲမွ ႐ုန္းထြက္လိုက္သည္။သူအေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ က်စ္မင္ေလးကဝတ္႐ုံအနက္ႏွင့္လူတစ္ဦးအနားတြင္ယုန္ေလးတစ္ေကာင္ကိုပိုက္ကာရပ္ေနသည္။ေရွာင္းက်န႔္က်စ္မင္အနားသို႔လ်င္ျမန္စြာေျပးသြားလိုက္ကာ က်စ္မင္ရဲ႕လုံးတုတ္ေနတဲ့ခႏၶာကိုယ္ေလးကိုဆြဲဖက္လိုက္သည္။

"ဘယ္ေတြေရာက္ေနတာလဲ....ပါပါးရဲ႕ေပါက္စီေလး...။ပါပါးဘယ္ေလာက္ေတာင္စိတ္ပူေနလဲမသိဘူးလား...."

က်စ္မင္ကသူ႔ရဲ႕လက္‌ေဖာင္းေဖာင္းေသးေသးေလးေတြျဖင့္ ေရွာင္းက်န႔္ရဲ႕ပါးေပၚမွမ်က္ရည္မ်ားကို သုတ္ေပးလိုက္ကာေျပာလိုက္သည္။

"ပါပါး....မငိုပါနဲ႔....ပါပါးငိုရင္သားဝမ္းနည္းတယ္။သားကယုန္ေလးေနာက္ကိုလိုက္သြားရင္းလမ္းေပ်ာက္သြားတာ။ဒါေပမယ့္ အဲ့ဦးဦးကသားကိုျပန္ေခၚလာေပးတာ..."

က်စ္မင္ကမ်က္ႏွာဖုံးႏွင့္လူကို လက္ညႇိဳးထိုးကာေျပာလိုက္သည္။ေရွာင္းက်န႔္ထိုလူကိုဦးၫႊတ္ကာေက်းဇူးတင္လိုက္သည္။

"သားေတာ္ကို ျပန္ေခၚလာခဲ့ေပးလို႔ေက်းဇူးတင္ပါတယ္ သခင္ေလး...."

ထိုလူကဘာမွျပန္မေျပာဘဲ ေရွာင္းက်န႔္ကိုသာၿပဳံး၍သာၾကည့္ေနသည္။ဒါကိုျမင္တဲ့က်ီ႐ႊမ္းရဲ႕ရင္ဘတ္ထဲမွာ စိုးရိမ္ပူပန္မႈေတြဝင္ေရာက္လာသည္။အခုအခ်ိန္မွာ ေရွာင္းက်န႔္ကမ်က္ႏွာကိုပုဝါပါးေလးနဲ႔ဖုံးကြယ္ထားျခင္းမရွိတာေၾကာင့္ ေရွာင္းက်န႔္ရဲ႕ျဖဴႏုၿပီး လွပလြန္းတဲ့မ်က္ႏွာေလးကိုအတားအဆီးမရွိျမင္ေနရသည္။

ေရွာင္းက်န႔္ရဲ႕မ်က္ႏွာကို နန္းေတာ္ကလူတိုင္းျမင္ေတြ႕ၿပီးသြားတဲ့အခ်ိန္ကစၿပီး ေရွာင္းက်န႔္လြတ္လြတ္လပ္လပ္ေနလို႔ရေစရန္ သူကိုယ္တိုင္က မ်က္ႏွာကိုမဖုံးအုပ္ခိုင္းခဲ့တာ။ပြဲေတာ္ရွိသည့္အခ်ိန္ႏွင့္ နန္းေတာ္ကထြက္သည့္အခ်ိန္မွာသာမ်က္ႏွာကို ဖုံးခိုင္းေစခဲ့တာ။အခုေရွာင္းက်န႔္ကိုၾကည့္ရင္းႏူးညံ့စြာ ၿပဳံးေနသည့္ထိုလူေၾကာင့္က်ီ႐ႊမ္းပူပန္လာရသည္။‌

သူ႔အေရွ႕ကထိုလူကိုၾကည့္လိုက္တာႏွင့္ဘုန္းတန္ခိုးဩဇာအာဏာႏွင့္ျပည့္စုံသည့္လူတစ္ေယာက္မွန္းသိသာသည္။ၿပီးေတာ့ထိုလူရဲ႕မ်က္ႏွာမွာဖုံးအုပ္ထားတဲ့ ေ႐ႊေရာင္မ်က္ႏွာဖုံးနဲ႔၊လက္က နဂါးလက္ပတ္ကိုၾကည့္႐ုံႏွင့္ ထိုလူကအခုတေလာနာမည္ေက်ာ္ၾကားေနသည့္ ရန္ႏိုင္ငံ၏အရွင္သခင္ျဖစ္မွန္း သူရိပ္မိလိုက္သည္။ဒီလိုအႏၲရာယ္ရွိတဲ့လူတစ္ေယာက္က ေရွာင္းက်န႔္ကိုမ်က္စိက်သြားမွာကိုသူမလိုလားေပ။ၿပီးေတာ့သူဒီလူနဲ႔ထိပ္တိုက္ရင္မဆိုင္ခ်င္ဘူး။အဓိကကေတာ့ေရွာင္းက်န႔္ကိုဘယ္သူ႔ကိုမွ မေပးႏိုင္ေပ။ေရွာင္းက်န႔္ကသူ႔အပိုင္ပင္ျဖစ္သည္။

ေရွာင္းက်န႔္မွာပိုင္ရွင္ရွိေၾကာင္း သတိေပးခ်င္တာေၾကာင့္ သူေရွာင္းက်န႔္ေဘးသို႔သြားလိုက္သည္။ေရွာင္းက်န႔္ရဲ႕ေဘးမွာမတ္တပ္ရပ္ေနတဲ့က်စ္မင္ကို သူလက္တစ္ဖက္ျဖင့္ေပြ႕ခ်ီလိုက္ကာက်န္တဲ့လက္တစ္ဖက္ျဖင့္ ေရွာင္းက်န႔္ရဲ႕ခါးေလးကိုဆြဲဖက္ကာ သူ႔ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။အျပင္လူရွိေနတဲ့အခ်ိန္မ်ိဳးဆို သူ႔ဂုဏ္သိကၡာကိုငဲ့တြက္ကာ ေရွာင္းက်န႔္ကသူ႔ကိုမဆန႔္က်င္တတ္ေပ။အခုလည္းသူ႔ရင္ခြင္ထဲမွ ၿငိမ္ၿငိမ္ေလးေနေနတဲ့ ေရွာင္းက်န႔္ေၾကာင့္ သူၿပဳံးလိုက္သည္။မ်က္ႏွာဖုံးေအာက္ကမ်က္ဝန္းေတြ ေအးစက္သြားတာကိုေတာ့သူသတိမထားမိခဲ့။

သူ႔ေရွ႕ကရန္ႏိုင္ငံရဲ႕အရွင္သခင္ကို ၿပဳံးၾကည့္ကာေမးခြန္းထုတ္လိုက္သည္။

"အခုလိုမ်ိဳး နာမည္ေက်ာ္ၾကားေနတဲ့အရွင္သခင္က ကြၽန္ေတာ္တို႔က်ိဳးျပည္ကို ေရာက္ရွိလာတဲ့အတြက္ ကြၽန္ေတာ္ဂုဏ္ယူမိပါတယ္။ဒါေပမယ့္....ကြၽန္ေတာ္အတင့္ရဲစြာနဲ႔ေမးပါရေစ။အရွင္သခင္ က်ိဳးတိုင္းျပည္ကိုေရာက္ေနတဲ့အေၾကာင္းအရင္းေလး သိခြင့္ရွိမလားဗ်ာ...."

က်ီ႐ႊမ္းရဲ႕ေမးခြန္းကိုၾကားေတာ့ အရွင္သခင္ကထရယ္သည္။သူ႔ရဲ႕ဩရွရွရယ္သံေၾကာင့္ ေရွာင္းက်န႔္ႏွလုံးသားေလးက တုန္ယင္လာရသည္။ၾကည့္ရတာ သားေပ်ာက္သြားလို႔ရင္တုန္ေနတာမေပ်ာက္ေသးဘူး ထင္ပါရဲ႕။

"က်ိဳးတိုင္းျပည္ရဲ႕ ဘုရင္ဆိုတဲ့အတိုင္းပဲ။တကယ္ကိုအျမင္စူးရွလိုက္တာဗ်ာ။ကြၽန္ေတာ့္ကိုတစ္ခ်က္ၾကည့္႐ုံနဲ႔ ဘယ္သူမွန္းခန႔္မွန္းႏိုင္တယ္...."

ထိုစကားကို အရွင္သခင္ဆိုသည့္လူကရယ္သံစြက္၍ျပန္ေျဖသည္။ၿပီးတာနဲ႔ထိုသူ႔မ်က္ႏွာက ျပန္တည္သြားကာ က်ီ႐ႊမ္းရဲ႕ေမးခြန္းကိုထပ္ေျဖသည္။

"က်ိဳးႏိုင္ငံကိုေရာက္ေနတယ္ဆိုတာလည္းတျခားေထြေထြထူးထူး အေၾကာင္းမရွိပါဘူးဗ်ာ။ကြၽန္ေတာ္ရစရာရွိတဲ့ အေႂကြးေတြနဲ႔ကြၽန္ေတာ္ပိုင္တဲ့အရာကို ျပန္လာယူ႐ုံပါ...."

ထိုစကားကိုေျပာခ်ိန္မွာ ထိုလူ႔ရဲ႕မ်က္ႏွာကတင္းမာကာေအးစက္ေနသည္။ဒါေပမယ့္လည္းခနမွ်သာျဖစ္သည္။ၿပီးတာနဲ႔ထိုလူရဲ႕ ႏႈတ္ခမ္းမွာအၿပဳံးေလးျပန္ေပၚလာျပန္သည္။႐ုပ္ေျပာင္း႐ုပ္လႊဲျမန္တဲ့ထိုလူကိုၾကည့္ကာ ေရွာင္းက်န႔္ေတြးမိသည္။ဒီလူကတကယ္ကိုခန႔္မွန္းရခက္တယ္။ေရွာင္းက်န႔္ေတြးေနတုန္းမွာပဲ ထိုလူ႔ဆီကစကားသံထပ္ထြက္လာသည္။

"မင္းႀကီးကိုကြၽန္ေတာ္တစ္ခုေလာက္ေတာ့ အႀကံေပးပါရေစ...."

"ေျပာပါ.... "

"ကေလးတစ္ေယာက္နန္းေတာ္ထဲကထြက္သြားတာကိုေတာင္ မသိတဲ့လူေတြကို နန္းေတာ္အေစာင့္တာဝန္မေပးသင့္ဘူး...."

ထိုလူရဲ႕စကားကို က်ီ႐ႊမ္းကနားလည္သလိုေခါင္းျငႇိမ့္ျပလိုက္သည္။

"သတိေပးတာေက်းဇူးပါ။ကြၽန္ေတာ္ ဂိတ္တံခါးကနန္းေတာ္ေစာင့္ေတြကို ျပစ္ဒဏ္စီရင္လိုက္ပါ့မယ္...."

အရွင္သခင္ကိုျပန္ေျဖၿပီးတာနဲ႔ က်ီ႐ႊမ္းကသူ႔လက္ထဲက က်စ္မင္ကိုၾကည့္ကာေျပာလိုက္သည္။

"ေနာက္တစ္ခါလူႀကီးေတြကို အသိမေပးဘဲဘယ္မွမသြားရဘူးေနာ္ သားေတာ္...။ခမည္းေတာ္နဲ႔ပါပါးနဲ႔ကို စိတ္ပူေအာင္မလုပ္ရဘူးေနာ္..."

က်ီ႐ႊမ္းရဲ႕စကားကို က်စ္မင္ကနားလည္သလိုေလး ေခါင္းျငႇိမ့္ျပၿပီးသည္ႏွင့္ က်ီ႐ႊမ္းရဲ႕လည္ပင္းနားကိုေခါင္းေလးကပ္ကာ မ်က္ႏွာေလးကိုဖြက္လိုက္သည္။ေရွာင္းက်န႔္ကက်ီ႐ႊမ္းလက္ထဲကက်စ္မင္ကိုၾကည့္ကာ ေျပာလိုက္သည္။

"ေက်းဇူးတင္ပါတယ္လို႔ ေျပာလိုက္အုံးေလ သားေတာ္..."

ေရွာင္းက်န႔္ရဲ႕စကားေၾကာင့္က်စ္မင္က သူ႔ရဲ႕မ်က္ႏွာေဖာင္းေဖာင္းေလးကို ဖြက္ထားရာမွျပန္ေဖာ္လိုက္ၿပီး ေျပာလိုက္သည္။

"သားကိုကယ္ေပးတာ ေက်းဇူးတင္ပါတယ္ခင္ဗ်..."

ရိေပၚသူ႔ကိုၾကည့္ကာ ေက်းဇူးတင္စကားဆိုလာတဲ့ ကေလးေလးကိုၿပဳံးျပလိုက္သည္။သူတို႔ရဲ႕ရန္ျငႇိဳးက ဒီကေလးႏွင့္ဘာမွမဆိုင္ေပ။ၿပီးေတာ့ကေလးတစ္ေယာက္ကို ‌ဆြဲထည့္ရေလာက္ေအာင္လည္း သူမရက္စက္ေပ။ကေလးကိုအိမ္ျပန္ေရာက္ေအာင္ ပို႔ၿပီးသည္ျဖစ္သည့္အတြက္ရိေပၚလွည့္ျပန္ဖို႔လုပ္လိုက္သည္။မျပန္ခင္ သူ႔နတ္သားေလးကိုတစ္ခ်က္လွည့္ၾကည့္လိုက္သည္။အရင္ကထက္ပင္အဆေပါင္းမ်ားစြာပို၍လွလာပါေသာ သူ႔နတ္သားေလးေၾကာင့္ရိေပၚစိတ္ေတြ အစိုးမရေတာ့ေပ။ျဖစ္ႏိုင္ရင္အခုခ်က္ခ်င္း ေခၚသြားခ်င္သည္။ဒါေပမယ့္အခ်ိန္မက်ေသးေပ။

"အရွင္သခင္ ဘယ္မွာတည္းခိုမွာလည္းဆိုတာသိလို႔ရမလား..."

က်ီ႐ႊမ္းရဲ႕စကားသံေၾကာင့္ သူ႔အေတြးေတြပ်က္သြားရသည္။

"ၿမိဳ႕ထဲကတည္းခိုခန္းတစ္ခုခုမွာပဲ တည္းခိုျဖစ္မွာပါ..."

"ကြၽန္ေတာ့္သားေတာ္ကို ကယ္ေပးခဲ့တဲ့ေက်းဇူးကိုဆပ္ခ်င္လို႔ ကြၽန္ေတာ္တို႔နန္းေတာ္မွာပဲတည္းပါလား....."

"ေကာင္းၿပီေလ...."

သူ႔နတ္သားေလးနဲ႔ နီးကပ္စြာရွိရမယ့္အခြင့္အေရးကို သူဘာေၾကာင့္လက္လႊတ္ရမွာလဲ....။

"ေရွာင္က်ားယြီ...."

က်ီ႐ႊမ္းေခၚလိုက္တဲ့လူရဲ႕နာမည္ကိုၾကားသည့္အခ်ိန္မွာ ရိေ႐ႊဝါေရာင္မ်က္ဝန္းေတြကေဒါသေရာင္ေတြသန္းလာကာ ေအးစက္လာသည္။ရိေပၚရဲ႕ေအးစက္စက္အေငြ႕အသက္ကို ခံစားမိတဲ့ေရွာင္က်ားယြီလည္းလန႔္လာရသည္။အရွင္သခင္ကို သူဘာအျပစ္မ်ားလုပ္မိလို႔လဲ။ထိုအရာေတြကို သတိမျပဳမိတဲ့က်ီ႐ႊမ္းကေတာ့ ေရွာင္က်ားယြီကိုအမိန႔္ေပးလိုက္သည္။

"အရွင္သခင္ကို နားေနရမယ့္အေဆာင္ကိုေခၚသြားေပးလိုက္ပါ...."

"ဟုတ္ကဲ့...."

ေရွာင္က်ားယြီရဲ႕အျပင္ပိုင္းကသာ တည္ၿငိမ္ေနေပမယ့္ စိတ္ထဲမွာေတာ့ေၾကာက္႐ြံ႕မႈေတြႏွင့္ျပည့္ႏွက္ေနၿပီျဖစ္သည္။သူ႔ကိုေအးစက္စြာၾကည့္ေနတဲ့ထိုလူကို ေဆာင္ကိုလိုက္ပို႔ခိုင္းတဲ့က်ီ႐ႊမ္းကိုသာက်ိန္ဆဲမိသည္။ေရွာင္က်ားယြီနဲ႔ အရွင္သခင္ထြက္သြားတာႏွင့္ ေရွာင္းက်န႔္က်ီ႐ႊမ္းရင္ခြင္ထဲမွ႐ုန္းထြက္လိုက္သည္။က်ီ႐ႊမ္းကထိုအရာကိုမသိခ်င္ေယာင္သာ ေဆာင္လိုက္သည္။

"ကိုယ့္ေမြးေန႔ကေရာက္ေတာ့မွာဆိုေတာ့ တျခားႏိုင္ငံက ဧည့္သည္ေတြမၾကာခင္နန္းေတာ္ကိုလာၾကေတာ့မွာ။အခုခ်ိန္ကစၿပီး မင္းမ်က္ႏွာကိုဖုံးထားလိုက္ေတာ့ေနာ္....."

က်ီ႐ႊမ္းေျပာတာက လုပ္သင့္သည့္အရာျဖစ္တာေၾကာင့္ ေရွာင္းက်န႔္သေဘာတူလိုက္သည္။

သူ႔ေရွ႕ကလမ္းျပေပးေနတဲ့ ေရွာင္က်ားယြီကိုျဖစ္ႏိုင္လွ်င္ ဝမ္ရိေပၚအခုခ်က္ခ်င္းပင္သတ္ပစ္ခ်င္မိသည္။ဒါေပမယ့္ အခ်ိန္မက်ေသးတာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္သာထိန္းခ်ဳပ္ထားလိုက္သည္။သူေနရမည့္အေဆာင္ကိုျပၿပီးသည္ႏွင့္ ေရွာင္က်ားယြီကျပန္ထြက္သြားသည္။ေရွာင္က်ားယြီထြက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ အနက္ေရာင္ဝတ္စုံႏွင့္လူတစ္ေယာက္က ေရာက္လာသည္။

"အရွင္သခင္...."

ထိုလူကရိေပၚကိုဦးၫႊတ္ကာႏႈတ္ဆက္လိုက္သည္။

"ရွာေတြ႕ၿပီလား...."

"ဟုတ္ကဲ့....အရွင္သခင္....."

ရိေပၚရဲ႕မ်က္ႏွာမွာေၾကာက္ဖို႔ေကာင္းတဲ့ အၿပဳံးတစ္ခုကေပၚေပါက္လာသည္။ရိေပၚရဲ႕အၿပဳံးကိုျမင္လိုက္ရတဲ့ ဝတ္႐ုံအနက္ႏွင့္လူမွာဝိဉာည္လြင့္မတတ္ေၾကာက္႐ြံ႕သြားရသည္။သူတို႔သခင္ၿပဳံးရင္ေၾကာက္ဖို႔ေကာင္းတဲ့အရာတစ္ခု ျဖစ္ေတာ့မည္ဆိုတာကေတာ့ က်ိန္းေသသည္။

_________________________________________

အိပ္ခ်ိန္ေရာက္ေနၿပီျဖစ္ေသာ္လည္း ေရွာင္းက်န႔္မအိပ္ႏိုင္ေသးေပ။သူ႔ေခါင္းထဲတြင္ အရွင္သခင္ဆိုတဲ့လူအေၾကာင္းကသာ စိုးမို႔လို႔ေနသည္။သူနဲ႔အရွင္သခင္ဆိုတဲ့လူဟာ ဒီေန႔မွပထမဆုံးစေတြ႕ဖူးၾကတာျဖစ္သည္။ဒါေပမယ့္ဘာေၾကာင့္မ်ား သူ႔စိတ္ထဲမွာအရွင္သခင္ကိုရင္းႏွီးေနတယ္လို႔ ခံစားေနရပါလိမ့္။

သူ႔ကိုႏူးႏူးညံ့ညံ့နဲ႔စိုက္ၾကည့္ေနခဲ့တဲ့ ေ႐ႊဝါေရာင္မ်က္ဝန္းေတြကိုျပန္ျမင္ေယာင္မိခ်ိန္မွာေတာ့ သူ႔ႏွလုံးသားေလးက လ်င္ျမန္စြာခုန္လႈပ္လာရသည္။အစကသားေပ်ာက္သြားလို႔ စိတ္ပူၿပီးရင္တုန္တာလို႔ထင္ခဲ့ေပမယ့္ အခုေတာ့ဟုတ္ဟန္မေပၚေပ။ရိေပၚမဟုတ္တဲ့အျခားသူတစ္ေယာက္အေပၚ ရင္ခုန္ေနမိတဲ့သူ႔ကိုယ္သူ ေဒါသထြက္လာသည္။လက္မွာပတ္ထားတဲ့ လက္ပတ္ေလးႏွစ္ခုကိုဆုပ္ကိုင္လိုက္ကာ ေရွာင္းက်န႔္ေတာင္းပန္စကားဆိုမိသည္။

"ေတာင္းပန္ပါတယ္.....ရိေပၚ....."

"ပါပါး...."

သားရဲ႕အသံေၾကာင့္ က်ခ်င္ေနသည့္မ်က္ရည္ေတြကိုေရွာင္းက်န႔္သုတ္လိုက္သည္။ေခါင္းအုံးေလးကိုပိုက္ကာ လုံးလုံးလုံးလုံးႏွင့္သူ႔ဆီေရာက္လာသည့္ ေပါက္စီလုံးေလး။ကုတင္နားကိုေရာက္ေတာ့ ကုတင္ေပၚသို႔သူမတက္ႏိုင္တာေၾကာင့္ လက္ေလးႏွစ္ဖက္ကိုေျမႇာက္ကာ ေရွာင္းက်န႔္ကိုခ်ီခိုင္းလာသည္။ေရွာင္းက်န႔္ေပါက္စီလုံးေလးကိုခ်ီကာကုတင္ေပၚတင္ေပးလိုက္သည္။

"သားကပါပါးနဲ႔လာအိပ္တာ..."

"ဟုတ္လား....လိမၼာလိုက္တာပါပါးရဲ႕သားေလးက....ပါပါးရင္ခြင္ထဲလာပါအုံး...."

ေရွာင္းက်န႔္ရင္ခြင္ထဲကို အင့္ခနဲပစ္ဝင္လာသည့္ခႏၶာကိုယ္လုံးလုံးေလး။‌ေပါက္စီလုံးေလးရဲ႕ ေဖာင္းေနတဲ့ပါးႀကီးႏွစ္ဖက္ကိုေရွာင္းက်န႔္နမ္းလိုက္သည္။

"အိပ္ေတာ့....ပါပါးရဲ႕ေပါက္စီေလး...."

ေပါက္စီလုံးေလးရဲ႕ လုံးေနတဲ့တင္ေလးကိုျဖည္းျဖည္းခ်င္းပုတ္ကာသိပ္ေနတဲ့ ေရွာင္းက်န႔္ေၾကာင့္ ခနေလးအတြင္းမွာပဲ ေပါက္စီေလးအိပ္ေပ်ာ္သြားရသည္။အိပ္ေပ်ာ္ေနတဲ့ေပါက္စီေလးရဲ႕ ျဖဴစင္တဲ့မ်က္ႏွာေလးကိုေရွာင္းက်န႔္ၾကည့္ေနမိသည္။ဒီနန္းေတာ္မွာသူဆက္ေနရျခင္းရဲ႕ တစ္ခုတည္းေသာအေၾကာင္းျပခ်က္ေလး။ေပါက္စီေလးသာမရွိရင္ သူရိေပၚေနာက္ကိုလိုက္သြားမိမွာ...။

ေပါက္စီေလးအိပ္ၿပီးခနအၾကာမွာပဲ ေရွာင္းက်န႔္ရဲ႕မ်က္ဝန္းေတြေမွးစင္းလာရသည္။သူဘာေၾကာင့္႐ုတ္တရက္ႀကီးအိပ္ခ်င္လာရပါလိမ့္။သိပ္မၾကာခင္မွာပဲ ေရွာင္းက်န႔္အိပ္ေပ်ာ္သြားရသည္။

ေရွာင္းက်န႔္အိပ္ေပ်ာ္သြားသည္ႏွင့္ အခန္းထဲသို႔ရိေပၚဝင္လာလိုက္သည္။ကေလးေလးကိုဖက္ကာအိပ္ေပ်ာ္ေနသည့္သူ႔နတ္သားေလး။သူ႔နတ္သားေလးကိုဖက္ထားသည့္ လက္ေသးေသးေလးေတြရဲ႕ပိုင္ရွင္ကို ဂုတ္ကေနမကာေဘးသို႔ပို႔လိုက္သည္။

ကေလးေလးက တအိအိႏွင့္ရႈိက္ကာျပန္အိပ္သြားသည္။အိပ္ေပ်ာ္ေနတဲ့သူ႔နတ္သားေလးရဲ႕ မ်က္ႏွာေလးကိုရိေပၚတစိမ့္စိမ့္ၾကည့္ေနမိသည္။လြမ္းေနခဲ့ရတာ....အခ်စ္ရယ္။ေနာက္ဆုံးမွာေတာ့ ရိေပၚကိုယ့္ကိုကိုယ္မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။ရိေပၚရဲ႕ႏႈတ္ခမ္းလႊာဟာ ေရွာင္းက်န႔္ရဲ႕ႏူးညံ့ရဲေထြးေနသည့္ႏႈတ္ခမ္းေလးႏွင့္ ထပ္တူက်သြားေတာ့သည္။

"အင့္...."

အိမ္မက္ေယာင္ေနသူတစ္ေယာက္လို သူ႔နတ္သားေလးကရိေပၚရဲ႕အနမ္းေတြကို ျပန္လည္တုန႔္ျပန္လာသည္။ေရွာင္းက်န႔္ရဲ႕ႏႈတ္ခမ္းေလးကိုအသာဖြင့္ဟေစၿပီး သူ႔ရဲ႕လွ်ာျဖင့္ေရွာင္းက်န႔္လွ်ာေလးကိုစုပ္ယူလိုက္သည္။‌သူ႔နတ္သားေလးရဲ႕ခံတြင္းတစ္ခုလုံးေနရာလပ္မက်န္ ရိေပၚစုပ္ယူနမ္းရႈိက္ေနမိသည္။သူ႔နတ္သားေလးအသက္ရႉက်ပ္လာသည္ထင္ပါရဲ႕။ေမာဟိုက္သံေလးေတြထြက္လာသည္။ရိေပၚအနမ္းေတြကိုခနရပ္လိုက္သည္။ေရွာင္းက်န႔္ရဲ႕မ်က္ဝန္းေလးေတြက ျဖည္းညႇင္းစြာပြင့္လာေသာ္လည္း ရိေပၚမလန႔္မိပါ။သူေပးထားတဲ့အိပ္ေဆးေၾကာင့္ သူ႔နတ္သားေလးက အခုကိစၥကိုအိမ္မက္လို႔ပဲထင္ေနမွာပင္ျဖစ္သည္။

"ရိေပၚ....."

သူ႔နတ္သားေလးဆီက သူ႔နာမည္ေခၚသံကိုၾကားလိုက္ရသည့္အတြက္ရိေပၚ ရင္ေတြခုန္လာသည္။သူ႔နာမည္ကိုေခၚၿပီးတာႏွင့္ သူ႔နတ္သားေလးကျပန္၍အိပ္ေပ်ာ္သြားသည္။ရိေပၚသူ႔နတ္သားေလးရဲ႕ ႏႈတ္ခမ္းေအာက္ကမွဲ႔ေလးကိုတစ္ခ်က္ နမ္းလိုက္ၿပီး အနမ္းေတြကိုလည္တိုင္ျဖဴဝင္းဝင္းသို႔ ဆင္းသက္ေစလိုက္သည္။

လည္တိုင္ေလးကိုစုပ္ယူနမ္းရႈိက္လိုက္သည္ႏွင့္ သူ႔နတ္သားေလးရဲ႕ ခႏၶာကိုယ္ေလးကတုန္ယင္လာၿပီး ညည္းသံေလးေတြထြက္ေပၚလာသည္။သူ႔နတ္သားေလးရဲ႕ညအိပ္ဝတ္႐ုံပါးေလးမွ ခါးစည္းႀကိဳးကိုရိေပၚျဖည္ခ်လိုက္သည္။ေပၚထြက္လာတဲ့ ျဖဴႏုေနတဲ့အသားစိုင္ေလးေတြေၾကာင့္ ရိေပၚေအာက္ပိုင္းက သိသိသာသာေျပာင္းလဲလာသည္။

ေရွာင္းက်န႔္ရဲ႕ရင္ဘတ္ေလးေတြကို ရိေပၚအငမ္းမရနမ္းရႈိက္လိုက္သည္။ႏူးညံ့ေနသည့္ အသားအိအိေလးေတြကိုနမ္း႐ုံနဲ႔တင္ အားမရတာေၾကာင့္ ရင္ဘတ္ကအရာေလးေတြကိုကိုက္လိုက္သည္။ရိေပၚရဲ႕အနမ္းေတြက ေရွာင္းက်န႔္ရဲ႕ရင္ဘတ္ကေန ခ်ပ္ကပ္ေနတဲ့ဗိုက္သားေလးေတြဆီသို႔ ကူးေျပာင္းသြားသည္။ရိေပၚရဲ႕ အနမ္းၾကမ္းေတြေၾကာင့္ ေရွာင္းက်န႔္ကိုယ္ေပၚမွာအနီေရာင္ အမွတ္အသားေလးေတြေပၚလာရသည္။

"အ့....အ့....ရိေပၚ...."

အခုလိုအသိစိတ္မရွိသည့္အခ်ိန္မွာေတာင္ သူ႔နာမည္ကိုညည္းလိုက္သည့္ သူ႔နတ္သားေလးေၾကာင့္ ရိေပၚေက်နပ္သြားရသည္။ရိေပၚကေရွာင္းက်န႔္ရဲ႕ ျဖဴေဖြးေနေသာေပါင္တံသြယ္သြယ္ေလးေတြကို နမ္းရႈိက္သည္။ႏူးညံ့‌ေနသည့္အသားအိအိေလးေတြကိုနမ္းရႈိက္႐ုံႏွင့္အားမရတာေၾကာင့္ အနီေရာင္အကြက္ေလးေတြေပၚလာသည္အထိ စုပ္ယူပစ္သည္။ကိုက္ပစ္သည္။ေရွာင္းက်န႔္ရဲ႕ ေျခဖမိုးျဖဴျဖဴေလးေတြ၊ေျခေခ်ာင္းျဖဴျဖဴေလးေတြပါမက်န္ ရိေပၚနမ္းရႈိက္ပစ္သည္။

ေဘးနားကလႈပ္လႈပ္လႈပ္လႈပ္ အရာေလးေၾကာင့္ရိေပၚသတိျပန္ဝင္လာသည္။အင္း....ဒီေန႔ေတာ့ဒီေလာက္ပါပဲ။ေနာက္ဆုံးအေနႏွင့္ ေရွာင္းက်န႔္ရဲ႕ေျခဖဝါးေလးကို တစ္ခ်က္နမ္းကာအနမ္းေတြကိုအဆုံးသတ္လိုက္သည္။သူ႔ေၾကာင့္ဖ႐ိုဖရဲ ျဖစ္သြားသည့္ ေရွာင္းက်န႔္ရဲ႕ဝတ္႐ုံေလးကို ျပန္ျပင္ဝတ္ေပးလိုက္သည္။သူ႔ရဲ႕ေအာက္ပိုင္းအေျခအေန ပုံမွန္ျပန္ျဖစ္သြားဖို႔အတြက္ ရိေပၚအသက္ကို ျပင္းျပင္းရႉသြင္း ရႉထုတ္ေနလိုက္သည္။ခနအၾကာမွာေတာ့သူ႔ကိုယ္သူ ထိန္းခ်ဳပ္လိုက္ႏိုင္သည္။

ရိေပၚေရွာင္းက်န႔္ခႏၶာကိုယ္ေလးကို ရင္ခြင္ထဲတြင္မလႊတ္တမ္းဖက္ထားမိသည္။ေရွာင္းက်န႔္ရဲ႕လက္မွလက္ပတ္ေလးႏွစ္ခုကို ေတြ႕လိုက္ရတာေၾကာင့္ သူၿပဳံးလိုက္သည္။လက္ပတ္ေလးတစ္ခုကို သူယူလိုက္ကာသူ႔လက္တြင္ဝတ္လိုက္သည္။သူတို႔ႏွစ္ေယာက္ရဲ႕ဆင္တူ လက္ပတ္ေလးေနာက္ဆုံးေတာ့ သူျပန္ရခဲ့ၿပီ။ရိေပၚမအိပ္ပဲ လြမ္းေနခဲ့ရတဲ့မ်က္ႏွာေလးကိုသာထိုင္ၾကည့္ေနမိသည္။

ထိုအခ်ိန္မွာပဲ ေဘးကအေကာင္ေပါက္ေသးေသးေလးက လူးလြန႔္လာကာ သူ႔လက္ထဲကေရွာင္းက်န႔္ကိုလာဖက္သည္။ရိေပၚရဲ႕မ်က္ခြန္းေတြ တြန႔္ခ်ိဳးသြားကာထိုေပါက္စကိုၾကည့္လိုက္သည္။အမွန္ဆို ရိေပၚကကေလးလုံးဝမခ်စ္တတ္ေပ။ဒါေပမယ့္ ေပါက္စရဲ႕ ေဖာင္းကားေနတဲ့ပါးႀကီးကိုေတာ့ သူကိုင္ၾကည့္ခ်င္သည္။

ေပါက္စရဲ႕ေဖာင္းကားေနတဲ့ ပါးႀကီးကို ရိေပၚဆြဲညႇစ္လိုက္သည္။အေကာင္ေပါက္ေလးကနာသြားသည္ထင္ပါ့။တအိအိႏွင့္ ေရွာင္းက်န႔္ရင္ခြင္ထဲတိုးဝင္လာေတာ့သည္။ကိုင္လို႔ေကာင္းတာေၾကာင့္ ရိေပၚေနာက္တစ္ခါဆြဲညႇစ္လိုက္သည္။ဤသို႔ႏွင့္ တစ္ညလုံးသူ႔နတ္သားေလးရဲ႕မ်က္ႏွာကိုၾကည့္လိုက္၊ေပါက္စရဲ႕ပါးကိုဆြဲလိုက္ႏွင့္ ရိေပၚမအိပ္လိုက္ရ။

ေပါက္စီေလးကေတာ့ အိမ္မက္ထဲမွာမေကာင္းဆိုးဝါးႀကီးက သူ႔ပါပါးကိုစားလိုက္ၿပီးသူ႔ပါးကိုလိုက္ဆြဲညႇစ္ေနလို႔ ထြက္ေျပးေနရေတာ့သည္။

__________________________________________

3.7.2020

Warningေတြ႕တာေပ်ာ္သြားတယ္မလားಠ◡ಠ
မွန္မွန္လိမ္ಠ◡ಠ

နမ္း႐ုံေလးဆိုေပမယ့္လည္း Warning ေပးလိုက္ပါတယ္။ကေလးေတြအတြက္မသင့္ေတာ္ဘူးထင္လို႔ပါ။ဒါေပမယ့္လည္း ဖတ္ၾကတာပဲမလား:")

Vote နဲ႔ Feedback ေလးေတြအမ်ားႀကီး အမ်ားႀကီးေပးၾကပါအုံးလို႔ಠ◡ಠ

Continue Reading

You'll Also Like

61.3K 2.7K 52
အချစ်ကနူးနူးညံ့ညံ့ သ်မ်သိမ်မွေ့မွေ့လေးနဲ့ နှလုံးသား ပလ္လင်ထက်နန်းတက်သည်💙
160K 2.7K 58
Amelia Arnolds is just your average Joe. She isn't anything too miraculous, yet. But knowing the davenports changes that. Being with chase changes th...
2.6K 84 17
Sailor Moon X One Punch Man Serena trains like Saitama before the main events of Sailor Moon occur. Will she ever find someone too powerful for h...
869K 57.3K 34
ရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိ‌ပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန်ကြိုးစားခဲ့တယ်.. ဒါပေမယ့်သူဝန်ခံတဲ့နေ့မ...