မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...

By Thawdar_Y

742K 82.1K 3.6K

Wang Yibo× Xiao Zhan *Photo crd to original owner* More

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၅⚠
၃၆
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra

၃၄

13.4K 1.8K 119
By Thawdar_Y








Unicode



ဖယောင်းတိုင်မီးလေးတွေ ထွန်းညှိထားတဲ့အခန်းတစ်ခုအတွင်းသို့ ဝတ်ရုံပါးလေးတစ်ခုကိုဝတ်ဆင်ထားသောမိန်းမငယ်လေးဟာ ဝင်ရောက်လို့လာသည်။ဝတ်ရုံကပါးလွှာလွန်းတာကြောင့် သူမရဲ့ဆွဲဆောင်မှုပြင်းလွန်းတဲ့အတွင်းသားအမို့အမောက်တွေကို မြင်တွေ့နေရသည်။သူမကတော့သေဆုံးသွားတဲ့ရန်ဘုရင်ရဲ့အချစ်ဆုံး မိဖုရားပင်ဖြစ်သည်။

သူမကအခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။သူမရဲ့အကြည့်‌တွေကအခန်းထဲကကုတင်ထက်မှာလှဲလျောင်းနေတဲ့ လူငယ်တစ်ဦးထံသို့ရောက်ရှိသွားသည်။ထိုလူငယ်ဟာ မျက်နှာတစ်ဝက်ကိုဖုံးထားတဲ့မျက်နှာဖုံးတစ်ခုကိုဝတ်ဆင်လို့ထားပြီး ကုတင်ထက်တွင်သူ့ရဲ့သွေးကြောအဖြိုင်းဖြိုင်းထနေတဲ့ လက်ဖြင့်‌ခေါင်းကိုထောက်ထားကာ ငြိမ်သက်စွာလှဲလျောင်းနေသည်။

လျော့တိလျော့ရဲဝတ်ဆင်ထားတဲ့ ဝတ်ရုံကြောင့်ထိုလူငယ်ရဲ့ နဂါးပုံတက်တူးဝင့်ကြွားစွာရှိနေတဲ့တောင့်တင်းနေတဲ့ရင်ဘတ်ကို မြင်တွေ့နေရသည်။မျက်နှာကိုဖုံးကွယ်ထားပေမယ့်လည်းထိုလူငယ်က ချောမောခန့်ညားမယ့်လူငယ်ဆိုတာတစ်ချက်ကြည့်ရုံနှင့်သိနိုင်သည်။ထိုလူငယ်ရဲ့ခန့်ညားမှုကိုမြင်တွေ့လိုက်ရတဲ့ ရန်ဘုရင်ရဲ့မိဖုရားဟာရှက်သွေးဖြာသွားရသည်။

ဒီလိုချောမောခန့်ညားတဲ့လူမျိုးဆိုတာ သူမလိုလှပတဲ့လူနဲ့သာလိုက်ဖက်တာ။ပြီးတော့ဒီလိုတောင့်တင်းခိုင်မာတဲ့လူငယ်က ရန်ဘုရင်ထက်စာရင်အိပ်ယာထဲမှာဆိုအကောင်းမွန်ဆုံးစွမ်းဆောင်နိုင်မယ်ဆိုတာသူမသေချာသိသည်။သူမဆုံးဖြတ်လိုက်သည်။ဒီလူကိုသူမအပိုင်ဖြစ်အောင်လုပ်ရမည်။ထိုလူ့ကိုစတွေ့တည်းကသူမရဲ့အကြည့်တွေကိုထိုလူ့ဆီကမခွာနိုင်ခဲ့ပေ။ဘေးနားမှာရန်ဘုရင်ရှိနေလို့သာသူမဘာမှမတတ်နိုင်ခဲ့တာ။အခုတော့ရန်ဘုရင်ဆိုတဲ့အဘိုးကြီးလည်းသေပြီ‌ဆိုတော့ သူမစိုးရိမ်နေစရာမလိုတော့ပေ။

သူမထိုလူကိုစိုက်ကြည့်နေတုန်းမှာပဲ ထိုလူရဲ့ရွှေဝါရောင်မျက်လုံးတွေက ပွင့်လာသည်။ထိုလူရဲ့စူးရဲတဲ့မျက်ဝန်းတွေနဲ့သူမအကြည့်ချင်းဆုံမိချိန်မှာတော့ သူမမျက်နှာလေးရှက်သွေးဖြာမှုကြောင့်နီရဲသွားရသည်။ထိုလူ့ရဲ့နှုတ်ခမ်းဖျားတွေကသူမကိုမြင်ချိန်မှာတော့ ပြုံးယောင်သန်းသွားတာကြောင့်သူမရဲ့ကိုယ့်ကိုကိုယ်အပေါ် ယုံကြည်မှုတွေမြင့်တက်လာသည်။သူမရဲ့အလှကိုဘယ်ယောက်ျားကမှ မငြင်းဆန်နိုင်ပါဘူး။ထိုလူငယ်ရဲ့အပြုံးတွေကအေးစက်နေတယ်ဆိုတာကိုတော့သူမသတိမထားမိခဲ့။သူမခန္ဓာကိုယ်ကို ညွှတ်ကိုင်းကာထိုလူငယ်ကိုနှုတ်ဆက်လိုက်သည်။

"အရှင်...."

ထိုလူငယ်ရဲ့ဩရှရှအသံထွက်ပေါ်လာချိန်မှာသူမပို၍ပင်ရှက်သွေးဖြာသွားရသည်။ထိုလူငယ်ကသူ့ရဲ့လက်တွေနဲ့သူမကိုထွေးပွေ့ပြီး အိပ်ယာထဲမှာလူးလှိမ့်နေမယ့်အချိန်ကိုသူမ မစောင့်နိုင်တော့ဘူး။

"ဒီအခန်းထဲကိုဘယ်လိုရောက်နေတာလဲ....အလှလေး....."

သူမကို"အလှလေး"လို့ခေါ်လိုက်တာကြောင့်သူမရဲ့ ယုံကြည်မှုတွေကပိုလို့ပင်မြင့်တက်သွားခဲ့သည်။

"အရှင်....ကျွန်မကအရှင်ပျင်းနေမှာစိုးလို့ ဖျော်ဖြေပေးဖို့လာခဲ့တာပါ...."

ထိုလူငယ်ကလှဲလျောင်းနေရာကနေ ကုတင်ဘောင်ကိုမှီကာထိုင်လိုက်သည်။ပြီးတော့သူမကိုစိတ်ဝင်စားစွာကြည့်လို့နေသည်။ထိုလူရဲ့စူးရဲတဲ့အကြည့်တွေကြောင့် သူမခန္ဓာကိုယ်လေးတုန်ယင်လာရသည်။ထိုလူရဲ့အကြည့်စူးစူးတွေအောက်မှာ သူမဘာမှမလုပ်နိုင်ဘဲရပ်သာရပ်နေမိသည်။ခနအကြာမှာတော့ ထိုလူဆီကဩရှရှစကားသံထွက်လာပြန်သည်။

"မင်းပြောတော့ ဖျော်ဖြေမလို့ဆို....ဒီအတိုင်းပဲရပ်နေတော့မှာလား...."

ထိုတော့မှသူမသတိပြန်ဝင်လာသည်။သူမရဲ့ခန္ဓာကိုယ်ပေါ်ကို ဖုံးအုပ်ပေးထားတဲ့ဝတ်ရုံပါးလေးကို သူမချွတ်ချလိုက်သည်။အခုအချိန်တွင်သူမခန္ဓာကိုယ်မှာ အဝတ်အစားနဲ့တူတာတစိုးတစိမျှမရှိတော့ပေ။သူမကထိုလူထိုင်နေတဲ့ ကုတင်ရှိရာဆီသို့ဆွဲဆောင်မှုရှိစွာသွားလိုက်သည်။ထိုလူရှေ့ရောက်တာနဲ့ သူမကထိုလူရဲ့လက်တွေကိုဆွဲကိုင်လိုက်ကာ သူမရဲ့လုံးဝန်းနေတဲ့ရင်သားတွေပေါ်ကို ထိုလူရဲ့လက်တွေကိုတင်ပေးလိုက်သည်။

"ကျွန်မကိုသိမ်းပိုက်ပါ....အရှင်....."

တစ်ချို့ယောက်ျားတွေသာဆိုလျှင် သူမကိုကုတင်ပေါ်ဆွဲလှဲကာအရယူနေလောက်ပြီဖြစ်ပေမယ့် ဒီလူကတော့တုပ်တုပ်ပင်မလှုပ်ပေ။ထိုလူကသူမရဲ့ရင်သားတွေပေါ်ကလက်တွေကိုပြန်ရုတ်လိုက်ပြီး ထရယ်လိုက်သည်။ခနအကြာမှာတော့ထိုလူကရယ်တာကိုရပ်လိုက်ပြီး သူ့ရဲ့ဆွဲဆောင်မှုရှိလွန်းတဲ့အသံဩရှရှကထွက်ပေါ်လို့လာသည်။

"လူတစ်ယောက်ကရက်ရက်ရောရောပေးကမ်းနေပြီဆိုရင်....အဲ့ဒါကျိန်းသေတယ်....အဲ့လူမှာကျိန်းသေပေါက်ပြန်တောင်းဆိုစရာတစ်ခုခုရှိနေလို့ပဲ....ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲပွင့်ပွင့်လင်းလင်းပဲပြောစမ်းပါ။မင်းဘာလိုချင်လို့လဲ..."

ထိုလူ့ရဲ့ပွင့်လင်းတဲ့အပြောကြောင့် သူမလည်းဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘဲပွင့်လင်းစွာပြောလိုက်သည်။

"ကျွန်မကို မိဖုရားမြှောက်ပါ.....အရှင်...."

သူမကိုစကားကိုကြားတော့ထိုလူကခနဲ့စွာရယ်သည်။ထိုလူကကုတင်ပေါ်ကနေဆင်းကာသူမဆီသို့လျှောက်လှမ်းလာသည်။သူမနားကိုရောက်တာနဲ့ထိုလူက သူမရဲ့နားနားကိုကပ်ကာတီးတိုးပြောလိုက်သည်။

"ငါ့မိဖုရားဖြစ်ဖို့ မင်းကအဆင့်နိမ့်လွန်းနေတယ်...."

ထိုလူ့စကားကြောင့်သူမဒေါသထွက်သွားရသည်။ထိုလူ့ကိုပြန်ပြောရန်ပြင်လိုက်တုန်းမှာပဲကြာပွတ်ရိုက်ချက်တစ်ခုက သူမရဲ့ချောမွတ်နေတဲ့ကျောပြင်ပေါ်သို့ကျရောက်လာသည်။ကြာပွတ်မှာပါတဲ့ဓားသွားလေးတွေက သူမရဲ့ကျောပြင်ထဲသို့စိုက်ဝင်သွားကြသည်။ကြာပွတ်ကိုပြန်ဖယ်လိုက်ချိန်မှာတော့ အသားထဲကိုစိုက်ဝင်နေတဲ့ဓားသွားလေးတွေက ပြန်ထွက်သွားပြီးသွေးတွေစီးကျလာသည်။နာကျင်လွန်းတာကြောင့် သူမမြေပြင်ပေါ်သို့လဲကျသွားသည်။

သူမကြောက်လန့်တကြားနဲ့ပြန်ကြည့်လိုက်ချိန်မှာတော့ ကြာပွတ်တစ်ချောင်းကိုကိုင်ထားပြီးမကောင်းဆိုးဝါးဆန်စွာပြုံးနေတဲ့ ထိုလူကိုတွေ့လိုက်ရသည်။ကြာပွတ်ကိုကိုင်လျက် ထိုလူကသူမဆီသို့တဖြည်းဖြည်းလျှောက်လာသည်။ထိုလူအနားကပ်လာတာနဲ့သူမအနောက်ကို ကြောက်လန့်စွာဆုတ်လိုက်သည်။ထိုလူကသူမရဲ့ခြေထောက်ကိုဆွဲမလိုက်သည်။

"မင်းရဲ့ရွံစရာကောင်းပြီး ညစ်ပတ်တဲ့ခြေထောက်တွေနဲ့ ငါ့အခန်းထဲကိုဝင်လာရဲတယ်ပေါ့...."

ထိုလူ့စကားဆုံးတာနဲ့သူမရဲ့ခြေထောက်တစ်ဖက်ပြတ်သွားရသည်။နာကျင်လွန်းတာကြောင့်သူမအသံပင်မထွက်နိုင်တော့ပေ။

"မင်းရဲ့ရွံစရာကောင်းတဲ့ လက်တွေနဲ့ငါ့လက်ကိုထိကိုင်ရဲတယ်ပေါ့...."

သူမရဲ့လက်တစ်ဖက်ကလည်း ထိုလူ့စကားဆုံးတာနဲ့ပြတ်သွားရသည်။

"မင်းရဲ့ညစ်ပတ်တဲ့ခန္ဓာကိုယ်နဲ့ ငါ့မိဖုရားနေရာကိုလိုချင်တယ်ပေါ့..."

ထိုလူကသူမရဲ့မျက်နှာကိုညင်သာစွာပွတ်သပ်နေပြီး ပြုံးလိုက်သည်။ထိုအပြုံးကိုမြင်လိုက်တဲ့သူမကြောက်လန့်တကြားရုန်းလိုက်သည်။ထိုလူကသူမအနားသို့ကပ်ကာပြောလိုက်သည်။

"မသေခင်မှတ်သွားလိုက်....။ငါ့မိဖုရားနေရာနဲ့တန်တဲ့လူ တစ်ကမ္ဘာလုံးမှာတစ်ယောက်ပဲရှိတယ်...။ငါ့မိဖုရားရဲ့နေရာကို စိတ်နဲ့တောင်မပစ်မှားမိစေနဲ့...."

ထိုလူရဲ့စကားဆုံးတာနဲ့ သူမကမ္ဘာတစ်ခုလုံးအမှောင်ကျသွားရသည်။ခနအကြာမှာတော့ဝတ်ရုံအနက်နဲ့လူတစ်ယောက်က အခန်းထဲသို့ဝင်ရောက်လာကာ မျက်နှာဖုံးနဲ့လူငယ်ကိုဦးညွှတ်ကာနှုတ်ဆက်လိုက်သည်။

"အရှင်သခင်...."

မျက်နှာဖုံးနဲ့လူငယ်က ကြမ်းပြင်ပေါ်မှာပုံပျက်ပန်းပျက်နဲ့လှဲလျောင်းနေတဲ့ မိန်းကလေးအလောင်းကိုမေးငေါ့ပြလိုက်သည်။

"ခွေးစာကျွေးလိုက်...."

ဝတ်ရုံအနက်နဲ့လူကိုပြောပြီးတာနဲ့ မျက်နှာဖုံးနဲ့လူကရေချိုးကန်ရှိရာသို့ထွက်လာလိုက်သည်။ရေချိုးခန်းကိုရောက်တာနဲ့ နံရံအပြည့်ဆွဲထားတဲ့ပန်းချီကားကို ထိုလူငယ်ကလွမ်းဆွတ်စွာကြည့်လိုက်သည်။

"လွမ်းလိုက်တာ....ကိုယ့်နတ်သားလေးရယ်...."

ပန်းချီထဲကကောင်လေးကတော့ မျက်လုံးလေးတွေမှိတ်ပြီး ယုန်သွားလေးတွေပေါ်အောင်ပြုံးလို့နေသည်။

_________________________________________

"တစ်ယောက်တည်းနဲ့ ရန်နိုင်ငံကိုသိမ်းပိုက်တယ်...."

ကြင်ယာတော်လေးက ဖေးဖေးပြောပြတဲ့အကြောင်းတွေကို နားထောင်ပြီးအံ့ဩစွာနဲ့ထပြောသည်။ဖေးဖေးကြင်ယာတော်လေးရဲ့ နူးညံ့နေတဲ့ဆံနွယ်တွေကို ဖြီးသင်နေရင်း ပြန်ပြောလိုက်သည်။

"ဟုတ်ပါတယ်ဆို.....ကြင်ယာတော်လေးကလည်း....မယုံဘူးလား..."

ကြင်ယာတော်လေးကခနလောက်စဉ်းစားနေသေးသည်။ပြီးတာနဲ့ဖေးဖေးရဲ့အပြောကို ငြင်းတော့သည်။

"မဖြစ်နိုင်တာ.....တိုင်းပြည်တစ်ပြည်ကိုသိမ်းပိုက်ဖို့ဆိုတာအချိန်အများကြီးယူရတယ်။ပြီးတော့စစ်အင်အားလည်းအများကြီးလိုအပ်တယ်။စစ်တိုက်ဖို့ပရိယာယ်တွေလည်းအများကြီးလိုအပ်တယ်။တစ်ယောက်တည်း ဘယ်လိုလုပ်သိမ်းနိုင်မှာလဲ...."

ဖေးဖေးက‌ကြင်ယာတော်လေးရဲ့အပြောကိုပြန်ငြင်းလိုက်သည်။ပြောနေရင်းအားပါလာတာကြောင့် ကြင်ယာတော်လေးရဲ့ရှေ့မှာထိုင်ခုံတစ်လုံးယူကာထိုင်လိုက်ပြီးဆက်ပြောတော့သည်။

"ပုံမှန်သမားရိုးကျနည်းအတိုင်းဆိုရင်တော့ အဲ့ဒါတွေကလိုအပ်တာပေါ့ ကြင်ယာတော်လေးရဲ့...။ဒါပေမယ့်သူကဘာနည်းလမ်းကိုသုံးသွားတယ်ထင်လဲ...."

ရှောင်းကျန့်မသိတာကြောင့် ခေါင်းခါပြလိုက်သည်။

"သူက...အပင်ကိုသတ်ချင်အမြစ်ကိုနှုတ်ဆိုတဲ့နည်းလမ်းကိုသုံးသွားတာ...။တိုင်းပြည်တစ်ပြည်ရဲ့အဓိကအမြစ်ကဘာဖြစ်မယ်လို့ထင်လဲ...."

ဖေးဖေးရဲ့အမေးကို ရှောင်းကျန့်ပြန်ဖြေလိုက်သည်။

"ဘုရင်....."

"ဒါပဲလေ....။ရန်ဘုရင်ကိုသတ်လိုက်တော့တစ်တိုင်းပြည်လုံးကသူ့လက်ထဲရောက်လာတာပေါ့..."

"အဲ့ဒါတော့ဟုတ်ပါပြီ။ရန်ဘုရင်မှာက ဆက်ခံမယ့်မျိုးဆက်မရှိဘူးလား...။ပုန်ကန်မှုတွေရောမဖြစ်ဘူးလား..."

ဖေးဖေးက‌ကြင်ယာတော်လေးရဲ့ အမေးကိုပြန်မဖြေခင်စားပွဲခုံပေါ်ချထားတဲ့ရေတစ်ခွက်ကိုသောက်လိုက်သည်။ပြီးမှဆက်ပြောသည်။

"ကြင်ယာတော်လေး....အမြဲနန်းဆောင်ထဲမှာပဲအောင်းနေတော့ အပြင်ကသတင်းတွေကိုဘာမှမသိတော့ဘူးပဲ။မပူပါနဲ့....ဖေးဖေးအကုန်ပြောပြမယ်..."

ဖေးဖေးပြောတာမှန်နေတာကြောင့်ရှောင်းကျန့်ငြိမ်နေလိုက်သည်။

"ရန်ဘုရင်ဆိုတာ တဏှာကြီးတယ်၊လောဘကြီးတယ်ဆိုတာကြင်ယာတော်လေးလည်း ကြားဖူးမှာပါ။သူကဘယ်လောက်တောင်လောဘကြီးလဲဆိုရင် သူ့နေရာကိုထိခိုက်လာမှာစိုးလို့ ပညာရှိတဲ့လူတွေ၊တော်တဲ့လူတွေကို မချီးမြှင့်ဘဲသတ်ပစ်တယ်။သူ့ရဲ့နေရာကိုပေးရမှာစိုးလို့ သူ့မိဖုရားတွေကို ကိုယ်ဝန်မဆောင်ခိုင်းဘူး။ဒီလောက်ဆိုးဝါးတဲ့ မင်းဆိုးမင်းညစ်ကို ပြည်သူတွေကအရင်တည်းကဖယ်ရှားချင်နေကြတာ။အခုလိုဖယ်ရှာပေးတဲ့လူကို ပုန်ကန်ဖို့နေနေသာ ကျေးဇူးတောင်တင်ကြအုံးမှာ...."

ဖေးဖေးပြောပြမှပဲ ရှောင်းကျန့်ဇာတ်ရည်လည်သွားတော့သည်။ဒီလိုအသုံးမကျတဲ့ဘုရင်တစ်ယောက်က သူနေထိုင်ရာနန်းတော်မှာပဲ ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ခံလိုက်ရတာမဆန်းပါဘူး။ဖေးဖေးကပြောစရာမကုန်သေးဘူးထင်သည်။ဆက်၍ပြောလာသည်။ဒီကလေးမ မမောဘူးလား။

"အခုဆိုရန်နိုင်ငံကပြည်သူတွေက ဘုရင်အသစ်ကိုတအားကိုသဘောကျနေကြတာ။ဒါပေမယ့်ဘုရင်အသစ်ကိုဘယ်သူမှလည်းမမြင်ဖူးသလို၊ဘယ်သူမှလည်းသူ့ရဲ့နာမည်ကိုမသိကြဖူးတဲ့...။သူတို့သိတဲ့နာမည်က"အရှင်သခင်"ဆိုတာပဲ။အရှင်သခင်က ရန်နိုင်ငံကိုသိမ်းပိုက်ပြီးနောက်ပိုင်းမှာ ရန်နိုင်ငံကအရင်ကထက်အများကြီးတိုးတက်လာတယ်တဲ့။ရန်နိုင်ငံပြည်သူတွေကတော့ အရှင်သခင်ကိုကောင်းကင်ဘုံကလွှတ်လိုက်တယ်ဆိုပြီး ယုံကြည်ကြတယ်တဲ့။တချို့ဆို အရှင်သခင်ကို ကိုးကွယ်ကြတဲ့သူတွေတောင်ရှိတယ်တဲ့....။အရှင်သခင်ကအရင်ဘုရင်ရဲ့ လူတွေအကုန်လုံးကိုဖြုတ်ချပြီးကွပ်မျက်ပစ်တယ်တဲ့။ပြီးတော့အရှင်သခင်ဖွဲ့စည်းထားတဲ့"အရိပ်မဲ့"တပ်ဖွဲ့ဆိုတာရှိတယ်တဲ့...."

ဖေးဖေးရဲ့စကားကို ရှောင်းကျန့်သံယောင်လိုက်မိသည်။

"အရိပ်မဲ့တပ်ဖွဲ့...."

"အင်း....အရိပ်မဲ့တပ်ဖွဲ့နဲ့ဘယ်သူကမှမဆုံတွေ့ချင်ကြဘူးတဲ့။ဘာကြောင့်လဲဆိုတော့ အရိပ်မဲ့တပ်ဖွဲ့ကိုတွေ့တဲ့သူမှန်သမျှက ငရဲကိုကျိန်းသေပေါက်သွားရလို့ပဲ....။ပြီးတော့ဖေးဖေးကြားထားတာရှိသေးတယ်။အရိပ်မဲ့တပ်ဖွဲ့လို့ခေါ်ရခြင်းအကြောင်းရှိတယ်။ဘယ်အချိန်မှာရောက်လာမလည်းဆိုတာလည်းမသိနိုင်ဘူး၊ဘယ်နေရာမှာရှိနေလည်းဆိုတာလည်းမသိနိုင်ဘူး၊သူတို့ရဲ့လှုပ်ရှားမှုတွေကမြန်ဆန်လွန်းလို့ အရိပ်ကိုတောင်မမြင်နိုင်လို့ "အရိပ်မဲ့တပ်ဖွဲ့"လို့ခေါ်တာတဲ့...."

ရှောင်းကျန့်"အရှင်သခင်"ဆိုတဲ့လူကိုအထင်ကြီးမိသွားသည်။ဒီလူကတကယ့်ကိုတော်တဲ့သူပဲ။လူတကာကြောက်ရတဲ့အရိပ်မဲ့တပ်ဖွဲ့က သူ့နားမှာတစ်ချိန်လုံးရှိနေပြီး သူ့ကိုစောင့်ရှောက်နေတယ်ဆိုတာကိုတော့ရှောင်းကျန့်မသိခဲ့...။

ရှောင်းကျန့်နဲ့ဖေးဖေးစကားပြောလို့ပြီးသွားချိန်မှာပဲ ကျစ်မင်လေးကလုံးလုံးလုံးလုံးနှင့် ရှောင်းကျန့်နန်းဆောင်ထဲကိုဝင်လာသည်။

"ပါပါးး..."

လုံးတုတ်နေပြီး ချစ်ဖို့ကောင်းလွန်းတဲ့ကျစ်မင်ကိုရှောင်းကျန့် ပေါင်ပေါ်သို့ပွေ့ချီလိုက်သည်။

"ကောင်းကောင်းအိပ်ပျော်ရဲ့လား.....ပါပါးရဲ့ပေါက်စီလုံးလေး...."

ရှောင်းကျန့်ရဲ့အမေးကိုပြန်ဖြေတဲ့အနေနဲ့ ကျစ်မင်ကခေါင်းလေးကိုအဆက်မပြတ်ငြှိမ့်ပြသည်။အိပ်ချင်မူးတူးဖြစ်နေတဲ့ကျစ်မင်ကို ရှောင်းကျန့်က ကလိထိုးကာစသည်။‌သူတို့နှစ်ယောက်ဆော့နေတာကြောင့် အနောက်ကရောက်လာတဲ့လူကိုသတိမထားမိလိုက်ကြ။

ခနအကြာမှာတော့ရှောင်းကျန့်နဲ့ ကျစ်မင်ကိုအနောက်ကနေတစ်စုံတစ်ယောက်က သိုင်းဖက်လိုက်သည်။ကျီရွှမ်းမှန်းသိလိုက်တာနှင့် ရှောင်းကျန့်ကငြိမ်ကျသွားသည်။ကျစ်မင်ကတော့သူ့ခမည်းတော်ကို တွေ့လိုက်တာကြောင့်ပျော်ရွှင်နေတော့သည်။ကျီရွှမ်းဖက်ထားတာကို ရှောင်းကျန့်ရုန်းလိုက်ပေမယ့်လည်း ကျီရွှမ်းကမလွှတ်ပေးပေး။ကျစ်မင်လည်းရှိနေတာကြောင့် ရှောင်းကျန့်ငြိမ်နေလိုက်သည်။ရှောင်းကျန့်ကျစ်မင်ကို ငုံ့ကြည့်ကာပြောလိုက်သည်။

"အပြင်မှာသားတော်အတွက် မုန့်တွေပြင်ပေးထားတယ်။သွားစားလိုက်အုံးနော်...."

ကျစ်မင်ကရှောင်းကျန့်စကားကိုနားထောင်ပြီးနန်းဆောင်ပြင်သို့ထွက်သွားသည်။ကျစ်မင်ထွက်သွားတော့မှ ရှောင်းကျန့်ကျီရွှမ်းဆီကရုန်းထွက်လိုက်သည်။

"ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား...။အခုထိခွင့်မလွှတ်နိုင်သေးဘူးလား...."

ရှောင်းကျန့်ကဘာမှပြန်မဖြေဘဲ ငြိမ်ငြိမ်လေးသာရပ်နေသည်။

"ရှောင်းကျန့်...."

"စိတ်ဆိုးတာမဟုတ်ဘူး။စိတ်ကုန်သွားတာ...."

ရှောင်းကျန့်ရဲ့စကားကိုကြားတော့ ကျီရွှမ်းစိတ်မကောင်းဖြစ်သွားသည်။ရှောင်းကျန့်ကရိပေါ်သေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုအခုထိခွင့်မလွှတ်သေးဘူး။ရှောင်းကျန့်ဆီကနောက်ထပ်စကားသံလေးထွက်လာသည်။

"ကျွန်တော် မင်းကြီးကိုစေတနာနဲ့သတိပေးလိုက်မယ်။မင်းကြီးရဲ့မယ်တော်ကို သိပ်မယုံကြည်ပါနဲ့...."

ရှောင်းကျန့်ရဲ့စကားကြောင့် ကျီရွှမ်းရဲ့မျက်နှာမှာအလိုမကျမှုတွေပေါ်လာသည်။သူကသူ့မွေးနေ့ကျင်းပဖို့အကြောင်းပြောဖို့လာခဲ့ပေမယ့် ရှောင်းကျန့်ပြောတာကတော့သူ့မယ်တော်ကိုမယုံနဲ့တဲ့လား။

"ရှောင်းကျန့်.....မင်းဘာကိုပြော...."

ကျီရွှမ်းပြောလို့မဆုံးခင်မှာပင် ဖေးဖေးကနန်းဆောင်ထဲသို့အလောတကြီးပြေးဝင်လာသည်။

"မင်းကြီး.....ကြင်ယာတော်.....မင်းသားလေးပျောက်သွားတယ်....."

ဖေးဖေးရဲ့စကားကြောင့် ရှောင်းကျန့်နဲ့ကျီရွှမ်းအလန့်တကြား အပြင်သို့ထွက်လာလိုက်သည်။ကျီရွှမ်းက သူ့ရဲ့ကိုယ်ရံတော်တပ်တွေကိုနန်းတော်ရဲ့နေရာအနှံ့အပြားကိုရှာစေသည်။ခနအကြာမှာတော့ ကိုယ်ရံတော်တပ်ခေါင်းဆောင်ရှောင်ကျားယွီပြန်ရောက်လာပြီး ရှာမတွေ့ကြောင်းပြောသည်။

"နန်းတော်နေရာအနှံ့ရှာပြီးပါပြီ....မင်းကြီးနဲ့ကြင်ယာတော်....။မင်းသားလေးကိုရှာလို့မတွေ့ခဲ့ပါဘူး...."

လဲကျမလိုဖြစ်သွားတဲ့ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်လေးကို ကျီရွှမ်းကထိန်းပေးလိုက်သည်။ရှောင်းကျန့်ရဲ့အကြည့်တွေက ကြာကန်ကြီးဆီသို့ရောက်သွားသည်။ကြာကန်ဆီသို့သွားဖို့ပြင်နေတဲ့ရှောင်းကျန့်ကို ကျီရွှမ်းတားလိုက်သည်။

"ဘာလုပ်မလို့လဲ..."

"တကယ်လို့...တကယ်လို့...သားတော်အဲ့ထဲပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ...."

"တခြားလူတွေကိုဆင်းရှာခိုင်းလိုက်မယ်...."

"တခြားလူတွေဆင်းရှာတာကိုရပ်ပြီးစောင့်မနေနိုင်ဘူး...."

ရှောင်းကျန့်က ဆွဲထားတဲ့ကျီရွှမ်းရဲ့လက်ကိုဆွဲဖြုတ်ကာရေကန်ထဲသို့ဆင်းဖို့ပြင်လိုက်သည်။ရှောင်းကျန့်‌ရဲ့ခန္ဓာကိုယ်လေး ရေနဲ့ထိဖို့အနည်းမျှသာလိုတဲ့အချိန်မှာ အနောက်မှတစ်စုံတစ်ယောက်က ရှောင်းကျန့်ရဲ့ခါးလေးကနေဆွဲပွေ့လိုက်တာကြောင့် ရေကန်ထဲကိုဆင်းဖို့ပြင်နေတဲ့ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်လေး ထိုလူ့ရဲ့ရင်ခွင်ထဲသို့ရောက်သွားရသည်။သူ့ကိုပွေ့ချီထားတဲ့လူကိုမြင်ချင်တာကြောင့် ရှောင်းကျန့်မော့ကြည့်လိုက်သည်။ထိုလူရဲ့မျက်နှာမှာမျက်နှာဖုံးတစ်ခုကိုဝတ်ဆင်ထားပြီးထို့လူ့ရဲ့နှုတ်ခမ်းပါးတွေက ပြုံးယောင်သန်းနေခဲ့သည်။ထိုလူ့ရဲ့ရွှေဝါရောင်မျက်လုံးတွေက ရှောင်းကျန့်ကိုနူးညံ့စွာငုံ့ကြည့်နေခဲ့သည်။

________________________________________

1.7.2020



အရှေ့အပိုင်းမှာဖြေတဲ့လူတွေအကုန်မှန်ပါတယ်လို့။ရန်နိုင်ငံကိုသိမ်းတာ တို့အမျိုးသားပါလို့ಠ◡ಠ

ဒါနဲ့လေ ကိုယ်နောက်ထပ်အသစ်တွေရေးရင်အားပေးကြမှာလားဟင်ಠ◡ಠ

ဖတ်ပဲဖတ်မနေနဲ့....။voteနဲ့feedbackလေးလည်းပေးကြပါအုံးಠ◡ಠ💞








Zawgyi







ဖေယာင္းတိုင္မီးေလးေတြ ထြန္းညႇိထားတဲ့အခန္းတစ္ခုအတြင္းသို႔ ဝတ္႐ုံပါးေလးတစ္ခုကိုဝတ္ဆင္ထားေသာမိန္းမငယ္ေလးဟာ ဝင္ေရာက္လို႔လာသည္။ဝတ္႐ုံကပါးလႊာလြန္းတာေၾကာင့္ သူမရဲ႕ဆြဲေဆာင္မႈျပင္းလြန္းတဲ့အတြင္းသားအမို႔အေမာက္ေတြကို ျမင္ေတြ႕ေနရသည္။သူမကေတာ့ေသဆုံးသြားတဲ့ရန္ဘုရင္ရဲ႕အခ်စ္ဆုံး မိဖုရားပင္ျဖစ္သည္။

သူမကအခန္းတစ္ခုလုံးကို ေဝ့ဝဲၾကည့္လိုက္သည္။သူမရဲ႕အၾကည့္‌ေတြကအခန္းထဲကကုတင္ထက္မွာလွဲေလ်ာင္းေနတဲ့ လူငယ္တစ္ဦးထံသို႔ေရာက္ရွိသြားသည္။ထိုလူငယ္ဟာ မ်က္ႏွာတစ္ဝက္ကိုဖုံးထားတဲ့မ်က္ႏွာဖုံးတစ္ခုကိုဝတ္ဆင္လို႔ထားၿပီး ကုတင္ထက္တြင္သူ႔ရဲ႕ေသြးေၾကာအၿဖိဳင္းၿဖိဳင္းထေနတဲ့ လက္ျဖင့္‌ေခါင္းကိုေထာက္ထားကာ ၿငိမ္သက္စြာလွဲေလ်ာင္းေနသည္။

ေလ်ာ့တိေလ်ာ့ရဲဝတ္ဆင္ထားတဲ့ ဝတ္႐ုံေၾကာင့္ထိုလူငယ္ရဲ႕ နဂါးပုံတက္တူးဝင့္ႂကြားစြာရွိေနတဲ့ေတာင့္တင္းေနတဲ့ရင္ဘတ္ကို ျမင္ေတြ႕ေနရသည္။မ်က္ႏွာကိုဖုံးကြယ္ထားေပမယ့္လည္းထိုလူငယ္က ေခ်ာေမာခန႔္ညားမယ့္လူငယ္ဆိုတာတစ္ခ်က္ၾကည့္႐ုံႏွင့္သိႏိုင္သည္။ထိုလူငယ္ရဲ႕ခန႔္ညားမႈကိုျမင္ေတြ႕လိုက္ရတဲ့ ရန္ဘုရင္ရဲ႕မိဖုရားဟာရွက္ေသြးျဖာသြားရသည္။

ဒီလိုေခ်ာေမာခန႔္ညားတဲ့လူမ်ိဳးဆိုတာ သူမလိုလွပတဲ့လူနဲ႔သာလိုက္ဖက္တာ။ၿပီးေတာ့ဒီလိုေတာင့္တင္းခိုင္မာတဲ့လူငယ္က ရန္ဘုရင္ထက္စာရင္အိပ္ယာထဲမွာဆိုအေကာင္းမြန္ဆုံးစြမ္းေဆာင္ႏိုင္မယ္ဆိုတာသူမေသခ်ာသိသည္။သူမဆုံးျဖတ္လိုက္သည္။ဒီလူကိုသူမအပိုင္ျဖစ္ေအာင္လုပ္ရမည္။ထိုလူ႔ကိုစေတြ႕တည္းကသူမရဲ႕အၾကည့္ေတြကိုထိုလူ႔ဆီကမခြာႏိုင္ခဲ့ေပ။ေဘးနားမွာရန္ဘုရင္ရွိေနလို႔သာသူမဘာမွမတတ္ႏိုင္ခဲ့တာ။အခုေတာ့ရန္ဘုရင္ဆိုတဲ့အဘိုးႀကီးလည္းေသၿပီ‌ဆိုေတာ့ သူမစိုးရိမ္ေနစရာမလိုေတာ့ေပ။

သူမထိုလူကိုစိုက္ၾကည့္ေနတုန္းမွာပဲ ထိုလူရဲ႕ေ႐ႊဝါေရာင္မ်က္လုံးေတြက ပြင့္လာသည္။ထိုလူရဲ႕စူးရဲတဲ့မ်က္ဝန္းေတြနဲ႔သူမအၾကည့္ခ်င္းဆုံမိခ်ိန္မွာေတာ့ သူမမ်က္ႏွာေလးရွက္ေသြးျဖာမႈေၾကာင့္နီရဲသြားရသည္။ထိုလူ႔ရဲ႕ႏႈတ္ခမ္းဖ်ားေတြကသူမကိုျမင္ခ်ိန္မွာေတာ့ ၿပဳံးေယာင္သန္းသြားတာေၾကာင့္သူမရဲ႕ကိုယ့္ကိုကိုယ္အေပၚ ယုံၾကည္မႈေတြျမင့္တက္လာသည္။သူမရဲ႕အလွကိုဘယ္ေယာက္်ားကမွ မျငင္းဆန္ႏိုင္ပါဘူး။ထိုလူငယ္ရဲ႕အၿပဳံးေတြကေအးစက္ေနတယ္ဆိုတာကိုေတာ့သူမသတိမထားမိခဲ့။သူမခႏၶာကိုယ္ကို ၫႊတ္ကိုင္းကာထိုလူငယ္ကိုႏႈတ္ဆက္လိုက္သည္။

"အရွင္...."

ထိုလူငယ္ရဲ႕ဩရွရွအသံထြက္ေပၚလာခ်ိန္မွာသူမပို၍ပင္ရွက္ေသြးျဖာသြားရသည္။ထိုလူငယ္ကသူ႔ရဲ႕လက္ေတြနဲ႔သူမကိုေထြးေပြ႕ၿပီး အိပ္ယာထဲမွာလူးလွိမ့္ေနမယ့္အခ်ိန္ကိုသူမ မေစာင့္ႏိုင္ေတာ့ဘူး။

"ဒီအခန္းထဲကိုဘယ္လိုေရာက္ေနတာလဲ....အလွေလး....."

သူမကို"အလွေလး"လို႔ေခၚလိုက္တာေၾကာင့္သူမရဲ႕ ယုံၾကည္မႈေတြကပိုလို႔ပင္ျမင့္တက္သြားခဲ့သည္။

"အရွင္....ကြၽန္မကအရွင္ပ်င္းေနမွာစိုးလို႔ ေဖ်ာ္ေျဖေပးဖို႔လာခဲ့တာပါ...."

ထိုလူငယ္ကလွဲေလ်ာင္းေနရာကေန ကုတင္ေဘာင္ကိုမွီကာထိုင္လိုက္သည္။ၿပီးေတာ့သူမကိုစိတ္ဝင္စားစြာၾကည့္လို႔ေနသည္။ထိုလူရဲ႕စူးရဲတဲ့အၾကည့္ေတြေၾကာင့္ သူမခႏၶာကိုယ္ေလးတုန္ယင္လာရသည္။ထိုလူရဲ႕အၾကည့္စူးစူးေတြေအာက္မွာ သူမဘာမွမလုပ္ႏိုင္ဘဲရပ္သာရပ္ေနမိသည္။ခနအၾကာမွာေတာ့ ထိုလူဆီကဩရွရွစကားသံထြက္လာျပန္သည္။

"မင္းေျပာေတာ့ ေဖ်ာ္ေျဖမလို႔ဆို....ဒီအတိုင္းပဲရပ္ေနေတာ့မွာလား...."

ထိုေတာ့မွသူမသတိျပန္ဝင္လာသည္။သူမရဲ႕ခႏၶာကိုယ္ေပၚကို ဖုံးအုပ္ေပးထားတဲ့ဝတ္႐ုံပါးေလးကို သူမခြၽတ္ခ်လိုက္သည္။အခုအခ်ိန္တြင္သူမခႏၶာကိုယ္မွာ အဝတ္အစားနဲ႔တူတာတစိုးတစိမွ်မရွိေတာ့ေပ။သူမကထိုလူထိုင္ေနတဲ့ ကုတင္ရွိရာဆီသို႔ဆြဲေဆာင္မႈရွိစြာသြားလိုက္သည္။ထိုလူေရွ႕ေရာက္တာနဲ႔ သူမကထိုလူရဲ႕လက္ေတြကိုဆြဲကိုင္လိုက္ကာ သူမရဲ႕လုံးဝန္းေနတဲ့ရင္သားေတြေပၚကို ထိုလူရဲ႕လက္ေတြကိုတင္ေပးလိုက္သည္။

"ကြၽန္မကိုသိမ္းပိုက္ပါ....အရွင္....."

တစ္ခ်ိဳ႕ေယာက္်ားေတြသာဆိုလွ်င္ သူမကိုကုတင္ေပၚဆြဲလွဲကာအရယူေနေလာက္ၿပီျဖစ္ေပမယ့္ ဒီလူကေတာ့တုပ္တုပ္ပင္မလႈပ္ေပ။ထိုလူကသူမရဲ႕ရင္သားေတြေပၚကလက္ေတြကိုျပန္႐ုတ္လိုက္ၿပီး ထရယ္လိုက္သည္။ခနအၾကာမွာေတာ့ထိုလူကရယ္တာကိုရပ္လိုက္ၿပီး သူ႔ရဲ႕ဆြဲေဆာင္မႈရွိလြန္းတဲ့အသံဩရွရွကထြက္ေပၚလို႔လာသည္။

"လူတစ္ေယာက္ကရက္ရက္ေရာေရာေပးကမ္းေနၿပီဆိုရင္....အဲ့ဒါက်ိန္းေသတယ္....အဲ့လူမွာက်ိန္းေသေပါက္ျပန္ေတာင္းဆိုစရာတစ္ခုခုရွိေနလို႔ပဲ....ေဝ့လည္ေၾကာင္ပတ္လုပ္မေနဘဲပြင့္ပြင့္လင္းလင္းပဲေျပာစမ္းပါ။မင္းဘာလိုခ်င္လို႔လဲ..."

ထိုလူ႔ရဲ႕ပြင့္လင္းတဲ့အေျပာေၾကာင့္ သူမလည္းေဝ့လည္ေၾကာင္ပတ္လုပ္မေနေတာ့ဘဲပြင့္လင္းစြာေျပာလိုက္သည္။

"ကြၽန္မကို မိဖုရားေျမႇာက္ပါ.....အရွင္...."

သူမကိုစကားကိုၾကားေတာ့ထိုလူကခနဲ႔စြာရယ္သည္။ထိုလူကကုတင္ေပၚကေနဆင္းကာသူမဆီသို႔ေလွ်ာက္လွမ္းလာသည္။သူမနားကိုေရာက္တာနဲ႔ထိုလူက သူမရဲ႕နားနားကိုကပ္ကာတီးတိုးေျပာလိုက္သည္။

"ငါ့မိဖုရားျဖစ္ဖို႔ မင္းကအဆင့္နိမ့္လြန္းေနတယ္...."

ထိုလူ႔စကားေၾကာင့္သူမေဒါသထြက္သြားရသည္။ထိုလူ႔ကိုျပန္ေျပာရန္ျပင္လိုက္တုန္းမွာပဲၾကာပြတ္႐ိုက္ခ်က္တစ္ခုက သူမရဲ႕ေခ်ာမြတ္ေနတဲ့ေက်ာျပင္ေပၚသို႔က်ေရာက္လာသည္။ၾကာပြတ္မွာပါတဲ့ဓားသြားေလးေတြက သူမရဲ႕ေက်ာျပင္ထဲသို႔စိုက္ဝင္သြားၾကသည္။ၾကာပြတ္ကိုျပန္ဖယ္လိုက္ခ်ိန္မွာေတာ့ အသားထဲကိုစိုက္ဝင္ေနတဲ့ဓားသြားေလးေတြက ျပန္ထြက္သြားၿပီးေသြးေတြစီးက်လာသည္။နာက်င္လြန္းတာေၾကာင့္ သူမေျမျပင္ေပၚသို႔လဲက်သြားသည္။

သူမေၾကာက္လန႔္တၾကားနဲ႔ျပန္ၾကည့္လိုက္ခ်ိန္မွာေတာ့ ၾကာပြတ္တစ္ေခ်ာင္းကိုကိုင္ထားၿပီးမေကာင္းဆိုးဝါးဆန္စြာၿပဳံးေနတဲ့ ထိုလူကိုေတြ႕လိုက္ရသည္။ၾကာပြတ္ကိုကိုင္လ်က္ ထိုလူကသူမဆီသို႔တျဖည္းျဖည္းေလွ်ာက္လာသည္။ထိုလူအနားကပ္လာတာနဲ႔သူမအေနာက္ကို ေၾကာက္လန႔္စြာဆုတ္လိုက္သည္။ထိုလူကသူမရဲ႕ေျခေထာက္ကိုဆြဲမလိုက္သည္။

"မင္းရဲ႕႐ြံစရာေကာင္းၿပီး ညစ္ပတ္တဲ့ေျခေထာက္ေတြနဲ႔ ငါ့အခန္းထဲကိုဝင္လာရဲတယ္ေပါ့...."

ထိုလူ႔စကားဆုံးတာနဲ႔သူမရဲ႕ေျခေထာက္တစ္ဖက္ျပတ္သြားရသည္။နာက်င္လြန္းတာေၾကာင့္သူမအသံပင္မထြက္ႏိုင္ေတာ့ေပ။

"မင္းရဲ႕႐ြံစရာေကာင္းတဲ့ လက္ေတြနဲ႔ငါ့လက္ကိုထိကိုင္ရဲတယ္ေပါ့...."

သူမရဲ႕လက္တစ္ဖက္ကလည္း ထိုလူ႔စကားဆုံးတာနဲ႔ျပတ္သြားရသည္။

"မင္းရဲ႕ညစ္ပတ္တဲ့ခႏၶာကိုယ္နဲ႔ ငါ့မိဖုရားေနရာကိုလိုခ်င္တယ္ေပါ့..."

ထိုလူကသူမရဲ႕မ်က္ႏွာကိုညင္သာစြာပြတ္သပ္ေနၿပီး ၿပဳံးလိုက္သည္။ထိုအၿပဳံးကိုျမင္လိုက္တဲ့သူမေၾကာက္လန႔္တၾကား႐ုန္းလိုက္သည္။ထိုလူကသူမအနားသို႔ကပ္ကာေျပာလိုက္သည္။

"မေသခင္မွတ္သြားလိုက္....။ငါ့မိဖုရားေနရာနဲ႔တန္တဲ့လူ တစ္ကမာၻလုံးမွာတစ္ေယာက္ပဲရွိတယ္...။ငါ့မိဖုရားရဲ႕ေနရာကို စိတ္နဲ႔ေတာင္မပစ္မွားမိေစနဲ႔...."

ထိုလူရဲ႕စကားဆုံးတာနဲ႔ သူမကမာၻတစ္ခုလုံးအေမွာင္က်သြားရသည္။ခနအၾကာမွာေတာ့ဝတ္႐ုံအနက္နဲ႔လူတစ္ေယာက္က အခန္းထဲသို႔ဝင္ေရာက္လာကာ မ်က္ႏွာဖုံးနဲ႔လူငယ္ကိုဦးၫႊတ္ကာႏႈတ္ဆက္လိုက္သည္။

"အရွင္သခင္...."

မ်က္ႏွာဖုံးနဲ႔လူငယ္က ၾကမ္းျပင္ေပၚမွာပုံပ်က္ပန္းပ်က္နဲ႔လွဲေလ်ာင္းေနတဲ့ မိန္းကေလးအေလာင္းကိုေမးေငါ့ျပလိုက္သည္။

"ေခြးစာေကြၽးလိုက္...."

ဝတ္႐ုံအနက္နဲ႔လူကိုေျပာၿပီးတာနဲ႔ မ်က္ႏွာဖုံးနဲ႔လူကေရခ်ိဳးကန္ရွိရာသို႔ထြက္လာလိုက္သည္။ေရခ်ိဳးခန္းကိုေရာက္တာနဲ႔ နံရံအျပည့္ဆြဲထားတဲ့ပန္းခ်ီကားကို ထိုလူငယ္ကလြမ္းဆြတ္စြာၾကည့္လိုက္သည္။

"လြမ္းလိုက္တာ....ကိုယ့္နတ္သားေလးရယ္...."

ပန္းခ်ီထဲကေကာင္ေလးကေတာ့ မ်က္လုံးေလးေတြမွိတ္ၿပီး ယုန္သြားေလးေတြေပၚေအာင္ၿပဳံးလို႔ေနသည္။

_________________________________________

"တစ္ေယာက္တည္းနဲ႔ ရန္ႏိုင္ငံကိုသိမ္းပိုက္တယ္...."

ၾကင္ယာေတာ္ေလးက ေဖးေဖးေျပာျပတဲ့အေၾကာင္းေတြကို နားေထာင္ၿပီးအံ့ဩစြာနဲ႔ထေျပာသည္။ေဖးေဖးၾကင္ယာေတာ္ေလးရဲ႕ ႏူးညံ့ေနတဲ့ဆံႏြယ္ေတြကို ၿဖီးသင္ေနရင္း ျပန္ေျပာလိုက္သည္။

"ဟုတ္ပါတယ္ဆို.....ၾကင္ယာေတာ္ေလးကလည္း....မယုံဘူးလား..."

ၾကင္ယာေတာ္ေလးကခနေလာက္စဥ္းစားေနေသးသည္။ၿပီးတာနဲ႔ေဖးေဖးရဲ႕အေျပာကို ျငင္းေတာ့သည္။

"မျဖစ္ႏိုင္တာ.....တိုင္းျပည္တစ္ျပည္ကိုသိမ္းပိုက္ဖို႔ဆိုတာအခ်ိန္အမ်ားႀကီးယူရတယ္။ၿပီးေတာ့စစ္အင္အားလည္းအမ်ားႀကီးလိုအပ္တယ္။စစ္တိုက္ဖို႔ပရိယာယ္ေတြလည္းအမ်ားႀကီးလိုအပ္တယ္။တစ္ေယာက္တည္း ဘယ္လိုလုပ္သိမ္းႏိုင္မွာလဲ...."

ေဖးေဖးက‌ၾကင္ယာေတာ္ေလးရဲ႕အေျပာကိုျပန္ျငင္းလိုက္သည္။ေျပာေနရင္းအားပါလာတာေၾကာင့္ ၾကင္ယာေတာ္ေလးရဲ႕ေရွ႕မွာထိုင္ခုံတစ္လုံးယူကာထိုင္လိုက္ၿပီးဆက္ေျပာေတာ့သည္။

"ပုံမွန္သမား႐ိုးက်နည္းအတိုင္းဆိုရင္ေတာ့ အဲ့ဒါေတြကလိုအပ္တာေပါ့ ၾကင္ယာေတာ္ေလးရဲ႕...။ဒါေပမယ့္သူကဘာနည္းလမ္းကိုသုံးသြားတယ္ထင္လဲ...."

ေရွာင္းက်န႔္မသိတာေၾကာင့္ ေခါင္းခါျပလိုက္သည္။

"သူက...အပင္ကိုသတ္ခ်င္အျမစ္ကိုႏႈတ္ဆိုတဲ့နည္းလမ္းကိုသုံးသြားတာ...။တိုင္းျပည္တစ္ျပည္ရဲ႕အဓိကအျမစ္ကဘာျဖစ္မယ္လို႔ထင္လဲ...."

ေဖးေဖးရဲ႕အေမးကို ေရွာင္းက်န႔္ျပန္ေျဖလိုက္သည္။

"ဘုရင္....."

"ဒါပဲေလ....။ရန္ဘုရင္ကိုသတ္လိုက္ေတာ့တစ္တိုင္းျပည္လုံးကသူ႔လက္ထဲေရာက္လာတာေပါ့..."

"အဲ့ဒါေတာ့ဟုတ္ပါၿပီ။ရန္ဘုရင္မွာက ဆက္ခံမယ့္မ်ိဳးဆက္မရွိဘူးလား...။ပုန္ကန္မႈေတြေရာမျဖစ္ဘူးလား..."

ေဖးေဖးက‌ၾကင္ယာေတာ္ေလးရဲ႕ အေမးကိုျပန္မေျဖခင္စားပြဲခုံေပၚခ်ထားတဲ့ေရတစ္ခြက္ကိုေသာက္လိုက္သည္။ၿပီးမွဆက္ေျပာသည္။

"ၾကင္ယာေတာ္ေလး....အၿမဲနန္းေဆာင္ထဲမွာပဲေအာင္းေနေတာ့ အျပင္ကသတင္းေတြကိုဘာမွမသိေတာ့ဘူးပဲ။မပူပါနဲ႔....ေဖးေဖးအကုန္ေျပာျပမယ္..."

ေဖးေဖးေျပာတာမွန္ေနတာေၾကာင့္ေရွာင္းက်န႔္ၿငိမ္ေနလိုက္သည္။

"ရန္ဘုရင္ဆိုတာ တဏွာႀကီးတယ္၊ေလာဘႀကီးတယ္ဆိုတာၾကင္ယာေတာ္ေလးလည္း ၾကားဖူးမွာပါ။သူကဘယ္ေလာက္ေတာင္ေလာဘႀကီးလဲဆိုရင္ သူ႔ေနရာကိုထိခိုက္လာမွာစိုးလို႔ ပညာရွိတဲ့လူေတြ၊ေတာ္တဲ့လူေတြကို မခ်ီးျမႇင့္ဘဲသတ္ပစ္တယ္။သူ႔ရဲ႕ေနရာကိုေပးရမွာစိုးလို႔ သူ႔မိဖုရားေတြကို ကိုယ္ဝန္မေဆာင္ခိုင္းဘူး။ဒီေလာက္ဆိုးဝါးတဲ့ မင္းဆိုးမင္းညစ္ကို ျပည္သူေတြကအရင္တည္းကဖယ္ရွားခ်င္ေနၾကတာ။အခုလိုဖယ္ရွာေပးတဲ့လူကို ပုန္ကန္ဖို႔ေနေနသာ ေက်းဇူးေတာင္တင္ၾကအုံးမွာ...."

ေဖးေဖးေျပာျပမွပဲ ေရွာင္းက်န႔္ဇာတ္ရည္လည္သြားေတာ့သည္။ဒီလိုအသုံးမက်တဲ့ဘုရင္တစ္ေယာက္က သူေနထိုင္ရာနန္းေတာ္မွာပဲ ေပၚေပၚထင္ထင္ သတ္ျဖတ္ခံလိုက္ရတာမဆန္းပါဘူး။ေဖးေဖးကေျပာစရာမကုန္ေသးဘူးထင္သည္။ဆက္၍ေျပာလာသည္။ဒီကေလးမ မေမာဘူးလား။

"အခုဆိုရန္ႏိုင္ငံကျပည္သူေတြက ဘုရင္အသစ္ကိုတအားကိုသေဘာက်ေနၾကတာ။ဒါေပမယ့္ဘုရင္အသစ္ကိုဘယ္သူမွလည္းမျမင္ဖူးသလို၊ဘယ္သူမွလည္းသူ႔ရဲ႕နာမည္ကိုမသိၾကဖူးတဲ့...။သူတို႔သိတဲ့နာမည္က"အရွင္သခင္"ဆိုတာပဲ။အရွင္သခင္က ရန္ႏိုင္ငံကိုသိမ္းပိုက္ၿပီးေနာက္ပိုင္းမွာ ရန္ႏိုင္ငံကအရင္ကထက္အမ်ားႀကီးတိုးတက္လာတယ္တဲ့။ရန္ႏိုင္ငံျပည္သူေတြကေတာ့ အရွင္သခင္ကိုေကာင္းကင္ဘုံကလႊတ္လိုက္တယ္ဆိုၿပီး ယုံၾကည္ၾကတယ္တဲ့။တခ်ိဳ႕ဆို အရွင္သခင္ကို ကိုးကြယ္ၾကတဲ့သူေတြေတာင္ရွိတယ္တဲ့....။အရွင္သခင္ကအရင္ဘုရင္ရဲ႕ လူေတြအကုန္လုံးကိုျဖဳတ္ခ်ၿပီးကြပ္မ်က္ပစ္တယ္တဲ့။ၿပီးေတာ့အရွင္သခင္ဖြဲ႕စည္းထားတဲ့"အရိပ္မဲ့"တပ္ဖြဲ႕ဆိုတာရွိတယ္တဲ့...."

ေဖးေဖးရဲ႕စကားကို ေရွာင္းက်န႔္သံေယာင္လိုက္မိသည္။

"အရိပ္မဲ့တပ္ဖြဲ႕...."

"အင္း....အရိပ္မဲ့တပ္ဖြဲ႕နဲ႔ဘယ္သူကမွမဆုံေတြ႕ခ်င္ၾကဘူးတဲ့။ဘာေၾကာင့္လဲဆိုေတာ့ အရိပ္မဲ့တပ္ဖြဲ႕ကိုေတြ႕တဲ့သူမွန္သမွ်က ငရဲကိုက်ိန္းေသေပါက္သြားရလို႔ပဲ....။ၿပီးေတာ့ေဖးေဖးၾကားထားတာရွိေသးတယ္။အရိပ္မဲ့တပ္ဖြဲ႕လို႔ေခၚရျခင္းအေၾကာင္းရွိတယ္။ဘယ္အခ်ိန္မွာေရာက္လာမလည္းဆိုတာလည္းမသိႏိုင္ဘူး၊ဘယ္ေနရာမွာရွိေနလည္းဆိုတာလည္းမသိႏိုင္ဘူး၊သူတို႔ရဲ႕လႈပ္ရွားမႈေတြကျမန္ဆန္လြန္းလို႔ အရိပ္ကိုေတာင္မျမင္ႏိုင္လို႔ "အရိပ္မဲ့တပ္ဖြဲ႕"လို႔ေခၚတာတဲ့...."

ေရွာင္းက်န႔္"အရွင္သခင္"ဆိုတဲ့လူကိုအထင္ႀကီးမိသြားသည္။ဒီလူကတကယ့္ကိုေတာ္တဲ့သူပဲ။လူတကာေၾကာက္ရတဲ့အရိပ္မဲ့တပ္ဖြဲ႕က သူ႔နားမွာတစ္ခ်ိန္လုံးရွိေနၿပီး သူ႔ကိုေစာင့္ေရွာက္ေနတယ္ဆိုတာကိုေတာ့ေရွာင္းက်န႔္မသိခဲ့...။

ေရွာင္းက်န႔္နဲ႔ေဖးေဖးစကားေျပာလို႔ၿပီးသြားခ်ိန္မွာပဲ က်စ္မင္ေလးကလုံးလုံးလုံးလုံးႏွင့္ ေရွာင္းက်န႔္နန္းေဆာင္ထဲကိုဝင္လာသည္။

"ပါပါးး..."

လုံးတုတ္ေနၿပီး ခ်စ္ဖို႔ေကာင္းလြန္းတဲ့က်စ္မင္ကိုေရွာင္းက်န႔္ ေပါင္ေပၚသို႔ေပြ႕ခ်ီလိုက္သည္။

"ေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား.....ပါပါးရဲ႕ေပါက္စီလုံးေလး...."

ေရွာင္းက်န႔္ရဲ႕အေမးကိုျပန္ေျဖတဲ့အေနနဲ႔ က်စ္မင္ကေခါင္းေလးကိုအဆက္မျပတ္ျငႇိမ့္ျပသည္။အိပ္ခ်င္မူးတူးျဖစ္ေနတဲ့က်စ္မင္ကို ေရွာင္းက်န႔္က ကလိထိုးကာစသည္။‌သူတို႔ႏွစ္ေယာက္ေဆာ့ေနတာေၾကာင့္ အေနာက္ကေရာက္လာတဲ့လူကိုသတိမထားမိလိုက္ၾက။

ခနအၾကာမွာေတာ့ေရွာင္းက်န႔္နဲ႔ က်စ္မင္ကိုအေနာက္ကေနတစ္စုံတစ္ေယာက္က သိုင္းဖက္လိုက္သည္။က်ီ႐ႊမ္းမွန္းသိလိုက္တာႏွင့္ ေရွာင္းက်န႔္ကၿငိမ္က်သြားသည္။က်စ္မင္ကေတာ့သူ႔ခမည္းေတာ္ကို ေတြ႕လိုက္တာေၾကာင့္ေပ်ာ္႐ႊင္ေနေတာ့သည္။က်ီ႐ႊမ္းဖက္ထားတာကို ေရွာင္းက်န႔္႐ုန္းလိုက္ေပမယ့္လည္း က်ီ႐ႊမ္းကမလႊတ္ေပးေပး။က်စ္မင္လည္းရွိေနတာေၾကာင့္ ေရွာင္းက်န႔္ၿငိမ္ေနလိုက္သည္။ေရွာင္းက်န႔္က်စ္မင္ကို ငုံ႔ၾကည့္ကာေျပာလိုက္သည္။

"အျပင္မွာသားေတာ္အတြက္ မုန႔္ေတြျပင္ေပးထားတယ္။သြားစားလိုက္အုံးေနာ္...."

က်စ္မင္ကေရွာင္းက်န႔္စကားကိုနားေထာင္ၿပီးနန္းေဆာင္ျပင္သို႔ထြက္သြားသည္။က်စ္မင္ထြက္သြားေတာ့မွ ေရွာင္းက်န႔္က်ီ႐ႊမ္းဆီက႐ုန္းထြက္လိုက္သည္။

"ကိုယ့္ကိုစိတ္ဆိုးေနတုန္းလား...။အခုထိခြင့္မလႊတ္ႏိုင္ေသးဘူးလား...."

ေရွာင္းက်န႔္ကဘာမွျပန္မေျဖဘဲ ၿငိမ္ၿငိမ္ေလးသာရပ္ေနသည္။

"ေရွာင္းက်န႔္...."

"စိတ္ဆိုးတာမဟုတ္ဘူး။စိတ္ကုန္သြားတာ...."

ေရွာင္းက်န႔္ရဲ႕စကားကိုၾကားေတာ့ က်ီ႐ႊမ္းစိတ္မေကာင္းျဖစ္သြားသည္။ေရွာင္းက်န႔္ကရိေပၚေသတဲ့ကိစၥနဲ႔ပတ္သက္ၿပီး သူ႔ကိုအခုထိခြင့္မလႊတ္ေသးဘူး။ေရွာင္းက်န႔္ဆီကေနာက္ထပ္စကားသံေလးထြက္လာသည္။

"ကြၽန္ေတာ္ မင္းႀကီးကိုေစတနာနဲ႔သတိေပးလိုက္မယ္။မင္းႀကီးရဲ႕မယ္ေတာ္ကို သိပ္မယုံၾကည္ပါနဲ႔...."

ေရွာင္းက်န႔္ရဲ႕စကားေၾကာင့္ က်ီ႐ႊမ္းရဲ႕မ်က္ႏွာမွာအလိုမက်မႈေတြေပၚလာသည္။သူကသူ႔ေမြးေန႔က်င္းပဖို႔အေၾကာင္းေျပာဖို႔လာခဲ့ေပမယ့္ ေရွာင္းက်န႔္ေျပာတာကေတာ့သူ႔မယ္ေတာ္ကိုမယုံနဲ႔တဲ့လား။

"ေရွာင္းက်န႔္.....မင္းဘာကိုေျပာ...."

က်ီ႐ႊမ္းေျပာလို႔မဆုံးခင္မွာပင္ ေဖးေဖးကနန္းေဆာင္ထဲသို႔အေလာတႀကီးေျပးဝင္လာသည္။

"မင္းႀကီး.....ၾကင္ယာေတာ္.....မင္းသားေလးေပ်ာက္သြားတယ္....."

ေဖးေဖးရဲ႕စကားေၾကာင့္ ေရွာင္းက်န႔္နဲ႔က်ီ႐ႊမ္းအလန႔္တၾကား အျပင္သို႔ထြက္လာလိုက္သည္။က်ီ႐ႊမ္းက သူ႔ရဲ႕ကိုယ္ရံေတာ္တပ္ေတြကိုနန္းေတာ္ရဲ႕ေနရာအႏွံ႔အျပားကိုရွာေစသည္။ခနအၾကာမွာေတာ့ ကိုယ္ရံေတာ္တပ္ေခါင္းေဆာင္ေရွာင္က်ားယြီျပန္ေရာက္လာၿပီး ရွာမေတြ႕ေၾကာင္းေျပာသည္။

"နန္းေတာ္ေနရာအႏွံ႔ရွာၿပီးပါၿပီ....မင္းႀကီးနဲ႔ၾကင္ယာေတာ္....။မင္းသားေလးကိုရွာလို႔မေတြ႕ခဲ့ပါဘူး...."

လဲက်မလိုျဖစ္သြားတဲ့ေရွာင္းက်န႔္ရဲ႕ ခႏၶာကိုယ္ေလးကို က်ီ႐ႊမ္းကထိန္းေပးလိုက္သည္။ေရွာင္းက်န႔္ရဲ႕အၾကည့္ေတြက ၾကာကန္ႀကီးဆီသို႔ေရာက္သြားသည္။ၾကာကန္ဆီသို႔သြားဖို႔ျပင္ေနတဲ့ေရွာင္းက်န႔္ကို က်ီ႐ႊမ္းတားလိုက္သည္။

"ဘာလုပ္မလို႔လဲ..."

"တကယ္လို႔...တကယ္လို႔...သားေတာ္အဲ့ထဲျပဳတ္က်သြားရင္ဘယ္လိုလုပ္မလဲ...."

"တျခားလူေတြကိုဆင္းရွာခိုင္းလိုက္မယ္...."

"တျခားလူေတြဆင္းရွာတာကိုရပ္ၿပီးေစာင့္မေနႏိုင္ဘူး...."

ေရွာင္းက်န႔္က ဆြဲထားတဲ့က်ီ႐ႊမ္းရဲ႕လက္ကိုဆြဲျဖဳတ္ကာေရကန္ထဲသို႔ဆင္းဖို႔ျပင္လိုက္သည္။ေရွာင္းက်န႔္‌ရဲ႕ခႏၶာကိုယ္ေလး ေရနဲ႔ထိဖို႔အနည္းမွ်သာလိုတဲ့အခ်ိန္မွာ အေနာက္မွတစ္စုံတစ္ေယာက္က ေရွာင္းက်န႔္ရဲ႕ခါးေလးကေနဆြဲေပြ႕လိုက္တာေၾကာင့္ ေရကန္ထဲကိုဆင္းဖို႔ျပင္ေနတဲ့ေရွာင္းက်န႔္ရဲ႕ခႏၶာကိုယ္ေလး ထိုလူ႔ရဲ႕ရင္ခြင္ထဲသို႔ေရာက္သြားရသည္။သူ႔ကိုေပြ႕ခ်ီထားတဲ့လူကိုျမင္ခ်င္တာေၾကာင့္ ေရွာင္းက်န႔္ေမာ့ၾကည့္လိုက္သည္။ထိုလူရဲ႕မ်က္ႏွာမွာမ်က္ႏွာဖုံးတစ္ခုကိုဝတ္ဆင္ထားၿပီးထို႔လူ႔ရဲ႕ႏႈတ္ခမ္းပါးေတြက ၿပဳံးေယာင္သန္းေနခဲ့သည္။ထိုလူ႔ရဲ႕ေ႐ႊဝါေရာင္မ်က္လုံးေတြက ေရွာင္းက်န႔္ကိုႏူးညံ့စြာငုံ႔ၾကည့္ေနခဲ့သည္။

________________________________________

1.7.2020




အေရွ႕အပိုင္းမွာေျဖတဲ့လူေတြအကုန္မွန္ပါတယ္လို႔။ရန္ႏိုင္ငံကိုသိမ္းတာ တို႔အမ်ိဳးသားပါလို႔ಠ◡ಠ

ဒါနဲ႔ေလ ကိုယ္ေနာက္ထပ္အသစ္ေတြေရးရင္အားေပးၾကမွာလားဟင္ಠ◡ಠ

ဖတ္ပဲဖတ္မေနနဲ႔....။voteနဲ႔feedbackေလးလည္းေပးၾကပါအုံးಠ◡ಠ💞

Continue Reading

You'll Also Like

19.6K 2.2K 17
လောင်းကြေးအနေနဲ့ ငါ့နှလုံးသားတစ်စုံ။ Binhao/Haobin fanfiction
14.9K 432 21
Katerina Mateo~ The daughter of Ares and Bella Mateo. The most dangerous people alive. Katerina is now the first female Mafia Leader. She knows her m...
62.4K 4K 14
Explicit (18+) COMPLETE 35k READ FULL TAGS CP 1 Being indescribably beautiful is more of a curse than it is a blessing. OR How Taehyung and Jungkook...
22.4K 1K 12
"လှပတဲ့ကြာပန်းလေးဝယ် နာခိုးမိတဲ့ပုစဥ်းငယ် အို....မိုက်ရူးရဲဆန်သော ပုစဥ်းငယ် ဤကြာပန်းကို သင်မပိုင်လော" "လွပတဲ့ၾကာပန္းေလးဝယ္ နာခိုးမိတဲ့ပုစဥ္းငယ္ အို...