မုန်းရဲ့အလင်းရောင်

Galing kay ShayyLinkar

479K 28.9K 1K

သူငယ်ချင်းဆိုတဲ့ အဖြူရောင်အလွှာလေးကိုငါအရောင်တွေစွန်းထင်စေမိပီအလင်း မုန်း(မုန်းမာန်) သူငယ်ချင်းဆိုတဲ့တံတိုင်း... Higit pa

Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12(U+Z)
Part 13 (U+Z)
Apologize
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 23 (Zawgyi)
Part 24 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z) Waning
New Fic
Part 36 (U+Z)
Part 37 (U+Z) Waning
Part 38 (U+Z)
Part 39 (U+Z)
Part 40 (U+Z)
Part 41 (U+Z)
Part 42 (U+Z) The End
ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်
Extra 1 (U+Z)

Part 25 (U+Z)

8.8K 572 10
Galing kay ShayyLinkar

#Unicode

အလင်း ညကတစ်ညလုံးငိုခဲ့တော့ ခုမနက်ခေါင်းကိုက်နေတာမို့ ဒီနေ့ကျောင်းမသွားတော့ဘဲ တနေကုန်အိပ်ဖို့ စဉ်းစားလိုက်တယ်။ ဒါပေမဲ့ တစ်မနက်လုံး ဘယ်သူ့ကို‌ဖုန်းခေါ်လို့မရလို့ အလုပ်ရှုပ်နေမှန်းမသိတဲ့ နွေ့ကြောင့် ဆက်အိပ်မရတော့လို့ အိပ်ရာက ထလာခဲ့ရတော့တယ်။

မနက်စာစားဖို့ မီးဖိုချောင်ထဲဝင်တော့ တောင်လျှောက်လိုက် မြောက်လျှောက်လိုက်နဲ့ ဂနာမငြိမ်တဲ့ နွေ့ကိုကြည့်ပြီး ခေါင်းပိုကိုက်လာတယ်။ အရင်ကတည်းက ကိုက်နေတဲ့ခေါင်းက နွေ့ကိုကြည့်ပြီး ချာချာလည်ချင်လာတယ်။

“နွေ နင်ငြိမ်ငြိမ်ထိုင်ပြီး ဖုန်းခေါ်လို့မရဘူးလားဟာ။ ငါနင့်ကိုကြည့်ပြီး ခေါင်းပိုကိုက်လာတယ်။ နင်ဘာဖြစ်နေတာလဲ။ ဘယ်သူ့ကိုခေါ်မရလို့လဲ။ ခေါ်မရလည်း မခေါ်ဘဲနေလေဟာ။ သူတွေ့ရင်ပြန်ခေါ်မှာပေါ့”

“နင်မသိပါဘူး။ မနေ့က မုန်းမအားငိုနေတာ။ ညကဖုန်းဆက်တော့လည်း ငိုနေလို့ မနက်ပြန်ခေါ်လိုက်မယ် ပြောထားတာ။ ခုတစ်မနက်လုံး ငါဖုန်းခေါ်နေတာ ခေါ်လို့မရဘူး။ မုန်းက သူအရမ်းစိတ်ဆိုးနေတဲ့အချိန် ဖုန်းခေါ်ရင်တောင် မကိုင်ဘဲမနေခဲ့ဘူး။ ဘာအကြောင်းကိစ္စပဲရှိရှိ ဖုန်းခေါ်ရင် မကိုင်ဘဲမနေဘူး။ ငါခေါ်နေတာ အခါ 100မကတော့ဘူး ဘာများဖြစ်နေလို့လဲမသိဘူးဟာ ငါစိတ်ပူလာပြီ”

“သူနဲ့အမြဲတွဲနေတဲ့သူတွေကို ဖုန်းခေါ်ကြည့်လေ”

“မေသူ့ကိုခေါ်ကြည့်တယ် သူနဲ့တူတူရှိမနေဘူးတဲ့။ မုန်းရောရှားရော ကျောင်းလည်းမလာဘူးတဲ့။ အဲ့ဒါကြောင့် ငါရှားကို ခေါ်ကြည့်သေးတယ်။ ရှားနဲ့လည်း မရှိဘူး။ အားသစ်တို့ သုတတို့နဲ့လည်း မရှိဘူး။ မုန်းမှာ ဒီလူတွေအပြင် တခြားအသိလည်း မရှိဘူးလေ။ မုန်းတစ်ယောက် ဘာများဖြစ်နေပြီလဲ မသိဘူးဟယ်”

နွေက ငိုတော့မလိုပြောလာတာမို့ သူတကယ်ကိုစိတ်ပူနေတာ ဖြစ်ပါလိမ့်မယ်။ ဒါဆို ကျွန်တော်ကရော။ ကျွန်တော့်ရင်တွေလည်း ပူနေပါပြီ။ မုန်းက စိတ်အားငယ်တတ်ပြီး ပျော့ညံ့တတ်တာ ကျွန်တော်သိနေတယ်လေ။ စိတ်ညစ်စရာရှိတဲ့အချိန် စိတ်ပင်ပန်းလာတိုင်း ဖျားတတ်တာမို့ နေမကောင်းဖြစ်နေတာများလား။ မင်းဘာတွေဖြစ်နေလဲမုန်း။ ငါရင်တွေပူလာပြီ။

အလင်းမုန်းဆီကိုသွားဖို့ ပိုက်ဆံအိတ်နဲ့ အပေါ်ထပ်အင်္ကျီကို ကောက်ကိုင်ပြီး သွားဖို့ပြင်လိုက်တယ်။

“ဘယ်သွားမလို့လဲအလင်း”

“မုန်းကိုသွားရှာမလို့”

“ငါလည်းလိုက်ခဲ့မယ်လေ”

“ရတယ် နင်အိမ်မှာစောင့်နေ။ တွေ့တာနဲ့ နင့်ကိုဖုန်းဆက်လိုက်မယ်”

“အေး အေး။ တွေ့တာနဲ့ခေါ်နော်”

“အေးပါ ငါသွားပြီ”

အလင်း နွေ့ကိုပြောပြီး ထွက်လာခဲ့လိုက်တယ်။ Taxi တစ်စီးအမြန်ငှားပြီး မုန်းအခန်းကို အရင်သွားရမယ်။ အဲ့ဒီမှာမရှိမှ မုန်းသွားတတ်တဲ့နေရာလေးတွေ လိုက်ရှာကြည့်ရ‌တော့မှာပေါ့။ ကားသမားဦးလေးကလည်း နှေးလိုက်တာဆိုတာ။

“ဦးလေး နည်းနည်းလောက် မြန်မြန်မောင်းပေးလို့ရမလားခင်ဗျ။ ကျွန်တော်အရမ်းအရေးကြီးနေလို့ပါ”

“ဦးလေးလည်းမောင်းချင်ပေမယ့် ကားကြပ်နေလို့ပါ။ ကားကြောရှင်းတာနဲ့ အမြန်မောင်းပေးမယ်နော်”

“ဟုတ်ကဲ့ ဦးလေး။ ကျေးဇူးပါဗျ”

ကားကလည်းကြပ် မုန်းအိမ်ကို တော်ရုံနဲ့လည်းမရောက်နိုင် လူကလည်း ရင်တွေပူနေပြီး စိုးရိမ်နေရလို့ ရူးတော့မယ်။ ကားကြပ်တာကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီးတော့မှ မုန်းအိမ်ကို ရောက်လာခဲ့ရတယ်။ မုန်းအခန်းရှေ့ရောက်တော့ အခန်းကို တဒုန်းဒုန်းထုပြီးခေါ်နေပေမယ့် ဘာသံမှမကြားရတာမို့ ဘာဆက်လုပ်ရမလဲတောင် မသိတော့ဘူး။ အထဲမှာလူရှိမရှိ ဝင်ကြည့်ရင်ကောင်းမလား။ သူများအိမ်ကို အိမ်ရှင်မသိဘဲ ဝင်ရင်လည်း မကောင်းပြန်ဘူး။ တခြားနေရာသွားရှာဖို့ လှည့်ထွက်လာခဲ့ပေမယ့် စိတ်ထဲမှာ ဘဝင်မကျ ဖြစ်နေတာကြောင့် အိမ်မှာရှိနေမယ်လို့လည်း ထင်တာမို့ အိမ်ထဲကိုဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

အိမ်ထဲဝင်မယ်လုပ်တော့ အဲ့ဒါမှ ဒုက္ခပဲ။ ငါ မုန်းရဲ့အိမ် Password ကို သိလည်းမသိဘဲ ဘယ်လိုဝင်ရပါ့။ စမ်းကြည့်ရမှာပေါ့ အရင်းဆုံး မုန်းမွေးနေ့ရိုက်ထည့်ပေမယ့် ပွင့်မလာပေ။ မုန်းမှတ်ပုံတင်နံပတ် ဟုတ်တယ် မုန်းနဲ့ငါက မှတ်ပုံတင် ရှေ့ဆင့်နောက်ဆင့်ဆိုတော့ ငါက ၂၀၇၃၀၈ ဆိုရင် မုန်းက ၂၀၇၃၀၉။ ဖွင့်ကြည့်လိုက်တော့လည်း ပွင့်မလာပါ။ ဒါဆို ဖုန်း Password ထင်တယ်။ ဖွင့်ကြည့်လိုက်မယ်။ 55144 Yes! ဒါပဲလေ ပွင့်သွားပြီ။

အိမ်ထဲဝင်လာတော့ မုန်းစီးနေကြဖိနပ်လေး‌ကို တွေ့လိုက်တာမို့ မုန်းအိမ်ထဲမှာရှိနေတာ သေချာပါပြီ။ အရင်ဆုံး မုန်းအိပ်ခန်းဘယ်မှာလဲ အရင်ရှာရမယ်။ မုန်းအိပ်ခန်းကို ရှာတော့တွေ့ပါပြီ။ အခန်းရှေ့မှာ Mone ဆိုပြီး ချိတ်ထားတာမို့ အခန်းတံခါးကို ဆွဲဖွင့်ကြည့်လိုက်ဝောာ့ စောင်ပုံထဲမှာ ကွေးကွေးလေးအိပ်နေတဲ့မုန်းကို တွေ့လိုက်ရတယ်။

“မုန်း”

အလင်းခေါ်ပေမယ့် ပြန်မထူးတာကြောင့် စိုးရိမ်စွာနဲ့ အနားကိုအမြန်ပြေးပြီး မုန်းကိုလှုပ်နှိုးပြီး ခေါ်ကြည့်လိုက်တော့ ခေါ်လို့မရတော့ပါဘူး။ နဖူးကိုစမ်းကြည့်လိုက်တော့ ကိုယ်တွေခြစ်ခြစ်တောက်ပူနေတာမို့ ကျွန်တော်ထင်တဲ့အတိုင်း ကျွန်တော့မုန်း ကျွန်တော့်ကြောင့် စိတ်ဆင်းရဲရလို့ ဖျားနေပါပြီ။

မုန်းအိပ်ရာဘေးက စားပွဲပေါ်ကိုကြည့်မိတော့ သာမိုမီတာတံလေးက အဆင်သင့်။ ခဏခဏဖျားတတ်တဲ့သူမို့ ဆောင်ထားတာ ဖြစ်ပါလိမ့်မယ်။ သာမိုမီတာလေးယူပြီး အဖျားတိုင်းတော့ 104တဲ့။ အဖျားတော်တော်ပြင်းတာမို့ ရေဇလုံရယ် တဘက်တစ်ထည်ရယ် ယူလိုက်ပြီး အဖျားကျအောင်လုပ်ပေးဖို့ ပြင်ရတယ်။

မုန်းအနားမှာထိုင်လိုက်ပြီး အဖျားကျ‌အောင်လုပ်ပေးဖို့ မုန်းအင်္ကျီကြယ်သီးတွေကို ဖြုတ်ဖို့ပြင်တော့ မုန်းရဲ့ပါးပြင်မှာ မျက်ရည်လေးတွေစီးကျလာပြီး ရှိုက်သံလေးပါထွက်လာတယ်။ ပင်ပန်းနေပြီလားမုန်း။ အလင်း မုန်းနှုတ်ခမ်းဖူးဖူးလေးကို ထိတယ်ဆိုရုံလေး နမ်းလိုက်တယ်။ မြန်လာတဲ့ရင်ခုန်ခုန်သံတွေကို မျက်ကွယ်ပြုပြီး မုန်းအင်္ကျီကြယ်သီးတွေကို အမြန်ဖြုတ်ပေးလိုက်ရတယ်။ မုန်းရဲ့ကိုယ်လုံးကို ရေပတ်တိုက်ပြီး အင်္ကျီပြန်ဝတ်ပေးလိုက်တယ်။ ပြီးတော့ ရေစွတ်ထားတဲ့ တဘက်အစိုလေးကို မုန်းနဖူးပေါ်လေးကိုတင်လိုက် ခဏကြာတော့ ပြန်ယူလိုက်။ ရေပြန်စိမ်လိုက် ရေညှစ်လိုက် နဖူးပေါ်ပြန်တင်လိုက်နဲ့ 45 မိ‌နစ်လောက်လုပ်ပေးတော့ မုန်းအဖျားက အတော်လေးကျသွားပါတယ်။

မုန်းအတွက် ဆေးထွက်ဝယ်ပြီး ပြန်လာတော့မှ မုန်းသောက်ဖို့အတွက် နို့ဆန်ပြုတ်လေး ပြုတ်လိုက်တယ်။ ဆန်ပြုတ်အိုးကျ‌က်မှ နွေ့ကိုဖုန်းခေါ်ဖို့ သတိရလာတာမို့ အလျင်အမြန် ဖုန်းခေါ်ရပါတော့တယ်။

“ဟဲလို နွေ”

“အလင်း မုန်းကိုတွေ့ပြီလား”

“အင်း တွေ့ပြီ သူ့အိမ်မှာပဲ။ နင်မုန်းအိမ်ကို အခုလာခဲ့ပေးနော်။ အဝတ်အစား တစ်စုံနှစ်စုံလောက် အပိုယူခဲ့ဦး”

“အေးအေး ငါခုထွက်လာခဲ့မယ်နော်”

နွေဖုန်းချသွားတော့ မုန်းရဲ့အခန်းထဲကို ပြန်ဝင်လာခဲ့ပြီး မုန်းဘေးနားမှာ ထိုင်လိုက်တယ်။ မုန်းလက်ကလေးကိုကိုင်ပြီး အလင်းရင်ထဲကစကားတွေ ပြောလိုက်တယ်။

“မုန်း ငါလေ မင်းကို ဝန်ခံစရာတွေ အများကြီးရှိတယ်။ မင်းမသိနိုင်လောက်တဲ့အချိန်မှာပဲ ဝန်ခံရဲတာမို့ ငါ့ကိုခွင့်လွှတ်နော်။ ပထမဦးဆုံးဝန်ခံချင်တာက ငါမင်းကိုအရမ်းချစ်တယ်မုန်း။ မင်းကလွဲပြီး ဘယ်သူကိုမှ မချစ်တော့လောက်အောင်ကို ချစ်တယ်။ ငါသတ္တိနည်းပြီး မင်းလက်ကိုမဖမ်းဆွဲထားရဲလို့ တောင်းပန်ပါတယ်။ ငါ့ကြောင့် မင်းစိတ်ညစ်နေရပြီလားမုန်း။ စိတ်ညစ်မယ်ဆိုလည်း ခဏလေးပဲညစ်ပေးပါမုန်းရယ်။ ငါ့ကိုတော့မေ့ပေးပါ။ နောက်ဆိုမင်းကို အဝေးကြီးကပဲကြည့်ပြီး ချစ်တော့မှာမို့ မင်းက အဆင်ပြေအောင်နေပေးနော်။ ငါမင်းကိုအရမ်းချစ်တယ်မုန်း”

အလင်း မုန်းလက်ကလေးကိုနမ်းကာ အိပ်ရာ‌ပေါ်ပြန်ချပေးလိုက်ပြီး နဖူးလေးကိုနမ်းလိုက်တယ်။ ပြီးတော့ နှုတ်ခမ်းလေးကို နမ်းလိုက်တယ်။ ဒီတစ်ခါတော့ ထိရုံလေးနဲ့ မရတော့တာမို့ အနမ်းတွေကြာသွားခဲ့တယ်။ ချစ်တယ်မုန်း။ မင်းမသိအောင်ဘဲချစ်ပြီး မင်းမသိအောင်ဘဲ နမ်းရဲတာမို့ တောင်းပန်ပါတယ်။

ခဏကြာတော့ နွေလည်းရောက်လာတာမို့ မှာစရာရှိတာမှာပြီး အလင်းအိမ်ပြန်ဖို့ ပြင်ရတယ်။

“မုန်းအရမ်းဖျားနေတယ်နွေ။ အပူက 104 တောင်ရှိတယ်။ ငါရေပတ်တော့ တိုက်ပေးထားတယ်။ အင်္ကျီတော့လဲပေးမထားဘူး။ နိုးလာရင် အင်္ကျီလဲခိုင်းပြီး ဆေးသေချာတိုက်လိုက်ပါ။ ဆေးတွေကို ငါမုန်းအိပ်ရာဘေးက ခုံပေါ်မှာတင်ပေးခဲ့တယ်။ ငါမုန်းအတွက် နို့ဆန်ပြုတ်လည်းပြုတ်ခဲ့ပေးတယ်။ မုန်းနိုးလာရင် ပြန်နွှေးပေးပြီး တိုက်လိုက်ပါ။ ငါပြန်တော့မယ်နွေ။ ငါလာသွားတယ်ဆိုတာကို မုန်းမသိပါစေနဲ့နော်။ မုန်း အိမ် password က 55144 ဖုန်း password နဲ့တူတူပဲ။ ခုည မုန်းအိမ်မှာ နင်တို့အိပ်ပေးလိုက်ပါဟာ နော် ငါစိတ်ပူလို့ပါ”

“နင်စိတ်ပူနေရင် နင်လည်း ဒီမှာနေပေးလိုက်ပါ့လားဟာ။ ပြန်မနေပါနဲ့လား”

“ဟင့်အင် ငါလာတာ သူ့ကိုမသိစေချင်ဘူး။ ငါတို့ခုအနေအထားပဲ ကောင်းပါတယ်နွေ”

“အင်းပါ”

နင်ပဲ အကုန်လုပ်ပေးခဲ့ပြီးတော့ မသိစေချင်ဘူးတဲ့လား အလင်းရယ်။ နင်သူ့ကို အရမ်းစိတ်ပူနေတယ်မို့လား။

“ငါပြန်တော့မယ်။ ညကြ မုန်းသက်သာလား မသက်သာလားဆိုတာကို ငါ့ကို message ပို့ပေးပါဟာနော်”

“အေးပါဟာ”

“ဒါဆို ငါသွားပြီနွေ။ သုတတို့ မေသူတို့ကိုပါ လာအိပ်ပေးဖို့ နင်ပဲဖုန်းဆက်လိုက်နော်။ ငါလာသွားတယ်ဆိုတာကို သူ့ကို လုံးဝမပြောပြဘူးလို့ ကတိပေးပါ”

“အင်းပါ ငါကတိပေးတယ်”

“ကျေးဇူးနွေ ငါသွားပြီ”

အလင်းရယ် နင့်မျက်နှာမှာ စိုးရိမ်မှုတွေ အထင်းသားပေါ်နေတယ်။ မချစ်တာလည်း မဟုတ်ဘဲနဲ့ဟာ။

ညနေကြတော့ နွေဆန်ပြုတ်နွှေးနေတုန်း မုန်းနိုးလာတာမို့ အလင်းပြောထားတဲ့အတိုင်း နွေပိပိရိရိ ညာပေးလိုက်ရတယ်။ တော်သေးတယ် နွေပြောသမျှကို မုန်းကယုံလို့။ ဒါပေမဲ့ password ဘယ်လိုသိလဲလို့တော့ မေးပါသေးတယ်။ အဲ့‌ဒါကြောင့် အလင်းများသိမလားဆိုပြီး အလင်းကိုလှမ်းမေးကြည့်တော့ ဖုန်း password နဲ့တူတူပဲဖြစ်မလားမသိဘူး ရိုက်ကြည့်ဆိုလို့ ရိုက်ကြည့်လိုက်တာ ရသွားတယ်လို့ ညာလိုက်ရတယ်။ ယုံလို့တော်ပါသေးတယ်။

စိတ်ထဲမှာတော့ အလင်းလာသွားတယ်။ တစ်မနက်လုံး နင့်ကိုရေပတ်တွေတိုက်ပေးပြီး အဖျားကျအောင် လုပ်ပေးသွားတာ။ နင့်အနားမှာ တစ်မနက်လုံးပြုစုပေးပြီး နင်နဲ့အတူရှိနေခဲ့ပေးတာ။ ခုနင်သောက်နေတဲ့ဆန်ပြုတ်ကလည်း သူပဲပြုတ်ပေးသွားတာ။ နင့်အတွက်ဆေးတွေလည်း သူပဲဝယ်ပေးသွားတာဆိုပြီး ပြောလိုက်ချင်ပေမယ့် အလင်းကမပြောပါနဲ့ဆိုတော့လည်း ကိုယ့်ဘာကိုယ်ပဲ ရင်ထဲမှာပြောလိုက်ရတယ်။ ပြောချင်တာတွေ မြိုသိပ်လိုက်ရတာလည်း လွယ်ကူမနေပါဘူးနော်။

ညဘက်ရောက်တော့ နွေ့ဆီက message ဝင်လာတယ်။

“မုန်းအဖျားနည်းနည်းကျသွားပြီအလင်း။ နည်းနည်းသက်သာနေပြီ။ ဆန်ပြုတ်လည်းသောက်တယ်။ ဆေးကတော့ မနည်းချော့တိုက်လိုက်ရတယ်။ သုတနဲ့မေသူတို့ လာအိပ်တယ်အလင်း။ ငါတို့ရှိ‌နေတာမို့ နင်စိတ်ပူမနေနဲ့နော်”

“မုန်းက ဆေးသောက်ကြောက်တယ်။ နင်နည်းနည်းတော့ စိတ်ရှည်လိုက်ဟာနော်။ နောက်တစ်ခါ‌ဆေးတိုက်ရင် ချိုချဉ်လေး‌ကြွေးမယ်ပြောပြီးတိုက်။ ဆေးသောက်ပြီးရင် ချိုချဉ်ကြွေးလိုက်နော်။ အဲ့ဒါဆို မုန်းကဆေးကို ချောချောချူချူ‌ သောက်လိမ့်မယ်။ မုန်းအနားမှာရှိနေပေးလို့ ကျေးဇူးပါနွေ”

“ရပါတယ်ဟယ်။ မုန်းလည်း ငါ့သူငယ်ချင်း ငါချစ်ရတဲ့သူပါပဲ။ ဒါနဲ့ ညနေက မေလာသွားတယ်အလင်း။ မေက မုန်းကိုအိမ်ခေါ်တာ မုန်းကမလိုက်တော့ဘူးပြောတော့ မေကဘာလို့လဲတဲ့။ အလင်းနဲ့ စကားများထားတာလားလို့ မေးသွားတယ်။ ငါ့ကိုပါမေးလို့ မဟုတ်ပါဘူးလို့ ညာပြောလိုက်ရတယ်။ မေ့ကိုကြည့်ရတာ ယုံတဲ့ပုံ မပေါ်ဘူး။ နင်တို့ ဒီလိုမခေါ်ဘဲနေနေရင် မေတို့ ရိပ်မိနေမယ်နော်အလင်း”

“အေးပါ မေ့ကို ငါကြည့်ပြောထားလိုက်ပါ့မယ်။ ဒါနဲ့ မုန်းအိပ်သွားပြီလား”

“ဟေ့အေ မအိပ်သေးဘူး။ သုတတို့မေသူတို့နဲ့ အာလူးဖုတ်နေတယ်။ ဒါပဲနော်အလင်း။ စိတ်ပူမနေနဲ့တော့ အိပ်တော့”

“Good Night နွေ”

“Good Night အလင်း”

နွေအလင်းဆီ message ပို့ပြီး အထဲကိုဝင်လာတော့ မုန်းကမေ့ကိုမေးလာတယ်။

“နွေ အပြင်မှာ ဘာလုပ်နေတာလဲ”

“အားသစ်နဲ့ဖုန်းပြောနေတာ”

“ဪ”

အလင်းက မသိစေချင်တာမို့ နွေ မုန်းကို ညာပြောလိုက်ရတယ်။

“ဒါနဲ့ နွေတို့ Welcome ကမနက်ဖြန်မို့လား”

“ဟုတ်တယ်မေသူ။ နွေတော့ မသွားတော့ဘူးရယ်။ သုတနင်ရော မနက်ဖြန်ကျောင်းသွားမှာလား”

“မသွားတော့ဘူးလေဟာ။ မုန်းမှနေမကောင်းသေးတာ။ မုန်းနဲ့ပဲ နေတော့မယ်”

“ဒါနဲ့နွေ အလင်းရော Welcome သွားမှာလား။ အလင်းကတော့ King ရမယ်ထင်တယ်နော် ဒီလောက်ချောတာကို”

“မေသူ နင်ဟာလေ ခုထိ အလင်းကိုဘူးတုန်း နင့်ဘဲကိုတော့ငါသနားတယ်”

“သုတစုတ် ငါကဘူးနေလို့လား။ ချောလို့ချောတယ် ပြောတဲ့ဟာကို။ သူမသွားရင် King ကို လက်လွှတ်လိုက်ရမှာ နှမြောစရာကြီးမို့ပြောတာ”

“မသွားလောက်ဘူးထင်တာပဲ မေသူရဲ့။ အလင်းက အဲ့လို ကျောင်းပွဲတွေကို သူတစ်ယောက်တည်းသွားရတာ မကြိုက်ဘူး။ အထက်တန်းကျောင်းတုန်းကဆို မုန်းပါမှ။ ‌ဆေးတက်တော့ နွေပါမှ။ ဒါမှမဟုတ်လည်း သုတနဲ့အားသစ် တစ်ယောက်ယောက်ပါမှသွားတာ”

“နွေတို့အဖွဲ့ကို အရမ်းအားကျတာပဲ။ တစ်ယောက်နဲ့တစ်ယောက်က အရမ်းချစ်ကြတယ်။ သူငယ်ချင်းထက်ပိုပြီး မိသားစုလိုဖြစ်နေကြတာ။ မုန်းနဲ့အလင်းဆို ပိုဆိုး။ သူတို့နှစ်ယောက်က အမြဲတတွဲတွဲ ခွဲလို့ကိုမရဘူး။ မေသူ အစကထင်နေတာ မုန်းကိုလည်း ဆေးတက်မယ်လို့လေ။ CUမှာတွေ့တော့ အရမ်းအံ့ဩသွားတာ။ အလင်းနဲ့ ခွဲတွေ့လိုက်ရလို့လေ ဟီး”

မေသူမက ဘုမသိဘမသိကို ပြောတော့တာပါပဲ။ အထာအယာလည်းနားမလည်။ ဘာမှလည်းမသိ။ တကယ့်ကို မျက်နှာရိပ်မျက်နှာကဲကိုမသိတဲ့ မေသူရယ်ပါ။ ရပ်သွားမယ်လို့မထင်ပါနဲ့ ဆက်ပြောပါတယ်။

“အလင်းမေမေလို အမေမျိုးကို လိုချင်တာ။ နားလည်မှု အပြည့်ရှိတယ်နော်။ တီသဲတို့ရောပဲ။ မုန်းကို ပိုအားကျတယ်ရော။ မေတို့ တီသဲတို့က မုန်းကိုဆို အရမ်းချစ်ပဲ။ နွေတို့သုတတို့ကိုလည်း ချစ်တာပဲ။ မေသူ နွေတို့ကို အားကျလို့ အလင်းတို့အိမ်ကို ခဏခဏတောင် အလည်လိုက်ချင်တာ ဟီး”

“အင်း မေတို့က ချစ်တတ်တာမေသူရဲ့။ အလင်းချစ်တဲ့သူ အလင်းသူငယ်ချင်းအားလုံးကို အလင်းကိုချစ်ပေးသလို ချစ်ပေးတာ။ နွေနဲ့သုတက မေတို့နဲ့နေတာ ဘာမှကိုမပေးရဘူးရယ်။ လူနှစ်ယောက်စာ စားစရိတ်ကို ကြည်ကြည်ဖြူဖြူနဲ့ ကျွေးထားဖို့ဆိုတာ တော်ရုံစိတ်ကောင်းရှိရုံနဲ့ မရဘူးလေ”

“ဟုတ်တယ် အဲ့ဒါတော့။ ငါ့မှာအားနာလို့။ တစ်ခါတလေ ပိုက်ဆံထုတ်ပေးဖို့ ကြိုးစားပေမယ့် မေတို့တီသဲတို့ စိတ်ဆိုးမှာလည်းကြောက်တယ်။ အလင်းစိတ်ဆိုးမှာလည်း ကြောက်နေရတယ်။ မေတို့က ငါတို့ကို မေတ္တာအပြည့်ပေးလို့ထင်တယ်။ ငါတို့လည်း မေတို့ကိုဆိုရင် ဘယ်သူနဲ့မှ မတူဘဲချစ်တယ်”

သုတပြောသလို နွေလည်းထပ်တူပါပဲ။

“ဟုတ်တယ် ငါရောပဲ”

နွေကသုတရဲ့စကားကို ထောက်ခံပေးလိုက်တယ်။

“ဒါနဲ့နွေ စာတွေလိုက်နိုင်ရဲ့လား”

“အင်း မုန်း လိုက်နိုင်ပါတယ်။ နည်းနည်းဝောာ့ ပိုကြိုးစားရတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ နင်ရောမုန်း”

“ငါကလိုက်နိုင်ပါတယ်။ ဝါသနာပါရာ တက်ရတော့ စာတွေက လွယ်တယ်ထင်ရတယ်။ ဒါပေမဲ့ ငါ့ရဲ့ဒုက္ခအိုးတွေကတော့ bit တွေ bytes တွေ‌ တွက်တာတောင် ရွာလည်နေရှာတာ”

“ဒုက္ခအိုးဆိုတာ ဘယ်သူတုန်း။ ငါနဲ့ရှားမကို ပြောတာလား။ ဟုတ်လား မုန်းစုတ်။ နင့်ကို ရှားနဲ့တိုင်ပြောမယ်။ အဲ့မုန်းကို ဖြတ်လိုက်တော့လို့။ မနေ့ကမှတော်တဲ့ချစ်သူကို ဒုက္ခအိုးလို့ခေါ်တယ်လို့။ ဒါနဲ့ ငါအတည်မေးမယ်နော်မုန်း”

စ’နေရင်းကမှ မေသူကရုပ်တည်ကြီးနဲ့ ပြောလာတာမို့ မုန်းခေါင်းငြိမ့်ပြလိုက်တယ်။

“နင်ရှားကို တကယ်ရော ချစ်ရဲ့လားမုန်း။ ငါ့စိတ်ထင်တော့ နင်ကငါ့ကိုချစ်သလိုပဲ ရှားကိုလည်း သူငယ်ချင်းလိုပဲ ချစ်တယ်လို့ထင်တယ်”

“ငါရှားကို တကယ်ချစ်တာပါမေသူ”

“အင်းပါ။ ငါစိတ်ထင်တာနေမှာပါ”

“နင်ဟာလေ ဘာတွေမေးမှန်းကိုမသိဘူး။ တကယ်မချစ်ဘဲနဲ့ လူအများကြီးရှေ့မှာ ချစ်ခွင့်ပန်ပါ့မလားပြော”

သုတကဝင်ပြောလိုက်တော့ မေသူတစ်ယောက် ခေါင်းကုပ်နေပါတော့တယ်။

“အေး ဒါလည်းဟုတ်သားပဲ။ ငါ‌အတွေးလွန်နေတာ နေမှာပါ”

နင်အတွေးမလွန်ပါဘူးမေသူ နင့်အတွေးတွေမှန်ပါတယ်။

“ငါအိပ်တော့မယ်နွေ”

“အင်း အိပ်တော့လေ မုန်း။ ဒါပေမဲ့ ညဆေးသောက်ပြီးမှအိပ်”

“ဟင်အင် မသောက်ချင်ဘူး”

“ဘာမှ မဟင့်အင်နဲ့ သောက်ရမယ်။ ဆေးသောက်ပြီးရင် ချိုချဉ်ကျွေးမယ် ဟုတ်ပြီလား”

“အင်း”

နေမကောင်းလို့ဆေးတိုက်တိုင်း ဆေးသောက်တဲ့အထိ ချော့တိုက်တတ်တဲ့သူကို သတိရတယ်။ ချော့တိုက်လို့မရတိုင်းလည်း ချိုချဉ်ကျွေးမယ်လို့မြှူဆွယ်ပြီး မရ ရအောင်တိုက်တတ်တဲ့သူ။ ငါမင်းကို အရမ်းသတိရနေတယ်အလင်း။ နေမကောင်းတော့ မင်းကိုပိုတမ်းတတယ်။

                      **********

အလင်း နွေနဲ့ message ပို့ပြီး အိပ်‌ဖို့ကြိုးစားနေတုန်း မေမေက အလင်းအခန်းထဲကို ဝင်လာပြီးအလင်းဘေးမှာ ဝင်ထိုင်လာတယ်။

“မေမေ မအိပ်သေးဘူးလား”

“မေမေ သားကိုမေးစရာရှိလို့သား”

“ဟုတ်မေမေ မေးလေ”

ကျွန်တော်သိပါတယ်။ မေမေ မုန်းနဲ့ပတ်သက်ပြီး မေးမယ်ဆိုတာကို။

“သားနဲ့မုန်းလေး စကားများထားတာလား”

“မဟုတ်ပါဘူးမေမေ။  ကတောက်ကစ နည်းနည်းဖြစ်ရုံတင်ပါ”

“ကတောက်ကစ နည်းနည်းဖြစ်ရုံပဲဆိုပြီး မုန်းလေး ဒီလောက် နေမကောင်းဖြစ်နေတာကို ဘာလို့မသွားရတာလဲသားရယ်။ မေမေ့ကို အမှန်အတိုင်း ပြောလို့ရရင်ပြောပါ။ ခုမပြောချင်သေးဘူးဆိုလည်း သားပြောတဲ့ထိ မေမေစောင့်နေပေးမယ်။ ကိစ္စမကြီးကျယ်ရင်တော့ သားဘက်ကပဲ စိတ်ဆိုးပြေလိုက်ပြီး မုန်းလေးကို ပြန်ခေါ်ပေးလိုက်ပါ”

“ဟုတ်ကဲ့မေမေ”

ကိစ္စက မေမေပြောသလို စိတ်ဆိုးပြေလိုက်ရုံနဲ့ အဆင်မပြေဘူးမေမေ။ စိတ်ဆိုးပြေလိုက်တာနဲ့ ပိုဆိုးလာဖို့ပဲရှိတယ်။ မေမေ့ကိုသားပြောပြချင်ပေမယ့် ပြောလိုက်လို့ မေမေစိတ်ဆင်းရဲသွားမှာကိုလည်း မလိုလားဘူးမေမေ။ ဟူးးးးး ဘာလုပ်ရမပါ့မလဲ။ မုန်းရေ ငါရူးတောမှာပဲကွာ။

“အိပ်တော့သား။ မေမေလည်းအိပ်တော့မယ်”

မေမေ့သားလေးတွေ ဘာအကြောင်းကြောင့်များ မခေါ်နိုင် မပြောနိုင် ဖြစ်နေကြပါလိမ့်ကွယ်။

******************************

#Zawgyi

အလင္း ညကတစ္ညလုံးငိုခဲ့ေတာ့ ခုမနက္ေခါင္းကိုက္ေနတာမို႔ ဒီေန႔ေက်ာင္းမသြားေတာ့ဘဲ တေနကုန္အိပ္ဖို႔ စဥ္းစားလိုက္တယ္။ ဒါေပမဲ့ တစ္မနက္လုံး ဘယ္သူ႔ကို‌ဖုန္းေခၚလို႔မရလို႔ အလုပ္ရႈပ္ေနမွန္းမသိတဲ့ ေႏြ႕ေၾကာင့္ ဆက္အိပ္မရေတာ့လို႔ အိပ္ရာက ထလာခဲ့ရေတာ့တယ္။

မနက္စာစားဖို႔ မီးဖိုေခ်ာင္ထဲဝင္ေတာ့ ေတာင္ေလၽွာက္လိုက္ ေျမာက္ေလၽွာက္လိုက္နဲ႔ ဂနာမၿငိမ္တဲ့ ေႏြ႕ကိုၾကည့္ၿပီး ေခါင္းပိုကိုက္လာတယ္။ အရင္ကတည္းက ကိုက္ေနတဲ့ေခါင္းက ေႏြ႕ကိုၾကည့္ၿပီး ခ်ာခ်ာလည္ခ်င္လာတယ္။

“ေႏြ နင္ၿငိမ္ၿငိမ္ထိုင္ၿပီး ဖုန္းေခၚလို႔မရဘူးလားဟာ။ ငါနင့္ကိုၾကည့္ၿပီး ေခါင္းပိုကိုက္လာတယ္။ နင္ဘာျဖစ္ေနတာလဲ။ ဘယ္သူ႔ကိုေခၚမရလို႔လဲ။ ေခၚမရလည္း မေခၚဘဲေနေလဟာ။ သူေတြ႕ရင္ျပန္ေခၚမွာေပါ့”

“နင္မသိပါဘူး။ မေန႔က မုန္းမအားငိုေနတာ။ ညကဖုန္းဆက္ေတာ့လည္း ငိုေနလို႔ မနက္ျပန္ေခၚလိုက္မယ္ ေျပာထားတာ။ ခုတစ္မနက္လုံး ငါဖုန္းေခၚေနတာ ေခၚလို႔မရဘူး။ မုန္းက သူအရမ္းစိတ္ဆိုးေနတဲ့အခ်ိန္ ဖုန္းေခၚရင္ေတာင္ မကိုင္ဘဲမေနခဲ့ဘူး။ ဘာအေၾကာင္းကိစၥပဲရွိရွိ ဖုန္းေခၚရင္ မကိုင္ဘဲမေနဘူး။ ငါေခၚေနတာ အခါ 100မကေတာ့ဘူး ဘာမ်ားျဖစ္ေနလို႔လဲမသိဘူးဟာ ငါစိတ္ပူလာၿပီ”

“သူနဲ႔အျမဲတြဲေနတဲ့သူေတြကို ဖုန္းေခၚၾကည့္ေလ”

“ေမသူ႔ကိုေခၚၾကည့္တယ္ သူနဲ႔တူတူရွိမေနဘူးတဲ့။ မုန္းေရာရွားေရာ ေက်ာင္းလည္းမလာဘူးတဲ့။ အဲ့ဒါေၾကာင့္ ငါရွားကို ေခၚၾကည့္ေသးတယ္။ ရွားနဲ႔လည္း မရွိဘူး။ အားသစ္တို႔ သုတတို႔နဲ႔လည္း မရွိဘူး။ မုန္းမွာ ဒီလူေတြအျပင္ တျခားအသိလည္း မရွိဘူးေလ။ မုန္းတစ္ေယာက္ ဘာမ်ားျဖစ္ေနၿပီလဲ မသိဘူးဟယ္”

ေႏြက ငိုေတာ့မလိုေျပာလာတာမို႔ သူတကယ္ကိုစိတ္ပူေနတာ ျဖစ္ပါလိမ့္မယ္။ ဒါဆို ကၽြန္ေတာ္ကေရာ။ ကၽြန္ေတာ့္ရင္ေတြလည္း ပူေနပါၿပီ။ မုန္းက စိတ္အားငယ္တတ္ၿပီး ေပ်ာ့ညံ့တတ္တာ ကၽြန္ေတာ္သိေနတယ္ေလ။ စိတ္ညစ္စရာရွိတဲ့အခ်ိန္ စိတ္ပင္ပန္းလာတိုင္း ဖ်ားတတ္တာမို႔ ေနမေကာင္းျဖစ္ေနတာမ်ားလား။ မင္းဘာေတြျဖစ္ေနလဲမုန္း။ ငါရင္ေတြပူလာၿပီ။

အလင္းမုန္းဆီကိုသြားဖို႔ ပိုက္ဆံအိတ္နဲ႔ အေပၚထပ္အကၤ်ီကို ေကာက္ကိုင္ၿပီး သြားဖို႔ျပင္လိုက္တယ္။

“ဘယ္သြားမလို႔လဲအလင္း”

“မုန္းကိုသြားရွာမလို႔”

“ငါလည္းလိုက္ခဲ့မယ္ေလ”

“ရတယ္ နင္အိမ္မွာေစာင့္ေန။ ေတြ႕တာနဲ႔ နင့္ကိုဖုန္းဆက္လိုက္မယ္”

“ေအး ေအး။ ေတြ႕တာနဲ႔ေခၚေနာ္”

“ေအးပါ ငါသြားၿပီ”

အလင္း ေႏြ႕ကိုေျပာၿပီး ထြက္လာခဲ့လိုက္တယ္။ Taxi တစ္စီးအျမန္ငွားၿပီး မုန္းအခန္းကို အရင္သြားရမယ္။ အဲ့ဒီမွာမရွိမွ မုန္းသြားတတ္တဲ့ေနရာေလးေတြ လိုက္ရွာၾကည့္ရ‌ေတာ့မွာေပါ့။ ကားသမားဦးေလးကလည္း ေႏွးလိုက္တာဆိုတာ။

“ဦးေလး နည္းနည္းေလာက္ ျမန္ျမန္ေမာင္းေပးလို႔ရမလားခင္ဗ်။ ကၽြန္ေတာ္အရမ္းအေရးႀကီးေနလို႔ပါ”

“ဦးေလးလည္းေမာင္းခ်င္ေပမယ့္ ကားၾကပ္ေနလို႔ပါ။ ကားေၾကာရွင္းတာနဲ႔ အျမန္ေမာင္းေပးမယ္ေနာ္”

“ဟုတ္ကဲ့ ဦးေလး။ ေက်းဇူးပါဗ်”

ကားကလည္းၾကပ္ မုန္းအိမ္ကို ေတာ္႐ုံနဲ႔လည္းမေရာက္နိုင္ လူကလည္း ရင္ေတြပူေနၿပီး စိုးရိမ္ေနရလို႔ ႐ူးေတာ့မယ္။ ကားၾကပ္တာကို ခက္ခက္ခဲခဲ ေက်ာ္ျဖတ္ၿပီးေတာ့မွ မုန္းအိမ္ကို ေရာက္လာခဲ့ရတယ္။ မုန္းအခန္းေရွ႕ေရာက္ေတာ့ အခန္းကို တဒုန္းဒုန္းထုၿပီးေခၚေနေပမယ့္ ဘာသံမွမၾကားရတာမို႔ ဘာဆက္လုပ္ရမလဲေတာင္ မသိေတာ့ဘူး။ အထဲမွာလူရွိမရွိ ဝင္ၾကည့္ရင္ေကာင္းမလား။ သူမ်ားအိမ္ကို အိမ္ရွင္မသိဘဲ ဝင္ရင္လည္း မေကာင္းျပန္ဘူး။ တျခားေနရာသြားရွာဖို႔ လွည့္ထြက္လာခဲ့ေပမယ့္ စိတ္ထဲမွာ ဘဝင္မက် ျဖစ္ေနတာေၾကာင့္ အိမ္မွာရွိေနမယ္လို႔လည္း ထင္တာမို႔ အိမ္ထဲကိုဝင္ဖို႔ ဆုံးျဖတ္လိုက္တယ္။

အိမ္ထဲဝင္မယ္လုပ္ေတာ့ အဲ့ဒါမွ ဒုကၡပဲ။ ငါ မုန္းရဲ့အိမ္ Password ကို သိလည္းမသိဘဲ ဘယ္လိုဝင္ရပါ့။ စမ္းၾကည့္ရမွာေပါ့ အရင္းဆုံး မုန္းေမြးေန႔ရိုက္ထည့္ေပမယ့္ ပြင့္မလာေပ။ မုန္းမွတ္ပုံတင္နံပတ္ ဟုတ္တယ္ မုန္းနဲ႔ငါက မွတ္ပုံတင္ ေရွ႕ဆင့္ေနာက္ဆင့္ဆိုေတာ့ ငါက ၂၀၇၃၀၈ ဆိုရင္ မုန္းက ၂၀၇၃၀၉။ ဖြင့္ၾကည့္လိုက္ေတာ့လည္း ပြင့္မလာပါ။ ဒါဆို ဖုန္း Password ထင္တယ္။ ဖြင့္ၾကည့္လိုက္မယ္။ 55144 Yes! ဒါပဲေလ ပြင့္သြားၿပီ။

အိမ္ထဲဝင္လာေတာ့ မုန္းစီးေနၾကဖိနပ္ေလး‌ကို ေတြ႕လိုက္တာမို႔ မုန္းအိမ္ထဲမွာရွိေနတာ ေသခ်ာပါၿပီ။ အရင္ဆုံး မုန္းအိပ္ခန္းဘယ္မွာလဲ အရင္ရွာရမယ္။ မုန္းအိပ္ခန္းကို ရွာေတာ့ေတြ႕ပါၿပီ။ အခန္းေရွ႕မွာ Mone ဆိုၿပီး ခ်ိတ္ထားတာမို႔ အခန္းတံခါးကို ဆြဲဖြင့္ၾကည့္လိုက္ေဝာာ့ ေစာင္ပုံထဲမွာ ေကြးေကြးေလးအိပ္ေနတဲ့မုန္းကို ေတြ႕လိုက္ရတယ္။

“မုန္း”

အလင္းေခၚေပမယ့္ ျပန္မထူးတာေၾကာင့္ စိုးရိမ္စြာနဲ႔ အနားကိုအျမန္ေျပးၿပီး မုန္းကိုလႈပ္ႏွိုးၿပီး ေခၚၾကည့္လိုက္ေတာ့ ေခၚလို႔မရေတာ့ပါဘူး။ နဖူးကိုစမ္းၾကည့္လိုက္ေတာ့ ကိုယ္ေတြျခစ္ျခစ္ေတာက္ပူေနတာမို႔ ကၽြန္ေတာ္ထင္တဲ့အတိုင္း ကၽြန္ေတာ့မုန္း ကၽြန္ေတာ့္ေၾကာင့္ စိတ္ဆင္းရဲရလို႔ ဖ်ားေနပါၿပီ။

မုန္းအိပ္ရာေဘးက စားပြဲေပၚကိုၾကည့္မိေတာ့ သာမိုမီတာတံေလးက အဆင္သင့္။ ခဏခဏဖ်ားတတ္တဲ့သူမို႔ ေဆာင္ထားတာ ျဖစ္ပါလိမ့္မယ္။ သာမိုမီတာေလးယူၿပီး အဖ်ားတိုင္းေတာ့ 104တဲ့။ အဖ်ားေတာ္ေတာ္ျပင္းတာမို႔ ေရဇလုံရယ္ တဘက္တစ္ထည္ရယ္ ယူလိုက္ၿပီး အဖ်ားက်ေအာင္လုပ္ေပးဖို႔ ျပင္ရတယ္။

မုန္းအနားမွာထိုင္လိုက္ၿပီး အဖ်ားက်‌ေအာင္လုပ္ေပးဖို႔ မုန္းအကၤ်ီၾကယ္သီးေတြကို ျဖဳတ္ဖို႔ျပင္ေတာ့ မုန္းရဲ့ပါးျပင္မွာ မ်က္ရည္ေလးေတြစီးက်လာၿပီး ရွိုက္သံေလးပါထြက္လာတယ္။ ပင္ပန္းေနၿပီလားမုန္း။ အလင္း မုန္းႏႈတ္ခမ္းဖူးဖူးေလးကို ထိတယ္ဆို႐ုံေလး နမ္းလိုက္တယ္။ ျမန္လာတဲ့ရင္ခုန္ခုန္သံေတြကို မ်က္ကြယ္ျပဳၿပီး မုန္းအကၤ်ီၾကယ္သီးေတြကို အျမန္ျဖဳတ္ေပးလိုက္ရတယ္။ မုန္းရဲ့ကိုယ္လုံးကို ေရပတ္တိုက္ၿပီး အကၤ်ီျပန္ဝတ္ေပးလိုက္တယ္။ ၿပီးေတာ့ ေရစြတ္ထားတဲ့ တဘက္အစိုေလးကို မုန္းနဖူးေပၚေလးကိုတင္လိုက္ ခဏၾကာေတာ့ ျပန္ယူလိုက္။ ေရျပန္စိမ္လိုက္ ေရညႇစ္လိုက္ နဖူးေပၚျပန္တင္လိုက္နဲ႔ 45 မိ‌နစ္ေလာက္လုပ္ေပးေတာ့ မုန္းအဖ်ားက အေတာ္ေလးက်သြားပါတယ္။

မုန္းအတြက္ ေဆးထြက္ဝယ္ၿပီး ျပန္လာေတာ့မွ မုန္းေသာက္ဖို႔အတြက္ နို႔ဆန္ျပဳတ္ေလး ျပဳတ္လိုက္တယ္။ ဆန္ျပဳတ္အိုးက်‌က္မွ ေႏြ႕ကိုဖုန္းေခၚဖို႔ သတိရလာတာမို႔ အလ်င္အျမန္ ဖုန္းေခၚရပါေတာ့တယ္။

“ဟဲလို ေႏြ”

“အလင္း မုန္းကိုေတြ႕ၿပီလား”

“အင္း ေတြ႕ၿပီ သူ႔အိမ္မွာပဲ။ နင္မုန္းအိမ္ကို အခုလာခဲ့ေပးေနာ္။ အဝတ္အစား တစ္စုံႏွစ္စုံေလာက္ အပိုယူခဲ့ဦး”

“ေအးေအး ငါခုထြက္လာခဲ့မယ္ေနာ္”

ေႏြဖုန္းခ်သြားေတာ့ မုန္းရဲ့အခန္းထဲကို ျပန္ဝင္လာခဲ့ၿပီး မုန္းေဘးနားမွာ ထိုင္လိုက္တယ္။ မုန္းလက္ကေလးကိုကိုင္ၿပီး အလင္းရင္ထဲကစကားေတြ ေျပာလိုက္တယ္။

“မုန္း ငါေလ မင္းကို ဝန္ခံစရာေတြ အမ်ားႀကီးရွိတယ္။ မင္းမသိနိုင္ေလာက္တဲ့အခ်ိန္မွာပဲ ဝန္ခံရဲတာမို႔ ငါ့ကိုခြင့္လႊတ္ေနာ္။ ပထမဦးဆုံးဝန္ခံခ်င္တာက ငါမင္းကိုအရမ္းခ်စ္တယ္မုန္း။ မင္းကလြဲၿပီး ဘယ္သူကိုမွ မခ်စ္ေတာ့ေလာက္ေအာင္ကို ခ်စ္တယ္။ ငါသတၱိနည္းၿပီး မင္းလက္ကိုမဖမ္းဆြဲထားရဲလို႔ ေတာင္းပန္ပါတယ္။ ငါ့ေၾကာင့္ မင္းစိတ္ညစ္ေနရၿပီလားမုန္း။ စိတ္ညစ္မယ္ဆိုလည္း ခဏေလးပဲညစ္ေပးပါမုန္းရယ္။ ငါ့ကိုေတာ့ေမ့ေပးပါ။ ေနာက္ဆိုမင္းကို အေဝးႀကီးကပဲၾကည့္ၿပီး ခ်စ္ေတာ့မွာမို႔ မင္းက အဆင္ေျပေအာင္ေနေပးေနာ္။ ငါမင္းကိုအရမ္းခ်စ္တယ္မုန္း”

အလင္း မုန္းလက္ကေလးကိုနမ္းကာ အိပ္ရာ‌ေပၚျပန္ခ်ေပးလိုက္ၿပီး နဖူးေလးကိုနမ္းလိုက္တယ္။ ၿပီးေတာ့ ႏႈတ္ခမ္းေလးကို နမ္းလိုက္တယ္။ ဒီတစ္ခါေတာ့ ထိ႐ုံေလးနဲ႔ မရေတာ့တာမို႔ အနမ္းေတြၾကာသြားခဲ့တယ္။ ခ်စ္တယ္မုန္း။ မင္းမသိေအာင္ဘဲခ်စ္ၿပီး မင္းမသိေအာင္ဘဲ နမ္းရဲတာမို႔ ေတာင္းပန္ပါတယ္။

ခဏၾကာေတာ့ ေႏြလည္းေရာက္လာတာမို႔ မွာစရာရွိတာမွာၿပီး အလင္းအိမ္ျပန္ဖို႔ ျပင္ရတယ္။

“မုန္းအရမ္းဖ်ားေနတယ္ေႏြ။ အပူက 104 ေတာင္ရွိတယ္။ ငါေရပတ္ေတာ့ တိုက္ေပးထားတယ္။ အကၤ်ီေတာ့လဲေပးမထားဘူး။ နိုးလာရင္ အကၤ်ီလဲခိုင္းၿပီး ေဆးေသခ်ာတိုက္လိုက္ပါ။ ေဆးေတြကို ငါမုန္းအိပ္ရာေဘးက ခုံေပၚမွာတင္ေပးခဲ့တယ္။ ငါမုန္းအတြက္ နို႔ဆန္ျပဳတ္လည္းျပဳတ္ခဲ့ေပးတယ္။ မုန္းနိုးလာရင္ ျပန္ေႏႊးေပးၿပီး တိုက္လိုက္ပါ။ ငါျပန္ေတာ့မယ္ေႏြ။ ငါလာသြားတယ္ဆိုတာကို မုန္းမသိပါေစနဲ႔ေနာ္။ မုန္း အိမ္ password က 55144 ဖုန္း password နဲ႔တူတူပဲ။ ခုည မုန္းအိမ္မွာ နင္တို႔အိပ္ေပးလိုက္ပါဟာ ေနာ္ ငါစိတ္ပူလို႔ပါ”

“နင္စိတ္ပူေနရင္ နင္လည္း ဒီမွာေနေပးလိုက္ပါ့လားဟာ။ ျပန္မေနပါနဲ႔လား”

“ဟင့္အင္ ငါလာတာ သူ႔ကိုမသိေစခ်င္ဘူး။ ငါတို႔ခုအေနအထားပဲ ေကာင္းပါတယ္ေႏြ”

“အင္းပါ”

နင္ပဲ အကုန္လုပ္ေပးခဲ့ၿပီးေတာ့ မသိေစခ်င္ဘူးတဲ့လား အလင္းရယ္။ နင္သူ႔ကို အရမ္းစိတ္ပူေနတယ္မို႔လား။

“ငါျပန္ေတာ့မယ္။ ညၾက မုန္းသက္သာလား မသက္သာလားဆိုတာကို ငါ့ကို message ပို႔ေပးပါဟာေနာ္”

“ေအးပါဟာ”

“ဒါဆို ငါသြားၿပီေႏြ။ သုတတို႔ ေမသူတို႔ကိုပါ လာအိပ္ေပးဖို႔ နင္ပဲဖုန္းဆက္လိုက္ေနာ္။ ငါလာသြားတယ္ဆိုတာကို သူ႔ကို လုံးဝမေျပာျပဘူးလို႔ ကတိေပးပါ”

“အင္းပါ ငါကတိေပးတယ္”

“ေက်းဇူးေႏြ ငါသြားၿပီ”

အလင္းရယ္ နင့္မ်က္ႏွာမွာ စိုးရိမ္မႈေတြ အထင္းသားေပၚေနတယ္။ မခ်စ္တာလည္း မဟုတ္ဘဲနဲ႔ဟာ။

ညေနၾကေတာ့ ေႏြဆန္ျပဳတ္ေႏႊးေနတုန္း မုန္းနိုးလာတာမို႔ အလင္းေျပာထားတဲ့အတိုင္း ေႏြပိပိရိရိ ညာေပးလိုက္ရတယ္။ ေတာ္ေသးတယ္ ေႏြေျပာသမၽွကို မုန္းကယုံလို႔။ ဒါေပမဲ့ password ဘယ္လိုသိလဲလို႔ေတာ့ ေမးပါေသးတယ္။ အဲ့‌ဒါေၾကာင့္ အလင္းမ်ားသိမလားဆိုၿပီး အလင္းကိုလွမ္းေမးၾကည့္ေတာ့ ဖုန္း password နဲ႔တူတူပဲျဖစ္မလားမသိဘူး ရိုက္ၾကည့္ဆိုလို႔ ရိုက္ၾကည့္လိုက္တာ ရသြားတယ္လို႔ ညာလိုက္ရတယ္။ ယုံလို႔ေတာ္ပါေသးတယ္။

စိတ္ထဲမွာေတာ့ အလင္းလာသြားတယ္။ တစ္မနက္လုံး နင့္ကိုေရပတ္ေတြတိုက္ေပးၿပီး အဖ်ားက်ေအာင္ လုပ္ေပးသြားတာ။ နင့္အနားမွာ တစ္မနက္လုံးျပဳစုေပးၿပီး နင္နဲ႔အတူရွိေနခဲ့ေပးတာ။ ခုနင္ေသာက္ေနတဲ့ဆန္ျပဳတ္ကလည္း သူပဲျပဳတ္ေပးသြားတာ။ နင့္အတြက္ေဆးေတြလည္း သူပဲဝယ္ေပးသြားတာဆိုၿပီး ေျပာလိုက္ခ်င္ေပမယ့္ အလင္းကမေျပာပါနဲ႔ဆိုေတာ့လည္း ကိုယ့္ဘာကိုယ္ပဲ ရင္ထဲမွာေျပာလိုက္ရတယ္။ ေျပာခ်င္တာေတြ ၿမိဳသိပ္လိုက္ရတာလည္း လြယ္ကူမေနပါဘူးေနာ္။

ညဘက္ေရာက္ေတာ့ ေႏြ႕ဆီက message ဝင္လာတယ္။

“မုန္းအဖ်ားနည္းနည္းက်သြားၿပီအလင္း။ နည္းနည္းသက္သာေနၿပီ။ ဆန္ျပဳတ္လည္းေသာက္တယ္။ ေဆးကေတာ့ မနည္းေခ်ာ့တိုက္လိုက္ရတယ္။ သုတနဲ႔ေမသူတို႔ လာအိပ္တယ္အလင္း။ ငါတို႔ရွိ‌ေနတာမို႔ နင္စိတ္ပူမေနနဲ႔ေနာ္”

“မုန္းက ေဆးေသာက္ေၾကာက္တယ္။ နင္နည္းနည္းေတာ့ စိတ္ရွည္လိုက္ဟာေနာ္။ ေနာက္တစ္ခါ‌ေဆးတိုက္ရင္ ခ်ိဳခ်ဥ္ေလး‌ေႂကြးမယ္ေျပာၿပီးတိုက္။ ေဆးေသာက္ၿပီးရင္ ခ်ိဳခ်ဥ္ေႂကြးလိုက္ေနာ္။ အဲ့ဒါဆို မုန္းကေဆးကို ေခ်ာေခ်ာခ်ဴခ်ဴ‌ ေသာက္လိမ့္မယ္။ မုန္းအနားမွာရွိေနေပးလို႔ ေက်းဇူးပါေႏြ”

“ရပါတယ္ဟယ္။ မုန္းလည္း ငါ့သူငယ္ခ်င္း ငါခ်စ္ရတဲ့သူပါပဲ။ ဒါနဲ႔ ညေနက ေမလာသြားတယ္အလင္း။ ေမက မုန္းကိုအိမ္ေခၚတာ မုန္းကမလိုက္ေတာ့ဘူးေျပာေတာ့ ေမကဘာလို႔လဲတဲ့။ အလင္းနဲ႔ စကားမ်ားထားတာလားလို႔ ေမးသြားတယ္။ ငါ့ကိုပါေမးလို႔ မဟုတ္ပါဘူးလို႔ ညာေျပာလိုက္ရတယ္။ ေမ့ကိုၾကည့္ရတာ ယုံတဲ့ပုံ မေပၚဘူး။ နင္တို႔ ဒီလိုမေခၚဘဲေနေနရင္ ေမတို႔ ရိပ္မိေနမယ္ေနာ္အလင္း”

“ေအးပါ ေမ့ကို ငါၾကည့္ေျပာထားလိုက္ပါ့မယ္။ ဒါနဲ႔ မုန္းအိပ္သြားၿပီလား”

“ေဟ့ေအ မအိပ္ေသးဘူး။ သုတတို႔ေမသူတို႔နဲ႔ အာလူးဖုတ္ေနတယ္။ ဒါပဲေနာ္အလင္း။ စိတ္ပူမေနနဲ႔ေတာ့ အိပ္ေတာ့”

“Good Night ေႏြ”

“Good Night အလင္း”

ေႏြအလင္းဆီ message ပို႔ၿပီး အထဲကိုဝင္လာေတာ့ မုန္းကေမ့ကိုေမးလာတယ္။

“ေႏြ အျပင္မွာ ဘာလုပ္ေနတာလဲ”

“အားသစ္နဲ႔ဖုန္းေျပာေနတာ”

“ဪ”

အလင္းက မသိေစခ်င္တာမို႔ ေႏြ မုန္းကို ညာေျပာလိုက္ရတယ္။

“ဒါနဲ႔ ေႏြတို႔ Welcome ကမနက္ျဖန္မို႔လား”

“ဟုတ္တယ္ေမသူ။ ေႏြေတာ့ မသြားေတာ့ဘူးရယ္။ သုတနင္ေရာ မနက္ျဖန္ေက်ာင္းသြားမွာလား”

“မသြားေတာ့ဘူးေလဟာ။ မုန္းမွေနမေကာင္းေသးတာ။ မုန္းနဲ႔ပဲ ေနေတာ့မယ္”

“ဒါနဲ႔ေႏြ အလင္းေရာ Welcome သြားမွာလား။ အလင္းကေတာ့ King ရမယ္ထင္တယ္ေနာ္ ဒီေလာက္ေခ်ာတာကို”

“ေမသူ နင္ဟာေလ ခုထိ အလင္းကိုဘူးတုန္း နင့္ဘဲကိုေတာ့ငါသနားတယ္”

“သုတစုတ္ ငါကဘူးေနလို႔လား။ ေခ်ာလို႔ေခ်ာတယ္ ေျပာတဲ့ဟာကို။ သူမသြားရင္ King ကို လက္လႊတ္လိုက္ရမွာ ႏွေျမာစရာႀကီးမို႔ေျပာတာ”

“မသြားေလာက္ဘူးထင္တာပဲ ေမသူရဲ့။ အလင္းက အဲ့လို ေက်ာင္းပြဲေတြကို သူတစ္ေယာက္တည္းသြားရတာ မႀကိဳက္ဘူး။ အထက္တန္းေက်ာင္းတုန္းကဆို မုန္းပါမွ။ ‌ေဆးတက္ေတာ့ ေႏြပါမွ။ ဒါမွမဟုတ္လည္း သုတနဲ႔အားသစ္ တစ္ေယာက္ေယာက္ပါမွသြားတာ”

“ေႏြတို႔အဖြဲ႕ကို အရမ္းအားက်တာပဲ။ တစ္ေယာက္နဲ႔တစ္ေယာက္က အရမ္းခ်စ္ၾကတယ္။ သူငယ္ခ်င္းထက္ပိုၿပီး မိသားစုလိုျဖစ္ေနၾကတာ။ မုန္းနဲ႔အလင္းဆို ပိုဆိုး။ သူတို႔ႏွစ္ေယာက္က အျမဲတတြဲတြဲ ခြဲလို႔ကိုမရဘူး။ ေမသူ အစကထင္ေနတာ မုန္းကိုလည္း ေဆးတက္မယ္လို႔ေလ။ CUမွာေတြ႕ေတာ့ အရမ္းအံ့ဩသြားတာ။ အလင္းနဲ႔ ခြဲေတြ႕လိုက္ရလို႔ေလ ဟီး”

ေမသူမက ဘုမသိဘမသိကို ေျပာေတာ့တာပါပဲ။ အထာအယာလည္းနားမလည္။ ဘာမွလည္းမသိ။ တကယ့္ကို မ်က္ႏွာရိပ္မ်က္ႏွာကဲကိုမသိတဲ့ ေမသူရယ္ပါ။ ရပ္သြားမယ္လို႔မထင္ပါနဲ႔ ဆက္ေျပာပါတယ္။

“အလင္းေမေမလို အေမမ်ိဳးကို လိုခ်င္တာ။ နားလည္မႈ အျပည့္ရွိတယ္ေနာ္။ တီသဲတို႔ေရာပဲ။ မုန္းကို ပိုအားက်တယ္ေရာ။ ေမတို႔ တီသဲတို႔က မုန္းကိုဆို အရမ္းခ်စ္ပဲ။ ေႏြတို႔သုတတို႔ကိုလည္း ခ်စ္တာပဲ။ ေမသူ ေႏြတို႔ကို အားက်လို႔ အလင္းတို႔အိမ္ကို ခဏခဏေတာင္ အလည္လိုက္ခ်င္တာ ဟီး”

“အင္း ေမတို႔က ခ်စ္တတ္တာေမသူရဲ့။ အလင္းခ်စ္တဲ့သူ အလင္းသူငယ္ခ်င္းအားလုံးကို အလင္းကိုခ်စ္ေပးသလို ခ်စ္ေပးတာ။ ေႏြနဲ႔သုတက ေမတို႔နဲ႔ေနတာ ဘာမွကိုမေပးရဘူးရယ္။ လူႏွစ္ေယာက္စာ စားစရိတ္ကို ၾကည္ၾကည္ျဖဴျဖဴနဲ႔ ေကၽြးထားဖို႔ဆိုတာ ေတာ္႐ုံစိတ္ေကာင္းရွိ႐ုံနဲ႔ မရဘူးေလ”

“ဟုတ္တယ္ အဲ့ဒါေတာ့။ ငါ့မွာအားနာလို႔။ တစ္ခါတေလ ပိုက္ဆံထုတ္ေပးဖို႔ ႀကိဳးစားေပမယ့္ ေမတို႔တီသဲတို႔ စိတ္ဆိုးမွာလည္းေၾကာက္တယ္။ အလင္းစိတ္ဆိုးမွာလည္း ေၾကာက္ေနရတယ္။ ေမတို႔က ငါတို႔ကို ေမတၱာအျပည့္ေပးလို႔ထင္တယ္။ ငါတို႔လည္း ေမတို႔ကိုဆိုရင္ ဘယ္သူနဲ႔မွ မတူဘဲခ်စ္တယ္”

သုတေျပာသလို ေႏြလည္းထပ္တူပါပဲ။

“ဟုတ္တယ္ ငါေရာပဲ”

ေႏြကသုတရဲ့စကားကို ေထာက္ခံေပးလိုက္တယ္။

“ဒါနဲ႔ေႏြ စာေတြလိုက္နိုင္ရဲ့လား”

“အင္း မုန္း လိုက္နိုင္ပါတယ္။ နည္းနည္းေဝာာ့ ပိုႀကိဳးစားရတယ္။ ဒါေပမဲ့ အဆင္ေျပပါတယ္။ နင္ေရာမုန္း”

“ငါကလိုက္နိုင္ပါတယ္။ ဝါသနာပါရာ တက္ရေတာ့ စာေတြက လြယ္တယ္ထင္ရတယ္။ ဒါေပမဲ့ ငါ့ရဲ့ဒုကၡအိုးေတြကေတာ့ bit ေတြ bytes ေတြ‌ တြက္တာေတာင္ ရြာလည္ေနရွာတာ”

“ဒုကၡအိုးဆိုတာ ဘယ္သူတုန္း။ ငါနဲ႔ရွားမကို ေျပာတာလား။ ဟုတ္လား မုန္းစုတ္။ နင့္ကို ရွားနဲ႔တိုင္ေျပာမယ္။ အဲ့မုန္းကို ျဖတ္လိုက္ေတာ့လို႔။ မေန႔ကမွေတာ္တဲ့ခ်စ္သူကို ဒုကၡအိုးလို႔ေခၚတယ္လို႔။ ဒါနဲ႔ ငါအတည္ေမးမယ္ေနာ္မုန္း”

စ’ေနရင္းကမွ ေမသူက႐ုပ္တည္ႀကီးနဲ႔ ေျပာလာတာမို႔ မုန္းေခါင္းၿငိမ့္ျပလိုက္တယ္။

“နင္ရွားကို တကယ္ေရာ ခ်စ္ရဲ့လားမုန္း။ ငါ့စိတ္ထင္ေတာ့ နင္ကငါ့ကိုခ်စ္သလိုပဲ ရွားကိုလည္း သူငယ္ခ်င္းလိုပဲ ခ်စ္တယ္လို႔ထင္တယ္”

“ငါရွားကို တကယ္ခ်စ္တာပါေမသူ”

“အင္းပါ။ ငါစိတ္ထင္တာေနမွာပါ”

“နင္ဟာေလ ဘာေတြေမးမွန္းကိုမသိဘူး။ တကယ္မခ်စ္ဘဲနဲ႔ လူအမ်ားႀကီးေရွ႕မွာ ခ်စ္ခြင့္ပန္ပါ့မလားေျပာ”

သုတကဝင္ေျပာလိုက္ေတာ့ ေမသူတစ္ေယာက္ ေခါင္းကုပ္ေနပါေတာ့တယ္။

“ေအး ဒါလည္းဟုတ္သားပဲ။ ငါ‌အေတြးလြန္ေနတာ ေနမွာပါ”

နင္အေတြးမလြန္ပါဘူးေမသူ နင့္အေတြးေတြမွန္ပါတယ္။

“ငါအိပ္ေတာ့မယ္ေႏြ”

“အင္း အိပ္ေတာ့ေလ မုန္း။ ဒါေပမဲ့ ညေဆးေသာက္ၿပီးမွအိပ္”

“ဟင္အင္ မေသာက္ခ်င္ဘူး”

“ဘာမွ မဟင့္အင္နဲ႔ ေသာက္ရမယ္။ ေဆးေသာက္ၿပီးရင္ ခ်ိဳခ်ဥ္ေကၽြးမယ္ ဟုတ္ၿပီလား”

“အင္း”

ေနမေကာင္းလို႔ေဆးတိုက္တိုင္း ေဆးေသာက္တဲ့အထိ ေခ်ာ့တိုက္တတ္တဲ့သူကို သတိရတယ္။ ေခ်ာ့တိုက္လို႔မရတိုင္းလည္း ခ်ိဳခ်ဥ္ေကၽြးမယ္လို႔ျမႇဴဆြယ္ၿပီး မရ ရေအာင္တိုက္တတ္တဲ့သူ။ ငါမင္းကို အရမ္းသတိရေနတယ္အလင္း။ ေနမေကာင္းေတာ့ မင္းကိုပိုတမ္းတတယ္။

                      **********

အလင္း ေႏြနဲ႔ message ပို႔ၿပီး အိပ္‌ဖို႔ႀကိဳးစားေနတုန္း ေမေမက အလင္းအခန္းထဲကို ဝင္လာၿပီးအလင္းေဘးမွာ ဝင္ထိုင္လာတယ္။

“ေမေမ မအိပ္ေသးဘူးလား”

“ေမေမ သားကိုေမးစရာရွိလို႔သား”

“ဟုတ္ေမေမ ေမးေလ”

ကၽြန္ေတာ္သိပါတယ္။ ေမေမ မုန္းနဲ႔ပတ္သက္ၿပီး ေမးမယ္ဆိုတာကို။

“သားနဲ႔မုန္းေလး စကားမ်ားထားတာလား”

“မဟုတ္ပါဘူးေမေမ။  ကေတာက္ကစ နည္းနည္းျဖစ္႐ုံတင္ပါ”

“ကေတာက္ကစ နည္းနည္းျဖစ္႐ုံပဲဆိုၿပီး မုန္းေလး ဒီေလာက္ ေနမေကာင္းျဖစ္ေနတာကို ဘာလို႔မသြားရတာလဲသားရယ္။ ေမေမ့ကို အမွန္အတိုင္း ေျပာလို႔ရရင္ေျပာပါ။ ခုမေျပာခ်င္ေသးဘူးဆိုလည္း သားေျပာတဲ့ထိ ေမေမေစာင့္ေနေပးမယ္။ ကိစၥမႀကီးက်ယ္ရင္ေတာ့ သားဘက္ကပဲ စိတ္ဆိုးေျပလိုက္ၿပီး မုန္းေလးကို ျပန္ေခၚေပးလိုက္ပါ”

“ဟုတ္ကဲ့ေမေမ”

ကိစၥက ေမေမေျပာသလို စိတ္ဆိုးေျပလိုက္႐ုံနဲ႔ အဆင္မေျပဘူးေမေမ။ စိတ္ဆိုးေျပလိုက္တာနဲ႔ ပိုဆိုးလာဖို႔ပဲရွိတယ္။ ေမေမ့ကိုသားေျပာျပခ်င္ေပမယ့္ ေျပာလိုက္လို႔ ေမေမစိတ္ဆင္းရဲသြားမွာကိုလည္း မလိုလားဘူးေမေမ။ ဟူးးးးး ဘာလုပ္ရမပါ့မလဲ။ မုန္းေရ ငါ႐ူးေတာမွာပဲကြာ။

“အိပ္ေတာ့သား။ ေမေမလည္းအိပ္ေတာ့မယ္”

ေမေမ့သားေလးေတြ ဘာအေၾကာင္းေၾကာင့္မ်ား မေခၚနိုင္ မေျပာနိုင္ ျဖစ္ေနၾကပါလိမ့္ကြယ္။

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

96.4K 2.2K 21
Title ~ ထာဝရ မင်း Author ~ Hnin~Yhine All episode ~ 16.( Both Unicode and Zawgyi) # fifth 26.7.2021>>>> 15.8.2021( 21 days) pic f...
1.7M 112K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
7.7K 100 17
-- When a friend group goes on a summer trip together to South Carolina finding some very valuable things. They kept feeling signs to come back to th...
1.9K 56 1
ေက်ာင္းမတက္ခ်င္ဘူးဘဲႀကီးရဲ႕အိမ္ေဖာ္ေကာင္ေလးပဲျဖစ္ခ်င္တာ။ ကျောင်းမတက်ချင်ဘူးဘဲကြီးရဲ့အိမ်ဖော်ကောင်လေးပဲဖြစ်ချင်တာ။