Unicode
အပိုင်း(၃.၁) ဇာတ်ကြောင်းပြောင်းလဲနေခြင်း
ကျေးငှက်သာရကာ မြည်သံလေးများ နှင့် စိမ်းစိုလှပနေသော ရှေးခေတ်သဘာဝ ရှုမြင်ကွင်းသည် လွန်စွာလှပသာယာနေသည်။ ထိုသို့သော ပတ်ဝန်းကျင်အား ဂရုမစိုက်နိုင်ရှာသည့် လူနှစ်ယောက်လည်း ရှိနေကြ၏။
အပြာရောင် ဘရိုကိတ် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော သခင်ငယ်လေးသည် သူ၏ အခြွေရံကျောပေါ်မှ နံရံပေါ်သို့ ကုတ်တွယ်တက်နေလေသည်။
"သခင်လေး မြန်မြန် လုပ်ဗျ...ကျွန်တော့်ကျောကုန်း အရမ်းနာနေပြီ"
သူ ဝင်ထားသော ခန္ဓာကိုယ် မည်မျှ ပေါ့ပါးကြောင်း သိရှိသည့် ရီဟွားတစ်ယောက် ယွီလေး စကားကြောင့် မျက်နှာမဲ့သွားရသည်။
"တိတ်စမ်း...ငါ မြန်မြန်တက်နေတယ် မမြင်ဘူးလား"
"သခင်လေးက ကျွန်တော့်ကျောပေါ်တက်နေတော့ ခေါင်းငုံထားရတယ်လေ...ကျွန်တော့် ခေါင်းနောက်မှာ မျက်လုံးပါတယ် ထင်နေတာလားဗျ"
ရီဟွား ထိုတစ်ခွန်းမကျန် ပြန်ပြောတတ်သော ကောင်လေးကို လျစ်လျူ ရှုလိုက်ပြီး နံရံပေါ်သို့ ကျော်ခွတက်လိုက်သည်။ နံရံသည် သုံးပေကျော်ကျော်လောက်သာ မြင့်၏။
ရီဟွား တခြားတစ်ဖက်သို့ ခုန်ချလိုက်ပြီး နံရံဘက်သို့ ပြန်၍ မျက်နှာမူကာ ယွီလေးအား လှမ်းပြောလိုက်သည်။
"ယွီလေး ငါသွားပြီ...အကိုကြီး ညီလာခံပြီးလို့ အိမ်ပြန်မလာခင် အရောက်ပြန်လာခဲ့မယ် တာ့တာ"
တဖက်မှ အာပြဲကောင်လေး၏ သူ့အား ပြန်အော်မည့် အသံကို ရီဟွား အတန်ကြာ နားစွင့်နေမိသော်လည်း တိတ်ဆိတ်နေသောကြောင့် ကြောင်အသွားရသည်။
ဒီနေရာသည် လူသူအသွားအလာနည်းပါးသော်လည်း ကြာကြာနေရန် မသင့်သောကြောင့် ရီဟွားထွက်သွားရန် နောက်လှည့်လိုက်စဉ် သူ၏ နောက်ကျောဘက်တွင် ရပ်နေသော လူတစ်ယောက်ကြောင့် လန့်အော်လိုက်မိသည်။
"အား..."
တစ်ဖက်မှ လူလည်း သူအော်သောကြောင့် လန့်ပြီး သူ့အားကြည့်ကာ ထအော်တော့သည်။
"အား..."
တစ်ဖက်လူ၏ လွန်စွာ နားညီးလှသော အော်သံကြောင့် ရီဟွား အော်နေခြင်းအား ရပ်တန့်လိုက်ပြီး စေ့စေ့ကြည့်လိုက်မိ၏။
'Wtf! ဒီကောင်လေးက ဘယ်လိုလုပ် ဒီဘက်ရောက်နေတာလဲ'
သူ သိချင်လွန်းသောကြောင့် မနေနိုင်တော့ဘဲ အော်နေသော ကောင်လေးအား ပိတ်ဟောက်လိုက်ပြီး နှုတ်မှ ထုတ်မေးလိုက်သည်။
"တိတ်စမ်း...မင်း ငှက်ဆိုးထိုးသံကြီးနဲ့ မအော်နဲ့တော့...မင်းက ဘယ်လိုလုပ် ငါ့နောက် ရောက်နေတာလဲ...ဟိုဘက်ခြမ်းမှာ ရှိနေရမှာလေ မင်းက"
"ကျွန်တော် ဟိုအပေါက်ကထွက်လာတာလေ"
ယွီလေး ညွှန်ပြရာ နေရာသို့ ကြည့်လိုက်မိတော့ နံရံမှ လူတစ်ကိုယ်စာ ဝင်နိုင်သော ခွေးတိုးပေါက်တစ်ပေါက်အား တွေ့လိုက်ရသည်။
"Fuck ငါးဘဝကနေ ခွေးဘဝပြောင်းသွားပြန်ပြီ"
ပါးစပ်မှ လွှတ်ခနဲ ထွက်လိုက်မိတော့ ကောင်စုတ်လေးက ရှုံ့မဲ့မဲ့ဖြင့် ကြည့်လာ၏။
"အီးဟီး သခင်လေး မကောင်းဘူး...ကျွန်တော့်ကို တိရစ္ဆာန်တွေနဲ့ နှိုင်းတယ်"
"မငိုစမ်းပါနဲ့ဟာ...မင်း ငိုရင် ငှက်ဘဝကို ထပ်ရောက်သွားတယ်...အသံကြီးက ငှက်ဆိုးထိုးသံနဲ့ တူလို့"
"သခင်လေး"
စိတ်တိုစွာ ထအော်သော ကောင်စုတ်လေးအား ရီဟွား မျက်ခုံးပင့် ကြည့်လိုက်မိသည်။
"မင်းက ငါ့ကို ပြန်အော်တာလား...ငါက သခင်လေးနော်"
ရီဟွား ရရှိလာသော ရာထူးအား အပီအပြင် အသုံးချလိုက်၏။
ကောင်စုတ်လေးမျက်နှာ ရှုံ့မဲ့မဲ့ဖြစ်သွားလေတော့သည်။
"အင်း ဒီအပေါက်ရှိတာ ဆိုးတော့မဆိုးပါဘူး...အပြန်ကျ နံရံကျော်တက်စရာ မလိုတော့ဘူးပေါ့"
သူ၏စကားအား ဘေးမှ ကောင်လေးကြားသည်နှင့် ချက်ချင်းထပြောလေတော့သည်။
"ဒါဆို သခင်လေးလည်း ခွေးဘဝပြောင်းတော့မယ်ပေါ့"
"Fuck"
"သခင်လေးကလည်း ကျွန်တော့်ကို ခဏခဏ ချစ်စရာကောင်းတယ်ပြောနေတာ...ကျွန်တော် ရှက်တောင်လာပြီ ဟီးဟီး"
ရီဟွားဒေါသတို့ အလိပ်လိုက် ထွက်လာရတော့သည်။ အူကြောင်ကြောင် ကောင်လေးအား တစက်လေးမှ သူအဖက်မလုပ်ချင်တော့။
ထိုနေရာမှ လှည့်ထွက်လိုက်တော့ ကောင်စုတ်လေးက သူ၏နောက်မှ ထပ်ကြပ်မကွာ ကပ်ပါလာသည်။ ရီဟွား နောက်လှည့်ကာ မေးလိုက်၏။
"မင်းက ငါ့နောက်လိုက်မလို့လား"
"သခင်လေး တစ်ယောက်တည်း ကျွန်တော်က ဘယ်လိုစိတ်ချမှာလဲ...သခင်လေးသာ တစ်ခုခုဖြစ်သွားကြည့်...စစ်သူကြီးက အရင် ကျွန်တော့်ကို တစ်စစီ လုပ်ပစ်မှာ"
ရှုံ့မဲ့ကာ ပြောနေသော ကောင်လေးကို ကြည့်ပြီး ရီဟွား စချင်လာသည်။
"စိတ်မပူပါနဲ့...မင်း သေသွားခဲ့ရင် သခင်လေး ဖြစ်တဲ့ငါက ငွေစက္ကူ များများ မီးရှို့ပေးပါ့မယ်"
သူ၏ စနောက် စကားကြောင့် ကောင်စုတ်လေးက ထငိုတော့သည်။
"ဟီးးး...သခင်လေးက ကျွန်တော်သေသွားရင်တောင် ဂရုမစိုက်ဘူးတဲ့ ဟီးဟီး"
ဒီကမ္ဘာမှ လူများအားလုံးသည် စာအုပ်ထဲမှ ဇာတ်ကောင်များသာဖြစ်ကြောင်း သူသိသော်လည်း ဒီကောင်လေးကိုတော့ သူ ခင်မင်မိသည်။
မူလဇာတ်ကြောင်းအရဆိုလျှင် စစ်သူကြီး အိမ်တော်တစ်ခုလုံး အသတ်ခံရချိန် ဒီကောင်လေးလည်း သေသွားခဲ့ပုံပင်။ သူ့အား အရမ်းချစ်သော အကိုကြီးနှင့် ယြီလေးကဲ့သို့သော လူကောင်းများကိုတော့ အသေမခံနိုင်။ တတ်နိုင်သမျှ သူတို့အား ကယ်တင်နိုင်ရန် သူ ကြိုးစားရလိမ့်မည်။
"ငါ့နောက် လိုက်မှာဆို မငိုနဲ့တော့...ဒီမှာဘဲ အချိန်ကုန်လို့ မဖြစ်ဘူး...အကိုကြီး ပြန်မရောက်ခင် မြန်မြန်သွားကြရအောင်"
သူ ပြောပြီး လှည့်ထွက်လာသည်နှင့် ကောင်လေးသည်လည်း နောက်မှ ခပ်သွက်သွက်လိုက်လာသည်။
အတန်ကြာ လမ်းလျှောက်ပြီးနောက် ရီဟွား ပူပြင်းသော နေမင်းကြီးရှိရာ ကောင်းကင်ဆီသို့ မော့ကြည့်လိုက်၏။
"ဘာလို့အပြင်မှာ အဲလောက်ပူနေရတာလဲ"
"သခင်လေး မိုးမရွာတာ အရမ်းကြာနေပြီလေ...မိုးခေါင်ရေရှားဖြစ်နေတာ သေချာပေါက်ပူတာပေါ့...သခင်လေး ခြံဝန်းက အပင်တွေရဲ့ အရိပ်အာဝါသကြောင့်သာ အပူဒဏ်ကို မခံစားရတာ"
ယြီလေး၏ အဖြေကြောင့် ရီဟွား ဘေးဘီဝဲယာအား ကြည့်လိုက်သည်။
"မိုးခေါင်ရေရှား ဖြစ်နေတယ်လို့သာ ပြောတာ...စီးပွားရေးက အဆင်ပြေနေသလိုပဲ...မြို့တော်ကလည်း စည်ပင်ဝပြောနေတာပဲ"
"အဲဒါ မင်းကြီးကောင်းလို့လေ...အရှင်မင်းကြီးက အရမ်းတော်တာ...ဉာဏ်ပညာနဲ့လည်း ပြည့်စုံတယ်...မိုးမခေါင်ခင် သုံးလလောက်အလိုကတည်းက မင်းကြီးက ပြည်သူတွေကို ကြိုတင်ပြီး မကြာခင်မိုးခေါင်ရေရှားဖြစ်လိမ့်မယ်...ငွေကို ခြိုးခြံသုံးကျဖို့နဲ့...သက်ကြီးရွယ်အိုတွေ၊ အမှီအခိုမရှိတဲ့ အိမ်ထောင်စုတွေ၊ လယ်သမားတွေကို ငွေကြေးမျှဝေတာတို့ ဆန်ပေးဝေတာတို့လုပ်ပေးထားတယ်...
ပြည်သူတွေ အားလုံးကလည်း မင်းကြီးကို ချစ်ကြောက်ရိုသေကြတော့ မင်းကြီးမှာကြားတာတွေ အကုန် လိုက်နာကြတယ်လေ...အမတ်တွေကလည်း မင်းကြီးကို ကြောက်ပြီး အမြတ်ကြီး မစားရဲဘူး...အဲဒါကြောင့် မိုးခေါင်ပေမဲ့ ဘာအခက်အခဲကြီးကြီးမားမားမှ မရှိဘူး"
'သောက်ကျိုးနည်း... ဘာတွေဖြစ်ကုန်တာလဲ...စာအုပ်ထဲက ငါသိတဲ့ ဘုရင်က အမတ်တွေရဲ့ ကြိုးဆွဲရုပ်ပါ...သတ္တိမရှိတဲ့ အပြင် သူရဲဘောကြောင်တဲ့သူ... ယွီလေး ပြောတာနဲ့ ဘာလို့အရမ်းကွာနေရတာလဲ'
"ယွီလေး မင်းကြီးက နဲနဲသူရဲဘောကြောင်တယ်မလား...အမတ်တွေ ချုပ်ကိုင်တာခံရတဲ့သူ မဟုတ်ဘူးလား"
"သခင်လေး"
ရုတ်တရက် သူ့အား အကျယ်ကြီး အော်လိုက်သော ကောင်လေးကြောင့် ရီဟွား လန့်ဖြန့်သွားရသည်။
"ကျွန်တော့်ကို ကြိုက်သလောက် မကောင်းပြောလို့ရတယ်...အရမ်းတော် အရမ်းထက်မြတ်တဲ့ ကျွန်တော်တို့ရဲ့ မင်းကောင်းမင်းမြတ် အရှင်မင်းကြီးကိုတော့ သူရဲဘောကြောင်တယ်လို့မပြောပါနဲ့...မင်းကြီးကို မကောင်းပြောတာ ကျွန်တော့်ကို ပြောတာထက် ပိုနာတယ်"
Wtf! ဒီခေတ်မှာလည်း Big Fanကြီးတွေရှိသဟ။တကယ့်ကို မင်းကြီး fan အကြီးစားကြီးနဲ့ လာတွေ့နေတာဘဲ။
"ဒါ ကျွန်တော်မို့လို့နော်...တခြားလူတွေရှေ့ အဲလိုသွားမပြောမိစေနဲ့...သခင်လေး ဝိုင်းသမခံရလို့ အဖွားမုန့်ရဲ့ စွတ်ပြုတ်ကို သွားသောက်နေရမယ်"
'Fuck!သောက်ကျိုးနည်း fandomလောကကြီး...Idolကို ရူးသွပ်တဲ့ fanတွေရှေ့ ငါအနေအထိုင်ဆင်ခြင်မှပါ...ငါလေး ငါ့ကမ္ဘာကို ပြန်သွားရဦးမယ်...သေလို့မဖြစ်သေးဘူး...ဒါနဲ့ ဘာလို့ဇာတ်ကြောင်းကပြောင်းလဲနေတာလဲ...မင်းကြီးက သာမန်ပျော့ညံ့တဲ့ ဇာတ်ကောင်လေးလေ...ဘာလို့ အဓိက ဇာတ်ဆောင်ကြီးထက်တောင် အရှိန်အဝါကြီးနေရတာလဲ'
ထိုစဉ် သူတို့အနားသို့ သူဖုန်းစားကောင်လေးတစ်ယောက်ရောက်လာသည်။
"ယွီလေး မင်းပြောတော့ မင်းကြီး အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်က သာယာဝပြောတယ်ဆို...ဘာလို့ သူဖုန်းစားရှိနေရတာလဲ"
"သြော် သခင်လေးရယ် သူတို့က သူတို့စီးပွားရေး သူတို့လုပ်နေတာလေ...သူဖုန်းစားရှိတာ ဘာဆန်းလဲ...သူတို့ တတ်တာနဲ့ လုပ်စားနေတာပဲ...အဲဒါကို ကျွန်တော်တို့ရဲ့ မြင့်မြတ်လှတဲ့ မင်းကြီးက သူဖုန်းစားမရှိစေရလို့ အမိန့်ထုတ်လို့မှ မရတာ....သခင်လေးသာ သူတို့ရှာသလောက် ရအောင် ရှာကြည့်ဦး...သူများကိုပဲ အပြစ်လိုက်ရှာမနေနဲ့"
ယွီလေး စကားကြောင့် ရီဟွား သွေးအန်ချင်သွားသည်။
အမှတ်မရှိ အဲ big fanကြီးကို သွားစမိတဲ့ ငါမှားတာ။
"သခင်လေး ငွေလေးနဲနဲလောက် စွန့်ကြဲပါ"
သူ့အနားသို့ကပ်ကာ လာတောင်းရမ်းသော ကလေးငယ်ကြောင့် ရီဟွား ယွီလေးအား ကြည့်လိုက်သည်။ ငွေနည်းနည်းပေးလိုက်ဟု မျက်လုံးဖြင့် အချက်ပြလိုက်ခြင်းသာ။
ယွီလေးလည်း ပေကပ်ကပ်ဖြင့် သူ၏ ငွေထုပ်လေးအား ထုတ်ကာ အကြွေစေ့အနည်းငယ်အား ခွက်ထဲသို့ ထည့်လိုက်သည်။
"ကျေးဇူးပါ အကိုကြီး...ကျေးဇူးပါ သခင်လေး"
ထိုသူဖုန်းစားလေး သူတို့နားမှ စထွက်ခွာသည်နှင့် ရီဟွား သူ၏ ပိုက်ဆံအိတ်လေးအား ဖွင့်ပြီး ငုံ့ကြည့်ရေတွက်နေသော ယွီလေး၏ လက်တစ်ဖက်အား ဆွဲလိုက်သည်။
ရုတ်တရက် လန့်ပြီး အော်တော့မည့် ယွီလေးအား အမြန်ပါးစပ်ပိတ်ရန်အမူအရာ လုပ်ပြလိုက်ရသည်။ အရေးကြုံရင် အရိပ်အကဲခတ်မြန်သော ကောင်လေးက သူဆွဲခေါ်ရာနောက်သို့ တိတ်တဆိတ်သာ လိုက်ပါလာ၏။
"သခင်လေး ဘာလို့ အဲဒီသူဖုန်းစားလေးနောက် ခိုးကြောင်ခိုးဝှက်လိုက်နေတာလဲ"
ယွီလေး၏ ခပ်တိုးတိုးမေးသောစကားကို သူဖုန်းစားလေးအား မျက်ခြေမပြတ်အောင် လိုက်ကြည့်ရင်း ရီဟွားဖြေလိုက်သည်။
"သူ ငါ့ ခါးမှာ ချိတ်ထားတဲ့ ကျောက်စိမ်းပြား အဆောင်ကို ခိုးသွားတယ်"
"ဘာ...စစ်သူကြီးပေးထားတဲ့ အရည်အသွေးမြင့် ကျောက်စိမ်းပြားကိုလား...ဒီကောင်လေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ခိုးတတ်နေပြီ...ရိုးရိုးသားသားစီးပွားရှာနေတယ်လို့ ချီးကျူးမိတဲ့ စကားကိုပြန်ရုတ်သိမ်းတယ်...မိလို့ကတော့ အသေဆော်ပစ်မယ်"
ရီဟွားတစ်ယောက် အကျီလက်နှစ်ဖက်အား ဆွဲမပြီး ရိုက်တော့မည့်အမူအရာဖြင့် ပွစိပွစိပြောနေသော ယွီလေးအား ပိတ်ရိုက်ချင်သွားရ၏။
"တိတ်စမ်း...ငါ မျက်ခြေမပျက်အောင် ဂရုစိုက်နေတယ်... အာရုံများအောင် မလုပ်နဲ့...မင်းလား အဲဒီကောင်လေးကို ရိုက်နိုင်မှာ...သူက သူဖုန်းစားပေမဲ့ သူ့ခန္ဓာကိုယ်က ကြံခိုင်သန်မာတယ်...သူ့ကိုယ်နေဟန်ထားလည်း အရမ်းငြိမ်တယ်...သူ့ကြည့်ရတာ သိုင်းတတ်ပုံပဲ...မင်းသာ သူ့ကို သွားရိုက်ရင် သိုင်းမတတ်တဲ့ မင်းပဲခံရမှာ"
သူ့ စကားကြောင့် ယွီလေး လန့်သွားပုံရသည်။
"သခင်လေး ကျွန်တော်က အဲကောင်လေးတောင် မနိုင်လောက်ဘူးဆိုလည်း ပြန်မယ်လေ...အပြင်က အန္တရာယ်များတယ်"
"ပြန်ရင် ငါ့အကိုကြီး ပေးတဲ့ ကျောက်စိမ်းပြားကရော...ငါ့အကိုကြီးက အပြစ်တင်ရင် ဘယ်လိုလုပ်မလဲ"
သခင်လေး၏ အမေးကို ယွီလေး အလျင်အမြန် ပြန်လည်ဖြေကြားလိုက်သည်။
"စစ်သူကြီးက သခင်လေးကို အရမ်းချစ်တာ..သေချာပေါက် အပြစ်တင်မှာ မဟုတ်ဘူး...ပြန်ကြရအောင်နော်"
ရီဟွား ယွီလေး၏ ပြန်ဖြေမှုအား အရေးမစိုက်အား။ လူခြေတိတ်သော ပတ်ဝန်းကျင်ရှိ ဘုရားကျောင်းပျက်ထဲ ဝင်သွားသော သူဖုန်းစားကောင်လေးအား ပုန်းနေရာမှ စူးစိုက်ကြည့်နေလိုက်သည်။
"အဲဒီ ဘုရားကျောင်းပျက်ထဲမှာ သူတို့ကို ထိန်းချုပ်နေတဲ့သူရှိလောက်တယ်...သွားစို့"
"သခင်လေး ဘာသွားလုပ်မှာလဲ"
"ကျောက်စိမ်းပြား ပြန်တောင်းမယ်...လူသွားခေါ်မယ်လေ"
ယွီလေး အူကြောင်ကြောင်ဖြစ်သွားရသည်။
"ဘယ်ကလူလဲ"
"အဲလောက်ငယ်တဲ့ လူငယ်လေးတွေကို သိုင်းပညာသင်ပေးပြီး သေချာ control လုပ်နိုင်တဲ့သူပေါ့...အဲလူကို ငါ့ဘက်ပါအောင် သိမ်းသွင်းမလို့...ငါက ပညာရှင်တွေကို တန်ဖိုးထားတတ်တယ်လေ"
ရီဟွား ထပ်၍ ပြောလာသော စကားကြောင့် ယွီလေး နားမလည်သွားသည့် အပြင် မသောက်ဘဲနှင့် မူးသွားရသည်။
"သခင်လေး အဲဒီ ကွန်ဓားရိုး ဆိုတာ ဘာကြီးတုန်း...လူနာမည်လား...သခင်လေးက အဲဒီ ကွန်ဓားရိုး ဆိုတဲ့ လူကို ရှာနေတာလား"
နားမလည်သော ကောင်စုတ်လေးအား ရှင်းပြနေသည့် မိမိကိုယ်ကိုပင် ရီဟွား ပိတ်ရိုက်ချင်သွားရသည်။
"လျှာမရှည်နဲ့တော့ အထဲဝင်မယ် လာ"
ယွီလေး တစ်ယောက် ယက်ကန်ယက်ကန်ဖြင့် ရီဟွား ခေါ်ဆောင်ရာ ဘုရားကျောင်းပျက်ဆီသို့ လိုက်ပါသွားလေသည်။
**********************
Zawgyi
အပိုင္း(၃.၁) ဇာတ္ေၾကာင္းေျပာင္းလဲေနျခင္း
ေက်းငွက္သာရကာ ျမည္သံေလးမ်ား ႏွင့္ စိမ္းစိုလွပေနေသာ ေရွးေခတ္သဘာဝ ရႈျမင္ကြင္းသည္ လြန္စြာလွပသာယာေနသည္။ ထိုသို႔ေသာ ပတ္ဝန္းက်င္အား ဂ႐ုမစိုက္နိုင္ရွာသည့္ လူႏွစ္ေယာက္လည္း ရွိေနၾက၏။
အျပာေရာင္ ဘရိုကိတ္ ဝတ္႐ုံရွည္ကို ဝတ္ဆင္ထားေသာ သခင္ငယ္ေလးသည္ သူ၏ အေႁခြရံေက်ာေပၚမွ နံရံေပၚသို႔ ကုတ္တြယ္တက္ေနေလသည္။
"သခင္ေလး ျမန္ျမန္ လုပ္ဗ်...ကြၽန္ေတာ့္ေက်ာကုန္း အရမ္းနာေနၿပီ"
သူ ဝင္ထားေသာ ခႏၶာကိုယ္ မည္မွ် ေပါ့ပါးေၾကာင္း သိရွိသည့္ ရီဟြားတစ္ေယာက္ ယြီေလး စကားေၾကာင့္ မ်က္ႏွာမဲ့သြားရသည္။
"တိတ္စမ္း...ငါ ျမန္ျမန္တက္ေနတယ္ မျမင္ဘူးလား"
"သခင္ေလးက ကြၽန္ေတာ့္ေက်ာေပၚတက္ေနေတာ့ ေခါင္းငုံထားရတယ္ေလ...ကြၽန္ေတာ့္ ေခါင္းေနာက္မွာ မ်က္လုံးပါတယ္ ထင္ေနတာလားဗ်"
ရီဟြား ထိုတစ္ခြန္းမက်န္ ျပန္ေျပာတတ္ေသာ ေကာင္ေလးကို လ်စ္လ်ဴ ရႈလိုက္ၿပီး နံရံေပၚသို႔ ေက်ာ္ခြတက္လိုက္သည္။ နံရံသည္ သုံးေပေက်ာ္ေက်ာ္ေလာက္သာ ျမင့္၏။
ရီဟြား တျခားတစ္ဖက္သို႔ ခုန္ခ်လိဳက္ၿပီး နံရံဘက္သို႔ ျပန္၍ မ်က္ႏွာမူကာ ယြီေလးအား လွမ္းေျပာလိုက္သည္။
"ယြီေလး ငါသြားၿပီ...အကိုႀကီး ညီလာခံၿပီးလို႔ အိမ္ျပန္မလာခင္ အေရာက္ျပန္လာခဲ့မယ္ တာ့တာ"
တဖက္မွ အာၿပဲေကာင္ေလး၏ သူ႕အား ျပန္ေအာ္မည့္ အသံကို ရီဟြား အတန္ၾကာ နားစြင့္ေနမိေသာ္လည္း တိတ္ဆိတ္ေနေသာေၾကာင့္ ေၾကာင္အသြားရသည္။
ဒီေနရာသည္ လူသူအသြားအလာနည္းပါးေသာ္လည္း ၾကာၾကာေနရန္ မသင့္ေသာေၾကာင့္ ရီဟြားထြက္သြားရန္ ေနာက္လွည့္လိုက္စဥ္ သူ၏ ေနာက္ေက်ာဘက္တြင္ ရပ္ေနေသာ လူတစ္ေယာက္ေၾကာင့္ လန႔္ေအာ္လိုက္မိသည္။
"အား..."
တစ္ဖက္မွ လူလည္း သူေအာ္ေသာေၾကာင့္ လန႔္ၿပီး သူ႕အားၾကည့္ကာ ထေအာ္ေတာ့သည္။
"အား..."
တစ္ဖက္လူ၏ လြန္စြာ နားညီးလွေသာ ေအာ္သံေၾကာင့္ ရီဟြား ေအာ္ေနျခင္းအား ရပ္တန႔္လိုက္ၿပီး ေစ့ေစ့ၾကည့္လိုက္မိ၏။
'Wtf! ဒီေကာင္ေလးက ဘယ္လိုလုပ္ ဒီဘက္ေရာက္ေနတာလဲ'
သူ သိခ်င္လြန္းေသာေၾကာင့္ မေနနိုင္ေတာ့ဘဲ ေအာ္ေနေသာ ေကာင္ေလးအား ပိတ္ေဟာက္လိုက္ၿပီး ႏႈတ္မွ ထုတ္ေမးလိုက္သည္။
"တိတ္စမ္း...မင္း ငွက္ဆိုးထိုးသံႀကီးနဲ႕ မေအာ္နဲ႕ေတာ့...မင္းက ဘယ္လိုလုပ္ ငါ့ေနာက္ ေရာက္ေနတာလဲ...ဟိုဘက္ျခမ္းမွာ ရွိေနရမွာေလ မင္းက"
"ကြၽန္ေတာ္ ဟိုအေပါက္ကထြက္လာတာေလ"
ယြီေလး ၫႊန္ျပရာ ေနရာသို႔ ၾကည့္လိုက္မိေတာ့ နံရံမွ လူတစ္ကိုယ္စာ ဝင္နိုင္ေသာ ေခြးတိုးေပါက္တစ္ေပါက္အား ေတြ႕လိုက္ရသည္။
"Fuck ငါးဘဝကေန ေခြးဘဝေျပာင္းသြားျပန္ၿပီ"
ပါးစပ္မွ လႊတ္ခနဲ ထြက္လိုက္မိေတာ့ ေကာင္စုတ္ေလးက ရႈံ႕မဲ့မဲ့ျဖင့္ ၾကည့္လာ၏။
"အီးဟီး သခင္ေလး မေကာင္းဘူး...ကြၽန္ေတာ့္ကို တိရစ္ဆာန္ေတြနဲ႕ ႏွိုင္းတယ္"
"မငိုစမ္းပါနဲ႕ဟာ...မင္း ငိုရင္ ငွက္ဘဝကို ထပ္ေရာက္သြားတယ္...အသံႀကီးက ငွက္ဆိုးထိုးသံနဲ႕ တူလို႔"
"သခင္ေလး"
စိတ္တိုစြာ ထေအာ္ေသာ ေကာင္စုတ္ေလးအား ရီဟြား မ်က္ခုံးပင့္ ၾကည့္လိုက္မိသည္။
"မင္းက ငါ့ကို ျပန္ေအာ္တာလား...ငါက သခင္ေလးေနာ္"
ရီဟြား ရရွိလာေသာ ရာထူးအား အပီအျပင္ အသုံးခ်လိဳက္၏။
ေကာင္စုတ္ေလးမ်က္ႏွာ ရႈံ႕မဲ့မဲ့ျဖစ္သြားေလေတာ့သည္။
"အင္း ဒီအေပါက္ရွိတာ ဆိုးေတာ့မဆိုးပါဘူး...အျပန္က် နံရံေက်ာ္တက္စရာ မလိုေတာ့ဘူးေပါ့"
သူ၏စကားအား ေဘးမွ ေကာင္ေလးၾကားသည္ႏွင့္ ခ်က္ခ်င္းထေျပာေလေတာ့သည္။
"ဒါဆို သခင္ေလးလည္း ေခြးဘဝေျပာင္းေတာ့မယ္ေပါ့"
"Fuck"
"သခင္ေလးကလည္း ကြၽန္ေတာ့္ကို ခဏခဏ ခ်စ္စရာေကာင္းတယ္ေျပာေနတာ...ကြၽန္ေတာ္ ရွက္ေတာင္လာၿပီ ဟီးဟီး"
ရီဟြားေဒါသတို႔ အလိပ္လိုက္ ထြက္လာရေတာ့သည္။ အူေၾကာင္ေၾကာင္ ေကာင္ေလးအား တစက္ေလးမွ သူအဖက္မလုပ္ခ်င္ေတာ့။
ထိုေနရာမွ လွည့္ထြက္လိုက္ေတာ့ ေကာင္စုတ္ေလးက သူ၏ေနာက္မွ ထပ္ၾကပ္မကြာ ကပ္ပါလာသည္။ ရီဟြား ေနာက္လွည့္ကာ ေမးလိုက္၏။
"မင္းက ငါ့ေနာက္လိုက္မလို႔လား"
"သခင္ေလး တစ္ေယာက္တည္း ကြၽန္ေတာ္က ဘယ္လိုစိတ္ခ်မွာလဲ...သခင္ေလးသာ တစ္ခုခုျဖစ္သြားၾကည့္...စစ္သူႀကီးက အရင္ ကြၽန္ေတာ့္ကို တစ္စစီ လုပ္ပစ္မွာ"
ရႈံ႕မဲ့ကာ ေျပာေနေသာ ေကာင္ေလးကို ၾကည့္ၿပီး ရီဟြား စခ်င္လာသည္။
"စိတ္မပူပါနဲ႕...မင္း ေသသြားခဲ့ရင္ သခင္ေလး ျဖစ္တဲ့ငါက ေငြစကၠဴ မ်ားမ်ား မီးရွို႔ေပးပါ့မယ္"
သူ၏ စေနာက္ စကားေၾကာင့္ ေကာင္စုတ္ေလးက ထငိုေတာ့သည္။
"ဟီးးး...သခင္ေလးက ကြၽန္ေတာ္ေသသြားရင္ေတာင္ ဂ႐ုမစိုက္ဘူးတဲ့ ဟီးဟီး"
ဒီကမၻာမွ လူမ်ားအားလုံးသည္ စာအုပ္ထဲမွ ဇာတ္ေကာင္မ်ားသာျဖစ္ေၾကာင္း သူသိေသာ္လည္း ဒီေကာင္ေလးကိုေတာ့ သူ ခင္မင္မိသည္။
မူလဇာတ္ေၾကာင္းအရဆိုလွ်င္ စစ္သူႀကီး အိမ္ေတာ္တစ္ခုလုံး အသတ္ခံရခ်ိန္ ဒီေကာင္ေလးလည္း ေသသြားခဲ့ပုံပင္။ သူ႕အား အရမ္းခ်စ္ေသာ အကိုႀကီးႏွင့္ ႀယီေလးကဲ့သို႔ေသာ လူေကာင္းမ်ားကိုေတာ့ အေသမခံနိုင္။ တတ္နိုင္သမွ် သူတို႔အား ကယ္တင္နိုင္ရန္ သူ ႀကိဳးစားရလိမ့္မည္။
"ငါ့ေနာက္ လိုက္မွာဆို မငိုနဲ႕ေတာ့...ဒီမွာဘဲ အခ်ိန္ကုန္လို႔ မျဖစ္ဘူး...အကိုႀကီး ျပန္မေရာက္ခင္ ျမန္ျမန္သြားၾကရေအာင္"
သူ ေျပာၿပီး လွည့္ထြက္လာသည္ႏွင့္ ေကာင္ေလးသည္လည္း ေနာက္မွ ခပ္သြက္သြက္လိုက္လာသည္။
အတန္ၾကာ လမ္းေလွ်ာက္ၿပီးေနာက္ ရီဟြား ပူျပင္းေသာ ေနမင္းႀကီးရွိရာ ေကာင္းကင္ဆီသို႔ ေမာ့ၾကည့္လိုက္၏။
"ဘာလို႔အျပင္မွာ အဲေလာက္ပူေနရတာလဲ"
"သခင္ေလး မိုးမ႐ြာတာ အရမ္းၾကာေနၿပီေလ...မိုးေခါင္ေရရွားျဖစ္ေနတာ ေသခ်ာေပါက္ပူတာေပါ့...သခင္ေလး ၿခံဝန္းက အပင္ေတြရဲ႕ အရိပ္အာဝါသေၾကာင့္သာ အပူဒဏ္ကို မခံစားရတာ"
ႀယီေလး၏ အေျဖေၾကာင့္ ရီဟြား ေဘးဘီဝဲယာအား ၾကည့္လိုက္သည္။
"မိုးေခါင္ေရရွား ျဖစ္ေနတယ္လို႔သာ ေျပာတာ...စီးပြားေရးက အဆင္ေျပေနသလိုပဲ...ၿမိဳ႕ေတာ္ကလည္း စည္ပင္ဝေျပာေနတာပဲ"
"အဲဒါ မင္းႀကီးေကာင္းလို႔ေလ...အရွင္မင္းႀကီးက အရမ္းေတာ္တာ...ဉာဏ္ပညာနဲ႕လည္း ျပည့္စုံတယ္...မိုးမေခါင္ခင္ သုံးလေလာက္အလိုကတည္းက မင္းႀကီးက ျပည္သူေတြကို ႀကိဳတင္ၿပီး မၾကာခင္မိုးေခါင္ေရရွားျဖစ္လိမ့္မယ္...ေငြကို ၿခိဳးၿခံသုံးက်ဖိဳ႕နဲ႕...သက္ႀကီး႐ြယ္အိုေတြ၊ အမွီအခိုမရွိတဲ့ အိမ္ေထာင္စုေတြ၊ လယ္သမားေတြကို ေငြေၾကးမွ်ေဝတာတို႔ ဆန္ေပးေဝတာတို႔လုပ္ေပးထားတယ္...
ျပည္သူေတြ အားလုံးကလည္း မင္းႀကီးကို ခ်စ္ေၾကာက္ရိုေသၾကေတာ့ မင္းႀကီးမွာၾကားတာေတြ အကုန္ လိုက္နာၾကတယ္ေလ...အမတ္ေတြကလည္း မင္းႀကီးကို ေၾကာက္ၿပီး အျမတ္ႀကီး မစားရဲဘူး...အဲဒါေၾကာင့္ မိုးေခါင္ေပမဲ့ ဘာအခက္အခဲႀကီးႀကီးမားမားမွ မရွိဘူး"
'ေသာက္က်ိဳးနည္း... ဘာေတြျဖစ္ကုန္တာလဲ...စာအုပ္ထဲက ငါသိတဲ့ ဘုရင္က အမတ္ေတြရဲ႕ ႀကိဳးဆြဲ႐ုပ္ပါ...သတၱိမရွိတဲ့ အျပင္ သူရဲေဘာေၾကာင္တဲ့သူ... ယြီေလး ေျပာတာနဲ႕ ဘာလို႔အရမ္းကြာေနရတာလဲ'
"ယြီေလး မင္းႀကီးက နဲနဲသူရဲေဘာေၾကာင္တယ္မလား...အမတ္ေတြ ခ်ဳပ္ကိုင္တာခံရတဲ့သူ မဟုတ္ဘူးလား"
"သခင္ေလး"
႐ုတ္တရက္ သူ႕အား အက်ယ္ႀကီး ေအာ္လိုက္ေသာ ေကာင္ေလးေၾကာင့္ ရီဟြား လန႔္ျဖန႔္သြားရသည္။
"ကြၽန္ေတာ့္ကို ႀကိဳက္သေလာက္ မေကာင္းေျပာလို႔ရတယ္...အရမ္းေတာ္ အရမ္းထက္ျမတ္တဲ့ ကြၽန္ေတာ္တို႔ရဲ႕ မင္းေကာင္းမင္းျမတ္ အရွင္မင္းႀကီးကိုေတာ့ သူရဲေဘာေၾကာင္တယ္လို႔မေျပာပါနဲ႕...မင္းႀကီးကို မေကာင္းေျပာတာ ကြၽန္ေတာ့္ကို ေျပာတာထက္ ပိုနာတယ္"
Wtf! ဒီေခတ္မွာလည္း Big Fanႀကီးေတြရွိသဟ။တကယ့္ကို မင္းႀကီး fan အႀကီးစားႀကီးနဲ႕ လာေတြ႕ေနတာဘဲ။
"ဒါ ကြၽန္ေတာ္မို႔လို႔ေနာ္...တျခားလူေတြေရွ႕ အဲလိုသြားမေျပာမိေစနဲ႕...သခင္ေလး ဝိုင္းသမခံရလို႔ အဖြားမုန႔္ရဲ႕ စြတ္ျပဳတ္ကို သြားေသာက္ေနရမယ္"
'Fuck!ေသာက္က်ိဳးနည္း fandomေလာကႀကီး...Idolကို ႐ူးသြပ္တဲ့ fanေတြေရွ႕ ငါအေနအထိုင္ဆင္ျခင္မွပါ...ငါေလး ငါ့ကမၻာကို ျပန္သြားရဦးမယ္...ေသလို႔မျဖစ္ေသးဘူး...ဒါနဲ႕ ဘာလို႔ဇာတ္ေၾကာင္းကေျပာင္းလဲေနတာလဲ...မင္းႀကီးက သာမန္ေပ်ာ့ညံ့တဲ့ ဇာတ္ေကာင္ေလးေလ...ဘာလို႔ အဓိက ဇာတ္ေဆာင္ႀကီးထက္ေတာင္ အရွိန္အဝါႀကီးေနရတာလဲ'
ထိုစဥ္ သူတို႔အနားသို႔ သူဖုန္းစားေကာင္ေလးတစ္ေယာက္ေရာက္လာသည္။
"ယြီေလး မင္းေျပာေတာ့ မင္းႀကီး အုပ္ခ်ဳပ္မႈေအာက္မွာ တိုင္းျပည္က သာယာဝေျပာတယ္ဆို...ဘာလို႔ သူဖုန္းစားရွိေနရတာလဲ"
"ေၾသာ္ သခင္ေလးရယ္ သူတို႔က သူတို႔စီးပြားေရး သူတို႔လုပ္ေနတာေလ...သူဖုန္းစားရွိတာ ဘာဆန္းလဲ...သူတို႔ တတ္တာနဲ႕ လုပ္စားေနတာပဲ...အဲဒါကို ကြၽန္ေတာ္တို႔ရဲ႕ ျမင့္ျမတ္လွတဲ့ မင္းႀကီးက သူဖုန္းစားမရွိေစရလို႔ အမိန႔္ထုတ္လို႔မွ မရတာ....သခင္ေလးသာ သူတို႔ရွာသေလာက္ ရေအာင္ ရွာၾကည့္ဦး...သူမ်ားကိုပဲ အျပစ္လိုက္ရွာမေနနဲ႕"
ယြီေလး စကားေၾကာင့္ ရီဟြား ေသြးအန္ခ်င္သြားသည္။
အမွတ္မရွိ အဲ big fanႀကီးကို သြားစမိတဲ့ ငါမွားတာ။
"သခင္ေလး ေငြေလးနဲနဲေလာက္ စြန႔္ႀကဲပါ"
သူ႕အနားသို႔ကပ္ကာ လာေတာင္းရမ္းေသာ ကေလးငယ္ေၾကာင့္ ရီဟြား ယြီေလးအား ၾကည့္လိုက္သည္။ ေငြနည္းနည္းေပးလိုက္ဟု မ်က္လုံးျဖင့္ အခ်က္ျပလိုက္ျခင္းသာ။
ယြီေလးလည္း ေပကပ္ကပ္ျဖင့္ သူ၏ ေငြထုပ္ေလးအား ထုတ္ကာ အေႂကြေစ့အနည္းငယ္အား ခြက္ထဲသို႔ ထည့္လိုက္သည္။
"ေက်းဇူးပါ အကိုႀကီး...ေက်းဇူးပါ သခင္ေလး"
ထိုသူဖုန္းစားေလး သူတို႔နားမွ စထြက္ခြာသည္ႏွင့္ ရီဟြား သူ၏ ပိုက္ဆံအိတ္ေလးအား ဖြင့္ၿပီး ငုံ႕ၾကည့္ေရတြက္ေနေသာ ယြီေလး၏ လက္တစ္ဖက္အား ဆြဲလိုက္သည္။
႐ုတ္တရက္ လန႔္ၿပီး ေအာ္ေတာ့မည့္ ယြီေလးအား အျမန္ပါးစပ္ပိတ္ရန္အမူအရာ လုပ္ျပလိုက္ရသည္။ အေရးႀကဳံရင္ အရိပ္အကဲခတ္ျမန္ေသာ ေကာင္ေလးက သူဆြဲေခၚရာေနာက္သို႔ တိတ္တဆိတ္သာ လိုက္ပါလာ၏။
"သခင္ေလး ဘာလို႔ အဲဒီသူဖုန္းစားေလးေနာက္ ခိုးေၾကာင္ခိုးဝွက္လိုက္ေနတာလဲ"
ယြီေလး၏ ခပ္တိုးတိုးေမးေသာစကားကို သူဖုန္းစားေလးအား မ်က္ေျခမျပတ္ေအာင္ လိုက္ၾကည့္ရင္း ရီဟြားေျဖလိုက္သည္။
"သူ ငါ့ ခါးမွာ ခ်ိတ္ထားတဲ့ ေက်ာက္စိမ္းျပား အေဆာင္ကို ခိုးသြားတယ္"
"ဘာ...စစ္သူႀကီးေပးထားတဲ့ အရည္အေသြးျမင့္ ေက်ာက္စိမ္းျပားကိုလား...ဒီေကာင္ေလးကေတာ့ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ခိုးတတ္ေနၿပီ...ရိုးရိုးသားသားစီးပြားရွာေနတယ္လို႔ ခ်ီးက်ဴးမိတဲ့ စကားကိုျပန္႐ုတ္သိမ္းတယ္...မိလို႔ကေတာ့ အေသေဆာ္ပစ္မယ္"
ရီဟြားတစ္ေယာက္ အက်ီလက္ႏွစ္ဖက္အား ဆြဲမၿပီး ရိုက္ေတာ့မည့္အမူအရာျဖင့္ ပြစိပြစိေျပာေနေသာ ယြီေလးအား ပိတ္ရိုက္ခ်င္သြားရ၏။
"တိတ္စမ္း...ငါ မ်က္ေျခမပ်က္ေအာင္ ဂ႐ုစိုက္ေနတယ္... အာ႐ုံမ်ားေအာင္ မလုပ္နဲ႕...မင္းလား အဲဒီေကာင္ေလးကို ရိုက္နိုင္မွာ...သူက သူဖုန္းစားေပမဲ့ သူ႕ခႏၶာကိုယ္က ႀကံခိုင္သန္မာတယ္...သူ႕ကိုယ္ေနဟန္ထားလည္း အရမ္းၿငိမ္တယ္...သူ႕ၾကည့္ရတာ သိုင္းတတ္ပုံပဲ...မင္းသာ သူ႕ကို သြားရိုက္ရင္ သိုင္းမတတ္တဲ့ မင္းပဲခံရမွာ"
သူ႕ စကားေၾကာင့္ ယြီေလး လန႔္သြားပုံရသည္။
"သခင္ေလး ကြၽန္ေတာ္က အဲေကာင္ေလးေတာင္ မနိုင္ေလာက္ဘူးဆိုလည္း ျပန္မယ္ေလ...အျပင္က အႏၱရာယ္မ်ားတယ္"
"ျပန္ရင္ ငါ့အကိုႀကီး ေပးတဲ့ ေက်ာက္စိမ္းျပားကေရာ...ငါ့အကိုႀကီးက အျပစ္တင္ရင္ ဘယ္လိုလုပ္မလဲ"
သခင္ေလး၏ အေမးကို ယြီေလး အလ်င္အျမန္ ျပန္လည္ေျဖၾကားလိုက္သည္။
"စစ္သူႀကီးက သခင္ေလးကို အရမ္းခ်စ္တာ..ေသခ်ာေပါက္ အျပစ္တင္မွာ မဟုတ္ဘူး...ျပန္ၾကရေအာင္ေနာ္"
ရီဟြား ယြီေလး၏ ျပန္ေျဖမႈအား အေရးမစိုက္အား။ လူေျခတိတ္ေသာ ပတ္ဝန္းက်င္ရွိ ဘုရားေက်ာင္းပ်က္ထဲ ဝင္သြားေသာ သူဖုန္းစားေကာင္ေလးအား ပုန္းေနရာမွ စူးစိုက္ၾကည့္ေနလိုက္သည္။
"အဲဒီ ဘုရားေက်ာင္းပ်က္ထဲမွာ သူတို႔ကို ထိန္းခ်ဳပ္ေနတဲ့သူရွိေလာက္တယ္...သြားစို႔"
"သခင္ေလး ဘာသြားလုပ္မွာလဲ"
"ေက်ာက္စိမ္းျပား ျပန္ေတာင္းမယ္...လူသြားေခၚမယ္ေလ"
ယြီေလး အူေၾကာင္ေၾကာင္ျဖစ္သြားရသည္။
"ဘယ္ကလူလဲ"
"အဲေလာက္ငယ္တဲ့ လူငယ္ေလးေတြကို သိုင္းပညာသင္ေပးၿပီး ေသခ်ာ control လုပ္နိုင္တဲ့သူေပါ့...အဲလူကို ငါ့ဘက္ပါေအာင္ သိမ္းသြင္းမလို႔...ငါက ပညာရွင္ေတြကို တန္ဖိုးထားတတ္တယ္ေလ"
ရီဟြား ထပ္၍ ေျပာလာေသာ စကားေၾကာင့္ ယြီေလး နားမလည္သြားသည့္ အျပင္ မေသာက္ဘဲႏွင့္ မူးသြားရသည္။
"သခင္ေလး အဲဒီ ကြန္ဓားရိုး ဆိုတာ ဘာႀကီးတုန္း...လူနာမည္လား...သခင္ေလးက အဲဒီ ကြန္ဓားရိုး ဆိုတဲ့ လူကို ရွာေနတာလား"
နားမလည္ေသာ ေကာင္စုတ္ေလးအား ရွင္းျပေနသည့္ မိမိကိုယ္ကိုပင္ ရီဟြား ပိတ္ရိုက္ခ်င္သြားရသည္။
"လွ်ာမရွည္နဲ႕ေတာ့ အထဲဝင္မယ္ လာ"
ယြီေလး တစ္ေယာက္ ယက္ကန္ယက္ကန္ျဖင့္ ရီဟြား ေခၚေဆာင္ရာ ဘုရားေက်ာင္းပ်က္ဆီသို႔ လိုက္ပါသြားေလသည္။
**********************