LOVE, BUT HURT (Season 3)_ Th...

By HninAung913

202K 27.5K 1.6K

ကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလ... More

Part 1 ( ပြန်လည်ရောက်ရှိလာခြင်း)
Part 2( အဖြူရောင် ဝတ်ရုံစ)
Part 3(အစားထိုး အမျိုးသားကိုယ်လုပ်တော်)
Part 4( မရင်းနှီးသော မျက်နှာတစ်စုံ)
Part 5 (ပထမဆုံးသော)
Part 6 (ဝတ်ရုံနက်နှင့် လုပ်ကြံသူ)
Part 7 (သတိရမိ....သူ)
Part 8 ( မင်း..ဘယ်သူလဲ)
Part 9 (မင်းအနားမှာပဲ ရှိနေပေးမယ်)
Part 10 ( မူလပိုင်ရှင်နှင့် ပတ်သတ်၍)
Part 11 ( ဝူနန်ပြည်နယ်မှ ထွက်ပေါ်လာသောကောလဟာလ)
Part 12 ( ကျင့်ယိချန်နှင့် တွေ့ဆုံခြင်း )
Part 14 ( အမိန့်အမှာစာ ပါးလိုက်သည်)
Part 15 * ( အန်းလု.....ကိုယ့်ကိုယုံ)
Part 16 ( ယွဲ့ဖုန်ရေကန်က မီးမျှောပွဲ)
Part 17 (အရပ်က...ပိုပုသွားတာပဲ)
Part 18 ( မင်းတစ်ယောက်တည်း အတွက်ပဲ)
Part 19 ( မင်းသမီး ချင်းယာ)
Part 20 ( မင်းတစ်ယောက်တည်း)
Part 21( အင်အားပြိုင်ခြင်း)
Part 22 ( ၀န်ခံခြင်း)
Part 23 (ဆင့်ခေါ်လိုက်သူ)
Part 24 ( အပေးအယူ)
Part 25 (သူတစ်ယောက်တည်းသာ)
Part 26( သတိရမိတဲ့ လက်ထပ်ပွဲလေးတစ်ခု)
Part 27 ( ကျွန်တော့်ကို နားလည်ပေးလို့)
Part 28 ( လွတ်ငြိမ်းခွင့်)
Part 29 ( ယိချန်သို့ အမှာစာ)
Part 30 ( အသည်းကွဲသမားနဲ့အတူ သေရည်သောက်ခြင်း)
Part 31 ( နောက်တကြိမ် ထပ်ပြီးတော့...)
Part 32 (အန်းလုဆီက စာ)
Part 33 (မင်းက တိမ်စိုင်တွေလိုပဲ)
Part 34 (အန်းလု နိုးလာပြီ)
Part 35( ကျွန်တော်က လူသားတစ်ယောက်မလို့လား)
Part 36* (ကိုယ့်အချစ်ကို ယုံကြည်ပါ)
Part 37 ( မိန်းကလေးတယောက်လို ဝတ်စားခြင်း)
Part 38 ( ဆံထိုး)
Part 39 (မင်းအနားမှာ ကိုယ်ရှိတယ်)
Part 40 ( သွေးစွန်းအနမ်း)
Part 41 (ရင်ဝသို့ထိတွေ့လာသော ဓားတစ်ချောင်း)
Part 42 ( ရွေးချယ်စရာ တစ်ခုတည်း)
Part 43 ( အသိစိတ်တို့ ကင်းမဲ့သော်လည်း)
Part 44 ( သူနိုးလာတော့ အန်းလုကအနားမှာမရှိဘူး)
Part 45 ( ပိုင်ရှင်ဆီ ပြန်ဖို့အချိန်ကျပြီ)
Part 46 ( ဆွဲကြိုးလေးရဲ့ပိုင်ရှင်က မင်းလေ)
Part 47 ( သူ့ကိုယ်ပိုင် စိတ်ခံစားချက်မဟုတ်သရွေ့)
Part 48 ( နောက်ဆုံးသောစတင်ခြင်း) Final part

Part 13 ( ရင့်သီးလွန်းလှသော စကားလုံးများ)

5.2K 738 33
By HninAung913

အပိုင်း ၁၃ ( ရင့်သီးလွန်းလှသော စကားလုံးများ)

"ကျွန်တော့ကိုတစ်ခုတော့ ကူညီပေးပါ။"

ကျင့်ယိချန်က ရုတ်တရက်ပင် ကုတင်ပေါ်မှဆင်းချလိုက်သည်။ ဟန်ချက်ပျက်ကာပြုတ်ကျသည့်အတွက် ကျင့်ချီက ထိတ်လန့်သွားပြီး အမြန်ပင် ထူမပေးနိုင်ရန် သူပါချက်ချင်း ကုတင်ပေါ်မှလျောဆင်းလာလေ၏။ အန်းလုကလည်း ချက်ချင်းခုန်ပေါ်မှ ဆင်းလိုက်သည်။

ကျင့်ယိချန်က သူ၏ကိုယ်ကိုသေချာပြန်ထိန်းပြီးနောက် ဒူးထောက်ထိုင်ချလိုက်တာမို့ အန်းလုရော ကျင့်ချီပါ ယိချန်၏အနားတွင် ဆောင့်ကြောင့်ထိုင်မိသွားကြသည်။ အန်းလုက

" ယိချန် ဒီလိုမလုပ်ပါနဲ့။ ကျွန်တော့်ကို တမင်အနေရခက်အောင်လူပ်နေတာလား။"

"မဟုတ်ပါဘူး။ ကျွန်တော်တကယ်ပဲ..... အန်းလုကိုအကူအညီတောင်းတာပါ။

ပြီးတော့..... ဒီလိုမျိုး အန္တာရာယ်များတဲ့အလုပ်ကို....... ခိုင်းရတဲ့အတွက်လည်း တကယ်ကို...... အနူးအညွန့်တောင်းပန်ပါတယ်။"

ယိချန်က ဒူးထောက်ထားလျက်ပင် အန်းလုကိုကြည့်ကာဆိုသည်။ သူ၏ စကားလံုးနှင့် စကားသံများက မညီမညာနိမ့်ချည်၊ မြင့်ချည်ဖြင့် သူ၏ပါးစပ်ဖျားမှ ထွက်လာနေသည်။ ကျင့်ချီကမူ ယိချန်ဘေးတွင် ငြိမ်နေလေ၏။

"ကျွန်တော် ဘာများထပ်လုပ်ပေးရမလဲ။ ယိချန် ပြောကြည့်ပါ။ ကျွန်တော်တတ်နိုင်တာဆို ကူညီပေးမှာပါ။"

အန်းလုကမေးလိုက်သည်။

ကျင့်ချီဆီမှ ကြားထားရသောကိစ္စက ချီရှန်းနှင့်တိုင်ပင်လိုက်လျှင် သိပ်တော့ အပန်းကြီးမည့် ကိစ္စကြီးကျယ်မဟုတ်တာကြောင့် သူလုပ်နိုင်မည်ကို သူယုံကြည်သည်။ သို့သော်လည်း ယိချန်ဆီမှ မိမိအား တိုက်ရိုက်အကူအညီတောင်းခံခြင်းကို သူပိုလိုလားသည့် အပြင် ယိချန်တွင်လည်း ထိူထက်မကသော အကူအညီများလည်း လိုအပ်လျှင် လိုအပ်နေလောက်ပေမည်။

ယိချန်က ညိုးငယ်ကာနေသော မျက်နှာထားဖြင့် အန်းလုကိုကြည့်ကာ ပြောလာသည်။

"တိုင်းပြည်သာ ပြန်လည်လွပ်လပ်ခွင့်ရပြီး........... ကျွန်တော့်မိခင်လည်း အသက်ဘေးက လွတ်မြှောက်ခွင့်ရခဲ့မယ်ဆိုရင်........... ကျွန်တော့်ရဲ့ ဘ၀ကလုံလောက်ပါပြီ။ ကျွန်တော် ဘာပကာသနမှ မလိုအပ်ပဲ.............. ကျွန်တော်ချစ်တဲ့သူတွေနဲ့ပဲ ကျန်ရှိနေတဲ့အချိန်တွေမှာ သာမန်ဘ၀နဲ့.......... နေထိုင်နိုင်ရင် ကျေနပ်ပါပြီ။ ဒါမှမဟုတ်ရင်လည်း .......သူတို့ပျော်ရွှင်နေနိုင်ပြီဆိုတာကို မြင်ပြီးရုံနဲ့......ကျေနပ်မိမှာပါ။"

ယိချန်၏စကားများက သူအတော်ပင်ပန်းနေပြီဟူသော အချက်ကိုပြသနေသည်။ ထို့အပြင် ယိချန်က ထိုစကားတို့ကိုပြောနေရင်း ကျင့်ချီကိုလည်း လှည့်ကာကြည့်မိသေးသည်။ အန်းလုကလည်း ကျင့်ချီအားတစ်ချက်ကြည့်လိုက်တော့ ကျင့်ချီက မျက်နှာသေဖြင့်ပင် ယိချန်အားကြည့်နေလေ၏။

ယိချန်၏ ကျန်းမာရေးအခြေအနေက တကယ်ပဲ ကောင်းမွန်လာခြင်းမရှိတာလား။ သတိရလာပြီဟူသော အချက်က ဤသိူ့သော နောက်ဆုံးစကားများကို ပြောရန်အတွက်ပေလား။ ဤသို့ဆိုလျှင်တောင် ကျင့်ချီက ငြိမ်နေမည့်လူစားမျိုးတော့မဟုတ်ချေ။ အန်းလုကဆိုသည်။

" ယိချန် ကျွန်တော်တို့နဲ့အတူ နန်းတော်ကိုလိုက်ခဲ့ပေးလို့ရမလား။ "

"......."

ကျင့်ချီသာမက ယိချန်ကပါ အန်းလုကိုကြည့်လာသည်။ ယိချန်က ဘာမျှမပြောသော်လည်း ကျင့်ချီက

"မင်းရူးနေလား။ မင်းတို့နှစ်ယောက်လုံးကိုတွေ့သွားရင် ငါတို့အကုန်သေမှာနော်။"

"ရှင်ဘုရင်ချီရှန်းက မနက်ဖြန်နေ့လည်ပိုင်းလောက်မှာ စတင်ပြီး ခရီးထွက်ခွာလိမ့်မည်။ ဒီတခေါက်ကိစ္စက ကိစ္စကြီးတစ်ခုပဲ။ သူဘယ်လိုမှဖျတ်သိမ်းလို့ရမှာမဟုတ်သလို တစ်လလောက်ကြာနိုင်တယ်။ "

"အဲ့ဒီတော့..."

ကျင့်ချီက မေးမော့ကာမေးသည်။ အန်းလုကလည်း ခပ်သွက်သွက်ပင်ဖြေလိုက်သည်။

"အဲ့ဒီတစ်လက ယိချန်အတွက် နန်းတော်ထဲမှာဆေးကုဖို့ လုံလောက်တဲ့ပမာဏပဲ။ အစပိုင်းကို ကျွန်တော်က ကိစ္စတစ်ခုခုအကြောင်းပြပြီး မလိုက်ပဲနေလိုက်မယ်။ နန်းတော်အတွင်းမှာရှိတဲ့သူတွေ အကုန်လုံးက ကျွန်တော်ကျန်နေခဲ့တယ်လို့ပဲတွေးမှာ။ အဲ့အချိန်မှာ ကျွန်တော်ကပြင်ပမှာ ခဏနေမယ်။ ယိချန်က နန်းတော်ထဲက သမားတော်တွေနဲ့ ပျောက်ကင်းအောင်ကုသပါ။"

ကျင့်ချီက ထိုအကြံကိုအနည်းငယ်တော့သဘောကျသည်။ သူ၏လူအား အဘယ်အကြောင်းကြောင့်မှ လက်လွတ်ခံမည့်သူမဟုတ်တာကြောင့်လည်းကောင်း၊ ချိုက်အန်းသည် အစွမ်းထက်သော ဆေးမျိုးစုံတို့ပေါ်ထွက်ရာနေရာလည်းဖြစ်သည့်အပြင် နန်းတော်ထဲမှာသာဆိုလျှင် ယိချန်၏ ရောဂါဒဏ်ရာတို့က အမြန်ပင်ပျောက်နိုင်ပြီး ကိုယ်ခံအားပင်တိုးတတ်လာလေအုန်းမည်။ တန်ဖိုးကြီးမားသော ဆေးပင်ဆေးမြစ်တို့က ချိုက်အန်းနန်းတော်သို့သာ တိုက်ရိုက်တင်ပို့ကြသည်။

ထိုကိစ္စကိုလည်း အန်းလုကသဘောအပေါက်ဆုံးပင်။ ချီရှန်း ကျွေးခဲ့သည့်အစွမ်းထက် ဆေးမျိုးစုံတို့က အရင်သူ့ကိုယ်ခန္တာတွင် နည်းသည့်ပမာဏမဟုတ်ချေ။

"မင်းဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ။ သူက ကိုယ်လုပ်တော်တစ်ယောက်အတွက် အစွမ်းထက်တဲ့ သမားတော်လွှတ်ပေးပါ့မလား။ ပြီးတော့ သူကဘယ်သူသေသေ ဂရုစိုက်တာမှမဟုတ်တာ။"

(အင်း...ကျင့်ချီကို ငါကသူ့အရင်ကကိုယ်လုပ်တော်ပါလို့ ပြောလို့ကလည်းမဖြစ်တော့ သူ့ကိုဘယ်လိူရှင်းပြပေးရပါ့မလဲ။ ပြီးတော့ ငါ့ဆိုရင်လည်း သူကအထင်ကြီးချင်တာမဟုတ်ဘူး။)

အန်းလုကယိချန်ကိုသာမက ကျင့်ချီကိုပါကြည့်ရင်း

"နှစ်ယောက်လုံး ဒီတစ်ခါ ကျွန်တော့ကိုယုံကြည်ပေးပါ။ "

အန်းလုက စူးရှသည့်မျက်ဝန်းတစ်စုံဖြင့်ကြည့်သည်။ ယိချန်က တွေ၀ေနေသော်လည်း သူ့ရှေ့ရှိ ယိချန်ကိုကြည့်လိုက်ပြီးသည့်နောက်တွင် သူ၏အကြံညာဏ်ကိုလက်ခံရန် ဆုံးဖြတ်လိုက်ကာ ခေါင်းညိမ့်သည်။

"ဒါဆို အန်းလုကိုပဲ ထပ်ပြီး ဒုက္ခပေးရပါတော့မယ်။"

ကျင့်ယိချန်က အန်းလုအား ကျေးဇူးတင်သည့် အနေဖြင့် ခေါင်းကို ငုံ့ရင်း ပြောသည်။

"ရတယ်။ အားမနာနဲ့။ "

အန်းလုကရယ်လျက်ဆိုသည်။ သူက သူတစ်ပါးကို ကိစ္စတစ်ခုခုကူညီလိုက်ရလျှင်ကို သဘောကျကာပျော်နေတတ်သူမို့ ဤတစ်ခါတွင်လည်း သူမနေနိုင်ခဲ့ပါချေ။

..........................

"ကျွန်တော်ဖျားနေတယ်ဆိုပြီးတော့ ဆင်ခြေမျိူးပေးလို့မရဘူး။ အဲ့တာဆို သူကသွားမှာမဟုတ်တော့ဘူး။ အကုန်ဗြောင်းဆန်ကုန်မယ်။ အဲ့တာကြောင့် နန်းတော်ကိုပြန်ရောက်တာနဲ့ ကျွန်တော် သူ့အဆောင်ကိုသွားပြီး ပြဿနာတစ်ခုခုတတ်အောင်လုပ်လိုက်မယ်။ အဲ့တာဆို သူကျွန်တော့်ကိုခေါ်မှာမဟုတ်တော့ဘူး။

မနက်ဖြန်ညနေလောက်ကို ဂိတ်တံခါးစောင့်ကို ယိချန်ကို အထဲခေါ်သွင်းဖို့ အပြင်ကနေ စားဖိုဆောင်ကို အသီးအရွက်လာပို့နေကြလှည်းနဲ့တစ်ဆင့် လာမယ်ဆိုတဲ့အကြောင်းကို ကြားထားလိုက်။ ကျွန်တော့်အဆောင်ကို တည့်တည့်ရောက်လာဖို့တော့လိုလိမ့်မယ်။"

အန်းလုနှင့် ကျင့်ချီက ထိုအိမ်တော်မှပြန်ထွက်လာကြရင်း အကြံညာဏ်ကိုဆွေးနွေးနေကြသည်။ ကျင့်ချီက ခေါင်းသာညိမ့်လျက် လိုက်ပါလာ၏။ အန်းလုသတိထားကြည့်မိသည့် ကျင့်ချီ ဤတစ်ခါတွင်ပဲ သူ၏စကားအား အဆင်ပြေပြေလက်ခံဖူးသည်။ သို့မဟုတ် သူ၏ပုံစံက မျှော်လင့်ခြင်းကြိုးတစ်စကို ဆွဲမိသည့်နှယ် စိတ်လှုပ်ရှားနေခြင်းမျိုးလား။

အန်းလုတို့က ပြင်ပတွင် တံခါးစောင့်နှစ်ယောက်နှင့်အတူ အဆင်သင့်ရပ်ကာနေသော ကိုယ်စီမြင်းနှစ်ကောင်ပေါ်သို့ လှမ်းခုန်တတ်လိုက်ကြသည်။ နေရာအတည်တကျဖြစ်လေတော့ အန်းလုကပင် ဇာတ်ကြိုးကိုဆွဲလျက်ဘေးရှိ ကျင့်ချီအား လှမ်းပြောလိုက်သည်။

"ဒါဆို အစီအစဥ်ကိုဒီလိုပဲသွားမယ်။ ဟုတ်ပြီလား။"

အန်ုးလုက ကျင့်ချီအားရယ်ပြလိုက်သည်။ ကျင့်ချီက အန်းလုကိုကြည့်လိုက်ပြီးနောက် ပြန်ပြုံးပြကာ ဖြေလိုက်သည်။

"ကောင်းပြီ။"

ထို့နောက်နှစ်ဦးသား မြင်းကိုဒုန်းဆိုင်းစီးကာ နန်းတော်ဆီသိူ့ ဦးတည်လေတော့သည်။

..........................

နန်းတော်ကိုရောက်တော့ အန်းလုက ဝူရှဲ့အဆောင်သိူ့သာ မြင်းကိုတိုက်ရိုက်နှင်လိုက်ပြီးနောက် ရောက်သည်နှင့် မလှမ်းမကမ်းတွင် မြင်းကိုရပ်စေလိုက်ပြီး ဝတ်ရုံအနက်ထည်အား ထိုမြင်းပေါ်တွင်သာ အသာတင်ကာ သူကမူ အဆောင်အတွင်းသို့ ပြေးဝင်လာခဲ့သည်။

ဝူရှဲ့အဆောင်ကများသောအားဖြင့် အစောင့်များကိုမထားချေ။ ချီရှန်းကတစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေတတ်သည့် အကျင့်ကြောင့် သူကအတတ်နိုင်ဆုံး အစောင့်များကိုရှင်းလင်းနေစေခြင်းအား ပို၍သဘောကျသည်။

သို့ပေမဲ့ ရှောင်ရှင်းကတော့ ဆယ်ပေပတ်ပတ်လည်တွင် အမြဲလိုလို ဝူရှဲ့အဆောင်နှင့် လီချီရှန်း အတွက် ကိုယ်ရံတော်အစောင့်များ ဆယ်ယောက်ထက်မနည်းထားရှိပြီးသားပင်။ ထိုကိုယ်ရံတော်အစောင့်များသည်လည်း ချီရှန်းတွင်မည်သည့်ပြဿနာတစ်စုံတစ်ရာမရှိသရွေ့ ပေါ်ထွက်လာကြလိမ့်မည်မဟုတ်ချေ။

အန်းလုကတော့ အေးအေးဆေးဆေးပင် အဆောင်အတွင်းသို့ တံခါးကိုတွန်းဖွင့်ကာဝင်သွားသည်။ ကြည့်ရသည်မှာ ရှောင်ရှင်းက အသိပေးထားပြီးသားဖြစ်ချေလိမ့်မည်။မဟုတ်လျှင် အန်းလုတစ်ယောက် တံခါးကိုထိမိသည်နှင့် ထိုလူများက လည်ပင်းနှင့်ခေါင်းအားလွဲအောင်လူပ်ကြတော့မှာပင်ဖြစ်သည်။

"ရှန်း....ရှန်း...."

အန်းလုကအထဲသို့ဝင်လာပြီးနောက် အခန်းတွင်းအားကြည့်ရှူလိုက်သည်။ စာကြည့်သည့်နေရာတွင်လည်း ချီရှန်းမရှိသလို၊ အိပ်ဆောင်အခန်းထဲတွင်လည်း ချီရှန်းအားမတွေ့ရချေ။

"ဘယ်ရောက်နေတာလဲ။"

အန်းလုက တွေးတောနေသည်။

"ယုံးယွမ်မှာများလား ဒါမှမဟုတ် ဟိုအဆောင်မှာလား။"

"အန်းလု"

ရုတ်တရက်နောက်မှအော်ခေါ်သံတစ်ခုကြောင့် အန်းလု ထိတ်လန့်ကာ ခန္တာကိုယ်ကပင်တုန်တတ်သွား၏။ ချီရှန်းကသူ့အား အော်ခေါ်လိုက်ခြင်းပင်။

အန်းလုကနောက်သို့လှည့်ကြည့်လိုက်သည်။ ချီရှန်းကအမှန်တကယ်ပင် သူ့အားအကြည့်စူးစူးတို့ဖြင့်ကြည့်နေလေ၏။ ထို့အပြင် အဝတ်အစားများကလည်း ထူးဆန်းနေသေးသည်။ ညအိတ်ဝတ်ရုံရှည်မဟုတ်သည့်အပြင် ဝတ်ဆင်နေကြဖြစါသော ဘုရင်မင်းမြတ်တို့ဆင်မြန်းသည့် ဝတ်စုံလည်းမဟုတ်ပဲ အရောင်ခပ်မှိန်မှိန်ဖြင့် သာမန်လူတန်းစားတို့ ဝတ်သည့် ပုံစံမျိုးကိုမှ ပေါ့ပေါ့ပါးပါးအသွင်ဖြင့် ဝတ်ဆင်ထားသည်။

"ရှန်းရှန်း...ညဘက်ကြီးကို ဘယ်လိုကြီးဝတ်ထားတာလဲ။"

အန်းလုက မေးလိုက်သည်နှင့် တပြိုင်နက် ချီရှန်းက သူ့ထံသို့ခြေလှမ်းကျဲကြီးများဖြင့် ရောက်ချလာတော့သည်။ ချီရှန်းက အန်းလုအားဆွဲကာဖက်လိုက်ပြီး တဖြည်းဖြည်းချင်းပင် ပိုမိုကာတင်းကျပ်လာသည်။ အန်းလုက မျက်ဝန်းတိူ့ပြူးကာချီရှန်းကို အဖက်ခံနေရသည့်ကြားမှ ဘေးသို့မျက်လုံးကိုစွေကာကြည့်သည်။ သိူ့သော်လည်း သူ၏ လက်နှစ်ဖက်က ချီရှန်း၏ကျောပြင်ကိုပြန်ဖက်တွယ်ထားသည်။

"ရှန်းရှန်း ဘာဖြစ်လို့လဲ။"

"မဟုတ်ဘူးမလား။ ကိုယ်ထင်သလို မဟုတ်ဘူးမလား။"

အန်းလုကနားမလည်စွာဖြင့်

"ဘာကိုလဲ။"

ချီရှန်းက အက်ကွဲနေသောအသံဖြင့်ဆိုသည်။

"ကိုယ် မင်းတို့အပြင်ထွက်သွားတာကို မြင်လိုက်တယ်။ ကိုယ် မင်းတို့နောက်ကနေလိုက်ခဲ့တာ။ မင်းတို့ အခန်းတစ်ခုထဲဝင်သွားပြီး အတော်ကြာမှပြန်ထွက်လာခဲ့တယ်။ "

ချီရှန်းက ဖက်တွယ်နေရာမှ အန်းလုကိုပြန်ခွာလိုက်ပြီး ခေါင်းအစ ခြေအဆုံးကြည့်ကာ

" မင်းကို ဒီကိုယ်ထဲမှာများ......အဲ့တယောက်ရဲ့ စိတ်ကပါ အတူ...အတူရှိနေတာလား။ အဲ့တာကြောင့် မင်း သူနဲ့ လိုက်သွားတာမျိုး........"

(သူတကယ်ပဲ နောက်ယောင်ခံလိုက်လာတာလား။)

"ရှန်းရှန်း.... အဲ့..အဲ့တာက....."

( လောလောဆယ် ငါနဲ့ယိချန်က ကိုယ်ခန္တာနှစ်ခု အနေနဲ့တည်ရှိနေပါတယ်ဆိုတာကို ရှန်းရှန်းကိုအသိပေးလိုက်လို့မဖြစ်ဘူး

ငါကအဲ့ဒီတိုင်းပြည်နဲ့မသက်ဆိုင်တာသူသိရင် သူလွတ်ငြိမ်းခွင့်ပေးမှာ မဟုတ်လောက်တော့ဘူး။ သူ့ကိုကြည့်ရတာ အတော်သဘောမကျပုံပဲ။)

"ရှန်းရှန်း ဘာတွေသိထားသေးလဲ။ သူတို့နဲ့ပတ်သတ်ပြီး"

"ဘာကိုဆိုလိုတာလဲ။"

ချီရှန်း၏ မျက်ခုံးများက မသိမသာ တွန့်ချိုးသွားသည်။ အန်းလုက ပြောလေ၏။

"ကျွန်တော်ကိုမယုံလို့ နောက်ယောင်ခံလိုက်တယ်။ ပြီးတော့ သူတို့နဲ့ ပတ်သတ်တဲ့ သတင်းတွေကိုလည်း စုံစမ်းထားပြီးပြီဆိုတော့ ကျွန်တော်က ကျွန်တော့ရဲ့ အသိစိတ်နဲ့တင် ကျင့်၀တ်ပျက်ပြားမှာကို ကြောက်နေတာလား။ ဒါမှမဟုတ် ......ဒီကိုယ်ခန္တာက မသန့်တော့မှာကို ကြောက်နေတာလား။"

" မဟုတ်ဘူး..... အဲ့လို...ကိုယ်မေးတာက....."

ချီရှန်း၏မျက်ဝန်းများက အံသြနေသည့်ပုံစံမျိုးတော့ အနည်းငယ်သက်ရောက်နေလေ၏။သူက ဖြေရှင်းချက်ကို သေချာစွာမပြောနိုင်ချေ။ သူဆိုလိုတာ ဒီလိုမဟုတ်တာ ရှင်းရှင်းကြီး ။ အန်းလုက ဘာလို့ တဖက်စောင်းနင်းပြောနိုင်ရတာလဲ။ သူ့ကို ဘာလို့ အဲ့လို လူစားမျိုးလို့ တွေးနိုင်ရတာလဲ။

"..........."

အန်းလုက ဆက်သွားရန်ဆုံးဖြတ်လိုက်သည်။

"ဟုတ်တယ်။ ရှန်းရှန်းထင်သလိုပဲ။ ကျွန်တော်သူနဲ့ပတ်သတ်နေတာ။ အရင်က ဒီခန္တာကိုယ်ပိုင်ရှင်နဲ့ သူနဲ့က ဆက်ဆံရေးပိုနေခဲ့တာမလို့ ကျွန်တော်လည်း သူနဲ့အနေကြာလာတော့ တခါတလေ စိတ်အနည်းငယ်ယိုင်သွားမိတယ်ထင်တယ်။ အဲ့တာကြောင့်ကျွန်တော် ............"

"တိတ်.....တော်လိုက်တော့။ ငါ ယုံမယ်ထင်လို့ ပြောနေတာတွေကို တော်လိုက်တော့"

(ရှန်းရှန်း တကယ်တောင်းပန်ပါတယ် ။ တကယ်တောင်းပန်ပါတယ်။ ဒီနေ့ပြောခဲ့တာတွေကို တရက်ရက်ကျ ပြန်ဆပ်ပါ့မယ် နော် .....နော်)

အန်းလုက ချီရှန်းဒေါသထွက်လာပြီဆိုတာကို သိတာကြောင့် သူဘာမှဆက်မပြောတော့ပဲ သူပါးစပ်ကို အတင်းစိထားလိုက်ပြီး ချီရှန်း၏ မျက်၀န်းများကို ရှောင်ဖယ်နိုင်ရန် ချီရှန်းနောက်ဘက်ရှိ အရာများကိုသာ ကျော်ကြည့်နေမိသည်။ အကြည့်ချင်းသာ ဆုံမိလျှင် အကုန်ပေါ်ကုန်မှာ သေချာတာမို့ သူစိတ်တိုနေမည့် ချီရှန်းကို မကြည့်ရဲပါချေ။

ချီရှန်းက ဘေးဘီကို တချက် ဝေ့ဝဲကြည့်လိုက်သည်။ သူတကယ်ကိုပင် စိတ်တိုကာဒေါသထွက်နေလေ၏။ အန်းလုပြောသည့်အတိုင်း ရှောင်ရှင်းကိုလည်း ထိုအကြောင်းစုံစမ်းခိုင်းထားတာမို့ သူတို့၏အကြောင်းကို အနည်းငယ်သိသင့်သလောက်သိသည်။

အမှန်သာဆိုလျှင် အန်းလုက ထိုသူနှင့် ဝေးဝေးမှာပင်နေသင့်သည်။ အန်းလုက စိတ်ယိုင်သည်တဲ့လား။ သူ့စကားကို ဘာမှနားမလည်သည့် မွေးကင်းစကလေးငယ်ပင် ယုံလိမ့်မည်မဟုတ်ချေ။ ပိုဆိုးသည်က လိမ်သည့်နေရာတွင်လည်း အန်းလုက သေလောက်အောင်ညံ့သည်။

ချီရှန်းစိတ်တိုသည့်အကြောင်းက ဘာ့ကြောင့်သူထိုနေရာသို့ ထိုလူနှင့်အတူသွားရသနည်းဟူသောမေးခွန်းပင်။ သို့သော် အန်းလုကပြောမည့်ပုံမပေါ်ပဲ သူအထင်လွဲအောင်သာ တမင်ပြောနေသည်။

ချီရှန်းက ညာဘက်ထောင့်တစ်နေရာတွင် တင်ကာထားသော ဓားရှည်နှစ်ချောင်းရှိသည့်အနက်မှ တစ်ချောင်းကိုဆွဲနှုတ်ကာ ယူလိုက်သည်။ ထိုအချင်းအရာကြောင့် အန်းလု၏ မျက်ဝန်းတို့က ပြူးကျယ်လာလေ၏။

"ဘာလုပ်မလို့လဲ။ မသွားရဘူး။"

ချီရှန်းက ထိုဓားရှည်အားမြဲမြံစွာကိုင်လျက် အပြင်သို့ထွက်ရန်ပြင်လိုက်စဥ်တွင်ပဲ အန်းလုက ရှေ့သိူ့အမြန်ရောက်လာပြီး လက်ကိုဆန့်တန်းလျက်တားလိုက်သည်။

ချီရှန်းက အန်းလုကိုဘေးသို့ လက်မောင်းမှဆွဲကာ ဖယ်လိုက်သည်။

"ဖယ်....ငါသူ့ကိုသတ်မလို့။ "

အန်းလုက ချက်ချင်းပင် မူလနေရာသို့ ပြန်ရောက်လာလေ၏။

"မလုပ်ရဘူး လို့ပြောနေတယ်လေ။"

ချီရှန်းက ခနဲ့သည့်ပုံစံဖြင့်ရယ်သည်။ သူကအန်းလု၏မေးစေ့အား လက်ဖြင့် ခပ်ဖွဖွကိုင်ရင်း

"အန်းလု ကိုယ်မင်းကိုဘယ်လိုယူထားလည်းဆိုတာ မင်းကအရမ်းမေ့တတ်တာပဲ။ ခဏခဏပြောနေရရင် အဆင်မပြေဘူးနော်။

ဥပမာ ဒီလိုစိတ်တိုနေတဲ့အချိန်မျိုးပေါ့။ ဖြစ်နိုင်ရင် ကိုယ်ကအချိန်ပေးနေတုန်း ကိုယ့်ကိုပြော..... မင်းနဲ့သူကတော့ ရိုးသားပါတယ်ဆိုတာ....."

အန်းလုက တံတွေးတစ်ချက်မြိုချလိုက်ပြီးနောက် ချီရှန်း၏လက်အားဖြတ်ရိုက်ချလိုက်သည်။ သူက တစ်ဖက်သို့လှည့်ကာမျက်ဝန်းများကို ပိတ်ချလိုက်ရင်းဆိုသည်။

"ကျွန်တော် အချိန်ယူပြီးပြန်စဥ်းစားဖို့လိုတယ်။ ကျွန်တော်တကယ်ပဲ ဘယ်သူ့ကိုသဘောကျတယ်ဆိုတာ။ မနက်ဖြန်ခရီးကိုကျွန်တော် လိုက်ဖြစ်မှာမဟုတ်ဘူး။ ရှန်းရှန်း တကယ်ပဲ ကျွန်တော့ကို ချစ်တယ်ဆိုရင် ကျွန်တော့ကိုအချိန်​ပေးပါ။"

အန်းလုက အဆောင်တွင်းမှ ထွက်သွားရန် ဟန်ပြင်လိုက်သည်။

*ချလွမ်*

ဓားတစ်ချောင်းကြမ်းပြင်ပေါ်သို့ လွတ်ကျသံက အခန်းတွင်းပဲ့တင်သွားလေ၏။

"အန်းလု မင်းရူးနေတာလား။"

နောက်ဘက်မှ ချီရှန်းက အသံကျယ်ကြီးဖြင့် လှမ်းအော်လေတော့သည်။ အန်းလုကချီရှန်းဘက်သို့ လှည့်လာသည်။ ချီရှန်းက အန်းလုကို နားမလည်နိုင်သည့်မျက်ဝန်းများဖြင့်သာ ကြည့်နေလေ၏။ အန်းလု၏ စိတ်သည်လည်း တစ်ချိန်လုံး ဘုရားကိုသာ မလွတ်တမ်းတနေခဲ့သည်။ အန်းလုက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်

"ဟုတ်တယ်။ အဲ့လိုသတ်မှတ်တယ်ဆိုလည်း အဲ့လိုပဲပေါ့။

ကျွန်တော်က ရူး​နေတာ။

လက်တလော ကျွန်တော် ရှန်းရှန်းကိုမတွေ့ချင်ဘူး။"

အန်းလုက အပြင်ဘက်သို့ပြေးထွက်လာခဲ့ပြီး ချီရှန်းကမူ ထိုနေရာတွင်သာ တောင့်တောင့်ကြီးရပ်ကျန်နေခဲ့သည်။

~~~~~~~~~~~~~~~~
ဒီအပိုင်းက စာနည်းနည်းများပါတယ်။
နောက်တပိုင်းကတော့
ဒချိ ဒချိကို ဆင်ဆာဗား 🙄🙄

\^v^/

အပိုင္း ၁၃ ( ရင့္သီးလြန္းလွေသာ စကားလုံးမ်ား)

"ကၽြန္ေတာ့ကိုတစ္ခုေတာ့ ကူညီေပးပါ။"

က်င့္ယိခ်န္က ႐ုတ္တရက္ပင္ ကုတင္ေပၚမွဆင္းခ်လိုက္သည္။ ဟန္ခ်က္ပ်က္ကာျပဳတ္က်သည့္အတြက္ က်င့္ခ်ီက ထိတ္လန္႔သြားၿပီး အျမန္ပင္ ထူမေပးနိုင္ရန္ သူပါခ်က္ခ်င္း ကုတင္ေပၚမွေလ်ာဆင္းလာေလ၏။ အန္းလုကလည္း ခ်က္ခ်င္းခုန္ေပၚမွ ဆင္းလိုက္သည္။

က်င့္ယိခ်န္က သူ၏ကိုယ္ကိုေသခ်ာျပန္ထိန္းၿပီးေနာက္ ဒူးေထာက္ထိုင္ခ်လိုက္တာမို႔ အန္းလုေရာ က်င့္ခ်ီပါ ယိခ်န္၏အနားတြင္ ေဆာင့္ေၾကာင့္ထိုင္မိသြားၾကသည္။ အန္းလုက

" ယိခ်န္ ဒီလိုမလုပ္ပါနဲ႔။ ကၽြန္ေတာ့္ကို တမင္အေနရခက္ေအာင္လူပ္ေနတာလား။"

"မဟုတ္ပါဘူး။ ကၽြန္ေတာ္တကယ္ပဲ..... အန္းလုကိုအကူအညီေတာင္းတာပါ။

ၿပီးေတာ့..... ဒီလိုမ်ိဳး အႏၲာရာယ္မ်ားတဲ့အလုပ္ကို....... ခိုင္းရတဲ့အတြက္လည္း တကယ္ကို...... အႏူးအညြန္႔ေတာင္းပန္ပါတယ္။"

ယိခ်န္က ဒူးေထာက္ထားလ်က္ပင္ အန္းလုကိုၾကည့္ကာဆိုသည္။ သူ၏ စကားလံုးႏွင့္ စကားသံမ်ားက မညီမညာနိမ့္ခ်ည္၊ ျမင့္ခ်ည္ျဖင့္ သူ၏ပါးစပ္ဖ်ားမွ ထြက္လာေနသည္။ က်င့္ခ်ီကမူ ယိခ်န္ေဘးတြင္ ၿငိမ္ေနေလ၏။

"ကၽြန္ေတာ္ ဘာမ်ားထပ္လုပ္ေပးရမလဲ။ ယိခ်န္ ေျပာၾကည့္ပါ။ ကၽြန္ေတာ္တတ္နိုင္တာဆို ကူညီေပးမွာပါ။"

အန္းလုကေမးလိုက္သည္။

က်င့္ခ်ီဆီမွ ၾကားထားရေသာကိစၥက ခ်ီရွန္းႏွင့္တိုင္ပင္လိုက္လၽွင္ သိပ္ေတာ့ အပန္းႀကီးမည့္ ကိစၥႀကီးက်ယ္မဟုတ္တာေၾကာင့္ သူလုပ္နိုင္မည္ကို သူယုံၾကည္သည္။ သို႔ေသာ္လည္း ယိခ်န္ဆီမွ မိမိအား တိုက္ရိုက္အကူအညီေတာင္းခံျခင္းကို သူပိုလိုလားသည့္ အျပင္ ယိခ်န္တြင္လည္း ထိူထက္မကေသာ အကူအညီမ်ားလည္း လိုအပ္လၽွင္ လိုအပ္ေနေလာက္ေပမည္။

ယိခ်န္က ညိဳးငယ္ကာေနေသာ မ်က္ႏွာထားျဖင့္ အန္းလုကိုၾကည့္ကာ ေျပာလာသည္။

"တိုင္းျပည္သာ ျပန္လည္လြပ္လပ္ခြင့္ရၿပီး........... ကၽြန္ေတာ့္မိခင္လည္း အသက္ေဘးက လြတ္ေျမႇာက္ခြင့္ရခဲ့မယ္ဆိုရင္........... ကၽြန္ေတာ့္ရဲ့ ဘ၀ကလုံေလာက္ပါၿပီ။ ကၽြန္ေတာ္ ဘာပကာသနမွ မလိုအပ္ပဲ.............. ကၽြန္ေတာ္ခ်စ္တဲ့သူေတြနဲ႔ပဲ က်န္ရွိေနတဲ့အခ်ိန္ေတြမွာ သာမန္ဘ၀နဲ႔.......... ေနထိုင္နိုင္ရင္ ေက်နပ္ပါၿပီ။ ဒါမွမဟုတ္ရင္လည္း .......သူတို႔ေပ်ာ္ရႊင္ေနနိုင္ၿပီဆိုတာကို ျမင္ၿပီး႐ုံနဲ႔......ေက်နပ္မိမွာပါ။"

ယိခ်န္၏စကားမ်ားက သူအေတာ္ပင္ပန္းေနၿပီဟူေသာ အခ်က္ကိုျပသေနသည္။ ထို႔အျပင္ ယိခ်န္က ထိုစကားတို႔ကိုေျပာေနရင္း က်င့္ခ်ီကိုလည္း လွည့္ကာၾကည့္မိေသးသည္။ အန္းလုကလည္း က်င့္ခ်ီအားတစ္ခ်က္ၾကည့္လိုက္ေတာ့ က်င့္ခ်ီက မ်က္ႏွာေသျဖင့္ပင္ ယိခ်န္အားၾကည့္ေနေလ၏။

ယိခ်န္၏ က်န္းမာေရးအေျခအေနက တကယ္ပဲ ေကာင္းမြန္လာျခင္းမရွိတာလား။ သတိရလာၿပီဟူေသာ အခ်က္က ဤသိူ႔ေသာ ေနာက္ဆုံးစကားမ်ားကို ေျပာရန္အတြက္ေပလား။ ဤသို႔ဆိုလၽွင္ေတာင္ က်င့္ခ်ီက ၿငိမ္ေနမည့္လူစားမ်ိဳးေတာ့မဟုတ္ေခ်။ အန္းလုကဆိုသည္။

" ယိခ်န္ ကၽြန္ေတာ္တို႔နဲ႔အတူ နန္းေတာ္ကိုလိုက္ခဲ့ေပးလို႔ရမလား။ "

"......."

က်င့္ခ်ီသာမက ယိခ်န္ကပါ အန္းလုကိုၾကည့္လာသည္။ ယိခ်န္က ဘာမၽွမေျပာေသာ္လည္း က်င့္ခ်ီက

"မင္း႐ူးေနလား။ မင္းတို႔ႏွစ္ေယာက္လုံးကိုေတြ႕သြားရင္ ငါတို႔အကုန္ေသမွာေနာ္။"

"ရွင္ဘုရင္ခ်ီရွန္းက မနက္ျဖန္ေန႔လည္ပိုင္းေလာက္မွာ စတင္ၿပီး ခရီးထြက္ခြာလိမ့္မည္။ ဒီတေခါက္ကိစၥက ကိစၥႀကီးတစ္ခုပဲ။ သူဘယ္လိုမွဖ်တ္သိမ္းလို႔ရမွာမဟုတ္သလို တစ္လေလာက္ၾကာနိုင္တယ္။ "

"အဲ့ဒီေတာ့..."

က်င့္ခ်ီက ေမးေမာ့ကာေမးသည္။ အန္းလုကလည္း ခပ္သြက္သြက္ပင္ေျဖလိုက္သည္။

"အဲ့ဒီတစ္လက ယိခ်န္အတြက္ နန္းေတာ္ထဲမွာေဆးကုဖို႔ လုံေလာက္တဲ့ပမာဏပဲ။ အစပိုင္းကို ကၽြန္ေတာ္က ကိစၥတစ္ခုခုအေၾကာင္းျပၿပီး မလိုက္ပဲေနလိုက္မယ္။ နန္းေတာ္အတြင္းမွာရွိတဲ့သူေတြ အကုန္လုံးက ကၽြန္ေတာ္က်န္ေနခဲ့တယ္လို႔ပဲေတြးမွာ။ အဲ့အခ်ိန္မွာ ကၽြန္ေတာ္ကျပင္ပမွာ ခဏေနမယ္။ ယိခ်န္က နန္းေတာ္ထဲက သမားေတာ္ေတြနဲ႔ ေပ်ာက္ကင္းေအာင္ကုသပါ။"

က်င့္ခ်ီက ထိုအႀကံကိုအနည္းငယ္ေတာ့သေဘာက်သည္။ သူ၏လူအား အဘယ္အေၾကာင္းေၾကာင့္မွ လက္လြတ္ခံမည့္သူမဟုတ္တာေၾကာင့္လည္းေကာင္း၊ ခ်ိဳက္အန္းသည္ အစြမ္းထက္ေသာ ေဆးမ်ိဳးစုံတို႔ေပၚထြက္ရာေနရာလည္းျဖစ္သည့္အျပင္ နန္းေတာ္ထဲမွာသာဆိုလၽွင္ ယိခ်န္၏ ေရာဂါဒဏ္ရာတို႔က အျမန္ပင္ေပ်ာက္နိုင္ၿပီး ကိုယ္ခံအားပင္တိုးတတ္လာေလအုန္းမည္။ တန္ဖိုးႀကီးမားေသာ ေဆးပင္ေဆးျမစ္တို႔က ခ်ိဳက္အန္းနန္းေတာ္သို႔သာ တိုက္ရိုက္တင္ပို႔ၾကသည္။

ထိုကိစၥကိုလည္း အန္းလုကသေဘာအေပါက္ဆုံးပင္။ ခ်ီရွန္း ေကၽြးခဲ့သည့္အစြမ္းထက္ ေဆးမ်ိဳးစုံတို႔က အရင္သူ႔ကိုယ္ခႏၲာတြင္ နည္းသည့္ပမာဏမဟုတ္ေခ်။

"မင္းဘယ္လိုလုပ္မယ္ စိတ္ကူးထားလဲ။ သူက ကိုယ္လုပ္ေတာ္တစ္ေယာက္အတြက္ အစြမ္းထက္တဲ့ သမားေတာ္လႊတ္ေပးပါ့မလား။ ၿပီးေတာ့ သူကဘယ္သူေသေသ ဂ႐ုစိုက္တာမွမဟုတ္တာ။"

(အင္း...က်င့္ခ်ီကို ငါကသူ႔အရင္ကကိုယ္လုပ္ေတာ္ပါလို႔ ေျပာလို႔ကလည္းမျဖစ္ေတာ့ သူ႔ကိုဘယ္လိူရွင္းျပေပးရပါ့မလဲ။ ၿပီးေတာ့ ငါ့ဆိုရင္လည္း သူကအထင္ႀကီးခ်င္တာမဟုတ္ဘူး။)

အန္းလုကယိခ်န္ကိုသာမက က်င့္ခ်ီကိုပါၾကည့္ရင္း

"ႏွစ္ေယာက္လုံး ဒီတစ္ခါ ကၽြန္ေတာ့ကိုယုံၾကည္ေပးပါ။ "

အန္းလုက စူးရွသည့္မ်က္ဝန္းတစ္စုံျဖင့္ၾကည့္သည္။ ယိခ်န္က ေတြ၀ေေနေသာ္လည္း သူ႔ေရွ႕ရွိ ယိခ်န္ကိုၾကည့္လိုက္ၿပီးသည့္ေနာက္တြင္ သူ၏အႀကံညာဏ္ကိုလက္ခံရန္ ဆုံးျဖတ္လိုက္ကာ ေခါင္းညိမ့္သည္။

"ဒါဆို အန္းလုကိုပဲ ထပ္ၿပီး ဒုကၡေပးရပါေတာ့မယ္။"

က်င့္ယိခ်န္က အန္းလုအား ေက်းဇူးတင္သည့္ အေနျဖင့္ ေခါင္းကို ငုံ႔ရင္း ေျပာသည္။

"ရတယ္။ အားမနာနဲ႔။ "

အန္းလုကရယ္လ်က္ဆိုသည္။ သူက သူတစ္ပါးကို ကိစၥတစ္ခုခုကူညီလိုက္ရလၽွင္ကို သေဘာက်ကာေပ်ာ္ေနတတ္သူမို႔ ဤတစ္ခါတြင္လည္း သူမေနနိုင္ခဲ့ပါေခ်။

..........................

"ကၽြန္ေတာ္ဖ်ားေနတယ္ဆိုၿပီးေတာ့ ဆင္ေျခမ်ိဴးေပးလို႔မရဘူး။ အဲ့တာဆို သူကသြားမွာမဟုတ္ေတာ့ဘူး။ အကုန္ေျဗာင္းဆန္ကုန္မယ္။ အဲ့တာေၾကာင့္ နန္းေတာ္ကိုျပန္ေရာက္တာနဲ႔ ကၽြန္ေတာ္ သူ႔အေဆာင္ကိုသြားၿပီး ျပႆနာတစ္ခုခုတတ္ေအာင္လုပ္လိုက္မယ္။ အဲ့တာဆို သူကၽြန္ေတာ့္ကိုေခၚမွာမဟုတ္ေတာ့ဘူး။

မနက္ျဖန္ညေနေလာက္ကို ဂိတ္တံခါးေစာင့္ကို ယိခ်န္ကို အထဲေခၚသြင္းဖို႔ အျပင္ကေန စားဖိုေဆာင္ကို အသီးအရြက္လာပို႔ေနၾကလွည္းနဲ႔တစ္ဆင့္ လာမယ္ဆိုတဲ့အေၾကာင္းကို ၾကားထားလိုက္။ ကၽြန္ေတာ့္အေဆာင္ကို တည့္တည့္ေရာက္လာဖို႔ေတာ့လိုလိမ့္မယ္။"

အန္းလုႏွင့္ က်င့္ခ်ီက ထိုအိမ္ေတာ္မွျပန္ထြက္လာၾကရင္း အႀကံညာဏ္ကိုေဆြးေႏြးေနၾကသည္။ က်င့္ခ်ီက ေခါင္းသာညိမ့္လ်က္ လိုက္ပါလာ၏။ အန္းလုသတိထားၾကည့္မိသည့္ က်င့္ခ်ီ ဤတစ္ခါတြင္ပဲ သူ၏စကားအား အဆင္ေျပေျပလက္ခံဖူးသည္။ သို႔မဟုတ္ သူ၏ပုံစံက ေမၽွာ္လင့္ျခင္းႀကိဳးတစ္စကို ဆြဲမိသည့္ႏွယ္ စိတ္လွုပ္ရွားေနျခင္းမ်ိဳးလား။

အန္းလုတို႔က ျပင္ပတြင္ တံခါးေစာင့္ႏွစ္ေယာက္ႏွင့္အတူ အဆင္သင့္ရပ္ကာေနေသာ ကိုယ္စီျမင္းႏွစ္ေကာင္ေပၚသို႔ လွမ္းခုန္တတ္လိုက္ၾကသည္။ ေနရာအတည္တက်ျဖစ္ေလေတာ့ အန္းလုကပင္ ဇာတ္ႀကိဳးကိုဆြဲလ်က္ေဘးရွိ က်င့္ခ်ီအား လွမ္းေျပာလိုက္သည္။

"ဒါဆို အစီအစဥ္ကိုဒီလိုပဲသြားမယ္။ ဟုတ္ၿပီလား။"

အန္ုးလုက က်င့္ခ်ီအားရယ္ျပလိုက္သည္။ က်င့္ခ်ီက အန္းလုကိုၾကည့္လိုက္ၿပီးေနာက္ ျပန္ျပဳံးျပကာ ေျဖလိုက္သည္။

"ေကာင္းၿပီ။"

ထို႔ေနာက္ႏွစ္ဦးသား ျမင္းကိုဒုန္းဆိုင္းစီးကာ နန္းေတာ္ဆီသိူ႔ ဦးတည္ေလေတာ့သည္။

..........................

နန္းေတာ္ကိုေရာက္ေတာ့ အန္းလုက ဝူရွဲ႕အေဆာင္သိူ႔သာ ျမင္းကိုတိုက္ရိုက္ႏွင္လိုက္ၿပီးေနာက္ ေရာက္သည္ႏွင့္ မလွမ္းမကမ္းတြင္ ျမင္းကိုရပ္ေစလိုက္ၿပီး ဝတ္႐ုံအနက္ထည္အား ထိုျမင္းေပၚတြင္သာ အသာတင္ကာ သူကမူ အေဆာင္အတြင္းသို႔ ေျပးဝင္လာခဲ့သည္။

ဝူရွဲ႕အေဆာင္ကမ်ားေသာအားျဖင့္ အေစာင့္မ်ားကိုမထားေခ်။ ခ်ီရွန္းကတစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ေနတတ္သည့္ အက်င့္ေၾကာင့္ သူကအတတ္နိုင္ဆုံး အေစာင့္မ်ားကိုရွင္းလင္းေနေစျခင္းအား ပို၍သေဘာက်သည္။

သို႔ေပမဲ့ ေရွာင္ရွင္းကေတာ့ ဆယ္ေပပတ္ပတ္လည္တြင္ အျမဲလိုလို ဝူရွဲ႕အေဆာင္ႏွင့္ လီခ်ီရွန္း အတြက္ ကိုယ္ရံေတာ္အေစာင့္မ်ား ဆယ္ေယာက္ထက္မနည္းထားရွိၿပီးသားပင္။ ထိုကိုယ္ရံေတာ္အေစာင့္မ်ားသည္လည္း ခ်ီရွန္းတြင္မည္သည့္ျပႆနာတစ္စုံတစ္ရာမရွိသေရြ႕ ေပၚထြက္လာၾကလိမ့္မည္မဟုတ္ေခ်။

အန္းလုကေတာ့ ေအးေအးေဆးေဆးပင္ အေဆာင္အတြင္းသို႔ တံခါးကိုတြန္းဖြင့္ကာဝင္သြားသည္။ ၾကည့္ရသည္မွာ ေရွာင္ရွင္းက အသိေပးထားၿပီးသားျဖစ္ေခ်လိမ့္မည္။မဟုတ္လၽွင္ အန္းလုတစ္ေယာက္ တံခါးကိုထိမိသည္ႏွင့္ ထိုလူမ်ားက လည္ပင္းႏွင့္ေခါင္းအားလြဲေအာင္လူပ္ၾကေတာ့မွာပင္ျဖစ္သည္။

"ရွန္း....ရွန္း...."

အန္းလုကအထဲသို႔ဝင္လာၿပီးေနာက္ အခန္းတြင္းအားၾကည့္ရွူလိုက္သည္။ စာၾကည့္သည့္ေနရာတြင္လည္း ခ်ီရွန္းမရွိသလို၊ အိပ္ေဆာင္အခန္းထဲတြင္လည္း ခ်ီရွန္းအားမေတြ႕ရေခ်။

"ဘယ္ေရာက္ေနတာလဲ။"

အန္းလုက ေတြးေတာေနသည္။

"ယုံးယြမ္မွာမ်ားလား ဒါမွမဟုတ္ ဟိုအေဆာင္မွာလား။"

"အန္းလု"

႐ုတ္တရက္ေနာက္မွေအာ္ေခၚသံတစ္ခုေၾကာင့္ အန္းလု ထိတ္လန္႔ကာ ခႏၲာကိုယ္ကပင္တုန္တတ္သြား၏။ ခ်ီရွန္းကသူ႔အား ေအာ္ေခၚလိုက္ျခင္းပင္။

အန္းလုကေနာက္သို႔လွည့္ၾကည့္လိုက္သည္။ ခ်ီရွန္းကအမွန္တကယ္ပင္ သူ႔အားအၾကည့္စူးစူးတို႔ျဖင့္ၾကည့္ေနေလ၏။ ထို႔အျပင္ အဝတ္အစားမ်ားကလည္း ထူးဆန္းေနေသးသည္။ ညအိတ္ဝတ္႐ုံရွည္မဟုတ္သည့္အျပင္ ဝတ္ဆင္ေနၾကျဖစါေသာ ဘုရင္မင္းျမတ္တို႔ဆင္ျမန္းသည့္ ဝတ္စုံလည္းမဟုတ္ပဲ အေရာင္ခပ္မွိန္မွိန္ျဖင့္ သာမန္လူတန္းစားတို႔ ဝတ္သည့္ ပုံစံမ်ိဳးကိုမွ ေပါ့ေပါ့ပါးပါးအသြင္ျဖင့္ ဝတ္ဆင္ထားသည္။

"ရွန္းရွန္း...ညဘက္ႀကီးကို ဘယ္လိုႀကီးဝတ္ထားတာလဲ။"

အန္းလုက ေမးလိုက္သည္ႏွင့္ တၿပိဳင္နက္ ခ်ီရွန္းက သူ႔ထံသို႔ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ေရာက္ခ်လာေတာ့သည္။ ခ်ီရွန္းက အန္းလုအားဆြဲကာဖက္လိုက္ၿပီး တျဖည္းျဖည္းခ်င္းပင္ ပိုမိုကာတင္းက်ပ္လာသည္။ အန္းလုက မ်က္ဝန္းတိူ႔ျပဴးကာခ်ီရွန္းကို အဖက္ခံေနရသည့္ၾကားမွ ေဘးသို႔မ်က္လုံးကိုေစြကာၾကည့္သည္။ သိူ႔ေသာ္လည္း သူ၏ လက္ႏွစ္ဖက္က ခ်ီရွန္း၏ေက်ာျပင္ကိုျပန္ဖက္တြယ္ထားသည္။

"ရွန္းရွန္း ဘာျဖစ္လို႔လဲ။"

"မဟုတ္ဘူးမလား။ ကိုယ္ထင္သလို မဟုတ္ဘူးမလား။"

အန္းလုကနားမလည္စြာျဖင့္

"ဘာကိုလဲ။"

ခ်ီရွန္းက အက္ကြဲေနေသာအသံျဖင့္ဆိုသည္။

"ကိုယ္ မင္းတို႔အျပင္ထြက္သြားတာကို ျမင္လိုက္တယ္။ ကိုယ္ မင္းတို႔ေနာက္ကေနလိုက္ခဲ့တာ။ မင္းတို႔ အခန္းတစ္ခုထဲဝင္သြားၿပီး အေတာ္ၾကာမွျပန္ထြက္လာခဲ့တယ္။ "

ခ်ီရွန္းက ဖက္တြယ္ေနရာမွ အန္းလုကိုျပန္ခြာလိုက္ၿပီး ေခါင္းအစ ေျခအဆုံးၾကည့္ကာ

" မင္းကို ဒီကိုယ္ထဲမွာမ်ား......အဲ့တေယာက္ရဲ့ စိတ္ကပါ အတူ...အတူရွိေနတာလား။ အဲ့တာေၾကာင့္ မင္း သူနဲ႔ လိုက္သြားတာမ်ိဳး........"

(သူတကယ္ပဲ ေနာက္ေယာင္ခံလိုက္လာတာလား။)

"ရွန္းရွန္း.... အဲ့..အဲ့တာက....."

( ေလာေလာဆယ္ ငါနဲ႔ယိခ်န္က ကိုယ္ခႏၲာႏွစ္ခု အေနနဲ႔တည္ရွိေနပါတယ္ဆိုတာကို ရွန္းရွန္းကိုအသိေပးလိုက္လို႔မျဖစ္ဘူး

ငါကအဲ့ဒီတိုင္းျပည္နဲ႔မသက္ဆိုင္တာသူသိရင္ သူလြတ္ၿငိမ္းခြင့္ေပးမွာ မဟုတ္ေလာက္ေတာ့ဘူး။ သူ႔ကိုၾကည့္ရတာ အေတာ္သေဘာမက်ပုံပဲ။)

"ရွန္းရွန္း ဘာေတြသိထားေသးလဲ။ သူတို႔နဲ႔ပတ္သတ္ၿပီး"

"ဘာကိုဆိုလိုတာလဲ။"

ခ်ီရွန္း၏ မ်က္ခုံးမ်ားက မသိမသာ တြန္႔ခ်ိဳးသြားသည္။ အန္းလုက ေျပာေလ၏။

"ကၽြန္ေတာ္ကိုမယုံလို႔ ေနာက္ေယာင္ခံလိုက္တယ္။ ၿပီးေတာ့ သူတို႔နဲ႔ ပတ္သတ္တဲ့ သတင္းေတြကိုလည္း စုံစမ္းထားၿပီးၿပီဆိုေတာ့ ကၽြန္ေတာ္က ကၽြန္ေတာ့ရဲ့ အသိစိတ္နဲ႔တင္ က်င့္၀တ္ပ်က္ျပားမွာကို ေၾကာက္ေနတာလား။ ဒါမွမဟုတ္ ......ဒီကိုယ္ခႏၲာက မသန္႔ေတာ့မွာကို ေၾကာက္ေနတာလား။"

" မဟုတ္ဘူး..... အဲ့လို...ကိုယ္ေမးတာက....."

ခ်ီရွန္း၏မ်က္ဝန္းမ်ားက အံၾသေနသည့္ပုံစံမ်ိဳးေတာ့ အနည္းငယ္သက္ေရာက္ေနေလ၏။သူက ေျဖရွင္းခ်က္ကို ေသခ်ာစြာမေျပာနိုင္ေခ်။ သူဆိုလိုတာ ဒီလိုမဟုတ္တာ ရွင္းရွင္းႀကီး ။ အန္းလုက ဘာလို႔ တဖက္ေစာင္းနင္းေျပာနိုင္ရတာလဲ။ သူ႔ကို ဘာလို႔ အဲ့လို လူစားမ်ိဳးလို႔ ေတြးနိုင္ရတာလဲ။

"..........."

အန္းလုက ဆက္သြားရန္ဆုံးျဖတ္လိုက္သည္။

"ဟုတ္တယ္။ ရွန္းရွန္းထင္သလိုပဲ။ ကၽြန္ေတာ္သူနဲ႔ပတ္သတ္ေနတာ။ အရင္က ဒီခႏၲာကိုယ္ပိုင္ရွင္နဲ႔ သူနဲ႔က ဆက္ဆံေရးပိုေနခဲ့တာမလို႔ ကၽြန္ေတာ္လည္း သူနဲ႔အေနၾကာလာေတာ့ တခါတေလ စိတ္အနည္းငယ္ယိုင္သြားမိတယ္ထင္တယ္။ အဲ့တာေၾကာင့္ကၽြန္ေတာ္ ............"

"တိတ္.....ေတာ္လိုက္ေတာ့။ ငါ ယုံမယ္ထင္လို႔ ေျပာေနတာေတြကို ေတာ္လိုက္ေတာ့"

(ရွန္းရွန္း တကယ္ေတာင္းပန္ပါတယ္ ။ တကယ္ေတာင္းပန္ပါတယ္။ ဒီေန႔ေျပာခဲ့တာေတြကို တရက္ရက္က် ျပန္ဆပ္ပါ့မယ္ ေနာ္ .....ေနာ္)

အန္းလုက ခ်ီရွန္းေဒါသထြက္လာၿပီဆိုတာကို သိတာေၾကာင့္ သူဘာမွဆက္မေျပာေတာ့ပဲ သူပါးစပ္ကို အတင္းစိထားလိုက္ၿပီး ခ်ီရွန္း၏ မ်က္၀န္းမ်ားကို ေရွာင္ဖယ္နိုင္ရန္ ခ်ီရွန္းေနာက္ဘက္ရွိ အရာမ်ားကိုသာ ေက်ာ္ၾကည့္ေနမိသည္။ အၾကည့္ခ်င္းသာ ဆုံမိလၽွင္ အကုန္ေပၚကုန္မွာ ေသခ်ာတာမို႔ သူစိတ္တိုေနမည့္ ခ်ီရွန္းကို မၾကည့္ရဲပါေခ်။

ခ်ီရွန္းက ေဘးဘီကို တခ်က္ ေဝ့ဝဲၾကည့္လိုက္သည္။ သူတကယ္ကိုပင္ စိတ္တိုကာေဒါသထြက္ေနေလ၏။ အန္းလုေျပာသည့္အတိုင္း ေရွာင္ရွင္းကိုလည္း ထိုအေၾကာင္းစုံစမ္းခိုင္းထားတာမို႔ သူတို႔၏အေၾကာင္းကို အနည္းငယ္သိသင့္သေလာက္သိသည္။

အမွန္သာဆိုလၽွင္ အန္းလုက ထိုသူႏွင့္ ေဝးေဝးမွာပင္ေနသင့္သည္။ အန္းလုက စိတ္ယိုင္သည္တဲ့လား။ သူ႔စကားကို ဘာမွနားမလည္သည့္ ေမြးကင္းစကေလးငယ္ပင္ ယုံလိမ့္မည္မဟုတ္ေခ်။ ပိုဆိုးသည္က လိမ္သည့္ေနရာတြင္လည္း အန္းလုက ေသေလာက္ေအာင္ညံ့သည္။

ခ်ီရွန္းစိတ္တိုသည့္အေၾကာင္းက ဘာ့ေၾကာင့္သူထိုေနရာသို႔ ထိုလူႏွင့္အတူသြားရသနည္းဟူေသာေမးခြန္းပင္။ သို႔ေသာ္ အန္းလုကေျပာမည့္ပုံမေပၚပဲ သူအထင္လြဲေအာင္သာ တမင္ေျပာေနသည္။

ခ်ီရွန္းက ညာဘက္ေထာင့္တစ္ေနရာတြင္ တင္ကာထားေသာ ဓားရွည္ႏွစ္ေခ်ာင္းရွိသည့္အနက္မွ တစ္ေခ်ာင္းကိုဆြဲႏွုတ္ကာ ယူလိုက္သည္။ ထိုအခ်င္းအရာေၾကာင့္ အန္းလု၏ မ်က္ဝန္းတို႔က ျပဴးက်ယ္လာေလ၏။

"ဘာလုပ္မလို႔လဲ။ မသြားရဘူး။"

ခ်ီရွန္းက ထိုဓားရွည္အားျမဲၿမံစြာကိုင္လ်က္ အျပင္သို႔ထြက္ရန္ျပင္လိုက္စဥ္တြင္ပဲ အန္းလုက ေရွ႕သိူ႔အျမန္ေရာက္လာၿပီး လက္ကိုဆန္႔တန္းလ်က္တားလိုက္သည္။

ခ်ီရွန္းက အန္းလုကိုေဘးသို႔ လက္ေမာင္းမွဆြဲကာ ဖယ္လိုက္သည္။

"ဖယ္....ငါသူ႔ကိုသတ္မလို႔။ "

အန္းလုက ခ်က္ခ်င္းပင္ မူလေနရာသို႔ ျပန္ေရာက္လာေလ၏။

"မလုပ္ရဘူး လို႔ေျပာေနတယ္ေလ။"

ခ်ီရွန္းက ခနဲ႔သည့္ပုံစံျဖင့္ရယ္သည္။ သူကအန္းလု၏ေမးေစ့အား လက္ျဖင့္ ခပ္ဖြဖြကိုင္ရင္း

"အန္းလု ကိုယ္မင္းကိုဘယ္လိုယူထားလည္းဆိုတာ မင္းကအရမ္းေမ့တတ္တာပဲ။ ခဏခဏေျပာေနရရင္ အဆင္မေျပဘူးေနာ္။

ဥပမာ ဒီလိုစိတ္တိုေနတဲ့အခ်ိန္မ်ိဳးေပါ့။ ျဖစ္နိုင္ရင္ ကိုယ္ကအခ်ိန္ေပးေနတုန္း ကိုယ့္ကိုေျပာ..... မင္းနဲ႔သူကေတာ့ ရိုးသားပါတယ္ဆိုတာ....."

အန္းလုက တံေတြးတစ္ခ်က္ၿမိဳခ်လိုက္ၿပီးေနာက္ ခ်ီရွန္း၏လက္အားျဖတ္ရိုက္ခ်လိုက္သည္။ သူက တစ္ဖက္သို႔လွည့္ကာမ်က္ဝန္းမ်ားကို ပိတ္ခ်လိုက္ရင္းဆိုသည္။

"ကၽြန္ေတာ္ အခ်ိန္ယူၿပီးျပန္စဥ္းစားဖို႔လိုတယ္။ ကၽြန္ေတာ္တကယ္ပဲ ဘယ္သူ႔ကိုသေဘာက်တယ္ဆိုတာ။ မနက္ျဖန္ခရီးကိုကၽြန္ေတာ္ လိုက္ျဖစ္မွာမဟုတ္ဘူး။ ရွန္းရွန္း တကယ္ပဲ ကၽြန္ေတာ့ကို ခ်စ္တယ္ဆိုရင္ ကၽြန္ေတာ့ကိုအခ်ိန္​ေပးပါ။"

အန္းလုက အေဆာင္တြင္းမွ ထြက္သြားရန္ ဟန္ျပင္လိုက္သည္။

*ခ်လြမ္*

ဓားတစ္ေခ်ာင္းၾကမ္းျပင္ေပၚသို႔ လြတ္က်သံက အခန္းတြင္းပဲ့တင္သြားေလ၏။

"အန္းလု မင္း႐ူးေနတာလား။"

ေနာက္ဘက္မွ ခ်ီရွန္းက အသံက်ယ္ႀကီးျဖင့္ လွမ္းေအာ္ေလေတာ့သည္။ အန္းလုကခ်ီရွန္းဘက္သို႔ လွည့္လာသည္။ ခ်ီရွန္းက အန္းလုကို နားမလည္နိုင္သည့္မ်က္ဝန္းမ်ားျဖင့္သာ ၾကည့္ေနေလ၏။ အန္းလု၏ စိတ္သည္လည္း တစ္ခ်ိန္လုံး ဘုရားကိုသာ မလြတ္တမ္းတေနခဲ့သည္။ အန္းလုက သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီးေနာက္

"ဟုတ္တယ္။ အဲ့လိုသတ္မွတ္တယ္ဆိုလည္း အဲ့လိုပဲေပါ့။

ကၽြန္ေတာ္က ႐ူး​ေနတာ။

လက္တေလာ ကၽြန္ေတာ္ ရွန္းရွန္းကိုမေတြ႕ခ်င္ဘူး။"

အန္းလုက အျပင္ဘက္သို႔ေျပးထြက္လာခဲ့ၿပီး ခ်ီရွန္းကမူ ထိုေနရာတြင္သာ ေတာင့္ေတာင့္ႀကီးရပ္က်န္ေနခဲ့သည္။

~~~~~~~~~~~~~~~~
ဒီအပိုင္းက စာနည္းနည္းမ်ားပါတယ္။
ေနာက္တပိုင္းကေတာ့
ဒခ်ိ ဒခ်ိကို ဆင္ဆာဗား 🙄🙄

\^v^/
\^v^/

Continue Reading

You'll Also Like

43.2K 2.8K 42
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
1.5M 239K 92
Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myan...
44.5K 5.1K 81
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
225K 21.1K 21
BLကို ဇာတ္လမ္း႐ွည္ တစ္ခါမွ မေရးဖူးပါဘူး အခုေတာ့ ဖန္တီး ၾကည့္တာေပါ့ မေကာင္းဘူး ဆိုလည္း မေကာင္းဘူး အဆင္ေျပပါတယ္ ဘာသာျပန္ထဲေတာ့ မထည့္ေပးနဲ႔ေနာ္ ?? တစ္...