မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...
Bởi Thawdar_Y
742K 82.1K 3.6K
Wang Yibo× Xiao Zhan *Photo crd to original owner* Xem Thêm
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၂
၃၃
၃၄
၃၅⚠
၃၆
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra
၃၁
11.7K 1.5K 173
Bởi Thawdar_Y
Unicode
အကြည့်ချင်းစစ်တိုက်နေကြတဲ့ ကျီရွှမ်းနဲ့ဝမ်ရိပေါ်ရဲ့အလည်မှာ ရှောင်းကျန့်ဟာနားမလည်စွာရပ်လျက်။အခန်းတွင်းကလေထုကတော့အေးစက်လို့နေသည်။‌ဝမ်ရိပေါ်ရဲ့ရှေ့ကနေပိတ်ကာထားတဲ့ရှောင်းကျန့်ရဲ့လက်ကနေဆွဲဆောင့်ကာသူ့ဘက်သို့ ရောက်စေလိုက်သည်။ရှောင်းကျန့်ရဲ့ပါးနုနုလေးနှစ်ဖက်ကို သူ့ရဲ့ကြမ်းရှတဲ့လက်တွေနဲ့ဆွဲညှစ်လိုက်ကာ မျက်နှာကိုမော့စေလိုက်သည်။ကျီရွှမ်းရဲ့အားပြင်းလှတဲ့လက်တွေကြောင့်ရှောင်းကျန့်ရဲ့ပါးလေးနှစ်ဖက်ဟာနီရဲလာရသည်။
ရှောင်းကျန့်ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် ကျီရွှမ်း‌ရဲ့ဒေါသကြောင့်နီရဲနေတဲ့မျက်ဝန်းတစ်စုံတို့အကြည့်ချင်းဆုံသွားကြသည်။
"ကိုယ်တော့်ကို အရူးမလုပ်နဲ့တော့....ရှောင်းကျန့်...."
ပြောပြီးသွားတာနဲ့ကျီရွှမ်းဟာ ရှောင်းကျန့်ရဲ့လက်ကနေဆွဲကာနန်းဆောင်ထဲမှခေါ်ထုတ်သွားသည်။နန်းဆောင်ထဲမှာကျန်ခဲ့တဲ့ ရိပေါ်ကိုလည်းကိုယ်ရံတော်တပ်တွေကဖမ်းချုပ်ကာ အပြင်သို့ခေါ်လာခဲ့သည်။ချန်းမင်ရဲ့မျက်နှာမှာတော့ရိပေါ်အတွက်စိတ်မကောင်းမှုတွေကအထင်းသား။ဒါပေမယ့်သူလည်းဘာမှမတတ်နိုင်ပေ။
ရှောင်ကျားယွီကရိပေါ်ရဲ့အနားသို့ကပ်ကာတီးတိုးပြောလိုက်သည်။
"ငါ့ရဲ့လက်ဆောင်ကိုသဘောကျရဲ့လား...ကိုယ်ရံတော်ဝမ်..."
‌ရိပေါ်လက်သီးတွေကိုတင်းတင်းဆုပ်ထားလိုက်သည်။ဒီကိစ္စကြောင့်သူ့နတ်သားလေးထိခိုက်ခဲ့ရင် ရှောင်ကျားယွီကိုသူတစ်စဆီဆွဲဖြဲပစ်မည်လို့သူကျိန်ဆိုသည်။
ကျီရွှမ်းနန်းပြင်ကျယ်ကြီးကိုရောက်တာနဲ့ ဆွဲလာတဲ့ရှောင်းကျန့်ကို စောင့်တွန်းပစ်လိုက်သောကြောင့် ရှောင်းကျန့်မြေပြင်ပေါ်သို့ခွေလဲကာကျသွားရသည်။မြေပြင်ပေါ်ကရှောင်းကျန့်ရဲ့ပါးနုနုလေးတွေကို သူ့ရဲ့လက်တွေနဲ့ဆွဲညှစ်ကာမျက်လုံးချင်းဆုံစေလိုက်သည်။
"လူမရှိတဲ့နေရာမှာချိန်းတွေ့တာဆိုတော့ လူသိမခံချင်တဲ့ကိစ္စတွေများလုပ်မလို့လား...."
ကျီရွှမ်းပြောလိုက်တဲ့စကားကြောင့် ရှောင်းကျန့်ရဲ့မျက်ခုံးလေးတွေအလိုမကျမှုကြောင့်တွန့်ချိုးသွားရသည်။
"အရှင့်သားပြောတာတွေကို ကျွန်တော်နားမလည်ပါဘူး။ဒါပေမယ့်ကျွန်တော်ဒီနေရာကို ရောက်နေရတာကမိဖုရားလွီရဲ့...."
တစ်ခုခုကိုစဉ်းစားမိသွားတာ‌ကြောင့်ရှောင်းကျန့်စကားဆုံးအောင်ပင်ဆက်မပြောနိုင်ခဲ့။သူ့ကိုမိဖုရားလွီကခေါ်တယ်ဆိုလို့ သူလာခဲ့သည်။ဒီရောက်တော့ရိပေါ်နှင့်တွေ့သည်။ပြီးတော့ ဒေါသတကြီးနှင့်ကျီရွှမ်းကရောက်လာသည်။သူအခု ဘာကြောင့်ကျီရွှမ်းဒေါသထွက်နေရတာလဲကိုနားလည်သွားပြီ။သူမိဖုရားလွီရဲ့ထောင်ချောက်မိသွားခဲ့ပြီ။
ရှောင်းကျန့်ဟာမယုံကြည်နိုင်တဲ့အကြည့်တွေနဲ့ ကျီရွှမ်းကိုကြည့်လိုက်သည်။အခုသူ့ကို အရှင့်သားကဖောက်ပြန်နေတယ်လို့ထင်နေတာလား။
"အရှင့်သားက ကျွန်တော့်ကိုမယုံမကြည်ဖြစ်နေတာပဲ...."
"ကိုယ်တော်မင်းကိုယုံကြည်ခဲ့ပါတယ်ရှောင်းကျန့်...။ဒါပေမယ့် မင်းကိုယ်တိုင်ကအဲ့ယုံကြည်မှုကိုဖျက်ဆီးလိုက်တာ..."
ကျီရွှမ်းစကားကြောင့်ရှောင်းကျန့်တစ်ချက်ရယ်လိုက်သည်။လဲကျနေတဲ့မြေပြင်ကနေ အားယူကာထလိုက်ပြီးကျီရွှမ်းရဲ့မျက်ဝန်းတွေကိုတည့်တည့်စိုက်ကြည့်လိုက်သည်။
"ကျွန်တော်ကိုယ်တိုင်ကဖျက်ဆီးလိုက်တယ်။ဒါဆိုပြောပါအုံး...ကျွန်တော့်ရဲ့ဘယ်လိုအပြုအမူတွေကများအရှင့်သားရဲ့ ယုံကြည်မှုတွေကိုပျက်ဆီးစေရတာလဲ...."
ရှောင်းကျန့်ရဲ့စကားကိုကြားတော့ကျီရွှမ်းကတစ်ချက်ရယ်သည်။
"လူမရှိတဲ့နေရာမှာ မင်းတို့နှစ်ယောက်တည်းခိုးတွေ့တာကိုငါကိုယ်တော်က ယုံကြည်ပေးနေရမှာလား။မင်းတို့နှစ်ယောက်ဖောက်ပြန်တာကို ငါကိုယ်တော်ကမျက်စိနဲ့တပ်အပ်မြင်တာကိုတောင်မင်းကိုယုံကြည်ပေးနေရအုံးမှာလား..."
ကျီရွှမ်းစကားဆုံးတာနဲ့ ရှောင်းကျန့်ရဲ့လက်ဝါးဟာကျီရွှမ်းပါးပေါ်သို့ရောက်ရှိသွားသည်။ထိုနေရာမှာရှိနေတဲ့သူတွေအားလုံး တောင့်ခဲသွားကြသည်။အခုကြင်ယာတော်ကအိမ်ရှေ့စံမင်းသားကိုရိုက်လိုက်တာလား။ထိုရိုက်ချက်အတွက်ရှောင်းကျန့်ရဲ့မျက်နှာမှာ နောင်တတရားတို့မရှိပါ။ကျီရွှမ်းဟာရှောင်းကျန့်ကိုကြောင်အစွာကြည့်နေတုန်းမှာပဲ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့လွီမေအော်ဟာ ကျီရွှမ်းရဲ့ရင်ခွင်ထဲသို့ပြေးဝင်လာတော့သည်။
"အကိုကျီရွှမ်း....နာသွားလားဟင်...."
သူမကရှောင်းကျန့်ကိုသေစေနိုင်လောက်တဲ့အကြည့်တွေနဲ့ကြည့်ကာအော်ပြောလိုက်သည်။
"နင်....အပျက်ကောင်....အိမ်ရှေ့စံမင်းသားကိုကိုယ်ထိလက်ရောက်‌လုပ်ရဲတယ်ဟုတ်လား...။အစောင့်တွေ....ဘာလုပ်နေကြတာလဲ။ဒီကောင့်ကိုဖမ်းလိုက်လေ..."
လွီမေအော်ရဲ့စွာကျယ်ကျယ်အသံကြောင့်ကျီရွှမ်းဟာသတိပြန်ဝင်လာကာ သူ့ရင်ခွင်ထဲကလွီမေအော်ကို‌ စောင့်တွန်းလိုက်သည်။မြေပြင်ပေါ်လဲကျသွားတဲ့လွီမေအော်ဟာ မတရားခံရတဲ့လူတစ်ယောက်လို ငိုကြွေးတော့သည်။
နန်းရင်ပြင်တွင်ရှိနေသောလူအားလုံးသည် လွီမေအော်ဘယ်လောက်ပင်ငိုငို ဂရုတောင်မစိုက်ကြပါချေ။အခုသူတို့ကြောက်ရသည်က သူတို့ရှေ့မှာရပ်နေတဲ့အိမ်ရှေ့စံမင်းသားနဲ့ကြင်ယာတော်ကိုပဲ။သူမကိုအဖက်လုပ်မည့်သူမရှိမှန်းသိသွားတဲ့ လွီမေအော်ဟာ မျက်ရည်တွေကိုသုတ်ကာမတ်တပ်ရပ်လိုက်သည်။ဒီနေရာကတော့မထွက်သွားသေးပါ။သူမရှောင်းကျန့်ရဲ့ကျဆုံးခန်းကိုကြည့်ချင်တယ်လေ။
"မင်း ကိုယ်တော့်ကိုရိုက်ရဲတယ်...."
ရှောင်းကျန့်ရဲ့မျက်နှာမှာတော့အကြောက်တရားတို့မရှိပါချေ။ကျီရွှမ်းရဲ့မျက်လုံးတည့်တည့်ကိုသာစိုက်ကြည့်လျက် ပြန်ဖြေလေသည်။
"ကျွန်တော်ရိုက်ရဲတယ်။ကျွန်တော်အမှားလုပ်ထားတာမရှိတဲ့အတွက် အရှင့်သားကိုကျွန်တော်ရိုက်ရဲတယ်။အဲ့အတွက်ကြောင့်အသတ်ခံရလည်းကျွန်တော်မကြောက်ဘူး။ဒါပေမယ့် ကျွန်တော့်သိက္ခာကိုတော့မစော်ကားပါနဲ့။ကျွန်တော်ငြိမ်ခံနေမှာမဟုတ်ဘူး။အရှင့်သားမမေ့ပါနဲ့။ကျွန်တော်ကယောက်ျားတစ်ယောက်ဆိုတာ....။ပြီးတော့ကျွန်တော်က အရှင့်ရဲ့ကြင်ယာတော်မဟုတ်ရင်တောင်ကျန်းနိုင်ငံရဲ့မင်းသားတစ်ယောက်ပါ။ကျွန်တော့်နိုင်ငံအရှက်ရမယ့်အလုပ်ကိုဘယ်တော့မှမလုပ်ဘူး။အရှင့်သားနဲ့လက်ထပ်ပြီးတည်းကကျွန်တော် အရှင့်သားအပေါ်သစ္စာ‌ရှိခဲ့တယ်။ကျန်းနိုင်ငံရဲ့မင်းသားတစ်ယောက်၊ပြီးတော့ယောက်ျားတစ်ယောက်အနေနဲ့ သစ္စာမရှိတဲ့ဖောက်ပြားခြင်းအလုပ်ကိုကျွန်တော် မလုပ်ခဲ့ဘူး"
ရှောင်းကျန့်ရဲ့စကားအဆုံးမှာတော့ ကျီရွှမ်းမျက်နှာပေါ်ကဒေါသတွေကလျော့ပါးသွားပြီဖြစ်သည်။ကျီရွှမ်းကရှောင်းကျန့်ရဲ့ ခါးလေးကနေဆွဲလိုက်ကာ သူ့ရင်ခွင်ထဲသို့ထည့်လိုက်သည်။ထိုမြင်ကွင်းကြောင့်တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ရိပေါ်မျက်နှာလွှဲလိုက်သည်။ချစ်ရသူကိုတစ်ခြားတစ်ယောက်က ထိတွေ့နေတာကိုကြည့်နိုင်လောက်တဲ့အထိ သူအသည်းမမာသေးပါ။
"ကိုယ်တော်တောင်းပန်ပါတယ်...."
ကျီရွှမ်းကရှောင်းကျန့်ကိုခပ်ဖွဖွလေးဖက်ကာတောင်းပန်လိုက်သည်။ထိုမြင်ကွင်းကြောင့်လွီမေအော်ကတော့ မျက်စိပျက်မျက်နှာပျက်ဖြစ်လို့နေသည်။သူမကရှောင်ကျားယွီကိုတစ်ခုခုလုပ်ရန်မျက်နှာရိပ် မျက်နှာကဲပြလိုက်သည်။
"ကျွန်တော်မရှင်းလို့တစ်ခုလောက်မေးပါရစေ။ကြင်ယာတော်ရဲ့လက်ပတ်လေးကို ဘယ်ဆိုင်မှာဝယ်ခဲ့လဲသိခွင့်ရှိမလားဗျာ။ကျွန်တော်အဲ့လက်ကောက်ကို အရမ်းကြိုက်လွန်းလို့ဝယ်ချင်လို့ပါ။ကိုယ်ရံတော်ဝမ်မှာလည်းအဲ့လိုလက်ကောက်မျိုးရှိလို့ ကျွန်တော်မေးလိုက်သေးတယ်။ဒါပေမယ့် ကိုယ်ရံတော်ဝမ်ကမဖြေတော့ကြင်ယာတော်ကိုပဲမေးကြည့်ရတာပါ...."
သူ့ရဲ့စကားကြောင့်တဖြည်းဖြည်းခက်ထန်လာတဲ့ကျီရွှမ်းရဲ့မျက်နှာကိုကြည့်ပြီး ရှောင်ကျားယွီတစ်ချက်ပြုံးလိုက်သည်။ရိပေါ်နဲ့ရှောင်းကျန့်ကတော့သူ့ကိုအံ့ဩစွာကြည့်လျက်။ရိပေါ်ကိုဖြုတ်ချဖို့အတွက် အသေးစိတ်ကအစလိုက်စုံစမ်းထားလိုက်လို့တော်သေးသည်။မဟုတ်ရင်အခုကိစ္စကဒီအတိုင်းပဲပြီးသွားမှာ။ရှောင်ကျားယွီကမပြောသင့်တာကို ပြောမိလိုက်သလိုဟန်ဆောင်လိုက်သည်။
"အာ....ကျွန်တော်တစ်ခုခုမှားပြောလိုက်မိတာလား...."
"ကြင်ယာတော်ကို နန်းဆောင်ကိုပြန်ပို့လိုက်..."
ကျီရွှမ်းစကားဆုံးတာနဲ့ ကိုယ်ရံတော်တပ်တွေကရှောင်းကျန့်ကိုနန်းဆောင်ကိုပြန်ပို့ဖို့ပြင်သည်။သူ့အနားကိုရောက်လာတဲ့ ကိုယ်ရံတော်တပ်တွေဆီကနေ ရှောင်းကျန့်ရုန်းထွက်လိုက်ရင်းရိပေါ်ရဲ့အရှေ့ကနေပိတ်ရပ်လိုက်သည်။ထိုအပြုအမူကြောင့်ကျီရွှမ်းရဲ့ချုပ်ငြိမ်းသွားရပြီဖြစ်တဲ့ဒေါသတို့ ပြန်လည်ထွက်ပေါ်လာရသည်။ကျီရွှမ်းကရှောင်းကျန့်ကို စူးစူးရဲရဲစိုက်ကြည့်ကာမေးလိုက်သည်။
"ပြောတော့သစ္စာရှိပါတယ်ဆို....အခုဒါကဘာအပြုအမူလဲ..."
"အပြစ်မဲ့တဲ့သူကိုမထိခိုက်စေချင်ဘူး..."
ရှောင်းကျန့်ရဲ့စကားကိုကျီရွှမ်းကခနဲ့သလိုရယ်သည်။ပြီးတာနဲ့ရှောင်းကျန့်ကိုသူ့ဘက်ကိုဆွဲခေါ်လိုက်ပြီး အမိန့်ပေးလိုက်သည်။
"ဝမ်ရိပေါ်ကိုဖမ်းလိုက်...."
ကျီရွှမ်းချုပ်ထားတာကိုအတင်းရုန်းကာ ရိပေါ်ကိုဖမ်းဖို့ပြင်နေတဲ့ကိုယ်ရံတော်တပ်ဖွဲ့တွေရှေ့ကနေရှောင်းကျန့်ပိတ်ရပ်လိုက်သည်။ရှောင်းကျန့်ကိုထိခိုက်မိမှာစိုးတာကြောင့် ကိုယ်ရံတော်တပ်တွေရိပေါ်ကိုဘာမှမလုပ်နိုင်ကြချေ။သူ့ရှေ့မှာရပ်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီးရိပေါ်ပြုံးလိုက်သည်။သူ့နတ်သားလေးကသူ့ကို အဆုံးစွန်ထိကာကွယ်ပေးတာကိုမြင်ရတော့သူဝမ်းသာမိသည်။
"ရှောင်းကျန့်.....ဖယ်လိုက်....ကိုယ်အဆင်ပြေပါတယ်..."
ရိပေါ်ပြောသော်လည်းရှောင်းကျန့်ဟာပေတေပြီးရပ်လို့နေသည်။သူရိပေါ်ကို ဘေးနားမှာအမြဲရှိနေပေးမယ်လို့ကတိပေးထားတယ်။အခုအချိန်မှာတော့အဲ့ကတိကိုတည်ချင်သည်။လုံးဝမဖယ်ပေးတဲ့ ရှောင်းကျန့်ကိုကြည့်ပြီးကျီရွှမ်း‌မျက်နှာမှာလူသတ်ချင်တဲ့ အရိပ်အယောင်တွေပေါ်ထွက်လို့လာသည်။
"ကောင်းတယ်.....အရမ်းကောင်းတယ်.....မင်းကိုချစ်လွန်းလို့အလိုလိုက်ထားတာကို မင်းကရောင့်တက်နေတာပဲ။လာကြစမ်း....ကြင်ယာတော်ကိုမဟူရာဆောင်ကိုခေါ်သွားလိုက်...."
"မဟူရာဆောင်"ဆိုသည့်အသံကိုကြားတာနှင့်နန်းရင်ပြင်မှာရှိနေတဲ့ လူတွေအားလုံးအေးခဲတောင့်တင်းသွားကြသည်။‌ရှောင်ကျားယွီရဲ့မျက်နှာမှာတောင်မှအံ့ဩမှုတွေကအထင်းသား။"မဟူရာဆောင်"ဆိုတဲ့နေရာကဘယ်သူမှမသွားချင်ဆုံးနေရာပင်ဖြစ်သည်။ထိုနေရာကတကယ့်ကိုလူ့ငရဲပင်။ပြင်းထန်တဲ့ပြစ်မှုကိုကျူးလွန်တဲ့ သူတွေအားလုံးမဟူရာဆောင်မှာအပြစ်ပေးခြင်းကိုခံရသည်။အပြစ်ပေးတဲ့နည်းလမ်းကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။တတ်ကျွမ်းထားတဲ့သိုင်းပညာတွေကိုဖျက်ဆီးပစ်တာ။
လူ့ခန္ဓာကိုယ်ရဲ့အဓိကသွေးကြောတွေကို အပ်စိုက်ပြီး တတ်ကျွမ်းထားတဲ့သိုင်းပညာတွေကိုဖျက်ဆီးခြင်းသည် ကြီးမားစွာသောနာကျင်မှုကိုခံစားရမည်ဖြစ်သည်။ဘယ်လောက်ထိတောင်လဲဆိုရင် "အသက်ရှင်တာထက်သေသွားသည်ကကောင်းသည်"ဟူသောစိတ်တွေဖြစ်ပေါ်လာသည်အထိပင်နာကျင်မှုကိုခံစားရမည်ဖြစ်သည်။ထိုနာကျင်မှုကိုတောင့်ခံနိုင်တဲ့လူဘယ်သူမှမရှိသေး။ပြီးတော့ သိုင်းပညာတွေဖျက်ဆီးခံလိုက်ရမှတော့ထိုလူသည် အသက်ရှင်ခဲ့ရင်တောင် အသုံးမကျတဲ့အမှိုက်သာသာအခြေအနေသာ ရှိတော့မည်ဖြစ်သည်။ဒီလောက်ပြင်းထန်တဲ့ပြစ်ဒဏ်ကိုကြင်ယာတော်လေးကိုပေးမယ်တဲ့လား....။ချန်းမင်ကကျီရွှမ်းကို သတိဝင်လာစေရန်ပြောလိုက်သည်။
"အရှင့်သား.....ကြင်ယာတော်လေးက...."
ချန်းမင်စကားမဆုံးသေးခင်မှာပင်ကျီရွှမ်းကစကားကိုဖြတ်ကာ အော်ပြောလိုက်သည်။
"ငါကိုယ်တော့်အမိန့်ကိုလွန်ဆန်ချင်တာလား!!!အခုချက်ချင်း ကြင်ယာတော်ကို မဟူရာဆောင်ကိုခေါ်သွားကြ..."
ထိုမြင်ကွင်းကိုတစ်နေရာကနေစောင့်ကြည့်နေတဲ့သူလည်းရှိသေးသည်။သူမကတော့မိဖုရားလွီပင်ဖြစ်သည်။သူမရဲ့မျက်နှာကတော့ကျေနပ်ပျော်ရွှင်မှုတွေကြောင့်လန်းဆန်းလို့နေသည်။အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့စကားကတကယ်ကိုမှန်တာပဲ။
___________________________________
"မဟူရာဆောင်"ကိုရောက်ရှိတဲ့အခါမှာတော့ရှောင်းကျန့်ရဲ့ လက်နှစ်ဖက်နဲ့ခြေထောက်နှစ်ဖက်ကိုကုတင်တိုင်များနှင့် တွဲချည်ခြင်းခံထားရသည်။ရှောင်းကျန့်ကတော့မျက်ဝန်းများကိုသာမှိတ်လို့ထားသည်။သူ့ရဲ့မျက်နှာမှာတော့ ကြောက်ရွံ့မှုနဲ့နောင်တရမှုကို တစိုးတစိမျှမတွေ့ရပေ။
ရှောင်းကျန့်ရဲ့ရှေ့မှာတော့ အိမ်ရှေ့စံမင်းသားကျီရွှမ်းကရပ်လို့နေသည်။ရှောင်းကျန့်ရဲ့ မျက်စိမှိတ်ထားတဲ့မျက်နှာလေးကိုကြည့်ကာကျီရွှမ်းသက်ပြင်းချလိုက်သည်။ရှောင်းကျန့်ရဲ့နဖူးလေးကိုဖိကပ်နမ်းရှိုက်ကာ ကျီရွှမ်းပြောလိုက်သည်။
"ချစ်လွန်းလို့ ကိုယ်ဒီလိုလုပ်ရတာပါ။မင်းကိုယ့်ဆီကနေထွက်သွားမှာ စိုးလို့...."
ဘာမှတုံ့ပြန်မှုမရှိတဲ့ရှောင်းကျန့်ကြောင့် ကျီရွှမ်းအခန်းထဲကထွက်ရန်ပြင်လိုက်သည်။ထိုအချိန်မှာပဲထွက်ပေါ်လာတဲ့ ရှောင်းကျန့်ရဲ့အသံလေး....။
"ကျွန်တော်သစ္စာဖောက်ခဲ့မိတယ်။အရှင့်သားကိုတော့မဟုတ်ဘူး....ဝမ်ရိပေါ်ကို..။သူနဲ့ချစ်သူတွေဖြစ်နေပါရက်နဲ့ အရှင့်သားနဲ့လက်ထပ်ခဲ့တယ်။ကျွန်တော့်တိုင်းပြည်ဒုက္ခရောက်မှာစိုးတာကြောင့်...။ဒါပေမယ့် အဲ့အရူးကောင်ကလေကျွန်တော်ကကြင်ယာတော်မကလို့ ဘာကြီးပဲဖြစ်နေပါစေ....သူကျွန်တော့်ကိုဘယ်တော့မှမထားခဲ့ဘူး။သူနာကျင်နေရက်နဲ့တောင် ကျွန်တော့်ကိုဆက်ချစ်ခဲ့တယ်။ကျွန်တော့်ကြောင့် သူနာကျင်ရပေါင်းများပြီ။တကယ်လို့ အရှင့်သားကသာသူ့ကိုထိခိုက်အောင်လုပ်ခဲ့မယ်ဆိုရင် ကျွန်တော်အရှင့်သားကိုမုန်းမိမှာ။အရှင့်သားအနားကနေထွက်မသွားအောင် သိုင်းပညာတွေကိုဖျက်ဆီးလို့ရပေမယ့် ဝမ်ရိပေါ်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့အချစ်တွေကိုတော့ လုံးဝဖျက်ဆီးလို့ရမှာမဟုတ်ဘူး...."
ရှောင်းကျန့်ရဲ့စကားကြောင့်ကျီရွှမ်းလက်ကိုတင်းတင်းဆုပ်ထားမိသည်။ပြီးတာနဲ့ဘေးကသမားတော်ကိုကြည့်ကာပြောလိုက်သည်။
"စလိုက်တော့..."
ပထမဆုံးအပ်စတင်စိုက်လိုက်ချိန်မှာ နာကျင်မှုကြောင့် ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်လေးကအလိုအလျောက် ရုန်းကန်လာသည်။လက်တွေနဲ့ခြေထောက်တွေကိုချုပ်ထားတဲ့အတွက်ကြောင့်ရုန်းလို့မရပေ။နာသည်။အရမ်းကိုနာကျင်လွန်းသည်။အသံမထွက်မိစေရန် ကိုက်ထားတဲ့နှုတ်ခမ်းလေးကလည်း သွေးတွေနဲ့ရဲနေပြီဖြစ်သည်။
နောက်ထပ်အပ်တစ်ချောင်းထပ်ထိုးစိုက်လိုက်ချိန်မှာတော့ ရှောင်းကျန့်သည်းမခံနိုင်တော့ပါ။နာကျင်မှုကြောင့် အော်ဟစ်လိုက်မိသည်။သူတကယ်သေသွားချင်ပြီ....။
_______________________________________
အိမ်ရှေ့စံမင်းသားဟာ အကျဉ်းထောင်သို့ကြာပွတ်တစ်ချောင်းနဲ့ရောက်လာပြီး ရိပေါ်ကိုသဲကြီးမဲကြီးရိုက်နှက်သွားတာကြောင့် ရိပေါ်တစ်ကိုယ်လုံးသွေးတွေနဲ့စိုရွှဲနေသည်။ရိပေါ်မှာမတ်တပ်ရပ်ဖို့ပင်အားမရှိတော့ပါ။သူ့နတ်သားလေးရောအဆင်ပြေရဲ့လား...။
ခနအကြာမှာတော့ အကျဉ်းထောင်ထဲသို့လူတစ်ယောက်ရောက်လာသည်။ထိုလူကရိပေါ်ကိုဆွဲထူ လိုက်သောကြောင့် ထိုလူရဲ့မျက်နှာကိုရိပေါ်မြင်လိုက်ရသည်။
"ချန်းမင်...."
"ရိပေါ်....အချိန်မရှိဘူး...မြန်မြန်ထ.."
ချန်းမင်ကရိပေါ်ကိုထူပေးပြီး အကျဉ်းထောင်အပြင်သို့ထွက်စေသည်။နန်းတော်အပေါက်ဝကိုမြင်လိုက်ရတာကြောင့် ရိပေါ်ချန်းမင်ကိုမေးလိုက်သည်။
"ချန်းမင်....မင်းဘာလုပ်နေတာလဲ...."
"မြန်မြန်ထွက်သွားတော့....ရိပေါ်....နောက်လှည့်မကြည့်နဲ့တော့...."
ရိပေါ်ကချန်းမင်ရဲ့လက်တွေကိုဆုပ်ကိုင်ကာမေးလိုက်သည်။
"ရှောင်းကျန့်ရော...သူ....သူအဆင်ပြေရဲ့လား...။မဟူရာဆောင်ဆိုတာကရောဘာလဲ..."
ရိပေါ်ကိုစိတ်မပူစေချင်တာကြောင့် ချန်းမင်လိမ်ပြောလိုက်သည်။
"‌ကြင်ယာတော်လေးအခုအဆင်ပြေပါတယ်။မဟူရာဆောင်မှာဒီတိုင်းချုပ်ထားရုံလေးပဲ။မြန်မြန်သွားတော့...ရိပေါ်..."
"ငါ့ကိုကယ်ပေးတာကျေးဇူးတင်ပါတယ်....ချန်းမင်...."
ချန်းမင်ပြုံးလိုက်ကာ ရိပေါ်ကိုပြောလိုက်သည်။
"ကိုယ်ရံတော်ရွေးချယ်ပွဲတွေမှာတုန်းက မင်းငါ့ကိုကယ်ခဲ့တာပဲလေ...ကျေးဇူးတင်စရာမလိုပါဘူး...."
"ရှောင်းကျန့်ကိုစောင့်ရှောက်ပေးပါ....ငါကျိန်းသေပေါက်ပြန်လာမယ်...."
ရိပေါ်ရဲ့အပြောကိုချန်းမင်သဘောတူတဲ့အနေနဲ့ခေါင်းညှိမ့်ပြလိုက်သည်။ထွက်ခွာသွားတဲ့ရိပေါ်ရဲ့ကျောပြင်ကိုကြည့်ပြီးချန်းမင်တွေးလိုက်သည်။မင်းပြန်လာမှာ ငါယုံတယ်...ရိပေါ်။
ချန်းမင်ဆီကနေထွက်လာပြီးတာနဲ့ ရိပေါ်တောအုပ်ထဲကိုထွက်ပြေးလိုက်သည်။မြို့ထဲကိုသွားရင် သူ့ကိုအနှေးနဲ့အမြန်မိသွားလိမ့်မည်။ကြာပွတ်ကြောင့်ရလာတဲ့ဒဏ်ရာတွေကနေ သွေးတွေယိုကျပြီး နာကျင်လွန်းတာကြောင့် ရိပေါ်ထင်သလောက်ခရီးမတွင်ပါ။သွေးဆုံးရှုံးမှုကြောင့်ရိပေါ်ရဲ့ နှုတ်ခမ်းတွေလည်းဖြူလျော့နေပြီ။‌ဒဏ်ရာတွေကသွေးထွက်လွန်နေတာကြောင့်ရိပေါ်ရှေ့ကိုဆက်မသွားနိုင်တော့ဘဲ တောအုပ်အလယ်မှာသာမေ့မျောသွားခဲ့သည်။သူ့အမြင်အာရုံမှာပေါ်လာတာက မျက်လုံးတွေမှိတ်ကျပြီးယုန်သွားလေးတွေပေါ်သည်အထိ ပြုံးရယ်နေတဲ့သူ့ရဲ့ချစ်ရသူလေး....။
_____________________________________
တောင်တန်းပေါ်ကနေရာတစ်ခုမှာတော့ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဟာ အနောက်မြောက်အရပ်က တောက်ပစွာထွန်းလင်းနေတဲ့ကြယ်ကို စိုက်ကြည့်နေသည်။အရင်နေ့တွေကထိုကြယ်ရဲ့အရောင်သည် မှိန်ဖျဖျသာရှိလေသည်။အခုတော့ ကြယ်ဟာလင်းလက်တောက်ပလာခဲ့ပြီ။အိပ်ပျော်နေတဲ့နဂါးမင်းနိုးထတော့မယ်။သုံးလောကရဲ့ဧကရာဇ် နိုးထလာတော့မည်။
_______________________________________
22.6.2020
ပြီးတော့မယ်လို့ထင်နေကြတယ်မလား:")
အမှန်တော့ဇာတ်လမ်းကအခုမှစတာ:3
Zawgyi