မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...

By Thawdar_Y

742K 82.1K 3.6K

Wang Yibo× Xiao Zhan *Photo crd to original owner* More

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၁
၃၂
၃၃
၃၄
၃၅⚠
၃၆
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra

၃၀

12K 1.4K 95
By Thawdar_Y





Unicode





"မင်းဘာလို့ဝမ်ရိပေါ်ကို ဖြုတ်ချချင်တာလဲ...."

မိဖုရားလွီဟာသူမရှေ့မှာရပ်နေတဲ့ရှောင်ကျားယွီကို နားမလည်စွာမေးလိုက်သည်။

"ကိုယ်ရံတော်ခေါင်းဆောင်နေရာကို သူနဲ့ကျွန်တော့်နှစ်ယောက်ထဲကတစ်ယောက်ကိုရွေးမှာ။သူမရှိမှ ကျွန်တော်ကကိုယ်ရံတော်ခေါင်းဆောင်နေရာကိုရမှာလေ....။ဒါကြောင့်သူ့ကိုလုံးဝကွယ်ပျောက်သွားစေချင်တယ်..."

ရှောင်ကျားယွီရဲ့မျက်နှာဟာ ထိုစကားကိုပြောနေစဉ်အတွင်းမကျေနပ်မှုတွေနဲ့ပြည့်နှက်လို့နေသည်။

"ကိုယ်ရံတော်ရွေးချယ်ပွဲ အဆင့်မှာတည်းကကျွန်တော်တခြားလူတွေထက်သာအောင်ကြိုးစားခဲ့တယ်။ဒါပေမယ့်အားလုံးထဲမှာအတော်ဆုံးဆိုတဲ့နေရာက ဝမ်ရိပေါ်ဆိုတဲ့ကောင်ကြောင့်ပျက်စီးသွားခဲ့တယ်။ကျန်တဲ့လူတွေက ကျွန်တော့်ကိုမကျော်နိုင်ပေမယ့် ဝမ်ရိပေါ်.....သူကကျွန်တော်နဲ့တန်းတူလုပ်နိုင်တယ်။မဟုတ်သေးဘူး....သူကကျွန်တော့်ထက်ပိုတောင်တော်အုံးမယ်။သူ့ကိုသမားရိုးကျနည်းနဲ့အနိုင်မတိုက်နိုင်မှတော့ သူ့အားနည်းချက်ကိုပဲရှာရတော့တာပေါ့။ဒါပေမယ့်.....သူ့မှာအကြီးမားဆုံးအားနည်းချက်ကြီးရှိနေလိမ့်မယ်လို့မထင်ထားမိဘူး...."

ရှောင်ကျားယွီရဲ့မျက်နှာမှာ ရိပေါ်ရဲ့အားနည်းခိက်ကိုရအောင်ရှာနိုင်တဲ့အတွက်ဂုဏ်ယူတဲ့အပြုံးတစ်ခုကရှိနေသည်။ရှောင်ကျားယွီရဲ့ယုံကြည်မှုအပြည့်ရှိနေတဲ့မျက်နှာကြောင့် မိဖုရားလွီစိတ်အေးသွားသည်။ဒီသတင်းကမှန်လောက်ပါတယ်။

"မင်းပြောတဲ့သတင်းကမှန်တယ်ပဲထားပါအုံး...။သက်သေမရှိဘဲနဲ့ အိမ်ရှေ့စံမင်းသားကိုသွားပြောရင် အိမ်ရှေ့စံမင်းသားကယုံမယ်လို့ထင်လား။မင်းလည်းသိတာပဲ...။အိမ်ရှေ့စံကရှောင်းကျန့်ကိုဘယ်လောက်‌တောင်သဘောကျလဲဆိုတာ...."

မိဖုရားလွီကပြောနေရင်းနဲ့မှနှုတ်ခမ်းကိုတစ်ချက်မဲ့ကာစဉ်းစားလိုက်သည်။ကျီရွှမ်းသဘောကျအောင် ရှောင်းကျန့်ဆိုတဲ့အကောင်ကဘယ်လောက်တောင်ပေါင်ကိုဖြဲပေးပြီးမြှူစွယ်ထားလဲမှမသိတာ။သူမသွားပြောရင်တောင်ကျီရွှမ်းကယုံမှာမဟုတ်ဘူး။မိဖုရားလွီရဲ့အပြောကိုကြားတဲ့အခါမှာ ရှောင်ကျားယွီက တစ်ချက်ပြုံးသည်။

"သက်သေဆိုတာက ရှိအောင်လုပ်ယူလို့ရတယ်။အဓိကကမိဖုရားကကျွန်တော်နဲ့ပူးပေါင်းဖို့ပါပဲ..."

ယုံကြည်မှုအပြည့်ရှိနေတဲ့ရှောင်ကျားယွီကိုမိဖုရားလွီက မျက်ခုံးတစ်ဖက်ကိုပင့်လျက်ကြည့်လိုက်သည်။

"ကောင်းပြီလေ....ငါမင်းနဲ့ပူးပေါင်းမယ်။ငါတို့အခုဘာလုပ်ကြမလဲ....."

ရှောင်ကျားယွီရဲ့မျက်နှာထက်တွင် ကောက်ကျစ်ယုတ်မာတဲ့အပြုံးတစ်ခုက ပေါ်ပေါက်လာသည်။

"ကျွန်တော်တို့လုပ်ရမှာလွယ်လွယ်လေးပါ...။အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့ အချက်ကိုအသုံးချလိုက်ရုံပဲ....."

လွီမေအော်ကတော့ မိဖုရားလွီနဲ့ရှောင်ကျားယွီရဲ့စကားဝိုင်းကို တစ်ခွန်းမှဝင်မပြောမိပေ။သူမရဲ့မျက်နှာမှာတော့ ပျော်ရွှင်မှုအရိပ်အယောင်တွေကပြည့်နှက်နေသည်။သူမရဲ့နှလုံးသားလေးဟာလည်း ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေသည်။ရှောင်းကျန့်....နင်ပျက်စီးရမယ့်နေ့ကရောက်လာတော့မှာ။ရှောင်းကျန့်ကိုသူမခြေထောက်အောက်မှာနင်းခြေပစ်ဖို့ သူမမစောင့်နိုင်တော့ဘူး။အပြင်ကအ‌စေခံမ‌လေးရဲ့အသံကသူမရဲ့အ‌တွေးတွေကိုပျက်သွားစေသည်။

"မင်းသားယွင်ကျောက် အခစားဝင်ပါတယ်မိဖုရား...."

ယွင်ကျောက်ရဲ့နာမည်ကိုကြားလိုက်တာနဲ့ မိဖုရားလွီရဲ့မျက်နှာဟာအပြုံးပန်းဝေသွားရသည်။

"မြန်မြန်ဝင်ခိုင်းလိုက်ပါ...."

"ဟုတ်ကဲ့...."

ခနအကြာမှာတော့အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ ယွင်ကျောက်ဟာအခန်းထဲသို့ဝင်ရောက်လာသည်။ယွင်ကျောက်ကမိဖုရားလွီကိုဦးညွှတ်ဂါရဝပြုလိုက်သည်။

"မယ်တော်....."

ရှောင်ကျားယွီနဲ့လွီမေအော်ကလည်း ယွင်ကျောက်ကိုဦးညွှတ်ကာဂါရဝပြုလိုက်သည်။ယွင်ကျောက်ကအသိအမှတ်ပြုတဲ့အနေနဲ့ သူတို့နှစ်ဦးကိုခေါင်းညှိမ့်ပြလိုက်သည်။

"သားတော်.....ဒီလောက်နောက်ကျမှမယ်တော့်ဆီကိုဘာလို့ရောက်လာတာလဲ...."

"မယ်တော့်ကိုပြောစရာရှိလို့ပါ..."

"ဘာကိစ္စလဲ...သားတော်....ပြောလေ...."

ယွင်ကျောက်ကပြောရခက်နေပုံနှင့် လွီမေအော်နှင့်ရှောင်ကျားယွီကိုတစ်ချက်ကြည့်လိုက်သည်။အ‌ကြောင်းကသူတို့နှစ်ယောက်ကိုထွက်သွားစေချင်သည့်သဘော။ထို့ကြောင့် ရှောင်ကျားယွီနဲ့လွီမေအော်က မိဖုရားလွီနဲ့ယွင်ကျောက်ကိုဦးညွှတ်နှုတ်ဆက်ကာ အခန်းထဲမှထွက်သွားသည်။

ရှောင်ကျားယွီနဲ့လွီမေအော်အခန်းထဲကထွက်သွားတာနဲ့ မိဖုရားလွီဟာယွင်ကျောက်ရဲ့လက်ကိုဆွဲကာထိုင်ခုံပေါ်တွင်ထိုင်စေလိုက်သည်။ယွင်ကျောက်အတွက် လက်ဖက်ရည်ကြမ်းကိုငှဲ့ပေးနေစဉ် ယွင်ကျောက်ပြောလိုက်တဲ့စကားကြောင့်မိဖုရားလွီ လက်ထဲကခွက်လေးဟာအောက်သို့ပြုတ်ကျသွားရသည်။ထိုခွက်ကိုသူမအာရုံမစိုက်နိုင်။သူမအရှေ့ကသူမရဲ့သားကိုသာမယုံကြည်နိုင်စွာကြည့်နေမိသည်။

"သားတော်.....အခုဘာပြောလိုက်တာလဲ...."

"ကျွန်တော်....အိမ်ရှေ့စံဖြစ်ချင်တယ်..."

သူမနားကြားလွဲတာမဟုတ်မှန်းသိလိုက်ရချိန်မှာသူမရင်ထဲမှာ ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်လာသည်။ပျော်လွန်းတာကြောင့် သူမလက်ချောင်းတွေပါတုန်ယင်လာကြသည်။အရင်ကသူမကျီရွှမ်းကို အိမ်ရှေ့စံနေရာကဖြုတ်ချချင်ပေမယ့်လည်း ယွင်ကျောက်ကသူမဘက်မှာမရှိတဲ့အတွက် မလွယ်ကူလှ။အခုတော့သူမသားကသူမဘက်မှာရှိလာပြီ။သူမရဲ့ပျော်ရွှင်မှုကြောင့်တုန်ယင်နေတဲ့လက်တွေနဲ့ ယွင်ကျောက်ရဲ့လက်တွေကိုဆုပ်ကိုင်လိုက်သည်။

"သားတော်ရဲ့ဆုံးဖြတ်ချက်မှန်တယ်။သားတော်ကသာ အဲ့နေရာနဲ့အထိုက်တန်ဆုံးလူ။သားတော်အဲ့နေရာကိုရအောင် မယ်တော်အစွမ်းကုန်လုပ်ပေးမယ်...."

"ဒါပေမယ့်မယ်တော်....ညီတော်ကိုမထိခိုက်ပါစေနဲ့...."

ဒါကိုတော့သူမအာမမခံနိုင်ပါ။ဒါပေမယ့်လည်းသူမသားစိတ်ချမ်းသာဖို့အတွက် ကတိပေးလိုက်သည်။

"ကျီရွှမ်းကလည်း မယ်တော့်ရဲ့သားပါ။မယ်တော်ထိခိုက်အောင်မလုပ်ပါဘူး...."

မျက်လုံးကအငြိမ်မနေဘဲ ဟိုကြည့်ဒီကြည့်ဖြစ်နေတဲ့သူမသားတော်ကို မိဖုရားလွီကြည့်လိုက်သည်။သူမငယ်ငယ်တည်းကထိန်းကျောင်းလာခဲ့တဲ့သားတော်ဖြစ်တဲ့အတွက် ဒီအမူအရာကဘာဖြစ်နေလဲဆိုတာကိုသူမသိသည်။သူမသားကသူမကိုတစ်ခုခုပြောချင်ပေမယ့် စိတ်လှုပ်ရှားပြီးပြောမထွက်တဲ့အချိန်တိုင်း ထိုအမူအရာကိုလုပ်လေ့ရှိသည်။

"မယ်တော့်ကိုဘာပြောစရာကျန်သေးလဲ...သားတော်..."

သူမ‌စကားကိုကြားမှသူမသားရဲ့ မျက်ဝန်းတွေကသူမကိုစိုက်ကြည့်လာကြသည်။

"ကျွန်တော်....တောင်းဆိုစရာတစ်ခုရှိတယ်..."

"ဘာများလဲ....သားတော်..."

"ကျွန်တော်ရှာနေခဲ့တဲ့သူကရှောင်းကျန့်ပါ...မယ်တော်။ရှောင်းကျန့်ကို ကျွန်တော့်မိဖုရားအနေနဲ့လိုချင်တယ်..."

သူမသားရဲ့စကားကြောင့်သူမအံ့ဩမိသွားသည်။ရှောင်းကျန့်ဆိုတဲ့တစ်ယောက်ကဘာတွေများတန်ဖိုးရှိနေလို့ သူမသားရော၊ကျီရွှမ်းရော၊ပြီးတော့ ဝမ်ရိပေါ်ဆိုတဲ့တစ်ယောက်ကရောအသည်းအသန်ဖြစ်နေကြတာလဲ။သူမသားစိတ်ချမ်းသာစေရန်သူမခေါင်းညှိမ့်လိုက်သည်။

"သားတော်သာအိမ်ရှေ့စံဖြစ်ရင် ဘယ်အရာမဆိုသားတော်အပိုင်ပဲ....."

____________________________________

မယ်တော့်နန်းဆောင်ကအပြန်မှာ ယွင်ကျောက်တစ်ခါမှခြေတစ်လှမ်းတောင်မချဖူးတဲ့ နန်းဆောင်သို့ခြေလှမ်းတွေကဦးတည်လိုက်သည်။သူရှာနေတဲ့လူက သူ့ညီတော်ရဲ့ကြင်ယာတော်ဖြစ်နေလိမ့်မယ်လို့ ယွင်ကျောက်တစ်ခါမှမတွေးမိဖူးပါ။ဘာကြောင့်များရှောင်းကျန့်နဲ့လက်ထပ်ရမယ့်သူဟာ သူမဖြစ်ခဲ့ပါလိမ့်။

ခနအကြာမှာတော့သူဦးတည်တဲ့နန်းဆောင်ကိုရောက်ရှိသွားသည်။မီးလင်းနေတဲ့နန်းဆောင်လေးကိုသူငေးကြည့်နေမိသည်။ယွင်ကျောက်အချိန်ခနကြာအောင် နန်းဆောင်လေးကိုငေးကြည့်နေပြီးမှ သူလှည့်ပြန်လိုက်သည်။ဒါပေမယ့်သူ့ရဲ့မြင်ကွင်းထဲဝင်လာတာက အဖြူရောင်အရိပ်လေး။အဖြူရောင်အရိပ်လေးကသစ်ပင်အောက်မှာထိုင်ရင်း ကောင်းကင်ပေါ်ကလမင်းကြီးကိုငေးကြည့်လို့နေသည်။

လရောင်အောက်မှာအလှကြီးလှနေတဲ့အဖြူရောင်အရိပ်လေးကိုယွင်ကျောက် ငေးကြည့်နေမိသည်။အဖြူရောင်အရိပ်လေးကတော့ လမင်းကြီးကိုငေးလျက်။ထိုအဖြူရောင်အရိပ်လေးနန်းဆောင်ထဲပြန်ဝင်သွားကာမှ ယွင်ကျောက်လည်းသူ့နန်းဆောင်သို့ပြန်ခဲ့သည်။အဖြူ‌ရောင်အရိပ်လေးကိုပိုင်ဆိုင်ချင်တဲ့အတွက်သူ့လုပ်ရပ်ကမမှားဘူးလို့ထင်တာပဲ။

____________________________________

ကြာပန်းကန်ကအဖြစ်အပျက်ပြီးတဲ့ နောက်မှာတော့အိမ်ရှေ့စံမင်းသားရဲ့ကြင်ယာတော်ဟာ နတ်သားတစ်ပါးလိုလှပကြောင်း ကျိုးနိုင်ငံတစ်ခုလုံးပျံ့နှံ့သွားပြီဖြစ်သည်။စကားဆိုတဲ့အရာက ကားသွားတတ်တယ်ဆိုတဲ့အတိုင်း ကျိုးမြို့တစ်ခွင်မှာရှောင်းကျန့်ရဲ့အလှတရားအကြောင်းကမျိုးစုံထွက်ပေါ်လို့နေသည်။ဥပမာ-" အိမ်ရှေ့စံကြင်ယာတော်ရဲ့အလှကြောင့်မြင်ဖူးသူတိုင်းရူးသွားတယ် "တို့၊"အိမ်ရှေ့စံရဲ့ကြင်ယာတော်ကလှလွန်းတာကြောင့် မင်းသားသုံးပါးကလုနေကြတယ်"တို့၊ နောက်ဆုံးတစ်ခုကတော့ "ကြင်ယာတော်အလှလေးနှင့်ကိုယ်ရံတော်လေးရဲ့အချစ်ခရီး"ဆိုသည့်ယုံတမ်းစကားများကကျိုးမြို့အနှံ့ပျံ့လို့နေသည်။

ထိုအရာတွေရဲ့အဓိကဇာတ်လိုက်ဖြစ်တဲ့ရှောင်းကျန့်ကတော့ ကြာပန်းကန်ကအဖြစ်အပျက်ပြီးတည်းကအပြင်သိပ်မထွက်ဖြစ်တော့။သူ့ရဲ့နန်းဆောင်မှာသာစားလိုက်၊အိပ်လိုက်လုပ်နေသည်။အခုလည်း ဖေးဖေးအခွံနွှာပေးထားတဲ့ပန်းသီးစိတ်လေးများကိုထိုင်စားနေသည်။ထိုအချိန်မှာပဲရှောင်းကျန့်ဆီသို့အစေခံမလေးတစ်ယောက်ကရောက်ရှိလာသည်။သေချာကြည့်လိုက်တော့မိဖုရားလွီရဲ့အစေခံမလေးပင်ဖြစ်သည်။

"ကြင်ယာတော်ရှောင်းကိုမိဖုရားလွီကအခေါ်တော်ပါးလိုက်ပါတယ်..."

အစေခံမလေးရဲ့စကားကြောင့်ရှောင်းကျန့်လည်းလက်ထဲကပန်းသီးစိတ်လေးကိုချကာ မိဖုရားလွီဆီသွားရန်ပြင်လိုက်သည်။ဖေးဖေးကပါလိုက်ရန်လုပ်နေသည်ကိုထိုအစေခံမလေးကမြင်သည်နှင့်...

"ကြင်ယာတော်ရှောင်း....မိဖုရားလွီကနှစ်ကိုယ်ကြား အရေးကြီးတဲ့ကိစ္စပြောစရာရှိတာမို့ ဘယ်သူမှမခေါ်ဘဲတစ်ယောက်တည်း လာခဲ့ပါလို့မှာလိုက်ပါတယ်..."

ရှောင်းကျန့်မျက်ခုံးတစ်ဖက်ကိုပင့်လိုက်မိသည်။သူနဲ့မိဖုရားလွီကြားမှာ နှစ်ယောက်တည်းဆွေး‌နွေးရမယ့် အရေးကြီးကိစ္စဆိုတာရှိမှမရှိပဲ။

"ဖေးဖေး.....ဒီမှာပဲ‌နေပြီးငါပြန်လာတာကိုစောင့်နေ..."

"ဒါပေမယ့်.....ကြင်ယာတော်လေးကိုကျွန်မစိတ်မချဘူး...."

သူ့ကိုစိတ်မချဖြစ်နေတဲ့ဖေးဖေးရဲ့ခေါင်းကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။

"စိတ်မပူပါနဲ့....ဘာမှမဖြစ်ပါဘူး...."

ထွက်ခွာသွားတဲ့ကြင်ယာတော်လေးရဲ့ကျောပြင်ကိုကြည့်ပြီး ဖေးဖေးသက်ပြင်းချလိုက်သည်။သူမစိတ်ထဲတွင်ထင့်နေသည်။ကြင်ယာတော်လေးအန္တရာယ်ကင်းပါစေ။

___________________________________

အစေခံမလေးကမိဖုရားလွီရဲ့နန်းဆောင်ကိုမသွားဘဲ နန်းတော်အနောက်ကအဆောင်ပျက်တွေဆီသွားနေတာကြောင့် ရှောင်းကျန့်မသင်္ကာစွာဖြင့်မေးလိုက်သည်။

"ငါတို့အခုမိဖုရားလွီနန်းဆောင်ကိုသွားနေတာမဟုတ်ဘူးလား...."

"မိဖုရားလွီကအရေးကြီးကိစ္စပြောစရာရှိလို့ လူရှင်းတဲ့အနောက်နန်းဆောင်တွေမှာ တွေ့ဖို့ပြောလိုက်လို့ပါ...."

သူမရဲ့အပြောကြောင့်ရှောင်းကျန့်လည်းထပ်မမေးဖြစ်တော့။နန်းဆောင်တစ်ခုရောက်တဲ့အခါမှာတော့ အစေခံမလေးကခြေလှမ်းတွေကိုရပ်လိုက်တာကြောင့် ရှောင်းကျန့်လည်းရပ်လိုက်သည်။

"မိဖုရားလွီအထဲမှာစောင့်နေပါတယ်...ကြင်ယာတော်....ဝင်သွားလိုက်ပါ...."

ထိုအစေခံမလေးညွှန်ပြတဲ့နန်းဆောင်ထဲသို့ရှောင်းကျန့်ဝင်လာလိုက်သည်။လူအသုံးမပြုတာကြာပြီဖြစ်တာကြောင့်နန်းဆောင်မှာ ဖုန်တွေ၊ပင့်ကူမျှင်တွေနဲ့ပြည့်နှက်နေသည်။နန်းဆောင်ထဲကိုရောက်တော့ သူ့ကိုကျောပေးရပ်နေတဲ့လူတစ်ယောက်။ထိုလူကခြေသံကြားသည်ထင်ပါရဲ့။အနောက်သို့လှည့်ကြည့်လာသည်။

"ရိပေါ်....မင်းဒီမှာဘာလုပ်နေတာလဲ...."

သူအံ့ဩစွာဖြင့်မေးလိုက်သည်။ရိပေါ်ကလည်းသူ့ကိုအံ့ဩစွာဖြင့်ကြည့်နေသည်။

"အိမ်ရှေ့စံမင်းသားကခေါ်တယ်ဆိုလို့....ဒါနဲ့....ကြင်ယာတော်ကရော...."

"မိဖုရားလွီကတွေ့ချင်တယ်ဆိုလို့...."

သူတို့နှစ်ယောက်အံ့ဩနေကြတုန်းမှာပဲ အပြင်ကဆူညံသံတွေကိုကြားလိုက်သည်။ခနအကြာမှာတော့ခြေထောက်တစ်စုံက နန်းဆောင်ရဲ့တံခါးကိုကန်ကာဖွင့်လိုက်သည်။သူတို့မြင်လိုက်ရတာကဒေါသတကြီးနဲ့ ကျီရွှမ်းကိုပဲ။ကျီရွှမ်းရဲ့မျက်နှာကတည်တင်းလို့နေပြီး အနောက်မှာတော့သူ့ရဲ့ကိုယ်ရံတော်တပ်ကခြံရံလျက်။

"ငါကိုယ်တော့်ကို အရူးလုပ်ရတာပျော်ရဲ့လား....ရှောင်းကျန့်..."

ကျီရွှမ်းပြောတဲ့စကားကိုရှောင်းကျန့်နားမလည်ပါ။အခုဘာတွေဖြစ်နေမှန်းလည်းသူမသိပါ။သူ့ကိုမိဖုရားလွီကခေါ်လို့ သူလိုက်လာတယ်။ဒီရောက်တော့ဝမ်ရိပေါ်ကိုတွေ့လိုက်ရတယ်။အခုဒေါသထွက်နေတဲ့ကျီရွှမ်းကရောက်လာတယ်။ရှောင်းကျန့်ဉာဏ်ကောင်းတယ်ဆိုတာ မှန်ပေမယ့်လည်းအခုကိစ္စကိုတော့သူနားမလည်ပါ။

အိမ်ရှေ့စံရဲ့အနောက်က အောင်နိုင်သူအပြုံးနဲ့ရှောင်ကျားယွီကို မြင်လိုက်တာနဲ့ ရိပေါ်ဒီကိစ္စကိုသဘောပေါက်သွားခဲ့ပြီ။သူချောက်တွန်းခံရပြီ။

"ဝမ်ရိပေါ်ကို ဖမ်းလိုက်...."

ကျီရွှမ်းရဲ့စကားကြောင့် ကိုယ်ရံတော်တပ်တွေရိပေါ်အနားကိုမသွားခင် ရိပေါ်ရဲ့အရှေ့မှာရှောင်းကျန့်ပိတ်ရပ်လိုက်သည်။အခုဘာတွေဖြစ်နေမှန်းသူနားမလည်ပေမယ့် ရိပေါ်ကိုသူကာကွယ်ရမည်။သူ့ရဲ့အပြုအမူကြောင့်ကျီရွှမ်းရဲ့ မျက်နှာထက်တွင်လူသတ်ချင်တဲ့အရိပ်အယောင်တွေပေါ်ပေါက်လာသည်။ချစ်လွန်းလို့လွှတ်ထားတာရှောင်းကျန့်....တခြားတစ်ယောက်ဆီကိုပေးလိုက်ဖို့လွှတ်ထားတာမဟုတ်ဘူး။

ကျီရွှမ်းရဲ့ ဒေါသမာန်အပြည့်နဲ့မျက်လုံးတွေနဲ့ ရိပေါ်ရဲ့စူးရဲတဲ့မျက်လုံးတွေ အကြည့်ချင်းဆုံသွားကြသည်။ဒီလိုအခြေအနေမှာတောင်တည်ငြိမ်ပြီးယုံကြည်မှု အပြည့်ရှိနေတဲ့ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကကျီရွှမ်းကိုစိန်ခေါ်နေသည့်အလား။အကြည့်ချင်းစစ်တိုက်နေတဲ့ ထိုနှစ်ယောက်ရဲ့အလယ်မှာ ရှောင်းကျန့်ကရပ်လျက်။

______________________________________

18.6.2020

♡.








Zawgyi






"မင္းဘာလို႔ဝမ္ရိေပၚကို ျဖဳတ္ခ်ခ်င္တာလဲ...."

မိဖုရားလြီဟာသူမေရွ႕မွာရပ္ေနတဲ့ေရွာင္က်ားယြီကို နားမလည္စြာေမးလိုက္သည္။

"ကိုယ္ရံေတာ္ေခါင္းေဆာင္ေနရာကို သူနဲ႔ကြၽန္ေတာ့္ႏွစ္ေယာက္ထဲကတစ္ေယာက္ကိုေ႐ြးမွာ။သူမရွိမွ ကြၽန္ေတာ္ကကိုယ္ရံေတာ္ေခါင္းေဆာင္ေနရာကိုရမွာေလ....။ဒါေၾကာင့္သူ႔ကိုလုံးဝကြယ္ေပ်ာက္သြားေစခ်င္တယ္..."

ေရွာင္က်ားယြီရဲ႕မ်က္ႏွာဟာ ထိုစကားကိုေျပာေနစဥ္အတြင္းမေက်နပ္မႈေတြနဲ႔ျပည့္ႏွက္လို႔ေနသည္။

"ကိုယ္ရံေတာ္ေ႐ြးခ်ယ္ပြဲ အဆင့္မွာတည္းကကြၽန္ေတာ္တျခားလူေတြထက္သာေအာင္ႀကိဳးစားခဲ့တယ္။ဒါေပမယ့္အားလုံးထဲမွာအေတာ္ဆုံးဆိုတဲ့ေနရာက ဝမ္ရိေပၚဆိုတဲ့ေကာင္ေၾကာင့္ပ်က္စီးသြားခဲ့တယ္။က်န္တဲ့လူေတြက ကြၽန္ေတာ့္ကိုမေက်ာ္ႏိုင္ေပမယ့္ ဝမ္ရိေပၚ.....သူကကြၽန္ေတာ္နဲ႔တန္းတူလုပ္ႏိုင္တယ္။မဟုတ္ေသးဘူး....သူကကြၽန္ေတာ့္ထက္ပိုေတာင္ေတာ္အုံးမယ္။သူ႔ကိုသမား႐ိုးက်နည္းနဲ႔အႏိုင္မတိုက္ႏိုင္မွေတာ့ သူ႔အားနည္းခ်က္ကိုပဲရွာရေတာ့တာေပါ့။ဒါေပမယ့္.....သူ႔မွာအႀကီးမားဆုံးအားနည္းခ်က္ႀကီးရွိေနလိမ့္မယ္လို႔မထင္ထားမိဘူး...."

ေရွာင္က်ားယြီရဲ႕မ်က္ႏွာမွာ ရိေပၚရဲ႕အားနည္းခိက္ကိုရေအာင္ရွာႏိုင္တဲ့အတြက္ဂုဏ္ယူတဲ့အၿပဳံးတစ္ခုကရွိေနသည္။ေရွာင္က်ားယြီရဲ႕ယုံၾကည္မႈအျပည့္ရွိေနတဲ့မ်က္ႏွာေၾကာင့္ မိဖုရားလြီစိတ္ေအးသြားသည္။ဒီသတင္းကမွန္ေလာက္ပါတယ္။

"မင္းေျပာတဲ့သတင္းကမွန္တယ္ပဲထားပါအုံး...။သက္ေသမရွိဘဲနဲ႔ အိမ္ေရွ႕စံမင္းသားကိုသြားေျပာရင္ အိမ္ေရွ႕စံမင္းသားကယုံမယ္လို႔ထင္လား။မင္းလည္းသိတာပဲ...။အိမ္ေရွ႕စံကေရွာင္းက်န႔္ကိုဘယ္ေလာက္‌ေတာင္သေဘာက်လဲဆိုတာ...."

မိဖုရားလြီကေျပာေနရင္းနဲ႔မွႏႈတ္ခမ္းကိုတစ္ခ်က္မဲ့ကာစဥ္းစားလိုက္သည္။က်ီ႐ႊမ္းသေဘာက်ေအာင္ ေရွာင္းက်န႔္ဆိုတဲ့အေကာင္ကဘယ္ေလာက္ေတာင္ေပါင္ကိုၿဖဲေပးၿပီးျမႇဴစြယ္ထားလဲမွမသိတာ။သူမသြားေျပာရင္ေတာင္က်ီ႐ႊမ္းကယုံမွာမဟုတ္ဘူး။မိဖုရားလြီရဲ႕အေျပာကိုၾကားတဲ့အခါမွာ ေရွာင္က်ားယြီက တစ္ခ်က္ၿပဳံးသည္။

"သက္ေသဆိုတာက ရွိေအာင္လုပ္ယူလို႔ရတယ္။အဓိကကမိဖုရားကကြၽန္ေတာ္နဲ႔ပူးေပါင္းဖို႔ပါပဲ..."

ယုံၾကည္မႈအျပည့္ရွိေနတဲ့ေရွာင္က်ားယြီကိုမိဖုရားလြီက မ်က္ခုံးတစ္ဖက္ကိုပင့္လ်က္ၾကည့္လိုက္သည္။

"ေကာင္းၿပီေလ....ငါမင္းနဲ႔ပူးေပါင္းမယ္။ငါတို႔အခုဘာလုပ္ၾကမလဲ....."

ေရွာင္က်ားယြီရဲ႕မ်က္ႏွာထက္တြင္ ေကာက္က်စ္ယုတ္မာတဲ့အၿပဳံးတစ္ခုက ေပၚေပါက္လာသည္။

"ကြၽန္ေတာ္တို႔လုပ္ရမွာလြယ္လြယ္ေလးပါ...။အခ်စ္ႀကီးရင္အမ်က္ႀကီးတယ္ဆိုတဲ့ အခ်က္ကိုအသုံးခ်လိုက္႐ုံပဲ....."

လြီေမေအာ္ကေတာ့ မိဖုရားလြီနဲ႔ေရွာင္က်ားယြီရဲ႕စကားဝိုင္းကို တစ္ခြန္းမွဝင္မေျပာမိေပ။သူမရဲ႕မ်က္ႏွာမွာေတာ့ ေပ်ာ္႐ႊင္မႈအရိပ္အေယာင္ေတြကျပည့္ႏွက္ေနသည္။သူမရဲ႕ႏွလုံးသားေလးဟာလည္း ေပ်ာ္႐ႊင္မႈေတြနဲ႔ျပည့္ႏွက္ေနသည္။ေရွာင္းက်န႔္....နင္ပ်က္စီးရမယ့္ေန႔ကေရာက္လာေတာ့မွာ။ေရွာင္းက်န႔္ကိုသူမေျခေထာက္ေအာက္မွာနင္းေျခပစ္ဖို႔ သူမမေစာင့္ႏိုင္ေတာ့ဘူး။အျပင္ကအ‌ေစခံမ‌ေလးရဲ႕အသံကသူမရဲ႕အ‌ေတြးေတြကိုပ်က္သြားေစသည္။

"မင္းသားယြင္ေက်ာက္ အခစားဝင္ပါတယ္မိဖုရား...."

ယြင္ေက်ာက္ရဲ႕နာမည္ကိုၾကားလိုက္တာနဲ႔ မိဖုရားလြီရဲ႕မ်က္ႏွာဟာအၿပဳံးပန္းေဝသြားရသည္။

"ျမန္ျမန္ဝင္ခိုင္းလိုက္ပါ...."

"ဟုတ္ကဲ့...."

ခနအၾကာမွာေတာ့အနက္ေရာင္ဝတ္စုံကိုဝတ္ဆင္ထားတဲ့ ယြင္ေက်ာက္ဟာအခန္းထဲသို႔ဝင္ေရာက္လာသည္။ယြင္ေက်ာက္ကမိဖုရားလြီကိုဦးၫႊတ္ဂါရဝျပဳလိုက္သည္။

"မယ္ေတာ္....."

ေရွာင္က်ားယြီနဲ႔လြီေမေအာ္ကလည္း ယြင္ေက်ာက္ကိုဦးၫႊတ္ကာဂါရဝျပဳလိုက္သည္။ယြင္ေက်ာက္ကအသိအမွတ္ျပဳတဲ့အေနနဲ႔ သူတို႔ႏွစ္ဦးကိုေခါင္းညႇိမ့္ျပလိုက္သည္။

"သားေတာ္.....ဒီေလာက္ေနာက္က်မွမယ္ေတာ့္ဆီကိုဘာလို႔ေရာက္လာတာလဲ...."

"မယ္ေတာ့္ကိုေျပာစရာရွိလို႔ပါ..."

"ဘာကိစၥလဲ...သားေတာ္....ေျပာေလ...."

ယြင္ေက်ာက္ကေျပာရခက္ေနပုံႏွင့္ လြီေမေအာ္ႏွင့္ေရွာင္က်ားယြီကိုတစ္ခ်က္ၾကည့္လိုက္သည္။အ‌ေၾကာင္းကသူတို႔ႏွစ္ေယာက္ကိုထြက္သြားေစခ်င္သည့္သေဘာ။ထို႔ေၾကာင့္ ေရွာင္က်ားယြီနဲ႔လြီေမေအာ္က မိဖုရားလြီနဲ႔ယြင္ေက်ာက္ကိုဦးၫႊတ္ႏႈတ္ဆက္ကာ အခန္းထဲမွထြက္သြားသည္။

ေရွာင္က်ားယြီနဲ႔လြီေမေအာ္အခန္းထဲကထြက္သြားတာနဲ႔ မိဖုရားလြီဟာယြင္ေက်ာက္ရဲ႕လက္ကိုဆြဲကာထိုင္ခုံေပၚတြင္ထိုင္ေစလိုက္သည္။ယြင္ေက်ာက္အတြက္ လက္ဖက္ရည္ၾကမ္းကိုငွဲ႔ေပးေနစဥ္ ယြင္ေက်ာက္ေျပာလိုက္တဲ့စကားေၾကာင့္မိဖုရားလြီ လက္ထဲကခြက္ေလးဟာေအာက္သို႔ျပဳတ္က်သြားရသည္။ထိုခြက္ကိုသူမအာ႐ုံမစိုက္ႏိုင္။သူမအေရွ႕ကသူမရဲ႕သားကိုသာမယုံၾကည္ႏိုင္စြာၾကည့္ေနမိသည္။

"သားေတာ္.....အခုဘာေျပာလိုက္တာလဲ...."

"ကြၽန္ေတာ္....အိမ္ေရွ႕စံျဖစ္ခ်င္တယ္..."

သူမနားၾကားလြဲတာမဟုတ္မွန္းသိလိုက္ရခ်ိန္မွာသူမရင္ထဲမွာ ေပ်ာ္႐ႊင္မႈေတြနဲ႔ျပည့္ႏွက္လာသည္။ေပ်ာ္လြန္းတာေၾကာင့္ သူမလက္ေခ်ာင္းေတြပါတုန္ယင္လာၾကသည္။အရင္ကသူမက်ီ႐ႊမ္းကို အိမ္ေရွ႕စံေနရာကျဖဳတ္ခ်ခ်င္ေပမယ့္လည္း ယြင္ေက်ာက္ကသူမဘက္မွာမရွိတဲ့အတြက္ မလြယ္ကူလွ။အခုေတာ့သူမသားကသူမဘက္မွာရွိလာၿပီ။သူမရဲ႕ေပ်ာ္႐ႊင္မႈေၾကာင့္တုန္ယင္ေနတဲ့လက္ေတြနဲ႔ ယြင္ေက်ာက္ရဲ႕လက္ေတြကိုဆုပ္ကိုင္လိုက္သည္။

"သားေတာ္ရဲ႕ဆုံးျဖတ္ခ်က္မွန္တယ္။သားေတာ္ကသာ အဲ့ေနရာနဲ႔အထိုက္တန္ဆုံးလူ။သားေတာ္အဲ့ေနရာကိုရေအာင္ မယ္ေတာ္အစြမ္းကုန္လုပ္ေပးမယ္...."

"ဒါေပမယ့္မယ္ေတာ္....ညီေတာ္ကိုမထိခိုက္ပါေစနဲ႔...."

ဒါကိုေတာ့သူမအာမမခံႏိုင္ပါ။ဒါေပမယ့္လည္းသူမသားစိတ္ခ်မ္းသာဖို႔အတြက္ ကတိေပးလိုက္သည္။

"က်ီ႐ႊမ္းကလည္း မယ္ေတာ့္ရဲ႕သားပါ။မယ္ေတာ္ထိခိုက္ေအာင္မလုပ္ပါဘူး...."

မ်က္လုံးကအၿငိမ္မေနဘဲ ဟိုၾကည့္ဒီၾကည့္ျဖစ္ေနတဲ့သူမသားေတာ္ကို မိဖုရားလြီၾကည့္လိုက္သည္။သူမငယ္ငယ္တည္းကထိန္းေက်ာင္းလာခဲ့တဲ့သားေတာ္ျဖစ္တဲ့အတြက္ ဒီအမူအရာကဘာျဖစ္ေနလဲဆိုတာကိုသူမသိသည္။သူမသားကသူမကိုတစ္ခုခုေျပာခ်င္ေပမယ့္ စိတ္လႈပ္ရွားၿပီးေျပာမထြက္တဲ့အခ်ိန္တိုင္း ထိုအမူအရာကိုလုပ္ေလ့ရွိသည္။

"မယ္ေတာ့္ကိုဘာေျပာစရာက်န္ေသးလဲ...သားေတာ္..."

သူမ‌စကားကိုၾကားမွသူမသားရဲ႕ မ်က္ဝန္းေတြကသူမကိုစိုက္ၾကည့္လာၾကသည္။

"ကြၽန္ေတာ္....ေတာင္းဆိုစရာတစ္ခုရွိတယ္..."

"ဘာမ်ားလဲ....သားေတာ္..."

"ကြၽန္ေတာ္ရွာေနခဲ့တဲ့သူကေရွာင္းက်န႔္ပါ...မယ္ေတာ္။ေရွာင္းက်န႔္ကို ကြၽန္ေတာ့္မိဖုရားအေနနဲ႔လိုခ်င္တယ္..."

သူမသားရဲ႕စကားေၾကာင့္သူမအံ့ဩမိသြားသည္။ေရွာင္းက်န႔္ဆိုတဲ့တစ္ေယာက္ကဘာေတြမ်ားတန္ဖိုးရွိေနလို႔ သူမသားေရာ၊က်ီ႐ႊမ္းေရာ၊ၿပီးေတာ့ ဝမ္ရိေပၚဆိုတဲ့တစ္ေယာက္ကေရာအသည္းအသန္ျဖစ္ေနၾကတာလဲ။သူမသားစိတ္ခ်မ္းသာေစရန္သူမေခါင္းညႇိမ့္လိုက္သည္။

"သားေတာ္သာအိမ္ေရွ႕စံျဖစ္ရင္ ဘယ္အရာမဆိုသားေတာ္အပိုင္ပဲ....."

____________________________________

မယ္ေတာ့္နန္းေဆာင္ကအျပန္မွာ ယြင္ေက်ာက္တစ္ခါမွေျခတစ္လွမ္းေတာင္မခ်ဖူးတဲ့ နန္းေဆာင္သို႔ေျခလွမ္းေတြကဦးတည္လိုက္သည္။သူရွာေနတဲ့လူက သူ႔ညီေတာ္ရဲ႕ၾကင္ယာေတာ္ျဖစ္ေနလိမ့္မယ္လို႔ ယြင္ေက်ာက္တစ္ခါမွမေတြးမိဖူးပါ။ဘာေၾကာင့္မ်ားေရွာင္းက်န႔္နဲ႔လက္ထပ္ရမယ့္သူဟာ သူမျဖစ္ခဲ့ပါလိမ့္။

ခနအၾကာမွာေတာ့သူဦးတည္တဲ့နန္းေဆာင္ကိုေရာက္ရွိသြားသည္။မီးလင္းေနတဲ့နန္းေဆာင္ေလးကိုသူေငးၾကည့္ေနမိသည္။ယြင္ေက်ာက္အခ်ိန္ခနၾကာေအာင္ နန္းေဆာင္ေလးကိုေငးၾကည့္ေနၿပီးမွ သူလွည့္ျပန္လိုက္သည္။ဒါေပမယ့္သူ႔ရဲ႕ျမင္ကြင္းထဲဝင္လာတာက အျဖဴေရာင္အရိပ္ေလး။အျဖဴေရာင္အရိပ္ေလးကသစ္ပင္ေအာက္မွာထိုင္ရင္း ေကာင္းကင္ေပၚကလမင္းႀကီးကိုေငးၾကည့္လို႔ေနသည္။

လေရာင္ေအာက္မွာအလွႀကီးလွေနတဲ့အျဖဴေရာင္အရိပ္ေလးကိုယြင္ေက်ာက္ ေငးၾကည့္ေနမိသည္။အျဖဴေရာင္အရိပ္ေလးကေတာ့ လမင္းႀကီးကိုေငးလ်က္။ထိုအျဖဴေရာင္အရိပ္ေလးနန္းေဆာင္ထဲျပန္ဝင္သြားကာမွ ယြင္ေက်ာက္လည္းသူ႔နန္းေဆာင္သို႔ျပန္ခဲ့သည္။အျဖဴ‌ေရာင္အရိပ္ေလးကိုပိုင္ဆိုင္ခ်င္တဲ့အတြက္သူ႔လုပ္ရပ္ကမမွားဘူးလို႔ထင္တာပဲ။

____________________________________

ၾကာပန္းကန္ကအျဖစ္အပ်က္ၿပီးတဲ့ ေနာက္မွာေတာ့အိမ္ေရွ႕စံမင္းသားရဲ႕ၾကင္ယာေတာ္ဟာ နတ္သားတစ္ပါးလိုလွပေၾကာင္း က်ိဳးႏိုင္ငံတစ္ခုလုံးပ်ံ႕ႏွံ႔သြားၿပီျဖစ္သည္။စကားဆိုတဲ့အရာက ကားသြားတတ္တယ္ဆိုတဲ့အတိုင္း က်ိဳးၿမိဳ႕တစ္ခြင္မွာေရွာင္းက်န႔္ရဲ႕အလွတရားအေၾကာင္းကမ်ိဳးစုံထြက္ေပၚလို႔ေနသည္။ဥပမာ-" အိမ္ေရွ႕စံၾကင္ယာေတာ္ရဲ႕အလွေၾကာင့္ျမင္ဖူးသူတိုင္း႐ူးသြားတယ္ "တို႔၊"အိမ္ေရွ႕စံရဲ႕ၾကင္ယာေတာ္ကလွလြန္းတာေၾကာင့္ မင္းသားသုံးပါးကလုေနၾကတယ္"တို႔၊ ေနာက္ဆုံးတစ္ခုကေတာ့ "ၾကင္ယာေတာ္အလွေလးႏွင့္ကိုယ္ရံေတာ္ေလးရဲ႕အခ်စ္ခရီး"ဆိုသည့္ယုံတမ္းစကားမ်ားကက်ိဳးၿမိဳ႕အႏွံ႔ပ်ံ႕လို႔ေနသည္။

ထိုအရာေတြရဲ႕အဓိကဇာတ္လိုက္ျဖစ္တဲ့ေရွာင္းက်န႔္ကေတာ့ ၾကာပန္းကန္ကအျဖစ္အပ်က္ၿပီးတည္းကအျပင္သိပ္မထြက္ျဖစ္ေတာ့။သူ႔ရဲ႕နန္းေဆာင္မွာသာစားလိုက္၊အိပ္လိုက္လုပ္ေနသည္။အခုလည္း ေဖးေဖးအခြံႏႊာေပးထားတဲ့ပန္းသီးစိတ္ေလးမ်ားကိုထိုင္စားေနသည္။ထိုအခ်ိန္မွာပဲေရွာင္းက်န႔္ဆီသို႔အေစခံမေလးတစ္ေယာက္ကေရာက္ရွိလာသည္။ေသခ်ာၾကည့္လိုက္ေတာ့မိဖုရားလြီရဲ႕အေစခံမေလးပင္ျဖစ္သည္။

"ၾကင္ယာေတာ္ေရွာင္းကိုမိဖုရားလြီကအေခၚေတာ္ပါးလိုက္ပါတယ္..."

အေစခံမေလးရဲ႕စကားေၾကာင့္ေရွာင္းက်န႔္လည္းလက္ထဲကပန္းသီးစိတ္ေလးကိုခ်ကာ မိဖုရားလြီဆီသြားရန္ျပင္လိုက္သည္။ေဖးေဖးကပါလိုက္ရန္လုပ္ေနသည္ကိုထိုအေစခံမေလးကျမင္သည္ႏွင့္...

"ၾကင္ယာေတာ္ေရွာင္း....မိဖုရားလြီကႏွစ္ကိုယ္ၾကား အေရးႀကီးတဲ့ကိစၥေျပာစရာရွိတာမို႔ ဘယ္သူမွမေခၚဘဲတစ္ေယာက္တည္း လာခဲ့ပါလို႔မွာလိုက္ပါတယ္..."

ေရွာင္းက်န႔္မ်က္ခုံးတစ္ဖက္ကိုပင့္လိုက္မိသည္။သူနဲ႔မိဖုရားလြီၾကားမွာ ႏွစ္ေယာက္တည္းေဆြး‌ေႏြးရမယ့္ အေရးႀကီးကိစၥဆိုတာရွိမွမရွိပဲ။

"ေဖးေဖး.....ဒီမွာပဲ‌ေနၿပီးငါျပန္လာတာကိုေစာင့္ေန..."

"ဒါေပမယ့္.....ၾကင္ယာေတာ္ေလးကိုကြၽန္မစိတ္မခ်ဘူး...."

သူ႔ကိုစိတ္မခ်ျဖစ္ေနတဲ့ေဖးေဖးရဲ႕ေခါင္းကို ခပ္ဖြဖြပုတ္ေပးလိုက္သည္။

"စိတ္မပူပါနဲ႔....ဘာမွမျဖစ္ပါဘူး...."

ထြက္ခြာသြားတဲ့ၾကင္ယာေတာ္ေလးရဲ႕ေက်ာျပင္ကိုၾကည့္ၿပီး ေဖးေဖးသက္ျပင္းခ်လိုက္သည္။သူမစိတ္ထဲတြင္ထင့္ေနသည္။ၾကင္ယာေတာ္ေလးအႏၲရာယ္ကင္းပါေစ။

___________________________________

အေစခံမေလးကမိဖုရားလြီရဲ႕နန္းေဆာင္ကိုမသြားဘဲ နန္းေတာ္အေနာက္ကအေဆာင္ပ်က္ေတြဆီသြားေနတာေၾကာင့္ ေရွာင္းက်န႔္မသကၤာစြာျဖင့္ေမးလိုက္သည္။

"ငါတို႔အခုမိဖုရားလြီနန္းေဆာင္ကိုသြားေနတာမဟုတ္ဘူးလား...."

"မိဖုရားလြီကအေရးႀကီးကိစၥေျပာစရာရွိလို႔ လူရွင္းတဲ့အေနာက္နန္းေဆာင္ေတြမွာ ေတြ႕ဖို႔ေျပာလိုက္လို႔ပါ...."

သူမရဲ႕အေျပာေၾကာင့္ေရွာင္းက်န႔္လည္းထပ္မေမးျဖစ္ေတာ့။နန္းေဆာင္တစ္ခုေရာက္တဲ့အခါမွာေတာ့ အေစခံမေလးကေျခလွမ္းေတြကိုရပ္လိုက္တာေၾကာင့္ ေရွာင္းက်န႔္လည္းရပ္လိုက္သည္။

"မိဖုရားလြီအထဲမွာေစာင့္ေနပါတယ္...ၾကင္ယာေတာ္....ဝင္သြားလိုက္ပါ...."

ထိုအေစခံမေလးၫႊန္ျပတဲ့နန္းေဆာင္ထဲသို႔ေရွာင္းက်န႔္ဝင္လာလိုက္သည္။လူအသုံးမျပဳတာၾကာၿပီျဖစ္တာေၾကာင့္နန္းေဆာင္မွာ ဖုန္ေတြ၊ပင့္ကူမွ်င္ေတြနဲ႔ျပည့္ႏွက္ေနသည္။နန္းေဆာင္ထဲကိုေရာက္ေတာ့ သူ႔ကိုေက်ာေပးရပ္ေနတဲ့လူတစ္ေယာက္။ထိုလူကေျခသံၾကားသည္ထင္ပါရဲ႕။အေနာက္သို႔လွည့္ၾကည့္လာသည္။

"ရိေပၚ....မင္းဒီမွာဘာလုပ္ေနတာလဲ...."

သူအံ့ဩစြာျဖင့္ေမးလိုက္သည္။ရိေပၚကလည္းသူ႔ကိုအံ့ဩစြာျဖင့္ၾကည့္ေနသည္။

"အိမ္ေရွ႕စံမင္းသားကေခၚတယ္ဆိုလို႔....ဒါနဲ႔....ၾကင္ယာေတာ္ကေရာ...."

"မိဖုရားလြီကေတြ႕ခ်င္တယ္ဆိုလို႔...."

သူတို႔ႏွစ္ေယာက္အံ့ဩေနၾကတုန္းမွာပဲ အျပင္ကဆူညံသံေတြကိုၾကားလိုက္သည္။ခနအၾကာမွာေတာ့ေျခေထာက္တစ္စုံက နန္းေဆာင္ရဲ႕တံခါးကိုကန္ကာဖြင့္လိုက္သည္။သူတို႔ျမင္လိုက္ရတာကေဒါသတႀကီးနဲ႔ က်ီ႐ႊမ္းကိုပဲ။က်ီ႐ႊမ္းရဲ႕မ်က္ႏွာကတည္တင္းလို႔ေနၿပီး အေနာက္မွာေတာ့သူ႔ရဲ႕ကိုယ္ရံေတာ္တပ္ကၿခံရံလ်က္။

"ငါကိုယ္ေတာ့္ကို အ႐ူးလုပ္ရတာေပ်ာ္ရဲ႕လား....ေရွာင္းက်န႔္..."

က်ီ႐ႊမ္းေျပာတဲ့စကားကိုေရွာင္းက်န႔္နားမလည္ပါ။အခုဘာေတြျဖစ္ေနမွန္းလည္းသူမသိပါ။သူ႔ကိုမိဖုရားလြီကေခၚလို႔ သူလိုက္လာတယ္။ဒီေရာက္ေတာ့ဝမ္ရိေပၚကိုေတြ႕လိုက္ရတယ္။အခုေဒါသထြက္ေနတဲ့က်ီ႐ႊမ္းကေရာက္လာတယ္။ေရွာင္းက်န႔္ဉာဏ္ေကာင္းတယ္ဆိုတာ မွန္ေပမယ့္လည္းအခုကိစၥကိုေတာ့သူနားမလည္ပါ။

အိမ္ေရွ႕စံရဲ႕အေနာက္က ေအာင္ႏိုင္သူအၿပဳံးနဲ႔ေရွာင္က်ားယြီကို ျမင္လိုက္တာနဲ႔ ရိေပၚဒီကိစၥကိုသေဘာေပါက္သြားခဲ့ၿပီ။သူေခ်ာက္တြန္းခံရၿပီ။

"ဝမ္ရိေပၚကို ဖမ္းလိုက္...."

က်ီ႐ႊမ္းရဲ႕စကားေၾကာင့္ ကိုယ္ရံေတာ္တပ္ေတြရိေပၚအနားကိုမသြားခင္ ရိေပၚရဲ႕အေရွ႕မွာေရွာင္းက်န႔္ပိတ္ရပ္လိုက္သည္။အခုဘာေတြျဖစ္ေနမွန္းသူနားမလည္ေပမယ့္ ရိေပၚကိုသူကာကြယ္ရမည္။သူ႔ရဲ႕အျပဳအမူေၾကာင့္က်ီ႐ႊမ္းရဲ႕ မ်က္ႏွာထက္တြင္လူသတ္ခ်င္တဲ့အရိပ္အေယာင္ေတြေပၚေပါက္လာသည္။ခ်စ္လြန္းလို႔လႊတ္ထားတာေရွာင္းက်န႔္....တျခားတစ္ေယာက္ဆီကိုေပးလိုက္ဖို႔လႊတ္ထားတာမဟုတ္ဘူး။

က်ီ႐ႊမ္းရဲ႕ ေဒါသမာန္အျပည့္နဲ႔မ်က္လုံးေတြနဲ႔ ရိေပၚရဲ႕စူးရဲတဲ့မ်က္လုံးေတြ အၾကည့္ခ်င္းဆုံသြားၾကသည္။ဒီလိုအေျခအေနမွာေတာင္တည္ၿငိမ္ၿပီးယုံၾကည္မႈ အျပည့္ရွိေနတဲ့ဝမ္ရိေပၚရဲ႕မ်က္လုံးေတြကက်ီ႐ႊမ္းကိုစိန္ေခၚေနသည့္အလား။အၾကည့္ခ်င္းစစ္တိုက္ေနတဲ့ ထိုႏွစ္ေယာက္ရဲ႕အလယ္မွာ ေရွာင္းက်န႔္ကရပ္လ်က္။

______________________________________


18.6.2020


♡.



Continue Reading

You'll Also Like

19.6K 2.2K 17
လောင်းကြေးအနေနဲ့ ငါ့နှလုံးသားတစ်စုံ။ Binhao/Haobin fanfiction
4.5M 283K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...
7.1K 944 10
It all started when unbothered Park Sunghoon finds the new school doctor is quite amusing and couldn't stop teasing and bothering him just to see th...