Unicode
ရှောင်းကျန့်ရဲ့ရေစိုနေတဲ့အလှကိုမြင်ပြီး ကျီရွှမ်းလည်းကျောက်ရုပ်တစ်ရုပ်လိုရပ်နေမိသည်။မျက်ခုံးတန်းတန်းလေးတွေ၊မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးလေးတွေ၊ဖြောင့်စင်းနေတဲ့နှာတံလေးတွေ၊ရေစိုထားတာကြောင့်စိုစွတ်စွတ်လေးဖြစ်နေတဲ့နှုတ်ခမ်းရဲရဲလေး၊ပြီးတော့နှုတ်ခမ်းလေးအောက်ကမှဲ့နက်လေး။ရေစိုထားတာကြောင့်ကပ်နေတဲ့ အဖြူရောင်ဝတ်ရုံပါးလေးအောက်က အသားစိုင်ဖြူဖြူနုနုလေးတွေကြောင့် လည်ချောင်းတွေခြောက်လာရသည်။ထပ်ပြီးသာစိုက်ကြည့်နေမိရင် ပြောင်းလဲစပြုလာတဲ့သူ့ခန္ဓာကိုယ်ကိုသူထိန်းနိုင်တော့မှာမဟုတ်ပေ။ဒါကြောင့်မို့ ရှောင်းကျန့်ဆီကနေအကြည့်လွှဲလိုက်မိသည်။
သူ့ရဲ့အကြည့်တွေကိုရှောင်းကျန့်အနောက်ကကြာကန်ကြီးဆီသို့ပို့လိုက်သည်။သူ့ကိုယ်သူထိန်းချုပ်လိုက်နိုင်မှ တိတ်ဆိတ်နေတဲ့လူအုပ်ကြီးကိုသတိထားမိလိုက်သည်။လူအုပ်ကြီးကရှောင်းကျန့်ရဲ့ရေစိုအလှကို မျက်လုံးကျွတ်မတ်ငမ်းနေကြတာကြောင့် ကျီရွှမ်းရဲ့မျက်ခုံးတန်းနှစ်ခုဟာအလိုမကျမှုကြောင့်တွန့်ချိုးသွားရသည်။
သူပိုင်တဲ့အရာကိုမျက်လုံးကျွတ်မတတ်ငမ်းနေကြတဲ့ လူအုပ်ကြီးကြောင့်ကျီရွှမ်းရှောင်းကျန့်ဆီသို့သွားရန်ပြင်လိုက်သည်။သူသွားဖို့ပြင်နေတုန်းမှာပဲအနောက်ကတစ်စုံတစ်ယောက်က သူ့ထက်အရင်ရှောင်းကျန့်ဆီသို့ရောက်သွားသည်။ထိုလူကရေစိုနေတဲ့ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်လေးကို သူ့ရဲ့ဝတ်ရုံအမည်းနဲ့ဖုံးကွယ်လိုက်ကာ ရေထဲကရှောင်းကျန့်ကိုခါးကနေပွေ့ကာချီလိုက်သည်။ကျီရွှမ်းရဲ့မျက်နှာအလိုမကျမှုအပြင် ဒေါသတို့ပါဝင်ရောက်လာသည်။ရာရာစစ....ဘယ်သူကများသူပိုင်တဲ့အရာကိုထိရဲရတာလဲ....။
___________________________________
အစေခံမလေးရေထဲပြုတ်ကျမှာကြောင့် ရှောင်းကျန့်လှမ်းထိန်းပေးလိုက်တာ။ဒါပေမယ့်ထိုအစေခံမလေးကသူ့ကို တွန်းလိုက်မယ်လို့သူမထင်ထားမိဘူး။သူနဲ့လည်းအငြှိုးမရှိဘဲဘာကြောင့်များရှောင်းကျန့်ကို တွန်းချရတာလဲ။ရေထဲပြုတ်ကျသွားသော်လည်းငယ်ငယ်တည်းကသူ့ကိုရေကူးသင်ပေးထားတဲ့ ခမည်းတော်ကြောင့်သူ့အတွက် ရေကူးရန်မခက်ခဲပေ။
ဒါကြောင့်မို့ရေမျက်နှာပြင်ပေါ်ကိုလွယ်လွယ်ကူကူဘဲပြန်တက်လာနိုင်သည်။ရေထဲကိုရုတ်တရက်ကြီးပြုတ်ကျသွားပြီး ရေမွန်းသွားတာကြောင့်ရေမျက်နှာပြင်ပေါ်ရောက်တာနဲ့ လေကိုအသည်းအသန်ရှူမိသည်။ပြီးမှ သူ့ကိုမျက်လုံးကျွတ်မတ်ကြည့်နေတဲ့လူအုပ်ကြီးကိုသတိထားမိသွားသည်။ဘာကြောင့်များသူ့ကိုကြည့်နေကြပါလိမ့်။
ရေထဲမှာမျောနေတဲ့ ပုဝါစလေးကိုတွေ့မှသူ့ကိုဘာကြောင့်ကြည့်နေကြတယ်ဆိုတာကိုရှောင်းကျန့်ရိပ်မိလိုက်သည်။သူ့သက်တမ်းတစ်လျှောက်လုံးဖုံးကွယ်လာခဲ့တဲ့ လျှို့ဝှက်ချက်ဟာခနတာလောက် သတိမမူမိလိုက်တာနဲ့ပင် အကုန်ပေါ်သွားရပြီဖြစ်သည်။သတိမထားမိဘဲပေါ့ပျက်စွာနေမိတဲ့ သူ့ကိုယ်သူစိတ်ပျက်မိပါသည်။သက်ပြင်းတစ်ချက်ကိုချလိုက်ပြီး ရေထဲကနေတက်ဖို့ကြိုးစားနေတုန်းမှာပင် သူ့ရှေ့ကိုရောက်လာတဲ့ခြေထောက်တစ်စုံ။
ထိုခြေထောက်တစ်စုံရဲ့ပိုင်ရှင်ကို မော့ကြည့်လိုက်ချိန်မှာတော့ တွေ့လိုက်ရတဲ့မျက်နှာလေးကြောင့်ခုနကတည်ငြိမ်နေတဲ့ရှောင်းကျန့်ရဲ့နှလုံးသားလေးဟာ ပိုင်ရှင်ကိုတွေ့လိုက်တဲ့ခွေးပေါက်လေးတစ်ကောင်လိုပရမ်းပတာခုန်ပေါက်လာရသည်။သူ့ရှေ့မှာရပ်နေတဲ့ရိပေါ်ရဲ့မျက်နှာကို အကြည့်မလွှဲနိုင်ဘဲစိုက်ကြည့်နေမိသည်။
ရိပေါ်ကလူအုပ်ကြီးရဲ့ရမ္မက်လွှမ်းတဲ့အကြည့်တွေကို သူ့ခန္ဓာကိုယ်နဲ့ကွယ်လိုက်တာကြောင့်လူအုပ်ကြီးဟာရှောင်းကျန့်ကိုမမြင်ရတော့ဘဲ ရိပေါ်ရဲ့နောက်ကျောကိုသာမြင်ရတော့သည်။ရိပေါ်ကရေစိုနေတဲ့ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကို သူ့ရဲ့ဝတ်ရုံအမည်းကြီးနဲ့လွှမ်းခြုံပေးလိုက်သည်။ပြီးတာနဲ့ရှောင်းကျန့်ကို ခါးကနေပွေ့ချီကာရေထဲကဆယ်လိုက်သည်။ရုတ်တရက်ပွေ့ချီလိုက်တာကြောင့်ရှောင်းကျန့်လန့်သွားပြီး ရိပေါ်ရဲ့လည်ပင်းကိုသူ့ရဲ့လက်လေးတွေနဲ့တွယ်ချိတ်မိလိုက်သည်။
ရိပေါ်ကရှောင်းကျန့်ကိုမကြည့်ပေမယ့် ရှောင်းကျန့်ကတော့ရိပေါ်မျက်နှာကိုသာမလွှဲတမ်းကြည့်နေမိသည်။ရိပေါ်မျက်နှာကိုသာစိုက်ကြည့်နေမိတာကြောင့် ကုန်းပေါ်ပြန်ရောက်နေတာကိုပင်ရှောင်းကျန့်သတိမထားမိလိုက်။
ရိပေါ်လည်ပင်းကိုသိုင်းဖက်ထားတဲ့လက်တွေကိုဖြုတ်လိုက်ပေမယ့် ရိပေါ်ရင်ခွင်ထဲကနေတော့ရှောင်းကျန့်မထွက်မိသေး။ခနအကြာမှာတော့လက်တစ်ဖက်ကသူ့ကို ရိပေါ်ရဲ့ရင်ခွင်ထဲကနေဆွဲထုတ်လိုက်သည်။ထိုလက်ရဲ့ပိုင်ရှင်ကိုကြည့်မိတော့ ရိပေါ်ကိုအလိုမကျစွာကြည့်နေတဲ့ကျီရွှမ်းကိုတွေ့လိုက်ရသည်။
ကျီရွှမ်းကရှောင်းကျန့်ကိုပွေ့ချီလိုက်ပြီး ရိပေါ်ကိုစိုက်ကြည့်ကာပြောလိုက်သည်။
"ကိုယ်ရံတော်ဝမ်.....ပိုင်ရှင်ရှိတဲ့အရာကိုလက်လွတ်စပယ်မထိပါနဲ့...."
ရိပေါ်ကလက်သီးကိုတင်းတင်းဆုပ်ကာကျီရွှမ်းကိုဦးညွှတ်ပြီး ပြန်ပြောလိုက်သည်။
"ကျွန်တော်မျိုးသတိမမူဘဲလုပ်လိုက်မိပါတယ်။ခွင့်လွှတ်ပေးပါ အရှင့်သား...."
ကျီရွှမ်းကရိပေါ်ကိုဘာမှပြန်မပြောဘဲ ရှောင်းကျန့်ကိုပွေ့ချီလျက်ထွက်ခွာသွားသည်။ကျီရွှမ်းထွက်သွားတဲ့အထိ ရိပေါ်ထိုနေရာမှာမလှုပ်မယှက်ရပ်နေမိသည်။သူ့ကိုလိုက်ကြည့်နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကို ဥပေက္ခာပြုရသည်မှာခက်ခဲလွန်းလှပါသည်။
ကျီရွှမ်းရှောင်းကျန့်ကိုနန်းဆောင်ကိုပြန်ခေါ်လာလိုက်သည်။ရှောင်းကျန့်ရဲ့ရေစိုနေတဲ့ဝတ်ရုံလေးကို လဲပေးဖို့ကျီရွှမ်းကြိုးစားလိုက်သည်။ဒါပေမယ့်သူ့ရဲ့လက်ကို လက်သေးသေးလေးတွေကတားလိုက်သည်။
"ကျွန်တော်....ကိုယ့်ဘာသာကိုယ်လဲလို့ရတယ်..."
ရှောင်းကျန့်ရဲ့စကားကြောင့် ဝတ်ရုံခါးစည်းကြိုးပေါ်ရောက်နေတဲ့ သူ့ရဲ့လက်တွေကိုပြန်ရုတ်လိုက်သည်။ပြီးတာနဲ့အခန်းပြင်ကိုထွက်ကာ စွပ်ပြုတ်တစ်ပွဲယူခဲ့ဖို့ အစေခံတွေကိုမှာလိုက်သည်။ရှောင်းကျန့်အင်္ကျီလဲပြီးလောက်မယ့်အချိန်ရောက်မှအခန်းထဲကိုပြန်ဝင်လိုက်သည်။သူပြန်ဝင်လာချိန်မှာတော့ ရှောင်းကျန့်ကဝတ်ရုံအပြာလေးကိုပြောင်းလဲဝတ်ဆင်ပြီးနှင့်နေပြီ။
ဝတ်ရုံအပြာလေးကိုဝတ်ဆင်ပြီးကုတင်ပေါ်မှာထိုင်နေတဲ့ ရှောင်းကျန့်ခန္ဓာကိုယ်လေးကိုနွေးသွားအောင်စောင်နဲ့ပတ်ပေးထားလိုက်သည်။ခနအကြာမှာတော့ စွပ်ပြုတ်ပန်းကန်ကိုကိုင်လျက်ဖေးဖေးကပြန်ဝင်လာသည်။ဖေးဖေးဆီကစွပ်ပြုတ်ကိုယူလိုက်ပြီး ရှောင်းကျန့်ကိုခွံ့ကျွေးရန်ပြင်လိုက်သည်။
ကိုယ့်ဘာသာကိုယ်သောက်မည်ဟုဆိုလာတာကြောင့် ရှောင်းကျန့်အလိုကျလုပ်ပေးလိုက်သည်။စွပ်ပြုတ်ကိုဖြည်းညှင်းစွာသောက်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ကျီရွှမ်းသက်ပြင်းချလိုက်သည်။ရှောင်းကျန့်ရဲ့မျက်နှာကိုမြင်ဖူးသွားကြပြီ။သူဘယ်လိုလုပ်ရမလဲ။
ကျီရွှမ်းစဉ်းစားနေရင်းနဲ့မှ စွပ်ပြုတ်ဇွန်းကိုကိုင်ထားတဲ့ ရှောင်းကျန့်ရဲ့လက်လေးဆီသူ့ရဲ့အကြည့်တွေရောက်သွားသည်။လက်ပတ်အပြာရောင်လေး.....။သူဘယ်နေရာမှာမြင်ဖူးတာပါလိမ့်....။
__________________________________
"ဘုရားရေ.....ကြင်ယာတော်ရှောင်းကလှလိုက်တာ။နတ်သားလေးအတိုင်းပဲ...."
မိန်းကလေးတစ်ယောက်ရဲ့အသံကြားမှ လွီမေအော်သတိပြန်ဝင်လာသည်။အခုဘာတွေဖြစ်သွားတာလဲ။သူမတွေးထားတာအဲ့လိုမဟုတ်ဘူးလေ။အမှန်ဆိုအဲ့အကောင်က ရုပ်ဆိုးနေရမှာလေ။ဘာကြောင့်ဒီလောက်တောင်လှနေရတာလဲ။ဟင့်အင်း....မဖြစ်နိုင်တာ။အရင်ကရှောင်းကျန့်ကသူမထက်ရုပ်ဆိုးတယ်ထင်ပြီး မာန်တက်ခဲ့တာ။အခုတော့သူမလှတယ်ဆိုတာရှောင်းကျန့်ရဲ့ခြေဖျားတောင်မမှီပါပေ။
ဘာကြောင့်လဲ။ဘာကြောင့်....ယောက်ျားလေးတစ်ယောက်ကသူမထက်အစစအရာရာသာနေရတာလဲ။ရှောင်းကျန့်ရဲ့အလှကိုမြင်ပြီး သွေးပျက်နေသူမှာလွီမေအော်တစ်ယောက်တည်းမဟုတ်ပါပေ။လီဟွာသည်လည်းရှောင်းကျန့်မျက်နှာကိုမြင်လိုက်ရချိန် အသက်ရှူရပ်သွားသလိုတောင်ခံစားရသည်။ရှောင်းကျန့်ရဲ့မျက်နှာသည် မင်းသားတစ်ရဲ့ပန်းချီကားထဲကမိန်းကလေးနဲ့ထပ်တူညီနေခဲ့ပါသည်။ထိုမိန်းကလေးကိုရှာတာမတွေ့တဲ့အတွက်ထိုမိန်းကလေးဟာတကယ်မရှိဘူးလို့သူမထင်လိုက်တာ။သူမမှန်းတာမမှားဘူးဆိုရင်အခုအချိန်ယွင်ကျောက်ကလည်းရှောင်းကျန့်ရဲ့မျက်နှာကိုမြင်ပြီးလောက်ပြီ။အခုသူမဘာလုပ်ရမလဲ။
မိဖုရားလွီနဲ့ချင်းယွဲ့သည်လည်း သူမတို့မျက်လုံးနဲ့မြင်လိုက်ရတာကိုအခုထက်ထိမယုံနိုင်သေးပါ။တကယ်ကိုဘာတွေဖြစ်သွားတာလဲ။သူမတို့တွေးထားခဲ့တာဒီလိုအခြေအနေမဟုတ်ဘူးလေ။
____________________________________
မိဖုရားလွီရဲ့နန်းဆောင်မှာတော့ မိဖုရားလွီကကုတင်ပေါ်တွင်လှဲနေကာ ကုတင်ရှေ့ကစားပွဲခုံမှာတော့လွီမေအော်က မျက်စိပျက်မျက်နှာပျက်နှင့်ထိုင်နေသည်။
"မယ်တော်....သမီးတို့ဘာဆက်လုပ်ကြမလဲ။ရှောင်းကျန့်....သူကသမီးထက်အစစအရာရာသာနေတာ။သမီးတို့သူ့ကိုနိုင်ပါ့မလား..."
လွီမေအော်ရဲ့စကားကိုကြားတော့မိဖုရားလွီကကုတင်ပေါ်ကနေထလာကာ လွီမေအော်ထိုင်နေတဲ့နေရာသို့သွားလိုက်သည်။
"ဘာလို့အနိုင်မရရမှာလဲ။သမီးမေ့နေတာလား...။ရှောင်းကျန့်သမီးကိုဘယ်တော့မှအနိုင်မရနိုင်တဲ့အရာတစ်ခုရှိတယ်လေ...."
လွီမေအော်က သူမရဲ့စကားကိုနားမလည်သလိုဖြင့်မေးလာသည်။
"ဘာကြီးလဲ....မယ်တော်...."
"မျိုးဆက်လေ။သမီးကမိန်းကလေး...မျိုးဆက်ကိုမွေးထုတ်ပေးနိုင်တယ်။သူကတော့ဘယ်တော့မှအဲ့အရာကိုလုပ်နိုင်မှာမဟုတ်ဘူး..."
မိဖုရားလွီရဲ့စကားကိုကြားတာနဲ့ လွီမေအော်ရဲ့မျက်နှာမှာပျော်ရွှင်မှုတွေနဲ့ပြည့်နှက်သွားသည်။ဟုတ်တာပဲ။ဒီအရာကိုတော့ရှောင်းကျန့်ကလုံးဝလုပ်ပေးနိုင်မှာမဟုတ်ဘူး။ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်နေတုန်းမှာပင် အပြင်ကအစေခံမလေးရဲ့အသံကထွက်ပေါ်လာသည်။
"မိဖုရား...ကိုယ်ရံတော်ရှောင်ကတွေ့ခွင့်တောင်းပါတယ်...."
ကိုယ်ရံတော်ကတွေ့ချင်တယ်။ဘာကြောင့်ပါလိမ့်...။
"ဝင်ခိုင်းလိုက်...."
မိဖုရားလွီရဲ့စကားဆုံးတာနဲ့ ရှောင်ကျားယွီဝင်လာခဲ့သည်။
"မိဖုရားလွီကို ဂါရဝပြုပါတယ်...."
"မင်းကငါ့ကိုဘာလို့တွေ့ချင်ရတာလဲ....."
"ပူးပေါင်းချင်လို့ပါ...."
ရှောင်ကျားယွီရဲ့စကားကြောင့် မိဖုရားလွီကအံ့ဩသွားသည်။
"ဘာကိုပူးပေါင်းချင်တာလဲ...."
"ကျွန်တော်ကဝမ်ရိပေါ်ကိုဖြုတ်ချချင်တယ်။မိဖုရားက ကြင်ယာတော်ရှောင်းကိုဖြုတ်ချချင်တယ်။ကျွန်တော်တို့ပူးပေါင်းသင့်တယ်လို့မထင်ဘူးလား..."
ရှောင်ကျားယွီရဲ့စကားကိုသူမနားမလည်ပါ။ဒါကြောင့်သူမထပ်မေးလိုက်သည်။
"မင်းဘာကိုပြောချင်တာလဲ...."
မိဖုရားလွီရဲ့အမေးကိုကြားတော့ရှောင်ကျားယွီကတစ်ချက်ရယ်သည်။
"ကြင်ယာတော်ရှောင်းကဒီလောက်လှတာ။သူ့ကိုမြင်တဲ့လူတွေအကုန်လုံး ကျောက်ရုပ်တစ်ရုပ်လိုမလှုပ်မယှက်ဖြစ်ကုန်ကြတာ။ဒါပေမယ့်ဝမ်ရိပေါ်ကတော့ ဘာမှမဖြစ်တဲ့အပြင် ကြင်ယာတော်ရှောင်းကိုတောင်ပွေ့ချီလိုက်သေးတယ်...."
သူပြောတာကိုအခုထိသဘောပေါက်ပုံမပေါ်သေးတဲ့ မိဖုရားလွီကြောင့် ရှောင်ကျားယွီသက်ပြင်းချလိုက်သည်။
"ခုနကကြာကန်နားမှာရှိနေတဲ့လူတွေအကုန်လုံးက ကြင်ယာရှောင်းရဲ့မျက်နှာကိုပထမဆုံးအကြိမ်မြင်ဖူးတဲ့သူတွေချည်းပဲ။အိမ်ရှေ့စံကလွဲလို့ပေါ့။ဒါပေမယ့် ဝမ်ရိပေါ်....သူကကြင်ယာတော်ရှောင်းရဲ့အလှကိုမအံ့ဩတဲ့အပြင် လုပ်နေကျကိစ္စလိုမျိုး ကြင်ယာတော်ရှောင်းကိုတောင်ပွေ့ချီလိုက်သေးတယ်။ဘာကြောင့်လို့ထင်လဲ။ရှင်းနေတာပဲ။သူအရင်တည်းကကြင်ယာတော်ရှောင်း ရဲ့ခန္ဓာကိုယ်ကိုမြင်ဖူးနှင့်နေလို့ပေါ့...။ဝမ်ရိပေါ်နဲ့ကြင်ယာတော်ရှောင်းကချစ်သူတွေ...."
ရှောင်ကျားယွီရဲ့စကားအဆုံးမှာမိဖုရားလွီရဲ့မျက်နှာဟာအံ့ဩမှုတွေအထင်းသား။စိတ်လှုပ်ရှားမှုကြောင့်သူမရဲ့လက်ချောင်းတွေပင်တုန်ယင်နေသည်။
"မင်းပြောတာတွေက အမှန်တွေလား..."
"မိုးနဲ့မြေကိုတိုင်တည်ပြီးတောင်ပြောရဲတယ်။ကျွန်တော်ပြောတာအမှန်တွေပဲ...."
ရှောင်ကျားယွီရဲ့ယုံကြည်မှုအပြည့်နဲ့အဖြေကြောင့် မိဖုရားလွီဟာကျေနပ်အားရစွာရယ်လိုက်သည်။
"ကောင်းတယ်။အရမ်းကောင်းတယ်....နောက်ဆုံးတော့ရှောင်းကျန့်ကိုအနိုင်ပိုင်းနိုင်မယ့်အချက်ကိုတွေ့ခဲ့ပြီ...."
လွီမေအော်ဟာလည်းကြားလိုက်ရတဲ့သတင်းကြောင့် အားရကျေနပ်မိသည်။သူမရဲ့မျက်နှာမှာတော့ ကောက်ကျစ်တဲ့အပြုံးတစ်ခုကိုချိတ်ဆွဲလို့ထားသည်။ရှောင်းကျန့်....သိပ်မကြာခင်နင့်နေရာကိုငါရတော့မှာ...။စဉ်းစားရုံနဲ့တင်သူမပျော်မိသည်။အစ်ကိုကျီရွှမ်းကသူမအပိုင်ဖြစ်လာဖို့သိပ်မကြာတော့ပါဘူး။
___________________________________
16.6.2020
နေ့တိုင်းupdateပေးချင်တာသိလား။ဒါပေမယ့်ဂျပန်စာကလည်းလုပ်ရသေးတယ်၊guideကလည်းသင်ရသေးတော့ဘယ်လိုမှအဆင်မပြေလို့ပါ။ကြာသွားရင်ခွင့်လွှတ်ပါနော်:3
Zawgyi
ေရွာင္းက်န႔္ရဲ႕ေရစိုေနတဲ့အလွကိုျမင္ၿပီး က်ီ႐ႊမ္းလည္းေက်ာက္႐ုပ္တစ္႐ုပ္လိုရပ္ေနမိသည္။မ်က္ခုံးတန္းတန္းေလးေတြ၊မက္မြန္ပြင့္သ႑ာန္မ်က္လုံးေလးေတြ၊ေျဖာင့္စင္းေနတဲ့ႏွာတံေလးေတြ၊ေရစိုထားတာေၾကာင့္စိုစြတ္စြတ္ေလးျဖစ္ေနတဲ့ႏႈတ္ခမ္းရဲရဲေလး၊ၿပီးေတာ့ႏႈတ္ခမ္းေလးေအာက္ကမွဲ႔နက္ေလး။ေရစိုထားတာေၾကာင့္ကပ္ေနတဲ့ အျဖဴေရာင္ဝတ္႐ုံပါးေလးေအာက္က အသားစိုင္ျဖဴျဖဴႏုႏုေလးေတြေၾကာင့္ လည္ေခ်ာင္းေတြေျခာက္လာရသည္။ထပ္ၿပီးသာစိုက္ၾကည့္ေနမိရင္ ေျပာင္းလဲစျပဳလာတဲ့သူ႔ခႏၶာကိုယ္ကိုသူထိန္းႏိုင္ေတာ့မွာမဟုတ္ေပ။ဒါေၾကာင့္မို႔ ေရွာင္းက်န႔္ဆီကေနအၾကည့္လႊဲလိုက္မိသည္။
သူ႔ရဲ႕အၾကည့္ေတြကိုေရွာင္းက်န႔္အေနာက္ကၾကာကန္ႀကီးဆီသို႔ပို႔လိုက္သည္။သူ႔ကိုယ္သူထိန္းခ်ဳပ္လိုက္ႏိုင္မွ တိတ္ဆိတ္ေနတဲ့လူအုပ္ႀကီးကိုသတိထားမိလိုက္သည္။လူအုပ္ႀကီးကေရွာင္းက်န႔္ရဲ႕ေရစိုအလွကို မ်က္လုံးကြၽတ္မတ္ငမ္းေနၾကတာေၾကာင့္ က်ီ႐ႊမ္းရဲ႕မ်က္ခုံးတန္းႏွစ္ခုဟာအလိုမက်မႈေၾကာင့္တြန႔္ခ်ိဳးသြားရသည္။
သူပိုင္တဲ့အရာကိုမ်က္လုံးကြၽတ္မတတ္ငမ္းေနၾကတဲ့ လူအုပ္ႀကီးေၾကာင့္က်ီ႐ႊမ္းေရွာင္းက်န႔္ဆီသို႔သြားရန္ျပင္လိုက္သည္။သူသြားဖို႔ျပင္ေနတုန္းမွာပဲအေနာက္ကတစ္စုံတစ္ေယာက္က သူ႔ထက္အရင္ေရွာင္းက်န႔္ဆီသို႔ေရာက္သြားသည္။ထိုလူကေရစိုေနတဲ့ေရွာင္းက်န႔္ရဲ႕ခႏၶာကိုယ္ေလးကို သူ႔ရဲ႕ဝတ္႐ုံအမည္းနဲ႔ဖုံးကြယ္လိုက္ကာ ေရထဲကေရွာင္းက်န႔္ကိုခါးကေနေပြ႕ကာခ်ီလိုက္သည္။က်ီ႐ႊမ္းရဲ႕မ်က္ႏွာအလိုမက်မႈအျပင္ ေဒါသတို႔ပါဝင္ေရာက္လာသည္။ရာရာစစ....ဘယ္သူကမ်ားသူပိုင္တဲ့အရာကိုထိရဲရတာလဲ....။
___________________________________
အေစခံမေလးေရထဲျပဳတ္က်မွာေၾကာင့္ ေရွာင္းက်န႔္လွမ္းထိန္းေပးလိုက္တာ။ဒါေပမယ့္ထိုအေစခံမေလးကသူ႔ကို တြန္းလိုက္မယ္လို႔သူမထင္ထားမိဘူး။သူနဲ႔လည္းအျငႇိဳးမရွိဘဲဘာေၾကာင့္မ်ားေရွာင္းက်န႔္ကို တြန္းခ်ရတာလဲ။ေရထဲျပဳတ္က်သြားေသာ္လည္းငယ္ငယ္တည္းကသူ႔ကိုေရကူးသင္ေပးထားတဲ့ ခမည္းေတာ္ေၾကာင့္သူ႔အတြက္ ေရကူးရန္မခက္ခဲေပ။
ဒါေၾကာင့္မို႔ေရမ်က္ႏွာျပင္ေပၚကိုလြယ္လြယ္ကူကူဘဲျပန္တက္လာႏိုင္သည္။ေရထဲကို႐ုတ္တရက္ႀကီးျပဳတ္က်သြားၿပီး ေရမြန္းသြားတာေၾကာင့္ေရမ်က္ႏွာျပင္ေပၚေရာက္တာနဲ႔ ေလကိုအသည္းအသန္ရႉမိသည္။ၿပီးမွ သူ႔ကိုမ်က္လုံးကြၽတ္မတ္ၾကည့္ေနတဲ့လူအုပ္ႀကီးကိုသတိထားမိသြားသည္။ဘာေၾကာင့္မ်ားသူ႔ကိုၾကည့္ေနၾကပါလိမ့္။
ေရထဲမွာေမ်ာေနတဲ့ ပုဝါစေလးကိုေတြ႕မွသူ႔ကိုဘာေၾကာင့္ၾကည့္ေနၾကတယ္ဆိုတာကိုေရွာင္းက်န႔္ရိပ္မိလိုက္သည္။သူ႔သက္တမ္းတစ္ေလွ်ာက္လုံးဖုံးကြယ္လာခဲ့တဲ့ လွ်ိဳ႕ဝွက္ခ်က္ဟာခနတာေလာက္ သတိမမူမိလိုက္တာနဲ႔ပင္ အကုန္ေပၚသြားရၿပီျဖစ္သည္။သတိမထားမိဘဲေပါ့ပ်က္စြာေနမိတဲ့ သူ႔ကိုယ္သူစိတ္ပ်က္မိပါသည္။သက္ျပင္းတစ္ခ်က္ကိုခ်လိုက္ၿပီး ေရထဲကေနတက္ဖို႔ႀကိဳးစားေနတုန္းမွာပင္ သူ႔ေရွ႕ကိုေရာက္လာတဲ့ေျခေထာက္တစ္စုံ။
ထိုေျခေထာက္တစ္စုံရဲ႕ပိုင္ရွင္ကို ေမာ့ၾကည့္လိုက္ခ်ိန္မွာေတာ့ ေတြ႕လိုက္ရတဲ့မ်က္ႏွာေလးေၾကာင့္ခုနကတည္ၿငိမ္ေနတဲ့ေရွာင္းက်န႔္ရဲ႕ႏွလုံးသားေလးဟာ ပိုင္ရွင္ကိုေတြ႕လိုက္တဲ့ေခြးေပါက္ေလးတစ္ေကာင္လိုပရမ္းပတာခုန္ေပါက္လာရသည္။သူ႔ေရွ႕မွာရပ္ေနတဲ့ရိေပၚရဲ႕မ်က္ႏွာကို အၾကည့္မလႊဲႏိုင္ဘဲစိုက္ၾကည့္ေနမိသည္။
ရိေပၚကလူအုပ္ႀကီးရဲ႕ရမၼက္လႊမ္းတဲ့အၾကည့္ေတြကို သူ႔ခႏၶာကိုယ္နဲ႔ကြယ္လိုက္တာေၾကာင့္လူအုပ္ႀကီးဟာေရွာင္းက်န႔္ကိုမျမင္ရေတာ့ဘဲ ရိေပၚရဲ႕ေနာက္ေက်ာကိုသာျမင္ရေတာ့သည္။ရိေပၚကေရစိုေနတဲ့ေရွာင္းက်န႔္ရဲ႕ခႏၶာကိုယ္ကို သူ႔ရဲ႕ဝတ္႐ုံအမည္းႀကီးနဲ႔လႊမ္းၿခဳံေပးလိုက္သည္။ၿပီးတာနဲ႔ေရွာင္းက်န႔္ကို ခါးကေနေပြ႕ခ်ီကာေရထဲကဆယ္လိုက္သည္။႐ုတ္တရက္ေပြ႕ခ်ီလိုက္တာေၾကာင့္ေရွာင္းက်န႔္လန႔္သြားၿပီး ရိေပၚရဲ႕လည္ပင္းကိုသူ႔ရဲ႕လက္ေလးေတြနဲ႔တြယ္ခ်ိတ္မိလိုက္သည္။
ရိေပၚကေရွာင္းက်န႔္ကိုမၾကည့္ေပမယ့္ ေရွာင္းက်န႔္ကေတာ့ရိေပၚမ်က္ႏွာကိုသာမလႊဲတမ္းၾကည့္ေနမိသည္။ရိေပၚမ်က္ႏွာကိုသာစိုက္ၾကည့္ေနမိတာေၾကာင့္ ကုန္းေပၚျပန္ေရာက္ေနတာကိုပင္ေရွာင္းက်န႔္သတိမထားမိလိုက္။
ရိေပၚလည္ပင္းကိုသိုင္းဖက္ထားတဲ့လက္ေတြကိုျဖဳတ္လိုက္ေပမယ့္ ရိေပၚရင္ခြင္ထဲကေနေတာ့ေရွာင္းက်န႔္မထြက္မိေသး။ခနအၾကာမွာေတာ့လက္တစ္ဖက္ကသူ႔ကို ရိေပၚရဲ႕ရင္ခြင္ထဲကေနဆြဲထုတ္လိုက္သည္။ထိုလက္ရဲ႕ပိုင္ရွင္ကိုၾကည့္မိေတာ့ ရိေပၚကိုအလိုမက်စြာၾကည့္ေနတဲ့က်ီ႐ႊမ္းကိုေတြ႕လိုက္ရသည္။
က်ီ႐ႊမ္းကေရွာင္းက်န႔္ကိုေပြ႕ခ်ီလိုက္ၿပီး ရိေပၚကိုစိုက္ၾကည့္ကာေျပာလိုက္သည္။
"ကိုယ္ရံေတာ္ဝမ္.....ပိုင္ရွင္ရွိတဲ့အရာကိုလက္လြတ္စပယ္မထိပါနဲ႔...."
ရိေပၚကလက္သီးကိုတင္းတင္းဆုပ္ကာက်ီ႐ႊမ္းကိုဦးၫႊတ္ၿပီး ျပန္ေျပာလိုက္သည္။
"ကြၽန္ေတာ္မ်ိဳးသတိမမူဘဲလုပ္လိုက္မိပါတယ္။ခြင့္လႊတ္ေပးပါ အရွင့္သား...."
က်ီ႐ႊမ္းကရိေပၚကိုဘာမွျပန္မေျပာဘဲ ေရွာင္းက်န႔္ကိုေပြ႕ခ်ီလ်က္ထြက္ခြာသြားသည္။က်ီ႐ႊမ္းထြက္သြားတဲ့အထိ ရိေပၚထိုေနရာမွာမလႈပ္မယွက္ရပ္ေနမိသည္။သူ႔ကိုလိုက္ၾကည့္ေနတဲ့မ်က္လုံးဝိုင္းဝိုင္းေလးေတြကို ဥေပကၡာျပဳရသည္မွာခက္ခဲလြန္းလွပါသည္။
က်ီ႐ႊမ္းေရွာင္းက်န႔္ကိုနန္းေဆာင္ကိုျပန္ေခၚလာလိုက္သည္။ေရွာင္းက်န႔္ရဲ႕ေရစိုေနတဲ့ဝတ္႐ုံေလးကို လဲေပးဖို႔က်ီ႐ႊမ္းႀကိဳးစားလိုက္သည္။ဒါေပမယ့္သူ႔ရဲ႕လက္ကို လက္ေသးေသးေလးေတြကတားလိုက္သည္။
"ကြၽန္ေတာ္....ကိုယ့္ဘာသာကိုယ္လဲလို႔ရတယ္..."
ေရွာင္းက်န႔္ရဲ႕စကားေၾကာင့္ ဝတ္႐ုံခါးစည္းႀကိဳးေပၚေရာက္ေနတဲ့ သူ႔ရဲ႕လက္ေတြကိုျပန္႐ုတ္လိုက္သည္။ၿပီးတာနဲ႔အခန္းျပင္ကိုထြက္ကာ စြပ္ျပဳတ္တစ္ပြဲယူခဲ့ဖို႔ အေစခံေတြကိုမွာလိုက္သည္။ေရွာင္းက်န႔္အက်ႌလဲၿပီးေလာက္မယ့္အခ်ိန္ေရာက္မွအခန္းထဲကိုျပန္ဝင္လိုက္သည္။သူျပန္ဝင္လာခ်ိန္မွာေတာ့ ေရွာင္းက်န႔္ကဝတ္႐ုံအျပာေလးကိုေျပာင္းလဲဝတ္ဆင္ၿပီးႏွင့္ေနၿပီ။
ဝတ္႐ုံအျပာေလးကိုဝတ္ဆင္ၿပီးကုတင္ေပၚမွာထိုင္ေနတဲ့ ေရွာင္းက်န႔္ခႏၶာကိုယ္ေလးကိုေႏြးသြားေအာင္ေစာင္နဲ႔ပတ္ေပးထားလိုက္သည္။ခနအၾကာမွာေတာ့ စြပ္ျပဳတ္ပန္းကန္ကိုကိုင္လ်က္ေဖးေဖးကျပန္ဝင္လာသည္။ေဖးေဖးဆီကစြပ္ျပဳတ္ကိုယူလိုက္ၿပီး ေရွာင္းက်န႔္ကိုခြံ႕ေကြၽးရန္ျပင္လိုက္သည္။
ကိုယ့္ဘာသာကိုယ္ေသာက္မည္ဟုဆိုလာတာေၾကာင့္ ေရွာင္းက်န႔္အလိုက်လုပ္ေပးလိုက္သည္။စြပ္ျပဳတ္ကိုျဖည္းညႇင္းစြာေသာက္ေနတဲ့ေရွာင္းက်န႔္ကိုၾကည့္ၿပီး က်ီ႐ႊမ္းသက္ျပင္းခ်လိုက္သည္။ေရွာင္းက်န႔္ရဲ႕မ်က္ႏွာကိုျမင္ဖူးသြားၾကၿပီ။သူဘယ္လိုလုပ္ရမလဲ။
က်ီ႐ႊမ္းစဥ္းစားေနရင္းနဲ႔မွ စြပ္ျပဳတ္ဇြန္းကိုကိုင္ထားတဲ့ ေရွာင္းက်န႔္ရဲ႕လက္ေလးဆီသူ႔ရဲ႕အၾကည့္ေတြေရာက္သြားသည္။လက္ပတ္အျပာေရာင္ေလး.....။သူဘယ္ေနရာမွာျမင္ဖူးတာပါလိမ့္....။
__________________________________
"ဘုရားေရ.....ၾကင္ယာေတာ္ေရွာင္းကလွလိုက္တာ။နတ္သားေလးအတိုင္းပဲ...."
မိန္းကေလးတစ္ေယာက္ရဲ႕အသံၾကားမွ လြီေမေအာ္သတိျပန္ဝင္လာသည္။အခုဘာေတြျဖစ္သြားတာလဲ။သူမေတြးထားတာအဲ့လိုမဟုတ္ဘူးေလ။အမွန္ဆိုအဲ့အေကာင္က ႐ုပ္ဆိုးေနရမွာေလ။ဘာေၾကာင့္ဒီေလာက္ေတာင္လွေနရတာလဲ။ဟင့္အင္း....မျဖစ္ႏိုင္တာ။အရင္ကေရွာင္းက်န႔္ကသူမထက္႐ုပ္ဆိုးတယ္ထင္ၿပီး မာန္တက္ခဲ့တာ။အခုေတာ့သူမလွတယ္ဆိုတာေရွာင္းက်န႔္ရဲ႕ေျခဖ်ားေတာင္မမွီပါေပ။
ဘာေၾကာင့္လဲ။ဘာေၾကာင့္....ေယာက္်ားေလးတစ္ေယာက္ကသူမထက္အစစအရာရာသာေနရတာလဲ။ေရွာင္းက်န႔္ရဲ႕အလွကိုျမင္ၿပီး ေသြးပ်က္ေနသူမွာလြီေမေအာ္တစ္ေယာက္တည္းမဟုတ္ပါေပ။လီဟြာသည္လည္းေရွာင္းက်န႔္မ်က္ႏွာကိုျမင္လိုက္ရခ်ိန္ အသက္ရႉရပ္သြားသလိုေတာင္ခံစားရသည္။ေရွာင္းက်န႔္ရဲ႕မ်က္ႏွာသည္ မင္းသားတစ္ရဲ႕ပန္းခ်ီကားထဲကမိန္းကေလးနဲ႔ထပ္တူညီေနခဲ့ပါသည္။ထိုမိန္းကေလးကိုရွာတာမေတြ႕တဲ့အတြက္ထိုမိန္းကေလးဟာတကယ္မရွိဘူးလို႔သူမထင္လိုက္တာ။သူမမွန္းတာမမွားဘူးဆိုရင္အခုအခ်ိန္ယြင္ေက်ာက္ကလည္းေရွာင္းက်န႔္ရဲ႕မ်က္ႏွာကိုျမင္ၿပီးေလာက္ၿပီ။အခုသူမဘာလုပ္ရမလဲ။
မိဖုရားလြီနဲ႔ခ်င္းယြဲ႕သည္လည္း သူမတို႔မ်က္လုံးနဲ႔ျမင္လိုက္ရတာကိုအခုထက္ထိမယုံႏိုင္ေသးပါ။တကယ္ကိုဘာေတြျဖစ္သြားတာလဲ။သူမတို႔ေတြးထားခဲ့တာဒီလိုအေျခအေနမဟုတ္ဘူးေလ။
____________________________________
မိဖုရားလြီရဲ႕နန္းေဆာင္မွာေတာ့ မိဖုရားလြီကကုတင္ေပၚတြင္လွဲေနကာ ကုတင္ေရွ႕ကစားပြဲခုံမွာေတာ့လြီေမေအာ္က မ်က္စိပ်က္မ်က္ႏွာပ်က္ႏွင့္ထိုင္ေနသည္။
"မယ္ေတာ္....သမီးတို႔ဘာဆက္လုပ္ၾကမလဲ။ေရွာင္းက်န႔္....သူကသမီးထက္အစစအရာရာသာေနတာ။သမီးတို႔သူ႔ကိုႏိုင္ပါ့မလား..."
လြီေမေအာ္ရဲ႕စကားကိုၾကားေတာ့မိဖုရားလြီကကုတင္ေပၚကေနထလာကာ လြီေမေအာ္ထိုင္ေနတဲ့ေနရာသို႔သြားလိုက္သည္။
"ဘာလို႔အႏိုင္မရရမွာလဲ။သမီးေမ့ေနတာလား...။ေရွာင္းက်န႔္သမီးကိုဘယ္ေတာ့မွအႏိုင္မရႏိုင္တဲ့အရာတစ္ခုရွိတယ္ေလ...."
လြီေမေအာ္က သူမရဲ႕စကားကိုနားမလည္သလိုျဖင့္ေမးလာသည္။
"ဘာႀကီးလဲ....မယ္ေတာ္...."
"မ်ိဳးဆက္ေလ။သမီးကမိန္းကေလး...မ်ိဳးဆက္ကိုေမြးထုတ္ေပးႏိုင္တယ္။သူကေတာ့ဘယ္ေတာ့မွအဲ့အရာကိုလုပ္ႏိုင္မွာမဟုတ္ဘူး..."
မိဖုရားလြီရဲ႕စကားကိုၾကားတာနဲ႔ လြီေမေအာ္ရဲ႕မ်က္ႏွာမွာေပ်ာ္႐ႊင္မႈေတြနဲ႔ျပည့္ႏွက္သြားသည္။ဟုတ္တာပဲ။ဒီအရာကိုေတာ့ေရွာင္းက်န႔္ကလုံးဝလုပ္ေပးႏိုင္မွာမဟုတ္ဘူး။ကိုယ့္အေတြးနဲ႔ကိုယ္ေက်နပ္ေနတုန္းမွာပင္ အျပင္ကအေစခံမေလးရဲ႕အသံကထြက္ေပၚလာသည္။
"မိဖုရား...ကိုယ္ရံေတာ္ေရွာင္ကေတြ႕ခြင့္ေတာင္းပါတယ္...."
ကိုယ္ရံေတာ္ကေတြ႕ခ်င္တယ္။ဘာေၾကာင့္ပါလိမ့္...။
"ဝင္ခိုင္းလိုက္...."
မိဖုရားလြီရဲ႕စကားဆုံးတာနဲ႔ ေရွာင္က်ားယြီဝင္လာခဲ့သည္။
"မိဖုရားလြီကို ဂါရဝျပဳပါတယ္...."
"မင္းကငါ့ကိုဘာလို႔ေတြ႕ခ်င္ရတာလဲ....."
"ပူးေပါင္းခ်င္လို႔ပါ...."
ေရွာင္က်ားယြီရဲ႕စကားေၾကာင့္ မိဖုရားလြီကအံ့ဩသြားသည္။
"ဘာကိုပူးေပါင္းခ်င္တာလဲ...."
"ကြၽန္ေတာ္ကဝမ္ရိေပၚကိုျဖဳတ္ခ်ခ်င္တယ္။မိဖုရားက ၾကင္ယာေတာ္ေရွာင္းကိုျဖဳတ္ခ်ခ်င္တယ္။ကြၽန္ေတာ္တို႔ပူးေပါင္းသင့္တယ္လို႔မထင္ဘူးလား..."
ေရွာင္က်ားယြီရဲ႕စကားကိုသူမနားမလည္ပါ။ဒါေၾကာင့္သူမထပ္ေမးလိုက္သည္။
"မင္းဘာကိုေျပာခ်င္တာလဲ...."
မိဖုရားလြီရဲ႕အေမးကိုၾကားေတာ့ေရွာင္က်ားယြီကတစ္ခ်က္ရယ္သည္။
"ၾကင္ယာေတာ္ေရွာင္းကဒီေလာက္လွတာ။သူ႔ကိုျမင္တဲ့လူေတြအကုန္လုံး ေက်ာက္႐ုပ္တစ္႐ုပ္လိုမလႈပ္မယွက္ျဖစ္ကုန္ၾကတာ။ဒါေပမယ့္ဝမ္ရိေပၚကေတာ့ ဘာမွမျဖစ္တဲ့အျပင္ ၾကင္ယာေတာ္ေရွာင္းကိုေတာင္ေပြ႕ခ်ီလိုက္ေသးတယ္...."
သူေျပာတာကိုအခုထိသေဘာေပါက္ပုံမေပၚေသးတဲ့ မိဖုရားလြီေၾကာင့္ ေရွာင္က်ားယြီသက္ျပင္းခ်လိုက္သည္။
"ခုနကၾကာကန္နားမွာရွိေနတဲ့လူေတြအကုန္လုံးက ၾကင္ယာေရွာင္းရဲ႕မ်က္ႏွာကိုပထမဆုံးအႀကိမ္ျမင္ဖူးတဲ့သူေတြခ်ည္းပဲ။အိမ္ေရွ႕စံကလြဲလို႔ေပါ့။ဒါေပမယ့္ ဝမ္ရိေပၚ....သူကၾကင္ယာေတာ္ေရွာင္းရဲ႕အလွကိုမအံ့ဩတဲ့အျပင္ လုပ္ေနက်ကိစၥလိုမ်ိဳး ၾကင္ယာေတာ္ေရွာင္းကိုေတာင္ေပြ႕ခ်ီလိုက္ေသးတယ္။ဘာေၾကာင့္လို႔ထင္လဲ။ရွင္းေနတာပဲ။သူအရင္တည္းကၾကင္ယာေတာ္ေရွာင္း ရဲ႕ခႏၶာကိုယ္ကိုျမင္ဖူးႏွင့္ေနလို႔ေပါ့...။ဝမ္ရိေပၚနဲ႔ၾကင္ယာေတာ္ေရွာင္းကခ်စ္သူေတြ...."
ေရွာင္က်ားယြီရဲ႕စကားအဆုံးမွာမိဖုရားလြီရဲ႕မ်က္ႏွာဟာအံ့ဩမႈေတြအထင္းသား။စိတ္လႈပ္ရွားမႈေၾကာင့္သူမရဲ႕လက္ေခ်ာင္းေတြပင္တုန္ယင္ေနသည္။
"မင္းေျပာတာေတြက အမွန္ေတြလား..."
"မိုးနဲ႔ေျမကိုတိုင္တည္ၿပီးေတာင္ေျပာရဲတယ္။ကြၽန္ေတာ္ေျပာတာအမွန္ေတြပဲ...."
ေရွာင္က်ားယြီရဲ႕ယုံၾကည္မႈအျပည့္နဲ႔အေျဖေၾကာင့္ မိဖုရားလြီဟာေက်နပ္အားရစြာရယ္လိုက္သည္။
"ေကာင္းတယ္။အရမ္းေကာင္းတယ္....ေနာက္ဆုံးေတာ့ေရွာင္းက်န႔္ကိုအႏိုင္ပိုင္းႏိုင္မယ့္အခ်က္ကိုေတြ႕ခဲ့ၿပီ...."
လြီေမေအာ္ဟာလည္းၾကားလိုက္ရတဲ့သတင္းေၾကာင့္ အားရေက်နပ္မိသည္။သူမရဲ႕မ်က္ႏွာမွာေတာ့ ေကာက္က်စ္တဲ့အၿပဳံးတစ္ခုကိုခ်ိတ္ဆြဲလို႔ထားသည္။ေရွာင္းက်န႔္....သိပ္မၾကာခင္နင့္ေနရာကိုငါရေတာ့မွာ...။စဥ္းစား႐ုံနဲ႔တင္သူမေပ်ာ္မိသည္။အစ္ကိုက်ီ႐ႊမ္းကသူမအပိုင္ျဖစ္လာဖို႔သိပ္မၾကာေတာ့ပါဘူး။
___________________________________
16.6.2020
ေန႔တိုင္းupdateေပးခ်င္တာသိလား။ဒါေပမယ့္ဂ်ပန္စာကလည္းလုပ္ရေသးတယ္၊guideကလည္းသင္ရေသးေတာ့ဘယ္လိုမွအဆင္မေျပလို႔ပါ။ၾကာသြားရင္ခြင့္လႊတ္ပါေနာ္:3