LOVE, BUT HURT (Season 3)_ Th...

By HninAung913

202K 27.5K 1.6K

ကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလ... More

Part 1 ( ပြန်လည်ရောက်ရှိလာခြင်း)
Part 2( အဖြူရောင် ဝတ်ရုံစ)
Part 3(အစားထိုး အမျိုးသားကိုယ်လုပ်တော်)
Part 4( မရင်းနှီးသော မျက်နှာတစ်စုံ)
Part 5 (ပထမဆုံးသော)
Part 6 (ဝတ်ရုံနက်နှင့် လုပ်ကြံသူ)
Part 7 (သတိရမိ....သူ)
Part 8 ( မင်း..ဘယ်သူလဲ)
Part 9 (မင်းအနားမှာပဲ ရှိနေပေးမယ်)
Part 11 ( ဝူနန်ပြည်နယ်မှ ထွက်ပေါ်လာသောကောလဟာလ)
Part 12 ( ကျင့်ယိချန်နှင့် တွေ့ဆုံခြင်း )
Part 13 ( ရင့်သီးလွန်းလှသော စကားလုံးများ)
Part 14 ( အမိန့်အမှာစာ ပါးလိုက်သည်)
Part 15 * ( အန်းလု.....ကိုယ့်ကိုယုံ)
Part 16 ( ယွဲ့ဖုန်ရေကန်က မီးမျှောပွဲ)
Part 17 (အရပ်က...ပိုပုသွားတာပဲ)
Part 18 ( မင်းတစ်ယောက်တည်း အတွက်ပဲ)
Part 19 ( မင်းသမီး ချင်းယာ)
Part 20 ( မင်းတစ်ယောက်တည်း)
Part 21( အင်အားပြိုင်ခြင်း)
Part 22 ( ၀န်ခံခြင်း)
Part 23 (ဆင့်ခေါ်လိုက်သူ)
Part 24 ( အပေးအယူ)
Part 25 (သူတစ်ယောက်တည်းသာ)
Part 26( သတိရမိတဲ့ လက်ထပ်ပွဲလေးတစ်ခု)
Part 27 ( ကျွန်တော့်ကို နားလည်ပေးလို့)
Part 28 ( လွတ်ငြိမ်းခွင့်)
Part 29 ( ယိချန်သို့ အမှာစာ)
Part 30 ( အသည်းကွဲသမားနဲ့အတူ သေရည်သောက်ခြင်း)
Part 31 ( နောက်တကြိမ် ထပ်ပြီးတော့...)
Part 32 (အန်းလုဆီက စာ)
Part 33 (မင်းက တိမ်စိုင်တွေလိုပဲ)
Part 34 (အန်းလု နိုးလာပြီ)
Part 35( ကျွန်တော်က လူသားတစ်ယောက်မလို့လား)
Part 36* (ကိုယ့်အချစ်ကို ယုံကြည်ပါ)
Part 37 ( မိန်းကလေးတယောက်လို ဝတ်စားခြင်း)
Part 38 ( ဆံထိုး)
Part 39 (မင်းအနားမှာ ကိုယ်ရှိတယ်)
Part 40 ( သွေးစွန်းအနမ်း)
Part 41 (ရင်ဝသို့ထိတွေ့လာသော ဓားတစ်ချောင်း)
Part 42 ( ရွေးချယ်စရာ တစ်ခုတည်း)
Part 43 ( အသိစိတ်တို့ ကင်းမဲ့သော်လည်း)
Part 44 ( သူနိုးလာတော့ အန်းလုကအနားမှာမရှိဘူး)
Part 45 ( ပိုင်ရှင်ဆီ ပြန်ဖို့အချိန်ကျပြီ)
Part 46 ( ဆွဲကြိုးလေးရဲ့ပိုင်ရှင်က မင်းလေ)
Part 47 ( သူ့ကိုယ်ပိုင် စိတ်ခံစားချက်မဟုတ်သရွေ့)
Part 48 ( နောက်ဆုံးသောစတင်ခြင်း) Final part

Part 10 ( မူလပိုင်ရှင်နှင့် ပတ်သတ်၍)

6.8K 914 55
By HninAung913

အပိုင်း ၁၀ (မူလပိုင်ရှင်နှင့် ပတ်သတ်၍)

"ဒါနဲ့....ပြောရပါအုန်းမယ်။"

"အမ်...ဘာအကြောင်းလဲ။"

ရုတ်တရက် ခေါင်းပြန်ထောင်လာကာ ရန်တွေ့ရန် အစပြုသံကြောင့် ချီရှန်းက အန်းလုအား ကြောင်တောင်တောင်ရုပ်လေးဖြင့် ကြည့်ကာနေသည်။ အန်းလုက ချီရှန်းကို သေချာကြည့်နေရင်း ရုတ်တရက် လက်ညိုးထိုးလျက်

"ကျွန်တော်သေတော့မလို့လေ။ ရှန်းရှန်း လုပ်ကြံတာနဲ့ ။"

"ဘာကို...."

"အာ မသိချင်ယောင်ဆောင်နေတာ။

ဟိုနေ့က ကျွန်တော့်အဆောင်ကို လူလွှတ်ပြီး သတ်ခိုင်းလိုက်တယ်လေ။

ဒီမှာတွေ့လား အရာကြီး လည်ပင်းအညှစ်ခံရတာဗျ။ ဘယ်လောက်နာလည်း သိလား။"

ချီရှန်းက စိုးရိမ်သွားသော မျက်နှာဖြင့် အန်းလု၏ လည်ပင်းအနားသို့လက်လှမ်းလိုက်လေသည်။ အန်းလုက ထပ်အော်လေ၏။

"ကံကောင်းလို့သာပေါ့။ ဟိုတစ်ယောက်ကယ်လို့။"

ချီရှန်းက ထိုအခါမှ လက်သီးဆုပ်ကာ ချောင်းအသာဟန့်လိုက်ရင်း

"အဟမ်း....အဲ့တာကလေ....."

ချီရှန်းကို ပြောခွင့်မပေးပဲ အန်းလုက ထပ်အော်ပြန်သည်။

"အဲ့တာကဘာဖြစ်လဲ။ ဟမ်....သူများသားသမီးကို စိတ်မဝင်စားတိုင်း သတ်ပစ်ဖို့တွေးနေတာလား။"

"အာ...အဲ့လိုမဟုတ်ပါဘူး။"

ချီရှန်းက အကြောင်းပြချက် မပေးနိုင်သည့်အလား သူ့ခေါင်းသူ အသာကုတ်နေသည်။ ထိုအခါ အန်းလုကမေး၏။

"ဒါဆိုဘယ်လိုတုန်း။"

အန်းလုက ခါးကိုထောက်ကာ ချီရှန်းအား မျက်လုံးပင့်ကြည့်ရင်း အဖြေကိုစောင့်ဆိုင်းနေသည်။ အရင်က ပုံစံနဲ့မတူတော့သည့် အန်းလုဟုဆိုသော်လည်း အပြုအမူတွေက အန်းလု၏ ပုံစံအား အပြည့်အဝထင်ဟပ်နေသည်။ ချီရှန်းက ကြည့်ကာ ပြုံးလိုက်ရင်း

"လာပါအုန်း။ ဒီနားကို...."

"မလာဘူး။"

ချီရှန်းက ငြင်းခွင့်ပင်မပေးပဲ အန်းလု၏ တင်ပါးနှစ်ဖက်ကိုဆွဲကိုင်ကာ သူ့ဘက်အားဆွဲလိုက်လေသည်။ အန်းလုကလည်း ထုံးစံအတိုင်း မျက်နှာကဆူပုတ်ကာ ချီရှန်းအနားသို့ပါသွားလေ၏။ ချီရှန်းက မျက်လုံးချင်းဆုံစေပြီးနောက်

"အဲ့တာမင်းမှန်း မသိလို့ပါ။

ကံကောင်းလို့သာပေါ့။ မဟုတ်ရင် ကိုယ့်မိန်းမလေး ကိုယ့်ဆီပြန်မရောက်ခင် ထပ်ပျောက်သွားနေအုန်းမှာ။ တကယ် ကံကောင်းတယ်။ "

ချီရှန်းက ထိုစကားကို ရေရွတ်ရင်း အန်းလုကို ဖက်ကာခေါင်းရှိဆံနွယ်များကို ပွတ်သပ်ပေးနေသည်။အန်းလုက တခဏ ငြိမ်နေပြီးမှ ချီရှန်း၏ ရင်ဘတ်အား လက်သီးဆုပ်ကာထုလိုက်သည်။

"သေစေချင်နေတာလား။ "

"ကိုယ်ပြောမယ်။ အခု အန်းလုကို ကာကွယ်ပေးနေတဲ့တယောက်က အန်းလုရဲ့ ကိုယ်ရံတော်လား။ "

"အင်း...အဲ့လိုပါပဲ။"

အန်းလုက ဖြေတော့ ချီရှန်းက အန်းလု၏ကိုယ်လုံးအား အစအဆုံးတချက်ကြည့်ပြီး

"အခု ဒီကိုယ်က တခြားတယောက်ယောက်ရဲ့ ...."

" ဘာကိုလဲ..."

ချီရှန်းက မေးခွန်းတစ်ခုကို မေးရန်ကြိုးစားလိုက်သော်လည်း သူ၏နှုတ်ခမ်း၀တွင်ပင် တစ်ဆို့သွားကာ ချက်ချင်းပင် စကားလမ်းကြောင်းလွှဲပစ်လိုက်သည်။

" ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ အဲ့ကိုယ်ရံတော်ဆိုတဲ့ တယောက်က ဘယ်လိုဆက်ဆံရေးမျိုးလဲ"

" ကောင်းပါတယ်"

အန်းလု၏ အေးအေးလူလူဖြေလာသောအဖြေကြောင့် ချီရှန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကကောင်းတာလဲ။ သေချာပြောကွာ...ကိုယ်သူ့ကိုတစက်မှကြည့်ရတာမဟုတ်ဘူး။"

"ဟားဟား...သူကြည့်ရတဲ့သူရှိတာကြနေတာပဲ။အကုန်လိုက် အမြင်ကပ်နေပြီးတော့။"

"ကိုယ့်ကိုဘာထင်နေတုန်း။ "

ချီရှန်းက ပြောပြောနှင့်ပင် အန်းလု၏ခါးအား ကလိထိုးလေ၏။ အန်းလုကလည်း ရုန်းရင်းနှင့်ပင် တဖက်သို့လှည့်သွားပြီး ချီရှန်း ရင်ခွင်အတွင်းသို့ ပြုတ်ကျလေသည်။

"ဟားဟားဟားဟား တော်တော့လို့ ယားတယ်။"

အန်းလုက ချီရှန်းကိုမော့ကြည့်ရင်း လက်နှစ်ဖက်ကို မြှောက်ကာ ချီရှန်း၏ ပါးနှစ်ဖက်ကို လက်တစ်ဖက်စီဖြင့် ထိကိုင်လိုက်သည်။

"ရှန်းရှန်း...... "

ချီရှန်းကလည်း အန်းလုကိုကြည့်နေရင်းမှ ခေါင်းကို အနည်းငယ်လှုပ်လိုက်ရင်း ပြန်ဖြေသည်။

"အင်း...."

အန်းလုကအတော်ကြာစိုက်ကြည့်လာပြီးမှ ချီရှန်း၏ပါးနှစ်ဖက်အားထိကိုင်ထားသော သူ၏လက်နှစ်ဖက်ကို ဖြုတ်ချလိူက်ပြီး

"အမ်း...ဘာမှမဟုတ်တော့ပါဘူး။ ဒီအတိုင်း ပိန်သွားတယ်။ ဒီနေ့ကစပြီး များများစားရမယ်။ထမင်းစားချိန်တိုင်းကို ကျွန်တော်ကိုယ်တိုင်ကြည့်မယ်။ အဲ့တော့ မစားရဲမစားကြည့်။"

"ကောင်းပါပြီ မိန်းမလေးရယ်"

.........

အန်းလုက ညနေစောင်းလောက်မှ သူ့ရဲ့အဆောင်သို့ပြန်လာခဲ့လိုက်သည်။ ချီရှန်းကို တစ်ချို့ကိစ္စတွေနဲ့ ပတ်သတ်ပြီး အသိမပေးသေးပဲ နေတာကပိုအဆင်ပြေစေလိမ့်မည်ဟု သူထင်သည်။ ကျင့်ချီကတကယ်ပဲ ချီရှန်းအတွက် အန္တာရာယ်ရှိသည့် လူဟုတ်မဟုတ် သူကိုယ်တိုင် အရင်စစ်ဆေးခြင်းက ချီရှန်းကို အလုပ်မပိုစေရန်နှင့် စိုးရိမ်မှုမရှိစေရန် ဖြေရှင်းသည့် အကောင်းဆုံးနည်းလမ်းပင်။

"ကိုယ်လုပ်တော်ကျင့်....မနေ့ညကတည်းက ဘယ်ကိုရောက်နေခဲ့တာလဲ။"

ရောက်လျှင်ရောက်ချင်း အပေါက်ဝမှ ရပ်စောင့်ကာမေးလေသော ကျင့်ချီကြောင့် အန်းလုသက်ပြင်းချလိူက်သည်။

"ဟူး....ဘာလဲ။ ကိုယ့်ဘာသာ ဘယ်သွားသွားပေါ့။"

"မဟုတ်ဘူးလေ။ ကျွန်တော်ဒီလောက် သတိအထပ်ထပ်ပေးနေတာတောင် ဘာလို့များ ကိုယ့်သဘောကျ ကိုယ့်စိတ်ကြိုက်လုပ်နေရတာလဲဗျာ"

(So What? ။ လုပ်ချင်ရာလုပ်တော့ဘာဖြစ်လဲ။)

အန်းလုက ပြုံးပြလိုက်သည်။

"ဟီး...."

ကျင့်ချီက ခေါင်းခါရင်း စိတ်ပျက်သည့်ပုံစံဖြင့် သက်ပြင်းချသည်။

"ကောင်းပြီ။ ဘာပဲဖြစ်ဖြစ်ပေါ့။
ဒါနဲ့ နည်းလမ်းတွေဘာတွေရော စဉ်းစားပြီးပြီလား။ ဘုရင်မင်းကြီးကို ဖြားယောင်းဖို့။"

အန်းလုကပြန်မဖြေပဲ အဆောင်ထဲသို့ ဝင်လာလိုက်ပြီး ထိုင်ခုံတစ်ခုပေါ်တွင် ခြေပစ်လက်ပစ်အရင်ထိုင်ချလိူက်သည်။ ကျင့်ချီက သူ့ဘေးတွင် ရပ်လိုက်ပြီး

"အန်းလု ခင်ဗျ"

အန်းလုက လက်ကာပြလိုက်သည်။

"တိတ် တိတ်...ငါ ညကျရင် သူ့အဆောင်ကိုသွားမလို့။"

ကျင့်ချီက ချက်ချင်းပင် ခွန်းတုံ့ပြန်သည်။

"အဝင်ခံမယ်ထင်လို့လား။"

အန်းလုက အကြည့်စူးစူးဖြင့် ကျင့်ချီအား မော့ကြည့်လိုက်သည်။ သူတို့နှစ်ယောက် ဒီလောက် မတည့်တာတောင်မှ ဘာ့ကြောင့်များ အတူလာပေါင်းမိနေမှန်းမသိချေ။ ကျင့်ချီက အနည်းငယ်လန့်သွားပြီးနောက် တံတွေးတစ်ချက်မြိုချလိုက်ရင်း

"အင်း...ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေ။ ကျွန်တော် လာအသိပေးတာ။ ဒီည ကျွန်တော့်မင်းသားလေးဆီ သွားမှာမလို့။ အသတ်ခံရကိန်းရှိရင်လည်း ကြိုပြောပါလို့။"

ကျင့်ချီကကအန်းလုအား ဂါရဝပြုလိုက်သည်။ အန်းလုက ကျင့်ချီအား မျက်စောင်းထိုးလိုက်လေ၏။ ကျင့်ချီက အန်းလုအား ပြန်မကြည့်တော့ပဲ မြန်မြန်ပင် အပြင်သို့ထွက်သွားလေတော့သည်။

ဘာရယ်ကြောင့်မှန်းတော့မသိပေမဲ့ ကျင့်ချီက အမြဲတမ်းအလုပ်များနေတတ်သည်။ အန်းလု၏ ကိုယ်ရံတော်အဖြစ်ထားရှိသည်ဟုသာဆိုသည် အနားမှာမရှိသည်က များနေလေ၏။ ရောက်သည့်ရက်က တပတ်ပင်မပြည့်သေး။ သူလူပ်နေသည့် အလုပ်များက ဆက်တိုက်ပင်။ အတော်လေးကို အလုပ်ရှုပ်နေပုံရ၏။

အန်းလုကဆက်မတွေးတော့ပဲ တရေးတမောအိပ်ရန်သာ ဆုံးဖြတ်လိုက်ပြီး အိပ်ယာသို့ သွားကာ ပက်လက်လှန်ချလိုက်တော့သည်။

~~~~~~~~~~~~~

"အရှင် ကျွန်တော့်ကို မနောက်ပါနဲ့တော့။ ကျေးဇူးပြုပြီး "

ချီရှန်းက အဆောင်တော်ကိုပြန်ရောက်သည်နှင့် ရှောင်ရှန်းအား အကြောင်းဆုံပြောပြလိုက်သည်။ ရှောင်ရှင်းက အန်းလုရော သူရောပါ အပြည့်အဝယူံကြည့်ရသည့် လူတယောက်ပေမို့ မပြောနိုင်စရာအကြောင်းမရှိပေ။

ရှောင်ရှင်း၏ မယုံသင်္ကာဖြစ်နေသော စကားသံကြောင့် ချီရှန်းက စိုက်ကြည့်လိုက်သည်။ ရှောင်ရှင်းက သူ၏မျက်နှာကိုပြန်ပြင်လိုက်ပြီး

"အဟမ်း..."

ချီရှန်းက မျက်လွှာကိုပြန်ချလိူက်ပြီး

"သူ့ရဲ့ ကိုယ်ရံတော်နဲ့ပတ်သတ်ပြီးသိချင်တယ်။ တစ်ခုမကျန် ။ ဘေးမှာဆက်ထားသင့်မထားသင့်။ အန်းလုအပေါ်ဘယ်လိူသဘောထားတာလဲဆိုတာ။ အန်းလုပြောတာတော့ သူ့ရဲ့ ဝိညာည်က အဲ့ဒီကိုယ်လူပ်တော်ရဲ့ကိုယ်ထဲကို ဝင်သွားတာလိူ့ပြောတယ်။ အဲ့တာမလို့ မူလပိုင်ရှင်နဲ့ အဲ့ဒီကိုယ်ရံတော်၊ သူတို့ရဲ့ ဆက်နွယ်မှုကရော သခင်နဲ့အစေခံအဆင့်ပဲလား။ အကုန်သိချင်တယ်။ "

ရှောင်ရှင်းက ချီရှန်းပြောသမျှ တတွတ်တွတ်စကားတွေကို ပါးစပ်အဟောင်းသားဖြင့် နားထောင်နေပြီး ပြန်ဖြေရန်ပင် မေ့လျော့နေလေ၏။ ချီရှန်းက မည်သည့် အကြောင်းပြန်ချက်မှ မလာသဖြင့် မော့ကြည့်လိုက်ပြန်သည်။

ထိုအခါမှ ရှောင်ရှင်းက ဂါရဝပြုလိုက်ပြီး

"ဟုတ်ကဲ့ပါ အရှင်။ ကျွန်တော် စုံစမ်းလိူက်ပါ့မယ်။"

ခန်းမဆောင်မှ ရှောင်ရှင်းထွက်မသွားခင်ပင် ချီရှန်းအား သုံးလေးခါမျှလောက် သမင်လည်ပြန်ကြည့်သွားသေးသည်။

~~~~~~~~~~~~~~~~~~~~~

အားလုံးပဲ ဂရုစိုက်ကြပါ။ အခြေအနေတွေက တကယ်ဆိုးနေလို့။ အဓိကကတော့ ကိုယ်ကိုယ်ကို အရင်ဆုံး ဂရုစိုက်နိုင်မှ ကိုယ့်ချစ်သူ့ ခင်သူတွေကိုပါ ကြည့်နိုင်မှာပါ။  Fighting All ~~~


အပိုင္း ၁၀ (မူလပိုင္ရွင္ႏွင့္ ပတ္သတ္၍)

"ဒါနဲ႔....ေျပာရပါအုန္းမယ္။"

"အမ္...ဘာအေၾကာင္းလဲ။"

႐ုတ္တရက္ ေခါင္းျပန္ေထာင္လာကာ ရန္ေတြ႕ရန္ အစျပဳသံေၾကာင့္ ခ်ီရွန္းက အန္းလုအား ေၾကာင္ေတာင္ေတာင္႐ုပ္ေလးျဖင့္ ၾကည့္ကာေနသည္။ အန္းလုက ခ်ီရွန္းကို ေသခ်ာၾကည့္ေနရင္း ႐ုတ္တရက္ လက္ညိဳးထိုးလ်က္

"ကၽြန္ေတာ္ေသေတာ့မလို႔ေလ။ ရွန္းရွန္း လုပ္ႀကံတာနဲ႔ ။"

"ဘာကို...."

"အာ မသိခ်င္ေယာင္ေဆာင္ေနတာ။

ဟိုေန႔က ကၽြန္ေတာ့္အေဆာင္ကို လူလႊတ္ၿပီး သတ္ခိုင္းလိုက္တယ္ေလ။

ဒီမွာေတြ႕လား အရာႀကီး လည္ပင္းအညႇစ္ခံရတာဗ်။ ဘယ္ေလာက္နာလည္း သိလား။"

ခ်ီရွန္းက စိုးရိမ္သြားေသာ မ်က္ႏွာျဖင့္ အန္းလု၏ လည္ပင္းအနားသို႔လက္လွမ္းလိုက္ေလသည္။ အန္းလုက ထပ္ေအာ္ေလ၏။

"ကံေကာင္းလို႔သာေပါ့။ ဟိုတစ္ေယာက္ကယ္လို႔။"

ခ်ီရွန္းက ထိုအခါမွ လက္သီးဆုပ္ကာ ေခ်ာင္းအသာဟန႔္လိုက္ရင္း

"အဟမ္း....အဲ့တာကေလ....."

ခ်ီရွန္းကို ေျပာခြင့္မေပးပဲ အန္းလုက ထပ္ေအာ္ျပန္သည္။

"အဲ့တာကဘာျဖစ္လဲ။ ဟမ္....သူမ်ားသားသမီးကို စိတ္မဝင္စားတိုင္း သတ္ပစ္ဖို႔ေတြးေနတာလား။"

"အာ...အဲ့လိုမဟုတ္ပါဘူး။"

ခ်ီရွန္းက အေၾကာင္းျပခ်က္ မေပးနိုင္သည့္အလား သူ႔ေခါင္းသူ အသာကုတ္ေနသည္။ ထိုအခါ အန္းလုကေမး၏။

"ဒါဆိုဘယ္လိုတုန္း။"

အန္းလုက ခါးကိုေထာက္ကာ ခ်ီရွန္းအား မ်က္လုံးပင့္ၾကည့္ရင္း အေျဖကိုေစာင့္ဆိုင္းေနသည္။ အရင္က ပုံစံနဲ႔မတူေတာ့သည့္ အန္းလုဟုဆိုေသာ္လည္း အျပဳအမူေတြက အန္းလု၏ ပုံစံအား အျပည့္အဝထင္ဟပ္ေနသည္။ ခ်ီရွန္းက ၾကည့္ကာ ျပဳံးလိုက္ရင္း

"လာပါအုန္း။ ဒီနားကို...."

"မလာဘူး။"

ခ်ီရွန္းက ျငင္းခြင့္ပင္မေပးပဲ အန္းလု၏ တင္ပါးႏွစ္ဖက္ကိုဆြဲကိုင္ကာ သူ႔ဘက္အားဆြဲလိုက္ေလသည္။ အန္းလုကလည္း ထုံးစံအတိုင္း မ်က္ႏွာကဆူပုတ္ကာ ခ်ီရွန္းအနားသို႔ပါသြားေလ၏။ ခ်ီရွန္းက မ်က္လုံးခ်င္းဆုံေစၿပီးေနာက္

"အဲ့တာမင္းမွန္း မသိလို႔ပါ။

ကံေကာင္းလို႔သာေပါ့။ မဟုတ္ရင္ ကိုယ့္မိန္းမေလး ကိုယ့္ဆီျပန္မေရာက္ခင္ ထပ္ေပ်ာက္သြားေနအုန္းမွာ။ တကယ္ ကံေကာင္းတယ္။ "

ခ်ီရွန္းက ထိုစကားကို ေရရြတ္ရင္း အန္းလုကို ဖက္ကာေခါင္းရွိဆံႏြယ္မ်ားကို ပြတ္သပ္ေပးေနသည္။အန္းလုက တခဏ ၿငိမ္ေနၿပီးမွ ခ်ီရွန္း၏ ရင္ဘတ္အား လက္သီးဆုပ္ကာထုလိုက္သည္။

"ေသေစခ်င္ေနတာလား။ "

"ကိုယ္ေျပာမယ္။ အခု အန္းလုကို ကာကြယ္ေပးေနတဲ့တေယာက္က အန္းလုရဲ့ ကိုယ္ရံေတာ္လား။ "

"အင္း...အဲ့လိုပါပဲ။"

အန္းလုက ေျဖေတာ့ ခ်ီရွန္းက အန္းလု၏ကိုယ္လုံးအား အစအဆုံးတခ်က္ၾကည့္ၿပီး

"အခု ဒီကိုယ္က တျခားတေယာက္ေယာက္ရဲ့ ...."

" ဘာကိုလဲ..."

ခ်ီရွန္းက ေမးခြန္းတစ္ခုကို ေမးရန္ႀကိဳးစားလိုက္ေသာ္လည္း သူ၏ႏွုတ္ခမ္း၀တြင္ပင္ တစ္ဆို႔သြားကာ ခ်က္ခ်င္းပင္ စကားလမ္းေၾကာင္းလႊဲပစ္လိုက္သည္။

" ဘာမွမဟုတ္ပါဘူး။ ဒါနဲ႔ အဲ့ကိုယ္ရံေတာ္ဆိုတဲ့ တေယာက္က ဘယ္လိုဆက္ဆံေရးမ်ိဳးလဲ"

" ေကာင္းပါတယ္"

အန္းလု၏ ေအးေအးလူလူေျဖလာေသာအေျဖေၾကာင့္ ခ်ီရွန္းက မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ဘာကေကာင္းတာလဲ။ ေသခ်ာေျပာကြာ...ကိုယ္သူ႔ကိုတစက္မွၾကည့္ရတာမဟုတ္ဘူး။"

"ဟားဟား...သူၾကည့္ရတဲ့သူရွိတာၾကေနတာပဲ။အကုန္လိုက္ အျမင္ကပ္ေနၿပီးေတာ့။"

"ကိုယ့္ကိုဘာထင္ေနတုန္း။ "

ခ်ီရွန္းက ေျပာေျပာႏွင့္ပင္ အန္းလု၏ခါးအား ကလိထိုးေလ၏။ အန္းလုကလည္း ႐ုန္းရင္းႏွင့္ပင္ တဖက္သို႔လွည့္သြားၿပီး ခ်ီရွန္း ရင္ခြင္အတြင္းသို႔ ျပဳတ္က်ေလသည္။

"ဟားဟားဟားဟား ေတာ္ေတာ့လို႔ ယားတယ္။"

အန္းလုက ခ်ီရွန္းကိုေမာ့ၾကည့္ရင္း လက္ႏွစ္ဖက္ကို ေျမႇာက္ကာ ခ်ီရွန္း၏ ပါးႏွစ္ဖက္ကို လက္တစ္ဖက္စီျဖင့္ ထိကိုင္လိုက္သည္။

"ရွန္းရွန္း...... "

ခ်ီရွန္းကလည္း အန္းလုကိုၾကည့္ေနရင္းမွ ေခါင္းကို အနည္းငယ္လွုပ္လိုက္ရင္း ျပန္ေျဖသည္။

"အင္း...."

အန္းလုကအေတာ္ၾကာစိုက္ၾကည့္လာၿပီးမွ ခ်ီရွန္း၏ပါးႏွစ္ဖက္အားထိကိုင္ထားေသာ သူ၏လက္ႏွစ္ဖက္ကို ျဖဳတ္ခ်လိူက္ၿပီး

"အမ္း...ဘာမွမဟုတ္ေတာ့ပါဘူး။ ဒီအတိုင္း ပိန္သြားတယ္။ ဒီေန႔ကစၿပီး မ်ားမ်ားစားရမယ္။ထမင္းစားခ်ိန္တိုင္းကို ကၽြန္ေတာ္ကိုယ္တိုင္ၾကည့္မယ္။ အဲ့ေတာ့ မစားရဲမစားၾကည့္။"

"ေကာင္းပါၿပီ မိန္းမေလးရယ္"

.........

အန္းလုက ညေနေစာင္းေလာက္မွ သူ႔ရဲ့အေဆာင္သို႔ျပန္လာခဲ့လိုက္သည္။ ခ်ီရွန္းကို တစ္ခ်ိဳ႕ကိစၥေတြနဲ႔ ပတ္သတ္ၿပီး အသိမေပးေသးပဲ ေနတာကပိုအဆင္ေျပေစလိမ့္မည္ဟု သူထင္သည္။ က်င့္ခ်ီကတကယ္ပဲ ခ်ီရွန္းအတြက္ အႏၲာရာယ္ရွိသည့္ လူဟုတ္မဟုတ္ သူကိုယ္တိုင္ အရင္စစ္ေဆးျခင္းက ခ်ီရွန္းကို အလုပ္မပိုေစရန္ႏွင့္ စိုးရိမ္မွုမရွိေစရန္ ေျဖရွင္းသည့္ အေကာင္းဆုံးနည္းလမ္းပင္။

"ကိုယ္လုပ္ေတာ္က်င့္....မေန႔ညကတည္းက ဘယ္ကိုေရာက္ေနခဲ့တာလဲ။"

ေရာက္လၽွင္ေရာက္ခ်င္း အေပါက္ဝမွ ရပ္ေစာင့္ကာေမးေလေသာ က်င့္ခ်ီေၾကာင့္ အန္းလုသက္ျပင္းခ်လိူက္သည္။

"ဟူး....ဘာလဲ။ ကိုယ့္ဘာသာ ဘယ္သြားသြားေပါ့။"

"မဟုတ္ဘူးေလ။ ကၽြန္ေတာ္ဒီေလာက္ သတိအထပ္ထပ္ေပးေနတာေတာင္ ဘာလို႔မ်ား ကိုယ့္သေဘာက် ကိုယ့္စိတ္ႀကိဳက္လုပ္ေနရတာလဲဗ်ာ"

(So What? ။ လုပ္ခ်င္ရာလုပ္ေတာ့ဘာျဖစ္လဲ။)

အန္းလုက ျပဳံးျပလိုက္သည္။

"ဟီး...."

က်င့္ခ်ီက ေခါင္းခါရင္း စိတ္ပ်က္သည့္ပုံစံျဖင့္ သက္ျပင္းခ်သည္။

"ေကာင္းၿပီ။ ဘာပဲျဖစ္ျဖစ္ေပါ့။
ဒါနဲ႔ နည္းလမ္းေတြဘာေတြေရာ စဥ္းစားၿပီးၿပီလား။ ဘုရင္မင္းႀကီးကို ျဖားေယာင္းဖို႔။"

အန္းလုကျပန္မေျဖပဲ အေဆာင္ထဲသို႔ ဝင္လာလိုက္ၿပီး ထိုင္ခုံတစ္ခုေပၚတြင္ ေျခပစ္လက္ပစ္အရင္ထိုင္ခ်လိူက္သည္။ က်င့္ခ်ီက သူ႔ေဘးတြင္ ရပ္လိုက္ၿပီး

"အန္းလု ခင္ဗ်"

အန္းလုက လက္ကာျပလိုက္သည္။

"တိတ္ တိတ္...ငါ ညက်ရင္ သူ႔အေဆာင္ကိုသြားမလို႔။"

က်င့္ခ်ီက ခ်က္ခ်င္းပင္ ခြန္းတုံ႔ျပန္သည္။

"အဝင္ခံမယ္ထင္လို႔လား။"

အန္းလုက အၾကည့္စူးစူးျဖင့္ က်င့္ခ်ီအား ေမာ့ၾကည့္လိုက္သည္။ သူတို႔ႏွစ္ေယာက္ ဒီေလာက္ မတည့္တာေတာင္မွ ဘာ့ေၾကာင့္မ်ား အတူလာေပါင္းမိေနမွန္းမသိေခ်။ က်င့္ခ်ီက အနည္းငယ္လန႔္သြားၿပီးေနာက္ တံေတြးတစ္ခ်က္ၿမိဳခ်လိုက္ရင္း

"အင္း...ဘာပဲျဖစ္ျဖစ္ အဆင္ေျပပါေစ။ ကၽြန္ေတာ္ လာအသိေပးတာ။ ဒီည ကၽြန္ေတာ့္မင္းသားေလးဆီ သြားမွာမလို႔။ အသတ္ခံရကိန္းရွိရင္လည္း ႀကိဳေျပာပါလို႔။"

က်င့္ခ်ီကကအန္းလုအား ဂါရဝျပဳလိုက္သည္။ အန္းလုက က်င့္ခ်ီအား မ်က္ေစာင္းထိုးလိုက္ေလ၏။ က်င့္ခ်ီက အန္းလုအား ျပန္မၾကည့္ေတာ့ပဲ ျမန္ျမန္ပင္ အျပင္သို႔ထြက္သြားေလေတာ့သည္။

ဘာရယ္ေၾကာင့္မွန္းေတာ့မသိေပမဲ့ က်င့္ခ်ီက အျမဲတမ္းအလုပ္မ်ားေနတတ္သည္။ အန္းလု၏ ကိုယ္ရံေတာ္အျဖစ္ထားရွိသည္ဟုသာဆိုသည္ အနားမွာမရွိသည္က မ်ားေနေလ၏။ ေရာက္သည့္ရက္က တပတ္ပင္မျပည့္ေသး။ သူလူပ္ေနသည့္ အလုပ္မ်ားက ဆက္တိုက္ပင္။ အေတာ္ေလးကို အလုပ္ရွုပ္ေနပုံရ၏။

အန္းလုကဆက္မေတြးေတာ့ပဲ တေရးတေမာအိပ္ရန္သာ ဆုံးျဖတ္လိုက္ၿပီး အိပ္ယာသို႔ သြားကာ ပက္လက္လွန္ခ်လိုက္ေတာ့သည္။

~~~~~~~~~~~~~

"အရွင္ ကၽြန္ေတာ့္ကို မေနာက္ပါနဲ႔ေတာ့။ ေက်းဇူးျပဳၿပီး "

ခ်ီရွန္းက အေဆာင္ေတာ္ကိုျပန္ေရာက္သည္ႏွင့္ ေရွာင္ရွန္းအား အေၾကာင္းဆုံေျပာျပလိုက္သည္။ ေရွာင္ရွင္းက အန္းလုေရာ သူေရာပါ အျပည့္အဝယူံၾကည့္ရသည့္ လူတေယာက္ေပမို႔ မေျပာနိုင္စရာအေၾကာင္းမရွိေပ။

ေရွာင္ရွင္း၏ မယုံသကၤာျဖစ္ေနေသာ စကားသံေၾကာင့္ ခ်ီရွန္းက စိုက္ၾကည့္လိုက္သည္။ ေရွာင္ရွင္းက သူ၏မ်က္ႏွာကိုျပန္ျပင္လိုက္ၿပီး

"အဟမ္း..."

ခ်ီရွန္းက မ်က္လႊာကိုျပန္ခ်လိူက္ၿပီး

"သူ႔ရဲ့ ကိုယ္ရံေတာ္နဲ႔ပတ္သတ္ၿပီးသိခ်င္တယ္။ တစ္ခုမက်န္ ။ ေဘးမွာဆက္ထားသင့္မထားသင့္။ အန္းလုအေပၚဘယ္လိူသေဘာထားတာလဲဆိုတာ။ အန္းလုေျပာတာေတာ့ သူ႔ရဲ့ ဝိညာည္က အဲ့ဒီကိုယ္လူပ္ေတာ္ရဲ့ကိုယ္ထဲကို ဝင္သြားတာလိူ႔ေျပာတယ္။ အဲ့တာမလို႔ မူလပိုင္ရွင္နဲ႔ အဲ့ဒီကိုယ္ရံေတာ္၊ သူတို႔ရဲ့ ဆက္ႏြယ္မွုကေရာ သခင္နဲ႔အေစခံအဆင့္ပဲလား။ အကုန္သိခ်င္တယ္။ "

ေရွာင္ရွင္းက ခ်ီရွန္းေျပာသမၽွ တတြတ္တြတ္စကားေတြကို ပါးစပ္အေဟာင္းသားျဖင့္ နားေထာင္ေနၿပီး ျပန္ေျဖရန္ပင္ ေမ့ေလ်ာ့ေနေလ၏။ ခ်ီရွန္းက မည္သည့္ အေၾကာင္းျပန္ခ်က္မွ မလာသျဖင့္ ေမာ့ၾကည့္လိုက္ျပန္သည္။

ထိုအခါမွ ေရွာင္ရွင္းက ဂါရဝျပဳလိုက္ၿပီး

"ဟုတ္ကဲ့ပါ အရွင္။ ကၽြန္ေတာ္ စုံစမ္းလိူက္ပါ့မယ္။"

ခန္းမေဆာင္မွ ေရွာင္ရွင္းထြက္မသြားခင္ပင္ ခ်ီရွန္းအား သုံးေလးခါမၽွေလာက္ သမင္လည္ျပန္ၾကည့္သြားေသးသည္။

~~~~~~~~~~~~~~~~~~~~~

အားလုံးပဲ ဂ႐ုစိုက္ၾကပါ။ အေျခအေနေတြက တကယ္ဆိုးေနလို႔။ အဓိကကေတာ့ ကိုယ္ကိုယ္ကို အရင္ဆုံး ဂ႐ုစိုက္နိုင္မွ ကိုယ့္ခ်စ္သူ႔ ခင္သူေတြကိုပါ ၾကည့္နိုင္မွာပါ။  Fighting All ~~~




Continue Reading

You'll Also Like

1.5M 238K 92
Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myan...
14.3K 1.4K 15
Title - 未知传闻 Original author - 江冉遗 Total Chapters - 52 chapters This is not my work. All the credits go to original author. Credit to cover art owner.
COTAW(2) By Blueberry

Historical Fiction

132K 24.2K 119
Book1က wallထဲမှာရှိပါတယ်နော်
225K 21.1K 21
BLကို ဇာတ္လမ္း႐ွည္ တစ္ခါမွ မေရးဖူးပါဘူး အခုေတာ့ ဖန္တီး ၾကည့္တာေပါ့ မေကာင္းဘူး ဆိုလည္း မေကာင္းဘူး အဆင္ေျပပါတယ္ ဘာသာျပန္ထဲေတာ့ မထည့္ေပးနဲ႔ေနာ္ ?? တစ္...