"ကင္မ္ထယ္ေယာင္း "
"အမိန္႔႐ွိပါ အ႐ွင္"
"ကင္မ္ေဆာ့ဂ်င္နဲ႔ ပတ္သက္ၿပီးမင္းဘာသိထားတာ ႐ွိလည္း"
အ႐ွင္က ခပ္ေအးေအးေျပာသည္။
ေဆာ့ဂ်င္နဲ႔ ပတ္သက္တဲ့အေၾကာင္းမွန္သမွ်ကို အ႐ွင့္ကို ေျပာျပၿပီးၿပီေလ။
ဘာလို႔မ်ားလည္း အ႐ွင္ရယ္။
"ဘယ္လိုအေၾကာင္းမ်ိဳးလည္း အ႐ွင္"
သူ႔စကားၾကားေတာ့ အ႐ွင္က ခပ္ယဲ့ယဲ့ျပံဳးသည္။
ထယ္ေယာင္းတစ္ေယာက္ အ႐ွင့္ကို ဘယ္လိုမွနားမလည္ႏိုင္ေတာ့။
"ထားပါ ကင္မ္ေဆာ့ဂ်င္ကိုသြားေခၚ"
အ႐ွင္ယြန္းဂီက မႉးမတ္တစ္ေယာက္အမိန္႔ေပးသည္။
အ႐ွင္ဘာကို အလို႐ွိေနတာလည္း။ အ႐ွင္ဘာျဖစ္ခ်င္ေနတာလည္း ဆိုတာ ထယ္ေယာင္းတစ္ခုမွနားမလည္။
"မင္း... ေစာင္းတီးျပ "
"ဟုတ္ကဲ့ပါ အ႐ွင္"
ကြၽန္ေတာ္က အ႐ွင့္အတြက္ဆို ေစာင္းတီးျပတာမ်ိဳး။
ညဘက္မွာအတူတူေနတာမ်ိဳး။
အဲ့အတြက္ပဲလားအ႐ွင္။
ဒါေတြဟာ ထုတ္မေျပာရဲခဲ့တဲ့ ရင္တြင္းစကားအခ်ိဳ႕။
ကြၽန္ေတာ့္အဆင့္နဲ႔ အ႐ွင့္က လံုးဝမျဖစ္ႏိုင္မွန္းသိတယ္ အ႐ွင္။
ဒါဟာ အမွန္တရားတစ္ခုျဖစ္ေပမယ့္ ထယ္ေယာင္းအတြက္ခါးသီးသည္။
အ႐ွင္နဲ႔ပတ္သက္ရင္ အျမဲအသာစီးရေနတဲ့ ေဆာ့ဂ်င္ကိုေတာင္မုန္းခ်င္လာသလို။
_________________________
ေဆာ့ဂ်င္ ထိုင္ခံုေပၚတြင္ထိုင္ရင္း ဆရာကင္မ္သင္ေပးထားတဲ့ သံစဥ္အသစ္ကို ေလ့က်င္ေနသည္။
သံစဥ္က ၿငိမ္ၿငိမ္ေလးဆိုေတာ့ နမ္ဂြၽန္းကိုေတာင္ သတိရလာသလို ။
လြမ္းသည္။ ၾကာၿပီေလ ေဆာ့ဂ်င္အတြက္ ဂြၽမ္းနဲ႔ခြဲေနရတာ။
ထိုစဥ္မွာပဲ မ်က္ဝန္းထက္မွာ အရည္ၾကည္က ပါးျပင္သို႔ လိမ့္ဆင္းလာသည္။
"ျပန္လာပါေတာ့ ဂြၽန္းရယ္"
"သခင္ေလး အ႐ွင္ဆင့္ေခၚေနပါတယ္"
"ဟမ္ အ႐ွင္က ငါ့ကို ဘာလို႔ "
ေဆာ့ဂ်င္လည္း ၾကံရာမရျဖစ္ေနတုန္း
"သခင္ေလး အ႐ွင္က ဆင့္ေခၚေနပါတယ္ မသြားလို႔မရပါဘူး"
ေဆာ့ဂ်င္လည္း ဘာလုပ္ရမွန္းမသိေတာ့တာမို႔ ထိုမင္းခ်င္းနွင့္သာလိုက္သြားရသည္။
"အ႐ွင္ သခင္ေလးကင္မ္ေဆာ့ဂ်င္ ေရာက္ေနပါၿပီ"
ေဆာ့ဂ်င္လည္း စိတ္လႈပ္႐ွားလြန္းတာမို႔ လက္ႏွစ္ဖက္ကို တင္းတင္းဆုပ္ကိုင္ထားၿပီး ႏႈတ္ခမ္းကိုကိုက္ကာ အ႐ွင့္အေဆာင္ထဲ ဝင္လာခဲ့သည္။
အထဲေရာက္ေတာ့ ဆရာကင္မ္က အ႐ွင့္ေဘးမွာထိုင္ၿပီးေစာင္းတီးေနသည္။
ေဆာ့ဂ်င္ကေတာ့ ဘာရယ္မသိ မ်က္ႏွာႀကီးက ျပံဳးျဖဲမိသြားသည္။
"အ႐ွင့္ကို ကြၽန္ေတာ္မ်ိဳး ဂါရဝျပဳပါတယ္ "
ေဆာ့ဂ်င္က ဝတ္ရံုေလးကိုမၿပီး ဂါရဝျပဳသည္။
အ႐ွင္ယြန္းဂီက ထယ္ေယာင္းကိုလက္ျပၿပီးေစာင္းတီးတာကိုရပ္ခိုင္းလိုက္သည္။
ထယ္ေယာင္းျမင္လိုက္ပါသည္။
အ႐ွင့္ပံုစံထူးထူးဆန္ဆန္ေျပာင္းလဲသြားတာကို။
"ကင္မ္ေဆာ့ဂ်င္ ထိုင္ဦး"
အ႐ွင့္ခြင့္ျပဳခ်က္ေၾကာင့္ ေဆာ့ဂ်င္ အနိမ့္တစ္ေနရာတြင္ ဝင္ထိုင္လိုက္ၿပီး ေခါင္းကိုငံု႔ထားမိသည္။
"မင္း ကင္မ္ထယ္ေယာင္းဆီမွာ ေစာင္းတီးသက္ေနတယ္ဆို"
"မွန္လွပါ အ႐ွင္"
"ဒါဆိုငါ့ကို ေစာင္းတီးၿပီးေဖ်ာ္ေျဖ"
အ႐ွင့္စကားေၾကာင့္ ေဆာ့ဂ်င္ ထယ္ေယာင္းကိုၾကည့္ေတာ့ မ်က္ႏွာပ်က္ေနၿပီ။
ၿပီးမွ ေဆာ့ဂ်င္ဆီကို တစ္လွမ္းခ်င္းေလွ်ာက္လာၿပီး ေစာင္းကို ေပးသည္။
ေဆာ့ဂ်င္လည္း အခုနကမွတီးလာတဲ့ သံစဥ္ျဖင့္ တီးျပသည္။
ေဆာ့ဂ်င္ ေစာင္းကိုအာရံုစိုက္ၿပီးတီးေနသည္။
သို႔ေသာ္အေတြးထဲတြင္ ဝင္ေရာက္လာသည္က ဂြၽန္းရဲ႕ပံုရိပ္ေတြ။ မ်က္ရည္မက်မိေအာင္သတိထားရင္း နမ္ဂြၽန္းကိုရည္ၫႊန္းကာ ေဆာ့ဂ်င္သည္ အခ်စ္တို႔ျပည့္ႏွက္ေနသည့္ သံစဥ္ကိုေဖာၾကဴးသည္။
အ႐ွင္ယြန္းဂီကေတာ့ ေဆာ့ဂ်င္ကိုတစ္စိမ့္စိမ့္ထိုင္ၾကည့္ေနသည္။ လွသည္။ မိန္းမပ်ိဳေလးေတြထက္ကို အမ်ားႀကီးပိုလွသည္။ ဒါေပမယ့္ ထယ္ေယာင္းကိုေတာ့ တစ္ခါမွဒီလို မၾကည့္ဖူး။ၾကည့္ရမွာထက္ ထယ္ေယာင္းအေပၚစိတ္ယိုင္သြားမွာကို သူစိုးရိမ္သည္။
ဒီအခ်က္ကို ထက္ျမက္လွတဲ့ အ႐ွင္ယြန္းဂီကိုယ္တိုင္ မသိခဲ့။
ထယ္ေယာင္းစိတ္ထဲတြင္ သူသည္လူပိုတစ္ေယာက္ဟုသာ ထင္ေနခဲ့မိသည္။
အ႐ွင္က ေဆာ့ဂ်င္ကိုျမတ္ႏိုးစြာ ၾကည့္ေနတာကို ထယ္ေယာင္းျမင္သည္။
အခုလိုအခ်ိန္ဆို ကြၽန္ေတာ္က လူပိုတစ္ေယာက္ထပ္မပိုပါဘူး အ႐ွင္ရယ္။
ဒါေပမယ့္ အ႐ွင္ေပ်ာ္ေနတယ္ဆိုရင္ေတာ့ ကြၽန္ေတာ့္အတြက္အဆင္ေျပပါတယ္။
အ႐ွင္ေပ်ာ္ပါေစ။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili
Unicode~
"ကင်မ်ထယ်ယောင်း "
"အမိန့်ရှိပါ အရှင်"
"ကင်မ်ဆော့ဂျင်နဲ့ ပတ်သက်ပြီးမင်းဘာသိထားတာ ရှိလည်း"
အရှင်က ခပ်အေးအေးပြောသည်။
ဆော့ဂျင်နဲ့ ပတ်သက်တဲ့အကြောင်းမှန်သမျှကို အရှင့်ကို ပြောပြပြီးပြီလေ။
ဘာလို့များလည်း အရှင်ရယ်။
"ဘယ်လိုအကြောင်းမျိုးလည်း အရှင်"
သူ့စကားကြားတော့ အရှင်က ခပ်ယဲ့ယဲ့ပြုံးသည်။
ထယ်ယောင်းတစ်ယောက် အရှင့်ကို ဘယ်လိုမှနားမလည်နိုင်တော့။
"ထားပါ ကင်မ်ဆော့ဂျင်ကိုသွားခေါ်"
အရှင်ယွန်းဂီက မှူးမတ်တစ်ယောက်အမိန့်ပေးသည်။
အရှင်ဘာကို အလိုရှိနေတာလည်း။ အရှင်ဘာဖြစ်ချင်နေတာလည်း ဆိုတာ ထယ်ယောင်းတစ်ခုမှနားမလည်။
"မင်း... စောင်းတီးပြ "
"ဟုတ်ကဲ့ပါ အရှင်"
ကျွန်တော်က အရှင့်အတွက်ဆို စောင်းတီးပြတာမျိုး။
ညဘက်မှာအတူတူနေတာမျိုး။
အဲ့အတွက်ပဲလားအရှင်။
ဒါတွေဟာ ထုတ်မပြောရဲခဲ့တဲ့ ရင်တွင်းစကားအချို့။
ကျွန်တော့်အဆင့်နဲ့ အရှင့်က လုံးဝမဖြစ်နိုင်မှန်းသိတယ် အရှင်။
ဒါဟာ အမှန်တရားတစ်ခုဖြစ်ပေမယ့် ထယ်ယောင်းအတွက်ခါးသီးသည်။
အရှင်နဲ့ပတ်သက်ရင် အမြဲအသာစီးရနေတဲ့ ဆော့ဂျင်ကိုတောင်မုန်းချင်လာသလို။
_________________________
ဆော့ဂျင် ထိုင်ခုံပေါ်တွင်ထိုင်ရင်း ဆရာကင်မ်သင်ပေးထားတဲ့ သံစဉ်အသစ်ကို လေ့ကျင်နေသည်။
သံစဉ်က ငြိမ်ငြိမ်လေးဆိုတော့ နမ်ဂျွန်းကိုတောင် သတိရလာသလို ။
လွမ်းသည်။ ကြာပြီလေ ဆော့ဂျင်အတွက် ဂျွမ်းနဲ့ခွဲနေရတာ။
ထိုစဉ်မှာပဲ မျက်ဝန်းထက်မှာ အရည်ကြည်က ပါးပြင်သို့ လိမ့်ဆင်းလာသည်။
"ပြန်လာပါတော့ ဂျွန်းရယ်"
"သခင်လေး အရှင်ဆင့်ခေါ်နေပါတယ်"
"ဟမ် အရှင်က ငါ့ကို ဘာလို့ "
ဆော့ဂျင်လည်း ကြံရာမရဖြစ်နေတုန်း
"သခင်လေး အရှင်က ဆင့်ခေါ်နေပါတယ် မသွားလို့မရပါဘူး"
ဆော့ဂျင်လည်း ဘာလုပ်ရမှန်းမသိတော့တာမို့ ထိုမင်းချင်းနှင့်သာလိုက်သွားရသည်။
"အရှင် သခင်လေးကင်မ်ဆော့ဂျင် ရောက်နေပါပြီ"
ဆော့ဂျင်လည်း စိတ်လှုပ်ရှားလွန်းတာမို့ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး နှုတ်ခမ်းကိုကိုက်ကာ အရှင့်အဆောင်ထဲ ဝင်လာခဲ့သည်။
အထဲရောက်တော့ ဆရာကင်မ်က အရှင့်ဘေးမှာထိုင်ပြီးစောင်းတီးနေသည်။
ဆော့ဂျင်ကတော့ ဘာရယ်မသိ မျက်နှာကြီးက ပြုံးဖြဲမိသွားသည်။
"အရှင့်ကို ကျွန်တော်မျိုး ဂါရဝပြုပါတယ် "
ဆော့ဂျင်က ဝတ်ရုံလေးကိုမပြီး ဂါရဝပြုသည်။
အရှင်ယွန်းဂီက ထယ်ယောင်းကိုလက်ပြပြီးစောင်းတီးတာကိုရပ်ခိုင်းလိုက်သည်။
ထယ်ယောင်းမြင်လိုက်ပါသည်။
အရှင့်ပုံစံထူးထူးဆန်ဆန်ပြောင်းလဲသွားတာကို။
"ကင်မ်ဆော့ဂျင် ထိုင်ဦး"
အရှင့်ခွင့်ပြုချက်ကြောင့် ဆော့ဂျင် အနိမ့်တစ်နေရာတွင် ဝင်ထိုင်လိုက်ပြီး ခေါင်းကိုငုံ့ထားမိသည်။
"မင်း ကင်မ်ထယ်ယောင်းဆီမှာ စောင်းတီးသက်နေတယ်ဆို"
"မှန်လှပါ အရှင်"
"ဒါဆိုငါ့ကို စောင်းတီးပြီးဖျော်ဖြေ"
အရှင့်စကားကြောင့် ဆော့ဂျင် ထယ်ယောင်းကိုကြည့်တော့ မျက်နှာပျက်နေပြီ။
ပြီးမှ ဆော့ဂျင်ဆီကို တစ်လှမ်းချင်းလျှောက်လာပြီး စောင်းကို ပေးသည်။
ဆော့ဂျင်လည်း အခုနကမှတီးလာတဲ့ သံစဉ်ဖြင့် တီးပြသည်။
ဆော့ဂျင် စောင်းကိုအာရုံစိုက်ပြီးတီးနေသည်။
သို့သော်အတွေးထဲတွင် ဝင်ရောက်လာသည်က ဂျွန်းရဲ့ပုံရိပ်တွေ။ မျက်ရည်မကျမိအောင်သတိထားရင်း နမ်ဂျွန်းကိုရည်ညွှန်းကာ ဆော့ဂျင်သည် အချစ်တို့ပြည့်နှက်နေသည့် သံစဉ်ကိုဖောကြူးသည်။
အရှင်ယွန်းဂီကတော့ ဆော့ဂျင်ကိုတစ်စိမ့်စိမ့်ထိုင်ကြည့်နေသည်။ လှသည်။ မိန်းမပျိုလေးတွေထက်ကို အများကြီးပိုလှသည်။ ဒါပေမယ့် ထယ်ယောင်းကိုတော့ တစ်ခါမှဒီလို မကြည့်ဖူး။ကြည့်ရမှာထက် ထယ်ယောင်းအပေါ်စိတ်ယိုင်သွားမှာကို သူစိုးရိမ်သည်။
ဒီအချက်ကို ထက်မြက်လှတဲ့ အရှင်ယွန်းဂီကိုယ်တိုင် မသိခဲ့။
ထယ်ယောင်းစိတ်ထဲတွင် သူသည်လူပိုတစ်ယောက်ဟုသာ ထင်နေခဲ့မိသည်။
အရှင်က ဆော့ဂျင်ကိုမြတ်နိုးစွာ ကြည့်နေတာကို ထယ်ယောင်းမြင်သည်။
အခုလိုအချိန်ဆို ကျွန်တော်က လူပိုတစ်ယောက်ထပ်မပိုပါဘူး အရှင်ရယ်။
ဒါပေမယ့် အရှင်ပျော်နေတယ်ဆိုရင်တော့ ကျွန်တော့်အတွက်အဆင်ပြေပါတယ်။
အရှင်ပျော်ပါစေ။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili