𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 (8)

694 111 0
                                    

အေးချမ်းလှတဲ့ည​နေခင်းတွင်​ နမ်​ဂျွန်းတို့ သျှီလာသို့ ပြန်​လာ
ကြသည်​။
ဝေါယဉ်​​ပေါ်တွင်​လည်း မင်းသမီးနှစ်​​ယောက်​က တိတ်​ဆိတ်​စွာလိုက်​လာကြသည်။

နမ်​ဂျွန်းမြင်း​ပေါ်မှ ​ဝေါယ​ဉ်​အတွင်းသို့လှမ်းကြည့်​​တော့ မင်းသမီးငယ်​က သူမဟုတ်​တဲ့အတိုင်းမျက်​လွှာကိုချပြီး သူမ အမ​ရှေ့တွင်​​ထိုင်ပြီးေ​ခါင်းငုံ​နေသည်​။

နမ်​ဂျွန်းသက်​ပြင်းသာချလိုက်​မိပြီး​ရှေ့မှ ဦး​ဆောင်​လာရသည်​။
သူမကိုအပြစ်​မတင်​ဘဲ ဖြစ်​လာသမျှကို ရင်​ဆိုင်​ဖို့ကြိုးစားရ​တော့မှာပဲ။ ကိုယ်​​တောင်းပန်​ပါတယ်​ ဂျင်​။

တဖြည်းဖြည်းနဲ့ ခရီးဆက်​လာတာ နန်း​တော်​​ရှေ့သို့​ရောက်​လာသည်​။
နန်း​တော်​ကို​ရောက်​​တော့ အရှင်​က သူ့ရဲ့မိဖုရားအသစ်​ဖြစ်​လာမယ့်​ ဂို​လျော မင်းသမီးအကြီးကို ဆည်းကြိုသည်​။

"ခရီး​ဝေးကလာရတာ ပင်​ပန်း​နေ​တော့မှာပဲ ကိုယ်​​တော်​ သျှီလာအရှင်​ပါ"

"​တွေ့ရတာ ဝမ်းသာပါတယ်​ အရှင်​"

ထို့​နောက်​အရှင်​က သူမလက်​ကိုဆွဲပြီး နန်း​ဆောင်​အတွင်းသို့ဝင်​သည်​။
မင်းသမီးငယ်​ကလည်း ​ဝေါယဉ်​​ပေါ်က ​ဆင်းပြီး နမ်​ဂျွန်း​နောက်​က ကပ်​လိုက်​သည်​။

"စစ်​သူကြီးမင်း"

"အမိန့်​ရှိပါ မင်းသမီး"

"ရှင့်​ရဲ့ ချစ်​သူကို ကျွန်​မကူ​ပြော​ပေးပါ့မယ်​ စိတ်​မပူပါနဲ့"

နမ်​ဂျွန်းရဲ့လက်​ကို သူမကဆွဲကိုင်​ပြီး​ပြောသည်​။
နမ်​ဂျွန်းပြုံးမိသည်​။
အရှင်​က သူ့ကို​စော​စောပြန်​​ခေါ်ပုံရရင်​ ​ဆော့ဂျင်​ကို သူထင်​ထားသလို မသိမ်းထားဘူးဆိုတာ သူရိပ်​မိသည်​။
အပူတစ်​လုံးကျသွား​ပေမယ့်​ ရင်​ဘက်​ထဲက အပူ​တွေက​တော့ အ​တောမသတ်​နိုင်​။

နမ်​ဂျွန်းသူမလက်​ကို ပြန်​လည်​ဆုပ်​ကိုင်​ပြီး နန်း​ဆောင်​အတွင်းကို​ခေါ်လာသည်​။
မျက်​လုံး​တွေက​တော့ သူ့ရဲ့အဖြူထည်​​လေးလိုက်​ရှာ​နေမိ
သည်​။
____________________________
ဆော့ဂျင်​ ဆရာကင်​မ်​နဲ့အတူ ​စောင်းကိုသင်​​နေ​ပေမယ့်​ စိတ်​ကမပါ​တော့..။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now