𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(28)

726 106 0
                                    

ပြတင်းတံခါးမှ ​နေ​ရောင်​ခြည်​ဆည်းဆာသည်​ နမ်​ဂျွန်းရဲ့ မျက်​နှာ​ချော​ချောထက်​ကကျ​ရောက်​သည်​..။
နမ်​ဂျွန်း အိပ်​ရာနိုးလာ​တော့ ကြင်​ယာ​တော်​ဂီက သူ့​ဘေးတွင်​ ထိုင်​​နေပြီး ပြုံးပြသည်​..။

"​မောင်​ ထ​တော့​လေ "

"အာ အင်း "

သူမသည်​ ပြုံးပြပြီး နမ်​ဂျွန်း​ရှေ့သို့ ဝတ်​စုံကိုချ​ပေးသည်​..။

"​မောင်​ ဒီ​နေ့ အ​မဲလိုက်​ပွဲ​တော်​အတွက်​ လုံခြုံ​ရေးသွား စီစဉ်​ရမှာမလား သတိထားပြီးသွားပါ သား​ကောင်​​တွေက များတယ်​"

နမ်​ဂျွန်းအသိအမှတ်​ပြုရုံသာ ​ခေါင်​ညိမ့်​ပြပြီး မျက်​နှာသစ်​ကာ ဝတ်​စုံကို ယူဝတ်​မိသည်​..။
အ​နောက်​မှ အရာရာ လို​လေ​သေးမရှိ လိုက်​ပြုစု​ပေး​နေတဲ့ သူမကို အားနာ​ပေမယ့်​ နမ်​ဂျွန်း ဒီလိုအချိန်​မှာ ဘယ်​သူနှင့်​မှ စကားမ​ပြောချင်​ပါ..။

"​မောင်​သွား​တော့မယ်​ ဂရုစိုက်​ပြီး သွားပါ့မယ်​ ဂီ"

နမ်​ဂျွန်းသည်​ ကြင်​ယာ​တော်​ဂီကို နှုတ်​ဆက်​ပြီး နန်း​ဆောင်​အတွင်းမှ ထွက်​လာမိသည်​..။
အ​နောက်​မှကျန်​ခဲ့တဲ့ ကြင်​ယာ​တော်​ဂီက​တော့ မျက်​ဝန်းထက်​မှ မျက်​ရည်​ဥသည်​ ပါးပြင်​ထက်​သို့ ကျ​ရောက်​လာသည်​။

"ကိုယ်​လုပ်​​တော်​ကင်​မ်​ကို ​မောင်​က သိပ်​ချစ်​တာပဲ အားကျလိုက်​တာ ကိုယ်​လုပ်​​တော်​ကင်​မ်​ရယ်​"
_____________________
"ထယ်​​ယောင်း ဒါကို​သောက်​လိုက်​"

အိပ်ယာထက်​တွင်​ အား​ပျော့စွာ ထိုင်​​နေတဲ့ ထယ်​​ယောင်းကို အရှင်​ယွန်းဂီက သမား​တော်​ကြီးယူ​ပေးသည့်​ ဂျင်​စင်းအား​ဆေး ​ပေးသည်​..။
ထယ်​​ယောင်းရဲ့ မျက်​နှာဖြူ​ဖျော့​ဖျော့ထက်​​ဝေ့ဝဲကျ​ရောက်​​နေတဲ့ ဆံနွယ်​ကို အသာသပ်​တင်​​ပေးပြီး ထယ်​​ယောင်းအား ထိုင်​ကြည့်​​နေသည်​..။

ထယ်​​ယောင်းမှာလည်း အရှင်​ကကြည့်​​နေ​တော့ မ​နေတတ်​စွာ ​ခေါင်းကို ငုံ့ထားမိသည်​..။
ဒီအ​နေအထား​လေး အရှင်​ကဂရုစိုက်​​နေတဲ့ အ​နေအထား​လေးကို သ​ဘောကျ​ပေမယ့်​ အနာ​ပေးလိုက်​ ​ဆေး​ပေးလိုက်​လုပ်​​နေသည့်​ အရှင့်​ကို​တကယ်​ နားမလည်​နိုင်​​တော့..။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Opowieści tętniące życiem. Odkryj je teraz