𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 (𝒊𝒏𝒕𝒓𝒐1)

1.6K 177 0
                                    

"အရှင်​ အဲ့လို​တော့ မလုပ်​ပါနဲ့ ​တောင်းပန်​ပါတယ်​ အရှင်
ငံ့ညှာ​​တော်​မူ​ပေးပါ အရှင်​ရယ်​ "

သွေးအလိမ်းလိမ်းနဲ့ အပြစ်​သားတစ်​​ယောက်​က ပလ္လင်​​ပေါ်က သျှီလာအရှင်​သခင်​ကို ဒူး​ထောက်​​တောင်းပန်​​နေခြင်း။

ပလ္လင်​​ပေါ်တွင်​ ​ရေ​နွေးကြမ်းခွက်​ကို ကိုင်​ပြီး ​​ခြေချိတ်​ထိုင်​​နေတဲ့သူ.. သျှီလာအရှင်​သခင်​က​တော့ ​​သွေး​အေး​အေးအပြုံးတစ်​ခုကိုသာ နှုတ်​ခမ်း​ထက်​တွင်​ ပန်​ဆင်​ထားလျက်​။

"​တောင်းပန်​ပါတယ်​ အရှင်​ .... ကျွန်​​တော့်​မှာ သမီး​လေးနဲ့
မိန်းမရှိ​သေးလို့ပါ အရှင်​ရယ်​"

"ဟက်​ အပြစ်​​ပေးခံရမှာကို​ကြောက်​ရင်​ ဘာလို့ အစကတည်းက အပြစ်​လုပ်​ခဲ့လည်း"

ထိုအခါမှ ငြိမ်​ကျသွားတဲ့ အပြစ်​သားကိုကြည့်​ရင်း
သျှီလာအရှင်​သခင်​သည်​ ​ရေ​နွေးကြမ်းခွက်​ထဲက ​ရေပူပူတို့ကို အပြစ်​သားမျက်​နှာဆီသို့ ​သွေး​အေးစွာ ပက်​ပစ်​လိုက်​သည်​။

ထိုအပြစ်​သားက​တော့ ပူလွန်းလို့ ညည်းတွားရင်း ငြိမ်​ကျသွားသည်​။

"ဒီ​ကောင်​ကို ​ကြိုးစင်​ပို့လိုက်​​တော့"

"အမိန့်​​တော်​အတိုင်းပါ အရှင်​"

"အရှင်​ ​တောင်းပန်​ပါတယ်​ အရှင်​"

ထိုအပြစ်​သားက​တော့ ရုန်းကန်​ရင်းပါသွားသည်​။
ကျန်​ခဲ့သည့်​ သျှီလာအရှင်​သခင်​ မင်​ယွန်းဂီက​တော့ ဘက်​မညီ​သောအပြုံးတစ်​ခုကို ​ဖော်​​ဆောင်​ရင်း ။

"သူ့ သမီးကို ငါ့ကိုယ်​လုပ်​​တော်​ရာထူး​ပေးလိုက်​"

"အမိန့်​​တော်​အတိုင်းပါ အရှင်​"

ဤသူသည်​ ရက်​စက်​​လွန်း​သော သျှီလာအရှင်​သခင်​။
ဖခင်​မမည်​​သော ဖခမည်း​တော်​​ ​တော်​ဆက်​သည့်
သျှီလာဘုရင်​​ဟောင်းကို ကိုယ်​တိုင်​ စီရင်​ပြီး သျှီလာအရှင်​သခင်​အဖြစ်​ဆက်​ခံခဲ့သူ။
ထက်​မြက်​ပြီးရက်​စက်​လွန်းတာ​ကြောင့်​ နိုင်​ငံသားများအပြင်​ အိမ်​နီးချင်းနိုင်​ငံများကပါ ​ကြောက်​ရသူ။
ဖြူ​ဖွေးလွန်း​သောအသားအရည်​။
နီ​စွေး​စွေး နှုတ်​ခမ်းပါး ။
ခပ်​ကျဉ်းကျဉ်းနှင့်​စူးရှရှ မျက်​ဝန်း။
အဖြူ​ရောင်​ ဆံပင်​ရှည်​တို့​နှင့်​ ထိုသူသည်​ သျှီလာအရှင်​သခင်​ မင်​ယွန်းဂီ။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now