အရှင်ယွန်းဂီနှင့် ထယ်ယောင်းတို့ နန်းတွင်းပန်းခြံကြီးထဲသို့ ရောက်လာကြပြန်သည်..။
အရှင်ယွန်းဂီသည် ထိုပန်းခြံကို လွန်စွာ ကြိုက်နှစ်သက်သည်ဟု ထယ်ယောင်းထင်မိသည်..။
အရှင်နှင့်အတူ ပန်းခြံသို့ လာရောက်သည်မှာ နှစ်ကြိမ်မြောက်နေပြီလေ..။ထယ်ယောင်း နန်းဆောင်အတွင်း အချစ်တော်တင်မြှောက်စဉ်က တစ်ယောက်တည်း ကွဲထွက်နေသလို ခံစားမိသည်။
စိတ်ထင်ထားသည့်အတိုင်း အရှင်သည် ဆော့ဂျင်ကို တော်ကောက်တော်မူသည်...။
ဒါပေမယ့် ဘာအကြောင်းကြောင့် ကိုယ်လုပ်တော် တင်မြှောက်တယ်ဆိုတာကို ထယ်ယောင်းမခန့်မှန့်နိုင်..။
သူသိထားသလောက်တော့ အရှင်က ဆော့ဂျင်အပေါ် မေတ္တာသက်ဝင်နေသည်လေ..။အရှင်က ပန်းခြံရဲ့ အလယ်လောက်အထိရောက်လာတော့ နောက်က ကပ်ပါလာသည့် အစေခံတို့ကို အမိန့်ပေးသည်..။
"ဗြပ်စောင်းတစ်ခု ယူလာခဲ့"
"အမိန့်တော် အတိုင်းပါ အရှင်"
အစေခံတို့သည် အရှင့်အား အရိုအသေပေးပြီးနောက် ဗြပ်စောင်းတစ်လက်သွားယူကြလေသည်..။
အရှင်သည် အနားရှိခင်းထားသည့် ပန်းခင်းကြီးပေါ်သို့ အကြည့်ရောက်တော့ နှုတ်ခမ်းမှ ခပ်ရေးရေးပြုံးသည်..။
ထယ်ယောင်းသည် အရှင့်အတိုင်း လိုက်၍ ပြုံးမိသည်..။အရှင်သည် ထို ပန်းခင်းဆီသွားပြီး ပန်းတစ်ပွင့်ကို ကောက်ယူသည်..။
ထို့နောက် ထယ်ယောင်းဆီပြန်လာပြီး ထယ်ယောင်းကို ထိုပန်းဖြင့် ဆင်မြန်းပေးသည်..။ထယ်ယောင်းလည်း ရုပ်တရက်ကြောင်သွားပြီး ခေါင်းငုံ့ထားမိသည်..။
အရှင်သည် ခပ်ဟဟရယ်ပြီး ခုံတစ်ခုတွင်ဝင်ထိုင်သည်..။"အရှင် ဗြပ်စောင်းရပါပြီ"
"ကင်မ်ထယ်ယောင်း ငါ့ကို ဗြပ်စောင်းတီးပြီးဖျော်ဖြေစေ "
ВИ ЧИТАЄТЕ
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!
ФанфікиKimNamJoon X KimSeokJin Only his order and permission is our life~~ *Probably 2 months running FiC*