ႏွာဘူးၾကင္ယာေတာ္ (နှာဘူးကြင်ယ...

By seyeol69

99.1K 10.8K 1K

ႏွာဘူးတေယာက္ကိုခ်စ္မိတဲ့အခါ... More

story infomation
1
2
3
4
5
6
7
8
9
10
11
Note
12
13
15
16
17
18
19
pls read
20
21
အိမ္ေခါင္မိုးဖာၾကမယ္
22

14

3.6K 482 39
By seyeol69

"အင့္..နာတယ္"

ငိုမဲ့မဲ့မ်က္ဝန္းသြယ္ေတြနဲ႔ ႏႈတ္ခမ္းပါးတို႔ကခပ္မဲ့မဲ့၊
အမွန္တကယ္ကိုတကယ္နာက်င္သြားပံုရသည့္ေၾကာင့္လားမသိ တင္ပါးလံုးလံုးေတြကိုဖိပြတ္လို႔ ၾကမ္းျပင္ေပၚပံု႔ပံု႔ေလး၊

အားႀကီးနဲ႔ကန္ခ်လိုက္သည္မို႔ခ်န္ေယာလ္က စိုးရိမ္သြားရကာ အိပ္ယာေပၚကကမန္းကတန္းေျပးဆင္းလို႔ ဆယ္ဟြန္းအနားေရာက္သြားပါေတာ့တယ္။
တဆက္ထဲမွာပဲ စိတ္မေကာင္းလဲျဖစ္သြားရတယ္။

" နာသြားတာလား ထထ ကိုယ္ေတာ့္ကိုတြဲ"

" အျမဲတမ္းပဲ ကၽြန္ေတာ့္ကိုဆိုတအားလုပ္တယ္၊ မုန္းေနတာမို႔လား ကြာရွင္းခ်င္ေနလို႔လား"

မ်က္ရည္စတို႔ေဝ့သီေနသည့္မ်က္ဝန္းေတြကအမွန္တကယ္ကိုငိုခ်ေတာ့မည့္ဟန္၊ႏႈတ္ခမ္းပါးတို႔ဟာတုန္ယင္လာရင္းဆိုသည္။

" မုန္းေနတာ ကၽြန္ေတာ့္ကိုဆိုအျမဲမုန္းေနတာ အဲ့မင္းႀကီးက "

ထူေပးေတာ့လဲမထပါပဲ မ်က္လံုးကိုပြတ္လို႔ ငိုေနပံုကတကယ့္ကိုသနားစဖြယ္၊ ခ်စ္စဖြယ္။

"ကိုယ္ေတာ္မွားပါတယ္၊ လာ ထ မနက္စာ အတူသံုးေဆာင္ရေအာင္၊ မ်က္ႏွာသစ္ေပးမယ္"

ေပြ႕ခ်ီေတာ့ သြယ္သြယ္ေျပာင္းေျပာင္းခနၶာကိုယ္ေလးကေစြ႕ခနဲပါလာသည္။

အသင့္ျပင္ဆင္ေပးထားသည့္ ေရခ်ိဳးေဆာင္အတြင္း ေရေႏြးေငြ႕တို႔ႏွင့္ဖံုးလႊမ္းေနသည္မို႔ေႏြးေထြးေနသည္။
သစ္သားစည္အတြင္းမထည့္ေပးမွီ အဝတ္တို႔ကိုခၽြတ္ေပးေတာ့ၿငိမ္ၿငိမ္စက္သက္ကေလးႏွင့္လိမၼာသည့္ေကာင္ငယ္ေလးလို။

အတြင္းဝတ္အေပၚပိုင္းပါ ခၽြတ္ၿပီး ေနာက္ မ်က္ရည္တို႔ျဖင့္နီတာရဲမ်က္ႏွာႏုႏုေလးအားစိတ္လိုလက္ရသန္႔စင္ေပးမိသည္။
ဒီ ၾကင္ယာေတာ္ေလးနဲ႔မွပဲ မလုပ္ဖူးတာေတြလုပ္ေနမိေတာ့တာ...

ထို႔ေနာက္ လည္တိုင္ေတြညႇပ္ရုိးေတြမွအစ ပုခံုးသားႏုႏုေတြဆီ ေရေႏြးေႏြးျဖင့္ပြတ္သပ္သန္႔စင္ေပးေတာ့ တအံ့တဩေမာ့ၾကည့္ေနသည္။

" ခုက ျပန္ေခ်ာ့တာလား ၊ "

မေက်မနပ္ူဆူေအာင့္ေအာင့္အသံဟာ ရဲရဲတင္းတင္း။
ဒီ လို ေကာင္စားမ်ိဳးေလးဟာအလိုလိုက္ရင္ကမ္းတက္ တတ္သည့္အမ်ိဳးအစားေပ။

" ေအာ္ေဟာ ခု ကိုယ္ေတာ့္ကိုဘယ္လိုေလသံနဲ႔ေျပာလိုက္တာလဲ "

မ်က္ႏွာထားတင္းတင္းနဲ႔ ဆူပူေတာ့ ဟြန္႔ခနဲ မဲ့ကာျဖင့္ တဖက္သို႔ေခါင္းေစာင္းပစ္ကာ မျမင္ခ်င္ေတာ့သည့္ဟန္ျပဳလုပ္ေလသည္။
တင္ပါးေတြခ်ည္းခပ္ဆတ္ဆတ္ရုိက္ပစ္ခ်င္ေတာ့တာပါပဲ...

" သန္႔စင္ၿပီးၿပီဆိုထေတာ့ ၊မနက္စာစားပြဲဝိုင္းမွာအသင့္ေစာင့္ေန၊ကိုယ္ေတာ္ေရခ်ိဳးၿပီး ထြက္လာမယ္"

" သူပဲေစာက္အမ်ိဳးမ်ိဳး"

မၾကားေအာင္ေျပာေပမဲ့ခ်န္ေယာလ္က ၾကားျဖစ္ေအာင္ၾကားပါတယ္။
မသိခ်င္ေယာင္သာေဆာင္ၿပီးေနေနလိုက္ေတာ့တယ္။

ဒီအရုိင္းအစိုင္းေလးကို ဘယ္လိုပံုသြင္းရပါ့မလဲ...

**********
" ၾကင္ယာေတာ္ေလး ေနထိုင္ေကာင္းပါရဲ႕လား၊ ကၽြန္ေတာ္မ်ိဳးတို႔ သမားေတာ္ေခၚေပးရမလား"

အေျပးအလႊားေရာက္လာသည့္ဆယ္ဟြန္းအထိန္းေတာ္ႀကီးက တကယ့္ကိုအလြန္အမင္းစိုးရိမ္ေနဟန္၊
မိဘေမတၱာႏွင့္ေဝးေနခဲ့သည့္ ဆယ္ဟြန္းမွာ မ်က္ရည္လည္ေအာင္ပင္ျဖစ္ရသည္။

" ကၽြန္ေတာ္ေနေကာင္းသြားပါပီ။ တင္ပါးပဲနာေနတာ"

အထိန္းေတာ္ႀကီးေတြဟာ ဆယ္ဟြန္းရဲ႕စကားေၾကာင့္မ်က္ႏွာေတြရဲခနဲ။

" အဲ့မင္းႀကီးေလ သူမ်ားကေနမေကာင္းပါဘူးဆို တအားလုပ္တာ "

" ကၽြန္..ကၽြန္ေတာ္မ်ိဳးတို႔အားရွိတာေတြျပင္ဆင္ေပးပါ့မယ္"

ဆယ္ဟြန္းဟာမိမိစကားရဲ႕အတိမ္အနက္ကို သတိမျပဳမိပါဘဲ ဝမ္းသာအားရေခါင္းၿငိမ့္ျပလိုက္တယ္။

အထိန္းေတာ္ႀကီးဟာေတာ့ ေနမေကာင္းေနသည့္ၾကင္ယာေတာ္ေလးကိုေတာင္မသနားပဲ အိပ္ေဆာင္ဝင္သည့္မင္းႀကီးအားအံေဩာမဆံုးျဖစ္ေနခဲ့ပါသည္။
မိမိတို႔ၾကင္ယာေတာ္ေလးအတြက္လဲ စိတ္မေကာင္းျဖစ္ရင္းေပါ့..

******************
ကိုယ္လုပ္ေတာ္ယြီဟာ ခုရက္ပိုင္းေတြ မ်က္ႏွာမေကာင္းလွဘူး။
သူမဟာ မင္းႀကီးရဲ႕ အႏွစ္သက္ဆံုးကိုယ္လုပ္ေတာ္ျဖစ္သည့္အျပင္ အလိုလိုက္ခံ ဖူဖူးမႈတ္ခံထားရသည့္ အေနာက္ေျမာက္ႏိုင္ငံမွ မင္းသမီးေလးမို႔ စိတ္ညစ္စရာဆိုတာမရွိသေလာက္ပင္၊
သူမ ကအလိုမက်၍ မ်က္ႏွာႀကီးသုန္မႈန္ေနသည္မို႔ အပါးေတာ္ျမဲေတြဟာေၾကာက္လန္႔၍ စိုးတထိတ္ထိတ္ရွိေနခဲ့ေလသည္။

" ေျမေခြးလို တဏွာေကာင္ကမ်ား ရာရာစစ "

သူမသည္ ေတြးရင္းစိတ္တိုလာပံုျဖင့္စားပြဲထက္က အလွတင္ ပန္းအိုးအားနံရံထက္ပစ္ေပါက္လိုက္ျပန္တယ္။

" ဒင္းက  ငါေတာင္ေျခမခ်ဖူးတဲ့ အရွင့္ရဲ႕အိပ္ေဆာင္မွာ..."

မယ္ေတာ္ႀကီးႏွင့္သားေတာ္သမီးေတာ္တို႔မွလြဲ မည္သည့္ၾကင္ယာေတာ္၊ ကိုယ္လုပ္တာ္၊ ယုတ္စြအဆံုးမိဖုရားေခါင္ႀကီးေတာင္ေျခခ်ခြင့္မရတဲ့အိပ္ေဆာင္မွာ ၂ညတိုင္တိုင္အိပ္စက္ခြင့္ရသည့္ အႏွီ အမ်ိဳးသားငယ္အားမုန္းတီးစိတ္တို႔ကတရိပ္ရိပ္ႏွင့္...
အရွင္မင္းႀကီးထံမွ ခ်စ္ျခင္းေမတၱာတို႔ေဖာေဖာသီသီရသည့္သူမေတာင္တခါမွ ဖိတ္ခၚျခင္းမခံရေပ။
ဒါကို  ဆြဲေဆာင္မႈမရွိသည့္ေယာက်္ားတေယာက္ျဖစ္သည့္ထိုသူဟာ တံခါးမရွိဓားမရွိဝင္ထြက္ေနပံုက သူမ ေဒါသကိုဆြေနသလိုခံစားရသည္။

အနည္းဆံုးေတာ့ ထိုလူကိုသူ႔ေနရာသူသိေအာင္သင္ခန္းစာေပးဖို႔ဆံုးျဖတ္လိုက္သည္။

****************
ေဆးေရး ပန္းခ်ီ တို႔ကိုႀကိဳးႀကိဳးစားစားသင္ယူေနသည့္ဂ်ံဳအင္နီးေၾကာင့္ဘတ္ခ္ဟၽြန္းဟာ ေဘးကၾကည့္ေနရင္းက ထိုကေလးအားခ်စ္ျမတ္ႏိုးစိတ္တို႔ကတရိပ္ရိပ္၊
ဒီကေလးေလးဟာ တကယ့္ကိုအလိမၼာေလး၊
မည္သည့္သင္ၾကားျခင္းမ်ိဳးကိုမဆိုမ်က္ႏွာတခ်က္မပ်က္သင္ယူရွာသည္။

" ခဏေလာက္နားပါအုန္းကြာ"

ေဆးစက္တို႔ျဖင့္ေပေရေနသည့္လက္ခံုေလးအားဆြဲယူဆုပ္ကိုင္ရင္းဆိုေတာ့ လဲ ၿငိမ္ၿငိမ္သက္သက္ေလး မ်က္လႊာခ်လို႔ လုပ္လက္စအလုပ္ကိုရပ္သည္။

" ခင္ဗ််ား လက္ေလးေတြကလွလိုက္တာ၊ စစ္သူႀကီးတေယာက္ရဲ႕လက္လို႔ေတာင္မထင္ရေလာက္ေအာင္ႏုဖတ္ေနတာပဲ"

ဘတ္ခ္ဟၽြန္းရဲ႕ ရွည္သြယ္လွေသာလက္သြယ္တို႔အား ၾကည့္ရင္းခ်ီးမြမ္းသည့္ကေလးငယ္ေၾကာင့္ ေက်နပ္မႈကအတိ။

ပါးညိဳညက္ညက္ေလးအားခပ္ဖြဖြပြတ္သပ္ေတာ့ နားရြက္ဖ်ားေတြနီရဲလို႔။
ဒီကေလးငယ္ဟာ ျဖဴစင္လြန္းလို႔ အေရာင္ဆိုးဖို႔ခက္တယ္။
သိပ္ကိုျမတ္ႏိုးခ်င္စရာေကာင္းတဲ့ဝက္ဝံညိဳေလးမို႔ ဘယ္သူမွမျမင္ေအာင္ရင္ထဲထည့္သိမ္းဖြက္ထားလိုက္ခ်င္ေတာ့တယ္။

စစ္ပြဲတရာဆင္ႏႊဲလာတဲ့စစ္သူႀကီးဟာ ဒီ ဝက္ဝံေလးရဲ႕ေျခရင္းမွာေတာ့အတံုးအရုံးေႂကြဆင္းရပါတယ္၊
ငိုမွာစိုးလို႔အတင္းအၾကမ္းလဲမသိမ္းပိုက္ရက္နဲ႔...တကယ့္ကိုခက္ပါတယ္။

***********
မၾကာခင္ က်င္းပမည့္ အမဲလိုက္ပြဲေၾကာင့္ အရွင္မင္းႀကီးမွ အစ စစ္သူႀကီးဘတ္ခ္ဟၽြန္းအပါအဝင္မိဖုရားေခါင္ႀကီီး ၊စသျဖင့္ ျမႇားပစ္တတ္ကၽြမ္းသူ တိုင္းဟာ ေလက်င့္ေရးကြင္းအတြင္းအျပင္းအထန္ေလ့က်င့္ေနၾကသည္။

နန္းေတာ္ရဲ႕အျပင္ ေျမာက္ဘက္ေတာအုပ္အတြင္းအေပ်ာ္တမ္းအမဲလိုက္ပြဲ လုပ္မည္ျဖစ္၍ ဆယ္ဟြန္းမွလြဲလူတိုင္းကစိတ္လႈပ္ရွားေပ်ာ္ရႊင္ေနၾကတယ္။

ဆယ္ဟြန္းကေတာ့ ၂ရက္သာတက္ၿပီးဖင္နာလို႔ေခါင္းကိုက္လို႔စသျဖင့္အေၾကာင္းျပခ်က္မ်ိဳးစံုျဖင့္ ျမႇားပစ္သင္တန္းအားလြတ္ခဲ့သည္မို႔ အလြန္ပင္ပူေဆြးေသာကေရာက္ေနရတယ္။

ေသခ်ာတာတခုကေတာ့...
လူၾကားထဲ ေသာက္ရွက္ကြဲေတာ့မယ္ဆိုတာပါပဲ...
ေလႀကိဳးေတာင္ေကာင္းေကာင္းမဆြဲတတ္သည္မို႔ထိုေႏြအတြင္း မလိုက္ပါဘဲ အေၾကာင္းျပခ်က္တခုခုျဖင့္နန္းေတာ္ထဲက်န္ေနခဲ့ဖို႔သာအၾကံထုတ္ေနမိေတာ့တယ္။

*******
" ၾကင္ယာေတာ္ေလး မလိုက္လို႔မရပါဘူး၊ အရွင္မင္းၾကးကိုယ္တိုင္လိုက္ပါတာမို႔ ၾကင္ယာေတာ္ေလး လံုးဝ ေနခဲ့ဖို႔မသင့္ေတာ္ပါဘူး"

" ဟာ... အားအားယားယား ေတာထဲက အေကာင္ေလးေတြကိုလိုက္သတ္တာႀကီးကၽြန္ေတာ္မလိုက္ခ်င္ပါဘူး "

ဆယ္ဟြန္းဟာ နန္းေတာ္က ထြက္ခြာခါနီးအခ်ိန္အထိ ေသလုေအာင္ျငင္းတယ္။
ဒါေပမဲ့လဲ အခ်ိန္တန္ေတာ့လဲအသင့္ျပင္ဆင္ေပးထားသည့္အမဲလိုက္ဝတ္စံုအနီရဲရဲႏွင့္နဖူးစည္းအားဝတ္ဆင္ကာ ဆူပုတ္ပုတ္ႏွင့္ျမင္းေပၚပါလာရေတာ့တာပဲ...

စစ္သူႀကီးဘတ္ခ္ဟၽြန္းကိုယ္တိုင္ေပးအပ္လာသည့္ ျမႇားကိုလြယ္လ်က္ျမင္းေပၚ ၇ရက္ ထမင္းမစားရသည့္ရုပ္ျဖင့္ပါလာသည္။

နက္ျပာေရာင္ ဝတ္ရုံနက္ျပာေရာင္ နဖူးစည္းအားဝတ္ဆင္ထားသည့္ငလူးေကာင္သည္ သူ႔မယားယြီ ၏ ျမင္းေဘးယွဥ္လ်က္ၾကည္ၾကည္ႏူးႏူး။

" သူမ်ားအသတ္ကိုသတ္မွာကိုေပ်ာ္ေနတာ၊ အၾကင္နာတရားကိုမရွိဘူး၊ လိပဲဟာ ေသာက္ေကာင္ႀကီးေျမႏိုးႀကီး"

ဆယ္ဟြန္းသည္ ေရငတ္သည္အထိ တလမ္းလံုးမနားတမ္းဆဲဆိုေနခဲ့တယ္။

.....

မၾကာခင္စခန္းခ်ရာ အရပ္ေရာက္သည္။
ကိုယ္လုပ္ေတာ္ယြီဟာ ျမင္းေပၚမွ မလွမပ ကုပ္တြယ္ဆင္းသည့္ဆယ္ဟြန္းအားမလိုမုန္းထားမ်က္ဝန္းတို႔ျဖင့္ ေျခဆံုးေခါင္းဆံုးေစ့ေစ့စပ္စပ္ၾကည့္ေလတယ္။
ဒီ မိန္းမဟာဘယ္ေလာက္ပဲ ဆယ္ဟြန္းႀကိဳက္သည့္ ရင္သားႀကီးႀကီးေတြရွိသည္ဆိုအုန္း ေကာက္က်စ္သည့္မ်က္ႏွာထားကမလိုမုန္းထားတို႔ရွိေနသည္မို႔အနဲငယ္ရွိန္မိတယ္။

၂ေယာက္တြဲ ၃ေယာက္တြဲစသျဖင့္လူအသီးသီးဟာ အမဲလိုက္ရန္ထြက္သြားၾကေလသည္။
ကေလးျဖစ္သည့္ဂ်ံဳအင္နီးေတာင္ျမားပစ္ရာမွာ ဆယ္ဟြန္းထက္အဆေပါင္းမ်ားစြာ သာလြန္ေနတာမို႔ဆယ္ဟြန္းဟာ ျမင္းႀကီးဒုန္းစုန္းစီးၿပီးသာေကာင္ေနာက္ျမႇားျဖင့္လိုက္ပစ္ဖို႔ဆိုတာဘယ္လိုမွမျဖစ္ႏိုင္ေျခ။

ထို႔ေၾကာင့္အသာေလးထိုင္ေနမိသည္။

"အဟင္း...ၾကင္ယာေတာ္ဟြန္းက ျမႇားေရးအေတာ္ေလးကၽြမ္းေနတယ္လို႔ၾကားထားတယ္ ဘယ္လိုလဲ ကၽြန္ေတာ္မ်ိဳးမနဲ႔ သားေကာင္အၿပိဳင္လိုက္ၾကည့္ၾကမလား"

ခနဲ႔တဲ့တဲ့ အသံႏွင့္အတူ ျမင္းေပၚမွ သူမက ႏွိမ္သလိုၾကည့္တယ္။

ဆယ္ဟြန္းက စိတ္မသက္မသာႏွင့္ပဲအင္းမလုပ္အဲမလုပ္ လဘ္ပင္းကိုဟိုပြတ္ဒီပြတ္လုပ္ေနမိတယ္။

ထိုအခ်ိန္မွာပဲ ဆယ္ဟြန္းတို႔ရွိရာဆီ ငလူးေကာင္ဟာေရာက္လာေလတယ္။

သူမက လၽွို႔ဝ်က္စြာျပံဳးလိုက္ရင္း...

" အရွင္မင္းႀကီး ၾကင္ယာေတာ္ဟြန္းက ကၽြန္ေတာ္မ်ိဳးမနဲ႔အေလာင္းစားတခုလုပ္ေနတယ္၊ သားေကာင္တေကာင္ကိုအခ်ိန္၂နာရီအတြင္းအၿပိဳင္လိုက္လို႔ႏိုင္တဲ့သူကအရွင္မင္းႀကီးရဲ႕အိပ္ေဆာင္ကိုတပတ္တာအပိုင္သိမ္းခြင့္တဲ့"

*ဟယ္ မယ္မင္းႀကီးမဒီစကားကို
ငါေလးမေျပာမိပါလားေနာ္*

ငလူးေကာင္ဟာမ်က္ႏွာတခ်က္ပ်က္သြားရင္းဆယ္ဟြန္းအားစူးစူးရဲရဲၾကည့္ေလတယ္။
ေအး...
အထင္လြဲေနလိုက္...
ကိုယ့္မယားပဲကိုယ္ႏိုင္ေအာင္ထိန္းပါကြာ...

" ေကာင္းၿပီေလ ၊ အခ်ိန္ ၃နာရီေပးမယ္၊ ၃နာရီအတြင္းဒရယ္တေကာင္ကို အရင္ယူလာႏိုင္တဲ့သူက ကိုယ္ေတာ့္အိပ္ေဆာင္မွာတပတ္တာအိပ္စက္ခြင့္ရမဲ့အျပင္ ယန္ႏိုင္ငံကဆက္သမဲ့ ေက်ာက္စိမ္းေတြကိုလက္ေဆာင္အျဖစ္ေပးမယ္"

ေက်ာက္စိမ္းကိုမက္ေမာေပမဲ့ တပတ္တာအိပ္စက္ခြင့္ကိုေတာ့ ရူးေနလို႔ လိုခ်င္မလား။
ကိုယ့္ကိုကိုအထင္ႀကီးေနတဲ့ဒင္းေရာေခ်ာက္တြန္းတဲ့ဒင္းဟာမေရာဖ်င္နဲ႔ငုပ္သာ အႀကိမ္ႀကိမ္ေဆာင့္ေသလိုက္ၾက။

" ကဲ စေတာ့ "

ဆယ္ဟြန္းမွာ အံႀကိတ္လို႔ ျမင္းေပၚတက္ရင္းသူမနဲ႔ ဆန္႔က်င္ဘက္ေတာလမ္းအတြင္းသို႔ဝင္ေရာက္လာေလတယ္။

ဆယ္ဟြန္းအာ ျမင္းေပၚမွာေခါင္းငိုက္စိုက္ၾကလို႔ ပါလာမိတယ္။

ေသာက္က်ိဳးနဲျကင္ယာေတာ္ ျဖစ္ၿပီးထဲက ဘဝက ကံဆိုးမိုးေမွာင္က်လိုက္တာဆိုတာ။
ၿပီးေတာ့ တဘဝလံုးဒီလိုပဲ ကံဆိုးေနေတာ့မွာ ဆယ္ဟြန္းသိတယ္။

ေျပးေနတဲ့ဒရယ္မေျပာနဲ႔ ေရွ႕တည့္တည့္တြင္ဒရယ္အေသတေကာင္သစ္ပင္မွာလာခ်ိတ္ေပးေတာင္ဆယ္ဟြန္းကထိေအာင္ပစ္ႏိုင္မည္မဟုတ္ေပ။

ပတ္ပတ္လည္တြင္ ဒရယ္မေျပာနဲ႔ယုန္ေတာင္မရပါပဲ လည္ပင္းေညာင္းေအာင္ေမာ့ၾကည့္ရသည့္ႏွစ္ခ်ိဳ႕ကၽြန္းပင္ရွည္ႀကီးေတြဟာရွိသည္။
ငွက္သံ တက်ီတက်ီႏွင့္အုပ္အုပ္ဆိုင္းဆိုင္း သစ္ပင္ေတြၾကားဆယ္ဟြန္းဟာဘာလုပ္လို႔လုပ္ရမွန္းမသိေပ။

ထိုအခိုက္မွာပဲ ေလခၽြန္သံ တခ်က္ၾကားလိုက္ရၿပီးအစကၿငိမ္သက္ေနသည့္ဆယ္ဟြန္းရဲ႕စးေတာ္ျမင္းဟာ ကဆုန္ေပါက္ေျပးေတာ့သည္။

" အားးး အေမေရ  "

ဆယ္ဟြန္းမွာျမင္းဇက္ႀကိဳးကိုဆြဲလၽွက္ ကဆုန္ေပါက္ျမင္းႀကီးေပၚမွေအာ္ဟစ္ရင္း ပါလာေတာ့သည္။

ရုတ္တရက္ ျမင္းဟာက်ယ္ေလာင္စြာျမည္ဟီးရင္း ဆယ္ဟြန္းအားခါခ်ေတာ့သည္။
ေလခၽြန္သံကပိုနီးလာေလ ျမင္းဟာထိန္းမရျဖစ္ေလ။

ထို႔ေနာက္ဆယ္ဟြန္းဟာျမင္းေပၚမွေျမျပင္ထက္ ဒလိမ့္ေခါက္ေကြးျပဳတ္က်ကာ မုဆိုးမ်ားျပဳလုပ္ထားပံုရသည့္ ေထာင္ေခ်ာက္က်င္းႀကီးထဲျပဳတ္က်ကာျဖင့္ၾကယ္ေတြလေတြျမင္ကာ
မၾကာခင္မွာပဲအေမွာင္အတိ။

********************
"အင့်..နာတယ်"

ငိုမဲ့မဲ့မျက်ဝန်းသွယ်တွေနဲ့ နှုတ်ခမ်းပါးတို့ကခပ်မဲ့မဲ့၊
အမှန်တကယ်ကိုတကယ်နာကျင်သွားပုံရသည့်ကြောင့်လားမသိ တင်ပါးလုံးလုံးတွေကိုဖိပွတ်လို့ ကြမ်းပြင်ပေါ်ပုံ့ပုံ့လေး၊

အားကြီးနဲ့ကန်ချလိုက်သည်မို့ချန်ယောလ်က စိုးရိမ်သွားရကာ အိပ်ယာပေါ်ကကမန်းကတန်းပြေးဆင်းလို့ ဆယ်ဟွန်းအနားရောက်သွားပါတော့တယ်။
တဆက်ထဲမှာပဲ စိတ်မကောင်းလဲဖြစ်သွားရတယ်။

" နာသွားတာလား ထထ ကိုယ်တော့်ကိုတွဲ"

" အမြဲတမ်းပဲ ကျွန်တော့်ကိုဆိုတအားလုပ်တယ်၊ မုန်းနေတာမို့လား ကွာရှင်းချင်နေလို့လား"

မျက်ရည်စတို့ဝေ့သီနေသည့်မျက်ဝန်းတွေကအမှန်တကယ်ကိုငိုချတော့မည့်ဟန်၊နှုတ်ခမ်းပါးတို့ဟာတုန်ယင်လာရင်းဆိုသည်။

" မုန်းနေတာ ကျွန်တော့်ကိုဆိုအမြဲမုန်းနေတာ အဲ့မင်းကြီးက "

ထူပေးတော့လဲမထပါပဲ မျက်လုံးကိုပွတ်လို့ ငိုနေပုံကတကယ့်ကိုသနားစဖွယ်၊ ချစ်စဖွယ်။

"ကိုယ်တော်မှားပါတယ်၊ လာ ထ မနက်စာ အတူသုံးဆောင်ရအောင်၊ မျက်နှာသစ်ပေးမယ်"

ပွေ့ချီတော့ သွယ်သွယ်ပြောင်းပြောင်းခန္ဓာကိုယ်လေးကစွေ့ခနဲပါလာသည်။

အသင့်ပြင်ဆင်ပေးထားသည့် ရေချိုးဆောင်အတွင်း ရေနွေးငွေ့တို့နှင့်ဖုံးလွှမ်းနေသည်မို့နွေးထွေးနေသည်။
သစ်သားစည်အတွင်းမထည့်ပေးမှီ အဝတ်တို့ကိုချွတ်ပေးတော့ငြိမ်ငြိမ်စက်သက်ကလေးနှင့်လိမ္မာသည့်ကောင်ငယ်လေးလို။

အတွင်းဝတ်အပေါ်ပိုင်းပါ ချွတ်ပြီး နောက် မျက်ရည်တို့ဖြင့်နီတာရဲမျက်နှာနုနုလေးအားစိတ်လိုလက်ရသန့်စင်ပေးမိသည်။
ဒီ ကြင်ယာတော်လေးနဲ့မှပဲ မလုပ်ဖူးတာတွေလုပ်နေမိတော့တာ...

ထို့နောက် လည်တိုင်တွေညှပ်ရိုးတွေမှအစ ပုခုံးသားနုနုတွေဆီ ရေနွေးနွေးဖြင့်ပွတ်သပ်သန့်စင်ပေးတော့ တအံ့တဩမော့ကြည့်နေသည်။

" ခုက ပြန်ချော့တာလား ၊ "

မကျေမနပ်ူဆူအောင့်အောင့်အသံဟာ ရဲရဲတင်းတင်း။
ဒီ လို ကောင်စားမျိုးလေးဟာအလိုလိုက်ရင်ကမ်းတက် တတ်သည့်အမျိုးအစားပေ။

" အော်ဟော ခု ကိုယ်တော့်ကိုဘယ်လိုလေသံနဲ့ပြောလိုက်တာလဲ "

မျက်နှာထားတင်းတင်းနဲ့ ဆူပူတော့ ဟွန့်ခနဲ မဲ့ကာဖြင့် တဖက်သို့ခေါင်းစောင်းပစ်ကာ မမြင်ချင်တော့သည့်ဟန်ပြုလုပ်လေသည်။
တင်ပါးတွေချည်းခပ်ဆတ်ဆတ်ရိုက်ပစ်ချင်တော့တာပါပဲ...

" သန့်စင်ပြီးပြီဆိုထတော့ ၊မနက်စာစားပွဲဝိုင်းမှာအသင့်စောင့်နေ၊ကိုယ်တော်ရေချိုးပြီး ထွက်လာမယ်"

" သူပဲစောက်အမျိုးမျိုး"

မကြားအောင်ပြောပေမဲ့ချန်ယောလ်က ကြားဖြစ်အောင်ကြားပါတယ်။
မသိချင်ယောင်သာဆောင်ပြီးနေနေလိုက်တော့တယ်။

ဒီအရိုင်းအစိုင်းလေးကို ဘယ်လိုပုံသွင်းရပါ့မလဲ...

**********
" ကြင်ယာတော်လေး နေထိုင်ကောင်းပါရဲ့လား၊ ကျွန်တော်မျိုးတို့ သမားတော်ခေါ်ပေးရမလား"

အပြေးအလွှားရောက်လာသည့်ဆယ်ဟွန်းအထိန်းတော်ကြီးက တကယ့်ကိုအလွန်အမင်းစိုးရိမ်နေဟန်၊
မိဘမေတ္တာနှင့်ဝေးနေခဲ့သည့် ဆယ်ဟွန်းမှာ မျက်ရည်လည်အောင်ပင်ဖြစ်ရသည်။

" ကျွန်တော်နေကောင်းသွားပါပီ။ တင်ပါးပဲနာနေတာ"

အထိန်းတော်ကြီးတွေဟာ ဆယ်ဟွန်းရဲ့စကားကြောင့်မျက်နှာတွေရဲခနဲ။

" အဲ့မင်းကြီးလေ သူများကနေမကောင်းပါဘူးဆို တအားလုပ်တာ "

" ကျွန်..ကျွန်တော်မျိုးတို့အားရှိတာတွေပြင်ဆင်ပေးပါ့မယ်"

ဆယ်ဟွန်းဟာမိမိစကားရဲ့အတိမ်အနက်ကို သတိမပြုမိပါဘဲ ဝမ်းသာအားရခေါင်းငြိမ့်ပြလိုက်တယ်။

အထိန်းတော်ကြီးဟာတော့ နေမကောင်းနေသည့်ကြင်ယာတော်လေးကိုတောင်မသနားပဲ အိပ်ဆောင်ဝင်သည့်မင်းကြီးအားအံေဩာမဆုံးဖြစ်နေခဲ့ပါသည်။
မိမိတို့ကြင်ယာတော်လေးအတွက်လဲ စိတ်မကောင်းဖြစ်ရင်းပေါ့..

******************
ကိုယ်လုပ်တော်ယွီဟာ ခုရက်ပိုင်းတွေ မျက်နှာမကောင်းလှဘူး။
သူမဟာ မင်းကြီးရဲ့ အနှစ်သက်ဆုံးကိုယ်လုပ်တော်ဖြစ်သည့်အပြင် အလိုလိုက်ခံ ဖူဖူးမှုတ်ခံထားရသည့် အနောက်မြောက်နိုင်ငံမှ မင်းသမီးလေးမို့ စိတ်ညစ်စရာဆိုတာမရှိသလောက်ပင်၊
သူမ ကအလိုမကျ၍ မျက်နှာကြီးသုန်မှုန်နေသည်မို့ အပါးတော်မြဲတွေဟာကြောက်လန့်၍ စိုးတထိတ်ထိတ်ရှိနေခဲ့လေသည်။

" မြေခွေးလို တဏှာကောင်ကများ ရာရာစစ "

သူမသည် တွေးရင်းစိတ်တိုလာပုံဖြင့်စားပွဲထက်က အလှတင် ပန်းအိုးအားနံရံထက်ပစ်ပေါက်လိုက်ပြန်တယ်။

" ဒင်းက  ငါတောင်ခြေမချဖူးတဲ့ အရှင့်ရဲ့အိပ်ဆောင်မှာ..."

မယ်တော်ကြီးနှင့်သားတော်သမီးတော်တို့မှလွဲ မည်သည့်ကြင်ယာတော်၊ ကိုယ်လုပ်တာ်၊ ယုတ်စွအဆုံးမိဖုရားခေါင်ကြီးတောင်ခြေချခွင့်မရတဲ့အိပ်ဆောင်မှာ ၂ညတိုင်တိုင်အိပ်စက်ခွင့်ရသည့် အနှီ အမျိုးသားငယ်အားမုန်းတီးစိတ်တို့ကတရိပ်ရိပ်နှင့်...
အရှင်မင်းကြီးထံမှ ချစ်ခြင်းမေတ္တာတို့ဖောဖောသီသီရသည့်သူမတောင်တခါမှ ဖိတ်ခါ်ခြင်းမခံရပေ။
ဒါကို  ဆွဲဆောင်မှုမရှိသည့်ယောကျ်ားတယောက်ဖြစ်သည့်ထိုသူဟာ တံခါးမရှိဓားမရှိဝင်ထွက်နေပုံက သူမ ဒေါသကိုဆွနေသလိုခံစားရသည်။

အနည်းဆုံးတော့ ထိုလူကိုသူ့နေရာသူသိအောင်သင်ခန်းစာပေးဖို့ဆုံးဖြတ်လိုက်သည်။

****************
ဆေးရေး ပန်းချီ တို့ကိုကြိုးကြိုးစားစားသင်ယူနေသည့်ဂျုံအင်နီးကြောင့်ဘတ်ခ်ဟျွန်းဟာ ဘေးကကြည့်နေရင်းက ထိုကလေးအားချစ်မြတ်နိုးစိတ်တို့ကတရိပ်ရိပ်၊
ဒီကလေးလေးဟာ တကယ့်ကိုအလိမ္မာလေး၊
မည်သည့်သင်ကြားခြင်းမျိုးကိုမဆိုမျက်နှာတချက်မပျက်သင်ယူရှာသည်။

" ခဏလောက်နားပါအုန်းကွာ"

ဆေးစက်တို့ဖြင့်ပေရေနေသည့်လက်ခုံလေးအားဆွဲယူဆုပ်ကိုင်ရင်းဆိုတော့ လဲ ငြိမ်ငြိမ်သက်သက်လေး မျက်လွှာချလို့ လုပ်လက်စအလုပ်ကိုရပ်သည်။

" ခင်ဗျျား လက်လေးတွေကလှလိုက်တာ၊ စစ်သူကြီးတယောက်ရဲ့လက်လို့တောင်မထင်ရလောက်အောင်နုဖတ်နေတာပဲ"

ဘတ်ခ်ဟျွန်းရဲ့ ရှည်သွယ်လှသောလက်သွယ်တို့အား ကြည့်ရင်းချီးမွမ်းသည့်ကလေးငယ်ကြောင့် ကျေနပ်မှုကအတိ။

ပါးညိုညက်ညက်လေးအားခပ်ဖွဖွပွတ်သပ်တော့ နားရွက်ဖျားတွေနီရဲလို့။
ဒီကလေးငယ်ဟာ ဖြူစင်လွန်းလို့ အရောင်ဆိုးဖို့ခက်တယ်။
သိပ်ကိုမြတ်နိုးချင်စရာကောင်းတဲ့ဝက်ဝံညိုလေးမို့ ဘယ်သူမှမမြင်အောင်ရင်ထဲထည့်သိမ်းဖွက်ထားလိုက်ချင်တော့တယ်။

စစ်ပွဲတရာဆင်နွှဲလာတဲ့စစ်သူကြီးဟာ ဒီ ဝက်ဝံလေးရဲ့ခြေရင်းမှာတော့အတုံးအရုံးကြွေဆင်းရပါတယ်၊
ငိုမှာစိုးလို့အတင်းအကြမ်းလဲမသိမ်းပိုက်ရက်နဲ့...တကယ့်ကိုခက်ပါတယ်။

***********
မကြာခင် ကျင်းပမည့် အမဲလိုက်ပွဲကြောင့် အရှင်မင်းကြီးမှ အစ စစ်သူကြီးဘတ်ခ်ဟျွန်းအပါအဝင်မိဖုရားခေါင်ကြီး ၊စသဖြင့် မြှားပစ်တတ်ကျွမ်းသူ တိုင်းဟာ လေကျင့်ရေးကွင်းအတွင်းအပြင်းအထန်လေ့ကျင့်နေကြသည်။

နန်းတော်ရဲ့အပြင် မြောက်ဘက်တောအုပ်အတွင်းအပျော်တမ်းအမဲလိုက်ပွဲ လုပ်မည်ဖြစ်၍ ဆယ်ဟွန်းမှလွဲလူတိုင်းကစိတ်လှုပ်ရှားပျော်ရွှင်နေကြတယ်။

ဆယ်ဟွန်းကတော့ ၂ရက်သာတက်ပြီးဖင်နာလို့ခေါင်းကိုက်လို့စသဖြင့်အကြောင်းပြချက်မျိုးစုံဖြင့် မြှားပစ်သင်တန်းအားလွတ်ခဲ့သည်မို့ အလွန်ပင်ပူဆွေးသောကရောက်နေရတယ်။

သေချာတာတခုကတော့...
လူကြားထဲ သောက်ရှက်ကွဲတော့မယ်ဆိုတာပါပဲ...
လေကြိုးတောင်ကောင်းကောင်းမဆွဲတတ်သည်မို့ထိုနွေအတွင်း မလိုက်ပါဘဲ အကြောင်းပြချက်တခုခုဖြင့်နန်းတော်ထဲကျန်နေခဲ့ဖို့သာအကြံထုတ်နေမိတော့တယ်။

*******
" ကြင်ယာတော်လေး မလိုက်လို့မရပါဘူး၊ အရှင်မင်းကြးကိုယ်တိုင်လိုက်ပါတာမို့ ကြင်ယာတော်လေး လုံးဝ နေခဲ့ဖို့မသင့်တော်ပါဘူး"

" ဟာ... အားအားယားယား တောထဲက အကောင်လေးတွေကိုလိုက်သတ်တာကြီးကျွန်တော်မလိုက်ချင်ပါဘူး "

ဆယ်ဟွန်းဟာ နန်းတော်က ထွက်ခွာခါနီးအချိန်အထိ သေလုအောင်ငြင်းတယ်။
ဒါပေမဲ့လဲ အချိန်တန်တော့လဲအသင့်ပြင်ဆင်ပေးထားသည့်အမဲလိုက်ဝတ်စုံအနီရဲရဲနှင့်နဖူးစည်းအားဝတ်ဆင်ကာ ဆူပုတ်ပုတ်နှင့်မြင်းပေါ်ပါလာရတော့တာပဲ...

စစ်သူကြီးဘတ်ခ်ဟျွန်းကိုယ်တိုင်ပေးအပ်လာသည့် မြှားကိုလွယ်လျက်မြင်းပေါ် ၇ရက် ထမင်းမစားရသည့်ရုပ်ဖြင့်ပါလာသည်။

နက်ပြာရောင် ဝတ်ရုံနက်ပြာရောင် နဖူးစည်းအားဝတ်ဆင်ထားသည့်ငလူးကောင်သည် သူ့မယားယွီ ၏ မြင်းဘေးယှဉ်လျက်ကြည်ကြည်နူးနူး။

" သူများအသတ်ကိုသတ်မှာကိုပျော်နေတာ၊ အကြင်နာတရားကိုမရှိဘူး၊ လိပဲဟာ သောက်ကောင်ကြီးမြေနိုးကြီး"

ဆယ်ဟွန်းသည် ရေငတ်သည်အထိ တလမ်းလုံးမနားတမ်းဆဲဆိုနေခဲ့တယ်။

.....

မကြာခင်စခန်းချရာ အရပ်ရောက်သည်။
ကိုယ်လုပ်တော်ယွီဟာ မြင်းပေါ်မှ မလှမပ ကုပ်တွယ်ဆင်းသည့်ဆယ်ဟွန်းအားမလိုမုန်းထားမျက်ဝန်းတို့ဖြင့် ခြေဆုံးခေါင်းဆုံးစေ့စေ့စပ်စပ်ကြည့်လေတယ်။
ဒီ မိန်းမဟာဘယ်လောက်ပဲ ဆယ်ဟွန်းကြိုက်သည့် ရင်သားကြီးကြီးတွေရှိသည်ဆိုအုန်း ကောက်ကျစ်သည့်မျက်နှာထားကမလိုမုန်းထားတို့ရှိနေသည်မို့အနဲငယ်ရှိန်မိတယ်။

၂ယောက်တွဲ ၃ယောက်တွဲစသဖြင့်လူအသီးသီးဟာ အမဲလိုက်ရန်ထွက်သွားကြလေသည်။
ကလေးဖြစ်သည့်ဂျုံအင်နီးတောင်မြားပစ်ရာမှာ ဆယ်ဟွန်းထက်အဆပေါင်းများစွာ သာလွန်နေတာမို့ဆယ်ဟွန်းဟာ မြင်းကြီးဒုန်းစုန်းစီးပြီးသာကောင်နောက်မြှားဖြင့်လိုက်ပစ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ခြေ။

ထို့ကြောင့်အသာလေးထိုင်နေမိသည်။

"အဟင်း...ကြင်ယာတော်ဟွန်းက မြှားရေးအတော်လေးကျွမ်းနေတယ်လို့ကြားထားတယ် ဘယ်လိုလဲ ကျွန်တော်မျိုးမနဲ့ သားကောင်အပြိုင်လိုက်ကြည့်ကြမလား"

ခနဲ့တဲ့တဲ့ အသံနှင့်အတူ မြင်းပေါ်မှ သူမက နှိမ်သလိုကြည့်တယ်။

ဆယ်ဟွန်းက စိတ်မသက်မသာနှင့်ပဲအင်းမလုပ်အဲမလုပ် လဘ်ပင်းကိုဟိုပွတ်ဒီပွတ်လုပ်နေမိတယ်။

ထိုအချိန်မှာပဲ ဆယ်ဟွန်းတို့ရှိရာဆီ ငလူးကောင်ဟာရောက်လာလေတယ်။

သူမက လျှို့ဝျက်စွာပြုံးလိုက်ရင်း...

" အရှင်မင်းကြီး ကြင်ယာတော်ဟွန်းက ကျွန်တော်မျိုးမနဲ့အလောင်းစားတခုလုပ်နေတယ်၊ သားကောင်တကောင်ကိုအချိန်၂နာရီအတွင်းအပြိုင်လိုက်လို့နိုင်တဲ့သူကအရှင်မင်းကြီးရဲ့အိပ်ဆောင်ကိုတပတ်တာအပိုင်သိမ်းခွင့်တဲ့"

*ဟယ် မယ်မင်းကြီးမဒီစကားကို
ငါလေးမပြောမိပါလားနော်*

ငလူးကောင်ဟာမျက်နှာတချက်ပျက်သွားရင်းဆယ်ဟွန်းအားစူးစူးရဲရဲကြည့်လေတယ်။
အေး...
အထင်လွဲနေလိုက်...
ကိုယ့်မယားပဲကိုယ်နိုင်အောင်ထိန်းပါကွာ...

" ကောင်းပြီလေ ၊ အချိန် ၃နာရီပေးမယ်၊ ၃နာရီအတွင်းဒရယ်တကောင်ကို အရင်ယူလာနိုင်တဲ့သူက ကိုယ်တော့်အိပ်ဆောင်မှာတပတ်တာအိပ်စက်ခွင့်ရမဲ့အပြင် ယန်နိုင်ငံကဆက်သမဲ့ ကျောက်စိမ်းတွေကိုလက်ဆောင်အဖြစ်ပေးမယ်"

ကျောက်စိမ်းကိုမက်မောပေမဲ့ တပတ်တာအိပ်စက်ခွင့်ကိုတော့ ရူးနေလို့ လိုချင်မလား။
ကိုယ့်ကိုကိုအထင်ကြီးနေတဲ့ဒင်းရောချောက်တွန်းတဲ့ဒင်းဟာမရောဖျင်နဲ့ငုပ်သာ အကြိမ်ကြိမ်ဆောင့်သေလိုက်ကြ။

" ကဲ စတော့ "

ဆယ်ဟွန်းမှာ အံကြိတ်လို့ မြင်းပေါ်တက်ရင်းသူမနဲ့ ဆန့်ကျင်ဘက်တောလမ်းအတွင်းသို့ဝင်ရောက်လာလေတယ်။

ဆယ်ဟွန်းအာ မြင်းပေါ်မှာခေါင်းငိုက်စိုက်ကြလို့ ပါလာမိတယ်။

သောက်ကျိုးနဲကြင်ယာတော် ဖြစ်ပြီးထဲက ဘဝက ကံဆိုးမိုးမှောင်ကျလိုက်တာဆိုတာ။
ပြီးတော့ တဘဝလုံးဒီလိုပဲ ကံဆိုးနေတော့မှာ ဆယ်ဟွန်းသိတယ်။

ပြေးနေတဲ့ဒရယ်မပြောနဲ့ ရှေ့တည့်တည့်တွင်ဒရယ်အသေတကောင်သစ်ပင်မှာလာချိတ်ပေးတောင်ဆယ်ဟွန်းကထိအောင်ပစ်နိုင်မည်မဟုတ်ပေ။

ပတ်ပတ်လည်တွင် ဒရယ်မပြောနဲ့ယုန်တောင်မရပါပဲ လည်ပင်းညောင်းအောင်မော့ကြည့်ရသည့်နှစ်ချို့ကျွန်းပင်ရှည်ကြီးတွေဟာရှိသည်။
ငှက်သံ တကျီတကျီနှင့်အုပ်အုပ်ဆိုင်းဆိုင်း သစ်ပင်တွေကြားဆယ်ဟွန်းဟာဘာလုပ်လို့လုပ်ရမှန်းမသိပေ။

ထိုအခိုက်မှာပဲ လေချွန်သံ တချက်ကြားလိုက်ရပြီးအစကငြိမ်သက်နေသည့်ဆယ်ဟွန်းရဲ့စးတော်မြင်းဟာ ကဆုန်ပေါက်ပြေးတော့သည်။

" အားးး အမေရေ  "

ဆယ်ဟွန်းမှာမြင်းဇက်ကြိုးကိုဆွဲလျှက် ကဆုန်ပေါက်မြင်းကြီးပေါ်မှအော်ဟစ်ရင်း ပါလာတော့သည်။

ရုတ်တရက် မြင်းဟာကျယ်လောင်စွာမြည်ဟီးရင်း ဆယ်ဟွန်းအားခါချတော့သည်။
လေချွန်သံကပိုနီးလာလေ မြင်းဟာထိန်းမရဖြစ်လေ။

ထို့နောက်ဆယ်ဟွန်းဟာမြင်းပေါ်မှမြေပြင်ထက် ဒလိမ့်ခေါက်ကွေးပြုတ်ကျကာ မုဆိုးများပြုလုပ်ထားပုံရသည့် ထောင်ချောက်ကျင်းကြီးထဲပြုတ်ကျကာဖြင့်ကြယ်တွေလတွေမြင်ကာ
မကြာခင်မှာပဲအမှောင်အတိ။

********************

Continue Reading

You'll Also Like

6.2K 1.1K 13
it's a story of a struggling poor boy that fall into the trap of a sick dangerous evil sadist psycho. topkook bottomtae angst dark Obsession this b...
21.2K 3.1K 31
جۆنگ کوک:بە نەفرەت بیت وازم لێ بێنە چیت لە من دەوێت تایهیۆنگ:ششـ ئازیزم بۆچی هاوار دەکەی ئارام بە بۆ باروودۆخت خراپە ༄༄༄༄༄༄༄ جۆنگ کوک:تـ تۆ چیت کرد ت...
45.7K 1.2K 6
فَتاه قوية و لكِن القدر أقوى مِنها غدرت مِن اقرب الناس ، تعذبت و ضلمت مِن اشباه الرِجال كانت تحب لكن طعنت فدخل رجال آخر رغما عِنها هل ستقع في الحُب...
54.3K 7.1K 77
"Se refiere a la belleza de corta duración de la flor de cerezo" ╰──➢ Advertencias ✧ ⁞ ❏. Omegaverse < SLOW BURN ⁞ ❏. Todoroki Bottom! ⁞ ❏. Smu...