မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...

By Thawdar_Y

742K 82.1K 3.6K

Wang Yibo× Xiao Zhan *Photo crd to original owner* More

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅⚠
၃၆
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra

၂၅

14.2K 1.6K 104
By Thawdar_Y

Unicode


ရှောင်းကျန့်ရဲ့လည်တိုင်လေးမှာခေါင်းအပ်ပြီးသူသဘောအကျဆုံးဖြစ်တဲ့ ရှောင်းကျန့်ရဲ့ကိုယ်သင်းနံ့လေးကိုရိပေါ်ရှူရှိုက်နေရင်း အမောဖြေနေလိုက်သည်။ချွေးလေးတွေစိုနေတဲ့ ခန္ဓာကိုယ်အိအိလေးကိုလွတ်ထွက်သွားမည့်အလားဖက်ထားမိသည်။နှစ်ယောက်သားဘာစကားမှမပြောဘဲအချိန်အနည်းငယ်ကြာတဲ့အထိ တစ်ယောက်ကိုတစ်ယောက်ဖက်ထားလျက်သာငြိမ်နေမိသည်။

ခနအကြာမှာတော့သူ့ရင်ခွင်ထဲက ရုန်းထွက်လာတဲ့သူ့နတ်သားလေးကြောင့် ဖက်ထားတာကိုရိပေါ်လွှတ်ပေးလိုက်သည်။သူ့နတ်သားလေးကလှဲနေရာကနေထလိုက်သောကြောင့် ရိပေါ်လည်းလိုက်ထိုင်လိုက်သည်။ဖရိုဖရဲဖြစ်နေတဲ့ အောက်ခံအဖြူရောင်ဝတ်ရုံလေးကိုရှောင်းကျန့်သေချာပြန်ဝတ်လိုက်သည်။သူ့ကိုကျောပေးကာဝတ်ရုံကိုပြန်ဝတ်နေတဲ့ သူ့နတ်သားလေးရဲ့ခါးသေးသေးလေးကိုရိပေါ်ဖက်လိုက်ကာ ပုခုံးလေးပေါ်သို့ရိပေါ်မေးတင်လိုက်သည်။

"ကိုယ်မင်းကိုချစ်တယ်....."

ရိပေါ်ရဲ့စကားကြောင့်ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးပြုံးသွားရသည်။ရှောင်းကျန့်ရိပေါ်ဘက်သို့လှည့်လိုက်ကာ ရိပေါ်နဲ့မျက်နှာချင်းဆိုင်လိုက်သည်။သူ့နှုတ်ခမ်းရဲရဲလေးနဲ့ရိပေါ်ရဲ့နှုတ်ခမ်းကိုဖိကပ်လိုက်သည်။အနမ်းလေးကဘာမှမပါဘဲဖြူစင်လွန်းကာ တိုတောင်းလွန်းလှသည်။ခနလေးသာဖိကပ်နမ်းရှိုက်ပြီး ရိပေါ်နှုတ်ခမ်းပေါ်ကနှုတ်ခမ်းရဲရဲလေးကပြန်ခွာသွားသည်။

"ငါတို့ထွက်လာတာကြာနေပြီ။ပြန်ကြရအောင်....."

သူ့နတ်သားလေးရဲ့စကားအတိုင်းတခြားသူတွေရှိတဲ့နေရာကို ရိပေါ်တို့ပြန်ထွက်လာကြသည်။ရိပေါ်တို့ပြန်ရောက်သွားချိန်မှာတော့ ရှောင်းကျန့်အနားယူဖို့အတွက်ရွက်ဖျင်တဲဆောက်တာလည်းပြီးဆုံးသွားပြီဖြစ်သည်။သူတို့ကိုမြင်တာနဲ့ဖေးဖေးကအနားသို့ရောက်လာသည်။

"ကြင်ယာတော်လေး.....ကိုယ်ရံတော်ဝမ်...."

သူ့ကိုပါနှုတ်ဆက်လာသည့်အတွက်ယဉ်ကျေးမှုအရ ရိပေါ်ခေါင်းတစ်ချက်ညှိမ့်ပြကာတုံ့ပြန်လိုက်သည်။

"ကြင်ယာတော်လေး.....ရွက်ဖျင်တဲတွေပြင်ပြီးပါပြီ။ကြင်ယာတော်လေးအနားယူပါတော့မလား...."

"အင်း...."

ရှောင်းကျန့်အနားယူဖို့အတွက်ဖေးဖေးကရွက်ဖျင်တဲတွေဆီကိုခေါ်ဆောင်သွားသည်။ထွက်ခွာသွားတဲ့ရှောင်းကျန့်ရဲ့နောက်ကျောလေးကိုရိပေါ်ငေးကြည့်နေမိသည်။

"မျက်လုံးကြီးလည်းကပ်ပါသွားပါအုံးမယ်....ကိုယ်ရံတော်ဝမ်...."

ခနဲ့နဲ့ပြောကာရန်ရှာလာသည့်ရှောင်ကျားယွီကိုဘာမှပြန်မပြောချင်တာကြောင့် ရိပေါ်မသိချင်ယောင်သာဆောင်ပြီး ထွက်သွားရန်ပြင်လိုက်သည်။

"အိုး.....ကိုယ်ရံတော်ဝမ်ကလည်းမာနကြီးလိုက်တာဗျာ။အချင်းချင်းတွေပဲကို။စကားလေးဘာလေးတော့ပြန်ပြောပါအုံး..."

ရိပေါ်သက်ပြင်းတစ်ချက်ချကာရှောင်ကျားယွီကိုလှည့်ကြည့်လိုက်သည်။

"ကျွန်တော်လုပ်စရာလေးတွေရှိသေးလို့.....ခွင့်ပြုပါအုံး.....ကိုယ်ရံတော်ရှောင်..."

ရှောင်ကျားယွီသူ့ကိုရွဲ့သလိုစောင်းသလိုနဲ့ရိုရိုသေသေနှုတ်ဆက်ကာထွက်သွားတဲ့ ရိပေါ်ရဲ့နောက်ကျောကိုကြည့်လိုက်သည်။ပြီးတော့အိမ်ရှေ့စံရဲ့ကြင်ယာတော်ဝင်သွားတဲ့ ရွက်ဖျင်တဲဘက်ကိုတစ်ချက်လှည့်ကြည့်ကာကောက်ကျစ်စွာပြုံးလိုက်သည်။

"စိတ်ဝင်စားဖို့တော့ကောင်းနေပြီ။ဝမ်ရိပေါ်.....ဝမ်ရိပေါ်.....မကြာခင်မှာမင်းကိုဖြုတ်ချဖို့နည်းလမ်းငါတွေ့တော့မှာပါ...."

__________________________

မနက်နေထွက်တာနဲ့ သူတို့အားလုံးကျန်းနိုင်ငံကိုခရီးဆက်ခဲ့ကြသည်။လမ်းခရီးတစ်လျှောက်လုံးရှောင်းကျန့်ဟာ ရိပေါ်နဲ့အကြည့်ချင်းမဆုံရဲပေ။ဘာလို့ဆိုဟိုနေ့ကကိစ္စကြောင့် ရှောင်းကျန့်ရှက်နေဆဲဖြစ်သည်။အဲ့နေ့ကသာစိတ်ဆောင်နေလို့မရှက်မိတာ။အခုပြန်တွေးမိတော့တကယ်ကိုရှက်ဖို့ကောင်းလွန်းသည်။သူကအရင်စခဲ့တာမလား။ချွေးသံတရွှဲရွှဲနဲ့ရိပေါ်ရဲ့ပုံကို ပြန်မြင်ယောင်မိတော့ရှောင်းကျန့်ရဲ့ပါးလေးတွေရှက်ရွံ့မှုကြောင့်ရဲသွားရသည်။အခုလည်းသူရှိ‌နေတဲ့ဝေါယာဉ်ဘက်ကိုလှည့်ကြည့် လှည့်ကြည့်လုပ်နေတဲ့ရိပေါ်ကြောင့်သူ့မှာအောက်တောင်မဆင်းရဲ။ဒီဝမ်ရိပေါ်ကတော့တကယ်ပါပဲ.....ဘာကြောင့်သူ့ဘက်ကိုပဲကြည့်နေရတာလဲ။

ရိပေါ်ဟာလည်းသူ့ကိုရှောင်နေတဲ့သူ့နတ်သားလေးကြောင့် ထိုင်မရထမရတွေဖြစ်နေသည်။ဟိုနေ့ကကိစ္စကြောင့်များသူ့ကိုစိတ်ဆိုးသွားတာလား။ဟိုနေ့ကကိစ္စကိုပြန်တွေးလိုက်တာနဲ့ သူ့အောက်မှာ ချွေးလေးတွေထွက်ပြီးလူးလွန့်နေတဲ့ခန္ဓာကိုယ်အိအိလေးကို မြင်ယောင်လာတာကြောင့်ရိပေါ်မြင်းပေါ်ကပြုတ်ကျမလိုတောင်ဖြစ်သွားသည်။ရိပေါ်ဆက်မတွေးမိရန်ဘေးကမြင်ကွင်းတွေဆီကိုအာရုံလွှဲလိုက်သည်။

‌‌ကျိုးနိုင်ငံကထွက်ခွာပြီးသုံးရက်အကြာမှာတော့သူတို့ကျန်းနိုင်ငံကိုရောက်ရှိလာပြီဖြစ်သည်။မြို့တံခါးကိုဖြတ်ပြီးကျန်းမြို့ထဲကိုဝင်လိုက်ချင်းမှာပဲ သူတို့မြင်လိုက်ရတာကမြေပြင်ပေါ်မှာဦးညွှတ်ကာသူတို့ရဲ့မင်းသားလေးကိုကြိုဆိုနေကြတဲ့ပြည်သူတွေပဲဖြစ်သည်။ရိပေါ်စိတ်ထဲကနေတွေးလိုက်မိသည်။သူ့နတ်သားလေးကတကယ့်ကိုကျန်းနိုင်ငံရဲ့အချစ်ခံလေးပဲ။

မြို့ထဲကနေဖြတ်ပြီးနန်းတော်ဂိတ်တံခါးဝသို့သွားတဲ့လမ်းတစ်လျှောက်လုံး သူ့နတ်သားလေးကိုကြိုဆိုတဲ့လူတွေနဲ့ပြည့်နှက်လို့နေသည်။နန်းတော်ဂိတ်တံခါးဝကိုရောက်တော့ သူတို့ကိုမြင်တာနဲ့ဂိတ်တံခါးဝကိုဖွင့်ပေးကြသည်။ဂိတ်တံခါးဝရောက်တာနဲ့ ရိပေါ်မြင်းပေါ်ကဆင်းလိုက်ကာသူ့နတ်သားလေးရှိနေတဲ့ ဝေါယာဉ်ဆီကိုသွားလိုက်သည်။

"နန်းတော်ကိုရောက်ရှိပါပြီ.....ကြင်ယာတော်ရှောင်း..."

ရိပေါ်ရဲ့လျှောက်တင်မှုအပြီးမှာတော့လက်ချောင်းသွယ်သွယ်လေးများက ဝေါယာဉ်ရဲ့လိုက်ကာစကိုဆွဲဖွင့်လာသည်။ပြီးတာနဲ့ဒီရက်ပိုင်းအတွင်းသူ့ကိုရှောင်နေခဲ့တဲ့လူသားလေးကဝေါယာဉ်ပေါ်ကဆင်းလာခဲ့သည်။ဒါပေမယ့်သူ့နတ်သားလေးကသူ့ကိုလှည့်မကြည့်ဘဲ နန်းဆောင်ဘက်ကိုသာလျှောက်သွားသည်။သူတို့လည်းရှောင်းကျန့်နောက်ကနေခြံရံလျက်လိုက်ပါသွားကြသည်။

"ကျန့်ကျန့်....."

ဘုရင်မင်းမြတ်ရဲ့နန်းဆောင်ကိုရောက်တဲ့အခါမှာတော့ ဘုရင်မင်းမြတ်နဲ့မိဖုရားကိုတွေ့လိုက်ရသည်။မိဖုရားကတော့ရှောင်းကျန့်ကိုမြင်တာနဲ့သူမရဲ့မျက်နှာထက်မှာ ဝမ်းသာမှုတွေကအထင်းသား။

"ကျန့်ကျန့်.....မယ်တော်ရဲ့သားလေး..."

သူမကရှောင်းကျန့်ရဲ့လက်လေးကိုလှမ်းကိုင်လိုက်ကာ ဝမ်းသာစွာပြောလိုက်သည်။

"မယ်တော်.....ခမည်းတော်.....သားတော်ဂါရဝပြုပါတယ်....."

ရှောင်းကျန့်ကဂါရဝပြုဖို့ပြင်လိုက်ပေမယ့်သူမကရှောင်းကျန့်ရဲ့လက်‌ကိုမလွှတ်တမ်းဆွဲထားပေသည်။

"ကျန့်ကျန့်.....မယ်တော့်ရဲ့သားလေး.....မယ်တော်ကသားလေးကိုအရမ်းလွမ်းနေတာ...."

"သားတော်လည်းလွမ်းတယ်.....မယ်တော်...."

သူတို့သားအမိနှစ်ယောက်အလွမ်းသယ်နေတာကိုကြည့်နေတဲ့ ဘုရင်မင်းမြတ်ရဲ့မျက်နှာဟာလည်းသားပြန်ရောက်လာတာကြောင့် ပျော်ရွှင်နေတာပေါ်လွင်နေသည်။သူ့နတ်သားလေးရဲ့မိသားစုလေးကိုကြည့်ပြီးရိပေါ်ပြုံးလိုက်သည်။တကယ်ကိုသူ့နတ်သားလေးကအချစ်ခံလေးပဲ။မိဖုရားကရှောင်းကျန့်ကိုဆွဲပြီးနန်းဆောင်ထဲဝင်သွားတာကြောင့် သူတို့တွေအပြင်မှာသာရပ်စောင့်နေလိုက်သည်။သူတို့ရပ်စောင့်နေတုန်းမှာပဲရှောင်ကျားယွီက ရိပေါ်အနားသို့ကပ်ကာစကားလာပြောတာကြောင့်ရိပေါ်ရဲ့နဂိုတည်းကမှတည်တဲ့ရုပ်က ပို၍တည်တံ့သွားရသည်။

"ကြင်ယာတော်လေးရဲ့မျက်နှာကိုမြင်ဖူးချင်လိုက်တာကွာ။ဝေ့....ရိပေါ်....မင်းရောမမြင်ချင်ဖူးလား။ဒါနဲ့ အိမ်ရှေ့စံမင်းသားကကြင်ယာတော်လေးကိုတော်တော်သဘောကျတယ်ဆိုပဲကွ။ရုပ်လေးကတအားချောလို့များ အရှင့်သားကသဘောကျတာလား......ဒါမှမဟုတ်......အပြုအစုကောင်းလို့များလား။အဲ့လိုဆိုရင်တော့ကြင်ယာတော်လေး ပြုစုတာကိုတစ်ခါလောက်ခံဖူးချင်ပါရဲ့....."

ရှောင်ကျားယွီရဲ့စကားတွေကိုကြားပြီးတဲ့အခါမှာတော့ ရိပေါ်ဒေါသတွေကိုထိန်းမရတော့ပါ။ကျန်းနိုင်ငံရဲ့ဘုရင်မင်းမြတ်အဆောင်ရှေ့မှာရန်ဖြစ်တာကမသင့်တော်တာမို့လို့ ရှောင်ကျားယွီရဲ့အင်္ကျီစကနေဆွဲကာ နန်းဆောင်နောက်သို့ခေါ်သွားလိုက်သည်။နန်းဆောင်နောက်ကိုရောက်တာနဲ့ ရိပေါ်ရှောင်ကျားယွီရဲ့မျက်နှာကိုဆွဲထိုးလိုက်သည်။ရှောင်ကျားယွီကရိပေါ်ကိုပြန်တိုက်ဖို့ကြိုးစားခွင့်တောင်မရသေးခင်မှာပဲ ရိပေါ်ရှောင်ကျားယွီရဲ့ဝမ်းဗိုက်ကိုဆောင့်ကန်ပေးလိုက်တာကြောင့်ရှောင်ကျားယွီဟာမြေကြီးပေါ်လဲကျသွားရသည်။

လဲကျသွားတဲ့ရှောင်ကျားယွီပေါ်ကိုရိပေါ်တက်ခွလိုက်ရင်း ပြင်းထန်လွန်းတဲ့လက်သီးချက်တွေနဲ့အဆက်မပြတ်ထိုးနေလိုက်သည်။အားပြင်းလွန်းတဲ့လက်သီးချက်တွေကြောင့် ရှောင်ကျားယွီရဲ့မျက်နှာမှာအကောင်းအတိုင်းမရှိတော့။သွေး‌တွေနဲ့ပေကျံလို့နေသည်။ဒေါသတွေပြေသွားကာမှလက်သီးချက်တွေကိုရိပေါ်ရပ်တန့်လိုက်သည်။

"နောက်တစ်ခါ ကြင်ယာတော်ရဲ့မကောင်းကြောင့်ကိုထပ်ပြောရင် မင်းပါးစပ်ဟလို့မရတော့အောင်လုပ်ပစ်မယ်....."

ရှောင်ကျားယွီကတော့ဒဏ်ရာတွေကြောင့် ရိပေါ်ပြောတာကိုတုံ့ပြန်နိုင်ခြင်းမရှိပါပေ။မြေပြင်ပေါ်မှာလဲကျနေတဲ့ရှောင်ကျားယွီကိုထားခဲ့ကာ ရိပေါ်ထွက်လာလိုက်သည်။သူ့နတ်သားလေးကိုမကောင်းပြောတဲ့လူမှန်သမျှကို သူခွင့်မလွှတ်နိုင်ပါ။

_______________________________

"ကျန့်ကျန့်.....မယ်တော့်သားလေး.....ဟိုမှာနေရတာအဆင်ပြေရဲ့လား....."

"သားတော်အဆင်ပြေပါတယ်......မယ်တော်...."

"အခုဒီမှာဘယ်သူမှမရှိတော့ဘူးလေ......သားတော်။မျက်နှာကဟာချွတ်လိုက်တော့...."

သူ့မိခင်ရဲ့စကားကြောင့်ရှောင်းကျန့်မျက်နှာကိုဖုံးထားတဲ့ ပုဝါလေးကိုဖယ်လိုက်သည်။သူ့သားလေးရဲ့အေးချမ်းလှပတဲ့မျက်နှာလေးကိုမြင်လိုက်ရမှ မိဖုရားကြီးစိတ်ချမ်းသာသွားရသည်။သူမသားလေးကိုအရမ်းလွမ်းနေခဲ့တာလေ။

"မယ်တော်၊ခမည်းတော်.....သားတော်အခုလာတာက သားတော်ရဲ့မင်္ဂလာပွဲအတွက်မယ်တော်နဲ့ခမည်းတော်ကို လာဖိတ်တာပါ။လိုက်ခဲ့မယ်မလားဟင်...."

သူမတို့သားလေးရဲ့စကားကြောင့် ကျန်းဘုရင်ကြီးနဲ့မိဖုရားကြီးဝမ်းနည်းသွားသည်။သူမရဲ့သားလေးကို မလွှဲသာလို့သာယောက်ျားတစ်ယောက်နဲ့လက်ထပ်ခိုင်းရပေမယ့် တကယ်လက်ထပ်ရတော့မယ်ဆိုတာကိုကြားလိုက်တော့သူမတို့စိတ်မချမ်းသာနိုင်ပါ။အမှန်ဆိုသူမတို့သားလေးကမိန်းကလေးတစ်ယောက်နဲ့လက်ထပ်ပြီး ကျန်းနိုင်ငံရဲ့ဘုရင်ဖြစ်လာရမှာ။အခုတော့တခြားနိုင်ငံကိုသွားပြီးကြင်ယာတော် လုပ်ရမယ်ဆိုတာကိုတွေးမိတိုင်းစိတ်မကောင်းဖြစ်မိသည်။

"ကျန့်ကျန့်....ခမည်းတော်တောင်းပန်ပါတယ်။ခမည်းတော်ရဲ့သားလေးကိုအခုလိုဒုက္ခဖြစ်စေမိတယ်။တကယ်လို့သားတော်ဒီမင်္ဂလာပွဲကိုမလုပ်ချင်ရင် ခမည်းတော်တို့ဒုက္ခရောက်ရင်ရောက်ပါစေ။သားတော်အတွက်ဒီမင်္ဂလာပွဲကိုဖျက်ပေးမယ်...."

သူ့ခမည်းတော်ရဲ့စကားကြောင့်ရှောင်းကျန့်ပြုံးလိုက်သည်။သူ့ကိုချစ်ပေးတဲ့မိဘတွေကိုပိုင်ဆိုင်ထားတာ တကယ်ကိုကံကောင်းလွန်းလှပါသည်။

"သားတော်အဆင်ပြေပါတယ်.....ခမည်းတော်။သားတော်ရဲ့နိုင်ငံနဲ့သားတော်ရဲ့ပြည်သူတွေငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မယ်ဆိုရင်ဘာမဆိုသားတော်လုပ်ရဲပါတယ်။ခမည်းတော်စိတ်မပူပါနဲ့...."

"မယ်တော့်သားလေး....ရင့်ကျက်လာပြီပဲ....။မယ်တော့်ဆီလာပါအုံး..."

ရှောင်းကျန့်သူ့မယ်တော်ရဲ့ရင်ခွင်ထဲသို့ဝင်ကာချွဲလိုက်သည်။သူ့မယ်တော်ကလည်းသဘောကျစွာရှောင်းကျန့်ရဲ့ ခေါင်းလေးကိုပွတ်သပ်ပေးလိုက်သည်။သူ့မိန်းမရဲ့ရင်ခွင်ထဲမှာဝင်ပြီးချွဲနေတဲ့သူ့ရဲ့သားတော်လေးကိုကြည့်ကာ ကျန်းဘုရင်ကြီးသဘောကျစွာပြုံးလိုက်သည်။ဘယ်လောက်ပဲရင့်ကျက်လာပါစေ.....သူတို့ရဲ့သားတော်လေးကသူတို့အတွက်တော့ကလေးလေးပဲ။

_______________________________

ဒီနေ့မှာတော့ကျိုးနိုင်ငံကြီးရဲ့လမ်းမတွေဟာစည်ကားလို့နေတယ်။ဘာကြောင့်လဲဆိုတော့ ဒီနေ့ဟာသူတို့ကျိုးနိုင်ငံရဲ့အိမ်ရှေ့စံနေရာအပ်နှံပွဲလည်းဖြစ်သလို အိမ်ရှေ့စံရဲ့မင်္ဂလာပွဲလည်းဖြစ်တယ်။အိမ်ရှေ့စံကိုကောင်းချီးပေးချင်ကြတဲ့လူအုပ်ကြီးဟာ မင်္ဂလာပွဲကျင်းပမယ့်ကျိုးနတ်နန်းရှိတဲ့နေရာကိုအပြေးအလွှားသွားနေကြတယ်။တစ်နိုင်ငံလုံးပျော်ရွှင်နေကြပေမယ့်ဝမ်ရိပေါ်ကတော့မပျော်နိုင်ပါ။သူ့နတ်သားလေးရောအဆင်ပြေပါ့မလား။

"ရိပေါ်.....ဘာတွေငိုင်နေတာလဲ။မင်္ဂလာပွဲကစတော့မယ်။မင်္ဂလာပွဲမစခင်ငါတို့အရောက်သွားရမှာလေ။တော်ကြာအပြစ်ပေးခံနေရအုံးမယ်။မြန်မြန်သွားရအောင်"

ရိပေါ်ချန်းမင်နဲ့အတူမင်္ဂလာပွဲကျင်းပမယ့်ခန်းမဘက်ကိုထွက်လာခဲ့သည်။ခန်းမတစ်ခုလုံးမှာအနီရောင်တွေနဲ့အလှဆင်ထားတာကြောင့် ခန်းမကြီးဟာရဲရဲနီလျက်ရှိသည်။ခန်းမရဲ့အပြင်ဘက်မှာလည်းမင်္ဂလာပွဲကိုလာရောက်ကြည့်ရှုကြတဲ့ပြည်သူတွေနဲ့စည်ကားလို့နေသည်။

ခန်းမရဲ့ဘေးနှစ်ဖက်မှာတော့ ကျိုးနိုင်ငံကတော်ဝင်မိသားစုတွေရှိနေပြီး အလယ်မှာတော့ကျိုးဘုရင်ကြီးနဲ့မိဖုရားလွီကရှိနေသည်။သူတို့ရဲ့ဘေးမှာတော့ ရှောင်းကျန့်ရဲ့မယ်တော်နဲ့ခမည်းတော်ကရှိနေသည်။မင်္ဂလာချိန်ကျရောက်လာတဲ့အခါမှာတော့ခန်းမထဲကို အိမ်ရှေ့စံမင်းသားကဝင်ရောက်လာသည်။ကျီရွှမ်းနေရာယူပြီးတာနဲ့ ခန်းမထဲကိုအရိပ်သေးသေးလေးကဝင်ရောက်လာသည်။သူကတော့ရိပေါ်ရဲ့နတ်သားလေးပါပဲ။သူ့နတ်သားလေးကအနီရောင်တောက်တောက်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီးသေးသွယ်လွန်းတဲ့ခန္ဓာကိုယ်လေးကပေါ်လွင်နေသည်။

ခေါင်းမှာသတို့သမီးပုဝါကိုအုပ်ထားရတာဖြစ်လို့ အရှေ့ကိုမမြင်ရတာကြောင့်ဘေးတစ်ဖက်စီမှာ‌အစေခံမလေးတွေကရှောင်းကျန့်ကိုတွဲပေးထားသည်။အစေခံမလေးတွေဟာလမ်းတစ်လျှောက်တွဲပေးလာပြီး အိမ်ရှေ့စံမင်းသားရဲ့လက်ထဲသို့ရှောင်းကျန့်ရဲ့လက်လေးကိုကမ်းပေးလိုက်သည်။ရှောင်းကျန့်ရဲ့လက်ကိုအိမ်ရှေ့စံကကိုင်လိုက်ချိန်မှာ ရိပေါ်လက်ထဲကဓားကိုတင်းတင်းဆုပ်ကိုင်ထားမိသည်။အကြင်လင်မယားဖြစ်ကြောင်းကြေငြာလိုက်ချိန်မှာတော့ ရိပေါ်ရဲ့နှလုံးသားကိုတစ်စုံတစ်ယောက်ကဆွဲထုတ်ယူသွားသကဲ့သို့ နာကျင်မှုကိုခံစားလိုက်ရပါသည်။အခုဆိုသူ့နတ်သားလေးမှာပိုင်ရှင်ရှိသွားခဲ့ပြီ။

ပွဲအခမ်းအနားပြီးသွားတာနဲ့ရှောင်းကျန့်ကိုအစေခံမလေးတွေကအိပ်ဆောင်ကိုပြန်ပို့ပေးကြသည်။ခေါင်းကပုဝါကိုမဖယ်ဖို့လည်းပြောသွားကြသေးသည်။ရှောင်းကျန့်အစကအဆင်ပြေမယ်လို့ထင်ထားခဲ့တာ။အခုတော့ရှောင်းကျန့်ရဲ့နှလုံးသားတွေနာကျင်နေရပါသည်။သူ့ရဲ့ချစ်ရသူရောအဆင်ပြေပါ့မလား။ရိပေါ်နာကျင်နေမှာကိုတွေးမိတာနဲ့တင်ရှောင်းကျန့် ရင်တွေနာကျင်ရပါသည်။သူ့ဆီကိုလာနေတဲ့ခြေသံတွေကိုကြားလိုက်တာကြောင့် ရှောင်းကျန့်အင်္ကျီစကိုဆုပ်ကိုင်ထားလိုက်မိသည်။ခနကြာတော့ သူ့ရှေ့မှာလာရပ်တဲ့လူတစ်ယောက်။ထိုလူရဲ့လက်ကမြောက်လာပြီးရှောင်းကျန့်ရဲ့ပုဝါစကို ကိုင်ကာဖယ်ရှားလိုက်သည်။ခေါင်းပေါ်ကပုဝါစလေး ပြုတ်ကျသွားချိန်မှာတဖြည်းဖြည်းချင်းမြင်လိုက်ရတဲ့မျက်နှာကြောင့် ရှောင်းကျန့်အံ့ဩသွားရသည်။

"ဝမ်ရိပေါ်......."

_______________________________

5.6.2020

မင်္ဂလာဦးညမှာသတို့သားတွေသာလုပ်ခွင့်ရှိတဲ့ ပုဝါဖယ်တာကိုယူတို့ရဲ့ပူကြူးဝမ်ရိပေါ်ကလုပ်လိုက်တာနော် အ‌ဟေးးးးးಠ‿ಠ

Voteနဲ့feedbackတွေသာအများကြီးရရင် daily updateလုပ်ဖို့ အားတွေရှိလာမယ်ထင်တယ်ಠ‿ಠ






Zawgyi







ေရွာင္းက်န႔္ရဲ႕လည္တိုင္ေလးမွာေခါင္းအပ္ၿပီးသူသေဘာအက်ဆုံးျဖစ္တဲ့ ေရွာင္းက်န႔္ရဲ႕ကိုယ္သင္းနံ႔ေလးကိုရိေပၚရႉရႈိက္ေနရင္း အေမာေျဖေနလိုက္သည္။ေခြၽးေလးေတြစိုေနတဲ့ ခႏၶာကိုယ္အိအိေလးကိုလြတ္ထြက္သြားမည့္အလားဖက္ထားမိသည္။ႏွစ္ေယာက္သားဘာစကားမွမေျပာဘဲအခ်ိန္အနည္းငယ္ၾကာတဲ့အထိ တစ္ေယာက္ကိုတစ္ေယာက္ဖက္ထားလ်က္သာၿငိမ္ေနမိသည္။

ခနအၾကာမွာေတာ့သူ႔ရင္ခြင္ထဲက ႐ုန္းထြက္လာတဲ့သူ႔နတ္သားေလးေၾကာင့္ ဖက္ထားတာကိုရိေပၚလႊတ္ေပးလိုက္သည္။သူ႔နတ္သားေလးကလွဲေနရာကေနထလိုက္ေသာေၾကာင့္ ရိေပၚလည္းလိုက္ထိုင္လိုက္သည္။ဖ႐ိုဖရဲျဖစ္ေနတဲ့ ေအာက္ခံအျဖဴေရာင္ဝတ္႐ုံေလးကိုေရွာင္းက်န႔္ေသခ်ာျပန္ဝတ္လိုက္သည္။သူ႔ကိုေက်ာေပးကာဝတ္႐ုံကိုျပန္ဝတ္ေနတဲ့ သူ႔နတ္သားေလးရဲ႕ခါးေသးေသးေလးကိုရိေပၚဖက္လိုက္ကာ ပုခုံးေလးေပၚသို႔ရိေပၚေမးတင္လိုက္သည္။

"ကိုယ္မင္းကိုခ်စ္တယ္....."

ရိေပၚရဲ႕စကားေၾကာင့္ေရွာင္းက်န႔္ရဲ႕ႏႈတ္ခမ္းေလးၿပဳံးသြားရသည္။ေရွာင္းက်န႔္ရိေပၚဘက္သို႔လွည့္လိုက္ကာ ရိေပၚနဲ႔မ်က္ႏွာခ်င္းဆိုင္လိုက္သည္။သူ႔ႏႈတ္ခမ္းရဲရဲေလးနဲ႔ရိေပၚရဲ႕ႏႈတ္ခမ္းကိုဖိကပ္လိုက္သည္။အနမ္းေလးကဘာမွမပါဘဲျဖဴစင္လြန္းကာ တိုေတာင္းလြန္းလွသည္။ခနေလးသာဖိကပ္နမ္းရႈိက္ၿပီး ရိေပၚႏႈတ္ခမ္းေပၚကႏႈတ္ခမ္းရဲရဲေလးကျပန္ခြာသြားသည္။

"ငါတို႔ထြက္လာတာၾကာေနၿပီ။ျပန္ၾကရေအာင္....."

သူ႔နတ္သားေလးရဲ႕စကားအတိုင္းတျခားသူေတြရွိတဲ့ေနရာကို ရိေပၚတို႔ျပန္ထြက္လာၾကသည္။ရိေပၚတို႔ျပန္ေရာက္သြားခ်ိန္မွာေတာ့ ေရွာင္းက်န႔္အနားယူဖို႔အတြက္႐ြက္ဖ်င္တဲေဆာက္တာလည္းၿပီးဆုံးသြားၿပီျဖစ္သည္။သူတို႔ကိုျမင္တာနဲ႔ေဖးေဖးကအနားသို႔ေရာက္လာသည္။

"ၾကင္ယာေတာ္ေလး.....ကိုယ္ရံေတာ္ဝမ္...."

သူ႔ကိုပါႏႈတ္ဆက္လာသည့္အတြက္ယဥ္ေက်းမႈအရ ရိေပၚေခါင္းတစ္ခ်က္ညႇိမ့္ျပကာတုံ႔ျပန္လိုက္သည္။

"ၾကင္ယာေတာ္ေလး.....႐ြက္ဖင္တဲေတြျပင္ၿပီးပါၿပီ။ၾကင္ယာေတာ္ေလးအနားယူပါေတာ့မလား...."

"အင္း...."

ေရွာင္းက်န႔္အနားယူဖို႔အတြက္ေဖးေဖးက႐ြက္ဖ်င္တဲေတြဆီကိုေခၚေဆာင္သြားသည္။ထြက္ခြာသြားတဲ့ေရွာင္းက်န႔္ရဲ႕ေနာက္ေက်ာေလးကိုရိေပၚေငးၾကည့္ေနမိသည္။

"မ်က္လုံးႀကီးလည္းကပ္ပါသြားပါအုံးမယ္....ကိုယ္ရံေတာ္ဝမ္...."

ခနဲ႔နဲ႔ေျပာကာရန္ရွာလာသည့္ေရွာင္က်ားယြီကိုဘာမွျပန္မေျပာခ်င္တာေၾကာင့္ ရိေပၚမသိခ်င္ေယာင္သာေဆာင္ၿပီး ထြက္သြားရန္ျပင္လိုက္သည္။

"အိုး.....ကိုယ္ရံေတာ္ဝမ္ကလည္းမာနႀကီးလိုက္တာဗ်ာ။အခ်င္းခ်င္းေတြပဲကို။စကားေလးဘာေလးေတာ့ျပန္ေျပာပါအုံး..."

ရိေပၚသက္ျပင္းတစ္ခ်က္ခ်ကာေရွာင္က်ားယြီကိုလွည့္ၾကည့္လိုက္သည္။

"ကြၽန္ေတာ္လုပ္စရာေလးေတြရွိေသးလို႔.....ခြင့္ျပဳပါအုံး.....ကိုယ္ရံေတာ္ေရွာင္..."

ေရွာင္က်ားယြီသူ႔ကို႐ြဲ႕သလိုေစာင္းသလိုနဲ႔႐ို႐ိုေသေသႏႈတ္ဆက္ကာထြက္သြားတဲ့ ရိေပၚရဲ႕ေနာက္ေက်ာကိုၾကည့္လိုက္သည္။ၿပီးေတာ့အိမ္ေရွ႕စံရဲ႕ၾကင္ယာေတာ္ဝင္သြားတဲ့ ႐ြက္ဖ်င္တဲဘက္ကိုတစ္ခ်က္လွည့္ၾကည့္ကာေကာက္က်စ္စြာၿပဳံးလိုက္သည္။

"စိတ္ဝင္စားဖို႔ေတာ့ေကာင္းေနၿပီ။ဝမ္ရိေပၚ.....ဝမ္ရိေပၚ.....မၾကာခင္မွာမင္းကိုျဖဳတ္ခ်ဖို႔နည္းလမ္းငါေတြ႕ေတာ့မွာပါ...."

__________________________

မနက္ေနထြက္တာနဲ႔ သူတို႔အားလုံးက်န္းႏိုင္ငံကိုခရီးဆက္ခဲ့ၾကသည္။လမ္းခရီးတစ္ေလွ်ာက္လုံးေရွာင္းက်န႔္ဟာ ရိေပၚနဲ႔အၾကည့္ခ်င္းမဆုံရဲေပ။ဘာလို႔ဆိုဟိုေန႔ကကိစၥေၾကာင့္ ေရွာင္းက်န႔္ရွက္ေနဆဲျဖစ္သည္။အဲ့ေန႔ကသာစိတ္ေဆာင္ေနလို႔မရွက္မိတာ။အခုျပန္ေတြးမိေတာ့တကယ္ကိုရွက္ဖို႔ေကာင္းလြန္းသည္။သူကအရင္စခဲ့တာမလား။ေခြၽးသံတ႐ႊဲ႐ႊဲနဲ႔ရိေပၚရဲ႕ပုံကို ျပန္ျမင္ေယာင္မိေတာ့ေရွာင္းက်န႔္ရဲ႕ပါးေလးေတြရွက္႐ြံ႕မႈေၾကာင့္ရဲသြားရသည္။အခုလည္းသူရွိ‌ေနတဲ့ေဝါယာဥ္ဘက္ကိုလွည့္ၾကည့္ လွည့္ၾကည့္လုပ္ေနတဲ့ရိေပၚေၾကာင့္သူ႔မွာေအာက္ေတာင္မဆင္းရဲ။ဒီဝမ္ရိေပၚကေတာ့တကယ္ပါပဲ.....ဘာေၾကာင့္သူ႔ဘက္ကိုပဲၾကည့္ေနရတာလဲ။

ရိေပၚဟာလည္းသူ႔ကိုေရွာင္ေနတဲ့သူ႔နတ္သားေလးေၾကာင့္ ထိုင္မရထမရေတြျဖစ္ေနသည္။ဟိုေန႔ကကိစၥေၾကာင့္မ်ားသူ႔ကိုစိတ္ဆိုးသြားတာလား။ဟိုေန႔ကကိစၥကိုျပန္ေတြးလိုက္တာနဲ႔ သူ႔ေအာက္မွာ ေခြၽးေလးေတြထြက္ၿပီးလူးလြန႔္ေနတဲ့ခႏၶာကိုယ္အိအိေလးကို ျမင္ေယာင္လာတာေၾကာင့္ရိေပၚျမင္းေပၚကျပဳတ္က်မလိုေတာင္ျဖစ္သြားသည္။ရိေပၚဆက္မေတြးမိရန္ေဘးကျမင္ကြင္းေတြဆီကိုအာ႐ုံလႊဲလိုက္သည္။

‌‌က်ိဳးႏိုင္ငံကထြက္ခြာၿပီးသုံးရက္အၾကာမွာေတာ့သူတို႔က်န္းႏိုင္ငံကိုေရာက္ရွိလာၿပီျဖစ္သည္။ၿမိဳ႕တံခါးကိုျဖတ္ၿပီးက်န္းၿမိဳ႕ထဲကိုဝင္လိုက္ခ်င္းမွာပဲ သူတို႔ျမင္လိုက္ရတာကေျမျပင္ေပၚမွာဦးၫႊတ္ကာသူတို႔ရဲ႕မင္းသားေလးကိုႀကိဳဆိုေနၾကတဲ့ျပည္သူေတြပဲျဖစ္သည္။ရိေပၚစိတ္ထဲကေနေတြးလိုက္မိသည္။သူ႔နတ္သားေလးကတကယ့္ကိုက်န္းႏိုင္ငံရဲ႕အခ်စ္ခံေလးပဲ။

ၿမိဳ႕ထဲကေနျဖတ္ၿပီးနန္းေတာ္ဂိတ္တံခါးဝသို႔သြားတဲ့လမ္းတစ္ေလွ်ာက္လုံး သူ႔နတ္သားေလးကိုႀကိဳဆိုတဲ့လူေတြနဲ႔ျပည့္ႏွက္လို႔ေနသည္။နန္းေတာ္ဂိတ္တံခါးဝကိုေရာက္ေတာ့ သူတို႔ကိုျမင္တာနဲ႔ဂိတ္တံခါးဝကိုဖြင့္ေပးၾကသည္။ဂိတ္တံခါးဝေရာက္တာနဲ႔ ရိေပၚျမင္းေပၚကဆင္းလိုက္ကာသူ႔နတ္သားေလးရွိေနတဲ့ ေဝါယာဥ္ဆီကိုသြားလိုက္သည္။

"နန္းေတာ္ကိုေရာက္ရွိပါၿပီ.....ၾကင္ယာေတာ္ေရွာင္း..."

ရိေပၚရဲ႕ေလွ်ာက္တင္မႈအၿပီးမွာေတာ့လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားက ေဝါယာဥ္ရဲ႕လိုက္ကာစကိုဆြဲဖြင့္လာသည္။ၿပီးတာနဲ႔ဒီရက္ပိုင္းအတြင္းသူ႔ကိုေရွာင္ေနခဲ့တဲ့လူသားေလးကေဝါယာဥ္ေပၚကဆင္းလာခဲ့သည္။ဒါေပမယ့္သူ႔နတ္သားေလးကသူ႔ကိုလွည့္မၾကည့္ဘဲ နန္းေဆာင္ဘက္ကိုသာေလွ်ာက္သြားသည္။သူတို႔လည္းေရွာင္းက်န႔္ေနာက္ကေနၿခံရံလ်က္လိုက္ပါသြားၾကသည္။

"က်န႔္က်န႔္....."

ဘုရင္မင္းျမတ္ရဲ႕နန္းေဆာင္ကိုေရာက္တဲ့အခါမွာေတာ့ ဘုရင္မင္းျမတ္နဲ႔မိဖုရားကိုေတြ႕လိုက္ရသည္။မိဖုရားကေတာ့ေရွာင္းက်န႔္ကိုျမင္တာနဲ႔သူမရဲ႕မ်က္ႏွာထက္မွာ ဝမ္းသာမႈေတြကအထင္းသား။

"က်န႔္က်န႔္.....မယ္ေတာ္ရဲ႕သားေလး..."

သူမကေရွာင္းက်န႔္ရဲ႕လက္ေလးကိုလွမ္းကိုင္လိုက္ကာ ဝမ္းသာစြာေျပာလိုက္သည္။

"မယ္ေတာ္.....ခမည္းေတာ္.....သားေတာ္ဂါရဝျပဳပါတယ္....."

ေရွာင္းက်န႔္ကဂါရဝျပဳဖို႔ျပင္လိုက္ေပမယ့္သူမကေရွာင္းက်န႔္ရဲ႕လက္‌ကိုမလႊတ္တမ္းဆြဲထားေပသည္။

"က်န႔္က်န႔္.....မယ္ေတာ့္ရဲ႕သားေလး.....မယ္ေတာ္ကသားေလးကိုအရမ္းလြမ္းေနတာ...."

"သားေတာ္လည္းလြမ္းတယ္.....မယ္ေတာ္...."

သူတို႔သားအမိႏွစ္ေယာက္အလြမ္းသယ္ေနတာကိုၾကည့္ေနတဲ့ ဘုရင္မင္းျမတ္ရဲ႕မ်က္ႏွာဟာလည္းသားျပန္ေရာက္လာတာေၾကာင့္ ေပ်ာ္႐ႊင္ေနတာေပၚလြင္ေနသည္။သူ႔နတ္သားေလးရဲ႕မိသားစုေလးကိုၾကည့္ၿပီးရိေပၚၿပဳံးလိုက္သည္။တကယ္ကိုသူ႔နတ္သားေလးကအခ်စ္ခံေလးပဲ။မိဖုရားကေရွာင္းက်န႔္ကိုဆြဲၿပီးနန္းေဆာင္ထဲဝင္သြားတာေၾကာင့္ သူတို႔ေတြအျပင္မွာသာရပ္ေစာင့္ေနလိုက္သည္။သူတို႔ရပ္ေစာင့္ေနတုန္းမွာပဲေရွာင္က်ားယြီက ရိေပၚအနားသို႔ကပ္ကာစကားလာေျပာတာေၾကာင့္ရိေပၚရဲ႕နဂိုတည္းကမွတည္တဲ့႐ုပ္က ပို၍တည္တံ့သြားရသည္။

"ၾကင္ယာေတာ္ေလးရဲ႕မ်က္ႏွာကိုျမင္ဖူးခ်င္လိုက္တာကြာ။ေဝ့....ရိေပၚ....မင္းေရာမျမင္ခ်င္ဖူးလား။ဒါနဲ႔ အိမ္ေရွ႕စံမင္းသားကၾကင္ယာေတာ္ေလးကိုေတာ္ေတာ္သေဘာက်တယ္ဆိုပဲကြ။႐ုပ္ေလးကတအားေခ်ာလို႔မ်ား အရွင့္သားကသေဘာက်တာလား......ဒါမွမဟုတ္......အျပဳအစုေကာင္းလို႔မ်ားလား။အဲ့လိုဆိုရင္ေတာ့ၾကင္ယာေတာ္ေလး ျပဳစုတာကိုတစ္ခါေလာက္ခံဖူးခ်င္ပါရဲ႕....."

ေရွာင္က်ားယြီရဲ႕စကားေတြကိုၾကားၿပီးတဲ့အခါမွာေတာ့ ရိေပၚေဒါသေတြကိုထိန္းမရေတာ့ပါ။က်န္းႏိုင္ငံရဲ႕ဘုရင္မင္းျမတ္အေဆာင္ေရွ႕မွာရန္ျဖစ္တာကမသင့္ေတာ္တာမို႔လို႔ ေရွာင္က်ားယြီရဲ႕အက်ႌစကေနဆြဲကာ နန္းေဆာင္ေနာက္သို႔ေခၚသြားလိုက္သည္။နန္းေဆာင္ေနာက္ကိုေရာက္တာနဲ႔ ရိေပၚေရွာင္က်ားယြီရဲ႕မ်က္ႏွာကိုဆြဲထိုးလိုက္သည္။ေရွာင္က်ားယြီကရိေပၚကိုျပန္တိုက္ဖို႔ႀကိဳးစားခြင့္ေတာင္မရေသးခင္မွာပဲ ရိေပၚေရွာင္က်ားယြီရဲ႕ဝမ္းဗိုက္ကိုေဆာင့္ကန္ေပးလိုက္တာေၾကာင့္ေရွာင္က်ားယြီဟာေျမႀကီးေပၚလဲက်သြားရသည္။

လဲက်သြားတဲ့ေရွာင္က်ားယြီေပၚကိုရိေပၚတက္ခြလိုက္ရင္း ျပင္းထန္လြန္းတဲ့လက္သီးခ်က္ေတြနဲ႔အဆက္မျပတ္ထိုးေနလိုက္သည္။အားျပင္းလြန္းတဲ့လက္သီးခ်က္ေတြေၾကာင့္ ေရွာင္က်ားယြီရဲ႕မ်က္ႏွာမွာအေကာင္းအတိုင္းမရွိေတာ့။ေသြး‌ေတြနဲ႔ေပက်ံလို႔ေနသည္။ေဒါသေတြေျပသြားကာမွလက္သီးခ်က္ေတြကိုရိေပၚရပ္တန႔္လိုက္သည္။

"ေနာက္တစ္ခါ ၾကင္ယာေတာ္ရဲ႕မေကာင္းေၾကာင့္ကိုထပ္ေျပာရင္ မင္းပါးစပ္ဟလို႔မရေတာ့ေအာင္လုပ္ပစ္မယ္....."

ေရွာင္က်ားယြီကေတာ့ဒဏ္ရာေတြေၾကာင့္ ရိေပၚေျပာတာကိုတုံ႔ျပန္ႏိုင္ျခင္းမရွိပါေပ။ေျမျပင္ေပၚမွာလဲက်ေနတဲ့ေရွာင္က်ားယြီကိုထားခဲ့ကာ ရိေပၚထြက္လာလိုက္သည္။သူ႔နတ္သားေလးကိုမေကာင္းေျပာတဲ့လူမွန္သမွ်ကို သူခြင့္မလႊတ္ႏိုင္ပါ။

_______________________________

"က်န႔္က်န႔္.....မယ္ေတာ့္သားေလး.....ဟိုမွာေနရတာအဆင္ေျပရဲ႕လား....."

"သားေတာ္အဆင္ေျပပါတယ္......မယ္ေတာ္...."

"အခုဒီမွာဘယ္သူမွမရွိေတာ့ဘူးေလ......သားေတာ္။မ်က္ႏွာကဟာခြၽတ္လိုက္ေတာ့...."

သူ႔မိခင္ရဲ႕စကားေၾကာင့္ေရွာင္းက်န႔္မ်က္ႏွာကိုဖုံးထားတဲ့ ပုဝါေလးကိုဖယ္လိုက္သည္။သူ႔သားေလးရဲ႕ေအးခ်မ္းလွပတဲ့မ်က္ႏွာေလးကိုျမင္လိုက္ရမွ မိဖုရားႀကီးစိတ္ခ်မ္းသာသြားရသည္။သူမသားေလးကိုအရမ္းလြမ္းေနခဲ့တာေလ။

"မယ္ေတာ္၊ခမည္းေတာ္.....သားေတာ္အခုလာတာက သားေတာ္ရဲ႕မဂၤလာပြဲအတြက္မယ္ေတာ္နဲ႔ခမည္းေတာ္ကို လာဖိတ္တာပါ။လိုက္ခဲ့မယ္မလားဟင္...."

သူမတို႔သားေလးရဲ႕စကားေၾကာင့္ က်န္းဘုရင္ႀကီးနဲ႔မိဖုရားႀကီးဝမ္းနည္းသြားသည္။သူမရဲ႕သားေလးကို မလႊဲသာလို႔သာေယာက္်ားတစ္ေယာက္နဲ႔လက္ထပ္ခိုင္းရေပမယ့္ တကယ္လက္ထပ္ရေတာ့မယ္ဆိုတာကိုၾကားလိုက္ေတာ့သူမတို႔စိတ္မခ်မ္းသာႏိုင္ပါ။အမွန္ဆိုသူမတို႔သားေလးကမိန္းကေလးတစ္ေယာက္နဲ႔လက္ထပ္ၿပီး က်န္းႏိုင္ငံရဲ႕ဘုရင္ျဖစ္လာရမွာ။အခုေတာ့တျခားႏိုင္ငံကိုသြားၿပီးၾကင္ယာေတာ္ လုပ္ရမယ္ဆိုတာကိုေတြးမိတိုင္းစိတ္မေကာင္းျဖစ္မိသည္။

"က်န႔္က်န႔္....ခမည္းေတာ္ေတာင္းပန္ပါတယ္။ခမည္းေတာ္ရဲ႕သားေလးကိုအခုလိုဒုကၡျဖစ္ေစမိတယ္။တကယ္လို႔သားေတာ္ဒီမဂၤလာပြဲကိုမလုပ္ခ်င္ရင္ ခမည္းေတာ္တို႔ဒုကၡေရာက္ရင္ေရာက္ပါေစ။သားေတာ္အတြက္ဒီမဂၤလာပြဲကိုဖ်က္ေပးမယ္...."

သူ႔ခမည္းေတာ္ရဲ႕စကားေၾကာင့္ေရွာင္းက်န႔္ၿပဳံးလိုက္သည္။သူ႔ကိုခ်စ္ေပးတဲ့မိဘေတြကိုပိုင္ဆိုင္ထားတာ တကယ္ကိုကံေကာင္းလြန္းလွပါသည္။

"သားေတာ္အဆင္ေျပပါတယ္.....ခမည္းေတာ္။သားေတာ္ရဲ႕ႏိုင္ငံနဲ႔သားေတာ္ရဲ႕ျပည္သူေတြၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနႏိုင္မယ္ဆိုရင္ဘာမဆိုသားေတာ္လုပ္ရဲပါတယ္။ခမည္းေတာ္စိတ္မပူပါနဲ႔...."

"မယ္ေတာ့္သားေလး....ရင့္က်က္လာၿပီပဲ....။မယ္ေတာ့္ဆီလာပါအုံး..."

ေရွာင္းက်န႔္သူ႔မယ္ေတာ္ရဲ႕ရင္ခြင္ထဲသို႔ဝင္ကာခြၽဲလိုက္သည္။သူ႔မယ္ေတာ္ကလည္းသေဘာက်စြာေရွာင္းက်န႔္ရဲ႕ ေခါင္းေလးကိုပြတ္သပ္ေပးလိုက္သည္။သူ႔မိန္းမရဲ႕ရင္ခြင္ထဲမွာဝင္ၿပီးခြၽဲေနတဲ့သူ႔ရဲ႕သားေတာ္ေလးကိုၾကည့္ကာ က်န္းဘုရင္ႀကီးသေဘာက်စြာၿပဳံးလိုက္သည္။ဘယ္ေလာက္ပဲရင့္က်က္လာပါေစ.....သူတို႔ရဲ႕သားေတာ္ေလးကသူတို႔အတြက္ေတာ့ကေလးေလးပဲ။

_______________________________

ဒီေန႔မွာေတာ့က်ိဳးႏိုင္ငံႀကီးရဲ႕လမ္းမေတြဟာစည္ကားလို႔ေနတယ္။ဘာေၾကာင့္လဲဆိုေတာ့ ဒီေန႔ဟာသူတို႔က်ိဳးႏိုင္ငံရဲ႕အိမ္ေရွ႕စံေနရာအပ္ႏွံပြဲလည္းျဖစ္သလို အိမ္ေရွ႕စံရဲ႕မဂၤလာပြဲလည္းျဖစ္တယ္။အိမ္ေရွ႕စံကိုေကာင္းခ်ီးေပးခ်င္ၾကတဲ့လူအုပ္ႀကီးဟာ မဂၤလာပြဲက်င္းပမယ့္က်ိဳးနတ္နန္းရွိတဲ့ေနရာကိုအေျပးအလႊားသြားေနၾကတယ္။တစ္ႏိုင္ငံလုံးေပ်ာ္႐ႊင္ေနၾကေပမယ့္ဝမ္ရိေပၚကေတာ့မေပ်ာ္ႏိုင္ပါ။သူ႔နတ္သားေလးေရာအဆင္ေျပပါ့မလား။

"ရိေပၚ.....ဘာေတြငိုင္ေနတာလဲ။မဂၤလာပြဲကစေတာ့မယ္။မဂၤလာပြဲမစခင္ငါတို႔အေရာက္သြားရမွာေလ။ေတာ္ၾကာအျပစ္ေပးခံေနရအုံးမယ္။ျမန္ျမန္သြားရေအာင္"

ရိေပၚခ်န္းမင္နဲ႔အတူမဂၤလာပြဲက်င္းပမယ့္ခန္းမဘက္ကိုထြက္လာခဲ့သည္။ခန္းမတစ္ခုလုံးမွာအနီေရာင္ေတြနဲ႔အလွဆင္ထားတာေၾကာင့္ ခန္းမႀကီးဟာရဲရဲနီလ်က္ရွိသည္။ခန္းမရဲ႕အျပင္ဘက္မွာလည္းမဂၤလာပြဲကိုလာေရာက္ၾကည့္ရႈၾကတဲ့ျပည္သူေတြနဲ႔စည္ကားလို႔ေနသည္။

ခန္းမရဲ႕ေဘးႏွစ္ဖက္မွာေတာ့ က်ိဳးႏိုင္ငံကေတာ္ဝင္မိသားစုေတြရွိေနၿပီး အလယ္မွာေတာ့က်ိဳးဘုရင္ႀကီးနဲ႔မိဖုရားလြီကရွိေနသည္။သူတို႔ရဲ႕ေဘးမွာေတာ့ ေရွာင္းက်န႔္ရဲ႕မယ္ေတာ္နဲ႔ခမည္းေတာ္ကရွိေနသည္။မဂၤလာခ်ိန္က်ေရာက္လာတဲ့အခါမွာေတာ့ခန္းမထဲကို အိမ္ေရွ႕စံမင္းသားကဝင္ေရာက္လာသည္။က်ီ႐ႊမ္းေနရာယူၿပီးတာနဲ႔ ခန္းမထဲကိုအရိပ္ေသးေသးေလးကဝင္ေရာက္လာသည္။သူကေတာ့ရိေပၚရဲ႕နတ္သားေလးပါပဲ။သူ႔နတ္သားေလးကအနီေရာင္ေတာက္ေတာက္ဝတ္စုံေလးကို ဝတ္ဆင္ထားၿပီးေသးသြယ္လြန္းတဲ့ခႏၶာကိုယ္ေလးကေပၚလြင္ေနသည္။

ေခါင္းမွာသတို႔သမီးပုဝါကိုအုပ္ထားရတာျဖစ္လို႔ အေရွ႕ကိုမျမင္ရတာေၾကာင့္ေဘးတစ္ဖက္စီမွာ‌အေစခံမေလးေတြကေရွာင္းက်န႔္ကိုတြဲေပးထားသည္။အေစခံမေလးေတြဟာလမ္းတစ္ေလွ်ာက္တြဲေပးလာၿပီး အိမ္ေရွ႕စံမင္းသားရဲ႕လက္ထဲသို႔ေရွာင္းက်န႔္ရဲ႕လက္ေလးကိုကမ္းေပးလိုက္သည္။ေရွာင္းက်န႔္ရဲ႕လက္ကိုအိမ္ေရွ႕စံကကိုင္လိုက္ခ်ိန္မွာ ရိေပၚလက္ထဲကဓားကိုတင္းတင္းဆုပ္ကိုင္ထားမိသည္။အၾကင္လင္မယားျဖစ္ေၾကာင္းေၾကျငာလိုက္ခ်ိန္မွာေတာ့ ရိေပၚရဲ႕ႏွလုံးသားကိုတစ္စုံတစ္ေယာက္ကဆြဲထုတ္ယူသြားသကဲ့သို႔ နာက်င္မႈကိုခံစားလိုက္ရပါသည္။အခုဆိုသူ႔နတ္သားေလးမွာပိုင္ရွင္ရွိသြားခဲ့ၿပီ။

ပြဲအခမ္းအနားၿပီးသြားတာနဲ႔ေရွာင္းက်န႔္ကိုအေစခံမေလးေတြကအိပ္ေဆာင္ကိုျပန္ပို႔ေပးၾကသည္။ေခါင္းကပုဝါကိုမဖယ္ဖို႔လည္းေျပာသြားၾကေသးသည္။ေရွာင္းက်န႔္အစကအဆင္ေျပမယ္လို႔ထင္ထားခဲ့တာ။အခုေတာ့ေရွာင္းက်န႔္ရဲ႕ႏွလုံးသားေတြနာက်င္ေနရပါသည္။သူ႔ရဲ႕ခ်စ္ရသူေရာအဆင္ေျပပါ့မလား။ရိေပၚနာက်င္ေနမွာကိုေတြးမိတာနဲ႔တင္ေရွာင္းက်န႔္ ရင္ေတြနာက်င္ရပါသည္။သူ႔ဆီကိုလာေနတဲ့ေျခသံေတြကိုၾကားလိုက္တာေၾကာင့္ ေရွာင္းက်န႔္အက်ႌစကိုဆုပ္ကိုင္ထားလိုက္မိသည္။ခနၾကာေတာ့ သူ႔ေရွ႕မွာလာရပ္တဲ့လူတစ္ေယာက္။ထိုလူရဲ႕လက္ကေျမာက္လာၿပီးေရွာင္းက်န႔္ရဲ႕ပုဝါစကို ကိုင္ကာဖယ္ရွားလိုက္သည္။ေခါင္းေပၚကပုဝါစေလး ျပဳတ္က်သြားခ်ိန္မွာတျဖည္းျဖည္းခ်င္းျမင္လိုက္ရတဲ့မ်က္ႏွာေၾကာင့္ ေရွာင္းက်န႔္အံ့ဩသြားရသည္။

"ဝမ္ရိေပၚ......."

_______________________________

5.6.2020

မဂၤလာဦးညမွာသတို႔သားေတြသာလုပ္ခြင့္ရွိတဲ့ ပုဝါဖယ္တာကိုယူတို႔ရဲ႕ပူၾကဴးဝမ္ရိေပၚကလုပ္လိုက္တာေနာ္ အ‌ေဟးးးးးಠ‿ಠ

Voteနဲ႔feedbackေတြသာအမ်ားႀကီးရရင္ daily updateလုပ္ဖို႔ အားေတြရွိလာမယ္ထင္တယ္ಠ‿ಠ

Continue Reading

You'll Also Like

19.6K 2.2K 17
လောင်းကြေးအနေနဲ့ ငါ့နှလုံးသားတစ်စုံ။ Binhao/Haobin fanfiction
7.1K 944 10
It all started when unbothered Park Sunghoon finds the new school doctor is quite amusing and couldn't stop teasing and bothering him just to see th...
1.4K 92 14
esta historia de amor es mi segunda historia se trata que io y triton se encuentran después de mucho tiempo pero io comenzará a desarrollar sentimien...
4.5M 281K 104
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...