နမ္ဂြၽန္းနဲ႔ေဆာ့ဂ်င္တို႔ႏွစ္ေယာက္ ေဆာ့ဂ်င္အိမ္ေတာ္တြင္ ဟင္းခ်က္ေနၾကသည္။
"ဂြၽန္း ခနေနရင္ရေတာ့မွာေနာ္"
ေဆာ့ဂ်င္စကားကိုၾကားေတာ့ ေဆာ့ဂ်င္ရဲ႕ခါးကိုဖက္တြယ္ထားတဲ့ နမ္ဂြၽန္းက ..
"ကိုယ့္ကိုနည္းနည္းေလာက္"
"ေနဦးေလ ဂြၽန္းရဲ႕ ဟိုပန္းကန္ေလးသြားယူေပးပါလား"
နမ္ဂြၽန္းလည္းေဆာ့ဂ်င္ၫႊန္ျပသည့္ ပန္းကန္ကိုယူလာခဲ့သည္
ေဆာ့ဂ်င္နားေရာက္ခါနီးမွာပဲ ခလုပ္တိုက္ၿပီး ပန္းကန္က်ကြဲေတာ့သည္။
*ခလြမ္း"
ေဆာ့ဂ်င္လည္း ဟင္းခ်က္ေနရင္းနဲ႔လန္႔ျဖန႔္ၿပီး အသံလာရာကိုၾကည့္မိေတာ့ သူ႔ကိုျပံဳးျပေနတဲ့နမ္ဂြၽန္းႏွင့္ လက္ထဲမွပန္းကန္အကြဲအစမ်ား...။
ေဆာ့ဂ်င္လည္းသက္ျပင္းခ်လိုက္ၿပီး နမ္ဂြၽန္းလက္ထဲမွ ပန္းကန္အကြဲအစမ်ားကိုဆြဲယူေတာ့သည္။
"ဂြၽန္းကလည္း ဒါဘယ္ႏွခုေျမာက္လည္း"
"ငါးခု"
"ေတာ္ၿပီ လာေတာ့ အေစခံေတြကိုလုပ္ခိုင္းလိုက္မယ္"
ဒါေၾကာင့္ နမ္ဂြၽန္းလည္း ေဆာ့ဂ်င္ရဲ႕ပုခံုးေပၚေမးေလးတင္ထားသည္။
ထိုစဥ္မွာပဲ...။
"စစ္သူႀကီး ကင္မ္ အ႐ွင္ေခၚေနပါတယ္"
"ကိုယ္သြားေတာ့မယ္ေနာ္ ဂ်င္"
နမ္ဂြၽန္းေျပာလိုက္တဲ့စကားေၾကာင့္ ေဆာ့ဂ်င္အံႀကိတ္မိသည္။
နမ္ဂြၽန္းလည္း ေဆာ့ဂ်င္ရဲ႕နဖူးျပင္ေလးကို ဖိနမ္းၿပီးအျပင္ထြက္သြားမည္အလုပ္..။
ေဆာ့ဂ်င္က နမ္ဂြၽန္းလက္ကိုလွမ္းဆြဲသည္..။
"မသြားလို႔မရဘူးလား ဂြၽန္းရယ္ ဒါမစားေတာ့ဘူးလား"
"ကိုယ္သြားေတာ့မယ္ ျပန္လာမွစားမယ္ေနာ္"
နမ္ဂြၽန္း ေဆာ့ဂ်င္ရဲ႕လက္ကိုလႊတ္ခ်ၿပီး ထြက္သြားသည္..။
အ႐ွင္ဆိုတဲ့လူက မင္းအတြက္အဲ့ေလာက္ေတာင္အေရးပါေနတာလားဂြၽန္းရယ္....။
ထို႔ေနာက္ မထင္မွတ္ဘဲ ပါးျပင္ေပၚသို႔က်ေရာက္လာသည့္ အရည္ၾကည့္အခ်ိဳ႕။
ေဆာ့ဂ်င္ ၾကမ္းျပင္ေပၚသို႔ ဒူးေထာက္ထိုင္ခ်မိသည္။
"တစ္ခါေလးပဲဂြၽန္း မင္းနဲ႔လြတ္လြတ္လပ္လပ္ေလးေပ်ာ္ခ်င္မိတယ္ ဂြၽန္းရယ္"
_________________________
ပလႅင္ေပၚ႐ွိ အ႐ွင္ယြန္းဂီသည္ ေျမပံုေပၚ႐ွိႏိုင္ငံငယ္မ်ားကိုစူးရဲစြာၾကည့္လ်က္။
ႏႈတ္ခမ္းထက္တြင္ေအးစက္စက္အျပံဳးတစ္ခုကိုေဖာ္ေဆာင္ထားေပမယ့္ မ်က္ခံုးႏွစ္ခုကေတာ့ အခ်ိဳးညီစြာ တြန္႔ခ်ိဳးထားသည္...။
"ကြၽန္ေတာ္ေရာက္ပါၿပီ အ႐ွင္"
နမ္ဂြၽန္း အ႐ွင္ယြန္းဂီကို ဂါရဝျပဳေတာ့ အ႐ွင္ယြန္းဂီက ထိုင္ရန္မ်က္စပစ္ျပသည္။
နမ္ဂြၽန္းလည္း ထိုင္ခံုေပၚတြင္ဝင္ထိုင္ရင္း အ႐ွင့္အမိန္႔ကိုေစာင့္ေမွ်ာ္ေနမိသည္။
"မနက္ျဖန္ ဂိုေလ်ာကိုသြား"
ေနာက္တစ္လေလာက္ေနမွသြားရမွာကို သိေပမယ့္ အ႐ွင့္အမိန္႔ကိုလည္း မလြန္ဆန္ဝံ့တာမို႔..။
"အမိန္႔အတိုင္းပါ အ႐ွင္"
"မင္းဂိုေလ်ာကိုသြားၿပီး အေျခအေနကို ဆယ္ရက္ေလာက္ ထိန္းထား ငါဒီဘက္က ႏိုင္ငံငယ္ေတြကို လက္ေအာက္ခံျဖစ္ေအာင္လုပ္ထားမယ္ နားလည္လား"
"နားလည္ပါတယ္ အ႐ွင္ "
"ဒါဆို မနက္ျဖန္သြားဖို႔ျပင္ အခုသြားေတာ့"
"အမိန္႔အတိုင္းပါ အ႐ွင္"
နမ္ဂြၽန္းလည္း အ႐ွင့္ကိုဂါရဝျပဳၿပီး ျပန္ထြက္လာခဲ့သည္။
နမ္ဂြၽန္းျမင္လိုက္ပါသည္။အ႐ွင့္ရဲ႕ ေအးစက္စက္အျပံဳးတစ္ခုကို။သူထင္သည့္အတိုင္းျဖစ္လာမွာကိုနမ္ဂြၽန္းစိုးရိမ္သည္။
ေဆာ့ဂ်င္အတြက္စိတ္ပူမိေပမယ့္ အ႐ွင္သာေဆာ့ဂ်င္ကို အလို႐ွိမယ္ဆိုရင္ေတာင္ သူေဆာ့ဂ်င္ကိုစြန္႔လႊတ္ရဲပါသည္။
အ႐ွင့္အပါးမွာေနၿပီး အမႈထမ္းေနတာ ၾကာၿပီဆိုေတာ့ အ႐ွင့္အၾကံဆို နမ္ဂြၽန္းအကုန္ရိပ္မိပါသည္။
ထို႔ေနာက္ ဂိုေလ်ာသြားရန္ျပင္ဆင္ေတာ့သည္။
ကုန္ပစၥည္းေတြကိုျပင္ဆင္ေနရတာေၾကာင့္ အကုန္ၿပိးခ်ိန္မွာ ညနက္ေနေလၿပီ...။
"ဂ်င္ေတာ့ေစာင့္ေနရေတာ့မွာပဲ"
နမ္ဂြၽန္းေဆာ့ဂ်င္အိမ္ေတာ္သို႔ေရာက္ေတာ့ ေဆာ့ဂ်င္က ထမင္းဝိုင္းေပၚေခါင္းေမွာက္ၿပီး အိပ္ေပ်ာ္ေနေလၿပီ။
စားပြဲေပၚ႐ွိအရာမရြင္းေသးေသာ ဟင္းပန္းကန္ေတြေၾကာင့္ ေဆာ့ဂ်င္လည္းဘာမွမစားရေသးတာသိသာသည္။
"ကိုယ္ေတာင္းပန္ပါတယ္ ဂ်င္"
နမ္ဂြၽန္းလည္း ေဆာ့ဂ်င္ကို လႈပ္ႏႈိးလိုက္ေတာ့ တစ္အင္းအင္းႏွင့္ႏိုးလာသည္။
"အင္း ဂြၽန္း"
"ကိုယ္႐ွိတယ္ ဂ်င္"
"ဟမ္ အင္းထမင္းစားရေအာင္ေလ"
နမ္ဂြၽန္းလည္း ေဆာ့ဂ်င္ေဘးနားဝင္ထိုင္လိုက္သည္။
ေဆာ့ဂ်င္ကျပံဳးျပၿပီး ဟင္းခ်ိဳဟင္းေလးကို နမ္ဂြၽန္းကိုတိုက္သည္။
"ေကာင္းလား ဂြၽန္း"
"အင္း ကိုယ့္ဂ်င္ေလးရဲ႕လက္ရာက တစ္ေန႔တစ္ျခားတိုးတက္လာတယ္"
နမ္ဂြၽန္းက ေဆာ့ဂ်င္ရဲ႕ေခါင္းေလးကိုပုပ္ၿပီးေျပာေတာ့ ေဆာ့ဂ်င္က တစ္ခစ္ခစ္ရယ္သည္။
နမ္ဂြၽန္း ေဆာ့ဂ်င္ရဲ႕အျပံဳးေလးေတြကိုၾကည့္ရင္း သူပါလိုက္ျပံဳးေနမိသည္။
မင္းရဲ႕အျပံဳးေတြက ကိုယ့္အတြက္ေအးခ်မ္းလြန္းတယ္ ဂ်င္ ။
ကိုယ္မင္းကို ဘယ္လိုလုပ္လက္လႊတ္ႏိုင္မွာလည္းကြယ္။
ခနေနေတာ့ သူတို႔စားလို႔ၿပီးသြားတယ္။
"ဂြၽန္းအိပ္ရေအာင္ေလ"
ျပံဳးစိစိနဲ႔ေျပာလာတဲ့ ေဆာ့ဂ်င္ေၾကာင့္နမ္ဂြၽန္းရယ္ခ်င္မိသည္။
"အင္း"
နမ္ဂြၽန္းက ကုတင္ေပၚတက္ေတာ့ ေဆာ့ဂ်င္က နမ္ဂြၽန္းအေပၚမွာ မွီထိုင္သည္။
နမ္ဂြၽန္းကလည္းေနာက္ကေန ေဆာ့ဂ်င္ကို ေထြးေပြ႔ထားလ်က္..။
ဂိုေလ်ာကို ေနာက္တစ္ေန႔သြားမယ္ ဆိုေတာ့ ခ်စ္ရသူကို
မေျပာရက္ခဲ့။
"ဂြၽန္း ငါတို႔ေလ တစ္ေန႔က်ရင္ လူေတြမ႐ွိတဲ့ေနရာကို သြားၿပီး ငါတို႔ႏွစ္ေယာက္တည္း အတူတူေပ်ာ္ေပ်ာ္ေနရေအာင္ေနာ္"
"အင္း"
"ဂ်င္ အိပ္ေတာ့ေနာ္ "
"အြန္း "
နမ္ဂြၽန္းလည္း သူ႔အေပၚမွာေမွာက္လ်က္လည္း အိပ္ေပ်ာ္သြားတဲ့ ေဆာ့ဂ်င္ကို အျမတ္တႏိုးေငးၾကည့္ေနမိသည္။
ခ်စ္သည္။
မဟုတ္ဘူး။ ခ်စ္တာထက္ပိုသည္။
သူ႔အေပၚတြင္ အိပ္ေပ်ာ္ေနသည့္ေဆာ့ဂ်င္ကို နမ္ဂြၽန္းခ်စ္တာထက္ကိုပိုေသးသည္။
ကိုယ္ထင္သလိုသာဆိုရင္ ကိုယ္ဂိုေလ်ာကို သြားေနတုန္း မင္းကို အ႐ွင္ကအပိုင္သိမ္းလိုက္မွာလား ဂ်င္။
အ႐ွင္အတြက္ဆို မင္းကိုေတာင္စြန္႔လႊတ္ရဲတယ္ဆိုေပမယ့္ အမွန္ကေတာ့ မလြယ္ဘူးေလ ဂ်င္ရယ္။
ထို႔ေနာက္ ေဆာ့ဂ်င္ရဲ႕နဖူးေလးကို နမ္ဂြၽန္းကခပ္ဖြဖြနမ္းလိုက္ၿပီးမွ...။
"မင္းႏိုးထလာမယ့္မနက္ျဖန္မွာ ကိုယ္မ႐ွိေပးႏိုင္တဲ့အတြက္ေတာင္းပန္ပါတယ္ ကေလးရယ္"
ထို႔ေနာက္ ေဆာ့ဂ်င္ကို ေစာင္ေလးနဲ႔ေသခ်ာ ေထြးေပြ႔ေပးၿပီး
ေက်ာခိုင္းခဲ့သည္။
မင္းအိပ္ေနတုန္း ရင္နာနာနဲ႔ က်ခဲ့ရတဲ့ ကိုယ့္မ်က္ရည္ေတြကို မင္းမျမင္ပါေစနဲ႔ ကေလးရယ္။
ကိုယ္က မင္းကိုသိပ္ခ်စ္တယ္ ဂ်င္။
အရာအားလံုးကို ဘာမွမသိလိုက္ဘဲ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနတဲ့ ေဆာ့ဂ်င္ရဲ႕ မွိတ္ထားတဲ့ မ်က္လံုးေဖာင္းေဖာင္းေလးဆီမွ မ်က္ရည္တစ္စက္က်ဆင္းလာေသးသည္။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili
Unicode~
နမ်ဂျွန်းနဲ့ဆော့ဂျင်တို့နှစ်ယောက် ဆော့ဂျင်အိမ်တော်တွင် ဟင်းချက်နေကြသည်။
"ဂျွန်း ခနနေရင်ရတော့မှာနော်"
ဆော့ဂျင်စကားကိုကြားတော့ ဆော့ဂျင်ရဲ့ခါးကိုဖက်တွယ်ထားတဲ့ နမ်ဂျွန်းက ..
"ကိုယ့်ကိုနည်းနည်းလောက်"
"နေဦးလေ ဂျွန်းရဲ့ ဟိုပန်းကန်လေးသွားယူပေးပါလား"
နမ်ဂျွန်းလည်းဆော့ဂျင်ညွှန်ပြသည့် ပန်းကန်ကိုယူလာခဲ့သည်
ဆော့ဂျင်နားရောက်ခါနီးမှာပဲ ခလုပ်တိုက်ပြီး ပန်းကန်ကျကွဲတော့သည်။
*ခလွမ်း"
ဆော့ဂျင်လည်း ဟင်းချက်နေရင်းနဲ့လန့်ဖြန့်ပြီး အသံလာရာကိုကြည့်မိတော့ သူ့ကိုပြုံးပြနေတဲ့နမ်ဂျွန်းနှင့် လက်ထဲမှပန်းကန်အကွဲအစများ...။
ဆော့ဂျင်လည်းသက်ပြင်းချလိုက်ပြီး နမ်ဂျွန်းလက်ထဲမှ ပန်းကန်အကွဲအစများကိုဆွဲယူတော့သည်။
"ဂျွန်းကလည်း ဒါဘယ်နှခုမြောက်လည်း"
"ငါးခု"
"တော်ပြီ လာတော့ အစေခံတွေကိုလုပ်ခိုင်းလိုက်မယ်"
ဒါကြောင့် နမ်ဂျွန်းလည်း ဆော့ဂျင်ရဲ့ပုခုံးပေါ်မေးလေးတင်ထားသည်။
ထိုစဉ်မှာပဲ...။
"စစ်သူကြီး ကင်မ် အရှင်ခေါ်နေပါတယ်"
"ကိုယ်သွားတော့မယ်နော် ဂျင်"
နမ်ဂျွန်းပြောလိုက်တဲ့စကားကြောင့် ဆော့ဂျင်အံကြိတ်မိသည်။
နမ်ဂျွန်းလည်း ဆော့ဂျင်ရဲ့နဖူးပြင်လေးကို ဖိနမ်းပြီးအပြင်ထွက်သွားမည်အလုပ်..။
ဆော့ဂျင်က နမ်ဂျွန်းလက်ကိုလှမ်းဆွဲသည်..။
"မသွားလို့မရဘူးလား ဂျွန်းရယ် ဒါမစားတော့ဘူးလား"
"ကိုယ်သွားတော့မယ် ပြန်လာမှစားမယ်နော်"
နမ်ဂျွန်း ဆော့ဂျင်ရဲ့လက်ကိုလွှတ်ချပြီး ထွက်သွားသည်..။
အရှင်ဆိုတဲ့လူက မင်းအတွက်အဲ့လောက်တောင်အရေးပါနေတာလားဂျွန်းရယ်....။
ထို့နောက် မထင်မှတ်ဘဲ ပါးပြင်ပေါ်သို့ကျရောက်လာသည့် အရည်ကြည့်အချို့။
ဆော့ဂျင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချမိသည်။
"တစ်ခါလေးပဲဂျွန်း မင်းနဲ့လွတ်လွတ်လပ်လပ်လေးပျော်ချင်မိတယ် ဂျွန်းရယ်"
_________________________
ပလ္လင်ပေါ်ရှိ အရှင်ယွန်းဂီသည် မြေပုံပေါ်ရှိနိုင်ငံငယ်များကိုစူးရဲစွာကြည့်လျက်။
နှုတ်ခမ်းထက်တွင်အေးစက်စက်အပြုံးတစ်ခုကိုဖော်ဆောင်ထားပေမယ့် မျက်ခုံးနှစ်ခုကတော့ အချိုးညီစွာ တွန့်ချိုးထားသည်...။
"ကျွန်တော်ရောက်ပါပြီ အရှင်"
နမ်ဂျွန်း အရှင်ယွန်းဂီကို ဂါရဝပြုတော့ အရှင်ယွန်းဂီက ထိုင်ရန်မျက်စပစ်ပြသည်။
နမ်ဂျွန်းလည်း ထိုင်ခုံပေါ်တွင်ဝင်ထိုင်ရင်း အရှင့်အမိန့်ကိုစောင့်မျှော်နေမိသည်။
"မနက်ဖြန် ဂိုလျောကိုသွား"
နောက်တစ်လလောက်နေမှသွားရမှာကို သိပေမယ့် အရှင့်အမိန့်ကိုလည်း မလွန်ဆန်ဝံ့တာမို့..။
"အမိန့်အတိုင်းပါ အရှင်"
"မင်းဂိုလျောကိုသွားပြီး အခြေအနေကို ဆယ်ရက်လောက် ထိန်းထား ငါဒီဘက်က နိုင်ငံငယ်တွေကို လက်အောက်ခံဖြစ်အောင်လုပ်ထားမယ် နားလည်လား"
"နားလည်ပါတယ် အရှင် "
"ဒါဆို မနက်ဖြန်သွားဖို့ပြင် အခုသွားတော့"
"အမိန့်အတိုင်းပါ အရှင်"
နမ်ဂျွန်းလည်း အရှင့်ကိုဂါရဝပြုပြီး ပြန်ထွက်လာခဲ့သည်။
နမ်ဂျွန်းမြင်လိုက်ပါသည်။အရှင့်ရဲ့ အေးစက်စက်အပြုံးတစ်ခုကို။သူထင်သည့်အတိုင်းဖြစ်လာမှာကိုနမ်ဂျွန်းစိုးရိမ်သည်။
ဆော့ဂျင်အတွက်စိတ်ပူမိပေမယ့် အရှင်သာဆော့ဂျင်ကို အလိုရှိမယ်ဆိုရင်တောင် သူဆော့ဂျင်ကိုစွန့်လွှတ်ရဲပါသည်။
အရှင့်အပါးမှာနေပြီး အမှုထမ်းနေတာ ကြာပြီဆိုတော့ အရှင့်အကြံဆို နမ်ဂျွန်းအကုန်ရိပ်မိပါသည်။
ထို့နောက် ဂိုလျောသွားရန်ပြင်ဆင်တော့သည်။
ကုန်ပစ္စည်းတွေကိုပြင်ဆင်နေရတာကြောင့် အကုန်ပြိးချိန်မှာ ညနက်နေလေပြီ...။
"ဂျင်တော့စောင့်နေရတော့မှာပဲ"
နမ်ဂျွန်းဆော့ဂျင်အိမ်တော်သို့ရောက်တော့ ဆော့ဂျင်က ထမင်းဝိုင်းပေါ်ခေါင်းမှောက်ပြီး အိပ်ပျော်နေလေပြီ။
စားပွဲပေါ်ရှိအရာမရွင်းသေးသော ဟင်းပန်းကန်တွေကြောင့် ဆော့ဂျင်လည်းဘာမှမစားရသေးတာသိသာသည်။
"ကိုယ်တောင်းပန်ပါတယ် ဂျင်"
နမ်ဂျွန်းလည်း ဆော့ဂျင်ကို လှုပ်နှိုးလိုက်တော့ တစ်အင်းအင်းနှင့်နိုးလာသည်။
"အင်း ဂျွန်း"
"ကိုယ်ရှိတယ် ဂျင်"
"ဟမ် အင်းထမင်းစားရအောင်လေ"
နမ်ဂျွန်းလည်း ဆော့ဂျင်ဘေးနားဝင်ထိုင်လိုက်သည်။
ဆော့ဂျင်ကပြုံးပြပြီး ဟင်းချိုဟင်းလေးကို နမ်ဂျွန်းကိုတိုက်သည်။
"ကောင်းလား ဂျွန်း"
"အင်း ကိုယ့်ဂျင်လေးရဲ့လက်ရာက တစ်နေ့တစ်ခြားတိုးတက်လာတယ်"
နမ်ဂျွန်းက ဆော့ဂျင်ရဲ့ခေါင်းလေးကိုပုပ်ပြီးပြောတော့ ဆော့ဂျင်က တစ်ခစ်ခစ်ရယ်သည်။
နမ်ဂျွန်း ဆော့ဂျင်ရဲ့အပြုံးလေးတွေကိုကြည့်ရင်း သူပါလိုက်ပြုံးနေမိသည်။
မင်းရဲ့အပြုံးတွေက ကိုယ့်အတွက်အေးချမ်းလွန်းတယ် ဂျင် ။
ကိုယ်မင်းကို ဘယ်လိုလုပ်လက်လွှတ်နိုင်မှာလည်းကွယ်။
ခနနေတော့ သူတို့စားလို့ပြီးသွားတယ်။
"ဂျွန်းအိပ်ရအောင်လေ"
ပြုံးစိစိနဲ့ပြောလာတဲ့ ဆော့ဂျင်ကြောင့်နမ်ဂျွန်းရယ်ချင်မိသည်။
"အင်း"
နမ်ဂျွန်းက ကုတင်ပေါ်တက်တော့ ဆော့ဂျင်က နမ်ဂျွန်းအပေါ်မှာ မှီထိုင်သည်။
နမ်ဂျွန်းကလည်းနောက်ကနေ ဆော့ဂျင်ကို ထွေးပွေ့ထားလျက်..။
ဂိုလျောကို နောက်တစ်နေ့သွားမယ် ဆိုတော့ ချစ်ရသူကို
မပြောရက်ခဲ့။
"ဂျွန်း ငါတို့လေ တစ်နေ့ကျရင် လူတွေမရှိတဲ့နေရာကို သွားပြီး ငါတို့နှစ်ယောက်တည်း အတူတူပျော်ပျော်နေရအောင်နော်"
"အင်း"
"ဂျင် အိပ်တော့နော် "
"အွန်း "
နမ်ဂျွန်းလည်း သူ့အပေါ်မှာမှောက်လျက်လည်း အိပ်ပျော်သွားတဲ့ ဆော့ဂျင်ကို အမြတ်တနိုးငေးကြည့်နေမိသည်။
ချစ်သည်။
မဟုတ်ဘူး။ ချစ်တာထက်ပိုသည်။
သူ့အပေါ်တွင် အိပ်ပျော်နေသည့်ဆော့ဂျင်ကို နမ်ဂျွန်းချစ်တာထက်ကိုပိုသေးသည်။
ကိုယ်ထင်သလိုသာဆိုရင် ကိုယ်ဂိုလျောကို သွားနေတုန်း မင်းကို အရှင်ကအပိုင်သိမ်းလိုက်မှာလား ဂျင်။
အရှင်အတွက်ဆို မင်းကိုတောင်စွန့်လွှတ်ရဲတယ်ဆိုပေမယ့် အမှန်ကတော့ မလွယ်ဘူးလေ ဂျင်ရယ်။
ထို့နောက် ဆော့ဂျင်ရဲ့နဖူးလေးကို နမ်ဂျွန်းကခပ်ဖွဖွနမ်းလိုက်ပြီးမှ...။
"မင်းနိုးထလာမယ့်မနက်ဖြန်မှာ ကိုယ်မရှိပေးနိုင်တဲ့အတွက်တောင်းပန်ပါတယ် ကလေးရယ်"
ထို့နောက် ဆော့ဂျင်ကို စောင်လေးနဲ့သေချာ ထွေးပွေ့ပေးပြီး
ကျောခိုင်းခဲ့သည်။
မင်းအိပ်နေတုန်း ရင်နာနာနဲ့ ကျခဲ့ရတဲ့ ကိုယ့်မျက်ရည်တွေကို မင်းမမြင်ပါစေနဲ့ ကလေးရယ်။
ကိုယ်က မင်းကိုသိပ်ချစ်တယ် ဂျင်။
အရာအားလုံးကို ဘာမှမသိလိုက်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ဆော့ဂျင်ရဲ့ မှိတ်ထားတဲ့ မျက်လုံးဖောင်းဖောင်းလေးဆီမှ မျက်ရည်တစ်စက်ကျဆင်းလာသေးသည်။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili