မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...

By Thawdar_Y

742K 82.1K 3.6K

Wang Yibo× Xiao Zhan *Photo crd to original owner* More

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅⚠
၃၆
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra

၂၃

13.2K 1.6K 64
By Thawdar_Y



Unicode



"မယ်တော် သက်သာပါရဲ့လား...."

သူ့ရှေ့မှာနွမ်းလျလျထိုင်နေတဲ့မိဖုရားလွီကိုယွင်ကျောက်မေးလိုက်သည်။သူမသားတော်ရဲ့အမေးကိုမိဖုရားလွီဟာနွမ်းလျဖျော့တော့စွာဖြင့်ပြန်ဖြေသည်။

"လူကသက်သာသွားပေမယ့် စိတ်ကတော့မသက်သာသေးဘူး....သားတော်"

"စိတ်ညစ်စရာကိစ္စရှိနေလို့လား.....မယ်တော်...."

မိဖုရားလွီဟာယွင်ကျောက်ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး စိတ်ပျက်မှုအပြည့်နဲ့ပြောလိုက်သည်။

"ရှိတာပေါ့ သားတော်.....အမှန်ဆိုအမေ့သားလေးကအိမ်ရှေ့စံနေရာကိုပိုင်ဆိုင်သင့်တာ။မထင်ထားမိဘူး။ကျီရွှမ်းကဒီနေရာကိုဖြတ်လုသွားလိမ့်မယ်လို့။ဒီကိစ္စကအမေ့ကိုမပျော်မရွှင်ဖြစ်စေတယ်....သားတော်"

သူ့မယ်တော်ရဲ့စကားကိုသဘောမကျမှုကြောင့်ယွင်ကျောက်ရဲ့မျက်ခုံးတန်းများတွန့်ချိုးသွားရသည်။ညီတော်ကဒီနေရာကိုဖြတ်လုတာမှမဟုတ်တာ။တရားမျှမျှတတနဲ့အနိုင်ရသွားတာလေ။ပြီးတော့အိမ်ရှေ့စံနေရာကအရင်တည်းကသူပိုင်တဲ့နေရာမှမဟုတ်တဲ့အတွက် ညီတော်ကဖြတ်လုသွားတယ်လို့ပြောလို့မရ။

"မယ်တော်....နဂိုတည်းကအိမ်ရှေ့စံနေရာက ကျွန်တော့်ရဲ့နေရာမဟုတ်ပါဘူး။ပြီးတော့ညီတော်ကပြိုင်ပွဲမှာအနိုင်ရပြီးအိမ်ရှေ့စံနေရာကိုပိုင်ဆိုင်သွားတာလေ။ဒါကြောင့်ညီတော်ကဖြတ်လုတာမဟုတ်ဘဲ တရားမျှမျှတတနဲ့အဲ့နေရာကိုရသွားတာပါ"

ယွင်ကျောက်ကအမှန်ကိုပြောတာဆိုပေမယ့်မိဖုရားလွီကတော့ကျေနပ်ပုံမပေါ်ပေ။

"ဒါပေမယ့် သားတော်ကအကြီးဆုံးသားလေ။အိမ်ရှေ့စံနေရာကိုသားတော်ကပဲပိုင်ဆိုင်သင့်တာ။ကျီရွှမ်းကလုပ်နိုင်မှာမဟုတ်ဘူး"

"ညီတော်လုပ်နိုင်မှာပါ။မယ်တော်ယုံကြည်ပေးလိုက်ပါ"

"ဒါပေမယ့်.....သားတော်...."

"မယ်တော်....အဲ့အကြောင်းဆက်မပြောကြရအောင်"

သူမသားရဲ့စကားကြောင့်ထိုအကြောင်းကိုသူမဆက်မပြောတော့ပါ။ဒါပေမယ့်လည်းသူမမကျေနပ်ပါ။သူမရဲ့သားကသာအိမ်ရှေ့စံနေရာကိုပိုင်ဆိုင်ရမည်။အဲ့အတွက်လည်းဘာကိစ္စပဲဖြစ်ဖြစ်သူမလုပ်မည်။အဓိကအရာကတော့သူမရဲ့သားကသူမဘက်မှာရှိနေဖို့လိုပါမည်။အခုတော့သူမလုပ်နိုင်တာကငြိမ်ငြိမ်လေးနေဖို့ပါပဲ။

____________________________

"အိုး......ဘယ်သူများလည်းမှတ်တယ်။အိမ်ရှေ့စံမင်းသားရဲ့ကြင်ယာတော်လေးပဲ"

ရှောင်းကျန့်ကိုမင်းကြီးကတွေ့ချင်တယ်ဆိုတာကြောင့် မင်းကြီးရဲ့နန်းဆောင်ကိုသွားနေတုန်းမှာပဲလွီမေအော်နဲ့တွေ့ခြင်းဖြစ်သည်။စကားအချေအတင်မဖြစ်ချင်တာကြောင့်ရှောင်သွားဖို့ပြင်သော်လည်း လွီမေအော်ကခွင့်မပြုပေ။ရှောင်းကျန့်ရဲ့ရှေ့ကနေပိတ်ရပ်ကာရှောင်းကျန့်မခံချင်အောင်ပြောတော့သည်။

"အိုး......ကျွန်မကိုမသိချင်ယောင်ဆောင်တယ်ပေါ့။အိမ်ရှေ့စံရဲ့ကြင်ယာတော်နေရာကိုရသွားတာနဲ့မာန်တက်သွားတာလား။ဒါပေမယ့်အဲ့နေရာကိုကြာကြာမနေလိုက်ရမှာ ကြင်ယာတော်ရှောင်းအတွက်ကျွန်မစိုးရိမ်လိုက်တာရှင်"

လွီမေအော်ကရှောင်းကျန့်ကိုဒေါသထွက်အောင်တမင်ပြောခြင်းဖြစ်သော်လည်း ရှောင်းကျန့်ကဒေါသမထွက်တဲ့အပြင်တည်ငြိမ်အေးချမ်းစွာပြန်ဖြေသည်။

"ကျွန်တော်ကဉာဏ်မကောင်းတဲ့အတွက်လွီမိန်းကလေးပြောချင်တဲ့သဘောကိုနားမလည်ပါဘူး"

"ဟွန့်....နားမလည်ချင်ယောင်ဆောင်မနေပါနဲ့။ရှင်နားလည်မှန်းကျွန်မသိတယ်။ဒါပေမယ့်ရှင်ကနားမလည်ဘူးလို့ပြောနေမှတော့ နားလည်အောင်ကျွန်မကပဲရှင်းပြမယ်လေ"

"လွီမိန်းကလေးရှင်းပြတာကိုပဲနားထောင်ရတော့မှာပဲ"

ရှောင်းကျန့်ရဲ့စကားကိုကြားတော့လွီမေအော်ကနှုတ်ခမ်းကိုတစ်ချက်မဲ့လိုက်သည်။

"အိမ်ရှေ့စံရဲ့ကြင်ယာတော်ဖြစ်သွားတာနဲ့ပဲမာန်တက်မနေပါနဲ့...."

"ကျွန်တော်အခုကိုယ့်လမ်းကိုသွားနေတာကမာန်တက်တဲ့အပြုအမူလား။ဒါဆိုတစ်ကမ္ဘာလုံးကလူတွေအကုန်မာန်တက်နေကြတာပဲ။ကျွန်တော်အရင်ကနားမလည်ခဲ့ဘူး။မိန်းကလေးလွီပြောမှပဲနားလည်သွားတော့တယ်..."

"နင်....ယောက်ျားလေးဖြစ်ပြီးစကားကိုလိုက်ကပ်ပြီးပြောမနေနဲ့.."

"ရော်.....ကျွန်တော်ခင်ဗျားအနားကိုကပ်မပြောပါဘူးဗျာ..."

စကားကိုကပ်သီးကပ်ဖဲ့လိုက်ပြောနေတဲ့ရှောင်းကျန့်ကြောင့် လွီမေအော်ဒေါသထွက်လာရသည်။ဒေါသထွက်မှုကြောင့်သူမမျက်နှာကအကျည်းတန်နေပြီဖြစ်သည်။

"နင်နားမလည်ချင်ယောင်ဆောင်ပြီးလျှောက်ပြောမနေနဲ့။ငါနင့်ကိုသတိပေးလိုက်မယ်။နင့်ကိုယ်နင်ယောက်ျားလေးဆိုတာကိုမမေ့နဲ့။အရင်ကလိုအကိုကျီရွှမ်းကမင်းသားတစ်ပါးဆိုရင်ပြဿနာမရှိပေမယ့် အခုအကိုကျီရွှမ်းကအိမ်ရှေ့စံမင်းသားဖြစ်သွားပြီ။နင့်လိုယောက်ျားလေးတစ်ယောက်ကအိမ်ရှေ့စံမင်းသားအတွက် မျိုးဆက်ကိုမမွေးပေးနိုင်ဘူး။ဒါကြောင့်အိမ်ရှေ့စံမင်းသားရဲ့မျိုးဆက်ကိုမွေးပေးဖို့မိဖုရားနေရာနဲ့ အသင့်တော်ဆုံးကငါပဲရှိတယ်။နင့်နေရာကပျောက်တော့မှာအနှေးနဲ့အမြန်ပဲ"

လွီမေအော်ကကျီရွှမ်းရဲ့မျိုးဆက်ကိုမွေးပေးဖို့အသင့်တော်ဆုံးကသူမပဲရှိတယ်ဆိုတာကိုဂုဏ်ယူဝင့်ကြွားစွာပြောလာသည်။တကယ်ကို ဣန္ဒြေသိက္ခာမရှိတဲ့မိန်းကလေးတစ်ယောက်ပဲ။

"လွီမိန်းကလေး....မင်းယောက်ျားယူပြီးကလေးမွေးမယ့်ကိစ္စကိုဘာလို့ခနခနငါ့ကိုပဲလာပြောနေရတာလဲ။မဟုတ်မှလွဲရော.....မင်းတကယ်ချစ်ခင်နှစ်သက်ပြီး လက်ထပ်ချင်တဲ့လူကငါများလား။ဒါဆိုရင်တော့ငါကြိုပြောထားပါရစေ။ငါမင်းကိုမကြိုက်ဘူး။မင်းရဲ့မျက်နှာလေးကလှတယ်ဆိုပေမယ့်မင်းကငါကြိုက်တဲ့ပုံစံမဟုတ်ဘူး။စိတ်မကောင်းပါဘူး....လွီမိန်းကလေး"

ရှောင်းကျန့်ရဲ့စကားတွေကိုကြားလိုက်ရတဲ့လွီမေအော်ကတော့ရှောင်းကျန့်ကိုဒေါသတကြီးအော်ဟစ်တော့သည်။

"ရုပ်ဆိုးကောင်ကများ....မတန်မရာမှန်းနေတယ်။ငါလိုမိန်းကလေးမျိုးကနင့်လိုအောက်တန်းစားကိုကြိုက်မယ်ထင်နေတာလား...."

လွီမေအော်ရဲ့စကားကြောင့်ပုဝါအောက်ကရှောင်းကျန့်ရဲ့မျက်နှာလေးတည်တံ့သွားရသည်။သူတို့ရဲ့မင်းသားလေးကိုအောက်တန်းစားလို့ပြောလိုက်တာကြောင့် ရှောင်းကျန့်ရဲ့အစေခံတွေအားလုံးဟာ ဒေါသမျက်လုံးတွေနဲ့လွီမေအော်ကိုစိုက်ကြည့်နေကြတော့သည်။သူမတို့ကျန်းနိုင်ငံရဲ့ရတနာလေးကိုအောက်တန်းစားလို့ပြောတဲ့ထိုမိန်းကလေးကိုအကုန်လုံးကသတ်ပစ်ချင်လာကြသည်။ဒါပေမယ့်သူမတို့ဟာဘာမှမဟုတ်တဲ့အစေခံလေးတွေပဲဖြစ်တာကြောင့်သာ ငြိမ်နေလိုက်ကြသည်။

"ဒါဆိုကျွန်တော်မိန်းကလေးလွီကိုသတိပေးလိုက်ပါရစေ။အောက်တန်းစားဆိုတဲ့ကျွန်တော်ကခင်‌ဗျားကိုခေါင်းမရှိတော့တဲ့လူသေကောင်ဖြစ်အောင်လုပ်နိုင်တဲ့စွမ်းအားရှိတယ်နော်...."

ရှောင်းကျန့်ရဲ့စကားကြောင့်လွီမေအော်ဟာတအားကိုထိတ်လန့်သွားရသည်။ရှောင်းကျန့်ကိုသူမမရှုံးချင်တာကြောင့်ထိတ်လန့်ပြီးပျက်ယွင်းသွားတဲ့မျက်နှာကိုအမြန်ပြင်လိုက်သည်။သူမရဲ့အဒေါ်ကမိဖုရားကြီးပဲ။ဒီလိုဘာမဟုတ်တဲ့လူတစ်ယောက်ကိုသူမကြောက်စရာမလိုဘူး။

"နင်ကငါ့ကိုခြိမ်းခြောက်နေတာလား....."

"မခြိမ်းခြောက်ပါဘူး။ငါကအမှန်တရားကိုပြောပြတာ။ကျန်းနိုင်ငံရဲ့မင်းသားဆိုတဲ့ဂုဏ်ပုဒ်ကိုမေ့လိုက်ရင်တောင်ငါကဒီနိုင်ငံအိမ်ရှေ့စံရဲ့ကြင်ယာတော်ပဲ။မင်းလိုဘာမှမဟုတ်တဲ့လူက အိမ်ရှေ့စံမင်းသားရဲ့ကြင်ယာတော်တစ်ယောက်ကို ဒီလိုဆက်ဆံတာနဲ့တင် သေလို့ရပြီ။ဒါကြောင့်ငါ့နေရာကိုမယူခင် မင်းခေါင်းမပြုတ်အောင်သေချာထိန်းသိမ်းထား။တစ်နေ့ငါစိတ်မကြည်တာနဲ့တွေ့ရင် အိမ်ရှေ့စံရဲ့မျိုးဆက်မပြောနဲ့.....အိမ်ရှေ့စံရဲ့မိဖုရားမဖြစ်ခင်မှာတင်ခေါင်းပြတ်သွားမယ်......"

သူမရှေ့ကနေရှောင်းကျန့်ထွက်သွားတဲ့အချိန်ထိသူမ မလှုပ်ရှားနိုင်သေး။သူမကိုစိုက်ကြည့်သွားတဲ့ အေးစက်လွန်းတဲ့မျက်လုံးဝိုင်းတွေကိုပြန်တွေးမိတာနဲ့တင် သူမခြေဖျားလက်ဖျားတွေအေးစက်လာရသည်။ရှောင်းကျန့်ကတကယ်ကိုကြောက်ဖို့ကောင်းလွန်းတယ်။

_______________________________

ရှောင်းကျန့်မင်းကြီးနန်းဆောင်ကိုရောက်သွားချိန်မှာတော့ မင်းကြီးနဲ့စကားထိုင်ပြောနေတဲ့ကျီရွှမ်းကိုတွေ့လိုက်သည်။ရှောင်းကျန့်ရောက်လာတာကိုမြင်တာနဲ့ ကျီရွှမ်းကပါးချိုင့်လေးတွေထင်းနေအောင်ပြုံးပြလေသည်။ရှောင်းကျန့်ရဲ့မျက်ဝန်းလေးတွေကတော့ သူ့ကိုပြုံးပြနေတဲ့ကျီရွှမ်းနောက်မှာရပ်နေတဲ့ဝမ်ရိပေါ်ထံသို့ရောက်ရှိသွားသည်။ဒါပေမယ့်ရိပေါ်ရဲ့အကြည့်တွေကတော့‌တခြားနေရာတွင်သာရှိနေသည်။

"ရှောင်းကျန့်.....မင်းကြီးကိုဂါရဝပြုပါတယ်။မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ...."

"ထပါ.....ကြင်ယာတော်ရှောင်း...ထိုင်ပါအုံး....."

ကျိုးမင်းကြီးရဲ့စကားအတိုင်းရှောင်းကျန့်ကျီရွှမ်းနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။ရှောင်းကျန့်ထိုင်ပြီးတာနဲ့ကျိုးမင်းကြီးက စကားစသည်။

"ဒီနေ့....ငါကိုယ်တော်မင်းတို့နှစ်ယောက်ကို ပြောစရာလေးရှိလို့ခေါ်လိုက်တာ။ငါတို့ကျိုးနိုင်ငံရဲ့ဓလေ့အရမင်းသားတွေဟာအိမ်ရှေ့စံနေရာအတွက်ပြိုင်ပွဲဝင်ကြရတယ်။ဒီလိုစည်းမျဉ်းလုပ်ထားတယ်ဆိုတာဘက်လိုက်မှုမရှိအောင်လို့ပဲ။အရည်အချင်းရှိတဲ့သူကပဲ အိမ်ရှေ့စံနေရာကိုရနိုင်တယ်။အခုပြိုင်ပွဲမှာလည်း ကျီရွှမ်းကအရည်အချင်းရှိရှိနဲ့ အိမ်ရှေ့စံနေရာကိုရခဲ့တယ်။အဲ့အတွက်လည်း ငါကိုယ်တော်ဝမ်းသာပါတယ်။နောက်လေးပတ်လောက်နေရင် အိမ်ရှေ့စံနေရာအပ်နှင်းပွဲကိုကျင်းပမယ်။အဲ့ပွဲမှာတစ်ခါတည်းမင်းတို့နှစ်ယောက်ကိုလက်ထပ်စေချင်တယ်....."

ကျိုးမင်းကြီးရဲ့စကားကြောင့်ကျီရွှမ်းရဲ့မျက်နှာဟာပျော်ရွှင်မှုတွေနဲ့ပြည့်သွားရပြီး တိတိဆိတ်စွာထိုင်နေတဲ့ရှောင်းကျန့်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။သူ့ခမည်းတော်ရဲ့အကြံကိုသူသဘောတူပေမယ့်ရှောင်းကျန့်ရဲ့သဘောထားအတိုင်းသာသူလုပ်မည်။

ရှောင်းကျန့်ကျိုးမင်းကြီးရဲ့စကားကိုကြားတော့ကျီရွှမ်းနောက်မှာရပ်နေတဲ့ ရိပေါ်ကိုခိုးကြည့်လိုက်သည်။ရိပေါ်ရဲ့မျက်နှာမှာဘာခံစားချက်မှမ‌ပေါ်လွင်ပေမယ့် ဓားကိုကိုင်ထားတဲ့လက်တွေကတော့တုန်ရီနေခဲ့ပါသည်။သူ့ရဲ့ သ‌ဘောထားကိုစိတ်လှုပ်ရှားစွာစောင့်နေတဲ့ကျီရွှမ်းကိုကြည့်ပြီးရှောင်းကျန့်သက်ပြင်းချလိုက်သည်။

"မင်းကြီးရဲ့သဘောအတိုင်းပါပဲ...."

ရှောင်းကျန့်ရဲ့အဖြေကြောင့်ကျီရွှမ်းကပြုံးပျော်သွားပြီး ကျိုးမင်းကြီးကတော့သဘောကျစွာပြုံးလေသည်။

"ကောင်းတယ်.....ဒါဆိုငါကိုယ်တော်မင်းတို့လက်ထပ်ပွဲအတွက်ပြင်ဆင်ထားလိုက်မယ်..."

"ဒါပေမယ့်....မင်းကြီး ...ကျွန်တော်မျိုးတောင်းဆိုစရာတစ်ခုရှိပါတယ်"

"ပြောပါ...."

"ကျွန်တော့်မယ်တော်နဲ့ခမည်းတော်ကို ကျွန်တော်ကိုယ်တိုင်လက်ထပ်ပွဲကိုဖိတ်ချင်ပါတယ်...."

"ဒါကဘာမှမခက်ခဲပါဘူး.....ကိုယ်တော်ခွင့်ပြုတယ်"

"ကျေးဇူးကြီးမားလှပါတယ်....မင်းကြီး..."

ကျိုးမင်းကြီးကိုကျေးဇူးတင်ကြောင်းပြောပြီးတာနဲ့ရှောင်းကျန့်မျက်လွှာကိုသာချထားလိုက်သည်။အခုအချိန်မှာသူ့ရှေ့ကကျီရွှမ်းကိုလည်းမကြည့်ချင်သလို ကျီရွှမ်းနောက်မှာရပ်နေတဲ့ချစ်ရသူကိုလည်းမကြည့်ရဲပါ။ကျီရွှမ်းနဲ့ကျိုးမင်းကြီးတို့ပြောနေတဲ့လက်ထပ်မယ့်ကိစ္စတွေလည်း သူ့နားထဲကိုမဝင်တော့ပါ။သူ့ရဲ့နှလုံးသားကတော့ဓားအချောင်းပေါင်းများစွာနဲ့အထိုးခံထားရသလိုနာကျင်နေခဲ့ပါသည်။

______________________________

ဒီနေ့မှာရှောင်းကျန့်သူ့မယ်တော်နဲ့ခမည်းတော်ကိုလက်ထပ်ပွဲဖိတ်ဖို့အတွက်ကျန်းနိုင်ငံကိုထွက်ခွာမှာဖြစ်သည်။အိမ်ရှေ့မင်းသားဖြစ်တဲ့ကျီရွှမ်းကလုပ်စရာကိစ္စတွေရှိနေတဲ့အတွက် လိုက်ပါလို့မရခဲ့ပေ။ဒါကြောင့်ရှောင်းကျန့်ကိုစိတ်မချဘူးဟုဆိုကာကိုယ်ရံတော်တပ်ထဲက သူသဘောအကျဆုံးလူနှစ်ယောက်ကို ခရီးကိုဦးဆောင်ဖို့လိုက်ပါစေခဲ့သည်။ထိုလူနှစ်ယောက်ကတော့ ဝမ်ရိပေါ်နဲ့ရှောင်ကျားယွီပင်ဖြစ်သည်။

ဝမ်ရိပေါ်နဲ့ရှောင်ကျားယွီကကိုယ်ရံတော်တပ်မှာအတော်ဆုံးနှစ်ယောက်လို့ပြောလို့ရသည်။သူတို့နှစ်ယောက်ထဲကတစ်ယောက်က ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်လာလိမ့်မယ်လို့လည်းအကုန်လုံးကထင်ကြေးပေးထားကြသည်။ကိုယ်ရံတော်ခေါင်းဆောင်နေရာကိုလိုချင်တဲ့ရှောင်ကျားယွီဟာ ဝမ်ရိပေါ်ကိုနည်းနည်းမှကြည့်လို့မရပေ။ဝမ်ရိပေါ်သာမရှိရင်ကိုယ်ရံတော်ခေါင်းဆောင်နေရာကိုသူရနှင့်နေလောက်ပြီ။သူတို့ကိုယ်ရံတော်တပ်တွေဟာ တစ်သွေးတည်းစည်းလုံးနေရမယ်လို့ အကြီးအကဲတွေကသင်ပေးပေမယ့်ကျားယွီဟာ ရိပေါ်ကိုတော့ပြိုင်ဘက်တစ်ယောက်လိုသာသဘောထားသည်။ရိပေါ်ကတော့ရှောင်ကျားယွီကို ခေါင်းထဲပင်မထည့်ပါပေ။

ဝမ်ရိပေါ်နဲ့ရှောင်ကျားယွီဦးဆောင်တဲ့တပ်ဖွဲ့ဟာရှောင်းကျန့်ကိုဘေးမသီရန်မခကျန်းနိုင်ငံကိုအရောက်ပို့ပေးရမှာဖြစ်သည်။ရှောင်းကျန့်ဟာ‌ဝေါယာဥ်ထဲမှာထိုင်နေပြီး ‌ရှေ့ဆုံးမှာတော့ဝမ်ရိပေါ်ဟာအညိုရောင်မြင်းတစ်ကောင်ပေါ်တွင် ခန့်ညားစွာထိုင်နေသည်။ဒီရက်ပိုင်းအတွင်းမှာဝမ်ရိပေါ်ဟာရှောင်းကျန့်ကိုစကားလုံးဝမပြောပါ။စကားပြောဖို့မဆိုနှင့်.....ရှောင်းကျန့်ရှိနေတဲ့ဝေါယာဉ်ဘက်ကိုတစ်ချက်လေးတောင်လှည့်မကြည့်ပါပေ။ရှောင်းကျန့်အတွေးလွန်နေတုန်းမှာပဲ ထိပ်ဆုံးကသွားနေတဲ့ဝမ်ရိပေါ်ဆီကအသံထွက်လာသည်။

"သိပ်မကြာခင်မှောင်တော့မှာဆိုတော့ ဒီနေ့ဒီမှာပဲနားကြရအောင်...."

ဝမ်ရိပေါ်ရဲ့စကားကိုကြားတာနဲ့ အတူပါလာတဲ့ရဲမက်တွေနဲ့အစေခံတွေကရှောင်းကျန့်နားနေဖို့အတွက်ရွက်ဖျင်တဲတွေထိုးကြသည်။ဝေါယာဉ်ပေါ်မှာထိုင်နေတဲ့ရှောင်းကျန့်အနားသို့ ဖေးဖေးဟာရောက်လာသည်။

"ကြင်ယာတော်လေး.....ဒီနားကကျောက်ဂူတစ်ခုမှာရေကန်တစ်ခုရှိတယ်။ကြင်ယာတော်လေးကိုယ်လက်သန့်စင်လို့ရပါတယ်"

ဖေးနေရာကိုရှောင်းကျန့်ကိုယ်လက်သန့်စင်ဖို့သွားရန်ပြင်လိုက်သည်။သူ့နောက်ကလိုက်လာမယ်ပြင်နေတဲ့ဖေးဖေးကိုတားရသေးသည်။

"ဘယ်ကိုလိုက်မလို့လဲ.....ဖေးဖေး....နေခဲ့..."

"ဒါပေမယ့် ကျွန်မကြင်ယာတော်လေးကိုစိတ်မချ...."

"ဖေးဖေး....စိတ်ချပါ.....ငါ့ကိုယ်ငါကာကွယ်နိုင်ပါတယ်..."

ကြင်ယာတော်လေးရဲ့စကားကိုနားထောင်ပြီးဖေးဖေးဟာ တခြားအစေခံတွေနဲ့ပဲနေခဲ့သည်။ရှောင်းကျန့်တစ်ယောက်တည်းထွက်သွားတာကိုမြင်တဲ့ရိပေါ်ဟာ စိတ်မချတာကြောင့်ရှောင်းကျန့်နောက်ကိုလိုက်သွားသည်။ရေကန်ကြီးရှိတဲ့‌ကျောက်ဂူတစ်ခုအရောက်မှာတော့အဝတ်အစားတွေကိုပဲတွေ့ပြီးရှောင်းကျန့်ကိုမတွေ့တော့။ရိပေါ်စိတ်ပူပြီးလိုက်ရှာဖို့ပြင်နေတုန်းမှာပဲ ရေထဲကနေသူ့နတ်သားလေးဟာထွက်ပေါ်လာခဲ့သည်။သူ့ကိုမြင်တော့အံ့ဩသွားသလိုနှုတ်ခမ်းရဲရဲလေးကပွင့်ဟသွားသည်။

ရေထဲကသူ့နတ်သားလေးဟာအောက်ခံအဖြူရောင်လေးကိုသာဝတ်ဆင်ထားသည်။ရေတွေစိုနေတာကြောင့်အောက်ခံအဖြူရောင်လေးဟာရေတွေနဲ့ကပ်နေပြီး သူ့နတ်သားလေးရဲ့ဖြူဝင်းဝင်းအသားစိုင်လေးတွေကိုအထင်းသားမြင်နေရသည်။ထပ်ကြည့်နေမိရင် ရိပေါ်ပိုင်ဆိုင်ချင်စိတ်တွေဖြစ်လာတော့မှာကြောင့်အကြည့်တွေကိုလွှဲလိုက်ကာခေါင်းကိုငုံ့ထားလိုက်သည်။

သူ့နတ်သားလေးကိုမကြည့်ပေမယ့်သူ့နတ်သားလေးဟာ ရေထဲကတက်လာပြီးသူ့ဆီကိုလာနေတယ်ဆိုတာကိုတော့ရိပေါ်ရိပ်မိပါသည်။ခနအကြာမှာပဲ သူ့ရှေ့ကိုရောက်လာတဲ့ခြေဖဝါးဖြူဖြူနုလေးများကိုရိပေါ်တွေ့လိုက်ရသည်။လက်ဖြူဖြူနုနုလေးများကရိပေါ်ရဲ့မေးဖျားလေးကိုဆွဲမကာ အကြည့်ချင်းဆုံစေသည်။ရိပေါ်ခေါင်းမော့လိုက်ချိန်မှာပဲသူအရမ်းလွမ်းနေခဲ့တဲ့မျက်နှာလေးကိုမြင်လိုက်ရသည်။

ရိပေါ်မေးဖျားကိုကိုင်ထားတဲ့လက်ဖြူဖြူနုနုလေးများကရိပေါ်လည်ပင်းကိုသိုင်းဖက်လာကြသည်။သူ့မျက်လုံးကိုရီဝေဝေစိုက်ကြည့်ရင်းပြောလိုက်တဲ့သူ့နတ်သားလေးရဲ့စကားကြောင့် ရိပေါ်အသက်ရှူရပ်မတတ်လန့်သွားရသည်။

"ငါ့ကိုသိမ်းပိုက်ပါ.......ရိပေါ်...."

______________________________

1.6.2020

စိတ်မကောင်းစရာလေးပြောပါမယ်။
မနက်ဖြန်ကစပြီးကိုယ် ဂိုက်သင်ပေးရမှာဖြစ်တဲ့အတွက်နေ့တိုင်းupdateလုပ်ဖို့ခက်သွားပါပြီနော်။
ဒါပေမယ့်နေ့တိုင်းတင်ဖြစ်နိုင်အောင်ကြိုးစားပါ့မယ်နော်🥺
ဂိုက်ကမနက်ဖြန်သင်ရတော့မယ်။ခုထိဘာစာမှပြန်မကြည့်ရသေးဘူးಥ‿ಥ







Zawgyi









"မယ္ေတာ္ သက္သာပါရဲ႕လား...."

သူ႔ေရွ႕မွာႏြမ္းလ်လ်ထိုင္ေနတဲ့မိဖုရားလြီကိုယြင္ေက်ာက္ေမးလိုက္သည္။သူမသားေတာ္ရဲ႕အေမးကိုမိဖုရားလြီဟာႏြမ္းလ်ေဖ်ာ့ေတာ့စြာျဖင့္ျပန္ေျဖသည္။

"လူကသက္သာသြားေပမယ့္ စိတ္ကေတာ့မသက္သာေသးဘူး....သားေတာ္"

"စိတ္ညစ္စရာကိစၥရွိေနလို႔လား.....မယ္ေတာ္...."

မိဖုရားလြီဟာယြင္ေက်ာက္ရဲ႕လက္ကိုဆုပ္ကိုင္လိုက္ၿပီး စိတ္ပ်က္မႈအျပည့္နဲ႔ေျပာလိုက္သည္။

"ရွိတာေပါ့ သားေတာ္.....အမွန္ဆိုအေမ့သားေလးကအိမ္ေရွ႕စံေနရာကိုပိုင္ဆိုင္သင့္တာ။မထင္ထားမိဘူး။က်ီ႐ႊမ္းကဒီေနရာကိုျဖတ္လုသြားလိမ့္မယ္လို႔။ဒီကိစၥကအေမ့ကိုမေပ်ာ္မ႐ႊင္ျဖစ္ေစတယ္....သားေတာ္"

သူ႔မယ္ေတာ္ရဲ႕စကားကိုသေဘာမက်မႈေၾကာင့္ယြင္ေက်ာက္ရဲ႕မ်က္ခုံးတန္းမ်ားတြန႔္ခ်ိဳးသြားရသည္။ညီေတာ္ကဒီေနရာကိုျဖတ္လုတာမွမဟုတ္တာ။တရားမွ်မွ်တတနဲ႔အႏိုင္ရသြားတာေလ။ၿပီးေတာ့အိမ္ေရွ႕စံေနရာကအရင္တည္းကသူပိုင္တဲ့ေနရာမွမဟုတ္တဲ့အတြက္ ညီေတာ္ကျဖတ္လုသြားတယ္လို႔ေျပာလို႔မရ။

"မယ္ေတာ္....နဂိုတည္းကအိမ္ေရွ႕စံေနရာက ကြၽန္ေတာ့္ရဲ႕ေနရာမဟုတ္ပါဘူး။ၿပီးေတာ့ညီေတာ္ကၿပိဳင္ပြဲမွာအႏိုင္ရၿပီးအိမ္ေရွ႕စံေနရာကိုပိုင္ဆိုင္သြားတာေလ။ဒါေၾကာင့္ညီေတာ္ကျဖတ္လုတာမဟုတ္ဘဲ တရားမွ်မွ်တတနဲ႔အဲ့ေနရာကိုရသြားတာပါ"

ယြင္ေက်ာက္ကအမွန္ကိုေျပာတာဆိုေပမယ့္မိဖုရားလြီကေတာ့ေက်နပ္ပုံမေပၚေပ။

"ဒါေပမယ့္ သားေတာ္ကအႀကီးဆုံးသားေလ။အိမ္ေရွ႕စံေနရာကိုသားေတာ္ကပဲပိုင္ဆိုင္သင့္တာ။က်ီ႐ႊမ္းကလုပ္ႏိုင္မွာမဟုတ္ဘူး"

"ညီေတာ္လုပ္ႏိုင္မွာပါ။မယ္ေတာ္ယုံၾကည္ေပးလိုက္ပါ"

"ဒါေပမယ့္.....သားေတာ္...."

"မယ္ေတာ္....အဲ့အေၾကာင္းဆက္မေျပာၾကရေအာင္"

သူမသားရဲ႕စကားေၾကာင့္ထိုအေၾကာင္းကိုသူမဆက္မေျပာေတာ့ပါ။ဒါေပမယ့္လည္းသူမမေက်နပ္ပါ။သူမရဲ႕သားကသာအိမ္ေရွ႕စံေနရာကိုပိုင္ဆိုင္ရမည္။အဲ့အတြက္လည္းဘာကိစၥပဲျဖစ္ျဖစ္သူမလုပ္မည္။အဓိကအရာကေတာ့သူမရဲ႕သားကသူမဘက္မွာရွိေနဖို႔လိုပါမည္။အခုေတာ့သူမလုပ္ႏိုင္တာကၿငိမ္ၿငိမ္ေလးေနဖို႔ပါပဲ။

____________________________

"အိုး......ဘယ္သူမ်ားလည္းမွတ္တယ္။အိမ္ေရွ႕စံမင္းသားရဲ႕ၾကင္ယာေတာ္ေလးပဲ"

ေရွာင္းက်န႔္ကိုမင္းႀကီးကေတြ႕ခ်င္တယ္ဆိုတာေၾကာင့္ မင္းႀကီးရဲ႕နန္းေဆာင္ကိုသြားေနတုန္းမွာပဲလြီေမေအာ္နဲ႔ေတြ႕ျခင္းျဖစ္သည္။စကားအေခ်အတင္မျဖစ္ခ်င္တာေၾကာင့္ေရွာင္သြားဖို႔ျပင္ေသာ္လည္း လြီေမေအာ္ကခြင့္မျပဳေပ။ေရွာင္းက်န႔္ရဲ႕ေရွ႕ကေနပိတ္ရပ္ကာေရွာင္းက်န႔္မခံခ်င္ေအာင္ေျပာေတာ့သည္။

"အိုး......ကြၽန္မကိုမသိခ်င္ေယာင္ေဆာင္တယ္ေပါ့။အိမ္ေရွ႕စံရဲ႕ၾကင္ယာေတာ္ေနရာကိုရသြားတာနဲ႔မာန္တက္သြားတာလား။ဒါေပမယ့္အဲ့ေနရာကိုၾကာၾကာမေနလိုက္ရမွာ ၾကင္ယာေတာ္ေရွာင္းအတြက္ကြၽန္မစိုးရိမ္လိုက္တာရွင္"

လြီေမေအာ္ကေရွာင္းက်န႔္ကိုေဒါသထြက္ေအာင္တမင္ေျပာျခင္းျဖစ္ေသာ္လည္း ေရွာင္းက်န႔္ကေဒါသမထြက္တဲ့အျပင္တည္ၿငိမ္ေအးခ်မ္းစြာျပန္ေျဖသည္။

"ကြၽန္ေတာ္ကဉာဏ္မေကာင္းတဲ့အတြက္လြီမိန္းကေလးေျပာခ်င္တဲ့သေဘာကိုနားမလည္ပါဘူး"

"ဟြန႔္....နားမလည္ခ်င္ေယာင္ေဆာင္မေနပါနဲ႔။ရွင္နားလည္မွန္းကြၽန္မသိတယ္။ဒါေပမယ့္ရွင္ကနားမလည္ဘူးလို႔ေျပာေနမွေတာ့ နားလည္ေအာင္ကြၽန္မကပဲရွင္းျပမယ္ေလ"

"လြီမိန္းကေလးရွင္းျပတာကိုပဲနားေထာင္ရေတာ့မွာပဲ"

ေရွာင္းက်န႔္ရဲ႕စကားကိုၾကားေတာ့လြီေမေအာ္ကႏႈတ္ခမ္းကိုတစ္ခ်က္မဲ့လိုက္သည္။

"အိမ္ေရွ႕စံရဲ႕ၾကင္ယာေတာ္ျဖစ္သြားတာနဲ႔ပဲမာန္တက္မေနပါနဲ႔...."

"ကြၽန္ေတာ္အခုကိုယ့္လမ္းကိုသြားေနတာကမာန္တက္တဲ့အျပဳအမူလား။ဒါဆိုတစ္ကမာၻလုံးကလူေတြအကုန္မာန္တက္ေနၾကတာပဲ။ကြၽန္ေတာ္အရင္ကနားမလည္ခဲ့ဘူး။မိန္းကေလးလြီေျပာမွပဲနားလည္သြားေတာ့တယ္..."

"နင္....ေယာက္်ားေလးျဖစ္ၿပီးစကားကိုလိုက္ကပ္ၿပီးေျပာမေနနဲ႔.."

"ေရာ္.....ကြၽန္ေတာ္ခင္ဗ်ားအနားကိုကပ္မေျပာပါဘူးဗ်ာ..."

စကားကိုကပ္သီးကပ္ဖဲ့လိုက္ေျပာေနတဲ့ေရွာင္းက်န႔္ေၾကာင့္ လြီေမေအာ္ေဒါသထြက္လာရသည္။ေဒါသထြက္မႈေၾကာင့္သူမမ်က္ႏွာကအက်ည္းတန္ေနၿပီျဖစ္သည္။

"နင္နားမလည္ခ်င္ေယာင္ေဆာင္ၿပီးေလွ်ာက္ေျပာမေနနဲ႔။ငါနင့္ကိုသတိေပးလိုက္မယ္။နင့္ကိုယ္နင္ေယာက္်ားေလးဆိုတာကိုမေမ့နဲ႔။အရင္ကလိုအကိုက်ီ႐ႊမ္းကမင္းသားတစ္ပါးဆိုရင္ျပႆနာမရွိေပမယ့္ အခုအကိုက်ီ႐ႊမ္းကအိမ္ေရွ႕စံမင္းသားျဖစ္သြားၿပီ။နင့္လိုေယာက္်ားေလးတစ္ေယာက္ကအိမ္ေရွ႕စံမင္းသားအတြက္ မ်ိဳးဆက္ကိုမေမြးေပးႏိုင္ဘူး။ဒါေၾကာင့္အိမ္ေရွ႕စံမင္းသားရဲ႕မ်ိဳးဆက္ကိုေမြးေပးဖို႔မိဖုရားေနရာနဲ႔ အသင့္ေတာ္ဆုံးကငါပဲရွိတယ္။နင့္ေနရာကေပ်ာက္ေတာ့မွာအေႏွးနဲ႔အျမန္ပဲ"

လြီေမေအာ္ကက်ီ႐ႊမ္းရဲ႕မ်ိဳးဆက္ကိုေမြးေပးဖို႔အသင့္ေတာ္ဆုံးကသူမပဲရွိတယ္ဆိုတာကိုဂုဏ္ယူဝင့္ႂကြားစြာေျပာလာသည္။တကယ္ကို ဣေျႏၵသိကၡာမရွိတဲ့မိန္းကေလးတစ္ေယာက္ပဲ။

"လြီမိန္းကေလး....မင္းေယာက္်ားယူၿပီးကေလးေမြးမယ့္ကိစၥကိုဘာလို႔ခနခနငါ့ကိုပဲလာေျပာေနရတာလဲ။မဟုတ္မွလြဲေရာ.....မင္းတကယ္ခ်စ္ခင္ႏွစ္သက္ၿပီး လက္ထပ္ခ်င္တဲ့လူကငါမ်ားလား။ဒါဆိုရင္ေတာ့ငါႀကိဳေျပာထားပါရေစ။ငါမင္းကိုမႀကိဳက္ဘူး။မင္းရဲ႕မ်က္ႏွာေလးကလွတယ္ဆိုေပမယ့္မင္းကငါႀကိဳက္တဲ့ပုံစံမဟုတ္ဘူး။စိတ္မေကာင္းပါဘူး....လြီမိန္းကေလး"

ေရွာင္းက်န႔္ရဲ႕စကားေတြကိုၾကားလိုက္ရတဲ့လြီေမေအာ္ကေတာ့ေရွာင္းက်န႔္ကိုေဒါသတႀကီးေအာ္ဟစ္ေတာ့သည္။

"႐ုပ္ဆိုးေကာင္ကမ်ား....မတန္မရာမွန္းေနတယ္။ငါလိုမိန္းကေလးမ်ိဳးကနင့္လိုေအာက္တန္းစားကိုႀကိဳက္မယ္ထင္ေနတာလား...."

လြီေမေအာ္ရဲ႕စကားေၾကာင့္ပုဝါေအာက္ကေရွာင္းက်န႔္ရဲ႕မ်က္ႏွာေလးတည္တံ့သြားရသည္။သူတို႔ရဲ႕မင္းသားေလးကိုေအာက္တန္းစားလို႔ေျပာလိုက္တာေၾကာင့္ ေရွာင္းက်န႔္ရဲ႕အေစခံေတြအားလုံးဟာ ေဒါသမ်က္လုံးေတြနဲ႔လြီေမေအာ္ကိုစိုက္ၾကည့္ေနၾကေတာ့သည္။သူမတို႔က်န္းႏိုင္ငံရဲ႕ရတနာေလးကိုေအာက္တန္းစားလို႔ေျပာတဲ့ထိုမိန္းကေလးကိုအကုန္လုံးကသတ္ပစ္ခ်င္လာၾကသည္။ဒါေပမယ့္သူမတို႔ဟာဘာမွမဟုတ္တဲ့အေစခံေလးေတြပဲျဖစ္တာေၾကာင့္သာ ၿငိမ္ေနလိုက္ၾကသည္။

"ဒါဆိုကြၽန္ေတာ္မိန္းကေလးလြီကိုသတိေပးလိုက္ပါရေစ။ေအာက္တန္းစားဆိုတဲ့ကြၽန္ေတာ္ကခင္‌ဗ်ားကိုေခါင္းမရွိေတာ့တဲ့လူေသေကာင္ျဖစ္ေအာင္လုပ္ႏိုင္တဲ့စြမ္းအားရွိတယ္ေနာ္...."

ေရွာင္းက်န႔္ရဲ႕စကားေၾကာင့္လြီေမေအာ္ဟာတအားကိုထိတ္လန႔္သြားရသည္။ေရွာင္းက်န႔္ကိုသူမမရႈံးခ်င္တာေၾကာင့္ထိတ္လန႔္ၿပီးပ်က္ယြင္းသြားတဲ့မ်က္ႏွာကိုအျမန္ျပင္လိုက္သည္။သူမရဲ႕အေဒၚကမိဖုရားႀကီးပဲ။ဒီလိုဘာမဟုတ္တဲ့လူတစ္ေယာက္ကိုသူမေၾကာက္စရာမလိုဘူး။

"နင္ကငါ့ကိုၿခိမ္းေျခာက္ေနတာလား....."

"မၿခိမ္းေျခာက္ပါဘူး။ငါကအမွန္တရားကိုေျပာျပတာ။က်န္းႏိုင္ငံရဲ႕မင္းသားဆိုတဲ့ဂုဏ္ပုဒ္ကိုေမ့လိုက္ရင္ေတာင္ငါကဒီႏိုင္ငံအိမ္ေရွ႕စံရဲ႕ၾကင္ယာေတာ္ပဲ။မင္းလိုဘာမွမဟုတ္တဲ့လူက အိမ္ေရွ႕စံမင္းသားရဲ႕ၾကင္ယာေတာ္တစ္ေယာက္ကို ဒီလိုဆက္ဆံတာနဲ႔တင္ ေသလို႔ရၿပီ။ဒါေၾကာင့္ငါ့ေနရာကိုမယူခင္ မင္းေခါင္းမျပဳတ္ေအာင္ေသခ်ာထိန္းသိမ္းထား။တစ္ေန႔ငါစိတ္မၾကည္တာနဲ႔ေတြ႕ရင္ အိမ္ေရွ႕စံရဲ႕မ်ိဳးဆက္မေျပာနဲ႔.....အိမ္ေရွ႕စံရဲ႕မိဖုရားမျဖစ္ခင္မွာတင္ေခါင္းျပတ္သြားမယ္......"

သူမေရွ႕ကေနေရွာင္းက်န႔္ထြက္သြားတဲ့အခ်ိန္ထိသူမ မလႈပ္ရွားႏိုင္ေသး။သူမကိုစိုက္ၾကည့္သြားတဲ့ ေအးစက္လြန္းတဲ့မ်က္လုံးဝိုင္းေတြကိုျပန္ေတြးမိတာနဲ႔တင္ သူမေျခဖ်ားလက္ဖ်ားေတြေအးစက္လာရသည္။ေရွာင္းက်န႔္ကတကယ္ကိုေၾကာက္ဖို႔ေကာင္းလြန္းတယ္။

_______________________________

ေရွာင္းက်န႔္မင္းႀကီးနန္းေဆာင္ကိုေရာက္သြားခ်ိန္မွာေတာ့ မင္းႀကီးနဲ႔စကားထိုင္ေျပာေနတဲ့က်ီ႐ႊမ္းကိုေတြ႕လိုက္သည္။ေရွာင္းက်န႔္ေရာက္လာတာကိုျမင္တာနဲ႔ က်ီ႐ႊမ္းကပါးခ်ိဳင့္ေလးေတြထင္းေနေအာင္ၿပဳံးျပေလသည္။ေရွာင္းက်န႔္ရဲ႕မ်က္ဝန္းေလးေတြကေတာ့ သူ႔ကိုၿပဳံးျပေနတဲ့က်ီ႐ႊမ္းေနာက္မွာရပ္ေနတဲ့ဝမ္ရိေပၚထံသို႔ေရာက္ရွိသြားသည္။ဒါေပမယ့္ရိေပၚရဲ႕အၾကည့္ေတြကေတာ့‌တျခားေနရာတြင္သာရွိေနသည္။

"ေရွာင္းက်န႔္.....မင္းႀကီးကိုဂါရဝျပဳပါတယ္။မင္းႀကီးသက္ေတာ္ရာေက်ာ္ရွည္ပါေစ...."

"ထပါ.....ၾကင္ယာေတာ္ေရွာင္း...ထိုင္ပါအုံး....."

က်ိဳးမင္းႀကီးရဲ႕စကားအတိုင္းေရွာင္းက်န႔္က်ီ႐ႊမ္းနဲ႔မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္လိုက္သည္။ေရွာင္းက်န႔္ထိုင္ၿပီးတာနဲ႔က်ိဳးမင္းႀကီးက စကားစသည္။

"ဒီေန႔....ငါကိုယ္ေတာ္မင္းတို႔ႏွစ္ေယာက္ကို ေျပာစရာေလးရွိလို႔ေခၚလိုက္တာ။ငါတို႔က်ိဳးႏိုင္ငံရဲ႕ဓေလ့အရမင္းသားေတြဟာအိမ္ေရွ႕စံေနရာအတြက္ၿပိဳင္ပြဲဝင္ၾကရတယ္။ဒီလိုစည္းမ်ဥ္းလုပ္ထားတယ္ဆိုတာဘက္လိုက္မႈမရွိေအာင္လို႔ပဲ။အရည္အခ်င္းရွိတဲ့သူကပဲ အိမ္ေရွ႕စံေနရာကိုရႏိုင္တယ္။အခုၿပိဳင္ပြဲမွာလည္း က်ီ႐ႊမ္းကအရည္အခ်င္းရွိရွိနဲ႔ အိမ္ေရွ႕စံေနရာကိုရခဲ့တယ္။အဲ့အတြက္လည္း ငါကိုယ္ေတာ္ဝမ္းသာပါတယ္။ေနာက္ေလးပတ္ေလာက္ေနရင္ အိမ္ေရွ႕စံေနရာအပ္ႏွင္းပြဲကိုက်င္းပမယ္။အဲ့ပြဲမွာတစ္ခါတည္းမင္းတို႔ႏွစ္ေယာက္ကိုလက္ထပ္ေစခ်င္တယ္....."

က်ိဳးမင္းႀကီးရဲ႕စကားေၾကာင့္က်ီ႐ႊမ္းရဲ႕မ်က္ႏွာဟာေပ်ာ္႐ႊင္မႈေတြနဲ႔ျပည့္သြားရၿပီး တိတိဆိတ္စြာထိုင္ေနတဲ့ေရွာင္းက်န႔္ကိုတစ္ခ်က္လွမ္းၾကည့္လိုက္သည္။သူ႔ခမည္းေတာ္ရဲ႕အႀကံကိုသူသေဘာတူေပမယ့္ေရွာင္းက်န႔္ရဲ႕သေဘာထားအတိုင္းသာသူလုပ္မည္။

ေရွာင္းက်န႔္က်ိဳးမင္းႀကီးရဲ႕စကားကိုၾကားေတာ့က်ီ႐ႊမ္းေနာက္မွာရပ္ေနတဲ့ ရိေပၚကိုခိုးၾကည့္လိုက္သည္။ရိေပၚရဲ႕မ်က္ႏွာမွာဘာခံစားခ်က္မွမ‌ေပၚလြင္ေပမယ့္ ဓားကိုကိုင္ထားတဲ့လက္ေတြကေတာ့တုန္ရီေနခဲ့ပါသည္။သူ႔ရဲ႕ သ‌ေဘာထားကိုစိတ္လႈပ္ရွားစြာေစာင့္ေနတဲ့က်ီ႐ႊမ္းကိုၾကည့္ၿပီးေရွာင္းက်န႔္သက္ျပင္းခ်လိုက္သည္။

"မင္းႀကီးရဲ႕သေဘာအတိုင္းပါပဲ...."

ေရွာင္းက်န႔္ရဲ႕အေျဖေၾကာင့္က်ီ႐ႊမ္းကၿပဳံးေပ်ာ္သြားၿပီး က်ိဳးမင္းႀကီးကေတာ့သေဘာက်စြာၿပဳံးေလသည္။

"ေကာင္းတယ္.....ဒါဆိုငါကိုယ္ေတာ္မင္းတို႔လက္ထပ္ပြဲအတြက္ျပင္ဆင္ထားလိုက္မယ္..."

"ဒါေပမယ့္....မင္းႀကီး ...ကြၽန္ေတာ္မ်ိဳးေတာင္းဆိုစရာတစ္ခုရွိပါတယ္"

"ေျပာပါ...."

"ကြၽန္ေတာ့္မယ္ေတာ္နဲ႔ခမည္းေတာ္ကို ကြၽန္ေတာ္ကိုယ္တိုင္လက္ထပ္ပြဲကိုဖိတ္ခ်င္ပါတယ္...."

"ဒါကဘာမွမခက္ခဲပါဘူး.....ကိုယ္ေတာ္ခြင့္ျပဳတယ္"

"ေက်းဇူးႀကီးမားလွပါတယ္....မင္းႀကီး..."

က်ိဳးမင္းႀကီးကိုေက်းဇူးတင္ေၾကာင္းေျပာၿပီးတာနဲ႔ေရွာင္းက်န႔္မ်က္လႊာကိုသာခ်ထားလိုက္သည္။အခုအခ်ိန္မွာသူ႔ေရွ႕ကက်ီ႐ႊမ္းကိုလည္းမၾကည့္ခ်င္သလို က်ီ႐ႊမ္းေနာက္မွာရပ္ေနတဲ့ခ်စ္ရသူကိုလည္းမၾကည့္ရဲပါ။က်ီ႐ႊမ္းနဲ႔က်ိဳးမင္းႀကီးတို႔ေျပာေနတဲ့လက္ထပ္မယ့္ကိစၥေတြလည္း သူ႔နားထဲကိုမဝင္ေတာ့ပါ။သူ႔ရဲ႕ႏွလုံးသားကေတာ့ဓားအေခ်ာင္းေပါင္းမ်ားစြာနဲ႔အထိုးခံထားရသလိုနာက်င္ေနခဲ့ပါသည္။

______________________________

ဒီေန႔မွာေရွာင္းက်န႔္သူ႔မယ္ေတာ္နဲ႔ခမည္းေတာ္ကိုလက္ထပ္ပြဲဖိတ္ဖို႔အတြက္က်န္းႏိုင္ငံကိုထြက္ခြာမွာျဖစ္သည္။အိမ္ေရွ႕မင္းသားျဖစ္တဲ့က်ီ႐ႊမ္းကလုပ္စရာကိစၥေတြရွိေနတဲ့အတြက္ လိုက္ပါလို႔မရခဲ့ေပ။ဒါေၾကာင့္ေရွာင္းက်န႔္ကိုစိတ္မခ်ဘူးဟုဆိုကာကိုယ္ရံေတာ္တပ္ထဲက သူသေဘာအက်ဆုံးလူႏွစ္ေယာက္ကို ခရီးကိုဦးေဆာင္ဖို႔လိုက္ပါေစခဲ့သည္။ထိုလူႏွစ္ေယာက္ကေတာ့ ဝမ္ရိေပၚနဲ႔ေရွာင္က်ားယြီပင္ျဖစ္သည္။

ဝမ္ရိေပၚနဲ႔ေရွာင္က်ားယြီကကိုယ္ရံေတာ္တပ္မွာအေတာ္ဆုံးႏွစ္ေယာက္လို႔ေျပာလို႔ရသည္။သူတို႔ႏွစ္ေယာက္ထဲကတစ္ေယာက္က ကိုယ္ရံေတာ္ေခါင္းေဆာင္ျဖစ္လာလိမ့္မယ္လို႔လည္းအကုန္လုံးကထင္ေၾကးေပးထားၾကသည္။ကိုယ္ရံေတာ္ေခါင္းေဆာင္ေနရာကိုလိုခ်င္တဲ့ေရွာင္က်ားယြီဟာ ဝမ္ရိေပၚကိုနည္းနည္းမွၾကည့္လို႔မရေပ။ဝမ္ရိေပၚသာမရွိရင္ကိုယ္ရံေတာ္ေခါင္းေဆာင္ေနရာကိုသူရႏွင့္ေနေလာက္ၿပီ။သူတို႔ကိုယ္ရံေတာ္တပ္ေတြဟာ တစ္ေသြးတည္းစည္းလုံးေနရမယ္လို႔ အႀကီးအကဲေတြကသင္ေပးေပမယ့္က်ားယြီဟာ ရိေပၚကိုေတာ့ၿပိဳင္ဘက္တစ္ေယာက္လိုသာသေဘာထားသည္။ရိေပၚကေတာ့ေရွာင္က်ားယြီကို ေခါင္းထဲပင္မထည့္ပါေပ။

ဝမ္ရိေပၚနဲ႔ေရွာင္က်ားယြီဦးေဆာင္တဲ့တပ္ဖြဲ႕ဟာေရွာင္းက်န႔္ကိုေဘးမသီရန္မခက်န္းႏိုင္ငံကိုအေရာက္ပို႔ေပးရမွာျဖစ္သည္။ေရွာင္းက်န႔္ဟာ‌ေဝါယာဥ္ထဲမွာထိုင္ေနၿပီး ‌ေရွ႕ဆုံးမွာေတာ့ဝမ္ရိေပၚဟာအညိဳေရာင္ျမင္းတစ္ေကာင္ေပၚတြင္ ခန႔္ညားစြာထိုင္ေနသည္။ဒီရက္ပိုင္းအတြင္းမွာဝမ္ရိေပၚဟာေရွာင္းက်န႔္ကိုစကားလုံးဝမေျပာပါ။စကားေျပာဖို႔မဆိုႏွင့္.....ေရွာင္းက်န႔္ရွိေနတဲ့ေဝါယာဥ္ဘက္ကိုတစ္ခ်က္ေလးေတာင္လွည့္မၾကည့္ပါေပ။ေရွာင္းက်န႔္အေတြးလြန္ေနတုန္းမွာပဲ ထိပ္ဆုံးကသြားေနတဲ့ဝမ္ရိေပၚဆီကအသံထြက္လာသည္။

"သိပ္မၾကာခင္ေမွာင္ေတာ့မွာဆိုေတာ့ ဒီေန႔ဒီမွာပဲနားၾကရေအာင္...."

ဝမ္ရိေပၚရဲ႕စကားကိုၾကားတာနဲ႔ အတူပါလာတဲ့ရဲမက္ေတြနဲ႔အေစခံေတြကေရွာင္းက်န႔္နားေနဖို႔အတြက္႐ြက္ဖ်င္တဲေတြထိုးၾကသည္။ေဝါယာဥ္ေပၚမွာထိုင္ေနတဲ့ေရွာင္းက်န႔္အနားသို႔ ေဖးေဖးဟာေရာက္လာသည္။

"ၾကင္ယာေတာ္ေလး.....ဒီနားကေက်ာက္ဂူတစ္ခုမွာေရကန္တစ္ခုရွိတယ္။ၾကင္ယာေတာ္ေလးကိုယ္လက္သန႔္စင္လို႔ရပါတယ္"

ေဖးေနရာကိုေရွာင္းက်န႔္ကိုယ္လက္သန႔္စင္ဖို႔သြားရန္ျပင္လိုက္သည္။သူ႔ေနာက္ကလိုက္လာမယ္ျပင္ေနတဲ့ေဖးေဖးကိုတားရေသးသည္။

"ဘယ္ကိုလိုက္မလို႔လဲ.....ေဖးေဖး....ေနခဲ့..."

"ဒါေပမယ့္ ကြၽန္မၾကင္ယာေတာ္ေလးကိုစိတ္မခ်...."

"ေဖးေဖး....စိတ္ခ်ပါ.....ငါ့ကိုယ္ငါကာကြယ္ႏိုင္ပါတယ္..."

ၾကင္ယာေတာ္ေလးရဲ႕စကားကိုနားေထာင္ၿပီးေဖးေဖးဟာ တျခားအေစခံေတြနဲ႔ပဲေနခဲ့သည္။ေရွာင္းက်န႔္တစ္ေယာက္တည္းထြက္သြားတာကိုျမင္တဲ့ရိေပၚဟာ စိတ္မခ်တာေၾကာင့္ေရွာင္းက်န႔္ေနာက္ကိုလိုက္သြားသည္။ေရကန္ႀကီးရွိတဲ့‌ေက်ာက္ဂူတစ္ခုအေရာက္မွာေတာ့အဝတ္အစားေတြကိုပဲေတြ႕ၿပီးေရွာင္းက်န႔္ကိုမေတြ႕ေတာ့။ရိေပၚစိတ္ပူၿပီးလိုက္ရွာဖို႔ျပင္ေနတုန္းမွာပဲ ေရထဲကေနသူ႔နတ္သားေလးဟာထြက္ေပၚလာခဲ့သည္။သူ႔ကိုျမင္ေတာ့အံ့ဩသြားသလိုႏႈတ္ခမ္းရဲရဲေလးကပြင့္ဟသြားသည္။

ေရထဲကသူ႔နတ္သားေလးဟာေအာက္ခံအျဖဴေရာင္ေလးကိုသာဝတ္ဆင္ထားသည္။ေရေတြစိုေနတာေၾကာင့္ေအာက္ခံအျဖဴေရာင္ေလးဟာေရေတြနဲ႔ကပ္ေနၿပီး သူ႔နတ္သားေလးရဲ႕ျဖဴဝင္းဝင္းအသားစိုင္ေလးေတြကိုအထင္းသားျမင္ေနရသည္။ထပ္ၾကည့္ေနမိရင္ ရိေပၚပိုင္ဆိုင္ခ်င္စိတ္ေတြျဖစ္လာေတာ့မွာေၾကာင့္အၾကည့္ေတြကိုလႊဲလိုက္ကာေခါင္းကိုငုံ႔ထားလိုက္သည္။

သူ႔နတ္သားေလးကိုမၾကည့္ေပမယ့္သူ႔နတ္သားေလးဟာ ေရထဲကတက္လာၿပီးသူ႔ဆီကိုလာေနတယ္ဆိုတာကိုေတာ့ရိေပၚရိပ္မိပါသည္။ခနအၾကာမွာပဲ သူ႔ေရွ႕ကိုေရာက္လာတဲ့ေျခဖဝါးျဖဴျဖဴႏုေလးမ်ားကိုရိေပၚေတြ႕လိုက္ရသည္။လက္ျဖဴျဖဴႏုႏုေလးမ်ားကရိေပၚရဲ႕ေမးဖ်ားေလးကိုဆြဲမကာ အၾကည့္ခ်င္းဆုံေစသည္။ရိေပၚေခါင္းေမာ့လိုက္ခ်ိန္မွာပဲသူအရမ္းလြမ္းေနခဲ့တဲ့မ်က္ႏွာေလးကိုျမင္လိုက္ရသည္။

ရိေပၚေမးဖ်ားကိုကိုင္ထားတဲ့လက္ျဖဴျဖဴႏုႏုေလးမ်ားကရိေပၚလည္ပင္းကိုသိုင္းဖက္လာၾကသည္။သူ႔မ်က္လုံးကိုရီေဝေဝစိုက္ၾကည့္ရင္းေျပာလိုက္တဲ့သူ႔နတ္သားေလးရဲ႕စကားေၾကာင့္ ရိေပၚအသက္ရႉရပ္မတတ္လန႔္သြားရသည္။

"ငါ့ကိုသိမ္းပိုက္ပါ.......ရိေပၚ...."

______________________________

1.6.2020

စိတ္မေကာင္းစရာေလးေျပာပါမယ္။
မနက္ျဖန္ကစၿပီးကိုယ္ ဂိုက္သင္ေပးရမွာျဖစ္တဲ့အတြက္ေန႔တိုင္းupdateလုပ္ဖို႔ခက္သြားပါၿပီေနာ္။
ဒါေပမယ့္ေန႔တိုင္းတင္ျဖစ္ႏိုင္ေအာင္ႀကိဳးစားပါ့မယ္ေနာ္🥺
ဂိုက္ကမနက္ျဖန္သင္ရေတာ့မယ္။ခုထိဘာစာမွျပန္မၾကည့္ရေသးဘူးಥ‿ಥ

Continue Reading

You'll Also Like

212K 6.2K 62
When Penny Drake finds a box full of metal robotic babies, she makes it her task to take care of the sparklings. Will she be able to take care of a b...
4.5M 284K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.4K 92 14
esta historia de amor es mi segunda historia se trata que io y triton se encuentran después de mucho tiempo pero io comenzará a desarrollar sentimien...