Unicode
မိဖုရားလွီရဲ့နန်းဆောင်မှာတော့ မိဖုရားလွီဟာကုတင်ထက်လှဲလျောင်းနေသည်။သူမရဲ့ရှေ့မှာတော့ကျီရွှမ်းဟာစိုးရိမ်ပူပန်မှုအပြည့်နဲ့ရပ်လို့နေသည်။
"မယ်တော်.....အဆင်ပြေရဲ့လား...."
ကျီရွှမ်းရဲ့အသံကိုကြားတာနဲ့သူမရဲ့မှေးမှိတ်ထားတဲ့မျက်ဝန်းတွေကပွင့်လာပြီး ကျီရွှမ်းကိုဒေါသတကြီးစိုက်ကြည့်လေသည်။အိမ်ရှေ့စံနေရာကိုသူမသားတွေမရဘဲ ဒီမျိုးမစစ်ကရသွားတယ်ဆိုတာကိုတွေးလိုက်မိတိုင်းမီးမြှိုက်ခံနေရတဲ့အတိုင်းသူမရင်တွေပူလာရသည်။သူမဒီလောက်ပြောထားပါရဲ့နဲ့အိမ်ရှေ့စံနေရာကိုရအောင်ပြိုင်တဲ့ဒီကလေးကို အသေသတ်ပစ်ချင်မိသည်။ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင်ဒီအရွယ်ထိမမွေးဘဲ သူမဆီကိုစရောက်လာတဲ့နေ့တည်းကသတ်ပစ်သင့်တာ။သူမအခုတော့နောင်တရနေပြီ။
သူမလက်ထဲကဆေးခွက်ကိုကျီရွှမ်းဆီသို့ပစ်ပေါက်လိုက်သည်။ကျီရွှမ်းဟာမရှောင်လိုက်တာကြောင့် ဆေးခွက်ဟာနဖူးကိုထိမှန်သွားပြီးသူ့ရဲ့နဖူးကနေ နီရဲရဲသွေးတွေစီးကျလာတော့သည်။
"မင်းလုပ်ချင်တာလုပ်ပြီးတော့မှ ငါ့ကိုအဆင်ပြေလားမေးနေတာလား။မင်းဘာလို့ငါ့စကားနားမထောင်ရတာလဲ။ငါပြောခဲ့တယ်လေ။အိမ်ရှေ့စံနေရာကမင်းနဲ့မသင့်တော်ပါဘူးလို့။ဘာကြောင့်များဒီအမေအိုရဲ့စကားကိုနားမထောင်ရတာလဲ"
"ကျွန်တော်လည်း မယ်တော့်ရဲ့သားပါ။ကျွန်တော်အိမ်ရှေ့စံနေရာကိုရတာမယ်တော်ဘာကြောင့်မပျော်ရတာလဲ။ဂုဏ်မယူရတာလဲ"
ကျီရွှမ်းစကားကိုကြားလိုက်တဲ့မိဖုရားလွီဟာကုတင်ပေါ်ကအသာဆင်းလိုက်ပြီး ကျီရွှမ်းအနားသို့သွားလိုက်သည်။ပြီးနောက်သူမဟာကျီရွှမ်းရဲ့လက်လေးကိုမိခင်တစ်ယောက်ရဲ့နွေးထွေးမှုအပြည့်နဲ့ကိုင်လိုက်သည်။ဒါပေမယ့် သူမရဲ့မျက်ဝန်းတွေကတော့အေးစက်လွန်းနေခဲ့သည်။
"ကျီရွှမ်း.....သားလေး.....ဒီအမေကိုတကယ်ပျော်စေချင်ရင် အိမ်ရှေ့စံနေရာကိုစွန့်လွှတ်လိုက်ပါ။အိမ်ရှေ့စံနေရာကိုသားအကိုကြီးကိုပေးလိုက်ပြီးအမေတို့သားအမိနှစ်ယောက်ငြိမ်းငြိမ်းချမ်းချမ်းနေကြမယ်လေ။မကောင်းဘူးလား..."
ကျီရွှမ်းသူ့မယ်တော်ရဲ့လက်ကိုဖြုတ်လိုက်ပြီးမိဖုရားလွီကိုအပြုံးလေးနဲ့ကြည့်လိုက်သည်။ကျီရွှမ်းရဲ့အပြုံးကိုမြင်လိုက်တဲ့မိဖုရားလွီကလည်းသူမစိတ်ထဲတွင်ပျော်သွားမိသည်။ဒီကလေးသူမရဲ့မေတ္တာကိုရဖို့ဘာမဆိုလုပ်မယ်ဆိုတာသူမသိသားပဲ။ဒါပေမယ့်သူမရဲ့အပျော်တွေဟာကြာရှည်မခံလိုက်။
"တောင်းပန်ပါတယ်....မယ်တော်။ကျွန်တော်မယ်တော့်ရဲ့စကားကိုဒီတစ်ခါတော့နားမထောင်ပါရစေနဲ့။အရင်တုန်းကလိုဆိုရင်ကျွန်တော်မယ်တော်ပျော်အောင်လုပ်ပေးမိမှာပါ။ဒါပေမယ့်အခုတော့ကျွန်တော့်မှာကာကွယ်စောင့်ရှောက်ပေးချင်တဲ့လူတစ်ယောက်ရှိလာပြီ။ကျွန်တော်သူ့ကိုကာကွယ်ဖို့ကျွန်တော့်လက်ထဲမှာအာဏာဆိုတဲ့အရာရှိဖို့လိုတယ်။သူကကာကွယ်ပေးစရာမလိုတဲ့သူတစ်ယောက်ဆိုပေမယ့်လည်း ကျွန်တော်ကကာကွယ်ပေးချင်မိတယ်။ဒါပေမယ့်မယ်တော်စိတ်ချပါ။ကျွန်တော်မယ်တော့ကိုစိတ်မပျက်စေရပါဘူး။ကျိုးအိမ်ရှေ့စံဆိုတဲ့ဂုဏ်ပုဒ်နဲ့ညီအောင်ကျွန်တော်ကြိုးစားမှာပါ"
ကျီရွှမ်းရဲ့စကားကြောင့်မိဖုရားလွီဟာတစ်ဖန်မေ့မြောသွားရပြန်တယ်။ကျီရွှမ်းသူ့မယ်တော်ကိုကုတင်ပေါ်ကိုပွေ့တင်ပေးလိုက်ပြီး သေချာစောင့်ရှောက်ပေးဖို့အစေခံတွေကိုမှာလိုက်သည်။အစေခံတွေကိုပြောပြီးတာနဲ့ကျီရွှမ်းမိဖုရားလွီရဲ့နန်းဆောင်ကနေထွက်လာခဲ့တော့တယ်။
ကျီရွှမ်းထွက်သွားတော့မှမိဖုရားလွီရဲ့မှိတ်ထားတဲ့မျက်လုံးတွေပွင့်သွားခဲ့သည်။သူမဒီလောက်မေ့လဲပြတာကိုတောင်ထိုကလေးကဂရုမစိုက်သွားပါပေ။သူမဒေါသတွေကိုအနီးအနားကစားပွဲခုံပေါ်က အရာတွေအပေါ်ပုံချလိုက်သည်။စားပွဲပေါ်ကပစ္စည်းတွေကိုပေါက်ခွဲပစ်လိုက်သည်။ကျီရွှမ်းသူမစကားကိုနားမထောင်တော့တာဟာဟိုရုပ်ဆိုးကောင်ရှောင်းကျန့်ကြောင့်။ကျီရွှမ်းအိမ်ရှေ့စံနေရာကိုလိုချင်တာကလည်း ရုပ်ဆိုးကောင်ရှောင်းကျန့်ကြောင့်ပဲ။
ကောင်းပြီလေ....မင်းကငါ့စကားနားမထောင်ဘူးဆိုမှတော့ငါ့အဆိုးမဆိုနဲ့တော့။အိမ်ရှေ့စံနေရာကိုမင်းကိုယ်တိုင်မဖယ်ပေးနိုင်မှတော့မင်းကို ငါကိုယ်တိုင်ဖယ်ရှားပေးမယ်။ပြီးတော့မင်းကာကွယ်ချင်နေတဲ့အရာကိုလည်းဖယ်ရှားပေးမယ်။
__________________________
ကျီရွှမ်းနဖူးကဒဏ်ရာနဲ့ပဲမိဖုရားလွီရဲ့နန်းဆောင်ကနေထွက်လာလိုင်သည်။ဒါကမယ်တော့်ကြောင့်ပထမဆုံးရတဲ့ဒဏ်ရာမဟုတ်တဲ့အတွက်ကျီရွှမ်းထူးကဲပြီးလည်းခံစားပြမနေတော့ပါ။တစ်ခါတစ်လေကျရင်သူဟာမယ်တော့်ရဲ့သားအရင်းမဟုတ်ဘူးလားလို့တောင်တွေးမိတယ်။ထိုအတွေးတွေကိုမတွေးမိအောင်ခေါင်းကိုရမ်းလိုက်သည်။မဖြစ်နိုင်တာ....မယ်တော်ကသူ့အမေအရင်းပဲ။သူ့ကိုသန်မာစေချင်လို့သာမယ်တော်ကဒီလိုဆက်ဆံတာနေမှာ။သူ့ရဲ့ရှုပ်ထွေးနေတဲ့စိတ်ကိုပြေစေဖို့အတွက် ကျီရွှမ်းရှောင်းကျန့်ရဲ့နန်းဆောင်ကိုဦးတည်လိုက်သည်။
ရှောင်းကျန့်ရဲ့နန်းဆောင်ကိုရောက်သွားချိန်မှာတော့တစ်စုံတစ်ခုကိုတွေးတောနေတဲ့ရှောင်းကျန့်ကို ကျီရွှမ်းတွေ့လိုက်ရတယ်။
"ရှောင်းကျန့်....."
သူ့အသံကိုကြားတော့ရှောင်းကျန့်ကမော့ကြည့်လာသည်။သူ့ရဲ့နဖူးကဒဏ်ရာကိုမြင်သွားတဲ့ရှောင်းကျန့်ဟာစိုးရိမ်ပူပန်နေတဲ့မျက်လုံးလေးတွေနဲ့သူ့ကိုကြည့်လာသည်။သူ့ရဲ့မယ်တော်ကသူ့ကိုတစ်ခါမှမကြည့်ဖူးတဲ့မျက်ဝန်းလေးတွေနဲ့ပေါ့။သူ့ကိုစိုးရိမ်တဲ့လူတစ်ယောက်တော့ရှိသေးတာပဲ။
"အရှင့်သား....နဖူးကအဆင်ပြေရဲ့လား။ဖေးဖေး..."
"ဟုတ်ကဲ့....ကျွန်တော်မျိုးမရှိပါတယ်"
"ဆေးသွားယူလိုက်ပါ...."
ခနအကြာမှာတော့ဖေးဖေးဟာဆေးသေတ္တာတစ်ခုနဲ့အတူပြန်ရောက်လာသည်။ဖေးဖေးလက်ထဲကဆေးသေတ္တာကိုရှောင်းကျန့်ကယူလိုက်သည်။ပြီးတော့ဆေးပုလင်းလေးတစ်ခုကိုထုတ်ကာ ကျီရွှမ်းရဲ့ဒဏ်ရာကိုဆေးထည့်ပေးသည်။ကျီရွှမ်းရဲ့ဒဏ်ရာကိုသေချာအာရုံစိုက်ပြီးထည့်ပေးနေတဲ့ရှောင်းကျန့်ကိုကျီရွှမ်းကမျက်တောင်မခပ်တမ်းစိုက်ကြည့်နေသည်။ရှောင်းကျန့်ဆေးထည့်ပြီးတာနဲ့ ဆေးသေတ္တာကိုသိမ်းဖို့ပြင်လိုက်ပေမယ့်ကျီရွှမ်းကသူ့ရဲ့ခါးကိုဆွဲဖက်လိုက်သည်။ရှောင်းကျန့်ရုန်းဖို့ပြင်လိုက်ပေမယ့် ကျီရွှမ်းပြောလိုက်တဲ့စကားကြောင့်မရုန်းမိတော့။
"ခနလောက်ဒီလိုလေးနေပေးပါလား....."
အချိန်အနည်းငယ်ကြာသွားသော်လည်းမလွှတ်သေးတဲ့ကျီရွှမ်းကြောင့်ရှောင်းကျန့်မနေတတ်တော့။ဒါကြောင့်ရှောင်းကျန့်အနည်းငယ်ရုန်းလိုက်သည်။ရှောင်းကျန့်စိတ်ရှုပ်မှာစိုးတာကြောင့်ကျီရွှမ်းလွှတ်ပေးလိုက်သည်။ဒီလိုနေရခက်တဲ့အခြေအနေကနေလွတ်မြောက်ဖို့ရှောင်းကျန့်စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဘဏ္ဍာငွေဖောက်ထွင်းသူကိုမိသွားပြီ....အရှင့်သား..."
"မိသွားပြီလား...."
ရှောင်းကျန့်ကကျီရွှမ်းကိုအထုပ်တစ်ထုပ်ကိုပေးလာသည်။ကျီရွှမ်းဖွင့်ကြည့်လိုက်တော့အထဲကအရာတွေကဘုရင့်ဘဏ္ဍာငွေတွေဖြစ်သည်။
"ဒါတွေက....."
"သက်သေတွေပါအရှင့်သား.....ဒါတွေကိုအဲ့လူဆီမှာတွေ့ခဲ့ရတာပါ"
"ကောင်းပြီ....ကိုယ်ပြန်လာရင်ဒီအမှုကိုစီရင်မယ်။အခုတော့ဒါတွေကိုမင်းသိမ်းပေးထားပါ...."
"ဟုတ်ကဲ့....အရှင့်သား..."
ရှောင်းကျန့်ထိုအထုပ်လေးကိုပြန်သိမ်းလိုက်သည်။ထိုအထုပ်ထဲမှာတော့မျက်နှာဖုံးလေးကမရှိတော့...။မျက်နှာဖုံးဘယ်ရောက်သွားလဲဆိုတာကိုတော့ကြင်ယာတော်လေးရှောင်းကျန့်သာသိနိုင်ပါလိမ့်မည်။
_________________________
နောက်နေ့မှာတော့ကျီရွှမ်းနဲ့ကိုယ်ရံတော်တပ်တွေဟာရွမ်ကျန်းတောင်ကိုစတင်ထွက်ခွာကြတယ်။ကျန်းမာကြံ့ခိုင်တဲ့ယောက်ျားသားတွေချည်းပဲပါတာကြောင့်နှစ်ရက်ကြာမြင့်မယ့်ခရီးဟာ တစ်ရက်ခွဲနဲ့ရောက်ရှိသွားတော့တယ်။သူတို့အားလုံးတစ်ရက်အနားယူပြီးနောက်မှာတော့သွေးသစ္စာကျိန်ဆိုဖို့အတွက်ပြင်ဆင်ရတော့တယ်။
ထီးနန်းကိုအသစ်ဆက်ခံရမယ့်သူတွေဟာသွေးကျောက်စာတိုင်မှာကျိန်ဆိုရမယ်။သူတို့ကျိန်ဆိုထားတဲ့အတိုင်းကျိုးနိုင်ငံအကျိုးကိုမစွမ်းဆောင်ပေးနိုင်တဲ့ အရိုက်အရာဆက်ခံသူတွေကကျိန်စာသင့်ကြရတယ်ဆိုပြီး သူတို့ကျိုးနိုင်ငံမှာအယူရှိသည်။ကျီရွှမ်းနဲ့ကိုယ်ရံတော်တပ်ဖွဲ့ဟာ သွေးကျောက်စာတိုင်ရှေ့မှာအနီရဲရဲတောက်ဝတ်စုံတွေကိုဝတ်ဆင်ပြီးရပ်နေကြသည်။သူတို့အားလုံးရဲ့လက်ထဲမှာတော့သစ္စာရေတွေရှိနေသည်။ဘုန်းကြီးတစ်ပါးကကောင်းချီးပေးပြီးတာနဲ့ ကျီရွှမ်းဟာသွေးကျောက်စာတိုင်ရှေ့ရပ်ပြီးကျိန်ဆိုလိုက်သည်။
"ကျွန်တော်.....ကျိုးကျီရွှမ်းသည်အရိုးကြေကြေအရည်ခမ်းခမ်းကျိုးနိုင်ငံရဲ့အကျိုးအတွက်ကြိုးစားပြီးလုပ်ဆောင်မည့် အိမ်ရှေ့စံနေရာနှင့်ထိုက်တန်တဲ့လူတစ်ယောက်ဖြစ်စေရပါမည်။တကယ်လို့ဒီကတိကိုမတည်နိုင်ခဲ့ရင် ကျွန်တော်မိုးကောင်ကင်ရဲ့အပြစ်ပေးခြင်းကိုခံရပါစေ။ကောင်းမွန်သောသေဆုံးခြင်းနဲ့မသေဆုံးရပါစေနှင့်"
ကျိန်ဆိုပြီးတာနဲ့ကျီရွှမ်းဟာလက်ထဲကသစ္စာရေကိုသောက်လိုက်သည်။ကျီရွှမ်းကျိန်ဆိုပြီးတာနဲ့အနောက်ကကိုယ်ရံတော်တပ်ရဲ့အားမာန်အပြည့်နဲ့အသံကလည်းတစ်ညီတည်းထွက်လာလေသည်။
"ကျွန်တော်တို့သည်အိမ်ရှေ့စံမင်းသားနဲ့အတူကျိုးနိုင်ငံတိုးတက်အောင်ပူးပေါင်းလုပ်ဆောင်ပါမည်။ဘယ်လိုအန္တရာယ်ကြုံပါစေကောင်းကင်သားတော်ရဲ့အရိုက်အရာဆက်ခံသူဖြစ်တဲ့အိမ်ရှေ့စံမင်းသားကိုခြစ်ရာတစ်ခုမထင်အောင်ပင်ကာကွယ်စောင့်ရှောက်ပါမည်။တကယ်လို့ဒီကတိကိုမတည်နိုင်ခဲ့ရင် ကျွန်တော်တို့မိုးကောင်ကင်ရဲ့အပြစ်ပေးခြင်းကိုခံရပါစေ။ကောင်းမွန်သောသေဆုံးခြင်းနဲ့မသေဆုံးရပါစေနှင့်"
ဘုန်းကြီးရဲ့ကောင်းချီးပေးခြင်းနဲ့အတူသွေးသစ္စာကျိန်ဆိုပွဲဟာအခက်အခဲမရှိပြီးမြောက်သွားလေသည်။သူတို့အားလုံးဒီညတော့အနားယူပြီးမနက်ဖြန်မှပြန်ဖို့ဆုံးဖြတ်လိုက်ကြသည်။ညဘက်ရောက်တော့ကျီရွှမ်းအိပ်မပျော်တာကြောင့်အပြင်ကိုလမ်းလျှောက်ထွက်လာလိုက်သည်။တစ်နေရာကိုရောက်တော့အပင်ကိုမှီပြီးထိုင်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုလူကသူ့ကိုယ်ရံတော်တပ်ထဲကပဲ။နာမည်က....ဝမ်ရိပေါ်ဆိုလားပဲ။အမြဲတည်နေတတ်တဲ့ရုပ်ကြီးကြောင့်ထိုလူ့နာမည်ကိုမှတ်မိနေရခြင်းဖြစ်သည်။ထိုလူကသူ့လက်မှာဝတ်ထားတဲ့အပြာရောင်ကျောက်လေးတွေနဲ့လက်ပတ်ကိုထိုင်ကြည့်နေခြင်းဖြစ်သည်။
စကားပြောဖော်ရသွားတဲ့ကျီရွှမ်းဟာဝမ်ရိပေါ်အနားကိုသွားလိုက်သည်။အနားကိုလူရိပ်တစ်ခုရောက်လာတာကိုသတိထားမိတဲ့ထိုလူကမော့ကြည့်လာသည်။မော့ကြည့်လာတဲ့အကြည့်စူးစူးတွေကြောင့် ကျီရွှမ်းလိုမင်းသားတစ်ပါးတောင်လန့်သွားရသည်။အိမ်ရှေ့မင်းသားမှန်းသိသွားတဲ့ဝမ်ရိပေါ်က ကျီရွှမ်းကိုနှုတ်ဆက်ဖို့ထရန်ပြင်နေတာကြောင့် ကျီရွှမ်းတားလိုက်သည်။
"ရတယ်.....မထနဲ့တော့.....ငါကိုယ်တော်အိပ်မပျော်လို့လမ်းထွက်လျှောက်တာ။မင်းကိုမြင်လို့ဒီကိုလာကြည့်တာ...."
ကျီရွှမ်းကဝမ်ရိပေါ်ရဲ့ဘေးနားမှာဝင်ထိုင်လိုက်ပြီး
"တစ်ယောက်ယောက်ကိုသတိရနေတာလား...."
"အင်း...."
တခြားလူတွေလိုရိုရိုသေသေမဆက်ဆံတဲ့အပြင်တုံးတိသာပြန်ဖြေတဲ့ဝမ်ရိပေါ်ကြောင့်ကျီရွှမ်းရယ်လိုက်မိသည်။
"ငါကိုယ်တော်လည်းတစ်စုံတစ်ယောက်သတိရနေတယ်။ဒါပေမယ့်သူကငါ့ကိုသတိရပါ့မလားတောင်မသိဘူး..."
ကျီရွှမ်းရဲ့အပြောကိုဝမ်ရိပေါ်ကဘာမှပြန်မဖြေဘဲကောင်းကင်ပေါ်မှာသာနေတဲ့လမင်းကြီးကိုသာကြည့်လိုက်သည်။တိတ်ဆိတ်စွာပဲသူတို့နှစ်ယောက်ဟာကောင်းကင်ကလမင်းကြီးကိုထိုင်ကြည့်လို့နေသည်။တူညီတဲ့တစ်စုံတစ်ယောက်ကိုလွမ်းဆွတ်နေရင်းပေါ့။
__________________________
နောက်နေ့မနက်မှာတော့သူတို့ဟာဘုန်းတော်ကြီးတွေကိုနှုတ်ဆက်ပြီးကျိုးမြို့ကိုပြန်လာကြသည်။လမ်းတစ်ဝက်ရောက်တဲ့အခါမှာပဲသူတို့ချုံခိုတိုက်ခိုက်ခြင်းကိုခံလိုက်ရသည်။ကျီရွှမ်းဟာလည်းဓားရေးကျွမ်းကျင်တဲ့လူတစ်ယောက်ဖြစ်တဲ့အပြင် တော်တပ်လည်းပါသေးတာကြောင့်လုပ်ကြံသူတွေအရေးနိမ့်သွားရသည်။လုပ်ကြံသူတွေထဲကမှတစ်ယောက်ကိုမသတ်ဘဲစစ်မေးဖို့ပြင်ပေမယ့်လျှာကိုက်ပြီးသတ်သေသွားတာကြောင့် နောက်ကွယ်ကလူဘယ်သူလဲဆိုတာသူတို့မသိနိုင်တော့။
သူတို့မြို့ထဲဝင်လာတဲ့အခါကျိုးပြည်သူတွေအားလုံးဟာသူတို့ကျိုးနိုင်ငံရဲ့အိမ်ရှေ့စံမင်းသားနဲ့ကိုယ်ရံတော်တပ်တွေကိုသောင်းသောင်းဖြဖြကြိုဆိုကြသည်။သူတို့နန်းတော်ကိုရောက်တဲ့အချိန်မှာတော့သူ့ကိုလာကြိုနေကြတဲ့တော်ဝင်မျိုးနွယ်တွေထဲမှကျီရွှမ်းဟာသူ့ရဲ့ကြင်ယာတော်လေးကိုလိုက်ရှာမိသည်။အစွန်ဆုံးမှာရပ်နေတဲ့အဖြူရောင်အရိပ်လေးကိုတွေ့တာနဲ့ ကျီရွှမ်းမြင်းပေါ်ကနေအပြေးဆင်းပြီးထိုအရိပ်လေးကိုသူ့ရင်ခွင်ထဲကိုဆွဲဖက်လိုက်တော့သည်။
"ရှောင်းကျန့်....."
ကျီရွှမ်းခေါ်လိုက်တဲ့နာမည်လေးကြောင့်ဝမ်ရိပေါ်ကိုင်ထားတဲ့ဓားဟာပြုတ်ကျမလိုတောင်ဖြစ်သွားတယ်။မဟုတ်လောက်ဘူးမလား.....နာမည်တူတာပဲဖြစ်မှာပါ။ဘုရားကိုအယုံအကြည်မရှိတဲ့ရိပေါ်ဟာ ပထမဆုံးအနေနဲ့ဆုတောင်းမိလိုက်သည်။မဟုတ်ပါစေနဲ့...ကျေးဇူးပြုပြီးမဟုတ်ပါစေနဲ့။ရိပေါ်ရဲ့ဆုတောင်းတွေကတော့မပြည့်ခဲ့ပါ။အိမ်ရှေ့စံရဲ့ရင်ခွင်ထဲကနေသူ့ကိုလှမ်းကြည့်နေတဲ့မျက်ဝန်းလေးတွေကို သူတအားရင်းနှီးနေခဲ့ပါသည်။ဝမ်ရိပေါ်ရဲ့ကမ္ဘာဒုတိယအကြိမ်ပြိုကျခဲ့ပြန်ပြီ။
____________________________
29.5.2020
ဘေမရှိဘဲလာတင်ပေးတဲ့သာသာ့ကိုမချစ်ဘူးလား။ချစ်ရင်voteလေးပေးခဲ့နော်🥺
Zawgyi
မိဖုရားလြီရဲ႕နန္းေဆာင္မွာေတာ့ မိဖုရားလြီဟာကုတင္ထက္လွဲေလ်ာင္းေနသည္။သူမရဲ႕ေရွ႕မွာေတာ့က်ီ႐ႊမ္းဟာစိုးရိမ္ပူပန္မႈအျပည့္နဲ႔ရပ္လို႔ေနသည္။
"မယ္ေတာ္.....အဆင္ေျပရဲ႕လား...."
က်ီ႐ႊမ္းရဲ႕အသံကိုၾကားတာနဲ႔သူမရဲ႕ေမွးမွိတ္ထားတဲ့မ်က္ဝန္းေတြကပြင့္လာၿပီး က်ီ႐ႊမ္းကိုေဒါသတႀကီးစိုက္ၾကည့္ေလသည္။အိမ္ေရွ႕စံေနရာကိုသူမသားေတြမရဘဲ ဒီမ်ိဳးမစစ္ကရသြားတယ္ဆိုတာကိုေတြးလိုက္မိတိုင္းမီးျမႇိဳက္ခံေနရတဲ့အတိုင္းသူမရင္ေတြပူလာရသည္။သူမဒီေလာက္ေျပာထားပါရဲ႕နဲ႔အိမ္ေရွ႕စံေနရာကိုရေအာင္ၿပိဳင္တဲ့ဒီကေလးကို အေသသတ္ပစ္ခ်င္မိသည္။ဒီလိုျဖစ္မယ္မွန္းသာသိခဲ့ရင္ဒီအ႐ြယ္ထိမေမြးဘဲ သူမဆီကိုစေရာက္လာတဲ့ေန႔တည္းကသတ္ပစ္သင့္တာ။သူမအခုေတာ့ေနာင္တရေနၿပီ။
သူမလက္ထဲကေဆးခြက္ကိုက်ီ႐ႊမ္းဆီသို႔ပစ္ေပါက္လိုက္သည္။က်ီ႐ႊမ္းဟာမေရွာင္လိုက္တာေၾကာင့္ ေဆးခြက္ဟာနဖူးကိုထိမွန္သြားၿပီးသူ႔ရဲ႕နဖူးကေန နီရဲရဲေသြးေတြစီးက်လာေတာ့သည္။
"မင္းလုပ္ခ်င္တာလုပ္ၿပီးေတာ့မွ ငါ့ကိုအဆင္ေျပလားေမးေနတာလား။မင္းဘာလို႔ငါ့စကားနားမေထာင္ရတာလဲ။ငါေျပာခဲ့တယ္ေလ။အိမ္ေရွ႕စံေနရာကမင္းနဲ႔မသင့္ေတာ္ပါဘူးလို႔။ဘာေၾကာင့္မ်ားဒီအေမအိုရဲ႕စကားကိုနားမေထာင္ရတာလဲ"
"ကြၽန္ေတာ္လည္း မယ္ေတာ့္ရဲ႕သားပါ။ကြၽန္ေတာ္အိမ္ေရွ႕စံေနရာကိုရတာမယ္ေတာ္ဘာေၾကာင့္မေပ်ာ္ရတာလဲ။ဂုဏ္မယူရတာလဲ"
က်ီ႐ႊမ္းစကားကိုၾကားလိုက္တဲ့မိဖုရားလြီဟာကုတင္ေပၚကအသာဆင္းလိုက္ၿပီး က်ီ႐ႊမ္းအနားသို႔သြားလိုက္သည္။ၿပီးေနာက္သူမဟာက်ီ႐ႊမ္းရဲ႕လက္ေလးကိုမိခင္တစ္ေယာက္ရဲ႕ေႏြးေထြးမႈအျပည့္နဲ႔ကိုင္လိုက္သည္။ဒါေပမယ့္ သူမရဲ႕မ်က္ဝန္းေတြကေတာ့ေအးစက္လြန္းေနခဲ့သည္။
"က်ီ႐ႊမ္း.....သားေလး.....ဒီအေမကိုတကယ္ေပ်ာ္ေစခ်င္ရင္ အိမ္ေရွ႕စံေနရာကိုစြန႔္လႊတ္လိုက္ပါ။အိမ္ေရွ႕စံေနရာကိုသားအကိုႀကီးကိုေပးလိုက္ၿပီးအေမတို႔သားအမိႏွစ္ေယာက္ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနၾကမယ္ေလ။မေကာင္းဘူးလား..."
က်ီ႐ႊမ္းသူ႔မယ္ေတာ္ရဲ႕လက္ကိုျဖဳတ္လိုက္ၿပီးမိဖုရားလြီကိုအၿပဳံးေလးနဲ႔ၾကည့္လိုက္သည္။က်ီ႐ႊမ္းရဲ႕အၿပဳံးကိုျမင္လိုက္တဲ့မိဖုရားလြီကလည္းသူမစိတ္ထဲတြင္ေပ်ာ္သြားမိသည္။ဒီကေလးသူမရဲ႕ေမတၱာကိုရဖို႔ဘာမဆိုလုပ္မယ္ဆိုတာသူမသိသားပဲ။ဒါေပမယ့္သူမရဲ႕အေပ်ာ္ေတြဟာၾကာရွည္မခံလိုက္။
"ေတာင္းပန္ပါတယ္....မယ္ေတာ္။ကြၽန္ေတာ္မယ္ေတာ့္ရဲ႕စကားကိုဒီတစ္ခါေတာ့နားမေထာင္ပါရေစနဲ႔။အရင္တုန္းကလိုဆိုရင္ကြၽန္ေတာ္မယ္ေတာ္ေပ်ာ္ေအာင္လုပ္ေပးမိမွာပါ။ဒါေပမယ့္အခုေတာ့ကြၽန္ေတာ့္မွာကာကြယ္ေစာင့္ေရွာက္ေပးခ်င္တဲ့လူတစ္ေယာက္ရွိလာၿပီ။ကြၽန္ေတာ္သူ႔ကိုကာကြယ္ဖို႔ကြၽန္ေတာ့္လက္ထဲမွာအာဏာဆိုတဲ့အရာရွိဖို႔လိုတယ္။သူကကာကြယ္ေပးစရာမလိုတဲ့သူတစ္ေယာက္ဆိုေပမယ့္လည္း ကြၽန္ေတာ္ကကာကြယ္ေပးခ်င္မိတယ္။ဒါေပမယ့္မယ္ေတာ္စိတ္ခ်ပါ။ကြၽန္ေတာ္မယ္ေတာ့ကိုစိတ္မပ်က္ေစရပါဘူး။က်ိဳးအိမ္ေရွ႕စံဆိုတဲ့ဂုဏ္ပုဒ္နဲ႔ညီေအာင္ကြၽန္ေတာ္ႀကိဳးစားမွာပါ"
က်ီ႐ႊမ္းရဲ႕စကားေၾကာင့္မိဖုရားလြီဟာတစ္ဖန္ေမ့ေျမာသြားရျပန္တယ္။က်ီ႐ႊမ္းသူ႔မယ္ေတာ္ကိုကုတင္ေပၚကိုေပြ႕တင္ေပးလိုက္ၿပီး ေသခ်ာေစာင့္ေရွာက္ေပးဖို႔အေစခံေတြကိုမွာလိုက္သည္။အေစခံေတြကိုေျပာၿပီးတာနဲ႔က်ီ႐ႊမ္းမိဖုရားလြီရဲ႕နန္းေဆာင္ကေနထြက္လာခဲ့ေတာ့တယ္။
က်ီ႐ႊမ္းထြက္သြားေတာ့မွမိဖုရားလြီရဲ႕မွိတ္ထားတဲ့မ်က္လုံးေတြပြင့္သြားခဲ့သည္။သူမဒီေလာက္ေမ့လဲျပတာကိုေတာင္ထိုကေလးကဂ႐ုမစိုက္သြားပါေပ။သူမေဒါသေတြကိုအနီးအနားကစားပြဲခုံေပၚက အရာေတြအေပၚပုံခ်လိုက္သည္။စားပြဲေပၚကပစၥည္းေတြကိုေပါက္ခြဲပစ္လိုက္သည္။က်ီ႐ႊမ္းသူမစကားကိုနားမေထာင္ေတာ့တာဟာဟို႐ုပ္ဆိုးေကာင္ေရွာင္းက်န႔္ေၾကာင့္။က်ီ႐ႊမ္းအိမ္ေရွ႕စံေနရာကိုလိုခ်င္တာကလည္း ႐ုပ္ဆိုးေကာင္ေရွာင္းက်န႔္ေၾကာင့္ပဲ။
ေကာင္းၿပီေလ....မင္းကငါ့စကားနားမေထာင္ဘူးဆိုမွေတာ့ငါ့အဆိုးမဆိုနဲ႔ေတာ့။အိမ္ေရွ႕စံေနရာကိုမင္းကိုယ္တိုင္မဖယ္ေပးႏိုင္မွေတာ့မင္းကို ငါကိုယ္တိုင္ဖယ္ရွားေပးမယ္။ၿပီးေတာ့မင္းကာကြယ္ခ်င္ေနတဲ့အရာကိုလည္းဖယ္ရွားေပးမယ္။
__________________________
က်ီ႐ႊမ္းနဖူးကဒဏ္ရာနဲ႔ပဲမိဖုရားလြီရဲ႕နန္းေဆာင္ကေနထြက္လာလိုင္သည္။ဒါကမယ္ေတာ့္ေၾကာင့္ပထမဆုံးရတဲ့ဒဏ္ရာမဟုတ္တဲ့အတြက္က်ီ႐ႊမ္းထူးကဲၿပီးလည္းခံစားျပမေနေတာ့ပါ။တစ္ခါတစ္ေလက်ရင္သူဟာမယ္ေတာ့္ရဲ႕သားအရင္းမဟုတ္ဘူးလားလို႔ေတာင္ေတြးမိတယ္။ထိုအေတြးေတြကိုမေတြးမိေအာင္ေခါင္းကိုရမ္းလိုက္သည္။မျဖစ္ႏိုင္တာ....မယ္ေတာ္ကသူ႔အေမအရင္းပဲ။သူ႔ကိုသန္မာေစခ်င္လို႔သာမယ္ေတာ္ကဒီလိုဆက္ဆံတာေနမွာ။သူ႔ရဲ႕ရႈပ္ေထြးေနတဲ့စိတ္ကိုေျပေစဖို႔အတြက္ က်ီ႐ႊမ္းေရွာင္းက်န႔္ရဲ႕နန္းေဆာင္ကိုဦးတည္လိုက္သည္။
ေရွာင္းက်န႔္ရဲ႕နန္းေဆာင္ကိုေရာက္သြားခ်ိန္မွာေတာ့တစ္စုံတစ္ခုကိုေတြးေတာေနတဲ့ေရွာင္းက်န႔္ကို က်ီ႐ႊမ္းေတြ႕လိုက္ရတယ္။
"ေရွာင္းက်န႔္....."
သူ႔အသံကိုၾကားေတာ့ေရွာင္းက်န႔္ကေမာ့ၾကည့္လာသည္။သူ႔ရဲ႕နဖူးကဒဏ္ရာကိုျမင္သြားတဲ့ေရွာင္းက်န႔္ဟာစိုးရိမ္ပူပန္ေနတဲ့မ်က္လုံးေလးေတြနဲ႔သူ႔ကိုၾကည့္လာသည္။သူ႔ရဲ႕မယ္ေတာ္ကသူ႔ကိုတစ္ခါမွမၾကည့္ဖူးတဲ့မ်က္ဝန္းေလးေတြနဲ႔ေပါ့။သူ႔ကိုစိုးရိမ္တဲ့လူတစ္ေယာက္ေတာ့ရွိေသးတာပဲ။
"အရွင့္သား....နဖူးကအဆင္ေျပရဲ႕လား။ေဖးေဖး..."
"ဟုတ္ကဲ့....ကြၽန္ေတာ္မ်ိဳးမရွိပါတယ္"
"ေဆးသြားယူလိုက္ပါ...."
ခနအၾကာမွာေတာ့ေဖးေဖးဟာေဆးေသတၱာတစ္ခုနဲ႔အတူျပန္ေရာက္လာသည္။ေဖးေဖးလက္ထဲကေဆးေသတၱာကိုေရွာင္းက်န႔္ကယူလိုက္သည္။ၿပီးေတာ့ေဆးပုလင္းေလးတစ္ခုကိုထုတ္ကာ က်ီ႐ႊမ္းရဲ႕ဒဏ္ရာကိုေဆးထည့္ေပးသည္။က်ီ႐ႊမ္းရဲ႕ဒဏ္ရာကိုေသခ်ာအာ႐ုံစိုက္ၿပီးထည့္ေပးေနတဲ့ေရွာင္းက်န႔္ကိုက်ီ႐ႊမ္းကမ်က္ေတာင္မခပ္တမ္းစိုက္ၾကည့္ေနသည္။ေရွာင္းက်န႔္ေဆးထည့္ၿပီးတာနဲ႔ ေဆးေသတၱာကိုသိမ္းဖို႔ျပင္လိုက္ေပမယ့္က်ီ႐ႊမ္းကသူ႔ရဲ႕ခါးကိုဆြဲဖက္လိုက္သည္။ေရွာင္းက်န႔္႐ုန္းဖို႔ျပင္လိုက္ေပမယ့္ က်ီ႐ႊမ္းေျပာလိုက္တဲ့စကားေၾကာင့္မ႐ုန္းမိေတာ့။
"ခနေလာက္ဒီလိုေလးေနေပးပါလား....."
အခ်ိန္အနည္းငယ္ၾကာသြားေသာ္လည္းမလႊတ္ေသးတဲ့က်ီ႐ႊမ္းေၾကာင့္ေရွာင္းက်န႔္မေနတတ္ေတာ့။ဒါေၾကာင့္ေရွာင္းက်န႔္အနည္းငယ္႐ုန္းလိုက္သည္။ေရွာင္းက်န႔္စိတ္ရႈပ္မွာစိုးတာေၾကာင့္က်ီ႐ႊမ္းလႊတ္ေပးလိုက္သည္။ဒီလိုေနရခက္တဲ့အေျခအေနကေနလြတ္ေျမာက္ဖို႔ေရွာင္းက်န႔္စကားလမ္းေၾကာင္းလႊဲလိုက္သည္။
"ဘ႑ာေငြေဖာက္ထြင္းသူကိုမိသြားၿပီ....အရွင့္သား..."
"မိသြားၿပီလား...."
ေရွာင္းက်န႔္ကက်ီ႐ႊမ္းကိုအထုပ္တစ္ထုပ္ကိုေပးလာသည္။က်ီ႐ႊမ္းဖြင့္ၾကည့္လိုက္ေတာ့အထဲကအရာေတြကဘုရင့္ဘ႑ာေငြေတြျဖစ္သည္။
"ဒါေတြက....."
"သက္ေသေတြပါအရွင့္သား.....ဒါေတြကိုအဲ့လူဆီမွာေတြ႕ခဲ့ရတာပါ"
"ေကာင္းၿပီ....ကိုယ္ျပန္လာရင္ဒီအမႈကိုစီရင္မယ္။အခုေတာ့ဒါေတြကိုမင္းသိမ္းေပးထားပါ...."
"ဟုတ္ကဲ့....အရွင့္သား..."
ေရွာင္းက်န႔္ထိုအထုပ္ေလးကိုျပန္သိမ္းလိုက္သည္။ထိုအထုပ္ထဲမွာေတာ့မ်က္ႏွာဖုံးေလးကမရွိေတာ့...။မ်က္ႏွာဖုံးဘယ္ေရာက္သြားလဲဆိုတာကိုေတာ့ၾကင္ယာေတာ္ေလးေရွာင္းက်န႔္သာသိႏိုင္ပါလိမ့္မည္။
_________________________
ေနာက္ေန႔မွာေတာ့က်ီ႐ႊမ္းနဲ႔ကိုယ္ရံေတာ္တပ္ေတြဟာ႐ြမ္က်န္းေတာင္ကိုစတင္ထြက္ခြာၾကတယ္။က်န္းမာႀကံ့ခိုင္တဲ့ေယာက္်ားသားေတြခ်ည္းပဲပါတာေၾကာင့္ႏွစ္ရက္ၾကာျမင့္မယ့္ခရီးဟာ တစ္ရက္ခြဲနဲ႔ေရာက္ရွိသြားေတာ့တယ္။သူတို႔အားလုံးတစ္ရက္အနားယူၿပီးေနာက္မွာေတာ့ေသြးသစၥာက်ိန္ဆိုဖို႔အတြက္ျပင္ဆင္ရေတာ့တယ္။
ထီးနန္းကိုအသစ္ဆက္ခံရမယ့္သူေတြဟာေသြးေက်ာက္စာတိုင္မွာက်ိန္ဆိုရမယ္။သူတို႔က်ိန္ဆိုထားတဲ့အတိုင္းက်ိဳးႏိုင္ငံအက်ိဳးကိုမစြမ္းေဆာင္ေပးႏိုင္တဲ့ အ႐ိုက္အရာဆက္ခံသူေတြကက်ိန္စာသင့္ၾကရတယ္ဆိုၿပီး သူတို႔က်ိဳးႏိုင္ငံမွာအယူရွိသည္။က်ီ႐ႊမ္းနဲ႔ကိုယ္ရံေတာ္တပ္ဖြဲ႕ဟာ ေသြးေက်ာက္စာတိုင္ေရွ႕မွာအနီရဲရဲေတာက္ဝတ္စုံေတြကိုဝတ္ဆင္ၿပီးရပ္ေနၾကသည္။သူတို႔အားလုံးရဲ႕လက္ထဲမွာေတာ့သစၥာေရေတြရွိေနသည္။ဘုန္းႀကီးတစ္ပါးကေကာင္းခ်ီးေပးၿပီးတာနဲ႔ က်ီ႐ႊမ္းဟာေသြးေက်ာက္စာတိုင္ေရွ႕ရပ္ၿပီးက်ိန္ဆိုလိုက္သည္။
"ကြၽန္ေတာ္.....က်ိဳးက်ီ႐ႊမ္းသည္အ႐ိုးေၾကေၾကအရည္ခမ္းခမ္းက်ိဳးႏိုင္ငံရဲ႕အက်ိဳးအတြက္ႀကိဳးစားၿပီးလုပ္ေဆာင္မည့္ အိမ္ေရွ႕စံေနရာႏွင့္ထိုက္တန္တဲ့လူတစ္ေယာက္ျဖစ္ေစရပါမည္။တကယ္လို႔ဒီကတိကိုမတည္ႏိုင္ခဲ့ရင္ ကြၽန္ေတာ္မိုးေကာင္ကင္ရဲ႕အျပစ္ေပးျခင္းကိုခံရပါေစ။ေကာင္းမြန္ေသာေသဆုံးျခင္းနဲ႔မေသဆုံးရပါေစႏွင့္"
က်ိန္ဆိုၿပီးတာနဲ႔က်ီ႐ႊမ္းဟာလက္ထဲကသစၥာေရကိုေသာက္လိုက္သည္။က်ီ႐ႊမ္းက်ိန္ဆိုၿပီးတာနဲ႔အေနာက္ကကိုယ္ရံေတာ္တပ္ရဲ႕အားမာန္အျပည့္နဲ႔အသံကလည္းတစ္ညီတည္းထြက္လာေလသည္။
"ကြၽန္ေတာ္တို႔သည္အိမ္ေရွ႕စံမင္းသားနဲ႔အတူက်ိဳးႏိုင္ငံတိုးတက္ေအာင္ပူးေပါင္းလုပ္ေဆာင္ပါမည္။ဘယ္လိုအႏၲရာယ္ႀကဳံပါေစေကာင္းကင္သားေတာ္ရဲ႕အ႐ိုက္အရာဆက္ခံသူျဖစ္တဲ့အိမ္ေရွ႕စံမင္းသားကိုျခစ္ရာတစ္ခုမထင္ေအာင္ပင္ကာကြယ္ေစာင့္ေရွာက္ပါမည္။တကယ္လို႔ဒီကတိကိုမတည္ႏိုင္ခဲ့ရင္ ကြၽန္ေတာ္တို႔မိုးေကာင္ကင္ရဲ႕အျပစ္ေပးျခင္းကိုခံရပါေစ။ေကာင္းမြန္ေသာေသဆုံးျခင္းနဲ႔မေသဆုံးရပါေစႏွင့္"
ဘုန္းႀကီးရဲ႕ေကာင္းခ်ီးေပးျခင္းနဲ႔အတူေသြးသစၥာက်ိန္ဆိုပြဲဟာအခက္အခဲမရွိၿပီးေျမာက္သြားေလသည္။သူတို႔အားလုံးဒီညေတာ့အနားယူၿပီးမနက္ျဖန္မွျပန္ဖို႔ဆုံးျဖတ္လိုက္ၾကသည္။ညဘက္ေရာက္ေတာ့က်ီ႐ႊမ္းအိပ္မေပ်ာ္တာေၾကာင့္အျပင္ကိုလမ္းေလွ်ာက္ထြက္လာလိုက္သည္။တစ္ေနရာကိုေရာက္ေတာ့အပင္ကိုမွီၿပီးထိုင္ေနတဲ့လူတစ္ေယာက္ကိုေတြ႕လိုက္ရသည္။ထိုလူကသူ႔ကိုယ္ရံေတာ္တပ္ထဲကပဲ။နာမည္က....ဝမ္ရိေပၚဆိုလားပဲ။အၿမဲတည္ေနတတ္တဲ့႐ုပ္ႀကီးေၾကာင့္ထိုလူ႔နာမည္ကိုမွတ္မိေနရျခင္းျဖစ္သည္။ထိုလူကသူ႔လက္မွာဝတ္ထားတဲ့အျပာေရာင္ေက်ာက္ေလးေတြနဲ႔လက္ပတ္ကိုထိုင္ၾကည့္ေနျခင္းျဖစ္သည္။
စကားေျပာေဖာ္ရသြားတဲ့က်ီ႐ႊမ္းဟာဝမ္ရိေပၚအနားကိုသြားလိုက္သည္။အနားကိုလူရိပ္တစ္ခုေရာက္လာတာကိုသတိထားမိတဲ့ထိုလူကေမာ့ၾကည့္လာသည္။ေမာ့ၾကည့္လာတဲ့အၾကည့္စူးစူးေတြေၾကာင့္ က်ီ႐ႊမ္းလိုမင္းသားတစ္ပါးေတာင္လန႔္သြားရသည္။အိမ္ေရွ႕မင္းသားမွန္းသိသြားတဲ့ဝမ္ရိေပၚက က်ီ႐ႊမ္းကိုႏႈတ္ဆက္ဖို႔ထရန္ျပင္ေနတာေၾကာင့္ က်ီ႐ႊမ္းတားလိုက္သည္။
"ရတယ္.....မထနဲ႔ေတာ့.....ငါကိုယ္ေတာ္အိပ္မေပ်ာ္လို႔လမ္းထြက္ေလွ်ာက္တာ။မင္းကိုျမင္လို႔ဒီကိုလာၾကည့္တာ...."
က်ီ႐ႊမ္းကဝမ္ရိေပၚရဲ႕ေဘးနားမွာဝင္ထိုင္လိုက္ၿပီး
"တစ္ေယာက္ေယာက္ကိုသတိရေနတာလား...."
"အင္း...."
တျခားလူေတြလို႐ို႐ိုေသေသမဆက္ဆံတဲ့အျပင္တုံးတိသာျပန္ေျဖတဲ့ဝမ္ရိေပၚေၾကာင့္က်ီ႐ႊမ္းရယ္လိုက္မိသည္။
"ငါကိုယ္ေတာ္လည္းတစ္စုံတစ္ေယာက္သတိရေနတယ္။ဒါေပမယ့္သူကငါ့ကိုသတိရပါ့မလားေတာင္မသိဘူး..."
က်ီ႐ႊမ္းရဲ႕အေျပာကိုဝမ္ရိေပၚကဘာမွျပန္မေျဖဘဲေကာင္းကင္ေပၚမွာသာေနတဲ့လမင္းႀကီးကိုသာၾကည့္လိုက္သည္။တိတ္ဆိတ္စြာပဲသူတို႔ႏွစ္ေယာက္ဟာေကာင္းကင္ကလမင္းႀကီးကိုထိုင္ၾကည့္လို႔ေနသည္။တူညီတဲ့တစ္စုံတစ္ေယာက္ကိုလြမ္းဆြတ္ေနရင္းေပါ့။
__________________________
ေနာက္ေန႔မနက္မွာေတာ့သူတို႔ဟာဘုန္းေတာ္ႀကီးေတြကိုႏႈတ္ဆက္ၿပီးက်ိဳးၿမိဳ႕ကိုျပန္လာၾကသည္။လမ္းတစ္ဝက္ေရာက္တဲ့အခါမွာပဲသူတို႔ခ်ဳံခိုတိုက္ခိုက္ျခင္းကိုခံလိုက္ရသည္။က်ီ႐ႊမ္းဟာလည္းဓားေရးကြၽမ္းက်င္တဲ့လူတစ္ေယာက္ျဖစ္တဲ့အျပင္ ေတာ္တပ္လည္းပါေသးတာေၾကာင့္လုပ္ႀကံသူေတြအေရးနိမ့္သြားရသည္။လုပ္ႀကံသူေတြထဲကမွတစ္ေယာက္ကိုမသတ္ဘဲစစ္ေမးဖို႔ျပင္ေပမယ့္လွ်ာကိုက္ၿပီးသတ္ေသသြားတာေၾကာင့္ ေနာက္ကြယ္ကလူဘယ္သူလဲဆိုတာသူတို႔မသိႏိုင္ေတာ့။
သူတို႔ၿမိဳ႕ထဲဝင္လာတဲ့အခါက်ိဳးျပည္သူေတြအားလုံးဟာသူတို႔က်ိဳးႏိုင္ငံရဲ႕အိမ္ေရွ႕စံမင္းသားနဲ႔ကိုယ္ရံေတာ္တပ္ေတြကိုေသာင္းေသာင္းျဖျဖႀကိဳဆိုၾကသည္။သူတို႔နန္းေတာ္ကိုေရာက္တဲ့အခ်ိန္မွာေတာ့သူ႔ကိုလာႀကိဳေနၾကတဲ့ေတာ္ဝင္မ်ိဳးႏြယ္ေတြထဲမွက်ီ႐ႊမ္းဟာသူ႔ရဲ႕ၾကင္ယာေတာ္ေလးကိုလိုက္ရွာမိသည္။အစြန္ဆုံးမွာရပ္ေနတဲ့အျဖဴေရာင္အရိပ္ေလးကိုေတြ႕တာနဲ႔ က်ီ႐ႊမ္းျမင္းေပၚကေနအေျပးဆင္းၿပီးထိုအရိပ္ေလးကိုသူ႔ရင္ခြင္ထဲကိုဆြဲဖက္လိုက္ေတာ့သည္။
"ေရွာင္းက်န႔္....."
က်ီ႐ႊမ္းေခၚလိုက္တဲ့နာမည္ေလးေၾကာင့္ဝမ္ရိေပၚကိုင္ထားတဲ့ဓားဟာျပဳတ္က်မလိုေတာင္ျဖစ္သြားတယ္။မဟုတ္ေလာက္ဘူးမလား.....နာမည္တူတာပဲျဖစ္မွာပါ။ဘုရားကိုအယုံအၾကည္မရွိတဲ့ရိေပၚဟာ ပထမဆုံးအေနနဲ႔ဆုေတာင္းမိလိုက္သည္။မဟုတ္ပါေစနဲ႔...ေက်းဇူးျပဳၿပီးမဟုတ္ပါေစနဲ႔။ရိေပၚရဲ႕ဆုေတာင္းေတြကေတာ့မျပည့္ခဲ့ပါ။အိမ္ေရွ႕စံရဲ႕ရင္ခြင္ထဲကေနသူ႔ကိုလွမ္းၾကည့္ေနတဲ့မ်က္ဝန္းေလးေတြကို သူတအားရင္းႏွီးေနခဲ့ပါသည္။ဝမ္ရိေပၚရဲ႕ကမာၻဒုတိယအႀကိမ္ၿပိဳက်ခဲ့ျပန္ၿပီ။
____________________________
29.5.2020
ေဘမရွိဘဲလာတင္ေပးတဲ့သာသာ့ကိုမခ်စ္ဘူးလား။ခ်စ္ရင္voteေလးေပးခဲ့ေနာ္🥺